GOODNEWS
  HOME  GOODNEWS  2014 JUN

 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လွန်ခဲ့သော ၂၅ နှစ်က ဘုရားသခင် ထူထောင်သော အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်း အသင်းတော်သည် ပြသနာ အမျိုးမျိုး ကြားမှ ငွေရတုသဘင် ကျင်းပနိင်ခဲ့ပါပြီ။ အသင်းတော်ကို်မနိနမငခု မြို့ဗစမေအာနညအ ဧည့်ခန်းမှမိသားစုများအားဖြင့် တည်ထောင်ခဲ့သော်လည်း ယခုအခါ လူမျိုးပေါင်းစုံစကား ပေါင်းစုံ၊ အသင်းတော် ၉ ပါးနှင့်သာသနာ ပြု နယ်မြေတစ်ခုအထိ ဘုရားသခင်က ောင်းကြီး ပေးနေပါပြီ်။ အမှုတော်ဆောင်လည်း တစ်ယောက်တည်း ကစခဲ့သော်လည်း ယခုအခါ ၁၂နှင့် အလုပ်သင်အမှုဆောင်များနှင့် စုစုပေါင်းအယောက် ၂၀ ကျော်ရှိလာသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ အသင်းသားများအထဲ၌လည်း သက်သေခံနေသောသူများသာမက ပုံမှန် ကယ်တင်ခြင်း သင်တန်းများ ပေးနေသောသူများလည်းရှိလာပြီ ဖြစ်သောကြောင့် ပို့ဆောင်တော်မူသော ဘုရားသခင်၏ နာမတော်ကြီး မြတ်ခြင်းရှိပါစေသော်။ 

ထိုငွေရတုသဘင်နှင့် နှစ်စဉ် ကျင်းပတတ်သော သတင်းကောင်း ပွဲတော် ကြီးကို ယခုနှစ်ဇူလိုင်လ ၄-၆ ရက်နေ့များတွင် Rသခုလငူူနယ ​ြမေပူ​ေညိ အသင်းတော်၌ ကျင်းပတော့မည် ဖြစ်သည်။ ထိုပွဲတော် ကြီး၌ ကျမ်းစာ သင်တန်းနှင့် တရားဟော ပွဲများ ပြုလုပ် ကြမည် ဖြစ်ပါသည်။ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်း များလည်း ပြုလုပ် ကြမည် ဖြစ်ပါသည်။ ထိုပွဲတော် ကြီး၌ မိတ်ဆွေ ပါဝင်ဘို့ရန် ဘိတ်ခေါ်ပါသည်။ ပွဲတော် ကြီး၌ သမ္မာတရားများနားထောင်ခြင်းသာမက ယုံကြည်သူများနှင့်လည်း မိဿ ဟာယဖွဲ့ခြင်း၊ ဘုရား၏ ဂုဏ်တော်နှင့် ကျေးဇူးတော် ချီးမွမ်းခြင်း၊ သက်သေခံခြင်းများ
 ပြုလုပ် နိင်ပါသည်။ 

အသင်းတော် ဆောင်ပုဒ်မှာ “လူတိုင်း ကယ်တင်ခြင်းသို့ ရောက်သမ္မာတ ရားသိဘို့ရန်” (၁ တိ ၂:၄) ဖြစ်ခဲ့သည်။ ထိုဆောင်ပုဒ်အတိုင်း အသင်းသား အတော်များများသည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားလည်း သိလာ ကြသည်။ သို့သော် သမ္မာတရား သိရုံဖြင့် ဝါကြွားမှုနှင့် ကိုယ့်ကိုယ်ကို အထင်ကြီးမှုသာ ဖြစ်စေသည်။ ထို့ကြောင့် သမ္မာတရား၌ ကျင်လည်ခြင်း (၂ ယော ၁:၄၊ ၃ ယော ၁:၃-၄)ကို ထပ်၍ ထည့်ဘို့ လိုပါသည်။ သို့မှသာ ယုံကြည်သူများ၏ အသက်တာအားဖြင့် ဘုရား၏ ဘုန်းတော် ထင်ရှား၍ လူများ၏ ဝိညာဉ်ကို ချစ်ကာ သက်သေခံဝေငှခြင်းအားဖြင့် လူ များစွာလည်း အကျိုးရရှိလာမည် ဖြစ်သည်။ ထိုသို့ သမ္မာတရား၌ ကျင်လည်နိင်ရန်လည်း ကြီးထွားရင့်ကျက်ဘို့ လိုသည်။ ကြီးထွားရင့်ကျက်ဘို့ရန်လည်း ကျမ်းစာကို စေ့စေ့ဖတ် ရှုလေ့လာခြင်း၊ ဆုတောင်းခြင်း၊ သက်သေခံဝေငှခြင်း၊ ပျောက်ဆုံးဝိညာဉ်များကို ဖမ်းခြင်း၊ ဝိညာဉ်များကို ပြုစုပျိုးထောင်ခြင်းများပြုလုပ်ဘို့ လိုသည် 

ဤလစာစောင်တွင်... 
ဖခင်ကို ရိုသေလေးစားပါ
ဖခင်များနေ့ 
ကျန်းစာဖတ်ကြစို့ 
မထင်ရှားသော ဒုစရိုက်နှင့် ရဲရင့်သော ဒုစရိုက်
ဘုရားရှေ့ငြိမ်ဝပ်နေခြင်း 
ဧဝံဂေလိ ခရီး စဉ်
 
 
ဖခင်ကို ရိုသေလေးစားပါ

Rev Moses R Cung


အမေရိကန်ပြည် ထောင်စုနှင့် အချို့သော နိင်ငံများ၌ ယခုနှစ်ဇွန်လ ၁၅ ရက် နေ့သည် ဖခင်များနေ့ ဖြစ်သည်။ ဖခင်များနေ့ ကျင်းပခြင်းသည် များသောအားဖြင့် အစဉ်အလာ ဖြစ်သောကြောင့် ကျင်းပကြပေလိမ့်မည်။ များသောအားဖြင့် ဖခင်များအတွက် သားသမီး များကလက်ဆောင်များ ပေးခြင်း၊ ဆိုင်၌ စားသောက်ခြင်းများပြုလုပ် ကြပါလိမ့်မည်။ ထိုအရာများလည်း ကောင်းပါသည်။ ထိုအရာများ အပင်ဖခင်များကို မည်ကဲ့သို့ ဂုဏ်ပြုသင့်သည်များကို အနည်းငယ် ဖေါ်ပြလိုပါသည်။ 
 
ဖခင်ကို ရိုသေပါ

လောက၌ လူတိုင်း ဖခင်တဦးတည်း သာလျှင် ရှိသည်။ ဖခင်မရှိလျှင် သားသမီး များမရှိနိင်ချေ။ ထိုကြောင့် ကောင်းသည် ဖြစ်စေဆိုးသည် ဖြစ်စေကိုယ့်ဖခင်ကို ရိုသေ လေးစားသင့်သည်။ ဘုရားသခင် ကိုယ်တော်တိုင်က၊ “သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့” (ထွက် ၂၀:၁၂)ဟု ပညတ်ထဲမှာရေးထားသည်။ မိဘရို သေခြင်းသည် အသက်တာရှည်မည့် အကြောင်း ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် အသက် မပြည့်စုံဘဲ သေဆုံးသွားသောသူတိုင်းသည် မိဘမရိုသေသောကြောင့်ဟု မဆိုနိုင်သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသောသူများ အထဲ၌ မိဘမရိုသေ သောကြောင့် သေဆုံးသွားသောသူများလည်း အမြောက်အများရှိပေမည်။ ထိုကြောင့် ဖခင်အသက်ရှင် သေးသောသူတိုင်း ကိုယ့်ဖခင်ကို ရိုသေကြဘို့ တိုက်တွန်းလိုပါသည်။ ဖခင်ကို ရိုသေခြင်းသည် စကား နားထောင်ခြင်း ဖြစ်သည်။ 
 
ဖခင်ကို မကျိန်ဆဲရ

ဘုရားသခင်က မိဘကို မကျိန်ဆဲဘို့ တားမြစ်ထားသည်။ ကျမ်းစာ၌ “မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။” (ဝတ်ပြု ၂၀:၉) ဟုဆိုထားသည်။ ရှောလမုန်က လည်း၊ “အကြင်သူသည် မိဘကို ကျိန်ဆဲ၏၊၊ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင် မှိက်၌ သေလိမ့်မည်၊၊ ” (သု ၂၀:၂၀) ဟုဆိုထားသည်။ ထို့ကြောင့် ဖခင်ကို မကျိန်ဆဲ မိဘို့ စိတ်ထဲမှလည်း မပြစ်မှားမိဘို့ သတိထားရမည်။ 
 
ဖခင် မရှိသူများ 
အချို့သောသူများသည် အဖေဟူ၍ ခေါ်စရာ မရှိ၊ တခါမှအဖေဟု မခေါ်ဘူးသောသူများရှိကြသည်။ ထိုသို့ဖြစ်ရခြင်းသည် မမွေးဘွားမှီ ဖခင်ဆုံးသွားသောကြောင့်သော်၎င်း၊ အဖေနှင့် အမေကွဲ သွား၍ မိခင်နှင့် သာနေသောကြောင့်သော်၎င်း၊ မိဘများ လက်မထပ်ဘဲ မွေးဘွားသောကြောင့်သော်၎င်း၊ ဖြစ်မည်။ ထိုသူများ အတွက်အား မငယ်ဘို့ အားပေးလိုပါသည်။ ဆာလံဆရာက၊ “ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိ မာန်တော်၌ စံပယ်လျက် မိဘမရှိသော သူတို့၏ အဘ ဖြစ်၍ မုတ်ဆိုးမတို့ ဘက်မှာတရား စီရင်တော်မူ၏။” (ဆာ ၆၈:၅) ဟုဆိုထားပါသည်။ ထိုကြောင့် ဖခင်မရှိသောသူများ အနေဖြင့် ဘုရားသခင်သည် ဘခင် ဖြစ်ကြောင်း၊ သူသည် သင်ကို သနား၍ ဖခင် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ ထို့ကြောင့် ဖခင် ဖြစ်သော ဘုရားသခင်နှင့် ရင်းနှီး ဘို့ရန် အားပေးလို ပါသည်။ လူဖခင်မရှိသော်လည်း မသေဆုံးနိင်၊ အမြဲကူညီမစနိင်၊ လူတို့ ကြံစည်၍ မမှီ နိင်သော ငြိမ်သက်ခြင်း ပေးနိင်သော ဖခင်ရှိသည်ဟု သိလျက် အထံတော်သို့ တိုးဝင်ချဉ်း ကပ်ကြကုန်အံ့။ 
 
ဖခင်ကို မရှုတ်ချရ

အချို့သော သားသမီး များသည် ဖခင်ကို ရှက်တတ်သည်။ အကြောင်းမှာ ဖခင်သည် စာမတတ်၊ ခေတ်မမှီ၊ သို့မဟုတ် အကျင့်မကောင်းသောကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်က ခေတ်မှီစာတတ်သော ဖခင်များကိုသာ ရိုသေပါဟု မပြောပါ။ ဖခင် ဖြစ်သောကြောင့် ရိုသေရမည်။ ဖခင်ကို လက်ဆောင်ပေးခြင်းဖြင့် တနှစ်တခါရိုသေခြင်းသည် ကောင်းပါသည်။ သို့သော် လက်ဆောင်ထက် ကောင်းသောအရာသည် ဖခင်စိတ်ကျေနပ် စေခြင်း ဖြစ်သည်။ ဖခင်အနေဖြင့်သားသမီး များကစကား နားထောင်ခြင်းကို အလိုချင် ဆုံး ဖြစ်သည်။ စကား နားထောင်ခြင်းသည် လက်ဆောင်နှင့် ငွေပေးခြင်းထက် ပို၍ ကောင်းသည်။ ဖခင်သည်ကိုယ့်ထက် အတွေးတတ်၊ မကြံစည်တတ်၊ မတော် လျှင်လည်း မကဲ့ရဲ့ဘို့ အပြစ် မတင်မိဘို့ သတိထားပါ။ 
 
ဖခင်ဆင်းရဲလျှင် 

အချို့သော ဖခင်များသည် သားသမီးများကို လိုအပ်သလိုမပြုစုနိုင်၊ မဝယ်ပေးနိုင်၊ ဆင်းရဲ ကြသည်။ ထိုအရာကိုသာ းသမီး များအနေဖြင့် နားလည်ရမည်။ မိဘဆင်းရဲခြင်းကိုသာ းသမီး များအနေဖြင့် စိတ်မဆိုးအထင်မလွှဲဘဲ သူတို့ကို တတ်နိင်သမျှ ကူညီရမည်။ 
ဖခင်ကဆုံးမလျှင်အချို့ သားသမီး များအနေဖြင့် ဖခင်များ၏ ဆုံးမခြင်းကို စိတ်ဆိုး၍ မုန်းတီးခြင်းရှိနိင်သည်။ ကျမ်းစာက၊ “အဘမဆုံးမသောသား တစုံတယောက် ရှိသလော။သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။” (ဟေ ၁၂:ရ- ၈)ဟု ရေး ထားသည်။ သားသမီး များကျမ်းစာ ကပြောသကဲ့သို့ ဖခင်ကဆုံးမသောအခါ စိတ် မပျက်၊ စိတ်မဆိုးဘို့ လိုအပ်သည်။ ဖခင်တိုင်း သားသမီး များလိမ္မာရေးခြားရှိစေ ချင်သည်။ ကိုယ်တိုင် မိဘ ဖြစ်လာမှသိရမည် ဖြစ်သော်လည်း ထိုအချိန်တွင် ကိုယ်မိဘ များသည် သေလွန်သွားသောကြောင့်အချိန် နောက်ကျသွားနိင်သည်။ ထို့ကြောင့် အကြံပေးသောအရာကို လက်ခံဘို့ လိုသည်။ ကျမ်းစာ ကပြောသကဲ့သို့ ဖခင်ကမဆုံး မလျှင် သင်သည်သားရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ( တရားမဝင်သား) ဖြစ်မည်။ ထို့အပြင် ဖခင်ကမဆုံးမလျှင် မချစ်သောကြောင့် သို့မဟုတ် အမျှော်အမြင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖခင်ကဆုံးမလျှင် ခံရခက်သော်လည်း ဝမ်းမြောက်ဘို့ ဖြစ်သည်။ 
 
လူဘဝ ဖြစ်စဉ် 

ခလေးအရွယ်တွင် ဖခင်ကို ရာနှုန်းပြည့်အားကိုး၍ ကမ္ဘာမှာဖခင်သည် အတော် ဆုံးအသန်ဆုံးအကောင်းဆုံးဟု ထင်သည်။ ဖခင်မရှိလျှင် မနေတတ်၊ ဟာတာ တာ ဖြစ်သည်။ ကျောင်းစတက်သောအခါ ဖခင်သည် ၉၀ ရာခိုင်နှုန်းသာအားကိုး၍ ၁၀ ရာခိုင်နှုန်းလျော့လာသည်။ ဆယ်ကျော်သက်အရွယ်တွင် ဖခင်ကို အထင် ကြီးမှု အားကိုးမှု နားထောင်မှုတို့သည် ၅၀ ရာခိုင်နှုန်းသာကျန်တော့သည်။ သူငယ် ချင်းများကို အားကိုး ခြင်း၊ စကား နားထောင်ခြင်းများက ဖခင်နေရာကို ယူလာသည်။ လူပျိုအပျိုအရွယ်တွင် ဖခင်သည် ၁၀ ရာခိုင်နှုန်းလောက်သာအားကိုး သည်။ ဖခင်သည် ခေတ်မမှီ၊ အသုံးမကျ၊ အားကိုး၍ မရရှေးခေတ်လူအဖြစ် အထင်သေးကာဂရု မစိုက်တော့ချေ။ အိမ်ထောင်ပြု လာသောအခါ ဖခင်ကို အနည်းငယ်ပြန်၍ အားကိုး လာသည်။ အိမ်ထောင်သက်တန်းအတော် ရလာ၍ ကိုယ့်သမီးများကြီး လာသောအခါတွင် ဖခင်ကို ပို၍ တန်ဘိုး ထားလာ၍ ဖခင်ကို အတွေ့အကြုံရှိသောကြောင့် ပို၍ အားကိုးချင် လာသည်။ သို့သော် ဖခင်သည် သေဆုံးသွားသောကြောင့် အားကိုး၍ မရ၊ ဝမ်းနည်းကျေကွဲခြင်းနှင့် အဖေသာရှိခဲ့လျှင်ဟု တမ်းတရင်းကိုယ်တိုင်လည်း အသက်ကြီး လာကာကိုယ် သားသမီး များကတော် လှန်စပြုလာခြင်းဖြင့် ဘဝသံ သယာလည်သည်ကို တွေ့ရသည်။ အင်တာနက််မှဖတ်ဘူးသောအရာကို ပြန်လည် ဝေငှပါသည်။ 
 
ဖခင်များ နေ့
Hanah Cung
 
အမေရိကန်ပြည် ထောင်စု၌ ဖခင်များ နေ့ကို ကျင်းပခြင်းသည် ဝါရှင်တန်ပြည်နယ် ှစသု​ေညန မြို့ရှိ ှသညသမ​ေ ူသကငျနျ ှာမေအီသိိ ကသူမ၏ ဖခင်ကို ဂုဏ်ပြု ခဲ့ရာမှစတင်ခဲ့သည်။ သူ့မိခင်သည်သား ​ခြောက်ယောက်မြောက် မွေးဘွားရာမှသေဆုံးပြီး နောက် သူတို့ မောင်နှမများကို ဖခင်တယောက် တည်းက​ကျွေးမွေး ပြုစုခဲ့သည်။ ၁၉၀၉ ခုနှစ် မိခင်များနေ့ တရားဟောချက်ကို နားထောင် ရာမှအသက် ၂ရ နှစ်ရှိပြီ ဖြစ်သော ှသညသမ​ေသည် သူ၏ ဖခင်ကို ဂုဏ်ပြုခြင်းအားဖြင့် ဖခင်များနေ့ ကျင်းပဘို့ အကြံရ၍ ပဌမဦးဆုံး ဖခင်များ နေ့ကို ၁၉၁၀ ခုနှစ်ဇွန်လ ၁၉ ရက်နေ့တွင် စတင် ပြုလုပ် ခဲ့သည်။ ၁၉ရ ၂ ခုနှစ်တွင် သမ္မတ Rငခ့မေိ ​ြငထသညက ​ဲကညန လတတိယတနင်္နွေနေ့ကို တရား ဝင်ဖခင်များ နေ့အဖြစ် သတ်မှတ်လိုက်သည်။ တကမ္ဘာလုံး၌ ဖခင်များ နေ့ကို ကျင်းပကြသော်လည်း ကျင်းပသော နေ့ရက်များသည် တနိင်ငံနှင့် တနိင်ငံမတူညီကြချေ။ 

မိသားစု၌ ဖခင်သည် အလွန် အရေးကြီးသည်။ ဖခင်မရှိသော အိမ်သည် တိုင် မရှိသော အိမ်နှင့် တူသည်။ လောက၌ ဖခင်မြောက် များစွာ ရှိသော်လည်း လူတိုင်းကို အဖေဟု ခေါ်၍ မရပါ။ ဖခင်ရှိသော မိသားစုသည် အလွန် ပျော်စရာ ကောင်း၍ ပြည့်စုံမှု ရှိသည်။ ရန်သူလာလျှင်၎င်း၊ အိမ်၌ စားစရာ မရှိသောအခါ၌၎င်း၊ ဖျားနာသောအခါ၌၎င်း၊ အိမ်ယိုယွင်းပျက်စီးနေသောအခါ၌၎င်း၊ ဖခင်ကို အလွန် အားကိုး ကြသည်။ ကြောက်စရာ ကောင်းသော အချိန်၌လည်း ဖခင်ရှိလျှင် လုံခြုံသည်ဟု ခံစားရသည်။ ဖခင်လုပ် တတ်သမျှ၎င်း၊ စားတတ်သမျှ၎င်း၊ သားသမီး များကအနည်းနှင့် အများ အတုယူတတ်ကြသည်။ ဖခင်မရှိသော မိသားစု၌ မျက်နှာငယ်ရသည်။ သူတပါး၏ ကဲ့ရဲ့ခြင်း၊ ဂရုမစိုက်ခြင်း ခံစားရသည်။ ဖခင်သည် ဘုရားကအိမ်ထောင်၌ ဦးခေါင်း ဖြစ်ဘို့ရန် ဘိသိက်ခံရ သောသူ ဖြစ်သည်။ ထို့ကြောင့် ဖခင်၏ တာဝန်သည် အလွန် ကြီးမားသည်။ 

ကျမ်းစာထဲမှဖခင်များကို လေ့လာပါက သူတို့သည် ဘုရားကိုးကွယ်ခြင်း၌ ဦး ဆောင်သောသူများ ဖြစ်ကြသည်။ အာဗြံသည် ယဇ်ပလ္လင်ကို တည်၍ ဘုရားကို ကိုးကွယ်သည် (က ၁၂:ရ)။ ဣဇက်လည်း ဖခင်နည်းတူ ဘုရားကို ကိုးကွယ်သည် (က ၂၆ ; ၂၅)။ ယာကုပ်လည်း မိသားစုကို ဦးဆောင်၍ ယဇ်ပလ္လင်ကို တည်၍ ဘုရားသခင်ကို ကိုးကွယ်ခဲ့သည် (က ၃၅:၂-၃)။ နောဧလည်း မိသားစုကို ဘုရားကိုးကွယ်ဘို့ရန် သွန်သင်၍ ဦးဆောင်နိင်ခဲ့သည် (က ၆:၈)။ ယောရှုလည်း သူ၏ မိသားစုကို ဘုရား အမှုတော်ဆောင်ဘို့ရန် ဦးဆောင်နိင်ခဲ့သည် (ယောရှု ၂၄:၁၅)။ ထို့ကြောင့် ဖခင်များသည်လော ကရေးရာသာမက ဘုရားတရား၌ ပါ ဦးဆောင်သူစံပြများ ဖြစ်ဘို့ လိုသည်။

ဖခင်သည် မိသားစု၌ ဆုံးမသွန်သင်နိင်သူ၊ အားပေးတတ်သောသူ ဖြစ်ဘို့ လိုသည်။ ဒါဝိဒ်သည် သူ့သားရှောလမုန်ကို ငယ်သော အရွယ်မှစ၍ သွန်သင်ခဲ့သည် (သု ၄:၃-၉)။ သားသမီးများကို ကောင်းသောအရာ၊ အထူးသဖြင့် ကောင်းကင် ရောက်ကြောင်း တရားများကို သွန်သင်ရမည်။ ဘုရားသခင်က၊ “သင်၏ ဘုရား သခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသလ္လိရှိသမျှနှင့် ချစ်လော့။ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏာသက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာသင်းကျစ်ကဲ့သို့၎င်း၊ ချည်ထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။” (တရား ဟော၆:၅-၉) ဤနေရာ၌ အဘယ်အရာကို သင်ပေးရမည်နည်း။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဘို့ သင်ပေးရမည်။ သားသမီးများက ဘုရားသခင်ကို ချစ် ဘို့သည် အရေးကြီးဆုံး ဖြစ်သည်ဟု ဘုရားသခင်က ဆိုသည်။ ကိုယ်တိုင် ဘုရားကို ချစ်ရုံဖြင့် မပြီးပါ၊ သားသမီး များကလည်း ချစ်ဘို့ ဘုရား အလိုတော် ရှိသည်။ ထိုအရာကို သင်ပေးသောအခါ၌လည်း လွယ်ကူမည် မဟုတ်သောကြောင့် ကြိုးစား၍ သွန်သင်ရမည် ဟုဆိုသည်။ သားသမီးများကို အိမ်၌ ထိုင်ချိန်၊ ခရီး သွားချိန်၊ အိပ်လျက် ထလျက် ရှိချိန်၌ သင်ပေးရမည် ဟုဆိုသည်။ ဆိုလိုသည်မှာ အချိန်မရွေး သင်ပေးရမည်။ များစွာသော ဖခင်များသည် သားသမီးများကို ဘုရား အကြောင်း မသင်ပေးဘဲလောကအရာကိုသာ သင်ပေးတတ်ကြသည်။ လောကအရာထက် ဘုရားသခင် ချစ်ဘို့ကို သင်ပေးသင့်သည်။ သားသမီး များကဘုရားကို ချစ်လျှင် ဘုရား စကား နားထောင်၍ ပျက်စီးခြင်းမှ ကင်းလွတ်မည်၊ ဘုရား အားကိုး တတ်မည်၊ ကောင်းကြီး ခံစားမည်။ သို့သော် ဖခင်ကိုယ်တိုင် ကဘုရားကို မချစ်လျှင် ဘာမျှပြောစရာ မရှိတော့ချေ။

ဆာလံထဲ၌လည်း၊ “ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာ ဖြစ်ကြ၏။ အသက် ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့သည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်ကြ၏။ မိမိမြှားတောင့်ကို သူတို့နှင့် ပြည့်စေသောသူသည် မင်္လာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်း မရှိ။ ရန် သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။” ဟု ရေးထားသည် (ဆာ ၁၂ရး၃-၅)။ သားသမီး များသည် ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေ ဖြစ်သည် ဟုဆိုသည်။ အမွေကို ကောင်းစွာ ထိမ်းသိမ်းစောင့်ရှောက်ဘို့ လိုသည်။ သားသမီး များသည် သူရဲလက်၌ ရှိသော မြှား ဖြစ်သည် ဟုဆိုသည်။ မြှားသည် ပစ်မှတ်ကို ပစ်ဘို့ ဖြစ်သည်။ မြှားသည် အလိုလိုပစ်မှတ်ကို ပစ်တတ်သည် မဟုတ်၊ သူရဲကပစ်ရသည်။ သူရဲသည် ဖခင်နှင့် ခိုင်းနှိုင်း၍ သားသမီး များသည် မြှားများ ဖြစ်သည်။ သူရဲကမြှားပစ် သကဲ့သို့ ဖခင်က သားသမီးများကို ကောင်းကင်သို့ ပစ်ရမည်။ ဆိုလိုသည်မှာ ကောင်းကင် ရောက်ကြောင်း တရားကို သင်ပေးရမည်။ ကိုယ်တိုင် ကောင်ကင်ရောက်သော်လည်း သားသမီး များငရဲသွားလျှင် မည်ကဲ့သို့ ခံစား မည်နည်း။ 
 
ကျမ်းစာဖတ်ကြစို့
ဗျာဒိတ်ကျမ်း ၄
 
၁။ ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက် ရှိ၏။ ရှေ့ဦးစွာ ကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့် ပြောလျက် ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။ 

ထိုနောက်မှ ဟူသောအရာသည် အခန်းကြီး ၃၌ အသင်းတော်များအကြောင်းကို ဆိုလိုသည်။ ကောင်းကင်၌ တံခါးဖွင့်လျက် ရှိ၏ ဟုဆိုသည်။ ကောင်းကင်သည် ဝိညာဉ်လောက ဖြစ်သောကြောင့် ဤရုပ်လောက မှမမြင်နိင်ချေ။ ကျမ်းစာ၌ ကောင်းကင်ကို တိုက် ရိုက်တွေ့မြင်သောသူနှစ်ယောက်တွေ့ရသည်။ တယောက်သည် ငရဲထဲမှသူဌေးကြီး ဖြစ်သည်။ “သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာ ကခံရလျက် မျှာ်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း၊ အဝေးကမြင်လျှင်၊ ” (လု ၁၆:၂၂-၂၃)။ နောက်တယောက် ကောင်းကင် မြင်သောသူသည် အသေသတ်ခြင်း ခံရသော သထေဖန် ဖြစ်သည် “သူသည်လည်း သန့်ရှင်းသော ဝိ ညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ယေရှု ရပ်နေသည်ကို၎င်း၊ မြင်လျှင်၊ ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည် ဟုဆို၏။” (တမန် ရး၅၅-၅၆)။ 

အနာဂတ်မှာကောင်းကင်ကို တိုက်ရိုက်မြင်မည့်သူ များသည် ဘေးဒဏ်ကြီး ကာလရှိလောကသားများဖြစ်သည်၊ “မိုဃ်းကောင်ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ ၁၅လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ၁၆ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ ၁၇ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁၄-၁ရ)။ မိတ်ဆွေသည် ချီ ဆောင်ခြင်း ထဲ၌ မပါလျှင် ဤအုပ်စုအထဲ၌ ပါစရာ အကြောင်းရှိသည်။ ဤအုပ်စု၌ ပါပါက အလွန် ဝမ်းနည်းစရာ ကောင်းမည်။ ထိုကြောင့် ယခုအချိန် ကောင်းရှိစဉ်တွင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အမှန် လက်ခံဘို့ လိုသည်။ 

 “ဤအရပ်သို့ တက်လော့” ထိုိနေရာသည် ကောင်းကင် ဖြစ်သည်။ ယောဟန်ကို ဘုရားသခင်က ကောင်းကင်သို့ ခေါ်သွားခြင်း ဖြစ်သည်။ 
 “နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်” ယောဟန်အား ထိုကဲ့သို့ ပြော သောကြောင့် နောက်ပိုင်းရေးထားသော အရာများသည် နောင်၌ ဖြစ်မည့် အရာများ ဖြစ်သည်။ နောင် ဖြစ်မည့် အရာများ ပြောနိင်သောသူသည် ဘုရားသခင် ဖြစ်သည်။ အကြောင်းမှာ သူသည် အရာခပ်သိမ်းကို အုပ်စိုးပိုင်သသောသူ ဖြစ်သည်။ 
 
၂။ ထိုအခါ ဝိညာဉ်တော်ကို ငါသည် ချက်ခြင်း ခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင် တခု တည်လျက် ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူလည်းရှိ၏။ 
 ယောဟန်သည် ဝိညာဉ်တော်ကို ချက်ခြင်း ခံရသည် ဟုဆိုခြင်းသည် ဝိညာဉ်တော် ကလွှမ်းခြုံသွားခြင်း ဇာတိအားဖြင့် မဟုတ်ခြင်းကို ုဆိုလိုသည်။ သူသည် ဝိညာဉ်အားဖြင့် ကောင်းကင်သို့ ရောက်သွားပြီး ပလ္လင် တခုကို မြင်သည်။ ထိုပလ္လင်ပေါ်၌ ထိုင်သောသူ၏ ပုံပန်းသဏ္ဍာန်ကို အငယ် ၃၌ ဖေါ်ပြထားသည်။  
၃။ ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့် တူ၏။ ပလ္လင်၏ ပတ်ဝန်းကျင်၌ကား၊ မြကျောက်အဆင်းအရောင်နှင့် တူသော သက်တံ့ရှိ၏။ 

ယောဟန်ကထာဝရဘုရားကို မြင်သော်လည်း ကျောက်အရောင်အဝါနှင့်သာရေးသား သွားသည်။ နဂါးသဲွ့ကျောက်သည် ​ဲ​ေျစနမ ဖြစ်၍ ပတ္တမြားကျောက်သည် Rကဘပ ဖြစ်သည်။ သက်တံ့သည် အရောင်ခုနှစ်ရောင်ရှိသည်။ သို့သော် ယောဟန်မြင်သော သက်တန့်သည် အစိမ်းရင့်ရောင်ရှိသော မြကျောက်သည်။ သက် တံ့သည် ဘုရားနှင့် မြေကြီး အကြား ပြုသော ပဋ္ဋိညာဉ် ဖြစ်သည်၊ “ငါသည် မိုဃ်းကို အုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။ ၁၅ ထိုအခါ ငါတဘက်၊ သင်တို့ မှစ၍၊ အသက်ရှင်သော သတ္တဝါ၊ တိရစ္ဆန်ရှိသမျှတို့ တဘက်၌ ရှိသော၊ ငါ၏ ပဋ္ဋိညာဉ်ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်း မိုးခြင်း မရှိရ။ ၁၆ မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှ ာ အသက်ရှင်သော သတ္တဝါ၊ တိရစ္ဆာန် အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရ ပဋ္ဋိညာဉ်ကို ငါအောက်မေ့မည်။” (က ၉:၁၄-၁၆)။ 
 
၄။ ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင်နှစ််ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့ အပေါ်၌ အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ဖြူသော အဝတ်ကို ဝတ််ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင် နေကြ၏။ 

နှစ်ဆယ့်လေးပလ္လင်ပေါ်၌ ထိုင်သော အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် မည်သူတို့ ဖြစ်သနည်း။ မြန်မာကျမ်းစာနှင့် ုငညါ ​ဲ​ောနျ ကျမ်းစာ အရ ဖြစ်လျှင် ထို သူတို့သည် ယုံကြည်သူ အသင်းတော်ကို ဆိုလိုသည်။ ယောဟန်က “ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်ဝပ်လျက်၊ ၉ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီး ဘာသာစကားကို ုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှအ​ကျွန်ုပ်တို့ကို ယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ်တော်မူ၏။ အ​ကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှ ာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။” (ဗျာ ၅:၈-၁၀)ဟု ရေးထားသည်။ 

အ​ကျွန်ပ်တို့ကိုဟု ပြောသောကြောင့် ထိုအသက်ကြီးသူ များသည် သူတို့ အကြောင်းကို ပြောခြင်း ဖြစ်သည်။ အသီးအသီး ဘာသာစကားကို ုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့သည် တပါးအမျိုးသားများဖြစ်၍ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ်တော်မူ၏ ဟုဆိုသောကြောင့် အသင်းတော် ဖြစ်သည်ဟု ယူနိုင်သည်။ ထို့အပြင် ဘုရားသခင့် ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှ ာ စိုး စံရသော အခွင့်ကို ပေးတော်မူ၏ ဟုဆိုသောကြောင့် (၁ ပေ ၂:၉) အရ ယုံကြည်သူများဖြစ်သည်။ 

ထို သူတို့သည် ဖြူသော အဝတ်ကို ဆင်သည် ဟုဆိုသည်။ ဖြူသော အဝတ်သည် ​ဖြောင့်မတ်ခြင်း ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။” (ဗျာ ၁၉:၈)။ သူတို့ ခေါင်းပေါ်၌ ဆောင်းသော ရွှေသရဖူသည် အောင်မြင်သောသူများ ကဆောင်းသော သရဖူ ဖြစ်သည်၊ ရှင်ဘုရင်သရဖူ မဟုတ်။ ရှင်ဘုရင်သရဖူသည် အမွေအားဖြင့် လက်ဆင့်ကမ်းရတတ်သည်။ အောင်မြင်ခြင်း သရဖူသည် အမွေအားဖြင့် မဟုတ်။ 

၅။ ပလ္လင်တော် ထဲကလျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုဃ်းကြိုးသံလည်း မြည်၏။ ပလ္လင်တော် ရှေ့၌ ဘုရားသခင်၏ ဝိညာဉ် ခုနှစ်ပါး တည်းဟူသော မီးခွက်ခုနှစ်လုံးတို့သည် ထွန်းလျက် ရှိကြ၏။ 

လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းကြိုးသံမြည်ခြင်း များသည် ဘုရားသခင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြခြင်း ဖြစ်သည်။ ထာဝရဘုရားသည် လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းကြုိးသံမြည်ခြင်း၊ မီးလောင်ခြင်းအားဖြင့် လူများရှေ့၌ သူ၏ တန်ခိုးပြတတ်သည်။ “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ် တိုက်လွှမ်းမိုး၍ ကြီးသော အသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။” (ထွက် ၁၉:၁၆)။ ပညတ်တော် ဆယ်ပါးပေးသောအခါ၌လည်း ဤသို့ တွေ့ရသည်၊ “လူ အပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ်နေကြ၏။ ၁၉ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့အား ကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိပ်ပါသည်ဟု လျှောက် ဆိုကြ၏။ ၂၀ မောရှေကလည်း၊ မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။ ၂၁ လူများတို့သည်လည်း အဝေး၌ ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင် ရှိတော်မူ ရာထူထပ်သော မှောင်မိုက်သို့ ချဉ်း ကပ်လေ၏။ ၂၂ ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုးသားတို့အား ပြန်ပြောရသောစကား ဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။” (ထွက် ၂၀:၁၈-၂၂) ဟုဆိုခဲ့သည်။ ဘုရားသခင်က သူ၏ ဘုန်းတန် ခိုးကို ပြသောအခါ ဣသရေလ လူများသည် အလွန် ကြောက်ရွံ့တုန်လှုပ် ကြသည်။ 

 “ဘုရားသခင်၏ ဝိညာဉ် ခုနှစ်ပါး တည်းဟူသော မီးခွက်ခုနှစ်လုံး” ဝိညာဉ်တော်သည် မီးခွက်နှင့် နှိုင်းထားသည်။ အဘယ်ကြောင့်နည်းဟူမူကား မီးခွက်ကို လင်း စေသောအရာ ဖြစ်သည်။ မီးခွက်ကို လင်းစေသောအရာသည် သံလွင်ဆီ ဖြစ်သည်။ ထိုသံလွင်ဆီသည် ဝိညာဉ်တော်နှင့် တူသည်။ လူသည် မီးခွက် ဖြစ်၍ လူကို လင်းစေသောအရာသည် သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ 
 
၆။ ပလ္လင်တော် ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။

ကျောက်သလင်းနှင့် တူသော ဖန်ရေကန်သည် တဲတော် ရှေ့၌ ရှိသော ​ကြေးဝါအင် တုံ ဖြစ်မည်။ ထိုအင်တုံ၌ ရေထည့်ထား၍ ထိုရေဖြင့် ယဇ်ပုရောဟိတ် များသန့်ရှင်းရေးလုပ် ရသည်။ ယဇ်ကောင်များကိုလည်း ဆေးကြောရသည်။ ဘုရားထံ ယဇ်ပူဇော်သောအခါ သန့်ရှင်းဘို့ လိုအပ်သည်။ ကောင်းကင် ရှိဖန်ရေကန်သည် သန့်ရှင်းခြင်းကို ဖေါ်ပြခြင်း ဖြစ်မည်။ သတ္တဝါလေးပါးတို့သည် တကိုယ်လုံးမျက်စိနှင့် ပြည့်သည် ဟုဆိုသည်။ မျက်စိသည် မြင်နိင်ခြင်းကို ဖေါ်ပြသည်။ လူ၌ မျက်စိနှစ်ခုသာရှိသောကြောင့် အရှေ့နှင့် ဘေးကိုသာ မြင်နိင်သည်။ အနောက်ဘက်မမြင်နိင်ချေ။ တကိုယ်လုံးမျက်စိရှိသောကြောင့် အ ရပ်လေးမျက်နှာမြင်နိင်ကြောင်းကို ဖေါ်ပြသည်။ 
 
၇။ ပဌမ သတ္တဝါသည် ခြင်္သေ့နှင့် တူ၏။ ဒုတိယသတ္တဝါသည် နွားသငယ်နှင့် တူ၏။ တတိယ သတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါသည် ပျံလျက် ရှိသော ရွှေလင်းယုန်နှင့် တူ၏။ 

သတ္တဝါလေးပါးကို ပရောဖက် ယေဇကျေလကလည်း ဤကဲ့သို့ မြင်ဘူးပြီ၊ “၄ ငါကြည့်ရှု၍ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်ထွန်းလင်းသော မီးစက်သည် မြောက််မျက်နှာ မှပေါ်လာ၏။ မီးစက်ထဲကဟရှမေလရွှေရောင်ထွက်လေ၏၊၊ ၅ ထိုမီးစက်ထဲမှာသတ္တဝါ လေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ ပုံ သဏ္ဍာန်ကို ဆောင်၍ ၆ မျက်နှာလေးခုစီအတောင်လည်း လေးခုစီရှိကြ၏။ ၇ ​ခြေထောက်သည် ​ဖြောင့်သော ​ခြေထောက် ဖြစ်၏။ ​ခြေဘဝါးသည် နွားသငယ်၏ ​ခြေဘဝါးကဲ့သို့ဖြစ်၍ ဦးသစ်သော ​ကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာအတောင်အောက်၌ လူလက်ရှိ၏၊ ၈ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း၊ ပြည့်စုံကြ၏။ ၉ အတောင်ချင်း တခုနှင့် တခုစပ်လျက် ရှိ၍၊ ထိုသတ္တဝါတို့ သွားသောအခါ တပါးမျှမလည်ဘဲ တည့်တည့်သွားတတ်ကြ၏။ ၁၀ မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား သတ္တဝါလေးပါးတို့သည် လကျ်ာဘက်၌ လူမျက်နှာခြင်္သေ့မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌ နွားမျက်နှာ ရွှေလင်းတမျက်နှာနှင့် ပြည် စုံကြ၏။” (ယေဇ ၁:၄-၁၀) ထိုသတ္တဝါများသည် မြေကြီးပေါ်မှ ာ နေသော လူသားများအနေဖြင့် ရှင်းလင်းစွာ နားမလည်နိင်ချေ။ 

သတ္တဝါလေးပါးသည် သခင်ယေရှုကို သရုပ်ဖေါ်သော ခရစ်ဝင်ကျမ်းလေးကျမ်းနှင့် တူသည်။ မဿဲသည် ခရစ်တော်ကို ရှင်ဘုရင်အဖြစ် ရုပ်လုံးဖေါ်၍ တောဘုရင်ခြင်္သေ့နှင့် တူသည်။ မျိုးစဉ်ဆက်ကိုလည်း အဗြဟံမှစတင်၍ ဖေါ်ပြသည်။ မာကုသည် ခရစ်တော်ကို အစေခံ​ကျွန်အဖြစ် ဖေါ်ပြ၍ နွားကဲ့သို့ဖြစ်သည်။ မျိုးစဉ်ဆက်ကိုလည်း မဖေါ် ပြဘဲ ဘုရား၏ ​ကျွန်ဗတ္တိဇံယောဟန်မှစတင်၍ အစပြုလိုက်သည်။ လုကာ၌ ခရစ်တော်သည် လူသား အနေဖြင့် သရုပ်ဖေါ်၍ မျိုးစဉ်ဆက်ကိုလည်း အာဒံမှစသည်။ ယောဟန်က ခရစ်တော်ကို ဘုရား အဖြစ် ဖေါ်ပြ၍ ကောင်းကင်၌ ပျံဝဲသော ရွှေလင်းယုန်နှင့် တူသည်။ မျိုးစဉ်ဆက်ကိုလည်း ဘုရား မှစသည်။ 

၈။ ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်​ခြောက် ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့် ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟု နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆို ကြ၏။ 

သတ္တဝါလေးပါးတို့သည် အတောင်​ခြောက်ခုစီရှိသည် ဟုဆိုသည်။ ယေဇကျေလ ကအတောင်လေးခုစီဖြင့် မြင်ခဲ့သည်။ အတွင်း၌ မျက်စိနှင့် ပြည့်ခြင်းသည် အရာခပ်သိမ်း မြင်နိင်ခြင်း ဖြစ်သည်။ သူတို့ ကထာဝရဘုရားကို သန့်ရှင်းတော်မူ၏ဟု နေ့ညဉ့်မပြတ် ပြောဆို၏ ဟုဆိုသောအရာ သည်လောက လူသားများအတွက် နားလည်ဘို့ ခက်သည်။ အကြောင့်မှာလူသည် ငြေးငွေ့တတ်၊ ပင်ပန်းတတ်သည်။ သို့သော် ကောင်းကင်၌ ထိုသို့မဟုတ်။ နေ့ညဉ့်မပြတ် ဟုဆိုရာကောင်းကင်၌ နေမရှိတော့သောကြောင့် နေဝင်ခြင်း မရှိ။ ထို့ကြောင့် ညဉ့်လည်းရှိမည် မဟုတ်။ ထိုအရာသည် မြေကြီးပေါ်မှ နားလည် နိုင်ရန် ရေးသားခြင်း ဖြစ်မည်။ ဆိုလိုသည်မှာ အဆက်မပြတ် ဟုဆိုခြင်း ဖြစ်မည်။ သတ္တဝါများ၏ ပြောဆိုခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် မဟုတ်ဘဲ ဂုဏ်တော်ကို ချီးမွမ်းခြင်း ဖြစ်သည်။ ယုံကြည်သူများလည်း ကောင်းကင် ရောက်လျှင် ထိုကဲ့သို့ ချီးမွမ်းရကြဦးမည် ဖြစ်သောကြောင့် ယခုမှစ၍ ဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းသင့်သည်။ 

၉။၊ ပလ္လင်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောသူ၏ ဘုန်းအ သရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည် ချီးမွမ်းကြသောအခါ၊ 

ပလ္လင်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောသူသည် ထာဝရဘုရား ဖြစ်သည်။ ကမ္ဘာအဆက်ဆက်ဟူသောအရာသည် အစဉ်ထာဝရ ဟူသော အဓိပ္ပါယ်ရှိသည်။ ထိုအရာသည် ဘုရား၏ ဂုဏ်တော် ဖြစ်သည်။ သူတို့သည် ဘုရား၏ ဘုန်းတော်နှင့် ဂုဏ်တော်များကို ချီးမွမ်း ကြသည်။ 
၁၀။ အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောသူကိုကိုးကွယ်လျက်၊ ၁၁။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့် ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစား ထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့ သရဖူများကို ချထားကြ၏။ 

အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ထာဝရဘုရားရှေ့၌ ပြပ်ဝပ်လျက်ကိုးကွယ်သည် ဟုဆိုသည်။ ပြပ်ဝပ်ခြင်းသည် နှိမ့်ချခြင်းကို ဖေါ်ပြသည်။ ယနေ့ ယုံကြည်သူများသည် ဘုရားကိုးကွယ်သောအခါ ပြပ်ဝပ်ခြင်း မပြုကြချေ။ ဘုရားသခင်သည် ကောင်းကင်မှ ာရှိ၍ လူသည် မြေကြီးပေါ်မှ ာ ရှိသောကြောင့် ဖြစ်မည်။ 

အသက်ကြီးသူက ဘုရားသခင်ကို ဖန်ဆင်းရှင် ဖြစ်ကြောင်း၊ ဘုန်းအသရေ တန်ခိုးတော်ကို ခံထိုက်ကြောင်း ချီးမွမ်း ကြသည်။ သူတို့၏ သရဖူများကိုလည်း မဆောင်းဘဲ ရှေ့တော်၌ ချထား ကြသည်။ သရဖူများသည် သူတိုိ့ရရှိသော အောင်မြင်ခြင်း သရဖူများဖြစ်သည်။ ထိုသရဖူများ ချခြင်းသည် နှိမ့်ချခြင်းရိုသေခြင်းကို ဖေါ်ပြသည်။ ဘုရားသခင်ရှေ့၌ မည်သူမျှဝါကြွားထိုက်သောသူမရှိ။ ယနေ့ လူသားများသည် ဘုရားသခင်နှင့် ဝေးလွန်းသောကြောင့် မိမိတို့၏ အစွမ်း၊ သတ္တိ၊ အောင်မြင်ခြင်း၊ ယပိုင်ဆိုင်မှုများကို ဂုဏ်ယူ ဝင့်ကြွားတတ်ကြသည်။ ဘုရားသခင် ရှေ့၌ ရှိလျှင် မည်သူကမျှ ထိုကဲ့သို့ နေရဲ မည့်သူမရှိ။ ထိုကြောင့် ယခုကတည်း ကဘုရားရှေ့မှာ ရှိကြောင်းကို သိ၍ နှိမ့်ချစွာ နေသင့်သည်။ 
 
 
မထင်ရှားသော ဒုစစိုက်အပြစ်နှင့် ရဲရင့်သောဒုစစိုက်
ဆရာနီသိုး

မိမိ မှားယွင်းခြင်းကို အဘယ်သူသည် နားလည်နိုင်သနည်း၊၊ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အ​ကျွန်ုပ်ကို ကင်းစင်စေ၍၊ ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ​ကျွန်သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက်အပြစ်သည် အ​ကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သောအားဖြင့် အ​ကျွန်ုပ်သည် ​ဖြောင့်မတ်ခြင်းရှိ၍ ကြီးစွာသော ပြစ်မှားခြင်းနှင့် ကင်းလွတ် ရပါလိမ့်မည်။ အ​ကျွန်ုပ်ပြောသော စကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဘွယ် ဖြစ်ပါစေသော။ အိုထာဝရဘုရား အ​ကျွန်ုပ်၏ ကျောက်အ​ကျွန်ုပ်ကို ရွေးနှုတ်တော်မူသော ဘုရား။ (ဆာ ၁၉:၁၂-၁၄) 

 ဆာလံဆရာကသူသည် မိမိမှားယွင်းခြင်းကို အဘယ်သူ သိနားလည်နိုင်သနည်း ဟုဆိုသည်။ မှန်ပါသည်၊ လူသည် မိမိလုပ်သောအရာကို အနှစ်သက်ဆုံး ဖြစ်၍ မှန်သည်ဟု ယူဆတတ်သည်။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အ​ကျွန်ုပ်ကို ကင်းစင်စေ၍၊ ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ​ကျွန်သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ၊ ဟု ဆုတောင်းသည်။ လူသည် မိမိအပြစ်ကို သိရှိ နားလည်ဘို့ရန် အလွန် ခက်သည်။ လူ့အမြင်၌ ကောင်းသောအရာ အထူးသဖြင့် ဘုရားတရား၌ ကြိုးစား နေချိန်တွင် ကိုယ့် အပြစ်ကို မမြင်ဘဲ ကျေနပ် တတ်သည်။ ပုံမှန်ဘုရားကျောင်းတက်နိုင်၊ ကျမ်းစာဖတ်နိုင်၊ တရားဟောနိုင်၊ ဆုတောင်း စည်းဝေး၌ ပါဝင်နိုင်၊ ဆယ်ဘို့ တဘို့နှင့် အလှူငွေများ ပေးနိုင်လျှင် ကိုယ်အပြစ်ကို မသိနိုင်ချေ။ လူများ အမြင်၌လည်း အပြစ် မရှိသောကြောင့် အ ပြစ်ဒုစရိုက်လုပ်နေမှန်းကို မသိနိင်ချေ။ လူအမြင် မှာကောင်းသည်ဟု ထင်သောကြောင့် ရဲရင့်သော ဒုစရိုက်ကိုလည်း ပြုလုပ် မှန်း မသိ ပြုလုပ် နိင်သည်။ ထိုအရာကို ဘု ရားသခင် ဖေါ်ပြမှသိနိုင်ပြီး၊ ဘုရားကိုယ်တိုင် ဆီးတားမှရှောင်လွှဲနိုင်မည်။ 

ဖာရိရှဲများလည်း သူတို့၏ အပြစ်ကို မသိသောကြောင့် ဘုရား အမြင်၌ အပြစ် ဒုစရိုက်ကို ရဲရင့်စွာ ကျူးလွန် ခဲ့ ကြသည်။ သခင်ယေရှုက “ဖာရိရှဲသည် တယောက် တည်းရပ်လျက်၊ အို ဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက် လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အ​ကျွန်ုပ်၌ မရှိသည်သာမက၊ ဤ အခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီး လှပေ၏။ အ​ကျွန်ုပ်သည် ခုနစ် ရက်တွင် နှစ်ရက်အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့ တဘို့ လှူပါ၏ ဟူ၍ ဆု တောင်းပဌနာ ပြုပါ၏” (လု ၁၈:၁၁-၁၂)ဟု ဆုတောင်း ခဲ့သည်။ မှန်ပါသည်၊ ဖာရိရှဲသည်သူ ဆုတောင်း သကဲ့သို့ ကျင့်သည်။ သို့သော် သူသည် လူ့အမြင်၌ ကောင်းသော အကျင့်ကို ကျင့်၍ ဘုရား အမြင်၌ အပြစ် ဒုစရိုက်ကို ပြုလုပ် နေသူ ဖြစ်သည်။ ထိုဖာရိရှဲသည် ​ဖြောင့်မတ်ခြင်း တည်းဟူသော အပြစ် လွှတ်ခြင်းရခဲ့သလော။ သခင်ယေရှုက “ဖာရိရှဲ မူကား အပြစ် မပြေ။” (လု ၁၈:၁၄)ဟု ချက်ချင်း အ​ဖြေပြောလိုက်သည်။ အဘယ်ကြောင့် သခင်ယေရှုက ထိုသို့ ပြောနိင်သနည်းဟူမူကား သူသည် ဖာရိရှဲက ဆုတောင်းသော ဘုရားသခင် ဖြစ်သည်။ သခင်ယေရှု ကအပြစ် မပြေ ဟုဆိုလျှင် သူသည် အပြစ်ရှိသည်။ သို့ဖြစ်လျှင် ထိုဖာရိရှဲသည် မည်ကဲ့သို့သော အပြစ်လုပ်သနည်း။ 
 ရှင်ပေါလုက၊ ၁ ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏ စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ၂ ထို သူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါ သက်သေခံ၏။ ၃ ထို သူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။” (ရော ၁၀:၁-၃)ဟု ရေးခဲ့သည်။ ဖရိရှဲများနှင့် ဣသရေလ များသည် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို လက်မခံဘဲ သူတို့ တည် ဆောက်သော ​ဖြောင့်မတ်ခြင်း တည်စေခြင်းငှါ၊ ဘုရားသခင်က လက်ခံစေခြင်းငှါ၊ ရှာကြံ= ကသည်။ ထိုအရာသည် အပြစ် ဖြစ်သည်။ ထိုအပြစ်ကြောင့် သူတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြချေ။ 
 
မယုံကြည်ခြင်း 

ဆုတောင်း နေသော်လည်း ကိုယ်တောင်းသည့်အတိုင်းရမည်ဟု မယုံကြည်ဘဲ တောင်းနိုင်သည်။ ထိုမျှသာမက ဘုရားသခင်က တတ်နိုင်မည် မဟုတ်ဟု ဆုတောင်းခြင်းသည် မယုံကြည်ခြင်း ဖြစ်သည်။ ကျမ်းစာက၊ “ယုံသော စိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။” (ရော ၁၄:၂၃) ဟုဆိုထားသည်။ တရားဟောနေသော်လည်း ကိုယ်ဟောသည့်အတိုင်း မယုံဘဲ ဟောခြင်းသည်လည်း အပြစ် ဖြစ်သည်။ ကျမ်းစာက၊ “လူ၏ သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံ ဘွယ်ရာအကြောင်းရှိ၏။” (၁ ယော ၅:၉)ဟု ရေးထားသည်။ လိမ်ပြောတတ်သော၊ ပြောသည့်အတိုင်း မပြည့်စုံစေနိင်သော လူကို ယုံတတ်ကြသော်လည်း ပြောသည့်အ တိုင်း ပြည့်စေနိင်သော ဘုရားကိုမူမယုံတတ်ကြ။ ဘုရားသခင်ကို မယုံကြည်ခြင်းသည် အပြစ် အကြီး ဆုံး ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ကို သိက္ခာချခြင်း၊ အထင်သေးခြင်း ဖြစ်သည်။ ဘုရားကို မယုံကြည်ခြင်းသည် လိမ်ညာပြောတတ်သူ၊ ဂတိမတည်သောသူဟု စွပ်စွဲခြင်းနှင့် တူသည်။ သင့်ကို အခြားသူများ ကမယုံကြည်လျှင် မည်သို့ ခံစားမည် နည်း။ 
 
ဆုမတောင်းခြင်း 

ယုံကြည်သူတိုင်း ထင်မှတ်တတ်သည် မှာဆုမတောင်းခြင်းသည် အပြစ် မဟုတ် ဟူ၍ ဖြစ်သည်။ သို့သော် ဆုမတောင်းခြင်းသည် အပြစ် ဖြစ်သည်။ ရှမွေလက၊ “မ စိုးရိမ် ကြနှင့်။ ဤဒုစရိုက် အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရား နောက်တော်သို့ လိုက် ရာမှမလွှဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုကြလော့။ ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီး ဖြစ်သောအရာ တို့ နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီးသက်သက် ဖြစ်၏။ ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၍ ခန့်ထားခြင်းငှာ အလိုရှိတော်မူပြီ။ ငါမူကား သင်တို့ အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာ ဝရဘုရားကို ပြစ်မှာခြင်း အမှုသည် ငါနှင့် ဝေးပါစေသော။” (၁ရာ ၁၂:၂၀-၂၃) ဟုဆိုသည်။ ရှမွေလကသူ့လူမျိုး ဣသရေလ ူများအတွက် ဆုမတောင်းခြင်းသည် အပြစ် ဟုဆိုသည်။ သို့သော် ယခု ယုံကြည်သူများသည် ဆုမတောင်းဘဲ နေခြင်းကို အပြစ် ဟူ၍ မမြင်နိင်ကြချေ။ ဆုတောင်းခြင်းသည် ဝိညာဉ်ဆုကျေးဇူး မဟုတ်ပါ။ လူတိုင်း ဆုတောင်းဘို့ တာဝန် ရှိသည်။ ဆုမတောင်းလို်ခြင်းသည် အဘဘုရားနှင့် စကား မပြောလိုခြင်း ဖြစ်သည်။ ဘုရားနှင့် စကား မပြောခြင်းသည် အပြစ် ဖြစ်သည်။ 
 
ကျမ်းစာ မဖတ်ခြင်း 

ယုံကြည်သူများကကျမ်းစာ မဖတ်ခြင်း ကိုလည်း အပြစ် ဟူ၍ မမြင်ကြချေ။ ကျမ်းစာ မဖတ်လျှင် ဘုရားသခင်က စကားပြောခြင်းကို နားမထောင်ခြင်း ဖြစ်သည်။ ကျမ်းစာ မဖတ်လျှင် ဘုရား၏ အလိုတော်ကို မသိ နားမလည် သောကြောင့် မိမိ အလိုဆန္ဒအတိုင်း သွားမည်။ ထိုသို့ မိမိ အလိုဆန္ဒအတိုင်း သွားလျှင် ဘုရား၏ အလိုတော်အတိုင်း မသွား သောကြောင့် အပြစ် ဖြစ်သည်။ ဘုရားက၊ “ငါ၏ ​ကျွန် မောရှေမှာထားသော တရားအ တိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာအား ယူ၍ အလွန် ရဲရင့်ခြင်းရိိှလော့၊ ကြံစည်လေ သမျှတို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့၊ လက်ျာဘက်၊ ဘက်ဝဲ ဘက်သို့ မလွှဲနှင့်။ ၈ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။” 
 (ယောရှု ၁:ရ- ၈)ဟု ယောရှုအား မှာထားခဲ့သည်။ ကျမ်းစာ မဖတ်ခြင်းသည် အပြစ် ဖြစ်သည်။ 
 
သက်သေမခံခြင်း 

သက်သေမခံခြင်းသည် အပြစ် ဖြစ်သည်။ အကြောင်းမှာ သခင်ယေရှုက၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။” (မ ၂၈:၁၉-၂၀)။ဟု ယုံကြည်သူများကို အမိန့်ပေးသည်။ ထိုအမိန့်ကို နာမခံဘဲ ကိုယ်လုပ် ချင်သောအရာကိုသာ လုပ်ခြင်းသည် အလွန်ကြီး လေးသော အပြစ် ကျူးလွန်ခြင်း ဖြစ်သည်။ အထက် အရာရှိကခိုင်းသည့်အလုပ်ကို မလုပ်သော ငယ်သားသည် အပြစ် မရှိဘဲ အဘယ်သို့ဖြစ်နိင်မည်နည်း။ ထိုကဲ့သို့ အမိန့်ကို လှန်ရဲသော ငယ်သားရှိဘူးသလော။ 

တဖန် သခင်ဘုရားက၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်း သက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ 
၏။” (တ မန် ၁:၈) ဟုဆိုသည်။ ယုံကြည်သူ တိုင်းထံ သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း၏ အကြောင်းရင်းတခုသည် တန်ခိုးကို ရ၍ ပြဘို့ မဟုတ်၊ သူ၏ အကြောင်းကို သက်သေခံနိင်ဘို့ရန် ဖြစ်သည်။ ယုံကြည်သူတိုင်း ထိုတန်ခိုးကို ရရှိထားသော်လည်း လုံးဝ မသုံးဘဲ၊ “သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်” (ဟေရှယ ၅၃:၆)။ ထိုသို့ကို်ယ်လိုချင် ရာလုပ်၍ သက်သေမခံခြင်းသည် မသိနိုင်သော အပြစ် ဖြစ်သည်။ 
 
ဘုရားအား မကိုးခြင်း 

ဘုရားသခင်ကိုအား မကိုးဘဲ လူကို အားကိုး ခြင်းသည် အလွန် အပြစ် ကြီးသည်။ ကျမ်းစာ၌၊ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။ ၆ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်​ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသော ဆားမြေ၊ သွေ့ ​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။” (ယေရမိ ၁ရး၅-၆)ဟု တွေ့ရသည်။ ဘုရားသခင်ကအပြင်ပန်းအားဖြင့်သာ မဟုတ်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက် သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏ ဟုဆိုသည်။ ယုံကြည်သူ အများစုသည် ပါးစပ်မှဘုရား အားကိုး သည် ဟုဆိုသော်လည်း၊ ဘုရား အားကိုး ဟန်ပြု၍ ဆုတောင်း နေသော်လည်း စိတ်နှလုံးအထဲမှမယုံကြည်လျှင် ကျိန်အပ်သောသူ၊ အပြစ်ကြီး သောသူ ဖြစ်သည်။ 

တဖန်၊ “ငါ၏ လူတို့သည် အသက် စမ်းရေတွင်း တည်းဟူသော၊ ငါ့ကို စွန့်ပယ်၍၊ ရေမလုံ၊ ပဲ့ပျက်သော ရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။” 

 (ယေရမိ ၂:၁၃) ဟုဆိုသည်။ ဘုရားသခင်က သူ့ကိုယ်သူအသက် စမ်းရေတွင်း ဟုဆိုသည်။ စမ်းရေတွင်းသည် ရေမခန်းဘဲ အမြဲစီးထွက် သကဲ့သို့ ဘုရားသခင်သည် လူအတွက် အရာခပ်သိမ်းလုပ်ပေးနိင်သော အရှင် ဖြစ်သည်။ ထို စမ်းရေတွင်း တည်းဟူသော ဘုရားကို စွန့်ပယ်၍ ရေမလုံပဲ့ပျက်သော ရေကျင်းတူးခြင်းသည် အပြစ် ဖြစ်သည်။ ရေမ လုံပဲ့ပျက်သော ရေကျင်းသည် ရေမရှိချေ။ ထိုရေကျင်းတူးခြင်း ဆိုသည်မှာ ကိုယ်အားကို ကိုး ခြင်း၊ အခြားလူကို အားကိုးခြင်း ဖြစ်သည်။ လူသည် ဘုရားသခင်ထက် လူကို ရိုးရိုး အားကိုးသည် မဟုတ်၊ အလွန် အားကိုး သည်။ ဘုရားသခင်ကို ပယ်ထား ကြသည်။ လူကို ဘုရားထက် အားကိုး ခြင်းသည် ဘုရားကို လူလောက်ပင်အစွမ်းမရှိ၊ မတတ်နိင်ဟု အထင်သေးခြင်း၊ သရော်ခြင်း၊ ပစ်ပယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အလွန်ကြီး လေးသော အပြစ် ဖြစ်သည်။ 

(ဟါးခါးသတင်းကောင်း နှစ်ခြင်း အဖွဲ့ချုပ်ဆရာနီသိုး တရားဟောချက်ကို မှီ ငြမ်း၍ ရေးထားခြင်း ဖြစ်သည်) 
 
 
ဘုရားရှေ့၌ ငြိမ်ဝပ်စွာ နေခြင်း 
Rev Moses R Cung
 
 “ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ကိုယ်တော်ကို ငံ့လင့်လော့၊၊ ” (ဆာ ၃ရးရ) “ငြိမ် ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတိို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှ ာ ဘုန်းပွင့်မည်။” (ဆာ ၄၆:၁၀)။ “အကယ် စင်စစ်ငါ့ ဝိညာဉ်သည် ဘုရားသခင် ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏၊၊ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော် ကသက်ရောက်ရ၏၊၊ ၂ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ ကျောက်၊ ငါ့ကို ကယ်တင်ခြင်း အကြောင်း၊ ငါခိုလှုံရာ ဖြစ်တော်မူ၍ ငါ၌ လှုပ်ရှားခြင်း များစွာ မရှိရာ၊၊ ” (ဆာ ၆၂:၁-၂)။ “ဣသရေလ အမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ အရှင်ထာဝရဘုရား၊ မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာ နေလျှင်၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာ နေခြင်း၊ ယုံ ကြည်ခြင်းအားဖြင့် ခွန်အား အစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။” (ဟေရှယ ၃၀:၁၅) “ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော်ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားကျေးဇူးပြုတော်မူ၏၊၊ ၂၆ ကယ်တင်တော်မူ မည်ဟု မြော်လင့်လျက် ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏၊၊ ” (မြည် ၃:၂၅-၂၆)။ 

အထက်ပါ ကျမ်းပိုဒ်များ၌ ထာဝရဘုရားသခင် ကိုယ်တော်တိုင်က သူ့ကို စောင့်၍ သူ့ရှေ့၌ ငြိမ်ဝပ်စွာ နေစေချင်သည်။ သို့သော် လူသည် စိတ်မြန်သောကြောင့်သော်၎င်း၊ ဘုရားသခင်ကို မယုံကြည်၊ အားမကိုး သောကြောင့်သော်၎င်း၊ ငြိမ်ဝပ်စွာ မနေတတ်။ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြသနာကို အလျှင်အမြန် ​ ဖြေရှင်း တတ်သည်။ ပြသနာ တွေ့သောအခါ၌လည်း စိုးရိမ် လွန်သောကြောင့် မပြောအပ်စကားများကို ပြောခြင်း၊ မလုပ်အပ်သော အရာများကို ကျူးလွန်ခြင်းများပြုလုပ် တတ်ကြသည်။ ထာဝရဘုရားသည် စိတ်ရှည်၍ လူကဲ့သိုစိတ်မမြန်ချေ။ လူကဲ့သို့ စိုးရိမ်ခြင်း မရှိသောကြောင့် စိတ်မလောချေ။ ထာဝရဘုရားသည် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးတော်မူသောကြောင့် ငြိမ်သက်စွာ အလုပ် လုပ်သည်။ ထိုကြောင့် သူ၏ သားသမီး များလည်း သူကဲ့သို့ စိုးရိမ်ခြင်း မရှိ၊ သူ့ကို ယုံကြည်ခြင်းဖြင့် ငြိမ်သက်စွာ သူ့ကို စောင့်ဆိုင်းစေလိုသည်။ လူသည် မည်မျှပင်ပြောသော်လည်း စိတ်လော၍၊ စိုးရိမ် သောကြောင့် ပို၍ အပြစ်လုပ်တတ်ကြသည်။ ကျမ်းစာထဲမှထာဝရဘုရားကိုအား မကိုး သောကြောင့်၊ စိုးရိမ်၍ စိတ်လော သောကြောင့် အပြစ်လုပ်၍ မှားယွင်းသောသူများ အကြောင်းကို လေ့လာကြပါစို့။ 

အာဗြံ 

ဘုရားသခင်သည် ်အာဗြံကို ဥရအရပ်မှခါနန်ပြည်သို့ ခေါ်ဘိတ်ခဲ့သည်။ ကျမ်းစာ၌၊ “ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ ပြည်နှင့် တကွအ မျိုးသား ချင်းပေါင်းဘော်များ ထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။ ၂ ငါသည် သင့်ကို လူမျိုးကြီး ဖြစ်စေမည်။ ငါကောင်းကြီး ပေး၍ သင်၏ နာမကိုကြီး မြတ် စေမည်။ သင်သည် ကောင်းကြီး ခံရသောသူ ဖြစ်လိမ့်မည်။ ၃ သင့်ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင် အားဖြင့်လည်း လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္လာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (က ၁၂:၁-၃)ဟု ဂတိပေးခဲ့သည်။ ထို့ကြောင့် သူသည် မည်သည့်အ​ခြေ အနေမျိုးတွင် ဖြစ်ပါစေ ဘုရားသခင်ကို အားကိုးဘို့ ဖြစ်သည်။ 

“ထိုနောက်၊ ခါနာန်ပြည်၌ အစား ခေါင်းပါးခြင်း ဖြစ်၏။ အလွန် အစာ ခေါင်းပါး သောကြောင့်၊ အာဗြံသည် အဲဂုတ္တု ပြည်၌ တည်းခိုခြင်းငှါ သွားလေ၏။” (က ၁၂:၁၀)။ အာဗြံသည် ဂတိပေးသော ပြည်၌ အစာ ငတ်မွတ် ခေါင်းပါးမှု ရှိသောအခါ စိုးရိမ်၍ အစာ ရေစာပေါများသော အဲဂုတ္တု ပြည်သို့ ဆင်းသွားခဲ့သည်။ ထိုသို့ ဆင်းသွားသောကြောင့် သူ့မိန်းမစာရကို ဖါရောဘုရင်က သိမ်းပိုက် လိုက်သည်။ အကယ်၍ ဘုရားသခင်ကသာ မကယ်ခဲ့လျှင် သူသည် မိန်းမကို ဆုံးရှုံးရမည် ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ ဧည့်သည်တော် ကြီးကို ထိုကဲ့သို့ အစာ ခေါင်းပါးခြင်း ကြုံစေသနည်း။ သူ့ကို အဘယ်မျှလောက် ယုံကြည်သည်၊ အားကိုး သည်ကို သိချင် သောကြောင့် ဖြစ်ပေလိမ့်မည်။ အာဗြံသည် ငြိမ်သက်စွာ ဘုရား စောင့်ခဲ့လျှင် ထိုကဲ့သို့ စိတ်ဆင်းရဲ ရမည် မဟုတ်။ အာဗြံကဲ့သို့ ကိုယ့်ဥာဏ်ကို အမှီမပြုဘို့ သင်ခန်းစာယူကြစို့။ 
 
ဧလိမလက်မိသားစု

“ဣသရေလ ပြည်၌ အစာအဟာရ ခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တယောက်သည် မယားနှင့်သား နှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။ ၂ ထိုသူ၏ အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ၊ သား နှစ်ယောက်အ မည်ကား မဟာလုန်နှင့် ခိလျုန်တည်း၊ သူတို့သည် ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အ ရပ်သား ဖြစ်လျက်၊ မောဘပြည်သို့ သွား၍ နေကြ၏။ ၃ နောမိ၏ ခင်ပွန်းဧလိမလက်သည် သေ၍ မယားနှင့်သား နှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။ ၄သားတို့သည် မောဘပြည် သူဩရပနှင့် ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဘက်ခြင်းကို ပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှနေပြီးမှ၊ ၅ ထိုသား နှစ်ယာက်မဟာလုန်နှင့် ခိလျုန်တို့သည် သေ၍ နောမိသည်သား မရှိ၊ ခင်ပွန်းလည်း မရှိကျန်ရစ်လေ၏။” (ရုသ ၁:၁-၅) 

 ဧလိမလက်ဟူသော နာမည်ကား ကိုယ်တော်သည် ငါ၏ ဘုရင် ဖြစ်၏ဟု အဓိပ္ပါယ်ရသည်။ ဗက်လင်သည် မုန့်တိုက် သို့မဟုတ် စပါးကျီဟု အဓိပ္ပါယ်ရှိသည်။ ဧလိမလက်သည် သူ၏ ဘုရင်ဘုရားကိုအား မကိုဘဲ အစာခေါင်းပါသောကြောင့် စပါးကျီတည်ဟူသော ဗက်လင်မြို့မှမောဘပြည်သို့ အစာ နောက်လိုက်၍ မိသားစုနှင့်အတူ ပြောင်းရွှေ့ သွားခဲ့ ကြသည်။ သို့သော် အစာ နောက်လိုက် ရာ၌ သေဆုံး၍ သား နှစ်ယောက်လည်း သေ ဆုံးသွား ကြသည်။ အစာစားလျက် သေရ ကြသည်။ ယနေ့ ယုံကြည်သူများလည်း အစာ ဖြစ်စေသော အလုပ်နောက်ကို လိုက်၍ ဘုရားသခင် ထံတော်ပါးမှ ထွက်မသွားဘို့ သတိ ထားကြဘို့ လိုသည်။ ဘုရားသခင်သည် နေရာတိုင်း၌ ရှိသော်လည်း နေရာတိုင်း၌ သမ္မာတရား မဟောကြပါ။ သမ္မာတရား ဟောသော အသင်းတော် ရှိသည့်နေရာ၌ နေထိုင်သင့်သည်။ အလုပ်နောက်မလိုက်သင့်ချေ။ 
 
ယာကုပ်
ယာကုပ်သည် အမိဝမ်းတွင်း မှ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံခဲ့ရသည်။ ကျမ်းစာ၌၊ “ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ ဝမ်းတွင်း ထဲကခြားနားသော လူစုနှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီး လိမ့်မည်။ အကြီးသည် အငယ်၌ ​ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။” (က ၂၅ ; ၂၃) ဟုဆိုထားသည်။ ထို့ကြောင့် ယာကုပ်သည် အေးအေး ဆေးဆေး ဘုရားသခင်၏ အချိန်ကို စောင့်သင့်သည်။ သို့သော် သူသည် ဦးနှောက်ကို အသုံးပြု၍ သူ့အကို ထံမှသာ း ဦးအရာကို အစာနှင့် ဝယ်သည် (က ၂၅:၂၉-၃၄)။ တဖန် သူ၏ မိခင်နှင့် ပူးပေါင်း၍ ဖခင်ကို လိမ်ကာအကို၏ ကောင်းကြီးကို ရယူခဲ့ပြန်သည် (က ၂ရ)။ ထိုသို့ ဥာဏ်ကို အသုံးပြု၍ ဖခင်ထံမှ ကောင်းကြီးကို ရယူသောကြောင့် အကို ရန်ကို ကြောက်၍ အိမ်မှ ထွက်ဘို့ လိုသည်။ မိခင် ရေဗက္ကလည်း ဘုရားသခင်၏ ဂတိကို မယုံသောကြောင့်သား ငယ်ကို ထွက်ပြေးခိုင်း၍ အသက်ရှင်လျက်သား ငယ်နှင့် မတွေ့ရတော့ဘဲ သေဆုံးသွား ခဲ့သည်။ 
 
ရှောလု

ရှောလုကို ဘုရားသခင်ကိုယ်တိုင်က ဣသရေလ များ၏ ပဌမဦးဆုံး ရှင်ဘုရင် အဖြစ်ရွေ့ကောက်ခြင်း ခံရသည်။ ရှောလုသည် ဖိလိတ္တိလူများနှင့် စစ်တိုက်ဘို့ ရှိသည်။ 

ယဇ်ပုရောဟိတ် ရှမွေလက၊ “သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည် ဟုဆို၏။” (၁ရာ ၁၀:၈) ဟုဆိုသည်။ သို့သော် ရှောလုသည် စိုးရိမ် သောကြောင့် ရှမွေလကို မစောင့် နိင်ဘဲ ယဇ်ပူဇော်လိုက်သည်။ ထိုကြောင့်၊ “ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့် မိလျှင်၊ ထာဝရဘုရားသည် ဣသရေလ အမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အ မြဲတည်စေတော်မူပြီ။ ယခုမူကာသင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ် နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။” (၁ရာ ၁၃:၁၃-၁၄) ဟုဆိုသည်။ ရှောလုသည် ဘုရားကို မစောင့်နိင်သောကြောင့် ရှင်ဘုရင် ရာထူးမှဖြုတ်ချခြင်းကို ခံရသည်။ သူသည် ဘုရား အားကိုး သောကြောင့် ယဇ်ပူဇော်သော်လည်း ဘုရားသခင်က သူ့ကို လက်မခံသည်သာမက ပယ်ခြင်း ခံခဲ့ရသည်။ ထိုကြောင့် သူကဲ့သို့ ဘုရား တ ရား၌ ကြိုးစားသော်လည်း အပြစ်လုပ်မိမှာ စိုးရိမ် ရသည်။ 
 
ယေရောဗောင်

ယေရောဗောင်သည် ဘုရားသခင်ကိုတော်တိုင် ကရှင်ဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ ဘုရားသခင်က၏ “ရှောလမုန်၏သား လက်မှနိုင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။ ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ ရှေ့မှာ ငါ့​ကျွန် ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက် ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။ သင့်ကို ငါရွေးယူ၍၊ သင်သည်ကိုယ် အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက် ဣသရေလ အမျိုးတွင် မင်းပြုရ၏။ သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့​ကျွန် ဒါဝိဒ်ပြု သကဲ့သို့ ငါ၏ လမ်းတို့သို့ လိုက်လျက်၊ ငါရှေ့၌ မှန်သော တရား၊ ငါစီ ရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူ ငါရှိ၍ ဒါဝိဒ်အဘို့ မြဲ+မံသော အိမ်ကို ဆောက်သည် နည်းတူ၊ သင့်အဘို့ ဆောက်၍ ဣသရေလ နိုင်ငံကို ငါပေးမည်။ (၃ရာ ၁၁:၃၅-၃၈)ဟု ဂတိပေးခဲ့သော်လည်း သူသည် စိုးရိမ် သောကြောင့် ယေရောဗောင်က၊ “ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုးလက်သို့ ပြန်ကောင်းပြန်လိမ့်မည်။ ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့ သွားလျှင်၊ သူတို့ စိတ် နှလုံးသည် မိမိတို့ သခင်ယုဒရှင်ဘုရင်ရောဗောင်ဘက်သို့ ပြောင်းလဲ၍၊ ငါ့ကို သတ်ပြီးမှယုဒရှင်ဘုရင်ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့သောကြောင့်၊ သူတပါးနှင့် တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသောအမှု ခက်လှ၏။ အို ဣသရေလ အမျိုး၊ သင်တို့ကို အဲဂုတ္တု ပြည် မှနှုတ် ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြလော့ ဟုဆိုလျက်၊ ဗေသလမြို့၌ တကောင်၊ ဒန်မြို့၌ တကောင်ကို ထားသဖြင့်၊ ပြစ်မှားစရာ အကြောင်းကို ပြုလေ၏။” (၃ရာ ၁၂:၂၆-၃၀)။ ယေယောဗောင်သည် ဘုရားသခင်၏ စကားကို မယုံဘဲ စိုးရိမ် သောကြောင့် သူ့ကို ချီးမြှောက်သော ဘုရားကို ဆန့်ကျင်၍ ဘုရား အမုန်းဆုံး ဖြစ်သော နွားရုပ်တုကို လုပ်ခြင်းအားဖြင့် ဘုရား၏ အမျက်တော်ကို နိုးဆော်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရ၍ နောက်ပိုင်းမင်းပြုသောသူများကို၊ “ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလ အမျိုးကို ပြစ်မှားစေသောလမ်း” ဟု အမြဲခိုင်းနှိုင်းခြင်းကို ခံရသည်။ ယေရောဗောင်သည် လုံးဝ စိုးရိမ်စရာ မရှိသော်လည်း တွေး၍ စိုးရိမ်ခြင်း ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဘာမှမ ဖြစ်သော်လည်း တွေး၍ စိုးရိမ် တတ်ကြသည်။ ထိုသို့ စိုးရိမ်ခြင်းသည် ဘုရားကို မယုံကြည်ခြင်း၏ လက္ခဏာ ဖြစ်သည်။ စိုးရိမ်ခြင်းအားဖြင့် အမှားမှား အယွင်းယွင်းလုပ်မိတတ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ငြိမ်သက်စွာ စောင့်ကြပါစို့။ 
 
 
ဧဝံဂေလိ ခရီးစဉ်
 ဧဝံဂေလိ အဖွဲ့သား များသည် Buffalo မြို့မှာမေလ ၂၆ ရက်နေ့အထိ သင် တန်းပေးပြီး နောက် Indianapolis သို့ မေလ ၂ရ ရက်နေ့တွင် ပြန်လာကြပါသည်။ လမ်း၌လည်း သမ္မာတရားများဆွေးနွေးခြင်းအားဖြင့် အလွန် အားရကြပါသည်။ 
ဇွန်လပဌမ တပတ်လုံးဆရာမောဇက်က အသင်းတော်၌ နံနက်တိုင်း ဆု တောင်းခြင်း၊ ကျမ်းစာ သင်ခြင်း ဦးဆောင်ခဲ့ပါသည်။ ဗျာဒိတ်ကျမ်း၄မှ ၆ အထိ သင်ကြားခြင်းအားဖြင့် များစွာ ခွန် အားရကြသည်။ ညပိုင်းတွင်လည်း အသင်းတော်၌ လူသစ်များကို ကျမ်းစာ သင်ပေးရာ များစွာ အောင်မြင်မှု ရရှိခဲ့ပါသည်။ ဆရာမဟန္နလည်း မေလနောက်ဆုံးပတ် တပတ်လုံး  Louisville, KY မြို့၌ ဧဝံဂေလိ တရားဟော ခဲ့သည်။ 

ဇွန်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ Van Tha, Van Thang, James, Piang တို့ လေးယောက်သည် Des Moises မြို့သို့ သွားကာဧဝံ ဂေလိ တရားဟောခဲ့ ကြသည်။

ထိုမြို့မှသုံးယောက်တို့သည် ဇွန်လ ၉ ရက်နေ့တွင် Kansas  မြို့သို့ သွား ကာ နှစ်နေရာ၌ သင် တန်း ပေးနေကြသည်။ ဆရာမောဇက်လည်း ထိုနေ့၌ လေယဉ်ဖြင် Kansas မြို့သို့ ရောက်ရှိလာကာ ဖလမ်း အသင်းတော်၌ သင်တန်းပေးနေသည်။ ဤ စာရေးနေချိန်တွင် သုံးနေရာ၌ သင်တန်း ပေးနေကြသည်။ 
ဆရာယောရှုသည် မြန်မာပြည်၊ အန​ြိယပြည်၊ ဩစ​တြေးလျပြည် များသို့ ဧဝံဂေလိ တရားဟောရာမှဇွန်လပဌမ အပတ်တွင် အိမ်သို့ ချောမောစွာ ပြန်လည် ရောက်ရှိလာပြီဟု သိရှိရပါသည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG