GOODNEWS
  HOME  GOODNEWS  2015 JAN
 


အမှာစာ
၀ိညာဉ်၌ ချစ်သော ဓမ္မမိတ်ဆွေ အပေါင်းတို့၊ 

နှစ်သစ်ကို မည်ကဲ့သို့ ကူးကြသနည်း။ အချို့သောသူများအတွက် ဝမ်းမြောက်ဝမ်းသာနှင့် ကူးသောသူရှိမည် ဖြစ်သကဲ့သို့ အချို့သောသူများအတွက် ဝမ်းနည်းကျေကွဲမှုနှင့် ကူးသောသူများလည်းရှိကြပေမည်။ နှစ်ဟောင်းအတွင်း၌ ကောင်းကြီး မင်္လာခံစား သောကြောင့် ကျေးဇူးတော် ချီးမွမ်းသောသူ ရှိမည် ဖြစ်သကဲ့သို့ အမင်္လာတစ်ခုပြီး တစ်ခုခံစား သောကြောင့် နှစ်ဟောင်းကို မတွေး ချင်၊ သတိမရချင်သောသူများလည်းရှိပေမည်။ 

ရှင်ပေါလုက၊ ငါပြုသောအမှု တခုဟူမူကား၊ နောက်ကျသောအရာ တို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာ တို့ကို လှမ်းကမ်း၍၊   ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကို ရခြင်းငှါ၊ ပန်းတုံး တိုင်သို့ ငါလိုက်ပြေး၏။  ထိုကြောင့် စုံလင်သောသူ ရှိသမျှတို့သည် ဤသို့သော သဘောကို စွဲလမ်းရကြမည် (ဖိလိ ၃:၁၃-၁၅)ဟု ရေးထားသည်။ 

နှစ်ဟောင်း၌ မည်သို့ပင်ဖြစ်စေ ရှင်ပေါလုရေးသကဲ့သို့ နောက်ကြောင်းကို မကြည့်တော့ဘဲ ရှေ့၌ ရှိသောအရာ တို့ကို မှတ်၍ ပြေးကြစို့။ နှစ်ဟောင်း၌ ပြုလုပ်ခဲ့သော အပြစ်များကို မလုပ်တော့ဘဲ ဘုရားတရား နှင့် နေကြပါစို့။ နှစ်ဟောင်း၌ ပြုလုပ် ခဲ့သော ကောင်းသော အရာများကိုသာ၍ ကောင်းအောင် ပြုလုပ် ကြစို့။ နှစ်ဟောင်း၌ ဆုမတောင်းကျမ်းစာ မဖတ်ဘူးလျှင် နှစ်သစ်၌ ဆုတောင်း ကျမ်းစာဖတ်ကြပါစို့။ နှစ်ဟောင်း၌ သူတပါးကို ဧဝံဂေလိ မပြောဘူးလျှင် နှစ်သစ်၌ ပြော ကြပါစို့။ 

ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မသွားခဲ့လျှင် နှစ်သစ်အတွင်း၌ ဘုရားသခင်၏ ဦးဆောင်ခြင်းကို လက်ခံ၍ ဘုရား အလိုတော်အတိုင်း အသက်ရှင်ကြစို့။ လူသည် အစကောင်း၍ အနှောင်းမကောင်းသည်ထက်၊ အစမကောင်းသော်လည်း အဆုံးကောင်းလျှင် ပို၍ ကောင်းသည်။ မည်မျှအသက်ရှင်ဦးမည်၊ ခရစ်တော် မည်သည့်အချိန်၌ လာမည်ကို မသိသောကြောင့် အကောင်းနှင့် အသက်တာကို နိဂုံးချုပ်နိင်ဘို့ရန် ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်၏ ဦးဆောင်မှုအားဖြင့် အသက်တာကို ကုန်လွန်စေကြပါစို့။ သတင်းကောင်း စာစောင် ဖတ်ရှုသောသူ အယောက်တိုင်း ဘုရားသခင်က ောင်းကြီး ပေးပါစေ။ 
 

ယခုလအတွက်...

  • အမှာစာ
  • နှစ်သစ်
  • ကယ်တင်ခြင်း 
  • ကျမ်းစာဖတ်ကြစို့ ( ဗျာဒိတ်ကျမ်း၁၂) 
  • အောင်မြင်သော အမှုတော်ဆောင်
  • ဧဝံဂေလိ ခရီး စဉ်
  • ပဌမ အကြိမ် ဝိညာဉ် ချစ် သူများ ဆွးနွေးခြင်း 

 

 

နှစ်သစ်

ဘုရားသခင်၏ ကျေးဇူးတော် ကာလသည် ၂၀၁၅ ခုနှစ်တိုင်တည် ဆဲ ဖြစ်သောကြောင့် ယခု​ကျွန်ပ်တို့ အသက်ရှင် လှုပ်ရှားသွားလာကြဆဲ ဖြစ်သည်။ ကမ္ဘာ ပေါ်ရှိလူမျိုးတိုင်းက နှစ်သစ်ကူးတိုင်း မင်္လာနှစ်သစ် (ံစေစပ ​ြနတ၌ နမေ)ဟု တယောက်နှင့် တယောက် နှုတ်ဆက်တတ်ကြသည်။ မင်္လာနှစ်သစ် ဟုဆိုရသော်လည်း နှစ်သစ်သည် မင်္လာရှိသလား။ နှစ်သစ်ခြင်းအားဖြင့် ကောင်းသော အရာများရှိသလား။ အဘယ်ကြောင့် ထိုကဲ့သို့ နှုတ်ဆက်ကြသနည်း။ အစဉ်အလာရှိ၍ ပြောကြသည်လော၊ သို့မဟုတ် တကယ် ပင် နှစ်သစ်လာသောကြောင့် မင်္လာရှိ သလော။ ထိုအရာများကို စဉ်းစားကြပါစို့။ 

နှစ်ကာလ များသည် ဘုရားသခင်၏ အစီအစဉ် အတိုင်း ဖြစ်သည်။ ကျမ်းစာက၊ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ (က ၁:၁)ဟု စတင်ခဲ့သည်။ ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းရာတွင် အကောင်းနှင့် ဖန်ဆင်းခဲ့သည်။ ကျိန်ခြင်းနှင့် အမင်္လာအတွက် ဖန်ဆင်းခဲ့သည် မဟုတ်။ မြေကြီးနှင့် အရာခပ်သိမ်းဖန်ဆင်းပြီး နောက် ဘုရားကလူကို အုပ်စိုးခိုင်းသည်။ ကျမ်းစာက၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ ၂၈ အချင်းတို့၊ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေ ပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီး ပေးတော်မူ၏။ (က ၁:၂ရ- ၂၈)ဟု ဖေါ်ပြထားသည်။ ဘုရားသခင်က မြေကြီးကို လူလင်မယားတို့အား အုပ်စိုးဘို့ရန် အပ်နှင်းခဲ့သည်။ 

သို့သော် လူလင်မယားတို့သည် စာတန်၏ စကားကို နားထောင်ခြင်းအားဖြင့် သူတို့ အုပ်စိုးသော မြေကြီးကို စာတန် အားပေးအပ်လိုက်သည်။ ကျမ်းစာ၌၊ မာရ်နတ်သည် ယေရှုကို မြင့်လှသောတော် ပေါ်သို့ ဆောင် သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။ (လု ၄:၅ -ရ)ဟု တွေ့ရသည်။ ထို့ကြောင့် ဤလောကသည် စာတန်၏ အပိုင် ဖြစ်သည်။ ခရစ်တော်က ဤလောကသည် စာတန် အပိုင် ဖြစ်ကြောင်း မငြင်းဆိုသည်သာမက စာတန်သည် ဤလောက၏ မင်း ဖြစ်ကြောင်း ဤသို့ ဆိုထားသည်၊ ဤလောကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ (ယော ၁၄:၃၀)။ ရှင်ပေါလုကလည်း စာတန်ကို ဤလောက၏ ဘုရားဟု ဤကဲ့သို့ ရေးထားသည်၊ ထိုသို့ မယုံကြည်သော သူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။ (၂ ကော ၄:၄) 

အချိန်ကာလနှင့် နေ့ရက်လနှစ်ရေတွက်ခြင်းသည် ဤကမ္ဘာပေါ်၌ သာလျှင် ရှိသည်။ ထာဝရ ကာလ၌ နှစ်ရေတွက်ခြင်း မရှိတော့ချေ။ ဤလောကသည် စာတန် အပိုင် ဖြစ်သောကြောင့် ဘုရားသခင်က အဆုံးသတ်မည် ဖြစ်သည်။ ယခုအခါ စာတန်သည် မိမိကြိုက်နှစ်သက်သလို လောက ကြီးကို အုပ်စိုးနေသော်လည်း နောက်ဆုံး၌ ဘုရားသခင်က ဤလောကကို စာတန် လက်မှပြန်လည်နှုတ်ယူကာ သူကိုယ်တိုင် အုပ် ချုပ်မည် ဖြစ်သည်။ ထိုသို့ အုပ်ချုပ်ချိန်ကို အနှစ်တစ်ထောင်ကာလဟု ခေါ်သည်။ 

ထိုအချိန်၌ စာတန်သည် အနက်ဆုံးသောတွင်း၌ ထောင်ချမည် ဖြစ်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ ရှေး မြွေဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ် ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည်။ (ဗျာ ၂၀:၁-၄) ထိုအ နှစ်တစ်ထောင်မတိုင်မှီတွင် ဤလောကကို စာတန် ကခုနှစ်နှစ်အုပ်စိုးဦးမည် ဖြစ်သည်။ ထိုကာလ၌ စာတန်သည် ဤလောကကို မီးကုန်ယမ်းကုန်အုပ်စိုးသောကြောင့်၎င်း၊ ဘုရားသခင်၏ အမျက်တော် ဤလောကသို့လောင်းချချိန် ဖြစ်သောကြောင့်၎င်း၊ ဤလောကသည် မကြုံစဖူးသော နောက်၌လည်း မဖြစ်လတံ့သော အကြီးမားဆုံး ဒုက္ခ ရောက်ရာကာလ ဖြစ်လိမ့်မည်။ ထိုအချိန်နှင့် ပတ်သက်၍ ခရစ်တော်က ဤသို့ ဆိုထားသည်၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလိုငှါ ထိုကာလသည် တိုလိမ့်မည်။ (မ ၂၄:၂၁-၂၂) ထိုအပြင် ကယ်တင်ခြင်းသို့ မရောက်သောသူများသည် ထာဝရ မီးအိုင် ထဲ၌ ဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်သည်။ 

ထိုသို့ ဘေးဒဏ်ကြီး ကာလနှင့် ထာဝရ မီးအိုင် ကြီးသည် မယုံကြည်သူများအတွက် ရှေ့မှစောင့်ကြိုနေသည်။ နှစ်သစ်ကူးတိုင်း ထိုအရာက ကြိုဆိုနေသောကြောင့် ထိုနေရာသို့ ရောက်မည့်သူများအတွက် နှစ်သစ်ကူးခြင်း၊ မွေးနေ့ရောက်ခြင်း များသည် တစ်နှစ်နီးလာပြန်သောကြောင့် မင်္လာမရှိချေ။ ဘေးဒဏ်ကြီး ကာလနှင့် ငရဲထဲ ဝင်မည့်သူများအတွက် နှစ်သစ်ကူးခြင်းသည် အမင်္လာ ဖြစ်သည်။ သို့သော် ထိုအရာကို မသိသောကြောင့်၎င်း၊ သိလျှင်လည်းလောလော ဆယ်ဒုက္ခ မခံစား သေးသောကြောင့်၎င်း၊ မကြောက်ကြ၊ ပြသနာဟု မထင်ကြချေ။ ထို့ကြောင့် ဝမ်းမြောက်ဝမ်းသာဖြင့် မင်္လာနှစ်သစ်မွေးနေ့ဟူ၍ ပွဲများ လုပ်ကာ ပျော်မြူး နေကြသည်။ ကယ်တင်ခြင်းသို့ ရောက်၍ ကောင်းကင်နိင်ငံဝင်စားမည့် သူများအတွက် နှစ်သစ်ကူးခြင်း၊ မွေးနေ့ရောက်ခြင်းသည် မင်္လာ ဖြစ်ပါသည်။ မအိုမနာမသေဒုက္ခ မရောက်တော့မည့် နေရာနှင့် တစ်နှစ်နီးလာသောကြောင့် ဝမ်းမြောက်စရာ မင်္လာရှိသောအရာ ပင် ဖြစ်သည်။ 

လူသည် မိမိဆန္ဒကြောင့် မွေးဘွားကြသည် မဟုတ်။ မွေးဘွားပြီးမှပြန်၍ နောက်ဆုတ်၍ မရတော့သောကြောင့် မွေးရကျုုိးနပ်ဘို့ရန် ဘုရား ပြင်ဆင် ပေးသော ကောင်းကင်နိင်ငံရောက်ဘို့ ကြိုးစား ကြပါစို့။ အမှန်မှာ ကြိုးစား၍လည်း မရ၊ ဘုရားသခင်ကသခင်ယေရှုအားဖြင့် ပြင်ဆင် ပေးသော ကယ်တင်ခြင်းကို လက်ခံယုံကြည် လိုက်ရုံသာရှိသည်။ စာတန်၏ လှည့်ဖျားမှုနှင့် စိတ်နှလုံးခိုင်မာခြင်းကြောင့် ထိုကယ်တင်ခြင်းကို မသိလိုကြ၊ လက်မခံကြခြင်း ဖြစ်သည်။ ယခုနှစ်နှစ်သစ်ကူးခြင်းကို ကြိုဆိုချိန်တွင် ခါတိုင်း ကဲ့သို့ မဟုတ်၊ စဉ်းစားဆင်ခြင်၍ မင်္လာရှိသော နှစ်သစ် ဖြစ်ရလေအောင် ဘုရားသခင်၏ အခမဲ့ကယ် တင်ခြင်းကို လက်ခံဘို့ရန် တိုက်တွန်း လိုပါသည်။ မိတ်ဆွေ ကိုယ်တိုင်က အရေးမစိုက်လျှင် မည်သူကမျှ ကူညီနိုင်သည် မဟုတ်။ ထို့ကြောင့် ကိုယ့် ဝိညာဉ်ကို သနားသောအားဖြင့် ဝိညာဉ် ထာဝရ အသက်ရှင်ရေး၊ ကောင်းကင်နိင်ငံရောက်မည့် အရေးကို ဂရုစိုက်ပါဟု တိုက်တွန်းရင်း ဘုရားသခင်ကမိတ်ဆွေ၏ ဝိညာဉ် မျက်စိကို ဖွင့်၍ နားလည်နိင်သော အခွင့်ကို ပေးတော်မူပါစေသော်။ မင်္လာရှိသော နှစ်သစ် ဖြစ်ပါစေသော်။ 

 

ကယ်တင်ခြင်း 

ယခုတလော ချီဆောင်ခြင်းနှင့် ပတ်သက်၍ ကယ်တင်ခြင်းသို့ ရောက်သောသူတိုင်း ချီဆောင်ခြင်း၌ မပါ၊ သန့်ရှင်းသော အသက်တာ ရှိမှပါမည်ဟု ကြားနေ ရသည်။ သန့်ရှင်းသော အသက်တာ ဟုဆိုရာတွင်လည်း အရက်မသောက်၊ ဆေး လိပ်မသောက်၊ ခိုင်နီးမငုံ၊ ကွမ်းယာ၊ ကွမ်းပေါင်းမစားခြင်းများကို ပြောဆို ကြသည်။ ထိုအရာများသည် မကောင်းပါ။ သို့သော် ထိုအရာများ မသုံးစွဲခြင်းကြောင့် ကယ် တင်ခြင်းသို့ ရောက်သည် မဟုတ်။ ထိုအရာများ မသုံးစွဲခြင်းကြောင့် ချီဆောင်ခြင်းသို့ ရောက်မည် မဟုတ်။ ကျမ်းစာကို မှန်ကန်စွာ မပိုင်းခြားသောအခါ ထိုသို့ အလွှဲလွဲ အချော်ချော်သင်ပေး ကြသည်။ အချို့သောသူများလည်း ချီဆောင်ခြင်း၌ မပါဝင်မှာ စိုးသောကြောင့် ထိုအရာများ သုံးစွဲခြင်း ဖြတ် သူများလည်းရှိကြသည်။ ကောင်းပါသည်။ သို့သော် ထိုအရာများ မသုံးစွဲရုံဖြင့် ချီဆောင်ခြင်း၌ ပါဝင်မည် မဟုတ်။ 
 
​ဖြောင့်မတ်ခြင်း 

​ဖြောင့်မတ်ခြင်း ဆိုသည်မှာ အပြစ်ကင်းခြင်းကို ဆိုလိုသည်။ ကျမ်းစာ၌ ​ဖြောင့်မတ်ခြင်း နှစ်မျိုး ဖေါ်ပြထားသည်။ ထိုအရာတို့မှာ လူတည်ဆောက်သော ​ဖြောင့်မတ်ခြင်းနှင့် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်း ဖြစ်သည်။ ပေါလုက၊ ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏ စေတ နာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ထို သူတို့သည် မှန်သော ပညာ မရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက် သေခံ၏။ ထို သူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့် မတ်ခြင်း တရားကို ဝန်မခံကြဟု ရေးခဲ့သည် (ရော ၁၀:၁-၃)။ ပေါလုက ဣသရေလ လူများသည် ကယ်တင်ခြင်းသို့ မရောက်သောကြောင့် ဆုတောင်း ပေးသည်။ သူတို့သည် ဘုရား ဘက်၌ စိတ်အား မကြီးသည် မဟုတ်၊ အလွန် စိတ်အားကြီးသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရား ဘက်၌ စိတ်အားကြီးရုံဖြင့် ကယ်တင်ခြင်းသို့ မရောက်နိုင်ကြောင်း ထင်ရှားသည်။ 

သူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်းကို မသိဘဲ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်း ငါှ ရှာကြံသည် ဟုဆိုသည်။ ဤနေရာ၌ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း ဟူသောအရာသည် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းဟု နားလည်ဘို့ လိုသည်။ ဘုရားသခင် ကိုယ်တော်တိုင်၏ ​ဖြောင့်မတ်ခြင်းကို ဆိုလိုသည် မဟုတ်ချေ။ ဘုရားသခင်သည် ဣသရေလ လူတို့အား ​ဖြောင့်မတ်ခြင်း ပေးသည်။ ​ဖြောင့်မတ်ခြင်း ဆိုသည်မှာ အပြစ်ကင်းခြင်းဟု အထက်၌ ဖေါ်ပြခဲ့ပြီး ပြီ။ ဘုရားသခင်က သူတို့ကို အပြစ်ကင်းပြီ (​ဖြောင့်မတ်ပြီ)ဟု သတ်မှတ်ချင်သည်။ သို့သော် သူတို့က ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို အလိုမရှိကြ၊ သူတို့ကို တိုင် ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်းကို ဘုရားသခင်က လက်ခံဘို့ရန် ကြိုးစား ကြသည်။ သို့သော် လူတည်ဆောက်သော ​ဖြောင့်မတ်ခြင်းသည် အပြင်ပန်းသာ ဖြစ်၍ ဘုရား အမြင်၌ အပြစ်ကင်းသည် မဟုတ်။ 

ဣသရေလ လူတို့ တည်ဆောက်သော ​ဖြောင့်မတ်ခြင်းကို ဖာရိရှဲ ဆုတောင်းခြင်း၌ တွေ့မြင်နိင်သည်။ လူနှစ်ယောက်တို့သည် ဆုတောင်း ပဌနာ ပြုခြင်းငှါ ဗိမာန်တော် ပေါ်သို့ တက်ကြ၏။ တယောက် ကား ဖာရိရှဲ ဖြစ်၏။ တယောက် ကား အခွန်ခံ ဖြစ်၏။ ဖာရိရှဲသည် တယောက် တည်းရပ်လျက်၊ အို ဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက် လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အ​ကျွန်ုပ်၌ မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီး လှပေ၏။ အ​ကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့ တဘို့ လှူပါ၏ ဟူ၍ ဆုတောင်း ပဌနာ ပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကို ခတ်လျက်၊ အိုဘုရားသခင်၊ အပြစ်များသော အ​ကျွန်ုပ်ကို သနားခြင်း ဂရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်း လေ၏။ ငါဆိုသည်ကား၊ ထိုသူသည် အပြစ် ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲ မူကား အပြစ် မပြေ။ (လု ၁၈:၁၀-၁၄) 

အထက်ပါ ခရစ်တော် ပေးသော ဥပမာ၌ ဖာရိရှဲသည် သူတည်ဆောက်သော ​ဖြောင့်မတ်ခြင်းကို ဘုရားသခင်က လက်ခံဘို့ရန် တင်ပြနေသည်။ သို့သော် သူသည် ဘုရားသခင်ထံမှ အပြစ် လွှတ်ခြင်း မရ၊ ခရစ်တော်က ဖာရိရှဲသည် အပြစ် မပြေ ဟုဆိုသည်။ အပြစ် မပြေလျှင် ​ဖြောင့်မတ်ခြင်း မရချေ။ အခွန်ခံမူကား သူတည်ဆောက်သော ​ဖြောင့်မတ်ခြင်းကို မတင်ပြချေ။ ဘုရားသခင်၏ သနားခြင်း ဂရုဏာကို တောင်း ခံသည်။ ထို့ကြောင့် သူသည် အပြစ် ပြေလျက် ပြန်သွားသည် ဟုဆိုသည်။ အပြစ် ပြေလျှင် ​ဖြောင့်မတ်ခြင်းသို့ ရောက်ပြီ။ ထို့ကြောင့် ​ဖြောင့်မတ်ခြင်းသည် အကျင့်အားဖြင့် ရနိုင်သည် မဟုတ်၊ နှိမ့်ချခြင်း၊ ဘုရားသခင်၏ သနားခြင်းအားဖြင့်သာလျှင် ရရှိနိုင်သည်။ 

 ဘုရားသခင်က လူကို ခရစ်တော်အားဖြင့် ​ဖြောင့်ခြင်း တည်းဟူသော အပြစ်ကင်းခြင်းကို ပေးကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့် မတ်သောသူ ဖြစ်မည်အကြောင်း တည်း(၂ ကော ၅:၂၁)။ ဘုရားသခင်သည်မည် ကဲ့သို့ ငါတို့ကို ​ဖြောင့်မတ်ခြင်း ပေးသနည်း။ ခရစ်တော်နှင့် ငါတို့ နေရာလဲခြင်းအားဖြင့် ပေးသည်။ ငါတို့၏ နေရာ ဖြစ်သော အပြစ်သား ဘဝကို ခရစ်တော် ကယူ၍ ခရစ်တော်၏ ​ဖြောင့်မတ်သော နေရာကို ငါတို့ အားပေးလိုက်သည်။ ထိုအရာကို ယုံကြည် လက်ခံရမည်။ တဖန် ပေါလုက၊ ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည် သောသူ အပေါင်းတို့ အဘို့ ဖြစ်၍၊ ထိုသူ အပေါင်းတို့ အပေါ်သို့ ရောက်သော ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ယေရှုခရစ် ရွေး နှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏ (ရော ၃:၂၂၊ ၂၄)။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည် အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏ (၁ ကော ၁:၃၀)။ 

​ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သော တပါးအမျိုးသားတို့သည် ​ဖြောင့် မတ်ခြင်းကို မှီကြ၏။ ထိုသို့ ဆိုသော် ယုံကြည်ခြင်းအားဖြင့် မှီသော ​ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ​ဖြောင့်မတ်ခြင်း တရားကို မှီအောင် လိုက်သော ဣသရေလ လူတို့ မူကား၊ ​ဖြောင့်မတ်ခြင်း တရားကို မမှီကြ။ အဘယ်ကြောင့်မမှီကြသနည်း။ ယုံ ကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသ တည်း(ရော ၉:၃၀-၃၂) 

အာဗြဟံသည် အကျင့်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်သည် မှန်လျှင် ဝါကြွားစရာ အကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။ ကျမ်းစာ၌ အဘယ်သို့ လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည် ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်တော်မူ၏ (ရော ၄:၂-၃၊က ၁၅:၆၊ ဂလာ ၃:၆)။ 

အကျင့်ရှိသောသူ မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည် မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။ အကျင့်မရှိသောသူ မည်သည်ကား၊ မတရားသောသူ၏ အပြစ်ကို ​ဖြေသောသူကို ု ယုံကြည်လျှင်၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့် မတ်ခြင်း ကဲ့သို့ မှတ်လျက် ရှိ၏။ (ရော ၄:၄-၅) 

ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ​ဖြောင့်မတ်ခြင်းကို ရသောသူ၏ မင်္လာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊ အပြစ် မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သော သူတို့သည် မင်္လာရှိကြ၏။ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္လာရှိ၏ဟု ပြောဆို သတည်း။ (ရော ၄:၆-၈) 

ပညတ်တရားကို အမှီပြု၍ ​ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ (ဂလာ ၂:၂၁)။ 
 
 သန့်ရှင်းခြင်း 

သန့်ရှင်းခြင်းသည် အညစ်အ​ကြေးနှင့် မငြိစွမ်းခြင်းကို ဆိုလိုသည်။ သန့်ရှင်းခြင်းလည်း နှစ်မျိုးရှိသည်။ ဘုရားသခင်က ပေးသော သန့်ရှင်းခြင်းနှင့် လူတည်ဆောက်သော သန့်ရှင်းခြင်းတို့ ဖြစ်သည်။ ဘုရားသခင် ပေးသော သန့်ရှင်းခြင်းသည် ယေရှုခရစ်အားဖြင့် ဖြစ်သည်။ ထိုအရာကို ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်း ဟူသော၊ ကော ရိန်သုမြို့၌ ရှိသော ဘုရားသခင်၏ အသင်းတော် မှစ၍ ခပ်သိမ်းသော အရပ်၌ ငါတို့ သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူ အပေါင်းတို့ကို ကြားလိုက်ပါ၏။ (၁ ကော ၁:၂)။ 

ကောရိန်သု အသင်းသား များသည် ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသည် ဟုဆိုသည်။ သူတို့ ကိုယ်တိုင်၏ အကျင့်များသည် မကောင်းပါ။ ပေါလုက၊ ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြော ရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင်သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင်ကြသေး။ ယခု ပင်လည်း၊ ဇာတိပကတိ လူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်းရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော (၁ ကော ၃:၁-၃)ဟု အပြစ်တင်သည်။ 

ကောရိန်သု အသင်းသား များသည် ဇာတိလူ ဖြစ်ကြသည်။ သူတို့၏ ဇာတိ လူဖြစ်ခြင်းသည် ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းအားဖြင့် ထင်ရှားသည်။ ထိုမျှသာမက ကောရိန်သု အသင်းတော်၌ အသင်းသား တဦးသည် အဘ၏ မယားကို သိမ်းသောသူရှိသည်ဟု ဤသို့ ရေးထားသည်၊၊ မတရားသော မေထုန်သာ မည မဟုတ်၊ အဘ၏ မယားကို သိမ်းယူခြင်း တည်းဟူသော သာသနာပလူတို့တွင် ပင် မကြားရသော မေထုန်၌ မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြား ကျော်စောကြ၏။ ထိုသို့ ပြုသောသူကို သင်တို့ အထဲမှ နှင်ထုတ် မည်အကြောင်း၊ စိတ် မသာညည်းတွားခြင်းကို မပြု၊ မာနထောင်လွှားလျက် နေကြ၏ (၁ ကော ၅:၁-၂)။ သူတို့ အားလုံး သည် အဘ၏ မယားကို သိမ်းသောသူများ မဟုတ်သော်လည်း ထိုသို့ ပြုသောသူအတွက် စိတ်မသာညည်းတွားခြင်းကို မပြု မာနထောင်လွှားသေးသည် ဟုဆိုသည်။ ထို့ကြောင့် ကောရိန်သု အသင်းတော်သည် သန့်ရှင်းခြင်း မရှိသော အသင်းတော် ဖြစ်သည်။ 

သို့ဖြစ်လျှင် ကောရိန်သု အသင်းသား များသည် ချီဆောင်ခြင်း၌ ပါမည်လော။ ပေါလုက၊ နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရ ကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ် နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် (၁ ကော ၁၅:၅၁-၅၂)ဟု ရေးထားသည်။ ပေါလုကနောက်ဆုံးသော တံပိုးမှုတ်သောအခါ ငါတို့ ရှိသမျှသည် ပြောင်းလဲမည် ဟုဆိုသောကြောင့် ငါတို့ ဟူသောအရာ ထဲ၌ ကောရိန်သု အသင်းသား များလည်း ပါဝင်သည်။ 

ကောရိန်သု အသင်းသား များသည် အဘယ်ကြောင့်ညစ်ညူးသော အသက်တာဖြင့် အသက်ရှင်ကြသနည်း။ အကြောင်းမှာ သူတို့သည် ခရစ်တော်၌ သူ ငယ် ဖြစ်ကြသေးသည် (၁ ကော ၃:၁)။ သူတို့သည် ဝိညာဉ်ပိုင်း၌ မွေးဘွားသော်လည်း မကြီးထွားကြချေ။ ထို့ကြောင့် သူငယ်ကဲ့သို့ ညစ်ညူးကြခြင်း ဖြစ်သည်။ ခလေး မွေးဘွားသောအခါ ထိုခလေးသည် ရာနှုန်းပြည့်လူ ဖြစ်သော်လည်း လူကြီး ကဲ့သို့ မဖြစ်နိုင်ချေ။ လူတိုင်း ထင်မှားသည်မှာ ဝိညာဉ်ပိုင်း၌ မွေးဘွားသောအခါ ဝိညာဉ်ပိုင်း လူကြီး အဖြစ် မွေးဘွား၍ သန့်ရှင်းခြင်းကို ဂရုစိုက်နိုင်မည်ဟူ၍ ဖြစ်သည်။ သို့သော် ဝိညာဉ်ပိုင်း၌ လူကြီး အဖြစ် မည်သူမျှမမွေးကြပါ။ ဝိညာဉ် ခလေး အဖြစ် မွေးဘွားကြ ပါသည်။ မည်မျှပင်ခန္ဓာနှင် စိတ်ပိုင်း၌ လူကြီး ဖြစ်သော်လည်း ဝိညာဉ်ပိုင်း၌ ခလေးဖြင့် မွေးဘွား ကြသည်။ ခလေးသည် ကိုယ်တိုင် သန့်ရှင်းရေးကို မလုပ်တတ်ပါ။ ခလေး များသည် ကြမ်း ပြင်၌ တွေ့သမျှသောအရာ အားလုံး ကို ပါးစပ်ထဲ၌ ထည့်တတ်ကြသည်။၊ ထို့နည်းတူ ဝိညာဉ်ပိုင်း ခလေး တိုင်း တွေ့သမျှသောအရာကို ပါးစပ်ထဲ ထည့်တတ်သည်။ ဝိညာဉ်ပိုင်း ခလေး များသည် အရက်၊ ဆေးလိပ်သောက်ခြင်းကို အပြစ်ဟု မမြင်တတ်ကြါပါ။ ခိုင်နီးဆေးရွက်ငုံခြင်း၊ ကွမ်းယာ၊ ကွမ်းပေါင်းဝါးခြင်းများကို ညစ်ညူးခြင်းဟု လုံးဝ မမြင်တတ်ကြချေ။ ထို့ကြောင့် ထိုအရာများကို သုံးစွဲ နေကြ ဆဲ ဖြစ်သည်။ 

ကောရိန်သု အသင်းသား များသည် သန့်ရှင်းခြင်း မရှိသော်လည်း ဘုရား အမြင်၌ ယေရှုခရစ်အားဖြင့် သန့်ရှင်း၍ အပြစ်နှင့် ကင်းစင်သည်။ ထိုအရာသည် သူတို့၏ လုပ်ဆောင်ချက် မဟုတ်ဘဲ ခရစ်တော်အားဖြင့် ရရှိသော သူတို့၏ ရပ်တည်ချက် (ှအအေကျ) ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူ တိုင်းသည် ယေရှုခရစ်အားဖြင့် ဘုရားသခင် ရှေ့၌ ​ဖြောင့်မတ်ကြ၊ သန့်ရှင်း ကြသည်။ ထို့ကြောင့် ပေါလုက၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည် အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏ (၁ ကော ၁:၃၀)ဟု ရေးရခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူ၊ ခရစ်တော်၏ ဝိညာဉ် ရရှိသူ၊ ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားသောသူတိုင်းသည် ချီ ဆောင်ခြင်းသို့ ရောက်ကြမည်။ 

ထိုသို့ ဆိုသော် သန့်ရှင်းခြင်း မလို ဟုဆိုလိုခြင်း မဟုတ်။ သန့်ရှင်းခြင်းသည် လိုအပ်သည်။ သို့သော် အရွယ်မရောက်လျှင် မည်မျှပင်ပြောသော်လည်း သန့်ရှင်း နိုင်မည် မဟုတ်။ ထိုအရာကို နားလည်နိုင်ရန် ကိုယ်ကာယပိုင်းကို ကြည့်ဘို့ လိုသည်။ ကိုယ်ကာယပိုင်း၌ အရွယ် အမျိုးမျိုးရှိကြသည်။ ခလေး မွေးကင်းစ၊ ခလေး လေး၊ ခလေး၊ မြီးကောင်ပေါက်၊ လူပျိုအပျို၊ လူကြီး မိဘ၊ အဘိုးအဘွားဟူ၍ အရွယ်အမျုိးမျိုးရှိကြသည်။ မွေးကင်းစ ခလေး များသည် သူတို့ ကိုယ်တိုင် ကြောင့် မဟုတ်ဘဲ မိဘ၏ ကြည့် ရှုမှုကြောင့် သန့်ရှင်း ကြသည်။ ထို့နည်းတူ မွေးခါစ ဝိညာဉ် ခလေး များလည်း သန့်ရှင်း တတ်ကြသည်။ ခလေး လေးနှင့် ခလေး များသည် မိဘများ ကမကြည့်ရှုနိုင်သောအခါ တွေ့သမျှ အရာကို ပါးစပ်ထဲသို့ ထည့်တတ်သည်။ ထိုနည်းတူ ဝိညာဉ်ပိုင်း ခလေး များလည်း ဇာတိအလို လိုက်ခြင်းအားဖြင့် ညစ်ညူးသော အရာများကို စားခြင်း ငုံခြင်း၊ ကြည့်ရှုခြင်းများပြုလုပ် တတ်ကြသည်။ မြီးကောင်ပေါက်လူငယ်များသည် သန့်ရှင်းရေးကို ဂရုစိုက်စပြုလာ ကြသည်။ လူပျိုအပျိုအရွယ်တွင် အသန့်ရှင်းဆုံးအချိန် ဖြစ်သကဲ့သို့ ဝိညာဉ်ပိုင်း၌လည်း သန့်ရှင်းရေးကို ဦးစားပေးဂရုစိုက်လာလျှင် ဝိညာဉ်ပိုင်း လူပျို အပျိုအဆင့်ရောက်ပြီဟု သိနိုင်သည်။ ထို့ကြောင့် ဝိညာဉ်ပိုင်း ခလေး မဟုတ်တော့ဘဲ ကြီးထွားရင့်ကျက်သောသူများ ဖြစ်ဘို့ လိုအပ်သည်။ 

များစွာသော အမည်ခံ ခရစ်ယာန် များသည် ဝိညာဉ်ပိုင်း၌ ဒုတိယ မွေးဘွားခြင်း ခံရပြီဟု ထင်မှတ်တတ်ကြသည်။ ရေနှစ်ခြင်း မင်္လာခံခြင်း၊ ပွဲတော် မင်္လာစား သောက်ခြင်း၊ အသင်းတော်၌ အသင်းသား ဖြစ်ခြင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်း၊ ဘုရားတရား၌ ကြိုးစားခြင်း၊ သူတပါးကို မစခြင်း၊ ဆယ်ဘို့ တဘို့နှင့် အလှူငွေမှန်မှန် ထည့်ခြင်းများအားဖြင့် ဒုတိယ မွေးဘွားပြီဟု မဆိုနိင်ချေ။ ထိုအရာများသည် လူအားဖြင့် လုပ်နိုင်သည်။ ထိုအရာများ လုပ်ခြင်းအားဖြင့် ဒုတိယမွေးနိုင်လျှင် ယေရှုခရစ် ဤလောကသို့ ကြွလာစရာ မလိုချေ။ 
 
ဒုတိယ မွေးဘွားခြင်း 

ဒုတိယ မွေးဘွားခြင်း သိနိုင်ရန် ပဌမ မွေးဘွားခြင်း သိဘို့ လိုသည်။ သခင်ယေရှုက၊ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏ (ယော ၃:၆) ဟုဆိုခဲ့သည်။ ဇာတိမွေးခြင်းသည် မိခင် ဝမ်းမှ မွေးဘွား၍ ခလေး၏ လုပ်ဆောင်ချက် တခုမျှမပါသည်သာမက မွေးဘွား မှန်းနာမှန်း မသိချေ။ ထိုနည်းတူ ဝိညာဉ်ပိုင်း မွေးဘွားခြင်းသည် ခရစ်တော်အားဖြင့် ဖြစ်၍ လူ၏ လုပ်ဆောင်ချက် တခုမျှမပါချေ။ သို့သော် ယနေ့ ဒုတိယ မွေးဘွားခြင်း ဟူသော အရာများသည် လူ၏ လုပ်ဆောင်ချက် များအပေါ်မူတည်နေသည်။ လူတယောက်အကျင့်ဆိုးကို ဖြတ်၍ အကျင့်ကောင်းသွားလျှင်သော်၎င်း၊ ဘုရားတရား၌ အလွန် ကြိုးစားလျှင်သော်၎င်း၊ ဒုတိယ မွေးဘွားသည် ဟုဆိုတတ်ကြသည်။ သို့သော် ဘုရားတရား၌ ကြိုးစားခြင်းနှင့် အကျင့်ပြောင်းလဲခြင်းသည် ဒုတိယ မွေးဘွားခြင်း မဟုတ်ချေ။ ဒုတိယ မွေးဘွားခြင်းသည် လူအားဖြင့် မဟုတ်ချေ။ 

သို့ဖြစ်လျှင် မည်ကဲ့သို့ ဒုတိယ မွေးဘွားမည်နည်း။ လူသည် အမိဝမ်းမှ ကိုယ်ခန္ဓာမွေးသောအခါ အာဒံ သားသမီး အဖြစ် မွေးဘွား ကြသည်။ ထိုခလေးသည် အပြစ်သား၊ စာတန် သား၊ လူဟောင်း ဖြစ်သည်။ ထိုခလေးသည် မည်မျှပင်မိဘများက ချစ်၍ လှပကာ အလွန် ချစ်စရာ ကောင်းသော်လည်း စာတန် သား၊ အပြစ်သား ဖြစ်၍ သေလျှင် ငရဲဆင်းဘို့ မွေးသည်။ ထိုသို့ အပြစ်သား၊ စာတန် သား၊ ငရဲသွားဘို့ မွေးခြင်းသည် သူ၏ လုပ်ဆောင်ချက် ကြောင့် မဟုတ်၊ အာဒံမှရရှိလာသော အမွေဆိုး ဖြစ်သည်။ ထိုအဖြစ် ဆိုးကို မည်သို့ မှပြောင်းလဲရန်၊ ခါချရန်မ ဖြစ်နိင်ချေ။ ထိုအ​ခြေ နေကို သိသော ဘုရားသခင်က လူကို သနားသောကြောင့်သားတော် ယေရှုကို ဤလောကသို့ စေလွှတ်သည်။ စာတန် သား၊ အပြစ်သား၊ လူတိုင်းကို ဘုရားသခင်က ခရစ်တော် အထဲ၌ ထည့်လိုက်သည် (၁ ကော ၁:၃၀)။ ထိုအပြစ် သား၊ စာတန် သားကို ခရစ်တော် အထဲမှ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်သတ်လိုက်၍ သင်္ချိုင်းထဲ၌ မြှုပ်နှံလိုက်သည်။ ထိုသို့ မြှုပ်နှံခြင်းကို ဗတ္တိဇံဟု ခေါ်သည်။ ပေါလုက၊ ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း (ရော ၆:၃-၄)ဟု ရေးသား ထားသည်။ 

လူသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ၍ ထိုနောက် မြှုပ်နှံခြင်း ခံပြီး ခရစ်တော်နှင့်အတူ အသစ်သော အသက်တာဖြင့် ရှင်ပြန်ထ မြောက်သောအခါ ဒုတိယ မွေးဘွားသည်ဟု ခေါ်သည်။ လူဟောင်းသည် သေ၍ လူသစ်အဖြစ် မွေးဘွားလာသည်။ ထိုသို့ ဝိညာဉ်ပိုင်း မွေးဘွားနိုင်ဘို့ လူအားဖြင့် လုံးဝ မရပါ။ ဘုရားသခင်က ခရစ်တော်အားဖြင့် လုပ်ဆောင်ပေးခဲ့ပြီ။ ထိုအရာကို ခံစား၍ မရပါ၊ ယုံကြည်ခြင်း အားဖြင့်သာ သိနိုင်သည်။ မိတ်ဆွေ ကိုယ်ခန္ဓာမွေးခဲ့စဉ်က ခံစားချက် ရှိခဲ့သော်လည်း ကိုယ့်ကိုယ်ကို သိခဲ့သလော။ မွေးမှန်းပင် မသိ ဖြစ်သည် မဟုတ်လော။ မိတ်ဆွေ၏ ခန္ဓာမွေးခြင်းကို ပြန်လည်ခံစား၍ ရနိင်သလော။ မိခင်က မိတ်ဆွေကို မွေးခဲ့သည်ကို မည်သို့ သိနိုင်သနည်း။ ယခုခေတ်တွင် ဒီအင်အေ (ီ​ြဗ)အားဖြင့် သိနိင်သော်လည်း ခံစားချက် အားဖြင့် လုံးဝ မသိနိုင်ချေ။ မိခင်က မွေးဘွားခြင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် သိနိုင်သည် မဟုတ်လော။ ထို့နည်းတူ လွန် ခဲ့သော နှစ်ပေါင်းနှစ်ထောင် နီးပါးက မိတ်ဆွေကို ဘုရားသခင်က ခရစ်တော် အထဲမှ အသစ် မွေးဘွားပေးကြောင်းကို နှုတ်ကပတ်တော်အားဖြင့်သာလျှင် သိနိင်သည်။ ထို့ကြောင့် ရှင်ပေတရုက၊ သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည် မဟုတ်။ မဖောက်ပြန် မပျက်ဆီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွား ( မွေးဘွား) သောကြောင့်၊ (၁ ပေ ၁:၂၃)ဟု ရေးထားသည်။ 

 ဘုရားသခင်က လူကို ခရစ်တော်အားဖြင့် ဒုတိယ မွေးဘွားစေကြောင်းကို နှုတ်ကပတ်တော်အားဖြင့်သာလျှင် သိနိုင်သည်။ ထိုနှုတ်ကပတ်တော်သည် ကောင်းကင်နှင့် မြေကြီးထက် သာ၍ ခိုင်မြဲသည်။ ထိုကြောင့် နှုတ်ကပတ်တော်သည် ဖေါက်ပြန်ပျက်ဆီးတတ်သော မျိုးစေ့ မဟုတ်၊ မဖေါက်ပြန်မပျက်ဆီးတတ်သော မျိုး စေ့ဖြစ်သည်။ ဆိုလိုသည်မှာ နှုတ်ကပတ်တော်က ပြောပြသောအရာကို ယုံကြည် ရမည်။ ယနေ့ ဒုတိယမွေး ဘွားကြသောသူများသည် ဘုရား၏ လုပ်ဆောင်ချက် မဟုတ်၊ နှုတ်ကပတော်၏ ရှင်းပြခြင်းအားဖြင့် မဟုတ်၊ ဖေါက်ပြန်ပျက်ဆီးတတ်သော လူ၏ လုပ်ဆောင်ချက်အားဖြင့် မွေးဘွား ( ဖြစ်ဘွား) ကြသည်။ ထို့ကြောင့် မကြာမှီ ပျောက် ကွယ်မှီးမှိန်သွားတတ်ကြသည်။ များစွာ မွေးဘွားကြသော်လည်း ကြာရှည်မခံကြ။ အချို့သောသူများသည် တခေါက်မက အခေါက်ခေါက်အခါခါ မွေးဘွား ကြသည်။ 

ဘုရားသခင်၏ လုပ်ဆောင်ချက် မသိသောကြောင့် ဒုတိယ မွေးဘွားဘို့ရန် ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ အပြစ် ဝန်ချတောင်းပန်ခြင်း၊ အခြားသော ဘာသာ စကား ပြောနိုင်ဘို့ ကြိုးစားခြင်းများမလိုအပ်ဘဲ လုပ်တတ်ကြသည်။ အထက်ပါ အရာများသည် ဒုတိယ မွေးဘွားပြီးမှ လုပ်မည့် အရာများ ဖြစ်သည်။ ဒုတိယမွေး ဘွားခြင်းသည် စိတ်နှင့် ကိုယ်ခန္ဓာ၌ အေးကနဲ၊ ပူကနဲ၊ ကျက်သီးမွှေးညှင်းထမှ၊ အခြားသော ဘာသာ စကား ပြောမှ၊ ဝမ်းမြောက် မှဟု ထင်မှတ်ကာ ထိုအရာများ ဖြစ်ဘို့ရန် ကြိုးစား တတ်ကြသည်။ အိပ်မက်၌ ဝတ်ရုံဖြူဝတ်သူက သင်သည် ကောင်းကင် နိုင်ငံဝင်ရမည်ဟု ပြောသည်ဟု၍ အိပ်မက်များကို ယုံကြည် အားကိုး ကြသည်။ ထို့ကြောင့် ဒုတိယ မွေးဘွားပြီ ဟုဆိုသူတိုင်းသည် မှန်သည် မဟုတ်။ ထိုသို့ မှန်ကန်စွာ မမွေးသောကြောင့် အကျင့်ဆိုးများကို တရားဟောဆရာက အပြောကောင်းသောကြောင့် စိတ်တို့ ထိကာ ခဏ စွန့်လွှတ်နိိုင်သော်လည်း ကြာရှည်မခံတတ်၊ နဂုိလ်အ တိုင်း ဖြစ်တတ်သည်။ တရားဟောဆရာက အပြောကောင်းသောကြောင့် ခဏစိတ် လှုပ်ရှားသွားသော်လည်း ကယ်တင်ခြင်းသို့ ရောက်မရောက်စိတ်မချ၊ မသိကြချေ။ စစ်မှန်သော ဒုတိယ မွေးဘွား သူများသည် ကောင်းကင်နိင်ငံရောက်မည်ဟု စိတ်ချ ကြသည်။ ချီဆောင်ခြင်း၌လည်း ပါမည်ဟု စိတ်ချသည်။ နှုတ်ကပတ်တော်လည်း ဆာငတ်၍ နားထောင်ချင် ဖတ်ချင်မည်။ ထို့ကြောင့် မှားသော သွန်သင်ခြင်းမှ လွတ် မြောက်နိုင်ရန် ဤစာကို ရေးပေးပါသည်။ မပြည့်စုံသော်လည်း အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ ပို၍ သေချာစွာ သိရှိလိုပါက ဖုံးအားဖြင့် ဖြစ်စေ၊ စာအားဖြင့် ဖြစ်စေဆက်သွယ်နိုင်ပါသည်။ သင်၏ ထာဝရ ကာလ အတွက် အလွန် အရေးကြီး သောကြောင့် အလေးထား၍ ရှာဖွေ မေးမြန်းစေလိုသည်။ ဘုရားရှင်လမ်းပြတော်မူပါစေသော်။ 

ကိုယ်ခန္ဓာကျန်းမာခြင်း 

 ခရစ်တော်က အုပ်စိုးချိန်အနှစ်တစ်ထောင်ကာလ၌ လူတိုင်းသည် ကျန်း မာ ပကတိရှိကြမည် ဖြစ်သော်လည်း ယခုအချိန်တွင် ကိုယ်ခန္ဓာကျန်းမာခြင်းသည် လူတိုင်း အတွက် မဟုတ်ချေ။ ကျမ်းစာက၊ ထိုသူ ( ခရစ်တော်)သည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ (ဟေရှာယ ၅၃:၅) ဟုဆိုထားသည်။ သို့သော် ခရစ်တော်ကို ယုံကြည်သော်လည်း နေမကောင်းသောသူ၊ လူစဉ်မမှီသောသူ အမြောက်အများရှိကြသည်။ ထာဝရဘုရားကို ကိုးကွယ်သော်လည်း၊ ယုံကြည်သော်လည်း အနာရောဂါ များစွာ ရှိကြသေးသည်။ လူ့သက် တန်းလည်း အနှစ်ခုနှစ်ဆယ်မှရှစ်ဆယ်မျှသာရှိ ကြသည်။ မောရှေက၊ အ​ကျွန်ုပ်တို့၏ အသက် အရွယ်သည် အနှစ် ခုနစ်ဆယ်အတိုင်း အရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ် ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အ​ကျွန်ုပ်တို့သည် စုတေ့ကြပါ၏။ (ဆာ ၉၀:၁၀)ဟု ရေးခဲ့သည်။ အလွန် မှန်ပါသည်၊ လူသည် အသက် ရှစ်ဆယ်လောက်ရောက်လျှင်အား မရှိကြတော့ချေ။ ဤနိင်ငံ၌ အသက်ကြီးသူ များသော်လည်း ဆေးဝါးမသုံးဘဲ၊ သူတပါးမပြုစုဘဲ ကျန်းမာသန်စွမ်းသောသူသည် နည်းပါးသည်။ 

ထိုသို့ ယခုနေ့ရက်ကာလသည် အသက်တာတိုတောင်း၍ ကျန်းမာရေး ချို့ တဲ့သော်လည်း ခရစ်တော် ခံတော်မူ ရသော ဒဏ်ချက်တော်များအား ကျန်းမာခြင်းကို ယုံကြည်ခြင်းဖြင့် ရယူနိုင် (ဃူ​ေငာ)ကြောင်း ခရစ်တော် ကိုယ်တိုင်က ဤသို့ ပြော ခဲ့သည်။ 
သွေးသွန်အနာစွဲသော အမျိုးသမီး

ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊ ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာ ရမည်ဟု စိတ်ထင်နှင့်၊ နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကိုတို့ လေ၏။ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်လျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့် သင်၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်း စေပြီဟု မိန့်တော်မူ၏။ (မ ၉:၂၀-၂၂)။ ခရစ်တော် ကိုယ်တိုင်က သူသည် ယုံကြည်ခြင်းကြောင့် ကျန်းမာသည် ဟုဆိုသည်။ 
မျက်ကန်းနှစ်ယောက်

ထိုအရပ်မှ ယေရှုသည် ကြွတော်မူ စဉ်တွင် မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏ သားတော်၊ ​ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။ အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသော သူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏ သခင်ဟု လျှောက်ကြ၏။ ထိုအခါ သူတို့၏ မျက်စိကိုတို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည် အတိုင်း သင်တို့၌ ဖြစ်စေဟု မိန့်တော်မူလျှင်၊ သူတို့သည် မျက်စိပွင့်လင်းလေ၏ (မ ၉:၂ရ- ၃၀)။ 

ခါနန်အမျိုးသမီး

ယေရှုသည် ထိုအရပ်မှ ထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ခါနာန်အမျိုး ဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှ ထွက်လာ၍၊ ဒါဝိဒ်၏ သားတော် ရှင်၊ ​ကျွန်မကို သနားတော်မူပါ။ ​ကျွန်မ၏ သမီးသည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကား တခွန်းမျှပြန်တော်မမူ။ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ ငါတို့ နောက်သို့ လိုက်၍ ဟစ်ကြော်လျက် ရှိနေပါသည်ဟု တောင်းလျှောက် ကြ၏။ ကိုယ်တော်ကလည်း၊ ဣသရေလ အမျိုးအဝင် ပျောက်လွင့်သော သိုးများမှ တပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်ဟု မိန့်တော်မူ၏။ ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ​ကျွန်မကို ကယ်မတော်မူပါသခင်ဟု လျှောက်ပါလျှင်၊ ကိုယ်တော်က၊ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြောတော်မူ၏။ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေး မည်သည်ကား မိမိသခင်၏ စားပွဲမှ ကျသော စားနုပ် စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊ အိုမိန်းမ၊ သင်သည် ယုံကြည် အားကြီးမား လှပြီ။ သင့်အလိုရှိသည် အတိုင်း သင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန် မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။ (မ ၁၅:၂၁-၂၈) ထိုခါနန်အမျိုးသမီးသည် သူ့ခွဲတမ်းမပါသော်လည်း ယုံကြည် အားကြီးမား လှသောကြောင့် သူ့သမီးကျန်းမာကြောင်း အလွန် ထင်ရှားသည်။ 

ဗာတိမဲ

ယေရိခေါမြို့သို့ ရောက်ကြလျှင် တပည့်တော်တို့ မှစ၍ များစွာသော လူအ ပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူ စဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။ နာဇရက်မြို့သား ယေရှု ရှိကြောင်းကို ကြားရလျှင် ဒါဝိဒ်၏ သားတော် ယေရှု၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။ ထိုသူကို တိတ်ဆိတ်စွာ နေစေခြင်းငှါ လူများတို့သည် ​ေငါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော် ရှိ၏။ သူတပါးတို့သည် လူကန်းကို ခေါ်၍ မစိုးရိမ် နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည် ဟုဆိုကြ၏။ ထိုသူသည် မိမိအဝတ်ကို ခြုံပြီးလျှင်၊ ထ၍ ယေရှု ထံတော်သို့ သွား၏။ ယေရှုကလည်း၊ သင်၌ အဘယ်သို့ ပြုစေလို သနည်းဟု မေးတော်မူလျှင်၊ အရှင်ဘုရား၊ အ​ကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လူကန်းလျှောက် လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မှု ပြီဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌ နောက်တော်သို့ လိုက်လေ၏။ (မာ ၁၀:၄၆-၅၂)။ ဗာတိမဲသည်လည်း လူများ၏ အော်​ေငါက်ခြင်းကို ဂရုမစိုက်ဘဲ ယုံကြည်ခြင်းအားဖြင့် မျက်စိပြန်မြင်ခဲ့သည်။ 

နူနာစွဲသူတကျိပ်

ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည် စပ်ကြား၌ ရှောက်သွားတော်မူ၏။ ရွာတရွာသို့ ဝင်တော်မူသည် တွင်၊ နူနာစွဲသောသူတကျိပ်တို့သည် ခရီး ဦးကြိုပြု၍ အဝေးကရပ်လျက်၊ သခင်ယေရှု၊ အ​ကျွန်ုပ်တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော်ကြ၏။ ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့ သွား၍ ကို်ယ်ကို ပြကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။ ထို သူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ​ခြေတော် ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီး လှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။ ယေရှုက လည်း၊ တကျိပ်သော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ ဤတပါး အမျိုးသားကို ထား၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊ သင်ထ၍ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင်၏ အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။ (လု ၁ရး၁၁-၁၉) 

အထက်ပါ အဖြစ်အပျက်များကို ကြည့်ပါက ယုံကြည် အားကြီး သောသူ များသည် ကျန်းမာ ကြသည်။ ယခုအချိန် တွင်လည်း ယုံကြည်သောသူများသည် ကျန်းမာ ကြသည်။ သံသယရှိသောသူများသည် မကျန်းမာကြချေ။ ၁၉၈၁ ခုနှစ် ​ကျွန်ပ်၏ အမှုတော်ဆောင်ခြင်း၌ လည်ပျင်းကြီးရောဂါရှိသော အမျိုးသမီးတယောက်သည် သူ၏ ယုံကြည်ခြင်းအားဖြင့် ကျန်းမာခဲ့ကြောင်း တွေ့ရသည်။ သူ့ကို ခရစ်တော်၏ ခံတော်မူ ရသော ဒဏ်ချက်အားဖြင့် အနာရောဂါများ ငြိမ်းပြီးကြောင်း ထောက်ခံခိုင်းသောအခါ စိတ်ချစွာဖြင့် သူမ၏ လည်ပျင်းကြီးရောဂါ ပျောက်ကင်းပြီဟု သက်သေခံသည်။ ထိုအခါ လူများက ဟားတိုက်ရယ် ကြသည်။ သို့သော် မရှက် မကြောက်ဘဲ နှစ်လခန့် သက်သေခံနေသောအခါ လူများ ကဂရုမစိုက်တော့ချေ။ ထိုအချိန်၌ သူ၏ လည်ပျင်းကြီးရောဂါ လုံးဝ ပျောက်သွားခဲ့သည်။ ထိုအရာအားဖြင့် သိရသည် မှာဘုရား၏ နှုတ်ကပတ်တော်ကို ထောက်ခံယုံကြည်သည်တွင် လူများ၏ ပျက်ရယ်ပြုခြင်းကို ခံရမည်။ ထိုသို့ ပျက်ရယ်ပြုခြင်းကို မရှက်မကြောက်ဘဲ ယုံကြည် နိုင်ပါက ရောဂါပျောက်ကင်းနိင်ကြောင်း သက်သေခံဝေငှလိုပါသည်။ ယုံကြည်ခြင်းအားဖြင့် နှုတ်ကပတ်တော်ကို ထောက်ခံ၍ သင်၏ အနာရောဂါများ ပျောက်ကင်း ပါစေ။ 


ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း ၁၂
        

 ၁။ ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတဦးသည် နေကို ဝပ်လျက်၊ လကို ​ခြေဖြင့် နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။ 

နေကို ဝပ်လျက် လကို ​ခြေဖြင့် နင်းလျက် ခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူဆောင်သော မိန်းမသည် အဘယ်သူ နည်း။ အချို့ကသခင်ယေရှု၏ မယ်တော်မာရိ ဖြစ်သည်ဟု ယူဆကြသည်။ အချို့က အသင်းတော် ဖြစ်သည်ဟုယူ ဆ ကြသည်။ ထိုသူကို သိရှိဘို့ရန်မှာ ဓမ္မဟောင်းကျမ်းကို လှန်ဘို့ လိုသည်။ ယောသပ်က၊ အစ်ကိုတို့ အား၊ အခြားသော အိပ်မက်ကို ​ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ် ဆယ်တလုံးတို့ သည်၊ ​ကျွန်ုပ်ကို ရှိခိုးကြ၏ဟု ကြားပြောလေ၏။ ထိုသို့ အဘနှင့် အစ်ကိုတို့အား ကြားပြောသောအခါ အဘက၊ သင်မြင်သော အိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့် သင်၏ အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ် ချရမည်လောဟူ၍၊ သူ့ကို ဆုံးမလေ၏။ (က ၃ရး၉-၁၀)။ ထိုကြောင့် နေသည် ယာ ကုပ်၊ လသည် ယောသပ်၏ အမေရာခေလ၊ ကြယ်ဆယ်တလုံးသည် ယောသပ်၏ ညီအစ်ကိုများဖြစ်သည်။ ထို့ကြောင့် ထိုမိန်းမသည် ဣသရေလကို ဆိုလိုသည်။ ဣသရေလသည် ဘုရားသခင်၏ မိန်းမဟု အောက်ပါကျမ်းများ၌ ဖေါ်ထားသည်။ (ယေရမိ ၃:၂၀၊ ဟေရှာယ ၅၄:၅၊ ဟောရှေ ၂:၁၆) 
 
၂။ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သော ဝေဒနာ ပြင်းသောကြောင့် အော် ဟစ်လေ၏။ 

ထိုမိန်းမ တည်းဟူသော ဣသရေလသည် ကိုယ်ဝန်ဆောင်သည် ဟုဆိုသည်။ ထိုမိန်းမဆောင်သော ကိုယ်ဝန်သည် အငယ် ၅မှာ ဖေါ်ပြသော လူမျိုးတ ကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သောသားယောက်ျား ဖြစ်သည်။ လူမျိုးတကာကို သံလှံတံနှင့် အုပ်စိုးမည့် သူသည် အခြားသူ မဟုတ်သခင်ယေရှု ပင် ဖြစ်သည်။ သခင်ယေရှုနှင့် ပတ်သက်၍ ထာဝရဘုရားက သင်သည် ငါ့သား ဖြစ်၏၊၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ င့ါကို တောင်းလော့၊၊ လူ အမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု င့့ါအား မိန့်တော်မူပြီ၊၊ (ဆာ ၂:ရ- ၉) ဟုဆိုထားသည်။ မိန်းမများသည် ကိုယ်ဝန်ကိုး လဆောင်တတ်၍ ဘွားခါနီး၌ ဝေဒနာ ပြင်းစွာ ခံစား ကာ အော်ဟစ်တတ်သည်။ ထိုနည်းတူ ဣသရေလ လူမျိုးများလည်း တိုင်း တပါး၏ နှိပ်စက်ခြင်းကို ခံခြင်းအားဖြင့် ဝေဒနာ ခံစား ခဲ့ ကြသည်။ 
 
၃။ ကောင်းကင်၌ အခြားသော နိမိတ် လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခု နှစ်ဆူကို ဆောင်းလျက် ရှိ၏။ 

ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာ တခုမှာ အဆင်းနီသော နဂါးကြီး ပေါ်လာသည်။ အဆင်းနီဆိုခြင်းသည် အသွေးကို ဖေါ်ပြသည်။ ထိုနဂါးကြီးသည် ဧဝကို လိမ်ညာခဲ့သော ရှေးမြွေဟောင်း ဖြစ်သည် (ဗျာ ၂၀:၂)။ သူ၌ ခေါင်း ခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိသည်။ ဗျာ ၁၃:၁၌လည်း ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲတကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူ ဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲက တက်သည်ကို မြင်၏။ ဗျာ ၁ရး၃၌လည်း ခေါင်း ခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့် အပြည့်ရှိသောသားရဲနီအပေါ်မှာ ထိုင်လျက် ရှိသော မိန်းမတဦးကို ငါမြင်၏၊ ဟု တွေ့ရသည်။ ထိုအရာကို ဒံယေလက ပဌမဦးဆုံး မြင်ခဲ့သည်၊ ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့် ပြည့်စုံ၍ အလွန် ကြောက်မက်ဘွယ်သော စတုတ္ထ္ဂသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ​ခြေဖြင့် နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများ အလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့် တကွနှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း၊ ပြည့်စုံ၏။ (ဒံ ရးရ- ၈) ထိုသူက လည်း၊ စတုတ္ထ္ဂသားရဲသည် မြေကြီးပေါ်မှ ာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူး ခြားသော စတုတ္ထ္ဂနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်း ချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီး ဆယ်ပါး ဖြစ်၏။ သူတို့ နောက် အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်း သူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ်တရားတို့ကို ပြောင်း လဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလ တဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကို နှုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။ (ဒံ ရး၂၃-၂၆) 

ခေါင်းခုနှစ်လုံးသည် တိုင်း နိင်ငံများ ဖြစ်၍ ချိုဆယ်ချောင်းသည် မင်းကြီး ဆယ်ပါး ဖြစ်သည် ဟုဒံယေလအားဖြင့် သိရသည်။ တိုင်း နိင်ငံများနှင့် မင်းများသည် စာတန် လက်ထဲမှာရှိ၍ သူကအုပ်ချုပ်သည်။ ထို့ကြောင့် စာတန်နှင့် အန္တီခရစ်ခေါ်သားရဲတို့၌ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိရခြင်း ဖြစ်သည်။    
၄။ သူ၏ အမြီးသည် ကောင်းကင် ကြယ်သုံးစု တစုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက် လေ၏။ သားကို ဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့် အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ 

နဂါး၏ အမြီးသည် ကောင်းကင် ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ ချ လိုက်လေ၏ ဟုဆိုခြင်းသည် ဘေးဒဏ်ကြီးကာလမည် ဖြစ်ပျက်သည် မဟုတ်။ ကမ္ဘာ မတည်မရှိမှီှ ကောင်းကင်တမန် မင်းဘဝမှ ဘုရား ဖြစ်ချင် သောကြောင့် ဘုရားကိုတော် လှန်ပုန်ကန်ခဲ့ချိန်တွင် ကောင်းကင်တမန် သုံးစုတစုကို သူနှင့်အတူ ဘုရား ပုန် ကန်ဘို့ ဆွဲဆောင်သောကြောင့် ချပစ်ခြင်း ခံသော ကောင်းကင်တမန် များဖြစ်သည်။ ထိုကောင်းကင်တမန် များသည် နတ်ဆိုး ဝိညာဉ်ဆိုးများ ဖြစ်ကြသည်။ စာတန်သည် မိန်းမ တည်းဟူသော ဣသရေလမှ မွေးဘွားမည့် ခရစ်တော်ကို ကိုက်စားဘို့ရန် မိန့်မရှေ့၌ ရပ်နေသည် ဟုဆိုသည်။ သမိုင်းတလျှောက်ကြည့်ပါက စာတန်သည် ခရစ်တော် မွေးဘွားမည့် အရာကို တတ်နိုင်သမျှ ပိတ်စို့ထားသည်။ အထင်ရှားဆုံးများမှာ ဘုရားသခင် လက်ခံသော အာဗေလကို အကို ကာဣနအထဲမှ သတ်လိုက်သည်။ 

ယာကုပ်ကိုလည်း အကို ဧသော အထဲမှ သတ်ဘို့ရန် ကြံစည်ခဲ့သည်။ ခရစ်တော် မွေးဘွားမည့် ဒါဝိဒ်ကိုလည်း ရှောလုဘုရင်ကသတ်ဘို့ စစ်သား သုံးထောင်နှင့် ကြိုး စားခဲ့သည်။ အာသလိအားဖြင့် ဒါဝိဒ်၏ အမျိုးပျက်ဘို့ရန်သူ၏ မြေးများကို သတ်ဘို့ ကြိုးစား ခဲ့သည်။ သို့သော် ဘုရား၏ ကွယ်ကာမစမှုကြောင့် ယဇ်ပုရောဟိတ် ယေဟောရဒအားဖြင့် ယောရှကို အသက် ချမ်းသာ ရာရရှိစေသည်။ မယ်တော်မာရိ အထဲမှ သူငယ်တော် ယေရှု မွေးဘွားသောအခါ၌လည်း ဟေရုဒ်မင်းအားဖြင့် သတ်ဘို့ ကြံစည်ခဲ့သည်။ ထို့ကြောင့် စာတန် တည်းဟူသော နဂါးသည် ခရစ်တော် မွေး ဘွားမည့် အရာကို အတတ်နိုင်ဆုံး ဖျက်ဆီးသော်လည်း မရပါ။ 

။ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သောသားယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့၎င်း၊ ပလ္လင်တော်သို့၎င်း၊ ချီယူတော်မူ၏။  

ဣသရေလသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးမည့်သားယောက်ျား ခရစ်တော်ကို မွေးဘွားလိုက်သည်။ ထိုအရာသည် လွန်ခဲ့သော နှစ်ပေါင်း နှစ် ထောင်တုန်းက ဖြစ်သည်။ ဘေးဒဏ်ကြီးကာလ အတွင်းမှာ မွေးဘွားသည်ဟု မဆိုလိုချေ။ ခရစ်တော်သည် ဤလောကကို သံလှံတံနှင့် အုပ်စိုးမည့် အကြောင်းကို ဆာလံဆရာက ဤသို့ ရေးထားခဲ့ပြီ၊ ဗျာဒိတ်တော် အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာဝရဘုရားက သင်သည် ငါ့သား ဖြစ်၏၊၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ င့ါကို တောင်းလော့၊၊ လူ အမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်း တိုင်အောင် ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု င့့ါအား မိန့်တော်မူပြီ၊၊ (ဆာ ၂:ရ- ၉) ခရစ်တော်် ဤလောကကို သံလှံတံနှင့် အုပ်စိုးမည့် အကြောင်း ဒုတိယအကြိမ် ကြွလာခြင်းကို ယောဟန်က ဤသို့ ရေးထားသည်၊ ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက် ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူသည် သစ္စာ ဟူသော အမည်၊ သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ ၁၂ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင် မှတပါး၊ အဘယ်သူမျှ မသိသော နာမတော်သည် ရေးထားလျက် ရှိ၏။ ၁၃ အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။ ၁၄ ကောင်းကင်ဗိုလ်​ခြေ တို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက် နောက်တော်သို့ လိုက်ကြ၏။ ၁၅ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်း တော် ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ (ဗျာ ၁၉:၁၁-၁၅) 

ထိုသားကို ဘုရားသခင် ထံသို၎င်း၊ ပလ္လင်တော်သို့၎င်း၊ ချီယူတော်မူ၏ ဟုဆိုခြင်းသည် အသေခံပြီး ရှင်ပြန်ထမြောက်သောအခါ ကောင်းကင်သို့ တက် ရောက်၍ ဘုရားသခင် ထံတော်၌ ဆက်ကပ်ခြင်း၊ ပလ္လင်တော်၏ လက်ျာဖက်မှာ ထိုင်တော်မူခြင်းကို ဆိုလိုသည်။ 

၆။ မိန်းမသည် အရက်တထောင်နှစ်ရာ​ခြောက်ဆယ်ပတ်လုံး တော၌ ​ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ 

မိန်းမသည် အရက်တထောင်နှစ်ရာ​ခြောက်ဆယ် တည်းဟူသော သုံးနှစ်ခွဲ လုံးလုံးတော၌ ဘုရားသခင်က ​ကျွေးမွေးသည် ဟုဆိုသောကြောင့် မယ်တော်မာရိ မဖြစ်နိုင်ချေ။ အကြောင်းမှာ မယ်တော်မာရိသည် ထိုမျှကာလ ပတ်လုံးတော၌ ဘုရား၏ ကြည့်ရှုခြင်း မခံစား ခဲ့ဘူးချေ။ အဲဂုတ္တု ပြည်၌ ထွက်ခဲ့သော်လည်း ဟေရုဒ်သည် မာရိကို သတ်ဘို့ရန် ကြိုးစား ခဲ့သည် မဟုတ်၊ သူငယ်တော် ယေရှုကို သတ်ဘို့ ကြိုးစားခြင်း ဖြစ်သည်။ ထို့အပြင် မိန်းမ၏ သားသည် ကောင်းကင်သို့ တက်သွားပြီးမှ ​ကျွေးမွေးခြင်း ခံရသည်။ သားတော် မပါချေ။ မယ်တော်မာရိအဲဂုတ္တု ပြည်သို့ သွား ခဲ့ရာတွင် သားတော် ယေရှုလည်း ပါခဲ့သည်။ အန္တီခရစ်သည် ဘေးဒဏ်ကြီး ကာလ၏ အစပိုင်း၌ ဣသရေလ လူများ နှင့့်၍ သူတို့ကို ဗိမာန်တော် ဆောက်ခွင့်ပေးကာ ယဇ် ပူဇော်ခြင်းများကို ပြုလုပ် ခွင့်ပေးခဲ့သော်လည်း သုံးနှစ်ခွဲကြာသောအခါ သူသည် ဘုရားသခင်၊ ကယ်တင်ရှင် ဖြစ်သည်ဟု ကျေညာကာ ယဇ်ပူဇော်ခြင်းကို ရပ်တန့်စေ၍ သူ့ကိုကိုးကွယ်ခိုင်းမည်။ ထိုအရာနှင့် ပတ်သက်၍ ခရစ်တော်က ဤသို့ သတိပေး ခဲ့သည်၊ ထိုကြောင့် ပရာဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင် ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့ မြင်ရလျှင်၊ ယုဒ ပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ လယ်၌ ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်၊ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူ ငယ်ရှိသော မိန်းမတို့သည် အလွန် ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်း ကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာ ရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလိုငှါ ထိုကာလသည် တိုလိမ့်မည်။ (မ ၂၄:၁၅-၂၂) 

ထိုသို့ ဣသရေလ လူများသည် အန္တီခရစ်၏ ရန်မှပြေးသောအခါ ဘုရားသခင်က မကာကွယ်လျှင် မည်သို့ မျှလွတ်နိုင်စရာ အကြောင်း မရှိချေ။ သို့သော် ဘုရားသခင်က သူတို့ကို အန္တီခရစ်နှင့် သူ၏ စစ်သားများက မတွေ့နိုင်အောင် ကာ ကွယ်ပေးလိမ့်မည်။ သူတို့ကို ဘေးဒဏ်ကြီး၏ အလယ်မှ အဆုံးအထိ သုံးနှစ်ခွဲလုံးလုံး ဖုံးကွယ်မည် ဖြစ်သည်။ မည်သည့်နေရာ၌ မည်ကဲ့သို့ ဖုံးကွယ်မည်ကို မသိနိင်သေးချေ။ သူတို့၏ ဘိုးဘေးများ ဖါရောစစ်သားများက လိုက်သောအခါ၌ မိုဃ်းတိမ်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ဘူးသည် (ထွက် ၁၄:၁၉-၂၀)။ ဣသရေလ လူများသည် တော၌ နှစ်ပေါင်းလေးဆယ်လုံးလုံး မန္နမုန့်ဖြင့် ​ကျွေးမွေး ခဲ့ သကဲ့သို့ ဘေးဒဏ်ကြီး ကာလ၌လည်း သုံးနှစ်ခွဲလုံးလုံး ဘုရားသခင်က ​ကျွေးမွေး ဦးမည်။ 
 
၇။ ကောင်းကင်၌ စစ် ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာ မရှိ။ 

ဘေးဒဏ်ကြီး ကာလသည် မြေကြီး ပေါ်၌ အကြီးမားဆုံး စစ်ပွဲများ တိုက် ခိုက်ကြမည် ဖြစ်သည် (ဗျာ ၆ ;)။ မြေကြီး ပေါ်၌သာမက ကောင်းကင်၌လည်း စစ် ဖြစ်ကြမည်။ စာတန်နှင့် သူ၏ ဝိညာဉ်ဆိုးများသည် ဘုရားသခင်က သူတို့ကို နှင်ထုတ် ချိန်မှစ၍ အစဉ်အမြဲ ဘုရားသခင်နှင့် သူ၏ လူများကို စစ်တိုက် ကြသည်။ ထို့ကြောင့် ရှင်ပေါလုက ယုံကြည်သူများထ ံ ဤသို့ သတိပေးခဲ့သည်၊ ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ် နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေး အသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်် ရကြသည် မဟုတ်။ အထွဋ္ဋ်အ မြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ (ဧဖက် ၆:၁၀-၁၂)။ သို့သော် ယုံကြည်သူများသည် ဝိညာဉ်ဆိုး များနှင့် စစ်တိုက် နေကြမှန်းကို မသိကြဘဲ စာတန် ပိုင်သော ဤလောကကို တပ်မက်ခြင်းအားဖြင့် စာတန်၏ ကျော့ကွင်းတွင် မိ နေကြသည်။ 
 ဘေးဒဏ်ကာလ အလယ်၌ ကောင်းကင် စစ်ပွဲ ဖြစ်ပွားမည်။ ထိုစစ်ပွဲ၌ ကောင်း ကပ်တမန် တပ်ကို မိက္ခေလက ဦးဆောင်၍ နဂါးနှင့် သူ၏ တမန်များစစ်ရှုံးမည်။ နဂါးသည် မာရ်နတ် စာတန်၊ ရှေးမြွေဟောင်း ဖြစ်ကြောင်း အငယ် ၈နှင့် ၂၀:၂၌ ဖေါ်ပြ ထားသည်။ ထို့ကြောင့် နဂါး၊ ရှေးမြွေဟောင်းမာရ်နတ်၊ စာတန် ဟူသော နာမည် များသည် တဦးတည်း ဖြစ်သည်။ စာတန် ရှိသောကြောင့် စစ် ဖြစ်ရသည်။ စာတန် မရှိလျှင် ကမ္ဘာပေါ်၌ စစ် ဖြစ်မည် မဟုတ်။ စာတန် မရှိတော့သော အနှစ်တစ်ထောင်ကာလတွင် စစ်မရှိတော့မည့် အကြောင်း ဤသို့ ရေးထားသည် -ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသော လူတို့ကို ဆုံးမတော်မူ သဖြင့်၊ သူတို့ ထား လက်နက်များကို ထွန်သွား ဖြစ်စေခြင်း ငှါ၎င်း၊ လှံများကို တံစဉ် ဖြစ်စေခြင်း ငှါ၎င်း၊ ထု လုပ်ကြလိမ့်မည်၊၊ တပြည်ကို တပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ (ဟေရှာယ ၂:၄၊ မိက္ခာ ၄:၃)။ 
 
၈။ ထိုအခါ၊ ဤလောက တနိုင်ငံ လုံးကို လှည့်​ြ့ဖား၍ မာရ်နတ် စာတန် အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူသော နဂါးကြီးကို၎င်း၊ ၉။ သူနှင့်အတူ သူ၏ တမန်တို့ ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။  

စာတန်သည် ယခုတိုင်အောင် ကောင်းကင်၌ သွားရောက်နိုင်ကြောင်းကို ဤ ကျမ်းပိုဒ်အားဖြင့် သိရသည်-ဘုရားသခင်၏သားတို့သည် ထာဝရဘုရား ထံတော်၌ ခစားခြင်းငှါ လာရသော နေ့ရက်အချိန် ရောက်လျှင် စာတန်သည်လည်း သူတို့နှင့် ရောနှော၍ လာ၏၊၊ ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူလျှင်၊ စာတန်က မြေကြီးပေါ်မှ ာ လှည့်လည်၍ အရပ်ရပ်သွား လာခြင်း အမှု ထဲကလာပါသည်ဟု ပြန်လျှောက်လေ၏ (ယောဘ ၁:၆ -ရ)။ သို့သော် ဘေးဒဏ်ကြီး ကာလ၏ အလယ်တွင် သူသည် စစ်ပွဲရှုံးသောကြောင့် ကောင်းကင်၌ နေရာမရတော့ဘဲ မြေကြီး ပေါ်သို့ ချခြင်းကို ခံရမည် ဖြစ်သည်။ ထိုအချိန် မှစ၍ စာတန်နှင့် သူ၏ တမန် များသည် ကောင်းကင်နိင်ငံသို့ ရောက်နိုင်သော အခွင့် ရှိတော့မည် မဟုတ်။ 
 
၁၀။ ကောင်းကင်ဘုံ၌ ကြီးသော အသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော် စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ ညီအစ်ကိုများကို ငါတို့ ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သော ရန်သူကို အောက်သို့ ချလေပြီ။ 

စာတန်ကို မြေကြီး အပေါ်ချလိုက်ချိန်မှစ၍ ကောင်းကင်နိင်ငံ၌လည်း အလွန် ချမ်းသာ ရာရကြမည်။ စာတန်သည် ကောင်းကင်နိင်ငံ၌ ယောဘကို အပြစ်တင် သကဲ့သို့ ယုံကြည်သူများကို နေ့ညဥ့်မပြတ် အပြစ်တင်ကြောင်း တွေ့ရသည်။ စာတန်၏ အဓိကအ လုပ်သည် သူတပါး၏ အပြစ်ကို ဘုရားသခင် ထံ၌ တင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ သားသမီး များလည်း သူတပါး၏ အားနည်းချက်များကို အပြစ် မြင်တတ်၊ ပြောတတ်ကြသည်။ ယုံကြည်သူများပင်လျှင် မယုံကြည် ခင်ကအကျင့်ကို မဖေျာက် ဖျက်နိုင်ဘဲ သူတပါး၏ အပြစ်များကို အလွန် ပြောချင် တတ်ကြသည်။ သူတပါး၏ အပြစ်ကို ပြောခြင်း၊ အတင်း ပြောခြင်းသည် ဘုရား သားသမီး များ၏ အလုပ် မဟုတ်၊ စာ တန်နှင့် သူ၏ တမန်များအလုပ် ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ သူတပါး၏ အပြစ်ကို မပြောတော့ဘဲ သူတို့၏ အားနည်းချက်များအတွက် ဆုတောင်း ပေးကြပါစို့။ လူသည် အပြစ် အားနည်းချက် အမျိုးမျိုးရှိနေမည် ဖြစ်သည်။ သို့သော် ထိုအရာအ တွက်အပြစ် မလုပ်ဘို့ရန်နှင့် ဘုရားသခင်က ခွင့်လွှတ်ဘို့ရန် ဆုတောင်း ပေးကြပါစို့။ 
 
၁၁။ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့ သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း၊ အောင်မြင်၍၊ အသေခံသည် တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ 

ဘေးဒဏ်ကြီးကာလ ယုံကြည်သူများ၏ အောင်မြင်ခြင်းသည် အချက် သုံးချက်ကြောင့် ဖြစ်ကြောင်း သိရသည်။ ထိုအရာများမှာ၊ သိုးသငယ် တည်းဟူသော ခရစ်တော်၏ အသွေး၊ သူတို့၏ သက်သေခံချက် နှုတ်ကပတ်တော်နှင့် အသေခံသည့်တိုင်အောင် ကိုယ့်အသက်ကို မနှမြောခြင်းတို့ ဖြစ်သည်။ ခရစ်တော်၏ အသွေးသည် တန်ခိုးရှိသည်။ ဘုရားသခင်၏ စိတ်ကို ကျေနပ် စေသည်။ ဏာတန်ကို ရှုံးစေသည်။ ယုံကြည်သူ၏ စိတ်၌ ဘုရား၏ အပြစ် လွှတ်ခြင်းကို စိတ်ချစေသည်။ ယုံ ကြည် သူများ၏ သက်သေခံခြင်းသည်လည်း အောင်မြင်ခြင်း ဖြစ်သည်။ အကြောင်းမှာ သက်သေခံခြင်းဖြင့် စာတန် နိင်ငံ တုန်လှုပ်စေ၍ သူချုပ်နှောင်ထားသော လူများ လွတ်မြောက်စေသည်။ ထိုမျှမက သက်သေခံသူသည် ပို၍ ယုံကြည် လာကာခွန်အား ဖြစ်သည်။ ယုံကြည်သူများအသက် မနှမြောဘဲ အသေခံခြင်းသည်လည်း စာတန်၏ တန်ခိုးသေခြင်းကို အနိင်ယူခြင်း ဖြစ်သည်။ သေရမှာမ ကြောက်သောသူများကို စာတန် ကမည်သို့ မျှခြိမ်း​ခြောက်၍ မရ၊ လှည့်ဖျား၍ မဖြစ်နိုင်ချေ။ 
 
၁၂။ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္လာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ ရှိရာသို့ ဆင်းလေပြီ ဟုဆိုကြသည်ကို ငါကြား၏။ 

စာတန်နှင့် သူ၏ တမန်များကို ကောင်းကင်မှ ချလိုက်သောကြောင့် ကောင်းကင်၌ အလွန် အားရဝမ်းမြောက် ရသော်လည်း မြေကြီး ပေါ်၌ အမင်္လာ ဖြစ်သည်။ အကြောင်းမှာ စာတန်သည် ကောင်းကင်၌ နေရာမရတော့သောကြောင့် အလွန် ဒေါသထွက်၍ မြေကြီး ပေါ်၌ သူ၏ ဒေါသ မီးလောင်းတော့မည် ဖြစ်သည်။ ထို့ကြောင့််ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်းသည် ပို၍ ဒုက္ခ ရောက်မည် ဖြစ်သည်။ စာတန်သည်အချိန် ခဏလေးသာ ရတော့မှာကိုလည်း သိသည်။ 
        
၁၃။ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ 

စာတန်သည် မြေကြီး ပေါ်သို့ ကျသောအခါသားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲသည် ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူမူကား ထိုသားယောက်ျား တည်းဟူသော ယေရှုခရစ် တော်က သူ့ကို နိင်၍ ကောင်းကင်မှ ချသောကြောင့် ဖြစ်သည်။ ကမ္ဘာဦးကျမ်း၃:၁၅၌ ဘုရားသခင် ပြောသော မိန်းမ၏ သားက သူ၏ ခေါင်းကို ကျိတ် လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမိန်းမ တည်းဟူသော ဣသရေလ လူများကို တတ်နိုင် သမျှ သတ်ဖြတ်မည် ဖြစ်သည်။ 

ခရစ်တော်သည် စာတန်ကို တိုက်ဘို့ရန် ဤလောကသို့ ဆင်းသက်ကြောင်း ဤသို့ ရေးသား ထားသည်၊ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏ (၁ ယော ၃:၈)။ ခရစ်တော် လူ့ဇာတိခံယူခြင်းသည် စာတန်၏ တန်ခိုးသေခြင်းကို ဖျက်ဆီး၍ သေခြင်းကို ကြောက်သောကြောင့် တ သက်လုံး ​ကျွန်ခံနေရသောသူများကို ကယ်နှုတ်ဘို့ ဖြစ်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး ​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏ (ဟေဗြဲ ၁၄-၁၅)။ ခရစ်တော် လက်ဝါးကပ်တိုင်တော်၌ အသေ ခံခြင်းသည် စာတန်ကို တိုက်ခိုက်၍ အောင် နိုင်ခြင်း ဖြစ်ကြောင်း ခရစ်တော် ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ငါသည်လည်း မြေကြီးနှင့် ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲ မည်ဟု မိန့်တော်မူ၏။ (ယော ၁၂:၃၁-၃၂)။ ခရစ်တော် လက်ဝါးကပ်တိုင်၌ အသေခံ၍ ရှင်ပြန်ထမြောက်သောအခါ စာတန်သည် စစ်ရှုံးစပြုနေပြီ။ သေခြင်းအားဖြင့် လူများကို မခြိမ်း​ခြောက်နိုင်တော့ချေ။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူ များစွာတို့သည် 
 ခရစ်တော် အတွက် အသေခံ ရဲ ကြသည်။ 

သို့သော် လူ များစွာနှင့် ယုံကြည်ခြင်း နုနယ် သူများကို သေခြင်းအားဖြင့် အနိင် ကျင့်ကာ ​ကျွန်ပြုနေသေးသည်။ သို့သော် ဘေးဒဏ်ကြီးကာလ အပြီးတွင် စာတန်သည် ဤလောက မင်း မဟုတ်တော့ဘဲ အဝေစိတွင်း ထဲ၌ နှစ်ပေါင်းတစ် ထောင်ထောင် ချမည် ဖြစ်သည် (ဗျာ ၂၀:၁-၃)။ ထိုအရာကို သိနေသောကြောင့် ခရစ်တော်ကို မုန်း၍ သတ်ခဲ့သည်။ သို့သော် ရှင်ပြန်ထမြောက် ကာ ကောင်းကင်သို့ တက်သွားသည်။ ထိုသို့ ခရစ်တော်ကို မဖျက်ဆီးနိုင်သောအခါ သူ့ကို မွေးထုတ်ပေးသော မိန်းမ တည်းဟူသော ဣသရေလ လူမျိုးကို အဍှုိးထား၍ ဍှဉ်းဆဲခြင်း ဖြစ်သည်။ 
 
၁၄။ မိန်းမသည် ထိုမြွေနှင့် လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလ တဝက်ပတ်လုံး ​ကျွေးမွေးခြင်းကို ခံရာအရပ် တည်းဟူသော တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ လင်းယုန်ကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။ 

စာတန်သည် ခရစ်တော် မွေးဘွားပေးမည့် ဣသရေလကို သမိုင်းတ လျှောက်သတ်ဖျက်ဍှဉ်းဆဲခဲ့သည်။ ဣသရေလ လူများ အပြစ် ကျူးလွန်ခြင်း များသည် သူတို့၏ စိတ်နှလုံးခိုင်မာခြင်းလည်း ဖြစ်သော်လည်း စာတန်၏ အထူးဖျက်ဆီးခြင်းလည်း ပါသည်။ ထို့ကြောင့် ပါရှားအင်ပိုင်ယာခေတ်တွင် ဟာမန်အားဖြင့် အမျိုးပြုတ်သွားဘို့ ကြိုးစား ခဲ့သည် (ဧသတ္တာဝတÎု)။ ယခုခေတ်တွင် ဟစ်တလာကလည်း အမျိုးပြုတ်သွားဘို့ရန် ကြိုးစား၍ ဣသရေလ လူ၆ သန်းသတ်ခဲ့သည်။ ဘေးဒဏ်ကြီးကာလ တွင်လည်း ဣသရေလ လူများကို အားလုံး သတ်ဘို့ ကြိုးစား လိမ့်မည်။ သို့သော် ဘုရားသခင်က တကာလ (တစ်နှစ်)၊ နှစ်ကာလ (နှစ်နှစ်)၊ ကာလတဝက် (နှစ်ဝက်)ကို ကွယ်ကာ၍ တော၌ ​ကျွေးမွေး လိမ့်မည်။ ထိုနေရာသည် အဘယ်နေရာ၌ ဖြစ်မည်ကို အတိအကျ မသိနိုင်ပါ။ 

 ဘုရားသခင်သည် ဣသရေလ လူများကို သဲကန္တာရထဲ၌ နှစ် ပေါင်း၄၀ ​ကျွေးမွေး ခဲ့ကြောင်း တွေ့ရသည်။ လင်းယုန်သည် အသိုက်ကို မွှေလျှက်၊ သား ငယ်တို့အပေါ်မှာ လှုပ်ရှားလျှက်၊ အတောင်တို့ကို ဖြန့်လျှက်၊ သား ငယ်တို့ကို ယူ၍ မိမိအတောင်တို့ဖြင့် ဆောင် သကဲ့သို့၊ ထာဝရဘုရား တပါးတည်း သာလျှင်၊ ယာကုပ်ကို ဆောင်သွားတော်မူ၏ ( တရားဟော ၃၂:၁၁-၁၂)။ ဘုရားက၊ ငါသည် အဲဂုတ္တု ပြည် လူတို့၌ ပြုသော အကြောင်း၊ သင်တို့ကို လင်းယုန်အတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ ဘမ်းယူသော အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ (ထွက် ၁၉:၄) ဟုဆိုခဲ့သည်။ လင်းယုန်အတောင်ဖြင့် ဆောင်သွားခြင်းသည်လျှင် မြန်လွယ်ကူခြင်းကို ဆိုလိုသည်။ ဘေးဒဏ်ကြီးကာလ တွင်လည်း ဘုရားသခင်သည် ဣသရေလ လူများကို စာတန် လက်မှကွယ်ကာ၍ သုံးနှစ်ခွဲ​ကျွေးမွေး ဦးမည်။ 

၁၅။ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်း ထဲက မြစ်ရေစီး သကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။  

နဂါး တည်းဟူသော စာတန်သည် မိန်းမ တည်းဟူသော ဣသရေလကို မိမိခံတွင်း ထဲမှ မြစ်ရေဖြင့် မျော သွား၍ သေစေရန်ပြုသည်။ ထိုရေသည် အဘယ် အရာကို ဆိုလိုသနည်း။ တကဲ့ရေလည်း ဖြစ်နိင် သကဲ့သို့ စစ်သားများကိုလည်း ဆိုလိုနိုင်သည်။ ဗျာ ၁ရး၁၅၌၊ ယခုမြင်၍ ပြည်တန်ဆာထိုင်သော ရေကား၊ အသီးသီး ဘာသာစကားကို ပြောသော လူ အမျိုးမျိုး အစုစု ဖြစ်သတည်း။ဟု တွေ့ရသည်။ ဤ နေရာ၌ ရေသည် လူ အမျိုးမျိုးကို ဆိုလိုသည်။ 
 
၁၆။ မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်း ထဲက ထုတ် ပစ်သော မြစ်ရေကို မျိုလေ၏။ 

မြေကြီးသည် နဂါးခံတွင်း မှ ထုတ်ပစ်သော မြစ်ရေကို မျိုလိုက်သည် ဟုဆိုသည်။ နဂါး တည်းဟူသော စာတန် စေလွှတ်သော လူများ စစ်သားများကို မြေကြီး ကမျိုလိုက်ခြင်း ဖြစ်မည်။ ဘုရားသခင်က မောရှေနှင့် အာရုန်ကိုတော် လှန်ပုန်ကန်သော ကောရနှင့် အဖွဲ့ကို မြေမျိုစေခြင်းဖြင့် တရားစီရင်ခဲ့ဘူးသည် (တော ၁၆:၂၉-၃၃)။ မည်ကဲ့သို့ပင်ဖြစ်စေ စာတန်သည် မိန်းမကို မဖျက်ဆီးနိုင်ချေ။ ဖါရောဘုရင်က ဣသရေလ လူမျိုးများကို သတ်ဖြတ်ဘို့ရန် လိုက် လာသောအခါ သူတို့ကို ပင်လယ်ရေအားဖြင့် ဖျက်စီးခဲ့ဘူးသည်။ 
 
၁၇။ နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူ ချက်ကို စွဲလန်းသောသူ တည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်း ငါှသွား၏။ 

မိန်းမ၌ ကြွင်းသော အမျိုးအနွယ်သည် မိန်းမကို ချစ်၍ ကာကွယ်သောသူများ ဖြစ်မည်။ ထို့ကြောင့် နဂါးကစစ်တိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် မိန်းမ တည်းဟူသော ဣသရေလကို ချစ်၍ ကာကွယ်သောသူများသည် အဘယ်သူ ဖြစ်မည် နည်း။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်၍ ဧဝံဂေလိတရားကို ဟောပြောသက် သေခံသော ယုံကြည်သူများဖြစ်သည်။ ယနေ့ ဧဝံဂေလိ အသင်းတော်များကသာလျှင် ဣသရေလများကို ချစ်၍ သူ့ဘက်၌ ရပ်တည်သည်။ ထိုသူများသည် ချီဆောင်ခြင်း၌ ပါသွားပြီး ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ကျေးဇူးတော် ကာလ၌ ယုံကြည်သူများ မဖြစ်နိုင်ချေ။ ထိုသူများသည် ဘေးဒဏ်ကြီး ကာလ၌ ပြန်လည် ယုံကြည်သူများဖြစ်မည်။ ထိုသူများသည် နဂါး တည်းဟူသော စာတန် ကတိုက်ခိုက် သောကြောင့် သတ်ဖြတ်ခံသောသူများ ဖြစ်မည် 

 

အောင်မြင်သော အမူတော်ဆောင်

ကမ္ဘာပေါ်၌ ဘုရား အမှုတော်ဆောင် များစွာ ရှိသည်။ အောင်မြင်သော အမှုတော်ဆောင်သည် မည်ကဲ့သို့ သိနိုင်မည်နည်း။ 

  • လူသိများ၍ အလွန် ကျော်ကြားသော အမှုတော်ဆောင်၊ 
  • အသင်းသူ အသင်းသား အလွန်များသော အမှုတော်ဆောင်၊       
  • တန်ခိုး နိမိတ်လက္ခဏာ များစွာ ပြ၍ လူတိုင်း ကချဉ်းကပ်သော အမှုတော်ဆောင်၊ 
  • ဘွဲ့ ဒီဂရီမြင့်မားစွာ ရ၍ ကျမ်းစာ အလွန် တတ်​ကျွမ်းသော အမှုတော်ဆောင်၊ 
  • ဘာမှလုပ်ကိုင်စရာ မရှိသောကြောင့် အလုပ်လက်မဲ့​ ဖြေရှင်းသော အမှုတော်ဆောင်
  • အဟောအပြော အလွန် ကောင်း၍ လူတိုင်း ကတရားနာချင်သော အမှုတော်ဆောင်
  • လူတိုင်း၏ လူမှု ဒုက္ခ များစွာကို ကူညီ​ ဖြေရှင်း ပေး၍ လူကြိုက်များသော အမှုတော်ဆောင်
  • လောက စည်းစိမ်ဥစ္စာကြွယ်ဝသော အမှုတော်ဆောင်
  • ပျောက်ဆုံးဝိညာဉ်များကို ကယ်တင်ခြင်း အကြောင်းကို သင်ပေးသော အမှုတော်ဆောင်
  • အစိုးရအမှုထမ်း သကဲ့သို့အချိန် တန်လျှင် ပုံမှန် တရားဟောသော အမှုတော်ဆောင်
  • အုပ်ချုပ်ရေးနှင့် ရာထူးကိုသာ စိတ်ဝင်စား၍ အစည်းအဝေး၌ ပြသနာ ပေးတတ်သော အမှုတော်ဆောင်
  • ဟုတ်တိပတ်တိ တရားမဟောနိင်သော်လည်း အဖြစ် သဘော အမှုတော်ဆောင်
  • ဘုရား အလိုတော်ထက် လူအကြိုက်ဆောင်ရွင်သော အမှုတော်ဆောင်

စသည်ဖြင့် အမှုတော်ဆောင်မြောက် များစွာ ရှိသည်။ သင်သည် အမှုတော်ဆောင် ဖြစ်လျှင် မည်ကဲ့သို့သော အမှုတော်ဆောင် ဖြစ်သနည်း။ သင်သည် အမှုတော်ဆောင် မဖြစ်လျှင် သင်၏ ဆရာသည် မည်ကဲ့သို့သော အမှုတော်ဆောင် ဖြစ်သနည်း။ အောင်မြင်သော အမှုတော်ဆောင်သည်လောက စည်းစိမ်၊ လောက ပညာ၊ လူအကြိုက်များခြင်းများအားဖြင့် တိုင်း၍ မရပါ။ အောင်မြင်သော အမှုတော်ဆောင်၏ လုပ်ဆောင်ချက် များသည် ထာဝရ ကာလ အတွက် အကျိုးရှိ၍ ထာဝရ တည်တန့်မည် ဖြစ်သည်။ တနည်းအားဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်း၊ သာဓု သစ္စာရှိသော ငယ်သားကောင်းဟု ချီးမွမ်းခြင်း ခံသောသူသာလျှင် စစ်မှန်သော၊ အောင်မြင်သော အမှုတော်ဆောင် ဖြစ်သည်။ ဝိညာဉ်များကို ဤလောက ချစ်ဘို့ထက် ကောင်းကင်သို့ ပို့ဆောင်သော အမှုတော်ဆောင်သာလျှင် အောင်မြင် သောသူ ဖြစ်သည်။ စစ်မှန်သော အမှုတော်ဆောင်သည် စားဝတ်နေရေးအတွက် ဘုရားသခင်ကိုသာလျှင် အားကိုးမည်။ လခနှင့် အကျိုးများအတွက် အလုပ်လုပ်ခြင်း မဟုတ်။ လူချီးမွမ်းခြင်းထက် ဘုရား ပေးသော ဘုန်းကိုသာလျှင် လိုချင်မည်။ လူများ မကြိုက်နှစ်သက်သော်လည်း ဘုရား၏ အလိုတော်ကိုသာ ဆောင်လိမ့်မည်။ ထိုသို့သော အမှုတော်ဆောင်မျိုးကို ဘုရားသခင် အလိုရှိသည်။ သင်သည် ထိုကဲ့သို့သော အမှုတော်ဆောင်လော။ သို့မဟုတ် အများသော အမှုတော်ဆောင်များ ကဲ့သို့ လော။ 
 
 ဧဝံဂေလိ ခရီး စဉ်

ဆရာမောဇက်နှင့် အဖွဲ့ခုနှစ်ယောက်တို့သည် ဒီဇဘ်ာလ ၁၂ ရက်နေ့တွင် နယူးယောက်ပြည်နယ်သုံးမြို့သို့ ဧဝံဂေလိ ခရီး စဉ်ပြုလိုက် ကြသည်။ ထိုနေ့တွင် Buffalo မြို့သို့ ရောက်ရှိသွားပြီး တပတ်ကြာလူငယ်များကို သင်တန်းပေးနိုင်ခဲ့ပါသည်။ ထိုမြို့၌ တလကျော် နေထိုင်အမှု ဆောင်ခဲ့ကြသော ဆရာဗန်ထာနှင့်အား ဆာတို့ နှင့် လက်တွဲလုပ်ဆောင်ကြပါသည်။ ဆရာအားဆာနှင့် ဆရာ Daniel Pata ဒေါ်နိုရင်းတို့ သုံးယောက်သည် Rochester မြို့သို့ သွားကာထိုမြို့၌ သက်သေခံခြင်း သင်တန်းပေးခြင်းများပြုလုပ် နိုင်ခဲ့ကြပါသည်။ နံနက်ပိုင်းတွင် Buffalo မြို့၌ ဆု တောင်းခြင်း၊ ကျမ်းစာ သင်ခြင်းများကို ပြုလုပ် နိုင်ကြပါသည်။ ဆရာဗန်ဆန်လျံလည်း မြန်မာပြည် ခရီး စဉ်မှ ကျန်းမာစွာ ဒီဇဘ်ာလ ၁၆ ည၌ ပြန်လည်ရောက်ရှိပါသည်။ ထိုအဖွဲ့မှ ၈ယောက်တို့သည် ဒီဇဘ်ာလ ၁၉ ရက်နေ့တွင် Rochester မြို့၌ နံနက်ပိုင်း ဆုတောင်း ကျမ်းစာ သင်ခြင်း အပြီးတွင်Syracuse မြို့သို့ သွားရောက် ကြပါသည်။ ထို့မြို့၌ ဆရာမောဇက်က သင်တန်းများ ပေးခဲ့ပါသည်။ ဆရာဗန်ထာ နှင့်အား ဆာ၊ ဆရာရှားတို့သည် စနေနေ့၌ Baltimore မြို့သို့ သွားရောက်ကာ သတင်းကောင်း နှစ်ခြင်း အသင်းသားကို ဥက္ကာအောင်၏ စျာပနအခန်းအနား၌ သွားရောက်ပါဝင်ခဲ့ကြပါသည်။ ဆရာမောဇက်နှင့် အဖွဲ့သည် ဒီဇဘ်ာလ ၂၂ ရက်နေ့တွင် Indianapolis မြို့သို့ ပြန်လည်ရောက် ရှိသွားကြပါသည်။ 

ဆရာမောဇက်သည် ဩစ​တြေးလျနိင်ငံရှိ ယုံကြည်သူများကို အားပေးဘို့ရန် ဇန္နဝါရီလ ၅ ရက်နေ့တွင် ခရီး ပြုမည် ဖြစ်သည်။ အသွားတွင် Los Angeles မြို့၌ ယုံကြည်သူ မိသားစုများထံ နှစ်ညအိပ်မိဿဟာယဖွဲ့မည်။ ထို့နောက်ဩစ​တြေးလျနိင်ငံ၌ အောက်ပါကဲ့သို့ သင်တန်းပေးပို့မည် ဖြစ်သည်။ 
 

            Melbourne GBC, Jan 9-18

            Brisbane GBC, Jan 19-Feb 1

            Melbourne, Saya Tawk Kap Church, Feb 2-8

            Perth Chin Immanuel Church, Feb 9-15

            Adelaide, Falam Church, Feb 16-22

            Melbourne, Feb 23-25 

ထို့ကြောင့် ထိုနိင်ငံ၌ မိသားစုဝင်များနှင့် မိတ်ဆွေများကို အကြောင်း ကြားနိုင် ရန် ဖေါ်ပြပါသည်။ ဆရာယောရှုလည်း ဇန္နဝါရီလလည်တွင် ဩစ​တြေးလျနိင်ငံသို့ သွားရောက်၍ အသင်းတော်များ၌ သင်တန်းပေးခြင်းများပြုလုပ်မည် ဖြစ်သည်။ 


ပဌမဦးဆုံး ဝိညာဉ် ချစ် သူများ ဆွေးနွေးပွဲ


ပဌမဦးဆုံး ဝိညာဉ် ချစ် သူများ ဆွေးနွေးပွဲကို Dec 28 တနင်္နွေနေ့တွင် Indianapolis GBC (Burmese)  ၌ ပြုလုပ် ကြပါသည်။ ဆွေးနွေးပွဲကို ညနေ ၃မှ ၉ နာရီ အထိ ပြုလုပ် ကြရာ လူပေါင်း၂၀က သူတို့၏ အတွေ့အကြုံများကို အားရဝမ်းမြောက်စွာ သက်သေခံကြပါသည်။ တက်ရက်ပါဝင် သူများသည် Maryland မှ ၁၅ယောက်၊ New York State မှ ၈ယောက်အိမ်ရှင်များနှင့် စုစုပေါင်း၅၀ ခန့်တက်ရောက်ကြပါသည်။ သက်သေခံချက်များမှာ တဦးချင်း သက်သေခံခြင်း၊ သင်ခန်းစာကို အသုံးပြု၍ သင်တန်းပေးခြင်းများအဓိက ပြောကြားသွားကြပါသည်။ တရက်တည်း ဖြစ်၍ ်အ ချိန်မလောက်သောကြောင့် သင်တန်းများနှင့် အခြားအရာများ မပြုလုပ် နိုင်ကြချေ။ ထို့ကြောင့် နောက်နောင်တ ွင် စနေနေ့နှင့် တနင်္နွေနေ့နှစ် ရက် အသုံးပြုကြဘို့ရန် သဘောတူ ကြပါသည်။ သက်သေခံသောသူနှင့် နားထောင်သောသူအားလုံး အလွန် ခွန် အားရရှိကြကြောင်း သိရှိရပါသည်။ ယခုနှစ်ဇွန်လတွင် တကြိမ်ပြန်လုပ်ဘို့ ရှိပါသည်။ ထိုအချိန်တွင် ဤစာဖတ် သူများလည်း စိတ်ဝင်စားပါက တက်ရောက်နိင်ကြောင်း၊ နေရာမှာ Indianapolis GBC (Burmese) တွင် ပြုလုပ်မည် ဖြစ်ကြောင်းရက်အတိအကျကို နောက်မှကျေညာမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG