GOODNEWS
  HOME  GOODNEWS  2023 OCT
 


ဟာမတ်(စ)များ

အစ္စရေးနိုင်ငံကို ဂါဇာကမ်းမြောင်ဒေသရှိ ဟာမတ်(စ) များက အောက်တိုဘာလ ရ ရက်နေ့တွင် လျှပ်တပြတ် တိုက် ခိုက်၍ နိုင်ငံခြားသားများ အပါအဝင် လူ ၁၄၀၀ ကျော်သေဆုံး သွားကြပြီး လူ ၂ဝဝ ကျော်ပြန်ပေးဆွဲ ဖမ်းသွားကြကြောင်း ကမ္ဘာတဝှမ်းကသိရှိကြသည်။ အဘယ်ကြောင့် ဟာမတ်(စ) များက အစ္စရေးများကို ထိုကဲ့သို့တိုက်သနည်း။ အကြောင်းမှာ အစ္စရေးများကို အကုန်ခြေမှုန်း၍ အစ္စရေးနိုင်ငံကို ပါလက်စတိုင်းများက ပြန်လည်သိမ်းပိုက် ချင်သောကြောင့်ဖြစ်သည်။

ဟာမတ်(စ) ဟူသောစကားလုံးသည် စိတ်ဝင်စားဘွယ်ရာဖြစ်သည်။ ထိုစကားလုံး ကို ကျမ်းစာထဲ၌ ၆ရ တွေ့ရသည်။ “ထိုအခါ မြေကြီးသည်၊ ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ၁၂ ဘုရားသခင် သည် မြေကြီးကို ကြည့်ရှု သော အခါ၊ ပုပ်စပ်လျက် ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ လူအပေါင်း တို့သည်၊ ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ၁၃ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအ ပေါင်း တို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံ လေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည် (ကမ္ဘာ ၆း၁၁-၁၃)

အဘယ်ကြောင့် ဘုရားသခင်က နောဧခေတ်၌လူများကို ရေအားဖြင့် အဆုံးသတ်စေသနည်း ဟူမူကား၊ ထိုခေတ်လူ များသည် ဟာမတ်(စ) ဆိုးသွမ်းသောသူများ အဓမ္မလူများဖြစ်ကြသောကြောင့်ဖြစ်သည်။

အဓမ္မအမှု ကို ဟေဗြဲ (ဣသရေလ) စကား၌ חָמָֽס   အင်္ဂလိပ်လို ḥāmās မြန်မာလိုဟာမတ်(စ) ဖြစ်သည်။ အဓိပ္ပါယ်မှာ အဓမ္မအမှု၊ တရားမျှတမှုမရှိ၊ ဟူ၍ဖြစ်သည်။ သို့သော် အာရပ်စကား၌ ဟာမတ်(စ) သည် “စိတ်အားထက်သန်ခြင်း” “စွမ်းအား” “သတ္တိ” ဟူ၍ဖြစ်သည်။

အစ္စရေးတိုင်းပြည်နှင့်ကပ်လျက်ရှိသော ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတင်းများ နှစ်သန်းခန့်နေထိုင်ကြ သည်။ ထိုသူများကိုအုပ်ချုပ်သောသူတို့ကို ဟာမတ်(စ) ဟုခေါ် သည်။ ဟာမတ်(စ) သည်နိုင်ငံရေးပါတီ၏ နာမည်ဖြစ်သည်။ ထိုဟာမတ်(မ) များသည် အစ္စရေးနိုင်ငံကို ခြေမှုန်းဘို့သာလျှင် သူတို့၏ရည်ရွယ်ချက်ဖြစ်၍၊ သူတို့လူမျိုးများတိုးတက်ကြီးပွား ရေး သည် အဓိကမဟုတ်ချေ။ အီရန်နှင့်ကာတာနိုင်ငံက ထောက်ပံ့၍ လက်နက်များထုတ်လုပ်စု‌ဆောင်းခြင်းသာလျှင် ပြုလုပ် နေကြသည်။ သူတို့ကို သူတို့လူမျိုးပါလက်စတင်းများကပင်လျှင် မနှစ်သက်ကြချေ။ သို့သော်အာဏာနှင့်အုပ်ချုပ်နေ သော ကြောင့် ဘာမျှမတတ်နိုင်ကြချေ။ သူတို့သည်ကျမ်းစာ ထဲရှိစကားလုံးအတိုင်း အဓမ္မလူများဖြစ်သည်။

အစ္စရေးသမိုင်း

အစ္စရေးလူမျိုးများသည် ဘုရားသခင်၏လူမျိုး ဘုရားသခင်၏မိန်းမ ဖြစ်ကြသည်။ ဘုရားသခင်သည် သူတို့ကိုအလွန် ချစ်သောကြောင့် အဲဂုတ္တု ကျွန်မှ မဟာတန်ခိုးတော်ဖြင့် ကယ်တင်ခဲ့သည်။ သူတို့ကြောင့်အဲဂုတ္တုပြည်ကို ရစရာမရှိအောင် ဖျက်ဆီးခဲ့သည်။ လမ်းတလျှောက်လုံးတွင် သူတို့ကိုမည် သည့် လူမျိုးမှ မစားဘူးသောကောင်းကင်မန္နဖြင့် ဝလင်စွာကျွေး မွေးခဲ့သည်။ မည်သည့်လူမျိုးမှမသောက်ဘူးသော ကျောက်ထဲမှရေဖြင့်တိုက်ခဲ့သည်။ ရန်သူ များကိုလည်းတိုက်ပေးသဖြင့်၊ မည်သူကမျှသူတို့ကိုမထိခိုက်နိုင်ချေ။ ပင်လယ်နီကိုလည်းတည အတွင်းတွင်ခွဲ၍ ဖြတ်သန်းခွင့်ပေးခဲ့သည်။ သူတို့ သည် အဲဂုတ္တုလူများထံမှ ရွှေငွေနှင့်အဝတ်အ စား ကောင်းများနှင့် ဘုရားသခင်ကနှုတ်ဆောင်ခဲ့သည်။ ခါနန်ပြည်ရှိလူများက သူတို့ သတင်းကို ကြားသိသော အခါ အဘယ်သူ၌မျှအားမရှိသူတို့စိတ်နှလုံးများသည်အရည်ပျော်ကုန်သည်။ ပြည့်တန်ဆာ ရာခပ်က၊ "သင်တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ ပင်လယ်နီ ရေကို ထာဝရဘုရား ခမ်း​ခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန်မြစ် တဘက်၌ နေ၍ သင်တို့ ရှင်းရှင်း ဖျက်ဆီးသော အာမောရိ ရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ ပြုသောအမှုကို၎င်း၊ အ​ကျွန်ုပ်တို့ ကြားရကြပြီ။ ၁၁ ထိုသတင်းကို ကြားသောအခါ အ​ကျွန်ုပ်တို့ စိတ် သည် အရည်ပျော်ကုန်၍ သင်တို့ကြောင့် တစ်စုံတစ်ယောက်သော သူ၌မျှ ရဲရင့်ခြင်း သတ္တိအလျှင်း မကျန်ကြွင်းပါ၊ အကြောင်းမူကား သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ ၌၎င်း၊ အောက်အရပ် မြေကြီး၌၎င်း၊ အစိုးရသော ဘုရားသခင်ဖြစ်တော်မူ၏။" (ယောရှု  ၂း၁၀-၁၁) သူတို့ကိုဘုရားသခင်က မိန်းမအဖြစ်တင်စား၍ သိနာတောင်ခြေ၌ မောရှေ အားဖြင့်လက်ထပ်ခဲ့ သည် (ထွက် ၂၄း၁-၈)။ နို့နှင့်ပျားရည်စီးသောပြည် ခါနာန်ပြည်သို့ဦးဆောင်သည်။ သို့သော်သူ တို့သည် ခါနာန်ပြည်ကိုမထီမဲ့မြင်ပြု၍ မဝင်လိုကြချေ။ သူတို့၏လင် ဘုရားသခင်ကို မချစ်ဘဲ အနီးအနားရှိလူမျိုးများ၏ ဘုရားရုပ်တုများကိုသာလျှင်ကိုးကွယ်လိုကြသည်။ ထို့ကြောင့်သူတို့ သည်၊ ဘုရားယုံကြည် ကိုး စားသောရှင်ဘုရင်များလက်ထက်တွင် ဘုရားကို ယုံကြည်ကိုးကွယ် ကြသော်လည်း၊ ရှင်ဘုရင်များကိုယ်တိုင် ဖေါက်ပြန်၍ ရုပ်တုများ ကိုးကွယ်သောအခါ ဘုရား၏ အပြစ်ဒဏ်ခတ်ခြင်းခံရကြတတ်သည်။

ရှောလမုန်မင်းသည် မိန်းမများစွာယူခြင်းကြောင့် နောက်ပိုင်းတွင် မိန်းမများ၏ရုပ်တုများကိုတည်ထားကိုးကွယ်ခြင်းကြောင့် သူ့သားလက်ထက်တွင် တိုင်းပြည်ကိုနှစ်ခြမ်းခွဲလိုက်သည်။ မြောက်ဘက်ကိုဣသရေလ၊ တောင်ဖက်ကိုယုဒ၊ ဟုခွဲလိုက်သည်။ မြောက်ဘက်သည် အစမှအဆုံးထိ ရုပ်တုများကိုသာ၊ ကိုးကွယ်သောကြောင့် ဘီစီ ရ၂၂ ခုနှစ်တွင်အာရှုရိများကိုသိမ်းခိုင်း၍ ထိုအချိန်မှစ၍ သူတို့သည်ပျောက်လွင့်သောလူမျိုး ဆယ်မျိုးဟုတွင်လာကြသည်။ တောင်ပိုင်းယုဒလည်း ဘီစီ ၆၀၅ မှ ၅၈၅ ထိသုံးကြိမ် ဗာဗုလုန်များက သိမ်းပိုက်လိုက်ကြသည်။ ယုဒများသည် နောင်တရသောကြောင့် ပြန်လာကြပြီး နိုင်ငံပြန်ထူထောင်ကြသည်။ ဘုရားဘက်၌လည်း စိတ်အားကြီးလာကြသည်။ ကျမ်းစာများကူး၍ အပြင်းအထန်လေ့လာကြသည်။ ထိုအချိန်တွင် သခင်ယေရှုလူ့ဇာတိခံ၍ သူတို့ကိုးကွယ်နည်းကို တည့်မတ်ပေးသော်လည်း သူ့ကိုအထင်လွဲ၍ သတ်ပစ်လိုက်ကြသည်။ ထို့ကြောင့်သူတို့ကို ရောမစစ်သားများအားဖြင့် ဘုရားက သတ်ဖြတ်နှင်ထုတ်၍ အေဒီ ရ၀ မှစ၍ အတိုင်းတိုင်းအပြည်ပြည်သို့ ပြန့်နှံ့ သွားကြသည်။

သူတို့ပြည်ကိုစွန့်ချိန်တွင် အာရပ်များကနေရာယူလိုက်သည်။ ၁၉၀၀ အတွင်း၌ပြန်လာကြပြီး အာရပ်လူများက ကြိုဆို လက်ခံကြသည်။ အာရပ်များလည်းအနည်းငယ်သာရှိသည်။ သူတို့ပြန်လာသောအခါ တိုင်းပြည်ကိုတိုးတက်အောင်ပြုပြင်၍ အာရပ်များအလုပ်သမားများ ဖြစ်ကြသည်။ ၁၉၄၈ ခုနှစ်တွင်ဗြိတိသျှအစိုးရက သူတို့နယ်ကို စွန့်လွှတ်သောအခါ လွတ်လပ် ရေးကျေညာသည်။ အိမ်နီးချင်းအာရပ်နိုင်ငံကြီးများက လွတ်လပ်ရေးကျေညာသောအစ္စရေးများကို တိုက်ကြသည်။ ထိုနေရာ၌ရှိသောအာရပ်များကိုလည်း အပြင်သို့ထွက်ခိုင်းရာမှ အာရပ်များသည် ဂါဇာကမ်းမြောင်ဒေသနှင့် ဂျော်ဒန်မြစ်အနောက် ဖက်ကမ်းခြေ၌ စုပုံကြသည်။ ထိုသူများသည် ၁၉၄၈ မှစ၍ ပါလက်စတင်းဒုက္ခသည်များ၊ ဟုယနေ့တိုင်အောင် ကုလသမဂ္ဂနှင့် အနောက်အုပ်စုများ၊ အာရပ်နိုင်ငံအချို့က ကျွေးမွေးနေကြသည်။ ၂၀၀ရ ခုနှစ်တွင် ဂါဇာဒေသကို ဟာမတ်(စ) များကရွေး ကောက်ပွဲတွင်အနိုင်ရ၍ ထိုအချိန်မှစ၍ အာဏာရှင်အဖြစ်အုပ်ချုပ်ကြသည်။ သူတို့၏တစ်ခုတည်းသောရည်ရွယ်ချက်သည် အစ္စရေးများကိုသတ်ဖြတ်၍ သူတို့၏မြေကိုသိမ်းပိုက်ဖို့ဖြစ်သည်။ အစ္စရေးများလည်း ဘုရားစကားနားမထောင်၊ အခြားဘုရားကိုကွယ်ခဲ့ကြသောကြောင့်၊ ဘုရားသခင်၏ကြိုတင် သတိပေးသည့်အတိုင်း ဒုက္ခမျိုးစုံဖြင့်ယနေ့တိုင်အောင် ငြိမ်သက်ခြင်းမရရှိနိုင်ကြခြင်းဖြစ်သည်။


ဟာမတ်(စ)များ

အထက်၌ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ဟာမတ်(စ)များသည် အဓမ္မလူများဖြစ်ကြသည်။ သူတို့သည်အစ္စရေးလူ၊ မိန်းမများ၊ ခလေးများမကျန် မညှာမတာသတ်ဖျက်၊ ဖမ်းဆီးသွားကြသည်။ အစ္စရေးမြို့ရွာများကိုလည်း ဒုံပျံများဖြင့်ပစ်ခတ်ကြသည်။ သူတို့ သည်သူတို့၏လူမျိုးများကို လူဒိုင်းအဖြစ်အသုံးပြု၍ အစ္စရေးနိုင်ငံကိုဆေးရုံများ၊ ကျောင်းများ၊ ဘာသာရေးအဆောင်အဦးများကို အကာအကွယ်ယူ၍ ဒုံးပျံများဖြင့်ပစ်ကြသည်။ အစ္စရေးများက ထိုဒုံပျံများပစ်သောနေရာကို ပြန်ပစ်သောအခါ လူထုများသေကာ အပြစ်မရှိသောလူထုကို သတ်ဖြတ်သည်၊ ဟုအစ္စရေးများကိုအပြစ်တင်ကြသည်။ သူတို့ကိုထောက်ခံသော တိုင်းနိုင်ငံများကလည်း အစ္စရေးကိုအပြစ်တင်ဝေဖန်ကြသည်။

တိုင်းနိုင်ငံများ

            မြန်မာနိုင်ငံ၌လည်း ဟာမတ်(စ) များကမြို့ရွာများ၊ လူကြီးလူငယ်ခလေးများ၊ သတ်ဖြတ်မီးရှို့နေကြသည်။ တရားမျှတမှုလုံးဝမရှိချေ။ ယခုအချိန်တွင် မြန်မာပြည်သားများသည် ထာ၀ရဘုရားထံ စိတ်နှလုံးအကြွင်းမဲ့ ချဉ်းကပ်သင့်သောအချိန်ဖြစ်သည်။  

           ယူခရိန်နိုင်ငံကိုလည်း ဟာမတ်(စ) များက ဆေးရုံ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို ဒုံပျံများ၊ နောက်ဆုံးပေါ် လက်နက်များသုံးကာ ဖျက်ဆီးနေကြောင်းနေ့တိုင်းကြားသိရသည်။

           အမေရိကန်ပြည်ထောင်စု၌လည်း၊ ဟာမတ်(စ) များက ၂၀၁၆ မှ ၂၀၂၀ ခုနှစ်များအတွင်း မြို့ကြီးများ၌ အိုးအိမ်များ၊ လူများသတ်ဖြတ်၊ ဖျက်ဆီးခဲ့ကြသည်။ ရဲများကိုလည်းတိုက်ခိုက်ကာ ရဲများအတွက်ဘတ် ဂျက်များကိုလည်း လျှော့ချကြသောကြောင့်၊ ယခုအခါမြို့ကြီးများ၌ လုံခြုံမှုမရှိတော့ချေ။ Seattle မြို့ရဲမှုးကြီးကလူထူထံ၊ လူဆိုးများကကားသော့တောင်းလျှင် အသာတကြေပေးလိုက်ပါ။ အသက်အန္တရာယ်ပြုနိုင်သည်၊ ဟုအကြံပေးသည်။ ထို့ကြောင့်ဟာမတ်(စ)များသည် ပို၍ဆိုးသွမ်းလာကြသည်။ ယခုအခါအိမ်ကောင်းကြီးများ၊ ကားကောင်းကြီးများကို ပိုင်ဆိုင်စီးမည့်အချိန်ကုန်ဆုံးခဲ့ပြီ။ အိမ်ကောင်း၊ ကားကောင်းပိုင်ဆိုင်သူများသည် ဟာမတ်(စ) များက ဓါးပြတိုက်ဘို့ပစ်မှတ်များဖြစ်နေသည်။ ဘယ်နေရာမှလုံခြုံမှုမရှိတော့ပါ။ ထိုအရာများကိုမ သိသေးသောသူများက၊ လောကပစ္စည်းများပိုင်ဆိုင်ရေးအတွက် စိတ်ကူးယဉ်၍ အစွမ်းကုန်လုပ်ဆောင် နေကြသည်ကို ဝမ်းနည်းဘွယ်တွေ့ မြင်နေရသည်။

ထာဝရဘုရား၌ခိုလှုံကြစို့

ဆာလံဆရာဒါဝိဒ်က၊ ငါ့ဘက်၌ တရားသဖြင့်စီရင်၍ လူစုတို့ကို ငါ့အောက်မှာ နိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သောသူ {ဟာမတ်(စ)} ၏လက်မှ ကယ်လွှတ်တော်မူ၏။(ဆာ ၁၈း၄ရ-၄၈) ဟေဗြဲကျမ်းစာ၌ အထက်ပါ လုယူဖျက်ဆီးတတ်သောသူ ကိုဟာမတ်(စ) များ၊ ဟုရေးထားသည်။

တရားမျှတသောအချိန်

အထက်ပါကဲ့သို့ ကမ္ဘာ၌တရားမျှတမှုမရှိသောကြောင့် စိတ်ပျက်စရာ၊ ကြောက်စရာ၊ ဝမ်းနည်းစရာ၊ ဒုက္ခပြသနာများစွာရှိသည်။ သို့သော်မျှော်လင့်စရာရှိသေးသည်။ ထိုအရာကိုကျမ်းစာ၌ ကြိုတင်ရေးသားထားခဲ့ပြီ။  အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်၊ ဟုခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။၇ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်းဖြောင့်မတ်စွာ စီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့်၊ ငြိမ်သက်တော်မူခြင်းသည်နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်။ (ဟေရှာယ ၉း၆-ရ) ငြိမ်သက်ခြင်း၏အရှင် သခင်ယေရှုကြွလာသောအခါမှ တရားသဖြင့်အုပ်စိုး၍ ကမ္ဘာပေါ်၌ငြိမ်သက်ခြင်းရှိမည်။ ထိုအ ချိန်ကိုမျှော်လင့်စောင့်ဆိုင်းနိုင်ရန် ယခုကဲ့သို့ကမ္ဘာပေါ်၌ မတရားမှုများတွေ့မြင်နေရခြင်းဖြစ်သည်။ ဤလောက၌ အဆင်ပြေ လွန်းလျှင် လူများကကယ်တင်ရှင် ငြိမ်သက်ခြင်း၏အရှင်ကို မမျှော်လင့်တတ်ကြချေ။ ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏(လုကာ ၅း၃၁) ဟုဆိုခဲ့သည်မဟုတ်လော။ ယခုကမ္ဘာပေါ်၌ စာတန်ကမွှေနှောက်သောအခါ လူများစွာတို့သည် ဘုရားထံသို့ ရှာဖွေချဉ်းကပ်လာကြလိမ့်မည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG