GOODNEWS
  HOME  GOODNEWS  2014 MAR

 


အမှာစာ

မတ်လတိုင်အောင် အသက်ရှင်ခွင့်နှင့် ကောင်းကြီးခံစား ခွင့်ပေးသော အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဤလောက မှစစ်မှန်သော ယုံကြည်သူများ ထွက်ခွါမည့် အချိန်သည် နီးသထက် နီးလာပြီ။ ထိုကြောင့် ဤအချိန်သည် မိမိ၏ အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများကို ဘုရားသခင်၏ အလိုတော်၊ နိင်ငံတော် အတွက် အလျှင်အမြန် ရင်းနှီး မြှုပ်နှံမည့်အချိန် ဖြစ်သည်။၍ ညိင​ေညစေသူငျ သတင်းကောင်း နှစ်ခြင်း အသင်းတော် အနေဖြင့်လည်း နံနက်တိုင်း ဆုတောင်းခြင်း၊ သက်သေခံခြင်းများပြု လုပ်သည်သာမက ၍ ညိင​ေညစေသူငျ မြောက်ပိုင်း၌ ကရင်နှင့် ကယားများ ထံ၌ ဧဝံဂေလိ လုပ်နိုင်ဘို့ရန်ကို နိင်လင်းမိသားစုကို မတ်လ ၉ ရက်နေ့မှစ၍ စေလွှတ်ကြပါသည်။ကို နိင်လင်းမိသားစုအနေဖြင့် ပျောက်ဆုံးဝိညာဉ်များကို ကယ်တင်ခြင်း အကြောင်း ထိရောက်စွာ ပြောနိင်ဘို့၊ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုဘို့ရန် ဆုတောင်း ပေးကြပါစို့။ သူတို့၌ ခလေး နှစ်ယောက်ရှိသောကြောင့် စောင့်ရှောက်ဘို့ လိုအပ်သည်။ကို နိင်လင်း၏ မိန်းမလည်း အလုပ်လုပ်ဘို့ လိုအပ်သောကြောင့် သူတို့ မိသားစုကို ဘုရားသခင်ကစောင့်ရှောက်ဘို့ ဆုတောင်း ပေးဘို့ လိုသည်။ 

လူတိုင်း မိမိပတ်ဝန်းကျင်ရှိလူတိုင်းကို ကယ်တင်ခြင်း အကြောင်း ပြောပြဘို့ တာဝန် ရှိသည်။ မပြောတတ်သောသူများ အနေဖြင့် ကယ်တင်ခြင်း စာအုပ်ကို အသုံးပြု၍ ပြောပြနိုင်သည်။ ဝိညာဉ်များငရဲမီးအိုင် ထဲ၌ ထာဝရ ဒုက္ခ ဆင်းရဲ ခံရမည့် အရာကို စဉ်းစားလျှင် သူတို့၏ ကယ်တင်ခြင်းသို့ ရောက်နိင်ဘို့ သက်သေခံခြင်းသည် အလွန် လွယ်ကူမည် ဖြစ်သည်။ အစပိုင်းသာလျှင် ခက်၍ နောက်ပိုင်းတွင် အလွန် လွယ်ကူသည်။ အယောက်တိုင်း သက်သေခံနိုင်ကြပါစေ။ 
 

ယခုလစာစောင်တွင်...

ခရစ်တော် အသေခံခြင်း 
ကယ်တင်ခြင်း 
နောက်ဆုံးပေါ်မူးယဇ်ကရိယာ
တနင်္နွေနေ့၌ ဘုရားရှိခိုးခြင်း 
မှားယွင်းသော ဆရာမည်ကဲ့သို့ သိနိုင်မည်နည်း
ခရစ်တော်သည် ဘုရား ဖြစ်သည်။ 
သက်သေခံခြင်း 
သိကြပါသလား
ဧဝံဂေလိ ခရီး 
 
 
ခရစ်တော် အသေခံခြင်း 
 
၂၀၁၄ ခုနှစ် ခရစ်တော် အသေခံသောနေ့ (Good Friday) နေ့သည် ဧပြီလ ၁၈နေ့ ဖြစ်၍၊ ရှင်ပြန်ထမြောက်သောနေ့ (Easter) သည် ဧပြီလ ၂၀ ရက်နေ့ ဖြစ်သည်။ ခရစ်တော် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းသည် လူတိုင်း အတွက် အလွန် အရေးကြီးသောအရာ ဖြစ်သည်။ ခရစ္စမတ်ထက် ပင်လျှင် အရေးကြီးသောအရာ ဖြစ်သည်။ သို့သော် လူအများစုကခရစ္စမတ်ကိုသာလျှင် သိကြ၍ အသေခံ နေ့နှင့် ရှင်ပြန်ထမြောက် နေ့ကို မသိကြ၊ ဂရုမစိုက်ကြချေ။ ခရစ်တော် အသေခံခြင်းသည် အကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများ ထဲမှအချို့ကို ဖေါ်ပြရလျှင်၊ 
 
၁။ အပြစ်၏အခ ပေးဆပ်ရန်

 “ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။” (၁ ကော ၁၅:၃)။ “ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ​ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။” (၁ ပေ ၂:၂၄) ခရစ်တော်သည် ငါတို့၏ အပြစ် အခ၊ ပြစ်ဒဏ်သေခြင်းကို ပေးဆပ်ဘို့ရန် အသေခံ ပြီ ဖြစ်သောကြောင့် ထိုအရာကို ယုံကြည်သော သူတို့သည် ထိုအကြွေးမှ လွတ်မြောက်ခဲ့ပြီ။ “သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။” (ယော ၃:၁၈)။ 
 ၂။ လူဟောင်းသေစေခြင်း 

 “ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေ သတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။ သေသောသူသည် အပြစ် တရား၏ လက်မှလွတ်လျက် ရှိ၏။” (ရော ၆:၆ -ရ) လူတိုင်း မွေးဘွား လာသောအခါ လူဟောင်းဖြင့် မွေးဘွားသည်။ ထိုလူဟောင်းသည် အပြစ်တရား၏ ​ကျွန် ဖြစ်ကြောင့်လူတိုင်း သင်ပေးစရာ မလိုဘဲ အပြစ်လုပ်တတ်ကြသည်။ အပြစ်၏ ​ကျွန်၊ ထိုလူဟောင်းကို ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေ သတ်လိုက်သောအခါ အပြစ်၏ ​ကျွန်မှ လွတ်မြောက်လာ ကြသည်။ 

၃။ ပညတ်တရားနှင့် ကွာစေရန်

 “ငါ့ ညီအစ်ကိုတို့၊ သင်တို့သည် အခြားသောသူတည်း ဟူသော၊ သေခြင်းမှ ထမြောက်တော်မူသောသူ၏ မယား ဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့် အညီတိုးပွါး မည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့် ကွာကြ
၏။” (ရော ရး၄) ပညတ်တရားသည် လူကို အကျိုးမပေးနိုင်ချေ။ အကြောင်းမှာ လူသည် ပညတ်တရားကို မလိုက်လျှောက်နိုင်။ သို့သော် အသက်ရှင်နေလျှင် ပညတ်တရားလိုက်ဘို့ လိုနေမည်။ ထိုကြောင့် ဘုရားသခင်၏ ပညာတော်အားဖြင့် လူကို ခရစ်တော်နှင့် အတူသေစေ၍ အသစ်အားဖြင့် ပြန်လည်ထမြောက် စေသောအခါ ပညတ်တရားလက်မှ လွတ်မြောက်လာသည်။ ထိုသို့ဖြစ်စေခြင်းငှါ ခရစ်တော် အသေခံ ရသည်။ 
 
၄။ ကျိန်ခြင်း ခံရန်

 “သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာ လာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် ကျိန်ခြင်းကို ခံရ သောသူ ဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။” (ဂလာ ၃:၁၃) လူသည် ပညတ်တော်ကို မလိုက်လျှောက်နိင်သောကြောင့် ကျိန်ခြင်း ခံရသည်။ ကျိန်ခြင်း ခံသောသူတိုင်း သစ်တိုင်မှာဆွဲရသည် (တရား၂၁:၂၃)။ ငါတို့သည် ကျိန်ခြင်းကြောင့် သစ်တိုင်၌ ဆွဲခြင်း ခံရမည် ဖြစ်သော်လည်း ခရစ်တော်သည် ငါတို့အတွက် သစ်တိုင်၌ ဆွဲခြင်း ခံရသောကြောင့် ထိုကျိန်ခြင်းမှ လွတ်မြောက်ကြပြီ။ ဟာလေလုယ။ 
 
၅။ စာတန်၏ တန်ခိုးဖျက်ရန်၊ အပြစ် ​ကျွန်ခံ သူများ ကယ်ရန်

 “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်
ယူတော်မူ၏။” (ဟေ ၂:၁၄-၁၅) 

 “အထွဋ္ဋ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက် ဝါးကပ်တိုင်တော် အားဖြင့်အောင် ပွဲကို ခံတော်မူပြီ။” (ကော ၂:၁၅) 

စာတန်၏ တန်ခိုးသည် သေခြင်း ဖြစ်သည်။ ထိုသေခြင်း လက်နက်ဖြင့် လူကို ခြိမ်း ​ခြောက်၍ တသက်လုံး​ကျွန်ခံစေသည်။ မည်သို့ ​ကျွန်ခံစေသနည်းဟူမူကား၊ လူသည် စားဝတ်နေရေးမရှိလျှင် သေမည်ဟူသော အတွေးကြောင့်အလုပ်ကိုသာ လုပ်၍ ဝိညာဉ်ပိုင်းဆိုင်ရာ အတွက်အချိန် မပေးနိင်ချေ။ ခရစ်တော်က၊ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်ကျမ်းစာ လာသည်။” (မ ၄:၄၊ တရား၈:၃) ဟုပြောသော်လည်း လူသည် ဘုရား၏ အမိန့်တော်၌ မရပ်တည်ရဲချေ။ ထိုကြောင့် သူကိုယ်တိုင် စာတန်၏ သေခြင်း တန်ခိုးကို ဖျက်ဘို့ရန် အသေခံသည်။ မည်သို့ စာတန်၏ လက်နက်သေခြင်းကို အောင်မြင် သနည်း။ အသေခံ ပြီးမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သေခြင်းကို အောင်မြင်သူ ဖြစ်ကြောင်း သက်သေပြသည်။ ခရစ်တော်၊ “ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေ လွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။” (ယော ၁၁:၂၄-၂၆) ဟုပြောသောအရာကို သေပြီးမှ ရှင်ပြန်ထမြောက် ခြင်းဖြင့် သက်သေထူသည်။ ထိုအရာကို ယုံကြည်သူ အတွက် သေခြင်းသည် ကြောက်စရာ မဟုတ်တော့ချေ။ 
 
၆။ ဘုရား၏ မေတ္တာ ဖေါ်ပြရန်

 “ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက် စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါး တည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။” (ယော ၃:၁၆) ဘုရားသခင်သည် လူကို ပျက်စီးခြင်းသို့ မရောက်စေလိုချေ။ ပျက်စီးခြင်း ဆိုသည်မှာ ဝိညာဉ် ငရဲမီးအိုင်သို့ ရောက်ခြင်းကို ဆိုလိုသည်။ ထာဝရ အသက်ကို ရစေခြင်း ငါှသားတော်ကို စွန့် (သေစေ)တော်မူသည်။ ထာဝရ အသက်ဆိုသည်မှာ ငရဲထဲမှာလည်း ထာဝရ အသက်ရှင်မည် ဖြစ်သည်။ သို့သော ငရဲထဲ၌ ထာဝရ ရှင်ခြင်းကို ဘုရားသခင်က ထာဝရ သေခြင်း၊ သို့မဟုတ် ဒုတိယသေခြင်းဟု ခေါ်သည် (ဗျာ ၂၀:၆)။ “ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်း အခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။” (၁ ယော ၃:၁)။ 
 
၇။ သူ၏ မေတ္တာ ဖေါ်ပြရန်

 “သားတော်သည် ငါ့ကို ချစ်၍ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။” (ဂလာ ၂:၂၀)။ “ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ” 
 (ဧဖက် ၅:၂) ခရစ်တော် ကိုယ်တိုင် ​ကျွန်ပ်တို့ကို ချစ်သည်။ ထိုသို့ ချစ်သည်ကို အသက် ပေးခြင်းအားဖြင့် ထင်ရှားသည်။ 

၈။ မွှေးကြိုင်သော အနံ့ ဖြစ်ရန် 

“ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည် နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။” 
 (ဧဖက် ၅:၂)။ လူသည် ဘုရားသခင် ရှေ့၌ နံစော်နေသည်။ “အ​ကျွန်ုပ်မိုက်သော အမှုကြောင့် အနာတို့သည် နံစော်၍ ရိယဲွ့လျက် ရှိကြပါ၏၊၊ ” (ဆာ ၃၈:၅)။ နံစော်ခြင်းသည် အသရေမရှိခြင်းကို ဆိုလိုသည်။ “လူ အပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရော ၃:၂၃)။ လူသည် အပြစ်ကြောင့် ဘုရားသခင် ရှေ့တော်၌ မျက်နှာမရတော့ချေ။ သို့သော် ခရစ်တော် အသေခံ၍ မီးရှို့ရာယဇ်အဖြစ် ပူဇော် သောကြောင့် ပြန်လည်၍ မွှေးကြိုင်နိုင်သည်။ ထိုကြောင့် ခရစ်တော်က၊ “ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” (ယော ၁၄:၆) ဟုဆိုရခြင်း ဖြစ်သည်။ ခရစ်တော်သည် ငါတို့၏ မွှေးကြိုင်သော ယဇ် ဖြစ်သည်။ 
 
၉။ ပသခါ သိုးသငယ် ဖြစ်သောကြောင့် 

“ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။” (၁ ကော ၅:ရ) ဣသရေလ လူများ အဲဂုတ္တု ​ကျွန်မှ လွတ်မြောက်ဘို့ရန် သိုးသ ငယ်ကို သတ်၍ အသွေးကို တံခါးထုပ်နှင့် တံခါးတိုင်၌ ထိုး၍ အသားကို မီးကင်စားခဲ့သည်။ ထိုသိုးသငယ်ကို ပသခါ သိုးသငယ်ဟု ခေါ်သည်။ ထိုညတွင် ဘုရားသခင်က အဲဂုတ္တု လူများ၏သား ဦးနှင့် တိရစ္ဆာန်သား ဦးများကို သတ်သော်လည်း သိုးသငယ်၏ အသွေးကို ကြည့်၍ ဣသရေလ များ၏သား ဦးများကိုမူးမသတ်ခဲ့ချေ။ ထိုနည်းတူ ခရစ်တော်သည် ပသခါ သိုးသငယ် ကဲ့သို့ သေ၍ သူ၏ အသွေးအားဖြင့် လူများကို ထာဝရဘုရား၏ တရား စီရင်ခြင်းမှ လွတ်မြောက်စေသည်။ 
 
၁၁။ လူများကို ရွေးခြင်းငှါ 

 “အကြောင်းမူကား၊ လူသားသည် သူတပါးကို စေစားခြင်းငှါ မလာ၊ သူတပါး အစေကို ခံခြင်း ငှါ၎င်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်း ငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။” (မာ ၁၀:၄၅) 
 “မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အ​ကြေးနှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော် 
၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။” (၁ ပေ ၁:၁၈-၁၉) 

ခရစ်တော်သည် လူများကို ရွေးဘို့ရန် လာသည် ဟုဆိုသည်။ မည်သည့်အ ရာမှရွေးသနည်း။ မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ ရွေးသည်။ 

၁၂။ များစွာ ပွားများရန်

“ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တ ခုတည်း နေ၏။ ပျက်လျှင် မူကား များစွာသော အသီးကို သီးတတ်၏။” (ယော ၁၂ ; ၂၄)။ ခရစ်တော်သည် မြေ၌ ကျသော စပါး ဖြစ်သည်။ စပါးသည် ပျက်မှသာလျှင် များစွာ ပွားတတ်သည်။ ထိုနည်းတူ ခရစ်တော်သည် အသေခံ၍ ရှင်ပြန်ထမြောက် မှသာလျှင် များစွာ ပွားများ နိုင်သည်။ သူသည် မသေမှီ ယုံကြည်သူ အနည်းငယ်သာရှိခဲ့သည်။ သို့သော် သေပြီး နောက် ရှင်ပြန်ထမြောက်သောအခါ များစွာ ပွားများ လာသည်။ 
 
၁၃။ နားထောင်ခြင်း 

“ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှု ဟူ၍ မထင်မမှတ်လျက် ပင်၊ မိမိအသရေကို စွန့်၍ အစေခံ​ကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင်မှာအသေခံခြင်း တိုင်အောင် အစေ​ကျွန် ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။” (ဖိလိ ၂:၆-၈) 

ခရစ်တော် အသေခံခြင်းသည် ခမည်းတော်၏ စကားကို ​ကျွန်ကဲ့သို့ နားထောင်ခြင်း ဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော် ကဲ့သို့ ဘုရားသခင်၏ စကားကို သေသည့်တိုင်အောင် နားထောင် သင့်သည်။ 
 
၁၄။ ဇာတိသေစေရန်

လူတိုင်း၏ အဓိက ပြသနာသည် ဇာတိ ဖြစ်သည်။ “ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သော အလိုရှိကြ၏။” (ဂလာ ၅:၁ရ)။ “ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။ ထိုကြောင့် ဇာတိ ပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။”  (ရော ၈:ရ- ၈)။ “ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတိပကတိ ကို၎င်း၊ ဇာတိ ပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားထားကြပြီ။” (ဂလာ ၅:၂၄) ဇာတိပကတိ စိတ်များနှင့် အလိုဆန္ဒများကို သတ်ဘို့ရန် ခရစ်တော် အသေခံဘို့ လိုသည်။ 

၁၅။ လောက သေစေရန်

“ငါ ဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော် မှတပါးအဘယ် အရာ၌ မျှဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော် မှာ ဤလောကသည် ငါ့ အဘို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။ ငါသည်လည်း ဤလောက အဘို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။” (ဂလာ ၆:၁၄) ခရစ်တော် အသတ်ခံချိန်တွင် လက်ဝါးကပ်တိုင်သုံးခု ရှိသည်။ ခရစ်တော်သည် အလယ်၌ သတ်၍ လူဆိုးနှစ်ယောက်တို့သည် ဘေးနှစ်ဘက်၌ ရိုက်ထားသည်။ ရှင်ပေါလုကငါသည် ဤလောက အဘို့ ရိုက်ထားခြင်း ခံသည် ဟုဆိုရာတွင် အလယ်၌ ခရစ်တော်နှင့်အတူ ဖြစ်မည်။ ဤလောကသည် ငါ့အဘို့ ရိုက်ထားသည် ဟုဆို ရာတွင် ဘေးနှစ်ဘက်၌ ဖြစ်မည်။ ဘေး၌ ရိုက်သော လူဆိုးများသည် ဤလောကကို ပုံ ဆောင်သည်။ 
 
၁၆။ ဘုရားနှင့် လူရန်ငြိမ်းစေရန်

 “အကြောင်းမူကားရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ ” (ရော ၅:၁၀)။ “ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်း စေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေးတော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။” (၂ ကော ၅:၁ ဂ- ၁၉) ဘုရားနှင့် လူသည် ရန်ဖြစ်ကြသည်။ ထို့ကြောင့် လူသည် ဘုရားသခင်ကို အလိုမရှိ။ သူ၏ နိုင်ငံကိုလည်း စွဲလန်းသော စိတ်မရှိ။ အကူအညီလည်း မလိုချင်။ မတတ်နိုင် မှသာလျှင်နောက်ဆုံး၌ အကူအညီတောင်းတတ်သည်။ ဘုရားနှင့် ပတ်သက်သော သမ္မာတရားလည်း နားလည်လိုသော စိတ်မရှိသောကြောင့် နှစ်ပေါင်း များစွာ ဘုရားရှိခိုးနေသော်လည်း နားမလည် နိုင်ကြ။ ထိုကြောင့် ဘုရားသခင် ဘက်မှာ ခရစ်တော် အသေခံ စေခြင်းအားဖြင့် ရန်ငြိမ်းစေသည်။ သင်သည်လည်း ဘုရားသခင်နှင့် ရန်ငြိမ်းဘို့ လိုသည်။ သို့မှသာ ငြိမ်သက်ခြင်းရရှိနိုင်မည်။ 
  
၁ရ။ လူလူချင်းရန်ငြိမ်းစေရန်

“အဘယ်သို့ နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန် ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံကို ဖြိုးဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်း တည်း။ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက် ရှိသော သင်တို့အား ၎င်း၊ နီးလျက် ရှိသော ငါတို့ အား၎င်း၊ ရန်ငြိမ်းခြင်း တ ရား တည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့ နှစ်ဦးသည် စိတ်ဝိညာဉ် တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့် အခွင့်ကို ရကြပြီ။” (ဧဖက် ၂:၁၄-၁၈) 

လူသည် ဘုရားသခင်နှင့်သာရန် ဖြစ်သည် မဟုတ်၊ အချင်းချင်းလည်းရန် ဖြစ်ကြသည်။ ယုဒလူများနှင့် တပါးအမျိုးသား အကြား၌လည်း ဝိနည်းအထုံး အဖွဲ့များကြောင့် ရန်ဍှုိးရှိ ကြသည်။ ထိုအရာကို ရန်ငြိမ်းစေဘို့ရန် ခရစ်တော် အသေခံ ခဲ့ပြီ။ ထိုကြောင့်၊ “ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ယော ကျ်ားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။” 
 (ဂလာ ၃:၂၈)။ သို့သော် ခရစ်တော်၌ မသေ သေးသောသူများသည် လူမျိုးရေး၌ ရှင်သန် နေဆဲ ဖြစ်ကြသည်။ 
 
၁၈။ ငါတို့သည် စင်ကြယ်စေရန်

“ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေ ၁၀:၁၀)။ ခရစ် တော်သည် အပြစ် ​ဖြေရာယဇ်အဖြစ် မိမိကိုယ်ကို တခါတည်း ပူဇော်ခြင်းဖြင့် ငါတို့သည် ဘုရားသခင် ရှေ့၌ စင်ကြယ်ခြင်းသို့ ရောက် ကြသည်။ ကိုယ့်အကျင့်၊ သီလနှင့် ကု သိုလ်ကောင်းမှုအားဖြင့် မစင်ကြယ်နိုင်သောကြောင့် ခရစ်တော် အသေခံ ရခြင်း ဖြစ်သည်။ သို့သော် သင်သည် ထိုအရာကို လက်မခံသေးလျှင် ခရစ်တော် အသေခံခြင်းသည် အကျိုးမရှိ။ 
  
၁၉။ ချီးမြှောက်ခြင်း ဘုန်းခံရန်

 “ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံ ရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့ မြင်ကြ၏။” (ဟေ ၂:၉) ခရစ်တော်သည်လောက၌ လူအဖြစ် ဆင်းသက်သောအခါ ကောင်းကင်တမန်ထက် အနည်းငယ်နိမ့်ကျသည်။ ထိုမျှသာမက အသေခံ သောကြောင့် ခမည်းတော်ဘုရားက ဘုန်းအသရေပေးခဲ့သည်။ 
 
၂၀။ အသွေးသွန်းရန်

 ခရစ်တော် အသေခံခြင်းသည် အသွေးသွန်းဘို့ရန် ဖြစ်သည်။ အသွေးသွန်းခြင်းအားဖြင့် အပြစ် ဆေးကြောပေးသည်။ “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (၁ ယော ၁:ရ)။ “ထိုသားတော်၏ အသွေးအားဖြင့် အပြစ် လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။” (ဧဖက် ၁:၈) “လက်ဝါးကပ်တိုင်မှာသွန်းသော အသွေးတော်အားဖြင့် ရန်ကို ငြိမ်းစေ၍၊ ကောင်းကင် အရာ ဖြစ်စေ၊ မြေကြီး အရာ ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကိုသားတော်အားဖြင့် ဘုရားသခင်နှင့် သင့်မြတ်စေခြင်းငှါ အလိုရှိတော်မူ၏။” (ကော ၁:၂၀) 

အထက်ပါ ခရစ်တော် အသေခံခြင်း၏ အကျိုးကျေးဇူးများကို ယခုနှစ် ခရစ်တော် အသေခံ ချိန်တွင် မိတ်ဆွေလည်း မလွှဲမသွေရသောသူ ဖြစ်ဘို့ ဘုရားသခင် ပြုတော်မူပါစေသော်။ 
 
 
ကယ်တင်ခြင်း 


ယခုအချိန်တွင် ချီဆောင်ခြင်း အလွန် နီးသောကြောင့် ကယ်တင်ခြင်းမှတပါး အ ခြားသောအရာသည် အရေးမကြီး တော့ပါ။ ယခုအချိန် တွင်လောဘကြီး မည့်အချိန် မဟုတ် တော့ပါ။ ထိုကြောင့် ဝင်ငွေကောင်းနေခြင်း၊ အလုပ်များ လွန်းခြင်း၊ ပင်ပန်းလွန်းခြင်းများမ ဖြစ်သင့်တော့ပါ။ အကြောင်းမှာ ဝင်ငွေကောင်းနေပါက ဝိညာဉ်ရေးရာအတွက်အချိန် မပေး နိုင်သောကြောင့် ကယ်တင်ခြင်း အကြောင်း မသိ လက်မခံခဲ့သည် ရှိသော် အလွန် ဝမ်းနည်းစရာပင် ဖြစ်မည်။ အလုပ်များ လွန်၍ ပင်ပန်းသောကြောင့်လည်း ဘုရားသခင်က ခွင့်လွှတ်မည် မဟုတ်။ ထိုကြောင့် အဘယ်အရာကမျှ ကယ်တင်ခြင်းသို့ ရောက်မည့် အရာကို အဟန့် အတားမရှိစေဘို့ ကာလ အချိန်ကို ရွေးနှုတ်တတ်ဘို့ လိုအပ်သောအချိန် ဖြစ်သည်။ 

ကမ္ဘာပေါ်၌ လူသန်းပေါင်းရဝ ၀၀ ကျော်ရှိကြသည့်အနက်အများစုသည် ကောင်းကင်သို့ ရောက်နိင်သော အခွင့်ရှိသော်လည်း မလိုအပ်ဘဲ ငရဲမီးအိုင် ထဲသို့ ဆင်းကြရမည် ဖြစ်သည်။ အဘယ်ကြောင့်ငရဲထဲသို့ ဆင်းကြရမည်နည်း။ ဘုရားသခင်ကခွင့်မပြုသောကြောင့် လော၊ မဟုတ်ပါ။ ကျမ်းစာက၊ “လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ ဘုရားသခင် အလိုတော် ရှိ၏၊ ” (၁ တိ ၂:၄) ဟုဆိုထားသည်။ တဖန်၊ “ထိုသခင် (ယေရှု)သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။” 
 (၁ ယော ၂:၂) ဟုဆိုထားသည်။ ခရစ်တော်သည် ယုံကြည်သူများ၏ အပြစ် အတွက်သာမက လောကီသား အားလုံး ၏ အပြစ် အတွက် အသေခံသည်၊ အပြစ် ​ဖြေ ပေးသည် ဟုဆိုသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့်လောကီသား အများစုသည် ငရဲမီးအိုင် ထဲသို့ သွားရကြဦးမည်နည်း။ အကြောင်းရင်း များစွာ ရှိသည်။

၎င်းတို့ မှာ၊
 
၁။ မကြားသောကြောင့် 

များစွာသော လူများသည် ခရစ်တော်အားဖြင့် ဘုရားသခင်က ကယ် တင်ကြောင်းကို မကြားကြချေ။ ကျမ်းစာက၊ “သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်း မကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ လူကို မ စေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့် အညီကျမ်းစာ လာသည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၏ ​ခြေတို့သည် အလွန် တင့်တယ်စွတကားဟုလာ သတည်း။” (ရော ၁၀:၁၄-၁၅)ဟု ရေးထားသည်။ ရှင်ပေါလုကလူများ ကပဌနာ ( ဆုတောင်း) မပြုခြင်းသည် မယုံကြည် သောကြောင့် ဖြစ်သည်။ မယုံကြည်ခြင်းသည်လည်း သိတင်း မကြားသောကြောင့် ဖြစ်သည်။ သတင်း မကြားခြင်းသည်လည်း မဟောပြောသောကြောင့် ဖြစ်သည် ဟုဆိုသည်။ ထိုကြောင့် သိတင်း ကြား ပြောဘို့ လိုသည် သတင်း ကြားပြောသော သူတို့၏ ​ခြေသည် အလွန် တင့်တယ် (လှပ) သည် ဟုဆိုသည်။ ထိုကြောင့် ကယ်တင်ခြင်း သတင်း သိသောသူတိုင်း အနေဖြင့် မိမိတို့ ပတ်ဝန်းကျင်၌ ရှိသော ကယ်တင်ခြင်းသို့ မရောက် သေးသောသူများကို သတင်းကောင်းပြောကြစို့။ 
  
၂။ မကြားချင် သောကြောင့် 

များစွာသော လူများ မလိုအပ်ဘဲ ငရဲမီးအိုင်သို့ သွားရမည့် အကြောင်းရင်းတခုသည် ကယ်တင်ခြင်း သတင်းကို မကြားချင် သောကြောင့် ဖြစ်သည်။ ကျမ်းစာက၊ “ငါတို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံသနည်း၊၊ ” (ဟေရှာယ ၅၃:၁)ဟု ပရောဖက် ဟေရှာယကညည်းညူခဲ့ဘူးသည်။ သင်သည် ထိုသို့ မကြားချင် သောသူ ဖြစ်လျှင် ကောင်းစွာ ပြန်လည်စဉ်းစားပါ။ အကြောင်းမူကား ကယ်တင်ခြင်းသို့ မရောက်လျှင် ထာဝရ ကာလ ပတ်လုံးငရဲမီးအိုင်၌ ဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်သည်။ ဤလောက၌ ကိုယ်ခန္ဓာနာကျင်ခြင်း ပင်လျှင် အလွန် ခံရခက်သည်။ ထိုမျှမက ဝိညာဉ်သည် ထာဝရ ခံရမည် ဖြစ်သည်။ ခရစ်တော် ကငရဲနှင့် ပတ်သက်၍၊ “အံသွားခဲကြိတ်ရာနေရာ” ဟူ၍၎င်း၊ “ပိုးမသေမီးမငြိမ်း” ဟူ၍၎င်း၊ ပြောထားသည်။ ခလေး ကဲ့သို့ ယခုအရာကိုသာ ဂရုမ စိုက်ဘို့ သတိပေးလိုပါသည်။ နောင်၌ ထာဝရ ခံစား မည့် အရာကို ကြိုတင် ရှောင်ထားဘို့ လိုသည်။ အဘယ်သို့ ရှောင်နိုင်မည်နည်း။ ဘုရားသခင်က ခရစ်တော်အားဖြင့် ​ ဖြေရှင်း ပေးပြီး ဖြစ်သည်။ ထိုကယ်တင်ခြင်းကို နားထောင်၍၊ သိရှိ နားလည်ကာ လက်ခံယုံကြည် ရုံဖြင့် ရှောင်နိင်သည်။ ခေါင်မာ၍ မကြားချင်သောအားဖြင့် လွတ်မြောက်နိုင်မည် မဟုတ်။ ကိုယ့်ကိုယ်ကို ငရဲမချပါနှင့်။ 
 
၃။ ဂရုမစိုက်သောကြောင့် 

များစွာသောသူများ ငရဲမီးအိုင် ထဲသို့ ဆင်းရမည့် အကြောင်းရင်းတခုသည် ကယ်တင်ခြင်း အကြောင်းကို ဂရုမစိုက်သောကြောင့် ဖြစ်သည်။ ထိုအရာထက် ကိုယ်ခန္ဓာ အလိုဆန္ဒပြည့်စုံရေး၊ စိတ် အလိုဆန္ဒ ပြည့်စုံရေးကို ဦးစားပေးသောကြောင့် ဖြစ်သည်။ ကျမ်းစာ ကလူတို့သည်၊ “ကိုယ်ခန္ဓာအလိုသို့၎င်း၊ စိတ်အလိုသို့၎င်း၊ လိုက်၍ ကာမဂုဏ်တို့၌ ကျင်လည်ကြ” သည် (ဧဖက် ၂:၃) ဟုဆိုသည်။ ကိုယ်ခန္ဓာအလိုနှင့် စိတ် အလိုလိုက်ခြင်းသည် ခဏသာအရသာခံ၍ ဝိညာဉ် အတွက် လုံးဝ အကျိုးမပေးချေ။ အမှန်မှာ ကိုယ်ခန္ဓာသည် အထဲမှ ဝိညာဉ်နှင့် စိတ်ထွက်သွားသောအခါ မြေမှုန့်ဖြစ်သွားမည် ဖြစ်သည်။ ထိုမြေမှုန့်သည် ခံစားချက် ရှိတော့မည် မဟုတ်။ သို့သော် စိတ်နှင့် ဝိညာဉ် မူကား ထာဝရ ခံစားမည် ဖြစ်သည်။ ထိုကြောင့် ကိုယ်ခန္ဓာ အလိုဆန္ဒသည် မလိုက်သင့်ချေ။ မိမိဝိညာဉ်ကို ဂရုမစိုက်သောကြောင့် ငရဲရောက်သောအခါ ထာဝရ နောင်တရမှာသေချာနေသည်။ ထို့ကြောင့် မိမိဝိညာဉ် ထာဝရ အသက် ရရှိရေး၊ ကောင်းကင်နိင်ငံရောက်ရှိရေး၊ အပြစ် ငရဲမှလွတ်ရေးကို ပဌမ ဆုံးဦးစားပေးရမည့် အရာ ဖြစ်သည်။ 
 
 
နောက်ဆုံးပေါ်မူးယစ်ကရိယာ
 

ရှင်ပေါလုက၊ “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။” (ဧဖက် ၅:၁၈)ဟု ရေးခဲ့သည်။ ပေါလုတို့ ခေတ်၌ လွန်ကျူးစေတတ်သော သို့မဟုတ် မူးစေတတ်သောအရာသည် စပျစ်ရည် သာလျှင် ရှိသောကြောင့် စပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်ဘို့ ယုံကြည်သူများကို သတိ ပေးခဲ့သည်။ သူတို့ ခေတ်၌ အရက်မချက်ကြ သေးသောကြောင့် ကျမ်းစာထဲ၌ အရက်အ ကြောင်းနှင့် ပတ်သက်၍ မရေးသား ခဲ့ချေ။ 

 ယခုခေတ်တွင် စပျစ်ရည်နှင့် မူးခြင်း အကြောင်းကို မပြောကြတော့ချေ။ လူများသည် အရက် အမျိုးမျိုး ချက်တတ်သောကြောင့် အရက်နှင့် မမူးဘို့ ပြောလာ ကြသည်။ အရက်သောက်ခြင်းသည်လည်း အပြစ် အဖြစ်မြင် ကြသည်။ အရက်ပြီးလျှင် ဘိန်းမှပြု လုပ်သော မူးယစ်ဆေးဝါးများ သုံးဆွဲလာကြသောကြောင့် အပြစ် အကြောင်း ပြောလျှင် အရက်သမားဘိန်းစားဟူ၍ ပြောလာ ကြသည်။ အရက်သမား၊ ဘိန်းစား၊ မူးယစ်ဆေး ဝါးသုံးဆွဲသောသူများကို အထင်မကြီး၊ လူရာမဝင်၊ သိက္ခာမရှိသောသူများဟု မြင်၍ သတိထားကြ၊ ရှောင် ကြသည်။ 

 ယခုနောက်ဆုံးပေါ်လူကို ယစ်မူးစေသောအရာသည် အရက်နှင့် မူးယစ်ဆေးဝါးများသာမက အီလက်ထောနစ်ပစ္စည်းများ ဖြစ်လာသည်။ ကျမ်းစာက၊ “လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။” (၂ ပေ ၂:၁၉) ဟုဆိုထားရာအီလက်ထောနစ် ပစ္စည်းများသည် လူကို အလွန် နိင်သောကြောင့် လူ၏ သခင် ဖြစ်မှန်း မသိ ဖြစ်နေကြပြီ။ အစပဌမ၌ ကွန်ပြူတာဆွဲလန်း ကြသည်။ သို့သော် ကွန်ပြူတာသည် နေရာတကာ၌ အသုံး မပြုနိင်သောကြောင့် အကန့်အသတ်နှင့် လူကို နိင်ခဲ့သည်။ ယခုအခါ စမတ်ဖုန်းများ ပေါ် ပေါက် လာသောအခါ နေရာတိုင်း၌ အသုံးပြုနိင်သောကြောင့် စျေး အလွန် ကြီးသော်လည်း လူတိုင်း ကသုံးစွဲလို ကြသည်။ ဖုန်းကို တချိန်လုံးကိုင်သောကြောင့် အလုပ်လည်း ကောင်းစွာ မလုပ်နိုင်၊ လူကိုလည်း ဂရုမစိုက်နိုင်၊ တရားကိုလည်း ကောင်းစွာ မနာနိုင်၊ ကျမ်းစာလည်း လုံးဝ မဖတ်နိင်ကြတော့ချေ။ ထို့ကြောင့် ဖုန်းသည် သခင် ဖြစ်လာသည်၊ ဘုရား ဖြစ်လာသည်။ 

စမတ်ဖုန်းများသည် အသုံးပြုတတ်လျှင် အလွန် အသုံးဝင်၍ အကျိုးကြီး လှသည်။ ဖုန်းအားဖြင့် တယောက်နှင့် တယောက် ချက်ချင်း ဆက်သွယ်နိင်သည်။ သတင်းများကိုလည်း ချက်ချင်း သိနိုင်သည်။ မိုးလေဝသလည်း သိ၍ သတိထားနိုင်သည်။ လမ်းပြ အဖြစ်လည်း အသုံးပြုနိုင်သည်။ ဂဏန်းပေါင်းစက်လည်း ဖြစ်ကာဦးနှောက်ကို အထောက်အကူ ပေးနိုင်သည်။ အသံသွင်းနိင်သောကြောင့် အရေးကြီးသော အရာများကိုလည်း မှတ်တမ်းတင်၍ ပြန် အသုံးပြုနိုင်သည်။ ကင်မရာလည်း ဝယ်စရာ မလိုတော့ဘဲအချိန်မရွေး ဓါတ်ပုံလည်းရိုက်နိုင်သည်။ ကျမ်းစာ ကိုလည်း ဖတ်နိုင် နားထောင် နိုင်သည်။ တရားဟောချက်များကိုလည်း နားထောင်ခြင်းအားဖြင့် ဝိညာဉ်ရေးရာ၌ တိုး တက်နိုင်သည်။ အလုပ်ချိန်ကြောင့်သော်၎င်း၊ အနေဝေးကြသောကြောင့်သော်၎င်း၊ တရားမနာနိုင်၊ ဘုရား မရှေ့ခိုးနိင်သောသူများလည်း ဖုန်းထဲမှပါဝင်နိုင်၊ ပြန်နားထောင် နိုင်သည်။ 
သို့သော် ယနေ့ လူအများစုဖုန်း အသုံးပြုခြင်းသည် ဝိညာဉ်ရေးရာကို အထောက် အကူပေးသော အရာများအတွက် အသုံးမပြုဘဲ ဝိညာဉ်ရေးရာ၌ ဆုတ်ယုတ်စေမည့် အရာများ၌ သာ အသုံးပြု နေကြသည်။ အရေးမကြီးသော အရာများကိုထက် စိိန်ခြင်း၊ အရေးမကြီးသော ဖုိက်စဘုတ်များကို ကြည့်ခြင်းနှင့် လွှင့်ခြင်း၊ မကောင်းသော အပြာ ရုပ်ရှင်မှစ၍ ဇာတ်လမ်းများ ကြည့်ရှုခြင်း၊ သီချင်းများ အဆက်မပြတ် နားအူသွားသည့် တိုင်အောင် နားထောင်ခြင်း၊ အရေးမကြီးသော စကားများကို လူများနှင့် ပြောခြင်း များကိုသာလျှင် ပြုလုပ် ကြသည်။ ထိုအရာများ ပြုလုပ်ခြင်းကြောင့် အလုပ်ပျက်၊ အကျင့်ပျက်၊ ပျင်းရိ၊ တာဝန် မဲ့၊ တန်ဘိုးမဲ့ ဖြစ်လာကြမှန်း မသိကြချေ။ အီလက်ထောနစ်ပစ္စည်းများသည် မိတ်ဆွေ၏ ဝိညာဉ်ကို ပျက်စီးစေ၊ အားနည်းစေ၊ သေစေနေမှန်း မသိသောကြောင့် အလွန် စွဲလမ်းနေခြင်း ဖြစ်သည်။ စာတန်၏ နောက်ဆုံးပေါ်လက်နက် ဖြစ်သည်။ 

ထိုကြောင့် ဖုန်းများကို အကျိုးမရှိမည့် အထက် ဖေါ်ပြပါအရာများအတွက် အသုံးမပြုပါနှင့်။ အရေးမကြီးသော စကားပြော၍ အချိန် မကုန်ပါစေနှင့်။ စကား များခြင်းအားဖြင့် အပြစ်များတတ်သည်။ ဖုန်းကို ဝိညာဉ်ရေးရာ၌ အကျိုးရှိမည့် ကျမ်းစာဖတ်ခြင်း၊ နားထောင်ခြင်း၊ တရားနာခြင်းများအတွက် အသုံးပြုပါ။ အကျိုးမရှိသော ဖုိက်စဘုတ်၌ ပုံပျက်ပန်းပျက်မိမိ ဓါတ်ပုံများ မတင်ပါနှင့်။ ထိုသို့ မိမိပုံများ တင်ခြင်းသည် ့ကိုယ့်သိက္ခာ ချခြင်း၊ စျေးပေါပေါနှင့် ကိုယ့်ကိုယ်ကို ရောင်းခြင်း၊ ကျေညာနေခြင်း ဖြစ်ကြောင်း သိပါ။ အကျိုး လုံးဝ မရှိသော သီချင်းများ နားထောင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို မဖျက်စီးပါနှင့်။ အကျိုးရှိမည့် အရာများကို လုပ်ဘို့ရန်သာ ကြိုးစားပါ။ ဘုရားသခင်က မိတ်ဆွေ၏ ဝိညာဉ် မျက်စိကို ဖွင့်ပေး၍ ကောင်းသော အရာများကိုသာ လုပ်ဘို့ရန် သွန်သင်ဆုံးမတော်မူပါစေသော်။ 
 
 
တနင်္ဂနွေနေ့၌ ဘုရားရှိခိုးခြင်း 
 

အဘယ်ကြောင့်ဥပုသ်နေ့ ဖြစ်သော စနေနေ့၌ ခရစ်ယာန် များသည် ဘုရား မရှိခိုးဘဲ တနင်္နွေနေ့၌ ရှိခိုးကြသနည်း။ စနေနေ့မှတနင်္နွေနေ့၌ ဘုရားရှိခိုးခြင်းသည် စနေ အသင်းတော် ကပြောသကဲ့သို့ ရိုမင်ကက်သလိပ် အသင်းတော် ကပြောင်းလဲခြင်း ဖြစ်သလော။ တနင်္နွေနေ့၌ ဘုရားရှိခိုးခြင်းသည် တမန်တော်များလက်ထက် မှစ၍ ပြုလုပ်သောအရာ ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့်ကို ဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက် ဖြန်နေ့၌ ထွက်သွားမည် ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။” 
 (တ ၂၀:ရ)။ တမန်တော် ပေါလုနှင့် ယုံကြည်သူများသည် ခုနှစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့်ကို ဖဲ့ခြင်း ငါှစည်းဝေးကြသည် ဟုဆိုသည်။ သို့သော် ထိုအရာသည် နောက်နေ့၌ ခရီး သွားမည် ဖြစ်သောကြောင့်ဟု အကြောင်း ပြကြသည်။ 
 သို့ဖြစ်လျှင် ဤကျမ်းပိုဒ်ကို ကြည့်ကြစို့၊ “သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထားခြင်း အမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည် အတိုင်း သင်တို့ ပြုကြလော့။ ငါရောက် လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ် ရက်တွင် ပဌမ နေ့ရက်၌ အသီးသီးကောင်းစားသည် အတိုင်း၊ မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။” (၁ ကော ၁၆:၁-၂)။ ပေါလုကကောရိန်သု အသင်းတော်၌ ခု နှစ်ရက်တွင် ပဌမ နေ့ရက်၌ ဥစ္စာတဘို့ကို ထုတ်၍ စုထားဘို့ ရေးသားခြင်း ဖြစ်သည်။ ခု နှစ်ရက်တွင် ပဌမ နေ့ရက်သည် တနင်္နွေနေ့ ဖြစ်သည်။ စနေနေ့သည် ခုနှစ်ရက်မြောက်သောနေ့ ဖြစ်သည်။ အဘယ်ကြောင့်တနင်္နွေနေ့တွင် စုထားခိုင်းသနည်းဟူမူကား ထိုနေ့၌ စုဝေး၍ ဘုရားရှိခိုးတတ်ကြသောကြောင့် ဖြစ်သည်။ အင်္လိပ်ကျမ်းစာ၌ ပဌမ နေ့တိုင်း၌ ဟု ပါရှိသည် “ဥည အ့န်ငမျအ ိပေ သ် နလနမပ တနနု နခေ့ သညန သ် ပသက ငျ အသ စကအ ​ငြေိန ​ညေိ လြနေယြေ့န ာပေ စမသျစနမယ ျသ အ့အေ ညသ ခသူနခအငသညျ ဘန ာ​ေိန တ့နည၍ ခသာန၏” ထို့ကြောင့် တနင်္နွေနေ့၌ ဘုရားရှိခိုးခြင်းသည် ပေါလုတို့ လက်ထက်မှ စတင်ခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားသည်။ 
 
နေ့ရက်စောင့်ခြင်း 

နေ့ရက်စောင့်ခြင်နှင့် ပတ်သက်၍ ရှင်ပေါလုကရောမ ယုံကြည်သူများထံ ဤကဲ့သို့ စာရေးခဲ့သည်၊ “နေ့ရက်တရက်ထက် တရက်သာ၍ မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့ မထင်။ လူတိုင်း မိမိစိတ် သဘော ကျပါစေ။ နေ့ရက်ကို စောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲ နေ၏။” (ရော ၁၄:၅-၆)။ ကောလောသဲ အသင်းတော် ထံ၌လည်း ဤသို့ ရေးသည်၊ “ထိုကြောင့် စားသောက်ခြင်း အမှု၊ ပွဲနေ့၊ လ ဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင် စေနှင့်။ ထိုအရာတို့သည် နောက် ဖြစ်လတံ့သောအရာ တို့၏ အရိပ် ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။” (ကော ၂:၁၆-၁ရ)။ 

ဣသရေလ လူများသည် ဥပုသ်နေ့၊ လဆန်းနေ့၊ ပွဲနေ့များ ဖြစ်သော ပသခါပွဲ၊ အဇုမပွဲ ( တဆေးမဲ့မုန့်ပွဲ)၊ အဦး သီးသော အသီးပွဲ၊ ပင်တေကုတ္တေ ပွဲ၊ တပိုးမှုတ်ပွဲ၊ အပြစ် ​ဖြေရာနေ့၊ တဲပွဲ (သကေနေပွဲ ယော ရး၂)များကို စောင့်တတ်ကြသည်။ ထိုနေ့များနှင့် ပွဲများတွင် အချို့သည် ခရစ်တော် ပဌမ ကြွရောက် လာသောအခါ ပြည့်စုံပြီး ဖြစ်သည်။ ပဿခါပွဲသည် ခရစ်တော် အသေခံသောအခါ ပြည့်စုံပြီ။ ရှင်ပေါလုက၊ “ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။” (၁ ကော ၅:ရ) ဟုဆိုသည်။ ပသခါ သိုးသငယ်သည် ခရစ်တော်ကို ပုံဆောင်၍ သူအသေခံခြင်းဖြင့်ပြီး ပြည့်စုံသွားပြီ။ ထိုကြောင့် ပသခါပွဲ ကျင်းပစရာ မလိုတော့ချေ။ အဇုမပွဲ တည်းဟူသော တဆေးမဲ့မုန့်ပွဲသည် ခရစ်တော် မြုပ်နှံခြင်းအားဖြင့် ပြည့်စုံသွားပြီ ဖြစ်သည်။ အကြောင်းမှာ တဆေးသည် အပြစ်ကို ဆိုလိုခြင်း ဖြစ်သည် (၁ ကော ၅:ရ)။ လူ၏ အပြစ် တည်းဟူသော တဆေးကို ခရစ်တော် အပေါ်၌ ဘုရားသခင်က တင်၍ ထိုအပြစ်ကြောင့် အသေခံ ကာ၊ ထိုအပြစ်များကို ခရစ်တော် မြုပ်နှံသောအခါ ပြည့်စုံသွားပြီ ဖြစ်သည်။ ထို့ကြောင့် အဇုမပွဲသည် ကျင်းပစရာ မလိုတော့ချေ။ အဦးသီးသော အသီးပွဲသည် ခရစ်တော် ရှင်ပြန်ထမြောက်သောအခါပြီး ပြည့်စုံသွားပြီ ဖြစ်သည်။ အကြောင်းမူကား ခရစ်တော်သည် သေသော သူတို့တွင် အဦးဆုံးထမြောက်တော်မူသောသူ၊ ဘုရားသခင် အတွက် အဦးသီးသော အသီး ဖြစ်သည် ဟုဆိုသည် (၁ ကော ၁၅:၂၀)။ ထို့ကြောင့် ထိုပွဲကို ကျင်း ပစရာ မလိုတော့ချေ။ ပင်တေကုတ္တေ ပွဲကိုလည်း သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ ပြည့်စုံသွားပြီ ဖြစ်သည် (တ ၂)။ ထို့ကြောင့် ကျင်းပစရာ မလိုတော့ချေ။ 

ယခုမ ပြည့်စုံ သေးသော ပွဲသုံးခုကျန်သေးသည်။ ထိုပွဲများ မှာတပိုးမှုတ်ပွဲ၊ အပြစ် ​ဖြေရာနေ့နှင့် သကေနေ (တဲ) ပွဲတို့ ဖြစ်သည်။ တပိုးမှုတ်ပွဲသည် ခရစ်တော်က အသင်းတော် ချီဆောင်သောအခါ ပြည့်စုံမည် ဖြစ်သည်။ ခရစ်တော်သည် နောက်ဆုံးသော တပိုး မှုတ်သောအခါ ဆင်းသက်လာမည်ဟု (၁ သက် ၄:၁၄-၁ရ၊ ၁ ကော ၁၅:၅၁-၅၂) မှာတွေ့ ရသည်။ အပြစ် ​ဖြေရာနေ့သည် ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ ပြည့်စုံမည်။ ဣသရေလ များသည် အပြစ် ​ဖြေရာနေ့ကို သတင်း ​ကျွတ်လ ( ဤငျ့မင) ခုနှစ်လ မြောက်တွင် ကျင်းပတတ်သည်။ ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ ဘေးဒဏ်ကြီး ကာလ၌ မသေဘဲ ကျန်ကြွင်းသော ဣသရေလ လူအားလုံး ၏ အပြစ်များကို ​ဖြေ လွှတ်မည် ဖြစ်၍ အနာဂတ်မှာရှိသေးသည်။ ထိုပွဲအပြီး၌ တဲပွဲ တည်းဟူသော သဂေနေပွဲကို ကျင်းပတတ်ကြသည်။ တဲပွဲသည် အနှစ်လေးဆယ်ကန္တာရ၌ လည်စဉ်တွင် ဘုရား သခင်၏ မစခြင်းကို ခံရ၍ တဲ၌ နေခြင်းကို သတိရအောက်မေ့ဘို့ရန် ကျင်းပခြင်း ဖြစ်သည်။ ထိုပွဲကို အနှစ်တထောင် ခရစ်တော်က ဤလောက အုပ်စိုးသောအခါ ပြည့်စုံဦးမည် ဖြစ်သည်။ အနှစ်တထောင်ကာလ၌ ခရစ်တော် ကအုပ်စိုးခြင်းအားဖြင့် လူတိုင်း အစာရေစာ ဝပြော၍ ရန်သူမရှိဘဲ ဘေးကင်းလုံခြုံစွာ နေကြမည့် အရာကို ညွှန်ပြသောပွဲ ဖြစ်သည်။ ထိုအရာလည်း အနာဂတ်မှာရှိသေးသည်။ 

ထိုပွဲများသည် မပြည့်စုံသော်လည်း ခရစ်ယာန်များကမ ကျင်းပကြချေ။ အကြောင်းမူကား ထိုပွဲများကို အသင်းတော်အား ကျင်းပဘို့ရန် သခင်ဘုရားကမခိုင်းချေ။ အသင်းတော် သို့မဟုတ် ယုံကြည်သူများကို အဘယ်ပွဲမှ ကျင်းပဘို့ရန် သခင်ယေရှုက မခိုင်းချေ။ သ့ုိသော် ယခု ခရစ်ယာန်များကျင်းပသော နေ့ရက်နှင့် ပွဲများ မှာတနင်္နွေနေ့၊ ခရစ္စမတ်နေ့၊ နှစ်သစ်ကူးနေ့၊ ရှင်ပြန်ထမြောက်သော နေ့များ ဖြစ်သည်။ ထိုနေ့များ အပြင် မိခင်များနေ့ဖခင်များနေ့၊ ချစ် သူများနေ့၊ ကျေးဇူးတော် ချီးမွမ်းခြင်း နေ့များ တိုး လာသည်။ ထိုပွဲများကို ခရစ်တော် ကမ ကျင်းပခိုင်းပါ။ ခရစ္စမတ်ပွဲသည် ခရစ်တော်၏ မွေးနေ့အတွက် ကျင်းပသော်လည်း နေ့ရက်အတိအကျ မသိရပါ။ ထို့ကြောင့် ဒီဇဘ်ာလ ၂၅ ရက်နေ့တွင် ကျင်းတတ်ကြသည်။ ထိုပွဲကို ကျင်းပကြသော်လည်း အဓိပ္ပါယ် မသိကြ၊ မပြောကြချေ။ စားသောက်ပွဲ၊ လက်ဆောင်ပေးပွဲ၊ ပျော်ရွှင်ပွဲသာလျှင် ဖြစ်သည်။ တမန်တော်များခရစ္စမတ်ပွဲ ကျင်းပခြင်းမှ တ်တမ်း မတွေ့ရပါ။ သို့ဖြစ်လျှင် ဆက် ကျင်းပသင့်သလောဟု မေးစရာ ရှိသည်။ ကျင်းပလေ့ရှိသောကြောင့် ကျင့်ပနိုင်ပါသည်။ ခရစ္စယာန် မဟုတ်သောသူများ ပင်လျှင် သိနေကြသည်။ ထို့ကြောင့် ကျင့်ပလျှင်လည်း ခရစ်တော် ဘာကြောင့် လူ့ဇာတိခံသနည်းဟူသောအရာကို ရှင်းပြ၍ ကယ်တင်ခြင်း အကြောင်းများပြောပြသင့်သည်။ ယခုမူအပျော်အပါးသာလျှင် ဦးစားပေးသောကြောင့် အကျိုးမရှိပါ။ 

နှစ်သစ်ကူးပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ခရစ်တော်၏ မွေးနေ့မှစ၍ ရေတွက် သောကြောင့် ခရစ္စမတ်ပွဲနှင့် တထပ်တည်း ဖြစ်သင့်သည်။ ထိုမျှသာမက နှစ်သစ်ကူးလျှင် ကယ်တင်ခြင်းသို့ ရောက်သောသူများအတွက် ကောင်းကင်နိင်ငံသို့ ရောက်ဘို့ရန် တ နှစ်နီးသွားပြီဟူ၍၎င်း၊ လွန်ခဲ့သော နှစ်များ အတွင်း ဘုရားသခင်၏ ကျေးဇူးတော် ခံစားသည် ဟူ၍၎င်း၊ နှစ်သစ်အတွင်း၌ ဘုရား အလိုတော်အတိုင်း အသက်ရှင်ပါမည်ဟူ၍၎င်း၊ ဆုံးဖြတ်ချက် ချ၍ ကျင်းပသင့်သည်။ နှစ်သစ်ကူးလည်း ဘုရားသခင်က ကျင့်ပခိုင်းသောအရာ မဟုတ်ပါ။ ကယ်တင်ခြင်းသို့ မရောက်၊ ကောင်းကင်နိင်ငံသို့ မသွားဘဲ ငရဲမီးအိုင် ထဲသို့ ဆင်းသွားမည့်သူများအတွက် နှစ်သစ်ကူးခြင်းသည် အမင်္လာ ဖြစ်သည်။ အကြောင်းမူကား ငရဲမီးအိုင်သို့ ဆင်းဘို့ရန် တနှစ်နီးသွားပြန်ပြီ။ သို့သော် ထိုအရာကို မသိ သောကြောင့် အလွန် စိတ်လှုပ်ရှားစွာဖြင့် အပျော်ကျူးတတ်ကြသည်ကို သနားဖွယ်ရာ တွေ့မြင်နေရသည်။ 

ရှင်ပြန်ထမြောက် ခြင်းနှင့် ပတ်သက်၍လည်း ကျမ်းစာ၌ ကျင်းပခိုင်းခြင်းနှင့် တ မန်တော်များကျင်းပကြသည့်မှတ်တမ်း မတွေ့ရပါ။ ထိုပွဲ ကျင်းပသောအခါ၌လည်း ခရစ်တော် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မည်သည့် အကျိုးကျေးဇူးများ ရရှိသည်ကို မပြော၊ မရေတွက်ကြဘဲ စားပွဲ၊ ပျော်ပွဲသာလျှင် ဖြစ်သွား ကြသည်။ ထို့ကြောင့် 
 ယုံကြည်သူများအနေဖြင့် မိမိတို့ ပြုလုပ်သော ပွဲများကို ကောင်းစွာ ပြန်လည်စဉ်းစားဘို့ လိုသည်။ လူလူချင်းပျော်ဘို့ ပွဲထက် ဘုရားသခင်၏ အလိုတော် ပြည့်စုံစေသော ပွဲများ ကျင်းပသင့်သည်။ ထို့ကြောင့် ရှင်ပေါလုက၊ “ထိုကြောင့် စားသောက်ခြင်း အမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီ ရင်စေနှင့်။” ဟုဆိုရခြင်း ဖြစ်သည်။ ယုံကြည်သူများကို ဘုရားသခင်က ဝိညာဉ် မျက်စိမြင် စေ၍ လုပ်သင့်သော အရာများကို သိမြင်စေတော်မူပါစေသော်။ 
 
စာတန် ကပြိုင်

သခင်ယေရှုက၊ “တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည် ကြလော့။ ငါ့ကိုလည်း ယုံကြည် ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှတဖန် လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ယော ၁၄:၁-၃) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် ယုံ ကြည် သူများအတွက် အဘအိမ်တော်၌ အခန်းများကို ပြင်ဆင် ပေးနေသည်။ ပြင်ပြီးသောအခါ တဖန် လာပြန်၍ သူတို့ကို သိမ်းဆည်းမည် ဖြစ်သည်။ ထိုအရာကို သိသောကြောင့် စာတန်သည် ယခုအခါ အမေရိကန်ပြည် ထောင်စုနေရာတိုင်း လိုလို၌ အိမ်သစ်ကြီးများကို ဆောက်နေသည်။ အကြောင်းမှာ သခင်ယေရှု ပြင်ဆင် ပေးသော ကောင်းကင် အိမ်ကို လူများက မလိုချင်၊ မစွဲလမ်းစေရန်အလုအယက်အိမ်သစ်ကြီးများကို ဆောက် လုပ်နေသည်။ လူများလည်း ထိုအိမ်များကို စွဲလမ်းသောကြောင့် ကောင်းကင် အိမ်ကို စိတ်မဝင်စားတော့ချေ။ ထိုအိမ်များကို လိုချင် သောကြောင့် လုပ်အား ခနည်းသောသူများကလည်း အိမ်ဝယ်နိုင်ရန်အချိန် ပိုအလုပ်များ လုပ်ခြင်းဖြင့် ကောင်းကင် အိမ်ကို စိတ် မဝင်စားနိုင်ကြချေ။ 

ခရစ်တော်က၊ “နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသား လက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ ဝင်၍၊ ရေလွှမ်းမိုးခြင်း ဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ လောတသည်သော ဒုံမြို့မှ ထွက်သော နေ့၌ ကောင်းကင်မှ ကန့်နှင့် ရောသော မီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း၊ လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်။” (လု ၁ရး၂၆-၃၀)ဟု သတိပေးခဲ့သည်။ သို့ဖြစ်၍ နောဧလက်ထက်၌ မည်ကဲ့သို့ဖြစ်ကြသနည်းဟူသောအရာကို ယခုခေတ်နှင့် နှိုင်းယှဉ်၍ ကြည့်ဘို့ လိုသည်။ နောဧလက်ထက်၌ လူများတို့သည် ရေလွှမ်းမိုးသည် အထိ စားသောက်လျက်၊ ထိမ်း မြားစုံဘက်လျက် နေကြသည်။ စားသောက်ခြင်းနှင့် ထိမ်းမြား စုံဘက်ခြင်းသည်သာ မန်လုပ် နေကြအရာများ ဖြစ်သည်။ ဆိုလိုသည်မှာ လူများသည် သခင်ယေရှု ကြွလာ မည့် အရာကို စိတ်ဝင်စားမှု မရှိဘဲ သာမန်အချိန် ကဲ့သို့၊ ဘာ ဖြစ်မည်ကို မသိ၊ သတိမ ထားဘဲ နေ့စဉ် လုပ် နေကြအလုပ်ကိုသာ ဆက်လုပ် နေကြသည်။ မိတ်ဆွေ သင်သည် ထိုသို့ သတိမထား၊ အမှု မဲ့အမှတ်မဲ့နေသောသူ ဖြစ်ပါသလား။ 

လောတလက်ထက်၌လည်း လူများ တိုသည်၊ စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေကြသည် ဟုဆိုသည်။ ရှင်လုကာ၌ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် ဟုဆိုထားသည်။ ယခုခေတ်၌ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် အလုပ်များ နေကြသောကြောင့် သခင်ယေရှု ကြွလာမည့် အရာကို မသိကြ၊ ဂရုမစိုက်ကြ၊ မပြင်ဆင် ကြချေ။ ထို့ကြောင့် သခင်ယေရှု ကြွ လာသောအခါ ချီဆောင်ခြင်း၌ မပါဝင်ဘဲ များစွာသော လူများသည် ဤကမ္ဘာ ပေါ်၌ ကျန်ရစ်ကြမည်။ 
 
 
မှားယွင်းသော ဆရာမည်ကဲ့သို့သိနိင်မည်နည်း


မှားယွင်းသော ဆရာများကို သတိထားဘို့ ခရစ်တော်နှင့် တမန်တော်များက ယုံကြည်သူများကို အတန်တန်မှာထားသည်။ သို့ဖြစ်လျှင် မှားယွင်းသော ဆရာများကို မည်ကဲ့သို့ သိနိင်မည်နည်း။ 

အတိုဆုံးသိနိင်သော အချက်များမှာ၊ 

၁။ ကောင်းကင် ရောက်မည့် အကြောင်း၊ ကယ်တင်ခြင်း အကြောင်းကို အဓိကမထား၊  သို့မဟုတ် မပြောလျှင် 

၂။ လောက၌ ချမ်းသာ မည့် အရာ၊ ကောင်းစား မည့် အရာ၊ ပြသနာ ပြေလည်မည့် အရာကိုသာလျှင် ဦးစားပေး ပြောဆိုလျှင် 

၃။ တချိန်လုံးငွေရေး​ကြေးရေးအကြောင်း၊ အလှူပေးမည့် အကြောင်းကိုသာ နိုးဆော်လျှင် 

၄။ ကျမ်းစာ အပြင်ဘက်မှသာ ပြောဆိုလျှင်၊ 

၅။ ကျမ်းစာ၌ မခိုင်း၊ မဖေါ်ပြသော အပြုအမူများပြုလုပ် လာလျှင် 

၆။ သီချင်းနှင့် စိတ်လှူပ်ရှားစေမည့် အရာများကိုသာ ဦးစားပေးလျှင်၊ 

၇။ ရီစရာကိုသာ အဓိက ပြောဆိုလျှင် 

ထိုဆရာ၊ ဆရာမသည် မှားယွင်းသော ဆရာ ဖြစ်သည်။ အဝေးမှ ရှောင်ဘို့ သတိပေးလိုပါသည်။ 
 
 
ယေရ၍ ခရစ်တော်သည် ဘုရား ဖြစ်သည် 
 

ယေဟောဝါ သက်သေခံအသင်းကယေရှုသည် ဘုရားကြောင်းကို လက်မခံကြချေ။ သူတို့ ကယေရှုသည် ဖန်ဆင်းထားသောအရာ ဖြစ်၍ ကောင်းကင်တမန် မိခေလ ဖြစ်သည် ဟုဆိုသည်။ ထိုကြောင့် သခင်ယေရှုကို မကိုးကွယ်ကြချေ။ သို့သော် သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်း အောက်ကျမ်းပိုဒ်များ အရသိရသည်။ 
 
ဘုရား ဖြစ်သည် 

“အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။” (ယော ၁:၁-၃)။ ယောဟန်က ခရစ်တော်ကို နှုတ်ကပတ်တော်ဟု ခေါ်သည်။ အကြောင်းမှာ ကျမ်းစာက ဤသို့ ဆိုထားသည်၊ “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါမိမိ သားတော်အားဖြင့် ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။” (ဟေ ၁:၁)။ ထိုကြောင့် နှုတ်ကပတ်တော်သည် ခရစ်တော် ယေရှု ပင် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်သည် ဟုဆိုသည်။ 

အာလဖနှင့် ဩမေဃ

 “ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွကြွလာတော်မူသည် ဖြစ်၍၊ ကိုယ်တော်ကို ိထိုး ဖောက်သော သူတို့နှင့် ရှိသမျှသော သူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်းတမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏ဟု အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာ ၁:ရ- ၈) 
 
 “ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။ ငါသည် အာလဖ ဖြစ်၏။ ဩ မေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။” (ဗျာ ၂၂:၁၂-၁၃) အထက်ပါ ကျမ်းပိုဒ်များ၌ မိုဃ်းတိမ်နှင့် ကြွလာမည့် သူသည် ခရစ်တော် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ထိုးဖေါက်ခြင်း ခံသောသူသည် ခရစ်တော် ဖြစ်သည်။ ခရစ်တော် ကြွ လာသောအခါ သူ့ကို ထိုးဖေါက်သောသူများကမြင်မည် ဟုဆိုခြင်းသည် သား စဉ်မြေးဆက်များကို ဆိုလိုခြင်း ဖြစ်သည်။ အကြောင်းမှာ သူ့ကို ထိုးဖေါက်သောသူများသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင် နီးပါးက ဖြစ်သောကြောင့် သေလွန်ကုန်ကြပြီ။ ငါသည် အာလဖ ဖြစ်၏၊ ဩမေဃလည်း ဖြစ်၏ ဟုဆိုခြင်းသည် အစနှင့် အဆုံး ဖြစ်သည် ဟုဆိုခြင်း ဖြစ်သည်။ ဂရိတ်အက္ခရာ၌ အာလ ဖသည် ပဌမ စလုံး ဖြစ်၍ ဩမေဃသည် နောက်ဆုံး ဖြစ်သည်။ ထိုကဲ့သို့ အစပဌမနှင့် နောက်ဆုံး ဖြစ်သည် ဟုဆိုနိင်သောသူသည် ဘုရားသခင် သာလျှင် ဖြစ်သည်။ ကောင်းကင်တမန် များသည် ထိုကဲ့သို့ မဆိုနိင်ချေ။ “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏” ဟု အတည့်အလင်း ဆိုထားသောကြောင့် သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်း ထင်ရှားစွာ ဖေါ်ပြသည်၊ 
 
 ဒါဝိဒ်၏ အမြစ်နှင့် အနွယ်

 “ငါသည်ကား၊ ဒါဝိဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်း ဖြစ်၏။ ထွန်းတောက်သော မိုဃ်း သောက်ကြယ်လည်း ဖြစ်၏။” (ဗျာ ၂၂:၁၆) သခင်ယေရှု ကသူသည် ဒါဝိဒ်၏ အမြစ် ဖြစ်၏ ဆိုခြင်းသည် ဒါဝိဒ်မတိုင်မှီသူရှိကြောင်း ဆိုိလိုသည်။ သူသည် ဒါဝိဒ်၏ အနွယ်လည်း ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဒါဝိဒ်၏သား စဉ်မြေးဆက် ဖြစ်သည်။ လူတယောက်သည် ဖခင်နှင့်သား မဖြစ်နိင်ချေ။ သို့ဖြစ်လျှင် သခင်ယေရှုသည် အဘယ်သို့ ဒါဝိဒ်
၏ အမြစ်နှင့် အနွယ် ဖြစ်နိင်သနည်း။ သခင်ယေရှုသည် ဘုရား အဖြစ် ဒါဝိဒ်၏ အမြစ် ဖြစ်သည်။ အကြောင်းမှာ ဒါဝိဒ်၏ ဖန်ဆင်းရှင် ဖြစ်သည်။ ဇာတိအားဖြင့် မူ ဒါဝိဒ်၏ အနွယ် ဖြစ်သည်။ ထိုကြောင့် သူ့ကို ဒါဝိဒ်၏ သားတော်ဟု ခေါ်တတ်ကြသည်။ 
 
အပြစ် လွှတ်ပိုင်သောသူ

 “ထိုအခါ လက်​ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ ဆောင်ခဲ့ကြ၏။ လူစုဝေးလျက် ရှိသောကြောင့် ကိုယ်တော် ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော် ရှိရာအပေါ်မှာ အမိုးကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျှော့ချကြ၏။ ယေရှုသည် ထို သူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်၊ လက် ​ခြေသေသောသူအား၊ ငါ့သား၊ သင်၏ အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။ ထိုအရပ်၌ ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကို လွန်ကျုး၍ အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ ဘုရားသခင် မှတပါးအဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာထင်မှတ်ကြ၏။ သူတို့ စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဥာဏ်အားဖြင့် ချက်ခြင်း သိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာအဘယ်ကြောင့် ဤသို့ ထင်မှတ်ကြသနည်း။ လက်​ခြေသေသောသူအား အဘယ်စကားကိုသာ၍ ပြောလွယ် သနည်း။ သင်၏ အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ် ရာကို ဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ လူသားသည် မြေကြီးပေါ်မှ ာ အပြစ် လွှတ်ပိုင်သည်ကို သင်တို့ သိစေခြင်းငှါ၊ ၁၁ ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု သင့်အား ငါဆိုသည်ဟု လက်​ခြေသေသောသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ချက်ခြင်း ထ၍ အိပ်ရာကို ဆောင်လျက် လူအပေါင်းတို့ ရှေ့ မှာထွက်သွား၏။” (မာ ၂:၁-၁၂) 

ကျမ်းပြုဆရာများ ကအပြစ်သည် ဘုရားသခင်က သာလျှင် လွှတ်နိင်သည် ဟုဆိုခြင်းသည် မှန်သည်။ ဘုရားသခင် သာလျှင် အပြစ်တင်ပိုင်လွှတ်ပိုင်သည်။ သို့ဖြစ်လျှင် သခင်ယေရှု ကအဘယ်ကြောင့်လူနာကို အပြစ် လွတ်စေပြီ ဟုဆိုသနည်း။ ကျမ်းပြုဆရာများက သူ့ကို အပြစ် မြင်မည့် အရာကို သူ မသိသလော။ သိပါသည်။ သိ၍လည်း ပြောခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ခရစ်တော်သည် လူနာ၏ အပြစ်ကို လွှတ်ခြင်းဖြင့် သူသည် ဘုရား ဖြစ်ကြောင်းကို ဖေါ်ပြနေခြင်း ဖြစ်သည်။ သူသည် မြေကြီး ပေါ်၌ အပြစ် လွှတ်ပိုင်သည်ကို လူနာကျန်းမာစေခြင်းအားဖြင့် သက်သေထူလိုက်သည်။ 
 
 ဧမာနွေလ

 “ကြည့်ရှုလော့၊၊ သတို့သမီး ကညာသည်၊ ပဋိသန္ဓေယူ၍၊ သား ယောကျ်ားကို ဘွား မြင်လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊ ” (ဟေရှာယ ရး၁၄) “သတို့ သမီးကညာသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာ နွေလအမည်ဖြင့် မှည့်ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။” (မ ၁:၂၃) 
 ဟေရှာယက ခရစ်တော် မွေးဘွားမည့် အကြောင်း၊ သတို့သမီး ကညာ (ယောက်ျားနှင့် မနေဘူးသောသူ) မှဘွားမြင်မည့် အကြောင်းကို ကြိုတင် ဟောခဲ့သည်။ ထိုသား၏ နာမည်ကိုလည်း ဧမာနွေလဟု မည့် ရမည် ဟုဆိုသည်။ ထိုအရာကို ကောင်းကင်တမန် ကယောသပ်ထံ၌ ထပ်မံ၍ ပြန်ပြောသည်။ ဧမာနွေလ၏ အနက်သည် ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသည်ဟု ရှင်းပြလိုက်သည်။ သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ 
 
တန်ခိုးကြီးသော ဘုရားသခင် 

“အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်” (ဟေရှာယ ၉:၆) 


သခင်ယေရှုသည် လူအားဖြင့် မွေးဘွားခြင်းကို ဤနေရာ၌ ကြုိဟောပြော ထားသည်။ သူ၏ နာမသည် တန်ခိုးကြီးသော ဘုရားဟု အတိအကျ ဖေါ်ပြထားသည်။ ထို့အပြင် ဘုရား သာလျှင် ယပိုင်ဆိုင်သော အရည်အချင်း ဖြစ်သည့်ထာဝရ အဘ၊ ငြိမ်သက်ခြင်း အရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည် ဟုဆိုသည်။ 
 
သောမက ဘုရားဟု ခေါ်သည် 

“ထိုအခါသော မအား၊ သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။သော မကလည်း၊ အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ပါတကားဟု ပြန်၍ လျှောက်၏။ ယေရှုကလည်း၊ သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။” (ယော ၂၀:၂ရ- ၂၉)သော မကသခင်ယေရှုကို အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရား၊ ဟုဆိုသောအခါ သခင်ယေရှုက လုံးဝ မကန့်ကွက်ချေ၊ လက်ခံသည်။ ထို့ကြောင့် သူသည် ဘုရား ဖြစ်သည်။ 
 
ဖန်ဆင်းရှင်

 “ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီးပေါ်မှ ာ ရှိသမျှသော ရူပအရာ၊ အရှုပအ ရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်စေ၊ အထွဋ္ဋ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာ တို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။” (ကော ၁:၁၆) သခင်ယေရှုသည် အရာခပ်သိမ်းကို ဖန်ဆင်းသောသူ ဖြစ်သောကြောင့် ဘုရား ဖြစ်သည်။ 
 
အကိုးကွယ်ခံသည် 

“ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွတော်မူလျှင်၊ များစွာသော လူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။ ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော် ရှိလျှင် ​ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက် လေ၏။ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကို ဆန့်၍ ထိုသူကိုတို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။” (မ ၈:၁-၃) နူနာစွဲသောသူကညွတ်ပြပ်လျက်ကိုးကွယ်ခြင်းကို သခင်ယေရှု ကမငြင်းဆန်ခဲ့ချေ။ အကြောင်းမှာ သူသည် ဘုရား ဖြစ်ကြောင်းကို ဝန်ခံခြင်း ဖြစ်သည်။ 

 “ထိုစကားကို မိန့်တော်မူစဉ်၊ အရာရှိတယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အ​ကျွန်ုပ်၏ သမီးသည် ယခုပင်သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည် ကြွ၍ သူ့အပေါ်၌ လက်ကို တင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။” (မ ၉:၁၈) အရာရှိတယောက် ကကိုးကွယ်ခြင်း ကိုလည်း မတားဆီးဘဲ လက်ခံခြင်းသည် သူသည် ဘု ရားသခင် ဖြစ်ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ 

 “ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ​ကျွန်မကို ကယ်မတော်မူပါသခင်ဟု လျှောက်ပါလျှင်၊ ကိုယ်တော်က၊ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြောတော်မူ၏။” (မ ၁၅:၂၅-၂၆) ခါနန်အမျိုးသမီးကသူမ၏ သမီးထံမှ နတ်ဆိုး နှင်ထုတ်ဘို့ တောင်းဆိုသောအခါ သူမသည် ပြပ်ဝပ်သည်။ သူမကို ခရစ်တော် ကမပြပ်ဝပ်ဘို့ရန် မပြောချေ။ အကြောင်းမှာ သူသည် ဘုရား ဖြစ်ကြောင်းကို ဝန်ခံခြင်း ဖြစ်သည်။ 

 “လမ်းမှာသွားကြစဉ်ယေရှုသည် ကြိုဆိုတော်မူ၍ သင်တို့အား မင်္လာ ဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ​ခြေတော်ကို ဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ၏။” (မ ၂၈:၉) သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီး နောက်အမျိုးသမီးများ၏ ပြပ်ဝပ်ကိုးကွယ်ခြင်းကို လက်ခံသောကြောင့် သူသည် ဘုရား ဖြစ်ကြောင်းကို ဝန်ခံခြင်း၊ ဖေါ်ပြခြင်း ဖြစ်သည်။ 

 “ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကား ပြောသောသူသည် ဘုရားသခင်၏ သားတော် ဖြစ်၏ဟု မိန့်တော်မူလျှင်၊ သခင်၊ အ​ကျွန်ုပ်ယုံ ကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။” (ယော ၉:၃ရ- ၃၈) ယောဟန် ကသော မသည် သခင်ယေရှုကို ညွတ်ပြပ်ကိုးကွယ်သည်ဟု ရေးထားသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရား ဖြစ်သည်။ 

ကြီးမြတ်သော ဘုရားသခင် 

 “အကြောင်းမူကား၊ မင်္လာရှိသော မြော်လင့်ရာကို၎င်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်” (တိတု ၂:၁၁-၁၂) ရှင်ပေါလုကတိတုထံကြီး မြတ်သော ဘုရားသခင် တည်းဟူသော ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ဟု ရေးထားရာသူသည် ဘုရား ဖြစ်ကြောင်း ထင်ရှားစွာ ဖေါ်ပြခြင်း ဖြစ်သည် 
 

သက်သေခံခြင်း 
ဆရာဂိဒေါင်ထွမ်းအာ

​ကျွန်တော်တို့ (Durham, North Carolina) အသင်းတော်သည် အရေ အတွက်အားဖြင့် မတိုးပွားလာဘဲ လျော့နည်းလာသည်။ သို့သော် ကျေးဇူးတော်ကြောင့် အရေအသွေးတဖြည်းဖြည်းကောင်းလာသည်။ ယုံကြည်သူများသမ္မာတရားကို မှန်ကန်စွာ တဖြည်းဖြည်းပိုင်းခြားတတ်လာသည်။ ဝိညာဉ်ပိုင်းတွင် ရင့်ကျက်မှု ရှိလာသည်။ ထို့အပြင် ခလေးများဒုတိယ မွေးဘွားလာ ကြသည်။ ကယ်တင်ခြင်းသို့ တယောက်ပြီး တယောက် ရောက်ရှိလာကြသည်ကို အံ့ဖွယ်ဝမ်းသာစရာ ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်သော ခလေး များသည် ရှစ်ယောက်ရှိလာပြီ။ အခြား ခလေးများမူ နားမလည် ကြသေးချေ။ 

ကယ်တင်ခြင်းသို့ ရောက်သော ခလေး များသည် အသက် ရှစ်နှစ်မှဆယ့်ငါး နှစ်အတွင်း ဖြစ်ကြသည်။ ထိုခလေး များသည် ကယ်တင်ခြင်းသို့ ရောက်ပြီး နောက် ပိုင်းမှာအိမ်မှာတီဗီကြည့်ခြင်း၊ ကစားခြင်း များထက် လူကြီး အစီအစဉ်မည် ဖြစ်စေ၊ ဆု တောင်းအစီအစဉ်တိုင်းမည် ဖြစ်စေပါဝင်လိုခြင်းသည် ဘုရားရှင်၏ လက်ရာတော် ပင် ဖြစ်သည်။ စနေနေ့တိုင်း အသင်းတော် အနေဖြင့် ဧဝံဂေလိ တရားဟောထွက်တတ်ကြသည်။ လူကြီးများသည် စိတ်ဓါတ်ကျကာထိုအစီအစဉ်၌ မပါဝင်ကြတော့ချေ။ သို့သော် ကယ်တင်ခြင်းသို့ ရောက်သော ခလေး များသည် မိဘများ ကမသွားခိုင်းသော်လည်း လိုက်လာ ကြသည်။ အချို့ ခလေး များသည် သူတို့ ကိုယ်တိုင် သက်သေခံနိင် ကြသည်။ အဖွဲ့နှစ်ဖွဲ့ခွဲကာ သူတို့ကိုယ်တိုင် သက်သေခံခိုင်းသည်။ ထိုခလေး များသည် အလွန် ဝမ်းမြောက် ကြသည်။ ကျောင်းတွင်လည်း သူငယ်ချင်းများထံ ကယ်တင်ခြင်း အကြောင်း ဝေငှသည်ဟု သက်သေခံ ကြသည်။ သူတို့ ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်သောအခါ ကယ် တင်ခြင်းသို့ ရောက်သောသူနှင့် မရောက်သောသူများကိုလည်း ခွဲခြားတတ်လာ ကြသည်။ ထိုင်းနယ်စပ်တွင် ကျန်ခဲ့သောသူငယ်ချင်းများ၊ အမေရိကန်တွင် ရှိသော ခရစ်ယာန်များ၊ ယခင်တုန်းကဓမ္မဆရာများ ပင်လျှင် ကယ်တင်ခြင်းသို့ မရောက်ကြကြောင်း သိရုံမက သွား၍ ပြောပြမည်ဟူ၍ သက်သေခံ ကြသည်။ 

အသက် ၁၀ နှစ်သာရှိ သေးသော ခလေးသည် ​ကျွန်တော့ထံလာကာ ဆရာ ​ကျွန်တော် အလွန် ဝမ်းမြောက်သည် ဟုဆိုသည်။ အဘယ်ကြောင့်ဝမ်းမြောက်သည်ဟု မေးရာ​ကျွန်တော် ကယ်တင်ခြင်းသို့ ရောက်ပြီ။ ကောင်းကင်နိင်ငံရောက်ပြီ။ ဒါကြောင့် ​ကျွန်တော် အရမ်းဝမ်းသာသည်ဟု ပြောပြသည်။ အချို့မိဘများက အခြားပြည်နယ်သို့ ပြောင်းမည်ဟု ပြောသောအခါ ထိုခလေးများက အခြားပြည်နယ်သို့ ပြောင်းလျှင် ဘုရားနှင့် ဝေးပြီဟု သူတို့ လုံးဝ မပြောင်းချင် ကြသည်ကို မိဘများ က​ကျွန်တော့ကို ပြောပြ ကြသည်။ ထို့အပြင် ထိုခလေးများကကျောင်းပိတ်လျှင် ဧဝံဂေလိ တရားဟောထွက်ဘို့ တောင်းဆိုသည်ကို ​ကျွန်တော် အံ့ဩ၍ မဆုံးပေ။ ​ကျွန်တော် ကတိုက်တွန်းဘို့ မလို၊ သူတို့ ကတောင်းဆိုခြင်းသည် ဘုရားသခင်၏ လက်တော် ပင် ဖြစ်သည်။ 

​ကျွန်တော်တို့၏ အသင်းတော်သည် ငယ်သောကြောင့် အခြားသော အသင်းတော်များကဲ့သို့ မုန့်များ ​ကျွေးခြင်း၊ ကစားစရာများစီစဉ်ပေးခြင်း မပြုလုပ် နိင်ပါ။ သို့သော် အပတ်တိုင်း ကယ်တင်ခြင်း အကြောင်းကို သင်ပေးသည်။ ကယ်တင်ခြင်း သဘောပေါက်၍ လက်ခံသော ခလေး များသည် သာ၍ ဝမ်းမြောက်သည်သာမက လိမ္မာလာ ကြသည်။ ပို၍လည်း ခိုင်မြဲ ကြသည်။ တခါတရံ ဤ ခလေးများငြီးငွေ့လာမည်၊ ပျော်စရာ မလုပ်ပေး နိင်လျှင် ဘုရားကျောင်းလာချင် တော့မည် မဟုတ်ဟု ထင်တတ်ခဲ့သည်။ သို့သော် ​ကျွန်တော် အရမ်းမှားခဲ့ပြီ။ သူတို့ကို ကယ်တင်ခြင်း မသင်ပေးဘဲ ပျော်ဘို့ လုပ်ပေးခဲ့လျှင် ကစားချင် စိတ်နှင့် ပျော်စရာကိုသာ လိုချင် လေလေ ဖြစ်မည်။ ထိုကြောင့် ​ကျွန်ပ်တို့ အားလုံး ခရစ်တော်၏ အနှစ်သက်ဆုံး ဖြစ်သော ကယ်တင်ခြင်း အကြောင်းကိုသာ လူကြီး လူငယ်မရွေး ဦးစားပေးသင်ပေးကြပါစို့။ ဘုရားသခင်က ပြောင်းလဲစေမည်။ စာဖတ်သူအယောက် တိုင်း မိမိတို့ ခလေးများကို ကယ်တင်ခြင်း အကြောင်းများသင်ပေး၍ ဆုတောင်း ပေးကြပါ။ လောကအရာထက် ဘုရားကို ရွေးတတ်လာကြလိမ့်မည်။ 
 
သိကြပါသလား
 ခရစ်တော် အသေခံသော နေရာ ကရာနိ (Calvary) ဟူသောစကား လုံးသည် မြန်မာကျမ်းစာအုပ်နှင့် (King James)ကျမ်းစာအုပ်များ၌ သာရှိ၍ ရှင်လုကာ ခရစ်ဝင်၌ သာတွေ့ရသည်။ ကျန်သော အင်္လိပ်ကျမ်းစာအုပ်များ၌ ဦးခေါင်းခွံအရပ် ဂေါလဂေါသ (Golgotha) ဟု ရေး ကြသည်။ 

မဿဲ၊ ဦးခေါင်းခွံအရပ် ဟုဆိုလိုသော ဂေါလဂေါသအမည်တွင်သော အရပ်သို့ ရောက် ကြသော်၊ (မ ၂ရး၃၃) 

မာကု၊ ဦးခေါင်းခွံအရပ် ဟုဆိုလိုသော ဂေါလဂေါသအရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ (မာ ၁၅:၂၂) 

လုကာ၊ ကရာနိ အမည်ရှိသော အရပ်သို့ ရောက်ကြသော်၊ (လု ၂၃:၃၃) 

ယောဟန်၊ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သော အရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။ (ယော ၁၉:၁ရ) 
 

ဧဝံဂေလိ ခရီး စဉ်

ဆရာမောဇက်နှင့် အဖွဲ့​ခြောက်ယောက်တို့သည် ဖေဖဝါရီလ ၂၁ ရက် နေ့တွင် Columbia, MO  မြို့သို့ သွား၍ ဧဝံဂေလိတရားသင်ကြားခြင်းကို ပြုလုပ် ခဲ့ ကြပါသည်။ နော်နော်တို့ လင်မယားလည်း ထိုညတွင် ပင်လိုက်လာ ကြသည်။ ရောက်သော ညမှစ၍ ခရစ်တော် ကြွလာတော့မည့် အရာ၊ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာများကို သင်ကြားပေးခဲ့ပါသည်။ စနေနေ့နှင့် တနင်္နွေနေ့တွင် နံနက် ၉-၁၂ နာရီ၊ ညနေ ၁:၃၀မှ ၄ နာရီ၊ ည၆:၃၀မှ ၈:၃၀ အထိ မနားတမ်းသင်ကြားပို့ချကြ ပါသည်။ သင်တန်းတက်ရောက် သူများမှာ လူကြီး၂၀မှ ၄၀ယောက်လောက်အ ထိတက်နိုင်ကြပါသည်။ သမ္မာတရားကို အလွန် ဆာငတ်ကြသောကြောင့် အလွန် အားရကျေနပ်စရာ ရှိပါသည်။ ခလေးများကိုလည်း ဆရာမဟန္နနှင့် ဒေသခံလူငယ်နှစ်ယောက်ကထိန်းပေးကြသောကြောင့် လူကြီး သင်တန်း၌ မနှောင့်ရှက်ဘဲ အလွန် အစဉ်ပြေစွာ သင်နိုင်ကြပါသည်။ လိုက်လာသူ ယုံကြည်သူများကလည်း အိမ်တိုင်ရာ ရောက်သင်ပေးကြကာ အလွန် အားရကြကြောင်း သိရှိရပါသည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG