GOODNEWS
  HOME  GOODNEWS  2014 OCT

 


အမှာစာ
 
အောက်တိုဘာလ ၈ ရက်နေ့နံနက်မိုးမလင်းမှီတွင် ယခုနှစ်အတွက် ဒုတိယအကြိမ် လနီခဲ့ပြန်သည်။ လနီခြင်းသည် လူအများစုကဂရုမစိုက်သော်လည်း ခေတ်ကာလ ဂရုစိုက်သောသူများအတွက် စိတ်ဝင်စားစရာနှင့် သိအပ်သောအရာ ဖြစ်သည်။ အကြောင်းမှာ ခရစ်တော် အသေခံသော အချိန်နှင့် မသေမှီတ နှစ်တွင် လလေးကြိမ်နီခဲ့ကာအသေခံသော အချိန်တွင် သုံးနာရီ မှောင်ခဲ့သည်။ ယခုနှစ်တွင် ဧပြီလ ၁၅၊ အောက်တိုဘာ ၈ ရက်၊ နောက်နှစ်တွင် ဧပြီလ ၄ ရက် နေ့နှင့် စက်တဘ်ာလ ၂၈ ရက် နေ့တွင် လနီမည် ဖြစ်သည်။ ထို့ကြောင့် ဣသရေလ လူများ အတွက်သော်၎င်း၊ ယုံကြည်သူများအတွက်သော်၎င်း၊ ထူးခြားသော အရာများ ဖြစ်နိုင်သည်။ တန်ပိုးမှုတ်ပွဲသည် ချီဆောင်ခြင်းကို ပုံဆောင်သောကြောင့် ချီဆောင်ခြင်း မဖြစ်ဘူးဟု မဆိုနိင်ချေ။ အကယ်၍ ချီဆောင်ခြင်း ဖြစ်ပါက ချီဆောင်ခြင်း ထဲ၌ ပါဝင်ဘို့ အရေးကြီးသည်။ မပါဝင်ပါက ဘေးဒဏ်ကြီးကာလ ထဲ၌ မိတ် ဆွေကျန်ရစ်မှာ စိုးရိမ်စရာ ရှိသည်။ 
 

ထို့ကြောင့်အချိန် မနှောင်းမှီ ကယ်တင်ခြင်း စိတ်ချမှု ရရှိဘို့ သတိပေးလိုပါသည်။ လိုချင်ပါက သိရှိ နားလည်နိင်သည်။ ကယ်တင်ခြင်းထက် အရေးကြီးသောအရာ ဘာမျှမရှိတော့ပါ။ မိတ်ဆွေ စိတ်ဝင်စားပါက ပြောပြဘို့ရန် အဆင် သင့်ရှိပါသည်။ ဆက်သွယ်ပါ။ 
 
 
 ယခုလစာစောင်တွင်...

ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်လော့ 
ဣသရေလ လူများ၏ ပွဲများ 
အနှစ်တထောင်ကာလ 
ကျမ်းစာဖတ်ကြစို့ 
၃၆။ ဧဝံဂေလိ ခရီး စဉ်
 
 
ယေရူ ခရစ်ကို ယူတင်ဝတ်ဆောင်လော့


လူသည် မိမိကိုယ်ကို ဗဟိုပြု၍ အရာခပ်သိမ်းကို မိမိအမြင်ဖြင့်သာမြင်သည်။ ထို့ကြောင့် သူတပါးအမြင်၌ မသင့်တော်သော အရာများကို ပြုလုပ် တတ်သည်။ လူသည် မိမိကိုယ်ကို ဗဟိုပြုရမည် မဟုတ်။ အကြောင်းမူကား လူသည် သူ့ကိုယ်သူတ ရားစီရင်နိင်သည် မဟုတ်၊ ထာဝရဘုရား၏ တရားစီရင်ခြင်းကို ခံရမည် ဖြစ်သည်။ ထိုကြောင့် အရာခပ်သိမ်းကို ဘုရား အမြင်နှင့် မြင်ဘို့ လိုသည်။ ယခုထာဝရဘုရား အမြင်ဖြင့် ကြည့်ကြစို့။ 
 
ကိုယ်တုံးလုံး ဖြစ်ခြင်း 

ဘုရားသခင်က လူအာဒံနှင့် ဧဝတို့ကို ဖန်ဆင်းခဲ့သောအခါ သူ၏ ဘုန်းတော်နှင့် ပတ်ရစ်သောကြောင့် အဝတ်အစားမလိုခဲ့ချေ။ သို့သော် ဘုရား၏ စကားကို နားမ ထောင်သောအားဖြင့် အပြစ် ကျူးလွန်သောအခါ အပြစ်သားများဖြစ်သွားကြ၍ ကိုယ်တုံးလုံး ဖြစ်သွားကြသည် အကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ ထိုသူ နှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကို လုပ်ကြ၏။ (ကမ္ဘာ ၃:ရ) အဘယ်ကြောင့်အာဒံနှင့် ဧဝတို့သည် အဝတ်အချည်းစည်း ဖြစ်သွားကြ သနည်း။ အပြစ် ကျူးလွန် သောကြောင့် ဖြစ်သည်။ အပြစ် ကျူးလွန်သောသူသည် အဝတ်အချည်းစည်းကဲ့သို့ဖြစ်သည်။ ဥပမာ၊ အလွန် ချောမောလှပသော အမျိုးသမီးသည် သူ၏ အကျင့်ကို မသိသောသူများက အလွန် ချစ်ကြမည် ဖြစ်သည်။ သို့သော် သူသည်ယောက်ျားတကာနှင့် မှားယွင်းတတ်ပါက အဘယ်သူ ကမျှလိုချင် တော့မှာ မဟုတ်။ အကြောင်းမှာ သူ၏ အကျင့်ကြောင့်လူများရှေ့၌ အဝတ်အချည်းစည်းရှိ သကဲ့သို့ဖြစ်သည်။ 

အားလုံး ကိုယ်တုံးလုံး

အာဒံနှင့် ဧဝမှဆင်းသက်လာသော လူသား တိုင်းလည်း ဘုရားသခင် ရှေ့၌ အဝတ်အချည်းစည်းရှိကြပြီ။ သို့သော် ဝိညာဉ် မျက်စိကန်းသောကြောင့် ရှက်ကြောက် ရမှန်း မသိကြ။ သခင်ယေရှုက လောဒိကိ အသင်းတော်ထံ သင်သည် အဝတ်အချည်း စည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်း၊ ငါ့ထံ မှာဝယ်လော့။ (ဗျာ ၃:၁၈)ဟု အကြံပေးခဲ့သည်။ အဘယ်ကြောင့်နည်းဟူမူကားလော ဒိကိ အသင်းတော်သည် ခရစ်တော် ရှေ့၌ အဝတ်အချည်းစည်း ဖြစ်နေသည်။ ယနေ့ သင်သည်လည်း ဘုရားသခင် ရှေ့၌ အဝတ်အချည်းစည်း ဖြစ်ကြောင်း အသိပေးလိုပါသည်။ 

အာဒံနှင့် ဧဝတို့ လင်မယားသည် မိမိတို့ အဝတ်အချည်းစည်းရှိသောအခါ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကို လုပ် ကြသည်။ သို့သော် ထိုအရွက်တို့သည် ခဏသာခံ၍ ခဏခဏချုပ်ဘို့ လိုလိိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို သနား၍ -လူလင်မယား ဘို့သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံစေတော်မူ၏။ (ကမ္ဘာ ၃:၂၁) အာဒံနှင့် ဧဝတို့သည် ဘုရားသခင် အမြင်၌ သော်၎င်း၊ သူတို့ ကိုယ်တိုင်၏ အမြင်၌ သော်၎င်း၊ ကိုယ်တုံးလုံး ဖြစ်သည်။ သူတို့၏သား စဉ်မြေးဆက် ဖြစ်သော လူသား တိုင်းလည်း ကိုယ်တုံးလုံး ဖြစ်ကြသည်။ ထို့ကြောင့် လူ့အမြင်၌ အရှက်ပြေဘို့ရန် အဝတ်ဝတ် ရသည်။ တန်ဘိုး ကြီးသော အဝတ်များဖြင့် အရှက်ဖုံး ကြသည်။ သို့သော် ထိုအဝတ် များသည် လူ့အမြင်၌ သာလျှင် ဖုံးနိင်၍ ဘုရား အမြင်၌ မဖုံးနိုင်ချေ။ လူသည် ဘုရား အမြင် သို့မဟုတ် ဝိညာဉ်ပိုင်း၌ အဝတ်အချည်းစည်း ဖြစ်ကြသည်။ 
 
ကိုယ်တုံးလုံး၏ လက္ခဏာများ 

လူသည် အဘယ်ကြောင့်အဝတ်အချည်းစည်းရှိသည်ကို မသိမမြင်နိင်ကြသနည်းဟူမူကား အမှောင်ထဲ၌ ရှိသောကြောင့်၎င်း၊ ဝိညာဉ် မျက်စိကန်းသောကြောင့်၎င်း၊ ဖြစ်သည်။ ရှင်ပေါလုက-ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ 
ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ညဉ့်အချိန် ကုန် လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန် တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက် ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။ (ရော ၁၃:၁၁-၁၄) အထက်ပါ ကျမ်းပိုဒ်များ အရအဝတ်အချည်းစည်းရှိခြင်း၏ လက္ခဏာများ မှာပွဲလုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ကိုယ်ကာယတပ်မက်ခြင်းတို့ ဖြစ်သည်။ သင်သည် အထက်ပါ အရာများကို လုပ်ချင် နေပါက ကိုယ်တုံးလုံး ဖြစ်ကြောင်း သိစေချင်သည်။ ကိုယ်တုံးလုံး ဖြစ်လျှင် ရှက်စရာ ကောင်းသည်။ သို့သော် ဝိညာဉ် မျက်စိကန်းသောကြောင့် ရှက်ရမှန်းလည်း သိမည် မဟုတ်။ 
 
သခင်ယေရှု ဝတ်ဘို့ 

ဘုရားသခင်သည် အာဒံနှင့် ဧဝတို့ကိုသားရေဝတ်လုံကို ပေးခဲ့ သကဲ့သို့ ယနေ့ လူသားများကိုလည်း ဝတ်ခြုံဘို့ သခင်ယေရှု ဝတ်လုံကို ပေးထားသည်။ ထို့ကြောင့် ရှင်ပေါလုကသခင် ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့ ဟုဆိုခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် သခင်ယေရှုကို မည်ကဲ့သို့ ဝတ်ရမည်နည်း။ ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။ (ဂလာ ၃:၂ရ) ဟုဆိုသည်။ ခရစ်တော်၌ ဗတ္တိဇံခံခြင်း ဆိုသည်မှာ ခရစ်တော်၌ မြှပ်နှံခြင်းကို ဆိုလိုသည်။ လူသည် အာဒံ၌ မွေးဘွားခဲ့သည်။ ဘုရားသခင်က လူကို ခရစ်တော် အထဲ၌ ထည့်၍ ခရစ်တော်နှင့်အတူ သေစေပြီးမှသင်္ချိုင်း၌ မြှုပ်နှံကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်-ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေ ခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင် လည်ရကြသတည်း။ (ရော ၆:၃-၄)။ ဘုရားသခင်က လူကို ခရစ်တော်၌ ဗလ္လိဇံ (ထည့်)၍ လက်ဝါးကပ်တိုင်၌ အသေခံ စေသည်။ ထို့နောက်သင်္ဂြိုလ်၍ အသစ်သော အသက်တာဖြင့် ရှင်ပြန်ထမြောက် စေသည်။ ထိုအရာအားလုံး သည် ဝိညာဉ်ပိုင်းအားဖြင့် ဖြစ်သည်။ ထိုသို့ ရှင်ပြန်ထမြောက်သောသူသည် ခရစ်တော်ကို ယူတင်ဝတ်ဆောင် သောသူ ဖြစ်သည်။ 

ယုံကြည်သောသူအတွက် ခရစ်တော်သည် ဘုရား ပေးသော ဝတ်လုံ ဖြစ်သည်။ ထိုဝတ်လုံဖြင့် ကိုယ်ကို လုံခြုံဘို့ရန် ဝတ်ဆင်ဘို့ လိုသည်။ ခန္ဓာကို အရှက်အ တွက်အဝတ်သည် အဖုံး ဖြစ်သည်။ နေ့ခင်း၌ လူတိုင်း လှလှပပဝတ်ဆင်သောကြောင့် ကြည့်ရှု၍ ရသည်။ အဝတ်အစားသည် လူကို တင့်တယ်လှပစေသည်သာမက အရှက် လုံစေသည်။ ထို့နည်းတူ ယုံကြည်သူသည် ဘုရား ပေးသော သခင် ခရစ်တော်ကို ဝတ် ခြုံဘို့ လိုသည်။ လူသည် ညအိပ်သောအခါ ညအိပ်အဝတ်များကို ဝတ်တတ်ကြသည်။ ညအချိန်တွင် မှောင်သောကြောင့် အလှအပမလို၊ ကိုယ်တုံးလုံးနှင့်လည်း နေနိင်သည်။ သို့သော် နေ့အချိန် အလင်းထဲ၌ မည်သူမျှညဝတ်ဖြင့် ဖြစ်စေ၊ ကိုယ်တုံးလုံးဖြင့် ဖြစ်စေမနေရဲကြပေ။ နေပါက ရှက်စရာ ကောင်းသည်။ အရူးများသာလျှင် နေရဲ ကြသည်။ နံနက်မိုးလင်းသောအခါ အဝတ်အစားများကို ဝတ်ဆင်တတ်ကြ သကဲ့သို့ ယခုအခါ ဝိညာဉ်ပိုင်း၌ နံနက်မိုးလင်းခါနီး ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက-ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့် သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ဟုဆိုခြင်း ဖြစ်သည်။ ခရစ်တော် ရရှိပြီးသောသူများလည်း မကြာခဏ ခရစ်တော်ကို ချွတ်၍ ကိုယ်တုံးလုံးနှင့် နေကြသည်။ ဆိုလိုသည်မှာ ခရစ်တော် ရရှိပြီး နောက်ပွဲလုပ်ခြင်း၊ 
ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန် တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ကိုယ်ကာယတပ်မက်ခြင်းတို့ ဖြင့် ပြန်နေတတ်ကြသည်။ ထိုသို့ နေခြင်းကြောင့် ဘုရား ဘုန်းတော် ရှုတ်ချစရာ ဖြစ်၍ မယုံကြည်သူများက ခရစ်တော်ကို ယုံ ကြည်ဘို့ရန် အဟန့်အတား ဖြစ်စေသည်။ ထို့ကြောင့် ခရစ်တော်ကို အစဉ်ဝတ်ဆောင်ဘို့ လိုသည်။ 

ခရစ်တော်ကို မည်ကဲ့သို့ ဝတ်ဆောင်မည်နည်း။ ခရစ်တော်ကို ဝတ်ဆောင်ခြင်းသည် ခရစ်တော်ကို အုပ်စိုးစေရမည်။ အသက်တာ၌ ခရစ်တော် အလိုဆန္ဒအတိုင်း နေရမည်။ ခရစ်တော် မကြိုက်နှစ်သက်သော အရာများကို ရှောင်၍ ခရစ်တော် ကြိုက် နှစ်သက်သော အရာများကိုသာ လုပ်ရမည်။ ခရစ်တော်သည် ယုံကြည်သူများ၏ ​ဖြောင့် မတ်ခြင်း ဖြစ်ကြောင်း ဤသို့ တွေ့ရသည် -ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည် အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။ (၁ ကော ၁:၃၀)။ အောက်ကျမ်းပိုဒ်များ ဆက်ဖတ်ကြပါ။ အသံတော်ကား၊ သူခိုး ကဲ့သို့ ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက် နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္လာရှိ၏။ (ဗျာ ၁၆ ; ၁၅) သို့သော်လည်း၊ သာဒိမြို့၌ ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူး စေသောသူ နည်းနည်းရှိသေး၏။ ထို သူတို့သည် ထိုက်တန်သောသူ ဖြစ်၍၊ အဖြူဝတ်လျက် ငါနှင့် အတူသွားလာကြလိမ့်မည်။ အောင်မြင်သောသူသည် ဖြူသော အဝတ်ကို ဝတ်ဆင်လိမ့်မည်။ (ဗျာ ၃:၄)။ ခရစ်တော်သည် သူ့ကို ဝတ်ဆောင်သောသူများနှင့် သာသွားလာချင်သည်။ ကိုယ်တုံးလုံးများနှင့် မသွားလာချင်ပေ။ ခရစ်တော် ဝတ်ခြုံခြင်းအားဖြင့် တင့်တယ် လျောက်ပတ်သောသူများ ဖြစ်ကြပါစေ။ 
 
 
 ဣသရေလ လူများ၏ ပွဲများ 
 


 အချိန်တန်မှ သင်တို့ ကြော်ငြာရသော ဓမ္မစည်းဝေးခြင်း တည်းဟူသော ထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ (ဝတ်ပြုရာ ၂၃:၄)။ ထာဝရဘုရားသည် ဣသရေလ လူများကို နှစ်စဉ်ပွဲခုနှစ်မျိုးကို ကျင်းပခိုင်းသည်။ ထိုပွဲများကို ခရစ်ယာန်များက မသိကြချေ။ အကြောင်းမှာ ကျမ်းစာ မဖတ်၊ ဖတ်လျှင်လည်း အဓိပ္ပါယ် မသိသောကြောင့် ဖြစ်သည်။ ထိုပွဲများသည် ရိုးရိုးလုပ်ခိုင်းသည် မဟုတ်၊ ခေတ်ကာလကို ဖေါ် ပြသည်သာမက ခရစ်တော်၏ လုပ်ငန်းများနှင့် ယုံကြည်သူများ၏ အသက်တာကို ပါ ဖေါ်ပြသည်။ ထိုပွဲများ သိခြင်းအားဖြင့် သမ္မာတရား ပို၍ သိရသည်။ ဣသရေလ လူများကျင်းပသော ပွဲများသည် အရိပ်များ ဖြစ်၍ ခရစ်တော်၌ ပြည့်စုံသည်။ ထိုပွဲများသည် သုံးပိုင်းပိုင်းနိင်သည်။ ပဌမ အပိုင်းသည် နိသန် (တန်ခူး) လတွင် ကျင်းပ၍ ပသခါ ပွဲ၊ အဇုမ ( တဆေးမဲ့မုန့်) ပွဲနှင့် အဦးသီးသော အသီးပွဲတို့ ကျင်းပ ကြသည်။ ဒုတိယအ ပိုင်း၌ ပင် တေကုတ္တေပွဲတမျိုးသာ ကျင်းပသည်။ ထိုပွဲကို ုိ ( ဤ့န်န​ေျအ သ် တနနုျ)ဟု ခေါ်၍ သူတို့၏ တတိယလ တည်းဟူသော (ှငလ​ေည) နယုန်လတွင် ကျင်းပတတ်ကြသည်။ ထိုလသည် မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတွင် ကျရောက်သည်။ တတိယပိုင်းသည် တံပိုးမှုတ်ပွဲ၊ အပြစ် ​ဖြေရာနေ့နှင့် တဲ (သကေနေ) ပွဲများ ကျင်းပတတ်ကြသည်။ ထိုပွဲများကို သတ္တမလ တည်းဟူသော ( ဤငျ့မင) သတင်း ​ကျွတ်လ၊ စက်တဘ်ာလနှောင်းနှင့် အောက်တိုဘာလစောပိုင်းတွင် ကျင်းပရသည်။ 
 
ပသခါပွဲ

The Passover(Pesach) 

ပသခါပွဲကို အင်္လိပ်လို (ဏ​ေျျသလနမ)ဟု ခေါ်၍ ဟေဗြဲလို (ဏနျခေ့)ဟု ခေါ်သည်။ ပသခါပွဲနှင့် ပတ်သက်၍ ကျမ်းစာ၌ -ပဌမ လဆယ် ရက်နေ့ညဦးယံ၌၊ ထာဝရဘုရား၏ ပသခါပွဲ ဖြစ်၏ (ဝတ် ၂၃:၅) ဟုဆိုသည်။ ပသခါပွဲသည် ထာဝရဘုရားက ဣသရေလ လူများကို အဲဂုတ္တု ​ကျွန်မှနှုတ်ဆောင်သောအခါ နောက်ဆုံး ပြုလုပ်သော နိမိတ်လက္ခဏာ ဖြစ်သည်။ အဲဂုတ္တု ​ကျွန်မှ ထွက်သောအခါ ဘုရားသခင်က ပြက္ခဒိန်ကို တွက်ခိုင်းသည်။ သူတို့၏ ပဌမဦးဆုံး လသည် မြန်မာတန်ခူးလနှင့် တူ၍ နိသန် (​ြငျ​ေည)ဟု ခေါ်သည်။ ထိုလ ၁၄ ရက်နေ့ညတွင် သိုးသငယ် သို့မဟုတ် ဆိတ်သငယ်အထီးကို သတ်ခိုင်း၍ အသွေးကို တံခါးထုပ်နှင့် တံခါးတိုင်၌ ထိုးခိုင်းသည်။ သူတို့သည် အိမ်အတွင်း၌ သိုးသား ကင်ကို တဆေးမဲ့မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားခိုင်းသည်။ ထိုသို့ သိုး သားကို စားချိန်တွင် ကောင်းကင်တမန်သည် အိမ် တံခါးမှာထိုးထားသော အသွေးကို ကြည့်၍ ကျော် သွားသည်။ အဲဂုတ္တု လူများသည် ထိုအရာကို မသိ သောကြောင့် အသွေးမထိုးကြချေ။ ထိုုိအသွေးမထိုးသော အိမ်ထဲမှသာ း ဦးနှင့် တိရစ္ဆာန်သား ဦးများကို ကောင်းကင်တမန် တရားစီရင်၍ ဒဏ်ခတ်ကာသေ စေသည်။ သို့သော် အသွေးထိုးထားသော ဣသရေ လလူများမူ ကောင်းကင်တမန် ကဒဏ်မခတ်ဘဲ ကျော် (ဏ​ေျျသလနမ) သွားသည် (ထွက် ၁၂)။ ယခုနှစ်ပသခါပွဲသည် ဧပြီလ ၁၄ ရက်နေ့ညမိုး ချုပ်မှ ၁၅ ရက်နေ့မိုးချုပ်အ ထိ ဖြစ်သည်။ 

ထိုပသခါပွဲကို ထာဝရဘုရားကနှစ်စဉ်သတိရအောက်မေ့ဘို့ရန် ကျင်းပခိုင်းသည်။ သူတို့သည် ဘုရား၌ သစ္စာရှိချိန်တွင် ထိုပွဲကို ကျင်းပတတ်ကြသော်လည်း အခြား ဘုရားများကို ကိုးကွယ်သော အချိန်တွင် မူမ ကျင်းပကြချေ။ ပသခါပွဲကို ဓမ္မဟောင်းကာလ၌ ဟေဇကိမင်းနှင့် ယောရှိမင်းလက်ထက်၌သာ ကျင်းပကြောင်း တွေ့ရသည်။ သို့သော် ဗာဗုလုန်​ကျွန်ခံရာမှပြန် လာသောအခါ တွင်မူ ဘုရား ဘက်၌ စိတ်အားကြီး လာကြသောကြောင့် ကျင်းပတတ်ကြသည်။ ခရစ်တော်လည်း တပည့်တော် များနှင့် ပသခါပွဲ၌ ပါဝင် တတ်ကြောင်း တွေ့ရသည်။ ထိုပသခါ သိုးသငယ်သည် ခရစ်တော်ကို ပုံဆောင်၍ သူသည် နောက်ဆုံးသော ပသခါ သိုးသငယ် ဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေးသား ထားသည်-ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏ (၁ ကော ၅:ရ)။ ထို့ကြောင့် နောက်ထပ်ပသခါပွဲ ကျင်းပစရာ မလိုတော့ချေ။ ခရစ်တော် တည်းဟူသော ပသခါ သိုးသငယ်၏ အသွေးကို ကြည့်၍ ဘုရားသခင်က ငါတို့၏ အပြစ်များကို မမြင်တော့ဘဲ အပြစ် စီရင်ခြင်းမှ လွတ်ကင်း စေခဲ့ပြီ (ယော ၃:၁၈)။ ထိုအရာကို ယုံကြည် ရမည်။ သို့သော် ဣသရေလ လူများသည် ခရစ်တော်အားဖြင့် ပြည့်စုံပြီးသောအရာကို မသိသောကြောင့် ယနေ့ တိုင်အောင် ပသခါပွဲ ကျင်းပတတ်ကြသည်။ ခရစ်ယာန် များလည်း ထိုအရာကို မသိသောကြောင့် အပြစ် စီရင်ခြင်း ခံရဦးမည်ဟု စိုးရိမ်၍ ကောင်းကင်နိင်ငံကို ရောက်ဘို့ မမျှော်မှန်းရဲကြချေ။ 
 
တဆေးမဲ့မုန့်ပွဲ 

The Unleavened Bread (Chag HaMatzot)

တဆေးမဲ့မုန့်ပွဲကို အဇုမပွဲဟု မြန်မာကျမ်းစာ၌ ရေးထားသည်။ ပဌမ လဆယ်ငါးရက်နေ့၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနှစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ ပဌမ နေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ ခုနှစ်ရက်ပတ်လုံးထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော်မူ၏ (ဝတ်ပြု ၂၃:၆-၈)။ ယခုနှစ်အဇုမပွဲသည် ဧပြီလ ၁၅ ရက်နေ့ညမိုးချုပ်မှ ၂၁ ရက်နေ့မိုး ချုပ်အထိ ဖြစ်သည်။ 

 တဆေးမဲ့မုန့်ပွဲကို ပသခါပွဲနောက်တနေ့မှ တပတ်ကြာ ကျင်းပရသည်။ ထိုပွဲတွင် ပဌမ နေ့နှင့် သတ္တမနေ့၌ အလုပ်မလုပ်ဘဲ ဓမ္မစည်းဝေးခြင်းကို ပြုလုပ် ရသည်။ ထိုပွဲ အတွင်း၌ တဆေးမဲ့မုန့်ကိုသာ စားရသည်။ ထိုပွဲသည် အရိပ် ဖြစ်သည်။ အကောင်အ ထည်သည် ခရစ်တော် ယေရှု၌ ပြည့်စုံသည် (မ ၅:၁ရ)။ တဆေးသည် အပြစ်ကို ပုံဆောင်သည်။ ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့် ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏ (မ ၁၆:၆)။ လျှို့ဝှက်ခြင်း တည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။ (လု ၁၂:၁) ဖာရိရှဲတဆေးသည် ဟန်ဆောင်ခြင်း (့ပစသခမငျပ) ဖြစ်သည်။ ပါးစပ်ကဘုရား ဘုရား လက်က ကား ယားကား ယားဟူသောအရာ ဖြစ်သည်။ ကိုယ်တိုင် မလုပ်ချင်၊ မလုပ်နိင်၊ မလိုက်နိုင်သောအရာကို သူတပါးလိုက်ခိုင်း လုပ်ခိုင်းခြင်း ဖြစ်သည်။ 
 ဇဒ္ဒုကဲတဆေးသည် မယုံ ကြည်ခြင်း ဖြစ်သည်။ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်း မရှိ၊ ကောင်းကင်တမန် မရှိ၊ နံဝိညာဉ် မရှိဟုယူ ကြ၏ (တ ၂၃:၈)။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သည် ဟုဆိုသော်လည်း ထိုကဲ့သို့ ဝိညာဉ်ပိုင်းမယုံခြင်းသည် အံ့ဩစရာ ကောင်းသည်။ ယခုခေတ်တွင် လီဘရယ် (ူငဘနမ​ေူ) များဖြစ်သည််။ ထိုသူများသည် တရားဟောဆရာများ ဖြစ်သော်လည်း ဦး နှောက်ကို အသုံးပြု၍ ဘုရားသခင်၏ တန်ခိုးကို မယုံ၊ လူ၏ အစွမ်းအစကိုသာ ရုံ သူများ ဖြစ်သည်။ 

ခရစ်တော်က၊ ဖာရိရှဲတို့၏ တဆေးကို၎င်း၊ ဟေရုဒ်၏ တဆေးကို၎င်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။ (မာ ၈:၁၅)။ ဟေရုဒ်တဆေးသည် ငါ တည်းဟူသော မာန်မာန ဖြစ်သည်။ ဟေရုဒ်သည် ခရစ်တော်၏ အုပ်စိုးခြင်းကို အလိုမရှိ။ ခရစ်တော် မွေးကြောင်း သိသောအခါ သတ်ဘို့ရန် ကြံစည်ခဲ့သည်။ ထို့ကြောင့် ခရစ်တော်ကို လက်မခံချင်၊ မယုံကြည်သောသူတိုင်း၌ ဟေရုဒ်တဆေးရှိသည်။ 

အချုပ်အားဖြင့် ကြည့်လျှင် ဖာရိရှဲတဆေးသည် ဟန်ဆောင် ခြင်ါ် (့ပစသခမငျပ)၊ ဇဒ္ဒုကဲတဆေးသည် မယုံကြည်ခြင်း၊ ဟေရုဒ်တဆေးသည် မာန်မာန ဖြစ်၍ လူတိုင်း၌ အနည်းနှင့် အများရှိကြသည်။ ထိုတဆေးအားလုံး သည် အပြစ်ဟု ခြုံ၍ ပြောနိုင်သည်။ ရှင် ပေါလုက၊ ဟောင်းသော တဆေး၊ ဆိုးညစ်မိုက်မဲခြင်း တဆေး၊ ဟုဆိုသည် (၁ ကော ၅:ရ)။ ထိုတဆေးများ တည်းဟူသော လူများ၏ အပြစ်များကို ဘုရားသခင်က ခရစ်တော် အပေါ်၌ တင်၍ အသေခံ စေကာသင်္ချိုင်းထဲ၌ မြှုပ်နှံခဲ့ပြီး ပြီ။ ထို့ကြောင့် တ ဆေးမဲ့မုန့်၊ အဇုမပွဲသည် ခရစ်တော် မြှုပ်နှံခြင်းအားဖြင့် ပြည့်စုံပြီး ဖြစ်သောကြောင့် နောက်ထပ် ကျင်းပစရာ မလိုတော့ချေ။ 
 
အဦးသီးသော အသီး 

The Feast of Firstfruits (Mashiach)

သင်တို့သည် ငါပေးသော ပြည်သို့ ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစည်းကို၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ကောက်လှိုင်းကို ချီလွှဲသော နေ့၌ အခါမလည်အပြစ် မပါသော သိုးသငယ် အထီးကို ထာဝရဘုရား အဘို့ မီးရှို့ ရာယဇ်ပြု၍ ပူဇော်ရမည်။ ထိုယဇ်နှင့် ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ တည်းဟူသော ဆီနှင့် ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သက္ကာ၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။ (ဝတ်ပြု ၂၃:၁၁-၁၃)  ဣသရေလ လူများကို ဘုရားသခင်က အဦးသီးသော အသီးကို ပူဇော်ခိုင်းသည်။ ပူဇော်မည့် နေ့လည်း နေ့ရက် သတ်မှတ်ပေးသည်။ ပဌမ လ ဖြစ်သော နိသန် (တန်ခူး) လ ၂၂ ရက်နေ့၊ ဥပုသ်နေ့ အလွန် တရက်တနင်္နွေနေ့တွင် ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ နေ့ရက်သတ်မှတ်နိင်သနည်း။ ယ ခုခေတ်တွင် အဦးသီးမည့် အချိန်ကို မသတ်မှတ်နိုင်ချေ။ အကြောင်းမှာ ယခုခေတ်တွင် ရာသီဥတုမမှန်တော့သော်လည်း ထိုခေတ်တွင် ရာသီဥတု အလွန် မှန်သောကြောင့် အ ဦးသီးသော အသီးပူဇော်မည့် နေ့ကို သတ်မှတ်နိုင်ခြင်း ဖြစ်သည်။ အဦးသီးသော အသီးကို ပူဇော်ရာတွင် ကောက်လှိုင်းတစည်း (မုရောဆန်) အခါမလည် (တနှစ်မပြည့်) သိုးသ ငယ်အထီး၊ ဆီရောသော မုန့်ညက်နှစ်ဩမဲ၊ စပျစ်ရည်သုံးလောဃပူဇော်ရသည်။ 

အဦးသီးသော အသီးပူဇော်ခြင်းသည်လည်း အခြားသော ပွဲများ ကဲ့သို့ အရိပ် ဖြစ်သည်။ ကောက်လှိုင်းတစည်းသည် မြေကြီး မှပဌမဦးဆုံး သီးသော အသီး ဖြစ်သည်။ ထိုနောက်မှလယ်ထဲ၌ ရှိသော ကောက်လှိုင်းများကို ရိတ်သိမ်းရသည်။ အဦးသီးသော အသီးသည် သခင်ယေရှု ရှင်ပြန်ထမြောက်သောအခါ ပြည့်စုံပြီး ဖြစ်ကြောင်း ဤသို့ တွေ့ရသည်။ ကျမ်းစာ၌ -ယေရှုသည် ကြီးသော အသံနှင့် တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက် စွန်း မှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြား ကြ၏။ သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက် ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာတို့သည် ထကြ၍၊ ကိုယ်တော် ထမြောက်တော်မူသည် နောက်၊ ထို သူတို့သည် သချ်ုိင်းတွင်း မှ ထွက်၍ သန့်ရှင်းသော မြို့ထဲသို့ ဝင်ပြီးလျှင်၊ လူ များစွာတို့အား ထင်ရှားကြ၏။ (မ ၂ရး၅၀-၅၃) အဘယ်ကြောင့် သန့်ရှင်း သူများ၏ အလောင်း များစွာသည် သခင်ယေရှု သေသောအခါ သင်္ချိုင်းတွင်း မှထကြသော်လည်း ကိုယ်တော် ထမြောက်တော်မူသည် နောက်သင်္ချိုင်းတွင်း မှ ထွက်ကြသနည်း။ အကြောင်းမှာ ဘုန်းရှိသော ကိုယ်ခန္ဓာ သို့မဟုတ် ဝိညာဏ ကိုယ်ခန္ဓာဖြင့် ထမြောက်သော သူတို့တွင် သခင်ယေရှုသည် ပဌမဦးဆုံး ထမြောက် သောသူ၊ ဘုရားသခင် အတွက် အဦးသီးသော အသီး ဖြစ်ဘို့ရန် အတွက် ဖြစ်သည်။ 

ထို့ကြောင့် ပေါလုက- ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသော အသီး ဖြစ်တော်မူပြီ။ (၁ ကော ၁၅:၂၀)ဟု ရေးရခြင်း ဖြစ်သည်။ ဓမ္မဟောင်းကာလတွင် ရှင်ပြန်ထမြောက် သောသူများရှိ ကြသည်။ ပရောဖက် ဧလိယကတယောက်၊ ဧလိရှဲကနှစ်ယောက်ထမြောက် စေခဲ့သည်။ သခင်ယေရှု ကိုယ်တိုင် ကလာဇရုနှင့် အခြားနှစ်ယောက်ကို ထမြောက် စေ ခဲ့သည်။ သို့သော် ထိုသူများသည် ဘုန်းရှိသော ကိုယ်ခန္ဓာအားဖြင့် မဟုတ်ကြချေ။ ပြန်လည်သေနိင်သော ကိုယ်ခန္ဓာဖြင့် ထကြသည်။ ဘုန်းရှိသော ကိုယ်ခန္ဓာအားဖြင့် ပဌမဦးဆုံး ထမြောက်သောသူသည် သခင်ယေရှု ပင် ဖြစ်သည်။ ထိုသို့အားဖြင့် သူသည် အဦး သီးသော အသီးပူဇော်ခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံ စေခဲ့ပြီ။ သခင်ယေရှု၏ ညီတော် ယာကုပ်ကလည်း ယုံကြည်သူများဝိညာဉ် ပိုင်း၌ မွေးဘွားခြင်းနှင့် ပတ်သက်၍ ဤသို့ ရေးခဲ့သည် -နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရား စကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏ (ယာ ၁:၁၈)။ နိမ္မိတသတ္တဝါ ဆိုသည်မှာ ဖန်ဆင်းထားသောအရာ (ခမနအေကမန) ဟုဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် ဖန်ဆင်းထားသောအရာ တို့တွင် အဦးသောသူ ဖြစ်သည် ဟုဆိုလိုခြင်း ဖြစ်သည်။ ငါတို့သည် သခင်ယေရှု ကဲ့သို့ဖြစ်စေခြင်းငှါ သမ္မာ တရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ဖြစ်ဘွားစေသည်။ ဖြစ်ဘွားစေသည် ဟူသောအရာသည် ဒုတိယ မွေးဘွားစေသည် ဟုဆိုခြင်း ဖြစ်သည်။ ထိုသို့ အဦးသီးသော အသီးပွဲသည် ခရစ်တော် ထမြောက် ခြင်းအားဖြင့် ပြည့်စုံပြီး သောကြောင့် ကျင်းပစရာ မလိုတော့ချေ။ 
 
ပင်တေကုတ္တေ ပွဲ

The Feast of Weeks or Pentecost (Shavuot)


ချီလွှဲရာပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့ (အဦးသီးပွဲ)၊ ဥပုသ် နေ့ အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနှစ်သီတင်းစေ့အောင် ရေတွက်ရမည်။ သတ္တမ ဥပုသ်နေ့ အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင်ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာအသစ်ကို ဆက်ရကြမည်။ ထာဝရဘုရား အဘို့ အဦးသီးသော အသီး၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက်နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာ မုန့်နှစ်လုံးကို သင်တို့ အိမ်မှထုတ်ဆောင်ခဲ့၍၊ ထိုမုန့်နှင့်တကွ အခါမလည်အပြစ် မပါသော သိုးသငယ် ခုနစ်ကောင်၊ နွားသငယ်အထီးတကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘော ဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင် ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ တည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူ ဇော်ရမည်။ အပြစ် ​ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိတ်ဿဟာရယဇ် အဘို့ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို၎င်း၊ ပူဇော်၍၊ ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ် နှစ်ကောင်ပါလျက်၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာပြုရမည်။ (ဝတ် ၂၃:၁၅-၂၀) 
 အထက်ပါ ပွဲကို အင်္လိပ်လို ( ဤ့န်န​ေျအ သ် ျွှနနုျ) ဟေဗြဲဘာ သာအားဖြင့် (ှ့လေကသအ) သတင်းများပွဲဟု ခေါ်သည်။ ဓမ္မသစ်ကျမ်း၌ ဂရိတ်စကားအားဖြင့် ပင်တေကု တေျွှပွဲ (ဏနညအနခသျအ)ဟု ခေါ်သည်။ ပင်တေကုတ္တေ ဟူသောစကား လုံးသည် ငါးဆယ်ဟု အဓိပ္ပါယ်ရှိ၍ ဓမ္မသစ်ကျမ်း၌ သုံးကြိမ် သာတွေ့ရသည် (တ ၂:၁၊ ၂၀:၁၆၊ ၁ ကော ၁၆:၈)။ ထိုပွဲသည် အဦးသီးသော အသီးကို ပူဇော်ချိန်မှရေတွက်၍ ငါးဆယ်ရက်မြောက်သော နေ့၌ ကျင်းပသောပွဲ ဖြစ်သည်။ ထိုရက်များအတွင်း၌ မုရောစပါးကို ရိတ်သိမ်း၍ ကောက်သစ်ထဲမှမုန့်လုပ်ကာပူဇော်သောပွဲ ဖြစ်သည်။ ကောက်သစ်နှင့် လုပ်သော တဆေးရောသော မုန့်နှစ်လုံး၊ မီးရှို့ရာယဇ်များနှင့် အပြစ် ​ဖြေရာယဇ်များ ပူဇော် ကြသည်။ ထိုပွဲသည် ကောက်သစ်ပူဇော်ခြင်း ဖြစ်၍ အရိပ် ဖြစ်သည်။ ဘုရားသခင် ထံ၌ ပူဇော်သော မုန့်များ၌ တဆေးမပါတတ်သော်လည်း ဤပွဲ၌ ပူဇော်သော မုန့်မူကား တဆေးပါသည်။ 

ထိုပွဲသည် ဓမ္မသစ်ကျမ်း၌ ပင် တေကုတ္တေပွဲ ကျင်းပသောအခါ ပြည့်စုံခဲ့ပြီး ပြီ။ ကျမ်းစာ က- ပင်တေကုတ္တေပွဲနေ့ ရောက်သောအခါ ထိုသူ အပေါင်းတို့သည် တညီတညွတ် တည်းစည်းဝေး၍ နေကြ၏။ ၂ ထိုအခါ လေပြင်းမုန်တိုင်း ကဲ့သို့သော အသံသည် တခဏခြင်းတွင် ကောင်းကင်မှ လာ၍၊ ထို သူတို့ နေထိုင်သော အိမ်ကို ဖြည့်လေ၏။ ၃ ထိုခဏခြင်းတွင် ကွဲပြားသော လျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူအသီးသီးတို့ အပေါ်၌ တည် နေကြ၏။ ၄ ထိုသူ အပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည် အတိုင်း အမျိုး မျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။ (တမန် ၂:၁-၄) 

ခရစ်ယာန်များကပင် တေကုတ္တေ ပွဲသည် တမန်တော် ၂၌ စသည်ဟု ထင်တတ်ကြသည်။ ထိုပွဲသည် မောရှေလက်ထက် မှစ၍ ပွဲခုနှစ်မျိုးထဲ၌ စတုတ္ထမြောက်ပွဲ ဖြစ်သည်။ ခရစ်တော်၏ တမန်တော်များနှင့် ယုံကြည်သူများ၁၂၀တို့သည် ပင်တေကုတ္တေနေ့၌ ဆု တောင်း နေကြသည်။ ထိုအချိန်တွင် အထက်၌ ဖေါ်ပြသည့်အတိုင်း သူတို့ အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍ အသင်းတော် စတင်ခဲ့သည်။ ထိုနေ့သည် အသင်းတော်၏ မွေးနေ့ ဖြစ်သည်။ ထိုအသင်းတော်သည် အကောက်သစ်ကဲ့သို့သော အဦး ဆုံး ယုံကြည်သူများအားဖြင့် စတင်သည်။ အသင်းတော်သည် သန့်ရှင်း သူများအားဖြင့် ဖ့​ဲွစည်းသော်လည်း မုန့်နှစ်လုံး၌ တဆေးပါ သကဲ့သို့ ထိုသန့်ရှင်း သူများ၌ အပြစ်ရှိသေးကြောင်းကို ဖေါ်ပြသည်။ ဓမ္မဟောင်းကာလ၌ ခေါင်းဆောင်များဖြစ်သော ရှင် ဘုရင်များ၊ ယဇ်ပရောဟိတ်များ၊ တရားသူကြီး များနှင့် ဘုရားသခင်က အထူးအလုပ် လုပ်ခိုင်းသောသူများ အပေါ်၌သာ သန့်ရှင်းသောဝိညာဉ်တော် ပေးတတ်သည်။ သို့သော် ဓမ္မသစ်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်သူတိုင်း ထံ၌ ပေးခြင်းသည် ထူးခြားသောအရာ ဖြစ်သည်။ ထိုယုံကြည်သူများအားဖြင့် အသင်းတော် ဖွဲ့ စည်းခြင်းဖြင့် ပင်တေကုတ္တေ ပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက် ပြည့်စုံ စေခဲ့ပြီ ဖြစ်သည်။ 
 
တန်ပိုးမှုတ်ပွဲ

The Feast of Trumpets (Rosh Hashana)


သင်တို့သည် သတ္တမလ၊ ပဌမ နေ့ရက်၌ တန်ပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။ (ဝတ် ၂၃:၂၄-၂၅) တန်ပိုးမှုတ်ပွဲကို သတ္တမလ ဖြစ်သော ဤငျ့မင (သတင်း ​ကျွတ်) လတွင် ကျင်းပရသည်။ တန်ပိုးသည် စစ်တိုက်ဘို့ရန် စစ်သား စုစောင်းသောအခါနှင့် ဘုရားသခင်ကို ကိုးကွယ်ဘို့ရန် ခေါ်သောအခါ မှုတ်တတ်ကြသည်။ ထိုပွဲသည်လည်း အရိပ် ဖြစ်၍ ဓမ္မသစ် ကျမ်း၌ ပြည့်စုံခြင်း မရှိသေးချေ။ ယခုမကြာမှီ ပြည့်စုံမည့်ပွဲ ဖြစ်သည်။ ထိုပွဲသည် ယုံကြည်သူများ ချီဆောင်ခြင်းသို့ ရောက်သောအခါ ပြည့်မည် ဖြစ်သည်။ 

 ခရစ်တော်သည် အသင်းတော် (သူ၏ ကိုယ်ခန္ဓာ)ကို သိမ်းဆည်းဘို့ရန် ကြွ လာသောအခါ တန်ပိုးမှုတ်မည့် အကြောင်းရှင် ပေါလုက ဤသို့ ရေးထားသည် -နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော် လည်း၊ နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသ မျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါ သေ လွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ (၁ ကော ၁၅:၅၁-၅၂) 

သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ၁၇ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ (၁ သက် ၄:၁၆-၁ရ) 

ရှင်ပေါလုက ခရစ်တော်သည် နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ ကြွလာ လိမ့်မည် ဟုဆိုသည်။ ထို့ကြောင့် တန်ပိုးမှုတ်ခြင်းသည် အသင်းတော်ကို ချီဆောင်ဘို့ရန် ခရစ်တော် ကြွလာမည့် အရာကို ညွှန်ပြသောပွဲ ဖြစ်သည်။ သို့သော် ဣသရေလ လူများအတွက် မူဘေးဒဏ်ကြီးသို့ ရောက်ရှိလာမည့် အရာ၊ စစ်ပွဲ ဖြစ်မည့် အရာကို ပုံ ဆောင်သည်။ သူတို့သည် သခင်ယေရှုကို ခရစ်တော် အဖြစ် လက်မခံကြ သေးသောကြောင့် ဘေးဒဏ်ကြီး ကာလ၌ ဝင်ကြရဦးမည်။ ဘေးဒဏ်ကြီးကာလ အပြီး ခရစ်တော် ဒုတိယအကြိမ် ကြွလာမှသာ လက်ခံကြမည် ဖြစ်သည်။ ယခုနှစ်တန်ပိုးမှုတ်ပွဲသည် စက် တဘ်ာလ ၂၅ ရက်နေ့ ဖြစ်သည်။ နောက်နှစ် ၂၀၁၅ ခုနှစ်တန်ပိုးမှုတ်ပွဲသည် စက် တဘ်ာလ ၁၄ ရက် တနလ်ာနေ့ ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အောက်တိုဘာ လ ၃ ရက်နေ့ ဖြစ်မည်။ ထိုအချိန်တွင် ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ဖြစ်မည်ဟု မည်သူကမျှ မပြောနိုင်သော်လည်း ဖြစ်နိင်စရာ အကြောင်းရှိသည်။ 
 
အပြစ် ​ဖြေရာနေ့ 

The Day of Atonement (Yom Kippur)

သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ် ​ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ် ​ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။ ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူ မည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။ ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူမည်သည်ကို၊ သူ၏ အမျိုးမှငါပယ်ရှားဖျက်ဆီးမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ နေရာအရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ (ဝတ် ၂၃:၂ရ- ၃၁) 

အပြစ် ​ဖြေရာနေ့သည် ဝတ်ပြုရာ ၁၆၌ ပို၍ ပြည့်စုံစွာ ဖေါ်ပြထားသည်။ ထိုနေ့၌သာ ယဇ်ပုရောဟိတ်မင်းသည် အသန့်ရှင်းဆုံးဌါန၌ ဝင်၍ သူနှင့် မိသားစုအတွက်၊ ပရိသတ်အတွက် မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို ပူဇော်ရသည်။ ထိုအရာသည် အရိပ် ဖြစ်၍ နှစ်စဉ်ပူ ဇော်ရသည်။ သို့သော် ထိုအရာကို ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်က လူသား အားလုံး အတွက် ကောင်းကင် သန့်ရှင်းရာ ဌါနထဲသို့ ဝင်၍ မိမိ၏ အသွေးတော်နှင့် ကိုယ်ခန္ဓာကို ပူဇော်ခြင်းအားဖြင့် ပြည့်စုံစေပြီ ဖြစ်သည်။ ကျမ်းစာ က- ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ၁၂ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ် အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏ - ဟုဆိုသည် (ဟေဗြဲ ၉:၁၁-၁၂)။ တဖန် -ထိုအလိုတော်နှင့် အ ညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏ -ဟု ရေးထားသည် (ဟေဗြဲ ၁၀:၁၀)။ ထို့ကြောင့် အပြစ် ​ဖြေရာယဇ်အတွက် တိရိစ္ဆာန်များကို ပူဇော်စရာ မလိုတော့ချေ။ ခရစ်တော်၏ ကိုယ်ခန္ဓာနှင့် အသွေးကို ကောင်းကင် သန့်ရှင်းရာဌါနသို့ ပူဇော်ခြင်းကို ယုံကြည်သူ တိုင်းသည် သန့်ရှင်း ပြီ ဖြစ်သည်။ 

အပြစ် ​ဖြေရာနေ့၌ အသန့်ရှင်းဆုံးဌါန၌ ယဇ်ပုရောဟိတ်မင်းဝင်၍ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို ပူဇော်ခြင်း အပြင် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ ပရိသတ်များ၏ အပြစ်ကို ယဇ်ပုရောဟိတ်မင်းကတင်၍ တော၌ စေလွှတ်ခြင်းဖြင့် သူတို့၏ အပြစ်များကို ဆိတ်ကသယ်ဆောင်သွားသည်။ ကျမ်းစာ က- ထိုသို့ သန့်ရှင်းရာ ဌာနတော် အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော် အဘို့၊ ယဇ်ပလ္လင်အဘို့ အပြစ်​ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။ အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလ အမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသော အပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်း ပေါ်မှာ တင်ထားပြီးလျှင်၊ တော် လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။ သူတို့ အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ် လိုက်ရမည် (ဝတ်ပြု ၁၆:၂၀-၂၂)။ ထိုသို့ ပြုလေ့ရှိသောအရာ ကိုလည်း ဘုရားသခင်က တလောက လုံး၏ အပြစ်များကို ခရစ်တော် အပေါ်၌ တင်ခြင်းအားဖြင့် ပြည့်စုံပြီ ဖြစ်ကြောင်း ကျမ်းစာ၌ ဤသို့ ရေးထားသည် -ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့( ခရစ်တော်) အပေါ်တင်တော်မူ၏၊ (ဟေရှာယ ၅၃:၆)။ တဖန် -နက်ဖြန်နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလော က၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့- (ယော ၁ ; ၂၉) ဟုဆိုခဲ့သည်။ 

ထိုသို့ ခရစ်တော်က အပြစ်များကို ယူဆောင်သွားခြင်း၊ ယဇ်ပုရောဟိတ်မင်း ခရစ်တော် ကသူ၏ အသွေးနှင့် ခန္ဓာကိုယ်ကို ကောင်းကင် သန့်ရှင်းရာဌါန၌ ပူဇော်ခြင်းကို မသိ၊ မယုံကြည်သော ဣသရေလ များသည် ယခုတိုင်အောင် အပြစ် ​ဖြေရာနေ့ကို မလိုအပ်ဘဲ ပြုလုပ် နေကြဆဲ ဖြစ်သည်။ ဗိမာန်တော် မရှိသောကြောင့် ယခင်နည်းတူ လုပ်၍ မရချေ။ သူတို့အတွက် အပြစ် ​ဖြေရာပွဲသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာမှပြည့် စုံမည် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလတွင် ဣသရေလ လူအများစုသေဆုံးကုန်၍ ကျန် ကြွင်းသောသူများက ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ သူတို့ မြော်လင့် တောင့်တနေသော ကယ်တင်ရှင်အဖြစ် လက်ခံ၍ ပဋ္ဋိညာဉ်တရားသစ်ကို ပြုလုပ် ကြကာ သူတို့၏ အပြစ်များကို ​ဖြေလွှတ်မည့် အကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည် -နောင် ကာလ အခါ ဣသရေလ အမျိုးသားတို့၌ ငါပေးအံ့သော ပဋ္ဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ် ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ် မှာငါရေးထားမည်။ ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြ လိမ့်မည်။ ထို သူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ် ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြ လိမ့်မည်။ ထိုအခါ ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန် ကျူးခြင်းများကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏ (ယေရမိ ၃၁ ; ၃၃-၃၄၊ ဟေဗြဲ ၈:၁၀-၁၂)။ 
 ခရစ်ယာန်များအတွက် အပြစ် ​ဖြေရာယဇ်သည် ခရစ်တော်အားဖြင့်ပြီး ပြည့်စုံ ပြီ ဖြစ်သော်လည်း ဣသရေလများအတွက် မူအနာဂတ်မှာရှိသေးသည်။ အမည်ခံ ခရစ်ယာန်များအတွက်မူ ခရစ်တော်၏ အပြစ် ​ဖြေပေးခြင်းကိုအား မကိုး မယုံကြည် သောကြောင့် မလိုအပ်ဘဲ ပျက်စီးခြင်းသို့ ရောက်ရကြမည် ဖြစ်သည်။ ယခုနှစ်အပြစ် ​ဖြေရာနေ့သည် အောက်တိုဘာလ ၄ ရက်နေ့ ဖြစ်၍ ၂၀၁၅ ခုနှစ်တွင် စက်တဘ်ာလ ၂၃ ရက်နေ့ ကျရောက်မည်။ 
 
တဲပွဲ (သကေနေ့)

The Feast of Tabernacles (Sukkot)

သင်တို့သည် သတ္တမလဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံးထာဝရဘုရားဘို့ သကေနေပွဲကို ခံရကြမည်။ ပဌမ နေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကို မလုပ် ရ။ ခုနစ်ရက်ပတ်လုံးထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အÏမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ထူးဆန်းသော စည်းဝေးခြင်း ဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။ (ဝတ် ၂၃:၃၅-၃၆) 

သကေနေပွဲကို သခင်ယေရှုလည်း ပါဝင်ခဲ့သည့်အကြောင်း ဤသို့ တွေ့ရသည်-ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊ ညီတော်တို့ က၊ သင်ပြုသော အမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှါ ဤအရပ်မှ ထွက်၍ ယုဒပြည်သို့ ကြွပါ။ ကျော်စောကိတ္တိကို အလိုရှိသောသူ မည်သည်ကား၊ မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည် ပြုလျှင်၊ ဤလောက၌ ကိုယ်ကို ထင်ရှားစွာ ပြပါဟု၊ မယုံကြည် သောကြောင့် ယေရှုအား ဆိုကြ၏။ (ယော ရး၂-၅) 

သကေနေ (သို့) တဲပွဲသည် ဣသရေလ လူများ အဲဂုတ္တု ​ကျွန်မှ ထွက်၍ တော၌ နှစ်ပေါင်းလေးဆယ် ဘုရားသခင်က ​ကျွေးမွေးသောအခါ တဲများ၌ နေခြင်းကို သတိရ အောက်မေ့ဘို့ရန် အတွက် ကျင်းပသောပွဲ ဖြစ်သည်။ ထိုပွဲကို ကျင်းပခြင်းဖြင့် ထာဝရဘုရားသည် မည်မျှတန်ခိုးကြီး ကြောင်း၊ လူသည် မုန့်အားဖြင့်သာအသက် မရှင်၊ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ကြောင်းကို သိစေသည်။ ထိုပွဲသည် အနာ ဂတ်၌ ခရစ်တော်က ဤလောက တခုလုံးကို အုပ်ချုပ်မည့် အရာကိုလည်း ဖေါ်ပြထားသည်။ ထိုအရာသည် အနာဂတ်မှာရှိသေး၍ ခရစ်တော် ဒုတိယအကြိမ် ကြွလာမှ ပြည့်စုံ မည့် အရာလည်း ဖြစ်သည်။ 

 ယခုအခါ ကမ္ဘာပေါ်၌ အစာ ငတ်မွတ် ခေါင်းပါးခြင်း၊ ရောဂါ အမျိုးမျိုးကြောင့် ဒုက္ခ ရောက်ခြင်း၊ စစ်မက် ဖြစ်ပွါးသောကြောင့် အေးအေး ဆေးဆေး မနေနိင်ဘဲ ဒုက္ခသည် ဘဝ၌ ရောက်ရှိခြင်း၊ လူမျိုးရေး၊ နိင်ငံရေး၊ စီပါွးရေးကြောင့်အမျိုးစုံဒုက္ခ ရောက်ခြင်းများထိတွေ့ခံစား နေရသည်။ သို့သော် ယေရှုခရစ် တော်က ဤလောကကို အုပ်ချုပ်သောအခါ ထိုလူမှု ဒုက္ခများတွေ့ရတော့မည် မဟုတ်။ သကေနေပွဲနှင့် ပတ်သက်၍ အောက်၌ အနှစ်တထောင်ကာလ ခေါင်းစဉ်ဖြင့် ဆက်လက် ဖေါ်ပြထားပါသည်။ 
 
 
 
အနှစ်တထောင်ကာလ 


 ခရစ်တော်က ဤလောကကို အနှစ် ၁၀၀၀ အုပ်ချုပ်မည့် ကာလသည် မဝေးတော့ချေ။ များမကြာမှီ ချီဆောင်ခြင်း ဖြစ်၍ ထိုနောက်မှဘေးဒဏ်ကြီး ကာလခုနှစ်နှစ် ဖြစ်မည်။ ထိုဘေးဒဏ်ကြီးကာလ အဆုံး၌ ခရစ်တော်သည် ရှင်ဘုရင် အဖြစ်ကြွဆင်းလာ၍ အနှစ်တထောင်အုပ်စိုးမည် ဖြစ်သည်။ အနှစ်တထောင်ကာလကို ဟေရှာယကမိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟု ခေါ်သည် -ကြည့်ရှုလော့။ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ (ဟေရှာယ ၆၅:၁ရ)။ ယခု လူသား တိုင်းက ဤလောကကို အလွန် ချစ်၍ စွဲလန်းကြသော်လည်း အနှစ်တထောင်ကာလ ရောက်သောအခါ ယခုလောကကို လုံးဝ သတိရကြတော့မည် မဟုတ်။ သို့သော် ကျမ်းစာ မဖတ်၊ ဘုရားသခင်၏ အကြံအစည်ကို နားမလည် သောကြောင့် ပြသနာများလှသော ဤလောကကို စွဲလန်း နေကြခြင်း ဖြစ်သည်။ အနှစ်တထောင်ကာလနှင့် ပတ်သက်သော အချက်အလက် အချို့တို့ကို ကြည့်ကြပါစို့။ 

၁။ သံလွင်တောင်၌ ဆင်းမည်

ထာဝရဘုရားသည်လည်း၊ စစ်တိုက်ရာကာလ၌ တိုက် သကဲ့သို့ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။ ထိုနေ့ရက်၌ ​ခြေတော်သည် ယေရုရှလင်မြို့အရှေ့၊ သံလွင် တောင်ပေါ်မှာ ရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှအနောက်ဘက်တိုင်အောင် အလယ်၌ ကွဲသဖြင့်၊ အလွန် ကြီးသော ချိုင့် ဖြစ်လိမ့်မည်။ တောင်တဝက်သည် မြောက် ဘက်သို့၎င်း၊ တဝက်သည် တောင်ဘက်သို့၎င်း၊ ရွှေ့ရလိမ့်မည်။ ၅ သင်တို့သည် ငါ့ တောင်ကြားချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင်၊ မှီ လိမ့်မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီး လှုပ်၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင် ထာဝရဘုရား၊ ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူ အပေါင်းတို့သည် ပါကြလိမ့်မည်။ (ဇာ ၁၄:၃-၅) ခရစ်တော်သည် ရှင်ဘုရင် အဖြစ်အနှစ်တထောင်အုပ်စိုးဘို့ရန် သံလွင် တောင်ပေါ်တွင် ဆင်းသက်၍ တောင်သည် နှစ်ခြမ်းကွဲမည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။ 
 
၂။ ဘုရား ဖူးသွားကြလိမ့်မည်

၁၆ ယေရုရှလင်မြို့ကို တိုက်လာသော၊ လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်း သမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား တည်းဟူသော ရှင် ဘုရင် (ယေရှု) ကိုကိုးကွယ်၍၊ သကေနေ (တဲ) ပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်း အစဉ် အတိုင်း တက်လာကြလိမ့်မည်။ ၁၇ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား ဟူသော ရှင်ဘုရင် (ယေရှု) ကိုကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့ တက်၍ မလာသော မြေကြီးသား အဆွေအမျိုးရှိသမျှ အပေါ်သို့၊ မိုဃ်းမရွာရ။ ၁၈ အဲဂုတ္တု ပြည်သား အဆွေအမျိုးသည် မတက်မလာလျှင်၊ မိုဃ်းမရွာဘဲ နေသဖြင့်၊ သကေနေ (တဲ) ပွဲကို ခံအံ့သောငှါ တက်၍ မလာသော လူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော၊ ဘေးဒဏ်သည် ထို သူတို့ ကိုလည်း ထိလိမ့်မည်။ ၁၉ ဤရွေ့ကား၊ သကေနေ (တဲ) ပွဲကို ခံအံ့သောငှါ၊ တက်၍ မလာသော အဲဂုတ္တု အမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသော အပြစ် ပေတည်း (ဇာ ၁၄:၁၆-၁၉)။ ယခုအခါ မူစလင်များသည် မက္ကာမြို့သို့၎င်း၊ ဗုဒဝ ဘာသာဝင် များသည် ဗုဒဝကာရာသို့၎င်းဘုရား ဖူးသွားတတ်ကြသည်။ ခရစ်ယာန် များသည် မည်သည့်နေရာသို့ မျှမသွားကြချေ။ အကြောင်းမှာ ဘုရားသည် ဤလောက၌ မရှိသေး သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် ယေရုရှလင်မြို့မှတကမ္ဘာလုံးကို အုပ်ချုပ်သောအခါ တကမ္ဘာလုံးရှိ လူသား တိုင်း ဘုရား ဖူးဘို့ရန် ယေရုရှလင်မြို့သို့ သွားရကြမည်။ မသွားသော နိင်ငံကို မိုးခေါင်စေခြင်းဖြင့် ဒဏ်ခတ်မည် ဟုဆိုသည်။

၃။ ထာဝရဘုရားသည် ဘုရင် ဖြစ်မည်

ထာဝရဘုရား (ယေရှု)သည် တပြည် လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရား (ယေရှု) တပါးတည်း၊ နာမတော် တပါးတည်း ဖြစ်တော်မူမည်။ (ဇာ ၁၄:၉) ခရစ်တော်သည် ရှင်ဘုရင်မ ဖြစ်သေးချေ။ ယခုအခါ ကောင်းကင်၌ ယဇ် ပုဟိတ်မင်း ဖြစ်သည်။ ဒုတိယအကြိမ် ကြွလာမှရှင်ဘုရင် ဖြစ်မည်။ 
 
၄။ တရားတော် အတိုင်း အုပ်ချုပ်မည် 

အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အားသား (ယေရှု)ကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်း အရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။ ၇ ဒါဝိဒ်မင်း၏ ရာဇပလ္လင် ပေါ်မှာ ထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလ အစဉ်မပြတ်၊ တရားတော် အတိုင်း ​ဖြောင့် မတ်စွာ စီရင်၍ အမြဲတည်စေတော်မူ မည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝ ရဘုရားသည် အလိုတော် အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူ လိမ့်မည် (ဟေရှယ ၉:၆ -ရ)။ အထက်ပါ ကျမ်းပိုဒ်ကို ခရစ္စမတ်အချိန်တွင် ဖတ်တတ်ကြသော်လည်း အမှန် မှာအနှစ်တထောင်ကာလ၌ ရှင်ဘုရင်အဖြစ် အုပ်စိုးမည့် အရာကို အဓိကရေးသား သွားသည်။ ခရစ်တော်သည် ယခုခေတ် ကောက်ကျစ်လိမ်လစ်သော ခေါင်းဆောင်များကဲ့သို့ မဟုတ်၊ တရားသဖြင့် ဤလောကကို အုပ်စိုးမည်။ ထို့ကြောင့် မတရားမှုများမရှိတော့ဘဲ တရားသဖြင့် အုပ်စိုးမည်။ ယခု မည်မျှပင်တရားမျှတမှု ရှိရန် ကြိုးစား ကြသော်လည်း မရပါ။ ထိုအချိန်ကို မြော်လင့်ကြပါစို့။ 
 
၅။ တရားတော် သင်ကြမည် 

နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော် တည်သော တောင်သည် တောင်ကြီး တောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်၊၊ ၃များပြားသော သူတို့က လည်း၊ လာကြလော့၊၊ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့၊၊ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ​ခြေတော် ရာသို့ လိုက်သွားကြမည်ဟု ခရီး သွားလျက် ပြောဆို ကြလိမ့်မည်၊၊ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက်လိမ့်မည် (ဟေရှယ ၂:၂-၃)။ ခရစ်တော်သည် ယေရု ရှလင်မြို့မှအုပ်စိုးသောအခါ လူတိုင်းက သူ၏ တရားတော်ကို သင်ရန်အထက်ပါ ကဲ့သို့ တယောက်နှင့် တယောက် နိုးဆော်၍ သွားကြလိမ့်မည်။ ရှေးတုန်းကရှောလမုန်မင်း၏ ပညာနှင့် ကြွယ်ဝချမ်းသာ မှုကို နေရာတကာမှလာရောက်၍ ကြည့်ရှု သကဲ့သို့ ခရစ်တော်က ဤလောကကို အုပ်စိုးသောအခါ တရားတော် နာဘို့ရန် ကမ္ဘာအရပ်ရပ်မှ လာကြလိမ့်မည်။ 
 
၆။ စစ်တိုက်ခြင်း မရှိရ 

ထာဝရဘုရား (ယေရှု)သည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသော လူတို့ကို ဆုံးမတော်မူ သဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွား ဖြစ်စေခြင်း ငှါ၎င်း၊ လှံများကို တံစဉ် ဖြစ်စေခြင်း ငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်၊၊ တပြည်ကို တပြည် စစ် မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ (ဟေရှယ ၂:၄)။ ခရစ်တော်က ဤလောကကို အုပ်စိုးသောအခါ စစ်တိုက်ခြင်း မရှိတော့ချေ။ စစ်သား စုစောင်းရေး မရှိ၊ စစ်ပြေးဒုက္ခသည်လည်း ရှိတော့မည် မဟုတ်။ မည်မျှငြိမ်သက်ပျော်ရွှင်ကြမည် နည်း။ ထိုအချိန်ကို မြော်လင့်ရကြမည် ဖြစ်သည်။ ယခုအချိန်တွင် တိုင်း နိင်ငံများသည် ငြိမ်းချမ်းရေးဟု အော် နေကြသော်လည်း စစ်လက်နက်အကြီး အကျယ်ထုတ်လုပ်နေ ကြသည်။ ဘေးဒဏ်ကြီး ကာလတွင် ကမ္ဘာ့ သမိုင်း၌ အကြီးမားဆုံး စစ်ပွဲများ တိုက်ကြ ရဦးမည်။ ထိုအရာမှ လွတ်မြောက်ဘို့ရန် ချီဆောင်ခြင်း၌ ပါဝင်ဘို့ လိုသည်။ ခရစ်တော် အုပ်ချုပ်သောအခါတွင် မူကြီး ငယ်နိင်ဍှင်းမရှိတော့သောကြောင့် လူတိုင်း ငြိမ်းချမ်းစွာ နေထိုင်ကြမည်။ 
 
၇။ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းရှိမည် 

ကြည့်ရှုလော့။ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်း လာတံ့သောအရာ ကြောင့်၊ သင်တို့သည် အစဉ်အမြဲဝမ်းမြောက် ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာ အကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာ အကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ၁၉ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်၊၊ ငါ၏ လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တ ဖန်မကြားရ (ဟေရှယ ၆၅:၁ရ- ၁၉)။ အထက်ပါ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ထာဝရ ကာလကို ဆိုလိုသည် မဟုတ်။ ခရစ်တော် အုပ်စိုးသော အနှစ်တထောင် ကာလကို ဆိုလိုသည်။ အကြောင်းမှာ ဆက်ဖတ်ပါက အိမ်ဆောက်ခြင်း၊ လယ်ယာ ခြံစိုက်ပျိုးခြင်း၊ ထိမ်းမြား စုံဖက်ခြင်း၊ သေခြင်းများရှိဦးမည်။ သို့သော် ယခုကာလနှင့် လုံးဝ ခြားနားမည် ဖြစ်သည်။ ခရစ်တော် သင်ပေးခဲ့သော၊ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံ သကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ ဟူသောအရာကို ပြည့်စုံခြင်း ဖြစ်မည်။ ခရစ်တော် အုပ်စိုးချိန်တွင် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း သာလျှင် ရှိမည်။ ယခုတွင် လူတိုင်း စိုးရိမ်ကြောင့် ကျ နေကြသည်။ စစ် တိုက်မည့် အရာ၊ စီးပွားပျက်မည့် အရာ၊ ကျန်းမာရေးချို့တဲ့သည့်အရာ၊ အမျိုးစုံသော ပြသနာများရှိသောကြောင့် ဝမ်းမြောက်မှု မရှိ။ ထိုအချိန်တွင် မူဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း သာလျှင် ဖြစ်မည်။ 
 
၈။ လူ့သက်တန်းပြန်ရှည်မည် 

ထိုမြို့၌ အသက် ငယ်သောသူငယ်မရှိရ၊၊ အသက် မပြည့်စုံသော လူအိုလည်း မရှိရ၊၊ အသက် တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသော သေသောသူသည် အသက် တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ် ရ၏၊၊ -ငါ၏ လူတို့ အသက်သည် သစ်ပင်၏ အသက် ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ကြရလိမ့်မည်။ -အသက် တိုသော သားကို မဖွား မမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီး မင်္လာကို ခံရသောသူ ဖြစ်ကြလိမ့်မည် (ဟေရှယ ၆၅:၂၀၊ ၂၂၊ ၂၃)။ ခရစ်တော် အုပ်စိုးသော အချိန်တွင် လူ့သက်တန်းလည်း အနှစ် ၁၀၀၀ အထိ ပြန်ရှည်လာ ကြမည်။ အသက် အနှစ်တရာသည် ယခုအချိန်၌ အလွန် အိုလှပြီဟု ထင်ရသော်လည်း ထိုအချိန်တွင် ခလေးဟု ခေါ်ကြလိမ့်မည်။ လူတိုင်း ကျန်းမာသောကြောင့် ထိုကဲ့သို့ အသက်ရှည်ခြင်း ဖြစ်သည်။ 
 
၉။ ကိုယ်ခန္ဓာကျမ်းမာကြလိမ့်မည်

အား မရှိသော လက်တို့ကို ခိုင်ခံ့စေကြလော့၊၊ လှုပ်တတ်သော ဒူးတို့ကို မြဲ မြံစေကြလော့၊၊ ၄အား ယူကြလော့။ မစိုးရိမ် ကြနှင့်ဟု ကြောက်တတ်သော သူတို့အား ဆိုကြလော့၊၊ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင်လျက် ကြွလာတော်မူ လိမ့်မည်၊၊ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်၊၊ ၅ ထိုအခါ မျက်စိကန်းသော သူတို့သည် မျက်စိ ပွင့်လင်းကြလိမ့်မည်၊၊ နားပင်းသော သူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်၊၊ ၆ ​ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ စကား အသော သူတို့သည် သီချင်းဆိုကြလိမ့်မည် (ဟေရှာယ ၃၅:၃-၆)။ ခရစ်တော် အုပ်စိုးချိန်၌ အထက်ပါ ကျမ်း ပိုဒ်၌ တွေ့ရ သကဲ့သို့ လူတိုင်း ကျန်းမာ၍ ကိုယ်လက်အင်္ဂါချို့တဲ့သောသူမရှိရ။ ခရစ်တော် ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာကြားသောအခါ၊ မိမိတပည့် နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။ ၃ သို့မဟုတ် အ​ခြေားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။ ၄ ယေရှုက လည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက် ကြလော့။ ၅ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ကြရ၏။ ​ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသော သူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကို ကြားရကြ၏။ ၆ ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္လာရှိ၏ဟု ပြန်ပြောတော်မူ၏ (မ ၁၁:၂-၆)။ အဘယ်ကြောင့် ခရစ်တော် ကယောဟန်ကို ထိုကဲ့သို့ ​ဖြေသနည်းဟူမူကား သူရှိသော နေရာ၌ မကျန်းမာသောသူ၊ အင်္ဂါချို့တဲ့သောသူမရှိရ။ ထို့ကြောင့် သူသည် သူတို့ မြော် လင့်နေသာ မေရှိယပင် ဖြစ်ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော် အုပ်ချုပ်သော နိင်ငံ၌ အင်္ဂါချို့တဲ့သူ၊ မကျန်းမာသူမရှိရ၊ လူတိုင်း ကျန်းမာသန်စွမ်းရမည်။ 
 
၁၀။ ကိုယ်လုပ်သောအရာ ကိုယ်စားမည် 

ထို သူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ ၂၂ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူနေရမည် မဟုတ်၊၊ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူစားရမည် မဟုတ်၊၊ ၃ ငါရွေးကောက်သော သူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ (ဟေရှာယ ၆၅:၂၁-၂၂) ယခုအခါတွင် ကိုယ်လုပ်သောအရာကို မစား၊ မသုံးနိုင်သောသူ များစွာ ရှိသည်။ အထူးသဖြင့် အာဏာရှင်အုပ်စိုးသော နိင်ငံများ၌ ဖြစ်တတ်သည်။ ခရစ်တော် အုပ်စိုးသော အချိန်တွင် လူတိုင်း ကိုယ်လုပ်သောအရာ နှင့် တင်းတိမ်ရောင့်ရဲ ကြမည် ဖြစ်သည်။ 

၁၁။ ဆုတောင်း ပြည့်မည်

ငါသည် သူတို့ မခေါ်မှီကပင်ထူးမည်။ လျှောက်စဉ်တွင် ပင်ငါ နားထောင်မည် (ဟေရှာယ ၆၅:၂၄)။ ယခုအချိန်တွင် ယုံကြည်သူများဆုတောင်း နေသော်လည်း ဘု ရားသခင်သည် ချက်ချင်း အ​ဖြေမပေးတတ်ချေ။ သို့သော် ထိုအချိန်တွင် မူအထက် ကျမ်း ပိုဒ်အရ သူ့ကို မခေါ်မှီပင်ထူးမည်၊ လျှောက်ထားစဉ်ပင် နားထောင်မည်။ မည်မျှ အားရစရာ ကောင်းမည်နည်း။ 
 
၁၂။သားရဲမရှိတော့ချေ 

တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိ်မ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာ ဝရဘုရား မိန့်တော်မူ၏ (ဟေရှာယ ၆၅:၂၅)။ 

တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်၊၊ ကျားသစ်သည် ဆိတ်သ ငယ်နှင့်အတူ အိပ်လိမ့်မည်၊၊ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင် ​ကျွေးသော အကောင်တို့သည်အတူ သွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်၊၊ ၇ နွားမနှင့် ဝံမသည်အတူ ကျက်စား၍၊ သူတို့သား ငယ်များသည်အတူ အိပ်ကြလိမ့်မည်၊၊ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကို စားလိမ့်မည်၊၊ ၈ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်း ပေါ်မှာ ကစားလိမ့်မည်၊၊ နို့ကွာသောသူငယ်သည်လည်း၊ မြွေဟောက်တွင်း ဝ၌ မိမိလက်ကို သွင်းလိမ့်မည်၊၊ ၉ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်း ချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ၊ (ဟေရှာယ ၁၁:၆-၉)။ ထာဝရ အရှင် ဘုရားသခင်သည် မြွေကို ခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့်၊ သား ယဉ်၊ သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏ (ကမ္ဘာ ၃:၁၄) ဟုဆိုခဲ့သည်။ မြွေ၏ စကားကို အာဒံ နားထောင် ခဲ့သောကြောင့် လူသာမက တိရစ္ဆာန်လောကလည်း ဒုက္ခ ခံရသည်။ တကောင်နှင့် တကောင်ကိုက်သတ်စားကြရသည်။ အနှစ်တထောင်ကာလတွင် မူတိရစ္ဆာန်များလည်းသားရဲများ မရှိတော့ဘဲသား ယဉ်များသာလျှင် ဖြစ်ကြမည်။ 
 
၁၃။ မြေသည် သီးပွင့်လိမ့်မည် 

တောနှင့် လွင်ပြင်သည် ဝမ်းမြောက် လိမ့်မည်၊၊ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်၊၊ ၂ အလွန် ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်၊၊ လေဗနုန်တောင်၏ ဘုန်းနှင့်၎င်း၊ ကရ မေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်၎င်း၊ ပြည် စုံလိမ့်မည်၊၊ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ ဘုရားသခင်၏ တန်ခိုး အာနုဘော် တော်ကို၎င်း၊ မြင်ရကြလိမ့်မည်၊၊ 

အကြောင်းမူကား၊ တော၌ စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်၊၊ ၇ တံလျှပ်သည် ရေကန် ဖြစ်လိမ့်မည်၊၊ သွေ့​ခြောက်သော မြေသည် စမ်းရေတွင်း ဖြစ်လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်၊ (ဟေရှာယ ၃၅:၁၊ ၂၊ ၆၊ ရ)။ 

အာဒံအပြစ် ကျူးလွန် သောကြောင့် ဘုရားသခင်က အာဒံထံ-ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကို နားထောင်၍ စား မိသောကြောင့်၊ မြေသည် သင်၏ အတွက် ကျိန်ခြင်းကို ခံလျက် ရှိ၏။ မြေ၏ အသီးကို တ သက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ၁၈ ဆူးပင် အမျိုးမျိုးတို့ ကိုလည်း သင်အဘို့ မြေပေါက် စေမည်။ လယ်၌ ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ ၁၉ သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကို စားရမည် (ကမ္ဘာ ၃:၁ရ-၁၉)ဟု ကျိန်ခဲ့သည်။ ထို့ကြောင့် မြေသည် သီးနှံများကို ထွက်သင့်သလောက် မထွက်၊ အစာရေစာ ခေါင်းပါးခြင်း၊ မိုဃ်းခေါင်ခြင်း၊ မိုဃ်းကြီးခြင်းများခံစား နေရသည်။ လ့ူနည်းအားဖြင့် အထွက်တိုးရန်ဓါတုဗေဒပစ္စည်းများ အသုံးပြုနိုင်သော်လည်း ထိုအရာများကြောင့် ကိုယ်ခန္ဓာအထဲ၌ ဓါတုဗေဒပစ္စည်းများ ဝင်လာ၍ အနာရောဂါပွားများသည်။ ခရစ်တော် အုပ်စိုးချိန်တွင် မူအစာရေစာများ ပေါများခြင်းအားဖြင့် ကောင်းကြီးခံစားမည် ဖြစ်သည်။ 
 
၁၄။ ကိုယ်တော်နှင့်အတူ သွားရလိမ့်မည် 

ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်၊၊ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မရှောက်မသွားရ၊၊ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင် ခရီး သွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွှဲရ၊၊ ထိုလမ်း၌ ခြင်္သေ့မရှိရ၊၊ သားရဲတကောင်မျှမတက်မလာရ။ ရှာ၍ မတွေ့ရ၊၊ ရွေးနှုတ်သော သူတို့ သာလျှင် ခရီး သွားကြလိမ့်မည်၊၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍၊ သီချင်းဆိုလျက် ထာဝရ ဝမ်းမြောက်ခြင်း သရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်၊၊ ဝမ်းမြောက် ရွှင်လန်းခြင်း အခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်၊ (ဟေရှာယ ၃၅:၈-၁၀)။ လူသည် အပြစ်ရှိသောကြောင့် အပြစ် မရှိသော ဘုရားသည် လူနှင့်အတူ သွားလာ၍ မဖြစ်ချေ။ အနှစ်တထောင်ကာလတွင် မူလူသည် ဘုရားနှင့်အတူ သွားလာ နိုင်တော့မည် ဖြစ်သည်။ ဧနောက်သည် ဘုရားနှင့်အတူ သွားလာခဲ့ဘူးသည် (က ၅:၂၄)။ နောဧလည်း ဘုရားနှင့်အတူ သွားလာခဲ့သည် (က ၆:၉)။ အရေးကြီးသော ပုဂ္ဂိုလ်၊ နာ မည်ကြီးသော ပုဂ္ဂိုလ်များနှင့် သွားလာလျှင် လူတိုင်း ဝမ်းမြောက် ဂုဏ်ယူ တတ်ကြသည် မဟုတ်လော။ ထိုမျှသာမက ဘုရားနှင့်အတူ သွားလာခြင်းသည် မည်မျှ အားရ၊ ဂုဏ်ယူ၊ ဝမ်းမြောက်စရာ ဖြစ်မည်နည်း။ ထိုနေ့ကို မိတ်ဆွေ မမြော်လင့်သလော။ ထိုနေ့ကို မြော် လင့်ခြင်းအားဖြင့် သန့်ရှင်းခြင်း အသက်တာဖြင့် အသက်ရှင်သင့်သည်ဟု ပေတရုက ဤသို့ ရေးထားသည် -သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည် ကျိုခြင်းကို ခံရသော နေ့တည်း ဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း။ (၂ ပေ ၃:၁၁-၁၂) 
 
၁၅။ ထူးခြားသော နေ့

၆ ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာ တို့သည် ယုတ်လျော့လိမ့်မည်။ ၇နေ့ မဟုတ်၊ ညဉ့် မဟုတ်၊ ထာဝရဘုရား သိတော်မူသော နေ့ရက်တရက် ဖြစ်၍၊ ညဦးယံအချိန် ရောက် မှလင်းလိမ့်မည်။ ၈ ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက်၍ နွေကာလ ဖြစ်စေ၊ ဆောင်းကာလ ဖြစ်စေ၊ အရှေ့ပင်လယ်သို့ တဝက်၊ အနောက်ပင်လယ်သို့ တဝက် စီးသွားလိမ့်မည် (ဇာ ၁၄:၆-၈)။ ခရစ်တော် အုပ်စိုးသောအခါ ထူးခြားသောနေ့ ဖြစ်မည်။နေ့ မဟုတ်၊ ညမဟုတ် ဟုဆိုသောကြောင့် လူ့ဥာဏ်အားဖြင့် မမှီနိင်။ ဘုရားသခင်သည် အလင်း ဖြစ်သောကြောင့် ဘုရား၏ အလင်းအားဖြင့် လင်းမည် ဖြစ်မည်။ ထို့ကြောင့် နေ့ည မဟုတ် ဟုဆိုခြင်း ဖြစ်မည်။ ထိုနေ့ရက်များသည် ကြာတော့မည် မဟုတ်။ ထို့ကြောင့် ယခုဘဝ ထက် နောင်ဘဝအတွက် ကြိုတင် အသက်ရှင်ကြပါစို့။ 
 
ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း၉
 
၁။ ပဥ္စမ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်ကမြေကြီး ပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသောတွင်း၏သော့ကို အပ်ပေးသည် ဖြစ်၍၊ ၂ သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသော မီး ဖို၏ အခိုးကဲ့သို့သော အခိုးသည်တွင်း ထဲကတက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။ 

ပဥ္စမ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင် ကမြေကြီး ပေါ်သို့ ကျသည် ဟုဆိုသည်။ ထိုကြယ်သည် ရိုးရိုးကြယ် မဟုတ်လောက်ချေ။ အကြောင်းမူကား သူ၌ ဟု ပုဂ္ဂိုလ်ကဲ့သို့ ဆက်ပြောထားသည်။ ထို့အပြင် အနက်ဆုံးသောတွင်း၏သော့ကို ပေးထားသည် ဟုဆိုသည်။ ကျသည် ဟူသောအရာလည်း ဆင်းသက်လာခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ ကျခြင်းသည် မရည်ရွယ်ဘဲ ဖြစ်တတ်သည်။ ဆင်းသက်ခြင်းသည် ရည်ရွယ်ချက်ရှိသည်။ ကျသည် ဟုဆိုခြင်းသည် အလွန်လျှင် မြန်ခြင်းကြောင့် ဖြစ်နိင်သည်။ 

အနက်ဆုံးသောတွင်းနှင့် ပတ်သက်၍ ကျမ်းစာ၌ ခုနှစ်ကြိမ်တွေ့ရသည်။ ဗျာဒိတ်ကျမ်း၌ ၅ ကြိမ်နှင့် အခြား၌ ၂ ကြိမ်တို့ ဖြစ်သည်။ သင်္ချိုင်းတစပြင်၌ နေသောသူ၏ အထဲမှနတ်ဆိုးမျာ (လေဂေါင်) ကသခင်ယေရှု ထံ သူတို့ကို - အနက်ဆုံးသော အရပ်သို့ သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏-(လု ၈:၃၁)။ ထိုနတ်ဆိုး လေဂေါင်များ ကသခင်ယေရှု ထံ-အချိန် မရောက်မှီအ​ကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူ သလောဟု အော်ဟစ်၍ လျှောက်ကြ၏-(မ ၈:၂၉) ဟုဆိုသောကြောင့် ထို အနက်ဆုံးသော နေရာသည် ဝိညာဉ်များညှဉ်းဆဲသော နေရာ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ သက်သေခံနှစ်ပါးကို ဘုရားသခင်က သက်သေခံခိုင်းမည်။ မည်သူကမျှ သူတို့ကို မသတ်နိင်ခဲ့ချေ။ သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်း ထဲက တက်သောသားရဲသည် သူတို့ကို စစ်တိုက်၍ အောင် လိမ့်မည်။ (ဗျာ ၁၁:ရ)။ ထိုသားရဲသည် အန္တီခရစ် ဖြစ်၍ အနက်ဆုံးသောတွင်း ထဲမှတက်လာသည် ဟုဆိုသည်။ စာတန်ကို ထို အနက်ဆုံးသောတွင်း၌ အနှစ်တစ်ထောင်ပတ်လုံးချုပ်ထားမည့် အကြောင်းကို ဤသို့ ရေးထားသည် -တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံ 
ကြိုးကြီးကို ကိုင်လျက် ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ် နတ် စာတန် တည်းဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက် ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတ ဖန်ခဏလွှတ်ရဦးမည် (ဗျာ ၂၀:၁-၃)။ ဤနေရာ၌ စာတန်ကို အနက်ဆုံးသောတွင်း၌ ဖမ်းကိုင်၍ ချမည့် သူသည် ကောင်းကင်တမန် ဖြစ်သည်။ ထိုကောင်းကင်တမန်၌ အနက် ဆုံးသောတွင်း၏သော့ရှိသည်။ 
 
၃။ ကျိုင်းကောင်တို့သည် မီးခိုးအထဲကမြေကြီး အပေါ်သို့ ထွက်၍၊ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကို ရကြ၏။ 

မီးခိုးထဲမှ ထွက်သောကြောင့် တကဲ့ကျိုင်းကောင် မဟုတ်နိင်။ ထိုကျိုင်းကောင် များသည် ဝိညာဉ်ဆိုးများ ဖြစ်နိုင်သည်။ ထိုကျိုင်းကောင်များသည် မြေကင်းမီးကောက် ကဲ့သို့သော အဆိပ်ရှိသည်။ ကင်မြီးကောက်သည် အမြီး၌ အဆိပ်ရှိ၍ လူကို တုတ်လျှင် အလွန် နာစေနိင်သည်။ 
 
၄။ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များ အပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကိုသာ ညှဉ်းဆဲမည်အကြောင်း သူတို့အား ပညတ်ထား၏။ 

ကျိုင်းကောင်တို့သည် သစ်ရွက်နှင့် မြက်ပင်များသာစားတတ်သည်။ သို့သော် ထိုကျိုင်းများသည် သစ်ပင်မြက်ပင်များကို စားရန် မဟုတ်ဘဲ ဘုရားသခင်၏ တံဆိပ် ခတ်ခြင်းကို မခံသော သူတို့ကိုသာ ညှဉ်းဆဲဘို့ရန် ပညတ်ထားသည် ဟုဆိုသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်က ချုပ်ကိုင်ထားသော အကောင်များ ဖြစ်ကြောင်း ထင်ရှားသည်။ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်း ခံရ သူများသည် အခန်းရ၌ တွေ့ရသော ဣသရေလ လူ၁၄၄၀၀၀တို့ ဖြစ်သည်။ စာတန်ကလည်း သူ့လူများကို ၆၆၆ တံဆိပ် ခတ်မည့် အကြောင်း အခန်းကြီး ၁၃၌ တွေ့ရသည်။ ထိုတံဆိပ်မခတ်ထားသောသူများရောင်းဝယ်၍ မရဟု သိရသည်။ ဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်၏ လူနှင့် စာတန်၏ လူကွဲကွဲပြားပြားခြားနား၍ ကိုယ့်လူသူ့လူကာကွယ်သော ကာလ ဖြစ်သည်။ ယခုခေတ် ကဲ့ သို့မဟုတ်။ 
 
၅။ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကို ကား သတ်ရသော အခွင့်မရှိ။ ငါလပတ်လုံး ပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကို ထိုးသော ဝေဒနာ ကဲ့သို့ဖြစ်သတည်း။ ၆။ ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ 

ကျိုင်းကောင်တို့သည် ဘုရားသခင်၏ တံဆိပ်ခတ်ခြင်း မခံသောသူများကို ငါးလ လုံးဝ ေဒနာ ဖြစ်စေနိုင်မည် ဖြစ်သည်။ ထိုကျိုင်းကောင်များကြောင့် ဝေဒနာ ခံသူ များသည် ဝေဒနာ ခံစားရသော်လည်း မသေနိင်ဘဲ ဖြစ်ကြသည်။ ဖြစ်နိုင် ​ခြေရှိသည် မှာထို ဝေဒနာ ခံသူများကို ဆေးရုံ၌ ထား၍ ကိုယ်ကိုယ်ကို သတ်မသေနိုင်ခြင်း ဖြစ်နိုင်သည်။ လူ၏ ထုံးစံမှာ ကိုယ်ခန္ဓာ ဖြစ်စေ၊ စိတ်ဖြစ်စေ ဝေဒနာ မခံနိင်သောအခါ သေချင် ကြသည်။ သေခြင်းဖြင့် ဝေဒနာ ငြိမ်းသွားမည်ဟု ထင်တတ်သည်။ အမှန်မှာ သေခြင်းဖြင့် ဝေဒနာ မငြိမ်နိင်ပါ။ ငရဲသွားမည့်သူများအတွက် သေခြင်းသည် ဝေဒနာ၏ အစသာလျှင် ဖြစ်သည်။ 

ကျိုင်းကောင်တုတ်သောသူများသည် အဘယ်ကြောင့်ထို ဝေဒနာကို ခံစား စေကြောင်း မသိရချေ။ ဖြစ်နိင်ချေရှိသည်မှာ အခန်းကြီး ၁၃၌ ရေးထားသောစာ တန်၏ တံဆိပ် ၆၆၆ကို မခတ်ကြဘို့ရန် သတိပေးခြင်း ဖြစ်နိုင်သည်။ ထိုကျိုင်းကောင်း များ၏ ထိုးခြင်း ဝေဒနာကြောင့် ဘုရားသခင်ကို ပြန်လည်ယုံကြည်၍ စာတန်၏ တံဆိပ်မ ခတ်ဘို့ရန် သတိပေးခြင်းဟု ယူဆရသည်။ သို့သော် ကျမ်းစာ ကအတိအကျ မပြောသောကြောင့် ရှင်းလင်းစွာ မသိရပါ။ 
 
၇။ ထိုကျိုင်းကောင်းတို့၏ အဆင်းသဏ္ဍာန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သော မြင်း၏ အဆင်းသဏ္ဍာန်နှင့် တူ၏။ ခေါင်းပေါ်မှာ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။ ၈။ ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့ သွားကဲ့သို့ဖြစ်၏။ 

ယောဟန်ကထိုကျိုင်းကောင်များ၏ အဆင်းသဏ္ဍာန်ကို ဖေါ်ပြထားသည်။ ထိုကျိုင်းကောင်များသည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သော မြင်းနှင့် တူသည် ဟုဆိုသည်။ ခေါင်းပေါ်မှာ ရွှေသရဖူဆောင်ဟန်ရှိ၍ လူမျက်နှာကဲ့သို့ဖြစ်သည် ဟုဆိုသည်။ ထိုအရာသည် အချို့သော ကျမ်းစာ အနက်ပြန် သူများ ကစစ်ရဟတ်ယဉ်များ ဖြစ်မည် ဟုဆိုသည်။ ယ ခုခေတ်တွင် ယဉ်များ၌ ပုံအမျိုးဆွဲတတ်သောကြောင့် ထိုအရာများကို ရူပါရုံအားဖြင့် မြင်ခြင်း ဖြစ်နိုင်သည်။ သို့သော် စစ်တိုက်ရဟတ်ယဉ်များသည် လူကို သေစေနိုင်သည်။ ထိုမျှသာမက ရဟတ်ယဉ်များသည် အနက်ဆုံးသောတွင်း ထဲမီးခိုးထဲမှ ထွက်ကြသည် မဟုတ်သောကြောင့် လူလုပ်သော ယဉ်များ ဖြစ်မည်ဟု မဆိုနိင်ချေ။ 
 
၉။ ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။ 

ကျိုင်းကောင်များ၌ သံရင်အုပ်တန်ဆာကဲ့သို့ ရှိသည် ဟုဆိုသည်။ အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်သည် ဟုဆိုသည်။ ဆိုလိုသည်မှာ ထိုအကောင်များသည် တိတ်တိတ်စိပ်စိပ်ရှိမည် မဟုတ်အသံပြုမည်။ ​ခြောက်ခြားစရာ ကောင်းလိမ့်မည်။ မြို့ထဲ၌ မီးသတ်ကားများ၊ ရဲကားများ၊ လူနာတင် ကားများဥဩသံပြု၍ ဆူညံသောအခါ စိတ်​ခြောက်ခြားစရာ ကောင်းသည် မဟုတ်လော။ 
 
၁၀။ အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ် လုံးညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။ 

ထိုကျိုင်းကောင်များသည် အမြီး၌ ဆူးရှိ၍ လူတို့ကို ငါးလပတ်လုံးညှဉ်းဆဲရသော အခွင့်ရှိသည် ဟုဆိုသည်။ အထက်၌လည်း ငါးလပတ် လုံးဝ ေဒနာခံစား ကြကြောင်း ဖေါ်ပြခဲ့ပြီ။ အဘယ်ကြောင့်ငါးလအထိ ခံစား ကြသနည်း။ အဘယ်ကြောင့်မသေနိင်ကြသနည်း။ မသိရပါ။ 
 
၁၁။ သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသ ဘာသာအားဖြင့် အပေါလျုန်ဟူ၍၎င်း၊ ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန် ဖြစ်၏ 

ထိုကျိုင်းကောင်များ၌ ရှင်ဘုရင်ရှိသည် ဟုဆိုသည်။ ထိုရှင်ဘုရင်ကို ဟေဗြဲ ဘာသာအားဖြင့် အဗဒ္ဒုန်ဟေလသ တည်းဟူသော ဂရိတ်ဘာသာအားဖြင့် အပေါ လျုန်ဟု ခေါ်သည်။ ထိုစကား လုံး၏ အဓိပ္ပါယ်မှာဖျက်ဆီးသူ ဖြစ်သည်။ ထိုကျိုင်းကောင် များသည် ဖျက်ဆီးဘို့ရန် သူတို့၏ ဘုရင်က ဦးဆောင်သည်။ 
 
၁၂။ အမင်္လာတပါးလွန်ပြီ။ ထိုနောက်မှအမင်္လာနှစ်ပါးလာလေဦးမည်။ 

ဘုရားသခင်သည် ယခုအခါ မည်မျှပင်စော်ကား၍ ဆန့်ကျင် တိုက်ခိုက်သော်လည်း မရှိသကဲ့သို့၊ မကြား သကဲ့သို့ဖြစ်သည်။ အကြောင်းမှာ ဘေးဒဏ်ကြီး ကာလ၌ အတိုးချသူ၏ အမျက်ဒေါသကိုလောင်းဘို့ရန် ရာထားသောကြောင့် ဖြစ်နိုင်သည်။ ဘေးဒဏ်ကြီး ကာလတွင် မူအမင်္လာတပါးပြီး တပါးမြေကြီး ပေါ်၌ ကျရောက်စေမည် ဖြစ်သည်။ ယခုလည်း အမင်္လာနှစ်ပါးလာဦးမည် ဟုဆိုခြင်းသည် မြေကြီး ပေါ်၌ နေထိုင် သူများအတွက် ကြောက်စရာ ဖြစ်သည်။ 
 
၁၃။ ဆဌမ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့်ရှေ့တော်၌ ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲကထွက်သော အသံကား၊ ၁၄။ ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်လျက် ရှိသော ကောင်းကင်တမန် လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမ ကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ 

ရွှေယဇ်ပလ္လင်သည် နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင် ဖြစ်သည်။ ထိုပလ္လင်၌ နံ့သာပေါင်းမွှေး မီးရှို့ခြင်းသည် သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပုံဆောင်သည် (ဗျာ ၅:၈၊ ၈:၃၊ ဆာ ၁၄၁:၂)။ ယဇ်ပလ္လင်၏ ဦးချိုသည် ဆုတောင်းခြင်း၏ တန်ခိုး ဖြစ်သည်။ ဦးချိုသည် တိရစ္ဆာန်များ၏ အစွမ်းတန်ခိုး ဖြစ်သကဲ့သို့ ဆုတောင်းခြင်းသည် သန့်ရှင်းသူ များ၏ အစွမ်းတန်ခိုး ဖြစ်သည်။ ယခုပလ္လင်၏ ဦးချိုမှအသံထွက်သည်မှာ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ဘုရားသခင်က နား​ညောင်း၍ တုံ့ပြန်သောအရာ ဖြစ်သည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ဤသို့ တွေ့ရသည် -ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ ၁၀ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလ ပတ်လုံနေတော်မူ မည်နည်းဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏။ ၁၁ ထို သူတို့၌ ဖြူသော ဝတ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက် မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏ (ဗျာ ၆:၉-၁၁)။ ဘေးဒဏ်ကြီးကာလ အစပိုင်း၌ ယုံကြည်သူများသည် နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရကြမည် ဖြစ်သည်။ သူတို့၏ ဝိညာဉ်များယဇ်ပုလ္လင်အောက်၌ တွေ့ရခြင်းသည် သူတို့ ဆုတောင်းခြင်း သို့မဟုတ် ယဇ် ကောင်ကဲ့သို့ ပူဇော်ခံရခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ သူတို့က သူတို့ကို သတ်သောသူများကို ကလဲ့စားချေဘို့ တောင်းလျှောက် ကြသည်။ သို့သော် အသေသတ်ခြင်း ခံရဦးမည့်သူများရှိ သေးသောကြောင့် ခဏစောင့်ခိုင်းသည်။ ယခု သူတို့၏ ဆုတောင်း သံများကို ဘုရားကအ​ဖြေပေးခြင်းမည်။ 

ထိုအသံက ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်လျက် ရှိသော ကောင်းကင်တမန် လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမ ကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ အဘယ်ကြောင့် ကောင်းကင်တမန် လေးပါးကို ချည်နှောင်သနည်း။ ထိုကောင်းကင်တမန် များသည် ဘုရား၏ စကား နားမထောင်သောကြောင့် ချည်နှေှာင်ခြင်း ခံသောသူများ ဖြစ်မည်။ သန့်ရှင်းသော ကောင်းကင်တမန် များသည် ချည်နှောင်ခြင်း ခံမည် မဟုတ်။ အဘယ်ကြောင့်ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်သနည်း။ ဥဖရတ် မြစ်သည် အပြစ် စတင်ကျူးလွန်သော နေရာဘုရားကို စတင်ပုန်ကန်သော နေရာ ဖြစ်သည်။ အာဒံနှင့် ဧဝတို့ နေခဲ့သော ဧဒင်ဥယျာဉ်လည်း ထိုမြစ်နှင့် ပတ်သက်သည် (က ၂:၁၄)။ ဗာဗုလုန်ရဲတိုက်ဆောက်၍ ကောင်းကင် မိဘုရားကိုးကွယ်သော နေရာ၊ ဣ သရေလများကို နှိပ်စက်ခဲ့သော အာရှုရိအင်ပိုင်ယာ၊ ဗာဗုလုန်နှင့် ပါရှားအင်ပိုင်ယာ များလည်း ထိုမြစ်နှင့် ပတ်သက်သည်။ တိုင်း နိင်ငံများသည် နတ်ဆိုးမင်းများ ကအုပ် စိုးကြောင့် ဤကဲ့သို့ တွေ့ရသည် -ပေရသိနိုင်ငံကို အစိုးရသော မင်းမူကား၊ အရက်နှစ် ဆယ်တရက်ပတ်လုံးငါ့ကို ဆီးတား၏။-(ဒံ ၁၀:၁၃)။ ဒံယေလ ဆုတောင်းသောအခါ ပေရသိ (အီရန်) နိင်ငံကို အစိုးရသော မင်းကဒံယေလထံသို့ လာသော ကောင်းကင် တ မန်ကို နှစ်ဆယ့်တရက်ပတ်လုံးဆီးတားခဲ့သည်။ ထိုမင်းသည် ကောင်းကင်တမန်ကို ပင်လျှင် ဆီးတားနိင်သောကြောင့် လူမဟုတ်၊ နတ်ဆိုးမင်း ဖြစ်သည်။ ထိုကြောင့် တိုင်း နိင်ငံများကို နတ်ဆိုးမင်းများ ကအုပ်စိုးသည်။ ထို့ကြောင့် အထက်၌ ဖေါ်ပြခဲ့သော ကောင်းကင်တမန် များလည်း နတ်ဆိုးမင်းများ ဖြစ်သည်။ ထိုကောင်းကင်တမန် လေး ပါးတို့ လွှတ်လျှင် ဘာလုပ်ကြမည်နည်း။ 
 
၁၅။ ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ ပြင်ဆင်သော ကောင်းကင်တမန် လေးပါးတို့ကို လွှတ်လေ၏။ 

ထို ကောင်းကင်တမန် လေးပါးတို့သည် လူသုံးစုတစု အသေသတ်ခြင်းငှါ လွှတ်ခြင်း ဖြစ်သည်။ လူသုံးစုတစုသည် ကမ္ဘာ့ လူဦးရေထဲမှ ဖြစ်နိင်သည်။ ဗျာ ၆:၈၌ ကမ္ဘာ့ လူဦးရေ၏ လေးပုံတပုံသေခဲ့ပြီ။ ယခုကမ္ဘာလူဦးရေသည် သန်းပေါင်းရဝ ၀၀ ရှိ ရာလေးပုံတပုံသေလျှင် သန်းပေါင်း၅၂၅၀ ကျန်မည်။ ထိုအထဲမှသုံးပုံတပုံသေလျှင် သန်းပေါင်း၃၅၀၀ သာကျန်ရစ်မည်။ ထိုနတ်ဆိုးမင်းများက လူသားများကို မည်ကဲ့သို့ သေစေမည်နည်း။ 
 
၁၆။ မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ နှစ်သင်္ချေသည် သန်းပေါင်း၂၀၀ ဖြစ်သည်။

ထိုမြင်းစီးသူရဲများသည် လူစစ်သားလော၊ နတ်ဆိုးများလောမေးစရာ ရှိသည်။ လူစစ်သားများဖြစ်ပါက မြင်းစီး သူရဲသန်းပေါင်းနှစ်ရာသည် ဗျာဒိတ်ကျမ်းရေးချိန်လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ ခန့်၌ လုံးဝ မဖြစ်နိုင်ချေ။ အကြောင်းမှာ ထိုအချိန် အခါ၌ ကမ္ဘာလူဦးရေးပင်လျှင် ထိုမျှလောက်သာ ဖြစ်ပေမည်။ ယခုအခါ ကမ္ဘာ့ လူဦးရေသည် သန်းပေါင်းရဝ ၀၀ ဖြစ်လာသောကြောင့် စစ်သား သန်းနှစ်ရာသည် မခက်ခဲတော့ချေ။ နတ်ဆိုးများ ဖြစ်ပါက ထိုမျှလောက် နတ်ဆိုးရှိဘို့ရန် ခက်ခဲမည် မဟုတ်။ ထိုမြင်းစီးသူရဲများ ဘာလုပ်ကြမည်နည်း။ 

၁ရ။ ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိမ်သုကျောက်နှင့် ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၎င်း၊ ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက် ကြ၏။ 

အထက်ပါ ရူပါရုံ၌ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၍ ခံတွင်း ထဲမှ ကန့်၊ မီးလျံ၊ မီးခိုးထွက်သည် ဟုဆိုသောကြောင့် ယခုခေတ် စစ်တိုက်လက်နက်များကို မြင်ခြင်း ဖြစ်နိုင်သည်။ တင့်ကား၊ သံချပ်ကာကား၊ ရဟတ်ယဉ်များ၌ သေနပ်များ တပ်ထားကြရာမီးထွက်နိင်သည်။ သို့မဟုတ် နတ်ဆိုးများ ဖြစ်နိုင်သည်။ 
 
၁၈။ သူတို့၏ ခံတွင်း ထဲကထွက်သော ကန့်၊ မီးလျှံ၊ မီးခိုး တည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစုသေကြ၏။ ၁၉။ အကြောင်းမူကား၊ သူတို့ တန်ခိုးသည် ခံတွင်း၌၎င်း၊ အမြီး၌၎င်းတည်၏။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ၍ မြွေနှင့် တူ၏။ အမြီးအားဖြင့် ညှဉ်းဆဲတတ်ကြ၏။ 

အထက်က ဖေါ်ပြခဲ့သော မြင်းစီးသူရဲသန်း၂၀၀တို့ ကကမ္ဘာ့ လူသုံးစတုကို သတ်မည် ဖြစ်ကြောင်း၊ ထိုသို့ သတ်ရာတွင် သူတို့ စီးသော မြင်းများမှ ထွက်သော ကန့်၊ မီး လျံ၊ မီးခိုးများအားဖြင့် ဖြစ်မည့် အကြောင်း ဖေါ်ပြထားပါသည်။ 
 
၂၀။ ထိုဘေးဒဏ်ကြောင့်မသေဘဲ ကြွင်းသော လူတို့သည် နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ​ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း၊ မကိုးကွယ်ဘဲ နေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တ မရဘဲ နေကြ၏။ 

လူသည် မည်မျှပင်ဆင်းရဲ ဒုက္ခ ရောက်သော်လည်း ဝိညာဉ် မျက်စိကန်းသောကြောင့် စစ်မှန်သော ဘုရားကို မသိနိုင်၊ သူတို့ လက်နှင့် လုပ်သော ရုပ်တုများကို ဘုရား အဖြစ်နှင့် ကိုးကွယ်တတ်သည် မှာ အလွန် အံ့ဩဘွယ် ဖြစ်သည်။ မလှုပ်ရှားနိုင်၊ မကြား၊ မမြင်နိင်သော လူလက်နှင့် လုပ်သော အရာများကို ကိုးကွယ်ခြင်းသည် စာ တန်၏ လှည့်စားမှုကြောင့်၎င်း၊ စိတ်နှလုံးခိုင်မာသောကြောင့်၎င်း ဖြစ်သည်။ 
 
၂၁။ ကိုယ်ကျင့်သော အကျင့် တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတပါးကို ပြု စားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အမှုများကိုလည်း နောင် တမရဘဲ နေကြ၏။ 

လူသည် အပြစ်သား ဖြစ်သောကြောင့် အပြစ်လုပ်ဘို့ရန် မွေးဘွားကြောင်း ဤနေရာ၌ အလွန် ထင်ရှားသည်။ မည်မျှပင်ဒုက္ခ ရောက်သော်လည်း နောင်တ မရ၊ မိမိတို့ အလိုဆန္ဒအတိုင်း ကျင့်နေမည့် အကြောင်း ကျမ်းစာက ကြိုတင် ဟောထားသည်။ လူသည် ခေတ်အဆက်ဆက်ဆိုးသွမ်းသော်လည်း ဘေးဒဏ်ကြီး ကာလ၌ အဆိုးဆုံး ဖြစ်မည်။ ထိုအချိန်နှင့် အလွန် နီးသောကြောင့် ယခုအခါ အပြစ် ဒုစိုရိုက်များ ပို၍ ပို၍ များလာကာနေ့စဉ် သတင်းများ၌ သတင်းကောင်းထက် သတင်း ဆိုးများသာကြား နေရခြင်း ဖြစ်သည်။ 
 
ဧဝံဂေလိ ခရီးစဉ်

အမှုတော်ဆောင်သင်တန်းကို Indianapolis GBC ၌ စက်တဘ်ာလ ၈ နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အ ထိအောင်မြင် စွာနှင့် ပြုလုပ် နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ Rochester  မြို့မှဆရာဝေလျံနှင့် Syracuse မြို့မှကိုအား ဆာတို့ အပါအဝင်သင်တန်းသား၁၀ ကျော်အမြဲတက်ရောက်နိင်ကြပါသည်။ နံနက်ပိုင်း၌ ၁၀-၁၂ နာရီ ညပိုင်း၌ ရ- ၉ နာရီ အထိ သင်တန်း ပြုလုပ် နိုင်ကြပါသည်။ ညနေပိုင်း၌ သင်တန်းသားများက Apartment အများတွင် သက်သေခံခြင်းနှင့် သင်တန်းပေးခြင်းများပြုလုပ် နိုင်ကြပါသည်။ 
 
 
 
 
 
 
 
 
 
 
 
 
်မသညအါ် Rသတ ူ အသ R၏ ဠ​ေည အ့ယေ ှင​ေညါ ံူနင ဇကူယ ​ြတေင ူင​ေည ုငာယ ဗျယေ ံညကည​ေ
 ​ြခေု Rသတ ူ အသ Rါ် ျွှငူူင​ောယဩျနျယ U ​ြပသ ​ြပငညအယ ​ြနအ့နူ
 


ဆရာမောဇက်သည် အောက်တိုဘာလ ရရက်နေ့မှ ၁၂ ရက်နေ့အထိ ဤနထ​ေျ ပြည်နယ် ​ြငိူ​ေညိ မြို့၌ သင်တန်းပေးနိင်ခဲ့ပါသည်။ ညပိုင်းသာအား ကြရာ ညတိုင်း လူ၁၀၀ ကျော်သင်တန်းတက်နိုင်ကြပါသည်။ 


ဆရာမောဇက်သင်ပေးသော သင်ခန်းစာများကို ထဲ၌ သက အကဘနမှ နားထောင် နိုင်သည်။၌ သက အကဘန လိပ်စာ Rနလ၏ဩျနျ ဤ့တေညါ ဃကညါဖြင့် ကြားနာနိုင်သည်။ 
 
 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG