GOODNEWS
  HOME  GOODNEWS  2014 FEB

 


 အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖေဖဝါရီလအတွင်းရောက်လာကြပြီ။ ချီဆောင်ခြင်း နီလေလေ ယုံကြည်သူများပို၍ ပျောက်ဆုံးဝိညာဉ် များဖမ်းဘို့ လိုသည်။ ခရစ်တော်က၊ “ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကိုမျှ ော်၍ ကြည့်ကြလော့။” (ယော ၄:၃၅) ဟုဆိုသည်။ တဖန်၊ “ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာ များစွာ ရှိ၏။ ရိတ်သော သူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူ မည်အကြောင်း၊ စပါးရှင်ကို ဆုတောင်း ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” (မ ၉:၃ရ- ၃၈) ဟုဆိုထားသည်။ ယခု​ကျွန်ပ်တို့ ဆုတောင်းသည့်အတိုင်း စပါးရိပ်မည့်သူများဘုရားသခင်က ပေးလာပြီ။ သူတို့သည် နေ့တိုင်း တအိမ်တက်ဆင်း တံခါးခေါက် သက်သေခံ ကြသည်။ ထိုအပြင်အင်တာနက်အားဖြင့် တရားဟော၊ ကျမ်းစာသင်နိင်ရန်စီစဉ်ပေးမည့်သူကို ဗန်ထန်းကိုလည်း ဘုရားသခင်က ပြင်ဆင် ပေးထားပြီ ဖြစ်သည်။ သူ၏ လုပ်ဆောင်ပေးမှုကြောင့် ယခုပင်လျှင် ပသကအကဘန ထဲ၌ တရားဟော ချက် များစွာ တင်လာနိင်ပြီ ဖြစ်သည်။ ထိုမျှသာမက အွန်လိုင်းအားဖြင့် ကျမ်းစာ သင် တန်းနှင့် တရားဟောချက်များကို ူငလနနှင့် တကမ္ဘာလုံးမှ ယုံကြည်သူများပါဝင်နိင်ပြီ ဖြစ်သည်။ ကျမ်းစာကို လေ့လာလိုသောသူများ ဆက်သွယ်နိင်ပါသည်။ 

ယခုခေတ်တွင် အလုပ်များ ကြသည်သာမက အားလပ်ချိန်လည်း မတူညီကြပါ။ ထိုမျှသာမက တနေရာထဲ၌လည်း မနေကြသောကြောင့် ကျမ်းစာ လေ့လာခြင်း မပြုလုပ် နိင် သူများ လှသည်။ သို့သော် စမတ်ဖုန်း၊ ကွန်ပြူတာများကို လူတိုင်း အသုံးပြုလာ ကြသည်။ ထိုအရာများ ဖြင့်လောကအရာနှင့် ကောင်းနိုးရာရာများကိုသာလျှင် ရှာဖွေ ကြည့်ရှု နေကြသည်။ ထိုအရာများထက် မိမိဝိညာဉ် ကယ်တင်ခြင်းနှင့် သမ္မာ တရားသိရှိရေးအတွက် ထိုကရိယာများကို အသုံးပြုကြစေလိုသည်။ ဝိညာဉ်ပိုင်းကြီး ထွားရင့်ကျက်ရန်ခဏတရားနာရုံဖြင့် မရပါ။ အမြဲ ဆုတောင်း၊ ကျမ်းစာဖတ်၊ လေ့လာဘို့ လိုသည်။ ထို့ကြောင့် အလွန် အလုပ်များသော ခေတ်တွင်အားလပ်ချိန်နှင့် ခေတ်မှီ စက်ကရိယာများကို ဝိညာဉ်ပိုင်းအတွက် အကျိုးရှိနိင်သမျှ အသုံးပြုကြဘို့ရန် တိုက်တွန်း နိုးဆော်လိုပါသည်။ မိမိကိုယ်ကို မတည်ဆောက်လျှင် မည်သူကမျှ တည်ဆောက်ပေးမှာ မဟုတ်ပါ 
 

ယခုလစာစောင်တွင်...
ကယ်တင်ခြင်း 
ခရစ်တော် အံ့ဩ စေသောသူများ 
ယုံကြည်ခြင်း အဆင့်ဆင့်
ဘုရားသခင့်မျက်ဆန်တော်ကို ထိပြန်
သွေးကဲ့သို့ နီသော လလေးလုံး
ယေရှု နာမ၌ နှစ်ခြင်း ခံခြင်း 
ဧဝံဂေလိ ခရီး 
 
 
ကယ်တင်ခြင်း 
 လူသည် အပြစ်ရှိကြောင်း လူတိုင်း လက်ခံနိင်သည်။ သို့သော် အပြစ် အကြောင်းကို သေချာစွာ နားလည်သောသူနည်းပါးလှသည်။ ထောင်ထဲ၌ အချုပ်ခံသောသူများသည် သူတို့ကို သူတို့ အပြစ်သား ဖြစ်သည်ဟု ဝင်သွားကြသည် မဟုတ်။ သူတို့ကို တရား သူကြီး ကအပြစ် မြင်သောကြောင့် ချခြင်း ဖြစ်သည်။ သူတို့ သဘောတူသည် ဖြစ်စေမ တူသည်ဖြစ်စေ တရားသူကြီး ကချလိုက်လျှင် ထောင်ထဲ၌ နေရသည်။ ထို့နည်းတူ လူသားများကို အပြစ်တင်နိင်သောသူလွှတ်နိင်သောသူသည် ဘုရားသခင် တပါးတည်း သာလျှင် ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာက၊ “ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍ လှည့်စားတတ်သောစိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္လာရှိ၏၊၊ ” (ဆာ ၃၂:၂) ဟုဆိုရခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် အပြစ်တင်နိင်၊ လွှတ်နိင်သနည်း။ သူသည်လောက လူသား အားလုံး ၏ တရားသူကြီး ဖြစ်သည်။ ကျမ်းစာက၊ “ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။” (ဟေရှာယ ၃၃:၂၂) ဟုဆိုသည်။ တရားသူကြီး၏ ဆုံးဖြတ်ချက်ကို အဘယ်သူမျှ ငြင်းဆန်၍ မရချေ။ ထို့နည်း တူထာဝရဘုရား၏ တရားစီရင်ခြင်းကို အဘယ်သူမျှ ငြင်းဆန်၍ ရမည် မဟုတ်။ လူတ ရားသူကြီး များသည် အသက်ရှင်သောသူများကိုသာ တရားစီရင်နိင်သည်။ သို့သော် ထာဝရဘုရားသခင်သည် အသက်ရှင်သောသူနှင့် သေလွန်သောသူများကို တရား စီရင်နိင်သည်။ “အသက်ရှင်သော သူတို့ကို၎င်း၊ သေသော သူတို့ကို၎င်း၊ တရားစီ ရင်ခြင်းငှါ အသင့် ရှိတော်မူသောသူရှေ့၌၊ ထို သူတို့သည် စစ်ကြောခြင်းကို ခံရကြလ တံ့။” (၁ ပေ ၄:၅)။ ထာဝရဘုရားသခင်သည် သေလွန်သောသူများကို တရားစီရင်၍ မည့်အကြောင်း ကိုလည်း ဤသို့ ကြိုတင် ရေးထားသည်၊ “တဖန်တုံ၊ ဖြူသော ပုလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို၎င်းငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှပြေးလွင့်၍ သူတို့ နေစရာ အရပ်မရှိ။ သေလွန်သောသူအကြီး အငယ်တို့သည် ပလ္လင်တော် ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင် တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက် များနှင့် အညီတရားစီရင်ခြင်းကို ခံရကြ၏။ သမုဒ္ဒ​ရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။”  (ဗျာ ၂၀:၁၁-၁၃) ထိုသို့ ဘုရားသခင်သည် သေပြီးသောသူများကိုပင်လျှင် တရားစီရင် နိင်သောကြောင့် ကြောက်ဘို့ လိုသည်။ သို့သော် မသိသောကြောင့် မကြောက်ကြ၊ ဂရု မစိုက်ကြချေ။ 

ထာဝရဘုရားသည် တရားသော ဘုရား ဖြစ်ကြောင့်လူတိုင်းကို အပြစ်နှင့် အလျောက်တရားစီရင်မည် ဖြစ်သည်။ သူသည် အဘယ်သူ၏ မျက်နှာကို မှထောက်မှာ မဟုတ်ချေ။ သို့သော် သူသည် သနားတတ်သော ဘုရားလည်း ဖြစ်သည်။ လူများကို အပြစ်နှင့် အလျောက်အပြစ် မပေးလိုချေ။ ဘုရားသခင်က၊ “မတရားသောသူသည် မိမိအကျင့်တို့ကို ရှောင်၍ အသက်မရှင်၊ အသေခံခြင်း အမှု၌ ငါသည် အနည်းငယ်သော ပျော်မွေ့ခြင်းရှိသလော။” (ယေဇ ၁၈:၂၃)။ “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည် အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်း အမှုကို ငါနှစ်သက်သည် မဟုတ်၊၊ ဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်း အမှုကိုသာ ငါနှစ်သက်၏၊၊ ” (ယေဇ ၃၃:၁၁) ဟုဆိုထားသည်။ ထိုကြောင့် “ထာဝရဘုရား မိန့်တော်မူသည်ကား၊ လာကြ၊၊ တရား စီရင်ကြကုန်အ့့့ံ၊၊ သင်တို့ အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူ လိမ့်မည်၊၊ ကတ္တီပါနီနှင့် အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်၊၊ ” (ဟေရှာယ ၁:၁၈)ဟု ဘုရားသခင်က လူတိုင်း၏ အပြစ်ကို ဖြူစင်စေဘို့ရန် ခေါ်နေသည်။ ဘုရား အမြင်၌ လူ၏ အပြစ်သည် အနီရောင် ဖြစ်သည်။ 
 
အပြစ် နှစ်မျိုး

အပြစ် ​ ဖြေရှင်းခြင်းနှင့် ပတ်သက်၍ ပဌမ ဦးစွာ အပြစ် အကြောင်း သိဘို့ လိုသည်။ ဘုရား အမြင်၌ အပြစ်သည် နှစ်မျိုး ဖြစ်သည်။ ပဌမ မှာမွေးရာပါအပြစ် ဖြစ်၍ အပြစ်၏ မူလ အရင်းအမြစ် ဖြစ်သည်။ ဒုတိယမှာကျူးလွန်သော အပြစ် ဖြစ်၍ အသီးအပွင့် ဖြစ်သည်။ လူသည် ကျူးလွန်သော အပြစ်ကိုသာ သိ၍ ထိုအပြစ်ကြောင့် ငရဲသွားရသည်ဟု ထင်မှတ်သည်။ အပြစ်သား ဖြစ်ခြင်းသည်လည်း ကျူးလွန်သော အပြစ်ကြောင့်ဟု ထင် မှတ်သည်။ ကျမ်းစာက၊ “အပြစ်၏ အခကား သေခြင်း ပေတည်း။” (ရော ၆:၂၃) “အပြစ် တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့် အညီလူ အပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” (ရော ၅:၁၂) ဟုဆိုရာတွင် ထိုအပြစ်သည် ကျူး လွန်သော အပြစ်ဟု ထင်မှတ်တတ်ကြသည်။ သို့သော် အပြစ် မကျူးလွန် တတ် သေးသော ခလေး များလည်း သေရ ကြသည်။ ထိုမျှသာမက မမွေး သေးသော မိခင် ဝမ်းထဲမှ ခလေး များလည်း သေရ ကြသည်။ ထိုခလေးများအဘယ်ကြောင့်သေရကြသနည်း၊ အပြစ်ကြောင့် ဖြစ်သည်။ သို့ဖြစ်လျှင် ကျူးလွန်သော အပြစ် ဖြစ်သလော၊ မဖြစ်နိင်ပါ။ မွေးရာ ပါအပြစ်ကြောင့် ဖြစ်သည်။ 
 
အသွေးအားဖြင့် ဆေးကြော

လူသည် ကျူးလွန်သော အပြစ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့၍ ငရဲ သွားဘို့ရန် ကိုယ်ကိုကိုယ် ရာထား ကြသည်။ ဘုရားသခင်ကိုလည်း အား မကိုးရဲဘဲ သတ္တိကြောင် ကြသည်။ ထိုကြောင့် ဘုရားသခင်က ထိုအပြစ်များကို ​ ဖြေရှင်း ပေးသည်။ ဘုရားသခင်က၊ “ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်၏။ သင်တို့ ပြုသော အပြစ်ကို ​ဖြေစေခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအ ပြစ်ကို ​ဖြေသောအရာ ကား၊ အသွေး ဖြစ်သတည်း။” (ဝတ်ပြု ၁ရး၁၁) ဟုဆိုထားသည်။ ဘုရား အမြင်၌ အနီရောင် ဖြစ်သော လူ၏ အပြစ်ကို အသွေးအားဖြင့် ဆေး ကြောဘို့ရန် ပြောထားသည်။ အထက်ပါ ကျမ်းပိုဒ်၌ “သင်တို့ ပြုသော အပြစ်ကို ​ဖြေ စေခြင်း ငှါ” ဟုဆိုထားသည်။ ထိုကြောင့် ကျူးလွန်သော အပြစ်ကို အသွေးအားဖြင့် ​ ဖြေရှင်းမည် ဖြစ်သည်။ ဘုရားသခင်က ဣသရေလ လူများ၏ ကျူးလွန်သော အပြစ်များကို တိရစ္ဆာန်အသွေးဖြင့် ဆေးကြောစေတတ်သည်။ သို့သော် ထိုအရာသည် အရိပ် ဖြစ်သည်။ တိရစ္ဆာန်၏ အသွေးသည် လူ၏ အပြစ်ကို အမှန်တကယ် မဆေးကြောနိင်ပါ။ ထိုကြောင့် သားတော် ယေရှုကို ဤလောကသို့ စေလွှတ်၍ အသွေးသွန်းစေသည်။ ကျမ်းစာ၌၊ “ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွ လာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ် အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။” (ဟေ ၁၀:၅) ဟုဆိုသည်။ ခရစ်တော်သည် ကောင်းကင်၌ ရှိနေလျှင် ဝိညာဉ်နှင့် ရှိသောကြောင့် အသွေးအသား မရှိ၊ အသွေးမသွန်း နိင်ချေ။ ထို့ကြောင့် ခမည်းတော်ဘုရားက ဤလောကသို့ ဆင်းသောအခါ အသွေး အသားကို ပြင်ဆင် ပေးသည်။ ခရစ်တော် ကိုယ်တော်တိုင်က၊ “ဤခွက်ကား ပဋ္ဋိ ညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ ယောဟန်ကလည်း၊ “ဘုရားသခင်သည် အလင်း၌ ရှိတော်မူ သကဲ့သို့၊ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်းရှိကြသည် ဖြစ်၍၊ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေး တော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (၁ ယော ၁:ရ) ဟုဆိုထားသည်။ ယေရှုခရစ်၏ အသွေးတော်သည် ငါတို့၏ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏ ဟုဆိုထားသည်။ ထိုသို့ ဆေးကြောခြင်းသည် လူ့အမြင်၌ မဟုတ်၊ ဘုရား အမြင်၌သာ ဖြစ်သည်။ လူ၏ အပြစ် အသွေးကဲ့သို့ အနီရောင်ရှိခြင်းသည်လည်း ဘုရား၏ အမြင်၌ သာလျှင် ဖြစ်သည်။ ထိုအပြစ်ကို ခရစ်တော်၏ အသွေးကဆေးကြောသောအခါ မိုဃ်းပွင့်ကဲ့သို့ အဖြူရောင် ဖြစ်သွားသည်။ လူသည် ဘုရား မြင် သကဲ့သို့ မမြင်နိင်သောကြောင့် နှုတ်ကပတော် ကပြောသမျှ အတိုင်း ယုံကြည် လက်ခံရသည်။ “ဘုရားသခင် စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည် မထင်နှင့်၊ ” (တမန် ၁၀:၁၅)။ တဖန်၊ “ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍ လှည့်စားတတ်သောစိတ်သဘော ထားနှင့် ကင်းစင်သောသူသည် မင်္လာရှိ၏၊၊ ” (ဆာ ၃၂:၂) ဟုဆိုသေးသည်။ ဘုရားသခင်ကလူ၏ အပြစ်ကိုသားတော်၏ အသွေးအားဖြင့် ဆေးကြောပြီး သောကြောင့် မိုဃ်းပွင့်ကဲ့သို့ ဖြူစင်ပြီဟု ပြောသော်လည်း လူကကိုယ်ကိုယ်ကို လှည့်စား၍ အပြစ်ရှိသေးသည်၊ မသန့်ရှင်းဟု ခံယူ နေကြသည်။ ဘုရားသခင် ပြောသောအရာကို ယုံကြည် လက်ခံ ရမည်။ ထိုကြောင့် ဘုရား ပြုလုပ် ပေးသောအရာကို ယုံကြည်လျှင် သင်သည် မိုဃ်းပွင့်ကဲ့သို့ ဖြူစင်ပြီ။ 
 
လက်ဝါးကပ်တိုင်အားဖြင့် 

လူ၏ ကျူးလွန်သော အပြစ်ကို အသွေးအားဖြင့် ဆေးကြောသော်လည်း အပြစ် ပြုလုပ် သူကို လက်ဝါးကပ်တိုင်အားဖြင့် ​ ဖြေရှင်း ပေးသည်။ အဆိပ်ပင်ကအဆိပ်သီးသီး နေလျှင် အသီးများကို လွှင့်ပစ်ရုံဖြင့် မပြီးပါ။ အဆိပ်ပင်ကို အမြစ်မှနှုတ်၍ မီးရှို့ဘို့ လိုသည်။ ထိုနည်းတူ အပြစ်သား ပြုလုပ်သော ကျူးလွန်သော အပြစ်များကို ခရစ်တော်၏ အသွေးအားဖြင့် ဆေးကြောသည်သာမက အပြစ်သား ကိုယ်တိုင်ကို အဆုံးစီရင်ကြောင်း ကျမ်းစာက ဖေါ်ပြထားသည်။ လူသည် မိခင် ဝမ်းမှ မွေးဘွား လာသောအခါ အပြစ်သား ဖြစ်၍ လူဟောင်းဟု ခေါ်သည်။ ထိုလူဟောင်းသည် အပြစ်၏ ​ကျွန်ခံနေရသည်။ ထိုကြောင့် အ ပြစ်ကို မလုပ်မနေရလုပ်နေရသည်။ ဘာသာရေးနှင့် လူ့အတွေးအခေါ်ကအပြစ် မလုပ်ဘို့ သတိပေးသည်။ အပြစ်လုပ်လျှင် ငရဲထဲသို့ ကျဆင်းမည်ဟု ခြိမ်း​ခြောက်သော်လည်း အပြစ်သားသည် အပြစ် မလုပ်ဘဲ မနေနိင်ချေ။ ထို့ကြောင့် ဘုရားသခင်က အပြစ်သားကို ခရစ်တော် အထဲ၌ ထည့်လိုက်သည်။ ရှင်ပေါလုက၊ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။” (၁ ကော ၁:၃၀) ဟုဆိုသည်။ ခရစ်တော်၌ ထည့် ထားခြင်းသည် သူနှင့်အတူ အသေခံ စေဘို့၊ လူဟောင်းဘဝကို အဆုံးသတ်ဘို့ ဖြစ်သည်။ ထိုလူဟောင်းကို အဆုံးစီရင်ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း” (ရော ၆:၆)။ ဘုရားသခင်က ငါတို့ လူဟောင်းကို ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေပြီ ဟုဆိုသည်။ ထိုအရာသည် ဝိညာဉ်ပိုင်း ဖြစ်၍ ဘုရား၏ အမြင်၌ ဖြစ်သည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့ ဖြစ်သည်။ တဖန် ရှင်ပေါလုက၊ “ငါသည် ခရစ်တော်နှင့်အတူ လက် ဝါးကပ်တိုင်မှာအသေခံ ပြီ။” (ဂလာ ၂:၂၀) ဟုဆိုသည်။ အမှန်မှာ ရှင်ပေါလုသည် ခရစ်တော် အသေခံ ချိန်၌ ယုံကြည်သူ ပင် မဟုတ်သေးချေ။ သို့သော် ဝိညာဉ်ပိုင်း၌ သူလည်း ခရစ်တော် သေသောအခါ အသေခံ ပြီ။ 

ရှင်ပေါလုကဲ့သို့ပင်ငါတို့လည်း ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သေ ကြပြီ။ ထိုသေပြီးသော ငါတို့၏ လူဟောင်းကို ခရစ်တော်နှင့်အတူ သင်္ချိုင်း၌ မြှပ်နှံခဲ့ပြီ။ ထိုသို့ မြှုပ်နှံခြင်းကို ဗတ္တိဇံဟု ခေါ်သည်။ ကျမ်းစာက၊ “ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။” (ရော ၆:၃-၄) ဟုဆိုသည်။ ထိုကြောင့် စစ်မှန်သော ဗတ္တိဇံသည် ခရစ်တော်၌ ဘုရားသခင်က ပေးပြီး ပြီ။ ယုံကြည်ခြင်းဖြင့် လက်ခံရမည်။ ခရစ်တော် ထမြောက်တော်မူသောအခါ ငါတို့လည်း အသစ်သော အသက်တာဖြင့် ထမြောက်ကြောင်းကို ကျမ်းစာက၊ “ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။” (ရော ၆:၄)ဟု ရေးထားသည်။ ထိုသို့သောအားဖြင့် ငါတို့၏ လူဟောင်း တည်းဟူသော မွေးရာပါအပြစ်ကို ဘုရားသခင်က ​ ဖြေရှင်း လိုက်သည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။ 
 
 
ခရစ်တော်ကိုအံ့​ဩစေသောသူများ

ဘုရားသခင်သည် အံ့ဩ နိင်သလော။ အံ့ဩခြင်းသည် မျှော်လင့်ခြင်းထက် လွန် ကဲသောအခါ ဖြစ်တတ်သည်။ သို့ဖြစ်လျှင် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းပိုင်သ၍ အုပ်စိုးတော်မူသော ဘုရား၌ အံ့ဩစရာ ရှိပါမည်လော။ သို့သော် ကျမ်းစာထဲ၌ သခင် ခရစ်တော် အံ့ဩ စေသောသူများကို တွေ့ရသည်။ 
 
ရောမတပ်မှုး 

“ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့ လာ၍၊ သခင်၊ ​ကျွန်တော်၏ ငယ်သား တယောက်သည် လက် ​ခြေသေသည် အနာနှင့် ပြင်းစွာ ခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။ ယေရှုကလည်း ငါလာ၍ ချမ်းသာ ပေးမည်ဟု မိန့်တော်မူလျှင်၊ တပ်မှူးက၊ သခင်၊ ​ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ​ကျွန်တော် မခံထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ​ကျွန်တော်၏ ငယ်သားသည် ချမ်းသာ ရပါလိမ့်မည်။ ဥပမာကား၊ ​ကျွန်တော်သည် မင်းအောက်၌ ​ကျွန်ခံသောသူ ဖြစ်သော်လည်း၊ စစ်သူရဲများကို အုပ်စိုး၍၊ တဦးကို သွားချေ ဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ ဟုဆိုလျှင် လာပါ၏။ ​ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။ ထိုစကားကို ယေရှုသည် ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမတွေ့ဘူးသေး။” (မ ၈:၅-၁၀) 

ရောမတပ်မှုး ကယေရှု၏ အစွမ်းတန်ခိုး၊ သူ၏ နှုတ်ထွက်စကားတော်၌ တန် ခိုးရှိကြောင်း ယုံကြည်သည်။ အဘယ်ကြောင့်ယုံကြည် သနည်း။ သူကိုယ်တိုင်၏ နှုတ် အစွမ်းကို သိသောကြောင့် ဖြစ်သည်။ ထိုတပ်မှုးသည် နှုတ်တန်ခိုးရှိသည်။ ငယ်သားများကို သူ၏ နှုတ်ဖြင့် ခိုင်းချင် တိုင်း ခိုင်း၍ ရသည်ဟု ကောင်းစွာ သိသည်။ သူ၏ နှုတ်အစွမ်း အတိုင်း သခင်ယေရှု၌လည်း နှုတ်အစွမ်းရှိသည်ဟု ယုံကြည်သည်။ ထိုကြောင့် သခင် ယေရှုသည် ဒုက္ခ ခံ၍ သူ့အိမ်သို့ ကြွစရာ မလို။ ထိုမျှသာမက သူသည် စစ်အရာရှိ ဖြစ်သော်လည်း သခင်ယေရှုကို အလွန် လေးစားရိုသေသည်။ ထိုကြောင့် သခင်ယေရှုသည် သူ့အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို မခံထိုက်ဟု သူ့ကို သူထင် မှတ်သည်။ ဣသရေလ လူမျိုးများ ကသခင်ယေရှု ှုကို လုံးဝ မယုံကြည်၊ နတ်ဆိုးဆွဲသောသူ၊ လက်သမားသား၊ မာရိ၏ သား၊ လူလိမ်လူညာဟု ထင်မှတ်ချိန်တွင် ရောမတပ်မှုးက သူ့ကို အလွန် လေးစားကြည်ညိုသောကြောင့် ခရစ်တော်သည် အလွန် အံ့ရခြင်း ဖြစ်သည်။ 

ရောမတပ်မှုးက ခရစ်တော်ကို ထိုမျှလောက်ယုံကြည် ချိန်မှာ ဣသရေလ လူမျိုး၊ တရားစရပ်မှုးက ခရစ်တော်ကို ယုံသော်လည်း တပ်မှုး ကဲ့သို့ မဟုတ်ဘဲ ခရစ်တော်ကို မရမက သူ့အိမ်သို့ လာ၍ သူ၏ သမီးငယ်အတွက် တောင်းပန်ကြောင်း ဤသို့ တွေ့ ရသည်၊ “ယာဣရုအမည်ရှိသော တရားစရပ်မှူးသည် လာ၍ ကိုယ်တော်ကို မြင်လျှင်၊ ​ခြေတော် ရင်း၌ ပြပ်ဝပ်လျက်၊ အ​ကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။ သို့သော်လည်း ကိုယ်တော်သည် ကြွ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ၏ အပေါ်၌ လက်ကို တင်တော်မူလျှင် အသက်ရှင် ပါလိမ့်မည်ဟု များစွာ တောင်းပန်၏။” (မာ ၅:၂၂-၂၃) ယာဣရုသည် ခရစ်တော်ကို ယုံကြည် အားကိုး သော်လည်း ခရစ်တော် မအံ့ဩချေ။ အကြောင်းမူကား သူသည် ဣသရေလ လူမျိုး ဖြစ်သည်။ ထိုမသာကသူသည် သခင်ယေရှုကို ကိုယ်တိုင် အိမ် ရောက်ဘို့ ပင့်ဘိတ်သည်။ သူ၏ ယုံကြည်ခြင်းသည် ရောမတပ်မှုး ကဲ့သို့ မဟုတ်ချေ။ ရောမ တပ်မှုးသည် ခရစ်တော်နှင့် သူ၏ တန်ခိုးအမိန့်တော်များကို ယုံကြည်သည်။ မိတ်ဆွေလည်းရောမတပ်မှုး ကဲ့သို့ ယုံကြည် နိင်လျှင် မည်မျှကောင်းမည်နည်း။ 
 
ခါနန်အမျိုးသမီး

“ယေရှုသည် ထိုအရပ်မှ ထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ခါနာန်အမျိုး ဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှ ထွက်လာ၍၊ ဒါဝိဒ်၏ သားတော် ရှင်၊ ​ကျွန်မကို သနားတော်မူပါ။ ​ကျွန်မ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကား တခွန်းမျှပြန်တော်မမူ။ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ ငါတို့ နောက်သို့ လိုက်၍ ဟစ်ကြော်လျက် ရှိနေပါသည်ဟု တောင်းလျှောက်ကြ၏။ ကိုယ်တော်ကလည်း၊ ဣသရေလ အမျိုးအဝင်ပျောက်လွင့်သော သိုးများ မှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်ဟု မိန့်တော်မူ၏။ ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ​ကျွန်မကို ကယ်မတော်မူပါသခင်ဟု လျှောက်လျှင်၊ ကိုယ်တော်က၊ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြောတော်မူ၏။ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေး မည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊ အိုမိန်းမ၊ သင်သည် ယုံကြည် အာကြီးမား လှပြီ။ သင့်အလိုရှိသည် အတိုင်း သင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန် မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်း မာပကတိ ဖြစ်လေ၏။” (မ ၁၅:၂၁-၂၈) 

ဤခါနန်အမျိုးသမီးသည် တပါးအမျိုးသမီး ဖြစ်သည်။ ခရစ်တော်ကို ဒါဝိဒ်၏ သားတော်ဟု နှုတ်ဆက်သည်။ ဒါဝိဒ်၏ သားတော် ဟုဆိုခြင်းသည် ခရစ်တော်သည် ရှင်ဘုရင် ဖြစ်ကြောင်း၊ တန်ခိုးရှိကြောင်း၊ နတ်ဆိုးများကို နှင်ထုတ် နိင်ကြောင်း ဝန်ခံခြင်း၊ သိခြင်း ဖြစ်သည်။ သူ့သမီး၏ အထဲမှနတ်ဆိုးကို နိင်သောသူ ဖြစ်သည်ဟု ကောင်းစွာ သိသည်။ သို့သော် ခရစ်တော်က သူ့ကို လုံးဝ စကား မပြောချေ။ သို့သော် လုံးဝ စိတ် မပျက်ချေ။ တမန်တော်များကမခံနိင်လောက်အောင် တောင်းလျှောက်နေသောကြောင့် ခရစ်တော်က စကား ပြောလာသည်။ သို့သော် ခရစ်တော် ပြောသော စကားသည် လုံးဝ မြော်လင့်စရာ မရှိ။ ဤနေရာ၌ ခရစ်တော်သည် လူမျိုးရေးသမားနှင့် တူသည်။ သို့သော် ထိုအမျိုးသမီးသည် စိတ်မပျက်၊ ဆက်၍ သူလိုချင်သောအရာကို မရမက တောင်း လျှောက်သည်။ ထိုအခါ ခရစ်တော်က၊ “သား၏ အစာကို ယူ၍ ခွေးအား မပေးမချ အပ်” ဟုပြောလိုက်သည်။ ထိုအရာသည် ပဌ မပြောသောအရာထက် ပို၍ ဆိုးသည်။ ပဌမအရာသည် လူမျိုးခြား ဖြစ်သောကြောင့် သူ့ကို မကူညီနိင် ဟုဆိုခြင်း ဖြစ်သည်။ ဒုတိယစကား အရထိုအမျိုးသမီးသည် ခွေးနှင့် နှိုင်းထားသည်။ မိတ်ဆွေနှင့် ​ကျွန်ပ် ဖြစ်လျှင် ချက်ချင်း စိတ်ဆိုးခြင်း၊ ရှက်ခြင်း၊ နာကျည်းခြင်းဖြင့် လှည့်ပြန်သွားမည် ဖြစ်သည်။ သို့သော် ထိုအမျိုးသမီးသည် သူ့ကိုယ်သူခွေးမ ဖြစ်ကြောင်း ဝန်ခံ၍၊ “မှန်ပါ၏ သခင်၊ ခွေး မည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏” ဟု နှိမ့်ချ၍ ဆက်တောင်းနေသည်။ ထိုအခါ သခင်ဘုရားသည် ဆင်​ခြေပေးစရာ မရှိတော့သောကြောင့် “အိုမိန်းမ၊ သင်သည် ယုံကြည် အားကြီးမား လှပြီ။ သင့်အလိုရှိသည် အတိုင်း သင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန် မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။” ဤနေရာ၌ သခင်ဘုရားကအိုမိန်းမ ဟုဆိုခြင်းသည် အံ့ဩခြင်းကို ဖေါ်ပြသည်။ သူမ၏ ယုံ ကြည်ခြင်းကို အသိအမှတ်ပြု၍ သင်သည် ယုံကြည် အားကြီးမား လှပြီ ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ထိုမိန်းမကဲ့သို့ သခင်ဘုရား မိန်းမောလက်မြှောက်လောက်အောင် ယုံကြည်ဘို့ လိုအပ်သည်။ 
 
ရှမာရိအမျိုးသား 

“ယေရုရှလင် မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည် စပ်ကြား၌ ရှောက်သွားတော်မူ၏။ ရွာတရွာသို့ ဝင်တော်မူသည် တွင်၊ နူနာစွဲသောသူတကျိပ်တို့သည် ခရီး ဦးကြို ပြု၍ အဝေးကရပ်လျက်၊ သခင်ယေရှု၊ အ​ကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော် ကြ၏။ ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကို်ယ်ကို ပြကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက် ကြ၏။ ထို သူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ​ခြေတော် ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီး လှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။ ယေရှုကလည်း၊ တကျိပ်သော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ ဤ တပါးအမျိုးသားကို ထား၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူတယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊ သင်ထ၍ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင်၏ အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။” (လု ၁ရး၁၁-၁၉) 

အထက်ပါ အဖြစ်အပျက်သည် ဥပမာ မဟုတ်ပါ၊ တကယ့် ဖြစ်ပျက်သောအရာ ဖြစ်သည်။ နူနာစွဲသောသူဆယ်ယောက်ကို သခင်ယေရှုက သန့်ရှင်းကျန်းမာစေသည်။ သို့သော် ရှမာရိအမျိုးသား တယောက် ကသာ ကျေးဇူးတင်တတ်ကြောင်း တွေ့ရသည်။ ကျန် သောကိုးယောက်သည် မိမိတို့ သန့်ရှင်း၍ လူတောတိုးနိင်ဘို့၊ ယဇ်ပုရောဟိတ် ကအသိအ မှတ်ပြုခြင်းရရှိဘို့ရန် သာစိတ်စော နေကြသောကြောင့် သခင်ယေရှုကို ကျေးဇူးတင်ရမှန်း ပင် မသိကြတော့ချေ။ ရှမာရိအမျိုးသားလည်း လူတောတိုးနိင်ဘို့ စိတ်လှုပ်ရှားမည် ဖြစ်သည်။ သို့သော် ကျေးဇူရှင်ကို ကျေးဇူတင်ဘို့ကို သတိရသည်၊ သိတတ်သည်။ ကျန်သော ယုဒလူများမူကား ကျေးဇူးတင်ခြင်းထက် သူတို့ ကျန်းမား သန့်ရှင်းခြင်းကို ပို၍ စိတ်လှုပ်ရှားသည်။ ရှမာရိအမျိုးသား ကသခင်ယေရှုကို အံ့ဩ စေသည်။ သို့မဟုတ် ကျေးဇူး မသိတတ်သော ယုဒလူများ ကသခင်ယေရှုကို အံ့ဩ စေသည်။ ထို့ကြောင့် ယုံကြည်သူများ ကကျေးဇူးတော် မချီးမွမ်းလျှင် ဘုရားသခင် အံ့ဩမည် ဖြစ်သည်။ မိတ်ဆွေလည်း ဘုရားသခင်၏ မြောက်များ လှစွာသော ကောင်းကြီးများကို မရေတွက်တတ်လျှင် ဘုရားသခင် အံ့ဩ မှာသေချာသည်။ 
 
နာဇရက်မြို့သားများ

“ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ၏။ ဥပုသ်နေ့ရောက်လျှင် တရားစရပ်၌ ဆုံးမဩဝါဒ ပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤ အရာတို့ကို အဘယ်မှာ ရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤ မျှလောက်သော တန်ခိုးများကို အဘယ်သို့ ပြနိုင်သနည်း။ သူသည် လက်သမား မဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကို မဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါး နေကြသည် မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသော အရပ်၌ အသရေရှိသည်ဟု ထို သူတို့အား မိန့်တော်မူ၏။ မကျန်းမမာသောသူအချို့တို့အပေါ်မှာ လက်တော်ကို တင်၍ အနာကို ငြိမ်းစေခြင်းမှတပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။ ထို သူတို့သည် မယုံကြည် ကြသည်ကို အံ့ဩခြင်းရှိတော်မူ၏။” (မာ ၆:၁-၆) 

သခင်ယေရှုသည် အခြားသော မြို့တို့၌ တန်ခိုးပြနိင်သည်။ အကြောင်းမှာ သူကို ယုံကြည် ကြသောကြောင့် ဖြစ်သည်။ သို့သော် သူကြီး ပင်းရာနာဇရက်မြို့၌မူ အဘယ်တန်ခိုးကိုမျှ မပြနိင်သောကြောင့် အံ့ဩတော်မူသည် ဟုဆိုသည်။ ထိုသို့ မယုံကြည်ကြခြင်းသည် သူတို့၏ ဝိညာဉ် မျက်စိကန်းခြင်းကြောင့် ဖြစ်သည်။ သူတို့သည် ကျေးဇူးတော် ခံစားသောသူများ ဖြစ်ကြသည်။ အကြောင်းမှာ ဘုရားသခင် ကိုယ်တော်တိုင် သူတို့ မြို့၌ နှစ်ပေါင်းသုံးဆယ်ကျင်လည်ခဲ့သည်။ သို့သော် ဝိညာဉ် မျက်စိကန်းသောကြောင့် သူတို့၏ ဘုရားကို လူထင်၍ တန်ခိုးမပြနိင်လောက်အောင် ယုံကြည်ခြင်း ကင်းမဲ့ ကြသည်။ သခင်ဘုရားသည် နှစ်ပေါင်းသုံးဆယ်နေထိုင်ခဲ့သော်လည်း သူ၏ တန်ခိုးမပြခဲ့သောကြောင့် လော၊ သို့မဟုတ် သူ့ကိုယ်သူမိတ်မဆက်ခဲ့ သောကြောင့် လော၊ အဘယ်ကြောင့်မယုံကြည် ကြသနည်း၊ အံ့ဩစရာပင် ဖြစ်သည်။ ယနေ့ မိတ်ဆွေလည်း ဘုရားသခင်ကို ယုံကြည်လောက်သော တရားဟောချက်၊ သက်သေခံချက်နှင့် လူများ၏ အသက်တာပြောင်းလဲခြင်းများတွေ့ရသော်လည်း မယုံကြည် နိင်လျှင် သခင်ဘုရား၏ အံ့ဩ သောသူ ဖြစ်မည် စိုးရိမ်စရာ ရှိသည်။ 
မေးခွန်း။။ သင်သည် ခရစ်တော်ကို မည်ကဲ့သို့ အံ့ဩ စေမည်နည်း။ ယုံကြည်ခြင်းဖြင့်လော့မယုံကြည်ခြင်းဖြင့်လော 
 
 
ယုံကြည်ခြင်းအဆင့်ဆင့်
 
ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဆင့်ဆင့်ရှိကြောင်း တွေ့ရသည်။ ထိုအ ရာများကို လေ့လာကြပါစို့။ သင်သည် မည်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သည်ကို သိခြင်းဖြင့် မိမိအသက်တာပြုပြင်ပြောင်းလဲနိင်သည်။ 
 
၁။ နတ်ဆိုးများ၏ ယုံကြည်ခြင်း 

ရှင်ယာကုပ်က၊ “ဘုရားသခင် တဆူတည်းရှိသည်ဟု သင်သည် ယုံ၏။ ကောင်း ပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။” (ယာ ၂:၁၉) ဟုဆိုသည်။ နတ်ဆိုးများသည် ဘုရားသခင်၏ တန်ခိုး၊ အစွမ်းကို ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ် ကြသည်။ သို့သော်လည်း အကျူိးမရှိ။ အကြောင်းမူကား သူတို့သည် ကယ်တင်ခြင်းသို့ မရောက်ဘဲ ငရဲသွားဘို့ သာလျှင် ရှိသည်။ များစွာသော ခရစ်ယာန် များလည်း နတ်ဆိုးများ ကဲ့သို့ ဘုရားသခင်၏ လုပ်နိင်သော အစွမ်းကို ယုံကြည် ကြသော်လည်း အကျိုးမရှိ၊ အကြောင်းမူကား ကယ်တင်ခြင်းသို့ မရောက်၊ ငရဲသွားဘို့ သာလျှင် ဖြစ်ကြသည်။ 
 
၂။ ကယ်တင်ခြင်း အတွက် ယုံကြည်ခြင်း 

ရှင်ပေါလုက၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။” (ဧဖက် ၂:၈) ဟုဆိုသည်။ အချို့သော ခရစ်ယာန် များသည် ဘုရားသခင်က ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကို လက်ခံယုံကြည် ကြသောကြောင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။ ဝိညာဉ် ကောင်းကင်နိင်ငံသို့ ရောက်မည်၊ ချီ ဆောင်ခြင်း၌ ပါဝင်မည်ဟု စိတ်ချယုံကြည်သည်။ သို့သော် များစွာသော ခရစ်ယာန် များသည် ကယ်တင်ခြင်း စိတ်ချမှု မရှိကြချေ။ ဘုရားသခင်က သူတို့၏ ဝိညာဉ် ကယ်တင်ခြင်း အပြစ် လွှတ်ခြင်းကို မယုံကြည် ကြသောကြောင့် သေလျှင် ငရဲသွားမည်ဟု ခံယူယုံ ကြည်ကြသည်ကို ဝမ်းနည်းဘွယ်ရာတွေ့ရသည်။ ထိုကဲ့သို့ လက်မြှောက်အရှုံးပေးခြင်းသည် စာတန်၏ လှဲ့စားခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ကောင်းစွာ မသိခြင်းကြောင့် ဖြစ်သည်။ ကယ်တင်ခြင်းသို့ မရောက်နိင်သောသူတစုံတယောက်မျှ မရှိချေ။ 
 
၃။ စားဝတ်နေရေးအတွက် ယုံကြည်ခြင်း 

ကယ်တင်ခြင်း စိတ်ချမှု ရှိသောသူအများစုသည် သေလျှင် မိမိဝိညာဉ် ကောင်းကင်နိင်ငံသို့ သွားမည်၊ ချီဆောင်ခြင်း၌ ပါဝင်မည်ဟု စိတ်ချယုံကြည် ကြသည်။ သို့သော် နေ့စဉ် စားဝတ်နေရေးအတွက် ဘုရားသခင်က တာဝန် ယူ​ကျွေးမွေး မည်ဟု စိတ်မချကြချေ။ သခင်ယေရှုက၊ “အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ် ကြနှင့်၊ ထိုအရာများကိုသာ သနာ ပလူတို့သည် ရှာဖွေ တတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။ (မ ၆:၃၁-၃၃) ဟုပြောသော်လည်း စိတ်မချနိင်ကြ၊ ပူပင်သော ကရောက် နေကြသေးသည်။ ထိုကြောင့် စားဝတ်နေရေးအတွက် ရှိသမျှ အချိန်နှင့် စွမ်းအားကို ထုတ်၍ ရှာဖွေ ကြသည်။ အလုပ် မလုပ်ဘဲ စောင့်နေရမည်ဟု မဆိုလိုပါ။ သခင်ဘုရားကပျင်းရိဘို့လည်း မပြောပါ။ သို့သော် ထိုအရာများကို ရှာရင်းစိတ်ပူပန်မှုကြောင့် ဘုရားတရား၌ မလိုက်စားနိင်၊ စိတ်မဝင်စား နိင်၊ အချိန် မပေးနိင်ကြချေ။ အနည်းငယ်သော ယုံကြည်သူများသာလျှင် နေ့စဉ် အသက်တာအတွက် ဘုရားသခင်က ​ကျွေးမွေး စောင့်ရှောက်မည့် အရာကို ယုံကြည် စိတ်ချသည်။ 
 
၄။ အမှုတော်ဆောင်ဘို့ အတွက် ယုံကြည်ခြင်း 

ခရစ်ယာန် အများစုအဘယ်ကြောင့်အမှုတော် မဆောင်နိင်ကြသနည်း ဟူမူကား ဘုရားသခင်က အသုံးပြုမည်ဟု စိတ်ချယုံကြည်မှု မရှိသောကြောင့် ဖြစ်သည်။ သခင်ယေရှုက၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။” (မ ၂၈:၁၉)၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁:၈)၊ ဟုပြောသော်လည်း ထိုအရာသည် တမန်တော်များနှင့် ဘုရားသခင်က အထူးခေါ်ထားသောသူများအတွက် ဖြစ်သည်ဟုယူ ဆကာဘုရားက အသုံးပြုမည်ဟု ယုံကြည်ခြင်း မရှိကြချေ။ 

ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း အကြောင်းသည် တန်ခိုးကို ရ၍ သက်သေခံဘို့ရန် ဖြစ်ကြောင်း ပြောထားသည်။ သို့ဖြစ်လျှင် မည်သူသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိသနည်း။ တမန်တော်များ သို့မဟုတ် အထူးပုဂ္ဂိုလ်များ ကသာ ရရှိသလော။ ယုံကြည်သူ တိုင်းရသည် မဟုတ်လော။ သင်သည် ဝိညာဉ်တော်ကို ရသည်ဟု ခံယူလျှင် သင်သည် တန်ခိုးကို ရရှိထားသည်။ ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ ထိုတန်ခိုးသည် ပြဘို့၊ ရှိဘို့ သက်သက် မဟုတ်၊ အသုံးပြုဘို့ ဖြစ်သည်။ မည်သည့်အရာ၌ အသုံးပြုမည်နည်း။ ခရစ်တော်၏ အကြောင်းကို သက်သေခံသော နေရာ၌ အသုံးပြုရမည်။ သို့သော် ယုံကြည်သူများက ဝိညာဉ်တော်ကို အသုံးမပြုကြသောကြောင့် တန်ခိုး မထွက်နိင်ချေ။ စိတ်ချပါ၊ သခင်ဘုရားသည် သူပြောသည့်အတိုင်း သင်ကို အသုံးပြုမည် ဖြစ်သည်။ သို့သော် သူ့ကို အုပ်စိုးခွင့် ပေးမှ အသုံးပြုနိင်ပေမည်။ ကိုယ့်အ​ခြေအနေ၊ အားနည်းချက်ကို မကြည့်ပါနှင့်။ ဝိညာဉ်တော်ကို အားကိုးပါ၊ တန်ခိုုးပြလာပါလိမ့်မည်။ 
 
 
 
ဘုရားသခင်၏ မျက်ဆန်တော်ကို ထိပြန်
 

ယခုအခါလောကသား များနှင့်အတူ ယုံကြည်သူများဝိညာဉ် ပိုင်း၌ အိပ်မောကျနေချိန်တွင် ခရစ်တော်က အသင်းတော် သို့မဟုတ် သန့်ရှင်း သူများ ချီဆောင်မည့် အချိန်သည် အလွန် နီးနေပြီ ဖြစ်သည်။အချိန် နီးကြောင်း မည်ကဲ့သို့ သိနိင်သနည်း။ အချက် ပေါင်း များစွာဖြင့် သိနိင်သည်။ ကျမ်းစာသည် မြေပုံကဲ့သို့ဖြစ်၍ ကမ္ဘာအဖြစ် အပျက်များသည် ဆိုင်းဘုတ်ကဲ့သို့ဖြစ်သည်။ ကား မောင်းသောအခါ ယခင်ကမြေပုံနှင့် လမ်းဘေးလမ်း ပေါ်မှာ ချိတ်ထားသော ဆိုင်းဘုတ်များကို ယှဉ်တွဲကြည့်တတ်ဘို့ လိုသည်။ သို့မှသာ မည်သည့်နေရာရောက်ကြောင်း သိနိင်သည်။ မြေပုံလည်း မကြည့်၊ ဆိုင်းဘုတ်လဲမကြည့်လျှင် မည်သို့ မျှမိမိ ရောက်သည့်နေရာကို မသိနိင်ချေ။ မြေပုံနှင့် ဆိုင်းဘုတ်ကို လူတိုင်း မကြည့်တတ် သကဲ့သို့ ကျမ်းစာနှင့် ကမ္ဘာ့ အဖြစ်အပျက်များကိုလည်း လူတိုင်း ကြည့်တတ်ကြသည် မဟုတ်။ ထိုကြောင့် ကြည့်တတ်သောသူများ ကရှင်းပြဘို့ လိုသည်။ 

ယခုအချိန် နီးကြောင်းကို အရှေ့အလယ်ပိုင်းအစ္စရေးနှင့် အာရပ်များ၏ အ​ခြေအနေကို ကြည့်ခြင်းအားဖြင့် သိနိင်သည်။ အစ္စရေးပါလက်စတင်း ပြသနာ ဆွေး နွေးခြင်းသည် သုံးနှစ်ရပ်နားပြီး နောက် ယခုအခါ အမေရိကန်နိင်ငံခြားရေးဝန်ကြီး ဂဋ္ဌန် ကယ်ရီက အကြီးအကျယ် ကြိုးစား၍ နိုးဆော်လုပ်ဆောင်နေသည်။ ယခုနှစ်ဧပြီလတွင် စတင် ဆွေးနွေးဘို့ ဆိုင်းပြင်းနေသည်။ 
 
မျက်ဆန်တော်ကို ထိခြင်း 

ကျမ်းစာ၌၊ “ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသော လူမျိုးတို့ ရှိရာသို့ ဘုန်းထင်ရှားပြီမှငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူ ဖြစ်၏။” (ဇာ ခရိ ၂:၈)ဟု ရေး ထားသည်။ ဆိုလိုသည်မှာ ဣသရေလ လူမျိုးများကို ထိသောသူသည် ဘုရား၏ မျက် ဆန်တော်ကို ထိသောသူ ဖြစ်သည်။ ဣသရေလ လူမျိုးသည် ဘုရားသခင်၏ မျက်ဆန်တော် ဖြစ်သည်။ မည်သူမဆိုမျက်ဆန်ကို ထိလျှင် အသာ တ ကြည် လက်ခံနိင်သောသူမရှိပါ။ အချစ်ဆုံးသောသူကထိလျှင်လည်း မရပါ။ ယခု ဘုရားသခင်၏ မျက်ဆန်တော် ဖြစ်သော ဣသရေလများကို အမေရိကန်နိင်ငံကထိနေသည်။ 
 
တုန်လှုပ်စေသော ဖလား

ဘုရားသခင်က၊ “ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုးအ ပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုးအ ပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပ့​ဲ​ကြေမွကြလိမ့်မည်။” (ဇာခရိ ၁၂:၂-၃)။ ဘုရားသခင်က ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး၊ အာရပ်များအား တုန်လှုပ်စေသော ဖလား ဖြစ်စေမည် ဟုဆိုသည်။ ဖလား၌ စပျစ်ရည်ရှိ၍ ထိုအရာကို သောက်သော သူတို့သည် မူးသဖြင့် ဒယိမ်းဒယိုင် ဖြစ်သကဲ့သို့ အာရပ်လူမျိုးများသည် ဖြစ်မည် ဟုဆိုသည်။ အာရပ်လူမျိုးများ ထိုကဲ့သို့ ယိမ်းယိုင်သဖြင့် အမေရိကန်နှင့် ဥရောပနိင်ငံများလည်း အငြိမ်မနေနိင်ဘဲ ဒယိမ်းဒယိုင် ဖြစ်နေကြသည်။ ထို့အပြင် ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည် ဟုဆိုသည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတု့ိသည် ကျိုးပဲ့ ​ကြေမွကြလိမ့်မည် ဟုဆိုသည်။ လေးသော ကျောက်သည် မဘို့ရန် ခက်ခဲ သကဲ့သို့ ယေရုရှလင်မြို့အကြောင်းလည်း ​ ဖြေရှင်း ဘို့ရန် အလွန် ခက်ခဲသောအရာ ဖြစ်သည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့​ကြေမွကြလိမ့်မည် ဟုဆိုခြင်းသည် ထိုမြို့အကြောင်း ဆွေးနွေးတိုင်ပင်ဆုံးဖြတ်သောသူတိုင်း ဒုက္ခ ပြသနာများတွေ့မည့် အကြောင်းကို ဆိုလိုသည်။ 

ယခုအခါ အမေရိကန်အစိုးရနှင့် ဥရောပယူနီယံက ယေရုရှလင်မြို့အရှေ့ခြမ်းကို အစ္စရေးများ လက်မှနှုတ်၍ ပါလက်စတင်းများ၏ မြို့တော် ဖြစ်ဘို့ ကြိုးစား နေကြသည်။ ထိုအရာသည် လေးသော ကျောက်ကို ချီမခြင်း ဖြစ်သည်။ ထိုကြောင့် အမေရိကန်ပြည် ထောင်စုနှင့် ဥရောပ၌ ရာသီဥတု အလွန် ဆိုးဝါး၍ လူ များစွာ ဒုက္ခ ရောက်၊ သေ​ကြေပျက် ဆီး၍ ဥစ္စာ များစွာ ဆုံးရှုံးနေရသည်။ အမေရိကန်ပြည် ထောင်စုပြည်နယ်အများစု၌ နှင်း အကြီး အကျယ်ကျ၍ ရေခဲအောက်အနှုတ်လက္ခဏာအထိ အအေးဒဏ်ခံရ ကြသည်။ လေယဉ်ပျံများ မပျံသန်းနိင်သောကြောင့် ဇန္နဝါရီလအတွင်း၌ လေယဉ်ကုမ္ပဏီများ ဒေါ် လာသန်းပေါင်းနှစ်ထောင့်ငါးရာခန့်ရှုံးဆုံးနစ်နာရသည်။ အတ္တလန်တာမြို့၌လည်း နှင်း ကျခြင်း အတွေ့အကြုံနည်းသောကြောင့် လက်မအနည်းငယ်သာကျသော်လည်း ကား အစီးပေါင်း၁၀၀၀ ခန့်တိုက်၍ ကျောင်းသား အချို့နှင့် အလုပ်သမားအချို့အိမ်မပြန် နိင်ဘဲ ဒုက္ခ ရောက်ရ ကြသည်။ ယခုနှစ်ဆောင်းတွင်း အအေးဒဏ်ကြောင့်စီးပွားရေးအကြီး အကျယ်ထိခိုက်သည်။ ထိုသို့ဖြစ်ရခြင်းသည် ဘုရားသခင်၏ မျက်ဆန်တော်ကို ထိ သောကြောင့် ဖြစ်သည်။ သို့သော် လူအများစုကအဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို မသိကြချေ။ အကြောင်းမှာ ပြောပြသောသူမရှိခြင်း၊ ပြောပြလျှင်လည်း မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ နိင်ငံခေါင်းဆောင်များကလည်း ထိုအရာကို မသိသောကြောင့် မိမိတို့ လုပ်ချင်သောအရာကို လုပ် နေကြသည်။ 
 
သမိုင်းအထောက်အထား

အမေရိကန်သမတများ ကအစ္စရေးများကို ိဖိ၍ ပါလက်စတင်းများကို ဦးစား ပေးး အမေရိကန်ပြည် ထောင်စု၌ ဒုက္ခ ပြသနာ တွေ့ရကြောင်း ျွှငူူင​ော ုသနညငါ ဆို သူ ယုံကြည်သူ ခရစ်ယာန် သတင်း ထောက်က နပန ဤသ နပန ဟူသော စာအုပ်ထဲ၌ ရေးသား မှတ်တမ်းတင်ထားသည်။ သူရေးသားသော ထိုစာအုပ်ထဲမှထင်ရှားသော အဖြစ်အပျက်အနည်းငယ်ကို ပြန်လည် ဖေါ်ပြလိုပါသည်။ ၁၉၉၁ အောက်တိုဘာ ၂၀ ရက်နေ့တွင် အမေရိကန်နိင်ငံခြားရေးဝန်ကြီး ဂျိမ်းဘက္ကာက စပိန်နိင်ငံမာဒရစ်မြို့တွင် အောက် တိုဘာ ၃၀ ရက်နေ့၌ အစ္စရေးနိင်ငံနှစ်နိင်ငံခွဲမည့် အရေး ဆွေးနွေးမည့် အကြောင်း ကျေ ညာခဲ့သည်။ ထိုနေ့တွင် အမေရိကန်ပြည် ထောင်စုသမိုင်း၌ ၁၉၀၆ ခုနှစ်တွင် ဆန်ဖရန် စစ္စကို မြို့ မီးလောင်မှု နောက်ပိုင်းအကြီးမားဆုံး မီးလောင်မှု ဥ​ေုူ​ေညိ မြို့၌ ဖြစ်ပွားခဲ့သည်။ ထို မီးလောင်မှုကြောင့် ဒေါ်လာသန်းပေါင်း၂၅၀၀ ခန့်ရှုံးဆုံးခဲ့သည်။ 
၁၉၉၁ အောက်တိုဘာလ ၃၀မှ နိုဝဘ်ာလ ၂ ရက်နေ့အထိ အထက်၌ ဖေါ် ပြထားသည့်အတိုင်း အမေရိကန်သမတဘုတ် (စ်) ဦးဆောင်၍ အစ္စရေးပါလက်စတိုင်း ကိစ္စ ဆွေးနွေးခဲ့ ကြသည်။ နိုဝဘ်ာလ ၁ ရက်နေ့သတင်း စာများ၌ အမေရိကန်အရှေ့ဘက် ကမ်း​ခြေများ မိန်းပြည်နယ်မှဖလော်ရီဒါပြည်နယ်အထိ လေပြင်းမုန်တိုင်း တိုက်ခတ်၍ များစွာ ပျက်စီးဆုံးရှုံးသည့်သတင်းများရေးသား ကြသည်။ ထိုလေပြင်းမုန်တိုင်းကြောင့် အနှစ်တရာတွင် ပဌမ ဆုံးမုန်တိုင်းသည် မိန်းပြည်နယ်တွင် တိုက်ခတ်၍ သမတဘုတ် (စ်)၏ အပန်း​ဖြေရာပင်လယ်ကမ်း​ခြေအိမ်ကို ပင်လယ်လှိုင်းပေ ၃၀ အမြင့်ကတိုက်ဖျက်လိုက်ကြောင်း တွေ့ရသည်။ 

Hurricane Katrina

၂၀၀၅ ခုနှစ်တွင် အမေရိကသမတဘုတ် (စ)က၊ အစ္စရေးများ ဂါဇာကမ်းမြောင် ဒေသမှ ထွက်ကာပါလက်စတင်းများကို နေမြေပေးဘို့ အစ္စရေးဝန်ကြီး ချုပ်အယ်ရီအော် ရှရွန်းကို ဖိ အားပေးခဲ့သည်။ ထို့ကြောင့် ၂၀၀၅ ခုနှစ်ဩဂုတ်လ ၂၉ ရက်နေ့တွင် ဟာရီ ကင်းခါထီးနာတိုက်ခတ်၍ တောင်ပိုင်းပြည်နယ်များ ဖြစ်သော ဖါလော်ရီဒါပြည်နယ်၊ လူဝေဇီးယားနားပြည်နယ်၊ မီစစ္စပီပြည်နယ်များတွင် အကြီး အကျယ်ရေလွှမ်းမိုး၍ ဥစ္စာ ပစ္စည်းဆုံးရှုံးမှု ဒေါ်လာသန်းပေါင်းတသိန်းရှစ်ထောင် လူ၁၈၈၃ယောက်သေခဲ့ရသည်။ သမတဘုတ် (စ)သည် ထိုလေမုန်တိုင်း ဒဏ်ခံသော ဒုက္ခသည်များကို ချက်ချင်း မကူညီသောကြောင့် နာမည်ပျက်၍ ၂၀၀၈ ခုနှစ်သူ၏ ဒုတိယသမတသက်တန်းကုန်သည် အထိ နိင်ငံ ရေးလောက၌ နာမည်ပျက်ကာပြန်နလံမထူနိင်ခဲ့တော့ချေ။ အစ္စရေးဝန်ကြီး ချုပ်အယ်ရီ အော်ရှရွန်းလည်း၂၀၀၆ ဇန္နဝါရီလ ၄ ရက်နေ့တွင် ဦးနှောက်သွေးကြောပျက်၍ ဆေးရုံ တက်ရာပြန်မကောင်းတော့ဘဲ ၂၀၁၄ ခုနှစ်ဇန္နဝါရီလ ၁၁ ရက်နေ့တွင် သေဆုံးရသည်။ 
 
သွေးကဲ့သို၏ နီသော လလေးလုံး
ဆရာဂိဒေါင်ထွမ်း

ထာဝရဘုရားသည် နည်းလမ်းမျိုးစုံဖြင့် လူသားများအားသူ ပြုလုပ်မည့် အရာများကို သတိပေးတတ်ကြောင်း ကျမ်းစာထဲတွင် ဖော်ပြတတ်သည်၊၊ ကမ္ဘာဦး၁:၁၄တွင် ဘုရားနှင့် လူ၊ လူလူချင်းချိန်းတွေ့နိုင်ဖို့၊ ပြန်တွေ့နိုင်ဖို့ရန်အချိန်များကို ပိုင်းခြားနိုင်ရန်၊ ထာဝရဘုရားသည် နေ၊ လ၊ ကြယ်တို့ကို ဖန်ဆင်းထားကြောင်း တွေ့ရသည်၊၊ ခရစ်တော် မွေးဖွားလာမည့် အကြောင်း ကိုလည်း ကြယ်ကို သတိထားကြရန် ဤကဲ့သို့ ကြုိတင်ပြော ပြခဲ့သည် “ကြယ်တလုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလ အမျိုး၌ ထင်ရှားလိမ့်မည်” (တော ၂၄:၁ရ)။ သို့သော် လူ များစွာက မသိ၊ ဘုရား စကားကို ယုံကြည်သော အရှေ့ပြည် မှပညာရှင်များသာထိုကြယ်ကို သတိထားမိသောကြောင့် ခရစ်တော်ကို ဖူးတွေ့ခဲ့ကြသည် (မဿဲ ၂:၁-၁၁)၊၊ ခရစ်တော် မွေးဖွားလာသည်ကို ဘုရားကနည်းမျိုးစုံဖြင့် ပြောပြခဲ့သော်လည်း လူအနည်းစုသာသတိထားမိကြသည်ကို တွေ့ရသည်၊၊ 


ယခု ခရစ်တော်သည် ဒုတိယအကြိမ် ကြွလာမည့် အကြောင်း ကိုလည်း ဘုရားကနည်းမျိုးစုံဖြင့် ကြိုတင် သတိပေးပါသည်၊၊ ထိုနည်းမျိုးစုံအများ ထဲမှ ခရစ်တော် ဒုတိယ အကြိမ်ကြွလာဖို့အချိန် မည်မျှလောက်နီးသည်ကို သိနိုင်ရန် နေ၊ လ၊ ကြယ်တို့ကို သတိ ထားလေ့လာကြဖို့ရန်ဘုရားကကျမ်းစာထဲတွင် ပြောပြထားသည်ကို တွေ့ရသည်၊၊ ယောလ ၂:၁၀၊ ၃၀နှင့့် တမန်တော် ၂:၁၉-၂၀တွင် “အထက် မိုးကောင်းကင်၌ အံ့ ဘွယ်သောအရာ တို့ကို၎င်း၊ အောက်အရပ်မြေကြီး ပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုး တည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်းငါပြမည်၊၊ ထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီး မတိုင်မှီ၊ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်၊၊ လသည်လည်း သွေး ဖြစ်လိမ့်မည်၊၊ ” ဟူ၍ ထာဝရဘုရား၏ နေ့ရက်သည် နီးသထက် နီးလာသည်ကို သိရှိနိုင်ရန် ထိုသို့သော နိမိတ်လက္ခဏာများကို သတိထားကြဖို့ရေးသား ထားသည်၊၊ 

အံဩဖွယ် ၂၀၁၁ စက်တင်ဘာလ ရရက်နေ့တွင် တရုတ်ပြည်၌ ရှိသော အရှည်ဆုံးမြစ်သည် သွေး ကဲ့သို့ နီကာသုတေသနလုပ်သော်လည်း အဘယ့်ကြောင့် ထိုကဲ့သို့ နီသည်ကို မသိ၊ အံဩခြင်းရှိကြသည်၊၊ 

ဩစတေးလျနိုင်ငံတွင်လည်း၂၀၁၂ စက်တဘ်ာလ ၁၅ ရက်နေ့တွင် လေဆင်နှာမောင်းပမာမုန်တိုင်း ကဲ့သို့ ထူးဆန်းသော မီးတိုင်ကြီးကို တွေ့ရသည် မှာလည်း မယုံကြည်သူများအတွက် မူအံ့အား သင့်စရာပင် ဖြစ်သည်၊၊ 

ထို့အပြင် ၂၀၁၁ ဇွန်လိုင်လ၊ အာရီဇွန်းနားတွင် ထူးဆန်းသော ဖုံမုန်တိုင်းသည် တဖြည်းဖြည်းခြင်း မြို့ကို ဖုံးလွှမ်းသည် မှာသဲထိတ်ရင်ဖိုစရာ ဖြစ်သည်၊၊ မြို့မှောင်လာသောကြောင့် ထိုနေ့တွင် ကား တိုက်ခြင်းလည်း များသည်၊၊ မယုံ ကြည် သူများသည် အဘယ်ကြောင့် ထိုကဲ့သို့ ထူးဆန်းသော အရာများ ဖြစ်သည်ကို မသိ နားမလည် နိုင်ကြပေ၊၊ ထာဝရ ဘုရာ သတိပေးနေခြင်း ဖြစ်သည်၊၊ သတိထားကြစို့၊ အိပ်ပျော်ရာမှနိုးကြစို့၊၊ 

လကြတ်ခြင်း၊ နေကြတ်ခြင်းများကို လဲဘုရား အသုံးပြုသော နိမိတ် ဖြစ်သောကြောင့် ယုံကြည်သူများအနေဖြင့် လေ့လာသိရှိဖို့လိုအပ်သည်၊၊ နေကြတ်ခြင်း ဆိုသည်မှာ ကမ္ဘာ​ြဂိုလ်နှင့် နေကြားမှာလကမ္ဘာ ဖြတ် လာသောအခါ လကနေကို ဖုံး အုပ််သောကြောင့် နေသည် မှောင်မဲတတ်ခြင်းကို နေကြတ်ခြင်းဟု ခေါ်သည်၊၊ လကြတ်ခြင်း ဆိုသည်မှာ လသည် ကမ္ဘာ​ြဂိုလ်၏ အရိပ်အောက်တွင် ရောက် လာသောအခါ လသည် အသွေးရောင် ဖြစ်တတ်သည်ကို လ ကြတ်ခြင်းဟု ခေါ်သည်၊၊ နားလည်နိုင်ရန် ပုံကို ကြည့်ပါ၊၊ ထိုလကြတ်ခြင်းနှင့် နေကြတ်ခြင်းထက် ထူးဆန်းသည်မှာ ၂ နှစ်တွင်း လဆက်တိုက်လေး ကြိမ်ကြတ်ခြင်းကို တက်ထရက် ဤနအမ​ေိဟု ခေါ်သည်၊၊ ထိုသို့သော တက်ထရက် လကြတ်ခြင်းသည် မြောက်မြားစွာ ဖြစ်ခဲ့ဖူးသည်၊၊ သို့သော် ထိုအရာထက် ထူးဆန်းသည်မှာ ထိုကဲ့သို့သော တက်ထရက်ခေါ်လကြတ်ခြင်း များသည် တိုက်တိုက်ဆိုင်ဆိုင် ဂျူးဘုရား ပွဲနေ့များ ဖြစ်သော ပဿခါပွဲနှင့် တဲပွဲ (သကေနေ)တွင် ကျရောက်လာခြင်းသည် ထူးဆန်းသောအရာ ဖြစ်သည်၊၊ ယခုနှစ် ၂၀၁၄နှင့် ၂၀၁၅ တွင်လည်း လ လေးကြိမ်ကြတ်မည် ဖြစ်ကြောင်း ​ြဗှဗ မှတွက်ထားခြင်းကို ပုံနှင့် ပြထားသည်၊၊ 


ထိုလလေးကြိမ်ကြတ်မည့် လများသည် ဂျူးလူမျိုးများ၏ ဘုရား ပွဲများ ဖြစ်သော ပဿခါပွဲနှင့် တဲတော် ပွဲတွင် ကြတ်မည် ဖြစ်သည့်အရာသည် တိုက်ဆိုင်သည်ထက် ဘုရားက သတိပေးချင် သောကြောင့် တိုက်ဆိုင်ခိုင်းခြင်း ဖြစ်သည် မှာသေချာသည်၊၊ ပဿခါပွဲသည် ဂျူးလူမျိုး ​ြငျျ​ေည ၁၅ ရက်တွင် ကျင်းပကာ၊ တဲပွဲကိုမူ ဤငျ့မင ၁၅ ရက်တွင် ကျင်းပကြသည်၊၊ ပုံမှာတွေ့သည် အတိုင်း၂၀၁၅တွင် မူစက်တဘ်ာလ ၂၈ ရက်နေ့သည် ဂျူးလူမျိုး ​ြငျျ​ေည ၁၅ ရက်နေ့ ဖြစ်သည်၊၊ ထိုကဲ့သို့ နှစ်နှစ်အတွင်း လလေးကြိမ်ဂျူးလူမျိုးဘုရား ပွဲများ ဖြစ်သော ပဿခါပွဲနေ့နှင့် တဲပွဲနေ့တွင် ကျလာသော လကြတ်ခြင်း မျိုးသည် ခရစ်တော် သေပြီး နောက်ပိုင်းရကြိမ်ရှိခဲ့ဖူးသည်၊၊ ထိုသို့ လကြတ်လာအခါ ဂျူးလူမျိုးနှင့် ပတ်သက်၍ သမိုင်းတွင်သော ဖြစ်ရပ်များ၊ စစ်ပွဲများ ဖြစ်တတ်သည်၊၊ ၁၄၉၃ – ၁၄၉၄တွင် ထိုသို့ လသည် နှစ်နှစ်အတွင်း လေးကြိမ်ကြတ်သောအခါ ဂျူးလူမျိုး၂ သိန်းကျော်စပိန်နိင်ငံမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်၊၊ ၁၉၄၉-၁၉၅၀ တွင်လည်း ထိုသို့ လကြတ်သောအခါ မေလ ၁၄ရက် ၁၉၄၈တွင် အစ္စရေးလူမျိုးများ၊ အာရပ်နိုင်ငံများနှင့် စစ်ပွဲ ဖြစ်ကာလ ွတ်လပ်ရေး​ကြေငြာနိုင်ခဲ့သည်၊၊ ၁၉၆၇-၁၉၆၈ တွင်လည်း၆ ရက်ကြာစစ်ပွဲသည် အာရပ်နိုင်ငံများနှင့် ပြန်ဖြစ်ကာ ယေရုရှလင်မြို့အရှေ့ခြမ်းကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်၊၊ 

ယခုနှစ် ၂၀၁၄နှင့် ၂၀၁၅မှာ ဂျူးဘုရား ပွဲများတွင် ၂ နှစ်အတွင်း လလေးကြိမ် ကျရောက်လာခြင်းသည် ၈ ကြိမ်မြောက် ဖြစ်သည်၊၊ ကျမ်းစာထဲတွင် ၈ ဂဏန်း၏ သကေ် တမှာအသစ်ပြုပြင်စတင်လာခြင်း ဖြစ်သည်၊၊ ဥပမာ ခရစ်တော်သည် ၈ ရက်နေ့တွင် ရှင် ပြန်ထမြောက် ကာ ကျေးဇူးတော် ကာလ သစ်စတင်ခဲ့သည်၊၊ နောဧမိသားစုသည်လည်း ရေလွှမ်းမိုးပြီး နောက် လူ၈ယောက်ဖြင့် ကမ္ဘာသစ်စတင်ခဲ့သည်၊၊ ထို့ကြောင့် မမြင် စဖူး၊ မဖြစ်ဖူးသောအရာ၊ တလောက လုံးအံဩ၍ နားမလည် နိုင်သောအရာ တစ်ခုခု တော့ ဖြစ်မည်ဟု ယုံကြည် ဖွယ်ရှိသည်၊၊ ယနေ့ အမေရိကဒေါ်လာရဲ့တန်ခိုးသည်လည်း ကျရှုံးမည့် အလားအလာရှိသည်၊၊ ထိုသို့ ကျရှုံးပါက ကမ္ဘာ့ စီးပွားရေးထိခိုက်မည် ဖြစ်သောကြောင့် ဆူပူသောင်းကြမ်းခြင်း၊ နေရာတကာ၌ ဆန္ဒပြခြင်းများ၊ ရာဇဝတ်မူများ၊ မ​ဖြေရှင်း နိုင်သော ပြဿနာ များစွာ ပေါ်လာမည်၊၊ သို့မဟုတ် တတိယကမ္ဘာစစ်ပွဲစတင် ဖြစ်မည်လား၊ တစ်ခုခုတော့ ဖြစ်မည်၊၊ ထိုကြောင့် မိတ်ဆွေ ကယ်တင်ခြင်းသို့ မရောက် သေးပါက၊ ကယ်တင်ခြင်းသို့ မည်ကဲ့သို့ ရောက်နိုင်မည်နည်းဟု လေ့လာပါ၊၊ မိမိယုံကြည်ခြင်းသည် သမ္မာတရားနှင့် ညီမညီစမ်းစစ်ပါ၊၊ မိတ်ဆွေ ကယ်တင်ခြင်းသို့ ရောက်ပြီးပါက သူတပါးကိုလည်း ပြောပြ သက်သေခံပါ၊၊ ဘုရားကမိတ်ဆွေနှင့် ​ကျွန်ုပ်ကို သတိပေးနေခြင်း ဖြစ်သည်၊၊ သူ့စကား တည်မည် ဖြစ်ကြောင်း ဘုရား သတိ ပေးနေခြင်း ဖြစ်သည်၊၊ 
 
 
ယေရှုနာမ၌ နှစ်ခြင်းခံခြင်း 
 

အချို့ အသင်းတော်များ၌ ယေရှု နာမနှင့် နှစ်ခြင်း ခံခြင်း သာလျှင် မှန်ကန်သည်ဟု ယူဆ၊ သွန်သင်၊ ခံယူသောသူများရှိကြသည်။ ထိုဩဝါဒသည် တမန်တော် ဝတ္တုစာအုပ်ကို အ​ခြေခံသောကြောင့် ဖြစ်သည်။ တမန်တော် ဝတ္တုကို အ​ခြေခံ၍ သွန်သင်သော ဩဝါဒများသည် မှားယွင်း ကြသည်။ ထိုသို့ ဆိုသောအခါ တမန်တော် ဝတ္တုသည် မမှန် ဘူး ဟုဆိုခြင်း မဟုတ်ပါ။ တမန်တော် ဝတ္တုသည် အသွင်ကူးပြောင်းသော ကာလ ဖြစ်သည်။ ယုဒဘာသာမှ ခရစ်ယာန်သို့ အသွင်ပြောင်းကာလ ဖြစ်သောကြောင့် တမန်တော်များပင်လျှင် သခင်ဘုရား၏ အလိုတော်ကို အစုံအလင် မသိကြသေးချေ။ ဥပမာ၊ သခင်ဘုရားက၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁:၈)။ 

သခင်ဘုရားကယုဒလူမျိုးများသာမက လူမျိုးတိုင်း၊ မြေကြီးစွန်းတိုင်အောင် သက်သေခံခိုင်းသော်လည်း တမန်တော်များသည် တပါးအမျိုးသားများထံ လုံးဝ သက် သေမခံလိုကြချေ။ သခင်ဘုရားကပေတရုကို ကောနိလိအိမ်၌ သက်သေခံခိုင်းသောအခါ လုံးဝ မသွားလိုချေ (တ ၁၀)။ ထိုသို့ ကောနိလိအိမ်သို့ ပေတရုသွားခြင်းကို ကျန်သော တမန်တော်များကအပြစ် တင်သည်။ သူတို့သည် လူမျိုးရေးစိတ်ဓါတ်ပြင်းထန် နေဆဲ ဖြစ်သည်။ ထိုမျှသာမက သင်တို့ သွား၍ လူမျိုးတကာတို့ထံသို့ ဧဝံဂေလိတရားကို ဟောကြလော့ (မ ၂၈:၁၉)ဟု သခင်ဘုရားကမှာသော်လည်း အပြင်သို့ သွားဘို့ထက် အဝေးမှ လာသောသူများလည်း မိမိတို့ ယပိုင်ဆိုင်သော အိမ်နှင့် လယ်များကို ရောင်း၍ ယေရုရှလင်မြို့၌ သာကပ်၍ နေကြသည်။ သူတို့သည် သခင်ဘုရား၏ အလိုတော်ကို အားလုံး နားမလည် ကြသေးချေ။ လူ ကိုယ်ခန္ဓာနှင့် နှိုင်းပါက ခလေး ဘဝ ဖြစ်သည်။ ခလေး များသည် ၁၀၀ ရာခိုင်နှုန်းလူ ဖြစ်သော်လည်း လူကြီး တယောက်၏ အရည်အချင်းမရှိ သေးချေ။ ထိုနည်းတူ တမန်တော် ဝတ္တု၌ တမန်တော်များသော်၎င်း၊ အသင်းတော်သော်၎င်း၊ အစသာလျှင် ဖြစ်သေးသောကြောင့် အသင်းတော်၏ သွားမည့် လမ်းကို ကောင်းစွာ မသိကြသေးချေ။ 

အဘယ်ကြောင့်ပေတရုကပင်တေကုတ္တေ နေ့၌ ပြောင်းလဲလာသော လူသုံးထောင်တို့အား ယေရှုခရစ် နာမ၌ ဗတ္တိဇံခံခိုင်းသနည်း။ အကြောင်းမှာ ပင်တေကုတ္တေနေ့၌ ပြောင်းလဲသောသူများသည် ဣသရေလ လူမျိုးများ ဖြစ်ကြသည်။ သူတို့သည် ခမည်းတော်ဘုရားကို လက်ခံယုံကြည်ပြီး သူများ ဖြစ်သည်။ သူတို့သည် ကယ်တင်ရှင် မေရှိကိုမျှ ော်လင့်နေသောသူများ ဖြစ်သည်။ သူတို့ မျှော်လင့်သော မေရှိသည် ယေရှု အနေဖြင့် လာ၍ သူသည် မေရှိ ဖြစ်ကြောင်း ပြောပြသော်လည်း မယုံကြည် နိင်ကြချေ။ အကြောင်းမှာ မေရှိသည် တန်ခိုးနှင့် လာ၍ ရောမလက်အောက်မှ သူတို့ကို ကယ်နှုတ် ကာကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်မည်ဟု မျှော်လင့် ကြသည်။ သို့သော် ယေရှုသည် နှိမ့်ချစွာ လာ၍ အပြစ်သားများကို ကယ်တင်ဘို့ သူတို့နှင့် လက်ပွန်းတတည်း နေသောအခါ သူတို့ လက်မခံနိင်ချေ။ ထိုကြောင့် သူ့ကို သတ်ပစ်လိုက် ကြသည်။ သူ့ကို သတ်ခြင်းသည် လမ်းလွှဲဆရာ၊ ခရစ်တော် ယောင်ဆောင်သောသူကို သတ်သည်ဟု ခံယူသောကြောင့် လုံးဝ အပြစ် မရှိ၊ နောင်တရစရာလည်း မလိုဟု ထင်မှတ် ကြသည်။ လမ်းလွှဲဆရာ၊ ခရစ်တော် ယောင်ဆောင်သောသူကို ရှင်းပစ်လိုက်သည်ဟု ကျေနပ် နေချိန်တွင် ပေတရုက သူတို့ သတ်လိုက်သော ယေရှုသည် သူတို့ အလွန် မျှော်လင့်နေသော မေရှိ ( ခရစ်တော်) ဖြစ်ကြောင်းကို ရှင်းပြသောအခါ အလွန် နောင်တရကြသည်။ 

ထိုကြောင့် သူတို့ နောင်တရခြင်းကို သက်သေအဖြစ် သူတို့ ကိုယ်တိုင် ပယ်ထားသော ယေရှုခရစ် တော် နာမဖြင့် ရေနှစ်ခိုင်းခြင်း ဖြစ်သည်။ ရေနှစ်ခြင်းသည် လွယ်ကူသော်လည်း တကယ် နောင်တ မရလျှင် ယေရှု နာမဖြင့် ရေနှစ်ခြင်းသည် လုံးဝ လွယ်ကူမည် မဟုတ်ပါ။ ထိုကြောင့် ခမည်းတော် နာမကို မသုံးဘဲ ယေရှု နာမဖြင့် ဗတ္တိဇံခံခြင်းသည် သူတို့ တကယ် ပင်နောင်တ ရကြောင်း၊ ယေရှုကို မေရှိ ( ခရစ်တော်) အဖြစ် လက်ခံကြောင်း ဖေါ် ပြခြင်း ဖြစ်သည်။ ​ကျွန်ပ်တို့ တပါးအမျိုးသားများအတွက် ယေရှု နာမဖြင့် ရေနှစ်ခြင်းသည် ခံစားမှု မရှိပါ။ အကြောင်းမှာ ယေရှုလည်း မသိခဲ့၊ မေရှိ ( ခရစ်တော်) ကိုလည်း မမျှော်လင့် ခဲ့၊ ခမည်းတော် ကိုလည်း မသိခဲ့ကြချေ။ ထိုကြောင့် တပါးအမျိုးသားများအနေဖြင့် ခရစ်တော် မိန့်တော်မူသည့်အတိုင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် နာမဖြင့် ဗတ္တိဇံခံဘို့ ဖြစ်သည် (မ ၂၈:၂၀)။ 

ထို့အပြင် သတိထားရမည့် အရာမှာ ကျမ်းစာ၌ မှတ်တမ်းတင်သောအရာ နှင့် အမိန့်ပေးသောအရာကို ခွဲခြားဘို့ လိုအပ်သည်။ မှတ်တမ်းတင်သော အရာများသည် လုပ်ခိုင်းသည် မဟုတ်။ သို့သော် အမိန့်ပေးသော အရာများကိုမူမလုပ်မနေရ၊ လုပ်ရမည်။ ဥပမာ ဣသရေလ လူမျိုးများ ယေရိခေါမြို့တိုက်ခိုက်သောအခါ ​ခြောက်ရက်တနေ့ တကြိမ်မြို့ကို ပတ်၍ ခုနှစ်ရက်မြောက်နေ့တွင် ခုနှစ်ကြိမ်ပတ်ဘို့ရန် ဘုရားသခင်က အ မိန့်ပေးထားခဲ့သည် (ယောရှု ၆:၁-၅)။ ဘုရားသခင် ခိုင်းသည့်အတိုင်း သူတို့ လုပ်သောအခါ အောင်မြင် သည်။ ထိုအရာကို ယောရှုမှတ်စာထဲ၌ မှတ်တမ်းတင်ထားသည်။ ယ ခု ယုံကြည်သူများအနေဖြင့် သူတို့ ကဲ့သို့ မြို့၊ ရွာ၊ အိမ်များကို ပတ်ဘို့ ဘုရား မခိုင်းပါ။ သို့သော် အချို့သောသူများ လုပ်ကြကြောင်း ကြားသိနေရသည်။ ယုံကြည်သူများကို ဘုရား ခိုင်းသည်မှာ၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။” (မ ၂၈:၁၉) ဟူ၍ ဖြစ်သည်။ ထိုကြောင့် ယုံကြည်သူများအနေဖြင့် လူမျိုးတကာတို့ဆီသို့ သွား၍ ခရစ်တော်၏ တပည့် ဖြစ်စေရမည်။ ခိုင်းသောအရာကို မလုပ်ဘဲ မခိုင်းသောအရာကို လုပ်ခြင်းသည် အပြစ် ဖြစ်သည်။ 

သခင်ဘုရားကသူ၏ နာမနှင့် ဗတ္တိဇံမပေးခိုင်းပါ။ သူပေးခိုင်းသောအရာ သည်၊ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့၊ ” ဟုဆိုသောကြောင့် ထိုနာမများဖြင့် ဗတ္တိဇံပေးရမည်။ တမန်တော် ဝတ္တုသည် ပို၍ နောက်ကျသော်လည်း သူတို့ လုပ်သည့်နည်းတူ မလုပ်ခိုင်းပါ။ သူတို့သည် အထက်၌ ဖေါ်ပြခဲ့သည့်အတိုင်း အကြောင်းရင်းရှိ၍ လုပ်ရခြင်း ဖြစ်သည်။ ထိုကြောင့် ကျမ်းစာ၌ ရှိသည် ဟူသောအရာ တိုင်းသည် လုပ်ဘို့ မဟုတ်ချေ။ ပေတရုကသူစာရေးသောအခါ ခမည်းတော်နှင့် သခင်ယေရှု၏ နာမကို အသုံးပြုသည် (၂ ပေ ၁:၂)။ ပေါလုကလည်း အသင်းတော်များကို စာရေးသောအခါ၌ ယေရှုခရစ် နာမ တခုတည်း သာမသုံးပါ၊ ခမည်းတော်နှင့်သားတော် နာမကို တွဲ၍ အမြဲ အသုံးပြုသည် (ရော ၁:ရ၊ ၁ ကော ၁:၃၊ ၂ ကော ၁:၂၊ ဂလာ ၁:၃၊ ဧဖက် ၁:၂၊ ဖိလိ ၁:၂၊ ကော ၁:၂၊ ၁ သက် ၁:၁၊ ၂ သက် ၁:၂၊ ၁ တိ ၁:၂၊ ၂ တိ ၁:၂၊ တိတု ၁:၄၊ ဖိလေ ၁:၃)။ သခင်ဘုရား၏ ညီကလည်း ဤသို့ ရေးထားသည် “ဘုရားသခင်နှင့် အရှင် ယေရှုခရစ်၏ ​ကျွန်ငါယာကုပ်သည်၊ ” ဟု ရေးထားသည် (ယာ ၁:၁)။ ပေါလုကကောင်းကြီး ပေးသောအခါ၌လည်း၊ “သခင် ယေရှုခရစ်၏ ကျေးဇူးတော်ကို၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယသော်၎င်း၊ သင်တို့ အပေါင်း၌ ရှိစေသတည်း။ အာမင်။” (၂ ကော ၁၃:၁၄)ဟု ရေးသည်။ သခင်ယေရှု နာမသာလျှင် မသုံးပါ။ ထို့ကြောင့် ယေရှုခရစ် နာမဖြင့် ဗတ္တိဇံပေးခြင်းသည် ဂျူးလူမျိုးများအတွက် သာလျှင် ဖြစ်၍ တပါးအမျိုးသားများအတွက် မဟုတ်ပါ။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG