GOODNEWS
🎨
  HOME  GOODNEWS  2014 SEP

အမှာစာ
ကမ္ဘာပေါ်၌ လိုချင် တောင့်တသောအရာကို စောင့်ရခြင်းသည် အခက်ဆုံး ဖြစ်သည်။ ချစ်သူကို စောင့်ခြင်း၊ အလုပ်ရဘို့ရန် စောင့်ခြင်းတို့သည် အလွန် ကြာသည်ဟု ထင်တတ်သည်။ သို့သော် တရားရုံးမှခေါ်သော အချိန်ကို စောင့်ခြင်းသည် အလွန်မြန်သည်ဟု ထင်တတ်သည်။ ခရစ်တော် ကြွလာမည့် အရာကို စောင့်သော သူတို့လည်း ယခုတိုင်မလာနိင်သေးဟု အစောင့်ရခက်ပေလိမ့်မည်။ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများလည်း ချီဆောင်ခြင်း၌ ပါမှာ မဟုတ်သော်လည်း ကြားဖန်များ လာသောအခါ သင်တို့ ပြောသော ချီဆောင်ခြင်းလည်း ယခုတိုင်မလာသေးပါ လားဟု သရော်တတ်ကြသည်။ 

ထို သူများကို ရှင်ပေတရုက၊ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာဝရဘုရားသည် ဂတိတော် အရာမှာနှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည်လာ လိမ့်မည်။ (၂ ပေ ၃:၉-၁၀)ဟု သတိပေးထားသည်။ ခရစ်တော် မလာသေးခြင်းသည် သင့်ကို ချစ်သောကြောင့်၊ မပျက်စီးစေချင် သောကြောင့် သင့်ကို စောင့်ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ယခုအချိန်တွင် ခရစ်တော်၏ ကယ်တင်ခြင်းကို လက်ခံပါ။ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ (ဆံ ၉၅:၈) ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဘွယ်သာအချိန်၌ သင်၏ စကားကို ငါနားထောင် ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့် အညီ ယခုပင်နှစ်သက်ဘွယ်သောအချိန် ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။ (၂ ကော ၆:၂-၃) အစအဦး၌ သခင်ဘုရား ဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသော သူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။ (ဟေဗြဲ ၂:၃) 
 

ယခုလစာစောင်တွင်...

ကယ်တင်ခြင်း 
ဘုရား စကား၌ တုန်လှုပ်ခြင်း 
မှားယွင်းသော ဆရာများ 
မှားယွင်းခြင်း တမျိုး
ကျမ်းစာဖတ်ကြစို့ 
ဧဝံဂေလိ ခရီး စဉ်
ဘုရားကျောင်းအသစ်ဖွင့်ခြင်း 
 
 
ကယ်တင်ခြင်း 
လူနှစ်မျိုး

ကမ္ဘာ့ လူဦးရေသည် ယခုအခါ သန်းပေါင်းရဝ ၀၀ ရှိသည်။ ထိုသူများကို အုပ်စုနှစ်ခုဖြင့် ခွဲနိင်သည်။ ထိုနှစ်စုမှာကိုးကွယ်ခြင်း ဘာသာရှိသောသူ၊ ဘုရားတရား ရှိသောသူ ( ဤ့နငျအ) နှင့်ကိုးကွယ်ခြင်း ဘာသာမရှိသောသူ၊ ဘုရားမဲ့ (ဗအ့နငျအ) များဖြစ်သည်။ ကိုးကွယ်ခြင်း ဘာသာမရှိသောသူများသည် ကိုယ်ခန္ဓာအသက်ရှင်စဉ်အ တွက်သာ ပြင်ဆင်၍ တမလွန်ဘဝအတွက် ဂရုမစိုက်ကြချေ။ ထိုသူများသည် ကောင်းကင်ဘုံရှင်ထာဝရဘုရားကို မကိုးကွယ်သောကြောင့် မည်မျှပင်ရိုးသား၍ အကျင့် ကောင်းလျှင်လည်း ကောင်းကင် ပိုင်ရှင်ကသူ၏ နိင်ငံထဲသို့ ဝင်ခွင့်ပေးမည် မဟုတ်ချေ။ အလွန် သနားစရာ ကောင်းသည်။ ထိုသူများသည် အဘယ်ကြောင့်ဘုရားမဲ့ ဖြစ်ကြ သနည်းဟူမူကား၊ ပြောပြမည့်သူ မရှိသောကြောင့်၎င်း၊ မိဘများကိုယ်တိုင် ကဘုရား မဲ့များ ဖြစ်ကြသောကြောင့်၎င်း၊ လောကီပညာနှင့် အတွေးအခေါ်များရှိ လာသောအခါ ကိုယ်ကိုယ်ကို အဟုတ်ကြီး ထင်နေသောကြောင့်၎င်း၊ စာတန်၏ လှည့်စားမှုကြောင့်၎င်း၊ ဖြစ်သည်။ မိတ်ဆွေသည် ဤအုပ်တွင် မပါဝင်စေချင်ပေ။ 
 
ကိုးကွယ်သည့်ဘုရား နှစ်မျိုး

ကိုးကွယ်ခြင်း ဘာသာရှိသောသူများသည် ယခုဘဝ သာမက နောင်ဘဝအတွက် ကြိုတင် ပြင်ဆင်သောသူများ ဖြစ်ကြသည်။ ထိုသူများသည် ခရစ်ယာန်၊ ဗုဒဝဘာ သာဝင်၊ မူစလင်၊ ဟိန​ြု မှစ၍ အမျိုးမျိုးသော ဘုရားကိုးကွယ် သူများ ဖြစ်ကြသည်။ ထိုသူများကို သူတို့ကိုးကွယ်သော ဘုရား အပေါ်မူတည်၍ နှစ်မျိုးခွဲခြားနိုင်ပြန်သည်။ ထိုအရာမှာအသက်ရှင်သော ထာဝရဘုရားကိုးကွယ်သောသူနှင့် အခြားဘုရားကိုးကွယ်သောသူများ ဖြစ်သည်။ 

အခြားသော ဘုရားကိုးကွယ်သောသူများသည် ကောင်းကင်ဘုံရှင်ထာဝရဘုရားကို မကိုးကွယ်သောကြောင့် မည်မျှပင်အကျင့်ကောင်း၍ ရိုးသား ​ဖြောင့်မတ်သော်လည်း ထာဝရဘုရားကသူ၏ နိင်ငံထဲသို့ ဝင်ခွင့်ပြုမည် မဟုတ်ပါ။ ဥပမာအားဖြင့် အမေရိကန်နိင်ငံသို့ ဝင်ခွင့်ကို အမေရိကန်သံရုံးရှိကောင်စစ်ဝန်ရုံးမှသာလျှင်ပေးနိုင်သည်။ အခြားနိင်ငံ၏ ကောင်စစ်ဝန်ရုံးမှမပေးနိုင်ချေ။ ထို့နည်းတူ ကောင်းကင်နိင်ငံ ဝင်နိုင်ဘို့ရန်မှာ ကောင်းကင်ဘုံရှင်ထာဝရဘုရားကသာ အခွင့်ပေးနိုင်သည်။ ထာဝရဘုရားသည် လူများ၏ အကျင့်ကောင်းမကောင်းကို ကြည့်ရှုသည် မဟုတ်။ သူ့ကိုကိုးကွယ်သောသူသာလျှင် ဝင်ခွင့်ပေးမည် ဖြစ်သည်။ ထိုမျှသာမက အကျင့်ကောင်းခြင်းနှင့် ကောင်းမှု ကုသိုလ်ကောင်းခြင်းတို့သည် လူအပေါ်မှာ ပြုခြင်းသာ ဖြစ်၍ ဘုရားသခင် အပေါ်၌ ပြုသည် မဟုတ်။ 

ကောင်းကင်ဘုံရှင်ထာဝရဘုရားကိုးကွယ်သောသူများသည် ကောင်းကင် ပိုင် ရှင်ကိုကိုးကွယ်သောကြောင့် ကောင်းကင်သို့ ဝင်နိင်ရန်အလားအလာရှိသောသူများ ဖြစ်ကြသည်။ ထိုဘုရားကို ကိုးကွယ်သောသူသည် ခရစ်ယာန်များနှင့် ဂျူး ဘာသာဝင်များဖြစ်သည်။ 
 
ကိုးကွယ်နည်းနှစ်နည်း

ကောင်းကင်ဘုံရှင်ထာဝရဘုရားကိုးကွယ်သောသူများ ဖြစ်သည့် ခရစ်ယာန် များနှင့် ဂျူး ဘာသာဝင်များအားလုံး သည် ကောင်းကင်နိင်ငံသို့ ရောက်ကြမည် မဟုတ်။ သူတို့၏ကိုးကွယ်နည်း အပေါ်မူတည်၍ ှနှစ်မျိုးခွဲခြားနိုင်ပြန်သည်။ ထိုအရာမှာကိုယ့်အ လိုဆန္ဒအတိုင်းကိုးကွယ်သောသူနှင့် ထာဝရဘုရား အလိုတော် အတိုင်းကိုးကွယ်သောသူများ ဖြစ်သည်။ကိုယ့်အလိုအတိုင်းကိုးကွယ်သောသူများသည် အများစု ဖြစ်၍ ခရစ်ယာန် လူဦးရေ၏ ၈၀မှ ၉၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ထိုသူများသည် ထာဝရဘုရား၏ အလိုတော်ကို မသိသောကြောင့် ကိုယ့်စိတ်ဆန္ဒအလိုအတိုင်းကိုးကွယ် ကြသည်။ အဘယ်ကြောင့် ထိုသို့ကိုးကွယ်သနည်းဟူမူကား ဘုရား၏ အလိုတော်ကို အလေးမထား၊ ကောင်းကင်နိင်ငံရောက်ရှိရေးလည်း အရေးမစိုက်၊ မိရိုးဖလာအဖြစ် ကိုးကွယ်ခြင်းကြောင့် ဖြစ်သည်။ ဘုရား အလိုတော်အတိုင်း မကိုးကွယ်သောကြောင့် ကောင်းကင်နိင်ငံရောက်ကြမည် မဟုတ်၊ ငရဲရောက်ကြဦးမည် ဖြစ်သည်။ 

ထို့ကြောင့် ခရစ်တော်က၊ သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခ မည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ (မ ရး၂၁) ဟုဆိုခဲ့သည်။ တဖန်၊ ကျဉ်းသော တံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သော သူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန် ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။ (မ ရး၁၃-၁၄) ဟုဆိုသည်။ တဖန်၊ လျှို့ဝှက်သောသူ (့ပစသခမငအနျ)တို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ (မ ၁၅:ရ- ၉) ဟုဆိုခဲ့သည်။ 

အဘယ်ကြောင့် ခရစ်တော် ကပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဟုဆိုသနည်း။ ထိုလမ်းနှင့် တံခါးသည် ကိုယ်ကြိုက်နှစ်သက် သလိုသွားသောလမ်း ဖြစ်သည်။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန် ကျဉ်းမြောင်းသည် ဟုဆိုခြင်းသည် ကိုယ့် အလိုဆန္ဒအတိုင်း မဟုတ် သောကြောင့် ဖြစ်သည်။ ဘုရား၏ အလိုတော် မသိသောသူအတွက် ထိုအရာသည် အလွန် ခက်သည်။ သို့သော် အလိုတော်ကို သိသွားသူအတွက် လုံးဝ ခက်ခဲသည် မဟုတ်၊ ပို၍ လွယ်ကူသည်။ အကြောင်းမှာ ထိုလမ်းနှင့် တံခါးသည် ခရစ်တော် ပင် ဖြစ်၍ ကောင်းကင် ရောက်နိုင်ဘို့ရန်သူက ပြီးစီးဆောင်ရွက်သွားပြီး သောကြောင့် ဖြစ်သည်။ ထမင်းဟင်း၊ကိုယ့်ဟာကိုယ်ဝယ်၍ ချက်ပြုတ်၍ စားသည်ထက် ချက်တတ်သောသူကချက်ပြီးသောအရာကို စားသုံးခြင်းသည် ပို၍ လွယ် သကဲ့သို့ဖြစ်သည်။ 

ထာဝရဘုရား အလိုတော် အတိုင်းကိုးကွယ်သောသူသည် ကောင်းကင်ဘုံသို့ ဝင်ခွင့်ရသောသူ ဖြစ်သည်။ ထိုသူသည် အကျင့်ကောင်း၍ မဟုတ်၊ ကုသိုလ် ကောင်းမှုကြောင့် မဟုတ်၊ ဘုရား၏ အလိုတော် အတိုင်းကိုးကွယ်သောကြောင့် ရောက်မည့်သူ ဖြစ်သည်။ ဘုရား၏ အလိုတော် အတိုင်းကိုးကွယ်သောသူသည် အလွန်နည်းသည်။ ထို့ကြောင့် ခရစ်တော် ကကျဉ်းသော တံခါးဟု ခေါ်ခြင်း ဖြစ်သည်။ 
 
ဘုရားသခင်၏ အလိုတော် 

ဘုရားသခင်၏ အလိုတော် အတိုင်းကိုးကွယ်ခြင်းသည် အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖေါ်ပြပါသည်။ 

၁။ ဝိညာဉ်အားဖြင့်ကိုးကွယ်ရမည်

 ခရစ်တော်က၊ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိ ညာဉ်နှင့်၎င်း၊ သစ္စာ တရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန် ကာလသည် လာ၍ ယ ခုပင်ရောက်လျက် ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သော သူတို့ကို ခမည်း တော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရ မည်ဟု မိန့်တော်မူ၏။ (ယော ၄:၂၃-၂၄)။ ဤကျမ်းပိုဒ်သည် လူတိုင်း ကြားဘူးသော်လည်း အဓိပ္ပါယ်မရှင်းပြဘူးသောအရာ ဖြစ်သည်။ နံဝိညာဉ် ဖြင့်ကိုးကွယ်ခြင်းသည် အဘယ်ကဲ့သို့ ကိုးကွယ်ခြင်း နည်း။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်သောကြောင့် နံဝိညာဉ် ဖြင့်ကိုးကွယ်နိင်ရန်လူ၌ နံဝိညာဉ် ထည့်ထားပေးသည်။ ဝိညာဉ် ၄ မျိုးရှိသည်။ ဘုရားသခင်၏ ဝိညာဉ်၊ စာတန်နှင့် နတ်ဆိုးများ၏ ဝိညာဉ်၊ ကောင်းကင် တ မန် ဝိညာဉ်နှင့် လူ၏ ဝိညာဉ်တို့ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် လူ၌ ဝိညာဉ်နှင့် ဖန်ဆင်းသနည်းဟူမူကား သူနှင့် မိဿဟာယဖွဲ့၍ ကိုးကွယ်ဘို့ရန် ဖြစ်သည်။ ဝိညာဉ် ရှိသော ကောင်းကင်တမန် များနှင့် လူသည် ဘုရားကို ကိုးကွယ်ရမည်။ မကိုးကွယ်ပါက တ ရားစီရင်ခြင်း ခံရမည် ဖြစ်သည်။ သားသမီး များသည် မိဘစကား နားထောင်ဘို့ လို သကဲ့သို့ဖြစ်သည်။ 

ဘုရားသခင်သည် လူ၏ ဝိညာဉ်အား စကားပြောကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာ တို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံစည် သေး။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသောအရာ တိုင်အောင် ခပ်သိမ်းသောအရာ တို့ကို စစ်တော်မူ၏။ (၁ ကော ၂:၉-၁၀) သခင်ယေရှုက၊ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသော ဥာဏ်ကို သင်တို့အား ပေးတော်မူမည်။ (ယော ၁၄:၂၆) ဟုဆိုသည်။ ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်က ယုံကြည်သူများကို သွန်သင်နိုင်ရန် လူသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိထားရမည်။ ရှင်ပေါလုက၊ ခရစ်တော်၏ ဝိညာဉ်ကို မရသောသူ မည်သည်ကား ခရစ်တော်နှင့် မဆိုင်။ (ရောမ ၈:၉) ဟုဆိုထားရာမည်သူမဆို ခရစ်တော်၏ ဝိညာဉ် သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော် မရရှိလျှင် ဝိညာဉ်တော် ကသွန်သင်၍ ရမည် မဟုတ်။ 
 သန့်ရှင်းသော ဝိညာဉ်တော်သည် လူ၏ ဝိညာဉ်နှင့်အတူ ပူးတွဲကျေညာချက်ထုတ် ပြန်သည်။ ကျမ်းစာက၊ ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ဟု ရေးထားသည် (ရော ၈ ; ၁၆)။ များစွာသော ခရစ်ယာန်များအဘယ်ကြောင့်ဘုရားသား ဖြစ်ကြောင်း မသိကြသနည်းဟူမူကား သူတို့ အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် မရရှိသောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ရရှိမှသာ လူ၏ ဝိညာဉ်နှင့်အတူ ဘုရားသား ဖြစ်ကြောင့် သက်သေခံသည်။ ထိုသက်သေခံချက်ကို စိတ်နှလုံးက နားလည်၍ စိတ်ချမှု ရရှိခြင်း ဖြစ်သည်။ ထိုသို့ စိတ်ချမှု မိတ်ဆွေ၌ မရှိသေးလျှင် ခရစ်တော်ကို စိတ်နှလုံးအထဲ၌ ခေါ်ဘိတ်ဘို့ လိုသည်။ 

သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခရစ်တော်၏ ဝိညာဉ်သည်အတူ တူပင် ဖြစ်သည်။ ရှင်ပေါလုက၊ ယေရှုကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရားသည် သင်တို့ အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော် အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကို ပင်ရှင်စေတော်မူမည်။ ဟုဆိုသည် (ရော ၈:၁၂)။ ဤနေရာ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော် ဟုဆိုထားသည်။ လူသည် ခရစ်ယာန် အသက်တာကို ဇာတိခွန်အားဖြင့် အသက်ရှင်ရမည် မဟုတ်။ ဘုရား အလိုတော်ကို ဇာတိအားဖြင့် လိုက်ပါက မလွယ်သည်သာမက မဖြစ်နိုင်ပါ။ ထိုအရာကို ဘုရားသခင်က ောင်းစွာ သိသည်။ ပေါလုက၊ ဇာတိပကတိ စိတ်သ ဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။ ဟုဆိုသည် (ရော ၈:ရ)။ ထိုကြောင့် လူ အထဲ၌ သူ၏ ဝိညာဉ်တော်ကို ပေးရခြင်း ဖြစ်သည်။ ကျမ်းစာက၊ ထိုဘုရားသခင်သည် ငါတို့ကို တံဆိပ်ခတ်၍ ငါတို့ စိတ်နှလုံးထဲ၌ ဝိညာဉ်တော် တည်းဟူသော စားရန်ကို သွင်း ပေးတော်မူ၏။ (၂ ကော ၁:၂၁) ထိုဘုရားသခင်သည် ဝိညာဉ်တော် တည်းဟူသော စားရန်ကို ငါတို့ အားပေးတော်မူ ှုပြီ။ (၂ ကော ၅:၅)။ ငါတို့ အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည် အမှီပြု၍၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူသည်ကို သိရကြ၏။ (၁ ယော ၃:၂၄) ဟုဆိုထားသည်။ 
 
၂။ စိတ်နှလုံးပါရမည်

ပရောဖက် ဟေရှာယက၊ ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။ (ဟေရှာယ ၂၉:၁၃) ဟုဆိုခဲ့သည်။ ခရစ်တော်ကလည်း၊ လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။ (မ ၁၅:ရ- ၉)။ 

ဘုရားသခင်သည် စိတ်မပါဘဲကိုးကွယ်ခြင်းကို လက်မခံနိုင်ကြောင်း အထက်ပါကဲ့သို့ တွေ့ရသည်။ လူသားများပင်လျှင် စိတ်မပါဘဲ ချစ်ခြင်း၊ ကူညီခြင်း၊ ပေါင်း သင်းဆက်ဆံခြင်းများအလိုမရှိကြသည် မဟုတ်လော။ လူသည် အပင်ပန်းသဏ္ဍာန်ကို ကြည့်ရှုတတ်သော်လည်း စိတ်ပါမပါက ို သိတတ်သည်။ ဘုရားသခင်သည် စိတ် နှလုံးကို ကြည့်ရှုသောသူ ဖြစ်သည်။ ထို့ကြောင့် စိတ်မပါဘဲကိုးကွယ်သောသူများကို လုံး ဝ လက်မခံနိင်ချေ။ နှုတ်ခမ်းနှင့် ဘုရားကို ချဉ်းကပ်ကိုးကွယ်သောသူများသည် အချည်း နှီးကိုးကွယ်သည် ဟုဆိုသည်။ ယနေ့ ခရစ်ယာန် အများစုသည် နှုတ်အားဖြင့်သာဘုရားကို ကိုးကွယ် ကြသည်။ ထိုအထဲ၌ မိတ်ဆွေ ပါဝင်နေပါသလား။ 
 
၃။ သူရှိသော နေရာ၌ ကိုးကွယ်ရမည်

ဘုရားသခင်က မောရှေအားဖြင့် ဝတ်ပြုခြင်း ဆိုင်ရာပညတ်မပေးမှီတွင် ခပ်သိမ်းသော အရပ်မှ ဘုရားသခင်ကို ကိုးကွယ်နိုင်ခဲ့သည်။ သို့သော် မောရှေအားဖြင့် တဲတော် ဆောက်စေသော နောက်ပိုင်းတွင် တဲတော် မှသာ ဘုရားကိုးကွယ်ရသည်။ အကြောင်းမှာ တဲတော်၌သာ ဘုရားသခင်က ျိန်းဝပ်သည်။ ထိုနောက် ရှောလမုန်ကဗိမာန်တော် ဆောက်သောအခါ ယေရုရှလင် မြုိ့ဗိမာန်တော်၌ သာဘုရားကို ုးကွယ်ရသည်။ ထိုအရာကို မောရှေအားဖြင့် ဤသို့ မှာခဲ့သည်၊ တွေ့မြင်ရာရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရ မည်အကြောင်း သတိပြုကြလော့။ သင်တို့ အမျိုးတမျိုးတွင် ထာဝရဘုရားရွေးကောက်တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။ (တရား ဟော၁၂:၁၃၊ ၁၄)။ ထို့ကြောင့် ဣသရေလ လူမျိုးများသည် ဘုရားသခင် အပေါ် သစ္စာရှိ၍ သူ့ကိုသာ ကိုးကွယ်သော အချိန်၌ ယေရုရှလင်မြို့ရှိဗိမာန်တော်၌ သာကိုးကွယ်တတ်ကြသည်။ သို့သော် ဘုရားသခင်ကို စွန့်၍ အခြားဘုရားများကို ကိုးကွယ်သော အချိန်၌ ကုန်း မြင့်တိုင်းနှင့် စိမ်းသော သစ်ပင်အောက်တိုင်း မှာရုပ်တုများကို ကိုးကွယ်တတ်ကြသည်။ 

ဗာဗုလုန်​ကျွန်ခံရာမှပြန်လာကြသောအခါ အခြားသော ဘုရားများကို မကိုးကွယ်တော့ဘဲ ဗိမာန်တော်ကို ပြန်ဆောက်၍ ဗိမာန်တော်၌ သာကိုးကွယ် ကြသည်။ သို့သော် ထိုသို့ ဗိမာန်တော်၌ ကိုးကွယ်ခြင်းသည် အရိပ်သာ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု သေသောအခါ ဗိမာန်တော် အထဲရှိကုလားကာသည် နှစ်ခြမ်းကွဲသွားခဲ့သည် (မဿဲ ၂ရး၅၁)။ ထိုသို့ ကုလားကာကွဲခြင်းသည် ဗိမာန်တော်၌ ဘုရား မရှိတော့ကြောင်းကို ဖေါ် ပြသည်။ ဘုရားသခင်သည် ဗိမာန်တော်မှ ထွက်၍ အရှေ့ဘက်တံခါးမှ ယေရုရှလင် မြုိ့အ ရှေ့ဘက်ရှိသံလွင်တောင်သို့ ထွက်သွားကြောင်းကို ပရောဖက် ယေဇကျေလက ဤကဲ့သို့ ကြိုမြင်ခဲ့သည်၊ ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်ကအိမ်တော် တံခါး ခုံအထက်သို့ တက်ရွှေ့၍ အိမ်တော်သည် မိုဃ်းတိမ်နှင့် ပြည့်၏။ တန်တိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော် အရောင်နှင့် ပြည့်၏။ (ယေဇ ၁၀:၄) ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော် တံခါးခုံမှရွှေ့၍ ခေရုဗိမ်အပေါ်မှာ တည်လေ၏။ ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့် ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား၏ အိမ်တော် ရှေ့တံခါးဝမှာ ရပ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ၏။ (ယေဇ ၁၀:၁၈-၁၉) ထိုအခါ ခေရုဗိမ်တို့သည် အတောင်ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏၊၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်းတော်သည်လည်း သူတို့ အပေါ်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲကတက်၍၊ မြို့အရှေ့ မှာရှိသော (သံလွင်) တောင်ပေါ်၌ ရပ်တော်မူ၏။ (ယေဇ ၁၁:၂၂-၂၃) 

ယေဇကျေလမြင်သော ထာဝရဘုရား ဗိမာန်တော်မှ စွန့်ခွါ၍ အရှေ့ဘက်သံလွင်တောင်မှာရောက်ခြင်းသည် သခင်ယေရှု ကောင်းကင် တက်မည့် အရာကို ကြို မြင်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ယေရုရှလင်မြို့အရှေ့ဘက်သံလွင်တောင်မှ ကောင်းကင်သို့ တက်သွားခဲ့သည် (တ ၁:၉၊ ၁၂)။ ထို့ကြောင့် ယေရုရှလင်မြို့ဗိမာန်တော်၌ ဘုရားသခင် မရှိတော့ချေ။ ဘုရားသခင်က ောင်းကင် ဘုံ၌ သာရှိတော့သည်။ ထို့ကြောင့် သူရှိသော ကောင်းကင်ဘုံ၌ ကိုးကွယ်ဘို့ လိုသည်။ 

ငါတို့၏ ယဇ်ပုရောဟိတ်မင်း ခရစ်တော်သည် ငါတို့ ကိုယ်စားဘုရားကိုးကွယ်သောအခါ လောက လူတို့ လက်ဖြင့် ဆောက်သော တဲတော် (သို့) ဗိမာန်တော်၌ ကိုးကွယ်သည် မဟုတ်၊ ကောင်းကင် တဲတော် (သို့) ဗိမာန်တော်၌ ကိုးကွယ်ကြောင်း ဤသို့ ရေးသား ထားသည်၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုး အာနုဘော် တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။ (ဟေဗြဲ ၈:၁-၂) 
 
၄။ ယဇ်ပုရောဟိတ်အားဖြင့်သာကိုးကွယ်ရမည်

 ဘုရားသခင်က သူ့ကိုကိုးကွယ်သောအခါ ယဇ်ပုရောဟိတ် များမှတဆင့် သာကိုးကွယ်စေသည်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်မပေးမှီတွင်ယောက်ျားတိုင်း ယဇ် ပူဇော်နိင်ခဲ့သော်လည်း ပညတ်တော် ပေးပြီး နောက်တွင် အာရုန်နှင့်သားများက သာယဇ်ပုရောဟိတ် အလုပ်ကို လုပ်နိုင်သည်။ ကောရ၊ ဒါသန်၊ အဘိရံတို့ ကယဇ် ပုရောဟိတ် နေရာကို လုယူသောကြောင့် ဘုရားသခင်က မြေမျိုစေခြင်းအားဖြင့် ဖယ် ရှားခဲ့သည်။ သူတို့ ရွေးချယ်ထားသော ယဇ်ပုရောဟိတ် ၂၅၀တို့ ကိုလည်း ကောင်းကင်မှမီးကျစေ၍ လောင်​ကျွမ်းခြင်းအားဖြင့် စီရင်ခဲ့သည် (တော ၁၆)။ ရှောလုဘုရင် ကသူကိုယ်တိုင် ယဇ်ပူဇော်ခဲ့သောကြောင့် ရှင်ဘုရင်မှဖယ်ရှားခြင်း ခံခဲ့ရသည် (၁ရာ ၁၃)။ ဩဇိမင်းသည် တန်ခိုးကြီးသောအခါ ထောင်လွှား၍ နံ့သာပေါင်းမွှေးကို မီးရှို့ဘို့ရန် ကြံစည်သောကြောင့် ထာဝရဘုရားကသူ၏ နဖူး၌ နူစေခြင်းဖြင့် ဒဏ်ခတ်ခဲ့သည် (၆ရာ ၂၆:၁၆-၂၁)။ ထို့သို့ ယဇ်ပုရောဟိတ် အလုပ်ကို လုပ်ချင်သောသူများကို ထာ ဝရဘုရားကဒဏ်ခတ်ခဲ့သည်။ 

ယခုတွင် အာရုန်သား ယဇ်ပုရောဟိတ် များမရှိတော့ချေ။ သို့ဖြစ်လျှင်မည်သူသည် ယဇ်ပုရောဟိတ် ဖြစ်သနည်း။ သင်းအုပ်ဆရာများလော၊ ကက်သလိပ်ဘုန်း ကြီးများလော၊ သင်ကိုယ်တိုင် လော။ ယခုတွင် ယဇ်ပုရောဟိတ်မင်းသည် သခင်ယေ ရှု ဖြစ်သည်။ သူ့ကို ဘုရားသခင်က မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ် အဖြစ် ခန့်ပြီး ဖြစ်သည်။ ကျမ်းစာ၌၊ ထာဝရဘုရားကသင်သည် မေလခိဇေဒက်နည်းတူ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ၊၊ (ဆာ ၁၁၀:၄) ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကို မိမိချီးမြှောက်သည် မဟုတ်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏။ ထိုသို့နှင့် အညီကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟုလာ သတည်း။ (ဟေဗြဲ ၅:၅-၆) ထိုကြောင့်၊ အကြင် သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထို သူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ်အသက်ရှင်သောကြောင့်၊၊ သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။ (ဟေဗြဲ ရး၂၅) ဟုဆိုရခြင်း ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် သင်၏ ယဇ် ပုရောဟိတ်မင်း ဖြစ်သည်။ သူ့အားဖြင့်သာ ဘုရားသခင်ကို ချဉ်းကပ်ဘို့ ဖြစ်သည်။ 
 
၅။ ယဇ်ကောင်အားဖြင့်သာကိုးကွယ်ရမည် 

မိတ်ဆွေ၏ ယဇ်ပုရောဟိတ်မင်းသည် သခင်ယေရှု ဖြစ်ကြောင်သိရပြီ။ ဘုရားသခင်ကိုကိုးကွယ်ရာတွင် လက်ချည်းသက်သက်ဖြင့်ကိုးကွယ်၍ မရပါ။ ဘုရားသခင်က၊ အဇုမပွဲခံချိန်၊ ခုနှစ်သိတင်း ပွဲခံချိန်၊ သကေနေပွဲခံချိန် တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျား အပေါင်းတို့သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရားရွေးကောက်တော်မူသော အရပ်၌ ရှေ့တော် မှာမျက်နှာပြရကြမည်။ ထိုအခါထာဝရဘုရား ထံတော်သို့ အဘယ််သူမျှလက်ချည်းမပေါ်မလာရ။ သင်၏ ဘုရားသခင်ထာဝရဘုရားကောင်းကြီး ပေးတော်မူ သဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည်။ ဟုဆိုခဲ့သည် (တရား၁၆:၁၆-၁ရ) တဖန် ကျမ်းစာက၊ ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကို ပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာ ယဇ် တစုံတခုရှိရ၏။ ဟုဆိုထားသည် (ဟေဗြဲ ၈:၃)။ ထို့ကြောင့် ငါတို့၏ ယဇ်ပုရောဟိတ် ဖြစ်သော ခရစ်တော်၌ ပူဇော်စရာ ယဇ်တစုံတခုရှိရသည်။ 

ယဇ်ပုရောဟိတ်ကို ယဇ်ပူဇော်သောသူကတိရစ္ဆာန်များ ပေးရသည်။ သို့ဖြစ်လျှင် ငါတို့၏ ယဇ်ပုရောဟိတ်ကို ဘာပေးကြမည်နည်း။ ဆယ်ဘို့ တဘို့နှင့် အလှူငွေ၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ အကျင့်ကောင်းကျင့်ခြင်း၊ ဘုရားတရား၌ ကြိုးစားခြင်း၊ ဆင်းရဲသားများကို ကူညီမစခြင်းများကို ပေးရမည်လော။ စိတ်နှလုံးပေးရမည်လော။ ထိုအရာများကို ဘုရားသခင်က လက်မခံနိင်ချေ။ ထို့ကြောင့် ဘုရားသခင်က ကာဣနကို တံခါးနား၌ အပြစ် ​ဖြေသော ယဇ်ကောင် ပေးခဲ့ သကဲ့သို့ (က ၄:ရ) ငါတို့ ကိုလည်း ဘုရားသခင် ကိုယ်တော်တိုင်က ယဇ်ကောင် ပေးခဲ့ပြီ။ ကျမ်းစာ၌၊ ခရစ်တော်သည် ဤလောကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ (ဟေဗြဲ ၁၀:၅ -ရ) ဘုရားသခင် ပေးသော ယဇ်ကောင်သည် သခင်ယေ ရှုပင် ဖြစ်သည်။ သူသည် ကောင်းကင်၌ ဝိညာဉ်အားဖြင့် ရှိသောကြောင့် မြေကြီး ပေါ်သို့ ဆင်းသက်သောအခါ ခမည်းတော်က ကိုယ်ခန္ဓာကို ပေးခဲ့သည်။ သို့မှသာ သေနိုင်၍ အသွေးသွန်းနိုင်မည်။ 

ခရစ်တော်သည် ငါတို့၏ ယဇ်ကောင်း ဖြစ်ကြောင်းကို သိရှိ လက်ခံဘို့ လိုသည်။ ကျမ်းစာက၊ ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ (ဟေဗြဲ ၁၀:၁၀) ဟုဆို ထားသည်။ တဖန်၊ ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ် အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ ဟုဆိုထားသည် (ဟေဗြဲ ၉:၁၁-၁၂)။ ခရစ်တော်သည် ဆိတ်အသွေး၊ နွားကလေးအသွေးကို ပူဇော်သည် မဟုတ်၊ မိမိအသွေးတော်ကို ပူ ဇော်ခဲ့သည်။ ထိုသို့ ပူဇော်သောအရာကို ခမည်းတော်ဘုရားက လက်ခံခဲ့ပြီ။ ထိုအ ရာကို ယုံကြည်ခြင်းဖြင့် လက်ခံဘို့ သာလျှင် လိုတော့သည်။ ထိုသို့ ယုံကြည်လျှင် နောက်တဖန် ယဇ်ပူဇော်စရာ မလိုတော့ချေ။ ဘုရားသခင် ရှေ့၌ ​ဖြောင့်မတ်ခြင်း၊ အပြစ်ကင်းခြင်းကို ရရှိနိင်သည်။ ( ယဇ်ပူဇော်ခြင်း စာအုပ်ကို ဖတ်လျှင် ပို၍ ပြည့်စုံစွာ နားလည်နိုင်သည်။ ထိုစာအုပ်ကို ဆရာမောဇက်ထံတွင် ရရှိနိုင်သည်။) 
 
  

ဘုရား စကား၌ တုန်လှူပ်ခြင်း 


ထာဝရဘုရားကသိနာတောင်ပေါ်တွင် ပညတ်တော် ဆယ်ပါးကို ပေးသောအခါ အောက်ပါကဲ့သို့ ကြောက်မက်ဖွယ် ကောင်းအောင် ပေးခဲ့ကြောင်း တွေ့ရသည်။ လူအ ပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုး ထွက်ခြင်း အကြောင်း အရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့အား ကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိပ်ပါသည်ဟု လျှောက်ဆိုကြ၏။ မောရှေကလည်း၊ မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်ကကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။ လူများတို့သည်လည်း အဝေး၌ ရပ်နေကြ၏။ (ထွက် ၂၀:၁၈-၂၁) ဣသရေလ လူများသည် ဘုရားသခင်၏ ဘုန်းတော်ကို မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင် ထဲကမီးခိုးထွက်ခြင်းဖြင့် မြင်တွေ့ကြားရ ကြသည်။ ထိုအခါ ကြောက်လွန်းသောကြောင့် နောက်တဖန် ဘုရားက သူတို့ကို စကား မပြောတော့ဘို့ရန် တောင်းပန် ကြသည်။ ယနေ့ များစွာသော လူသားများသည် ဘုရား၏ ဘုန်းတော်နှင့် တန်ခိုးတော်ကို မတွေ့ရသောကြောင့် သူ့ကို ဂရုမစိုက်၊ မကြောက်ကြချေ။ 

ဘုရားသခင်က၊ စိတ်နှိမ့်ချခြင်း၊ နှလုံး​ကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။ ဟုဆိုသည် (ဟေရှာယ ၆၆:၂) ကျမ်းစာထဲ၌ ဘုရား၏ စကား၌ တုန်လှုပ်သောသူနှင့် ဘုရား စကားကို ဂရုမစိုက်သောသူသား အဖနှစ်ယောက်၏ အကြောင်းကို လေ့လာကြစို့။ 
 
ဘုရား၏ စကား၌ တုန်လှုပ်ယောရှိမင်း (Josiah) 

၈ ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိကျမ်းစာ စောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော် ရှာဖန်အား ဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေးတော် ဘတ်၏။ ၉ တဖန် စာရေးတော် ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော် ​ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကို မှုတ်ပြီးမှဗိမာန်တော် အုပ်၊ အမှုတော် စောင့်တို့၌ အပ် ပါပြီဟူ၍၎င်း၊ ၁၀ ယဇ်ပုရောဟိတ် ဟိလခသည် ​ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း၊ ကြားလျောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။ ၁၁ရှင်ဘုရင်သည် ပညတ္တိကျမး်စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ ၁၂ ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သား အဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော် ရှာဖန်၊ မိမိ​ကျွန် အသဟိကို ခေါ်၍၊ ၁၃ ယခုတွေ့သော ကျမ်းစကားကြောင့် ငါအတွက်၊ လူများအတွက် ယုဒအမျိုးသား အပေါင်းတို့အတွက်၊ ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်းစာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မ ကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူ လိမ့် မည်ဟု မိန့်တော်မူ၏။ ၁၄ ထိုကာလ တွင်၊ ဟရဟတ်သား ဖြစ်သော တိကဝ၏ သား၊ အချုပ်ဝန်ရှလ္လုံ၏ မယား၊ ပရောဖက် မဟု လဒသည် ယေရုရှလင် ပြင်မြို့၌ နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ယိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့သည် ထိုမိန်းမထံသို့ သွား၍ ပြောဆို ကြ၏။ ၁၅ မိန်းမကလည်း၊ ငါ့ထံသို့ စေလွှတ်သောသူထံသို့ သင်တို့ ပြန်၍ ဆင့်ဆိုရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော် ဟူမူကား၊ ၁၆ ယုဒရှင်ဘုရင်ဖတ်သော ကျမ်းစကား လာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။ ၁၇ အကြောင်းမူကား၊ သူတို့သည် ငါ့ကို စွန့်ကြပြီ။ မိမိလုပ်သောအရာ တို့ဖြင့် ငါ့အမျက်ကို နိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအ ရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။ ၁၈ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ၊ သင်တို့ကို စေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်း စကားကို ရည်ဆောင်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား။ ၁၉ ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့် ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သားတို့ ကို၎င်း၊ ငါခြိမ်း​ခြောက်သော စကားကို သင်သည် ကြားသောအခါ၊ နူးညံ့သော စိတ် ရှိ၍၊ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကို နှိမ့်ချခြင်း၊ ကိုယ်အဝတ်ကို ဆုတ်ခြင်း၊ ငါ့ရှေ့ငို ကြွေးခြင်းကို ပြုသောကြောင့်၊ သင့်စကားကို ငါနားထောင်၏။ ၂၀ ငါသည် သင့်ကို ဘိုး ဘေးစုဝေးရာသို့ ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအ ရပ်၌ ငါရောက်စေအပ်သော ဘေးကို သင်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။ (၄ရာ ၂၂:၈-၂၀) (၂ ုငညါ) 

အထက်ပါ ကျမ်းစာ၌ ယုဒရှင်ဘုရင်ယောရှိသည် ထာဝရဘုရား၏ စကားကို ကျမ်းစာအားဖြင့် သိရသောအခါ အလွန် ကြောက်ရွံ့တုန်လှုပ်၍ သူ၏ လူများကို ပရော ဖက်မထံသို့ စေလွှတ်ကာ ဘုရားသခင်၏ သဘော ထားကို မေးမြန်းသည်။ ထာဝရဘုရားကလည်း သူ၏ နှိမ့်ချခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်းကို မြင်သောအခါ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ဖျက်စီးမည်ကြံသော်လည်း သူ့လက်ထက်၌ မဟုတ်ဘဲ သူ့နောက်မှ ဖျက်စီးမည့် အကြောင်း၊ သူသည် ငြိမ်ဝပ်စွာ သင်္ချိုင််းသို့ ရောက်မည့် အကြောင်း 
ပြောပြခဲ့သည်။ 
 
ဘုရား၏ စကားကို မကြောက်သော ယောယကိမ်မင်း (Jehoiakim) 

 ၁ ယုဒရှင်ဘုရင်ယောရှိ ယောယကိမ်မင်း နန်းစံ လေးနှစ်တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ ၂ သင်သည် စာလိပ်ကို ယူပြီးလျှင်၊ ယောရှိမင်းလက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ ပြည်၊ ယုဒပြည် အစရှိသော ခပ်သိမ်းသော တိုင်း ပြည်တို့ကို ငါခြိမ်းသမျှသောစကား အတိုင်းရေးထားလော့။ ၃ ယုဒအမျိုးတို့၌ ပြု မည်ဟု ငါကြံစည်သမျှသော ဘေးဥပါဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစ ရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်းရှောင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၄ ထိုအခါ ယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရား မိန့်တော်မူသမျှသော စကားတော်တို့ကို ပြန်ပြောသည် အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။ ၅ ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရသောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။ ၆ သင်သွားလော့။ ငါပြန်ပြောသည် အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ ကို၊ အစာရှောင်သော နေ့တွင်၊ ဗိမာန်တော်၌ ရှိသော သူတို့အား ဘတ်လော့။ အမြို့မြို့အရွာရွာကလာသော ယုဒလူတို့ အားလည်း ဘတ်လော့။ ၇ သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းကို ရှောင်လျက်၊ ထာဝရဘုရားအား ပြပ်ဝပ်၍ ဆု တောင်းကောင်း ဆုတောင်း ကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ်အား မှာထားလေ၏။ ၈ ထိုသို့ ပရောဖက် ယေရမိမှာထားသမျှ အတိုင်း၊ နေရိသား ဗာရုတ်သည် ပြု၍၊ ထာဝရဘုရား၏ စကားတော် ပါသော စာကို ဗိမာန်တော်၌ ဘတ်လေ၏။ 

၉ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်မင်းနန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သား အပေါင်းတို့ နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသောသူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာရှောင်ရာအချိန်ကို ကြော်ငြာကြ၏။ ၁၀ ထိုအခါ ဗာရုတ်သည် ဗိမာန်တော် တံခါးသစ်နားမှာ၊ အထက် တန်တိုင်း အတွင်း၊ စာရေးတော် ရှာဖန်သား ဂေမရိ၏ အခန်း၌၊ ယေရမိစီရင်သော စာကို လူအပေါင်းတို့ ရှေှ့မှာဘတ်လေ၏။ ၁၁ ထိုစာ၌ ပါသမျှသော ထာဝရဘုရား၏ စကားတော်တို့ကို ရှာဖန်သား ဖြစ်သော ဂေမရိ၏သား မိက္ခါယသည် ကြားလျှင်၊ ၁၂ နန်းတော် အတွင်း၊ စာရေးတော် အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသား ဒေလာယ၊ အာခဗော်သား ဧလာနာ သန်၊ ရှာဖန်သား ဂေမရိ၊ ဟာနနိသား ဇေဒကိအစရှိသော မှူးတော် မတ်တော် အပေါင်းတို့သည် ထိုင်လျက် ရှိကြ၏။ ၁၃ ထိုအခါ ဗာရုတ်သည် လူများတို့အား ဘတ်သော စာထဲ ကမိက္ခါယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။ ၁၄ ထိုမင်း အပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့ မှဆင်းသက်သော ယေဟု ဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟု ခေါ် ကြ၏။ နေရိသား ဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍ လာ၏။ ၁၅ သူတို့ကလည်း ထိုင်လော့။ ငါတို့အား ဘတ်လော့ ဟုဆိုသည် အတိုင်း၊ ဗာရုတ်သည် သူတို့ ရှေ့မှာ ဘတ် လေ၏။ ၁၆ ထိုစကား အလုံးစုံတို့ကို မင်းများတို့သည် ကြားလျှင်၊ အချင်းချင်းကြောက် ရွံ့သော စိတ်ရှိ၍၊ ငါတို့သည် ဤစကား အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြား လျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။ ၁၇ တဖန် သင်သည် ဤစကား အလုံးစုံတို့ကို သူ့နှုတ်မြွတ်သည် အတိုင်း အဘယ်သို့ ရေးထားသနည်းဟု မေးမြန်းလျှင်၊ ၁၈ ဗာရုတ်က၊ သူသည် ဤစကား အလုံးစုံတို့ကို နှုတ်မြွတ်၍၊ အ​ကျွန်ုပ်သည် မှင်နှင့် ရေးထားပါ၏ဟု ပြန်ပြောသော်၊ ၁၉ မင်းများတို့ က၊ သင်သွားလော့။ ယေရမိနှင့်အတူ ပုန်းရှောင်၍ နေလော့။ အဘယ်မှာ နေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟု ဗာရုတ်အားမှာ ခဲ့၍၊ ၂၀ စာလိပ်ကို စာရေးတော် ဧလိရှမာ၏ အခန်း၌ ထားပြီးမှနန်းတော် အတွင်း၊ ရှင်ဘု ရင်ထံသို့ ဝင်၍၊ ထိုအမှုကို အကုန်အစင်လျှောက်ကြ၏။ 

 ၂၁ရှင်ဘုရင်သည် ထိုစာလိပ်ကို ယူချေဟု၊ ယေဟု ဒိကို စေလွှတ်သဖြင့်၊ ယေဟု ဒိသည် စာရေးတော် ဧလိရှမာ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ် အပေါင်းတို့ ရှေ့မှာ ဘတ်လေ၏။ ၂၂ ထိုအခါ နဝမလ ဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်းကာလ၌ စံပျော်ရာနန်းအခန်းတွင် ထိုင်၍၊ ရှေ့တော်၌ မီးမယ် ဖျူးပေါ်မှာ မီးခဲပုံရှိ၏။ ၂၃ ယေဟု ဒိသည် သုံးလေးခဏ်းလောက်ဘတ်မိလျှင်၊ ရှင်ဘုရင်သည် စာရေး၏ ထားနှင့် လှီး၍ မီးမယ်ဖျူး (်ငမန စသအ) ပေါ်မှာ ရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန်အစင်​ကျွမ်းလောင်လေ၏။ ၂၄ရှင်ဘုရင်မှစ၍၊ ထိုစကား အလုံးစုံတို့ကို ကြားသော ရှင်ဘုရင်၏ ​ကျွန်တယောက်မျှ မကြောက်၊ မိမိအဝတ်ကို လည်မဆုတ် ကြ။ ၂၅ရှင်ဘုရင်သည် စာလိပ်ကို မီးမရှို့စေခြင်းငှါ၊ ဧလိနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော်လည်း၊ ရှင်ဘုရင်သည် သူတို့ စကားကို နားမထောင်။ ၂၆ တဖန် ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက် ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော် ယေရမေလ၊ အာဇရေလသားစရာ ယ၊ အာဗဒေလသားရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။ 

 ၂၇ ယေရမိနှုတ်မြွတ်သည် အတိုင်း ဗာရုတ်ရေးထားသော ထိုစာလိပ်ကို ရှင် ဘုရင် မီးရှို့သော နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည် ကား။ ၂၈ သင်သည် အခြားသော စာလိပ်ကို ယူ၍၊ ယုဒရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှသော စကားရင်းအတိုင်းရေးထားလော့။ ၂၉ သင်သည် ယုဒရှင်ဘုရင်ယောယကိမ်အား ပြောဆို ရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည် ဆို၍ စာလိပ်ကို မီးရှို့ပြီ။ ၃၀ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင်ယောယကိမ်ကို ရည်မှတ်၍၊ မိန့်တော်မူသည်ကား၊ သူ၏ အမျိုး အနွယ်သည် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏ အသေကောင်ကို နေ့အချိန်၌ နေပူထဲသို့၎င်း၊ ညဉ့်အချိန်၌ နှင်းခဲထဲသို့၎င်း၊ ပစ်လိုက်ကြလိမ့်မည်။ ၃၁ သူမှစ၍ သူ၏သား မြေးတို့ကို၎င်း၊ သူ၏ ​ကျွန်တိုိ့ကို၎င်း၊ အပြစ်နှင့် အလျောက်ငါစီရင်မည်။ သူတို့နှင့် ယေရု ရှလင်မြို့သူယူဒပြည်သားတို့သည် နားမထောင်၊ သူတို့ အပေါ်သို့ ငါခြိမ်းသမျှသော ဘေး ဥပါဒ်တို့ကို ရောက်စေမည်ဟု မိန့်တော်မူ၏။ ၃၂ ထိုအခါ ယေရမိသည် အခြားသောစာ လိပ်ကို ယူ၍၊ နေရိသား စာရေးဗာရုတ် အားပေးသဖြင့်၊ ယုဒရှင်ဘုရင်ယောယကိမ် မီးရှို့သော စာ၌ ပါသမျှသော စကားတို့ကို ယေရမိသည် နှုတ်မြွက်၍၊ ဗာရုတ်သည် ရေးထား၏။ အလားတူသော စကားများကိုလည်း ထပ်၍ သွင်းရ၏။ (ယေရ ၃၆ ; ၁-၃၂) 

ယောရှိမင်းသည် ထာဝရဘုရား၏ စကားတော်၌ တုန်လှုပ်သော်လည်း သူ၏သား ယေယကိမ်သည် လုံးဝ မကြောက်ပေ။ ထို့ကြောင့် ပရောဖက် ယေရမိအားဖြင့် သတိပေးရေးသော စာကို ထားနှင့် လှီး၍ မီးဖုိထဲ၌ မီးရှို့လိုက်သည်။ ထာဝရဘုရားကဗာဗု လုန်ရှင်ဘုရင်လာ၍ ယုဒပြည်ကို ဖျက်ဆီးမည့် အကြောင်း သတိပေးခြင်းကို မကြားချင်ပေ။ ထိုသို့ မကြားချင် ယုံဖြင့် မပြီးပါ။ သူ၏ ဖခင်ယောရှိမင်းကဲ့သို့ အဝတ်ကို ဆုတ်၍ ငို ကြွေးကာထာဝရဘုရား ထံတော်၌ နှိမ့်ချသင့်သည်။ ထိုသို့ ပြုလုပ် ခဲ့သည် ရှိသော်ထာဝရဘုရားကသူ့ဖခင်ကို ချမ်းသာ ပေးသကဲ့သို့ သူသည်လည်း ချမ်းသာ ရာရနိုင်ကောင်းသည်။ သို့သော် သူသည် မိုက်မဲစွာ ထာဝရဘုရား၏ သတိပေးခြင်းကို ပယ်ကာစာကို မီးရှို့လိုက်သည်။ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင်ယောရှိမင်းကြီး၏သား ယောရကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့ က၊ ဩငါ့အစ်ကို၊ ဩငါ့နှမဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက် လည်း၊ ဩသခင်၊ ဩအရှင် မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။ ၁၉ ယေရုရှလင်မြို့ပြင်သို့ ဆွဲ သွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ် သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။ (ယေရမိ ၂၂:၁၈-၁၉) ဟုဆိုခဲ့သည်။ 

ယနေ့ သင့်ကိုလည်း ထာဝရဘုရားက သတိပေးနေသည်။ မကြာမှီဘေးဒဏ်ကြီး ကာလ ရောက်တော့မည် ဖြစ်သည်။ ချီဆောင်ခြင်း၌ သင်ပါဝင်ဘို့သည် အရေးကြီးဆုံး ဖြစ်သည်။ ထိုအပြင်သင်သည်အချိန်မရွေး သေဆုံးသွားနိင်သည်။ ထိုသို့ဖြစ်လျှင် ကောင်းကင်နိင်ငံရောက်မည်ဟု စိတ်ချမှု ရှိပြီလော။ မရှိသေးလျှင် မေတ္တာအားဖြင့် အကြံပေးလိုပါသည်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ပါ။ သင်၏ အပြစ် အလုံးစုံအတွက် အသေခံ ပေးခြင်းကို ယုံကြည်ပါ။ သင်၏ စိတ်နှလုံးအထဲ၌ ဝင်ဘို့ရန် ခေါ်ဘိတ် လက်ခံပါ။ ယောရှိမင်းကဲ့သို့ နှိမ့်ချပါ။ ယောယာကိမ်မင်းကဲ့သို့ မမိုက်ပါနှင့်။ 
 
မှားယွင်းသော ဆရာများ 

 ခရစ်ယာန်များအထဲ၌ အတုအယောင်များရှိမည့် အကြောင့်သခင်ယေရှု ကိုယ်တိုင် က၎င်း၊ တမန်တော်များက၎င်း၊ ကြိုတင် သတိပေးခဲ့ ကြသည်။ ထိုအတုအယောင် များသည် နှစ်မျိုးခွဲခြားနိင်သည်။ ဆရာအတုနှင့် ယုံကြည်သူ အတုများ ဖြစ်သည်။ ထိုအ တုအယောင်များသည် စာတန်၏ လက်ချက် ဖြစ်သကဲ့သို့ လူများ၏ ဇာတိအလို ဆန္ဒများကြောင့် ဖြစ်ရသည်။ ဆရာအတုများ ပေါ်ပေါက်လာခြင်းသည် အဓိကအားဖြင့် ငွေတပ် မက်ခြင်းကြောင့် ဖြစ်သည်။ 
 
မုတ်ဆိုးမအိမ်လုယူ 

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္လာရှိကြ၏။ အကြောင်းမူကား၊ မုတ််ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ် မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာ စကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ ကြီးစွာသော ဒဏ်ကို ခံရကြ လတံ့။ (မ ၂၃:၁၄) သခင်ယေရှု ကကျမ်းပြုဆရာဖာရိရှဲများသည် မုတ်ဆိုးမအိမ်ကို လုယူ သိမ်းစားသည် ဟုဆိုသည်။ အဘယ်သို့ လုယူသိမ်းစားသနည်း။ ဖာရိရှဲများသည် ဘုရားတရား နှင့် နေထိုင်သောသူများ ဖြစ်သည်။ သူတို့သည် လူများ၏ လေးစားကြည် ညိုခြင်းကို ခံရ သူများ ဖြစ်ကြသည်။ ထို့ကြောင့် လူများ၏ အိမ်လည်သောအခါ သူတို့ကို အကောင်းဆုံးဧည့်ခံတတ်ကြသည်။ မုတ်ဆိုးမများသည်လောက၌ မျှော်လင့်စရာနှင့် ပျော်ရွှင်စရာ မရှိသောအခါ ဘုရားတရား ဘက်၌ စိတ်အားကြီး တတ်ကြသည်။ ထိုအရာကို သိသော ဖာရိရှဲများ ကမုတ်ဆိုးမအိမ်များသို့ လည်၍ သူတို့ ကျေနပ် ရန်ရှည်စွာသော ဆုကို တောင်းပေးသောအခါ ထိုမုတ်ဆိုးမများက အလွန် အားရကျေနပ်စွာဖြင့် သူတို့၌ ရှိစုုမဲ့စုများကို ဖာရိရှဲများ အားပေးတတ်ကြသည်။ သူတို့ ဆုတောင်း ပေးချက်များသည် ဘုရားသခင်က နားမ​ညောင်းသောအခါ အကျိုးမရှိချေ (လု ၁၈:၁၄)။ သို့သော် မုတ်ဆိုးမခမျာ မသိသောကြောင့် ကျေနပ် အားရနေသည်။ ဘုရား အမြင်၌ ဖာရိရဲှသည် မုတ်ဆိုးမအိမ်ကို လုယူသွားပြီး ဖြစ်သည်။ 

ယနေ့ များစွာသော တရားဟောဆရာများသည်လည်း ယုံကြည်သူများ၏ အိမ်ကို လည်သောအခါ အကောင်းဆုံး​ကျွေးမွေး ပြုစုခြင်း၊ အလှူငွေများ ပေးခြင်း မျှော် တတ်ကြသည်။ ယုံကြည်သူများက ထိုသို့ ဧည့်ခံ​ကျွေးမွေးခြင်းသည် ကောင်းပါသည်။ သို့သော် သူတို့၏ ဝိညာဉ် ကယ်တင်ခြင်းကို ဦးစားပေး၍ ပြောပြဘို့ လိုသည်။ သို့သော် သူတို့၏ ဝိညာဉ် ကောင်းကင် ရောက်မည့် အရေးကို မပြောပြတတ်ကြချေ။ လောက၌ ကောင်းစားဘို့ သာလျှင် အားပေး၊ ဆုတောင်း ပေးတတ်ကြသည်။ ထိုအရာနှင့် ပတ် သက်၍ ဘုရားသခင်က ဣသရေလ ခေါင်းဆောင်များထံ ဤကဲ့သို့ အပြစ်တင်ဘူးသည်။ အငယ်ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူ အပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကို သုံးကြ၏။ ချမ်း သာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏ လူမျိုးသတို့သမီး အနာကို ပေါ့လျော့စွာ ကုကြ၏။ သူတို့သည် ရွံရှာဘွယ်သော အမှုကို ပြုပြီးမှရှက်ကြသလော့။ အလျှင်း မရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက် နောက်တယောက်လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (ယေရမိ ၆:၁၃-၁၅) 
 
ချော့သော စကားနှင့် ကုန်သွယ်

ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကို ငြင်းပယ်လျက်၊ မိမိတို့ အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။ သူတို့ ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသော သူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သော စကားနှင့် သင်တို့ကို ကုန်သွယ်ကြလိမ့်မည်။ (၂ ပေ ၂:၁-၂) 

ပေတရုကလည်း ယုဒလူတို့တွင် မိစ္ဆာ (အတု) ပရောဖက်များရှိကြ သကဲ့သို့ ခရစ်ယာန်များ၌လည်း မိစ္ဆာဆရာများရှိလိမ့်မည် ဟုဆိုသည်။ ထိုဆရာအတုတို့၏ ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသော သူတို့သည် လိုက်၍ သမ္မာတရားလမ်း အသရေပျက်စီးလိမ့်မည် ဟုဆိုသည်။ ထိုဆရာအတုတို့သည်လောဘလွန်ကျူး၍ ချော့ မော့သော စကားနှင့် ယုံကြည်သူများကို ကုန်သွယ်ကြလိမ့်မည် ဟုဆိုသည်။ မည်ကဲ့သို့ ကုန်သွယ်ကြသနည်း။ ဘုရားသခင်၏ ကောင်းကြီးခံစား လိုလျှင်များများ လှူဘို့ ပြောပြတတ်ကြသည်။ သမ္မာတရား နားမလည်သောသူများသည် ဖြတ်လမ်းနည်းဖြင့် ကောင်းကြီးခံစားလိုသောကြောင့် ထိုဆရာများ ပြောသကဲ့သို့ ယုံကြည်ခြင်း မျိုးစေ့ ကြဲခြင်း၊ လှူဒါန်းခြင်းဖြင့် ထိုဆရာများသည် ချမ်းသာ သွားကြသည်။ ထိုဆရာများသည် အလွန် အပြောကောင်းသောကြောင့် သူတို့၏ အပြစ်ကို မမြင်နိင်ကြချေ။ ထိုဆရာများသည် လူများ လိမ်ဘို့ရန်၊ ပေါလုသုံးသော ပုဝါ၊ ခါးပန်း တခုခုကို အနာရောဂါရှိသော သူတို့ ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ် ကြ၏။ (တမန် ၁၉:၁၂) ဟူသောအရာကို အတုယူ၍ အလှူငွေမည်မျှပို့လျှင် ပုဝါကို ပို့ပေးမည်၊ အနာရောဂါ ပျောက်ကင်းစေရမည်ဟု ကြော်ငြာတတ်ကြသည်။ ခရစ်တော်ကို ရိုက်သော သံမိှုကဲ့သို့သော သံမှိုကို ပို့၍ ဆောင်ခြင်း သန့်ရှင်းသော သံလွင်ဆီကို ပို့၍ လိမ်းခြင်း ဆုတောင်း ပြီးသော ရေပုလင်းများကို ပို့၍ သောက်ခြင်းအားဖြင့် ကျန်းမာခြင်း၊ အောင်မြင်ခြင်းများရ မည့်အကြောင်း ဂတိပေး၍ အလှူငွေတောင်း ကြသည်။ သမ္မာတရား မသိသောသူများ ကအလှူငွေများကို ရက်ရောစွာဖြင့် ပို့တတ်ကြသည်။ 
 
၀မ်းအမှု ဆောင်

ညီအစ်ကို ိတို့၊ သင်တို့ ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ ရှောင်ကြလော့ဟု ငါ သတိပေး၏။ အကြောင်းမူကား၊ ထိုသို့သော သူတို့သည် ငါတို့ သခင် ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲလျက်၊ မိမိတို့ ဝမ်း၏ အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ် စကားနှင့် ချော့မော့သော စကားအားဖြင့် စိတ်ကောင်းသော သူတို့ကို လှည့်ဖြားတတ်ကြ၏။ (ရော ၁၆:၁ရ- ၁၈) 
 ရှင်ပေါလုကလည်း ခရစ်တော်၏ အမှုကို မဆောင်ဘဲ မိမိတို့ ဝမ်းအမှုကို ဆောင် ရွက်သောသူများရှိကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ထိုသူများသည်လောကဝတ်က စကားနှင့် ချော့မော့သော စကားဖြင့် စိတ်ကောင်းသော သူတို့ကို လှည့်ဖြားတတ်ကြသည် ဟုဆိုသည်။ စိတ်ကောင်းသောသူဆိုသည်မှာ ဘုရားကို ရိုးသားစွာကိုးကွယ်သော်လည်း အကင်းမပါးသောသူ၊ သမ္မာတရားကို မပိုင်းခြားတတ်သောသူများ ဖြစ်သည်။ ထိုသူများသည် ဝမ်းအမှုဆောင်များ၏ လှည့်ဖြားခြင်းကို ခံရ၍ ရှိသမျှကို ပေးလှူ တတ်ကြသည်။ ထိုသို့သောသူများကို မှတ်၍ ရှောင်ခိုင်းသော်လည်း ကျမ်းစာလည်း မဖတ်၊ ပြောပြမည့် သူလည်း မရှိသောအခါ ပါသွားတတ်ကြသည်။ 
 
အောက်ပါကျမ်းပိုဒ်များ ဆက်ဖတ်ပါ

ညီအစ်ကိုတို့ ငါကျင့်သည် နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့် ကြလော့။ ငါတို့ ပေးသော ပုံသက်သေနှင့် အညီကျင့်သော သူတို့ ကိုလည်း ရှုမှတ်ကြလော့။ အကြောင်းမူကား၊ အထက် အဖန်ဖန်ငါပြော၍၊ ယခုပင်မျက်ရည်ကျလျက်နှင့် ပြောသည် အတိုင်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူ အများရှိကြ၏။ ထို သူတို့သည် ပျက်ဆီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရား မူကား၊ မိမိတို့ ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့်၌ သာမိမိတို့ ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။ ငါတို့ ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက် ရှိ၏။ ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူ မည်ဟု ငါတို့သည် မြော်လင့်လျက် နေကြ၏။ (ဖိလိ ၃:၁ရ- ၂၀) 

ငါမရှိသည် နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့ အထဲသို့ ဝင်မည်ကို၎င်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှါ၊ မှားသော စကားကို ပြောတတ်သော လူတို့သည် သင်တို့ အထဲ၌လည်း ပေါ်လာမည်ကို၎င်း၊ ငါသိ၏။ (တမန် ၂၀:၂၉-၃၀) 

မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြ လိမ့်မည်။ (မ ၂၄:၁၁) 

ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော် ရှိသည်၊ ထိုအရပ်၌ ရှိသည် ဟုဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကို ပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။ (မ ၂၄:၂၃-၂၄) 
 အဘယ်မည်သောသူမျှဖြားယောင်းသော စကားအားဖြင့် သင်တို့ကို မလှည့် ဖြားစေခြင်းငှါ၊ ဤစကားကို ငါပြောဆို၏။ (ကော ၂:၄) 

ထို သူတို့သည် မိစ္ဆာ တမန်တော် ဖြစ်ကြ၏။ ခရစ်တော်၏ တမန် ဖြစ်ယောင် ဆောင်၍ လှည့်ဖြားတတ်သောအမှု စောင့် ဖြစ်ကြ၏။ ဤအမှုသည် အံ့ဩဘွယ် ဖြစ်သည် မဟုတ်။ စာတန် ပင်လျှင် လင်းသော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ​ဖြောင့်မတ်ခြင်း တရားကို ဟောသော ဆရာ ဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သော အကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။ (၂ ကော ၁၁:၁၃-၁၅) 
 
 
 
မှားယွင်းခြင်းတမျိုး


ယနေ့ မြောက် များစွာသော တရားဟော၊ သင်တန်းပေးသောသူများ၏ မှား ယွင်းချက်မှာတရားနာသောသူ၊ သင်တန်းတက်သောသူများ၏ ဝိညာဉ်ရေးရာအ​ခြေ အနေကို မသိဘဲ မိိမိသိသောအရာကို ဟောပြောသင်ပြခြင်း ဖြစ်သည်။ မမွေး သေးသော ခလေးကို နို့တိုက်၍ မရသကဲ့သို့ သွန်သင်ဆုံးမ၍လည်း မရချေ။ မမွေး သေးသော ခလေး အတွက် လုပ်ပေးနိုင်သောအရာသည် မွေးဘွားနိုင်ဘို့ရန် ကူညီခြင်း သာလျှင် ဖြစ်သည်။ ထို့နည်းတူ ဝိညာဉ်၌ ဒုတိယမွေးခြင်း မခံ သေးသောသူများကို ခရစ်ယာန် အသက်တာ သင်ပေးခြင်းဖြင့် အဘယ် အကျိုးမျှမရှိချေ။ ထို့ကြောင့် မည်မျှပင်ငွေကုန်​ကြေးကျခံ၍ သင်တန်းနှင့် တရားဟောပြောပွဲများ ပြုလုပ်သော်လည်း လူများ၏ အသက်တာသည် မပြောင်းလဲနိုင်ချေ။ တရားဟောသောသူ၏ အပြောကောင်းခြင်းကြောင့် စိတ်လှုပ် ရှားကပြောင်းလဲသည် ဟုဆိုကြသော်လည်း ထိုပြောင်းလဲခြင်းသည် ကြာရှည်မခံတတ်ချေ။ 

အဘယ်ကြောင့်ဟောပြောသောသူများသည် ထိုသို့ မိမိတို့ သိသောအရာကို ဟောကြသနည်းဟူမူကား ကိုယ်တိုင် ဒုတိယမွေးဖွားခြင်း မခံသောကြောင့်၎င်း၊ ဝိညာဉ်ရေးရာ၌ နုနယ်သောကြောင့်၎င်း ဖြစ်သည်။ ဟောပြောခြင်း သွန်သင်ခြင်း၏ အဓိကပန်းတိုင်သည် လူများ ဒုတိယ မွေးဘွားရမည်။ ထို့နောက်ကြီး ထွားရင့်ကျက်ရမည်။ ထို့နောက် သက်သေခံရမည်။ တရားဟောသူ၊ သင်တန်းပေးသူအနေဖြင့် တရားနာသောသူများ၏ ဝိညာဉ်ရေးရာကို အရင်သိ နားလည်ဘို့ရန် လိုအပ်သည်။ သို့မှသာ သူတို့နှင့် ကိုက်ညီသော တရားများကို သင်ပေး၍ အကျိုးရှိမည်။ 

ဒုတိယ မွေးဘွားပြီ၊ ကယ်တင်ခြင်း စိတ်ချပြီ ဟုဆိုသောသူတိုင်း၊ စိတ်မချရပါ။ အကြောင်းမှာ ယခုခေတ်တွင် များစွာသော လူများသည် ဒုတိယ မွေးဘွားဘို့ လို ကြောင်း၊ ကယ်တင်ခြင်း စိတ်ချမှု လိုကြောင်းများကို ကြားဖန်များ သောကြောင့် ဒုတိယ မွေးဘွားပြီ၊ ကယ်တင်ခြင်း စိတ်ချပြီ ဟုဆိုတတ်ကြသည်။ သူတို့သည် ကယ်တင်ခြင်း စိတ်ချမှု တကယ် ရမရ၊ ဒုတိယ မွေးဘွားခြင်း အမှန်တကယ် ဖြစ်မ ဖြစ်ကို စစ်ဆေးဘို့ လိုသည်။ ထိုသို့ စစ်ဆေးပြီးမှအမှန်တကယ် ပြောင်းလဲပြီးသောသူများကို ခရစ်ယာန် အသက်တာသင်ပေးဘို့ လိုသည်။ ကယ်တင်ခြင်း စိတ်ချမှု မရရှိပါက ကယ်တင်ခြင်း အကြောင်းကိုသာ သင်ပေးဘို့ လိုသည်။ များစွာသော နာမည်ခံ ခရစ်ယာန် များသည် ကယ်တင်ခြင်း အကြောင်းကို ကြားချင်သည် မဟုတ်။ ခရစ်ယာန် အသက်တာကိုသာလျှင် သင်ပေးစေချင် ကြသည်။ ထိုသူများကို သူတပါးထံ၌ မည်ကဲ့သို့ ကယ်တင်ခြင်း ပြောရမည်နည်းဟူသော ခေါင်းစဉ်ဖြင့် သင်ပေးခြင်းအားဖြင့် သူတို့ ကိုယ်တိုင် ကယ် တင်ခြင်း စိတ်ချသွားနိုင်သည်။ ထို့ကြောင့် တရားဟောသောအခါ ဖြစ်စေ၊ သင်တန်း ပေးသောအခါ ဖြစ်စေ၊ တရားနာသောသူများ၏ အ​ခြေအနေကို အရင်သိဘို့ လိုကြောင်း အကြံပေးလိုပါသည်။ 

အချို့သော ဆရာများသည် အသစ်အဆန်းကိုသာလျှင် ဟောပြောသင်ပေး လို ကြသည်။ ထိုသို့ သင်ပေးလိုသောကြောင့် ကျမ်းစာ၌ မဖေါ်ပြသော အရာများ အထိ ထွင်၍ ပြောလာ ကြသည်။ သူတို့၏ ဩဝါဒကို ကျမ်းစာ၌ မဖေါ်ပြ နိင်သောအခါ ကျမ်းစာသည် မလုံလောက်ကြောင်း၊ ဘုရားသခင်သည် အလွန်ကြီး မြတ်၍ သူ၏ လုပ်ဆောင် ချက်များသည် အလွန်များလွန်းသောကြောင့် ကျမ်းစာအုပ်ကိုသာ ကိုးကား၍ မရကြောင်း လမ်းရှင်းတတ်ကြသည်။ ထိုသူများက၊ အောက်ပါက ျမ်းချက်ကို အသုံးပြုတတ်သည်၊ ယေရှု ပြုတော်မူသော အခြားအမှု အရာအများရှိသေး၏။ ထိုအမှု အရာရှိသ မျှတို့ကို အသီး အခြားရေးထားလျှင်၊ မြေကြီး မဆ့ံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။ (ယော ၂၁:၂၄)။ မှန်ပါသည် ယေရှု ပြုတော်မူသောအရာ မြောက် များစွာ ရှိပါသည်။ ဆက်လက်၍ ယောဟန်က၊ ဤကျမ်းစာ၌ ရေး၍ မထားသော အခြား နိမိတ်လက္ခဏာအများတို့ ကိုလည်း ယေရှုသည် တပည့်တော်တို့ မျက်မှောက်၌ ပြတော်မူ၏။ ယေရှုသည် ခရစ်တော် တည်းဟူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ ယုံ၍ နာမတော်အားဖြင့် အသက်ကို ရမည်အ ကြောင်း၊ ဤမျှလောက်ရေးထားလျက် ရှိသတည်း။ (ယော ၂၀:၃၀-၃၁) ဟုဆိုသည်။ 

ကျမ်းစာ၏ အဓိက ရည်ရွယ်ချက်သည် ယေရှုသည် ခရစ်တော် ဖြစ်၍ သူ့ကို ယုံ ကြည်ခြင်းအားဖြင့် ထာဝရ အသက် ရရှိဘို့ရန် ဖြစ်သည်။ ထာဝရ အသက် ရရှိပြီးလျှင် ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်၍ ဝိညာဉ် အသီးများ အသက်တာ၌ သိိီးကာ အခြားသူများကိုလည်း ယုံကြည် လာရန်ပြောပြဘို့ ဖြစ်သည်။ ထိုသို့ ပြုလုပ် နိင်ရန်ကျမ်းစာသည် လုံလောက်ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ ဘုရားသခင်၏ လူသည် စုံလင် သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်း အလိုငှါ ပြင်ဆင်သောသူ ဖြစ်မည် အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကို ဘော်ပြခြင်း၊ ​ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။ (၂ တိ ၃:၁၆-၁ရ)။ 

 ဤကျမ်းစာအုပ်မျှပင် မဖတ်နိုင်၊ နားမလည် နိုင်ချိန်တွင် စာတန် ကသူ့လူများကို အသုံးပြု၍ ကျမ်းစာအုပ်သည် မလုံလောက်ဟု ဟောပြောခိုင်းသည်။ တရား နာသောသူများသည် ကျမ်းစာ မဖတ်ဘူးသော်လည်း အပြောကောင်းသောသူများ၏ စကားကို သဘော ကျတတ်ကြသည်။ ထို့ကြောင့် ကျမ်းစာ လာသည်ကား ဟူသောအရာသည် ကျဉ်းမြောင်းလွန်းသည်၊ ဘုရားသခင် ပြောသည်ကား ဟူ၍ ဖြစ်ရမည်ဟု သင်ပေး ကြသည်။ ဘုရားသခင်က ပြောသည် ဟူသောအရာသည် မှန်သယောင်ရှိသော်လည်း အမှားအမှန်ကို စစ်ဆေး၍ မရတော့ပါ။ ထိုကြောင့် ဆရာပြောသမျှ ယုံရသည်။ ထိုသို့သောအားဖြင့် လမ်းလွှဲ ကြသည်။ 

ဤကျမ်းစာအားဖြင့် သတိပေးလိုပါသည်၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆို သဖြင့်၊ ငါတို့သည် နောက်တဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မ ဖြစ်ဘဲလျက်၊ မေတ္တာ စိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်း တည်းဟူသော ခရစ်တော် မှာအရာ ရာတို့၌ ကြီးပွား (ဧဖက် ၄:၁၄-၁၅) ကြပါစို့။ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက် ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆ ရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအား ထုတ်လော့။ (၂ တိ ၂:၁၅) တဖန် ကျမ်းစာက၊ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူ အပေါင်းတို့အား ငါ သက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ ထပ်၍ အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအ ပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထားသော အသက် ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ် ပယ်တော်မူမည်။ (ဗျာ ၂၂:၁၈-၁၉) 
 
 
ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း ၈
 
၁။ သတ္တမတံဆိပ်ကို ဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီ ဝက်မျှတိတ်ဆိတ်စွာ နေကြ၏။ 

ဤသတ္တမတံဆိပ်သည် အခန်း၆ ထဲမှတံဆိပ်များ၏ အဆက် ဖြစ်သည်။ သတ္တမတံဆိပ်ဖွင့်သောအခါ အဘယ်ကြောင့်ကောင်းကင်၌ နာရီ ဝက်မျှတိတ်ဆိတ်စွာ နေကြသနည်း။ တိတ်ဆိတ်စွာ နေခြင်းသည် စိတ်မကောင်းခြင်း၊ ဝမ်းမမြောက်ခြင်း၊ အရေးကြီးခြင်း မျိုး၌ ဖြစ်တတ်သည်။ တံဆိတ် ၆ ခုဖွင့်သောအခါ ကမ္ဘာပေါ်၌ အကြီး အကျယ်ဒုက္ခ ရောက်ခဲ့ပြီ။ သို့သော် ထိုအရာသည် နောက်ဆုံး မဟုတ်သေး။ နောက်ထပ် ဘုရားသခင်၏ အမျက်တော် ကမ္ဘာပေါ်၌ သွန်းလောင်းဦးမည်။ တံပိုးခုနှစ်လုံးတရားစီ ရင်ခြင်း ခံရဦးမည် ဖြစ်သောကြောင့် ကောင်းကင်၌ စကား မပြော၊ သီချင်းမဆို၊ တီးမှုတ်ခြင်း မပြု၊ တိတ်ဆိတ်စွာ နေရခြင်း ဖြစ်မည်။ မိသားစုထဲ၌ ဖခင်ကသားကို ဆူဆုံးမသောအခါ မိသားစု တခုလုံးတိတ်ဆိတ်စွာ နေသကဲ့သို့ဖြစ်သည်။ 
 
၂။ ဘုရားသခင့်ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန် ခုနှစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနှစ်လုံးကို ပေး၏။ ၃။ ကောင်းကင်တမန် တပါးသည် လာ၍ ရွှေလင်ပန်းကိုကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော် ရှေ့၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့သော နံ့သာပေါင်းအများကို ထိုသူ၌ ပေး၏။ 

ရွှေယဇ််ပလ္လင်သည် ဗိမာန်တော် အထဲမှာရှိသော နံ့သာပေါင်းမွှေး မီးရှို့ရာပလ္လင် ဖြစ်သည်။ နံ့သာပေါင်းမွှေး မီးရှို့ခြင်းသည် သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပုံ ဆောင်ထားသည်။ ထိုအရာကို ဗျာ ၅:၈နှင့် ဆာလံ ၁၄၁:၂၌လည်း တွေ့နိုင်သည်။ ဤ နေရာ၌ နံ့သာပေါင်းကို ကောင်းကင်တမန်၌ ပေးထားသည်။ နံ့သာပေါင်းကို ယဇ်ပုရော ဟိတ်များ ကသာ မီးရှို့နိင်သည်။ ထို့ကြောင့် ဤ ကောင်းကင်တမန်သည် ယဇ်ပုရောဟိတ် နေရာကို ယူခြင်း ဖြစ်သည်။ ဗတ္တိဇံယောဟန်၏ ဘခင်ဇာခရိက ယေရုရှလင် ဗိမာန်တော် အထဲမှနံ့ပေါင်းမွှေး မီးရှို့ချိန်တွင် ပြင်၌ ပရိသတ်များ ဆုတောင်း ကြောင်းကို လု ကာ ၁:၈-၁၁၌ တွေ့မြင်နိင်သည်။ 
 
၄။ မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်း သူတို့၏ ပဌနာများနှင့်အတူ ကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။ 

သန့်ရှင်းသူသည် ယုံကြည်သူများကို ဆိုလိုသည်။ ယခုခေတ်တွင် ယုံကြည်သူများကို သန့်ရှင်း သူများဟု မခေါ်ကြတော့ချေ။ အကြောင်းမှာ သန့်ရှင်းသော အသက်တာဖြင့် အသက်မရှင်ကြသောကြောင့် ဖြစ်မည်။ ရှေး ယုံကြည်သူများကို သန့်ရှင်းသူ များဟု ခေါ်တတ်သည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းသည် ဘုရားသခင် ရှေ့၌ နံ့ သာပေါင်းမွှေး မီးရှို့ သကဲ့သို့ဖြစ်သည်။ နံ့သာပေါင်းမွှေးသည် မွှေးကြိုင်သည်။ ကိုယ်ချစ်သူ၏ စကားသည် နားထောင် ရန်ချိုမှိန် သကဲ့သို့ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းသည်လည်း ဘုရားသခင် အတွက် မွှေးသည်။ 

၅။ ကောင်းကင်တမန်သည် လင်ပန်းကို ယူ၍ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီး အပေါ်သို့ ချလိုက်သည် ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်ကြ၏။ 

သန့်ရှင်း သူများ၏ ဆုတောင်းခြင်းသည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်သည်။ ထိုဆုတောင်း သံကို ဘုရားသခင်က အ​ဖြေပေးသော အနေဖြင့် ကောင်းကင်တမန် ကယဇ်ပ လ္လင်မီးနှင့် ပြည့်သော မီးကို မြေကြီး ပေါ်သို့ ချလိုက်သည်။ ထိုအခါ မြေကြီး ပေါ်၌ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်သည် ဟုဆိုသည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းသည် ဤသို့ တွေ့ရသည်၊ ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေ သတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့က လည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလ ပတ်လုံးနေတော်မူ မည်နည်းဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏။ ထို သူတို့၌ ဖြူသော ဝတ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။ (ဗျာ ၆:၉-၁၁) ထိုဆုတောင်း ချက်ကို ယခု အ​ဖြေပေးခြင်း ဖြစ်သည်။ ထို့ကြောင့် မြေကြီး ပေါ်၌ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ် စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်ကြခြင်း ဖြစ်သည်။ 
 
၆။ တံပိုး ခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနှစ်ပါးတို့သည် မှုတ်အံ့သောငှါ မိမိတို့ကို ပြင်ဆင် ကြ၏။ ၇။ ပဌမ သူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီး ဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်း ဖြစ်၏။ မြေကြီး အပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ​ကျွမ်းလောင်လေ၏။ 

ထိုကဲ့သို့ မိုဃ်းသီးနှင့် အသွေးရောနှောသော မီးသည် အဲဂုတ္တု ပြည်၌ ဖြစ်ခဲ့ဘူး ပြီ။ ကျမ်းစာ၌ ထာဝရဘုရားကလည်း၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ လူတို့ အပေါ်မှာ၎င်း၊ တိရစ္ဆာန်များ အပေါ်မှာ၎င်း၊ လယ်ပြင်၌ ရှိလေသမျှသော အပင်များ ပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှါ၊ သင်၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာ ပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တု ပြည်၌ မိုဃ်းသီးရွာစေတော်မူ သဖြင့်၊ အဲဂုတ္တု ပြည် တည်ထောင်သည် ကာလ မှစ၍ တခါမျှမ ဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့် ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိ သမျှသော လူနှင့် တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုဃ်းသီးထိလေ၏။ (ထွက် ၉:၂၂-၂၅) 

မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ​ကျွမ်းလောင်လျှင် လူလည်း အသက်ရှင်စရာ အကြောင်း မရှိချေ။ ဘုရားသခင်သည် တ ခါတည်း တကမ္ဘာလုံးကို တရားမစီရင်ဘဲ ကျန်ရှိသောသူများ နောင်တရစရာအချိန် ပေးထားသည်။ 
 
၈။ ဒုတိယ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက် သကဲ့သို့ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေး ဖြစ်၏။ ၉။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်း သေ၏။ သင်္ဘောသုံးစုတ စုလည်း ပျက်၏။ 

မီးလောင်သော တောင်ကြီးသည် လူလုပ်သော လက်နက်မ ဖြစ်နိုင်ချေ။ ဘုရားသခင်၏ လက်တော် ဖြစ်သည်။ ပင်လယ်ထဲသို့ ချလိုက်သောအခါ ပင်လယ်သုံး စုတစုအသွေး ဖြစ်၍ ပင်လယ်သတ္တဝါသုံးစုတစုလည်း သောသည် ဟုဆိုသည်။ သင်္ဘော သုံးစုတစုလည်း ပျက်သည်။ ဘုရားသခင်သည် သူဖန်ဆင်းထားသော ပင်လယ်နှင့် အ ထဲ အပေါ်၌ ရှိသမျှသောအရာ တို့ကို တရားစီရင်နိုင်ကြောင်းကို တွေ့ရသည်။ 
 
၁၀။ တတိယ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်း သို့၎င်းရောက်၏။ ၁၁။ ထိုကြယ်သည် ဒေါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါန ရွက် ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။ 

မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည်လည်း ဘုရား၏ လက်ရာတော် ဖြစ်သည်။ ကြယ်ပျံများ ကျသောအခါ အနုမြူဗုံးပေါက်ကွဲ သကဲ့သို့ ပြင်းထန်သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ ကြယ်ပျံ ၂၆ ကြိမ်ကျခဲ့ပြီး ပြီ။ သို့သော် မြေကြီး ပေါ်ထက် ပင်လယ်သမုဒ္ဒ​ရာထဲ၌ ကျခြင်းများသောကြောင့် ထိ ခိုက်ဒဏ်ရာရမှု နည်းပါးသည်။ ထိုကြယ်ပျံများသည် ၁ ကီလိုတန်မှ ၆၀၀ ကီလို တန်အထိ ုပြင်းထန် ကြသည်။ ဟီးရိုးရှိးမားမြို့၌ ချခဲ့သော အနုမြူဗုံးသည် ၁၅ ကီလို တန်သာလျှင် ရှိသည်။ ထိုကြယ်ပျံများသည် တနာရီ မိုင် ၆သောင်းခန့် အမြန်ဖြင့် ပြန်သန်းသောကြောင့် အလွန် အရှိန်ကြီးမား ကြသည်။ လူနေထူထပ်သော မြို့ကြီး အပေါ်၌ ကျပါက အားလုံး ပြာကျသွားမည် ဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်ပါကြယ်ကြီး မြေကြီး ပေါ်ကျသောအခါ မြစ်သုံးစုတစုနှင့် စမ်းရေတွင်း၌ သာထိခိုက်ခြင်းသည် အံ့ဩစရာ ဖြစ်သည်။ မြို့ပြများ၌ ကျသည်ဟု မဆိုချေ။ ထိုကြယ်၏ နာမည်သည် ဒေါနရွက် (တသမာတသသိ)ဟု ခေါ်သည်။ ဒေါနရွက်သည် သစ်ရွက်တမျိုး ဖြစ်၍ ခါးသည်။ ထိုကြယ်ကြောင့် ရေသုံးစုတစုသည် ခါ၍ လူများကို သေစေသည်။ 
 
၁၂။ စတုတ္တ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတ စု၊ ကြယ်သုံးစုတစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ၊

နေသုံးစုတစုကြတ်သောကြောင့် လသုံးစုတစုလည်း ကြတ်သည်။ အကြောင်းမှာ လသည် နေမှအလင်းရောင်ရသည်။ ကြယ်များ မူကား သူတို့၌ ကိုယ်ပိုင်အလင်းရောင်ရှိ ကြသည်။ ဘုရားသခင်သည် နေလကြယ်များကို ဖန်ဆင်းရှင် ဖြစ်သောကြောင့် သူကြိုက်နှစ်သက်သလို ကြတ် (မှောင်) စေနိုင်ကြောင်း ထင်ရှားသည်။ ဤအရာများသည် မဖြစ် သေးသော်လည်း ကြိုတင် ဟောပြောထားခြင်း ဖြစ်သည်။ နေနှင့် လကြတ်ခြင်း တွေ့ဘူးကြပေလိမ့်မည်။ နေနှင့် လကြတ် (မှောင်)သောအခါ မြေကြီး ပေါ်၌လည်း မှောင်မည် ဖြစ်သည်။ ထို့ကြောင့် အလွန် ​ခြောက်ခြားစရာ ကောင်းမည် ဖြစ်သည်။ 
 
၁၃။ ထိုအခါ ငါကြည့်လျှင်၊ လင်းယုန်တကောင်က၊ ကြွင်း သေးသော ကောင်းကင် တ မန်သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့်မြေကြီးသားတို့သည် အမင်္လာ၊ အမင်္ လာ၊ အမင်္ရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်ကို ငါကြား၏။ 

တံပိုးလေးလုံးမှုတ်ခဲ့၍ မြေကြီး ပေါ်၌ ပျက်စီးမှုနှင့် လူ များစွာ သေကျေ ကြပြီ။ သို့သော် မပြီး သေးပါ။ နောက်ထပ်တံပိုးသုံးလုံးမှုတ်ရဦးမည် ဖြစ်ကြောင့်လင်းယုန်တ ကောင်ကကောင်းကင် အလည်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်။ ထိုလင်းယုန်ကို မြန်မာကျမ်းစာအုပ်၌ ရွှေလင်းတဟု ရေးထားသည်။ ထိုအရာကို အင်္လိပ်ကျမ်းစာအုပ်များ၌ (န​ေါူန) လင်းယုန်ဟု ရေးထားသည်။ ထို့အပြင် လင်းတသည် အပုပ်ကောင်များသာစားတတ်သောကြောင့် ရွှေဟု တင်စားခြင်းသည် မသင့်တော်ချေ။ လင်းယုန်များ မူကား သူတို့ ကိုယ်တိုင် ဖမ်းသော အသားများကို စား၍ သန့်ရှင်းသည်။ ထို့ကြောင့် ရွှေလင်း ယုန်ဟု တင်စားလျှင်လည်း ပို၍ သင့်တော်သည်။ အင်္လိပ်ကျမ်းစာများ၌ ရွှေလည်း မပါချေ။ ကောင်းကင်တမန် သုံးပါးမှုတ်မည့် အရာသည် အခန်း၉၌ တွေ့ရဦးမည် ဖြစ်သည်။ ဘုရားသခင်သည် ယခုအခါ လုံးဝ မရှိသကဲ့သို့ ငြိမ်သက်နေသော်လည်း ဘေးဒဏ်ကြီး ကာလ၌ မဆုံးနိုင်အောင် သူ၏ အမျက်ဒေါသမီးကို မြေကြီး အပေါ်၌ တခုပြီးတခု လောင်း မည့် အရာကို ကြိုတင် ဟောပြောထားသည်။ ထို့ကြောင့် အလွန် ကြောက်စရာ ကောင်းသည်။ သို့သော် လူအများစုက မသိသောကြောင့် သူ့ကို လုံးဝ မကြောက်၊ ဂရုမစိုက်ဘဲ နေကြသည်။ ယခုမှစ၍ ဘုရားသခင်ကို ကြောက်ကြစို့။ သူ့ထံသို့ လက်မြှောက်ကြစို့။ သူ၏ ကယ်တင်ခြင်းနှင့် အပြစ် လွှတ်ခြင်းကို လက်ခံကြစို့။ 
 
 
 
ဧဝံဂေလိ ခရီးစဉ်


ဆရာမောဇက်နှင့် ဇနီးဟန္နတို့သည် ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ နေ့အ ထိ Buffalo မြို့ မြန်မာနိင်ငံတိုင်းရင်းသား အသင်းတော်မှ ပြုလုပ်သော စခန်းသွင်း လူငယ်ကျမ်းစာ သင်တန်း၌ ပါဝင်ခဲ့ကြပါသည်။ ထိုသင်တန်း၌ မြန်မာပြည် မှဆရာ ဇော်သူလင်းကနှစ်ရက်နှင့် ကာနဒါနိင်ငံတိုရွန်တိုမြို့မှဆရာ Solomon James က သုံးရက်ဆရာမြင့်လွင်မှပြည် သူ့နေတိသင်ကြားပေးကြပါသည်။ ဆရာမောဇက်က ၅ ရက်၊ ဆရာမဟန္နက ခလေးများနှစ်ရက်သင်ကြားပေးပါသည်။ အချို့သော လူငယ် များသည် အိပ်ရေးမဝသော်လည်း နှုတ်ကပတ်တော်၌ အလွန် ဆာငတ်၍ ကယ်တင်ခြင်း သဘောပေါက်သွားကြ သူများရှိကြသည်။ 
 
စခန်းမှအပြန်Buffalo မြို့တွင် ဆက်လက်၍ တပတ်ကြာသင်တန်းကို မတူပီ အသင်းတော်၌ သင်ပေးကြပါသည်။ နေ့ခင်းပိုင်း၌ လူ၁၀မှ ၁၅ယောက်၊ ညပိုင်းတွင် ၂၅မှ ၄၀ အထိ သင်ကြားကြပါသည်။ ထိုသင်တန်းတွင်လည်း ယုံကြည် များ၏ ဆုတောင်း သံ ဘုရားသခင်က နား​ညောင်း၍ ဝိညာဉ်တော် လှုပ်ရှားမှုကြောင့် လူတော်တော်များများ ကယ်တင်ခြင်း သဘောပေါက်သွား ကြ ကာ ၈ ဦးကဗတ္တိဇံမင်္လာခံယူကြပါသည်။ 

Buffalo မြို့မှပြန် လာသောအခါ Rochester မြို့မှ မြန်မာတိုင်းရင်း သားများမိဿဟာယ ဦးဆောင်သူကို ဝီလျံနှင့် Syracuse မြို့မှကိုအား ဆာတို့လည်း အမှုတော်ဆောင်သင်တန်းတက်ဘို့ရန် Indianapolis မြို့သို့ လိုက် ပါလာကြပါသည်။ ယခုအခါ အမှုတော်ဆောင်သင်တန်းများကို နံနက်ပိုင်းဆု တောင်းခြင်း၉-၁၀ နာရီ အပြီးတွင် ၁၀မှ ၁၂ နာရီ အထိ၎င်း၊ ညပိုင်းရမှ ၉ နာရီ အထိ၎င်းနေ့တိုင်း သင်ကြားကြပါသည်။ ညနေပိုင်းတွင် သက်သေခံခြင်းများကို ၂မှ ၅ ခန့်အတွင်း ပြုလုပ်လျက် ရှိကြပါသည်။ 

နွေရာသီအတွင်း ကျောင်းပိတ်ရက်တွင် သက်သေခံလုပ်ငန်း၌ ပါဝင်သော Chicago မြို့မှလူငယ်တိမောသေသည် ယခုအခါ သူနေထိုင်ရာ Chicago မြို့၌ ယုံကြည်သူ အချို့တို့နှင့် အပတ်စဉ်မိဿဟာယ ပြုလုပ် နိုင်ပြီ ဖြစ်သောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ သူသည်အချိန် ပြည့်ကောလိပ်ကျောင်းတက်ရင်းအချိန် ပြည့် အလုပ်လုပ်သောကြောင့် အလွန်ပင် ပန်းပါသည်။ ဆုတောင်းခြင်းဖြင့် သတိရ အားပေးကြပါစို့။ 
 
 
ဘုရားကျောင်းအသစ်ဝင်ခြင်း 


Indianapolis သတင်းကောင်း နှစ်ခြင်း အသင်းတော်သည် ၂၀၁၀ ခုနှစ်တွင် ဘုရားသခင်က စတင်တည်ထောင်ခဲ့သည်။ သင်းအုပ်ဆရာမရှိဘဲ သုံးနှစ် ရှိပြီးမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှစ၍ ဆရာမောဇက်ထောင်ကျုံးမိသားစု Maryland မှပြောင်းရွှေ့လာ၍ ကြည့်ရှုပါသည်။ ယခုအခါ သင်းသား ၁၂၀ ကျော် လာသောအခါ နေရာကျင်းကျပ်လာသောကြောင့် ဩဂုတ်လနောက်ဆုံးပတ်မှစ၍ ပိုမို၍ ကျယ်ဝန်းသော နေရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ သို့သော် ကျေးဇူးတော် ချီးမွမ်းခြင်းကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ် ပါသည်။ ထိုနေ့၌ GBC(Chin)  အသင်းတော်မှ အသင်းသားများနှင့် ဧည့်သည်များပါအဝင်လူပေါင်း ၂၀၀ ကျော်ပါဝင်၍ ဘုရားရှိခိုးအပြီးတွင် နေ့လည်စာစားကြပါသည်။ ကယ်တင်ခြင်းနှင့် သမ္မာတရားများကို သိရှိ နားလည်လို သူများ လာရောက်ပါဝင်နိုင်ပါသည်။ 
 
 

Gospel Baptist Church

1285 N State Rd. 135 Ste 5  

Greenwood, IN 46142

County line Rd and S. Meridian St. conner, next to Salaviton Army Family store 

 

 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG