GOODNEWS
  HOME  GOODNEWS  2014 NOV

 


 

အမှာစာ
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်း လသို့ ရောက် ရှိကြသည်။ သို့သော် များစွာသော အမေရိကန်များသည် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းသည်ဟု မဆိုဘဲ အစားအသောက်အတွက်၊ အလုပ်အတွက်၊ ပြသနာ ပြေလည်သောကြောင့် ဝမ်းမြောက်သည် (I am very thankful for so and so) ဟုပြောတတ်ကြသည်။ ကျေးဇူးပြုသောသူမရှိဘဲ ကျေးဇူးမရှိနိင်ချေ။ ထို့ကြောင့် ကျေးဇူးတော်ကို ရေတွက်၍ ကျေးဇူးပြုသော ဘုရားသခင်ကို ချီးမွမ်းကြပါစို့။ ဤသတင်းကောင်း စာစောင်လည်း၂၀၀၉ မှစ၍ ယနေ့ တိုင်နှစ်တိုင်း လတိုင်း ထုတ်ဝေဖြန့်ဖြူးနိင်သောကြောင့် ပြုတော်မူသော ဘုရားရှင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။ 

ထို့အပြင် ၂၀၁၃ ခုနှစ်နိုဝဘ်ာလမှစ၍ စတင်ခဲ့သော သက်သေခံခြင်းနှင့် အမှုတော်ဆောင်မွေးထုတ်ခြင်း ကိုလည်း အောင်မြင် စွာ ပြုလုပ် နိင်သောကြောင့် ကျေး ဇူးတော် ချီးမွမ်းပါသည်။ အချို့သောသူများ အမှုတော်ဆောင်ခြင်းမှ ရပ်နားသွားသောသူများရှိသော်လည်း အမှုတော်ဆောင်အသစ်များသည် ဆက်လက်၍ သစ္စာရှိစွာနေ့ တိုင်း ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းများလုပ်ဆောင်နိင်သောကြောင့် ကျေးဇူးတော် ချီး မွမ်းပါသည်။ ထို့အပြင် ယုံကြည်သူများအထဲမှသင်တန်းပေးနေ သူများ၊ သက်သေ ခံသောသူများရှိလာကြပါသည်။ နေ့တိုင်း ဆုတောင်းခြင်း ကိုလည်း Indianapolis GBC  နှင့် Battle Creek GBC ၌ ပြုလုပ် နိင်သောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ 

အမှုတော်ဆောင်ခြင်းသည် တနင်္နွေနေ့နှင့် အသင်းတော် အစီစဉ်၌ တရားဟောခြင်း၊ အိမ်သစ်တက်၊ မွေးနေ့၊ ကျေးဇူးတော် ချီးမွမ်းခြင်း၊ အသုဘအစီအစဉ်၌ ဆောင်ခြင်းများသာ မဟုတ်ဘဲ နေ့စဉ်နှင့် အမျှပျောက်ဆုံး ဝိညာဉ်များကယ်တင် ဦးခြင်း အကြောင်း ပြောပြခြင်း ဖြစ်ကြောင်းကို သိရှိလာကြသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ အမှုတော်ဆောင်ခြင်းသည် လခစားဘို့၊ ဂုဏ်ရှိဘို့၊ လူများ၏ အရို အသေပေးခြင်း ခံဘို့ မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့် အသက်ရှင်ဘို့၊ လူများကို သနား၍ ကယ်တင်ခြင်း အကြောင်း ပြောဘို့၊ နားမထောင်ချင်သောသူများကို ဆုတောင်း မေတ္တာပို့ဘို့ ဖြစ်ကြောင်း ကိုလည်း သိရှိလာ ကြသည်။ ယုံကြည်သူများလည်း တတ် နိုင်သမျှ အမှုတော် မြတ်ကြီး၌ ပါဝင်ခြင်း ဖြစ်ကြောင်း၊ မပါဝင်နိင်သေး သူများလည်း ပါဝင်ဘို့ လိုကြောင်း သိရှိလာကြသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ 
 

ယခုလစာစောင်တွင်....

ကျေးဇူးတော် ချီးမွမ်းခြင်း 
ဆုတောင်းခြင်း 
ကယ်တင်ခြင်း 
ကောင်းကင်နိင်ငံတော် 
ကျမ်းစာဖတ်ကြစို့

Not a Proverb 
သက်သေခံချက်
ဧဝံဂေလိ ခရီး စဉ်
 
 
 
ကျေးဇူးတော် ချီးမွမ်းခြင်း 

ကျေးဇူးတော် ချီးမွမ်းခြင်း ပြုကြသောအခါ များသောအားဖြင့် ကိုယ်ခန္ဓာ ပိုင်းအတွက် ပြုတော်မူသော ကျေးဇူးတော် များကိုသာ ချီးမွမ်းတတ်ကြသည်။ ထိုအ ရာကို ကြည့်ခြင်းအားဖြင့် ယုံကြည်သူများသည် ဝိညာဉ်ပိုင်းကျေးဇူးတော်ထက် ကိုယ်ခန္ဓာပိုင်းကျေးဇူးတော်ကို ပို၍ တန်ဘိုး ထား၊ ဂရုစိုက်ကြကြောင်း ထင်ရှားသည်။ အမှန်မှာ ကိုယ်ခန္ဓာထက် ဝိညာဉ်သည် နှိုင်းဆ၍ မရအောင် တန်ဘိုးရှိသည်။ ကိုယ်ခန္ဓာသည် ခဏသာအသက်ရှင်၍ ဝိညာဉ် ထွက်သွားသည်နှင့် တပြိုင်နက် ပုပ်ပျက်ကာရွံစရာ အလွန် ကောင်း၍ နောက်ဆုံး၌ မြေမှုန့်ဖြစ်သွားမည် ဖြစ်သည်။ ဝိညာဉ် မထွက်မှီ ပင် မကျန်းမာပါက အကျိုးမရှိ၊ အနာရောဂါရှိပါက ရွံစရာ အလွန် ကောင်းသည်။ သို့သော် လူသည် ကိုယ်ခန္ဓာကိုသာ အဓိကထား ကြသည်။ ထိုကြောင့် ဝိညာဉ်ပိုင်း ကောင်းကြီးထက် ကိုယ်ခန္ဓာပိုင်းကောင်းကြီးကိုသာလျှင် အလိုရှိ ကြသည်။ လူလူချင်း ကူညီသောအခါ၌လည်း ဝိညာဉ်ပိုင်းကူညီခြင်းထက် ကိုယ်ခန္ဓာပိုင်းကူညီခြင်းကို ပို၍ နှစ်သက်တန်ဘိုး ထား၍ ဝမ်းမြောက် တတ်ကြသည်။ ဝိညာဉ် ကယ်တင်ခြင်း အတွက်ကူညီသည်ထက် ငွေ၊ ကား၊ အိမ်များလက်ဆောင်ပေးလျှင် တသက်လုံးမမေ့ နိုင်လောက်အောင် ကျေးဇူးတင်မည် ဖြစ်သည်။ သို့သော် အမှန်တကယ် အကျိုးရှိသောအရာကို တမလွန်ဘဝမှာကောင်းစွာ သဘောပေါက်ကြပေလိမ့်မည်။ 

ရှင်ပေါလုသည် ဝိညာဉ်ပိုင်းကျေးဇူးတော် အတွက်သာ ကျေးဇူးတော် ချီးမွမ်း တတ်ကြောင်း တွေ့ရသည်။ ဧဖက် အသင်းတော်၌ ရေးသော စာ၌ ဤသို့ တွေ့ရသည် -ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ခြင်း အကြောင်းကို ငါသည် ကြားပြီးလျှင်၊ သင်တို့ကို အကြောင်း ပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းလျက်၊ သင်တို့ အဘို့ အလိုငှါ ဆုတောင်း ပဌနာ ပြုလျက် နေ၏ (ဧဖက် ၁:၁၅-၁၆)။ ရှင်ပေါလုသည် အဘယ် အရာအတွက် ချီးမွမ်းသနည်း။ ဧဖက် ယုံကြည်သူများသည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူ တည်းဟူသော ယုံကြည်သူများကို ချစ်ခြင်း အတွက် ချီးမွမ်းခြင်း ဖြစ်သည်။ ကောလောသက်အ သင်းသားများထံ၌လည်း ဤသို့ စာရေးခဲ့သည် -သင်တို့သည် ယေရှုခရစ်ကို ယုံ ကြည်၍၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊ သမ္မာတရား တည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်ကကြားသိ ကြသည် အတိုင်း၊ သင်တို့ အဘို့ ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့ အဘို့ အစဉ်မပြတ်် ဆုတောင်း၍၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ (ကော ၁:၃-၅)။ ကောလောသဲ အသင်းတော်နှင့် ပတ်သက်၍လည်း သူတို့သည် ယေရှုခရစ်ကို ယုံကြည်ကြခြင်း၊ သန့်ရှင်း သူတို့ကို ချစ်ခြင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းသည်။ ထိုမျှသာမက သူတို့အတွက် ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့် ကျေးဇူးတော် ချီးမွမ်းသည်။ 

ရှင်ပေါလုသည် ရောမ အသင်းတော်နှင့် ပတ်သက်၍လည်း ဤသို့ ကျေးဇူးတော် ချီးမွမ်းသည် -သင်တို့၏ ယုံကြည်ခြင်း အရာသည် မြေတပြင်လုံး၌ အနှံ့အပြားကျော် စောသည် ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ် တော်အားဖြင့်၊ ငါ၏ ဘုရားသခင်ကျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏ (ရော ၁:၈)။ ရောမ အသင်းတော်၏ ယုံ ကြည်ခြင်းသည် မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ ဖိလိပိ` အသင်းတော်နှင့် ပတ်သက်၍ -ငါသည် ဆုတောင်း ပဌနပြုသောအခါ ခါ၊ ဝမ်းမြောက်သော စိတ်နှင့် သင်တို့ ရှိသမျှ အဘို့ကို အစဉ် ဆုတောင်း ပဌနာ ပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါ ခါ၊ သင်တို့သည် ရှေ့ဦးစွာသော နေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂေလိတရားကို ဆက်ဆံ၍ ခံစား ကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏ (ဖိလိ ၁:၃-၅)။ ဖိလိပ္ပိ အသင်းသား များသည် ဧဝံဂေလိတရားကို ဆက်ဆံ၍ ခံစား သောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ ဧဝံဂေလိတရားကို ဆက်ဆံသည် ဆိုသည်မှာ ဧဝံဂေလိ ဟောပြောခြင်း၌ ပါဝင်ခြင်းကို ဆိုသည်။ 

ငါတို့အဘ တည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သော စိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သော စိတ်နှင့် ကြိုးစားအား ထုတ်ခြင်း၊ ငါတို့ သခင်ယေရှုခရစ်ကို မြော်လင့်သော စိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင် ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ ခံရသော ရွေး ကောက်တော်မူခြင်းကို သိလျက်၊ သင်တို့ အပေါင်းကို အကြောင်း ပြုသဖြင့်၊ ဘုရားသခင် 
၏ ကျေးဇူးတော်ကို ကာလ အစဉ်ချီးမွမ်း၍ သင်တို့ အဘို့ အလိုငှါ ဆုတောင်း ပဌနာ ပြုလျက် နေကြ၏ (၁ သက် ၁:၂-၄)။ သက်သာလောနိတ် အသင်းတော်သည် ယုံကြည်သော စိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သော စိတ်နှင့် ကြိုးစားအား ထုတ်ခြင်း၊ သခင်ယေရှုခရစ်ကို မြော်လင့်သော စိတ်နှင့် တည်ကြည်ခြင်းနှင့် သူတို့ကို ရွေးကောက်တော်မူခြင်း များကြောင့် ပေါလုကကျေးဇူးတော် ချီးမွမ်းသည်။ ဆက်လက်၍ - ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းသည် အလွန် တိုးပွား၍၊ လူတိုင်း အသီးအသီး တို့သည် အချင်း ချင်းချစ်ခြင်း မေတ္တာနှင့် ပြည့်စုံကြသည် ဖြစ်၍၊ ငါတို့သည် ပြုသင့်သည် အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏ (၂ သက် ၁:၃)။ သူတို့၏ ယုံကြည်ခြင်း အလွန် တိုးပွား၍ အချင်းချင်းချစ်ခြင်း မေတ္တာနှင့် ပြည့်စုံကြ သောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ 

ကောရိန္တု အသင်းတော်နှင့် ပတ်သက်၍ လည်း၊ သင်တို့သည် ထိုခရစ်တော် အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိ အပေါင်းနှင့် ကြွယ်ဝ ပြည့်စုံကြသည် ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့အား ပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့ အကြောင်းကြောင့် ငါ့ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ် မပြတ် ချီးမွမ်း၏ (၁ ကော ၁:၅-၆)။ ကောရိန္တု အသင်းသား များသည် ခရစ်တော်အားဖြင့် နှုတ်သတ္တိ၊ ဥာဏ်သတ္တိ အပေါင်းနှင့် ပြည့်စုံကြွယ်ဝ၍ ယေရှုခရစ်အားဖြင့် ဆုကျေးဇူးတော်များကို ခံစား သောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ 

တိမောသေနှင့် ပတ်သက်၍ -သင်၏ မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှါ အလွန် လွမ်းသော စိတ်ရှိသဖြင့်၎င်း၊ သင်၏ အဘွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်း တည်းဟူသော၊ ငါသဘော ကျသည် အတိုင်း၊ သင်၌လည်း တည်သော ယုံကြည်ခြင်း စစ်ကို မှတ်မိသဖြင့်၎င်း၊ နေ့ညဉ့်မပြတ် ဆုတောင်း ပဌ နာပြုသည် တွင်၊ သင့်ကို မခြားမလပ်အောက်မေ့သည် ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည် အတိုင်း၊ ကိုယ်ကိုကိုယ် သိသော စိတ်စင်ကြယ်ခြင်းနှင့် တကွ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏ (၂ တိ ၁:၃-၅)။ ပေါလုသည် တိမောသေနှင့် ပတ်သက်၍ သူ၌ အဘွားလောဣနှင့် အမိဥနိတ်တို့ ကဲ့သို့ ယုံကြည်ခြင်း အစစ်ရှိသော်ကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်း ဖြစ်သည်။ ဖိလေမုန်နှင့် ပတ် သက်၍ -သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်သည်ဟု ငါသည် ကြားလျှင်၊ ငါ၏ ဘုရားသခင့်ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်း ပဌနာ ပြုလျက် နေ၏ (ဖိလေ ၁:၄-၅)။ ပေါလုက ဖိလေမုန်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်သည်ဟု ကြားသောကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်း ဖြစ်သည်။ 

အထက်ပါ ကျမ်းပိုဒ်အားလုံး ကြည့်သောအခါ ပေါလုသည် အသင်းတော်များနှင့် ယုံကြည်သူများ ကိုယ်ခန္ဓာပိုင်းအရာ၌ ကောင်းစား သောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်ဟု မတွေ့ရချေ။ သူတို့၏ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မြော်လင့်ခြင်း၊ ဧဝံဂေလိတရား၌ ပါဝင်ခြင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းခြင်း ဖြစ်သည်။ အကြောင်းမှာ ပေါလုအတွက် ဝိညာဉ်ရေးရာသည် အလွန် အရေးထားသည်။ ​ကျွန်ပ်တို့လည်း ယခုမှစ၍ ခဏသာတည်၍ ပျက်စီးသွားတတ်သော ကိုယ်ခန္ဓာနှင့် ဆိုင် သောလောကအရာများအတွက်သာ ကျေးဇူးတော် မချီးမွမ်းတော့ဘဲ ထာဝရ တည် တန့်၍ မပျက်စီးနိင်သော ဝိညာဉ်ရေးရာ ကောင်းကြီးများအတွက် ကျေးဇူးတော် ချီးမွမ်း ကြပါစို့။ ငါတို့ကို ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မြော်လင့်ခြင်း ပေးခြင်းများအတွက် ဖြစ်စေ၊ သမ္မာတရားကို သိနားလည်စေခြင်း၊ ဧဝံဂေလိ လုပ်ငန်း၌ ပါဝင်ခွင့်ရရှိခြင်းများအတွက် ကျေးဇူးတော် ချီးမွမ်းကြပါစို့။ 
 
  
ဆုတောင်းခြင်း 
များစွာသော ခရစ်ယာန် များ၏ ဆုတောင်းခြင်းသည် ဝိညာဉ်ရေးရာထက်လောကအရာ၊ ကိုယ်ခန္ဓအတွက် သာလျှင် ဖြစ်သည်။ အများဆုံး ဆုတောင်းသော အချက်များသည်၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး၊ ပြသနာ ပြေလည်ရေး၊ မိမိအစီ အစဉ် ဖြစ်မြောက်ရေး၊ ဘေးအန္တရာယ် မှလုံခြုံရေး၊ ပညာရေး၊ တိုးတက်ရေးများသာလျှင် ဖြစ်သည်။ ဝိညာဉ်ပိုင်းအတွက် မူသမံကာလ ျှံကာ ဆုတောင်း တတ်ကြသည်။ ဓမ္မ ဟောင်းကာလ၌ ဣသရေလ လူများသည် ကိုယ်ခန္ဓာနှင့် လောကနှင့် ဆိုင်သော အရာများအတွက် အများစု ဆုတောင်း တတ်ကြသည်။ သို့သော် ခရစ်တော်နှင့် ဓမ္မသစ် ယုံကြည်သူများသည် ကိုယ်ခန္ဓာပိုင်း၊ ဤလောက အတွက်ထက် ဝိညာဉ်ပိုင်းဆိုင်ရာ အတွက် ဆုတောင်းသည်ကို တွေ့မြင်ရသည်။ 
 
ခရစ်တော်၏ ဆုတောင်းခြင်း (ယော ၁၇) 

ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့်မျှော်၍၊ အိုအဘ၊ အ​ကျွန်ုပ်အချိန် ရောက်ပါပြီ။ ၂ ကိုယ်တော်သည် သားတော် လက်သို့ အပ်ပေးတော်မူသမျှသော သူတို့အား ထာဝရ အသက်ကို ပေးစေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို အစိုးရသော အခွင့်တန်ခိုးကိုသားတော် အားပေးတော်မူသည်နှင့် အညီ၊ သားတော်သည် ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ ဘုန်းကို ထင်ရှား စေတော်မူပါ။ ၃ ထာဝရ အသက် ဟူမူကား၊ မှန်သော ဘုရားသခင် တဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ် ကို၎င်း၊ သိ​ကျွမ်းခြင်း တည်း။ ၄ အ​ကျွန်ုပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေ ပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။ ၅ အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အ​ကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အ​ကျွန်ုပ်ကို အထံတော်၌ ချီး မြှောက်တော်မူပါ။ 

၆ ဤလောက ထဲမှယူ၍ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော သူတို့အား အ​ကျွန်ုပ်သည် ကိုယ်တော်၏ နာမကို ပြပါပြီ။ ထို သူတို့ကို ကိုယ်တော်သည် ပိုင်တော်မူ သဖြင့် အ​ကျွန်ုပ် အားပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည် စောင့်ကြပါ၏။ ၇ အ​ကျွန်ုပ် အားပေးတော်မူသမျှတို့သည် ကိုယ်တော်မှ ဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။ ၈ အကြောင်းမူကား၊ အ​ကျွန်ုပ် အားပေးတော်မူသမျှသောအရာ တို့ကို သူတို့အား အ​ကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့်၊ အ​ကျွန်ုပ်သည် အထံတော် မှကြလာသည်ကို အတတ်သိကြသည်နှင့် ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။ ၉ သူတို့အဘို့ အလိုငှါ အ​ကျွန်ုပ် ဆုတောင်း ပါ၏။ လောကီသားတို့ အဘို့ အလိုငှါ ဆုတောင်းသည် မဟုတ်ပါ။ အ​ကျွန်ုပ် အားပေးတော်မူသော သူတို့သည် ကိုယ်တော်၏ လူဖြစ်သောကြောင့်၊ ထို သူတို့အဘို့ အလိုငှါ ဆုတောင်း ပါ၏။ ၁၀ အ​ကျွန်ုပ်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့သည်လည်း အ​ကျွန်ုပ်နှင့် စပ်ဆိုင်၍၊ ထိုအရာတို့အားဖြင့် အ​ကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။ ၁၁ ယခုမှစ၍ အ​ကျွန်ုပ်သည် ဤလောက၌ မရှိပါ၊ ဤ သူတို့ မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အ​ကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသော အဘ၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ် အားပေးတော်မူသော ဤ သူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေတော်မူပါ။ ၁၂ အ​ကျွန်ုပ်သည် ဤလောက၌ ဤ သူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အ​ကျွန်ုပ် အားပေးတော်မူသော သူတို့ကို အ​ကျွန်ုပ်စောင့်မပါပြီ။ ထို သူတို့တွင် ပျက်ဆီးခြင်း၏သား တယောက် မှတပါး အဘယ်သူ မှပျက်ဆီခြင်းသို့ မရောက်ပါ။ ထိုသူသည် ပျက်ဆီးခြင်းသို့ ရောက်သည် အကြောင်း ကား ကျမ်းစာ ပြည့်စုံမည်အကြောင်း တည်း။ 

၁၃ ယခုတွင် အ​ကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရမည် ဖြစ်၍၊ ဤ သူတို့သည် အ​ကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အ​ကျွန်ုပ်ပြောပါ၏။ ၁၄ ကိုယ်တော်၏ နှုတ်ကပတ်တ ရားကို ဤ သူတို့အား အ​ကျွန်ုပ်ပေးပါပြီ။ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤ သူတို့သည် မဆက်ဆံသောကြောင့် လောကီသားတို့သည် ဤ သူတို့ကို မုန်းကြပါ၏။ ၁၅ ဤ သူတို့ကို ဤလောက မှနှုတ်ယူတော်မူ မည်အကြောင်း အ​ကျွန်ုပ် တောင်းသည် မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့် ကင်းလွတ် စေခြင်ငှါ စောင့်မတော်မူ မည်အကြောင်းကိုသာ တောင်းပါ၏။ ၁၆ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက် ဆံ သကဲ့သို့ ဤ သူတို့သည် မဆက်ဆံကြပါ။ ၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏။ ၁၈ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည် နည်းတူ၊ အ​ကျွန်ုပ်သည် ဤ သူတို့ကို စေလွှတ်ပါ၏။ ၁၉ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်း စေမည်အကြောင်း အ​ကျွန်ုပ်သည် သူတို့အဘို့ အလိုငှါ ကိုယ်ကို သန့်ရှင်းစေပါ၏။ 

၂၀ ထို သူတို့ အဘို့ကိုသာ အ​ကျွန်ုပ် ဆုတောင်းသည် မဟုတ်ပါ။ သူတို့ ဟောပြောခြင်းအားဖြင့် အ​ကျွန်ုပ်ကို ယုံကြည်သော သူတို့အဘို့ ကိုလည်း ဆုတောင်း ပါ၏။ ၂၁ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူသည် ကိုလောကီသားတို့သည် ယုံ ကြမည်အကြောင်း၊ ထိုသူ အပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ရှိတော်မူ၍ အ​ကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူ အပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်း ပါ၏။ ၂၂ ငါတို့သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ်သည် သူတို့၌ ရှိ၍၊ ၂၃ ကိုယ်တော်သည်လည်း အ​ကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တလုံးတဝတည်း ဖြစ်၍၊ တလုံးတဝတည်း၌ စုံလင်စေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အ​ကျွန်ုပ်ကို ချစ်တော်မူ သကဲ့သို့ သူတို့ ကိုလည်း ချစ်တော်မူကြောင်းကိုလောကီသားတို့သည် သိစေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းအသရေကို အ​ကျွန်ုပ်သည် သူတို့ အားပေးပါပြီ။ ၂၄ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အ​ကျွန်ုပ်ကို ချစ်၍ အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းတော်ကို အ​ကျွန်ုပ် အားပေးတော်မူသော သူတို့သည် ရှုမြင်ရမည်အကြောင်း၊ အ​ကျွန်ုပ်ရှိရာအရပ်၌ အ​ကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အ​ကျွန်ုပ် အလိုရှိပါ၏။ ၂၅ တရားတော်မူသော အဘ၊ လောကီသားတို့သည် ကိုယ်တော်ကို မသိသော်လည်း အ​ကျွန်ုပ် သိပါ၏။ ၂၆ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထို သူတို့သည် သိကြပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ချစ်တော်မူသော မေတ္တာသည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ အ​ကျွန်ုပ်သည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ ကိုယ်တော်၏ နာမကို အ​ကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီ ဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက်တော်မူ၏။ 

ခရစ်တော်သည် အထက်ပါကဲ့သို့ သူ၏ တပည့်တော်များအတွက် ဆုတောင်း ခဲ့ကြောင်း တွေ့ရသည်။ သူတောင်းပေးသော ဆု၌ ကိုယ်ခန္ဓာပိုင်းမပါဘဲ ဝိညာဉ်ရေးရာသာလျှင် တွေ့မြင်နိုင်သည်။ ရှင်ပေါလုကလည်း အသင်းတော် အများအတွက် ဆုတောင်းသောအခါ၌လည်း ကိုယ်ခန္ဓာပိုင်းထက် ဝိညာဉ်ပိုင်းအတွက် တောင်းပေး တတ်ကြောင်း အောက်ပါကဲ့သို့ ဖတ်နိုင်သည်။ 
 
ရောမ အသင်းတော် အတွက် 

ရောမ အသင်းတော် အတွက် တောင်းသော ဆု-သင်တို့၏ ယုံကြည်ခြင်း အရာသည် မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည် ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ် တော်အားဖြင့်၊ ငါ၏ ဘုရားသခင်က ျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏။ ၉ ငါသည် သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်း ပဌနာ ပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့် တကွငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏ သက်သေခံ ဖြစ်တော်မူ၏။ ၁၀ မကြာမမြင့်မှီ ဘုရားသခင် အလိုတော်အားဖြင့် အဆင် သင့်၍၊ သင်တို့ ရှိရာသို့ ငါလာရသော အခွင့်တစုံတခုရှိပါမည်အကြောင် ဆုတောင်း ပဌနာ ပြု၏။ ၁၁ သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကို အလွန် တွေ့မြင်ချင် ပါ၏ (ရော ၁:၈-၁၁)။ ပေါလုသည် ရောမ အသင်းတော်ကို မတွေ့ဘူးချေ။ ထိုအသင်းတော်သည် မည်သူ ကစတင်ထူထောင်သည်ဟု မသိရပါ။ သို့သော် ပင်တေကုတ္တေ ပွဲ၌ ပါ ဝင်သောသူများ ပြောင်းလဲ၍ သူတို့ ပြန် လာသောအခါ တည်ထောင်ခြင်း ဖြစ်နိုင်သည်။ ထိုအသင်းတော် အတွက် ပေါလုက ဇာတိပိုင်းဆိုင်ရာ အတွက် ဆုတောင်း ပေးခြင်း မတွေ့ရချေ။ သူတို့၏ ယုံကြည်ခြင်းသည် မြေတပြင်လုံးနှံ့ပြားကျော်စောသည် ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် အငြိမ်မနေဘဲ သူတို့၏ ယုံကြည်ခြင်းကို အနှံ့အပြား သက်သေခံဟောပြောသောကြောင့် ဖြစ်မည်။ ထိုအရာအတွက် ပေါလုကကျေးဇူးတော် ချီးမွမ်းသည်။ ​ကျွန်ပ်တို့၏ ယုံကြည်ခြင်းသည် အနှံ့ အပြားကျော်စောပါသလော။ ပေါလုကရောမ အသင်းတော်သို့ လာ၍ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးဘို့ရန် ဘုရားသခင်ထံ ဆုတောင်းသည် ဟုဆိုသည်။ လောကအရာအတွက် လုံး ဝတောင်းပေးခြင်း မတွေ့ရချေ။ 
 
 ဧဖက် အသင်းတော် အတွက် 

ပေါလုက ဧဖက် အသင်းတော် အတွက် ဆုတောင်း ပေးသောအရာ ကိုလည်း အောက်ပါကဲ့သို့ တွေ့ရသည်၊ ဆုတောင်းသော အချက်ဟူမူကား၊ ငါတို့ သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိခြင်း အလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသော ဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊ ၁၈ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာ ကား အဘယ်အရာ ဖြစ်သည်ကို၎င်း၊ သန့်ရှင်း သူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်း စိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ ၁၉ ယုံကြည်သော ငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆု တောင်းပဌနာ ပြု၏။ (ဧဖက် ၁:၁၅-၁၉) 
 
ဖိလိပ္ပိ အသင်းတော် အတွက် 

၉ ငါသည် အဘယ်သို့ ဆုတောင်း သနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာ တို့ကို ပိုင်ခြားစေခြင်းငှါ ဥာဏ်ပညာ အမျိုးမျိုးရှိလျက်၊ ၁၀ မေတ္တာပါရမီ တိုးပွါး၍ ပြည့်စုံမည်အကြောင်းကို၎င်း၊ ၁၁ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ထင်ရှားစေတတ်သော ​ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်း အမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာ ပြု၏။ (ဖိလိ ၁:၉-၁၁) 
 
ကောလောသဲ အသင်းတော် အတွက် 

ငါတို့သည် ကြားရသည် နေ့မှစ၍ သင်တို့ အဘို့ အလိုငှါ အစဉ်မပြတ် ဆု တောင်းပဌနာ ပြုလျက် နေကြ၏။ ဆုတောင်းသော အချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့် အမျိုးမျိုး တည်းဟူသော အသီးကို သီးခြင်း၊ ဘုရားသခင်ကို သိသော ဥာဏ်တိုးပွားခြင်းရှိသဖြင့်၎င်း၊ ဝမ်းမြောက်သော စိတ်နှင့် အရာရာ၌ သည်း ခံခြင်း၊ စိတ်ရှည်ခြင်း အလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော် အတိုင်း ခွန်အားနှင့် ပြည့်စုံ သဖြင့်၎င်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူ စေခြင်းငှါ၊ ပညာ အမျိုးမျိုး၊ ဓမ္မ ဥာဏ် အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆု တောင်းပဌနာ ပြ၏။ (ကော ၁:၉-၁၁)။ 

ဆုတောင်း ပဌနာပြုခြင်း အမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။ ၃ ငါသည် ခရစ်တော်၏ နက်နဲသောအရာ ကြောင့် အချည် အနှောင်ခံရသည် ဖြစ်၍၊ ၄ ထိုနက်နဲသောအရာကို ဟောပြောခြင်းငှါ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူ မည်အကြောင်းကို၎င်း၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့် အညီ ငါဘော်ပြမည်အကြောင်းကို၎င်း၊ ငါတို့အဘို့လည်း ဆုတောင်း ကြလော့။ (ကော ၄:၂-၄) 

သင်တို့ အထဲက ဖြစ်သော ခရစ်တော်၏ ​ကျွန်ဧပဖြသည် သင်တို့ကို နှုတ် ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင်လေ့ ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့ အဘို့ ကာလ အစဉ် ကြိုးစား၍ ဆုတောင်း တတ်၏။ (ကော ၄:၁၂)။ 
 
 
ကယ်တင်ခြင်း 

လူ့ဘဝ၌ ကယ်တင်ခြင်းသို့ ရောက်ခြင်းထက် အရေးကြီးသောအရာ မရှိ တော့ချေ။ သမ္မတ၏ အလုပ်ထက်လည်း အရေးကြီးသည်။ ဆရာဝန်၏ ခွဲစိတ်ခြင်း ထက်လည်း အရေးကြီးသည်။ အလုပ်၊ ကျောင်းတက်ခြင်းများထက်လည်း အရေး ကြီးသည်။ အကြောင်းမှာ ထိုအရာအားလုံး သည် ခဏအတွက်သာ ဖြစ်၍ ကယ် တင်ခြင်းသည် ထာဝရ ကာလ အတွက် ဖြစ်သည်။ သို့သော် လူများသည် ခလေး ကဲ့သို့ အလွန် အမြင် တိုတောင်းသောကြောင့် လောလောဆယ်လူ့ဘဝအတွက် သာလျှင် ဂရုစိုက် ကြသည်။ ထို့ကြောင့် ကယ်တင်ခြင်း အကြောင်းရေးထားသော စာအုပ် ပေးသည်ထက် ငွေအနည်းငယ်ပေးလျှင် သာ၍ ကျေးဇူးတင်သည်။ ကောင်းကင်နိင်ငံ ရောက်ကြောင်း ဟောပြောခြင်းကို နားထောင်သည်ထက် ဘာမျှ အကျိုးမပေးသော သီချင်းကို ပို၍ နားထောင်ချင် ကြသည်။ ထို့ကြောင့် တရားဟောစီဒီပေးလျှင် မယူချင်သော်လည်း သီချင်းစီဒီများမူ တချပ်လျှင် ဆယ်ဒေါ်လာဖြင့် အားရစွာ ဝယ်ယူတတ်ကြသည်။ အော် မသိတတ်ကြပါတကား။ 

ခရစ်တော်က၊ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆:၂၆) ဟုဆိုခဲ့သည်။ လူသည် တခါသာလျှင် အသက်ရှင် ရသည်။ သေသွားပြီးလျှင် နောက်တဖန် အသက်ရှင်ခွင့်မရှိတော့ချေ။ လူသည် ဤရုပ်လောကကိုသာ သိရှိခံစား နိုင်သည်။ ဝိညာဉ်လောကကို မသိရှိမခံစား နိင်သေးချေ။ လူ၏ တန်ဘိုးသည် အဘယ်မှာ ရှိသနည်း။ လူတိုင်း ထင်မှတ်ကြသည်မှာ လူ၏ တန်ဘိုးသည် အောက်ပါအချက်များ၌ ရှိသည်ဟု ထင်ကြသည်၊ 

ဥစ္စာဓန

လူအများစုသည် ဥစ္စာဓနကြွယ်ဝလျှင် တန်ဘိုးရှိသည်ဟု ထင်သောကြောင့် ထိုအရာများကို အသေအလဲရှာဖွေ ကြသည်။ ထိုသို့ဖြစ်ရအောင်လည်း လူအများစုက သူဌေးများကို အထက် မှာကြည့်၍ ဆင်းရဲသားများကို အောက်မှာကြည့် ကြသည်။ 

ပညာ

အချို့သောသူများသည် ပညာရေးကို အဓိကထား ကြသည်။ လောကီပညာ ရှိမှလူရာဝင်သည်၊ လူတောတိုးနိုင်သည်၊ အလုပ်ကောင်းရနိင်သည်ဟု ခံယူသောကြောင့် ပညာရေးကို အလွန် တန်ဘိုး ထားသည်။ ပညာရေးအတွက် အချိန်၊ ငွေနှင့် စွမ်း အားများပေးနိင်သည်။ ခလေး များလည်းလောကီပညာသင်ဘို့ အတွက် တရက်လောက် ကျောင်းပျက်လျှင် မိဘများ အလွန် ပူပန် ကြသည်။ သို့သော် ဝိညာဉ်ရေးရာသင်ဘို့ အတွက်ကျမ်းစာ တင်တန်းတက်ဘို့ မူဂရုမစိုက်ကြချေ။ ဝိညာဉ်ရေးရာသင်ပေးဘို့ အတွက် မကြိုမပို့နိင်သော်လည်း လောကီပညာရေးနှင့် လောက ရေးရာအတွက် ကိုယ့် သားသမီးများကို ကြိုပို့နိင် ကြသည်။ 

အာဏာ

လူအချို့တို့အတွက် အာဏာရှိရေးသည် သူတို့အတွက် အရေးကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် နိင်ငံရေးလိုက်ခြင်း၊ အာဏာရရှိလာရေးအတွက် အရာခပ်သိမ်းကို အရှုံးခံ၍ လိုက်တတ်သည်။ ထို့ကြောင့် သူတို့၏ ဝိညာဉ် ရေး၌ ဂရုမစိုက်နိုင်ကြချေ။ 

ရုပ်ရည်

လူငယ်နှင့် အရွယ်လတ် များစွာတို့သည် ရုပ်ရည်လှပခြင်းသည် အရေးကြီးဆုံး ဖြစ်သည်ဟု ထင်သောကြောင့် ရုပ်ရည်လှပဘို့ အတွက် လိမ်းစရာ၊ ပြင်စရာ၊ ဝတ်စင်စရာ မျိုးစုံကို အမြဲတမ်းဝယ်ယူ အသုံးပြုတတ်ကြသည်။ သူတို့၏ ရုပ်ရည်ပန်းပွင့်ကဲ့သို့ ခဏသာပွင့်၍ ညူးနွမ်းပျက်စီးသွားတတ်ကြောင်းကို မသိကြချေ။ 

အစွမ်းအစ

လူအချို့တို့သည် အစွမ်းအစ တည်းဟူသော အသံကောင်းခြင်း၊ တီးခပ်တတ်ခြင်း၊ အား ကစား ဖြစ်စေ၊ တခုခု၌ ကျော်ကြားခြင်း များသည် ရေးကြီး ဆုံးဟု ထင်မှတ်သောကြောင့် ထိုအရာများကို လိုက်စားရင်းအသက်ကြီး လာတတ်ကြသည်။ ကြိုးစားသောသူတိုင်းလည်း မအောင်မြင် တတ်ကြချေ။ သို့သော် ်သံဝေဂတရားမရကြချေ။ 

၀ါသနာ

အချို့သောသူများသည် မိမိဝါသနာပါရာကို လုပ်နိင်ခြင်းသည် အသက်ရှင်ခြင်း၏ အဓိပ္ပါယ်နှင့် တန်ဘိုး ဖြစ်သည်ဟု ထင်မှတ်ကာ ဝါသနာကို လိုက်စား ကြသည်။ 

အထက်ပါ အရာအားလုံး ကို ရရှိခံစား ခဲ့သော ရှောလမုန်မင်းက၊ ငါသည် ကိုယ်စိတ်နလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူး သောသူ အပေါင်းတို့ထက်ကြီး မြင့်၍ ပညာရှိ၏၊၊ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျင့်၏၊၊ ပညာတရားများကို၎င်း၊ လျှပ် ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ ကို၎င်း၊ ပိုင်းခြား၍ သိအံ့သောငှါ ငါသည် နှလုံးထား၏၊၊ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏၊၊ အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏၊၊ သိပ္ပံအတက်တိုးပွါးသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏၊၊ (ဒေသနာ ၁:၁၆-၁၈) 

၁ တဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ၊၊ ရွှင်လန်းခြင်းအားဖြင့် သင့်ကို ငါစုံစမ်းမည်၊၊ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ ဟုဆိုရာတွင် ထိုအမှု အရာသည်လည်း အနတ္တ ဖြစ်လေ၏၊၊ ၂ ရယ်မောခြင်းကို သင်သည် အရှုး ဖြစ်၏ ဟူ၍၎င်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ ပြုသနည်းဟူ၍၎င်း၊ ငါဆိုရ၏၊၊ ၃ တဖန် လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှု ကောင်းကို သိအံ့သောငှါ၊ ပညာတရားကို လေ့ကျင့်လျက်နှင့် စပျစ်ရည် အလိုသို့ လိုက်၍ မိုက်သော အကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏၊၊ ၄ကြီး ကျယ်သော အလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏၊၊ စပျစ်ဥယျာဉ်တို့ ကိုလည်း စိုက်၏၊၊ ၅ ဥယျာဉ် အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသော အပင်တို့ ကိုလည်း စိုက်၏၊၊ ၆ သစ်ပင်မျိုးနှင့် ပြည့်စုံသော တောကို ရေလောင်းစရာဘို့ ရေ ကန်တို့ ကိုလည်း လုပ်၏၊၊ ၇ ​ကျွန်ယောကျ်ား ​ကျွန်မမိန်းတို့ကို သိမ်းယူ၍၊ ​ကျွန်သား ပေါက်များလည်းရှိကြ၏။ ငါ့အရင် ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ငါသည် တိရစ္ဆာန်အကြီး အငယ်တို့နှင့် အလွန် ရတတ်၏။ ၈ ရွှေငွေကို ၄င်း၊ ရှင် ဘုရင်နှင့် ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသော အခွန်ကို၎င်း ငါဆည်းဖူး၏၊၊ အငြိမ့်သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်လျှာ မိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏၊၊ ၉ ထိုသို့ ငါ့အရင် ယေရုရှင်လင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ငါသည် တိုးပွား၍ကြီး မြင့်ခြင်းသို့ ရောက်၏၊၊ ငါ့ပညာလည်း တည်လျက် ရှိ၏၊၊ ၁၀ ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစုံတခုကိုမျှ မငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှ မပယ်၊၊ ငါကြိုးစား သမျှတို့၌ ဝမ်းမြောက်လျက် ရှိ၍ ကြိုးစားခြင်း အကျိုးကို ခံရ၏၊၊ ၁၁ ထိုအခါ စီရင်ပြုပြင်သမျှ၊ ငါကြိုး စားခြင်း အကျိုးကို ခံရ၏၊၊ ထိုအခါ ငါ့စိတ်ရွှင်လန်းစရာ တစုံတရာကိုမျှ မပယ်။ ငါကြိုး စားသမျှတို့၌ ဝမ်းမြောက်လျက် ရှိ၍ ကြိုးစားခြင်း အကျိုးကို ခံရ၏။ ထိုအခါ ငါစီရင် ပြုပြင်သမျှ ငါကြိုးစားအား ထုတ်သမျှတို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အနတ္တ အမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏။ နေအောက်မှာကောင်းသော အကျိုး တစုံတခုမျှမရှိ။ (ဒေသနာ ၂:၁-၁၁) ရှောလမုန်မင်းသည် လူသားများတပ်မက်သော၊ တန်ဘိုး ထားသော အရာများရှာဖွေ၍ အကုန်ရရှိသော်လည်း နောက်ဆုံး၌ အနတ္တ အကျိုးမရှိ ဟုဆိုသည်။ ထိုအရာကို ဆင်ခြင်ဘို့ လိုသည်။ 

တန်ဘိုး အရှိဆုံး

လူ၌ တန်ဘိုး အရှိဆုံးသောအရာသည် ဝိညာဉ် ဖြစ်သည်။ ဝိညာဉ် မရှိလျှင် လူ ကိုယ်ခန္ဓာသည် မည်မျှပင်ချမ်းသာ၊ အာဏာရှိခဲ့သော်လည်း တန်ဘိုး မရှိတော့ချေ။ အလွန် ချောသောသူလည်း ဝိညာဉ် မရှိလျှင် ကျက်သရေတုံးသည်။ ပညာရှိသောသူလည်း ဝိညာဉ် မရှိတော့လျှင် သူ၏ အကြံအစည်အားလုံး သည် ပျက်စီးသွားသည်။ ထို့ကြောင့် လူ၏ တန်ဘိုးသည် ဝိညာဉ်၌ ရှိကြောင်း ထင်ရှားသည်။ ထိုဝိညာဉ်ကို ဘုရားသခင်ကစကြဝဠာထက် တန်ဘိုး ထားသည်။ ထိုမျှမက လူ့ ဝိညာဉ်သည် သားတော် ယေရှု၏ အသက်နှင့် ရွေးဝယ်စေသောကြောင့် ယေရှု၏ အသက်လောက်တန်ဘိုး ထားသည်။ 

ကိုယ်ခန္ဓ၏ အသက် 

ကိုယ်ခန္ဓာ၏ အသက်သည် အသွေး ဟုဆိုတတ်သော်လည်း အမှန်မှာ သေ ဆုံးသွားသောသူများသည် သွေးမရှိသောကြောင့် မဟုတ်၊ ခန္ဓာကိုယ်ထဲမှ ဝိညာဉ် ထွက်သွားသောကြောင့် ဖြစ်သည်။ သခင်ယေရှုသည် သေသွားသော တရားစရပ်မှုး၏ သမီးကို ရှင်စေသောအခါ သူမ၏ ဝိညာဉ်ကို ကိုယ်ခန္ဓာ၌ ပြန်ဝင်စေကြောင်း ဤသို့ တွေ့ရသည် -ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ လက်ကိုကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည် တွင်၊ စိတ်ဝိညာဉ် ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်း ထလေ၏။ (လုကာ ၈:၅၄-၅၅)။ ထို့အပြင် ယာကုပ်က- ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေ ဖြစ်သကဲ့သို့၊ ဟုဆိုသည် (ယာကုပ် ၂:၂၆)။ ထို့ကြောင့်ကိုယ် ခန္ဓာ၏ အသက်သည် ဝိညာဉ် ဖြစ်သည်။ သို့သော် လူသည် နားမလည် သောကြောင့် ကိုယ့်အသက်ကို ဂရုမစိုက်ကြချေ။ ကိုယ်ခန္ဓာသည် ဝိညာဉ်၏ အခွံ ဖြစ်၍ လူသည် မသိသောကြောင့် အဆံထက် အခွန်ကို တန်ဘိုး ထား၊ သနေကြသည်ကို သနားစဘွယ် တွေ့မြင်နေရသည်။ 
 
၀ိညာဉ်အသက် 

ကိုယ်ခန္ဓာ၏ အသက်သည် ဝိညာဉ် ဖြစ်သကဲ့သို့ ဝိညာဉ်၏ အသက်သည် ခရစ်တော် ဖြစ်သည်။ ခရစ်တော်နှင့် မဆက်လျှင် ဝိညာဉ်သည် အသေ ဖြစ်သည်။ ကျမ်းစာ၌ -ငါတို့ အသက် တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ (ကော ၃:၄) ဟုဆိုသည်။ ခရစ်တော် ကိုယ်တိုင် က-ငါသည် လမ်းခရီး ဖြစ်၏၊၊ သမ္မာ တရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏ ဆိုသည်သည် (ယော ၁၄:၆)။ ခရစ်တော်က ငါသည် အသက်ဖြစ်သည် ဟုဆိုရာတွင် ကိုယ်ခန္ဓာအသက်ကို ဆိုလိုသည် မဟုတ်၊ ဝိညာဉ် အသက်ကို ဆိုလိုသည်။ အကြောင်းမှာ ခရစ်တော်ကို မယုံကြည်သောသူများလည်း ကိုယ်ခန္ဓာအသက်ရှင် ကြသည်။ 

ငရဲသွားဘို့ မွေး

လူ၏ ဝိညာဉ်သည် ခရစ်တော်နှင့် ဆက်ပြီးသားနှင့် မွေးဘွားသည် မဟုတ်။ ခရစ်တော် မပါဘဲ မွေးဘွား ကြသည်။ တနည်းအားဖြင့် ငရဲသွားဘို့ မွေးဘွား ကြသည်။ ထို့ကြောင့် ကိုယ်ခန္ဓအထဲမှ ဝိညာဉ် ထွက်သွားသောအခါ ငရဲသို့ သွားရမည်။ ထိုအ ချိန်တွင် လူတိုင်း အလိုလိုက်ခဲ့သော ကိုယ်ခန္ဓာသည် မြေမှုန့်ဖြစ်၍ ဘာမျှ ခံစားချက် ရှိတော့မည် မဟုတ်။ သို့သော် ဝိညာဉ်သည် ထာဝရ ကာလ ပတ်လုံးမီးထဲ၌ ဒုက္ခ ဝေဒ နာခါစားရမည် ဖြစ်သည်။ ထို့ကြောင့် မသေမှီ၊ ခန္ဓာကိုယ်အထဲမှ ဝိညာဉ် မထွက်မှီတွင် ခရစ်တော်ကို ရရှိဘို့ လိုသည်။ ကျမ်းစာ က- ဘုရားသခင်သည် ငါတို့အား ထာဝရဘုရား အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ(၁ ယော ၅:၁၁-၁၂) ဟုဆိုထားသည်။ ထို့ကြောင့် သင်သည် ဝိညာဉ် အသက် ရရှိဘို့ရန်၊ သို့မဟုတ် ငရဲမှလွတ်၍ ကောင်းကင်နိင်ငံဝင်စား ဘို့ရန် သားတော်ကို ရရှိဘို့ လိုသည်။ အခြားနည်းအားဖြင့် ဝိညာဉ် အသက် မရနိင်ပါ။ လောက၌ အလွန် ချမ်းသာသော်လည်း၊ အောင်မြင် ကျော်ကြားသော်လည်း သင်၏ ဝိညာဉ် ငရဲသွားလျှင် အဘယ် အကျိုးရှိသနည်း။ ထို့ကြောင့် သင်၏ ကိုယ်ခန္ဓာ မသေခင်၊ ခရစ်တော်ကို လက်ခံလိုက်ပါ။ ခရစ်တော်ကို သိရုံနှင့် မရပါ။ စိတ်နှလုံး၌ ရရှိဘို့ လိုသည်။ 

ခရစ်တော် လက်ခံနည်း

 ခရစ်တော် က-ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စား သောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည် ( ဗျာဒိတ် ၃:၂၀) ဟုဆိုထားသည်။ ခရစ်တော်သည် ဤစာအားဖြင့် သင်၏ စိတ်နှလုံးတံခါးကို ခေါက် နေပါသည်။ သင်၏ စိတ်နှလုံးတံခါးကို ဖွင့်၍ ဆုတောင်းခြင်းအားဖြင့် ဝင်ခိုင်းပါ။ ဤသို့ ဆုတောင်း နိုင်သည်။ “သခင် ခရစ်တော် ဘုရား၊ ကိုယ်တော်သည် ​ကျွန်ပ်၏ ဝိညာဉ် အသက် ဖြစ်ကြောင်းကို လက်ခံပါ၏။ ​ကျွန်ပ်၏ စိတ်နှလုံးထဲသို့ ဝင်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးတော်မူပါ။ အာမင်။” 

သင်သည် အမှန်တကယ် စိတ်ရင်းဖြင့် ထိုကဲ့သို့ ဘိတ် ခေါ်လျှင် ကိုယ်တော်သည် ဝင်တော်မူမည်။ ဝင်တော်မူလျှင် သင်၏ ဝိညာဉ်သည် အသက်ရရှိပြီ။ အသက် ရရှိလျှင် ကိုယ်ခန္ဓာအထဲမှ သင်၏ ဝိညာဉ် ထွက်သွားသောအခါ ငရဲသို့ ဆင်းစရာ မလိုတော့ဘဲ ကောင်းကင်သို့ တက်သွားမည် ဖြစ်သည်။ ထိုသို့ ခရစ်တော်ကို လက်ခံပါက ကျမ်းစာ ဆက်ဖတ်ပါ။ ဆုတောင်းပါ။ ယုံကြည်သူများနှင့် မိဿ ဟာယဖွဲ့ပါ။ ဤစာစောင်နှင့် အခြား ဝိညာဉ် စာအုပ်များကို ဖတ်ပါ။ ဘုရားသခင်က ောင်းကြီး ပေးတော်မူပါစေသော်။ 
 
 
 
 
 ကောင်းကင်နိင်ငံတော် 
 

ယုံကြည်သူများသည် ကောင်းကင်နိင်ငံတော်သို့ တနေ့ဝင်ရောက်ရမည်ဟု ယုံကြည်သော်လည်း ကောင်းကင်နိင်ငံတော်ကို မစွဲလမ်းကြချေ။ အဘယ်ကြောင့် မစွဲလမ်းကြသနည်း။ ပေါလုက- ၁ အထက် ဆိုခဲ့ပြီးသည် အတိုင်း၊ သင်တို့သည် ခရစ် တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော် ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူ ရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။ ၂ မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ ၃ အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။ (ကော ၃:၁-၃) ပေါလုက ခရစ်တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင် အထက် အရာကို ရှာဘို့နှင့် အထက် အရာကိုသာ စွဲလမ်းဘို့ ရေးထားသည်။ အဘယ့်ကြောင့် အထက် အရာကို စွဲလမ်းရမည့် အကြောင်း ကိုလည်း ဖေါ်ပြထားသည်။ အထက် အရာကို စွဲလမ်းရမည့် အကြောင်းမှာ ယုံကြည်သူများသည်-ခရစ်တော်နှင့်အတူ သေ၍၊ လောကီတရားနုမှစုတေ့ကြသည် (ကော ၂:၂၀)။ ခရစ်တော်နှင့်အတူ ထမြောက် ကြ၍ ယုံကြည်သူများ၏ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိပြီ။ သို့သော် အံ့ဩဘွယ်ကောင်းသည်မှာ ယုံကြည်သူများသည် ဤလောကကို စွဲလမ်းသထက် စွဲလမ်း ကြသည်။ မိတ်ဆွေ သင်သည် ဤလောကကို အလွန် စွဲလမ်းသလော။

လောကသားများ တည်းဟူသော ဝိညာဉ်အားဖြင့် ဒုတိယမမွေးသေးသောသူများ အနေဖြင့် ဤလောကကို စွဲလမ်းခြင်းသည် မဆန်းပါ။ အကြောင်းမှာ ဤလောကသည် သူတို့အတွက် အကောင်းဆုံးသော နေရာ ဖြစ်သည်။ သူတို့သည် ထာဝရ ကာလ ပတ်လုံး ငရဲမီးအိုင် ထဲမှာ ဒုက္ခ ဆင်းရဲခံရမည့်သူများဖြစ်သောကြောင့် ဤလောကသည် သူတို့အတွက် အကောင်းဆုံး ဖြစ်သည်။ သို့သော် ဝိညာဉ်အားဖြင့် ဒုတိယမွေးခြင်း ခံရ သူများကလည်း ဤလောကကို စွဲလမ်းခြင်းသည် ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်သောကြောင့် ဖြစ်သည်။ ခလေး များသည် ရှေ့အနာဂတ်ကို မမြင်တတ်ပါ၊ ယခုလောလောဆယ်ကိုသာလျှင် မြင်တတ်စွဲလမ်းတတ်သည်။ အဘယ့်ကြောင့် ဤလောကကို မစွဲလမ်းသင့်သနည်း။ 
 
၁။ ပျက်စီးတော့မည် ဖြစ်သောကြောင့် 

ဤလောကသည် ပျက်စီးတော့မည် ဖြစ်သည်။ ပေါလုက- ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန် တောင့်တမြော်လင့်လျက် နေ
၏။ ၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည် မဟုတ်။ ၂၁ ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကို ပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက် ရ၏။ ၂၂ ဤလောက တနိုင်ငံ လုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်း တွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်ဟု ငါတို့ သိကြ၏။ (ရော ၈:၁၉-၂၂) ဤလောက (ဖန်ဆင်းထားသောအရာ အားလုံး )သည် အနိစ္စနိင်ငံ တည်းဟူသော ပျက်စီးခြင်းသို့ သွားနေသည်။ ပျက်စီးမည့် အရာကို မစွဲလမ်းသင့်ချေ။ ပေတရုကလည်း -သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်း ဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မြော်လင့် တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း။ (၂ ပေ ၃:၁၁-၁၂) ဟုဆိုသည်။ ဤလောကသည် ဘုရားသခင်က မီးနှင့် ဖျက်စီးမည် ဖြစ်သောကြောင့် မစွဲလမ်းသင့်ချေ။ 
 
၂။ ရန်သူဥစ္စာ ဖြစ်သောကြောင့် 

ဤလောကသည် ဘုရားသခင်က ဖန်ဆင်း၍ ကောင်းသည်ဟု မြင်ခဲ့သည် (က ၁:၁၀၊ ၁၃၊ ၁၈၊ ၂၁၊ ၂၅)။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများကို လူကို အုပ်စိုး စေခဲ့သည် (က ၁:၂၈)။ သို့သော် လူအာဒံသည် သူ၏ အုပ်စိုးခွင့်ကို စာတန်ထံသို့ သူ၏ စကား နားထောင်ခြင်းအားဖြင့် ရောင်းလိုက်သည်။ ထို့ကြောင့် စာတန်က ခရစ်တော်ထံ ဤသို့ ပြန်ရောင်းခဲ့သည် -တဖန် မာရ်နတ်သည် ယေရှုကို မြင့်လှသောတော် ပေါ်သို့ ဆောင် သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။ (လု ၄:၅ -ရ)။ စာတန်က ဤလောက တိုင်း နိင်ငံများသည် သူ့အပိုင် ဖြစ်သည် ဟုဆိုသောအခါ ခရစ်တော်က မငြင်းဆိုခဲ့ချေ။ ထို့ထက် စာတန်နှင့် ပတ်သက်၍ - ဤလော ကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အ ရာကိုမျှ မတွေ့ရ။ (ယော ၁၄:၃၀) ဟုဆိုခဲ့သည်။ ခရစ်တော်က စာတန်ကို ဤလော ကကို အစိုးရသော မင်းဟု ခေါ်သည်။ ရှင်ပေါလုကလည်း စာတန်ကို၊ ဤလောကကို အစိုးရသော ဘုရား၊ ဟု ခေါ်သည် (၂ ကော ၄:၄)။ ထို့ကြောင့် ဘုရားသခင်က သူ၏ သားသမီးများကို စာတန် ပိုင်သော ဤလောကကို မချစ်စေချင်ပေ။ 

 ဤလောကကို ချစ်လျှင်၊ လိုချင်လျှင် စာတန်ကို ကိုးကွယ်ဘို့ လိုသည်။ ခရစ်တော် ကသာ စာတန်ကို ကိုးကွယ်ခဲ့လျှင် လူသားများကို ကယ်တင်နိုင်တော့မည် မဟုတ်။ ပရောဖက် ဧလိရှဲက ရှုရိဗိုလ်ချုပ်မင်းနေမန်၏ နူနာကို သန့်ရှင်းစေသောအခါ နေမန်က လက်ဆောင်များကို ပေးသော်လည်း ဧလိရှဲကမယူဘဲ ငြင်းဆိုခဲ့သည်။ ထိုအခါဧလိရှဲ၏ ​ကျွန် ဂေဟဇိက ထိုလက်ဆောင်များကို တပ်မက်သဖြင့် ယူခဲ့သည်။ ထိုအခါ-ဧလိရှဲက၊ ထိုလူသည် သင့်ကို ကြိုဆိုအံ့သောငှါ၊ ရထားပေါ်မှလှည့်သောအခါ၊ ငါ့စိတ် ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကို ခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ​ကျွန်ယောက်ျား၊ ​ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။ သို့ဖြစ်၍ နေမန်၏ နူနာသည် သင်၌၎င်း၊ သင်၏သား မြေး၌၎င်း၊ အစဉ်အမြဲစွဲစေ ဟုဆိုသည် အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလျက်၊ သခင်ထံမှ ထွက်သွား၏။ (၄ရာ ၅:၂၆-၂ရ) ဂေဟဇိသည် သူ့သခင်ငြင်း ခဲ့သော ပစ္စည်းကို တပ်မက်၍ ယူသောကြောင့် နူနာစွဲ၍ သခင်ထံမှ ထွက်သွားသည်။ 

 ယုံကြည်သူများလည်း သခင်ယေရှု ငြင်းဆိုခဲ့သော ဤလောကအရာကို စွဲလမ်း၍ လို ချင်ပါက စာတန်ကို ကိုးကွယ်၍ ဝိညာဉ်ပိုင်းနူနာစွဲမည် ဖြစ်ကြောင်း သတိပေးလိုပါသည်။ ဤလောကသည် ရန်သူ စာတန် အပိုင် ဖြစ်သောကြောင့် သူ့ဥစ္စာကို မစွဲလမ်းသင့်ချေ။ ထို့ထက် ရန်သူလက်ထဲမှ လူများကို ကယ်နှုတ်သင့်သည်။ 
 
၃။ ဘုရားကို မချစ်သောကြောင့် 

လောကကို ချစ်သောသူသည် ဘုရားသခင်ကို မချစ်ကြောင်း ယောဟန်က ဤသို့ ရေးထားသည် -လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ် မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လော ကနှင့်သာစပ်ဆိုင်ကြ၏။ (၁ ယော ၂:၁၅-၁၆) လောကနှင့် ဘုရားသခင်ကို တပြိုင် တည်းမချစ်နိင်ချေ။ အဘယ်ကြောင့်ဆိုသော်လောကသည် ဘုရား၏ ရန်သူ စာတန် 
၏ အပိုင် ဖြစ်သည်။ ထို့ကြောင့် လောကကို ချစ်သောသူသည် စာတန်ကို ချစ်သောသူ ဖြစ်သည်။ ထိုကြောင့် ခရစ်တော်က အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင် တဦးကို မုန်း၍ တဦးကို ချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်း၊ မခံနိုင်ကြ။ ဟုဆိုရခြင်း ဖြစ်သည် (မ ၆:၂၄)။ 
 
၄။ ဘုရား၏ ရန်သူ ဖြစ်မည် ဖြစ်သောကြောင့် 

လောကကို စွဲလမ်းသောသူသည် ဘုရား၏ ရန်သူ ဖြစ်ကြောင်းရှင်ယာကုပ်က ဤသို့ သတိပေးသွားသည် -မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိ ကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။ (ယာ ၄:၄) ယာကုပ်ကလောကီမိဿဟာယဖွဲ့သောသူသည် မတရားသော မေထုန်၌ မှီဝဲသောသူ၊ ဘုရားသခင်ကို ဆန့်ကျင် သောသူ၊ ဘုရားသခင်၏ ရန်သူဟု ပြင်းပြင်းထန်ထန် သတိပေးသည်။ ဘုရားသခင်၏ သားသမီး များဖြစ်လျှင် ထိုကဲ့သို့ ဖခင်ကို ဆန့်ကျင်၍ ရန်သူ ဖြစ်စေသော ဤလောကကို လုံးဝ မချစ်သင့်သည်သာမက အဝေးမှ ရှောင်သင့်သည်။ ထို့ကြောင့် လောကကို ချစ်သော သူတို့သည် ဘုရားသခင်က အသုံးမပြုနိင်ချေ။ အစပိုင်း၌ အသုံးပြုခဲ့သော အမှုတော်ဆောင်များလည်းလောကီစည်းစိမ်များ၌ ပျော်မွေ့၍ ယစ်မူး လာသောအခါ အသက်တာခမ်း ​ခြောက်၍ တန်ခိုးမရှိတော့ချေ။ ထိုအခါ ရရာတန်ခိုး တည်းဟူသော နတ်ဆိုးတန်ခိုးများကို အသုံးပြု၍ ဘုရား နာမနှင့် အမှုတော်ဆောင်ကြသော ခါ မှားယွင်းသော ဩဝါဒများ တည်းဟူသော တောမျုုိးစေ့ကြဲသောသူများ ဖြစ်လာ ကြသည်။ သို့သော် ထိုသူ များသည်လောက ငွေကို တပ်မက်၍ လူများ၏ ချီးမွမ်းခြင်းကို ခံစား သောကြောင့် ဘု ရား၏ ရန်သူ၊ ဆန့်ကျင် သူများ ဖြစ်မှန်းပင် မသိကြတော့ဘဲ နတ်ဆိုးအလုပ်များကို ခရစ်တော် နာမ အသုံးပြု၍ လုပ်ဆောင် နေကြသည်။ ထိုသူများသည်လောလော ဆယ်အောင်မြင် ဟန်ရှိသော်လည်း ခရစ်တော် က-ထိုနေ့၌ကား၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်း မသိ။ အဓမ္မအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထို သူတို့အား အတည့်အလင်း ငါပြောမည်။ (မ ရး၂၂-၂၃) ဟုဆိုထားသည်။ 
 
၅။ လောကနှင့် မဆိုင်သောကြောင့် 

လောကကို မချစ်သင့်သော ပဥ္စမအချက်မှာ ယုံကြည်သူများသည်လော ကနှင့် မဆိုင်တော့သောကြောင့် ဖြစ်သည်။ မယုံကြည်သူများသည် စာတန်၏ အပိုင် ဖြစ်သည်။ ကျမ်းစာ က-ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကို၎င်း၊ လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို၎င်းငါတို့ သိကြ၏။ (၁ ယော ၅:၁၉) ဟုဆိုထားသည်။ လောကီသား ဆိုသည်မှာ ကယ်တင်ခြင်းသို့ မရောက်သော အခြားဘုရားကိုးကွယ် သူများနှင့် အမည်ခံ ခရစ်ယာန်များဖြစ်သည်။ သူတို့သည် လောကကို ချစ်ရမည်။ အကြောင်းမှာ ဤလောကသည် သူတို့ အဘ၏ အပိုင် ဖြစ်သည်။ သို့သော် ယုံကြည်သူ၊ ကယ်တင်ခြင်းသို့ ရောက်သောသူများသည် ဘုရား သားများဖြစ်သောကြောင့် ကောင်းကင်ဘုံနှင့် စပ်ဆိုင်၍ အဘပိုင် ဖြစ်သော ကောင်းကင်ကိုသာ စွဲလမ်းသင့်သည်။ 

ဘုရားသား များသည်လောကနှင့် မဆိုင်သောကြောင့် လောကီသားများကမုန်းမည့် အကြောင်းကို ခရစ်တော်က ဤသို့ ကြိုတင် ဟောထားခဲ့ပြီး ဖြစ်သည် -သင်တို့ သည်လောကီနှင့် ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည်လောကီနှင့် မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူ ဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။ (ယော ၁၅:၁၉)။ ထို့ကြောင့် လောကီသားများကမုန်းလျှင် ဝမ်းနည်းစရာနှင့် ကြောက်စရာ မရှိ။ ထိုသို့ ဆိုသော်လောကီသားများနှင့် မရောနှောရ၊ အတူ မနေရ ဟုဆိုလိုခြင်း မဟုတ်။ ထိုသို့ဖြစ်လျှင် ဤလောက၌ နေစရာ ရှိမည် မဟုတ်။ သို့သော် လောကီသားများမြင် သကဲ့သို့ မမြင်၊ သူတို့ ကြိုက် သကဲ့သို့ မကြိုက်၊ သူတို့ လုပ် သကဲ့သို့ မလုပ်ဘဲ ဘုရား သားသမီး များကဲ့သို့ ကျင့်ကြံပြုမူဘို့ ဖြစ်သည်။ 
 
၆။ ညစ်ညူး သောကြောင့် 

 ဤလောကသည် ဘုရား အမြင်၌ ညစ်ညူးသည်။ ယုံကြည်သူများအတွက်လည်း ညစ်ညူးသည်။ ကျမ်းစာ ကကြယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိ​ကျွမ်းခြင်း အားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ် ပြီးမှ၊ တဖန် ကျော့မိ၍ ရှုံးလျှင်၊ နောက် ဖြစ်ဟန်သည် ရှေး ဖြစ်ဟန်ထက် သာ၍ ဆိုး၏။ (၂ ပေ ၂:၂၀) ဟုဆိုသည်။ ခရစ်တော်ကလည်း သာဒိ အသင်းတော်ကို ဤသို့ အကြံပေးခဲ့သည် -သို့သော်လည်း၊ သာဒိမြို့၌ ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူး စေသောသူနည်း နည်းရှိသေး၏။ ထို သူတို့သည် ထိုက်တန်သောသူ ဖြစ်၍၊ အဖြူဝတ်လျက် ငါနှင့် အတူသွားလာကြလိမ့်မည်။ အောင်မြင်သောသူသည် ဖြူသော အဝတ်ကို ဝတ်ဆင် လိမ့်မည် (ဗျာ ၃:၄)။ မည်ကဲ့သို့ ယုံကြည်သူကို ဤလောက ကညစ်ညူး စေသနည်း။ ဤလောကကို ချစ်လျှင် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်မရှင်နိင်တော့ သောကြောင့် စိတ်နှလုံးညစ်ညူးသည်။ 

ခရစ်တော်က တပည့်တော် များ၏ ​ခြေကို ဆေးပေးသောအခါ ပေတရုက သူ၏ ​ခြေကို ဆေးပေးဘို့ရန် ငြင်းဆိုခဲ့သည်။ ပေတရုကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို အလျင်းဆေးတော်မမူရဟု လျောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ရှိမုန်ပေတရုကလည်း၊ အ​ကျွန်ုပ်၏ ​ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း၊ ဆေးတော်မူပါဟု လျှောက်ပြန်၏။ ယေရှုကလည်း၊ ရေချိုးပြီးသောသူ မည်သည်ကား၊ ​ခြေဆေးခြင်းမှ တပါးဆေးရသော အကြောင်း မရှိ။ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ (ယော ၁၃:၈-၁၀) အဘယ့်ကြောင့် ခရစ်တော် ကသင်တို့သည် သန့်ရှင်းပြီ၊ ရေချိုးပြီး ပြီ ဟုဆိုသနည်းဟူမူကား ခရစ်တော်ကို ယုံကြည်သောသူသည် ရေချိုးပြီး၍ သန့်ရှင်းပြီ။ ခရစ်တော်သည် ယုံကြည်သူများ၏ ​ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း ဖြစ်သည် ( ၁ ကော ၁:၃၀)။ 

 သူတို့ ခေတ်၌ ရေကို ရေတွင်း၌ ချိုးရသည်။ ရေတွင်း မှအိမ်ပြန်သောအခါ ​ခြေ တောက်ပြန်ညစ်ပတ်တတ်သည်။ ထို့ကြောင့် အိမ်ရောက်သောအခါ ​ခြေကိုသာလျှင် ဆေးဘို့ လိုသည်။ ယုံကြည်သူသည် သခင်ယေရှုအားဖြင့် သန့်ရှင်းပြီ။ သို့သော် ဤလောကသည် လူ၏ စိတ်နှလုံးကို ညစ်ညူး စေတတ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော် ရေအားဖြင့် ဝိညာဉ် ​ခြေ ဖြစ်သော စိတ်နှလုံးကို ဆေးကြောဘို့ လိုသည် (ဧ ၅ ; ၂၆-၂ရ)။ ဤလောကကို ချစ်ခြင်း၊ စွဲလမ်းခြင်းဖြင့် ယုံကြည်သူသည် ညစ်ညူး စေသောကြောင့် မစွဲလမ်း၊ မချစ်လျှင် သန့်ရှင်းနိုင်ပေမည်။ ယုံကြည်သူ အယောက်တိုင်း ဤလောကကို မချစ်၊ မစွဲလမ်းတော့ဘဲ ကောင်းကင် ရွှေပြည်ကို မြော်လင့်၍ သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ကြပါစေ 
 
 
ကျမ်းစာဖတ်ကြစို၌ 
ဗျာ ၁၀
 
၁။ ခွန်အားကြီးသော ကောင်းကင်တမန် တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက်၊ ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ ​ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။ 

ခွန်အားကြီးသော ကောင်းကင်တမန်၊ ဗျာ ၅:၂၌လည်း ခွန်အားကြီးသော ကောင်းကင်တမန်ဟု ဖေါ်ပြခဲ့ပြီ။ မိုဃ်းတိမ်ကို ဝတ်လျက်၊ တကဲ့မိုဃ်းတိမ်သည် ဝတ်၍ ရသည် မဟုတ်၊ မိုဃ်းတိမ်ကလွှမ်းခြုံခြင်းကို ဆိုလိုသည်။ မိုဃ်းတိမ်သည် ဘုရားသခင်ကို ဆိုလိုတတ်သည်။ ဣသရေလ လူများကို အဲဂုတ္တု ပြည်မှ မိုဃ်းတိမ်တိုင်အားဖြင့် ဦးဆောင်ခဲ့သည်။ တဲတော် ထဲ၌ ပဋ္ဋိညာဉ်သေတ္တာပေါ်တွင် ဘုရားသခင်သည် မိုဃ်းတိမ်အားဖြင့် ကျိန်းဝပ်ခဲ့သည်။ ထို့ကြောင့် မိုဃ်းတိမ်ကို ဝတ်ခြင်းသည် ဘုရားသခင်၏ အခွင့်အားဖြင့် ဖြစ်ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ ကောင်းကင် ကဆင်း သက်သည် -နတ်ဆိုး စာတန်နှင့် သက်ဆိုင်သောသူများသည် အနက်ဆုံးသောတွင်း ထဲမှ တက်တတ်သော်လည်း ဘုရားသခင်နှင့် ဆိုင်သောသူများသည် ကောင်းကင်မှ ဆင်း သက်တတ်သည်။ သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏ -သက်တံ့သည် ဘုရားသခင်က နောဧထံ မြေကြီးကို ရေလွှမ်းမိုးခြင်းအားဖြင့် မဖျက်စီးတော့မည့် အကြောင်း ပဋ္ဋိညာဉ် ပြုထားသော သက်သေလက္ခဏာ ဖြစ်သည် (က ၉:၈-၁ရ)။ ဆိုလိုသည်မှာ ဘုရားသခင်သည် မြေကြီးသား အပေါင်းကို မဖျက်စီးချင်သော သဘောကို ပြသည်။ 

သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏ -နေသည် ထွန်းလင်းသည်။ မောရှေသည် ဘုရားနှင့် မိဿဟာယ ပြုသောအခါ သူ၏ မျက်နှာသည် ထွန်းပသည် (ထွက် ၃၄ ; ၂ ၉-၃၀)။ သခင်ယေရှု၏ မျက်နှာတော်သည် တောင်ပေါ်၌ နေကဲ့သို့ ထွန်းတောက်၍ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူခဲ့သည် (မ ၁ရး၂)။ ဤ ကောင်းကင်တမန်သည် ဘုရားသခင်နှင့် အနီးကပ်နေသောကြောင့် သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်ခြင်း ဖြစ်သည်။ သူ၏ ​ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။ ယောဟန်ကသခင်ယေရှု ၏ ​ခြေတော်ကို မီး၌ ချွတ်ပြီးသော ​ကြေးဝါစစ်ကဲ့သို့ မြင်ခဲ့ ပြီ (ဗျာ ၁:၁၅)။ မီးခဲတိုင်ကဲ့သို့ဖြစ်ခြင်းသည် တရားစီရင် မည့် အရာကို ဆိုလိုခြင်း ဖြစ်မည်။ 

၂။ ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက် ရှိ၏။ လကျ်ာ​ခြေသည် ပင်လယ်ပေါ် မှာ၎င်း၊ လက်ဝဲ​ခြေသည် မြေကြီးပေါ်မှာ၎င်းနင်း၍၊ 

ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားသော စာစောင်ငယ်ကိုင်လျက် ရှိသည်။ ထိုစာစောင်၌ ဘာရှိသည်ကို မပြောသောကြောင့် မသိနိုင်ချေ။ ဘုရားသခင်၏ လက်ျာ လက်၌လည်း တံဆိပ်ခုနှစ်ချက်နှင့် ပိတ်ထားသော စာစောင်ကို ဗျာ ၅:၁၌ တွေ့ခဲ့ရပြီ။ ကောင်းကင်တမန်သည် ပင်လယ်ပေါ်မှာ လက်ျာ​ခြေ၊ မြေကြီးပေါ်မှ ာ လက်ဝဲ​ခြေဖြင့် နင်းထားသည်။ ထိုကောင်းကင်တမန်သည် အလွန် ကြီးမား ဘွယ်ရှိသည်။ ပင်လယ်နှင့် မြေကြီး နင်းခြင်း ဆိုသည်မှာ တကမ္ဘာလုံးကို အုပ်စိုးခြင်း ဖြစ်နိုင်သည်။ ရှေးတုန်း၌ ရန်သူကိုအောင် နိုင်လျှင် ​ခြေဖြင့် နင်းတတ်သည်။ မြေကြီးနှင့် ပင်လယ်ကို နိင်ခြင်း၊ တရား စီရင်နိုင်ခြင်းကို ဆိုလိုသည်။ 
 
၃။ ခြသေ့်ဟောက် သကဲ့သို့ ကြီးသော အသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ၏။ 

ကောင်းကင်တမန်သည် ခြင်္သေ့ဟောက် သကဲ့သို့ ကြီးသော အသံနှင့် ကြွေးကြော်သည်။ ခြင်္သေ့ဟောက်သံသည် ကြောက်စရာ ကောင်းသည်။ ကျမ်းစာ၌ -ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကို လွှင့်တော်မူ သဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည် (ယောလ ၃:၁၆)၊ ဟု တွေ့ရသည်။ တဖန် -ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲအသံကို လွှင့်တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။ (အာမုတ် ၁:၂)ဟု တွေ့ရသည်။ ထာဝရဘုရား၏ ကြွေးကြော်ခြင်းသည် ကြောက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဤကောင်းကင် တံမန်သည်လည်း ကြွေးကြော်သောကြောင့် ကြောက်စရာ ကောင်းမည်။ 
 
၄။ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည် ရေးမှတ်မည်ဟုအား ထုတ်သော်၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟုဆိုသည်ကို ငါကြား၏။ 

မိုဃ်းကြိုးသံသည် ဘုရားသခင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြတတ်သည်။ မိုဃ်း ကြိုးသံခုနှစ်ချက်ကို အဘယ်ကြောင့်မရေးခိုင်သည်ကို မဖေါ်ပြ သောကြောင့် မသိရပါ။ လူများ သိဘို့ မလိုအပ်သောကြောင့် မဖေါ်ပြခြင်း ဖြစ်သည်။ 
 
၅။ ထိုအခါ ငါမြင်၍ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန် သည်၊ လကျ်ာလက်ကို ကောင်းကင်သို့ ချီပြီးလျှင်၊ 

ကောင်းကင်တမန်သည် အဘယ်ကြောင့်လက်ျာလက်ကို ကောင်းကင်သို့ ချီသနည်း။ ဘုရားသခင်ကို တိုင်တည်ခြင်း သို့မဟုတ် နာခံခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ မောရှေသည် အာမလက်လူမျိုးများကို တိုက်သောအခါ လက်ကို မြှောက်ခဲ့သည် (ထွက် ၁ရ)။ ဘုရားကို အားကိုးခြင်း ဖြစ်သည်။ 
 
၆-၇။ ဘုရားသခင်၏ ​ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာ သိတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာ သည်၊ ကာလ မနှေးဘဲ သတ္တမ ကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သောနေ့ ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာကို၎င်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။ 

အထက်၌ ကောင်းကင်တမန်၏ သဏ္ဍာန်ကို ဖေါ်ပြခဲ့၍ ယခုမှသူဆင်းလာ ရခြင်း၏ အကြောင်းရင်းကို ဖေါ်ပြသည်။ သူသည် ဘုရားသခင်၏ ​ကျွန််မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာ သတင်းကို ကာလ မနှေးဘဲ သတ္တမ ကောင်းကင်တမန် တံပိုးမှုတ်သောအခါ ပြည့်စုံမည်ဟု ကြွေးကြော်ခြင်း ဖြစ်သည်။ ကောင်းကင်တမန် ကမှုတ်မည့် တံပိုးသည် ခုနှစ်ခုမြောက် ဖြစ်၍ ှဗျာ ၁၁:၁၅၌ ဖေါ်ပြထားသည်။ 

ဘုရားသခင်၏ ​ကျွန်ပရောဖက်များအတွက် ဝမ်းမြောက်စရာ သတင်းသည် အဘယ်အရာ ဖြစ်မည်နည်း။ ပရောဖက် များသည် ဘုရား ပြောခိုင်းသော သတင်းကို လူများတို့အား ကြားပြောသောသူများ ဖြစ်သည်။ လူများသည် အပြစ်လုပ်သောကြောင့် နောင်တရဘို့၊ နောင်တ မရလျှင် ဘုရား၏ အမျက်တော် ခံ၍ တရားစီရင်ခြင်း ခံရမည့် အကြောင်းများကို ဖေါ်ပြ ကြသည်။ သို့သော် သူတို့၏ သတိပေးခြင်းကို လူများတို့သည် မယုံကြည် တတ်ကြချေ။ ငါတို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံသနည်း၊၊ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူ သနည်း-ဟု ပရောဖက် ဟေရှာယကညီးခဲ့ဘူးသည် (ဟေရှာယ ၅၃:၁)။ 
 
၈။ ငါကြားရသော ကောင်းကင် အသံသည် တဖန် ငါ့အား ပြောသည်ကား၊ မြေနှင့် ပင်လယ် ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားလျက် ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ ဟုဆိုလျှင်၊ ၉။ ငါသည် ကောင်းကင်တမန်ထံသို့ သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍ စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည် ဟုဆိုလျှင်၊ ငါသည် စာစောင်ကို ကောင်းကင်တမန်၏ လက်မှယူ၍ စား၏။ ပစပ်၌ ပျားရည်ကဲ့သို့ ချို၏။ စားပြီးမှဝမ်း၌ ခါး၏။ 

စာစောင်ကို ယောဟန်စားသောအခါ ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုသည် ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ ထိုစာစောင်ငယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ စာစောင်ကို စားခြင်း ဆိုသည်မှာ နှုတ်ကပတ်တော်ကို ခံယူခြင်း ဖြစ်သည်။ သမ္မာတရား တည်းဟူသော ဘုရားသခင်၏ အကြံအစည်တော်ကို သိသောအခါ အလွန် အားရဝမ်းမြောက် တတ်ကြသည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်း၏ ဆိုလိုရင်းများကို နားလည်သောအခါ အလွန် ဝမ်းမြောက် တတ်သည်။ အလွန် ချိုမြိုန်သည်။ ဗျာဒိတ်ကျမ်း၌ ရေးထားသော ဘေးဒဏ်များမှ လွတ်မြောက်မည့် အရာများကို သိသောအခါ အလွန် အားရဝမ်းမြောက် တတ်ကြသည်။ သို့သော် ထိုတရားစီရင်ခြင်းများကို သိ၍ ကိုယ်၏ မိဘ ညီအစ်ကို မောင်နှမ သားသမီးများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက မယုံကြည် သောကြောင့် ထိုဘေးဒဏ်ကြီးကို ခံစားရမည့် အရာကို ဆင်ခြင်သောအခါ အလွန် ဝမ်း နည်းရပြန်သည်၊ အလွန် ခါးသည်။ ကိုယ်တိုင် ဘေးဒဏ်ကြီး မှလွတ်မည် ဖြစ်သောကြောင့် အားရဝမ်းမြောက် သလောက် သူတပါးအတွက် စဉ်းစားပေးသောအခါ အလွန်ဝမ်းနည်းရသည်။ ယောဟန်လည်း ဘုရားသခင်၏ အလိုတော်ကို သိသောအခါ အလွန် အားရသော်လည်း ဘေးဒဏ်ကြီး ကာလ၌ ခံရမည့်သူများအတွက် ခါးသည်ဟု ခံစားရသည်။ 
 
၁၀။ ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီး ဘာသာစကားကို ပြောသော လူ အမျိုးမျိုးတို့၌၎င်း၊ ရှင်ဘုရင်တို့၌၎င်း၊ တဖန် ပရောဖက် ပြု၍ ဟောပြောရမည် ဟုဆိုလေ၏။ 

ဘုရားသခင်၏ လုပ်ဆောင်ချက်နှင့် တရားစီရင်မည့် အချက် များသည် ယောဟန်ကသိရှိ၍ အရသာခံဘို့ရန် သက်သက် မဟုတ်၊ လူတိုင်းကို ဟောပြောဘို့ရန် စေခိုင်းခဲ့ပါသည်။ များစွာသော ယုံကြည်သူများသည်လည်း ဤ သမ္မာတရားကို သိသောအခါ အလွန် အားရ၍ (ချို၍ ) အရသာခံဘို့ရန် သက်သက် ဖြစ်တတ်သည်။ ကိုယ်သိပြီးသောအရာကို သူတပါးထံ၌ ပြောပြခြင်း မရှိတတ်ကြချေ။ ဘုရားသခင်က ကိုယ်သိပြီးသောအရာကို မသိ သေးသော လူများထံ ဟောပြောခိုင်းသည်။ ယုံကြည်သူများသည် တခုတည်းသော ဘုရား ခိုင်းသည့်အရာကို မလုပ်ချင်ဘဲ အခြားအရာများကို လုပ်တတ်ကြသည်။ ဘုရား ခိုင်းသည်မှာ ဤ သမ္မာတရားကို မသိ သေးသောသူများ ထံဖြန့်ဝေဘို့ ဖြစ်သည်။ ယခုမှစ၍ ကိုယ့်အနီးအနား၌ ရှိသော လူတိုင်း ထံဝေငှကြပါစို့။ 
 
 
 
 

Not a Proverb

Alfred S Nawn (Rockville GBC)

 

When I try I fail, when I trust the Lord I win.

What comes out of your mouth reflects what is inside of you.

Lost of hearing is lost of speaking.

To be a good speaker is to be a good listener.

If you don’t know God, you know everything (except God).

When you are big, God is small, and when you are small, God is big.

If you do what God says, then God will do what you say.

Pride is giving glory to self.

Glorifying God is telling God’s goodness to other people.

Your life is no greater than you prayer life.

Maturity is doing the good thing about what is right.

Grace is supplying, law is demanding.

Grace can also be defined as God’s riches given to us with Jesus’ expense.

If you received the grace of God, then you will have the peace of God..

One measures success by consequence, but God measures success by obedience.

God is not looking your ability, God is looking your availability.

Jesus never asks anyone to confess their sins.

Jesus never turn down anyone’s invitation.

Weak in the pulpit is weak in the closet.

God is not interested in what you are doing,

God is interested in who you are instead.

Correct prayer comes from correct thinking,

And correct thinking comes from the word of God.

Your birth (Son of God, son of the devil) determines your nature.

Your nature also determines your destiny (heaven or hell).

Overemphasizing, or adding to that the Bible actually teaches invariably, does more harm than good.

You will never graduate from discipleship.

 
သက်သေခံချက်
ကိုအားဆာ

နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊ ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ ပြန်သွားလော့။ ဘုရားသခင်သည် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည် သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တမြို့လုံးတွင် အနှံ့အပြားသိတင်း ကြားပြောလေ၏။ (လု ၈:၃၈-၃၉) 

နတ်ဆိုးစွဲသောကြောင့် သင်္ချိုင်းတစပြင်၌ အဝတ်ကို မဝတ်ဘဲ နေသောသူ အထဲမှသခင်ယေရှုသည် နတ်ဆိုးကို နှင်ထုတ် လိုက်သည်။ ထိုသူအထဲမှနတ်ဆိုးများထွက်သွားသောအခါ သူသည် ပကတိအကောင်း ဖြစ်သွားကာ အထက်ပါကဲ့သို့ ကိုယ်တော်နှင့်အတူ နေဘို့ရန် တောင်းလျှောက်ခြင်း ဖြစ်သည်။ သို့သော် သခင်ယေရှုက၊ အိမ်သို့ ပြန်၍ ဘုရားသခင်သည် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည် သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တမြို့လုံးတွင် အနှံ့အပြား သိတင်း ကြားပြောလေ၏ဟု တွေ့ရသည်။ သခင်ယေရှုက ထိုသူကို သူနှင့်အတူ မနေဘဲ သတင်း ကြားပြောဘို့ရန် အလိုရှိသည်။ ထိုသူသည် သခင်ယေရှု၏ စကားကို နားထောင်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို တမြို့လုံးအနှံ့အပြားသတင်း ကြားပြောသည်။ ယနေ့ ယုံကြည်သူများကိုလည်း ကယ်တင်ခြင်း သတင်း စကားကို ကြားနာ၍ ယုံကြည်ပြီး နောက် ထိုသတင်း စကားကို သခင်ဘုရားက အနှံ့အပြားကြားပြောခိုင်းသည်။ ထိုသူကဲ့သို့ သခင်ဘုရား၏ အမိန့်တော်ကို နာခံကြပါသလား။ ဆင်ခြင်အမျိုး မျိုးပေး နေကြပါသလား။ 

ယေရှုကလည်း၊ ငါ့ကို အဘယ် သူတို့ သနည်းဟု မေးတော်မူလျှင်၊ လူအ ပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍ သူ၏ အပေါင်းအဘော်တို့က၊ သခင်၊ လူအစုုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြသည် ဖြစ်၍၊ ငါ့ကို အဘယ် သူတို့ သနည်းဟု မေးတော်မူပါသည် တကားဟု လျှောက်လေ၏။ ၄၆ ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့ လေပြီ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါ၏ဟု မိန့်တော်မူ၏။ ၄၇ ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကို သိလျှှုပ်လျက် လာ၍၊ အဘယ်အကြောင်းကြောင့်တို့ သည်ကို၎င်း၊ ချက်ခြင်း ချမ်းသာ ရသည်ကို၎င်း၊ လူအပေါင်းတို့ ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက်လေ၏။ (လု ၈:၄၅-၄ရ) 

အထက်ပါ အဖြစ်အပျက်၌လည်း တဆယ့်နှစ်နှစ်သွေးသွန်အနာစွဲသော မိန်းမကို ကျန်းမာ စေခဲ့သည်။ ထိုမိန်းမသည် ဆေးသမား အမျိုးမျိုးထံသို့ ချဉ်းကပ်၍ ကုသသော်လည်း သူ၏ အနာရောဂါမပျောက်နိင်သောအခါ သခင်ဘုရား၏ အဝတ်တော် ပန်းပွါးတို့ လိုက်သောအခါ သူ၏ အနာရောဂါချက်ချင်း ပျောက်သွားသည်။ ထိုအ ခါသခင်ဘုရားကအဘယ်သူသည် ငါ့ကိုတို့ သနည်းဟု မေးသည်။ ပေတရုမှစ၍ သူ၏ အပေါင်းအဘော်တို့က၊ သခင်၊ လူအစုုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက် မိကြသည် ဖြစ်၍၊ ငါ့ကို အဘယ် သူတို့ သနည်းဟု မေးတော်မူပါသည် တကားဟု လျှောက်လေ၏။ ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့ လေပြီ။ ငါ့ ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏ ဟုဆိုလျက် သူ့ကိုတို့ သောသူကို လှည့်၍ ရှာသည်။ သခင်ဘုရားကို လူ များစွာ ကထိခိုက်တိုက်မိကြသော်လည်း တန်ခိုးမထွက်ပါ။ အဘယ်ကြောင့်နည်းဟူမူကား သူတို့သည် ယုံကြည်ခြင်းအားဖြင့် ထိကြသည် မဟုတ်။ ထိုမိန်းမမူကား ယုံကြည်ခြင်းအားဖြင့် ထိသောကြောင့် ကိုယ်တော်ထံမှ တန်ခိုးထွက်ခြင်း ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ယုံကြည်ခြင်းအားဖြင့် သခင်ဘုရားကို ချဉ်းကပ်လျှင် တန်ခိုးတော် ထွက်မည် ဖြစ်သည်။ 


ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကို သိလျှင် တုန်လှုပ်လျက် လာ၍၊ အဘယ်အကြောင်းကြောင့်တို့ သည်ကို၎င်း၊ ချက်ခြင်း ချမ်းသာ ရသည်ကို၎င်း၊ လူအပေါင်းတို့ ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက်လေ၏။ ထိုမိန်းမသည် ထိုသို့ လျှောက်သောအခါ ကြောက်သောကြောင့် တုန်လှုပ်လျက် ရှိခဲ့သည်။ သို့သော် သူ၌ ဖြစ်ပျက်သောအရာကို သက်သေခံသည်။ ယနေ့ ယုံကြည်သူများလည်း သက်သေခံမည်ကြံသောအခါ ကြောက်၍ တုန်လှုပ်ပေလိမ့်မည်။ သို့သော် သက်သေခံဘို့ သခင်ဘုရားက လှည့်၍ သင့်ကို ရှာနေသည်။ ထိုမိန်းမသည် သက်သေမခံခဲ့သည် ရှိသော် သူ၌ ဖြစ်ပျက်သော အရာများကို ​ကျွန်ပ်တို့ သိရမည် မဟုတ်။ သခင်ဘုရား၏ ဘုန်းတော်လည်း ထင်ရှားမည် မဟုတ်။ ထို့ကြောင့် ​ကျွန်ပ်တို့လည်း တုန်လှုပ်ကြောက်ရွံ့သော်လည်း သခင်ဘုရား၏ ကယ်တင်ခြင်းကို သက်သေခံဘို့ လိုသည်။ 
 


ဧဝံဂေလိ ခရီး စဉ်

ဆရာဆန်းလျံသည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိင်ငံသို့ သွား သောကြောင့် သူမရှိခိုက် အသင်းတော်ကို ကြည့်ရှုဘို့ရန် ဆရာဗန်ထာအုပ်နှင့် ဆရာအား ဆာတို့ နှစ်ယောက်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် Buffalo မြို့သို့ ရောက်ရှိသွား ကြသည်။ ထိုမြို့၌ သူတို့သည် အဓိကအားဖြင့် ကယားအမျိုးသားများထံ၌ ဧဝံဂေလိတရားကို ဝေငှဟောပြော နေကြသည်။ 

ဆရာ Zau Ja သည် အင်ဒီးယားနားပိုးလစ်ရှိ သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ အောက်တိုဘာလ ၃၀ ရက်နေ့ရောက်၍ နိုဝဘ်ာလ ၂ ရက်နေ့အထိ အ သင်းတော်နှင့် ပတ်သက်သော ကျမ်းစာ သင်တန်းကို ပေးခဲ့ပါသည်။ အသင်းတော်သည် တမန်တော်များနှင့် ပရောဖက်များအပေါ်တည်ဆောက်၍ သင်းအုပ်ဆရာ၊ သာသနာ ပြုနှင့် ဆရာများ ကဆက် လက်တည်ဆောက်ကြောင်း၊ ယုံကြည်သူ တိုင်းလည်း ဝိညာဉ်ဆုကျေးဇူးများကို ပေးသဖြင့် ကိုယ်ရရှိထားသော ဝိညာဉ်ဆုကျေးဇူးများကို သိ၍ အသုံးပြုဘို့ လိုကြောင်းများကို ကျမ်းစာအားဖြင့် ရှင်းပြသွားပါသည်။ ပေးကမ်းခြင်းနှင့် ပတ်သက်၍လည်း အသေးစိတ် ဖေါ်ပြသွားသဖြင့် ကြားနာသောသူတိုင်း ခွန် အားရရှိကြပါသည်။ ဆရာ Zau Ja တို့ မိသား စုသည်လာ မည့် ဒီဇဘ်ာလ ၁၄ ရက်နေ့မှ ဇန္နဝါရီလ ၁၃ ရက်နေ့အထိ မြန်မာပြည်နှင့် ဂျပန်ပြည်သို့ ကျမ်းစာ သင်တန်းများပေးဘို့ရန် သွားကြရမည် ဖြစ်ပါသည်။ ဆုတောင်းခြင်းဖြင့် သတိရကြပါစို့။ 

အောက်တိုဘာလ ၃၁ ရက်နေ့ည၌ ခလေးများညကို အင်ဒီးယားနားပိုး လစ်သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ပြုလုပ်၍ ခလေး၅၀ ခန့်နှင့် လူကြီးများအပါဝင်လူ ၈၀ ခန့်တက်ရောက်ကြပါသည်။ ခလေးများကိုယ်တိုင် သီချင်း ဦးဆောင်ခြင်း၊ သီဆိုခြင်း၊ ကျမ်းစာ အလွတ်ဖတ်ခြင်း၊ သရုပ် ဖေါ်ပြဇတ်တိုများ ပြခြင်းနှင့် ကယ်တင်ခြင်းသို့ ရောက်ကြောင်း သက်သေခံခြင်းများပြုလုပ် ကြပါသည်။ ဆရာ Zau Ja က ကယ် တင်ခြင်း သတင်းကောင်းကို ဝေငှပါသည်။ ထိုနောက် တစ္ဆပွဲ (halloween) ၌ ယုံကြည်သူ ခလေးများမပါဝင်သင့်ကြောင်းကို လငိနသများပြသအပြီး သကြားလုံးနှင့် မုန့်ထုတ်များကို ဝေငှခြင်းဖြင့် အစီအစဉ်ပြီး ဆုံးသွားပါသည်။ 

ဆရာယောရှုနှင့် ဆရာပါးတာလည်း ဖါလော်ရီဒါပြည်နယ် Jacksonville မြို့၌ ဧဝံဂေလိ တရားဟောထွက်ခဲ့ကြကြောင်း သိရှိရပါသည်။ မြန်မာပြည် ရန်ကုန် တိုင်း ပုလဲမြို့သစ်ရှိ သတင်းကောင်း နှစ်ခြင်း အသင်းကျမ်းစာ ကျောင်းအုပ်ဆရာကြီး အင်ဒရူးစသင်အုပ်လည်း အမေရိကန်ပြည် ထောင်စုရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်တိုင်းသို့ သွားရောက်လည်ပတ်ကာ Battle Creek သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ တပတ်တာသင်တန်းပေးလျက် ရှိပါသည်။ 

ဆရာမောဇက်သည် ဇန္နဝါရီလ ၉ နေ့မှ ဖေဖဝါရီလ ၈ ရက်နေ့အထိ ဩ စ​ေဩးလျနိင်ငံရှိ သတင်းကောင်း နှစ်ခြင်း အသင်းတော် သုံးပါးထံသို့ သွားရောက်၍ ကျမ်းစာ သင်တန်းများ ပြုလုပ်ဘို့ ရှိပါသည်။ ဆုတောင်းခြင်းဖြင့် သတိရကြပါစို့။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG