
အမှာစာ
ယုံကြည်သူများနေကောင်းကျန်းမာကြပါသလား။
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၄ ခရစ္စမတ်ရာသီ ရောက်လာကြပြန်ပြီ။ ငယ်ရွယ်စဉ်တွင် အသက်ကြီးလိုသော်လည်း ကြီး လာသောအခါ ပြန်လည်း နုပျိုချင်လာ ကြသည်။ ထို့ကြောင့် အသက် ပျိုဆေးများ၊ အသား အရေတွန့်ပျောက်စေမည့် ဆေးများရောင်းကောင်း နေကြသည်။ သို့သော် မည်မျှ ပင်အသား အရေနုသယောင်ရှိသော်လည်း အသက်သည် ပြန်မနုနိင်တော့ပါ။ လူသားများ၏ ထုံးစံအတိုင်း ဤလောက၌ ထာဝရ အသက်ရှင်မှာကဲ့သို့ ကျင့် ကြံပြုမူတတ်ကြသည်။ လောဘကြီး ကြ၊ ဝါကြွားကြ၊ ခိုက်ရန် ဖြစ်ပွားတတ်ကြသည်။ လူ၏ အသက်တာသည် အခိုးအငွေ့သာလျှင် ဖြစ်သည်။ ကျမ်းစာ က- နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ ဖြစ်၏ (ယာကုပ် ၄:၁၄)။ ဆာလံဆရာကလည်း-လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည် လယ်ပြင်၌ ရှိသော ပန်း ပွင့်ကဲ့သို့ ပွင့်တတ်၏။ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။ (ဆာ ၁၀၃:၁၅-၁၆)ဟု ရေးထားသည်။ ငါတို့၏ အသက်တာသည် မြက်ပင်ကဲ့သို့ဖြစ်၍ ငါတို့၏ အောင်မြင်မှု များသည် မြက်ပွင့်ကဲ့သို့ ခဏလေးသာတည်သည်။ ထိုအရာကို အသက် ၃၀၊ ၄၀လောက် အထိ နားမလည်နိင်သော်လည်း အသက် ၆၀ နောက်ပိုင်းတွင် သဘောပေါက် နိုင်သည်။ တိုတောင်းလှသော ငါတို့၏ အသက်တာ၌ ဘုရား ပေးသော ထာဝရ အသက်ကို လက်ခံ၍ သူ့အလိုတော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် အဓိပ္ပါယ် ရှိသော အသက်တာကို တည်ဆောက်ကြပါစို့။
ယခုလစာစောင်တွင်....
ခရစ္စမတ်နှင့် ယောသပ်
ခရစ္စမတ်နှင့် မယ်တော်မာရိ
ခရစ္စမတ်နှင့် ပညာရှိများ
ခရစ္စမတ်နှင့် ဟေရုဒ်
ဓမ္မာဟောင်းထဲ၌ ခရစ်တော်
ကျမ်းစာဖတ်ကြစို့
ဧဝံဂေလိ ခရီးစဉ်
ခရစ္စမတ်နှင့် ယောသပ်
(မဿဲ ၂:၁၈-၂၅)
ယေရှုခရစ် ဘွားမြင်ခြင်းနှင့် ပတ်သက်၍ ယောသပ်၏ အခန်းကဏ္ဍကို မဿဲကအဓိကရေးသွားသည်။ မယ်တော်မာရိ၏ အခန်းကဏ္ဍကို လုကာ၌ တွေ့ရသည်။ သူတို့ နှစ်ယောက်၏ အခန်းကဏ္ဍသည် အလွန် အရေးကြီး ကြသည်။ အကယ်၍ ယောသပ်က သူစေ့စပ်ထားသော မာရိ ကိုယ်ဝန်ဆောင်ခြင်းကို မကာကွယ်ပါက ပညတ်တော် အတိုင်း မာရိသည် မတရားသော မေထုန်ပြုမှုဖြင့် ခဲပစ်ခံရကာ သေဆုံးသွားနိင်သည်။ အကယ်၍ မယ်တော်မာရိသေသွားပါက ယေရှုခရစ်လည်း လူ့ဇာတိခံနိင်မည် မဟုတ်။ မာရိကလည်း ကောင်းကင်တမန်က ပဋ္ဋိသန္ဓေစွဲမည့် အကြောင်း ပြောသောအခါ လက်မခံခဲ့သည် ရှိသော် သမိုင်းသည် တမျိုးမဖုံပြောင်း သွားနိင်သည်။
ယေရှုခရစ်သည် ဘွားမြင်ခြင်းကို ခံတော်မူသော အကြောင်း အရာ ဟူ မူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြား ဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ပဋ္ဋိသန္ဓေစွဲနေ၏။ (မ ၁:၁၈)
မာရိသည် အဘယ်ကဲ့သို့ ဝိညာဉ်တော်အားဖြင့် ပဋ္ဋိသန္ဓေစွဲသည်ကို လုကာ ၂:၃၄-၃၅တွင် ဖေါ်ပြထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို မာရိအ ပေါ်၌ လွှမ်းမိုး၍ ပဋ္ဋိသန္ဓေစွဲခြင်း ဖြစ်သည်။ လူအမြင်၌ မဖြစ်နိင်သော်လည်း ဘုရားသခင် မတတ်နိုင်သောအမှု မရှိ။ လူပင်လျှင် ဘုရားသခင် ဖန်ဆင်းခဲ့သည် မဟုတ်လော။ ဤအချက်သည် ကျမ်းစာ တအုပ်လုံး၌ အရေးကြီးဆုံးသော အချက် တခု ဖြစ်သည်။ အကြောင်းမှာ ယေရှုခရစ်သည် လူမှဆင်းသက်သောသူ မဟုတ်။ မာရိ၏ ဝမ်းကို ငါှး၍ ပဋ္ဋိသန္ဓေစွဲခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သန့်ရှင်းသော၊ အာဒံ၏ အပြစ် မပါသောသူ အဖြစ် မွေးဘွားသည်။ အကယ်၍ လူအားဖြင့် သို့မဟုတ် အာဒံမျိုးကြောင့် လူဖြစ်လျှင် သူသည်လည်း အပြစ်ရှိ၍ လူသားများကို ကယ်တင်နိင်မည် မဟုတ်။ အချို့သော ကျမ်းတတ်ပုဂ္ဂိုလ်များက ထိုအရာကို မယုံကြည် ကြချေ။ အကြောင်းမှာ လူသည် မိဘနှစ်ပါးမှ မွေးဘွားရသည်ဟု တရားသေခံယူကြသောကြောင့် ဖြစ်သည်။ ဘုရားသခင် မတတ်နိင်သောအမှု မရှိချေ။ ဘုရားသခင်သည် အာဒံကိုလည်း မိဘမရှိဘဲ မြေမှုန့်မှဖန်ဆင်းနိုင်သည် မဟုတ်လော။ ဧဝကိုလည်း အာဒံနံရိုးမှဖန်ဆင်းသည် မဟုတ်လော။
သူ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်း ဖြစ်၍၊ မာရိအသရေကို မပျက်စေချင် သောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ် မည်ဟု အကြံရှိ၏။ (မ ၁:၁၉)
ယောသပ်ကမာရိမည်ကဲ့သို့ ပဋ္ဋိသန္ဓေစွဲနေသည်ကို မသိ။ မြန်မာကျမ်းစာအုပ်၌ သူတို့သည် ထိမ်းမြား ဆောင်နှင်း၍ ဟု ရေးထားသော်လည်း အင်္လိပ်ကျမ်းစာအုပ်များ၌ (ဘနအမသအ့နိ) စေ့စပ်ထားကြောင်း တွေ့ရသည်။ သူတို့သည် လင်မယား အဖြစ်မဆက်ဆံကြသေးချေ။ ထိုသို့ မဆက်ဆံဘဲ ကိုယ်ဝန်ဆောင်ခြင်းသည် အခြားသူများနှင့် မှားယွင်းသောကြောင့်ဟု ယူဆရသည် မှအပ အခြားနည်းလမ်းမရှိချေ။ ယောသပ်၏ အမြင်မှာ မာရိသည် သစ္စာ ဖေါက်၍ အခြားယောက်ျားနှင့် ဖေါက်ပြန်ပြီးဟု ထင်ရသည်။ ထိုသို့သော မိန်းမကို မြို့တံခါး၌ ကျောက်ခဲနှင့် ပေါက်၍ အသေသတ် ရမည်ဟု ပညတ်ထားသည် (တရား၂၂:၂၀-၂၂)။ ယောသပ်သည် ထိုသို့ မာရိကို ခဲနှင့် မပေါက်စေချင်ပေ။ ထို့ထက် လင်မယား ဖြတ်စာကို ပေး၍ ကွာရှင်းခြင်းအားဖြင့် မာရိ၏ အသက်ကို ချမ်းသာ စေချင်သည်။ ကျမ်းစာ၌၊ ဓတစုံတယောက်သောသူသည် မယားနှင့် ထိမ်းမြား၍ ဆက်ဆံပြီးမှတဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကို ရေး၍ သူ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။ ဓ (တရား၂၄:၁)ဟု ပါရှိသည်။ ထို့ကြောင့် ယောသပ်သည် မာရိကို ဖြတ်စာပေး၍ ကွာရှင်းဘို့ စဉ်း စားခြင်း ဖြစ်သည်။
ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကို မြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ ခင်ပွန်းမာရိကို ထိန်းသိမ်းရမည့်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋ္ဋိသန္ဓေသည် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ဖြစ်၏။သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ် မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့်၊ ယေရှု ဟူသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန် ဆို၏။ (မ ၁:၂၀-၂၁)
ယောသပ်သည် သူယူမည့် မာရိကိုယ်ဝန်ဆောင်သောအခါ အလွန် စိတ်ထိခိုက် ပေလိမ့်မည်။ အလွန်လည်း စိတ်ဆိုးပေလိမ့်မည်။ သို့သော် သူသည် သူတော်ကောင်း ဖြစ်သောအခါ မာရိကို ဖြတ်စာပေး၍ ကွာဘို့ စဉ်းစာနေစဉ်တွင် ကောင်းကင်တမန်က အိပ်မက်အားဖြင့် အကြောင်း စုံကို ရှင်းပြလိုက်သည်။ မာရိသည် သစ္စာ ဖေါက်သည် မဟုတ်။ သူပဋ္ဋိသန္ဓေဆောင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဖြစ်၍ သားယောက်ျားဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ် မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှု ဟူသော အမည်ဖြင့် မှည့်ရမည် ဟုဆိုသောအခါ အလွန် ဝမ်း သာပေလိမ့်မည်။ သူ့ရင်ထဲ၌ စို့နေသော အလုံးကြီး ကျသွားကာ အလွန် ပေါ့ပါးပေလိမ့်မည်။ ထိုကဲ့သို့ ပဋ္ဋိသန္ဓေစွဲယူသောသူ မရှိဘူးသော်လည်း ကောင်းကင်တမန် ပြောသော စကားကို ယုံကြည် လိုက်သည်။ ဘုရားသခင်သည် မဖြစ်နိုင်သော အရာများကို ပြုလုပ် နိုင်သည်။ ကျွန်ပ်တို့လည်း မဖြစ်နိုင်သောအရာ အထိ ဘုရားသခင်ကို ယုံ ကြည်ဘို့ လိုသည်။
ထိုအကြောင်း အရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည့်အကြောင်း တည်း။ ဗျာဒိတ်တော် အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီး ကညာသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာ သတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။ (မ ၁:၂၂-၂၃)
အထက်ပါ ကျမ်းပိုဒ်များသည် ယောသပ်နှင့် မဆိုင်တော့ဘဲ စာဖတ်သူများကို ရှင်းပြသောအရာ ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်မည့် အကြောင်းကို ဓမ္မ ဟောင်းကျမ်းစာထဲ၌ ပရောဖက် ဟေရှာယက ပြောဘူးပြီး ကြောင်းကို ထောက်ပြသည်။ ပရောဖက်က၊ ကြည့်ရှုလော့၊၊ သတို့သမီး ကညာသည်၊ ပဋိသန္ဓေယူ၍၊ သား ယောကျ်ားကို ဘွားမြင်လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊ (ဟေရှာယ ရး၁၄)ဟု နှစ်ပေါင်းရဝ ၀ ကျော်ကြို၍ ဟောပြောခဲ့ပြီ။ ထိုအရာကို ဘုရားသခင်က ဘုရား လူထံ၌ ပြောသည် မဟုတ်၊ ဘုရားကို မယုံကြည် သော၊ အားမကိုး ချင်သော အာခတ်မင်းထံ၌ ပြောခြင်း ဖြစ်သည်။ ထိုအရာသည် အာခတ်မင်း လက်ထက်တွင် မပြည့်စုံဘဲ နောက်နှစ်ပေါင်းရဝ ၀ ကျော်မှ ပြည့်စုံရသည်။
ဧမာနွေလအနက်သည် ငါတို့နှင့်အတူ ရှိသော ဘုရားသခင် ဟုဆိုသည်။ လူထံ၌ ဘုရားသခင် ရှိလျှင် အရာခပ်သိမ်း စိုးရိမ်စရာ မရှိချေ။ ဘုရားသခင်၏ ဝိညာဉ်တော်က ရှောလုမင်းကို စွန့်သွားသောအခါ သူသည် ရှင်ဘုရင် ဖြစ်နေသော်လည်း၊ စစ်သားများရှိ၍ တိုင်း သူပြည်သားများကို အုပ်ချုပ်နေသော်လည်း သူသည် လုံခြုံမှု မရှိ၊ စိတ်ကယောင်ခြောက်ခြား ဖြစ်နေခဲ့သည်။ ဒါဝိဒ်သည် လူငယ် ဖြစ်၍ ရှောလု မင်းက သတ်ဘို့ရန် ရှာနေသောလည်း လုံခြုံ၍ ကြောက်သောအချိန် များစွာ ရှိသော်လည်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဘုရားသခင်၏ အချိိန်ကို စောင့်နိုင်သည်။ ကျွန်ပ်တို့လည်း ဘုရားသခင်နှင့်အတူ ရှိနေလျှင် ကြောက်စိတ်ပျောက်ကာ မြော် လင့်ချက်ရောင်ခြည် အမြဲတမ်းသန်းနိုင်မည် ဖြစ်သည်။ ဧမာနွေလ။
ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝရဘုရား၏ ကောင်းကင် တ မန်မှာထားသည် အတိုင်း ပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ သို့သော်လည်း၊ သား ဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲ နေ၏။ ထိုသား ကိုလည်း ယေရှု ဟူသော အမည်ဖြင့် မှည့်လေ၏။ (မ ၁:၂၄-၂၅)
ယောသပ်သည် ဘုရား ပြောသောအရာကို ယုံကြည် သောကြောင့် ကောင်းကင်တမန် မှာထားသည် အတိုင်း မာရိကို ထိန်းသိမ်းလေ၏။ ကျွန်ပ်တို့လည်း ဘုရား ပြောသော အရာများကို ယုံကြည်၍ လုပ်သင့်သည်။ နှုတ်ကပတ်တော်သည် သိဘို့ သက်သက် မဟုတ် လိုက်နာဘို့ ဖြစ်သည်။ ယောသပ်သည်သား ဦးမဘွားမှီတိုင်အောင် မာရိနှင့် သံဝါသမပြုဘဲ နေ၏ဟု ရေးထားသည်။ ထိုခေတ်လူများသည် ယခု ခေတ်ကဲ့သို့ မဟုတ်၊ သစ္စာရှိ၍ ရိုးသား ကြသည်။ ယခုခေတ်တွင် မူအပြစ်ကို လုပ်ချင်တိုင်း လုပ် နေကြပြီ။သား ဦးကိုလည်း ကောင်းကင်တမန် ပြောသည့်အတိုင်း ယေရှုဟု မှည့်သည်။ ယေရှု ဟူသောအရာသည် မိမိလူတို့ကို အပြစ် မှကယ်နှုတ်မည့်သူဟု အထက်၌ ပြောခဲ့ပြီ။
ခရစ္စမတ်နှင့် မယ်တော်မာရိ
(လုကာ ၁:၂၆-၃၈)
ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ် အမည်ရှိသော လူနှင့် ထိမ်းမြား ဆောင်နှင်း (စေ့စပ်)၍၊ မရှက်တင် သေးသော သတိုးသမီး ကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန် ဂါေဗြလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။ (လု ၁:၂၆-၂ရ)
ငါးလလွန်သောအခါ ဆိုသည်မှာ အသက်ကြီး ပြီ ဖြစ်သော ယဇ်ပုရောဟိတ် ဇာခရိနှင့် ဇနီးဧလိရှဗက်တို့သည် ဘုရားသခင်၏ တန်ခိုးအားဖြင့်သား ယောဟန်ကို ပဋ္ဋိသန္ဓေဆောင်ပြီး နောက် ဟုဆိုခြင်း ဖြစ်သည်။ ဗတ္တိဇံယောဟန်၏ ဖခင်ထံသို့ ကောင်းကင်တမန်က စကားပြောပြီး နောက် ငါးလလွန်သောအခါ ကောင်းကင်တမန် ဂါေဗြလသည် သတို့သမီး ကညာ ဖြစ်သော မာရိထံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကို ခံရသော မိန်းမ၊ သင့်အား မင်္လာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္လာရှိသည်ဟု ပြောဆို၏။ (လု ၁:၂၈) ကောင်းကင်တမန်က မာရိကို ကျေးဇူးတော် ခံရသော မိန်းမ၊ သင့်အား မင်္လာ ဖြစ်စေသတည်း၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ (ဧမာနွေလ)ဟု နှုတ် ဆက်လိုက်သည်။ မာရိသည် ဆင်းရဲသူ ဖြစ်သည်။ ထင်ရှားသောသူ၊ ချမ်းသာ သောသူ မဟုတ်။ သို့သော် ဘုရားသခင်သည် သူနှင့်အတူ ရှိသောကြောင့် မင်္လာရှိသောသူ ဖြစ်သည်။ ကျွန်ပ်တို့လည်း မထင်မရှား၊ ဆင်းရဲ နွမ်းပါးသော်လည်း ကျွန်ပ်တို့နှင့် ဘုရားသခင် ရှိလျှင် မင်္လာရှိသောသူ ဖြစ်နိုင်သည်။ ကောင်းကင်တမန် ကထပ်၍ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္လာရှိသည်ဟု အဘယ်ကြောင့် ပြောသနည်းဟူကား သခင်ယေရှုကို ကိုယ်ဝန်ဆောင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
မာရိသည် ထိုစကားကို ကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်း ကား အဘယ်သို့သော နှုတ်ဆက်ခြင်း ဖြစ်လိမ့်မည်နည်းဟု တွေးတောဆင် ခြင်၍ နေ၏။ (လု ၁:၂၉) မာရိသည် ကောင်းကင်တမန်က မမြော်လင့်ဘဲ ထိုကဲ့သို့ နှုတ်ဆက်သောအခါ စိတ်နှလုံးမငြိမ်မဝပ်ရှိ၍ တွေဝေသွားသည်။ မည်သူမဆိုထို ကဲ့သို့ ခံစားရမှာသေချာသည်။
ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်သည် ဘုရား သခင့်ရှေ့တော်၌ မျက်နှာရပြီ။ သင်သည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှု အမည်ဖြင့် မှည့်ရမည်။ (လု ၁:၃၀-၃၁)
ကောင်းကင်တမန်က မာရိသည် ဘုရားသခင် ထံ၌ မျက်နှာရပြီ ဟုဆိုသည်။ မည်မျှ စိတ်ကျေနူးစရာ ကောင်းမည်နည်း။ မာရိသည် အဘယ်ကြောင့် ဘုရားသခင် ထံ၌ မျက်နှာရသနည်း။ ရိုးသား ဖြူစင်သောကြောင့် ဖြစ်မည်။ ဘုရားသခင်သည် မာန ထောင်လွှားသော သူတို့ကို အလိုမရှိ၊ နှိမ့်ချသောသူများကို ကြည့်ရှုတော်မူ တတ်သည်။ ကောင်းကင်တမန် ကထပ်၍ သူသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည် ဟုဆိုပြန်သည်။ လူ့အားဖြင့် မဖြစ်နိုင် သော၊ မမြော်လင့်သောအရာ ဖြစ်နေသည်။ ထို့အပြင် ယောသပ်ထံသို့ ပြောသည့်အတိုင်း သူ၏ နာမည်ကို ယေရှုဟု မည့် ရမည် ဟုဆိုထားသည်။ သူသည် ယောသပ်နှင့် စေ့စပ်ထားသောကြောင့် ယောသပ်က သူပဋ္ဋိသန္ဓေစွဲသည်ကို သိလျှင် မည်သို့ ထင်မည်နည်း။ သစ္စာ ဖေါက်သည်ဟု ထင်သွားမည် ကြောက်မည် ဖြစ်သည်။ ထို့အပြင် ပဋ္ဋိသန္ဓေမစွဲဘူး သောကြောင့် ကြောက်စိတ်၊ စိုးရိမ် စိတ်လည်းရှိမည် ဖြစ်သည်။
ထိုသားသည်ကား၊ကြီး မြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘ ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရ အရှင် ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏ နိုင်ငံသည်လည်း ဆုံးခြင်း မရှိရဟု ပြောဆို၏။ (လု ၁:၃၂-၃၃) ကောင်းကင်တမန်က သူ၏ သားသည်ကြီး မြတ်မည်၊ အမြင့်ဆုံးသော ဘုရား၏ သားတော်ဟု ခေါ်ဝေါ်သ မုတ်ခြင်း ခံရမည် ဟုဆိုသေးသည်။ ထိုအရာအားလုံး သည် မဖြစ်စဖူးသော အရာများဖြစ်သောကြောင့် မာရိအနေဖြင့် အံ့ဩ နေပေလိမ့်မည်။ ထိုမျှသာမက အဘ ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရ အရှင် ဘုရားသခင်သည် သူ့အားပေးတော်မူမည် ဟုဆိုသည်။ ယုဒလူများသည် ဒါဝိဒ်မင်းအုပ်စိုးခြင်းကို အလွန် တောင့်တ ကြသည်။ အကြောင်းမှာ ဒါဝိဒ်လက်ထက်တွင် နိင်ငံတော် ကျယ်ပြန့်၍ အောင်မြင် မှုများနှင့် ပြည့်ဝသည်။ မာရိမွေးမည့် သားသည် သာမန်ရိုးရိုးလူ မဟုတ်၊ ရှင်ဘုရင် ဖြစ်မည်ဟု သိသောအခါ အလွန် အားရစရာ ဖြစ်သည်။ ယနေ့ သာမန်ရိုးရိုး သားသမီး မွေးဘွားလျှင် ပင် မိဘများ အလွန် အားရဝမ်းမြောက် ကြသည် မဟုတ်လော။ နောက်ပိုင်းကြီး ပြင်း လာသောအခါ မိဘကို ဒုက္ခ ပေးမည့် သားသမီး များမွေးဘွားသောအခါ ထိုသို့ဖြစ်မှာကို မသိသောကြောင့် အလွန် ဝမ်းမြောက် တတ်ကြသည်။ မာရိမွေးမည့် သားသည် ဘုရင် ဖြစ်ရုံမျှမက၊ အဘ ဒါဝိဒ်ကဲ့သို့သား စဉ်မြေးဆက်၌ ထီးနန်းဆုံးရှုံးသွားမည့် အရာမျိုး မဟုတ်ဘဲ မဆုံးတော့မည့် နိင်ငံကို အုပ်စိုးမည့်သား ဖြစ်သောကြောင့် မည်မျှ အားရဂုဏ်ယူစရာ ဖြစ်မည်နည်း။
မာရိကလည်း၊ ဤအမှု အရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည်ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။ (လု ၁:၃၄)
မာရိသည် အလွန် ကောင်းသော၊ မင်္လာရှိသောသားရှင်ဘုရင်မွေးမည် ဖြစ်သော်လည်း ထိုအရာ၌ ဝမ်းမသာနိုင်ဘဲ၊ မဖြစ်နိုင်သောအရာ၊ လူအားဖြင့် မဖြစ်ဘူးသောအရာ ဖြစ်သောကြောင့် ဝမ်းသာ အားရရှိမည့် အစားအံ့ဩ၍ သူသည်ယောက်ျားနှင့် မဆက်ဆံသေးသည့်အကြောင်း များကိုသာ ပြောနိုင်သည်။
ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသော ဘုရား၏ တန်ခိုး အာနုဘော် တော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ (လု ၁:၃၅)
ကောင်းကင်တမန်က သူမွေးမည့် သားသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဖြစ်မည့် အကြောင်းကို ပြောပြလိုက်သည်။ ထိုအရာသည် ယုံကြည်ဘို့ ခက် နေပေလိမ့်မည်။ယောက်ျားနှင့် မဆက်ဆံဘဲ သားသမီး မရှိနိင်ချေ။ သို့သော် ထိုအရာသည် ကမ္ဘာဦးကျမ်း၃:၁၅၌ ဘုရားသခင်က မြွေထံသင်၏ အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို ငါရန်ငြိုဖွဲ့စေမည် ဟူသောအရာ ပြည့်စုံခြင်း ဖြစ်သည်။ မိန်းမ၌ အမျိုးမရှိ၊ယောက်ျား၌ သာရှိသည်။ သို့သော် ယခုမာရိ မွေးဘွားမည့် သားသည် လူဖခင်အားဖြင့် မဟုတ်သောကြောင့် မိန်းမအမျိုး ဖြစ်သည်။ ဘုရားသခင် မတတ်နိုင်သောအမှု မရှိ။
ထိုမှတပါး၊ အမြုံမဟူ၍ ခေါ်ဝေါ်သော သင်၏ အဆွေအမျိုး ဧလိရှဗက်သည် ပဋ္ဋိသန္ဓေစွဲယူ၍ ယခုခြောက်လအဝင်ရှိပြီ။ ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိဟု ပြောဆိုလျှင်၊ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏ စကား အတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှ သွားလေ၏။ (လု ၁:၃၆-၃၈)
ကောင်းကင်တမန်က မာရိယုံနိုင်ရန်သူ၏ အမျိုးဧလိရှဗက်လည်း မြုံ၍ အသက် ကြီးရင့်ပြီ ဖြစ်သော်လည်း ပဋ္ဋိသန္ဓေစွဲယူ၍ ခြောက်လ ဖြစ်ပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။ ဘုရားသခင်သည် မတတ်နိုင်သောအမှု မရှိဟု ပြောပြလိုက်သောအခါ မာရိသည် ယုံကြည် သွားသည်။ ယောဟန်၏ အဖဇောခရိသည် ကောင်းကင်တမန်ကသားယောက်ျားမွေးမည့် အကြောင်း ပြောသောအခါ မယုံကြည် သောကြောင့် သူ၏ အမျိုးသမီးကို ိယ်ဝန်ဆောင်နေစဉ်ကိုး လစကား မပြောနိုင်ဘဲ ဘုရားသခင်က စကား အခိုင်းခြင်းအားဖြင့် ဒဏ်ခတ်ခဲ့သည်။ မာရိမူအစ၌ မယုံနိုင်ခဲ့သော်လည်း နောက်ပိုင်း၌ ပြန်ယုံသောကြောင့် ဘုရားသခင်က ဒဏ်ခတ်ခြင်း မရှိ။ ဇာခရိသည် ယဇ်ပုရောဟိတ် ဖြစ်၍ ဘုရားသခင်ကို ယုံသင့်သည်။ မာရိသည် သာမန်မိန်း မဖြစ်သောကြောင့် မယုံနိင်လျှင်လည်း ဘုရားသခင်က နားလည်ပေးသည်။ ထိုမျှသာမက အစ၌ မယုံသော်လည်း မာရိသည်၊ ဘုရား ပြောသည် အတိုင်း ဝန်ခံသွားခဲ့သည်။ ကျွန်ပ်တို့လည်း ဘုရားသခင်ကို မယုံကြည် တတ်သောကြောင့် ဒုက္ခ ပြသနာများတွေ့ကြုံတတ်ကြသော်လည်း သတိမထားတတ်ကြချေ။ မာရိကဲ့သို့ ဘုရားသခင်ကို မဖြစ်နိုင်သည့်ကိစ္စများ၌လည်း ယုံကြည် ကြပါစို့။ ဘုရားသခင်ကို မယုံ ကြည်ခြင်းသည် အပြစ် ဖြစ်သည် (ရော ၁၄:၂၃)။ အကြောင်းမှာ ဘုရားကို မယုံခြင်းသည် သူကို မုသာပြောသောသူ၊ မယုံထိုက်သောသူ၊ ဂတိမတည်သောသူ၊ မယုံ ထိုက်သောသူ ဟုဆိုခြင်းနှင့် တူသည်။ ဘုရားကို မယုံကြည်ခြင်းသည် ဘုရားကို သိက္ခာ ချခြင်း ဖြစ်သည်။ ထိုကြောင့် အကြီး ဆုံးသော အပြစ် ဖြစ်သည်။ သင်သည် သူတပါးက မယုံလျှင် မည်ကဲ့သို့ ခံစား မည်နည်း။ သင်ပြောသော စကားကို မယုံလျှင် ဝမ်းသာပါ့ မည်လော။ သင့်ကို စိတ်မချလျှင် ကျေနပ် နိင်ပါမည်လော။
ခရစ္စမတ်နှင့် ပညာရှိများ
ဓယုဒပြည် ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီး လက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကို ခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူ သနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်း ပြောဆို ကြ၏ (မ ၂:၁-၂)။
အရှေ့ပြည် မှပညာရှိများသည် သူတို့၏ ရှင်ဘုရင် မဟုတ်သော်လည်း ယုဒ ရှင်ဘုရင်ကို ဖူးမျှော်ဘို့ရန် ရပ်ဝေးမှတကိုး တကခရီး ပြု၍ မတွေ့တွေ့အောင် ရှာဖွေ ကြသည်။ သူတို့၏ ွဏှသည် ကြယ် ဖြစ်သည်။ အချို့သောသူများ ွဏှကို အားကိုးပြီးရောက်ခါနီးမှ ွဏှ ပိတ်လိုက်သောကြောင့် လမ်းပျောက် သကဲ့သို့ သူတို့လည်း ခရစ်တော် မွေးသော ဗက်လင်မြို့ရောက်ခါနီးမှ လမ်းပြကြယ်ကိုအား မကိုး တော့ဘဲ သူတို့ ဦးနှောက်ကို အသုံးပြုလိုက်ပုံရသည်။ ယုဒရှင်ဘုရင် ဖြစ်သောကြောင့် ယေရုရှ လင်မြို့ရှိရှင်ဘုရင်ဟေရုဒ်အိမ်မှာ မွေးဘွားမည်ဟု တွက်ချက်သောကြောင့် ယေရုရှလင်မြို့သို့ ရောက်သွား ကြသည်။ ွဏှ ကြယ်ကို ပြန်မကြည့်တော့ဘဲ လူများကို မေးကြသည်။ ယနေ့ ယုံကြည်သူများလည်း ဘုရားသခင်၏ လမ်းပြမှုကို ခံယူပြီးမှပညာရှိများ၊ လူများကို အားကိုး တတ်ကြသည်။ အစကောင်းသော်လည်း အနှောင်းမကောင်းချေ။ မိတ်ဆွေ သင်သည် ထိုကဲ့သို့ဖြစ်ပါသလား။ အစကနေအဆုံးတိုင်အောင် ဘုရားသခင်ကို အားကိုးပါ။
ထိုစကားကို ကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ယဇ်ပရောဟိတ်အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကို အဘယ်အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏ (မ ၂:၃-၄)။
ပညာရှိများ ကယုဒရှင်ဘုရင်ကို ရှာဖွေသောအခါ ဟေရုဒ်မင်းကြီးနှင့် ယေရု ရှလင်မြို့သားတို့သည် အဘယ်ကြောင့်စိတ်ပူပန်ခြင်းသို့ ရောက်ကြသနည်း။ ဟေရုဒ် မင်း၏ စိတ်ပူပန်ခြင်းသည် သူ့ကို ပြိုင်မည့် ရှင်ဘုရင်ပေါ်သောကြောင့် သူ၏ ထီးနန်းကို လုမှာ စိုးရိမ်ခြင်း ဖြစ်မည်။ သူသည် ယုဒလူ မဟုတ်၊ ဧသော၏သား စဉ်မြေးဆက် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကြွလာမှာကိုလည်း မြော်လင့်မည် မဟုတ်။ ယခုမှမွေး ကင်းစ ခလေးက သူ့ပလ္လင်လုမှာကို စိုးရိမ်စရာ မရှိ။ သို့သော် သူ့သား စဉ်မြေးဆက်များအတွက် ပူပန်ခြင်း ဖြစ်နိုင်သည်။ ယေရုရှလင်မြို့သား များသည် ယုဒလူများ ဖြစ်သောကြောင့် ခရစ်တော် မွေးဘွားလာမည့် အရာကို စောင့်မြော် နေကြသည် မဟုတ်လော၊ အဘယ်ကြောင့် သူတို့ စောင့်မြော်သော ခရစ်တော် မွေးဘွား လာသောအခါ ဝမ်းမြောက်မည့်အစား စိုးရိမ် ပူပန်ကြသနည်း။ ယနေ့ သင်သည် သခင် ခရစ်တော်ကို လက်ခံဘို့ရန် စိုးရိမ် နေပါသလား။
ထိုဆရာတို့ကလည်း၊ ပရောဖက် တဦးရေးထားသော အချက်ဟူမူကား၊ အိုယုဒပြည် ဗက်လင်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ် မဟုတ်။ အကြောင်းမူကား၊ ငါ၏ လူစု ဣသရေလ အမျိုးကို အုပ်စိုးရသော သခင်သည် သင်၏ အထဲမှာ ပေါ်ထွန်းလတံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည် ဗက်လင်မြို့၌ ခရစ်တော်ကို ဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏ (မ ၂:၅-၆)။
ကျမ်းတတ်ပုဂ္ဂိုလ်များသည် အလွန်တော် ကြသည်။ ခရစ်တော် မွေးဘွား မည့် နေရာကို ကျမ်းစာအားဖြင့် အတိအကျပြောနိုင် ကြသည်။ ပရောဖက် မိက္ခာ ၅:၂ကို ကိုးကား၍ ခရစ်တော်သည် ဗက်လင်မြို့၌ မွေးဘွားမည့် အကြောင်းကို ပြော နိုင် ကြသည်။ ထိုသို့ သိရခြင်းသည် ကျမ်းစာကို စေ့စေ့လေ့လာဖတ်ရှုကြသောကြောင့် ဖြစ်သည်။
ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ၊ သင်တို့ သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူ ဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ် လေ၏ (မ ၂:ရ- ၈)။
ဟေရုဒ်သည် မာဂုပညာရှိများကို သူငယ်ကို ရှာခိုင်း၍ တွေ့လျှင် သူလည်း ဖူးတွေ့ပူဇော်မည်ဟု မှာခဲ့သည်။ သို့သော် သူသည် တကယ် ဖူးတွေ့ပူဇော်ဘို့ မဟုတ်၊ သတ်ဘို့ အကြံရှိကြောင်း ဘုရားကသိသည်။ ဟေရုဒ်မင်းက ခရစ်တော်ကို သတ်လိုခြင်းသည် ရှင်းနေသည်။ သူသည် ခရစ်တော်ကို မြော်သော လူမျိုး မဟုတ်။ သို့သော် အံ့ဩစရာ ကောင်းသည်မှာ ခရစ်တော်ကို မြော်လင့်စောင့်စားနေသော ယုဒလူများက ခရစ်တော်ကို မရှာဖွေ၊ ပညာရှိများ နောက်ကို မလိုက်ခြင်း ဖြစ်သည်။ အမှန်မှာ ဗက်လင်မြို့သည် ယေရုရှလင်မြို့မှ ၅ မိုင်ခန့်မျှသာဝေးသည်။ ခြေလျှင်ဖြင့် ၂ နာရီ ခန့် မျှသာသွားရမည်။ သို့သော် သူတို့၏ ကယ်တင်ရှင်ကို မရှာဖွေ ကြ။
ထို့နည်းတူ ယနေ့ လူ များစွာတို့သည် ခရစ်တော် အကြောင်း သိဘို့ရန် သင်တန်းပေးသော နေရာနှင့် အလွန် နီးလျှင်လည်း မလာကြ၊ အိမ်ပေါ်မှာ သင်လျှင်လည်း မတက်ကြ။ ယခုခေတ် ခရစ်ယာန် များလည်း ခရစ်တော်ကို ယုံကြည်သည်ဟု ကြွေးကြော် နေကြသော်လည်း ခရစ်တော် ကြွလာမှာကို မမျှော်လင့်ကြ၊ မကြို ဆိုကြသည်သာမက ထိုအရာကို ပြောသောသူများကို ပြောင်လှောင်တတ်ကြသည်။ ခရစ်တော် ကြွလာမှာကို ဂရုမစိုက်စိတ်မလှုပ်ရှားခြင်းသည် အလွန် အံ့ဩစရာ ဖြစ်သည်။ လက်ထပ်မည့် ခင်ပွန်းလောင်းရောက်မှာကို ဂရုလည်း မစိုက်၊ စိတ်လည်း မဝင်စား၊ ပြောလျှင်လည်း စိတ်ဆိုးခြင်းသည် သူ့ကို လုံးဝ မချစ်၊ အတင်း ပေးစားသောကြောင့် ဖြစ်မည်။ ခရစ်တော် ကြွလာမှာကို သင်စိတ်မဝင်စား၊ ဂရုလည်း မစိုက်၊ မကြားချင်လျှင် သင်သည် ခရစ်တော်နှင့် မဆိုင်သောကြောင့် ဖြစ်မည်။ သင်သည် ခရစ်တော်ကို မကြိုဆိုလျှင်လည်း သူသည် ကြွလာမည် ဖြစ်သည်။ သင့်ကို မခေါ် သွားဘဲ ကျန်ရစ်မည် ဖြစ်သည်။ မာကုပညာရှိများ မူကား သူတို့၏ ရှင်ဘုရင် မဟုတ်၊ သို့သော် အလွန် ခရီး ဝေးမှ မတွေ့တွေ့အောင် ရှာဖွေ ကြသည်။
ထို သူတို့သည် မင်းကြီး စကားကို နာခံပြီးလျှင် ထွက်သွားကြ၍၊ အရှေ့ပြည်၌ မြင်ရသော ကြယ်သည် သူတို့ ရှေ့ကသွားသဖြင့်၊ သူငယ်တော် ရှိရာအရပ် အပေါ်သို့ ရောက်၍ တည်လျက် နေ၏။ ထိုကြယ်ကို မြင်ပြန်သောအခါ အလွန် ဝမ်းမြောက် ဝမ်း သာခြင်းရှိ၍၊ အိမ်သို့ ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှလောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကို၎င်း၊ ရွှေကို၎င်းဆက်ကပ်ပူဇော်ကြ၏ (မ ၂:၉-၁၁)။
ပညာရှိများသည် ယေရုရှလင်မြို့မှပြန်ထွက် လာသောအခါ သူတို့ ွဏှက ပြန်ဦးဆောင်သည်။ ကျွန်ပ်တို့လည်း လူ့ဦးနှောက်ကို မသုံး၊ လူကို မကိုးစားဘဲ ဘုရားကို ကိုးစားမှသာလျှင်သန့်ရှင်းသော ဝိညာဉ်တော်က ဦးဆောင်နိင်သည်။ သူတို့သည် ကြယ်မြင် ပြန်သောအခါ အလွန် ဝမ်းမြောက်ဝမ်းသာရှိကြသည် ဟုဆိုသည်။ ကျွန်ပ်တို့လည်း လူ့ ဦးနှောက်သုံးချိန်တွင် စိတ်ညစ်၍ ပြသနာ များသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်ခြင်း ခံမှ ပြန်လည်၍ ဝမ်းမြောက် တတ်ကြသည်။ ကြယ်က ဦးဆောင်သောအခါမှ သူတို့ ရှာသောသူငယ်တော်ကို တိတိ ကျကျပြန်တွေ့ ကြသည်။
သူတို့သည် သူငယ်တော် ယေရှုကို တွေ့မြင်သောအခါ မိမိတို့ ယူဆောင်လာ သောလောဗန်၊ မုရန်နှင့် ရွှေကို ဆက်ကပ်ပူဇော် ကြသည်။ လောဗန် (်မေညုငညခနညျန)သည် ဘောဇဉ်ပူဇော်သက္ကာဆက်သောအခါ အမြဲပါဝင်တတ်သည် (ဝတ်ပြု ၂)။ မုရန်သည် သခင်ယေရှု သေသောအခါ သူ့အလောင်းသင်္ဂြိုလ်ဘို့ ပြင်ဆင်သောအခါ နိကော ဒင်က အခွက်သုံး (ရ ၅ ပေါင်ခန့်) ယူလာခဲ့သည် (ယော ၁၉:၃၉)။
ခရစ္စမတ်နှင့် ဟေရုဒ်
ဟေရုဒ်သည် ရုပ်သေးမင်း ဖြစ်သည်။ ဣသရေလ လူများကို ရောမအုပ်ချုပ်သည်။ ဟေရုဒ်သည် ယာကုပ်၏ အစ်ကို ဧသော၏သား စဉ်မြေးဆက် ဖြစ်သည်။ အရှေ့ ပြည်က ပညာရှိများ ကယုဒရှင်ဘုရင် မွေးဘွားကြောင်း ပြောသောအခါ ယေရုရှလင်မြို့ သားများနှင့်အတူ စိုးရိမ် ပူပန်ခဲ့ကြောင်း အထက်၌ ဖေါ်ပြခဲ့ပြီ။ ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ၊ သင်တို့ သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူ ဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ် လေ၏။ (မ ၂:ရ- ၉) ဟေရုဒ်သည် ယေရှု ဖွားမြင်လာခြင်းကို မလိုလားသော်လည်း ပညာရှိများထံသူလည်း ဖူးတွေ့ပူဇော်မည်ဟု လိမ်ပြောခဲ့သည်။ များစွာသော လူများလည်း သခင်ယေရှုကို မယုံကြည် ကြသော်လည်း ယုံကြည် ဟန်ဆောင် တတ်ကြသည်။ အထူးသဖြင့် ခရစ်ယာန် ခင်ပွန်းသည် ကျေနပ် ရန် အလိုလိုက်တတ်ကြသည်။
ထို သူတို့ သွားကြသည် နောက်၊ ယောသပ်သည် အိပ်မက်ကို မြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ အဲဂုတ္တု ပြည်သို့ ပြေး၍၊ တဖန် ငါပြောဆိုသည် တိုင်အောင် ထိုပြည်၌ နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှါ ရှာလိမ့်မည် ဟုဆိုလေ၏ (မ ၂:၁၃)။ ဟေရုဒ်ကသူငယ်တော် ယေရှုကို အဘယ်ကြောင့်သတ်ချင် သနည်း။ သူသည် စာတန်၏သား ဖြစ်သည်။ ဘုရားသခင်က မြွေထံသင်၏ အမျိုးနှင့် မိန်းမ၏ အမျိုးရန်ငြိုးဖွဲ့စေမည် (က ၃:၁၅) ပြည့်စုံခြင်း ဖြစ်သည်။ သို့သော် ဘုရားကို စာတန် ကမည်သို့ ပင်သတ်ချင်သော်လည်း မရပါ။ ဘုရားက ကောင်းကင်တမန်အားဖြင့် ယောသပ်ကို အဲဂုတ္တု ပြည်သို့ ပြေးဘို့ရန် ခိုင်းလိုက်သည်။ အဘယ့်ကြောင့်ဘုရားကဟေရုဒ်ကို မဖြေရှင်း လိုက်သနည်း။ ယုံကြည်သူများ၌ သင်ခန်းစာ ဖြစ်ဘို့ရန် ဖြစ်သည်။ ဘုရားသခင်က ယုံကြည်သူ သားသမီးများကို ဒုက္ခ ပေးမည့် အရာကို မဖြေရှင်း လိုက်ဘဲ ဒုက္ခ ခံခိုင်းတတ်သည်။ အကြောင်းမှာ ဒုက္ခ ဆင်းရဲခြင်းအားဖြင့် ဘုရားကို ပို၍ အားကိုး လာဘို့နှင့် ယုံကြည်ခြင်း ခိုင်မာလာဘို့ ဖြစ်သည်။
ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညဉ့်အချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက် သွား၍၊ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည် တိုင်အောင် ထိုပြည်၌ နေလေ၏။ ဤအကြောင်း အရာကား ငါ့သားကို အဲဂုတ္တု ပြည် မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည်အကြောင်း တည်း။ (မ ၂:၁၄-၁၅)။ ဘုရားသခင်က သားတော် သူငယ်တော် ယေရှုကို အဲဂုတ္တု ပြည်သို့ သွားခိုင်းခြင်းသည် ဗျာဒိတ်တော် ပြည် စုံမည့် အကြောင်းဟု တွေ့ရသည်။ ထိုဗျာဒိတ်တော်သည် ဟောရှေ ၁၁:၁၌ ဤသို့ တွေ့ရသည်-ဣသရေလသည် အသက် ငယ်သောအခါ ငါသည် ချစ်၍ ငါ့သားကို အဲဂုတ္တု ပြည် မှခေါ်ခဲ့ပြီ၊ ဟု တွေ့ရသည်။ ထို့အပြင် -ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သား ဖြစ်၏။ ငါ့သား ဦး ဖြစ်၏။ ငါ့သားသည် ငါ့အား ဝတ် ပြုသော အခွင့်ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏ သား၊ သင်၏သား ဦးကို ပင်ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလောဟု မောရှေအား မှာထားတော်မူ၏ (ထွက် ၄:၂၂-၂၃)။ဟု တွေ့ရသည်။ အဲဂုတ္တု ပြည်သည်လောက၊ စာတန် နိင်ငံကို ပုံဆောင်သည်။ ဣသရေလ များလည်း အဲဂုတ္တုမှ ထွက်လာ သကဲ့သို့ ခရစ်တော်လည်း အဲဂုတ္တု ပြည် မှပြန်လာဘို့ လိုသည်။
ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကို သိလျှင်၊ ပြင်းစွာ အမျက်ထွက်၍ လူကို စေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန် ကာလကို ထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသ မျှတို့၌ နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သောသူငယ်ယောက်ျားအပေါင်းတို့ကို သတ်စေ၏။ (မ ၂:၁၆)
ဟေရုဒ်မင်းသည် သူငယ်တော် ယေရှုကို သတ်ဘို့ရန် ရည်ရွယ်၍ ဗက်လင် မြို့နှင့် ပတ်ဝန်းကျင်ရှိသားယောက်ျား အပေါင်းကို သတ်လိုက်သည်။ သို့သော် သူငယ်တော် ယေရှုကိုမူမသတ်နိုင်ခဲ့ချေ။ ဟေရုဒ်သည် ယေရှုကို ရန််သူအဖြစ် မြင်၍ သတ်သည်။ ထို့နည်းတူ များစွာသော လူသားများသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မမြင်ဘဲ ရန်သူအဖြစ် မြင်ကာ သူ့ကို မသတ်နိင်သောအခါ သူနှင့် ပတ်သက်သောသူများကို သတ်ချင် ကြသည်။ မိတ်ဆွေသည် ထိုလူမျိုးထဲ၌ မပါဝင်ဘို့ အရေးကြီးသည်။
ပရောဖက် ယေရမိဟောဘူးသည်ကား၊ ရာမအရပ်၌ သည်း စွာသော ညည်း တွားငိုကြွေးမြည်တမ်းခြင်း အသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍ စိတ် မပြေနိုင်ဟူသော စကားသည် ထိုအခါ၌ အမှန်ကျသတည်း (မ ၂ ; ၁ရ- ၁၈)။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ်၌ သည်း စွာသော ညည်း တွားငိုကြွေးခြင်း အသံကို ကြားရ၍၊ ရာခေလသည် မိမိိသားတို့ မရှိသောကြောင့်၊ ငို၍ စိတ် မပြေနိုင် (ယေရမိ ၃၁:၁၅)ဟု ယေရမိကဟောဘူးပြီ။ ရာမအရပ်သည် ပရောဖက်နှင့် ယဇ်ပုရောဟိတ် ရှာမွေလ၏ မွေးဖွားရာမြို့ ဖြစ်သည်။ ရာခေလသည်
ယာကုပ်၏ အချစ်ဆုံးမယား ဖြစ်သည်။ သူ၏သား နှစ်ယောက်သည် ယောသပ်နှင့် ဗယ်ာမိန် ဖြစ်သည်။ ရှောလမုန်၏ အပြစ် ရုပ်တုကိုးကွယ်သောကြောင့် သူ့သား လက်ထက်၌ တိုင်း ပြည်သည် နှစ်ခြမ်းခွဲလိုက်သည်။ တောင်ပိုင်း၌ ယုဒနှင့် ဗဇ်ာမိန်အမျိုး သာပါ၍ ယုဒဟု ခေါ်တတ်သည်။ မြောက်ပိုင်း၌ ကျန်သော ဆယ်မျိုးရှိ၍ ဣသရေလ သို့မဟုတ် ဧဖရိမ်ဟု ခေါ်တတ်သည်။ ယေရမိက ရာခေလသည် မိမိသားတို့ မရှိ သောကြောင့် ငို၍ စိတ် မပြေနိုင် ဟုဆိုသောအခါ မြောက်ပိုင်းနိင်ငံကို အာရှုရိများက သိမ်းခြင်းကြောင့် ဝမ်းနည်း၍ ငိုကြွေးခြင်းကို ဆိုလိုသည်။ ထိုအချိန်၌ ရာခေလသည် မရှိတော့ပါ။ သို့သော် ဣသရေလ များ၏ ဝမ်းနည်းငိုကြွေးခြင်းသည် ရာခေလ၏ ဝမ်းနည်းခြင်း အဖြစ်တင်စားခြင်း ဖြစ်သည်။ ထိုနည်းတူ ဗက်လင်မြို့ပတ်ဝန်းကျင်ရှိ ခလေးများအသတ်ခံသောအခါ သူတို့၏ မိခင်များဝမ်းနည်းငိုကြွေး ကြသည်။
ဓမ္မဟောင်းထဲ၌ ခရစ်တော်
ခရစ်တော် ဤလောကသို့ လူ့ဇာတိခံ၍ ကြွလာခြင်းသည် ချက်ချင်း ကြံ စည်ခြင်း မဟုတ်ကြောင်း ရှင်ပေတရုက ဤသို့ ရေးထားသည်-ဓထို ခရစ်တော် ကား ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည် ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့ အဘို့၊ ဤနောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီ။ (၁ ပေ ၁:၂၀) ဟုဆိုသည်။ ခရစ်တော် ဤလောကသို့ ကြွလာ မည့် အရာကို ဓမ္မဟောင်းကျမ်းစာ တိုင်း၌ ပုံစံအမျိုးဖြင့် ဖေါ်ပြထားသည်။
ကမ္ဘာဦးကျမ်း၌ မိန်းမအမျိုး
လူလင်မယားတို့ကို လိမ်လည်လှည့်ဖျားသောအခါ ဘုရားသခင်က မြွေထံသို့ သင်သည် ဤအမှုကို ပြုသောကြောင့်၊ သား ယဉ်၊ သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။ သင်နှင့် မိန်းမကို၎င်း၊ သင်၏ အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည် ရန်ညှိုး ဖွဲ့စေမည်။ သူသည် သင်၏ ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ ဖနောင့်ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။ (က ၃:၁၄-၁၅) ဟုဆိုခဲ့သည်။ အဘယ်ကြောင့်ဘုရားသခင်က သင် (မြွေ)နှင့် မိန်းမအမျိုးအနွယ်ကို ရန်ငြိုးဖွဲ့စေသနည်း။ အဘယ်ကြောင့်ယောက်ျားအမျိုးနှင့် ရန်ငြိုးမဖွဲ့ စေခဲ့သနည်း။ မိန်းမ၌ အမျိုးရှိသလော။ သားသမီး တိုင်းသည် ဖခင်၏ အမျိုးကို လိုက်တတ်သည် မဟုတ်လော။ အချို့ကမိန်းမသည် အပြစ်စတင်ခဲ့သူ ဖြစ်သောကြောင့်ဟု ယူဆကြသည်။ ထိုအရာကြောင့် မဟုတ်ချေ။ မိန်းမအမျိုးသည် သခင်ယေရှုကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် စာတန်ကို တိုက်ဘို့ရန် သားတော်ကို စေလွှတ်ခြင်း ဖြစ်သည်။ ယောဟန်က၊ “မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။”
(၁ ယော ၃:၈) ဟုဆိုသည်။ တဖန်၊ “မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” (ဟေ ၂:၁၄-၁၅) ဟုဆိုသေးသည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်း၌ ဖေါ်ပြသော မိန်းမအမျိုးကို ပြည့်စုံစေခြင်း ငါှ ခရစ်တော် ကြွလာခြင်း ဖြစ်သည်။
ထွက်မြောက်ရာကျမ်း၌ ပသခါ သိုးသငယ်
ဣသရေလ လူများသည် အဲဂုတ္တု ကျွန်ခံရာမှ လွတ်မြောက်မည့် ညတွင် ဘုရားသခင်က ပသခါ သိုးသငယ်ကို သတ်၍ အသားကို စားခိုင်းသည်။ သိုးသငယ်၏ အသားကို စားရသော အိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏ အသွေးကို ယူ၍ ထိုးရမည် (ထွက် ၁၂:ရ)။ သိုးသငယ်၏ အသွေးသည် သင်တို့ နေရာအိမ်၌ သင်တို့၏ လက္ခဏာသက်သေ ဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တု ပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ (ထွက် ၁၂:၁၃)ဟု ဘုရားကမှာထားသည်။ ထိုသိုမှာထားသည့်အတိုင်း ပသခါ သိုးသငယ်၏ အသွေးက အထဲမှာရှိသော လူများကို ထာဝရဘုရားတရား စီရင်ခြင်းမှ လွတ်မြောက် စေခဲ့သည်။
ထိုပသခါ သိုးသငယ်သည် သခရစ်တော်ကို ဆိုလိုသည်။ ပေါလုက- သင်တို့သည် တဆေးမဲ့သည် ဖြစ်သည်နှင့် အညီ၊ အသစ်သော မုန့်စိမ်း ဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။ (၁ ကော ၅:ရ)။ဟု ရေးထားသည်။ ထို့ကြောင့် ခရစ်တော်သည် ပသခါ သိုးသငယ် ဖြစ်သည်။ ပသခါ သိုးသငယ်၏ အသွေးကြောင့် ဣသရေလသား ဦးများ သေခြင်းမှ လွတ် သကဲ့သို့ ငါတို့၏ ပသခါ သိုးသငယ် ဖြစ်သော ခရစ်တော်ကြောင့် သူ့ကို ယုံကြည်သူ တိုင်းသည် သေခြင်းမှ လွတ်မြောက်မည် ဖြစ်သည်။ သူကိုယ်တိုင်က၊ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ (ယော ၁၁:၂၅-၂၆) ဟုဆိုခဲ့သည်။ သင်သည် ထိုပသခါ သိုးသငယ် တည်းဟူသော သခင်ယေရှုကို ယုံကြည် လက်ခံပါသလား။ လက်မခံပါက ဘုရားသခင်က တရားမစီရင်ဘဲ ကျော်သွားမည် မဟုတ်၊ အမှန်တရားစီရင်ခြင်းကို ခံရမှ ဖြစ်သောကြောင့် သင်၏ ပသခါ သိုးသငယ် ယေရှုကို အမြန် လက်ခံဘို့ တိုက်တွန်းလိုပါသည်။
၀တ်ပြုရာကျမ်း၌ ယဇ်ပုရောဟိတ်နှင့် ယဇ်ကောင်
ဝတ်ပြုရာကျမ်း၌ ယဇ်ပုရောဟိတ်၏ အလုပ်နှင့် ယဇ်ကောင်များပူဇော်ခြင်းကို ဖေါ်ပြထားသည်။ ယဇ်ပုရောဟိတ် များသည် အာရုန်နှင့်သားများဖြစ်၍ ယဇ် ကောင်များသည် နွား၊ သိုး၊ ဆိတ်၊ ခို၊ ချိုးငှက်တို့ ဖြစ်သည်။ ထိုအရာများကို ပူဇော်ခြင်းအားဖြင့် ဣသရေလ လူများသည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ခြင်း၊ အပြစ် လွှတ်ခြင်း၊ မိဿဟာယ တည်းဟူသော ရန်ငြိမ်းခြင်းများကို ပြုလုပ် လေ့ရှိသည်။ ထိုအရာအားလုံး သည် အရိပ်များ ဖြစ်၍ ခရစ်တော် ဤလောကသို့ ကြွ လာသောအခါ ပြည့်စုံ စေခဲ့သည်။
ခရစ်တော်သည် ဤလောကသို့ ကြွလာခဲ့၍ သေပြီးမှပြန်ထ လာသောအခါ ကောင်းကင်တို့ တက် သွား၍ ယဇ်ပုရောဟိတ် အလုပ်ကို လုပ်သည်။ ကျမ်းစာက၊ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အ
ကြီး တည်းဟူသော ဘုရားသခင်၏ သားတော် ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန် အံ့။ (ဟေ ၄:၁၄) ဟုဆိုထားသည်။ ထို့ကြောင့် ခရစ်တော်သည် ငါတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သည်။ ယဇ်ပုရောဟိတ်ကို အမှီမပြုဘဲ ဘုရားကိုးကွယ်လျှင် ကောင်းကြီး မရရုံသာမက ဘုရားသခင်ထံမှ ကျိန်ခြင်းကိုသာ ခံနိုင်သည်။ ရှောလုမင်းသည် ယဇ်ပု ရောဟိတ်ရှမွေလကိုအား မကိုးဘဲ သူကိုယ်တိုင် မီးရှို့ရာယဇ်ကို ပူဇော်သောကြောင့် ဘုရားသခင်၏ ပယ်ခြင်းကို ခံခဲ့ရသည် (၁ရာ ၁၃:၉-၁၄)။ ဩဇိမင်းလည်း သူ ကိုယ်တိုင် နံ့သာပေါင်းမွှေးကို ပူဇော်ဘို့ ကြံစည်သောကြောင့် နဖူး၌ နူနာ ဖြစ်၍ သေသည် အထိ ခြားနားသော နန်းတော်၌ နေရသည်။ နိင်ငံကိုသားတော် ကအုပ်ချုပ်ရသည်။ (၆ရာ ၂၆:၁၆-၂၁)။ ထို့ကြောင့် ဘုရားသခင်ကို ကိုးကွယ်ချဉ်းကပ်လျှင် ယဇ်ပုရောဟိတ်အားဖြင့်သာလျှင် ချဉ်းကပ်ရသည်။ ထိုယဇ်ပုရောဟိတ်မင်းသည် သခင်ယေရှု ပင် ဖြစ်သည်။
ထို့အပြင် ခရစ်တော်သည် ယဇ်ကောင်လည်း ဖြစ်ကြောင်း ကျမ်းစာက ဤသို့ ရေးထားသည်၊ ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အကျွန်ုပ်အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ (ဟေ ၁၀:၅ -ရ)။ ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ ခရစ်တော်သည် သူ၏ ကိုယ်ခန္ဓနှင့် အသွေးကို ယဇ်ကောင် အဖြစ် ဘုရားသခင် ထံ၌ လူသား တိုင်း ကိုယ်စားပူဇော်ပြီး ဖြစ်သည်။ ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ် စုံလင်သော တဲတော်၌၊ နောက်မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါ တည်းဝင်တော်မူ၏။ (ဟေ ၉:၁၁-၁၂)။ ထိုသို့ ယဇ်ပုရောဟိတ် ခရစ်တော်က သူ၏ အသွေးနှင့် ကိုယ်ခန္ဓာကို ပူဇော်သောကြောင့် ဘုရားသခင်က လူသားများကို ပြန်လည် လက်ခံနိုင်သည်။ ထိုအရာကိုအား မကိုးဘဲ မိမိ၏ လုပ်ဆောင်မှုကို အားကိုးပါက ကောင်းကြီး မရသည်သာမက ရှောလုမင်းနှင့် ဩဇိမင်းကဲ့သို့ ကျိန်ခြင်း ခံရမည် ဖြစ်သည်။
တောလည်ရာကျမ်း၌ ကြေးဝါမြွေရုပ်
ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီ သွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အား လျော့ကြ၍၊ ၅ သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တု ပြည် မှအဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်း မရှိ၊ ဤပေါ့ပျက်သော စားစရာ ကိုလည်း ငါတို့သည် အလွန် ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆို ကြ၏။ ၆ ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလ အမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့် သေကြ၏။ ၇ ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ ကျွန်ုုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့်ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့ မှပယ်ရှားတော်မူ မည်အကြောင်း ဆုတောင်းပါ ဟု လျှောက်လျှင်၊ မောရှေသည် လူများ အဘို့ ဆုတောင်း လေ၏။ ၈ ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက် ချမ်း သာရလိမ့်မည်ဟု မောရေအား မိန့်တော်မူသည် အတိုင်း၊ ၉ မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင်ပေါ်မှာ မြှောက်ထားပြီးလျှင် မြွေကိုက်သောသူ မည်သည်ကား ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာ ရကြ၏။ (တော ၂၁:၄-၉)။
သခင်ယေရှုက “မောရှေသည် တော၌ မြွေကို မြှောက်ထား သကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကို ယုံ ကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရမည်အကြောင်း တည်း” (ယော ၃:၁၄-၁၅)။ ဟုဆိုခဲ့သည်။ ဣသရေလ လူများသည် တော၌ မြွေကိုက်သဖြင့် သေရကြ သကဲ့သို့ လူသားများလည်းရှေးမြွေဟောင်း တည်းဟူသော စာတန်ကြောင့် အဆိတ်သင့်၍ သေရ ကြသည်။ မောရှေကကြေးဝါ မြွေကို တိုင်ပေါ်မှာ မြှောက်ထား သကဲ့သို့ ယေရှုလည်း သစ်တိုင်ပေါ်မှာ မြှောက်ခဲ့ပြီ။ ထိုယေရှုကို ယုံကြည်သောသူသည် ပျက်စီးခြင်းသို့ မရောက် ထာဝရ အသက်ကို ရမည် ဟုဆိုသည်။ ထို့ကြောင့် သင်သည် ယေရှုကို ယုံကြည်လျှင် ထာဝရ အသက် ရနိုင်သည်။ သင်ယုံကြည် ပါသလား။ ခရစ္စမတ် ကျင်းပသော်လည်း ခရစ္စမတ်၏ အရှင် သခင်ယေရှုကို သင်၏ ဘုရား၊ သင့်ကိုယ်စားအသေခံသော ကယ်တင်ရှင်အဖြစ် လက် မခံလျှင် သင့်သည် ပျက်စီးခြင်းသို့ ရောက်၍ ထာဝရ အသက် ရနိုင်မည် မဟုတ်။
တရားဟောရာကျမ်း၌ မောရှေကဲ့သို့သောသူ
ခေတ်အဆက်ဆက်၌ ပရောဖက် များစွာ ပေါ်ပေါက်တတ်သည်။ သို့သော် အားလုံး သည် ပရောဖက် အစစ်၊ ဘုရားက စေလွှတ်သော ပရောဖက်များမဟုတ်။ ထိုသို့ ပရောဖက် အတုနှင့် အစစ်များ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် ဘုရားသခင်က ပရောဖက် အတုများ ပေါ်ပေါက်မည့် အကြောင်းကို မောရှေအားဖြင့် ဤသို့ သတိပေးခဲ့သည်၊ “သူတို့ အမျိုးသားခြင်းတို့ အထဲ၌ သင်နှင့် တူသော ပရောဖက် တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက် နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။ ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြောသော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့၊ ထိုသူကို ငါစစ်ကြောမည်။” ( တရားဟော ၁၈:၁၈-၁၉)ဟု ဘုရားသခင်က မောရှေအားဖြင့် ဣသရေလ လူများကို သတိပေးခဲ့သည်။ ထို့ကြောင့် ဣသရေလ လူများက ထိုပရောဖက် ပေါ်မည့်အရာကို အလွန် မျှော်လင့် ကြသည်။ ဗတ္တိဇံပေးသော ယောဟန် ထံသင်သည် အဘယ်သူ နည်းဟု မေးသောအခါ ယောဟန်က၊ ငါသည် ခရစ်တော် မဟုတ်ဟု ထိမ်ဝှက်ခြင်း မရှိ၊ အတိအလင်း ပြောဆို၏။ ထို သူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူ နည်း။ ဧလိယ ဖြစ်သလောဟု မေးပြန်၏။ ယောဟန်က၊ ငါသည် ဧလိယ မဟုတ် ဟုဆို၏။ ဤမည်သော ပရောဖက် ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ် ဟုဆိုပြန်၏။ (ယော ၁:၂၀-၂၁) ဣသရေလ လူများ မျှော်လင့်သောသူများသည် ခရစ်တော်၊ ဧလိယနှင့် မောရှေပြောခဲ့သော ပရောဖက် ဖြစ်သည်။ သခင်ယေရှုက လူငါးထောင်အစာကျွေးခဲ့သည်။ ထိုသို့ ယေရှု ပြတော်မူသော နိမိတ် လက္ခဏာကို ထိုလူများတို့သည် မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက် အမှန် ဖြစ်သည် ဟုဆိုကြ၏။ (ယော ၆:၁၄)
သခင်ယေရှုသည် မောရှေပြောထားသော ပရောဖက် ဖြစ်လျှင် သူ၏ စကားကို နားထောင် ရမည်။ အကယ်၍ နားမထောင်ပါက ထိုသူကို ငါစစ်ကြောမည်ဟု ဘုရားသခင်ကဆိုခဲ့သည်။ ဣသရေလ များသည် သခင်ယေရှုကို အထက်၌ ဖေါ်ပြ သကဲ့သို့ ကြွလာမည့် ပရောဖက် ဖြစ်သည်ဟု ဝန်ခံကြသော်လည်း သူ့စကားကို မယုံကြည် သောကြောင့် စစ်ကြောခြင်း ခံခဲ့ရသည်။ သူတို့ကို အေဒီ ရဝတွင် ရောမစစ်သားများကတိုက်ခိုက်၍ သတ်ဖြတ်ခြင်း၊ တိုင်း ပြည် မှ နှင်ထုတ်ခြင်း ခံခဲ့ကြပြီ။ သင်သည် သခင်ယေရှုကို မောရှောပြောထားသော ကြွရောက် လာမည့် ပရောဖက် အဖြစ် လက်ခံပါ သလော။ လက်ခံလျှင် သူ့စကားကို နားထောင် ရမည်။ နားမထောင်လျှင် ဘုရားသခင်၏ စစ်ကြောခြင်းကို ခံရမည်။ ခရစ္စမတ်ပွဲ၊ ခရစ်တော်၏ မွေးနေ့ ကျင်းပနေသော်လည်း သူ့ကို လက်မခံလျှင် အဓိပ္ပါယ်မရှိချေ။
ကျမ်းစာဖတ်ကြစို့
ဗျာဒိတ် ၁၁
ဗျာဒိတ်ကျမ်း၆မှ ၁၉ အထိသည် အနာဂတ်မည် ဖြစ်မည့် ဘေးဒဏ်ကြီးကာလ အကြောင်းကို ကြိုတင် ရေးထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်မ ဖြစ်သေးသောအရာကို ထိုသို့ ရေးနိင်သနည်းဟူမူကား အရာခပ်သိမ်းသည် ဘုရားသခင်၏ အစီအစဉ်အတိုင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ ယေရုရှလင်မြို့တွင် ဗိမာန်တော် ပြန်ဆောက်မည့် အရာကို ရေးထားသည်။ ထိုအရာကို ကြည့်ကြ စို့။
၁။ တဖန်တုံ လှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့ အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။
ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်း ခိုင်းသည်။ ထိုသို့ တိုင်း ခိုင်းခြင်းသည် ဗိမာန်တော် ပြန်ဆောက်မည့် အရာကို ဖေါ်ပြသည်။ ပဌမဦးဆုံး ဗိမာန်တော်ကို ရှောလမုန်မင်းက ဘီစီ ၉၅၀ ခန့်တွင် ဆောက်ခဲ့ကာ ဘီစီ ၅၈၆တွင် ဗာဗု လုန်စစ်သားများက ဖျက်စီးခဲ့သည်။ ဒုတိယဗိမာန်တော်ကို ယေရုဗဗေလ ဦးဆောင်ခြင်းဖြင့် ဘီစိ ၅၃၈တွင် စတင်ဆောက်၍ ဘီစီ ၅၁၅တွင်ပြီး စိီးခဲ့သည်။ ထိုဗိမာန်တော်ကို ဟေရုဒ်မင်းက ပြန်လည်မွန်းမံတည်ဆောက်ခဲ့သည်။ ထိုဗိမာန်တော်ကို ရောမစစ်သားများက အေဒီ ရဝတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုဗိမာန်တော် နေရာတွင် မူစလင်များက ဗလီကို အေဒီ ၆၉၁ နှစ်တွင် ဆောက်ကာ ယခုတိုင် တည်နေဆဲ ဖြစ်သည်။ ၁၉၆ရ ခုနှစ်အစ္စရေးအာရပ်ခြောက်ရက်ကြာစစ်ပွဲ၌ အစ္စရေးများက ဗိမာန်တော် နေရာကို သိမ်းပိုက် နိင်ခဲ့သော်လည်း အာရပ်များထံသို့ ပြန်လည်အပ် နှံခဲ့သည်။ အစ္စရေးများက ထိုနေရာ၌ ဗိမာန်တော်ကို ပြန်လည်ဆောက်ဘို့ရန် ပစ္စည်းများကို ၁၉၉၅ ခန့်မှစ၍ စုဆောင်း ပြင်ဆင် ခဲ့ကြရာ ယခုအခါ ပြင်ဆင်ပြီး သွား ခဲ့သော်လည်း ဆောက်လုပ်ခွင့် မရရှိကြသေးချေ။ ချီဆောင်ခြင်း အပြီး၌ အန္တီခရစ် ကအာဏာရ လာသောအခါ အစ္စရေးများနှင့် ခုနှစ်နှစ်ပဋ္ဋိညာဉ်ပြု၍ ဗိမာန်တော် ဆောက်ခွင့်ကို ပေးမည် ဖြစ်သည်။ ထိုသို့ ပြီးမှဓမ္မဟောင်းကာလ၌ ယဇ်ပူဇော် သကဲ့သို့ ယဇ်ပူဇော်ကြမည် ဖြစ်သည်။
၂။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံး နင်းကြ လိမ့်မည်။
ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်း ခိုင်းသော်လည်း အဘယ်ကြောင့် ဗိမာန်တော် တန်တိုင်းကို မတိုင်း ခိုင်းသနည်း။ တိုင်းခြင်း ဆိုသည်မှာ ယပိုင်ဆိုင်ခြင်းကို ဖေါ်ပြသည်။ အန္တီခရစ်ကဗိမာန်တော်ကို ပြန်လည်ဆောက်ခွင့်ပေးသော်လည်း တန် တိုင်း တော်သည် တပါးအမျိုးသားများက ယပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဗိမာန်တော်ကိုမူစလင်များ၏ ဗာလီအနား၌ ဆောက်သောကြောင့် တန်တိုင်း တော်သည် မူစလင်များက ယပိုင်ဆိုင်မည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။ တပါးအမျိုးသား တည်းဟူသော မူစလင်များက ဗိမာန်တော်ကို လေးဆယ်နှစ်လ တည်းဟူသော သုံးနှစ်ခွဲ လုံးလုံး ယပိုင်ဆိုင်မည် ဖြစ်သည်။ ဗိမာန်တော် နေရာကို ယခုပင်လျှင် တပါးအမျိုးသားများဖြစ်သော မူစလင်များ ကပိုင်သော်လည်း အဘယ့်ကြောင့်သုံးနှစ်ခွဲပိုင်မည် ဟုဆိုသနည်း။ သုံးနှစ်ခွဲပိုင်ခြင်းသည် ဗိမာန်တော် ဆောက်ပြီးမှ ရေတွက်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ခုနှစ်နှစ် ဖြစ်၍ ဗိမာန်တော်ကို ဘေးဒဏ်ကြီးကာလ အစပိုင်း၌ ဆောက်ကာသုံးနှစ်ခွဲအချိန်တွင် ဗိမာန်တော် အထဲ၌ အနီျွှ ခရစ်ကသူသည် ခရစ်တော် ဘုရား ဖြစ်သည်ဟု ကျေညာမည် ဖြစ်သည် (ဒံ မ၂၄:၁၅၊ ၂ သက် ၂:၃-၄)။
၃။ ငါ၏ သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကို ဝတ် လျက်၊ အရက်တထောင်နှစ်ရာခြောက်ဆယ်ပတ်လုံးပရောဖက် ပြုကြလိမ့်မည်။
ဘုရားသခင်က သူ၏ သက်သေခံနှစ်ပါးကို ဘေးဒဏ်ကြီး ကာလ၌ စေလွှတ်မည် ဖြစ်သည်။ လျှော်တေအဝတ်ဝတ်ခြင်း ဆိုသည်မှာ ဝမ်းနည်းခြင်း၊ နှိမ့်ချခြင်းကို ဖေါ်ပြသည်။ ဘုရား၏ သက်သေခံနှစ်ပါးတို့သည် အရက်တထောင်နှစ်ရာခြောက် ဆယ် တည်းဟူသော သုံးနှစ်ခွဲပတ်လုံး သက်သေခံကြလိမ့်မည်။ ထိုသုံးနှစ်ခွဲသည် ခုနှစ်နှစ်ဘေးဒဏ်ကြီး ကာလ၏ တဝက် ဖြစ်သည်။ သူတို့ ပရောဖက် ပြုမည့် အရာ များသည် ဘုရားသခင် ယုံကြည်ဘို့၊ စာတန်နှင့် သူ၏ လူအန္တီခရစ်နှင့် မိစ္ဆာပရော ဖက်တို့၏ လိမ်လည်လှည့်ဖျားမှုကို မယုံကြည် ဘို့နှင့် သူတို့ကို မကြောက်ဘို့၊ ဘုရား၏ တရားစီရင်ခြင်းများခံရမည့် အရာများ ဖြစ်ပေလိမ့်မည်။ တံပိုးခုနှစ်ခုမြောက်မှုတ်သောအခါ ဘုရားသခင်၏ အမျက်တော် ဖလားခုနှစ်လုံး မြေကြီး အပေါ်၌ လောင်း မည့်အရာများကို သတိပေးပေလိမ့်မည်။
၄။ ထို သူတို့သည် ကား၊ မြေကြီး အရှင်၏ ရှေ့တော်၌ စိုက်ထားသော သံလွင်ပင်နှစ် ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။
သက်သေခံနှစ်ပါးတို့သည် သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သည် ဟုဆိုသည်။ သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံကို ိ ဓမ္မဟောင်း၌ တွေ့ရသည်။ ဘုရားသခင်က ဗာဗုလုန်များ ဖျက်ခဲ့သော ဗိမာန်တော်ကို ယုဒမြို့ဝန်ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ် ယောရှုတို့အား ဦးဆောင်၍ တည်ဆောက်ခိုင်းသည် (ဧဇရ ၃)။ သူတို့ နှစ်ယောက်သည် ဘုရားသခင် ဘိသိက်ထားသောသူများ ဖြစ်၍ ဆီမီးခုံကို ဆီဖြည့်ပေးသော သံလွင်ပင်နှင့် နှိုင်းထားသည် (ဇာခရိ ၄)။ သူတို့ တည်ဆောက်ရမည့် ဗိမာန် တော်သည် ကြီးမားသည်။ ပဌမ ဗိမာန်တော် ဆောက်ခဲ့စဉ်က ရှောလမုန်မင်းသည် အာဏာနှင့် တန်ခိုးရှိသည်။ ဗိမာန်တော် ဆောက်ဘို့ရန် အခက်အခဲမရှိ။ ဘခင် ဒါဝိဒ်ကလည်း ကြိုတင်၍ ပစ္စည်းများ စုဆောင်းထားခဲ့သည်။ ဇေရုဗဗေလနှင့် ယောရှုတို့အတွက် ဗိမာန်တော် ဆောက်ဘို့ရန်မှာ တောင်ကြီးကို ဖြုိ သကဲ့သို့ ကြီးမားသော အလုပ် ဖြစ်သည်။ ကျမ်းစာ၌ -ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် ဟူမူကား၊ ဤအမှု (ဗိမာန်တော် ဆောက်မည့်အမှု)သည် ဗိုလ် ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ ဝိညာဉ်အားဖြင့် ဖြစ်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။ ၇ အိုတောင်ကြီး၊ သင်သည် အဘယ်သို့ နည်း။ ဇေရုဗဗေလရှေ့မှာ ညီသော အရပ် ဖြစ်ရလိမ့်မည်။ လူများတို့ က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော် ရှိပါစေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့်အထွဋ္ဋ်ကျောက်ကို တင်ထားရလိမ့်မည်။ (ဇာခရိ ၄:၆ -ရ) ဟု အားပေးခဲ့သည်။ ဆိုလိုသည်မှာ ဗိမာန်တော်ကို ဇေရုဗဗေလ ကိုယ်တိုင် အဆုံးသတ်ရမည်။ ထိုဗိမာန်တော်ကို ရှောလမုန်မင်းကဲ့သို့ တန်ခိုးအာဏာအားဖြင့် မဆောက်ဘဲ ဘုရားသခင်၏ ဝိညာဉ်တော် တန်ခိုးအားဖြင့် ဆောက်မည် ဟုဆိုသည်။ ဝိညာဉ်တော် ကဇေရုဗဗေလနှင့် ယောရှုတို့ နှစ်ယောက်ကို အသုံးပြုမည် ဖြစ်သည်။ ဇေရုဗဗေလနှင့် ယောရှုတို့သည် ဗိမာန်တော် ဆောက်ဘို့ရန် အတွက် ဝိညာဉ်တော်အားဖြင့် အားပေး၍ လူများကို နိုးဆော်ဥိီးဆောင်သောသူများ ဖြစ်သောကြောင့် သံလွင်ပင်နှစ်ပင်နှင့် နှိုင်းထားခြင်း ဖြစ်သည်။
ထိုနည်းတူ ဘေးဒဏ်ကြီး ကာလ၌လည်း စာတန် ကအန္တီခရစ်နှင့် မိစ္ဆာ ပရောဖက်တို့ကို အသုံးပြု၍ တလောက လုံးကို အုပ်စိုးချိန်တွင် ဘုရားသခင် အတွက် သက်သေခံမည့် အရာသည် အလွန် ကြီးမားသော လုပ်ငန်း ဖြစ်သည်။ အတိုက်အခံ များစွာ ခံရမည် ဖြစ်သည်။ စာတန် အုပ်စိုးသောကြောင့် ဝိညာဉ်ပိုင်း၌ ကမ္ဘာလောကသည် မှောင်မိုက်ချိန် ဖြစ်၍ ညမှောင်မိုက်ချိန်တွင် မီးခွက်အားဖြင့် အလင်းတွေ့ရသ ကဲ့သို့ ထိုသက်သေခံနှစ်ပါးသည်လောကသားများအတွက် အလင်း ဖြစ်မည်။ သူတို့ကို သံလွင်ဆီ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်က တန်ခိုးပေးထားမည် ဖြစ်သည်။
၅။ တစုံတယောက်သောသူသည် သူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို၏ ခံတွင်း ထဲကမီးထွက်၍ ရန် သူတို့ကို မျိုတတ်၏။ တစုံတယောက်သောသူသည် ထို သူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ ထိုသို့ အသေသတ်ခြင်းကို ခံရမည်။
လောကသားများက သက်သေခံနှစ်ဦးကို အလိုရှိမည် မဟုတ်ကြောင်း ကြို တင်သိရသည်။ ထို့ကြောင့် ထိုသူနှစ်ယောက်တို့ကို အသေသတ်ချင် ကြလိမ့်မည်။ သို့သော် သူတို့ကို ညှဉ်းဆဲသတ်ဖြတ်မည့်သူများကို သူတို့၏ ခံတွင်း ထဲမှမီးထွက်၍ မျိုလိမ့်မည် ဟုဆိုသည်။ ခံတွင်း ထဲမှမီးထွက်ခြင်းသည် တကဲ့မီးထွက်ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် မီးထွက်ဘို့ရန် အမိန့်ပေးခြင်းလည်း ဖြစ်နိုင်သည်။ ဧလိယသည် သူ့ကို ဖမ်းမည့် တပ်မှုးနှင့် စစ်သား ငါးဆယ်ကို ကောင်းကင်မှ မီးကျစေခြင်းအားဖြင့် နှစ်ဖွဲ့သေ စေခဲ့ဘူးသည် (၄ရာ ၁:၁၀-၁၂)။ ဘုရားသခင်က ပရောဖက် ယေရမိ ထံ၌ ဤသို့ ပြောခဲ့ဘူးသည် -ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ ဆိုသောကြောင့်၊ ငါ့စကားကို သင်၏ နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကို ထင်းကဲ့သို့၎င်းငါ ဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည် (ယေရမိ ၅:၁၄)။
၆။ ထို သူတို့သည် ပရောဖက် ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာစေခြင်းငှါ၊ မိုဃ်း ကောင်းကင်ကို ပိတ်ရသော အခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေး ဖြစ်စေရသော အခွင့်၊ မိမိတို့ အလိုရှိသမျှသောအခါ၌ ဘေး အမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။
သက်သေခံနှစ်ယောက်တို့သည် သူတို့၏ စကားကို တည်စေခြင်း ငှါ၎င်း၊ မယုံကြည် သောလောကသားများကို ဒဏ်ခတ်ခြင်း ငှါ၎င်း မိုဃ်းမရွာစေခြင်းငှါ မိုဃ်း ကောင်းကင်ကို ပိတ်မည်။ ဧလိယသည် ဗာလဘုရားကို ကိုးကွယ်သော ဣသရေလများကို သုံးနှစ်ခွဲမိုဃ်းမရွာစေခြင်း ငါှ ဒဏ်ခတ်ခဲ့ဘူးသည် (၃ရာ ၁ရ)။ သက်သေခံနှစ် ပါးသည် မြစ်ရေ၊ တွင်းရေများကို အသွေး ဖြစ်စေမည် ဖြစ်သည်။ မောရှေသည် အဲဂုတ္တု ပြည် ရှိနိင်းမြစ်နှင့် ရေအားလုံး ကို အသွေး ဖြစ်စေခဲ့ဘူးသည် (ထွက် ရ)။ ထိုသို့ မိုဃ်း ကောင်းကင်ကို ပိတ်နိုင်ခွင့်နှင့် ရေကို အသွေး ဖြစ်စေနိင်မည် ဖြစ်သောကြောင့် ထိုသက် သေခံနှစ်ပါးတို့သည် မောရှေနှင့် ဧလိယ ဖြစ်မည်ဟု ယူဆကြသည်။ သူတို့ နှစ်ယောက်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် အခြားသူလည်း ဖြစ်နိုင်သည်။ ဘုရားသခင်သည် အလိုရှိသောသူကို အသုံးပြုနိုင်သည်။ အဘယ်ကြောင့်ထို သက်သေခံနှစ်ပါးကို စေလွှတ်သနည်းဟူမူကား ဘုရားသခင်သည် ဘေးဒဏ်ကြီးကာလ အတွင်း၌လည်း လူများကို ကယ်တင်လိုသည်။ ဒုက္ခ ဆင်းရဲ တွေ့ကြုံခြင်းအားဖြင့် လူများသည် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်စေလိုသည်။
၇။ သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်း ထဲက တက်သောသားရဲသည် သူတို့ကို စစ်တိုက်၍ အောင် လိမ့်မည်။ အသက်ကို သတ်ပြီးမှ၊
သက်သေခံနှစ်ပါးတို့သည် သုံးနှစ်ခွဲလုံးလုံးဘေးအန္တရာယ် ကင်းစွာဖြင့် သက်သေခံနိင်မည် ဖြစ်သော်လည်း သူတို့အတွက် ဘုရားသခင်က သတ်မှတ်ထားသောအချိန် စေ့သောအခါ အနက်ဆုံးသောတွင်း ထဲမှ တက်လာသောသားရဲက သူတို့ကို စစ်တိုက်၍ အောင် လိမ့်မည် ဟုဆိုသည်။ အနက်ဆုံးသောတွင်းသည် စာတန် တည်းဟူသော ရှေးမြွေဟောင်းကို အနှစ်တစ်ထောင်ထောင်ချမည့် နေရာ ဖြစ်သည်။သားရဲသည် တကမ္ဘာလုံးကို အုပ်စိုးမည့် အန္တီခရစ် ဖြစ်သည်။ သူ့ကိုသားရဲဟု ခေါ်ခြင်းသည် ဘုရား အမြင်၌ သားရဲကဲ့သို့ဖြစ်သည်။ လူ့အမြင်၌ ကမ္ဘာသမ္မတ၊ သို့မဟုတ် ရှင်ဘုရင် ဖြစ်မည်။ ဘုရားသခင်ကသား ရဲသည် သက်သေခံနှစ်ဦးကို အနိင်တိုက်ရသော အခွင့်ကို ပေးထားသည်။
၈။ သူတို့ သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်း ဟူသောသော ဒုံဟူ၍၎င်း၊ အဲဂုတ္တု ဟူ၍၎င်း၊ အတွင်း အနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏ လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။
သူတို့ သခင်သည် သခင်ယေရှုကို ဆိုလိုသည်။ ယေရှုကို လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်သည် ယေရုရှလင် မြုိ့ ဖြစ်သည်။ ထိုမြို့ကိုသော ဒုံဟု ခေါ်သည်။ ရှေးသော ဒုံမြို့သည် လိင်တူဆက်ဆံခြင်းကို ပြု၍ အပြစ်ကြီး သောကြောင့် ဘုရားသခင်က ကန့်ရောသော မီးနှင့် ဒဏ်ခတ်ဘူးသည် (က ၁၉)။ ယေရုရှလင်နှင့် ယုဒ လူများသည် အပြစ်ကြီး သောကြောင့် ဘုရားသခင်က -သော ဒုံမြို့ကို အစိုးရသော မင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့၊၊ ဂေါမောရမြို့သားတို့၊ ငါတို့ ဘုရားသခင်၏ တရားတော်ကို နားထောင် ကြလော့ (ဟေရှယ ၁:၁၀) ဟုဆို ခဲ့ဘူးသည်။ အဲဂုတ္တုသည်လည်း ယေရုရှလင်မြို့ကို ဆိုလိုသည်။ အဲဂုတ္တုသည်လောက၊ ဘုရား မအုပ်စိုးသော နိင်ငံ ဖြစ်သည်။ လောကသားများက သက်သေခံနှစ်ဦး၏ အလောင်းကို ယေရုရှလင်မြို့လမ်းမပေါ်၌ ထားကြလိမ့်မည်။
၉။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲ ပတ်လုံး အလောင်းကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုလ်ခြင်းကို မြစ်တားကြလိမ့်မည်။
သက်သေခံနှစ်ဦး၏ အလောင်းများကို မသင်္ဂြိုလ်ဘဲ အဘယ်ကြောင့်လမ်းမ ပေါ်၌ ထားကြသနည်းဟူမူကား သူတို့ကို ညှင်းဆဲခဲ့သောကြောင့် သူတို့ကို အောင်မြင် စွာ သတ်နိုင်သောအခါ အားရကျေနပ် လွန်းသောကြောင့် ဖြစ်သည်။
၁၀။ မြေကြီးပေါ်မှ ာ နေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကို တယောက် လက်ဆောင် ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်ကထိုပရောဖက် နှစ်ပါးတို့သည် မြေကြီးပေါ်မှ ာ နေသော သူတို့ကို ပြင်းစွာ နှောက်ရှက်ညှဉ်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။
ထိုပရောဖက် နှစ်ပါးသည် အဘယ်ကဲ့သို့ သူတို့ကို ို ပြင်းစွာ နှောက်ရှက်ညှဉ်း ဆဲကြသနည်းဟူမူကား သုံးနှစ်ခွဲလုံးလုံးမြေကြီး ပေါ်၌ မိုဃ်းခေါင်စေခြင်းအားဖြင့် သောက်သုံးစရာ ရေမရှိ၊ ရှိသော ရေများလည်း သွေး ဖြစ်စေသောကြောင့် ရေငတ်၍ အလွန် ဒုက္ခ ရောက်ကြလိမ့်မည်။ သူတို့ကို သတ်ဘို့ ကြိုးစား၍လည်း မရ။ အကြောင်းမူကား သူတို့ကို မသတ်နိင်မှီ သူတို့ ကအရင်သတ်တတ်ကြသည်။ သူတို့သည် နှစ်ယောက်တည်းသာ ဖြစ်သော်လည်း သူတို့ ပြုလုပ်သော ဘေးဒဏ်သည် လူအများက အလွန် ခံစား ခဲ့ ကြသည်။ ထို့ကြောင့် သူတို့ကို ပြန်လည်ခလှဲ့စားချေနိင်သောအခါ အလွန် အားရဝမ်းမြောက် ကြလိမ့်မည်။
၁၁။ ထိုနောက် သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့်အထံတော်က အသက် ဝိညာဉ်သည် သူတို့၌ ဝင်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသော သူတို့သည် အလွန် ကြောက်ရွံ့ကြ၏။
လောကသားများက သက်သေခံနှစ်ပါးကို အသေသတ်နိင်သောကြောင့် အားရကျေနပ် နေချိန်တွင် ဘုရားသခင်က သူတို့ကို အသက် ပြန်ရှင်စေသည်။ ဤ နေရာ၌ ကိုယ်ခန္ဓာအသက်သည် ဝိညာဉ်၌ ရှိကြောင်း တွေ့ရသည်။ အကြောင်းမူကား သူတို့၏ ဝိညာဉ် ခန္ဓာကိုယ်၌ ဝင်သောအခါ အသက် ပြန်ရှင်သည်။ သူတို့သည် သုံးရက်ခွဲအပြင် လမ်းမပေါ်၌ ထားသောကြောင့် နွေရာသီ ဖြစ်ပါက ကိုယ်ခန္ဓာပုပ် သိုးလောက်ပြီ။ သို့သော် မပုပ် မသိုးဘဲ အသက် ပြန်ဝင်စေသည်။ ထိုအရာကို မြင် ကြသောအခါ လူများသည် အလွန် ကြောက်ရွံ့ ကြသည်။ သူတို့ အားရကျေနပ်၍ ဝမ်းမြောက် ခဲ့ကြသမျှ သဲထဲရေသွန်သလို ပျောက်သွားကြကာ ဝမ်းမြောက်ခြင်းသည် ကြောက်ရွံ့ခြင်း၊ အံ့ဩခြင်း၊ မကျေနပ်ခြင်းသို့ ပြောင်းသွားမည် ဖြစ်သည်။
၁၂။ ကောင်းကင်က ထွက်သော အသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည် ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန် သူတို့သည် မြင်ကြ၏။
သက်သေခံနှစ်ဦးတို့ အသက် ပြန်ရှင်၍ လောကသားများ အလွန် အံ့ဩ ကြောက်ရွံ့ချိန်တွင် ကောင်းကင် ကအသံက ကောင်းကင်သို့ တက်ဘို့ရန် ခေါ်သည်။ ယောဟန်ကို တိုင်လည်း ထိုကဲ့သို့ ခေါ်ခြင်း ခံခဲ့ရသည် (ဗျာ ၄:၁)။ သူတို့သည် ကောင်းကင်သို့ တက်သွားသောအခါ လောကီသား များသည် အလွန် ကြောက်ရွံ့သည်သာမက မကျေမနပ် ဖြစ်နေကြမည် ဖြစ်သည်။
၁၃။ ထိုအချိန် နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုးဆယ်စုတစုဗြုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြင်းသော သူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်းကြ၏။
သက်သေခံနှစ်ဦးကောင်းကင် တက်ချိန်တွင် ကြီးစွာသော မြေလှုပ်၍ မြို့ရိုး ဆယ်စုတစုပြိုသည်။ ထိုမြို့သည် ယေရုရှလင်မြို့ ဖြစ်မည်။ မြေ ငလျှင်လှုပ်သောကြောင့် လူခုနှစ်ထောင်သေသည် ဟုဆိုသည်။ ဤအရာအားလုံး သည် မဖြစ်သေး၊ ရှေ့မည် ဖြစ်မည့် အရာ ဖြစ်သော်လည်း ဘုရားသခင်သည် ကြိုတင် အတိအကျပြောထားခြင်းသည် အနာဂတ်ကို အုပ်စိုးကြောင်း ထင်ရှားသည်။ မြေလှုပ်ခြင်းကြောင့် မသေသော လူများသည် ကြောက်ရွံ့၍ ဘုရားသခင်ကို ချီးမွမ်း ကြသည်။ ဘုရားကို ချီးမွမ်းခြင်းသည် ဘုရားကို ယုံကြည် လာခြင်းကို ဖေါ်ပြသည်။
၁၄။ ဒုတိယအမင်္လာလွန်ပြီ။ တတိယအမင်္လာသည် အလျင် အမြန် လာလိမ့်မည်။
လင်းယုန်တကောင်က၊ ကြွင်း သေးသော ကောင်းကင်တမန် သုံးပါး မှုတ်လုလ တံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္လာ၊ အမင်္လာ၊ အမင်္လာရှိ ကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်ကို ငါကြား၏ (ဗျာ ၈:၁၃)ဟု တွေ့ခဲ့ရသည်။ ပဌမ အမင်္လာသည် ပဥ္စမတံပိုးမှုတ်သောအခါ ဖြစ်၍ အနက်ဆုံးသောတွင်း ဖွင့်သောအခါ ကျိုင်းကောင်တို့ ထွက်လာသည်။ ထိုကျိုင်းကောင်များကြောင်း လူများသည် ငါးလပတ်လုံး အလွန် ဝေဒနာ ခံ၍ သေချင် သောလည်း မသေနိင်ခဲ့ကြချေ (ဗျာ ၉)။ ဒုတိယအမင်္လာသည် ဆဌမတံပိုးမှုတ်သောအခါ အထက်၌ ဖေါ်ပြသော သက်သေခံနှစ်ပါးပေးသော နှောက်ရှက်ခြင်းနှင့် မြေလှုပ်ခြင်းကြောင့် လူခုနှစ်ထောင်သေခြင်း ဖြစ်သည်။ တတိယအမင်္လာဟု ကျမ်းစာ ကမရေးတော့သော်လည်း ဗျာ ၈:၁၃၌ ဒ ကောင်းကင်တမန် သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့်ဒ ဟုဆိုသောကြောင့် တတိယအမင်္လာသည် သတ္တမ ကောင်းကင်တမန် တံပိုးမှုတ်သောအခါ ဖြစ်ပျက်သောအရာ ဖြစ်မည်။ ထိုအရာကို အောက်တွင် တွေ့ရသည်။
၁၅။ သတ္တမ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသော အသံတို့က၊ လောကီနိုင်ငံ သည် ငါတို့ အရှင်၏ နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော် နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူ မည်ဟု ပြောဆို ကြ၏။
သတ္တမ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ လောကီနိင်ငံသည် ငါတို့ အရှင်၏ နိင်ငံ ဖြစ်လေပြီ ဟုဆိုသည်။ လောကီတနိင်ငံလုံးကို ခရစ်တော် ကအုပ်စိုးလေ ပြီ။ ဤအရာသည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး ခရစ်တော် ဒုတိယအ ကြိမ်ကြွလာမှ ပြည့်စုံမည့် အရာ ဖြစ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဗျာဒိတ်ကျမ်း၏ အလယ်၌ ထိုကဲ့သို့ ရေးထားသနည်းဟု ဒေွ့ဟ ဖြစ်နိုင်သည်။ ကျမ်းစာ ရေးသောအခါ အစဉ်အလိုက် မရေးဘဲ နောက် ဖြစ်မည့် အရာကို အရှေ့၊ ရှေ့ ဖြစ်မည့် အရာကို အ နောက်မှာ ရေးတတ်သည်။ ဥပမာ၊ အာဒံနှင့် ဧဝဖန်ဆင်းခြင်းကို ကမ္ဘာဦးကျမ်း၁:၂ရ၌ ရေးထားခဲ့ပြီ။ သို့သော်က ၂:၁၈၌ -ထာဝရ အရှင် ဘုရားသခင်က လည်း၊ယောက်ျားသည် တယောက် တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏ ဟူ၍ ဧဝကို မဖန်ဆင်းသေးချိန်ကို ပြန်ရေးလိုက်သည်။ တဖန်က ၂:၂၁-၂၂၌၊ ထိုအခါ ထာဝရ အရှင် ဘုရားသခင်သည် လူကို ကြီးသော အိပ်ခြင်းနှင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင် ထုတ်ပြီးလျှင်၊ ထိုအ ရိုးအစား အသား ကိ စေ့စပ်စေတော်မူ၏။ ထာဝရ အရှင် ဘုရားသခင်သည် လူထဲ ကထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ဟု ရေး ပြန်သည်။ ဆိုလိုသည်မှာ အစ၌ အာဒံနှင့် ဧဝဖန်ဆင်းခြင်းကို အကြမ်းဖျဉ်းရေးထား၍ နောက်မှအသေးစိပ် ပြန်ရေးခြင်း ဖြစ်သည်။ ဒံယေလကလည်း သူစာရေးသောအခါ အခန်းကြီး ၆သည် အခန်းကြီး ရ နောက်မှ ဖြစ်ပျက်သော်လည်း အခန်း ကြီး၆ကို အရင်ရေးလိုက်သည်။ ထိုနည်းတူ ဗျဒိတ်ကျမ်း၁၁:၁၅၌ ဘေးဒဏ်ကြီးကာလ ဆုံး၍ ခရစ်တော်၏ နိင်ငံတည်ထောင်ခဲ့ပြီ။ သို့သော် အခန်းကြီး ၁၂-၁၉ အထိသည် နောက်ကြောင်း ပြန်၍ သော်၎င်း၊ အသေးစိပ် ၍ သော်၎င်းပြန်လည် ရေးထားခြင်း ဖြစ်သည်။
၁၆။ ဘုရားသခင့်ရှေ့တော်၌ မိမိတို့ ပလ္လင်ပေါ်မှာ ထိုင်သော အသက်ကြီးသူ နှစ် ဆယ်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ ၁ရ။ အနန္တတန် ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။
တလောက လုံးသည် ခရစ်တော်က စာတန် လက်ထဲမှနှုတ်၍ ပြန်လည် အုပ်ချုပ်သောအခါ ကောင်းကင်၌လည်း အလွန် ဝမ်းမြောက် ကြကြောင်း တွေ့ရသည်။ စာတန်သည် မြေကြီး အပေါ်၌သာမက ကောင်းကင်၌လည်း အနှောက်အရှက် ဖြစ်သည်။ ဤလောကသည် စာတန်က ယပိုင်ဆိုင်သည်ကို ကောင်းကင် ရောက် ယုံကြည်သူများအား မရဖြစ်နေကြသည်။ ထို့ကြောင့် ခရစ်တော် ကအုပ်စိုးသောအခါ အလွန် အားရ၍ အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့က အားရလွန်း၍ ထာဝရဘုရားကို ပြပ် ဝပ်၍ ကိုးကွယ်ကြသည်၊ ချီးမွမ်း ကြသည်။ သို့သော် ယနေ့ ယုံကြည်သူများက ခရစ်တော် အုပ်စိုးမည့် နိင်ငံကို မမြော်လင့်ဘဲ စာတန် အုပ်စိုးနေသော ဤလောကကို အလွန်နှစ်သက်ကြကို ဝမ်းနည်းဘွယ်တွေ့မြင်ရသည်။ ထိုသို့ဖြစ်ခြင်းသည် စာတန်က အုပ်စိုးခြင်းကို နှစ်သက်ကြသောကြောင့် ဖြစ်သည်။ သို့မဟုတ် မသိ နားမလည် သောကြောင့် ဖြစ်သည်။
၁၈။ လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက် ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန် တည်းဟူသော ပရောက်ဖက်တို့ အား၎င်း၊ သန့်ရှင်း သူတို့ အား၎င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူအကြီး အငယ်တို့ အား၎င်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍၊ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက် ပါပြီဟု လျှောက်ဆိုကြ၏။
ထိုနောက်ဆုံးသော တရားစီရင်ခြင်း ခရစ်တော် ကအုပ်စိုးခြင်းသည် ဘုရား၏ အုပ်စိုးခြင်းကို မခံလူသော လူမျိုးတို့ကို အမျက်တော်လောင်းခြင်း ဖြစ်သည်။ သူတို့သည် သေလွန်သွားလျှင်လည်း တရားစီရင်ခြင်း ခံရမည် ဖြစ်ကြောင်း ဗျာ ၂၀၌ တွေ့ ရသည်။ သို့သော် ဘုရားသခင်၏ ကျွန်များ တည်းဟူသော ပရောဖက်များနှင့် သန့်ရှင်းသူ တည်းဟူသော ယုံကြည်သူများအတွက်မူ ထိုနောက် ဆုံးသော အချိန်သည် ဆုကျေးဇူးခံစားရသောအချိန် ဖြစ်သည်။ ယခုအခါ ယုံကြည်သူများ အထူးသဖြင့် မှန်ကန်စွာဖြင့် အမှုတော်ဆောင် သူများသည် ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ နှိမ်ခြင်းများခံစား နေရသည်။ ထို့ကြောင့် ပရောဖက် ဟဗက္ကုက၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလ ပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလ ပတ်လုံး အော်ဟစ်ရပါမည်နည်။ မတရားသော အမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူ သနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူ သနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း၊ အဘယ်ကြောင့် လူချင်းပြုရပါသနည်း။ သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်း မရှိပါ။ မတရားသော သူတို့သည် ဖြောင့်မတ်သော သူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။ (ဟာ ၁:၂-၄)ဟု မေးသောအရာ၊ ဆာလံ ဆရာက၊ အိုထာဝရဘုရား အကျွန်ုပ်ကို အလျှင်း မမှတ်ဘဲ အဘယ်မျှ ကာလ ပတ် လုံး မေ့လျော့တော်မူ မည်နည်း၊၊ အဘယ်မျှကာလ ပတ်လုံး မျက်နှာတော်ကို ကွယ် ထားတော်မူ မည်နည်း၊၊ အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှကာလ ပတ်လုံး တွေးတောသော စိတ်ရှိရပါမည်နည်း၊၊ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလ ပတ်လုံး အကျွန်ုပ်ကို အုပ်စိုုးရပါမည်နည်း၊ (ဆာ ၁၃:၁-၂) ဘေးဒဏ်ကြီး ကာလ၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက် ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင် အောက်၌ ငါမြင်၏။ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အ လျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလ ပတ်လုံးနေတော်မူ မည်နည်း၊ (ဗျာ ၆:၉-၁၀)ဟု မေးသော အရာများကို နောက်ဆုံး၌ အဖြေပေးသောအချိန် ဖြစ်သည်။
၁၉။ တဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍ ဗိမာန်တော် ထဲမှာ ပဋ္ဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်း ဖြစ်ကြ၏။
ဗိမာန်တော် အစစ်သည် ကောင်းကင်ဘုံ၌ ရှိသည်။ ထိုဗိမာန်တော် အထဲ၌ ရှိသော ပဋ္ဋိညာဉ်သေတ္တာတော်သည် အသန့်ရှင်းဆုံးဌါနတွင် ရှိသည်။ ထိုပဋ္ဋိညာဉ် သေတ္တာတော်သည် ဘုရားသခင်၏ ပလ္လင်တော် ဖြစ်သည်။ ထိုအရာမြင်ခြင်းသည် သန့်ရှင်းသောသူ ဖြစ်သည်။ အကြောင်းမှာ သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ (ဟေ ၁၂:၁၄) ရေးထားသည်။ ထိုသေတ္တာတော် သို့မဟုတ် ပလ္လင်တော် ပေါ်၌ ဘုရားသခင်က ျိန်းဝပ်တော်မူသည် (ထွက် ၂၅:၂၂)။ ထိုပလ္လင်ပေါ်မှ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းတို့သည် ဘုရားသခင်၏ အမျက်တော်လောင်းခြင်း၊ တရားစီရင်ခြင်း၊ ဘုန်းတန်ခိုးပြခြင်းတို့ ဖြစ်သည်။ သူသာလျှင် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးခြင်းကို ဖေါ်ပြသည်။
ဧဝံဂေလိ ခရီးစဉ်
November ၂၈ မှ ၃၀ နေ့အထိ Battle Creek GBC မှ ကျင်းပမည့် Camping ၌ ဆရာမောဇက်တို့ လင်မယား၊ ဆရာယောရှုတို့ လင်မယားသည် သင်တန်းပေးကြပါသည်။
ဆရာမောဇက်နှင့် အဖွဲ့သည် December လ ဒုတိယနှင့် တတိယပတ် အတွင်း Buffalo, Rochester, Syracuse မြို့များသို့ ဧဝံဂေလိ ခရီး ထွက်ကြမှ ဖြစ်သည်။ ထိုနောက် ဆရာမောဇက်သည် ဇန္နဝါရီနှင့် ဖေဖဝါရီလအတွင်း ဩစတြေးလျနိင်ငံသို့ ဧဝံဂေလိ ခရီး စဉ်ပြုမည် ဖြစ်သည်။
ဆရာယောရှုလည်း ဇန္နဝါရီလအလယ်လောက်မှဩစတြေးလျနိင်ငံသို့ ဧဝံဂေလိ ခရီး ထွက်မည်ဟု သိရပါသည်။
ဆရာဇော်ဂျာတို့ မိသားစုသည် ဒီဇဘ်ာလ ၁၄ ရက်နေ့တွင် မြန်မာပြည်သို့ ဧဝံဂေလိ ခရီး စဉ်ပြုမည် ဖြစ်သည်။ အပြန်တွင် ဂျပန်နိင်ငံသို့ ဝင်၍ သင်တန်းများ ပေးမည့် အကြောင်း သိရှိရပါသည်။