GOODNEWS
  HOME  GOODNEWS  2014 APR

 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော် ယနေ့ တိုင်ခံစား သောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ သတင်းကောင်း စာစောင်ကို ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ်လတိုင်း ထုတ် နိုင်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော် အလွန် ချီးမွမ်းပါသည်။ လစဉ်မှာယူ ဖတ်ရှုသောသူ အယောက်တိုင်း အပေါ် ဘုရားသခင်က ောင်းကြီး ပေးပါစေ။ အချို့သော ပုဂ္ဂိုလ်များနှင့် အသင်းတော် များသည် ဤစာစောင်ကို ဝယ်ယူ၍ အမှုတော် မြတ်ကြီး၌ ပါဝင်ခြင်းဟု ခံယူကာသူတပါးကို အခမဲ့ဝေပေးကြသောကြောင့်လည်း ကျေးဇူးတင်ပါသည်။ ယခုအခါ မြန်မာဘာသာအားဖြင့်သာမက ဘဲ ဟားခါးချင်းနှင့် ဖလမ်းချင်းဘာ သာအားဖြင့်လည်း ဧပြီလမှစတင်ထုတ်နိင်ပါပြီ။ ထို့ကြောင့် မြန်မာဘာသာဖြင့် မဖတ် နိုင်သောသူများလည်း ချင်းဘာသာနှစ်မျိုးဖြင့် စတင်ဖတ်ရှုနိင်ပြီ ဖြစ်သောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ လူတိုင်း ကယ်တင်ခြင်းသို့ ရောက်နိုင်ဘို့နှင့် ကြီးထွားရင့် ကျက်နိုင်ဘို့ကို အဓိကထား၍ ထုတ်ဝေခြင်း ဖြစ်သောကြောင့် ဆုတောင်းခြင်းဖြင့် ပါ ဝင်နိင်ကြပါသည်။ ယခုအခါ ချီဆောင်ခြင်းရောက်ရှိဘို့ အလွန် နီးကပ်လာပြီ ဖြစ်သောကြောင့် ရရှိသောအချိန် အနီးငယ်လေးအတွင်းမှာ ဝိညာဉ်ရေးရာ၌ အစွမ်းကုန်မိမိ၏ ဘဏ္ဍာ၊ စွမ်းအား၊ အချိန်နှင့် အတတ်ပညာများကို ရင်းနှီး မြှုပ်နှံဘို့ရန် တိုက်တွန်းလို ပါသည်။ 

ဤလောကသည် မကြာမှီပျက်စီး၍ ဘုရားသခင်က အသစ်ဖန်ဆင်းတော့မည် ဖြစ်သောကြောင့် ဤလောက အတွက် ရင်းနှီး မြှုပ်နှံချိန် မဟုတ်တော့ပါ။ ယခုအ ချိန်တွင် ဝိညာဉ်ရေးရာ၌ အားနည်းစေမည့် အရာမလုပ်သင့်ပါ။ အလုပ်လည်းအချိန် ပိုမလုပ်ဘဲ အသက်ရှင်လောက်အတွက် သာလုပ်သင့်သည်။ ယခုအချိန်တွင် ဝင်ငွေ ကောင်းနေပါက ဝိညာဉ်ရေးရာ၌ အားနည်းမည် ဖြစ်သည်။ ယခုအချိန်တွင် ခလေး မွေးသောသူများလည်း ဗျာများ နေသောကြောင့် ဝိညာဉ်ရေးရာ၌ ကျဆင်းစေမည် ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ အားနည်းစေမည့် အရာများကို ရှောင်၍ ဝိညာဉ် အစာစားလျက်၊ အခြားသူများကိုလည်း သတိပေးကြပါစို့။ 
 

ယခုလစာစောင်တွင်...

ရှင်ပြန်ထမြောက်ခြင်း 
အသင်းတော်ကို ပြန်ပေးဆွဲခြင်း 
ဆုတောင်းခြင်း အဓိကကျသော အရာများ 
အနတ္တသက်သက်
နောက်ဆုံးကမ္ဘာသတင်းများ
သက်သေခံခြင်းနှင့် ပြုစုပျိုးထောင်ခြင်း 
ဧဝံဂေလိ ခရီး 

 

ရှင်ပြန်ထမြောက်ခြင်း 
Moses R Cung


ရှင်ပြန်ထမြောက် ခြင်းသည် အသေခံခြင်း၏ အကျိုးဆက် ဖြစ်သည်။ ခရစ်တော် အသေခံခြင်း၌ အကျိုး များစွာ ရှိကြောင်း ယခင်လ၌ ဖေါ်ပြခဲ့ပြီး ပြီ။ သို့သော် ရှင် ပြန်ထမြောက်ခြင်း မရှိလျှင် မပြည့်စုံနိင်ချေ။ ခရစ်တော်၏ အသေခံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းသည် ငွေစက္ကူ၏ ခေါင်းနှင့် ပန်းနှင့် တူသည်။ ငွေစက္ကူ၌ ခေါင်းသာလျှင် ရှိ၍ ပန်းဖက်မရှိလျှင် မပြည့်စုံ သကဲ့သို့ ပန်းဖက်မျက်နှာသာလျှင် ရှိ၍ ခေါင်းဖက်မရှိလျှင် မပြည့်စုံသောကြောင့် သုံး၍ မရနိင်ချေ။ ထို့နည်းတူ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် အသေခံခြင်းသည် အဓိပ္ပါယ်မရှိချေ။ အသေခံခြင်း မရှိလျှင်လည်း ရှင်ပြန်ထမြောက်ခြင်း မရှိနိင်ချေ။ ရှင်ပြန်ထမြောက် ခြင်းသည် ယုံကြည်သူများ၏ အကြီးမားဆုံးသော မြော် လင့်ချက်၊ အောင်မြင် ချက် ဖြစ်သည်။ 

လူသည် သေရမှာကို အလွန် ကြောက်သည်၊ ဖြစ်နိင်လျှင် ထာဝရ အသက်ရှင်ချင် ကြသည်။ သို့သော် မည်မျှပင်ဂရုစိုက်၍ ပြုစုကုသသော်လည်း သေရ ကြသည်။ ကိုယ်ခန္ဓာသေခြင်းသည် အကြောက်ဆုံး ဖြစ်သည်။ သေရမှာကြောက်သောကြောင့် အလုပ်လုပ်ရသည်။ ခရစ်တော်က၊ “ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင် လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။” (ယော ၁၁:၂၅-၂၆) ဟုဆိုသော်လည်း လူသည် သေရမှာကို ကြောက်ဆဲ ဖြစ်ကြသည်။ ခရစ်တော်က သူ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ပြန်ရှင်မည်ဟု ဂတိပေးထားသည်။ သို့သော် သူ၏ စကားကို သူကိုယ်တိုင် သက်သေထူဘို့ လိုအပ်သည်။ လူသည် ပြောသကဲ့သို့ မလုပ်တတ်သောကြောင့် သခင်ယေရှု ကိုလည်း သူပြောရုံနှင့် မယုံကြည် နိင်ကြချေ။ ထို့ကြောင့် သူပြောသော စကားကို သူ၏ အသက်တာအားဖြင့် သက်သေထူဘို့ လိုသည်။ ခရစ်တော်သည် သေပြီး နောက်အသက်ရှင်ခြင်းအားဖြင့် သူသည် သေခြင်းကိုအောင် နိုင်ကြောင်း သက်သေပြခဲ့ပြီ။ ဟာလေလုယ။ 

ရှင်ပြန်ထမြောက် ခြင်းနှင့် ပတ်သက်၍ ရှင်ပေါလုက ၁ ကော ၁၅ ထဲ၌ ဤကဲ့သို့ ရေးသား ထားခဲ့သည်။ 
 
၁၃။ သေသော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက် တော်မမူ။” လူအနေဖြင့် ရှင်ပြန်ထမြောက် ခြင်းသည် မဖြစ်နိုင်ချေ။ လူထဲ၌ ရှင်ပြန်ထမြောက်ခြင်းသည် မဖြစ်ဘူးချေ။ ရှင်ပြန်ထမြောက်ခြင်းရှိခဲ့လျှင်လည်း ပြန်သေ၍ နောက် ထပ်မထမြောက် နိင်ကြတော့ချေ။ ထို့ကြောင့် ရှင်ပြန်ထမြောက် မည့် အရာကို ပြောသောအခါ ထိုအရာမျိုးမရှိဟု မယုံကြည် နိင်ကြချေ။ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ခရစ် တော်လည်း ထမြောက် တော်မမူ။ 
 
၁၄။ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိသင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ခရစ်တော်၏ ထမြောက် ခြင်းသည် အဘယ်မျှလောက်အ ရေးကြီး သနည်းဟူမူကား သူသာမထမြောက် ခ့​ဲလျှင် တရားဟောဆရာများ၏ ဟောပြောခြင်းမှ န်သမျှသည် အကျိုးမရှိ၊ ယုံကြည်သူများ၏ ယုံကြည်ခြင်းလည်း အကျိုးမရှိတော့ချေ။ ခရစ်ယာန် များ၏ ယုံကြည်ခြင်းသည် ခရစ်တော် ထမြောက်ခြင်း အပေါ်၌ တည် ဆောက်ထားခြင်း ဖြစ်သည်။ ခရစ်တော်သည် သာထမြောက်ခြင်း မရှိလျှင် တနင်္နွေနေ့ တိုင်း ဘုရားကျောင်း သွား၍ ရှိခိုးခြင်း၊ ဆယ်ဘို့ တဘို့နှင့် အလှူငွေပေးခြင်း၊ သီချင်းဆိုခြင်းနှင့် သက်သေခံခြင်း၊ ဆုတောင်းခြင်း၊ သာသနာ ပြု စေလွှတ်ခြင်း၊ ကျမ်းစာ သင်တန်းများ ပြုလုပ်ခြင်း၊ ဘုရားကျောင်းများ ဆောက်လုပ်ထိမ်းသိမ်းခြင်း၊ ဧဝံဂေလိ တရားဟော ထွက်ခြင်း၊ များသည် အချည်းနှီး ဖြစ်ကုန်သည်။ 
 
၁၅။ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏ အမှု မှာမမှန်သော သက်သေခံ ဖြစ်ကြ၏။ ၁၆။ အကြောင်းမူကား၊ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက် စေတော်မမူ။ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏ အကြောင်းကို သက်သေခံကြ၏။ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက် တော်မမူ။ ရှင်ပေါလုကသေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင် ခရစ်တော်သည် ထမြောက် တော်မမူ။ ခရစ် တော်သည် ထမြောက် တော်မမူလျှင် ငါတို့သည် ဘုရားသခင်၏ အမှု မှာမမှန်သော သက်သေခံ ဖြစ်ကြ၏ ဟုဆိုသည်။ အကြောင်းမှာ၊ “သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်းကို တမန်တော်တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ၊ ” ကြသည်။ (တ ၄:၃၃)။ တမန်တော် ကြီးများမှစ၍ ယုံကြည်သူများ၏ အဓိက သက်သေခံချက်သည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း ဖြစ်သည်။ ယုံကြည်သူများ၏ အဓိကဟောပြောခြင်းသည်လည်း ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း အပေါ်မူတည်နေသည်။ ထိုကြောင့် ရှင်ပြန်ထမြောက်ခြင်း မရှိ၊ ခရစ်တော်လည်း မထမြောက်လျှင် ယုံကြည်သူများနှင့် အမှုတော်ဆောင်များသည် မမှန်သော သက်သေခံများ ဖြစ်ကြသည်။ မမှန်သော သက်သေ ခံခြင်းသည် ပညတ်တော် ဆယ်ပါးထဲမှပညတ်တော်ကို ချိုးဖေါက်ခြင်း ဖြစ်သည်။ 
 
၁၇။ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ် အောက်၌ ရှိကြသေး၏။ ခရစ်တော်သည် ထမြောက် တော်မမူလျှင် သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ ဟုဆိုသည်။ အကြောင်းမှာ ယုံကြည်ခြင်းသည် ယခုဘဝ အတွက်သာ မဟုတ်၊ နောင်ဘဝအတွက်လည်း ဖြစ်သည်။ အထူးသဖြင့် ယုံကြည်သူများ၏ ယုံကြည်ခြင်းသည် ယခုဘဝ အတွက်ထက် နောင်ဘဝအတွက် အလွန် များသည်။ ထိုကြောင့် ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် နောင် ဘဝမရှိတော့ချေ။ 
 ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ယုံကြည်သူများသည် ဒုစရိုက်အပြစ် အောက်၌ ရှိကြသေးသည် ဟုဆိုသည်။ ခရစ်တော်က၊ “ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြ၏။” (ယော ၈:၃၄) ဟုဆိုသည်။ လူသည် မွေးဘွား လာသောအခါ ဒုစရိုက်၏ ​ကျွန် ဖြစ်သည်။ ထိုကြောင့် ဒုစရိုက်မလုပ်ဘဲ မနေနိင်ချေ။ ထိုကြောင့် ဘုရားသခင်က လူကို ဒုစရိုက်​ကျွန်မှ လွတ်မြောက်စေခြင်းငှါ ခရစ်တော်နှင့်အတူ အသေခံစေ၍ သင်္ဂြိုလ်ခဲ့သည်။ ရှင်ပြန်ထမြောက်သောအခါ လူဟောင်းဖြင့် မထတော့ဘဲ လူသစ်ဖြင့််ထမြောက် လာသည်။ ထိုလူသစ်သည် ဒုစရိုက်နှင့် မဆိုင်တော့ချေ။ 
 
၁၈။ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သော သူတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြပြီ။ ယုံကြည်သူများသေဆုံးခြင်းကို အိပ်ပျော်သည် ဟုဆိုသည်။ အကြောင်းမှာ ပြန်လည် ရှင်ပြန်ထမြောက်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်က သူ့ကို ယုံကြည်သောသူများသည် သေလွန်သော်လည်း ထမြောက် မည်ဟု ဂတိ ပေးခဲ့သည် မဟုတ်လော (ယော ၁၁:၂၅)။ ထိုမြော်လင့်ချက်နှင့် သေလွန်သောသူများသည် သေလွန်ခဲ့ ကြသည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်း မရှိပါက ထိုသေလွန်သောသူများ၏ မြော်လင့်ချက်သည် အကျိုးမရှိ။ သူတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြပြီ။ 
 
၁၉။ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌ သာမြော်လင့်စရာ ရှိလျှင်၊ အခြား သောသူ အပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။ ယုံကြည်သူများ၏ အဓိက ရည်ရွယ်ချက်၊ မျှော်မှန်းချက်သည် နောင်ဘဝ ဖြစ်သည်။ အကြောင်းမူကား ယခု ဘဝသည် ခဏသာတည်၍ နောင်ဘဝသည် ထာဝရ ဖြစ်မည်ဟု ယုံကြည် သောကြောင့် ဖြစ်သည်။ ထိုမြော်လင့်ခြင်းကြောင့် မယုံကြည်သူများကဲ့သို့ မသောက်မစား၊ မပျော်ပါးဘဲ အရာရာ၌ ချူပ်တည်း ကြသည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ထိုမြော်လင့်ချက်သည် အချည်းနှီး ဖြစ်၍ အခြားသောသူများထက် သာ၍ ဆင်းရဲသောသူများ ဖြစ်ကြသည်။ 
 
 
အသင်းတော်ကို ပြန်ပြေးဆွဲခြင်း 
Moses R Cung


ကမ္ဘာပေါ်ရှိ အသင်းတော် အများစုသည် ပြန်ပြေးဆွဲခံရသည်။ ပြန်ပြေးဆွဲဆိုသည်မှာ လေယဉ် ဖြစ်စေ၊ ဘတ်စကား ဖြစ်စေ၊ သွားရမည့် ပန်းတိုင်သို့ မသွားနိင်ဘဲ လမ်း ခရီး၌ လက်နက်ကိုင်အကြမ်းဖက်သမားများက အတင်း အဓမ္မ အခြားသို့ ဦးတည်သွား ခိုင်းခြင်းကို ဆိုလိုသည်။ အထင်ရှားဆုံးလေယဉ်ပြန်ပြေးဆွဲခြင်းသည် ၂၀၁၁ ခုနှစ်နယူးယောက်မြို့ရှိထွင်းထာဝါ ( ဤတငည ဤသတနမ)ကို လေယဉ်ပျံနှစ်စီးကတိုက်ခြင်း ဖြစ်သည်။ လေယဉ်ပျံသည် အိမ်တိုက်ဘို့နှင့် လူများ သေဘို့ရန် ပျံသန်းသည် မဟုတ်။ သို့သော် အ ကြမ်းဖက်သမားများ ကအသေခံ ဘို့ရန် အထပ် ၁၁၀ ရှိသော တိုက်အိမ်ကို တိုက်စေသောအခါ ခရီးသည် အားလုံး ပါအသေခံ ကြသည်။ 
 
အသင်းတော် ပြန်ပြေးဆွဲခံရ

ထိုနည်းတူ ယနေ့ အသင်းတော် များသည် ပြန်ပြေးဆွဲခံ နေကြသည်။ ထိုကြောင့် အနောက်နိင်ငံများ၌ အသင်းတော်များသေကာဘုရားကျောင်းတံခါးများ နေ့တိုင်း ပိတ် ကြသည်။ ဘုရားကျောင်းတက်မည့်သူများမရှိကြသောကြောင့် ဘုရားကျောင်းများသည် စားသောက်ဆိုင်များ၊ အခြား ဝိညာဉ်ရေးရာနှင့် မဆိုင်သော အိမ်များ အဖြစ်သို့ ပြောင်းလဲ ကြသည်။ အခြား အသင်းတော် များလည်း လူများ၍ တိုးတက်ကြသော်လည်း ပိုင်ရှင်၏ ရည်ရွယ်ချက်သို့ မသွားဘဲ အခြားပန်းတိုင်သို့ သွား နေကြသည်။ သို့သော် အ သင်းသားများအနေဖြင့် ပြန်ပြေးဆွဲခြင်း၌ ပါဝင် နေကြမှန်းလည်း မသိကြချေ။ ထို့ကြောင့် အားရဝမ်းမြောက်စွာဖြင့် ကခုန်မြူးတူး၍ ကျေနပ် နေကြသည်။ ပြောပြသောအခါ၌လည်း နားမလည် ကြသောကြောင့် ပြောပြသောသူကို ပါမုန်းကာ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားသည် ဟူ၍၎င်း၊ တဖက်စွန်းကျလွန်းသည်၊ ပြင်းထန်လွန်းသည်ဟု အမျိုးမျိုး နာမည်တပ်ကာတိုက်ခိုက် ကြသည်။ အသင်းတော်သည် ပြန်ပြေးဆွဲခံရကြောင်းမည် ကဲ့သို့ သိနိင်သနည်း။ 
 
ပိုင်ရှင်သိရမည်

အသင်းတော် ပြန်ပြေးဆွဲသိနိင်ရန်မှာ အသင်းတော်၏ ပိုင်ရှင်ကို ပဌမ ဦးစွာ သိဘို့ လိုသည်။ အသင်းတော်သည် သခင်ယေရှုက၊ “ငါဆိုသည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။” (မ ၁၆:၁၈) ဟုပြော ရာမှစသည်။ ခရစ်တော်က ဤကျောက်ပေါ်မှာ ငါ့ အသင်းတော်ကို ငါတည်ဆောက်မည် ဟုဆိုသည်။ ထို့ကြောင့် အသင်းတော်သည် ခရစ်တော် အပိုင် ဖြစ်သည်။ ထိုမျှသာ မကသူကတည်ဆောက်ဘို့ ရည်ရွယ်ထားသည်။ ယနေ့ ခရစ်ယာန် အများစုသည် အသင်းတော်၏ ပိုင်ရှင်ကို မသိသောကြောင့် မိမိတို့ ကြိုက်နှစ်သက်သလို အသင်းတော်ကို တည်ဆောက် နေကြသည်။ ပိုင်ရှင် ခရစ်တော် ကမတည်ဆောက်သော အသင်းတော်တိုင်းသည် ပြန်ပြေးဆွဲခံသော အသင်းတော် ဖြစ်သည်။ 
 
ယနေ့ အသင်းတော် ပိုင်ရှင်များ 

ယနေ့ အသင်းတော် အများစုသည် ခရစ်တော် ကမပိုင်ဘဲ မဆိုင်သောသူများ ကပိုင် နေကြသည်။ အချို့သော အသင်းတော် များသည် အသင်းအုပ်ဆရာ သို့မဟုတ် ဘုန်းကြီးများကပိုင် နေကြသည်။ ထိုကြောင့် အသင်းတော်သည် ထိုသူများ၏ အလို အတိုင်း သာသွားသည်။ အသင်းသားများက သူတို့၏ ဆရာများ အလိုမကျမှာကို စိုးရိမ်၍ သူတို့၏ အလိုကျနိင်ဘို့ ကြိုးစား ကြသည်။ အချို့သော အသင်းတော် များသည် အသင်းတော် လူကြီးများ သို့မဟုတ် ပြောနိင်ဆိုနိင်ရှိသော အသင်းတော် လူကြီး တဦး သို့မဟုတ် အချို့က ယပိုင်ဆိုင် ကြသည်။ ထို့ကြောင့် ထိုလူကြီး များ၏ ခွင့်ပြု ချက်မရလျှင် အဘယ်အရာကိုမျှ အလုပ်နိင်ချေ။ သင်းအုပ်ဆရာလည်း ချူပ်ချယ်ခံနေ ရသည်။ အချို့သော အသင်းတော် များသည် အသင်းသားများလူထုကပိုင်သည်။ ထို့ကြောင်း အများ သဘောတူ ဆုံးဖြတ်ချက်ဖြင့်သာ အသင်းတော် သွားရသည်။ ထိုအသင်းတော်များ၌ ခရစ်တော်သည် နေရာ လုံးဝ မရချေ။ 
 
အုပ်ချုပ်ပုံ

အသင်းတော်သည် သင်းအုပ်ဆရာကပိုင်လျှင် အာဏာရှင်ကဲ့သို့ အုပ် ချုပ်၍ သူ၏ အလိုဆန္ဒသည် အရေးကြီးဆုံး ဖြစ်သည်။ အစည်းအဝေးများများလုပ်စရာ မလို၊ သူ၏ လူယုံတော်များကို ညွှန်ကြား၍ သူလုပ်ချင်သော အရာများကို လုပ် သွားမည် ဖြစ်သည်။ အသင်းတော် လူကြီးများနှင့် အသင်းသားများပိုင်သော အသင်းတော် ဖြစ်လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့် ဘိုင်လောများသည် အလွန် အရေးကြီးသည်။ ထိုအရာများကို ခဏခဏကိုးကား၍ သူတို့ လိုချင်သောအရာ သို့ ဦးဆောင် တတ်သည်။ အသင်းတော် လူကြီးများ၏ အစည်းအဝေးသည် အလွန် ရှည်၍ တယောက်နှင့် တယောက် တိုက်ခံသောကြောင့် ပြသနာများကာ အသင်းတော်လည်း ကွဲသွားတတ်သည်။ မကွဲလျှင်လည်း အုပ်စုဖွဲ့ကာ အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော် မလှုပ်ရှားသောကြောင့် ​ခြောက်ကပ်တတ်သည်။ ဇာတိအားဖြင့် ဘုရားရှိခိုးကြသောကြောင့် ဝမ်းမြောက်မှု မရှိတတ်ချေ။ 

အထက်ပါ အသင်းတော် များသည် ပိုင်ရှင် ခရစ်တော်၏ အလိုဆန္ဒ ဖြစ်သော ဝိညာဉ်များချစ်ခြင်း မရှိသောကြောင့် ပျောက်ဆုံးသော ဝိညာဉ်များကိုလည်း ဖမ်းဘို့ မကြိုးစား ကြချေ။ ဝိညာဉ်များမချစ်သောကြောင့် ဧည့်သည်များကိုလည်း မချစ်၊ ဂရုမ စိုက်တတ်ချေ။ အချို့သော အသင်းတော်များ၌ ဧည့်သည်များကို ချစ်သော်လည်း ကယ် တင်ခြင်းသို့ ရောက်စေဘို့ရန် မဟုတ်ဘဲ မိမိတို့ ကဲ့သို့ ဘာသာဝင် ဖြစ်ဘို့ အတွက်သာ ရည်ရွယ် ကြသည်။ 
 
အသင်းတော် အမျိုးမျိုး 

ခရစ်တော် မပိုင်သော အသင်းတော် များသည် ရည်ရွယ်ချက် အမျိုးမျိုးရှိ၍ ထိုရည်ရွယ်ချက်များ အလိုက် အသင်းတော် ပုံစံ အမျိုးမျိုး ဖြစ်ကြသည်။ လူမျိုးရေး အသင်းတော် များသည် မိမိလူမျိုးပြုစုပျိုးထောင်ရေး၊ မိမိစကား ထိန်းသိမ်းရေးသည် အဓိက ဖြစ်သည်။ အသင်းသားရှာဖွေ နည်းလည်း ကိုယ့်လူမျိုး ဖြစ်လျှင် အသင်းသား ဖြစ်ရမည်ဟု ခံယူကာဆွယ် ကြသည်။ အကယ်၍ မဝင်လိုလျှင် အမျိုးမှပယ်ဖျက်မည်ဟု ခြိမ်းချောက် တတ်သည်။ ကယ်တင်ခြင်းနှင့် သမ္မာတရားသည် အရေးမထားချေ။ ဘိုးဘေးများ စွန့် ခဲ့သော ရိုးရာဝတ်စုံများနှင့် ပွဲများကို ပြန်လည်ထိန်းသိမ်း၍ ဘုရားကျောင်းပလ္လင်ပေါ်၌ ရိုးရာဝတ်စုံများနှင့်က ကြသည်။ ထိုအသင်းတော်၌ ခရစ်တော် ပင်လျှင် လက်ခံနိုင်မည်ဟုတ်။ 

လူမှု ရေး အသင်းတော် ဖြစ်လျှင် သာရေးနာရေးကို အဓိကထားသည်။ ထိုကြောင့် အသင်းသားရှာဖွေ ရာ၌လည်း လူမှုရေးအကူအညီပေးဘို့၊ အလုပ်ရှာပေးဘို့၊ နာရေး၌ မစဘို့၊ သေလျှင် ကောင်းစွာ သင်္ဂြိုလ်ဘို့များဖြင့် ဆွယ်တတ်ကြသည်။ ကောင်းကင်နိင်ငံရောက်ရှိရေး၊ ကယ်တင်ခြင်းသည် အဓိက မဟုတ်ချေ။ အားလုံး ကယ်တင်ခြင်းသို့ ရောက်ပြီဟု ခံယူကာ ကယ်တင်ခြင်းထက် ခရစ်ယာန် အသက်တာကိုသာ သင် ကြားလို ကြသည်။ 

ဂိုဏ်းဂဏ အသင်းတော် ဖြစ်လျှင် ဂိုဏ်းဂဏ၏ လုပ်နည်းလုပ်ထုံး၊ ဝတ်ပြုပုံ ပုံစံများကို အရေးထားသည်။ လုပ်နေကျအတိုင်း မလုပ်လျှင်အား မရချေ။ ကယ်တင်ခြင်းနှင့် သမ္မာတရားကို အလေးမထားသောကြောင့် သိလည်း မသိချေ။ ခရစ်တော်၏ အလိုဆန္ဒလည်း မသိသောကြောင့် ဂရုမစိုက်ချေ။ 

စိတ်လှုပ်ရှားမှုနှင့် နိမိတ်လက္ခဏာများ၊ အထူးအဆန်းများ ဦးစားပေးသော အသင်းတော် ဖြစ်လျှင် အသင်းတော်၌ စိတ်လှုပ်ရှားမည့် အရာအစီအစဉ်များ၊ ထူးဆန်းသော နိမိတ်လက္ခဏာများသည် အရေးထားသည်။ ထိုသို့သော အသင်းတော်များ၌ သီချင်းကို အဓိကထား၍ ဆူညံစွာကိုးကွယ်တတ်သည်။ သမ္မာတရား တည်းဟူသော ခရစ်တော်၏ အလိုတော်ကို မသိသောကြောင့် စိတ်လှုပ်ရှားခြင်း၊ တက်ကြွခြင်းအားဖြင့် အားရကျေနပ် နေကြသည်။ ထူးဆန်းသောအရာ တိုင်းကို မစစ်ဆေးဘဲ လက်ခံကာ ဝိညာဉ်တော်ဟု အားလုံး လက်ခံတတ်သည်။ 
 
ခရစ်တော်၏ အသင်းတော် 

ခရစ်တော် တည်ဆောက်လိုသော အသင်းတော်သည် သူကိုယ်တိုင် ဤ ကဲ့သို့ ပြောခဲ့သည်၊ “ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ ကောင်းကင်နိင်ငံတော်၏သော့တို့ ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှ ာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှ ာ ဖြည်လွှတ် သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်” (မ ၁၆:၁၈-၁၉)။ ခရစ်တော် တည်ဆောက်သော အသင်းတော်သည် မရဏာနိင်ငံ၏ တံခါးပိတ်ဘို့ ဖြစ်သည်။ မရဏာနိင်ငံသည် နေ့တိုင်း လူ များစွာကို ဝါးမျိုလျက် ရှိသည်။ သို့သော် အသင်းတော်သည် ထိုတံခါးကို ပိတ်ရမည်။ မည်ကဲ့သို့ ပိတ်မည်နည်း။ ကောင်းကင် တံခါးသော့ကို ဖွင့်ခြင်းအားဖြင့် ပိတ်ရမည်။ လူများသည် ကောင်းကင် တက်ရမှန်း မသိကြချေ။ သိလျှင်လည်း တက်ချင်သော စိတ်မရှိကြ။ အကြောင်းမှာ ကောင်းကင်ထက် ဤလောကကို စွဲလန်းသောကြောင့် ဖြစ်သည်။ သို့သော် ဤလောကသည် တည်မြဲသည် မဟုတ်။ ထိုမျှသာမက လောက မပျက်မှီလူများသည် သေရ ကြသည်။ နေ့တိုင်း လူမြောက် များစွာ သေကြသော်လည်း သင်ခန်းစာမရကြချေ။ ထိုကြောင့် ထိုသူများကို သတိပေးဘို့ရန် ခရစ်တော်က အသင်းတော်ကို တာဝန် ပေးထားသည်။ သို့သော် အသင်းတော်သည် ထိုတာဝန်ကို ု လုံးဝ မဆောင်ရွက်လိုချေ။ အကြောင်းရင်း များစွာ ရှိသည်။ အဓိကအကြောင်းရင်းသည် အသင်းတော် ကိုယ်တိုင် ကောင်းကင်နိင်ငံစိတ်မဝင်စား၊ လောကကိုသာလျှင် ချစ်သည်။ အသင်းတော် အများစုသည် အမည်သာခံ၍ အတု ဖြစ်နေကြသည်။ ထို့ကြောင့် လူများ ငရဲသွားမှန်းလည်း မသိချေ။ သိလျှင်လည်း ဂရုမစိုက်ချေ။ 
 
သက်သေခံဘို့ 

အသင်းတော် ဟုဆိုရာတွင် သင်းအုပ်ဆရာသာလျှင် မဟုတ်။ အသင်းတော် လူကြီးများမှစ၍ အသင်းသား တိုင်း ဖြစ်သည်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက် ခံသောသူတိုင်းသည် အသင်းတော် ဖြစ်သည်။ ထိုသူများ၏ တာဝန် မှာလူများကို ုငရဲ မသွားရလေအောင် ငရဲတံခါးပိတ်ပေး၍ ကောင်းကင်နိင်ငံတံခါးသော့ကို ဖွင့်ပေးရမည်။ မည်ကဲ့သို့ ပိတ်ပေး၍ မည်ကဲ့သို့ ဖွင့်ပေးရမည်နည်း။ ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို ပြောပြခြင်းအားဖြင့် လုပ်နိင်သည်။ ထိုအ လုပ်သည် သင်းအုပ်ဆရာများ၊ တရားဟော ဆရာများသာ မဟုတ်၊ ယုံကြည်သူတိုင်း ကလုပ်ရမည့် အလုပ် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ရရှိထားသောသူတိုင်း လုပ်ရမည့် တာဝန် ဖြစ်သည်။ အကြောင်းမူကား၊ သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း၏ အကြောင်းရင်းသည် သက်သေခံဘို့ ဖြစ်သည်။ ထို့ကြောင့် သင်၏ အသက်တာသည် ပျောက်ဆုံးဝိညာဉ် များမဖမ်း၊ ဝိညာဉ်များကို မချစ်လျှင် ခရစ်တော် အလိုရှိသော အသက်တာ မဟုတ်။ ထို့နည်းတူ သင်၏ အသင်းတော်သည် သက်သေမခံ၊ ဝိညာဉ်များကို ဂရုမစိုက်၊ ခရစ်တော် ခိုင်းသော အလုပ်ကို မလုပ်လျှင် အသင်းတော် အစစ် မဟုတ်၊ စာတန်၏ အသင်းတော် ဖြစ်သည်။ 
 
ဘာလုပ် နေကြသနည်း

အသင်းတော် များသည် ခရစ်တော် ခိုင်းသော အလုပ်မလုပ်သော်လည်း အလုပ်ရှုပ် နေကြသည်။ သို့ဖြစ်လျှင် ဘာလုပ် နေကြသနည်း။ အသင်းတော် လူကြီးများဖြစ်လျှင် ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေနှင့် ဘိုင်လောများကို ရေးဆွဲ၍ အစည်းအဝေးများကို လုပ် နေကြသည်။ ထိုအစည်းအဝေးများသည် ခရစ်တော် ခိုင်းသော အလုပ်ကို မည်ကဲ့သို့ အကောင်အထည် ဖေါ်ရမည်နည်းဟူသောအရာ မဟုတ်၊ မိမိတို့ အလိုဆန္ဒကို မည်ကဲ့သို့ အကောင်အထည် ဖေါ်နိင်မည်နည်းဟူသော အရာများ ဖြစ်သည်။ အလိုဆန္ဒချင်းမတူကြသောအခါ အကြိတ် အနယ် ဆွေးနွေးကြ၊ တိုက်ကြခိုက် ကြသည်။ သဘောတူသော အရာများ ထဲ၌လည်း ခရစ်တော် ချစ်သော ဝိညာဉ်များ ကောင်းကင်နိင်ငံသို့ ခေါ်သွင်းမည့် အရာမပါ။ အဆောက်အဦး အတွက်၊ ပွဲလုပ်မည့် အရာများ အတွက်၊ လူမှုရေးကိစ္စ ဖြစ်သော သာရေးနာရေးကိစ္စများ အတွက်သာလျှင် ဖြစ်သည်။ အမျိုးသမီးခေါင်းဆောင်များအနေဖြင့်လည်း ထို့နည်းတူ ဖြစ်သည်။ လူငယ်များလည်း သီချင်းနှင့် တူရိယာများ အတွက်၊ သီချင်းဆိုပြိုင်ပွဲ၊ ချီးမွမ်းခြင်း သီချင်းဆိုခြင်း အတွက်၊ ပျော်ပွဲစားသွားမည့််အရာအတွက် စသည်ဖြင့် အလုပ်ရှုပ် နေကြသည်။ ခရစ်တော် ခိုင်းသော ပျောက်ဆုံးဝိညာဉ် ဖမ်းမည်ကိစ္စ ဆွေးနွေးလာလျှင် လုံးဝ တိတ်ဆိတ်ကာ နောက်တဖန် မပေါ်ကြတော့ချေ။ ခလေးများကိုလည်း ကျမ်းပိုဒ်အလွတ်ကျက်ခြင်း၊ သီချင်း တိုလေးများ သင်ပေးခြင်းဖြင့် ကျေနပ် နေကြသည်။ ကယ်တင်ခြင်း အကြောင်း မပြောကြချေ။ သာသနာ ပြုလုပ် ငန်းအတွက် ပါဝင် စေလွှတ်ကြသော်လည်း ကိုယ်တိုင် ကယ်တင်ခြင်း မသိသောအခါ ကယ်တင်ခြင်း အကြောင်း ပြောဘို့ အဓိက မဟုတ်။ အဖြစ် သဘော လွှတ် ကြသည်။ တောမျိုးစေ့ကြဲလိုက်ခြင်း သာလျှင် ဖြစ်သည်။ ဘာသာသိမ်းသွင်းဘို့ သာလျှင် ဖြစ်သည်။ 

ထို့ကြောင့် အချုပ်အားဖြင့် ဆိုသော်ယနေ့ အသင်းတော် အများစုသည် စာတန် သို့မဟုတ် စာတန် လူများ ကပြန်ပြေးဆွဲခံနေရကြောင်း ဝမ်းနည်းဘွယ်ရာတွေ့မြင်နေရသည်။ ကယ်တင်ခြင်း မသိသော အသင်းတော်များသာ မဟုတ်၊ ကယ်တင်ခြင်း လက်ခံသော အသင်းတော် များလည်း ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်သွားပြီးလျှင် ခရစ်တော် ခိုင်းသော အလုပ်လုပ်ဘို့ မသိကြတော့ချေ။ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် ဧဝံ ဂေလိဆရာများ အလုပ်ဟု သတ်မှတ်ကာ အလှူငွေပေးခြင်း၊ ဆုတောင်းခြင်းဖြင့် သာပါဝင်ဘို့ သိကြသည်။ ဝိညာဉ်များပြုစုပျိုးထောင်ခြင်းလည်း လိုအပ်မှန်း မသိ သောကြောင့် မလုပ်ကြချေ။ မလုပ်ကြသောကြောင့်လည်း မတတ်ချေ။ ထိုသို့အားဖြင့် အသင်းတော် များသည် တဖြည်းဖြည်းသေကာနောက်ဆုံး၌ စာတန် အလိုဆန္ဒ အတိုင်း လူများ ငရဲထဲသို့ ပြန်သွားရကြသည်ကို ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။ 
 
 
ဆုတောင်းခြင်း၌ အဓိကကျသော အရာများ 
ဆရာပါအုပ် (Battle Creek, MI GBC သင်းအုပ်)

၁။ ယုံကြည်ခြင်းနှင့် တောင်းခြင်း

(၁) ဆုတောင်းခြင်း၏ အဓိကတောင်းဆိုချက်သည် ယုံကြည်ခြင်း ပင် ဖြစ်သည်။ 

(က) ယုံမှားခြင်းနှင့် ကင်းလျက် ဆုတောင်း သမျှတို့ကို ရရှိမည်။ “ယေရှုက လည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့် ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြု သကဲ့သို့ သင်တို့ ပြုနိုင်သည်သာမက၊ ထိုတောင်ကို ပင်နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ ဟုဆိုလျှင် ဆိုသည် အတိုင်း ဖြစ်လိမ့်မည်။ ယုံကြည်ခြင်း ပါလျက် ပဌနာ ပြု၍ ဆုတောင်း သမျှတို့ကို သင်တို့သည် ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။” (မ ၂၁:၂၁-၂၂)။ “ယေရှုကလည်း၊ သင်သည် ယုံလျှင် ဘုရားသခင်၏ ဘုန်း အာနုဘော် တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။” (ယော ၁၁:၄၀)။ 

(ခ) တွေးတောခြင်း၊ စိတ်နှစ်ခွမရှိဘဲ တောင်းရမည်။ “သင်တို့တွင် တစုံ တယောက်သောသူသည် ပညာကို လိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင် ရလိမ့်မည်။ သို့ရာတွင် တွေးတောခြင်း မရှိဘဲ ယုံကြည်သော စိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့် တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်မှ တစုံတခုကို ရမည်ဟု မထင်မမှတ်စေနှင့်။” (ယာ ၁:၅-၈) 

(၂) ဘုရားသခင်ကို ယုံကြည် ရမည်။ 

(က) ယုံကြည်ခြင်းသည် ဘုရားသခင်၏ စကားတော်အားဖြင့် လာသည်။ “သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည် လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရော ၁၀:၁ရ)။ “ယုံကြည်ခြင်းသည် မြော်လင့်သောအရာ တို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ မမြင် သေးသောအရာ တို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်း ဖြစ်၏။ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။ ယခုမြင်ရသောအရာ တို့သည်၊ အရင်ထင်ရှားသောအရာ ထဲကမ ဖြစ်ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့် သာတည်သည်ကို ငါတို့သည် 
ယုံကြည်ခြင်းအားဖြင့် သိကြ၏။” (ဟေ ၁၁:၁-၃) 

(ခ) ကိုယ်တော်ကို ရှာသော သူတို့အား အကျိုး ပေးတော်မူ သည်ကို ယုံကြည် ရမည်။ “ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။” (ဟေ ၁၁:၆)။ “ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကို ခံရသော်လည်း၊ ထာဝရဘုရားကို ရှာသော သူတို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှမလိုရာ။” (ဆာ ၃၄:၁၀)။ 
 
၂။ နှိမ့်ချခြင်းနှင့် ဆုတောင်းခြင်း 

 (၁) ဘုရားသခင် ရှေ့၌ စိတ်နှလုံးနှိမ့်ချခြင်း။ “ယဇ်ပူဇော်ခြင်းကို အလိုတော် မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကို ပင်နှစ်သက်တော်မမူ၊၊ ဘု ရားသခင်နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရား သခင်ကိုယ်တော်သည် ကျိုးပဲ့​ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊ ” (ဆာ ၅၁ ; ၁၆-၁ရ)။ “ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသော သူတို့နှင့် နှလုံး​ကြေကွဲသော သူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ ကိုလည်း ကယ်တင်တော်မူ၏။” 
 (ဆာ ၃၄:၁၈)။ 

 (၂) နှိမ့်ချစွာ ဆုတောင်းခြင်း။ “အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော် မကြည့်ဝံ့ဘဲ ရင်ပတ်ကို ခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အ​ကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်း လေ၏။ ၁၄ ငါဆိုသည်ကား၊ ထိုသူသည် အပြစ် ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ် မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူ မည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။” 
 (လု ၁၈:၁၃-၁၄)။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက် နှာကို ရှာလျက် ဆုတောင်း ပဌနာ ပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့ အပြစ်ကို ​ဖြေ၍ သူတို့ကို ချမ်းသာ ပေးမည်။” (၆ရာ ရး၁၄)။ 
 
၃။ ဘုရားသခင်၏ အလိုတော်အတိုင်း တောင်းခံခြင်း 

(၁) အလိုတော်နှင့် အညီ ဆုတောင်းခြင်း။ “ထိုမှတပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည် အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်း အမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်း သူတို့၏ ဆုတောင်းခြင်း အမှုကို ဘုရားသခင်၏ အလိုတော်နှင့် အညီစောင့်မတော်မူ၏။” (ရော ၈:၂၆-၂ရ)။ “ငါတို့သည် အလိုတော်နှင့် အညီတစုံတ ခုသော ဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။” (၁ ယော ၅:၁၄)။ 

(၂) အလိုတော်အတိုင်း ဖြစ်ပါစေ။ “အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အ​ကျွန်ုပ် မှလွှဲတော်မူပါ။ သို့သော်လည်း အ​ကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။” (လု ၂၂:၄၂)။ 
 
၄။ ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် တောင်းလျှောက်ခြင်း 

(၁) ကျေးဇူးတော်ကို သိသော စိတ်။ “အကြောင်းမူကား၊ ထို သူတို့သည် ဘုရားသခင်ကို သိလျက် ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်း၊ ကျေးဇူးတော် ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။” (ရော ၁:၂၁)။ “ခပ်သိမ်းသောအရာ တို့၌ ကျေးဇူးတော်ကြီး လှပါ၏ဟု ငါတို့ သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင့်ရှေ့၊ ကာလ အစဉ်မပြတ် ဝန်ခံကြလော့။” (ဧဖက် ၅:၂၀)။ “အကြင်သူသည် ကျေးဇူးကို မသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏ အိမ်သည် မကောင်းသော အမှုနှင့် မကင်းမလွတ်ရ။” 
 (သု ၁ရး၁၃)။ “ကျေးဇူးတော်ကို ကြီးမား ပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ ကို၎င်း၊ ဂုဏ်တော်ကို ချီးမွမ်းလျက် တန်တိုင်းတော်တို့ ကို၎င်းဝင်ကြလော့။ ကျေးဇူးတော်ကို ချီး မွမ်း၍ နာမတော်ကို ကောင်းကြီး ပေးကြလော့။” (ဆာ ၁၀၀:၄)။ 

(၂) ကျေးဇူးတော် ချီးမွမ်းလျက် ဆုတောင်းခြင်း။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်ပဌနာ ပြုသော အားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” 
 (ဖိလိ ၄:၆)။ “ဆုတောင်း ပဌနာပြုခြင်း အမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။” (ကော ၄:၂) 
 
၅။ ခရစ်တော်၏ နာမကို အမှီပြု၍ ဆုတောင်းခြင်း 

(၁) ခရစ်တော် မိန့်မှာသည့်အရာ။ “သင်တို့သည် ငါ၏ နာမကို အမှီပြု၍ တစုံတခုသော ဆုကို တောင်းလျှင်၊ တောင်းသည် အတိုင်း ငါပြုမည်။” “ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်း သမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။” (ယော ၁၆:၂၃)။ 

(၂) သားတော်အားဖြင့် ဘုန်းထင်ရှားရှိမည့် အကြောင်း။ “သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်း သမျှ အတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်း တည်း။” (ယော ၁၄ ; ၁၃)။ 

(၃) ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်။ “မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ် ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူ ဖြစ်တော်မူ၏။” (ဟေ ၆:၂၀)။ “ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရော ဟိတ်မင်းအရာ၌ မိမိကို မိမိချီးမြှောက်သည် မဟုတ်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင် သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏။ ထိုသို့နှင့် အညီကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်း တူထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု လာသတည်း။” (ဟေ ၅:၅-၆) “ယေရှု မူကား၊ နိစ္စ ထာဝရ တည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားလျက် ရှိ၏။” (ဟေ ရး၂၄)။ 

(၄) ခရစ်တော်အားဖြင့် ဘုရားသခင် စေရောက်သော ကြောင်။ “ထိုကြောင့်၊ အကြင် သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထို သူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ်အသက်ရှင်သောကြောင့်၊၊ သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။” (ဟေ ရး၂၅)။ “ယေရှုက၊ ငါသည် လမ်း ခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ် သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော ၁၄:၆)။ 
 
၆။ စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းခြင်း 

(၁) စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းခြင်းက ဘုရားသခင်၏ စိတ်တော်ကိုတို့ ထိစေသည်။ “သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည် တမ်းခြင်းနှင့် တကွ၊ စိတ်နှလုံးအကြွင်းမဲ့၊ ငါ့ထံသို့ ပြန်လာကြလော့။ ဤဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သော သဘော၊ အလွန် ကျေးဇူးပြု ချင်သော သဘော၊ အပြစ် ပေးခြင်းကို နောင်တရတတ်သော သဘော ရှိတော်မူ၏။” (ယောလ ၂:၁၂-၁၃)။ “စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော် လည်း၊ စကား သံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊ သင်သည် အဘယ်မျှကာလ ပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ ဟုဆို၏။ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညိုးငယ်သော မိန်းမ ဖြစ်၏။ စပျစ်ရည်ကို မသောက်ပါ။ သေရည်သေရက်ကို မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။” (၁ရာ ၁:၁၃-၁၅)။ 

(၂) စိတ်နှလုံးအကြွင်းမဲ့ကိုးစားအပ်နှံခြင်း။ “ကိုယ်အမှု အရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊ ကိုယ်အမှု အရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊ ” (ဆာ ၃ရး၅)။ “ထာဝရဘုရားကို စိတ်နှလုံးအ ကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို မမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု ၃:၅-၆)။ 

(၃) စိတ်နှလုံးအကြွင်းမဲ့ မျှော်လင့်လျက် ဆုတောင်းခြင်း။ “ကောင်းကင်ဘုံ၌ ကျိန်း ဝပ်တော်မူသော ဘုရား၊ ကိုယ်တော်ကို အ​ကျွန်ုပ်မျှော်ကြည့်ပါ၏။ ​ကျွန်တို့သည် သခင်လက်ကို၎င်း၊ ​ကျွန်မတို့သည် သခင်မလက်ကို၎င်း၊ မျှော်ကြည့်သည် နည်းတူ၊ အ​ကျွန်ုပ်တို့သည် ကယ်မသနားတော်မူခြင်း ကျေးဇူးကို မခံမှီတိုင်အောင်၊ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကိုမျှ ော်ကြည့်လျှက် နေကြပါ၏။” (ဆာ ၁၂၃:၁-၂)။ “ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သော သူတို့သည် ရှက် ကြောက်ခြင်း မရှိကြောင်းကို၎င်း၊ သင်သိလိမ့်မည်။” (ဟေရှာယ ၄၉:၂၃)။ 

(၄) ကာလ အစဉ်စိတ်နှလုံးပါလျက် ဆုတောင်း ပဌနာ ပြုခြင်း။ “ကာလ အစဉ်စိတ် နှလုံးပါလျက် ဆုတောင်း ပဌနာ ပြုခြင်း အမျိုးမျိုးတို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆု တောင်းခြင်း ငှါအား မလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့ အဘို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။” (ဧဖက် ၆:၁၈)။ 
 
အနတ္တသက်သက်
Moses R Cung


လူသည် ဤလောက၌ မည်မျှပင်အောင်မြင်သော်လည်း ကယ်တင်ခြင်းသို့ မရောက်၊ သေလျှင် ကောင်းကင် နိုင်ငံသို့ မရောက်လျှင် အသက်ရှင်ရကျိုးမနပ်ပါ။ 
 
လူကို ဖန်ဆင်းသူသခင်ယေရှုက၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (မ ၁၆:၂၆)ဟု သတိပေးနေသော်လည်း လူအများစုက လုံးဝ ဂရု မစိုက်ကြချေ။ လူအများစုသည် ခဏသာ ယပိုင်ဆိုင်မည့် ဤလောကအရာကိုသာ အသက် ပေး၊ အချိန် ပေး၊ ခွန် အားရှိသမျှ စိုက်ထုတ်၍ ရှာဖွေ နေကြသည်။ နေ့စဉ်နှင့် အမျှချမ်း သာသောသူများ၊ ပညာရှိများ၊ အောင်မြင် ကျော်ကြားသောသူများ သေကြ၊ မြှပ်နှံကြသော်လည်း လုံးဝ သတိမထားကြချေ။ ဤလောက၌ နှစ်ပေါင်း များစွာ အသက်ရှင်မှာ ကဲ့သို့ လောဘကြီးစွာ ကြိုးစားရှာဖွေ နေကြဆဲ ဖြစ်သည်။ ​ကျွန်ပ်တို့ အရင် ဤလောက၏ စည်းစိမ်ကို ရှာဖွေ၍ လိုတရခဲ့သော ရှောလမုန်မင်းကြီးအားဖြင့် သခ်န်းစာယူကြစို့။ 

ဘုရားသခင်သည် လူသားများ၏ အလိုဆန္ဒကို သိသောကြောင့် ရှောလမုန်မင်း ကြီးကို အလိုဆန္ဒရှိသမျှ လိုက်၍ ပေးခဲ့သည်။ သူသည် ကမ္ဘာ့ အချမ်းသာ ဆုံး ဖြစ်မည်။ ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန် ပေါင်း အခွက်​ခြောက်ရာ ​ခြောက်ဆယ်​ခြောက်ပိဿာ ဖြစ်သတည်း။ ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များ ဆက်သော ရွှေရှိသေး၏။ ၁၃၊ ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန် ပေါင်းအခွက်​ခြောက်ရာ​ခြောက်ဆယ်​ခြောက် ပိဿာ ဖြစ်သတည်း။ ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသများ၊ အာရပ်မင်းကြီးရှိသ မျှ၊ မြို့ဝန်များ ဆက်သော ရွှေရှိသေး၏။ ရှောလမုန်မင်းကြီးသည် ရွှေ​ခြောက်ပိဿာဆီဖြင့် ဒိုင်းကြီး နှစ်ရာ၊ သုံးပိဿာဆီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တော သစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။ ၁၇၊ ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီးကို လုပ်၍ ရွှေစင်နှင့် မွမ်းမံလေ၏။ ၁၈၊ လှေခါး​ခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇပလ္လင်တော်နှင့််တဆက်တည်းရှိ၏။ ထိုင်ရာတဘက်တချက်၌ မှီစ ရာလက်ရုံးတန်းနှင့် ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာခြင်္သေ့နှစ်ကောင်ရပ်နေ၏။ ၁၉၊ လှေခါး​ခြောက်ထစ် အပေါ်တွင်၊ တဘက်တချက်၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ် နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်း နိုင်ငံ၌ မျှမရှိ။ ၂၀၊ ရှောလမုန်မင်းကြီး သောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသော ဖလားတော် ရှိသ မျှတို့သည် ငွေဖလား မဟုတ်ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို မလျင်းပမာမပြုတတ်ကြ။ ရှင်ဘုရင်၏ သင်္ဘောသည် ဟိရန်မင်း​ကျွန်တို့နှင့် တာရှုမြို့သို့ သွားတတ်သဖြင့် သုံးနှစ်တခါတာရှုသင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။ (၆ရာ ၉:၁၃-၂၁)။ 

ထိုသို့ ဘုရားသခင်သည် ရှောလမုန်ကို ဥစ္စာပစ္စည်းမှစ၍ ကိုယ်ကာယ၏ တပ် မက်ခြင်းမှ န်သမျှ ကိုလည်း ပေးခဲ့ကြောင်း သူကိုယ်တိုင် ဤသို့ ရေးသား ခဲ့သည်၊ “ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ၊၊ ရွှင်လန်းခြင်းအားဖြင့် သင့်ကို ငါစုံစမ်းမည်၊၊ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ ဟုဆိုရာတွင် ထိုအမှု အရာသည်လည်း အနတ္တ ဖြစ်လေ၏၊၊ ၂၊ ရယ်မောခြင်းကို သင်သည် အရှုး ဖြစ်၏ ဟူ၍၎င်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ ပြုသနည်းဟူ၍၎င်းငါဆိုရ၏၊၊ ၃၊ တဖန် လူသားတို့သည် မိုဃ်း ကောင်းကင်အောက်၌၊ တသက်လုံးပြုသင့်သောအမှု ကောင်းကို သိအံ့သောငှါ၊ ပညာ တရားကို လေ့ကျင့်လျက်နှင့် စပျစ်ရည်အလိုသို့ လိုက်၍ မိုက်သော အကျင့်ဓလေ့၌ ကျင် လည်ခြင်းငှာ၊ ငါကြံစည်၏၊၊ ၄၊ကြီး ကျယ်သော အလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏၊၊ စပျစ်ဥယျာဉ်တို့ ကိုလည်း စိုက်၏၊၊ ၅၊ ဥယျာဉ် အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီး မျိုးကို သီးသော အပင်တို့ ကိုလည်း စိုက်၏၊၊ ၆၊ သစ်ပင်မျိုးနှင့် ပြည့်စုံသော တောကို ရေလောင်းစရာဘို့ ရေကန်တို့ ကိုလည်း လုပ်၏၊၊ ၇၊ ​ကျွန်ယောကျ်ား​ကျွန်မမိန်းတို့ကို သိမ်း ယူ၍၊ ​ကျွန်သား ပေါက်များလည်းရှိကြ၏။ ငါ့အရင် ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူအ ပေါင်းတို့ထက် ငါသည် တိရစ္ဆာန်အကြီး အငယ်တို့နှင့် အလွန် ရတတ်၏။ ၈၊ ရွှေငွေကို ၄င်း၊ ရှင်ဘုရင်နှင့် ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသော အခွန်ကို၎င်း၊ ငါဆည်းဖူး၏၊၊ အငြိမ့်သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်လျှာမိန်းမ မောင်းမမိဿံတို့ကို၎င်း၊ ငါသိမ်းယူ၏၊၊ ၉၊ ထိုသို့ ငါ့အရင်ယေရုရှင်လင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ငါသည် တိုးပွား၍ကြီး မြင့်ခြင်းသို့ ရောက်၏၊၊ ငါ့ပညာလည်း တည်လျက် ရှိ၏၊၊ ၁၀၊ ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစုံတခုကိုမျှ မငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှ မပယ်၊၊ ငါကြိုးစား သမျှတို့၌ ဝမ်းမြောက်လျက် ရှိ၍ ကြိုးစားခြင်း အကျိုးကို ခံရ၏၊၊ ၁၁၊ ထိုအခါ စီရင်ပြုပြင်သမျှ ငါကြိုးစားခြင်း အကျိုးကို ခံရ၏၊၊ ထိုအခါ ငါ့စိတ် ရွှင်လန်းစရာ တစုံတရာကိုမျှ မပယ်။ ငါကြိုးစား သမျှတို့၌ ဝမ်းမြောက်လျက် ရှိ၍ ကြိုးစားခြင်း အကျိုးကို ခံရ၏။ ထိုအခါ ငါစီရင်ပြုပြင်သမျှ ငါကြိုးစားအား ထုတ်သမျှတို့ကို ငါကြည့် ရှု၍ အလုံးစုံတို့သည် အနတ္တအမှု လေကို ကျက်စားသောအမှု ဖြစ်ကြ၏။ နေအောက်မှာ ကောင်းသော အကျိုးတစုံတခုမျှမရှိ။” (ဒေသနာ ၂:၁-၁၁) 

​ကျွန်ပ်တို့သည် ရှောလမုန်မင်းကြီး စည်းစိမ်၏ တစ်ရာခိုင်နှုန်းမျှပင် မမျှော်မှန်းသော်လည်း ကိုယ့်အတိုင်း အတာအားဖြင့် အလွန် အရေးကြီးသည်ဟု ထင်ကာ ဤလော က၏ အောင်မြင် ကျော်ကြားချမ်းသာ မှုကို ရှာဖွေ ကြသည်။ အဘယ်ကြောင့် ဘုရားသခင်သည် ရှောမုန်ကို ထိုကဲ့သို့ အလိုလိုက်ခဲ့သနည်းဟူမူကား ​ကျွန်ပ်တို့ကို သင်ခန်းစာပေးလိုသောကြောင့် ဖြစ်သည်။ လူသည် ဤလောက၏ ဘုန်းစည်းစိမ်ထက် ကောင်းကင် ဘုန်း စည်းစိမ်ကိုမျှ ော်မှန်းသင့်သည်။ အကြောင်းမှာ ဤလောက ဘုန်းစည်းစိမ်သည် ခဏသာတည်၍ ပျောက်ပျက်သွားမည် ဖြစ်သည်။ ကောင်းကင် ဘုန်းစည်းစိမ်မူကား ထာဝရ တည်မည် ဖြစ်သည်။ ထို့ကြောင့်၊ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှ ာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမ ဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏။” (မ ၆:၁၉-၂၁)ဟု သခင်ယေရှု ကအကြံပေးခဲ့သည် မဟုတ်လော။ ရှင်ပေါလုက၊ “ငါတို့၏ ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်း လူမူကား တနေ့ထက် တနေ့ပြုပြင်ခြင်းကို ခံရ၏။ အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသောအရာ တို့သည် ခဏသာတည်၍၊ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသောအရာ တို့ကို မကြည့်မမှတ်ဘဲ၊ မထင်ရှားသောအရာ တို့ကို ကြည့်မှတ််ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းထက် အလွန်ကြီး မြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဘို့ ဖြစ်စေတတ်၏။ (၂ ကော ၄:၁ရ- ၁၈)ဟု ရေးသား ခဲ့သည်။ ထို့ကြောင့် ခဏသာတည်ရှိမည့် ဤလောကအရာကို မရှာတော့ဘဲ ထာဝရ တည်တန့်မည့် ကောင်းကင် အရာကိုသာ ရှာကြစို့။ 
 
နောက်ဆုံးကမ္ဘာသတင်းများ
အစ္စရေးသံရုံးများ ပိတ်

ကမ္ဘာ့ နိင်ငံ ၁၀၂ နိင်ငံရှိအစ္စရေးသံရုံးများကို ယခုနှစ်မတ်လ ၂၃ ရက်နေ့တွင် အကန့်အသတ်မရှိတပြိုင်နက်ပိတ်လိုက် ကြသည်။ သံရုံးများ ပိတ်ရခြင်းသည် သံရုံး အမှုထမ်းများ၏ လစာနည်းလွန်းသောကြောင့် အမှုထမ်းများ ကဆန္ဒပြခြင်း ဖြစ်သည် ဟုဆိုသည်။ သို့သော် ထိုအရာသည် မဖြစ်နိုင်ပါ။ အကြောင်းမှာ အစ္စရေးနိင်ငံသည် ဆင်းရဲသော နိင်ငံ မဟုတ်ပါ။ အမှုထမ်းများကို လစာအလုံအလောက်မပေးနိင်အောင် မဆင်းရဲပါ။ သို့ဖြစ်လျှင် အဘယ်ကြောင့်ပိတ်ရသနည်း။ သံရုံးများ ပိတ်ခြင်းသည် စစ်ပွဲ ဖြစ်တော့ မည့် အရာကို အချက်ပြခြင်း ဖြစ်မည်။ အစ္စရေးအနေဖြင့် အီရန်နိင်ငံကအနုမြူဗုံး ပြုလုပ် နိင်မှာကို အလွန် စိုးရိမ်သည်။ အီရန်နိင်ငံကအနုမြူဗုံး ပြုလုပ်ပါက အစ္စရေးလုံခြုံရေးသည် အလွန် စိုးရိမ်စရာ ဖြစ်လာသည်။ အီရန်နိင်ငံကအနုမြူဗုံး မပြုလုပ်ဘို့ အနောက် အုပ်စုကတားဆီးသော်လည်း မအောင်မြင်ပါ။ အီရန်နိင်ငံကို စီးပွားရေးပိတ်စို့သော်လည်း အီရန်နိင်ငံသည် မမှုပါ။ အီရန်နိင်ငံကို ရုရှားကအနုမြူပေါင်းဖုိများ တပ်ဆင်ပေးခြင်း ဖြစ်သည်၊ အမေရိကန်သည် ယခင်၌ အီရန်နိင်ငံကို အကြီး အကျယ်ဆန့်ကျင် ကန့်ကွက်ခဲ့သော်လည်း ယခုအခါ အိုဘားမားကအီရန်နှင့် ဆွေးနွေးပွဲများ ပြုလုပ် နေသည်။ အမေရိကန်နှင့် အနောက်အုပ်စုကအီရန်နိင်ငံအနုမြူဗုံးမလုပ်နိင်အောင် တားဆီး မည်ဟု ကြွေးကြော်နေသော်လည်း အစ္စရေးကစိတ်မချတော့ပါ။ ထိုကြောင့် သူတို့ ကိုယ်တိုင် အီရန်၏ အနုမြူဗုံးစက်ရုံများကို ဗုံးကြဲဘို့ ရည်ရွယ်သောကြောင့် စစ် ဖြစ်မည့် အ​ခြေအနေ ဖြစ်သည်။ 

ယခုနှစ်မတ်လအတွင်း အစ္စရေးအစိုးရကအီရန်ကို တိုက်ဘို့ရန် စစ်အသုံးစရိတ်အမေရိကန်ဒေါ်လာသန်းပေါင်း၂၈၉၀ ခွင့်ပြုပြီး သွားပြီး ဖြစ်သည်။ အစ္စရေးအ နေဖြင့် အီရန်အနုမြူဗုံး ပြုလုပ်ခြင်းသည် သူတို့အတွက် သေရေးရှင်ရေး ဖြစ်သည်။ အမေရိကန်နိင်ငံကို ကာကွယ်ရေးအတွက် အားကိုး၍ မရတော့ချေ။ အကယ်၍ စစ် ဖြစ်ပါက နိင်ငံခြားမှာရှိသော သူတို့၏ သံရုံးများကို တိုက်ခိုက် နိုင်သောကြောင့် သံရုံးများကို ကြုိပိတ်လိုက်ခြင်း ဖြစ်မည်။ အမေရိကန်နိင်ငံခြားရေးဝန်ကြီး ဂဋ္ဌန်ကယ်ရီ၏ ကြိုး စားမှုဖြင့် အစ္စရေးနှင့် ပါလက်စတင်း ပြသနာကို ဧပြီလကုန်တွင် ဆွေးနွေးဘို့ ရှိသော်လည်း ယခုအခါ ပါလက်စတင်းသမတအာဘတ် (စ)က အစ္စရေးနိင်ငံကို အသိအမှတ် မပြု ဟုဆိုနေသောကြောင့် ဆွေးနွေးပွဲမအောင်မြင် မဲ့အလားအလာရှိနေသည်။ ဆွေး နွေးပွဲမအောင်မြင်ပါက အမေရိကန်နှင့် ဥရောပကအစ္စရေးကို စီးပွားရေးပိတ်စို့ဘို့ ခြိမ်း​ခြောက်နေသည်။ အကယ်၍ ထိုကဲ့သို့ ပိတ်စို့ပါက အစ္စရေးနိင်ငံ၏ စီးပွားရေးသည် တဟုန်တည်း ကျဆင်းသွားနိင်သည်။ သို့သော် အစ္စရေးအနေဖြင့် စီးပွားရေးပိတ်စို့သည်ထက် အီရန်ကအနုမြူဗုံး ပြုလုပ်၍ တိုက်ခိုက် မည့် အရာသည် ပို၍ အရေးကြီးသည်။ ထိုကြောင့် အချိန် မနှောင်းမှီအီရန်အနုမြူစက်ရုံများကို လက်ဦးတိုက်ခိုက်ဘို့ ပြင်ဆင်ခြင်း ဖြစ်နိင်သည်။ သို့သော် ထိုစစ်ပွဲ ဖြစ်ပါက အလွန် ကျယ်ပြန့်နိုင်သောကြောင့် ချီဆောင်ခြင်း အပြီးမည် ဖြစ်မည့် စစ်ပွဲ ဖြစ်နိုင်သည်။ 
 
ရုရှားနှင့် အနောက်အုပ်စု

၁၉၈၉ ခုနှစ်အထိ်ဆိုဗိယက်ယူနီယံနှင့် အမေရိကန် ဦးဆောင်သော အနောက် အုပ်စုသည် စစ်အေးတိုက်ပွဲရှိနေခဲ့သည်။ စစ်အေးတိုက်ပွဲဆိုသည်မှာ တ ကယ်စစ်မတိုက်သော်လည်း ရန်ဆောင်နေခြင်းကို ဆိုလိုသည်။ သို့သော် ၁၉၈၉ ခု နှစ်တွင် ဆိုဗိယက်ယူနီယံပြုိကွဲ၍ နိင်ငံတော်တော်များများကို လွတ်လပ်ရေးပေးလိုက်သည်။ ဆိုဗိယက်ယူနီယံမှရုရှားနိင်ငံဟု ဖြစ်လာကာ ဒီမိုကရေစီနိင်ငံ ဖြစ်လာကအ ရှင်းနိင်ငံ ဖြစ်လာသည်။ ထိုအချိန် မှစ၍ အနောက်အုပ်စုနှင့် စစ်ပြိုင်ခြင်း မရှိဘဲ ရုရှား ကိုလည်း ကမ္ဘာ့ အချမ်းသာ ဆုံးနိင်ငံများ အဖွဲ့ ဖြစ်သော ွ ၇တွင် လက်ခံလာကြကာ ွ ၈ ဖြစ်လာသည်၊ 
သို့သော် ယခုနှစ်မတ်လတွင် ယခင်ဆိုဗီယက်ယူနီယံတွင် ပါဝင်ခဲ့သော ယူခရင်း (Uုမငညန) နိင်ငံ၏ ရုရှားဘက်လိုလားသောသူသမတကို ဆန္ဒပြ၍ ထွက်ပြေးသွားသည်။ ထိုအခါ ရုရှား စကား ပြောသော ဃမငာင​ေ ပြည်နယ်ကို ရုရှားကသိမ်းလိုက်သည်။ ထိုကြောင့် ရုရှားနှင့် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် တင်းမာမှု ဖြစ်ပွားသည်။ အနောက်အုပ်စုက မသိမ်းဘို့ ပြောသော်လည်း ရုရှားကငါတို့ လူမျိုးများ၏ ဆန္ဒကို လိုက်လျောဘို့ ရှိသည် ဟုဆိုသည်။ ထိုကိစ္စကြောင့် ွ ၇ နိင်ငံများ ကရုရှားကို ွ ၈ အဖွဲ့မှပယ်လိုက်သည်။ ထိုကြောင့် ရုရှားကလည်း အီရန်အား ှ ၃၀၀ ဟူသော မြေပြင်မှတာဝေးပစ်ဒုံးခွင်းလက်နက်ကို ရောင်းမည်ဟု ခြိမ်း​ခြောက်လာသည်။ ရုရှားက အီရန်၏ ရေနံကို တနေ့ ၅၀၀၀၀၀ စည်ဝယ်ဘို့လည်း စီစဉ် နေကြသည်။ ရုရှားကအမေရိကန် ဦးဆောင်သော အီရန်နိင်ငံစီးပွားရေးပိတ်စို့ခြင်းသည် သူတို့နှင့် မဆိုင်ကြောင်း ဒုတိယနိင်ငံခြားရေးဝန်ကြီးက ပြောဆို သွားသည်။ ထိုအရာများကို ကြည့်ခြင်းအားဖြင့် ယေဇကျေလ ၃၈-၃၉၌ ရေးထားသော ဂေါဂမာဂေါဂစစ်ပွဲသည် နီးသထက် နီးလာကြောင်း သိနိင်သည်။ 
 
လနီခြင်း 

ယခုလ ၁၅ ရက်နေ့နံနက် ၃ နာရီ (အရှေ့ပိုင်းစံတော် ချိန်)၌ လသည် သွေး ကဲ့သို့ နီကြောင်း ကြည့်ရှုသောသူများ မြင်တွေ့ရကြပြီ။ ထိုနေ့သည် ပသခါပွဲအချိန် ဖြစ်သည်။ နောက်ထပ်သုံးကြိမ်နီဦးမည်။ ယခုနှစ်အောက်တိုဘာလ ၈ ရက်နေ့တဲပွဲတွင် တဖန် နီဦးမည်။ ထိုနောက် ၂၀၁၅ မတ်လ ၂၀ ရက်နေ့တွင် နေသည် မှောင်မဲသွားမည်။ ဧပြီလ ၄ ရက် နေ့ပသခါပွဲနေ့နှင့် စက်တင်ဘာလ ၂၈ တဲပွဲ့နေ့များ တွင်လည်း လသည် သွေးကဲ့သို့ နီးသွားဦးမည်။ ထိုအရာများကို လူအများစုက မသိကြ၊ ဂရုမစိုက်ကြချေ။ ဘုရားသခင်သည် လူများကို စကားပြောနေသော်လည်း သတိမထားကြချေ။ ထိုကဲ့သို့ လလေးလုံးတွဲနီတိုင်း အစ္စရေးလူမျိုးများနှင့် ကမ္ဘာပေါ်၌ ထူးခြားသော အရာများ ဖြစ်တတ်သည်။ ခရစ်တော် အသေမခံမှီ အေဒီ ၃၂နှင့် ၃၃ ပသခါနှင့် တဲပွဲညများတွင် လလေးကြိမ်နီခဲ့ဘူးသည်။ ခရစ်တော်သည် ပသခါပွဲနေ့လနီသော အချိန်တွင် အသေခံ ခဲ့သည်။ ထိုနေ့တွင် နေသည် နေ့လည် ၁၂ နာရီ မှညနေ ၃ နာရီ အထိ မှောင်ခဲ့သည်။ ထိုနှစ်တွင် တဲပွဲတွင် ထပ်မံနီခဲ့ဘူးပြီ။ ထို့ကြောင့် ယခုနှစ် သို့မဟုတ် နောက်နှစ်တွင် ကမ္ဘာ ပေါ်၌ တခုခု ဖြစ်နိင်သည်။ ချီဆောင်ခြင်းနှင့် စစ်တိုက်ခြင်းများဖြစ်နိုင် ချေရှိသည်။ ထိုကြောင့် တိုတောင်းလှသောအချိန် အတွင်းတွင် ကယ်တင်ခြင်း စိတ်မချသေး သူများ အငြိမ်မနေဘဲ ကယ်တင်ခြင်း စိတ်ချခြင်းရရှိဘို့၊ ကယ်တင်ခြင်း စိတ်ချပြီး သူများ ဝိညာဉ်ရေးရာ၌ သာအချိန် ကုန်၍ ပျောက်ဆုံးသော လူများ ဖမ်းဘို့ အစွမ်းကုန် ကြိုးစား သင့်သည်။ 
 
 
သက်သေခံခြင်းနှင့် ပြုစုပျိုးထောင်ခြင်း 

များစွာသော ယုံကြည်သူများ၊ ကယ်တင်ခြင်းသို့ ရောက်၍ စိတ်ချ သူများသည် သူတပါးထံ၌ သက်သေခံဘို့ရန် အလွန် ကြောက်ရွံ့ နေကြသည်။ ထိုသို့ ကြောက် ရွံ့ခြင်းသည် မသင်ပေးသောကြောင့်၎င်း၊ လက်တွေ့နည်းမပြဘူးသောကြောင့်၎င်း၊ မလုပ်ဘူးသောကြောင့်၎င်း ဖြစ်သည်။ လက်တွေ့လုပ်ဘူးသွားလျှင် သက်သေခံခြင်းသည် အလွန် လွယ်သောအရာ ဖြစ်သည်။ ထို့ကြောင့် လုပ်တတ်သောသူများ ကမလုပ် တတ် သေးသောသူများကို လက်တွဲပြသဘို့ လိုအပ်သည်။ 

သက်သေခံသောသူများ အနေဖြင့်လည်း အသစ်အသစ်များကို ရှာဖွေ၍ သက်သေခံဘို့ရန် မရှိဘဲ ဖြစ်နိုင်သည်။ ထိုမျှသာမက သက်သေခံရုံဖြင့် ကယ်တင်ခြင်း စိတ်ချနိုင်သော်လည်း အမြစ်နက်စွာ မတွယ်တတ်ပါ။ ထိုကြောင့် သက်သေခံပြီးသောသူများကို အမြစ်တွယ်ဘို့ရန် သင်ပေးဘို့ လိုအပ်သည်။ သို့သော် ကိုယ်တိုင် မပြည့်ဝ သေးသောကြောင့် မည်ကဲ့သို့ သင်ပေးနိုင်မည်နည်းဟု ဆင်​ခြေပေးစရာ ရှိသည်။ ထိုသို့သောသူများအတွက် ဆရာမောဇက်ရေးထားသော ကယ်တင်ခြင်း သင်ခန်းစာစာအုပ်ကို အသုံးပြုနိုင်ကြောင်း သတင်းကောင်း ပါးလိုပါသည်။ ကိုယ်သင်ပေးလိုသော လူကို ဤသို့ ချဉ်းကပ်မေးမြန်းနိုင်သည်။ ကယ်တင်ခြင်း စိတ်ချပြီလော၊ ကယ်တင်ခြင်း စိတ်ချလိုပါသလား၊ သမ္မာတရားကို သင်ကြရအောင် ​ကျွန်ပ်ကိုယ်တိုင် ဤစာအုပ်အားဖြင့် ကယ်တင်ခြင်းနှင့် သမ္မာတရား ပို၍ သိရသည်ဟု ပြောနိုင်သည်။ 

ထိုသင်ခန်းစာကို တနေ့လျှင် တခန်းနှုန်းဖြင့် သုံးပတ်မှတလအထိအချိန် ယူ၍ သင်နိုင်သည်။ သင်ကြသောအခါ အရင် ဆုတောင်းပါ။ သင်ခန်းစာများကိုအတူ တ ကွဖတ်ကြပါ။ မရှင်းလင်းသော နေရာများ၌ ဆွေးနွေးကြပါ။ နှစ်ယောက်စလုံး မသိလျှင် ဆရာမောဇက်ထံဖုံးအားဖြင့် မေးမြန်းနိုင်သည်။ ထိုနောက် သင်ခန်းစာမေးခွန်း များကိုအတူ တကွ​ဖြေကြပါ။ သင်တန်းကို လူတစ်ယောက်မှလေးငါးယောက်အထိ ပြုလုပ်နိုင်သည်။ ထိုနောက် ဆုတောင်း ချက်များ တင်ပြခြင်း၊ ကျေးဇူးတော်များရေတွက် ချီးမွမ်း ဆုတောင်းခြင်းများပြုလုပ် နိုင်သည်။ အချို့သောသူများသည် နေ့တိုင်း ပြုလုပ် နိုင်မည်။ အချို့သောသူများမူ တပတ်လျှင် နှစ်ကြိမ်မှသုံးကြိမ်လေးကြိမ်လောက်ပြု လုပ်နိင်ပေမည်။ ထိုသို့ ပုံမှန် ပြုလုပ် သွားပါက သင်ခန်းစာပြီး ဆုံးသွားသောအခါ ထူး ခြားသောသူများ၊ ဝမ်းမြောက်သောသူများ၊ ကယ်တင်ခြင်း စိတ်ချသွားသောသူများ ဖြစ်သွားနိုင်သည်။ ကယ်တင်ခြင်း သင်ခန်းစာပြီးသောအခါ ယဇ်ပူဇော်ခြင်း၊ ချီဆောင်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော် စာအုပ်များ လေ့လာနိုင်သည်။ 

ထိုသို့ သစ္စာရှိစွာ ပြုလုပ်ပါက သင်ပေးသောသူနှင့် သင်ယူသောသူနှစ်ယောက် စ လုံးဝ ိညာဉ် ရေးရာ၌ တိုးတက်လာပေမည်။ ဝိညာဉ် သဘော နှင့်လည်း အသက်ရှင်နိုင် ပေမည်။ အခြားသောသူများကိုလည်း ကူညီနိင်ပေမည်။ ဘုရားသခင်ကြိုက်နှစ်သက်သောအရာသည် ကယ်တင်ခြင်း အကြောင်းကို လူတိုင်း သိစေဘို့ ဖြစ်သည်။ ကောက်ရိုး မီးကဲ့သို့ ခဏတက်ကြွ၍ နောက်ပိုင်းပြန်ငြိမ်းသွားသောသူသည် မအောင်မြင် နိုင်ချေ။ စိတ်မပျက်ဘဲ အစဉ်တစိုက် ပြုလုပ်သောသူများသာလျှင် အောင်မြင် တတ်သည်။ ထိုကဲ့သို့ သင်ပေးလိုသောသူများကို စာအုပ်လက်ဆောင်ပေးမည်။ 
 
ဧဝံဂေလိ ခရီးစဉ် 


ဆရာမောဇက်နှင့် ဆရာမဟန္နတို့သည် မတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့ အထိ Michigan ပြည်နယ်မြို့တော် Lansing မြို့ရှိ မြန်မာတိုင်းရင်းသားများ အသင်းတော်၌ ကျမ်းစာ သင်တန်း ပြုလုပ် ခဲ့ကြပါသည်။ နေ့ခင်းပိုင်းတကြိမ်နှင့် ညပိုင်းတကြိမ် လူကြီးများနှင့် ခလေးများသင်တန်းပေးကြရာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အောင်မြင် စွာ ပြီးစီးနိင်ခဲ့ပါသည်။ ကယ်တင်ခြင်း၊ ဒုတိယအကြိမ် မွေးဘွားခြင်း အကြောင်း၊ ခရစ်ယာန် သက်တာများ သင်ကြားကာ ကြားနာသောသူများ မဝနိုင်ကြောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော် လှုပ်ရှားမှုကို ဝေငှလိုက်ပါသည်။ 

ဆရာမောဇက်နှင့် အဖွဲ့ ရဦးတို့သည် ဧဝံဂေလိတရားဝေငှဘို့ရန် အတွက် ဧပြီလ ၃ ရက်နေ့တွင် အနောက်ဘက်ပြည်နယ်များ ခရီး စတင်ထွက်ခါွကြပါသည်။ ပဌမ ​ခြေလှမ်းအဖြစ် Iowa ပြည်နယ် Des Moines မြို့သို့ ရောက်ရှိကြပါသည်။ ထိုမြို့ ၌ Saya Van Tha Uk က Zotung အမျိုးသားများထံ၌ သင်တန်းများ ပေးကာ အလွန် အားရအောင်မြင် ခဲ့သည်။ Saya James က Mara အမျိုးများ ထံ၌၊ ဆရာမောဇက်ကဖလမ်းအမျိုး သားများထံ၌ သင်တန်းများ ပေး၍ အားရကြသည်။ 

ဧပြီလ ၇ ရက်နေ့တွင်  Kansas မြို့သို့ သွားကြရာ Saya Isaac  မလိုက်သော်လည်းကို Khum Piang ကအစားထိုး လိုက်လာသောကြောင့် ခုနှစ်ယောက်သွားနိုင်ကြ ပါသည်။ Saya Isaac သည် ဆေးခန်းရုံးချိန်းရှိသောကြောင့််နောက်တနေ့တွင် အိမ်သို့ ပြန်သွားခဲ့ပါသည်။ Kansas မြို့တွင် ဆရာမောဇက်အဖွဲ့က အသင်းတော်၌၊ကို ဗန်ထာ အုပ်က ဇိုသုန် အသင်းတော်၌၊ Saya James က Lautu အမျိုးသားများထံ၌ သင်တန်းပေးကြ ပါသည်။ အချို့သောသူများ ကတဦးချင်းသော်၎င်း၊ အိမ်ထောင်မိသားစု၌ သော်၎င်းသက် သေခံကြပါသည်။ ဘုရားသခင်က Kansas မြို့တွင်လည်း ကြီးစွာ အလုပ်လုပ်ကြောင်း ကျေးဇူးတော် ချီးမွမ်းပါသည်။ ထိုနောက် ဧပြီလ ၁၁ ရက်နေ့တွင်Kansas မြို့မှ Denver မြိို့သို့ ဆက်လက်ခရီး ထွက်ခွါကြပါသည်။ ထိုမြို့၌လည်း တယောက် မှမသွားဘူးကြသော်လည်း ဘုရားသခင်၏ လမ်းပြမှုဖြင့် ဆရာမောဇက်သည် ဟားခါးနှင့် ဖလမ်း စကားပြောသော အသင်းတော်၌ သင်တန်းများ ပေးနိုင်ခဲ့ပါသည်။ ဆရာ James က Mara Evanelical Church ၌ သင်တန်းပေးနိုင်ခဲ့သည်။ ဆရာ Sang Lian, Saya Bawi Lian Kim, Saya Van Tha တို့က Saya Andrew  ဦးဆောင်သော အသင်းတော်၌ သင် ပေးကြသည်။ ထိုအသင်းတော်၌ ဆရာမောဇက်ကိုအချိန် ပေးပြန်သောကြောင့် ဆက်လက်၍ အစီအစဉ်မရှိဘဲ ဧပြီ ၁၄မှ ၁၆ အထိ ဆက် နေကြပါသည်။ 

ဆရာမောဇက်တုတ်ကွေးဖြင့် နေမကောင်း ဖြစ်သောကြောင့် Saya Bawi Lian Kim  ကအစားထိုး သင်တန်းနှစ်ကြိမ်ပေးခဲ့ကာသင်တန်းသားများ အလွန် အားရကျေနပ် ကြပါသည်။ ဧပြီလ ၁ရ ရက်နေ့တွင် Denver မြို့မှ Mormon  များ၏ မြို့တော် Salt Lake City  မြို့သို့ ဆက်သွားကြပါသည်။ ထိုမြို့၌လည်း ဆရာမောဇက်ကဖလမ်း စကားပြောသော အသင်းတော်၌၎င်း၊ Saya Sang Lian နှင့် Saya James တို့ ကမတူပီ အသင်းတော်၌၎င်း၊ ကျန်သောသူများ ကတအိမ်တက်ဆင်းတံခါးခေါက်၍၎င်းသက် သေခံကြပါသည်။ Saya Van Tha Uk ၏ သက်သေခံခြင်းအားဖြင့် ကချင် အသင်းသား များနှင့် သိခွင့်ရ၍ နောက်ဆုံး ရှင်ပြန်ထမြောက်ခြင်း ညတွင် ဆရာမောဇက်နှင့် Saya Van Tha Uk တို့ သွားရောက်၍ တချိန်သင်တန်းပေးနိုင်ခဲ့ကြ ပါသည်။ 

ဧပြီလ ၂၁ ရက်နေ့တွင် Salt Lake City  မြို့မှ Idaho ပြည်နယ် Twin Falls မြို့သို့ သွားကြပြန်သည်။ ထိုမြို့ ၌ Myanmar Christian Fellowship (GBC) အသင်းတော်၌ ရောက်ရောက်ချင်းညမှစ၍ ခရစ်တော် ကြွလာတော့မည့် အကြောင်းများကို စတင် ဝေငှပါသည်။ ဤစာရေးနေချိန်သည် Twin Falls မြို့၌ နေသောအချိန် ဖြစ်သည်။ ဤမြို့၌ တပတ် နေကြ၍ ဧပြီလ ၂ ဂ ရက်နေ့တွင် Salt Lake City  မြို့၊ ၂၉ ရက်နေ့တွင်ီ Denver မြို့၊ ၃၀ ရက်နေ့တွင် Kansas မြို့ မေလ ၁ ရက်နေ့တွင် Indianapolis မြို့သို့ ပြန်လည်ထွက်ခွါသွားကြမည် ဖြစ်ပါသည်။ 

ဘုရားသခင်သည် ရောက်လေရာရာ၌ လူများ၏ စိတ်နှလုံးကိုတို့ ထိ၍ တရား ဟောရာတံခါးများ ဖွင့်ပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ​ကျွန်တော်တို့ကို လက်ခံသော အသင်းတော်နှင့် ယုံကြည်သူများအပေါ်၌လည်း ကျေးဇူးတင်ရှိကြောင်း ဖေါ်ပြလိုပါသည်။ ဆုတောင်း ပေးကြသောသူအယောက်တိုင်း အပေါ်၌လည်း ဘုရားရှင်ကောင်းကြီး ပေးတော်မူပါစေသော်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG