
အမှာစာ
မင်္ဂလာနှစ်သစ်ပါ။ ဘုရားသခင်၏ ကျေးဇူးတော် ဂုဏ်တော် အပေါင်း ချီးမွမ်းပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၄ နှစ်ထဲသို့ ရောက် ကြပြီ။ အချို့သော မိသားစု၊ အသင်းတော်၊ အသိုင်းအဝိုင်း၊ လုပ်ငန်းခွင်၌ လူမ စုံတော့ဘဲ နှစ်ဟောင်း၌ သေဆုံးခြင်းအားဖြင့် ဖြစ်စေ၊ အကြောင်း အမျိုးမျိုးဖြင့် ဖြစ်စေကွဲကွာသောသူများရှိကြမည်။ ထိုသူများအတွက် နှစ်သစ်၌ အားရဝမ်း မြောက်စရာ မရှိဘဲ ဝမ်းနည်းကြေကွဲခြင်းနှင့် အစပြုရသောများအား ဘုရားသခင်အထံတော်မှ ငြိမ်သက်ခြင်း ခံစားနိုင်ပါစေဟု ဆုတောင်းပေးလိုက်ပါသည်။
အချို့သောသူများအတွက် မူနှစ်သစ်၌ အားရဝမ်းမြောက်စရာ များနှင့် တိုးတက်မှုများ၊ တိုးပွားမှုများကြောင့် အလွန် ပျော်ရွှင်သောသူများလည်းရှိကြမည်။ မည်သို့သော ခံစားချက် ရှိပါစေထာဝရ ကာလနှင့် တနှစ်နီးသွားပြီ။ ကယ်တင်ခြင်းသို့ ရောက်၍ ကောင်းကင် တက်မည့် လူများအတွက် ဝမ်းမြောက်စရာ ကောင်းသော်လည်း ကယ်တင်ခြင်းသို့ မရောက်သောသူများ အတွက်မူ အပြစ် ငရဲသွားဘို့ရန် တနှစ်နီးသွားပြန်သောကြောင့် အလွန် ဝမ်းနည်းစရာ၊ ကြောက်စရာပင် ဖြစ်သည်။ ယခုအချိန်မှာ ကယ်တင်ခြင်းသို့ မရောက်သေးသောသူများ အနေဖြင့် အမြန်ဆုံး ကယ်တင်ခြင်းသို့ ရောက်မည့် အရေးကိုသာလျှင် အဓိကထား၍ ရှာဖွေ စေချင်သည်။ စာအားဖြင့် ဖြစ်စေ၊ ဖုန်းအားဖြင့် ဖြစ်စေ၊ လူကိုယ်တိုင် တွေ့ဆုံခြင်းအားဖြင့်ဖြစ်စေ ကယ်တင်ခြင်း အကြောင်း သိရှိ လက်ခံနိင်ဘို့ သာလျှင် ကြုိးစားစေချင်သည်။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ အနေဖြင့် မိမိပတ်ဝန်းကျင်၌ ရှိသော ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက် မည့် အရေးကိုသာလျှင် ဦးစားပေးလုပ်ဆောင်စေချင်သည်။အချိန် မရှိတော့ပါ။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ သက်သေခံဝေငှခြင်း၊ ဝေစာများ ဝေခြင်း၊ မေတ္တာပြခြင်းအားဖြင့် အစွမ်းကုန် ကြိုးစား ကြကုန်အံ့။ မတည်မြဲသောလော ကပစ္စည်းများကို ရှာခြင်း၊ စိတ်ဝင်စားခြင်း၊ ပျော်ပါးခြင်းများကို ရှောင်၍ ဝိညာဉ် သဘောဖြင့် အသက်ရှင်နိင်ကြပါစေ။
ယခုလစာစောင်တွင်...
လူသုံးမျိုး
အထက် အရာကိုသာ စွဲလမ်းခြင်း
သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားခြင်း
နေလကြယ် နိမိတ်လက္ခဏာများ
လူနှင့် ဘုရား ဆက်နွယ်ပုံ
ဧဝံဂေလိ ခရီး
လူသုံးမျိုး
ရှင်ပေါလုက ကောရိန္တု အသင်းတော် ထံ ဤသို့ စာရေးခဲ့သည်၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့် မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏ (၁ ကော ၃:၁)။ ဤကျမ်းစာ အရကမ္ဘာပေါ်၌ လူသုံး မျိုးရှိသည်။၎င်းတို့မှာ၊ ဇာတိပကတိ လူ(Natural Man)၊ ( ဝိညာဉ်လူ)၊ (Spiritual Man)နှင့် ခရစ်တော်၌ သူငယ်ကလေးတို့ (Infant in Christ) ဖြစ်သည်။ ထိုလူသုံးမျိုးအ ကြောင်းကို လေ့လာကြပါစို့။ မိတ်ဆွေသည် မည့်သည် အုပ်စု၌ ပါသည်ကို သိ၍ ပြောင်း လဲသင့်သောအရာ ရှိလျှင် ပြောင်းလဲဘို့ သေချာစွာ ဆင်ခြင်၍ ဖတ်စေချင်သည်။
ဇာတိပကတိ လူ (Natural Man)
ဇာတိပကတိ လူသည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်မခံသေးသောသူများ ဖြစ်သည်။ ထိုအုပ်စု၌ သာသနာပလူအားလုံးနှင့် အမည်ခံ ခရစ်ယာန်များပါဝင်သည်။ အမည်ခံ ခရစ်ယာန် ဆိုသည်မှာ ခရစ်ယာန် အစစ် မဟုတ်၊ သာသနာ ပ လူများ ကဲ့သို့ဖြစ်သော်လည်း အပြင်ပန်းအားဖြင့် ခရစ်ယာန်နှင့် တူအောင် နေထိုင်သောသူများ ဖြစ်သည်။ ထိုသူများသည်
(၁) ခရစ်တော်ကို မရသောကြောင့် ထာဝရ အသက်ကို မရ (၁ ယော ၅:၁၁-၁၂)
(၂) ထာဝရ အသက် မရသောကြောင့် ကောင်းကင်နိင်ငံသို့ ဝင်ရမည် မဟုတ်၊
(၃) ကောင်းကင်နိင်ငံသို့ မဝင်ရသောကြောင့် ကောင်းကင်နိင်ငံကို စိတ်မဝင်စား၊
(၄) မြေကြီး အရာကိုသာလျှင် စိတ်ဝင်စားသည်၊
(၅) ခရစ်တော် ကြွလာမှာကို စိတ်မဝင်စား၊ ကြားလည်း မကြားချင်၊
(၆) တမလွန်ဘဝထက် ယခုဘဝ ကိုသာ စိတ်ဝင်စားသည်၊
(၇) ဘုရားရှိခိုးခြင်းသည် ဘုရား ယုံကြည်၍ မဟုတ်ထုံးစံရှိသောကြောင့် ရှိခိုးသည်၊
(၈) ဘုရားထက် လူကို အားကိုး သည်၊
(၉) ဘုရား အလိုတော်ထက် လူ့အလိုကို လိုက်သည်။ တရားဟောဆရာအများစုသည် ဤအုပ်စု၌ ပါဝင်သည်။ အသင်းသား အများစုလည်း ဤအုပ်စု၌ ပါဝင်သည်။ ကြား နာချင်သော တရားသည် ရီစရာ ဟာသများ ဖြစ်သည်။ သမ္မာတရာကို နားမလည်နိင်သောကြောင့် မကြားချင် ကြ။ ကယ်တင်ခြင်း အကြောင်းကို စိတ်မဝင်စား။ ထိုထက်လောက ပညာများကိုသာ ကြားချင်သည် လူမျိုးရေး၊ လူမှုရေး၊ ကြီးပွား တိုးတက်ရေးကိုသာ စိတ်ဝင်စား၍ ပြောဆို နားထောင်သည်။ ယုံကြည် ခံယူချက်အတိအကျမရှိသောကြောင့် လူတိုင်းနှင့် ပေါင်းသင်းနိင်သည်။ အပြောကောင်း၊ အဟောကောင်းသောသူ နောက်သို့ တကောက်ကောက်လိုက်သည်။ ကျမ်းစာကို တန်ဘိုး မထား၊ အရက်သေစာ မူးယစ်ဆေးဝါးများ သုံးခြင်းသည် အပြစ်ဟု မမြင်ချေ။ အနေအထိ ုင်အပြု အမူ အပြောအ ဆို မဆင်ခြင်၊ မိမိစိတ်ဆန္ဒပြည့်ဘို့ သာအရေးကြီးသည်။
အထက်ပါ အချက်များသည် မိတ်ဆွေ၏ အသက်တာနှင့် ကိုက်ညီနေလျှင် မိတ်ဆွေသည် အလွန်ဝမ်းနည်းဘွယ်နှင့် အလွန် အန္တရာယ် ရှိသော အခြေအနေ၌ ရှိသည်။ တမလွန်ဘဝသည် အလွန် ဝေးသည် မဟုတ်၊ ယခုချက်ချင်း ကား တိုက်၍ ဖြစ်စေ၊ နှလုံးဦး နှောက်သွေးကြောပိတ်၍ ဖြစ်စေ၊ သူတပါးကပစ်သတ်၍ ဖြစ်စေသေနိင်သည်။ အသက် အိုမှသာ သေတတ်သည် မဟုတ်။ မိတ်ဆွေ၏ အသက်သည် မိတ်ဆွေ မပိုင်၊ မထိမ်းနိင်ချေ။ ထိုကြောင့် အမြန်ဆုံး ခရစ်တော်ကို စိတ်နှလုံးတံခါးဖွင့်ပေး၍ ဝင်ခိုင်းဘို့ရန် အကြံပေး လိုပါ။ ခရစ်တော်သည် မိတ်ဆွေ၏ ခွင့်ပြုချက်မရဘဲ ဝင်မည် မဟုတ်။
၀ိညာဉ်ပကတိလူ(Spiritual Man)
ဝိညာဉ်ပကတိလူကို ဝိညာဉ်ပကတိ ခရစ်ယာန် ဟုလည်း ခေါ်နိင်သည်။ ဤလူသည် ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသည်သာမက အသက်တာ၌ ခရစ်တော်၏ အုပ်စိုးခြင်းကို ဝန်ခံသည်။ ခရစ်တော် ကအုပ်စိုးသောကြောင့် အသက်တာ၌ ဝိညာဉ် အသီးများ တည်းဟူသော၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမ ဂုဏ်ချုပ်တည်းခြင်း (ဂလာတိ ၅း၂၂-၂၃)တို့ သီးသည်။ ဝိညာဉ်လူကို လူအများစုက ကြိုက်နှစ်သက် ကြသည်။ လူတိုင်း၏ မျှော်လင့်သော အသက်တာလည်း ဖြစ်သည်။ သို့သော် ဝိညာဉ်ပိုင်း၌ ကြီးထွားရင့်ကျက်မှသာရှိနိင်သော အသက်တာဖြစ်သည်။ ဒုတိယ မွေးဘွားပြီးသောသူတိုင်း ဝိညာဉ်လူဖြစ်ဘို့ အရေးကြီးသည်။ တနည်းအားဖြင့် ရှင်ပေါလု ရေးသော၊ ယုံကြည်ခြင်း သို့၎င်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီ တညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ် တည်းဟူသော ကြီးရင့်သော လူ၊ (ဧဖက် ၄း၁၃) ဟူသောအရာ ဖြစ်သည်။
ဝိညာဉ်လူသည်
(၁) ကယ်တင်ခြင်းသို့ ရောက်ပြီး သောသူ၊ ဝိညာဉ်ပိုင်း၌ ဒုတိယ မွေးဘွားပြီး သောသူ ဖြစ်သည်။
(၂) ခရစ်တော်ကို အသက်တာ၌ အုပ်စိုးစေသည်၊ ကိုယ့်ဆန္ဒကိုယ့် သဘောကို ပယ်ထားသည်။
(၃) ဝိညာဉ်ပိုင်း၌ ကြီးထွားရင့်ကျက်သောသူ ဖြစ်၍ ခလေး သဘော မတွေ့ရချေ။
(၄) ဝိညာဉ်တော်၏ အသီးများ အသက်တာ၌ တွေ့ရသည်။
(၅) ဘုရား၏ အလိုတော်ကိုသာ လုပ်၍ ဘုရား ဘုန်းတော် ထင်ရှားစေသူ ဖြစ်သည်။
(၆) ကောင်းကင် အရာစွဲလန်း၍ မြေကြီး အရာကို မစွဲလန်းချေ။
(၇) ခရစ်တော် ကြွလာမှာကိုမျှ ော်လင့်လျက် သန့်ရှင်းစွာ အသက်ရှင်သည်။
(၈) ပျောက်ဆုံးဝိညာဉ်များကို ချစ်၍ သနားသောကြောင့် သက်သေခံသည်။
(၉) ကျမ်းစာကို ဖတ်ရှုလေ့လာ ဆင်ခြင်၍ နှုတ်ကပတ်တော်၌ ပျော်မွေ့သည်။
(၁၀) ဇာတိအရာများကို မနှစ်သက်သောကြောင့် ထိုအရာများ၌ မပါဝင်တတ်။
(၁၁) ဆုတောင်းခြင်း၊ မိဿဟာယဖွဲ့ခြင်း၌ ပျော်မွေ့သည်။
(၁၂) ဝိညာဉ်များကို ချစ်သောကြောင့် ဂရုစိုက်သည်။
(၁၃) ရင့်ကျက်သောကြောင့် သူတပါးကို ဦးစားပေးနိင်သည်။
(၁၄) အကျင့်အကြံ၊ အပြု အမူ၊ အပြောအဆို၌ သတိထား၍ ဘုရား အလိုအတိုင်းနေသည်။
(၁၅) လူတိုင်း၏ ချစ်ခင်ခြင်း၊ လေးစားခြင်း၊ အားကိုးခြင်း ခံရတတ်သည်။
(၁၆) ဘုရား မချစ်သူ၊ အပြစ်လုပ်ချင် သူများ ကကြောက်၍ မလိုချင် ကြ။
မိတ်ဆွေသည် အထက်ပါ အသက်တာမျိုးရှိဘို့ လိုသည်။ ဝိညာဉ်ပိုင်း၌ ဒုတိယမွေးရုံဖြင့် မပြီး သေးပါ၊ ကြီးထွားရင့်ကျက်ဘို့ လိုသေးသည်။ ထိုသို့ဖြစ်ဘို့ရန် ဘုရားနှင့် မှန်မှန်အချိန် ယူဘို့ လိုသည်။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရမည်။ ကျမ်းစာဖတ်ခြင်း၊ ဆင်ခြင်ခြင်း၊ လေ့လာခြင်း၊ အလွတ်ကျက်ခြင်း၊ ဆုတောင်းခြင်း၊ ယုံ ကြည် သူများနှင့် မိဿဟာယဖွဲ့ခြင်း၊ မယုံကြည်သူများကို ယုံကြည် လာရန်သက် သေခံခြင်း၊ ကူညီမစခြင်း၊ လောကီမှု ရေးနှင့် အပြစ်များကို ရှောင်ခြင်းဖြင့် ဝိညာဉ်လူဖြစ်နိင်သည်။
ခရစ်တော်၌ သူငယ်ကလေး (Infant in Christ)
ခရစ်တော်၌ သူငယ်ကလေးများသည် ခရစ်တော်ကို ရရှိသောကြောင့် ထာဝရ အသက် ရရှိသူများ ဖြစ်သည်။ သို့သော် ဝိညာဉ်ပိုင်း၌ ကြီးထွားရင့်ကျက်ခြင်း မရှိသောကြောင့် ခလေး ဖြစ်နေသည်။ ထိုသူသည် ခရစ်တော် ကမအုပ်စိုး၊ အသက်တာကို ကိုယ်တိုင် အုပ်စိုးသောကြောင့် ဇာတိပကတိ လူနှင့် အကျင့်အကြံအပြုအ မူ၌ တူညီနေသည်။
ခရစ်တော်၌ သူငယ်ကလေးများသည်၊
(၁) ခရစ်တော်ကို ရရှိသောကြောင့် ကယ်တင်ခြင်းသို့ ရောက်သောသူများ ဖြစ်သည်။
(၂) အသက်တာ၌ ခရစ်တော်ကို မအုပ်စိုးစေဘဲ မိမိအကြိုက်အသက်ရှင်သည်။
(၃) ငါ့ သဘောဟု အသက်ရှင်သောကြောင့် ဇာတိပကတိ လူနှင့် ခြားနားခြင်း မရှိ။
(၄) ဇာတိအသက်တာဖြင့် အသက်ရှင်သောကြောင့် ဘုရား ဘုန်းတော် မထင်ရှားစေနိင်။
(၅) အသက်တာ၌ ဝိညာဉ် အသီးများ မသီးဘဲ ဇာတိအသီးများသာသီးသည်။
(၆) ခရစ်တော် ကြွလာမည့် အရာကို မမျှော်လင့်ချေ။
(၇) ဇာတိလူကဲ့သို့ ဤလောကကို ချစ်၍ လောကအရာကိုသာလျှင် ရှာသည်။
(၈) ခရစ်တော်၏ အလိုတော်ကို မလုပ်ဘဲ မိမိ အလိုဆန္ဒသာလျှင် လုပ်နေသည်။
(၉) ဆုတောင်းသော်လည်း ဇာတိအရာသာလျှင် တောင်းသည်။
(၁၀) ကျမ်းစာကို မဖတ်၊ ဖတ်လျှင်လည်း ဩတ္တပ္ပစိတ်ကျေဘို့ သာဖတ်သည်။
(၁၁) ကျမ်းစာကို မလေ့လာ၊ မဆင်ခြင်သောကြောင့် အနက်ကို နားမလည်။
(၁၂) ဝိညာဉ် ခလေး ဖြစ်သောကြောင့် ရန်ဖြစ်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ကွဲပြားခြင်းများရှိနေသည်။
(၁၃) ပျောက်ဆုံးဝိညာဉ်များကို ဂရုမစိုက်၊ ဖမ်းရမှန်းလည်း မသိ။
(၁၄) ဝိညာဉ်များကို မချစ်သောကြောင့် သူတပါးနာမည့် အရာကို ဂရုမစိုက်။
(၁၅) သင်းအုပ်ဆရာ၊ သင်းထောက်လူကြီး၊ ခေါင်းဆောင် များသည် ဤအုပ်စု၌ ပါကြသည်။
(၁၆) အစည်းအဝေးလုပ်လျှင်လည်း အချင်းချင်းငြင်းခုံကြသောကြောင့် အလွန် ကြာတတ်သည်။
မိတ်ဆွေသည် ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်နေပါက အထက်ပါ ပြသနာများရှိပေ လိမ့်မည်။ ခလေး မကြီးထွားလျှင် သူကိုယ်တိုင် ဘာမျှ မသိသောကြောင့် ပြသနာ မရှိချေ။ သို့သော် မိဘလူကြီးများဝမ်းနည်းရသည်။ ထိုနည်းတူ ဝိညာဉ် ခလေး များသည် သူတို့ ကိုယ်တိုင် ဘာမျှ မသိသော်လည်း ဝိညာဉ် ဖခင်များ ဝမ်းနည်းရသည်။ ရှင်ပေါလုကကောရိန္သုအသင်းတော်နှင့် ပတ်သက်၍ ဤသို့ ရေးခဲ့ဘူးသည်၊ ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။ ယခု ပင်လည်း၊ ဇာတိပကတိ လူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်းရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က၊ ငါသည် ပေါလုတပည့် ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည် အာပေါလုတပည့် ဖြစ်၏ ဟူ၍၎င်း၊ အသီးအသီး ပြောကြလျှင်၊ ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော (၁ ကော ၃း၁-၄)။ ဟေဗြဲစာရေးသောသူကလည်း၊ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား၊ သူငယ် ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။ ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သော ဥာဏ်ပေးတတ်သော၊ အကြား အမြင် အတွေ့အစမ်းများသောသူတည်း ဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့ မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင် ရကြ၏ (ဟေ ၅း၁၂-၁၄)ဟု ရေးခဲ့သည်။
အထက်အရာကိုသာ စွဲလမ်းခြင်း
(ကောလောသဲ ၃:၃)
ဆရာဂိဒေါင်
အထက် အရာဆိုသည်မှာ လောက၌ ရှိသော ဘုန်းစည်းစိမ် မဟုတ်၊ ကောင်းကင်၌ ရှိသော အရာများကို ဆိုလိုသည်၊၊ ထာဝရဘုရားသည် အရာခပ်သိမ်းကို ဖန် ဆင်းသော ဘုရား ဖြစ်သောကြောင့် သူဖန်ဆင်းသော အရာများကို ကောင်းကောင်း နားလည်သည်၊၊ ထို့ကြောင့် လောကအရာကို မချစ်ဖို့မိန့်မှာထားသည် မှာလည်း အကြောင်းရှိမည် ဖြစ်သည်၊၊ မိဘများသည် ကလေးများ ပျော်စေချင်သည်၊ လုံခြုံစေချင်သည်၊၊ သို့သော် ကလေးဆိုတာအဆိုးအကောင်းမခွဲတတ်၊ အန္တယ်ရှိမရှိမမြင်နိုင်ရှေ့ အရာကိုလည်း မတွေးတတ်သောကြောင့် မိဘများ ကတားဆီး တတ်သည်၊၊ ကလေးများကသူ့တို့ အရွယ်တွင် ဘာကြောင့်တားဆီး သနည်း၊ နားမလည်သော်လည်း ကြီး လာသောအခါ သူတို့အတွက် မိဘများ တားဆီးသည်ကို ပြန်နားလည်တတ်သည်၊၊ ထို့နည်းတူ ဘုရားကလောကကို ဘာမစွဲလန်းဖို့ပျော်သနည်း၊၊ ဘာကြောင့်ကျွန်တော်တို့ မမြင်နိုင်သော အထက် အရာကို စွဲလန်းခိုင်းသနည်းလေ့လာစေချင် သောကြောင့် ရေးသား ထားခြင်း ဖြစ်သည်၊၊
၁၊၊ ကျွန်ုပ်တို့၏ အသက်သည် ကောင်းကင်၌ သာရှိသည်၊၊
လူတစ်ယောက် ယေရှုခရစ် တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြင့် ယုံကြည် လက် ခံသောအခါ ထာဝရ အသက်ကို ရရှိသည်၊၊ ယောဟန် ၃:၃၆တွင် သားတော်ကို ယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏ ဟူ၍ ဖော်ပြထားသည်၊၊ ယုံကြည်သော အချိန်တွင် ရရှိသောလည်း ထိုထာဝရ အသက် ခံစားရမည့် အချိန်သည် ကောင်းကင်ဘုံရောက်သောအခါ မှာခံစားရမည် ဖြစ်သည်၊၊ ထို့ကြောင့် မည်သူမဆိုကောင်းကင် ရောက်ဖို့လွယ် ကူလှသည့်အပြင်ဘုရား ပေးသည့်ထာဝရ အသက်သည်လည်း လုံခြုံစွာ ခရစ်တော်နှင့်အတူ ကောင်းကင်ဘုံမှာရှိသောကြောင့် ဘယ်တော့မှမရှုံးဆုံးနိုင်တော့ချေ၊၊ ထိုအရာကို စာတန် ကောင်းကောင်း သိနားလည်သည်၊၊ လူများကို မသိနိုင်အောင် နည်းမျိုးစုံဖြင့် မသိ နားမလည်အောင် လုတ်တတ်သည်၊၊ သိပြီးသော ယုံကြည်သူများကိုမူသူတပါးအား မပြောပြအောင် ဘုရား၏ အလိုတော်ကို လှည့်တတ်သည်၊၊ ဘုရား သားသမီး များဘာကြောင့် ဆင်းရဲ ရမည်နည်း၊၊ ချမ်းသာ ရမည်၊ စည်းစိမ်ဥစ္စာခံစားရမည်ဆိုသည့်အတွေးများကို ယုံကြည်သူများ၌ ရှိစေသည်၊၊ ယနေ့ တရားဟောဆရာအများစုလည်း ဤလောက၌ စည်းစိမ်ခံစား ဖို့၊ စီးပွားရေးအောင်မြင် သည့်အကြောင်းများကို ဟောပြောတတ်သည် မှာလောကအရာကို တဖြည်းဖြည်းစွဲလန်းစေခြင်း ဖြစ်သည်၊၊ ကောင်းသလိုလိုဟုတ်သော်လည်း ဘုရား ဘုန်း မထင်ရှားစေသည်သာမက မိတ်ဆွေ အတွက် ဖြစ်စေ၊ သူတပါး အတွက် ဖြစ်စေ၊ ဆိုးကျိုး ဖြစ်စေမည် ဖြစ်သော်ကြောင့်ဘုရားကအထက် အရာကိုသာ စွဲလန်းဖို့မိန့်တော်မူခြင်း ဖြစ်သည်၊၊ ဒါကြောင့် ယုံကြည်သူများလောက မှာ အလွန် ချမ်း သာချင် လာသောကြောင့်၊ ဘုရားကျောင်းတက်ဖို့ပင်လျှင် ခဲရာခဲစစ်တာဝန် အရသာ တက်လာကြသည်၊၊ ယနေ့ အမေရိကလည်းလောက၌ ကောင်းကြီး မင်္လာကိုသာ ရှာဖွေ လာသောကြောင့် ဘုရားကျောင်းထဲတွင် လူအိုများသာတွေ့ရသည်၊၊
၂၊၊ လောကအရာသည် စာတန်ပိုင်ဖြစ်သည်၊၊
သမ္မာကျမ်းစာထဲတွင် ဤလောက၌ စည်းစိမ်ချမ်းသာ ပေးမည်ဟု လုံးဝ ဘုရား၏ ကတိမရှိပေ၊၊ ထို့ကြောင့် ဘုရား ပေးသည်ထက် ဤလောကအရာကို တပ်မက်လျှင် စာတန် ကကောင်းကြီး ပေးလာမည်၊ သူ့စကားကို နားထောင် ဖို့လိုလာမည် ဖြစ်သောကြောင့် ဘုရား စကားကို နားထောင် ဖို့အခက်တွေ့မည် ဖြစ်သည်၊၊ စာတန် ကယေရှုကို ဤလောက စည်းစိမ်နှင့် စွဲဆောင်ခဲ့သော်လည်း ယေရှုသည် သခင်နှစ်ဦး၏ စကား နားမ ထောင်နိုင်သည်ကို သိသောကြောင့် လုံးဝ စာတန် စကားကို နားအထောင်ခဲ့ပေ (မဿဲ ၄:၈)၊၊ မဿဲ ၆:၂၄ တွင်လည်း “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်” ဟု ယေရှု ကပြောပြထားတာတွေ့ရသည်၊၊ ဘုရားကလောကအရာကို မသုံးရဟု မဆိုလိုမစွဲလန်း ဖို့၊ မချစ်ဖိုသာပြောသည်၊၊ ဆိုလိုသည်မှာ လောကအရာကို ရှာဖို့မလိုတောင်းဖို့လဲမလို ပေ၊ မဿဲ ၆:၃၃တွင် ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ ဦးစွာ ရှာကြလော့၊၊ နောက်မှထိုအရာများကို ထပ်၍ ပေးမည်ဟု ကတိရှိသည်၊၊ ထိုအရာသည် စားဝတ်နေရေးလောက၌ လိုအပ်သော အရာများ ဖြစ်သည်၊၊ ဘုရားကအလိုလို ပေးပြီးသား ဖြစ်သည်၊၊ စာတန် ပိုင်သော အရာများကို ရှာလျှင် သူ့စကား နားထောင် ဖို့ လိုလာသောကြောင့် ဘုရားကမရှာခိုင်းခြင်း ဖြစ်သည်၊၊ ဒါကြောင့်ဘုရား ထိုအရာများကို ပေးဖို့တာဝန် ယူထားသည်၊၊
၃၊၊ လောကအရာများသည် ကျွမ်းလောင်အုံးမည် ဖြစ်သည် ( ၂ ပေ ၃:၁၀)
ဤလောက၌ ရှာဖွယ်သောအရာ မှန်သမျှ အိမ်၊ ကား၊ စည်းစိမ်၊ ရွှေငွေ၊ ပိုက် ဆံဂုဏ်ဓနအားလုံး သည်လောင်ကျွမ်းအုံးမည် ဖြစ်သည်၊၊ မီးတောင်ပေါက်မည့် နေရာတွင် အိမ်ဆောက်သောသူများနှင့် တူသည်၊၊ ဤကမ္ဘာသည် အစရှိသလိုအဆုံးလည်းရှိမည်၊၊ မိတ်ဆွေ ရှာဖွယ်သည့်အရာအားလုံး ကျွမ်းလောင်မည်၊၊ ဤလောက၌ ပိုင်သော အရာများ လေလေရှုံးဆုံးမည့် အရာများခြင်း သဘော သာပင် ဖြစ်သည်၊၊
၄၊၊ ကိုယ်န္ဓာ ကယ်တင်ခြင်း မရသေးသောကြောင့်၊၊
ဤကိုယ်န္ဓာသည် ချီဆောင်ခြင်းရောက် လာသောအခါတွင် မပုပ်စပ်နိုင်သော အဖြစ်သို့ ပြောင်းလဲသွားမည်၊၊ ၁ ကော ၁၅:၅၃တွင် “ယခုမျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်၊၊ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့ ဝင်စားရမည်” ဟု ဖော်ပြထားပါသည်၊၊ ကျွန်ုပ်တို့ ကိုယ်ခန္ဓာအိုခြင်း၊ နာခြင်း၊ သေခြင်းနှင့် ကင်းလွတ်သောအခါ မှဇိမ်ခံလို့ရသည်၊၊ အကယ်၍ မိတ်ဆွေ ဗိုက်နာသောအခါ ရွှေပေးလျှင်လည်း ပျော်နိုင်မည် မဟုတ် ပေ၊၊ ဘုရားကမိတ်ဆွေ အတွက် ကောင်းကြီး မင်္ဂလာ များစွာ ပေးဖို့ရာထားပြီးသား ဖြစ်သည်၊၊ ဧဖက် ၁:၄တွင် “ဤကမ္ဘာမတည်မရှိမှီငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့် အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာ တို့၌ ခပ်သိမ်းသော ဓမ္မမင်္လာတို့ ကို” ဟူ၍ ကောင်းကင်၌ ဘုရားရာထားသော ကောင်းကြီး များစွာ ရှိကြေင်းတွေ့ရသည်၊၊ ကိုယ်ခန္ဓာ ကယ်တင်ခြင်း မရသေးခင်ပေးလျှင် လဲ အကျိုးမရှိသောကြောင့် ဖြစ်သည်၊၊
၅၊၊ လောကစည်းစိမ်သည် စစ်မှန်သော ငြီမ်သက်ခြင်း မပေးနိုင်ပေ၊၊
စာတန် ပိုင်သော အရာများသည် စိုးရိမ် မူကိုသာ ပေးသည်၊၊ ငွေများလာ လေလေမိတ်ဆွေ အတွက် စိုးရိမ်စရာ ဖြစ်လေလေ ဖြစ်သည်၊၊ ဥပမာအနေဖြင့် တိုက် အိမ်နှင့် ဝါးအိမ်လောင်ကျွမ်းကုန်သည် ရှိသော တိုက်အိမ်ပိုင်ရှင်သည် ပို၍ စိတ်နာမည် ဖြစ်သည်၊၊ ဝါအိမ်ပိုင်ရှင်ကိုမူစိတ်အနည်းငယ်သာနာစေနိုင်သည်၊၊ ဤလောက ပစ္စည်း အုတ်စာများသည် စာတန် ပိုင် ဖြစ်သည်၊၊ ပျက်စီးနိုင်သောကြောင့် လူကို စိတ်ပူစေသည်၊၊ စစ် မှန်သော ငြိမ်သက်ခြင်းသည် ဘုရား စီကသာ လာနိုင်သည်၊၊ ဆာလံ ၄၂:၁ တွင် သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တ သကဲ့သို့၊ ကျွန်ုပ် ဝိညာဉ်သည် ကိုယ်တော်ကို တောင့် တပါသည် ဘုရားဟု ဖော်ပြထားသည်၊၊ မမြင်သော ကျွန်ုပ်တို့၏ ဝိညာဉ်က ထာဝရဘုရားကိုသာ တောင့်တသည်၊၊ ထိုသို့ ဘုရားနှင့် မတွေ့လျှင် လုံးဝ ငြိမ်သက်မူမရှိနိုင်ပေ၊၊ ဘုရားကို မရှာပဲလောကအရာကို ရှာရင်ပို၍ အားနည်းလာမည်၊ စိုးရိမ် မူများ လာမည်၊ လောက မှာလည်း အသက်ရှင်ချင် တော့မည်အဟုတ်ပေ၊၊
၆၊၊ လောကအရာတစ်ခုမှကောင်းကင်သို့ မယူနိုင်ပေ၊၊
မဿဲ ၆:၁၉တွင် ကောင်းကင် ဘဏ…ာကိုသာ ဆည်းဖူးဖို့ ခရစ်တော် ကမိန့်မှာထားသည်၊၊ ကောင်းကင်ဘုံသို့ ယူဆောင်သွားနိုင်သောအရာသည် လူသာလျှင် ဖြစ်သည်၊၊ လူတစ်ယောက် ခရစ်တော်ကို ယုံကြည် လက်ခံလျှင် ထိုသူသည် ကောင်းကင် ရောက်မည် ဖြစ်သည်၊၊ ထို့ကြောင့် ခရစ်တော် ကလူတိုင်းကို သူ့၏ ကယ်တင်ခြင်း အကြောင်းကို ပြောပြဖို့ ယုံကြည်သူ တိုင်းအား တာဝန် ပေးထားသည်၊၊ အထက် အရာကို ရှာဖွယ်ခြင်းသည် လူတိုင်းကို သက်သေ ခံခြင်း ဖြစ်သည်၊၊
သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားခြင်း
သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာ တရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအား ထုတ်လော့။ (၂ တိ ၂:၁၅) ငါတို့ ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ ပေးလိုက်သောစာ၌၎င်း၊ သူသည် ဤအရာများကို ပြော၍ စီရင်သော ဩဝါဒစာရှိသမျှတို့၌၎င်း၊ ပါသည်နှင့် အညီ၊ ငါတို့ သခင်ဘုရားသည်း ခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။ ထိုစာတို့၌ ခက်ခဲသောအရာ အချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်း မရှိသော သူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသော ကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏ (၂ ပေ ၃:၁၅-၁၆)။ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြား နာခြင်းသည် လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏ (ရော ၁၀:၁ရ)။
များစွာသော လူများသည် အဘယ်ကြောင့် ဘုရားသခင်ကို မကိုးကွယ်ကြသနည်း ဟူမူကား မယုံကြည် သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မယုံကြည် သနည်းဟူမူကား မကြားသောကြောင့် ဖြစ်သည်။ အချို့သောသူများသည် ယုံကြည်သော်လည်း သမ္မာ တရားကို မပိုင်းခြားတတ်သောကြောင့် လမ်းမှားသို့ လိုက်သွား ကြသည်။ ပေတရု ကမတတ်သောသူ၊ တည်ကြည်ခြင်း မရှိသော သူတို့သည် ကျမ်းစာ၏ အနက်ကို မှောက်လှန်၍ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏ ဟုဆိုသည်။ ဘုရားတရား၌ စိတ် အားထက် သန်သော်လည်း ကျမ်းစာ မဖတ်၊ သမ္မာတရား နားမလည်လျှင် မှားယွင်းသော ဩဝါဒနောက်သို့ လိုက်သွားတတ်သည်။ ထိုကြောင့် သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားတတ်ဘို့ရန် လိုအပ်သည့်။ ဆရာများ သင်ပေးသမျှကို မယုံကြဘို့ သတိ ပြုရမည်။ ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သ ဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည်ရှုကြ၏ (တမန် ၁ရး၁၁)။ ဗေရိမြို့သားတို့သည် ရှင်ပေါလုတို့ သင်ပေးသော တရားကို အလွန်ကြည်ညိုသော စေတနာစိတ်နှင့် ခံယူသည် ဟုဆိုသည်။ ထိုမျှသာမက မှန်သည် မမှန်သည်ကို သိခြင်းငှာ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြသည် ဟုဆိုသည်။ ယနေ့ လူအများသည် အလွန် ကြည်ညိုသောစိတ်နှင့် နှုတ်ကပတ်တော် ခံယူသောသူနည်းသည်။ ထိုထက် မှန်သည် မမှန်သည်ကို သိခြင်းငှါ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုသောသူ အလွန်နည်းသည်။ ထိုကြောင့် မှားယွင်းသော သွန်သင်ချက် နောက်လိုက်သွားကြသည်။
ခရစ်တော် ငရဲသို့ ဆင်းခဲ့သလား
ခရစ်တော်သည် အသေခံ ချိန်၊ သင်္ချိုင်းထဲ၌ သုံးရက်နေချိန်တွင် ငရဲထဲသို့ ဆင်းသွားကာ တရားဟောခဲ့သည်ဟု သွန်သင်ခြင်းရှိသည်။ ထိုသို့ ယုံကြည်ခြင်းသည် အောက်ပါကျမ်းပိုဒ်များကို သေချာစွာ မပိုင်းခြားခြင်းကြောင့် ဖြစ်သည်။ ကျမ်းစာ၌ လာသည်ကား၊ မြင့်သော အရပ်သို့ တက်ကြွတော်မူ သဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟု လာသတည်း။ တက်ကြွတော်မူသည် ဟုဆိုသော်၊ အစဦးစွာ မြေကြီး အောက်အရပ်သို့ ဆင်း သက်တော်မူကြောင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်လော။ ဆင်းသက်တော်မူသောသူသည် အခြားသောသူ မဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏ အထွဋ်ကို လွန်၍ တက်ကြွတော်မူသောသူ ဖြစ်သတည်း (ဧဖက် ၄:၈-၁၀)။ ဤကျမ်းပိုဒ်၌ ခရစ်တော်သည် မြေကြီး အောက်အရပ်သို့ ဆင်းသက်တော်မူသည် ဟုဆိုသည်။ ထိုမြေကြီး အောက်အရပ်သည် တကယ် မြေကြီး အတွင်းပိုင်းကို ဆိုလိုသလော၊ သို့မဟုတ် ပဌမ ကြွလာစဉ်ကမြေကြီး ပေါ်ကျင်လည်ခဲ့သောအရာကို ဆိုလိုသလော။ အချို့သောသူများက မြေကြီး အတွင်းပိုင်းကို ဆိုလိုသည်၊ ဟုယူဆကြသည်။ ထိုမြေကြီး အတွင်းပိုင်းသည် ငရဲဖြစ်၍ ထိုနေရာ၌ ခရစ်တော်သည် အသေခံချိန်သင်္ချိုင်းထဲ၌ သူ၏ ကိုယ်ခန္ဓာရှိစဉ်တွင် ဝင်သွားသည်၊ ဟုဆိုကြသည်။ ထိုသို့ယူဆခြင်းသည် အောက်ပါကျမ်းပိုဒ်ကြောင့်ဖြစ်သည်၊
ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သော သူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ ထိုဝိညာဉ်တော် အားဖြင့်လည်း ကြွသွားတော်မူ၍ ယခုထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ထိုဝိညာဉ်တို့ မူကားရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူ တည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ် ဖြစ်သတည်း (၁ ပေ ၃:၁၈-၂၀)။
အထက်ပါ ကျမ်းပိုဒ်၌ ခရစ်တော်သည် ဝိညာဉ်အားဖြင့် ကြွသွား၍ ယခုထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့ကို တရားဟောသည်။ ထိုဝိညာဉ်တို့သည် နောဧခေတ်က နားမထောင်သော ဝိညာဉ်များဖြစ်သည် ဟုဆိုသည်။ ထောင်ထဲရောက်သမျှသော ဝိညာဉ် အားလုံးမဟုတ်ချေ။ သို့ဖြစ်လျှင် ခရစ်တော်သည် မည်သည့်အချိန်၌ ထိုဝိညာဉ်များကို တရားဟောတော်မူသနည်း။
ရှင်ပေတရုကိုယ်တိုင်က၊ ထိုကယ်တင်ခြင်း အကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူ ရသောဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း၊ ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေကြ၏ (၁ ပေ ၁:၁၀-၁၁)။ ခရစ်တော်သည် ရှေးပရောဖက်များထဲမှ သက်သေခံဟောပြောခဲ့သည် ဟုဆိုသည်။ ပရောဖက် များသည် လူသားများဖြစ်၍ ရှေ့လာမည့် အရာများကို ကြိုတင် မသိကြချေ။ သို့သော် သူတို့အထဲမှ ခရစ်တော်၏ဝိညာဉ်သည် သူတို့ကိုယ်တိုင် မသိနားမလည်သော အရာများကို ဟောပြောတတ်သည်။
တဖန် ရှင်ပေတရုက၊ ဖြောင့်မတ်ခြင်းတရားကို ဟောသောနောဧနှင့် လူခုနှစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏ (၂ ပေ ၂:၅) ဟုဆိုသည်။ နောဧသည် သူ့ခေတ်ကလူများထံ တရားဟောခဲ့သည်။ ရေလွှမ်းမိုးမည့် အကြောင်းကို ဟောခဲ့သော်လည်း လူများသည် မယုံကြည်ကြချေ။ နောဧသည်မည်ကဲ့သို့ ရေလွှမ်းမိုးမည်ကို သိနိင်သနည်း။ သူ့အထဲမှာရှိသော ခရစ်တော်၏ ဝိညာဉ်က ဖေါ်ပြသည်။ ထို့ကြောင့် ခရစ်တော်သည် နောဧအထဲ မှထိုခေတ်လူများကို တရားဟောခဲ့သည်။ သို့သော် ထိုသူများသည် နားမထောင်မယုံ ကြည်သောကြောင့် ယခု (ပေတရုကစာရေးချိန်တွင်) ထောင်ထဲမှာလှောင်ထားခြင်းကို ခံရကြသည်။ ထိုကြောင့်ခရစ်တော်သည် အသေခံချိန်တွင် ထောင် တည်းဟူသော ငရဲသို့ဆင်းမသွားပါ။
ပရသိသုဘုံ၌
ခရစ်တော်သည်သည် အသေခံချိန်သင်္ချိုင်းထဲ၌ အလောင်းရှိစဉ်တွင် သူ့ဝိညာဉ်သည် ငရဲမသွားဘဲ ပရဒိသုဘုံသို့ ရောက်သွားသည်။ ခရစ်တော် အသတ်ခံချိန်တွင် အနားရှိလူဆိုးက၊ သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန် ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏ (လု ၂၃:၄၂-၄၃)။ သခင်ယေရှုက သူ့အနားရှိလူဆိုးထံ ယနေ့တွင်၊ သင်သည် ငါနှင့် အတူပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုဆိုသောကြောင့် သခင်ယေရှုသည် ထိုနေ့တွင်ပင် အသက်ဆုံးသောအခါ ပရဒိသုဘုံ၌ ရောက်သွားသည်။ ထို့အပြင်၊ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏ (လုကာ ၂၃:၄၆)၊ ဟုတွေ့ရသည်။ ခရစ်တော်သည် သူ့စိတ် ဝိညာဉ်ကို ခမည်းတော်လက်၌ အပ်တော်မူသည်။ သူ၏စိတ်ဝိညာဉ်သည် ခမည်းတော်ရှိရာကောင်းကင်ဘုံသို့ ရောက်သွားသည်။ ထိုကြောင့် ခရစ်တော်သည် ငရဲသွားစရာ အကြောင်းမရှိချေ။
ခရစ်တော်ငရဲမသွား
သခင်ယေရှုသည် ငရဲသွားစရာ အကြောင်းမရှိချေ။ အကြောင်းမှာ ကျမ်းစာက၊ လူသည် တခါတည်း သေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကို ခံရ သကဲ့သို့ (ဟေ ၉:၂ရ) ဟုဆိုထားရာငရဲရောက်သွားသော ဝိညာဉ်များကိုကယ်၍ မရတော့ချေ။ သခင်ယေရှုသည် ငရဲရောက်သွားသည် ဟုဆိုသောသူများထံ၊ သူအဘယ်ကြောင့်သွားရသနည်းဟု မေးသောအခါ၊ သူသည် သေခြင်းနှင့် စာတန်ကိုအောင် နိုင်ကြောင်း ကြွေးကြော်သည် ဟုဆိုကြသည်။ သခင်ယေရှုသည် ထိုသို့ ငရဲ သွား၍ ကြွေးကြော်ခြင်းအားဖြင့် အဘယ် အကျိုးရှိမည်နည်း၊ အဓိပ္ပါယ်မရှိချေ။ ထိုကြောင့် ခရစ်တော်သည် ငရဲမသွားချေ။
ငရဲအဘယ်မှာရှိသနည်း
အချို့သောသူများ ကငရဲမီးအိုင်သည် မြေကြီး အထဲမှာရှိသည်ဟု ယူဆကြသည်။ ထိုသို့ ယူဆရခြင်းသည် အောက်ပါကျမ်းချက်များကြောင့် ဖြစ်သည်၊ ပေတရုက ပင်တေကုတ္တေနေ့တွင် ဤကဲ့သို့ ဆိုသည်၊ ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သော ဒါဝိဒ်၏ အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ ရှိ၏။ ထိုသူသည် မိမိိအမျိုးအနွယ် ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင် ထမြောက် စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူ မည်အကြောင်း ဓိဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့် သိ၍၊ ခရစ်တော်၏ ထမြောက်ခြင်း အကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ (တမန် ၂:၂၉-၃၁)။ ဤနေရာ၌ မရဏာ နိင်ငံသည် သေခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ ယောနသည် ငါးကြီး ဝမ်းထဲမှာသုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့။ (မ ၁၂:၄၀) ဟုဆိုထားရာ ခရစ်တော်၏ အလောင်းသည် မြေကြီးထဲ၌သုံးရက်နေခဲ့သည်။ သို့သော် သူ၏စိတ်ဝိညာဉ်မူကား လုကာ ၂၃:၄၆ ၌သူကိုယ်တိုင်၊ အိုအဘ၊ အကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အကျွန်ုပ်အပ်ပါ၏ ဟုဆိုသောကြောင့် အဘဘုရားသခင် ထံရောက်သွားသည် ဟုဆိုနိုင်သည်။
ငရဲသည် မြေကြီး အထဲ၌ မဖြစ်နိင်ပါ။ အကြောင်းမှာ ငရဲမီးအိုင်သည် ထာဝရတည်ရှိသောအရာဖြစ်သည်။ မြေကြီးသည် သင်္ခါရ ဖြစ်၍ မီးနှင့် ဖျက်ဆီးဦးမည်ဖြစ်သည်။ ကျမ်းစာ၌၊ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီး ပေါ်မှာ ပြုလုပ် သမျှသောအရာ တို့သည် ကျွမ်းလောင်ကြလိမ့်မည် (၂ ပေ ၃:၁၀) ဟုဆိုသည်။ မြေကြီး ကိုယ်သည် ပူအားကြီး၍ ကျွမ်းလောင်သွားလျှင် ငရဲလည်း ကျွမ်းလောင်၍ ကုန်ဆုံးသွားမည် ဖြစ်သည်။
သေသောဝိညာဉ်များ
ယုံကြည်သူများ၏ ဝိညာဉ် အဘယ်နေရာသို့ သွားသနည်း။ ပေါလုက၊ ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့ သွား၍၊ သခင်ဘုရား ထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သော စိတ်နှင့် ပြည့်စုံကြ၏ (၂ ကော ၅:၈)ဟု ရေးထားသည်။ ထိုကြောင့် ယုံကြည်သူ၏ ဝိညာဉ်သည် ကိုယ်ခန္ဓာနှင့် ခွဲခွာသောအခါ ချက်ချင်း သခင်ဘုရားထံသို့ သွားသည်ဟု သိရသည်။ တဖန် ပေါလုက၊ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သော အကျိုး ဖြစ်၏။ (ဖိလိ ၁:၂၃) ဟုရေးသည်။ ပေါလုသည် သေလျှင် ခရစ်တော်နှင့်အတူ နေမည်ဟု မျှော်လင့်ယုံကြည်သည်။
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏ (လုကာ ၂၃:၄၃) ဟုသူ့ဘေးနားမှလူဆိုးကြီးအား ဆိုသောကြောင့် ထိုယုံကြည်သူ လူဆိုးသည် ထိုနေ့တွင် ပရဒိသုဘုံသို့ ရောက်သွားသည်၊ ဟုသိနိုင်သည်။ တဖန်ယေရှုက လာဇရုနှင့် ပတ်သက်၍ ဤသို့ ဆိုထားသည်၊ တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင် ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်း ခံရလေ၏။ မရဏာ နိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်းအဝေးကမြင်လျှင် (လု ၁၆:၂၂-၂၃)။ လာဇရုသည် ချက်ချင်း အာဗြဟံရင်ခွင်သို့ ရောက်သွားသည်။ ထိုသို့ ယုံကြည်သူများ၏ ဝိညာဉ်သည် ချက်ချင်း ကောင်းကင်နိင်ငံသို့ ရောက်သွားကြသကဲ့သို့ မယုံကြည်သူများ၏ ဝိညာဉ်သည်လည်း ငရဲထဲသို့ ချက်ချင်းရောက်သွားကြောင်း ခရစ်တော်က ဤသို့ ပြောသွားသည်၊ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒ နာကို ခံရလျက် (လု ၁၆:၂၂-၂၃)။
ပရဒိသုဘုံနှင့်ကောင်းကင်နိုင်ငံ
ပရဒိသုဘုံသည် ကောင်းကင်နိင်ငံ ဖြစ်ကြောင်း ဤကျမ်းချက်အားဖြင့် သိနိင်သည်၊ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ (လု ၂၃:၄၃) ယေရှုသည်လည်း ကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက် ချုပ်တော်မူ၏။ (လု ၂၃:၄၆)။ အထက်ပါ ကျမ်းပိုဒ်များ အရသခင်ယေရှုသည် သေသော နောက်ပရဒိသုဘုံသို့ ရောက်သွားသည်။ တဖန် သူ၏စိတ်ဝိညာဉ်ကို ခမည်းတော်လက်၌ အပ်သောကြောင့် ခမည်းတော် ထံရောက်သွားသည်။ ထိုကြောင့် ပရဒိသုဘုံသည် ဘုရားသခင်နေသော ကောင်းကင်ဘုံဖြစ်သည်။
အာဗြဟံရင်ခွင်
တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ (လု ၁၆:၂၂) လာဇရုရောက်သော အာဗြဟံ ရင်ခွင်သည် မည်သည့်နေရာ ဖြစ်သနည်း။ ရောမတပ်မှုး ကသခင်ယေရှုကို ယုံကြည်သောအခါ သခင်ယေရှုသည် အလွန် အံ့ဩ၍ ဤသို့ ဆိုသည်၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊ (မ ၈:၁၁) အာဗြဟံသည် ကောင်းကင်နိင်ငံ၌ ရှိကြောင်း သခင်ယေရှု ကပြောသည်။ ထို့ကြောင့် အာဗြဟံရင်ခွင်သည် ကောင်းကင်နိင်ငံ ဖြစ်သည်ဟု သိနိင်သည်။
နေလကြယ်နိမိတ်လက္ခဏာများ
တဖန် ဘုရားသခင်က၊ နေ့နှင့် ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သော အချိန်၊ နေ့ရက် အပိုင်း အခြား၊ နှစ်အပိုင်း အခြားဘို့ ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌ တည်၍ မြေကြီး လင်းစရာ အလင်းအိမ် ဖြစ်စေဟု၊ အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ (ကမ္ဘာ ၁:၁၄-၁၅)
ဘုရားသခင်က နေလနှင့် ကြယ်များကို ဖန်ဆင်းသောအခါ အလင်းပေးဘို့ရန်သာ မဟုတ်ဘဲ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန် အတွက် ဖန်ဆင်းခြင်း ဖြစ်သည်။ ထိုကြောင့် ဘုရား၏ အချိန်ကို သိဘို့ရန်မှာ မိုဃ်းကောင်းကင်ကို ကြည့်ဘို့ လိုအပ်သည်။ ဘုရားသခင်သည် ဣသရေလ လူများကို မီးတိုင်နှင့် မိုဃ်တိမ်တိုင်အားဖြင့် ဦးဆောင်ခဲ့ကြောင်း ဤသို့ တွေ့ရသည် - သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ ကား လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်၌ ကား အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ ရှေ့ကကြွတော်မူ၏။ နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ ရှေ့မှရုပ်သိမ်းတော်မမူ (ထွက် ၁၃:၂၁-၂၂)။
အရှေ့ပြည် ကပညာရှိများကို သခင်ယေရှုထံသို့ ရောက်ဘို့ရန် ကောင်းကင် ကြယ်ကို အသုံးပြုခဲ့သည်၊ -မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူ သနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်း ပြောဆို ကြ၏။ (မ ၂:၁-၂)ဟု တွေ့ရသည်။ သခင်ယေရှု ဘွား မြင်ကြောင်းကို ကောင်းကင်မှ ကြယ်ဖြင့် လမ်းပြခဲ့သည်။ သူပြန်ကြွလာမည့် အရာကိုလည်း ကောင်းကင် နက္ခတ်တာရာများ ကအချက်ပြမည့် အကြောင်း သခင်ယေရှုက ဤသို့ ကြိုပြောထားခ့ဲပြီ-
ထိုကာလ၏ ဒုက္ခ ဆင်းရဲခြင်း နောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည် အရောင်ကို မပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင် တန် ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှ ာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးခရာကို ပြင်းစွာ မှုတ်စေတော်မူ သဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက် ဝန်းကျင်တို့ မှခေါ်၍ စုရုံးကြလ တံ့။ (မ ၂၄:၂၉-၃၁)
သခင်ယေရှု ကသူမကြွလာမှီနေသည် မှောင်မိုက်လိမ့်မည်၊ လသည် အရောင်မပေးရ ဟုဆိုခဲ့သည်။ ထိုအရာကို ပရောဖက် ယောလက ဤသို့ ဟောခဲ့ဘူးပြီ-မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ အံ့ဘွယ်သောအရာ တည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီး မတိုင်မှီ၊ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေး ဖြစ်လိမ့်မည်။ ထိုအခါထာဝရဘုရားကို ပဌနာ ပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက် ရကြလတံ့ (ယောလ ၂:၃၀-၃၂)။ ပရောဖက် ကနေသည် အရောင်မပေး ဟုဆိုခြင်းသည် မိုက်သွားမည့် အကြောင်းကို ဆိုလိုသည်။ လသည် သွေးကဲ့သို့ နီရဲသွားမည် ဟုဆိုသည်။ ထိုအရာကို ယောဟန်ကလည်း ဤသို့ ရေးသား ထားသည် -
ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေး ကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုဃ်းကောင်း ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူ ကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည် နည်းဟု ပြောဆို ကြ၏ (ဗျာ ၆:၁၂-၁ရ)။
အထက်ပါ ကျမ်းစာ အရမြေကြီး မကမိုဃ်းကောင်းကင် နေ၊ လ၊ ကြယ်များ တိုင်အောင် ကြောက်မက်ဘွယ် ဖြစ်လိမ့်မည်။ နေကြက်ခြင်း၊ လငပုတ်ဖမ်းခြင်း များသည် ဖြစ်ဘူးတတ်သည်။ သို့သော် ကောင်းကင် ကြယ်များ ကျခြင်းသည် ဖြစ်ခဲသည်။ သို့သော် ယခုအခါ ကြယ်ပျံ (ဥက္ကာပျံ) ကျခြင်းများတွေ့မြင်လာ ကြသည်။ မိုဃ်းကောင်းကင် စာစောင်လိပ် သကဲ့သို့ လိပ်သွားခြင်းသည် မဖြစ်ဘူးသေးချေ။ သဌေဖန်အသတ်ခံသောအခါ ကောင်းကင်၌ သခင်ယေရှု မတ်တပ်ရန်သည်ကို မြင်ခဲ့ဘူးသည် (တ ရ)။ သို့သော် သူ့ကို သတ်သောသူများ ကမမြင်ခဲ့ကြချေ။ သူဌေးကြီးလည်း ငရဲမီးအိုင် ထဲမှလာဇရုကို အာဗြဟံရင်ခွင်၌ မြင်ခဲ့ဘူးသည် (လု ၁၆:၂၃)။ ဘေးဒဏ်ကြီး ကာလ၌ လောကသားများကကောင်းကင်ကို တိုက်ရိုက်မြင်ခွင့်ရကြတော့မည် ဖြစ်သည်။
ကျမ်းစာ ကကြိုဟောထားသော အရာများသည် များမကြာမှီတွင် ဖြစ်ပျက်တော့မည် ဖြစ်သည်။ ြဗှဗ (ြအေငသညေူ ဗနမသညကေအငချ ှစခေန ဗိာငညငျအမအေငသည) ဌါနမှထုတ် ပြန်ချက်အရ ၂၀၁၄နှင့် ၂၀၁၅ ခုနှစ်များတွင် လလေးကြိမ်နီရဲ၍ နေတကြိမ်ကျက်မည်
၂၀၁၄ ခုနှစ်ဧပြီလ ၁၅ ရက် (ပဿခါပွဲ) (တခူးလပြည့်)နေ့၊ အောက်တိုဘာလ ၈ ရက် (တဲပွဲ) (သတင်း ကျွတ်လပြည့်) နေ့နှင့် ၂၀၁၅ ခုနှစ်ဧပြီလ ၄ ရက်နေ့ (ပဿခါပွဲ) (တခူး လပြည့်)နေ့၊ စက်တဘ်ာလ ၂၈ (တဲပွဲ) (သတင်း ကျွတ်လပြည့်) နေ့များတွင် လသည် သွေးကဲ့သို့ နီမည်။ ၂၀၁၅ ခုနှစ်မတ်လ ၂၀ ရက်နေ့တွင် နေသည် မှောင်မဲသွားမည်။ ထိုအချိန်များတွင် ဘာ ဖြစ်မည်ကို အတိအကျ မသိရသော်လည်း ဘုရားသခင်က လူသားများကို စကားပြောနေခြင်း ဖြစ်သည်။
လလေးလုံးတွဲ ( ဤနအမေိ) နီခြင်းသည် သမိုင်းတွင် ခုနှစ်ကြိမ်ရှိခဲ့ဘူးပြီ။ ထိုသို့ လနီတိုင်း အစ္စရေးလူမျိုးများ၌ တခုခု ဖြစ်တတ်သည်။ အေဒီ ၃၂-၃၃တွင် လလေးလုံး တွဲနီခဲ့၍ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် သတ်ကာနေမှောင်မဲခဲ့သည်။
ကျမ်းစာ၌၊ မွန်းတည့်အချိန် မှစ၍ သုံးချက်တီးအချိန် တိုင်အောင် မြေတပြင် လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏ (မ ၂ရး၄၅)။ ၁၄၉၃-၉၄တွင် လလေးလုံးတွဲနီ၍ စပိန်နိင်ငံကအစ္စရေးလူမျိုးများကို နိင်ငံမှ နှင်ထုတ် ခဲ့သည်။ ၁၉၄၈-၄၉တွင် လလေး လုံးနီခဲ့၍ အစ္စရေးနှင့် အာရပ်များ စစ် ဖြစ်ခဲ့သည်။ အစ္စရေးအတွက် လွတ်လပ်ရေးစစ် ဖြစ်၍ လွတ်လပ်သော နိင်ငံ ဖြစ်လာသည်။ ၁၉၆ရ- ၆၈တွင် လနီပြန်၍ အစ္စရေးအာရပ် ၆ ရက်ကြာစစ်ပွဲတိုက်ကာအစ္စရေးက ယေရုရှလင်မြို့အရှေ့ခြမ်းကို သိမ်းလိုက်သည်။ ထို့ကြောင့် အစ္စရေးနိင်ငံက ယေရုရှလင်မြို့တမြို့လုံးကို ပဌမ အကြိမ် ယပိုင်ဆိုင်ခဲ့ပြီ။ မြို့အရှေ့ ခြမ်းရရှိသောကြောင့် ဗိမာန်တော် နေရာလည်း ယပိုင်ဆိုင်ပြီ။ သို့သော် ဗိမာန်နေရာကို အာရပ်များအား ပြန်အပ်လိုက်သောကြောင့် အစ္စရေးများက ယခုတိုင်အောင် ဗိမာန်တော် မဆောက်နိင်သေးချေ။
ယခုနှစ်လလေးလုံးတွဲ၌ အစ္စရေးနှင့် အိမ်နီးခြင်း နိင်ငံများ စစ် ဖြစ်နိင်သည်။ ထိုစစ်ပွဲသည်သည် ယေဇ ၃၈-၃၉ ထဲမှဂေါဂ မာဂေါဂ စစ်ပွဲ ဖြစ်နိင်သည်။ ထိုစစ်ပွဲ၌ ရုရှား ဦးဆောင်၍ အီရန်၊ တူရကီ၊ လစ်ဗျား၊ အီဂျစ်ဆူဒန်နိင်ငံများ ကအစ္စရေးနိင်ငံကို တိုက်ဘို့ ဖြစ်သည်။ သို့သော် အစ္စရေးကနိင်၍ ဘုရား၏ ဘုန်းတော် ထင်ရှားမည်။ ထိုစစ်ပွဲမတိုင်မှီတွင် ခရစ်တော် ရရှိသောသူ၊ ယုံကြည်သူ အစစ်များကို ချီဆောင်သွားမည် ဖြစ်သည်။ ထိုချီဆောင်ခြင်း၌ မိတ်ဆွေ ပါဝင်ဘို့ရန် အလွန် အရေးကြီးသည်။ ချီ ဆောင်ခြင်း၌ မပါဝင်သောသူများသည် ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်အတွင်းတွင် စစ်ပွဲ၊ အဆာ ငတ်မွတ် ခေါင်းပါးခြင်း၊ ရောဂါ ကျရောက်ခြင်း၊ သားရဲဘေးများ ခံရ၍ များစွာ သေကျေ ပျက်စီးမည် ဖြစ်သည်။ ခရစ်တော်ကို ပြန်လည်ယုံကြည် လျှင်လည်း လည်ပင်းဖြတ်ခံဘို့ လိုလိမ့်မည်။
ထို့ကြောင့် ယခုကျေးဇူးတော် ကာလ မကုန်ခင်လေးတွင် ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ် လက်ခံပါ။ အမည်ခံ ခရစ်ယာန် ဖြစ်ရုံဖြင့် ကယ် တင်ခြင်းသို့ မရောက်နိင်ပါ။ မိတ်ဆွေသည် ခရစ်တော်ကို မသိမကိုးကွယ်လျှင်လည်း ယခုသိရှိရန်နှင့် လက်ခံရန် အမြန်ဆုံး လေ့လာပါ။ တရားသူကြီးများကို မိတ်ဆွေ မသိသော်လည်း အပြစ် ကျူးလွန်ပါက သူတို့ လက်ထဲ၌ တရားစီရင်ခြင်းကို ခံတတ်သည် မဟုတ်လော။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လာကြ၊၊ တရားစီရင်ကြကုန်အံ့၊၊ သင်တို့ အပြစ်သည် နီသော အဆင်းရသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့် အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်၊၊ (ဟေရှာယ ၁:၁၈)ဟု ခေါ်နေပါသည်။
လူနှင့် ဘုရား ဆက်နွယ်ပုံ
လူတယောက်သည် မိဘအတွက် သား၊ သားသမီး အတွက် အဖေ၊ မိန်းမအ တွက်ခင်ပွန်း၊ မောင်နှမများအတွက် အကို ညီမောင်၊ အလုပ်ရှင်အတွက် အလုပ်သမား၊ အထက် စစ်ဗိုလ်အတွက် စစ်သား၊ ကျောင်းဆရာအတွက် ကျောင်းသားဟု လူအပေါ် မူတည်၍ (ျအအေကျ) ရပ်တည်မှု ပြောင်းလဲသွားသည်။ လူတိုင်း ထံ၌ သတ်တမတ်တည်း နေရာယူ၍ မရချေ။ မိသားစုအထဲ၌ ကျောင်းဆရာကဲ့သို့ မနေသင့် သကဲ့သို့ ယုံကြည်သူများထံ၌ စစ်ဗိုလ်ကဲ့သို့ မနေရချေ။ ထိုနည်းတူ လူသည် ဘုရားနှင့် ပတ်သက်၍ မိမိ၏ ရပ်တည် ချက် (ျအအေကျ)ကို သိရှိ၍ လှုပ်ရှားတတ်ဘို့ လိုသည်။
တရားရုံး၌
ဘုရားသခင်သည် တရားရုံးတော်၌ တရားသူကြီး ဖြစ်သည် (ဟေရှယ ၃၃:၂၂)။ လူသည် အပြစ်သား ဖြစ်သည်။ လူတိုင်းသည် အပြစ် ကျူးလွန်သူ၊ အပြစ်သား၊ တရားခံ ဖြစ်သည် (ရော ၃:၂၃)။ တရားသူကြီး ဖြစ်သော ဘုရားသခင်က အပြစ်သား တည်းဟူသော လူသား တိုင်းကို တရားရုံး၌ လာ၍ တရားစီရင်ခြင်း ခံဘို့ ခေါ်သည် (ဟေရှာ ၁:၁၈)။ တရားရုံးမှခေါ်ခြင်းကို လူတိုင်း ပဌမ ဦးစားပေး၍ လာရမည် ဖြစ်သည်။ သို့သော် မသိကြ သောကြောင့် ဂရုမစိုက်ကြချေ။ လူတိုင်း၏ အပြစ်သည် ဘုရား၏ အမြင်၌ အသွေးကဲ့သို့ နီရဲသည် (ဟေရှာ ၁:၁၈)။ အပြစ်သည် မွေးရာပါပြစ်နှင့် (ဆာ ၅၁:၅၊ ရော ၅:၁၂) ပညတ်တော် လွန်ကျူးခြင်း ဖြစ်သည် (၁ ယော ၃:၄)။ ထိုအပြစ် အတွက် ပြစ်ဒဏ်သည် ငရဲထဲ၌ ထာဝရ နေရမည် ဖြစ်သည်။ သို့သော် အပြစ်သားများအတွက် အာမခံအဖြစ် ယေရှုကို တရားသူကြီး ကိုယ်တိုင်က ပြင်ဆင် ပေးသည် (၂ တိ ၂:၅)။ ထိုအာမခံသည် အပြစ်သားများကိုယ်စားအသေခံ စေခြင်းအားဖြင့် ပြစ်ဒဏ်သေခြင်းကို ဆပ်ပေးလိုက်ပြီ (၁ ကော ၁၅:၃၊ ဟေ ၉:၂၈၊ ၁ ပေ ၂:၂၄)။ ထို့ကြောင့် ဘုရားသခင်က အပြစ်သားကို ဖြောင့်မတ်သောသူအဖြစ် မြင်ပြီ (၂ ကော ၅:၂၁၊ ၁ ကော ၁:၃၀)။ ထိုကြောင့် အပြစ် သာသည် အပြစ် မရှိတော့ဘဲ မိုဃ်းပွင့်ကဲ့သို့ ဖြူစင်ပြီ (ဟေရှာ ၁:၁၈)။ အပြစ် တရားစီရင်ခြင်းမှလည်း လွတ်မြောက်ခဲ့ပြီ (ယော ၃:၁၈)။
တဲတော်၌
ဘုရားသခင်သည် ကောင်းကင် တဲတော်၌ ဘုရားသခင် ဖြစ်သည်။ လူသည် ဝတ်ပြုကိုးကွယ်သူ ဖြစ်သည်။ လူသည် မြေကြီးပေါ်မှ ာ ရှိသောကြောင့် ကောင်းကင် တက်၍ မကိုးကွယ်နိင်ချေ။ ထို့ကြောင့် ကိုးကွယ်ပေးသောသူလိုအပ်သည်။ ကျမ်းစာ၌၊ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရား သခင့်ရှေ့တော်၌ ယဇ်ပု ရောဟိတ်အမှုကို ဆောင်ရွက်သည် တွင်၊ ယဇ်ပုရောဟိတ် ထုံးစံအတိုင်း စာရေးတံချ သဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။ ထိုသို့ နံ့သာပေါင်းကို မီးရှို့သည်အချိန် တွင်၊ လူများ အပေါင်းတို့သည် ပြင်၌ ဆု တောင်းလျက် နေကြ၏ (လု ၁:၈-၁၀)ဟု တွေ့ရသည်။ ဇာခရိ (ဗတ္တိဇံယောဟန်၏ ဖခင်)သည် ယဇ်ပုရောဟိတ် ဖြစ်၍ ဗိမာန်တော် ထဲမှနံ့သာပေါင်းမွှေးကို မီးရိ့ှုခြင်းအားဖြင့် ဘုရားသခင်ကို ကိုးကွယ်နေသည်။ ထိုအချိန်တွင် ဗိမာန်တော် အပြင်ဘက်၌ လူများတို့သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ကိုးကွယ် ကြသည်။ ဘုရားသခင်သည် ဗိမာန်တော် အထဲ၌ ဘုရား အဖြစ်အကိုးကွယ်ခံသည်။
ယခု ယုံကြည်သူများသည် မြေကြီး ပေါ်၌ ဆုတောင်း နေကြသည်။ သို့သော် ဘုရားသခင်သည် ကောင်းကင် တဲတော်၌ ရှိ၍ ယဇ်ပုရောဟိတ် ယေရှု ကကိုးကွယ်ပေး ကြောင်းကို ကျမ်းစာ၌ ဤသို့ ရေးသား ထားသည်၊ ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုး အာနုဘော် တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏ (ဟေ ၈:၁-၂)။ ဟေဗြဲအခန်းကြီး ခုနှစ်၌ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်း ဖြစ်ကြောင်း ဖေါ်ပြသွားသည်။ ထိုယဇ် ပုရောဟိတ်မင်းသည် ကောင်းကင် တဲတော် စစ်၌ ဘုရားဝတ်ကို ပြုနေသည် ဟုဆိုသည်။ ခရစ်တော် ကိုယ်တိုင်သည် ဘုရား ဖြစ်သောကြောင့် မည်သူအတွက် ဘုရားဝတ်ကို ပြုတော်မူ သနည်းဟု မေးစရာ ရှိသည်။ သူသည် မြေကြီးပေါ်မှ ာ ရှိသော ယုံ ကြည် သူများအတွက် ဝတ်ပြုပေးနေသည်။ ထိုကြောင့် မြေကြီးပေါ်မှ ဆုတောင်းသောအရာ၊ ချီးမွမ်းသောအရာကို ခရစ်တော်အားဖြင့် ခမည်းတော်ဘုရားက လက်ခံ နိင်ခြင်း ဖြစ်သည်။
အိမ်ထောင်၌
ဘုရားသခင်၏ သားတော် ယေရှုကို ယုံကြည် လက်ခံသောသူရှိသမျှတို့ကို ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏ (ယော ၁:၁၂)။သား မှန်လျှင် ဘုရားသခင်သည် အဘ ဖြစ်သည် (ရော ၈:၁၆)။သား ဖြစ်လျှင် အမွေစားအမွေခံ ဖြစ်သည် (ရော ၈:၁ရ)။ ယုံကြည်သူ အများစုသည့်် ဘုရားသခင်၏ အမွေကို ဤလောက၌ ပိုင်ချင် ကြသည်။ ထို့ကြောင့် ဤလောက၌ ချမ်းသာ ကြွယ်ဝမည့် အကြောင်း များကိုသာ ဟောပြော၊ နားထောင်ချင် ကြသည်။ သို့သော် အမွေသည် ဤလောက၌ ခံရမည် မဟုတ်၊ ကောင်းကင်နိင်ငံ၌ ခံရမည် ဖြစ်သည် (ဧဖက် ၁:၄)။ အကြောင်းမူကား အမွေတော်ကို ဤလောက၌ ပိုင်လျှင် ခဏသာတည်၍ ပျက်စီးသွားမည် ဖြစ်သည်။ ထိုကြောင့် ခရစ်တော်က သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှ ာ ဘဏ္ဍာကို မဆည်းဖူး ကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့ ဟုဆိုခြင်း ဖြစ်သည် ၆:၁၉-၂၀)။
သားသမီး များသည် မိဘအမွေကို မိဘသေမှရတတ်ကြသည်။ ကျမ်းစာက၊ အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည် အမှု မှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ (ဟေ ၉:၁၆) ဟုဆိုသည်။ ခရစ်တော် ကပေးသော ဥပမာ၌လည်း၊ ပျောက်သော သားသည် အဖေမသေမှီအမွေကို တောင်း၍ ထွက်သွားသောကြောင့် စားစရာ ပင်မရှိဝက်ကျောင်း၍ ဝက်စာကို ပင်လျှင် စားချင် မတတ်ဆင်းရဲ ခဲ့ကြောင်း တွေ့ရသည် (လု ၁၅:၁၁-၁ရ)။ လောကသားများ၌ သားသမီး များသည် မိဘသေမှအ မွေခံစားရသည်။ ဝိညာဉ်ရေးရာ၌ မူဖခင် ဖြစ်သူ ဘုရားသခင်သည် မသေနိင်၊ ထာဝရ အသက်ရှင်သည်။ ထို့ကြောင့် သူ၏ အမွေကို ယုံကြည်သူ သားသမီး များသေမှခံစားရမည် ဖြစ်သည်။ လောက အသက်ရှင်စဉ်ခံစား လိုလျှင် ပြသနာ ရှိတတ်သည်။ အကြောင်းမှာ လောက၌ စည်းစိမ်ရှိသောအခါ ဘုရား၏ အလိုတော်ကို မဆောင်တော့ဘဲ ဇာတိအလို ဆန္ဒအတိုင်း အသက်ရှင်တတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများသည် ဤလောက၌ အမွေခံ ဘို့ထက် ကောင်းကင်၌ အမွေခံဘို့ မြော်လင့်ကြဘို့ ဖြစ်သည်။
လယ်တော၌
ယုံကြည်သူများသည် ခရစ်တော်ကို လက်ခံရရှိသောအခါ စပါးရိတ်မည့် အလုပ်သမားများ ဖြစ်ကြသည်။ ခရစ်တော်က၊ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာ ကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကိုမျှ ော်၍ ကြည့်ကြလော့။ စပါးရိတ်သောသူသည် အခကို ခံရ၍ ထာဝရ အသက်ရှင်ခြင်း အလိုငှါ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သော သူတို့သည် အတူ ဝမ်းမြောက် ကြလိမ့်မည်။ တဦးကား ပျိုးကြဲ၏။ တဦးကား စပါးရိတ်၏ ဟူသော စကားသည် ဤအရာ၌ အမှန်ကျ သတည်း။ သင်တို့သည် လယ်မလုပ်သော အရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါ စေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထို သူတို့၏ အလုပ် ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။ (ယော ၄:၃၅-၃၈)။ စပါးများသည် ဝိညာဉ်များဖြစ်သည်။ ယုံကြည်သူများသည် စပါး တည်းဟူသော ဝိညာဉ်များရိတ်သိမ်းမည့် လယ်သ မားများ ဖြစ်သည်။ လယ်ရှင် တည်းဟူသော ဘုရားသခင်က လယ်ပြင်တို့သည် ရိတ် သိမ်းဘို့ရန် ဝင်းဝင်းမှည့်နေပြီ ဟုဆိုသည်။ သို့သော် လယ်အလုပ်သမားများ တည်းဟူသော ယုံကြည်သူများက လေးလလိုသေးသည်ဟု ဆင်ခြေပေး ကြသည်။ အကြောင်းမှာ မရိတ်ချင် သောကြောင့်၊ ပျင်းရိသောကြောင့် ဖြစ်သည်။ ရိတ်သိမ်းသောသူများသည် အခကို ရမည်ဟု ကတိပေးသော်လည်း လုံးဝ မလုပ်ချင် ကြချေ။ ထိုကြောင့် အချိန် မကုန် မှီ အမြန်ဆုံး စပါးများကို ရိတ်သိမ်းကြစို့။
စစ်မြေပြင်
ဤလောကသည် ရန်သူ စာတန်၏ နိင်ငံ ဖြစ်သည်။ စာတန်သည် ဤလောက အုပ်စိုးကြောင်း ခရစ်တော်က ဤသို့ ဆိုသည်၊ ဤလောကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ (ယော ၁၄ ; ၃၀)။ ပေါလုကလည်း၊ ငါတို့သည် ရန်သူရှိ၍ စစ်တိုက်နေရကြောင်း ဤသို့ သတိပေး သွားသည်၊ ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏ (ဧဖက် ၆:၁၀-၁၂)။ သို့သော် အလွန် ဝမ်းနည်းဘွယ်ကောင်းသောအရာမှာ ယုံကြည်သူများသည် ရန်သူနယ်မြေအတွင်း၌ ရှိ၍ စစ်တိုက်မည့် စစ်သား ဖြစ်မှန်းကို မသိခြင်း ဖြစ်သည်။ ရန်သူရှိမှန်းလည်း မသိ၊ ရန်သူကတိုက်ခိုက် နေမှန်းလည်း မသိသောကြောင့် ရန်သူဥစ္စာကို တပ်မက်ကာအပျော်ကျူး နေကြသည်။ ရန်သူကမ်းပေးသောလောက ပစ္စည်းများကို တပ်မက်သောကြောင့် ရန်သူနှင့် အပေး အယူလုပ်နေ၍ တိုက်ခိုက်သည်ထက် သူ၏ လက်ခုတ်ထဲမှရေ ဖြစ်နေကြသည်။ ထိုကြောင့်် ကျမ်းစာက၊ လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ် ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ် မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏ (၁ ယော ၂:၁၅-၁၆)ဟု သတိပေးရခြင်း ဖြစ်သည်။
အဘယ်စစ်သား မှရန်သူနယ်မြေတွင် ဇိမ်မခံရချေ။ ရှံဆုန်သည် ခွန်အားကြီးသော်လည်း ရန်သူဖိလိလ္လိလူမျိုး ဖြစ်သော ဒေလိလကို ချစ်၍ သူမ၏ ပေါင်ပေါ်တွင် ဇိမ်ခံ သောကြောင့် မျက်စိအဖေါက်ခံကာ ရန်သူများ၏ ကျွန်ခံရကြောင်း သင်ခန်းစာယူဘို့ လိုသည် (သူကြီး၁၆)။ ယနေ့ ယုံကြည်သူ အများစုသည်လည်း ရန်သူနယ်မြေ ဖြစ်သော ဤလောက၌ စာတန် ဥစ္စာများကို စွဲလန်းကြသောကြောင့် ဘုရား ခိုင်းသောအရာကို ပင်မ လုပ်နိင်ကြဘဲ ရန်သူ၏ မျက်စိဖေါက်ခြင်း ခံကာ ဝိညာဉ် မျက်စိကန်းများ ဖြစ်ကြသည်။ ရှံဆုန် ကဲ့သို့ပင် ဤလောက၏ အလုပ်နှင့် ပြသနာ၏ ဖိစီးခြင်းကို ခံနေကြသည်။ မည်မျှပင်ဒုက္ခ ခံကြသော်လည်း နားမလည် ကြ၊ တပ်မက်ခြင်း ကမျက်စိကန်း၊ နားလေးစေသည်။
မင်္လာခန်းမ
ကောင်းကင်နိင်ငံရောက်သောအခါ ယုံကြည်သူများသည် ခရစ်တော်၏ လက် ထပ်မည့် သတို့သမီး ကညာ ဖြစ်မည်။ ပေါလုက၊ ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်း မြားဆောင်နှင်း (စေ့စပ်ထား)ပြီး သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏ (၂ ကော ၁၁:၂)ဟု ရေးသား ထားသည်။ ပေါလုသည်အောင် သွယ် ဖြစ်၍ ကောရိနုျွှ အသင်းသား များသည် သတို့သမီးက ညာ ဖြစ်ကြသည်။ ခရစ်တော်သည် သတို့ သားလောင်း ဖြစ်သည်။ မြန်မာကျမ်းစာအုပ်၌ ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့်ဟု ရေးထားသောအရာကို စေ့စပ်ထားသောကြောင့်ဟု နားလည်ရသည်။ အကြောင်းမှာ မင်္လာဆောင်ခြင်းသည် ချီဆောင်ခြင်း အပြီးမှ ဖြစ်၍ ကောင်းကင်နိင်ငံ၌ ဖြစ်မည့် အကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ တဖန် တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ ငါတို့ ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်း ကြကုန်အံ့အကြောင်းမူကား၊ သိုးသငယ်၏ မင်္လာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသောသူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ် ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ဖြောင့် မတ်ခြင်း ဖြစ်သတည်း။ (ဗျာ ၁၉:၆-၈)။
ထိုသို့ ယုံကြည်သူများသည် ခရစ်တော်နှင့် မင်္လာဆောင်ရဦးမည် ဖြစ်သောကြောင့် သန့်ရှင်းခြင်းရှိဘို့ လိုအပ်သည်။ သန့်ရှင်းရေးလုပ်ဘို့ အတွက် နှုတ်ကပတ်တော် ရေကိုလည်း ပေးထားသည် (ဧ ၅:၂၆-၂ရ)။ ထိုနှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာ လိုက် နာခြင်းအားဖြင့် ဝိညာဉ်ပိုင်း သန့်ရှင်းရေးလုပ်ရမည် ဖြစ်သည်။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိ ပြုရမည်၊၊ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲ မှာသိုထားပါပြီ၊ (ဆာ ၁၁၉:၉၊ ၁၁)။ သို့သော် ယနေ့ ယုံကြည်သူ အများစုသည် မင်္လာ ဆောင်မည့် အရာကိုလည်း မသိ၊ သိလျှင်လည်း စိတ်မလှုပ်ရှား၊ ပြင်ဆင်မှု မရှိ၊ လောကအရာများဖြင့် ညစ်ညူးစွာ အသက်ရှင် ကြသည်။ သတို့သား ခရစ်တော် ခမျာမည်မျှ စိတ်ပျက်မည်နည်း။ ယခုမှစ၍ သတို့သမီး လောင်း ဖြစ်သောကြောင့် အညစ်အကြေး တင်ခြင်း အရေတွန့်ခြင်း မရှိရလေအောင် နှုတ်ကပတ်တော်ကို ဖတ်ခြင်း လေ့လာခြင်း၊ ဆင်ခြင်ခြင်း ပြု၍ အသင့် ပြင်ကြပါစို့။
ဧဝံဂေလိ ခရီး
ဆရာမောဇက်နှင့် အဖွဲ့သည် မြောက်ပိုင်း ဧဝံဂေလိ ခရီး စဉ်အပြီးမှအိမ်ပြန် ရောက်သောအခါ အနားမယူတော့ဘဲ Indianapolis GBC (Burmese) အသင်းတော်၌ နံနက်ပိုင်း ဆုတောင်းခြင်းနှင့် ကျမ်းစာ သင်တန်းကို နံနက် ၈:၃၀မှ ၁၂ ;ဝ ၀ အထိ ပြုလုပ် ခဲ့ကြပါသည်။ သင်တန်းသားများအနေဖြင့် နေ့တိုင်း အိမ်တံခါးများ ခေါက်၍ သက်သေခံခြင်းကို အဆက်မပျက် ပြုလုပ် ကြပါသည်။ ရာသီဥတု အလွန် အေးသော်လည်း ညတိုင်း လူ၃၀-၄၀ ခန့်လာရောက်သင်တန်းတက်ကြပါသည်။ ထိုအဖွဲ့ခြောက် ဦးတို့သည် December ၂ရ ရက်နေ့တွင် ကားဖြင့် တောင်ပိုင်းခရီး စဉ်စတင်ထွက်ခွါ ခဲ့ကြပါသည်။ ဆရာမောဇက်သည် Noxville, Tennessee မြို့သို့ သွားရောက်ကာ မြန်မာတိုင်းရင်းသားများ အသင်းတော်၌ သင်တန်းပေးခဲ့ပါသည်။ သင်တန်း၌ လူ၂၀ ခန့်စိတ်အားထက် သန်စွာ တက်ရောက်နိင်ကြပါသည်။ ကျန်သော အဖွဲ့ငါးဦးတို့သည် Louisville, KY မြို့၌ သက်သေခံထွက်ကြပါသည်။ ထိုသူများလည်း ထိုမြို့ရှိသတင်းကောင်းနှစ်ခြင်း အသင်းသား များနှင့် ပျောက်ဆုံးဝိညာဉ်များကို အိမ်တံခါးများ ခေါက်၍ ပြောပြကြသောအခါ ဘုရားသခင်က ျေးဇူးတော်ကြောင့် အလွန် အောင်မြင် ကြသည်။
December ၃၀ ရက်နေ့တွင်Durham, NC မြို့သို့ အသွား Ashville, NC မြို့ရှိဆရာမောဇက်၏ အကို ကြီး Dr. Forth Naisang အိမ်၌လည်း ဝင်ကာနှစ်နာရီ ခွဲ မိဿဟာယဖွဲ့ခွင့်ရကြပါသည်။ သူတို့လည်း ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းကို အလွန် အားပေးသောသူများ ဖြစ်သောကြောင့် နှစ်ဖက်စလုံး အားရကျေနပ် ကြပါသည်။ ထိုညတွင် Durham, NC မြို့သို့ ရောက်သွားကာဆရာဂိဒေါင်တို့ အိမ်နှင့် ဦးကောကောတို့ အိမ်၌ တည်းခိုကြပါသည်။ နောက်တနေ့မှစ၍ နံနက်ပိုင်း ဆုတောင်းခြင်းနှင့် ကျမ်းစာသင်ခြင်းကို ၈မှ ၁၂ နာရီ အထိ ပြုလုပ် ကြကာ ညနေပိုင်းတိုင်း အိမ်တံခါးများ ခေါက်၍ သက်သေခံထွက် ကြသည်။ ထိုမြို့၏ ထူးခြားချက်မှာ ၈-၁၁ နှစ်ပတ်ဝန်းကျင်ရှိသော ခလေးများကိုယ်တိုင် ဘာသာပြန်ပေး၍ သက်သေခံခြင်း ဖြစ်သည်။ ထိုခလေး များသည် သမ္မာတရား ဆာငတ်ကာသူတပါးကိုလည်း ပြောပြချင်ကြခြင်း ဖြစ်သည်။
January ၆ ရက်နေ့တွင် Durham, NC မြို့မှ Atlanta, GA မြု့သို့ ကား နှစ်စီးဖြင့် လူ၈ ရောက်ခရီး ပြုကြပြန်သည်။ ရောက်သော ညမှာပင် ွြဃ အသင်းတော်၌ ညပိုင်းဝတ်ပြုစည်းဝေးလုပ်ကြပါသည်။ နောက်တနေ့မှစ၍ ဒေသခံ ယုံကြည်သူများနှင့် ဧည့်သည်များအိမ်တံခါးခေါက်၍ သက်သေခံကြရာ အလွန် အားရစရာ ကောင်းကြောင်း တွေ့ ရသည်။ ရာသီဥတု အလွန် အေးသော်လည်း သက်သေခံ သူများအတွက် အလွန် ကောင်းသည်။ အကြောင်းမှာ လူတိုင်း အေးလွန်းသောကြောင့် အိမ်ပြင်မထွက်နိင်ချိန်တွင် သူတို့ အိမ်သို့ သွားရောက် သက်သေခံသောအခါ အလွန် အစဉ်ပြေသည်။ နံနက်ပိုင်း၈-၁၂ နာရီ အထိ ကျမ်းစာ သင်တန်းနှင့် ဆုတောင်းခြင်းများပြုလုပ် ကြသည်။ ညနေပိုင်းတိုင်း သက်သေခံထွက်၍ ညတိုင်းရး၃၀-၉ ;ဝ ၀ နာရီ အထီဘုရားကျောင်းတွင် ဝတ်ပြုစည်းဝေးများပြုလုပ် ကြသည်။
January ၁၃ ရက်နေ့တွင် Atlanta, GA မြို့မှ High Point, NC မြု့သို့ သွားကြသည်။ လမ်းတွင် Greenville, SC မြို့၌ ဆရာမောဇက်၏ ညီမဒေါ်လပ်ကီးချက်ပေးသော နေ့လည်စာကို စားခဲ့ ကြသည်။ High Point, NC မြု့တွင် ရောက်ရောက်ချင်းည ပိုင်းရ- ၉ နာရီ သင်တန်း ပြုလုပ် ကြပါသည်။ သင်တန်း၌ လူ၁၅ယောက်ခန့်ပါဝင် ကြသည်။ နောက်တနေ့မှစ၍ အိမ်တံခါးများ ခေါက်၍ သက်သေခံ ဖြစ်ကြသည်။ ထိုမြို့၌ ၃ ညအိပ်၍ January ၁၆ ရက်နေ့တွင် Louisville, KY မြို့သို့ ၄ ညအိပ်သွားကြရဦးမည်။