GOODNEWS
  HOME  GOODNEWS  2014 AUG

 


အမှာစာ

ကျမ်းစာထဲမှပရောဖက် ပြုချက်များ လေ့လာခြင်းသည် ခရစ်ယာန် အသက်တာ၌ အလွန် အရေးကြီးသည်။ ဘုရားသခင်က ရှေ့အနာဂတ်၌ ဖြစ်ပျက်မည့် အရာများကို ကြိုတင် ဟောပြောတတ်သည်။ ထိုအရာများ သိရှိ နားလည်ခြင်းအားဖြင့် များစွာ အကျိုးရှိသည်။ များစွာသော ယုံကြည်သူများသည် ထိုပရောဖက် ပြုချက်များကို ဂရုမ စိုက်ကြချေ။ ခရစ်တော် ကြွလာမည့် အရာ၊ ဘေးဒဏ်ကြီး ဖြစ်မည့် အရာ၊ အနှစ်တစ် ထောင် ခရစ်တော် အုပ်ချုပ်မည့် အရာများကို စိတ်မဝင်စားကြချေ။ ထိုသို့ အနာဂတ် ဖြစ်ပျက်မည့် အရာများ မသိ၊ သို့မဟုတ် သိသော်လည်း ဂရုမစိုက်သောကြောင့် ကြုိတင် ပြင်ဆင်မှု မပြု၊ ဤလောကကို စွဲလန်း၍ လောကသားများကဲ့သို့ လောဘလွန်ကျူးခြင်း၊သော ကရောက်ခြင်း၊ မလိုလားအပ်သော ပြသနာများရင်ဆိုင်ခြင်းများဖြင့် အသက်တာ၌ ခန်း​ခြောက် ကြသည်။ 

ကျမ်းစာက ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ညဉ့်အချိန် ကုန်လု၍ နေ့အ ချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက် မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ (ရော ၁၃:၁၁-၁၂)ဟု သတိပေးဆော်ဩသော်လည်း လုံးဝ နိုးခြင်း မရှိ၊ အားရပါးရ အိပ်ပျော် နေကြသည်ကို ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။ ခရစ်တော် ကြွလာမှာထက် အလုပ်အကိုင်၊ ပညာ ရေး၊ အပျော်အပါး၊ လူမျိုးရေး၊ နိင်ငံရေး၊ တိုးတက်ရေး၊ အသောက်အစားများကို ဦးစားပေး နေကြသေးသည်။ ယခုအချိန်တွင် ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်း၊ ပြုစု ပျိုးထောင်ခြင်း ပြုမည့်အချိန် ဖြစ်သော်လည်း ထိုအရာများထက် ဇာတိအလို ဆန္ဒ များကိုသာ ဦးစားပေး နေကြ သေးသောကြောင့် ဇာတိအရာများကို ထားခဲ့၍ ဝိညာဉ်ပိုင်း၌ တိုး၍ အချိန် ပေးလုပ်ကိုင်ဆောင်ရွက်ကြဘို့ တိုက်တွန်းနိုးဆော်အပ်ပါသည်။ 
 

ယခုလစာစောင်တွင်...

ကယ်တင်ခြင်း 
အသစ်တဖန် လုပ်ဆောင်ကြကုန်အံ့ 
ဘုရားသခင် အသုံးပြုသော တရားဟော သူများ 
ဘေးဒဏ်ကြီးကာလ
ကျမ်းစာဖတ်ကြစို့
နောက်ဆုံသော ကာလ၏ လက္ခဏာများ 
ခရီး စဉ်
 
ကယ်တင်ခြင်း 

မိသားစုတစု၏ သားသမီး ဖြစ်ဘို့ရန် နှစ်နည်းရှိသည်။ သားသမီး အရင်း ဖြစ်ရန်မှာထိုမိဘအားဖြင့် မွေးဘွားမှသာ ဖြစ်နိင်သည်။ မွေးစား သားသမီး ဖြစ်ရန်မှာမွေး ဘွားစရာ မလို၊ မွေးစားမိဘများ ကသနားသောကြောင့် ဖြစ်စေ၊ လိုအပ်သောကြောင့် ဖြစ်စေမွေးစားလိုက်လျှင် မွေးစား သားသမီး ဖြစ်နိင်သည်။ သို့သော် သားသမီး ဖြစ်မည့် သူက ကြိုးစား မှုကြောင့် မဖြစ်နိင်ချေ။ ထာဝရဘုရား၏သား ဖြစ်ဘို့ရန် လူသား အနေဖြင့် ကြိုးစား၍ မရချေ။ ဘုရားသခင် ကိုယ်တော်တိုင်က မွေးဘွားစေမှသာလျှင်ဖြစ်နိုင်သည်။ အောက်ပါက ျမ်းချက်များကို လေ့လာကြပါစို့။ 
 
ခရစ်တော်ကို လက်ခံခြင်းအားဖြင့် 

 “ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။” (ယော ၁:၁၂-၁၃) 

 “ထိုသူ” ဟူသောအရာသည် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်ကို လက်ခံသမျှ သောသူ၊ ခရစ်တော်ကို ယုံကြည်သော သူတို့အား ဘုရား၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏ ဟုဆိုသည်။ “ထိုသားတို့ မူကား လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်” ဟုဆိုခြင်းသည် ဣသရေလ လူမျိုး ဖြစ်သောကြောင့် ဘုရားသား ဖြစ်သည် မဟုတ် ဟုဆိုခြင်း ဖြစ်သည်။ လောက၌ ဘုရား၏ လူမျိုးမရှိ။ ထို့ကြောင့် အလိုအလျောက်ဘုရားသား မဖြစ်နိုင်ချေ။ “မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။” ဟုဆိုခြင်းသည် မိဘနှစ်ပါးဘုရား သားသမီး ဖြစ်လျှင်လည်း သူတို့မှ မွေးဘွားသော သားသမီး များသည် အလိုအလျောက်ဘုရား သားများဖြစ်ကြသည် မဟုတ်။ သူတို့ ကိုယ်တိုင် ခရစ်တော်ကို လက်ခံခြင်းအားဖြင့်သာလျှင် ဘုရားသား ဖြစ်နိုင်သည်။ “လူအလိုအလျောက်ဘွားသောသား မဟုတ်” ဟူသောအရာလည်း လူ့ သဘောအားဖြင့် ဘုရားသား ဖြစ်နိုင်သည် မဟုတ်။ တရားဟောဆရာကသူလိုချင်သောသူများကို ဘုရားသား ဖြစ်စေနိုင်သည် မဟုတ်။ သူတို့ ကိုယ်တိုင် ခရစ်တော်ကို ယုံကြည် လက်ခံဘို့ လိုသည်။ “ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း” ဘုရားသား ဖြစ်ဘို့ရန်မှာ ဘုရားသခင်က သာတတ်နိင်သည်။ 
 
သမ္မာတရား စကားအားဖြင့် 

 “နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရား စကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။” (ယာ ၁:၁၈) 

 “နိမ္မိတသတ္တဝါ” ဆိုသည်မှာ “ဖန်ဆင်းထားသော သတ္တဝါ” ဟုဆိုခြင်း ဖြစ်သည်။ “အဦးသီးသော အသီး” ဆိုသည်မှာ ခရစ်တော်ကို ဆိုလိုသည်။ ကျမ်းစာ၌၊ “ခရစ် တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသော အသီး ဖြစ်တော်မူပြီ။” (၁ ကော ၁၅:၂၀)ဟု ရေးထားသည်။ “သမ္မာတရား” ဆိုသည်မှာ ကျမ်းစာကို ဆိုလိုသည်။ ကျမ်းစာ၌၊ “ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏။” (ယော ၁ရး၁ရ)။ “မိမိ အလိုတော် အတိုင်း” ငါတို့ကို ဖြစ်ဘွားစေသည် ဟုဆိုသောကြောင့် လူ့အလိုအားဖြင့် မဟုတ်၊ ဘုရားသခင်၏ အလိုအားဖြင့်သာလျှင် ဖြစ်သည်။ ဘု ရားသခင်က သမ္မာတရား စကား တည်းဟူသော နှုတ်ကပတ်တော်အားဖြင့် ငါတို့ကို ဘွားစေသည်။ “ဖြစ်ဘွား” ဟူသောအရာသည် မွေးဘွား (ဘသမည) ဟုဆိုလိုသည်။ 
 
မဖောက်ပြန်မပျက်ဆီးတတ်သော မျိုးစေ့အားဖြင့် 

 “သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည် မဟုတ်။ မဖောက်ပြန်မပျက်ဆီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အ မြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားသောကြောင့်၊ ” (၁ ပေ ၁:၂၂-၂၃) 
 “ဖောက်ပြန်ပျက်ဆီးတတ်သော မျိုးစေ့” သည် စိတ်လှုပ်ရှားမှု၊ လူ၏ လုပ်ဆောင် မှု၊ အိပ်မက်နှင့် ရူပါရုံများ၊ ကိုယ်ခန္ဓာ၏ ခံစား မှုများဖြစ်သော ပူကနဲ ဖြစ်ခြင်း၊ အေးကနဲ ဖြစ်ခြင်း၊ ကြက်သီးမွှေးညှင်းထခြင်းများဖြစ်သည်။ များစွာသောသူများသည် ‘ဆုတောင်း၍ အလွန် အားရသောကြောင့်၊ ’ ‘အိပ်မက်ထဲ၌ ဝတ်ရုံဖြူလူက လက်ခံသောကြောင့် ’ စသည်ဖြင့် မွေးဘွားသည် ဟုဆိုတတ်ကြသည်။ အချို့သောသူများသည် စိတ်လှုပ်ရှားမှု ဦးစားပေးသော အသင်းတော်များ၌ အားရပါးရသီချင်းဆို ဆုတောင်း နိုင်သောကြောင့် စိတ်ချတတ်သည်။ ထိုအရာများသည် ပျက်ဆီးတတ်သော မျိုးစေ့များ ဖြစ်သည်။ ထိုမျိုး စေ့များနှင့်အတူ ခဏချင်းတွင် ပြန်လည်ပျက်စီးသွားတတ်သည်။ 

 “မဖောက်ပြန်မပျက်ဆီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်” ဘုရားသခင်၏ နှုတ်က ပတ်တော်သည် မပျက်ဆီး တတ်၊ အစဉ်အမြဲတည်သည်။ ဘုရားသခင်၏ နှုတ်က ပတ်တော်သည် ကောင်းကင်နှင့် မြေကြီးထက် ခိုင်မြဲသည်။ ခရစ်တော်က၊ “ကောင်း ကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။” (မ ၂၄:၃၅) ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် မွေးဘွားရမည်။ သို့ဖြစ်လျှင် ထာဝရ တည်မြဲမည်။ 
 
 ခရစ်တော်၌ ရှိခြင်းအားဖြင့် 

 “လူ မည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ (​ြနတ ခမန​ေ- အငသည) ဖြစ်၏။ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ (အ့န သူိ့​ေျ ါသညန) ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။” (၂ ကော ၅:၁ရ- ၁၈) 

 “လူမည်သည် ကား၊ ” ဟုဆိုသောကြောင့် မည်သူမဆို ဖြစ်သည်။ အပြစ်သား၊ အကျင့်ကောင်းသောသူ၊ လူကြီး လူငယ်မည်သည့်အရွယ်မဆိုကို ဆိုလိုသည်။ ထို့ကြောင့် သင်လည်း ပါဝင်သည်။ “ခရစ်တော်၌ ရှိလျှင်” အရေးကြီးသည်မှာ ခရစ်တော်၌ ရှိဘို့ သာလျှင် ဖြစ်သည်။ “ခရစ်တော်၌ ” ဟူသောအရာသည် အလွန် အရေး ကြီးသည်။ လူသည် “အာဒံ၌ ” မွေးဘွား ကြသည်။အား ဒံကဲ့သို့ အပြစ်သား၊ စာ တန်သား၊ လူဟောင်း၊ ငရဲသွားမည့်သူ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၌ ရှိဘို့ လိုသည်။ မည်ကဲ့သို့ ခရစ်တော်၌ ရှိနိုင်မည်နည်း။ ဘုရားသခင်က သာတတ်နိုင်သည်။ ကျမ်းစာ၌၊ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။” (၁ ကော ၁:၃၀) ဟုဆိုသည်။ ဘုရားသခင်က လူကို ယေရှုခရစ်၌ ထားသည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။ 

 “အသစ်သော သတ္တဝါ ဖြစ်၏” ယေရှုခရစ်၌ ရှိသောသူများသည် အသစ်သော သတ္တဝါ ဖြစ်သွားကြပြီ။ အသစ်သော သတ္တဝါ ဖြစ်ဘို့ရန် လူက ကြိုးစားစရာ မလိုချေ။ ကြိုးစား၍လည်း မရချေ။ ဘုရားသခင်က သာတတ်နိုင်သည်။ မည်ကဲ့သို့ဖြစ်စေသနည်း။ ယေရှုခရစ်နှင့် သေစေ၍ ထမြောက် စေခြင်းအားဖြင့် ဖြစ်သည်။ “ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ ” ယေရှုခရစ်၌ လူသစ် ဖြစ်သောသူသည် ဟောင်းသောအရာ ကုန်ဆုံးသွားပြီ။ ဟောင်းသောအရာ ဆိုသည်မှာ ဘုရားသခင် ရှေ့၌ အပြစ်သား၊ စာတန် သား၊ လူဟောင်း မဟုတ်တော့ချေ။ ထို့အပြင် ဇာတိအ မြင်၊ အကြိုက်၊ အပြု အမူများပြောင်းလဲ၍ ဘုရား၏ အမြင်၊ အကြိုက်၊ အပြု အမူများကအစားထိုး လာသည်။ “ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏” ထိုပြောင်းလဲမှု များသည် လူအားဖြင့် အတုလုပ်နိင်သော်လည်း ကြာ ရှည်မခံနိင်ပါ။ ဘုရားသခင်အားဖြင့် ဖြစ်ပါက ကြာရှည်ခံသည်။ လူ့စွမ်းအားဖြင့် ကြိုးစား၍လည်း မဟုတ်။ ဘုရားသခင်အားဖြင့် ဖြစ်သည်။ 
 
ယေရှုခရစ် ထမြောက် ခြင်းအားဖြင့် 

“အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့် အညီငါတို့ကို တဖန် ဖြစ်ဘွားစေတော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိတော်မူ စေသတည်း။” (၁ ပေ ၁:၃) 

 ရှင်ပေတရုက ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့် ငါတို့ကို တဖန် ဖြစ်ဘွားစေတော်မူသည် ဟုဆိုသည်။ “ဖြစ်ဘွားစေသည်” ဟူသောအရာသည် “မွေးဘွားစေသည်” ဟုဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်က၊ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်းရှိ၍ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ခံရစေခြင်း ငါှငါတို့ကို မွေးဘွားစေသည် ဟုဆိုသည်။ ထိုအရာကို သိဘို့ရန် အနည်းငယ်ပို၍ ရှင်းပြဘို့ လိုသည်။ လူသည် မိခင် ဝမ်းမှ မွေးဘွားသောအခါ ဘုရား သားသမီး အဖြစ်မ မွေးဘွားချေ။ အာဒံသား၊ စာတန် သား၊ အပြစ်သား အဖြစ် မွေးဘွားသည်။ ထို့ကြောင့် ဘုရားသခင်၏ အမွေတော် တည်းဟူသော ကောင်းကင်နိင်ငံကို မခံ စားနိုင်ချေ။ ငရဲသို့ သွားဘို့ရန် မွေးဘွားသည်။ ထို့ကြောင့် လူကို ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေသည် (ဂလာတိ ၂:၂၀)။ ခရစ်တော်နှင့်အတူ သင်္ဂြိုလ်၍ ခရစ်တော်နှင့်အတူ အသစ်သော အသက်တာနှင့် ထမြောက် စေသည်။ ထို့ကြောင့် အထက်ပါ ကျမ်းပိုဒ်၌ “ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်၊ ” ဖြစ်ဘွားစေသည် ဟုဆိုရခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ် သာမသေ၊ မသင်္ဂြိုလ်၊ မရှင် ပြန်ခဲ့လျှင် အဘယ်သူမျှ မ မွေးဘွားနိုင်။ လူတိုင်း ခရစ်တော်နှင့်အတူ သေ၍ သင်္ဂြိုလ်ပြီးမှ ရှင်ပြန်ထမြောက် သည်ကို ယုံကြည်လျှင် လူသစ် ဖြစ်နိင်သည်။ ထိုသို့ လူသစ်အဖြစ် မွေး ဘွားသောသူသာလျှင် အသက်ရှင်သော မြော်လင့်ခြင်းရှိနိုင်သည်။ 
 
ထာဝရ အသက် ပေးသည် 

 “မောရှေသည် တော၌ မြွေကို မြှောက်ထား သကဲ့သို့ လူသားသည် မြှောက် ထားခြင်းကို ခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရမည်အကြောင်း တည်း။” (ယော ၃:၁၄-၁၅) 
 မောရှေသည် အဘယ်ကြောင့်တော၌ ​ကြေးဝါ​မြွေကို မြှောက်ထားသနည်း။ ဣသရေလ လူများသည် တော၌ လမ်းခရီကြမ်းသောကြောင့် ညီးတွားလျက် မောရှေကို အပြစ်တင် ကြသည်။ ထိုအခါ ဘုရားသခင်က မီးမြွေကို လွှတ် သူတို့ကို ကိုက်စေခြင်းအားဖြင့် သေ ကြသည်။ ထိုအခါ နောင်တရကြ၍ မောရှေထံ၌ တောင်းပန် ကြသည်။ ဘုရားသခင်က မောရှေကို ​ကြေးဝါမြွေရုပ်ကို လုပ်စေ၍ သစ်တိုင်ပေါ်၌ ချိတ်ထားခိုင်းသည်။ ထို​ကြေးဝါမြွေရုပ်ကို ကြည့်သောသူတိုင်း သေခြင်းမှ လွတ်ခဲ့ ကြသည်။ (တော ၂၁:၄-၉)။ 

ဣသရေလ လူများ အဘယ်ကြောင့်မြွေကိုက်ခံရကြသနည်း။ ဘုရားသခင်ကို ဆန့်ကျင်လျက် ညည်းတွားသောကြောင့် ဖြစ်သည်။ ဘုရား ခေါ်သွင်းတော်မူ မည့် ခါနန်ပြည်ကို မထီမဲ့မြင် ပြု၍ ဘုရား ​ကျွေးသော မန္နမုန့်ကိုလည်း ရွံရှာသည် ဟုဆိုသည်။ လမ်း၌ ခက်ခဲသောကြောင့် မောရှေကို အပြစ်တင် ကြသည်။ သူတို့သည် ပန်း တိုင်သို့ မရောက်သေး၊ လမ်းခရီး၌ ရှိသေးသည်။ ယနေ့ လူများလည်း ဘုရားသခင်က ကောင်းကင်နိင်ငံသို့ ခေါ်သွားချင်သည်။ သို့သော် ကောင်းကင်နိင်ငံကို သွားလိုစိတ် မရှိကြ။ ကောင်းကင်နိင်ငံထက် ဤလောကကို ပို၍ ချစ် ကြသည်။ ဣသရေလ လူများသည် လမ်းခရီး၌ ခက်ခဲ သကဲ့သို့ လူသားများလည်း ဤလောက၌ ခက်ခဲမှု မျိုးစုံနေ့ တိုင်း တွေ့ကြုံခံစားရကြသည်။ ခက်ခဲခြင်း အားခြင်း လမ်းဆုံးကောင်းကင်သို့ အမြန် ရောက်လိုစိတ်ရှိမည့် အစားညည်းတွား ကြသည်။ 

ဣသရေလ လူများသည် မီးမြွေကိုက်ခြင်း ခံသောကြောင့် နာကျင်ခြင်း၊ သေ ဆုံးခြင်းသို့ ရောက်ရ ကြသည်။ ထိုအခါ ဘုရားသခင်က ​ကြေးဝါမြွေရုပ်ကို လုပ်ခိုင်း၍ တိုင်ပေါ်တွင် ချိတ်ထားခိုင်းကာထို​ကြေးဝါမြွေရုပ်ကို ကြည့်ရှုသောသူတိုင်း ကျန်းမာ ရသော အခွင့်ပေးသည်။ ဣသရေလ လူများသည် ​ကြေးဝါမြွေရုပ်ကကျန်းမာစေသလော။ မဟုတ်ပါ။ အဘယ်ကြောင့် ဘုရားသခင်က ​ကြေးဝါမြွေရုပ်ကို လုပ်၍ ကြည့် ခိုင်းသနည်း။ မြွေရုပ်ကိုကိုးကွယ်ခိုင်းသလော၊ မဟုတ်ပါ။ သူတို့ကို ကျန်းမာစေသူသည် ဘုရားသခင် ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဆုတောင်း ပေးခြင်း၊ တန်ခိုး ပြခြင်း၊ အခြားနည်းဖြင့် မကျန်းမာစေဘဲ မြွေရုပ်လုပ်ခိုင်းသနည်း။ သူတို့ကို ကိုက်သော မြွေကို ဘုရားသခင်က တရားစီရင်ပြီး ပြီဟူသောအရာကို ယုံကြည် ဘို့ရန် ဖြစ်သည်။ ဘုရား စကားကို ယုံကြည်၍ ကြည့်ရှုသူတိုင်း ကျန်းမာ ကြသည်။ သေခြင်းမှ လွတ်မြောက် ကြသည်။ 

ယနေ့ လူသား တိုင်းလည်း မြွေ တည်းဟူသော စာတန်၏ အဆိပ်မိသောသူများဖြစ် ကြသည်။ မြွေသည် စာတန်၏ အမှတ်တံဆိပ် ဖြစ်သည်။ ထိုစာတန်၏ အဆိပ်ကြောင့် ဖျားနာခြင်း၊ ပြသနာ မျိုးစုံရှိ၍ နောက်ဆုံး၌ ကိုယ်ခန္ဓာသေဆုံးကာငရဲထဲသို့ ဆင်း ကြရမည် ဖြစ်သည်။ ထိုအရာကို ဘုရားသခင်က သနားသောကြောင့် သူ့၏ သားတော် ယေ ရှု ခရစ်ကို ဤလောကသို့ စေလွှတ်၍ လူသားများကိုယ်စား စာတန်၏ အဆိပ်ကို ခံခိုင်းသည်။ လူများ၏ အပြစ် အားလုံး ကို သူ့အပေါ်၌ တင်ထားသည်။ ထိုကြောင့် သူသည် မြွေ ကဲ့သို့ သစ်တိုင်ပေါ်၌ ဆွဲထားခြင်း ခံခဲ့ရသည်။ ထိုအရာကို ယုံကြည်သောသူတိုင်း ပျက်စီးခြင်းသို့ မရောက်ထာဝရ အသက်ကို ရမည်ဟု ခရစ်တော်ကို တိုင်ကပြောခဲ့သည်။ ပျက်စီးခြင်းသည် ငရဲသွားခြင်းကို ဆိုလိုသည်။ ခရစ်တော်ကို ယုံကြည်သောသူတိုင်း ငရဲမဆင်းရတော့ဘဲ ထာဝရ အသက် တည်းဟူသော ကောင်းကင်နိင်ငံတော်၌ ခရစ်တော်နှင့်အတူ တက်၍ စံစားရသော အခွင့်ကို ပေးသည်။ 
  
အသစ်တဖန် လုပ်ဆောင်ကြကုန်အံ့ 
 (လု ၁၀:၃၉) 

ဒေါ်ရန်းရန်း


ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း လုပ်ဆောင်ခြင်းသည် အောင်မြင် ခြင်း၏ အရင်းအမြစ် ဖြစ်၏။ များလှစွာသော မိဘများသည် သားသမီး များကြောင့် စိတ် ပျက် ကြသည်။ များလှစွာသော လူတို့သည် အိမ်ထောင်ရေးကြောင့်စိတ်ပျက် နေကြသည်။ များလှစွာသော လူတို့သည် စီးပွါးရေးဆုံးရှုှုံးမှုကြောင့် စိတ်ပျက်အား ငယ် နေကြသည်။ တနေ့ကျမ၏ စိတ်ထဲ၌၊ ဤလောကကြီး မှာစိတ်ပျက်အား ငယ်နေသောသူများသည် သနားစရာ အကောင်းဆုံးသောသူများ ဖြစ်သည်ဟု တွေးမိသည်။ ကျမကိုလည်း သူများ ကသနား နေကြမည်လောဟု တွေးမိသည်။ 

မယုံကြည် သောလောကသား များသည် စိတ်ပျက်သောအခါ မျှော်လင့်ချက် မရှိတချိန်လုံး စိုးရိမ် နေတတ်ကြသည်။ သို့သော် ယုံကြည်သူ ခရစ်ယာန်များအတွက်မူ ထိုသို့ မဖြစ်သင့်ပါ။ အရာခပ်သိမ်းအုပ်ချုပ်သူသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ဆံပင်များ ပင်လျှင် အကုန်အစင်ရေတွက်သူ ဖြစ်သည် (မ ၁၀:၃၀)။ အရာခပ်သိမ်းကို တတ်နိုင်သော သခင်သည် ငါ့အထဲမှာကိျန်းဝပ်လျက် ရှိသည် ဟူသောအရာကို သန့်ရှင်းသောဝိညာဉ်တော် ကခွန် အားပေးလျက် ဖေးမကူညီလေ့ရှိသည်။ ပေတရုသည်လည်း တညလုံး ကြိုးစား၍ ပိုက်ကွန်ကို ချသော်လည်း ငါးတစ်ကောင်မျှမရခဲ့ပါ။ သို့သော် ခရစ်တော်၏ အမိန့်တော် အတိုင်း ပိုက်ကွန်ကို ချသောအခါ အလွန် များစွာသော ငါးများကို ရရှိခဲ့ပါသည်။ ပေတရုသည် ပိုက်ကွန်အသစ်ကို သုံးသည် မဟုတ်၊ နည်းစံနစ်အ သစ်ကို ရရှိ၍လည်း မဟုတ်၊ ငါးရှိသော နေရာအသစ်ကို သိ၍လည်း မဟုတ်ပါ။ ခရစ်တော်၏ စကား တော်၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့၊ ပိုက်ကွန်ကို ချ၍ ငါးကို အုပ်လော့၊ ဟူသော စကားကို နာခံယုံကြည်ခြင်းဖြင့် ပိုက်ကွန်ကို ချသောအခါ များစွာသော ငါးများကို အုပ်မိခြင်း ဖြစ်သည်။ 

ချစ်သော မိတ်ဆွေ၊ ​ကျွန်မတို့လည်း မိမိတို့၏ မိသားစု၊ အသင်းတော်၊ နိင်ငံတော် ကျယ်ပြန့်ဘို့၊ ပျောက်ဆုံးသော ဝိညာဉ် ဖမ်းခြင်း စသည်ဖြင့် ကောင်းကျိုးအတွက် အစွမ်းကုန် ကြိုးစား၍ လုပ်ဆောင်သောသူလည်း ဖြစ်နိင်သည်။ သို့သော် အဘယ်ကြောင့် မအောင်မြင် သနည်းဟူသောအရာကို ကောင်းစွာ စဉ်းစားဆင်ခြင်ဘို့ လိုသည်။ တနေ့​ကျွန်မ၏ နောက်ကြောင်း တွေးပြီး စဉ်းစားရင်းစဉ်းစားရင်းစားမြုပ်ပြန်သောအခါ အဘယ်ကြောင့်မအောင် သနည်းဟူသော အ​ဖြေကို ရရှိခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း ပြုလုပ်ခြင်းသည် အောင်မြင်ခြင်း၏ အရင်း အမြစ် ဖြစ်သည်။ ​ကျွန်မ၏ လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းသည် မအောင်မြင်ခြင်း ဖြစ်သည်။ ပေတရုကဲ့သို့ အမိန့်တော် ရှိလျှင် ပိုက်ကွန်ကို ချပါမည် ဟုဆိုလျက် ထ၍ ဘု ရားစကား နာခံခြင်းဖြင့် အသစ်တဖန် သင်၏ ပျက်စီးနေသော နှလုံးသား၊ မိသားစု၊ အသင်းတော်၊ သားသမီး၊ တိုင်း နိင်ငံကို အသစ်တဖန် တည်ဆောက်ကြပါစို့။ ပေတရုသည် နဂုိမူလကရိယာတန်ဆာကို အသုံးပြု သကဲ့သို့ ဘုရား၏ အလိုတော် နည်းလမ်းအားဖြင့် နှုတ်ကပတ်တော် အတိုင်း မိမိအသက်တာကို ဝန်ခံဆက်ကပ်လျက် အပ်နှံလျက် လုပ်ဆောင်ကြပါစို့။ ချက်ချင်း စိတ်တိုင်း ကျအောင်မြင်မှု မတွေ့ရသော်လည်း တဖြည်း ဖြည်းအောင်မြင် လာပါလိမ့်မည်။ 

ဓမ္မဟောင်းကျမ်းမှဗိုလ်ချုပ်နေမန်၏ နူနာ ရောဂါပျောက်ကင်းခြင်းသည် ယောဒန်မြစ်၌ ခုနှစ်ကြိမ်ရေချိုးခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ လူပြောသည့်အ တိုင်း သွား၍ လက်တွေ့လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည် (၄ရာ ၅:၁၀-၁၄)။ ဘုရားသခင်သည် သူ၏ အလိုတော်ကိုသာ တည်စေလိုသော ဘုရား ဖြစ်သည်။ အလိုတော်အတိုင်း လုပ်ဆောင်ခြင်း မရှိသော သူတို့အား အကျိုးနည်းစေသော ဘုရား ဖြစ်သည်။ ဓမ္မသစ်ကျမ်းမှလာဇရု၏ နှမမာသကသခင် ယခု ဖြစ်လျှင် နံလိမ့်မည်၊ လေးရက်ရှိပါပြီဟု လျှောက်၏ ယေရှုကလည်း သင်သည် ယုံလျှင် ဘုရားသခင်၏ ဘုန်း အာနုဘော်ကို မြင်ရလိမ့်မည်ဟု ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။ (ယော ၁၁:၃၉-၄၀)။ ​ကျွန် မတို့၏ ပြသနာသည် လွယ်ကူစွာဖြင့် ပြန်လည်ပြုပြင်၍ မရနိင်သော်လည်း လုံးဝ ဥဿုံ ပျက်စီးသွားပြီဟု မထင်သင့်ပါ။ ခရစ်တော် ဘုရား မတတ်နိင်သောအမှု မရှိ။ မျှော်လင့် ချက်အပြည့်ဖြင့် သူ့ထံသို့ လာသော သူတို့အား ကူညီမစဘို့ရန် အဆင်သင့်ရှိသော ဘုရား ဖြစ်ကြောင်း သိမှတ်ကြပါစို့။ 
• ယုံကြည်လျှင် ဘုရား၏ ဘုန်း အာနုဘော် တော်ကို မြင်ရလိမ့်မည် (ကိုးစားခြင်း) 
• အမိန့်တော် ရှိလျှင် ပိုက်ကွန်ကို ချပါမည် (နာခံခြင်း အသက်တာ) 
• ဘုရား၏ နှုတ်ကပတ်တော် အတိုင်း လုပ်ဆောင်ခြင်းသည် အောင်မြင်ခြင်း၏ 
 အရင်းအမြစ် ဖြစ်သည် (ယုံကြည်ခြင်း 

ဤစာစောင်ကို ဖတ်ရှုသော အယောက်တိုင်းကို ထပ်မံ၍ တိုက်တွန်းချင် ပါသည်။အချိန် ရှိခိုက်ကျမ်းစာ သင်တန်းများ၊ ဝတ်ပြုစည်းဝေးခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ တရားဟော နားထောင်ခြင်း၊ ကျမ်းစာ လေ့လာခြင်းများကို ဦးစားပေးကြပါ။ အကြောင်းမှာ ​ကျွန်မသည် အလွန် အလုပ်များသူ ဖြစ်သည်။အချိန် လုံးဝ မရ၊ အ​ခြေအနေကလုုံးဝ မပေးသောအခါ မှာကြားခဲ့၊ သင်ခဲ့၊ နားထောင် ခဲ့၊ ဖတ်ခဲ့၊ လေ့လာခဲ့ဘူးသော အရာများကို စားမြုပ်ပြန်လေ့ရှိသည်။ ကိုယ့်ကိုယ်ကို ခွန် အားပေးလေ့ရှိသည်။ ဘယ်အစီအ စဉ်၌ မျှမပါဝင်ဘူးခဲ့လျှင် အသက်တာ​ခြောက်ကပ်၍ ကပ်ဆိုးကြီးနှင့် ကြုံတွေ့ နိင်သည်။ ​ကျွန်မနှုတ်ကပတ်တော် မရှိသော ကန္တာရထဲမှာရောက်လေ့ရှိသော်လည်း စားခဲ့ဘူးသော အရာများ စားမြုပ်ပြန်၍ ကိုယ့်ကိုယ်ကို ဝိညာဉ် အစာပြန်​ကျွေးလေ့ရှိသည်။အား ငယ်နေသော အချိန်၊ စိတ်ပျက်နေသော အချိန်၊ အား လျော့ပြီး သေချင်လောက်အောင် စိတ်ဓါတ်ကျသောအချိန် မျူိးတွင် အလွန် အထောက်အကူ ပြုသည်။ ထို့ကြောင့် ဝိညာဉ် အစာနှင့် ပတ်သေက်သော အစီအစဉ်တိုင်း မှာပါဝင်ကြပါစို့ဟူ၍ ထပ်မံနိုးဆော်လိုပါသည်။ စာဖတ်သူအယောက်တိုင်း ဘုရားသခင်က ကောင်းကြီး ပေးပါစေ။ 

 
 
 
ဘုရားအသုံးပြုသော တရားဟောသူများ 

ဘုရားသခင်သည် ခေတ်အဆက်ဆက်၌ သူ၏ အလိုတော်၊ အကြံတော်များကို လူသားများသိစေဘို့ရန် အမျိုးမျိုးသော လူများကို အသုံးပြုခဲ့သည်။ သူကိုယ်တိုင်လည်း မောရှေနှင့် ဣသရေလ လူများထံ စကား ပြောတတ်သည်။ 

ဓမ္မဟောင်းကာလ 

ထာဝရဘုရားကိုယ်တိုင် 

ထာဝရဘုရားသခင် ဓမ္မဟောင်းကာလ၊ မောရှေလက်ထက်တွင် သူ ကိုယ်တိုင် အသံတော်အားဖြင့် စကားပြောတတ်သည်။ “မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်ကခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလတို့အား ပြန်ပြောရသော အမိန့်တော် ဟူမူကား၊ ငါသည် အဲဂုတ္တု ပြည် လူတို့၌ ပြုသော အကြောင်း၊ သင်တို့ကို လင်းယုန်အတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ ဘမ်းယူသော အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။” (ထွက် ၁၉:၃-၄) 
 
 “ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊ ငါသည် သင့်ကို ​ကျွန်ခံ နေရာအဲဂုတ္တု ပြည် မှကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်။” (ထွက် ၂၀:၁-၃) ဘုရားသခင်သည် ဣသရေလ လူများထံပညတ်တော် ဆယ်ပါးကို ပေးသောအခါ သူ ကိုယ်တိုင် အသံတော်အားဖြင့် ပြောခဲ့သည်။ လူများသည် ဘုရားသခင်၏ အသံကို ကြောက် သောကြောင့် နောက်ထပ် မပြောဘို့ရန် မောရှေထံ၌ တောင်းပန် ကြသည်။ 
 
 “ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွှင့်လျက် မော ရှေကို ခေါ်တော်မူ၍၊ သင်သည် ဣသရေလ အမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ ” (ဝတ် ၁:၁-၂) ဘုရားသခင်သည် ယဇ်ပူဇော်ခြင်းနှင့် ပတ်သက်၍ မောရှေထံ၌ တဲတော် မှအ သံလွှင့်၍ ပြောဆို ခဲ့သည်။ 
 
ယဇ်ပုရောဟိတ် များ

လေဝိအမျိုးယဇ်ပုရောဟိတ် များသည် ဘုရားသခင်ကိုယ်စား ဣသရေလ လူများကို ဘုရားသခင်၏ အလိုတော်ကို ိသွန်သင်မည့်သူများဖြစ်ကြောင်း အောက်ပါ ကျမ်းချက်များ အရသိရသည်။ 

 “နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ်ပုရောဟိတ်တို့ သွန်သင်သ မျှအတိုင်း သတိပြု၍ စေ့စေ့စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည့်အတိုင်း ကျင့်စောင့်ကြလော့။” ( တရားဟော ၂၄:၈) 
 
 “လေဝိအမျိုးကိုကား၊ သင်၏ သုမိမ်နှင့် ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘ စမ်းရေအနားမှာသင်ဆန့်ကျင် ဘက်ပြုသော သင်၏ သန့်ရှင်းသူ၌ ရှိပါစေသော။ ထိုသူသည် ကိုယ်မိဘ ဖြစ်သော်လည်း ငါမတွေ့မမြင် ဟုဆိုတတ်၏။ကိုယ် ညီအစ်ကို ကိုလည်း မမှတ်တတ်။ ကိုယ်သားသမီး ကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကို နားထောင်၍ ပဋ္ဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။ သူတို့သည် စီရင်တော်မူ ချက်တို့ကို ယာကုပ်အမျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်းသွန်သင်ကြ လိမ့်မည်။” ( တရားဟော ၃၃:၈-၁၀) 
 
 “ယဇ်ပုရောဟိတ်တို့ကို မိမိတို့ အရာ၌ ခန့်ထား၍၊ ဗိမာန်တော် အမှုကို စောင့်စေခြင်းငှါ နိုးဆော်တော်မူ၏။ ဣသရေလ အမျိုးရှိသမျှကို သွန်သင်၍၊ ထာဝရဘုရား အဘို့ သန့်ရှင်းသော လေဝိသားတို့ကို ခေါ်၍၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်သားရှောလမုန်တည် ဆောက်သော အိမ်၌ သန့်ရှင်းသော သေတ္တာတော်ကို သွင်းထားကြလော့။ နောက်တ ဖန်သေတ္တာတော်ကို မထမ်းဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမှု၊ ဘုရား သခင်၏ လူဣသရေလ အမျိုး၏ အမှုကို ထမ်းကြလော့။” (၂ ရာချုပ် ၃၅:၂-၃) 
 
 “ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗေွသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗက်၊ ဟာနန်၊ ပေလာယ အစရှိသော၊ လေဝိသားတို့သည်လည်း၊ လူများတို့အား ပညတ္တိကျမ်းစာ အနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့ နေရာ၌ နေကြ၏။ ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ်၍ အနက်ကို ပြန်သဖြင့်၊ လူများ နားလည်စေခြင်းငှါ ပြုကြ၏။” (နေဟာမိ ၈:ရ- ၈) 
 
ပရောဖက်များ

 “ထို ကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြော မေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။” (၁ ပေ ၁:၁၀) 

ပရောဖက် များသည် ဘုရားသခင်ကိုယ်စားလူများကို စကားပြောသောသူများ ဖြစ်ကြသည်။ ထိုကြောင့်၊ “ထာဝရဘုရား မိန့်တော်မူသည် ကား၊ ” (ဟေရှာယ ၁:၁၈)။ “ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်၍ မိန့်တော်မူသည် ကား၊ ” 
 (ယေ ရမိ ၁:၄)။ ဟုဆိုတတ်ကြသည်။ 
 
ခရစ်တော် လူ့ဇာတိနှင့် ရှိစဉ်

ဗတ္တိဇံဆရာယောဟန် 

ဗတ္တိဇံဆရာယောဟန်သည် ခရစ်တော်၏ ရှေ့ပြေးအဖြစ် ဘုရားသခင်က အသုံးပြု၍ ဣသရေလ လူများကို တရားဟောခဲ့သည်။ 

 “ထိုကာလ အခါဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏။” (မ ၃:၁-၂) 

 “ယောဟန်သည် တော၌ ဗတ္တိဇံကို ပေးလျှက်၊ အပြစ် လွှတ်ခြင်း အဘို့ အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက် ပေါ်ထွန်း၏။” (မာကု ၁:၄) 
 
သခင်ယေရှု 

သခင်ယေရှု ကိုယ်တိုင် လူများကို တရားဟောခဲ့သည်။  “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အ နည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။” (ဟေဗြဲ ၁:၁) 
 
 “ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေ လိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိ လဲပြည် တပြည် လုံးကို ဒေသစာရီလှည့်လည်တော်မူ၏။” (မ ၄:၂၃) 
 
 အသင်းတော် ခေတ်
 တမန်တော်များ

အသင်းတော် ခေတ်တွင် ထာဝရဘုရားသည် လူများကို စကား မပြောတော့ချေ။ သားတော်လည်း မရှိတော့ချေ။ ဘုရားသခင်သည် အစပိုင်း၌ တမန်တော်များအားဖြင့် ဟောပြောခဲ့သည်။ 
 
 “ထို သူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ ” (တ ၂:၄၂) 
 
 “မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်း ဆဲ၍ ကျောက်ခဲနှင့် ပစ်မည်ဟု တဟုန်တည်း ပြေးလာကြသည် အကြောင်းကို၊ တမန်တော်တို့သည် သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက် ပြေး၍၊ ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။” (တ ၁၄:၅-၆) 
 
ယုံကြည်သူများ

အသင်းတော် ခေတ်တွင် တမန်တော်များအပြင်သာမန် ယုံကြည်သူများကို တရားဟော သက်သေခံဘို့ရန် အသုံးပြုခဲ့ကြောင်း ဤသို့ တွေ့နိင်သည်။ 
 
 “ထိုအခါ ယေရုရှလင်မြို့၌ ရှိသော အသင်းတော်သည် ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရသဖြင့် တမန်တော်တို့ မှတပါးသင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။” (တ ၈:၁) “ထိုကြောင့် အရပ်ရပ်သို့ ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော် တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။” (တ ၈:၄) အရပ်ရပ်သို့ ပဌမဦးဆုံး တရားဟောသောသူများသည် တမန်တော်များမဟုတ်၊ သာမန် ယုံကြည်သူများဖြစ် ကြသည်။ 

“သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်း တိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈)။ ခရစ်တော်က ယုံကြည်သူများထံ သန့်ရှင်းသောဝိညာဉ်တော် ပေးခြင်းသည် တန်ခိုးကို ရ၍ သက်သေ ခံဘို့ရန် ဖြစ်ကြောင်း အထက်ပါကဲ့သို့ ပြောသွားသည်။ ဓမ္မဟောင်းကာလတွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ခေါင်းဆောင်များဖြစ်သော ရှင်ဘုရင်များ၊ ပရောဖက်များ၊ 
ယဇ်ပုရောဟိတ် များထံ၌ သာပေးခဲ့သည်။ အသင်းတော် ခေတ်တွင် မူ ယုံကြည်သူ တိုင်းကို ပေးသည်။ ထိုသို့ ပေးခြင်းသည် တန်ခိုးကို ရ၍ သက်သေခံဘို့ရန် ဖြစ်သည်။ သို့သော် အလွန် ဝမ်းနည်းဘွယ်ကောင်းသည်မှာ ယုံကြည်သူများသည် သက်သေမခံဘဲလောကသားများကဲ့သို့ လောကအရာကိုသာ ရှာဖွေ၍ မိမိတို့ လုပ်ချင်သောအရာကိုသာ လုပ် နေကြသည်။ 

ယုံကြည်သူများကသတင်းကောင်း မပြောသောကြောင့် များစွာသော ဝိညာဉ် များသည် မလိုလားအပ်ဘဲ ငရဲသို့ ဆင်းသွားရ ကြသည်။ ထို့အပြင် ယုံကြည်သူများလည်း သက်သေမခံသောကြောင့် ဝိညာဉ် သဘောဖြင့် အသက်မရှင်နိင်ဘဲ ဇာတိသ ဘောဖြင့် အသက်ရှင်ရ ကြသည်။ ထို့ကြောင့် မလိုလားအပ်ဘဲ ပြသနာ များသည်။ အဘယ်ကြောင့် ဘုရားသခင်က သူကိုယ်တိုင် သော်၎င်း၊ ကောင်းကင်တမန် များသော်၎င်း၊ ပရောဖက်များသော်၎င်း၊ မဟောခိုင်းဘဲ ယုံကြည်သူများကို ခိုင်းသနည်း ဟူမူကား ယုံကြည်သူများကို ကောင်းကြီး ပေးချင် သောကြောင့်၎င်း၊ သက်သေခံခြင်းအားဖြင့် ဝမ်းမြောက်မှု အောင်မြင်မှု ရစေလို သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူတိုင်း သက်သေခံကြပါစို့။ 
 
 
ဘေးဒဏ်ကြီးကာလ 
၁၄၄၀၀၀

 “အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင် တ မန်တပါးသည် အရှေ့မျက်နှာကတတ်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့် ပင်လယ်ကို ညှဉ်းဆဲရသော အခွင့်ရှိသော ကောင်းကင်တမန် လေးပါးကို အသံလွှင့်၍၊ ငါတို့ ဘုရားသခင်၏ ​ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော်လေ၏။ တံဆိပ်ခတ်ခြင်းကို ခံရသောသူအရေတွက်ကို ငါကြား၍၊ ဣသရေလ အမျိုးသားတို့၌ အသီးအ သီးသော အမျိုးအနွယ်ထဲကလူတသိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ် ခတ်ခြင်းကို ခံရကြ၏။” (ဗျာ ရး၂-၄) ၁၄၄၀၀၀တို့သည် တံဆိပ်ခတ်ကြောင်း ဤသို့ တွေ့ရသော်လည်း သူတို့၏ လုပ်ဆောင်ချက်ကို ဆက်မရေးတော့ချေ။ သို့သော် သူတို့ကို တံဆိပ်ခတ်ပြီးသည်နှင့် လူ များစွာ ကယ်တင်ခြင်းသို့ ရောက်ကြောင်း အောက် ပါကဲ့သို့ တွေ့ရသည်။ 

 “ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများ အပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော် ရှေ့၊ သိုးသငယ် ရှေ့မှာ ရပ်နေကြ၏။” (ဗျာ ရး၉) ထိုကယ်တင်ခြင်းသို့ ရောက်သောသူများသည် ၁၄၀၀၀၀တို့၏ တရားဟောခြင်းကြောင့် ပြောင်းလဲခြင်းသို့ ရောက် ကြသည်ဟု ယူဆရသည်။ အကြောင်းမှာ ခရစ်တော်က၊ “လူမျိုး အပေါင်းတို့အား သက်သေ ဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။သို့ ပြီးမှအဆုံးသည် ဖြစ်လတံ့။” (မ ၂၄:၁၄) ဟုဆိုခဲ့သည်။ ထိုအပြင် ၁၄၀၀၀၀တို့သည် ဘုရားသခင်၏ ​ကျွန်များ ဟုဆိုသည်။ ​ကျွန်သည် အလုပ်လုပ်ဘို့ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဘေးဒဏ်ကြီး ကာလ၏ ပဌမ ပိုင်းတွင် တရားဟောသည်ဟု ယူဆရသည်။ 
 “သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။” (ဗျာ ၂၀:၄) ဤနေရာ၌သားရဲ၏ တံဆိပ်မခံ သူများသည် ယေရှု၏ သက်သေခံတော်မူ ချက်နှင့် နှုတ် ကပတ်တော်ကြောင့် လည်ပင်းဖြတ်ခံကြသည် ဟုဆိုသည်။ ထို့ကြောင့် ထိုသူများသည် သက်သေခံကြကြောင်း သိရသည်။ 
 
သက်သေခံနှစ်ပါး

 “ငါ၏ သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက်၊ အရက်တထောင်နှစ်ရာ​ခြောက်ဆယ်ပတ်လုံးပရောဖက် ပြုကြလိမ့်မည်။ ထို သူတို့သည် ကား၊ မြေကြီး အရှင်၏ ရှေ့တော်၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။ တစုံတယောက်သောသူသည် သူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်း ထဲကမီးထွက်၍ ရန် သူတို့ကို မျိုတတ်၏။ တစုံတယောက်သောသူသည် ထို သူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ ထိုသို့ အသေသတ်ခြင်းကို ခံရမည်။ ထို သူတို့သည် ပရောဖက် ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာစေခြင်းငှါ၊ မိုဃ်း ကောင်းကင်ကို ပိတ်ရသော အခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေး ဖြစ်စေရသော အခွင့်၊ မိမိတို့ အလိုရှိသမျှသောအခါ၌ ဘေး အမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။” (ဗျာ ၁၁:၃-၆) 

ဘေးဒဏ်ကြီးကာလ ပဌမ သုံးနှစ်ခွဲအတွင်း၌ ၁၄၀၀၀၀တို့သာမက သက် သေခံနှစ်ပါးအားဖြင့်လည်း တရားဟောမည့် အကြောင်းကို အထက်ပါ ကျမ်းပိုဒ်များ အရသိရသည်။ ထိုသက်သေခံနှစ်ပါးသည် မောရှေနှင့် ဧလိယပြုခဲ့ သကဲ့သို့ ပြုလုပ် နိုင်ကြ လိမ့်မည်။ လူများက သူတို့ကို ညှဉ်းဆဲခြင်းငှါ ကြံစည်လျှင် သူတို့၏ ခံတွင်း ထဲကမီးထွက်၍ ရန် သူတို့ကို မျိုတတ်၏။ သူတို့ကိုသားရဲ တည်းဟူသော ကမ္ဘာခေါင်းဆောင် ကသတ်ရသော အခွင့်ကို ဘုရားသခင်က ပေး၍ သုံးရက်အပြီးတွင် ရှင်ပြန်ထမြောက် ကာကောင်း ကင်သို့ တက်သွားကြမည် ဖြစ်သည်။ 

ကောင်းကင်တမန် 

ဘေးဒဏ်ကြီးကာလ ဒုတိယပိုင်းသုံးနှစ်ခွဲအတွင်းတွင် မြေကြီး ပေါ်၌ ကောင်းကင်တမန်က တရားဟောမည့် အကြောင်း ဤသို့ ရေးထားသည်၊ “မြေကြီးပေါ်မှ ာ နေသောသူ တည်းဟူသော အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ််သိမ်းတို့အား ထာဝရ ဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန် တပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင် အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။” (ဗျာ ၁၄:၆ -ရ) 

ဤအချိန်သည် ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်းသုံးနှစ်ခွဲအတွင်း ဖြစ်သည်။ ထိုအချိန်၌ စာတန်သည် မိမိကာလအချိန် နည်းသည်ကို သိသောကြောင့် လုံး ဝတရားမဟောနိုင်အောင် သတ်ဖျက်သောအချိန် ဖြစ်သည်။ လူသားများအနေဖြင့် တရားဟော၍ လုံးဝ မဖြစ်တော့သောကြောင့် ကောင်းကင်တမန် ကဟောခြင်း ဖြစ်သည်။ သူဟောသောအရာလည်း စာတန်နှင့် အန္တီခရစ်တို့ကို မကိုးကွယ်ဘဲ ဖန်ဆင်းရှင်ထာဝရဘုရားကိုသာ လျှင်ကိုးကွယ်ကြဘို့ရန် ဟောပြောခြင်း ဖြစ်သည်။ ဘုရား သခင်သည် သ့ူကို မယုံကြည်လိုသောသူများကို နောက်ဆုံးအထိ နောင်တရ၍ စာတန်ကို မကိုးကွယ်ဘဲ သူ့ကိုသာ ကိုးကွယ်ဘို့ရန် ဟောပြောစေသည်။ လူများ ငရဲသွားမည့် အရာကို လုံးဝ အလိုမရှိချေ။ သို့သော် လူသားများသည် မိုက်မဲစွာဖြင့် စာတန် အလိုနှင့် ဇာတိအလိုကိုသာ လိုက်၍ ဘုရားသခင်ကို အဆုံးတိုင်အောင် ငြင်းဆိုကြ သူများရှိမည်။ 
 
 
ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း ၇
 
၁။ ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကို ကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။ 

‘ထိုနောက်မှ ’သည် ဗျာ ၆ ထဲမှ ဆဌမတံဆိပ် နောက်မှ ဖြစ်မည်။ ‘လေမ လာစေခြင်းငှါ ’ဟူသောအရာသည် တရားစီရင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အကြောင်းမှာ နောက်စာပိုဒ်၌၊ ‘မြေနှင့် ပင်လယ်ကို ညှဉ်းဆဲရသော အခွင့်ရှိသော ကောင်းကင် တ မန်လေးပါး’ ဟုဆိုသောကြောင့် သူတို့သည် မြေနှင့် ပင်လယ် အပေါ်၌ ညှဉ်းဆဲနိုင်ကြောင်း ထင်ရှားသည်။ 

လေသည် မမြင်နိင်သော်လည်း တန်ခိုးရှိသည်။ လေငြိမ်နေလျှင် ကြောက်စ ရာမရှိသည်သာမက ရှိမှန်းပင် မသိရချေ။ သို့သော် အရှိန်ပြင်းစွာဖြင့် တိုက် လာသောအခါ များစွာ ဖျက်စီး၍ အလွန် ကြောက်စရာ ကောင်းသည်။ ဘုရားသခင်သည်လည်း ယခုမရှိ သကဲ့သို့ဖြစ်သော်လည်း အမျက်ဒေါသလောင်၍ တရားစီရင်သောအခါ အ လွန်ကြောက်စရာ ကောင်းသည်။ ယခု ဘုရားသခင်သည် ငြိမ်ချက်သား ကောင်းနေ သောကြောင့် လူ များစွာတို့ ကရှိမှန်း မသိ၊ ဂရုမစိုက်ကြသော်လည်း တရားစီရင်ခြင်း နေ့၌ လှစ်လှူိရှုနိင်သောသူရှိမည် မဟုတ်။ ‘ကောင်းကင်တမန် လေးပါး’ ကောင်းကင်တမန် များသည် ဘုရား၏ ကအစေခံ​ကျွန်များ ဖြစ်သည်။ ဘုရား ခိုင်းသည့်အတိုင်း လုပ်ဆောင်ကြသည်။ ‘မြေကြီး လေးမျက်နှာ’မြေကြီးသည် လုံးသည် မဟုတ်လော၊ လေး မျက်နှာရှိနိင်မည်လောဟု မေးစရာ ရှိသည်။ သို့သော် အရှေ့အနောက်၊ တောင် မြောက်ဟု လေးမျက်နှာပြောတတ်ကြသည် မဟုတ်လော။ ထို့ကြောင့် မြေကြီး လေး မျက်နှာသည် တကမ္ဘာလုံးကို ဆိုလိုခြင်း ဖြစ်မည်။ 
 
၂။ အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန် တပါးသည် အရှေ့မျက်နှာကတက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့် ပင်လယ်ကို ညှဉ်းဆဲရသော အခွင့်ရှိသော ကောင်းကင်တမန် လေးပါးကို အသံလွှင့်၍၊ ၃။ ငါတို့ ဘုရားသခင်၏ ​ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မှီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော်လေ၏။ 

‘အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင် တ မန်တပါး’ ကောင်းကင်တမန် နှစ်မျိုးရှိသည်။ ဘုရားသခင် ထံ၌ သစ္စာရှိသော ကောင်းကင်တမန် များနှင့် စာတန် နောက်လိုက်သော ကောင်းကင်တမန် များဖြစ်သည်။ ထိုသို့ နှစ်မျိုးရှိသောကြောင့် ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန် ဟုဆိုခြင်း ဖြစ်သည်။ တံဆိပ်ပါခြင်းသည် ဘုရား ပိုင် ဖြစ်ကြောင်း ထင်ရှားစေသည်။ 

‘အရှေ့မျက်နှာကတက်လာသည်ကို ငါမြင်၏။ ’အရှေ့မျက်နှာသည် နေထွက်ရာဖက် ဖြစ်သည်။ ထိုကောင်းကင်တမန်သည် နေထွက်ရာဖက်အရှေ့ဘက်မှ တက်လာသည် ဟုဆိုသည်။ 

‘ဘုရားသခင်၏ ​ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မှီ’ ဟုဆိုသည်။ ထို​ကျွန်များသည် တသိန်းလေးသောင်းလေးထောင်ရှိ၍ ဣသရေလ လူမျိုးဆယ့်နှစ်မျိုးထဲကသာ ဖြစ်သည်။ တပါးအမျိုးသားများမပါချေ။ ထို​ကျွန်များသည် အဘယ်အတွက်ကြောင့် တံဆိပ်ခတ်ခြင်း ခံကြသနည်း။ 
 
၄။ တံဆိပ်ခတ်ခြင်းကို ခံရသောသူအရေတွက်ကို ငါကြား၍၊ ဣသရေလ အမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွယ်ထဲကလူတသိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။ ၅။ ယုဒအမျိုးထဲကတသောင်းနှစ်ထောင်၊ ရုဗင် အမျိုးထဲကတသောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲကတသောင်းနှစ်ထောင်။ ၆။ အာရှာ အမျိုးထဲကတသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲကတသောင်းနှစ်ထောင်၊ မနာ ရှေအမျိုးထဲကတသောင်းနှစ်ထောင်၊ ၇ ရှိမောင်အမျိုးထဲကတသောင်းနှစ်ထောင်၊ လေ ဝိအမျိုးထဲကတသောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲကတသောင်းနှစ်ထောင်၊ ၈ ဇာဗုလုန်အမျိုးထဲကတသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲကတသောင်းနှစ် ထောင်၊ ဗယ်ာမိန်အမျိုးထဲကတသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်ခြင်းကို ခံရ ကြ၏။ 

ရုဗင်သည် အကြီး ဆုံး ဖြစ်သော်လည်း သူ့ဖခင်ယာကုပ် ( ဣသရေလ)၏ အိပ် ရာကို ညစ်ညူး စေသောကြောင့် ပဌမဦးဆုံး ၌ မရေးချေ။ ယောသပ်နှင့် မနာရှေသည်သား အဖ ဖြစ်သည်။ သို့သော် နှစ်မျိုးကဲ့သို့ ရေးထားသည်။ ယောသပ်၏သားငယ်ဧဖရိမ်သည် မပါချေ။ ဧဖရိမ်အမျိုးသည် မာနထောင်လွှားတတ်သောကြောင့် မပါဝင်ခြင်း ဖြစ်နိင်သည်။ ဧဖရိမ် ဘုရားသခင်က ချီးမြှောက်သောကြောင့် အမျိုးဆယ်မျိုးကိုလည်း ကိုယ်စားပြု၍ သူ့နာမည်နှင့် ခေါ်တတ်သည်။ ဒန်အမျိုးလည်း မပါချေ။ သူတို့သည် တရားသူကြီး မှတ်စာ ၁၈၌ ရေးထားသည့်အတိုင်းရုပ်တုကိုးကွယ်ခြင်းကို အစ ပြုသော အမျိုး ဖြစ်သောကြောင့် မပါဝင်ခြင်း ဖြစ်နိင်သည်။ ထိုမျှသာမက ယာကုပ်ကသားများကို ကောင်းကြီး ပေးရာတွင် ဒန်နှင့် ပတ်သက်၍၊ “ဒန်သည် ဣသရေလ အနွယ်တစုံတပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။ ဒန်သည် လမ်း၌ နေသော မြွေ ဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာနေ၍၊ မြင်း​ခြေကို ကိုက်တတ်သော မြွေဆိုး ဖြစ်လိမ့်မည်။” (က ၄၉:၁၆-၁ရ) ဟုဆိုခဲ့သည်။ ယာကုပ်၏ စကား၌၊ ‘မိမိ လူတို့ကို စီရင်လိမ့်မည်’ ‘ဒန်သည် လမ်း၌ နေသော မြွေ ဖြစ်လိမ့်မည်’ ‘မြင်း​ခြေကို ကိုက်တတ်သော မြွေဆိုး ဖြစ်လိမ့်မည်’ ဟုဆိုခြင်း များသည် အဘယ်အရာနည်း။ မြွေသည် စာတန်ကို ပုံဆောင်သည်။ ထို့ကြောင့် အန္တီခရစ်သည် ဒန်အမျိုး ထဲမှပေါ်ပေါက်လာပါမည်လောဟု တွေးသောသူများရှိကြသည်။ မည်သည့်အတွက် ဒန်သည် တံဆိပ်ခတ်ခြင်း၌ မပါဝင်ခြင်းကို အတိအကျ မသိရပါ။ 

ယေဟောဝါ သက်သေခံများ (​ဲန့သလ​ေ့ ျွှငအညနျျ) ကထို ၁၄၀၀၀၀သည် သူတို့ ဖြစ်သည် ဟုဆိုခဲ့သည်။ သူတို့၏ အသင်းသား ထိုမျှမက များ လာသောအခါ သူတို့ အထဲမှအောင်မြင်သောသူများ ဖြစ်သည် ဟုဆိုကြပြန်သည်။ ထိုသူများသည် တ ပါးအမျိုးသားများအထဲမှ လုံးဝ မဟုတ်နိင်ပါ။ သူတို့၏ အမျိုးကို အတိအကျ ဖေါ်ပြ ထားသည်။ ထိုကြောင့် ထိုသူများသည် ဘေးဒဏ်ကြီးကာလ မှာဘုရား အသုံးပြုမည့် ဣသရေလများသာလျှင် ဖြစ်သည်။ မည်သည့်အဖွဲ့ကမျှ သူတို့ ဖြစ်သည် ဟုဆိုလျှင်လည်း မယုံကြဘို့ အရေးကြီးသည်။ 
 
၉။ ထိုနောက်မှငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူမျိုးအ နွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများ အပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော် ရှေ့၊ သိုးသငယ် ရှေ့မှာ ရပ်နေကြ၏။ 
 တသိန်းလေးသောင်းလေးထောင်တို့ တံဆိပ်ခတ်ပြီးမှယောဟန်ကရေတွက်၍ မရနိင်အောင်များသော တပါးအမျိုးသားများကို မြင်သည်။ ထိုသူများသည် ဖြူသော ဝတ်လုံကို ဝတ်ဆင်သည်။ ဖြူသော ဝတ်လုံသည် သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူ စေသော အဝတ် ဖြစ်ကြောင်း အငယ် ၁၄၌ တွေ့ရသည်။

‘စွန်ပလွံခက်ကိုကိုင်လျက် ’စွန်ပလွံခက်ကိုကိုင်ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ “ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့ လာသောသူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊ စွန်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီး ဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော ဣသရေလ ရှင်ဘုရင်သည် မင်္လာ ရှိစေသတည်းဟု ကြွေးကြော်ကြ၏။ ကျမ်းစာ၌ လာသည်ကား၊ အိုဇိအုန်သတို့သမီး၊ မစိုးရိမ် နှင့်။ သင်၏ အရှင်မင်းကြီးသည် မြည်းကလေးကို စီး၍ သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့် အညီ၊ ယေရှုသည် မြည်းကလေးကို တွေ့၍ စီးတော်မူ၏။” (ယော ၁၂:၁၃-၁၅) ဤနေရာ၌ ယေရှုသည် ရှင်ဘုရင်အဖြစ် ယေရှုရှလင်မြို့သို့ မြည်းကလေးကို စီး၍ လာခြင်း ဖြစ်သည်။ လူများကလည်း စွန်ပလွံ ခက်များကို ကိုင်လျက် ရှင်ဘုရင်အဖြစ် ကြိုဆို ကြသည်။ 

စွန်ပလွံခက်ကိုင်ခြင်းသည် ဘုရားသခင်က မောရှေအားဖြင့် ဤသို့ ပြော ထားခဲ့သည်၊ “သင်တို့သည် သတ္တမလဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံးထာ ဝရဘုရားဘို့ သကေနေပွဲကို ခံရကြမည်။” (ဝတ်ပြု ၂၃:၃၄)။ “ပဌမ နေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင်အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကို ယူ၍၊ သင်တို့၏ ဘုရားသခင် ထာဝရ ားဘုရားရှေ့တော်၌ ခုနစ်ရက် ပတ်လုံးရွှင်လန်းခြင်းကို ပြုရကြမည်။” (း၄၀) “ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည် မှနှုတ်ဆောင်သောအခါ၊ သစ်ခက်တဲ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ် အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် သစ် ခက်တဲ၌ ခုနစ်ရက်ပတ်လုံးနေရကြမည်။” (း၄၂)။ သကေနေပွဲသည် တဲပွဲ (အ့န်န​ေျအ သ် ဤဘေနမညခေူန) ဖြစ်သည်။ ခရစ်တော်လည်း ထိုပွဲ၌ ပါဝင်ခဲ့သည် (ယော ရး၂)။ ထိုပွဲသည် ဣသရေလ လူများ တော၌ လည်၍ ဘုရားသခင်က ​ကျွေးမွေးခြင်းကို သတိရ အောက်မေ့ဘို့ရန် ဖြစ်သကဲ့သို့ အနှစ်တစ်ထောင်ကာလ မှာလည်း သခင်ယေရှု အုပ် ချုပ်သောအခါ ဝလင်စွာ ​ကျွေးမွေးခြင်း၊ ငြိမ်သက်စွာ နေထိုင်ခြင်းကို ပုံဆောင်သည်။ ယေရှုကို စွန်ပလွံရွက်များကိုင်၍ ကြိုဆိုခြင်းသည် ရှင်ဘုရင်အဖြစ် လက်ခံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ 
 
၁၀။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသ ငယ်သည် ကယ်တင်တော်မူခြင်း ချမ်းသာ ရှိတော်မူ စေသတည်းဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏။ 

ကယ်တင်ခြင်းသည် လူ၏ လုပ်ဆောင်မှုအားဖြင့် မဟုတ်၊ ဘုရားသခင်နှင့် သိုးသငယ်တို့၏ လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျမ်းစာ၌၊ “ကောင်းကင်ဘုံ၌ စည်းဝေးသောသူအများတို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော် ပေတည်း။” (ဗျာ ၁၉:၁)၊ “ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာ ရ‘ကယ်တင်ခြင်းသို့ ရောက်’ပါ၏၊၊ ” (ဆာ ၃:၈) “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။” 
 (ဧ ဖက် ၂:၈)ဟု ပါရှိသည်။ 
 
၁၁။ ပလ္လင်တော် မှစသော အသက်ကြီးသူ တို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်ကျင်၌ ရပ်နေသော ကောင်းကင်တမန် အပေါင်းတို့သည်၊ ပလ္လင်တော် ရှေ့မှာ ပြပ်ဝပ်၍ ဘုရားသခင်ကိုကိုးကွယ်လျက်၊ ၁၂ အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္လာ၊ ဘုန်း၊ ပညာနှင့် တကွကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ သတ္တိရှိတော်မူ စေသတည်း။ အာမင်ဟု ပြောဆို ကြ၏။ 

အထက်၌ လူမျိုး အပေါင်းတို့က ဘုရားသခင်နှင့် သိုးသငယ်ကို ချီးမွမ်းကြသောအခါ ကောင်းကင်တမန် အပေါင်းကလည်း ဘုရားသခင် ရှေ့မှာ ပြပ်ဝပ်၍ ကိုးကွယ် ကြကာဘုရား၏ ဘုန်းတော်ကို ခုနှစ်မျိုးဖြင့် ရေတွက်ချီးမွမ်း ကြသည်။ ထိုအရာများမှာ ‘ကောင်းကြီး မင်္လာ၊ ဘုန်း၊ ပညာ၊ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန် ခိုး၊ သတ္တိ’တို့ ဖြစ်သည်။ 

၁၃။ အသက်ကြီးသူတပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤ သူတို့သည် အဘယ်သူ နည်း။ အဘယ်အရပ်ကလာကြသနည်းဟု ငါ့အား မေးမြန်းလျှင်၊ 

အသက်ကြီးသူတပါးသည် ဖြူသော ဝတ်လုံဝတ်ဆင်သောသူများသည် အဘယ်သူ ဖြစ်၍ အဘယ်အရပ်ကလာကြသည်ကို သိသော်လည်း ယောဟန်ကို မေးသည်။ အောက်၌ အ​ဖြေပေးထားသည်။ 
 
၁၄။ ငါက၊ သခင်၊ ကိုယ်တော် သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤ သူတို့သည်ကြီးစွာသော ဆင်းရဲ ဒုက္ခ အထဲကထွက်မြောက်၍၊ မိမိတို့ ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။ 

အသက်ကြီးသူက အငယ် ၁၃ မှာသူမေးသောအရာကို သူကိုယ်တိုင်က ​ဖြေခဲ့သည်။ ထိုသူများသည် “ကြီးစွာသော ဆင်းရဲ ဒုက္ခ အထဲကထွက်မြောက်၍၊ မိမိတို့ ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေသောသူ ဖြစ်ကြသည်” ဟုဆိုသည်။ ကြီးစွာသော ဆင်းရဲ ဒုက္ခသည် ဘေးဒဏ်ကြီး ကာလကို ဆိုလိုသည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ၌ ကယ်တင်ခြင်းသို့ ရောက်မည့်သူ များစွာရှိသည်။ သူတို့သည်လည်း ခရစ်တော်၏ အသွေးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက် ကြသည်။မည် ကဲ့သို့ ကယ်တင်ခြင်းသို့ ရောက်ကြောင်းကို မပြောပြချေ။ ထိုသူများသည် အငယ် ၄-၈ ထဲ၌ တံဆိပ်ခတ်ခြင်း ခံသော ဣသရေလ လူမျိုး၁၄၀၀၀၀တို့၏ တရားဟောခြင်းအားဖြင့် ပြောင်းလဲခြင်း ဖြစ်ကြလိမ့်မည်ဟု ယူဆရသည်။ အကြောင်းမူကား ထို၁၄၀၀၀၀တို့ကို အငယ် ၃၌ ဘုရားသခင်၏ ​ကျွန်များ ဟုဆိုသည်။ ​ကျွန်သည် အလုပ် လုပ်ဘို့ ဖြစ်သည်၊ ဇိမ်ခံဘို့ မဟုတ်။ ထိုသူများကို ဘေးဒဏ်ကြီး ပဌမ ပိုင်းသုံးနှစ်ခွဲအတွင်း တကမ္ဘာလုံး၌ တရားဟောဘို့ရန် တံဆိပ်ခတ်ထားခြင်း ဖြစ်မည်။ ခရစ်တော်ကလည်း ဘေးဒဏ်ကြီး ကာလ၌ တရားဟောမည် ဟုဆိုခဲ့သည်၊ “လူမျိုး အပေါင်းတို့အား သက်သေ ဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကိုလောကီ နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။သို့ ပြီးမှအဆုံးသည် ဖြစ်လတံ့။” (မ ၂၄ ; ၁၄)။ တံဆိပ်ခတ်ရခြင်း အကြောင်းလည်း စာတန်နှင့် အပေါင်းပါများ ကနှောက်ရှက်၍ မတားနိင်အောင် ဘုရားသခင်က သူ၏ လူများ ဖြစ်ကြောင်း၊ သူပိုင်ကြောင်းကို ထင်ရှားစေခြင်း ဖြစ်မည်။ ယနေ့ ယုံကြည်သူများလည်း ဘုရားသခင်က တံဆိပ်ခတ်ထားသည်။ “သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရား တည်းဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည် ပြီးမှ၊ ဂတိ တော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။” (ဧဖက် ၁:၁၃)။ သို့သော် ယနေ့ ယုံကြည်သူ အများစု ၉၉ ရာခိုင်နှုန်းသည် ဘုရား ခိုင်းသောအမှု တည်းဟူသော ဧဝံဂေလိတရားကို မဟောဘဲလောကသားများနည်းတူ လောကအရာကိုသာ ရှာ နေကြသည်ကို ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။ 

၁၅။ ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှာ နေရာကို ရ၍၊ ဗိမာန်တော်၌ ဘု ရားဝတ်ကို နေ့ညဉ့်မပြတ််ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။ 

ပလ္လင်တော် ရှေ့၌ နေရာကို ရ၍ ဟူသောအရာသည် ဘုရားသခင် ရှေ့၌ နေရာရရှိခြင်း ဖြစ်သည်။ ဘုရားသခင် ရှေ့၌ နေရာရခြင်းသည် အခွင့်ထူးခံစားခြင်း ဖြစ်သည်။ ပွဲ၌ သော်၎င်း၊ အရာရှိများရှေ့၌ သော်၎င်းနေရာရသောသူသည် အားရကျေနပ် တတ်ကြသည်။ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညဉ့်မပြတ် ပြုရကြ၏။ ကောင်းကင်၌ နေ့ ညမရှိတော့ချေ။ ထိုကြောင့် အဆက်မပြတ် ဟုဆိုလိုခြင်း ဖြစ်မည်။ ဝိညာဉ် သတ္တဝါ တိုင်း၏ တာဝန်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်း ဖြစ်သည်။ ဤလောက၌ ဘုရားဝတ် ပြုခြင်းသည် ညီးငွေ့စရာဟု ထင်မှတ် ကြသည်။ သို့သော် ဝိညာဉ်လူများအတွက် ဘုရားဝတ်ပြုခြင်းသည် ဝမ်းမြောက်စရာ ဖြစ်သည်။ လောက၌ အလုပ်ကြောင့်သော်၎င်း၊ ခ လေးကြည့်ရှုဘို့ လိုအပ်သောကြောင့်သော်၎င်း၊ အတားအဆီးကြောင့်သော်၎င်း၊ ဘု ရားဝတ်မပြုနိုင်သော်လည်း ကောင်းကင်၌ လွတ်လပ်စွာ ဘုရားဝတ်ပြုနိုင်ခြင်းသည် ဝိ ညာဉ်လူများအတွက် အလွန် အားရစရာ ကောင်းမည့် အရာ ဖြစ်သည်။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလ လူများနှင့် တော၌ နေခဲ့သည်။ ဘုရားသခင်နှင့် နေထိုင်ခြင်းသည် လုံခြုံသည်၊ စိတ်ချရသည်။ ဝမ်းမြောက်စရာ ဖြစ်သည်။ ယခု ယုံကြည်သူများ၌ ဘုရားသခင်သည် ဝိညာဉ်အားဖြင့် ကျိန်းဝပ်သော်လည်း အား မရတတ်ကြချေ။ သို့သော် ကောင်းကင်၌ ယုံကြည်သူများထံ၌ ဘု ရားသခင်သည် ထာဝရ ကျိန်းဝပ်တော့မည် ဖြစ်သည်။ အဘယ်မျှလောက်ဝမ်းမြောက်စရာ ဖြစ်မည်နည်း။ 
 
၁၆။ သူတို့သည် နောက်တဖန် ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည်အလျှင်း မထိရ။ အဘယ်အပူကိုမျှ မခံရကြ။ ၁၇။ အကြောင်းမူကား၊ ပလ္လင်တော် အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ် ​ကျွေး၍၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည် ဟုဆိုလေ၏။ 

ဘေးဒဏ်ကြီးကာလ အတွင်း၌ အစာရေစာ ခေါင်းပါးခြင်းကြောင့်၎င်း၊ သားရဲ၏ တံဆိပ် ဖြစ်သော ၆၆၆ကို မခတ်သောကြောင့်၎င်း၊ အစာရေစာမဝကြသောသူများ၊ ကောင်းကင်နိင်ငံရောက်သောအခါ မငတ်မမွက်ရကြတော့ချေ။ အဘယ်မျှလောက် အားရဝမ်းမြောက်စရာ ဖြစ်မည်နည်း။ သူတို့ကို သိုးသငယ် က​ကျွေး၍ အသက် စမ်းရေတွင်းသို့ လမ်းပြမည် ဟုဆိုသည်။ ကောင်းကင်၌ အစာရေစာလိုဦးမည်လော။ ခရစ်တော် ကလောက၌ နေစဉ်၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည့်အတိုင်း အသက်ရေထွက် ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ ဆိုသော်ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ (ယော ရး၃ရ- ၃၉) ဟုဆိုခဲ့သည်။ ခရစ်တော် ကရေ ဟုဆိုရာတွင် သောက်သုံးရေကို ဆိုလိုသည် မဟုတ်၊ ဝိညာဉ်တော်ကို ဆိုလိုသည်။ ထိုကြောင့် ကောင်းကင် ရောက် ယုံကြည်သူများလည်းလောက အစာရေစာကို မစားတော့ဘဲ ဝိညာဉ်တော်နှင့်အတူ နေထိုင်မည် ဖြစ်သောကြောင့် စာမွတ်စရာ အကြောင်း မရှိတော့ချေ။ 

နေရောင်ခြည်အလျှင်း မထိရ။ အဘယ်အပူကိုမျှ မခံရကြဟူသောအရာသည် ယခုနေပူခြင်းကို ပြောသည် မဟုတ်။ ဘေးဒဏ်ကြီး ကာလ၌ နေ အလွန် ပူမည့် အကြောင်း ဤသို့ တွေ့ရသည်၊ စတုတ္တ ကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကို ရ၏။ ပူအားကြီးသော အရှိန်ဖြင့် လူတို့သည်လောင်ခြင်းကို ခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ (ဗျာ ၁၆:၈-၉)။ ဆာလံဆရာကလည်း၊ နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဉ့်အချိန်၌ လအားဖြင့်၎င်း၊ အထိ အခိုက်မရှိရာ (ဆာ ၁၂၁:၆) ဟုဆိုခဲ့သည်။ 

ဘုရားသခင်သည်လည်း သူတို့ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည် ဟုဆိုလေ၏။ ဘုရားသခင်သည် ယုံကြည်သူများ၏ ဒုက္ခ ဆင်းရဲ ခံခြင်းကို သနား ကျင်နာကြောင်း ဤနေရာ၌ တွေ့ရသည်။ လောကသည် စာတန်၏ နိင်ငံ ဖြစ်သောကြောင့် ယုံကြည်သူများသည် ဒုက္ခ ဆင်းရဲ အမျိုးမျိုး ခံရသည်။ ဘေးဒဏ်ကြီးကာလ ယုံ ကြည် သူများလည်း အလွန် ဆင်းရဲခြင်း ခံခဲ့ရသည်။ သူတို့၏ ဝမ်းနည်းခြင်း မျက်ရည်သည် ကောင်းကင် ထိရောက်သည်။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင် ကသုတ်တော်မူမည် ဟုဆိုသောကြောင့် အလွန် အားရနှိမ့်သိမ့်မှု ရရှိမည် ဖြစ်သည်။ တိုင်းသူ ပြည်သားများဒုက္ခ ဆင်းရဲ ခံရသောအခါ နိင်ငံခေါင်းဆောင်များက နှစ်သိမ့်လျှင် သက် သာရာရတတ် သကဲ့သို့ ဘုရားသခင် ကိုယ်တော်တိုင်၏ နှစ်သိမ့်ခြင်းသည် အလွန်ပင် အားရစရာ ကောင်းပေမည်။ ရှင်ပေါလုက၊ အဘယ်သူမျှ ကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မ လိမ့်မည်။ (ဖိလိ ၄:၆) ဟုဆိုခဲ့သည်။ 
 
 
နောက်ဆုံးသောကာလ၏ လက္ခဏာများ 
 
နေ့ရက်အချိန် နာရီကို သိခြင်းအားဖြင့် အရာရာ၌ ပြင်ဆင်မှု ပြုလုပ် နိင်သည်။ ကျမ်းစာသည် လမ်းပြမြေပုံ ဖြစ်၍ ကမ္ဘာ့ အဖြစ်အပျက်များသည် ဆိုင်းဘုတ်များ ဖြစ်သည်။ ထိုအရာနှစ်ခုကို ချိန်ကိုက်တတ်လျှင် ဤလောကသည် မည်သည့်နေရာသို့ ရောက်ရှိပြီဟူသောအရာကို သိရှိနိင်သည်။ ကျမ်းစာနှင့် ကမ္ဘာ့ အဖြစ်အပျက်များ ချိန်ကိုက်သောအခါ ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်ကြောင်း သိနိုင်သည်။ ထိုအဖြစ် အပျက် များစွာ ထဲမှကိုးကွယ်မှု ဘာသာနှင့် ပတ်သက်၍ ဖေါ်ပြလိုသည်။ ဘေးဒဏ်ကြီး ကာလ၌ ကိုးကွယ်မှု ဘာသာသည် တမျိုးတည်း ဖြစ်မည်။ 

ကျမ်းစာ၌၊ ကွပ်မျက်သော သိုးသငယ်၏ အသက် စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည်သားရဲကိုကိုးကွယ်ကြ၏။ (ဗျာ ၁၃:၈)ဟု တွေ့ရသည်။ ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာပေါ်တွင် ဘာသာရေး တခုတည်း ဖြစ်မည့် အကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ မည်သည့်နာမည်ဖြင့်ကိုးကွယ်ကြမည်ကို မသိနိင်သော်လည်း တခုတည်း ဖြစ်မည်။ ယခုအခါ ကမ္ဘာ့ ဘာသာရေး များသည် တခုနှင့် တခုပေါင်းစပ်ဘို့ရန် အမျိုးမျိုး ကြိုးစား နေကြပြီ ဖြစ်သည်။ ပဌမနှင့် ဒုတိယကမ္ဘာစစ်များသည် စီးပွားရေးနှင့် နယ်မြေလုခြင်းကြောင့် ဖြစ်ပွားသော စစ်များ ဖြစ်သည်။ ယခုအခါ ဘာသာရေးခံယူချက်ကြောင့်စစ်ပွဲများ ဖြစ်နေသည်။ အထူးသဖြင့် မူစလင်များ ကတကမ္ဘာလုံးရှိ လူသားများမူစလင် ဖြစ်ဘို့ အရေးကို အဓိကထားသောကြောင့် စစ်ပွဲများ ဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့ နိင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များကဘာသာရေး၌ အတူ လက်တွဲနိင်ဘို့ အရေးကို ကြိုးစား နေကြခြင်း ဖြစ်သည်။ 

မြန်မာနိင်ငံ၌လည်း ခရစ်ယာန်များနှင့် ဗုဒဝ ဘာသာဝင်များအတူ တကွစည်း ဝေးခြင်း၊ တရားနာခြင်းများပြုလုပ် တတ်ကြသည်။ အမေရိကန်နိင်ငံ၌လည်း ခရစ်ယာန်များနှင့် မူစလင်များ ပူးပေါင်း၍ ခရစ္စလမ် (Christlam) ဘာသာအသစ်များ ထွင်လာ ကြသည်။ မူစလင်နှင့် ပတ်သက်၍ ခရစ္စယာန်များက နားမလည် ကြချေ။ မူစလင်များ၏ ဘုရား အလ္လာနှင့် ခရစ္စယာန် များ၏ ထာဝရဘုရားသည်အတူ တူ ဖြစ်သည်ဟု ယူဆကြသည်။ အလ္လာဘုရား ထာဝရဘုရား မဟုတ်ချေ။ အလ္လာသည် လဘုရား ဖြစ်သည်။ အေ ဒီ ၆၀၀ ခန့်တွင် အာရပ်လူမျိုးများ ကဘုရား ပေါင်း၃၆၅ကိုးကွယ် ကြသည်။ ထိုအခါ မိုဟာမက်ကဘုရားများလွန်းသည်၊ လဘုရား အလ္လာသာလျှင်ကိုးကွယ်ရမည်ဟု သင် ပေးခဲ့သည်။ မူစလင်များ ကအော်တတ်သော အလ္လာဟူအပ်ဘရ် (Allahu Akbar)  ဟူသောအရာ၏ အဓိပ္ပါယ်သည် အလ္လာသည် သာ၍ကြီး မြတ်သည် ဟူ၍ ဖြစ်သည်။ သို့ဖြစ်လျှင် အလ္လာသည် အဘယ်သူထက် သာ၍ကြီး မြတ်သနည်း။ ခရစ္စယာန်နှင့် ဂျူး များ၏ ထာဝရဘုရားထက်ကြီး မြတ်သည် ဟုဆိုလိုခြင်း ဖြစ်သည်။ ထာဝရဘုရားထက်ကြီး မြတ်ချင်သောသူသည် အဘယ်သူနည်း၊ စာတန် ပင် ဖြစ်သည်။ မူစလင် ဘာသာ၌ ချစ်ခြင်းမေတ္တာကို မသင်ပေး၊ အလ္လာကို မကိုးကွယ် သူများကို ​ခြေလက်ခေါင်း ဖြတ်ဘို့ သင်ပေးသည်။ ထို့ကြောင့် သူတို့၏ အာလံများ၌ ထားရုပ်ကို ဆွဲထားခြင်း ဖြစ်သည်။ ထိုအရာကို နားမလည်သော ခရစ္စယာန်များကမူစလင်များနှင့် ပြေလည် ရန်၊ ငြိမ်းချမ်းရန် သူတို့နှင့် ချစ်ကြည်ရေးလုပ်ချင် ကြသည်။ ထို့ကြောင့် ခရစ္စလမ် (ဃ့မငျအ ူ​ော) ဘာသာသစ်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကမ္ဘာကျော် ဏကမစသျနီမငလနည ူင်န စာအုပ်ရေးသူ Rငခု ျွှမေမနညလည်း ခရစ္စလမ်အယူဝါဒကို လက်ခံသူ ဖြစ်သည်။ 

အဘယ်သို့ ထာဝရဘုရားနှင့် အခြားဘုရား များကိုအတူ တကွကိုးကွယ်၍ ရနိင်မည်နည်း။ ထာဝရဘုရား ကိုယ်တော်တိုင်က ငါ၏ ဘုန်းကို အဘယ်သူကိုမျှ ငါမပေးဟု၍ ဆိုခဲ့သည် မဟုတ်လော။ ဘုရားသခင်၏ အလိုတော် နားမလည်သောအခါ လူ့အမြင်နှင့် ကောင်းနိုးရာရာလုပ် ကြသည်။ သခင်ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ် သူမျှ ခမည်းတော်ထံသို့ မရောက်ရ (ယော ၁၄:၆) ဟူသောအရာသည် ကျဉ်းမြောင်း
လွန်းသည်၊ တဘက်စွန်းကျလွန်းသည်ဟု ခရစ္စယာန် တရားဟောဆရာများကိုယ်တိုင် ကယူဆကြသည်။ ထာဝရဘုရားသခင်လောကီသား အားလုံး ကို ချစ်သည် (ယော ၃:၁၆)။ အခြားဘာသာကိုးကွယ်သောသူများကိုလည်း ချစ်သည်။ ထို့ကြောင့် အခြား ဘာသာဝင် များလည်း ကောင်းကင်သို့ တက်ခွင့်ပေးမည်။ ခရစ်တော် အားဖြင့်သာ မဟုတ်၊ ဟု ယူဆကာ အခြား ဘာသာဝင်များကိုလည်း ကောင်းသည်၊ လက်ခံရမည်ဟု ယူဆကြသည်။ ထို့ကြောင့် အင်တာဖိုက် (Interfaith Church)  အသင်းတော်များပေါ်ပေါက်လာသည်။ ထိုအရာများသည် ထာဝရဘုရားနှင့် ဆန့် ကျင်သော အရာများ ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများ လက်ခံမည့် အရာ မဟုတ်ကြောင်း သတိပေးလိုပါသည်။ ကား ဘမ်ပါများ တွင်လည်း အထက်၌ ဖေါ်ပြသော ရုပ်များကို တွေ့လျှင် ထိုသူသည် ဘာသာစုံကိုးကွယ်သူ (Interfaith Believer) ယုံ ကြည်သူ ဖြစ်ကြောင်း သိနိင်သည်။ 

ခရစ္စယာန် များသည် အခြား ယုံကြည်သူများနှင့် ပေါင်းဖေါ်နိုင်ရန် ကျမ်းစာများကိုလည်း ပေါ့ပျက်ဘို့ရန် ဆီလျော်အောင် ဘာသာပြန် ကြသည်။ ကျမ်းစာကို အတိ အကျပြန်ပါက အခြား ယုံကြည်သူများနှင့် ပေါင်းဖေါ်နိင်မည် မဟုတ်။ ထိုကျမ်းစာများကို အသုံးပြုခြင်းအားဖြင့် သမ္မာတရားလမ်း မှလွဲနိင်မည် ဖြစ်သည်။ သတိထားကြဘို့ လို အပ်သည်။ 

ယခုအခါ ဧဝံဂေလိ ခရစ္စယာန် (နလနညါနူငခ​ေူ ဃ့မငျအင​ေည) များသည် တဖက် စွန်းကျသောသူများ၊ ဘာသာရေးပြင်းထန်သောသူများ၊ အဘယ်သူနှင့် မျှမတည့်မ ပေါင်းနိင်သောသူများဟု သတ်မှတ်ခြင်း ခံရပြီ။ အောက်ပါ Webpage ၌ ကြည့်ကြပါ။့http://radio.foxnews.com/toddstarnes/top-stories/army-labeled- evangelicals-as-religious-extremism.html အမေရိကန်စစ်သား သင်တန်းမှုးက ဧဝံဂေလိ ခရစ္စယာန် များသည် ဘာသာရေးအစွန်းရောက်များ အဖွဲ့စာရင်း၌ ထည့် ထားပြီ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် အဘယ်သူကို ငါယုံကြည်သည် ဟူသောအရာကို ကောင်းစွာ သိရှိဘို့ လိုလာသည်။ ယုံကြည်ခြင်းကြောင့် ခွဲခြားခြင်း၊ နှိမ်ခြင်း၊ အလုပ်ဖြုတ်ခြင်းများခံလာကြမည် ဖြစ်သည်။ Chase ဘဏ်က အမှုထမ်းများကို လိင်တူများနှင့် ပတ်သက်၍ လက်ခံ၊ လက်မခံ သူတို့ သဘော ထားများ ဖေါ်ပြဘို့စာ ရင်းကောက်ထားသည်ဟု သိရှိရသည်။့ http://www.washing tontimes.com/news/2014/jul/3/chase-bank-surveys-workers-see-if-theyre-ally-lgbt/  အဘယ့်ကြောင့်ကောက်ရသည်ကို မသိသော်လည်း အကြောင်း တခုခုရှိပေလိမ့်မည်။ နောက်ပိုင်း၌ ဘာသာရေးခံယူချက်ကြောင့်အပြစ် မရှိသော်လည်း အလုပ်ဖြုတ်ခြင်း၊ ခွဲခြားခြင်းများခံလာဘို့ရန် အ​ခြေအနေရှိနေသည်။ ကိုယ်ဖသာအေးအေး ဆေးဆေး နေ၍ မရသော အ​ခြေအနေရောက်လာမည် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်း၌ ခိုင်ခံ့ဘို့ လိုလာသည်။ 
 
 
 
ခရီးစဉ်များ 


ဇူလိုင်လ အတွင်း ဆရာမှုန်းမှုန်းသည် Kansas, Houston  မြို့များ သို့၊ ဆရာဘဲ ွလျံကင်း၊ ဆရာပြန်းပြန်း၊ ဒေါ်နူးဒင်းတို့သည် ဃ့ငခ​ေါသ မြို့၌ ဧဝံဂေလိတရား ဟောထွက်ကြရာအောင်မြင် စွာဖြင့် ပြန်လာနိင်ကြောင်း သတင်းရရှိပါသည်။ 

ဆရာမဟန္နနှင့် အေမီတို့လည်း Battle Creek ၌ ခလေးများနှင့် လူကြီးများထံကျမ်းစာ သင်တန်းကို ုဇူလိုင်လ ၂၈မှ ဩဂုတ်လ ၃ ရက်နေ့အထိ ပြုလုပ်ကြကာအောင်မြင် စွာဖြင့် ပြန်လာ ကြသည်။ 

ဆရာမောဇက်သည် ဩဂုတ်လ ၁၁ နေ့မှ ၁ရ ရက်နေ့အထိ Lewisville, Texas ၌ ကျမ်းစာ သင်တန်း ပြုလုပ် ရာနေ့ခင်းပိုင်း၌ လူငယ် ၂၀ ညပိုင်း၌ လူကြီး၄၀များကသင်ကြားကြပါသည်။ ကယ်တင်ခြင်း သဘောပေါက်သွား သူများ အလွန် ဝမ်းမြောက် ကြသည်။ 

North Caroliana, Durham GBC  မှဆရာဂီဒီယာန် ထွမ်းနှင့် ယုံကြည်သူ လူငယ်များ၉ယောက်သည် ဩဂုတ် လ ၁၅ ရက်နေ့ညတွင် Indianapolis, Northside ရှိယုံ ကြည် သူများ ထံသွားရောက်ခဲ့ကြပါသည်။ သူတို့သည် ခါတိုင်း 
လုပ်နေကျအတိုင်း မဟုတ်စနေနေ့တွင် ဒေ သခံ ယုံကြည်သူ လူငယ်များနှင့် တွဲ၍ အဖွဲ့လေးဖွဲ့ဖြင့် အိမ်တိုင်း တံခါးခေါက်သက်သေ ခံကြသည်ဟု သိရှိရသည်။ 

Indianapolis GBC  အသင်းတော် မှယုံကြည် အချို့တို့သည် တံခါးခေါက် သက်သေခံခြင်းကို ဆရာဗန်ထာ၊ ဆရာပြန်းပြန်း၊ တိမောသေတို့ ဦးဆောင်၍ နေ့ တိုင်း ပြုလုပ် နေကြပါသည်။ တိမောသေသည် ဩဂုတ်လ ၁၁ ရက်နေ့တွင် Chicago  မြို့သို့ ပြန် သွား၍ သက်သေခံလျက် ရှိရာ ယုံကြည်သူ သုံးယောက်နှင့် လက်တွဲဆောင်ရွက်နိင်ပြီဟု သတင်းကောင်းရရှိပါသည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG