GOODNEWS
  HOME  GOODNEWS  2013 NOV
 


အမှာစာ

လူ၏ တန်ဘိုးသည် နှစ်ပေါင်းမည်မျှအသက်ရှင်ခြင်း အပေါ်၌ မမူတည်၊ ဘုရားသခင် အတွက် မည်မျှအသက်ရှင်သည် အပေါ်၌ မူတည်သည်။ လူ၏ တန် ဘိုးကို လူကိုယ်တိုင် သတ်မှတ်ရာတွင် ခဏသာတည်မြဲသောအရာ အားဖြင့် သတ်မှတ်သည်။ လူကို ဖန်ဆင်းသော ဘုရားသခင်က မူလူ၏ တန်ဘိုးကို ထာဝရ တည်မြဲသောအရာအားဖြင့် သတ်မှတ်သည်။ လူ့အမြင်၌ လူ၏ တန်ဘိုးသည် လှပခြင်း၌ မူတည်သည်။ ထို့ကြောင့် လှပဘို့ရန် အစွမ်းကုန် ကြိုးစား ကြသည်။ အချို့သောသူများက ပညာဘွဲ့ ထူး ဂုဏ်ထူးများ၌ တန်ဘိုးရှိသည်ဟု ထင်သောကြောင့် ထိုအရာများကို အစွမ်းကုန်လိုက် ကြသည်။ အချု့ိသောသူများ ကအာ ဏာ၊ ငွေ၊ ဥစ္စာပစ္စည်းရှိမှအရေးကြီးသော ပုဂ္ဂိုလ် ဖြစ်မည်ဟု ထင်သောကြောင့် ထိုအရာများ နောက်သို့ တကောက်ကောက်လိုက် ကြသည်။ သင်သည် မည်သည့်အရာကို တန်ဘိုး ထား၍ လိုက်နေပါသနည်း။ 

ဘုရားသခင်က၊ လူမျိုးရှိသမျှသည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်းရှိ သမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။ ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်သည်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင် ဖြစ်ကြ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက် တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမှုကား၊ ကာလ အစဉ်အမြဲတည်၏ ဟုဆိုသတည်း။ (ဟေရှာယ ၄၀:၆-၈) ဟုဆိုသည်။ လူကို ဖန်ဆင်းသော ဘုရားသခင်က လူမျိုးရှိသမျှသည် မြက်ပင် ဖြစ်သည်။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ်သည်။ လေတိုက်သောအခါ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်၍ အပွင့်လည်း ကြွေသွားတတ်သည် ဟုဆိုသည်။ ဆိုလိုသည်မှာ ခဏသာထင်ရှားသောအရာ ဖြစ်သည်။ ထိုကြောင့် ထိုအရာအတွက် အချိန်၊ စွမ်းအား၊ ဘဏ္ဍာများ အသုံးမပြုသင့်ချေ။ သို့သော် လူသည် အပြောခက်လှသည်။ ထိုအရာများကိုသာ အစွမ်းကုန်ရှာဖွေ ကြိုးစား ကြရဦးမည်။ ထို့ထက် ထာဝရ တည်မြဲသော နှုတ်ကပါတ်တော် အတွက်အချိန် ဘဏ္ဍာစွမး်အားများကို အသုံးပြုုဘို့ တိုက်တွန်းနိုးဆော်လိုပါသည် 
 

ယခုလစာစောင်တွင်...

ကျေးဇူးတော် ချီးမွမ်းခြင်း 
ကယ်တင်ခြင်း 
ကျန်းမာသော အသင်းတော် 
အသင်းတော် အမျိုးမျိုး 
ယုံကြည်သူများ၏ အ​ခြေအနေ
အမှုတော်ဆောင်သင်တန်း
သင်တန်းသူ၊ သား များ၏ သင်သေခံချက်

 
ကျေးဇူးတော် ချီးမွမ်းခြင်း 

Thanks Giving

အမေရိကန်ပြည် ထောင်စု၌ နိုဝင်ဘာလနောက်ဆုံးပတ်ကြာသပတေး နေ့သည် ကျေးဇူးတော် ချီးမွမ်းခြင်း နေ့ဟု သတ်မှတ်ထားသည်။ ထိုနေ့တွင် မိသားစုများအတူ တကွစားသောက်ခြင်း အမှု ပြုလုပ် တတ်ကြသည်။ သို့သော် မည်သူကို ချီးမွမ်းသနည်း၊ မည်သည့်အတွက် ချီးမွမ်းသနည်းဟူသောအရာကို မစဉ်း စားဘဲ စားသောက်ခြင်း အမှုနှင့် ကိုယ်လိုချင်သော အရာများကိုသာ လုပ်လျှင် အဓိပ္ပါယ်မရှိပါ။ ထိုကြောင့် ထိုအရာများကို စဉ်းစားကြစို့။ 
 
မည်သူကို ချီးမွမ်းရသနည်း

ကျေးဇူးတင်ပါသည်ဟု ပြောသောအခါ တယောက်ယောက်ထံသို့ ပြောဆိုခြင်း ဖြစ်သည်။ ကိုယ်တယောက် တည်းရှိချိန်တွင် ထိုစကားကို ပြောပါက လူများ ကအရူးဟု သတ်မှတ်မှာသေချာသည်။ သို့ဖြစ်လျှင် ကျေးဇူးတော် ချီးမွမ်းခြင်းသည် မည်သူထံ ဖြစ်သင့်သနည်း။ ကျေးဇူးပြုသောသူသည် ထာဝရဘုရား ဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်းသည် ဘုရားသခင်ထံ ဖြစ်ရမည်။ 
 
အဘယ်ကြောင့်ချီးမွမ်းရသနည်း

ကျေးဇူးတင်ခြင်းသည် ကျေးဇူးပြု ခဲ့သောကြောင့် ဝမ်းမြောက်၍ တင်ခြင်း ဖြစ်သည်။ ကျေးဇူးတော် ချီးမွမ်းခြင်းအားဖြင့် ဘုရား ဘုန်းတော် ထင်ရှားစေသည်။ ကျမ်းစာက၊ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏ (ဆာ ၅၀:၂၃) ဟုဆိုထားသည်။ ထိုကြောင့် ဘုရား ဘုန်း ထင်ရှားဘို့ရန် ကျေးဇူးတော် ချီးမွမ်းခြင်း ယဇ်ကို ပူဇော်ရမည်။ 
 
အဘယ်အရာအတွက် ချီးမွမ်းရမည်နည်း

အကြောင်း မရှိဘဲ လူတယောက်ကို ကျေးဇူးတင်ပါတယ်ဟု ပြော၍ မရပါ။ သို့ဖြစ်လျှင် ဘုရားသခင်ကို အဘယ်အရာအတွက် ချီးမွမ်းရမည်နည်း။ ရှင် ပေါလုက၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏ (၁ သက် ၅:၁၈) ဟုဆိုထားသည်။ အရာရာ ဟုဆိုသောအခါ အကောင်းအဆိုးပါဝင်သည်။ ကောင်းကြီးရချိန်တွင် လူတိုင်း ကချီးမွမ်းနိင်သည်။ သို့သော် ဒုက္ခ ပြသနာ တွေ့ချိန်တွင် လူတိုင်း ကမချီးမွမ်းနိင်ပါ။ ရှင်ပေါလုကိုယ်တိုင် ရိုက်နှက်ခြင်း၊ ထောင်ချခြင်း ခံချိန်တွင် ကျေးဇူးတော် ချီးမွမ်းကြောင်း တွေ့ရသည်။ ပေါလုနှင့် သိလတို့သည် ဖိလိပ္ပိမြို့ ထောင်ထဲ၌ သံကြုိးနှင့် ချီနှောင်ခြင်း ခံချိန်တွင် သန်းခေါင်အချိန်၌ ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆို ကြသည်။ ထိုအခါ မြေကြီးသည် ပြင်းစွာ လှုပ်၍ ထောင်တံခါးများ ပွင့်ကာ အကျဉ်းသား များလည်း နှောင်ဖွဲ့ခြင်းမှ ကင်းလွတ် ကြသည် (တ ၁၆:၂၅-၂၆)။ ပေါလုတို့သည် ဘုရားသခင်ကို ချီးမွမ်းသောအခါ ဘုရား ဘုန်းတော် ထင်ရှားသည်။ ယုံကြည်သူများလည်း အရာရာ၌ ချီးမွမ်းလျှင် ဘုရားသခင်၏ ဘုန်းထင်ရှားမည်။ 
 
မည်ကဲ့သို့ ချီးမွမ်းရမည်နည်း

သီချင်းဆိုခြင်းအားဖြင့် ဖြစ်စေ၊ ဘုရား၏ အကြောင်း သက်သေခံခြင်းအားဖြင့် ဖြစ်စေ၊ ဘုရားသခင် အတွက် ပေးလှူခြင်းအားဖြင့် ဖြစ်စေ၊ ယုံကြည်သူ၊ မယုံ ကြည် သူများကို ​ကျွေးမွေးခြင်းအားဖြင့် ဖြစ်စေချီးမွမ်းနိင်သည်။ သင်သည် ဘုရားသခင်ကို ချီးမွမ်းသင့်သည့်အတိုင်း ချီးမွမ်းသလော။ သို့မဟုတ် အမြဲအပြစ် တင်သောသူ၊ ညီးတွားသောသူ ဖြစ်သလော။ ယခုမှစ၍ ဘုရားသခင် ထံကျေးဇူးတော် ချီးမွမ်းပါ။ 
 
 
ကယ်တင်ခြင်း

လူ့ဘဝ၌ အရေးကြီးဆုံး သောအရာသည် ကယ်တင်ခြင်း ဖြစ်သည်။ ကယ် တင်ခြင်းသို့ မရောက်သောသူသည် ဤလောက၌ မမွေးလျှင် သာ၍ ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော်သေလျှင် ငရဲသွားရမည် ဖြစ်သည်။ ထို့ကြောင့် လူ့ဘဝ၌ ကယ်တင်ခြင်းထက် အရေးကြီးသောအရာ မရှိတော့ချေ။ လူ့ဘဝသည် အလွန် တိုတောင်းလွန်းသည်။ ကယ်တင်ခြင်းသို့ မရောက်မှီ ခရစ်တော် ကြွလျှင်သော်၎င်း၊ ချက်ချင်း သေဆုံးသွားလျှင်သော်၎င်း၊ ငရဲထဲသို့ ရောက်သွားမည် ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခြင်းခြင်းသို့ ရောက်ဘို့ရန် အလွန် အရေးကြီးသည်။ ထိုကယ် တင်ခြင်း သိနိင်ရန်အပြစ် အကြောင်း အရင်သိဘို့ လိုသည်။ 
 
အပြစ် နှစ်မျိုး

အပြစ် နှစ်မျိုးရှိသည်။ ပဌမနှင့် အရင်းကျသော အပြစ်ကိုမူလအပြစ် သို့မဟုတ် မွေးရာပါအပြစ်ဟု ခေါ်သည်။ မွေးရာပါအပြစ် ဆိုသည်မှာ လူ၏ လုပ် ဆောင်မှုကြောင့် ဖြစ်သည် မဟုတ်၊ အမွေအဖြစ် မွေးစကပင်ရှိနှင့်သော အပြစ် ဖြစ်သည်။ မွေးရာပါအပြစ်နှင့် ပတ်သက်၍ ကျမ်းစာက၊ အ​ကျွန်ုပ်သည် မွေး စကပင်အပြစ် ပါလျက် ရှိပါ၏၊၊ အမိဝမ်းထဲမှာပဋ္ဋိသန္ဓေယူစဉ်ပင်အပြစ် စွဲပါ၏၊၊ ဟုဆိုသည် (ဆာ ၅၁:၅)။ ရှင်ပေါလုကလည်း၊ အပြစ် တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍ အပြစ် တရားအားဖြင့် သေခြင်း တရား ဝင်သည်နှင့် အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက် ရကြ၏။ ဟုဆိုထားသည် (ရော ၅:၁၂)။ 
 
ကျူးလွန်သော အပြစ် 

အခြားသော အပြစ်သည် လူသိများသော ကျူးလွန်သော အပြစ် ဖြစ်သည်။ ထိုအပြစ်သည် အပြစ်သားမှ ပြုလုပ်သော အပြစ် ဖြစ်၍ မွေးရာပါအ ပြစ်၏ အကျိုးဆက် သို့မဟုတ် အသီးအပွင့် ဟုဆိုနိင်သည်။ ကျူးလွန်သော အပြစ်သည် ခိုးခြင်း၊ သတ်ခြင်း၊ လိမ်ညာခြင်း၊ ရန်ဖြစ်ခြင်း၊ မုန်းတီးခြင်း၊ မတရားသော မေထုန်မှီဝဲခြင်းမှ စ၍ လူအပေါ်ပြစ်မှားသော အပြစ်များဖြစ်သည်။ ကျူး လွန်သော အပြစ်ကို လူကသိနိင်သောကြောင့် အလွန် ကြောက်ကြ၊ အရေးထား ကြသည်။ မွေးရာပါအပြစ် မူကား လူကမမြင်နိင်သောကြောင့် ဂရုမစိုက်ကြချေ။ 
 
အပြစ်၏ အခသေခြင်း 

အပြစ်၏ အခကား သေခြင်း ဖြစ်သည် (ရော ၆:၂၃)။ ထို့ကြောင့် သေ နိင်သောသူမှန်သမျှ အပြစ်ရှိသည်။ သို့ဖြစ်လျှင် သေခြင်းသည် မွေးရာပါအပြစ်ကြောင့် လော၊ ကျူးလွန်သော အပြစ်ကြောင့် လောဟူသောအရာကို ဆန်းစစ်ဘို့ လိုသည်။ လူကို အပြစ်သား ဖြစ်စေသောအရာသည် မွေးရာပါအပြစ် ဖြစ်သည်။ ထို့ကြောင့် သေခြင်း ဖြစ်စေသော အပြစ်လည်း မွေးရာပါအပြစ် ဖြစ်သည်။ ထိုအရာမှန်ကန်ခြင်းသည် မိခင် ဝမ်းထဲမှ ခလေးများ၊ ဘာမျှအပြစ် မလုပ်တတ် သေးသော ခလေး များလည်း သေရ ကြသည်။ သူတို့သည် ကျူးလွန်သော အပြစ် မလုပ်ကြပါ၊ သို့သော် သေရ ကြသည်။ ထိုကြောင့် သေတတ်သောသူတိုင်း အပြစ်ရှိသည်။ အပြစ် မရှိလျှင် သေရမည် မဟုတ်။ ထို့ကြောင့် သေခြင်းကို ဖြစ်စေသော မွေးရာပါအပြစ်ကို ဖယ်ရှားရမည်။ သို့သော် လူကမတတ်နိင်ချေ။ ဘုရားသခင်က မည်သို့ ဖယ်ပေးသည်ကို ကြည့်ကြပါစို့။ 
 
အသစ်ဖန်ဆင်းပြီ

 မွေးရာပါအပြစ်ရှိသော လူကို ဘုရားသခင်က ခရစ်တော်၌ ထည့်လိုက်သည်။ ကျမ်းစာက၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။ (၁ ကော ၁:၃၀) ဟုဆိုသည်။ ထို့နောက် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်သတ်လိုက်သည်။ ထိုကြောင့် ရှင်ပေါလုက၊ ငါသည် ခရစ်တော်နှင့်အတူ လက် ဝါးကပ်တိုင်မှာအသေခံ ပြီ (ဂလာ ၂:၂၀) ဟုခြင်း ဖြစ်သည်။ မိတ်ဆွေလည်း ခရစ် တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ ပြီ။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။ အဘယ်ကြောင့်ဆိုသော်မွေးကတည်း ကအပြစ်သား ဖြစ်သော လူသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်မရှင်နိင်ချေ၊ အပြစ် သာလျှင် လုပ် တတ်သည်။ ထိုကြောင့် အဆုံးစီရင်လိုက်ခြင်း ဖြစ်သည်။ သေသွားသော ထိုလူသေကို ခရစ်တော်နှင့်အတူ မြှုပ်နှံလိုက်သည် (ရော ၆:၄)။ ခရစ်တော်နှင့်အတူ ပြန်လည် ထစေသောအခါ လူသစ်အဖြစ် ထမြောက် စေသည် (ရော ၆:၄)။ ထိုလူသစ်သည် ဝိညာဉ်ပိုင်း၌ ဒုတိယ မွေးဘွားသောသူ ဖြစ်သည်။ 
 
လူ၏ အလုပ်ဆောင်ချက် မပါ

ဒုတိယ မွေးဘွားခြင်းသည် ခရစ်တော်အားဖြင့် ဘုရားသခင်၏ လုပ်ဆောင် ချက် ဖြစ်သောကြောင့် အလွန် လွယ်ကူသည်။ ထိုအရာကို သိဘို့ ကိုယ်ခန္ဓာ မွေးဘွားခြင်းကို ကြည့်ဘို့ လိုသည်။ မည်သူမျှ ကိုယ်ခန္ဓာ မွေးဘွားဘို့ရန် မကြိုးစား ကြပါ။ မွေး ဘွားဘို့ရန် မကြိုးစားသည်သာမက သိလည်း မသိပါ။ ကိုယ့်လုပ်ဆောင်မှု မပါဘဲ မိခင်က မွေးဘွားလိုက်သည်။ မွေးဘွားခြင်း ကိုလည်း မခံစား နိင်တော့ချေ။ ကိုယ်ခန္ဓာ မွေးဘွားရန် မိခင် ကအနာခံ၍ သွေးသွန်ရသည်။ ထိုသို့ ကိုယ်ခန္ဓာ မွေးဘွားဘို့ မလုပ်နိင်၊ မသိနိင်လျှင် မည်ကဲ့သို့ ဝိညာဉ်ပိုင်း မွေးဘွားဘို့ လုပ်နိင်၊ သိနိင်မည်နည်း။ ဝိညာဉ်ပိုင်း မွေးဘွားခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်၍ ခရစ်တော် ကအနာခံကာသွေးသွန်းခဲ့သည်။ ​ကျွန်ပ်တို့ ကယုံကြည်ခြင်းအားဖြင့် လက်ခံခြင်း သာလျှင် ဖြစ်သည်။ မိခင်က မွေးဘွားပေးခြင်းကို ယုံကြည် လက်ခံ သကဲ့သို့ ခရစ်တော်အားဖြင့် ဝိညာဉ်ပိုင်း မွေးဘွားခြင်းကို လက်ခံယုံကြည်ဘို့ ဖြစ်သည်။ 
 
ထမြောက် စေပြီ

​ကျွန်ပ်တို့၏ လူဟောင်းကို သေစေ၍ မြှပ်နှံပြီးသော နောက်အသစ်သော အသက်တာဖြင့် ထမြောက် စေကြောင်းကို ရှင်ပေါလုက ဤသို့ ရေးထားသည်။ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူပြီ။ ဟုဆိုသည် (ဧဖက် ၂:၆)။ တဖန်၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော် ဘက်မှာ ခရစ် တော်သည် ထိုင်နေတော်မူ ရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။ မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ (ကော ၃:၁-၂) ဟုဆိုထားသည်။ ဤထ မြောက်ခြင်းသည် အိပ်ရာမှထမြောက် ခြင်းကို ဆိုလိုသည် မဟုတ်၊ သေရာမှ၊ သင်္ချိုင်းမှထမြောက်ခြင်း ဖြစ်၍ ဝိညာဉ်အားဖြင့် ထမြောက် ခြင်းကို ဆိုလိုသည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့်သာ လက်ခံရမည်။ ထိုသို့ ထမြောက်သောအခါ ကောင်းကင် အရပ်၌ နေရာပေးပြီ ဟုဆိုသည်။ ထိုကြောင့် ထိုအရာကို ယုံ ကြည်သောသူများသည် ကောင်းကင်၌ နေရာမဲ့ ဖြစ်မည် မဟုတ်။ 
 
ကောင်းကင်နိင်ငံသား ဖြစ်ပြီ

ခရစ်တော်နှင့်အတူ ထမြောက်သောသူများသည် ကောင်းကင်နိင်ငံ သားများဖြစ်ပြီ။ ကျမ်းစာက၊ ငါတို့ ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက် ရှိ၏။ (ဖိလိပ္ပိ ၃:၂၀) ဟုဆိုသည်။ ထိုကျမ်းပိုဒ်ကို အချို့သော အင်္လိပ်ကျမ်းစာများ၌ ဤသို့ တွေ့ရသည်၊ “ကြအ သကမ ခငအငဖနညျ့ငစ ငျ ငည့နလေနည” ငါတို့သည် ကောင်းကင်နိင်ငံသားများဖြစ်ကြပြီ ဟုဆိုသည်။ ထို့ကြောင့် ယုံကြည်သူများသည် ကောင်းကင်နိင်ငံသားများဖြစ်ကြပြီ။ သို့ဖြစ်လျှင် မြေကြီး ပေါ်၌ မည်သို့ဖြစ်သနည်း။ ဧည့်သည်များဖြစ် ကြသည်။ ​ကျွန်ပ်လည်း မြန်မာနိင်ငံသား အဖြစ် မွေးဘွားခဲ့သည်။ အမေရိကန်ပြည်သို့ ရောက်၍ အမေရိကန်နိင်ငံသား ခံယူလိုက်သောအခါ မြန်မာနိင်ငံသား မဟုတ်တော့ချေ။ အမေရိကန်နိင်ငံသား ဖြစ်သွားသည်။ အမေရိကန်နိင်ငံသား ဖြစ်ဘို့ရန် အသား အရေ မပြောင်းလဲပါ။ အင်္လိပ်စကားလည်း မတတ်ပါ။ သို့သော် အမေရိကန်နိင်ငံလဝက ရုံးမှနိင်ငံသား အဖြစ်သတ်မှတ်လိုက်သောအခါ ရောက်လေရာရာနိင်ငံ၌ အမေရိကန်နိင်ငံသား အဖြစ် လက်ခံ ကြသည်။ ထို့နည်းတူ ကောင်းကင်နိင်ငံအရှင်ဘုရားသခင်က ယုံကြည်သူကို ကောင်းကင်နိင်ငံသား အဖြစ် လက်ခံလိုက်ခြင်း ဖြစ်သည်။ 
 
 ဤလောက၌ ဧည့်သည် 

ကောင်းကင်နိင်ငံသည် ယုံကြည်သူများ၏ နိင်ငံ ဖြစ်သည်။ ဤလောက မြေကြီးသည် ခရီး သွားသော နေရာ ဖြစ်သည်။ ထို့ကြောင့် ရှင်ပေတရုက၊ လူမျက် နှာကို မငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည် ဖြစ်စဉ်ကာလ ပတ်လုံးကြောက် ရွံ့သော စိတ်နှင့် ကျင့် နေကြလော။ (၁ ပေ ၁:၁ရ) ဟုဆိုရခြင်း ဖြစ်သည်။ ဧည့်သည်သည် ဧည့်သည် ကဲ့သို့ နေသင့်သည်။ ဧည့်သည်သည် အိမ်ရှင်ကဲ့သို့ နေလျှင် မသင့်တော်ချေ။ ဧည့်သည်သည် ဧည့်ခန်းမှာဘဲ နေပြီး အိမ်ရှင်ကခေါ်မှသာလျှင်မီးဖုိချောင်၌ ထမင်းစားနိင်သည်။ မည်မျှပင်ဆာသော်လည်း အိမ်ရှင်ကမခေါ် မချင်းထမင်းမစားနိင်ချေ။ အိမ်ရှင်​ကျွေးသမျှလည်း ကောင်းသည် ဟုဆိုတတ်သည်။ ဧည့်သည်သည် အကြမ်းပတမ်းခံနိင်သည်။ ယုံကြည်သူများလည်း ဤလောက၌ အိမ်ရှင် မဟုတ်ကြပါ။ ဧည့်သည်များဖြစ်သောကြောင့် လောက၌ ခက် ခဲမှုကို ခံနိင်ရည်ရှိရမည်။ အိမ်ရှင်ကဲ့သို့ မနေသင့်တော့ချေ။ 
 
ကြီးထွားရင့်ကျက်ရမည်

ခလေး မွေးဘွားသောအခါ မွေးဘွားရုံဖြင့် မပြီးပါ၊ ကြီးထွားရင့်ကျက်ဘို့ လိုသေးသည်။ ခလေး မကြီးထွားလျှင် ခလေး ကိုယ်တိုင် ဘာမျှ မသိသော်လည်း မိဘများစိတ်ဆင်းရဲ ရသည်။ ထိုအပြင် ခလေး မကြီးထွားလျှင် တချိန်လုံးကြည့်ရှုစောင့် ရှောက်ဘို့ လိုမည်။ ထိုကြောင့် မွေးဘွားရုံဖြင့် မပြီး သေးပါ။ ဝိညာဉ်ပိုင်း၌လည်း မွေး ဘွားရုံဖြင့် မပြီး သေးပါ။ မွေးဘွားခြင်းသည် အစသာလျှင် ဖြစ်သေးသည်။ ကြီးထွားရင့်ကျက်ဘို့ လိုသည်။ ကိုယ်ကာယအားဖြင့် လူကြီး ဖြစ်သော်လည်း ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်နေလျှင် ပြသနာများလွန်းသည်။ ထိုကြောင့် ဝိညာဉ်ပိုင်း၌ ကြီးထွားဘို့သည် လိုအပ်သောအရာ ဖြစ်သည်။ ဝိညာဉ်ပိုင်းကြီး ထွားရန်အချက်လေးချက်လို အပ်သည်။ (၁) ဝိညာဉ် အစာ တည်းဟူသော နှုတ်ကပတ်တော် ဖတ်ရှုလေ့လာ ရမည်။ (၂) ကျန်းမာရမည်။ နေမကောင်း ဖြစ်နေလျှင် ခလေး မကြီးထွားနိင်ချေ။ ဝိညာဉ်ပိုင်းနေမကောင်းခြင်းသည် အပြစ်ကြောင့် ဖြစ်သည်။ ထိုကြောင့် အပြစ် မလုပ်ရ၊ လုပ်လျှင်လည်း နောင်တရ၍ အပြစ် ဝန်ချတောင်းပန်ရမည်။ (၃) အနား ယူအိပ်စက်ရမည်။ ခလေး ငယ်လေလေအအိပ်များ လေလေ ဖြစ်သည်။ ဝိညာဉ်ပိုင်းအိပ်စက်ခြင်းသည် ဘုရားသခင်၌ အမှီပြုခြင်း ဖြစ်သည်။ အရာခပ်သိမ်း၌ စိုိးရိမ်ခြင်း မရှိဘဲ ဘုရားသခင်ကို အားကိုးရမည်။ (၄)အချိန် စောင့်ရမည်။ ခလေး ကြီးထွားဘို့ရန်အချိန် စောင့်ဘို့ လိုသည်။ နေ့ချင်းညချင်းကြီး ထွားနိင်သည် မဟုတ်။ ဝိညာဉ်ပိုင်း၌လည်း စိတ်ရှည်လက်ရှည်ဖြင့်အချိန် စောင့်ဘို့ လိုသည်။ 
 

ကျန်းမာသော အသင်းတော် 
 ကျန်းမာသော အသင်းတော်သည် အလွန် အရေးကြီးသည်။ အဘယ်ကြောင့် အသင်းတော်သည် ကျန်းမာဘို့ လိုသနည်းဟူမူကား အသင်းတော် ကျန်း မာမှ အသင်းသားများကြီး ထွားရင့်ကျက်လာမည်။ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများလည်း ဆွဲဆောင်နိင်မည်။ ဘုရား ဘုန်းတော်လည်း ထင်ရှားနိင်မည်။ အသင်းတော် ကျန်းမာခြင်းသည် မည်သို့ သိနိင်သနည်း။

ကျန်းမာသော အသင်းတော်သည်၊ 

၁။ အသင်းသား အချင်းချင်းချစ်ခင် ကြမည်။ အသင်းသား အချင်းချင်း၌ ချောင်း မြောင်းခြင်း အပြစ် ရှာခြင်း မရှိ၊ ဟန်ဆောင်ခြင်း မရှိ၊ ပွင့်လင်းစွာ ပြောဆို ဆက်ဆံ နိင်မည်။ 

၂။ အသင်းသား တယောက် ဘုရားကျောင်းနှင့် မိဿဟာယ၌ မလာနိင်လျှင် ချက်ခြင်း ဂရုစိုက်မည်။ သူ၏ လိုအပ်ချက်ကို တတ်နိင်သမျှ ကူညီမည်။ စိတ်ဆိုး စိတ်ကောက်လျှင်လည်း ချက်ခြင်း ​ ဖြေရှင်းမည်။ 

၃။ အသင်းတော် အစည်းအဝေးရှိလျှင်လည်းရှည်ရှည်ဝေးဝေးမရှိ၊ ခဏလေးအတွင်းမှာ ပြီးစီးသွားမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် လုပ်ထုံးလုပ်နည်းဥပဒေများကို အဓိကမထားချေ။ အကြောင်းမူကား အသင်းသား အချင်းချင်းချစ်ခင် ကြ၍ အမြင်ခြင်း တူညီ၊ အကြိုက်ခြင်း တူညီ၊ လုပ်ချင်သောအရာ တူညီသောကြောင့် တယောက်နှင့် တယောက် ငြင်းခုံနေစရာ မလိုချေ။ ထိုကြောင့် တယောက် ကအကြံရှိသောအရာကို အခြားလူများက ချက်ခြင်း ထောက်ခံနိင်သည်။ အကြံမကောင်းလျှင်လည်း ချက်ခြင်းရုပ်သိိမ်းနိင်သည်။ 

၄။ သင်းအုပ်ဆရာကို အသင်းသားများက မကြောက်ဘဲ ချစ်ခင် ရိုသေသည်။ သင်း အုပ်ဆရာ၏ အလိုကို လိုက်သော်လည်း ကြောက်၍ မဟုတ်၊ လေးစား၍ သော်၎င်း၊ ဝိညာဉ် သဘော ရှိ၍ သော်၎င်းလိုက်ခြင်း ဖြစ်သည်။ သင်းအုပ်ဆရာကအမိန့်အာဏာမသုံးသောကြောင့် အသင်းသားများကဖခင်ကဲ့သို့ ဆက်ဆံသည်။ အသင်းအုပ်ဆရာမရှိခရီး သွားသောအခါ ပြသနာ မရှိ။ 

၅။ အသင်းသား အတွင်း၌ အုပ်စုမရှိ၊ အားလုံး သည် တလုံးတဝတည်း ဖြစ်သည်။ ထိုကြောင့် တယောက်နှင့် တယောက် အတင်း ပြောစရာ မရှိ။ အုပ်စုမရှိသောကြောင့် အ ကြံတမျိုးတည်းသာ ဖြစ်သည်။ 

၆။ ဒုတိယ မွေးဘွားခြင်း ခံရ၍ ဝိညာဉ်ပိုင်း၌ ကြီးထွားရင့်ကျက်သော အသင်းတော်၊ ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံသောကြောင့် ဘုရားသခင်၏စိတ်သဘောကို ခံယူသောသူများ ဖြစ်၍ ဝိညာဉ်များကို ချစ်သည်။ ဝိညာဉ်များကို ချစ်သည် ဟုဆိုရာတွင် ပျောက်ဆုံးသော ဝိညာဉ်များကို သနား၍ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် သွန်သင်သည် ဆုတောင်း ပေးသည်။ ပျောက်ဆုံးသော ဝိညာဉ်များ၊ အသင်းတော် အတွင်း၌ ဖြစ်စေ၊ အပြင်ဘက်၌ ဖြစ်စေဖမ်းသည်။ ထိုကြောင့် အပတ်တိုင်း ကယ်တင်ခြင်းသို့ ရောက်သောသူများ တိုးလာ၍ သက်သေခံသောသူများရှိသည်။ ဗတ္တိဇံပေးစရာလည်း အမြဲတမ်းရှိသည်။ အစည်းအဝေးတိုင်း၌ လူသစ်ဧည့်သည်များရှိသည်။ ဝတ်ပြု အစည်းအဝေး၌ အသင်းသား ဦးရေထက် ၁၀မှ ၂၀ ရာခိုင်နှုန်းပိုများမည်။ ဥပမာ အသင်းသား ဦးရေ ၁၀၀ ရှိလျှင် ဝတ်ပြုစည်းဝေးသောသူသည် ၁၂၀ ရှိသည်။ 

၇။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ၌ ဝိညာဉ်ရေးရာနုနယ် သေးသောသူများကိုလည်း ဂရုစိုက်၍ ကြီးထွားရင့်ကျက်ဘို့ အတွက် သင်တန်းများ၊ အစီအစဉ်များ ပြုလုပ် ပေးသည်။ 

၈။ အသင်းတော်သည် စကား ထိန်းသိမ်းသော နေရာ မဟုတ်၊ လူမျိုးထိန်းသိမ်းစုစည်းသော နေရာ မဟုတ်ကြောင်းကို အသင်းသားများကောင်းစွာ သိသည်။ စကားနှင့် လူမျိုးထက် ဘုရားသခင်၏ အလိုတော် ဖြစ်သော သမ္မာတရားကိုသာလျှင် အဓိကထားသောကြောင့် အသင်းတော် အထဲ၌ လူမျိုးပေါင်းစုံ၊ စကား ပေါင်းစုံပါဝင်စုစည်းသည်။ လူ့အ ကြိုက်ထက် ဘုရား အကြိုက်ကို ဦးစားပေးသည်။ 

၉။ ရိုးရာဓလေ့များကို စွန့်လွှတ်သည်သာမက လုံးဝ သတိမရတော့ပါ။ ထို့ထက် ဘုရားသခင်၏ အလိုတော်ကိုသာ ဦးစားပေးသည်။ 

၁၀။ အသင်းတော်၌ ပျော်ရွှင်ဘို့ ပွဲများ လုပ်သည်ထက် မည်ကဲ့သို့ လူများ စွဲ ဆောင်နိင်မည်ကိုသာလျှင် အဓိကထားသည်။ ထို့ကြောင့် သီချင်းဆိုလျှင်လည်း ဘုရားသခင်ကို တကယ် ချီးမွမ်း ကြသည်။ သမ္မာတရား ကိုလည်း တန်ဘိုး ထား၍ ကြားနာလို ကြသည်။ ဧည့်သည်များကိုလည်း ဦးစားပေးသည်။ 

၁၁။ လှူဒါန်းသောအခါ၌လည်း နာမည်ရဘို့ မဟုတ်သောကြောင့် လှူိ့ဝှက်စွာ လှူသည်။ လူများ၏ ချီးမွမ်းခြင်းထက် ဘုရား၏ ချီးမွမ်းမည့် အရာကိုမျှ ော်လင့်သည်။ 

၁၂။ အသင်းတော် အတွင်း၌ ဂုဏ်ပြိုင်ခြင်း မရှိ၊ ရန်ဖြစ်ခြင်း မရှိ၊ ကွဲပြားခြင်း မရှိ။ 

၁၃။ ဧဝံဂေလိ လုပ်ငန်းလည်း အသင်းသား တိုင်းကအချိန်မရွေး လုပ်ဆောင် ကြသည်။ 
 
 
အသင်းတော်အမျိုးမျိုး 

ခရစ်တော်က၊ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ (မ ၁၆:၁၈) ဟုဆိုသော်လည်း ယခုအခါ ကမ္ဘာပေါ်ရှိ အသင်းတော် အားလုံး ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ခရစ်တော် ကမပိုင်တော့ဘဲ စာတန်က ယပိုင်ဆိုင်ကာ ကြိုက်သလို ဦးဆောင်နေပြီ ဖြစ်သည်။ ထို့ကြောင့် အသင်းတော် များသည် ပိုင် ရှင် ခရစ်တော် အလိုတော်အတိုင်း မလုပ်တော့ဘဲ လူ့အကြိုက်ကိုသာ လုပ် ဆောင် ကြသည်။ အသင်းတော် များသည် အမျိုးမျိုး ဦးစားပေးလုပ်ဆောင် နေကြကြောင်း အောက်ပါကဲ့သို့ တွေ့ရသည်။ မိတ်ဆွေ၊ သင်၏ အသင်းတော်သည် မည်ကဲ့သို့သော အသင်းတော် ဖြစ်ကြောင်းကို သေချာစွာ စစ်ဆေးဘို့ လိုနေပြီ။ အကြောင်းမူကား ဘုရား အလိုတော် မရှိသော အသင်းတော်၌ ပါဝင်ခြင်းအားဖြင့် ကိုယ်တိုင် အတွက် အကျိုးမရှိရုံသာမက အခြားသူများ အတွက်လည်း အကျိုးမရှိချေ။ 
 
မသာ အသင်းတော် 

များစွာသော အသင်းတော် များသည် အသက် မရှိဘဲ သေ နေကြသည်။ သေနေသော အသင်းတော်သည် အသက် မရှိသောကြောင့် တနေ့တခြား လူနည်း လာသည်။ အသက် ကြီးသော အဘိုးကြီးများ၊ အဘွားကြီးများသာဘုရားကျောင်း တက် ကြသည်။ ထိုသို့သော အသင်းတော်များ၌ လူငယ်နှင့် လူလတ်ပိုင်း၊ ခလေးများမရှိသောကြောင့် ​ခြောက်ကပ်နေသည်။ 
 
လူမျိုးရေး အသင်းတော် 

နိင်ငံခြားရောက် မြန်မာနိင်ငံမှတိုင်းရင်းသား များသည် လူမျိုးရေး အသင်းတော်များကို တည်ထောင် ကြသည်။ ထိုအသင်းတော် များသည် ခရစ်တော်၏ အလိုတော်ထက် မိမိလူမျိုးထိန်းသိမ်းရေး၊ စကားနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးသည် အဓိကထားသောအရာ ဖြစ်သည်။ ထိုကြောင့် ကိုယ့်လူမျိုးစကားနှင့် မပြောလျှင် စိတ် ဆိုး ကြသည်။ ကိုယ့်လူမျိုးနှင့် စကားသည် ဘုရား ပေးထားသည် ဟုဆို ကြသည်။ မှန်ပါသည်၊ စကားသည် ဘုရား ပေးထားသည်။ သို့သော် ဗာဗုလုန်ရဲတိုက်ဆောက် သောကြောင့် စုစည်း၍ မရအောင်၊ ကွဲပြားဘို့ ပေးထားကြောင်း သူတို့ မသိကြချေ။ အသင်းတော်သည် ကောင်းကင်နိင်ငံရောက်ဘို့ အကြောင်း သင်ပေးရမည် ဖြစ်သည်။ သို့သော် လူမျိုးရေး အသင်းတော်၌ ကောင်းကင်နိင်ငံရောက်မည့် အရေးသည် အရေးမကြီးပေ။ ထိုအရာထက် ကိုယ့်လူမျိုး၊ ကိုယ့်စကား ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးသည်ဟု ယူဆကြသည်။ 
 
လူမှုရေး အသင်းတော် 

လူမှု ရေး အသင်းတော်သည် အသင်းသား များ၏ လူမှုရေးကို အဓိကထား၍ တည်ထောင်သော အသင်းတော် ဖြစ်သည်။ သာရေး၊ နာရေး၌ အကူအညီပေး ဘို့ရန် ရည်ရွယ်၍ ဖွဲ့ထားသော အသင်းတော် ဖြစ်သည်။ အသင်းတော် ကအသင်းသားများအလုပ်အကိုင်ရှာဖွေ ပေးခြင်း၊ ရုံးချိန်းရာတွင် စကားပြန် ခြင်းနှင့် သယ်ပို့ခြင်း၊ သေဆုံးသောအခါ နှစ်သိမ့်ခြင်းနှင့် ကုန်ကျစရိတ်များကို တာဝန် ယူခြင်းသည် အဓိက ဖြစ်သည်။ ထိုသို့သော အသင်းတော်၌ တမလွန်ဘဝသည် သဘော တရား မျှသာ ဖြစ်သည်။ ယခုလောလောဆယ်အကူအညီရရှိရေးသည် အဓိက ဖြစ်သည်။ ကောင်းကင်နိင်ငံရောက်မည့် အရေးထက်လောက၌ အစဉ်ပြေရေး၊ တိုးတက်ရေးသည် အလွန် အရေးကြီးသည်။ 

အပျော်အပါး အသင်းတော် 

အပျော်အပါး အသင်းတော်သည် ပျော်ပါးဘို့ သာလျှင် အဓိက ဖြစ်သည်။ ထိုအသင်းတော် မျိုးသည် သီချင်းဆိုပွဲများ၊ ပျော်ပွဲစားထွက်ခြင်း၊ လေ့လာရေး ခရီးစဉ်၊ စားသောက်ပွဲ၊ စျေးရောင်းပွဲ၊ အခြားသော အသင်းတော် များနှင့် မိဿ ဟာယဖွဲ့ခြင်း၊ အဆိုတော်များခေါ်ဘိတ်ခြင်း၊ ပြဇတ်များ လုပ်ခြင်းများမကြာခဏ ပြုလုပ် တတ်ကြသည်။ ထိုအသင်းတော်၌ ကယ်တင်ခြင်းသို့ ရောက်ရှိရေးသည် အရေးမကြီးချေ။ ထိုကြောင့် ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်းသည် လုံးဝ နားမလည်ချေ။ သခင်ဘုရား၏ အလိုတော်သည် လုံးဝ မသိ၊ ဂရုလည်း မစိုက်၊ အသင်းသားများပျော်ရွှင်ရေးသာလျှင် အရေးကြီးသည်။ စည်းလုံး၍ ချစ်ခင် ကြသော်လည်း ကယ် တင်ခြင်းသို့ မရောက်ကြသောကြောင့် စည်းစည်းလုံးလုံးလေးဖြင့် ငရဲထဲသို့ ဆင်း သွားကြမည်။ 
 
ဂိုဏ်းဂဏ အသင်းတော် 

အချို့သောသူများသည် မိဘလက်ထက် မှဆက်ခံသော ဂိုဏ်းဂဏကို စွဲ လန်း၍ အသင်းတော်ကို တည်ထောင် ကြသည်။ ယုံကြည်ခြင်းမှ န်မမှန်ကို မစစ်ဆေး ကြချေ။ ငယ်စဉ်ကတည်း ကလုပ်လေ့ရှိသော လုပ်ထုံးလုပ်နည်းကိုသာလျှင် အဓိက ထားသောကြောင့် သမ္မာတရားကို ပင်ငြင်းပယ် ကြသည်။ ထိုအသင်းတော်၌ သမ္မာ တရားမဟောကြောင်း သိနေလျှင်လည်း ဂိုဏ်းဂဏကို စွဲလန်းစိတ်ကနိင်သောကြောင့် ပြောင်းလဲချင်သော စိတ်မရှိကြချေ။ 
 
ခလေး အသင်းတော် 

ခလေး အသင်းတော်သည် အသက်ရှင်သော်လည်း ဝိညာဉ်ရေးရာ၌ ခလေး ဖြစ်သောကြောင့် အလုပ်မလုပ်နိင်ချေ။ တချိန်လုံးကြည့်ရှုစောင့်ရှောက်ဘို့ လိုသည်။ ပြသနာလည်းများ၍ ရှုပ်ထွေးတတ်သည်။ ကောရိန်သု အသင်းတော်သည် ခလေး အသင်းတော် ဖြစ်သည်။ ထိုသို့သော အသင်းတော်၌ အလုပ်မလုပ်နိင်ချေ။ ခလေး အသင်းတော်သည် ဝိညာဉ်များကို ချစ်စိတ်မရှိ၊ ဧည့်သည်များကို ဂရုမစိုက်ချေ။ ဧည့်သည် ရှိလျှင် ရှုပ်သည်ဟု မြင်ကာဧည့်သည်ကို လက်မခံတတ်ကြချေ။ ထိုကြောင့် ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ အရေးသည် အလွန် ဝေးသောအရာ ဖြစ်သည်။ ဘုရားသခင်၏ အလိုတော် ဆောင်ဘို့ထက် မိမိတို့ ဆန္ဒဖြည့်ဘို့သည် အရေးကြီးသည်။ ခလေးများကို အလုပ်လုပ်ဘို့၊ အသက်တာပြုပြင်ဘို့ ပြောသော်လည်း အချည်းနှီး ဖြစ်သကဲ့သို့ ခလေး အသင်းသား များသည် ပြောသောသူကို မုန်းလာသည်။ 
 
သီချင်း အသင်းတော် 

အချို့သော အသင်းတော် များသည် သီချင်းကိုသာ အသား ပေးသော အသင်းတော်များရှိသည်။ ထိုအသင်းတော်များ၌ တူရိယာနှင့် သီချင်းသည် သာလျှင် အဓိက ဖြစ်သည်။ သီချင်းဆိုသောအခါ အလွန် တက်ကြွတတ်ကြသည်။ သို့သော် သမ္မာတရား ဟောပြောသောအခါ နားမထောင်ကြ၊ သို့မဟုတ် စိတ်မဝင်စားတတ်ကြချေ။ ထိုအသင်းတော်၌ သမ္မာတရား အဓိက မဟုတ်သောကြောင့် ပျော်ရွှင်မှုနှင့် လူ့အကြိုက်အားဖြင့်သာ သွား ကြသည်။ ဘုရား၏ အလိုတော်ကို နားမလည် ကြချေ။ ဘုရားသခင်က၊ သင်တို့ သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုး သံကို ငါနား+ငီးလှ၏။ (အာမုတ် ၅:၂၃) ဟူသောအရာကို နားမလည် ကြချေ။ သီချင်းသည် အလွန် ကောင်းသည်။ သို့သော် လောကသား များလည်း သီချင်းအားဖြင့် အလွန်စွဲဆောင်နိင်သည်။ 
 
၀ိညာဉ်တော် အသင်းတော် 

များစွာသော အသင်းတော် များသည် ဝိညာဉ်တော်ကိုသာ ဦးစားပေး၍ ဘာမဆို သန့်ရှင်းသော ဝိညာဉ်တော်ဟု ခံယူ ကြသည်။ ဝိညာဉ်သည် နှစ်မျိုးရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် မသန့်ရှင်းသော ဝိညာဉ် သို့မဟုတ် နတ်ဆိုး ဝိညာဉ်တို့ ဖြစ်သည်။ ဤ အသင်းတော်သည် ကျမ်းစာက သတိပေးထားသောအရာကို နားမထောင်။ ကျမ်းစာက၊ ချစ် သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် စပ်ဆိုင်သည်ကို စုံစမ်း ကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ။ (၁ ယော ၄:၁) ဟုဆိုသော်လည်း မစစ်ဆေးကြ၊ ဝိညာဉ် တိုင်းသည် သန့်ရှင်းသည်ဟု လက်ခံ ကြသည်။ ခရစ်တော်က၊ အတွင်း၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ ထို သူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောကို သိကြလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်း မသိ။ အဓမ္မအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထို သူတို့အား အတည့်အလင်း ငါပြောမည်။ (မ ရး၁၅၊ ၂၂-၂၃)ဟု သတိပေးသော်လည်း နားမထောင်ကြချေ။ အကြောင်းမှာ နတ်ဆိုး ဝိညာဉ် များ၏ လှည့်ဖျားမှုနှင့် မိမိဆန္ဒသည် ခရစ်တော် စကားထက် နားထောင် သောကြောင့် ဖြစ်သည်။ 
 
လေဖြတ် အသင်းတော် 

အချို့ အသင်းတော် များသည် လေဖြတ် အသင်းတော်များဖြစ် ကြသည်။ ထိုအသင်းတော် များသည် သမ္မာတရားကို များစွာ ကြားသော်လည်း လက်တွေ့ အသုံးမပြုသောကြောင့် ဝိညာဉ်ပိုင်းအဆီပိတ်၍ လေဖြတ်သောကြောင့် အလုပ် မလုပ်နိင်ကြချေ။ ဘုရားကျောင်းမှန်မှန်တက်သော်လည်း ပျောက်ဆုံးဝိညာဉ် မဖမ်းနိင်ကြ၊ ဝိညာဉ်များကို မချစ်သောကြောင့် ဂရုမစိုက်ကြချေ။ ထိုသို့သော အသင်းတော် များသည် လေဖြတ် အသင်းတော် ဖြစ်သည်။ 
 
ရောနှောသော အသင်းတော် 

ရောနှောသော အသင်းတော်သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာ တရားကို သိသော်လည်း လူမျက်နှာကို ထောက်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်သောသူများကိုအား နာခြင်း၊ မှားယွင်းသော ဩဝါဒကို သိသော်လည်း လက်ခံခြင်း ပြုသော အသင်းတော်များဖြစ်သည်။ ယခုခေတ်တွင် ထိုသို့သော အသင်းတော် များသည် အလွန် တိုးပါွးလာ ကြသည်။ 
 
အသက်ရှင်လှုပ်ရှားသော အသင်းတော် 

အသက်ရှင်၍ လှူပ်ရှားသော အသင်းတော်သည် ဘုရားသခင်၏ အလိုတော် တည်းဟူသော ပျောက်ဆုံးဝိညာဉ် များဖမ်း၍ သမ္မာတရားကို သိကာ သမ္မာတရား အတိုင်း အသက်ရှင်သည်။ ခရစ်တော်၏ ရည်ရွယ်ချက်အတိုင်း ကောင်းကင် တံခါးသော့ကို လူတိုင်း အတွက် ဖွင့်ပေး၍ ညွှန်ပြသည်။ ငရဲလမ်းကိုလည်း ပိတ်စို့ထားသည်။ ထို့သို့သော အသင်းတော်၌ ဝိညာဉ် ခလေးများအဆက် မပြတ် မွေးဖွားသည်။ ဝိညာဉ်လူငယ်များ၊ ဝိညာဉ်လူပျိုအပျိုများ၊ ဝိညာဉ်လူကြီးများစသည်ဖြင့် ဝိညာဉ်ပိုင်းအရွယ်စုံရှိသည်။ ဘုရားဝတ်ပြုခြင်းလည်း အသက် ဝင်လှုပ်ရှား၍ ဘုရား၏ ကောင်းကြီး ခံစားသော အသင်းတော် ဖြစ်သည်။ ထိုအ သင်းတော်၌ ဘုရား လုပ်ခိုင်းသော အရာများကို ဦးစားပေး၍ လုပ်ဆောင်သမျှသည် ဘုရား ဘုန်းတော် ထင်ရှားဘို့ ရာသာလျှင် ဖြစ်သည်။ 
 
နေမကောင်းသော အသင်းတော် 

နေမကောင်းသောသူသည် သေသည် မဟုတ်၊ လေဖြတ်သည်လည်း မဟုတ်။ အခိုက်အတန့်အားဖြင့် အလုပ်မလုပ်နိင်၊ မစားမသောက်နိင်သောသူ ဖြစ်သည်။ ထိုအရာသည် ကိုယ်ခန္ဓာ၌ ရောဂါရှိသောကြောင့် ဖြစ်သည်။ ထိုလူနာကို အနာရောဂါကုသလိုက်သောအခါ နဂုိအတိုင်း ပြန်လည်နေကောင်း၍ အလုပ် လုပ်နိင်သည်။ ထိုနည်းတူ အသက်ရှင်သော အသင်းတော်သည်လည်း အပြစ်ကြောင့်သော်၎င်း၊ ဇာတိကြောင့်သော်၎င်း၊ နေမကောင်း ဖြစ်ကာအလုပ်မလုပ် နိင်ချေ။ ထိုအပြစ်များကို ဘုရား ထံ၌၎င်း၊ အချင်းချင်း၌၎င်းဝန်ချတောင်းပန်သောအခါ ပြန်လည်နေကောင်းလာ၍ ဝိညာဉ်ပိုင်း၌ အလုပ်ပြန်လုပ်နိင်သည်။ 
 
ကျန်းမာသန်စွမ်းသော အသင်းတော် 

ကျန်းမာသန်စွမ်းသော အသင်းတော်သည် အလွန် ကောင်းသည်။ ကျန်း မာသောသူသည် ရောဂါလည်း မရှိ၊ နာခြင်း၊ အားနည်းခြင်း မရှိ၊ အလုပ်လုပ်နိင် သောသူ ဖြစ်သည်။ ထိုနည်းတူ အသင်းတော်၌ အနာရောဂါ တည်းဟူသော အပြစ် မရှိ၊ အသင်းသား အတွင်း၌ စိတ်နာခြင်း မရှိ၊ ဝိညာဉ် အားနည်းခြင်းလည်း မရှိလျှင် ကျန်းမာသော အသင်းတော် ဖြစ်သည်။ ထိုသို့သော အသင်းတော်သည် အလုပ် လုပ်သောကြောင့် ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက်သဖြင့် အသင်းသား ဦးရေလည်း တနေ့တခြား တိုးတက်လာသည်။ 
 
မည်သည့် အသင်းတော်၌ ပါသင့်သနည်

ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော အသင်းတော်များသိရှိရပြီ။ သင်၏ အသင်း တော်သည် မည်သည့် အသင်းတော် မျိုး ဖြစ်သနည်းဟူသောအရာကို ပဌမ ဦးစာ သိဘို့ လိုသည်။ ကိုယ့် အသင်းတော်၏ အ​ခြေအနေကို မသိလျှင် မည်သို့ မျှအ​ခြေ အနေကောင်းလာနိင်မည် မဟုတ်။ သင်၏ အသင်းတော်သည် သခင်ဘုရား၏ အလိုတော်ကို အဓိကမထားလျှင် ပြုပြင်ဘို့ ကြိုးစားရမည်။ မရလျှင် သူတို့ အထဲမှ ထွက်၍ အသက်ရှင်သော၊ သမ္မာတရား သိသော၊ သမ္မာတရား၌ ကျင်လည်သော အသင်းတော်၌ ပါဝင်သင့်သည်။ 
 

ယုံကြည် သူများ၏အ​ခြေအနေ
 

မြန်မာနိင်ငံ၌ ၁၉ရဝ မတိုင်မှီတွင် သမရိုးကျ အသင်းတော်များသာလျှင် ရှိ၍ အမှုတော်ဆောင်လည်း သင်းအုပ်ဆရာများသာလျှင် ရှိခဲ့ကြပါသည်။ ထိုကာလ၌ ဧဝံဂေလိ ဆရာ၊ သာသနာ ပြုဆရာများ မရှိကြပါ။ ကျမ်းစာကျောင်းလည်း အနည်းငယ်သာလျှင် ရှိခဲ့သည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉ရဝ နောက် ပိုင်းတွင် နိုးထမှုများရှိလာ၍ အသင်းတော်၏ အစီအစဉ် လုံးဝ မပါသည်သာမက၊ တား မြစ်သည့် အကြားမှ ဧဝံဂေလိ ဆရာများ ပေါ်ပေါက်ကာ ကယ်တင်ခြင်း သတင်းကောင်းကို နေရာအနှံ့ဟောပြောကြပါသည်။ အသင်းတော် အတွင်း၌ ဖြစ်စေ၊ လူနေအိမ်များ၌ ဖြစ်စေကျမ်းစာ သင်တန်းများ၊ Crusade များပြုလုပ်လာ ကြသည်။ အစ၌ တရား ဟောခြင်းများသာလျှင် လူကြိုက်များသော်လည်း နောက်ပိုင်းတွင် ကျမ်းစာ သင်တန်းများကို ပို၍ အားရလာ ကြသည်။ Crusade  ပြုလုပ်သောအခါ အနည်းဆုံးတစ်ပတ် လုပ်တတ်ကြပြီး ည၌ တရားဟောခြင်း၊ နေ့ခင်း၌ ကျမ်းစာ သင်တန်းတနေကုန် ပြုလုပ် တတ်ကြသည်။ နောက်ပိုင်းတွင်Crusade စခန်းသွင်းသင်တန်းများ ပြုလုပ်လာ ကြသည်။ 

ထိုအရာအားလုံး သည် အလွန် ကောင်းကြပါသည်။ ပျောက်ဆုံးဝိညာဉ် မြောက် များစွာလည်း ကယ်တင်ခြင်းသို့ ရောက် ကြသည်။ ထိုအရာများ ပြုလုပ် ဘို့ရန် အသင်းတော်များကလည်း ဆုတောင်းခြင်း၊ အလှူငွေများ ကောက်ခံခြင်း၊ အစီအစဉ်များ ပြုလုပ်ခြင်းဖြင့် ပါဝင် ကြသည်။ သို့သော် ထိုအရာများသည် ငွေကုန်ကျေးကျများခြင်း၊ လူတိုင်း ကမလုပ်နိင်ဘဲ အမှုတော်ဆောင်အနည်းငယ်ကသာ လုပ်နိင်ခြင်းကြောင့် အောင်မြင် သင့်သလောက် မအောင်မြင်ချေ။ ယုံကြည်သူများလည်း ငွေကျေးနှင့် ဆုတောင်းခြင်း အားဖြင့်သာ ပါဝင်သောကြောင့် တိုးတက်မှု မရှိကြချေ။ 
 ထိုအားနည်းချက်များကို ကျော်လွှားနိင်ရန် ယုံကြည်သူတိုင်း ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း၌ ပါဝင်ဘို့ လိုအပ်သည်။ ထိုသို့ ယုံကြည်သူတိုင်း ဝိညာဉ် ဖမ်းခြင်း၌ ပါဝင်နိင် ရန်မှာ အမှုဆောင်များကိုယ်တိုင် ဝိညာဉ် ချစ်၍ ဖမ်းတတ်ဘို့ လိုလာသည်။ သို့မှသာ ယုံကြည်သူများကို ပုံသက်သေပြ၍ ဦးဆောင်နိင်မည် ဖြစ်သည်။ 

ယုံကြည်သူများအဘယ်ကြောင့် ဝိညာဉ်ပိုင်း၌ အားနည်း၍ မကြီးထွားနိင်ဘဲ ခလေး ဘဝ၌ ရှိနေသနည်းဟူမူကား သူတို့ကို ကြီးထွားရင့်ကျက်လာရန်မသင် ပေးသောကြောင့် ဖြစ်သည်။ ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ ရောက်ပြီး သွားလျှင် ဘုရားကျောင်း၌ ပုံမှန်ဘုရားရှိခိုးခြင်း၊ အလှူငွေထည့်ဝင်ခြင်း၊ ဆုတောင်းခြင်းများသာ ပြုလုပ် ကြသည်။ ကျန်သော အချိန်များ၌ လောကသားများကဲ့သို့ လော ကအလုပ်၌ လုံးပန်းခြင်း၊ အိမ်မှု ကိစ္စများ ဆောင်ရွက်ခြင်း၊ အားလပ်သော အချိန်များ၌ တီဗီ၊ ဗီဒီယိုကြည့်ခြင်း၊ ကစားခြင်း၊ စျေး၌ လျှောက်သွားခြင်းများသာ ပြုလုပ် ကြသောကြောင့် ဝိညာဉ်ရေးရာ၌ တိုးတက်ကြီး ထွားခြင်း မရှိကြချေ။ ဆုတောင်း စည်းဝေး၌လည်း အားလုံး မလာနိင်ကြချေ။ လာသောသူများလည်း ခလေး ဆုတောင်းခြင်း မျိုးသာ ပြုလုပ် ကြသည်။ ဝိညာဉ်ရေးရာ၌ ပါဝင်ခြင်း လှူပ်ရှားခြင်း မရှိသောကြောင့် တောင်းသော ဆုများလည်း ပေးပါပေးပါဟူသော အရာများသာလျှင် ဖြစ်သည်။ ဝိညာဉ်ရေးရာအတွက် ဆုတောင်းသည်ထက် ကိုယ်ကာယပိုင်းဆိုင်ရာ ဆု တောင်းခြင်းများသာလျှင် တောင်းကြနေသည်။ အနာရောဂါအတွက်၊ အလုပ်အကိုင်အတွက်၊ သားသမီး များအတွက်၊ စသည်ဖြင့် ထပ်ခါတလဲလဲတောင်းလျှောက်သောအခါ နောက်ပိုင်း၌ အားလုံး အလွတ်ရကုန်၍ တောင်းလျှောက်ဘို့ မရှိတော့သောအခါ ငြီးငွေ့လာ ကြသည်။ ထိုအခါ ဆုတောင်း အစည်းအဝေးလည်း မလာချင် ကြတော့ချေ။ 
 ထိုသို့ဖြစ်ရခြင်းသည် ဝိညာဉ်ရေးရာ၌ အလုပ်မလုပ်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ အလုပ်လုပ်ကြပါက ဆုတောင်း စရာသည် နေ့တိုင်း အသစ် အသစ် ဖြစ်လာပေမည်။ မိိမိ သက်သေခံသော နေရာ၌ အတိုက်အခံရှိသောကြောင့် ထိုတိုက်ခံသောသူများ ဘုရားသခင်က စိတ်ပြောင်းလဲပေးဘို့၊ လက်ခံသောသူများ ပို၍ နားလည် သဘောပေါက်၍ မပျက်စီးသွားဘို့၊ ပျောက်ဆုံးဝိညာဉ် များ၏ အခက်အ ခဲများ ဘုရားသခင်က ​ ဖြေရှင်း ပေးဘို့ စသည်ဖြင့် ဆုတောင်းစရာ များသည် အမြဲအ သစ်အသစ်များ ပေါ်လာမည် ဖြစ်သည်။ သူတပါး ဝိညာဉ်ကို ဂရုစိုက်သောကြောင့် ကိုယ်ပြသနာ ပင်မေ့သွားမည် ဖြစ်သည်။ မကျန်းမာသောသူများလည်း အမှုတော် မြတ်၌ ပါဝင်ခြင်းအားဖြင့် ကျန်းမာလာသည်သာမက ခွန်အား အမြဲပြည့်ဝနေမည် ဖြစ်သည်။ 

ယုံကြည်သူများဝိညာဉ် ပိုင်းဆိုင်ရာ ၌ ပါဝင်လှူပ်ရှားခြင်းဖြင့် အသင်းတော် အတွင်း၌လည်း ပြသနာ များစွာ ပြေလည်စေနိင်သည်။ အကြောင်းမှာ ဝိညာဉ်များကို ဂရုစိုက်ခြင်းကြောင့် ဇာတိပိုင်းဆိုင်ရာ ဂရုမစိုက်တော့ဘဲ ဝိညာဉ်ရေးရာ တိုးတက်ရေးကိုသာ ဦးစားပေး၍ ပြသနာ မလုပ်အား တော့ချေ။ ထို့အ ပြင် အသင်းသားများ တိုးတက် လာသောအခါ အားရလာမည်။ အသင်းသားများဝိုင်းဝန်း၍ ကူညီကြ၊ မိဿဟာယဖွဲ့ခြင်းအားဖြင့် ပို၍ ဝိညာဉ်ရေးရာ၌ ပါဝင် လာကြလိမ့်မည်။ 
 
 
အမှုတော်ဆောင်သင်တန်း
 ပဌမ အကြိမ်အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်း အသင်း ချုပ်၏ အမှုတော်ဆောင်သင်တန်းကို နိုဝင်ဘ်ာလ ၄မှ ၁၀ ရက်နေ့အထိ Michigan ပြည်နယ် Battle Creek မြို့၌ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အောင်မြင် စွာ ကျင်းပနိင်ခဲ့ပါသည်။ သင်တန်းသား များသည် နည်းလိုက်များ လိုက် ဖြစ်သော်လည်း အယောက် ၂၀ ကျော်အမြဲသင်နိင် ကြသည်။ ဆရာယောရှုကဆရာ အဖြစ်သင်တန်း တည်းဟူသော ၁၅ မိနစ်အတွင်း၌ ကယ်တင်ခြင်း အကြောင်း ပြောနည်းကို ဦးဆောင်၍ သင်ပေးသည်။ သင်တန်းသား များသည် နားထောင် ရုံ မဟုတ်ဘဲ လက်တွေ့သင်ပေးစေကာ သူတို့၏အား သာချက်များကို ချီးမွမ်း၍ ဆက်ထိန်းဘို့ရန် အားပေးခြင်းနှင့် အားနည်းချက်များကို ပြုပြင်ဘို့ရန် ဝေဖန်ခြင်း 
များ ပြုလုပ် ကြကာအားလုံး တိုးတက် ကြသည်။ 

ဆရာမောဇက်က အဓိကအားဖြင့် တအိမ်တက်ဆင်းတံခါးခေါက်၍ ပျောက်ဆုံးဝိညာဉ် များဖမ်းနည်းကို သင်ပေးသည်။ သင်တန်းအပြီး၌ ၁၀ အုပ် စုဖွဲ့ကာညနေ ၃-၅:၃၀ နာရီ အတွင်း Brookside Apartment များ၌ သွားရောက်၍ တံခါးများ ခေါက်၍ သက်သေခံ ကြသည်။ ထိုသို့ တံခါးခေါက်ရာတွင် မြန်မာပြည်သား၊ အမေရိကန်လူဖြူလူမဲများ တွေ့ကြပြီး တတ်နိင်သမျှ သက်သေ ခံကြသည်။ အစပိုင်း၌ အလွန် စိုးရိမ် ကြသော်လည်း နောက်ပိုင်း၌ အောင်မြင် မှုများ ရရှိလာသောကြောင့် အလွန် စိတ်စော ကြသည်။ သက်သေခံကြခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်သွားသောသူများရှိသကဲ့သို့ ဝိညာဉ်ပိုင်း အားနည်းသောသူများ၊ ဝိညာဉ် အစာငတ်သောသူများ တွေ့ ကြသည်။ အချို့သောသူများသည် ဘုရားကျောင်း၌ ပြုလုပ်သော ညပိုင်း အစည်းအဝေး၌ လိုက်ပါလာ ကြသည်။ 
 
ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း 

ဤသင်တန်း၌ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် ဧဝံဂေလိ ဆရာများ ကသာ ပြုလုပ်ဘို့ မဟုတ်ဘဲ ယုံကြည်သူ တိုင်းက ပြုလုပ် နိင်ကြောင်းနှင့် တာဝန် ရှိကြောင်းကို အဓိကသွန်သင်သွားသည်။ မြန်မာနိင်ငံတွင် ၁၉ရဝ မတိုင်မှီတွင် ခရစ်ယာန် များသည် တနင်္နွေနေ့ဘုရားရှိခိုးခြင်း၊ အမျိုးသမီးနှင့် လူငယ်အစီအစဉ်များသာ ရှိကြသည်။ အမှုတော်ဆောင်အဖြစ် သင်းအုပ်ဆရာများသာရှိခဲ့ ကြသည်။ ၁၉ရဝ နောက်ပိုင်းတွင် ကယ်တင်ခြင်း အကြောင်းများပြော လာသောအခါ ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်းကို ပြုလုပ်လာ ကြသည်။ ထို့ကြောင့် အလှူဆက်ကပ်သောအခါ၌လည်း ပျောက်ဆုံးဝိညာဉ် များဖမ်းမည့် ဘဏ္ဍာ ဖြစ်ဘို့၊ ကောင်းကင်၌ ဆုရ မည့်အကြောင်းများပါလာသည်။ သို့သော် အမှန်တကယ် ဝိညာဉ် ဖမ်းသောသူများသည် အဟောအပြောကောင်းသော ဆရာအနည်းငယ်သာလျှင် ဖြစ်၍ ယုံကြည်သူများသည် နောက်တန်းမှ ဆုတောင်းခြင်းနှင့် အလှူငွေအားဖြင့် ပါဝင် ကြသည်။ ထိုကြောင့် ယုံကြည်သူများသည် ဝိညာဉ် ဖမ်းဘို့ မသိကြ၊ ဆန္ဒလည်း မရှိကြချေ။ ထိုသို့ ဝိညာဉ်များဖမ်းဘို့ မရှိသောကြောင့် လောကသားများကဲ့သို့ အလုပ်နှင့် အိမ်မှု ကိစ္စ၊ အပျော်အပါးနှင့် ဝါသနာ၌ နစ်မွန်းကာဇာတိဖြင့် အသက်ရှင် ကြသည်။ ဝိညာဉ် ဖမ်းဘို့ရန် ငွေကုန်​ကြေးကျ များစွာ ခံ၍ Crusade Camping များပြုလုပ် ကာ ထိုအရာများပြီး သွားသောအခါအား ကုန်၍ နဂိုအတိုင်း ဇာတိ သဘောဖြင့် အသက်ရှင်ကြပြန်သည်။ 
 
တဦးချင်း ဝိညာဉ်ဖမ်းခြင်း 


Crusade Camping များသည် လူ များစွာကို တပြိုင်တည်း ဖမ်းနိင်သောကြောင့် အလွန် ကောင်းသည်။ 

သို့သော် အောက်ပါ အားနည်းချက်များရှိသည်။ ၁။ လူတိုင်း ကမလုပ် နိင်ချေ။ ၂။ ငွေကုန်​ကြေးကျများသည်။ ၃။ လူအများစုအားဘို့ လိုသည်။ ၄။ အချိန်မရွေးမလုပ်နိင်ချေ။ တနှစ်လျှင် တခါနှစ်ခါသာလုပ်နိင်သည်။ သာရေးနာရေးရှိ လျှင်လည်း အစီအစဉ်ပျက်သွားနိင်သည်။ ၅။ပြီး သွားသောအခါ ဘာမှမလုပ်တတ် သောကြောင့် ဝိညာဉ်ပိုင်းကျဆင်းလွယ်သည်။ 

တဦးချင်း ဝိညာဉ် ဖမ်းခြင်း၏ အကျိုးများမှာ၊

၁။ ယုံကြည်သူ တိုင်း၊ စကားပြောနိင်သောသူတိုင်း လုပ်နိင်သည်။

၂။ ငွေကုန်​ကြေးကျမရှိသောကြောင့် အ လွန်သက်သာသည်။

၃။ လူအများအားဘို့ မလို၊ နှစ်ယောက်မှအများ အထိ လူရှိလျှင် လုပ်နိင်သည်။

၄။အချိန်မရွေး လုပ်နိင်သည်။ ထို့ကြောင့် တရက်အတွင်း မှာပင်လျှင် များစွာ လုပ်နိင်သည်။

၅။ သာရေးနာရေးရှိသော နေရာ၌လည်း လုပ်နိင်သည်။

၆။ တဦးချင်းပြောပြသောကြောင့် အာရုံစိုက်နိင်၍ ပုလင်းထဲ၌ ရေထည့် သကဲ့သို့ ဖိတ်စင်မှု မရှိဘဲ ပြောသမျှ အကုန်ဝင်နိင်သည်။

၇။ ပြောပြသောသူသည် ဝိညာဉ်ရေးရာ၌ တိုးတက်နိင်သည်။ အကြောင်းမှာ သူတပါးကို ဘုရား အကြောင်း ပြောသောကြောင့် အနေအထိုင်၊ အပြောအဆိုမှစ၍ အစစအရာရာ သတိထားလာဘို့လိုသောကြောင့် ဝိညာဉ် သဘောဖြင့် အသက်ရှင်နိင်သည်။ ထိုသို့အားဖြင့် ဝိညာဉ်လူဖြစ်စေသည်။

၈။ မသိသောအရာ မရှင်းသော အရာများကို ချက်ချင်း မေးမြန်း​ ဖြေရှင်း နိင်သည်။

၉။ ဝိညာဉ် သားသမီးရလာသောကြောင့် သံယောယဉ်တွယ်လာကာ တယောက်နှင့် တယောက် ကူညီမစနိင်သည်။

၁၀။ ဝိညာဉ် သားသမီးများကိုလည်း ကိုယ်ကဲ့သို့ ဝိညာဉ်များချစ်၍ ဖမ်းဘို့ရန် သွန် သင်နိင်၊ တိုက်တွန်းနိင်သည်။

၁၁။ ကိုယ်တိုင် ဝိညာဉ် ဖမ်း၍ ဝိညာဉ် သားသမီးရှိသောကြောင့် ဝမ်းမြောက်မှု အပြည့်အဝ ခံစား နိင်သည်။ Crusade Camping ၌ ဝမ်းမြောက်သော်လည်း ကိုယ်တိုင် တိုက်ရိုက်ဖမ်းခြင်း မဟုတ်သောကြောင့် ဝမ်းမြောက်မှု နည်းသည်။ 

၁၂။ ဝိညာဉ်များချစ်၍ ဖမ်းသောကြောင့် ပြသနာများနည်း သွားမည်။ အကြောင်းမှာ ဝိညာဉ်ပိုင်းကိုသာ ဦးစားပေးသောကြောင့် ဇာတိပိုင်း အတွက်အချိန် မပေးနိင်တော့ချေ။

၁၃။ အသင်းတော်၌ အချိန်မရွေး လူဦးရေတိုး တက်စေသည်။

၁၄။ ဆုတောင်းခြင်း၊ သက်သေခံခြင်း၌လည်း အသက် ဝင်လှုပ် ရှားကာ ခလေး သက်သေခံခြင်း မျိုး၊ ဆုတောင်းခြင်း မျိုးမ ဖြစ်တော့ချေ။ ဝိညာဉ် မဖမ်းသောသူများ၏ ဆုတောင်းနှင့် သက်သေခံခြင်းသည် ကိုယ်ခန္ဓာပိုင်းဆိုင် ရာကောင်းကြီး ခံခြင်းနှင့် ပြသနာ များကိုသာ ဖြစ်တတ်သည်။

၁၅။ စာတန် သားသမီး များလျော့နည်းလာ၍ ဘုရား သားသမီး များများ လာသောကြောင့် ပြသနာ လုပ်သောသူနည်းလာသည်။

၁၆။ ပျောက်ဆုံးဝိညာဉ် များကယ်တင်ခြင်းသို့ ရောက်တိုင်း ကောင်းကင်သားများ အလွန် ဝမ်းမြောက် သောကြောင့် ကောင်းကင်၌ အချိန်မရွေး ဝမ်းမြောက်မှု ပေးနိင်သည်။ 
 
ကြီးထွားရင့်ကျက်ခြင်း 

သင်တန်း၌ ယုံကြည်သူများကိုလည်း ချစ်၍ ပြုစုပျိုးထောင်ဘို့ လိုကြောင်း သင်ပေးသွားပါသည်။ ယုံကြည်သူများမကြီး ထွား၊ မရင့်ကျက်လျှင် ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်၍ ပြသနာများနိင်သည်။ ဝိညာဉ်ပိုင်း ခလေး ဖြစ်ခြင်းသည် အကျိုးမရှိပါ။ ဝိညာဉ်ပိုင်းလူကြီး ဖြစ်မှသာ ဘုရား ခိုင်းသောအရာကို ပြုလုပ် နိင်သည်။ ဝိညာဉ်ပိုင်းကြီး ထွားမှသာ ရန် ဖြစ်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ကွဲပြားခြင်းများမရှိဘဲ ညီညွတ်စွာ အသက်ရှင်လုပ်ဆောင်နိင်သည်။ ဝိညာဉ်ပိုင်းကြီး ထွားဘို့ရန် ဝိညာဉ် အစာစားခြင်း တည်းဟူသော ကျမ်းစာဖတ်ခြင်း၊ လေ့လာခြင်း၊ ဆင်ခြင်ခြင်းများပြုလုပ် ရမည်။ ဝိညာဉ် သားသမီး များနှင့် ကျမ်းစာ မှန်မှန်ဖတ်ရမည်။ ဆုတောင်း နည်းသင်ပေး၍ အတူ တကွ ဆုတောင်း ကြရမည်။ ဝိညာဉ်များချစ်တတ်ဘို့ ဖမ်းဘို့၊ သွန်သင်ဘို့ လို ကြောင်းများသင်ပေးရမည်။ 
 
အသင်းတော် ဦးဆောင်ပုံ

ထို့အပြင် အသင်းတော်သည် ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် စည်းကမ်းစည်းမျဉ်းများကအုပ်ချုပ်ခြင်းထက် ဝိညာဉ်တော် ဦးဆောင်ခြင်းဖြင့် မေတ္တာနှင့် စိတ်နှိမ့်ချခြင်းဖြင့် အုပ်ချုပ်မည့် အကြောင်းများကိုလည်း သင်ကြား ကြသည်။ ခရစ်တော်နှင့် တမန်တော်များက ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့် စည်းကမ်းစည်းမျဉ်းများ ဆွဲမထားကြပါ။ ဆွဲဘို့ရန် လည်းအား မပေး၊ မညွှန်ကြားခဲ့ကြပါ။ အသင်းတော်သည် ခရစ်တော် စကား နားထောင်လျှင် ခရစ်တော် ကတည်ဆောက်သွားမည် ဖြစ်သည်။ သို့သော် 
ယနေ့ အသင်းတော်တိုင်း လိုလို ခရစ်တော်နှင့် တမန်တော်များကမခိုင်းသော အရာများကိုသာ လုပ်ဆောင် နေကြသည်။ ထို့ကြောင့် ပြသနာများက ကယ်တင်ခြင်းသို့ ရောက်သောသူလည်း အလွန်နည်းပါးသည်။ အလိုဆန္ဒချင်းမတူညီကြ၊ ပြောင်း လဲမှု များလည်း မရှိသောကြောင့် တသင်းပြီး တသင်းကွဲသွား ကြသည်။ 
 
 
 
 
သင်တန်းသားများ သက်သေခံချက်များ 
Sayama Amy

ပဌမ ဦးစွာ ဤသင်တန်းကို တက်ရောက်ခွင့်ပေးသော ဘုရားရှင်၏ နာမတော်ကို ချီးမွမ်းပါသည်။ ဤအမှုတော်ဆောင်သင်တန်းသည် ​ကျွန်မအတွက် ပဌမဦးဆုံး တက်ရောက်သော သင်တန်း ဖြစ်သည်။ ဤသင်တန်းတက်ရောက်ခြင်းဖြင့် ​ကျွန်မ နားလည် သဘောပေါက်လာသောအရာမှာ ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားပြီးသော ယုံကြည်သူတိုင်း ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း အမှုတော်ကို ဆောင်နိင်သည်၊ ဟူသောအရာ ဖြစ်သည်။ ယခင်က​ကျွန် မထင်ခဲ့သည့်အရာ မှာပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် သင်းအုပ်ဆရာများနှင့် ဧဝံဂေလိ ဆရာများအတွက်သာ ဖြစ်သည်။ သူတို့ တာဝန် ဖြစ်သည်ဟု၍ ဖြစ်သည်။ ထိုဆရာများအတွက် ဆုတောင်း ပေးခြင်းနှင့် ပေးကမ်းခြင်းဖြင့် ပါဝင်ပါက လုံလောက်ပြီဟု ထင် ခဲ့သည်။ သို့သော် ထိုအရာသည် အလွန် မှားယွင်းသော အမြင် ဖြစ်ကြောင်းနှင့် ယုံကြည်သူတိုင်း လုပ်ဆောင်နိင်သောအရာ ဖြစ်ကြောင်းကို ကောင်းစွာ နားလည် သဘောပေါက်လာသည်။ ထို့အပြင် အသင်းတော် အတွင်း ကျန်းမာရန်နှင့် အသင်းတော် အသက်ရှင်ရန်လည်း ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း၊ ဝိညာဉ်များချစ်ခြင်းသည် အလွန် အရေးကြီးကြောင်း သင်ခန်းစာရရှိခဲ့ပါသည်။ အလွန် တန် ဘိုးရှိ၍ တန်ဘိုး မဖြတ်နိင်သော သင်ခန်းစာ ဖြစ်ပါသည်။ 

ထို့အပြင် ​ကျွန်မတို့ သက်သေခံလည်း ထွက်ကြပါသည်။ ထိုသို့ ထွက်ခြင်းအားဖြင့် ​ကျွန်မအသက်တာ၌ မဖော်ပြနိင်သော ဝမ်းမြောက်ခြင်းနှင့် ကျေ နပ်ခြင်းရရှိခဲ့ပါသည်။ ထိုဝမ်းမြောက်ခြင်းကို ​ကျွန်မမည်သည့်အရာနှင့် မျှမလဲနိင်ပါ။ ​ကျွန်မသင်ယူရရှိသော သင်ခန်းစာနောက် တခုမှာ အသင်းတော်ကို ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေစည်းမျဉ်းစည်းကမ်းနှင့် အုပ်ချုပ်လျှင် ပြသနာ ပိုများ နိင်ပြီး မေတ္တာ နှိမ့်ချခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဦးဆောင်လျှင် အသင်းတော် ကျန်း မာပြီး အားလုံးလည်း ပျော်ရွှင်မှု ရရှိပြီး၊ ဘုရား ဘုန်းတော်လည်း သာ၍ ထင်ရှားနိင်မည် ဖြစ်ကြောင်းကို သဘောပေါက်ခဲ့သည်။ 

ဤသင်တန်းကို တက်ရောက်ခြင်းဖြင့် ​ကျွန်မသည် ဝိညာဉ်များပို၍ ချစ် တတ်လာပြီး ပျောက်ဆုံးဝိညာဉ်များကို တတ်နိင်သမျှ ဖမ်း၍ အသင်းတော် အတွင်း ရှိဝိညာဉ်များကိုလည်း ပြုစုပျိုးထောင်ရန်ဆုံးဖြတ်ချက် ချနိင်ခဲ့သည်။ ထို့ အပြင် အသင်းတော် အတွင်း၌ ယုံကြည်သူများကိုလည်း ပျောက်ဆုံးဝိညာဉ် များဖမ်း၍ ဝိညာဉ် ချစ်သောသူများ ဖြစ်လာရန် တိုက်တွန်း အားပေးရန်လည်း ဆုံးဖြတ်ပါသည်။ ​ကျွန်မ ဤသင်တန်းအားဖြင့် သက်သေခံမည့်အရာ များစွာ ရှိသည်။ ဝမ်းမြောက်စရာလည်း ဖေါ်မပြနိင်လောက်အောင်များပြားပါသည်။ စာနှင့် ရေး၍ မကုန်၊ နှုတ်နှင့်လည်း ပြော၍ ကုန်မည် မဟုတ်သောကြောင့် လက်တွေ့ ပြုလုပ်ခြင်းဖြင့် ထိုဝမ်း မြောက်ခြင်းကို ဖေါ်ပြသွားမည်ဟု ဆုံးဖြတ်ပါသည်။ ဘုရားရှင်ကောင်းကြီး ပေးပါစေ။ 
 
Saya James Hmung Hmung

ရှေးဦးစွာ ဘုရားသခင်ကို ချီးမွမ်းပါတယ်။ ဒီသင်တန်းအားဖြင့် ​ကျွန်တော် အသစ်သော အတွေ့အကြုံနဲ့သင်ကြားခြင်းများ ရရှိပါတယ်။ ပဌမ ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ ဘယ်လောက်အရေးကြီး ကြောင်းဘဲ ဖြစ်တယ်။ ဒီအရေးကြီး မှန်းသိခဲ့ပါတယ်။ လုပ်လဲလုပ်နေပါတယ်။ ​ကျွန်တော် ဟာ ခလေး တွေသင်ကြားမှု ပိုင်း၌ အရမ်း အားနည်းပါတယ်။ သိပ်လဲဂရုမစိုက်တတ်ခဲ့ဘူး။ ဒါပေမဲ့ဒီတခေါက်သင်တန်းအားဖြင့် ခလေး တွေရဲ့ ဝိညာဉ် ဘယ်လောက်အရေးကြီးကြောင်း သိခဲ့ရပါတယ်။ ညနေပိုင်း တအိမ်တက်တအိမ်ဆင်း သက်သေခံခြင်းများလုပ်တဲ့အခါ ခလေး တွေနဲ့တွေ့ဆုံခဲ့ ပါတယ်။ တချို့က ၈ နှစ်တချို့က ၁၃ နှစ်တွေ ဖြစ်ပါတယ်။ သူတို့ မိဘများ အိမ် မှာမရှိတဲ့အချိန် နဲ့လဲတိုက်ဆိုင်ပါတယ်။ သူတို့ကို ကယ်တင်ခြင်း အကြောင်း ပြော ပြတဲ့အခါ သူတို့ လဲစိတ်ထားဖြူစင်စွာ နဲ့ လက်ခံကြတယ်။ သူတို့ ရဲ့ဝမ်းမြောက်မှု နဲ့ဆာငတ်ခြင်း တွေတွေ့တဲ့အခါမှာ ဘုရားသခင်ကို ချီးမွမ်းသလို ခလေး တွေကို လဲ ပိုမိုဂရုစိုက်ပြီး သင်ကြားပေးဘို့ အရမ်းလိုအပ်ကြောင်း သိရပါတယ်။ 

သင်ကြားခြင်းဖြင့် ရရှိတဲ့အတွေ့အကြုံတွေကတော့ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း ဟာဆရာ၊ ဆရာမများ တွေရဲ့အလုပ်ဘဲ ဖြစ်တယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့
 ယုံကြည်သူတိုင်း အတွက် လုပ်ရမဲ့အရာ ဖြစ်ကြောင်း အရင်ကထက် ပို၍ သဘောပေါက် နားလည်ခဲ့တယ်။ပြီး တော့ဆရာတယောက် အနေဖြင့် ဘယ်လောက်စိတ် ရှည်၊ သည်း ခံ၊ ကြိုးစားဘို့ လိုကြောင်း ပိုမို သဘောပေါက်ခဲ့တယ်။ ​ကျွန်တော် လဲ ဒီကနေသွားပြီး နောက်ဒီ ကယ်တင်ခြင်းကို အရင်ကထက် ပိုမိုကြုိးစားအား ထုတ်ပြီး ဟောပြောသင်ကြားသွားမည့် အကြောင်း ကြိုးစား သွားပါမယ်။ 
 
 

Sayama Hannah

ယခုကဲ့သို့ ကျေးဇူးတော် ချီးမွမ်းရခွင့် ပေးတော်မူသော ဘုရားရှင်နာမ ဘုန်းကြီး ပါစေသော်။ ယခုသင်တန်းတက်ရသော အခွင့်ရသောကြောင့် ဘုရားရှင်ရဲ့ကျေးဇူးတော် ချီးမွမ်းပါတယ်။ ခလေး သင်ပေးသောကြောင့်၎င်း၊ ထမင်းချက် ရသောကြောင့်၎င်း၊ ခါတိုင်း သင်တန်းများ၌ ပါဝင်ခွင့်မရခဲ့ပါ။ ယခုသင်တန်း၌ အကြမ်းအားဖြင့် သိရှိခဲ့ပြီး ဖြစ်သော်လည်း တဖန် ခွန်အား မြောက် များစွာ ရခဲ့ပါ တယ်။ ၁။ တရားဟောသည့်အခါ မလိုအပ်သောစကား ပိုများ အသုံးမပြုဘို့၊ တိုတောင်းသောအချိန် ထိထိရောက်ရောက်ပြောနည်း၊ ဦးဆောင်သောသူနှင့် အသင်းသားများဆက်ဆံနည်း၊ သာမညနှင့် အဓိကခွဲနည်းများကို ပို၍ လေးနက်စွာ သိရှိရပါသည်။ သင်တန်းကာလ တလျှောက်မှာလဲအကြောတက်ခြင်း နာခြင်း မရှိသောကြောင့် လဲဘုရားရှင်ကို ချီးမွမ်းပါတယ်။ တအိမ်တက်ဆင်းသင်တန်းများပေးနိင်သောကြောင့် လဲကျေးဇူးတော် ချီးမွမ်းပါတယ်။ လူတိုင်း ကဘုရားကို ဆာငတ်ကြမှန်းပို၍ သိရှိရပါတယ်။အချိန် မဖြုန်းဘဲ၊ အချိန်ကို လေးစား၍ ပို၍ အမှုတော်ကို ဆောင်ဘို့ လိုအပ်ကြောင်း တွေ့ရပါတယ်။ ဤသင်တန်းတက်ခြင်းဖြင့် အကျိုးမြောက် များစွာ ရရှိကြောင်း အနည်းငယ် သက်သေခံလိုပါတယ်။ 
 
Salai Samuel

ကျေးဇူးတော်ကြောင့် သင်တန်းတက်ခွင့်ရခဲ့သည်။ သင်တန်းမတက် မှီ၌ ဤသင်တန်းသည် မည်မျှတန်ဘိုး ကြီးကြောင်း မသိခဲ့ပါ။ ဤသင်တန်းတက် ရောက်ခွင့်ရသောကြောင့် ရှေးဦးစွာ ဘုရားသခင်အား ကျေးဇူးတင်ပါသည်။ သင်တန်းပို့ချပေးသော ဆရာများကိုလည်း ကျေးဇူးတင်ပါသည်။ အိမ်ရှင်အဖြစ် လက်ခံပေးသော အသင်းတော်နှင့် အသင်းသားများကိုလည်း ကျေးဇူးတင် ပါသည်။ ယခုသင်တန်းကဲ့သို့ ဆရာများနှင့် လက်တွေ့ချက်ချင်း လုပ်ရသော သင် တန်းမတက်ဘူးပါ။ ထို့ကြောင့် စိတ်လှုပ်ရှားစရာလည်း အလွန် ကောင်းသည်။ ပျော်စရာလည်း ကောင်းပါသည်။ ဘဝအတွက် တကယ်ဘဲ သင်ခန်းစာ များစွာ ရရှိပါသည်။ စိတ်ကူးသစ်များ ရရှိသည်။ 

တအိမ်တက်ဆင်း သွား၍ တံခါးများကို လိုက်ခေါက်ရသည်မှာ ပဌမ ပိုင်းတွင် အလွန် စိုးရိမ်စရာ ကောင်းသည်။ သို့သော် နောက်ပိုင်းတွင် အရသာတွေ့ လာသည်။ ပျော်စရာလည်း ကောင်းသည်။ နှုတ်ကပတ်တော်ကို အမှန်တကယ် ဆာငတ်သောသူများအတွက် သက်သေခံဝေငှပေးရသည် မှာ အလွန် ဝမ်းမြောက်စရာ ကောင်းသည်။ ဘဝတွင် အချည်းနှီးကုန်လွန်ခဲ့သော အချိန်များအတွက် နှမြော မိသည်။ ထို့ကြောင့် သင်တန်းမှရရှိသော အကျိုးကျေးဇူးများနှင့် ဘုရား ပေးထားသော ကျန်ရှိသည့်အသက်တာတွင် လက်တွေ့အသုံးချရန်ဆုံးဖြတ်ချက် ချမိသည်။ သင်တန်းမှရရှိသော အကျိုးကျေးဇူးများသည် ဘော်ပြရန် ခက်ခဲပါသည်။ ရေကူး သင်ပေးခြင်း နှင်အလားတူ ဖြစ်မည်ဟု ယူဆမိပါသည်။ ရေထဲတွန်းချခံရချိန်၌ သင် တန်းဆရာကို စိတ် ဆိုးသော်လည်း ရေးကူးတတ်သွားသော အချိန်တွင် ဆရာကို အလွန် ကျေးဇူးတင် သကဲ့သို့ဖြစ်သည်။ ထိုကြောင့် ကိုယ်တိုင် ရေထဲဆင်းကူးကြည့် မှအရသာကို သိနိင်သည်။ ငရုတ်သီးစပ်ကြောင်းကို စားကြည့်မှသိ သကဲ့သို့ဖြစ်သည်။ ထိုကြောင့် သင်တန်းမတက်နိင်သောသူများအတွက် ဝမ်းနည်းမိသည်။ နောက်ထပ် ဤကဲ့သို့သော သင်တန်းများရှိနိင်ရန်လည်း မျှော်လင့်မိပါသည်။ ဤသင် တန်းသည် အလွန် ကောင်းပါသည်။ အကျိုးကျေးဇူး များစွာ ရရှိသည်ဟု ယေဘုယ ဆန်စွာ အနည်းငယ်သာဘော်ပြမိပါက တာဝန် မဲ့လွန်းမှာစိုးသောကြောင့် အချို့ကို ဘော်ပြလိုက်ခြင်း ဖြစ်သည်။ များစွာ ရှိပါသေးသည်။ သို့သော် ဤမျှနှင့် အဆုံးသတ် လိုက်ပါသည်။ 

Van Tha Uk

ပဌမဦးဆုံး အမြင့်ဆုံးသော ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်ကို အရင်ချီး မွမ်းလိုပါတယ်။ ဒီသင်တန်း ဖြစ်မြောက်ဘို့ အဘက်ဘက်ကနေပါဝင်ကူညီကြတဲ့ အိမ်ရှင် အသင်းတော် ထဲကစားဖုိမှုးများ၊ အသင်းသူ အသင်းသားများ၊ အရွယ်အိုများကို မြင်တွေ့ရတာအရမ်းခွန် အားရပါတယ်။ ​ကျွန်တော်တို့ ကိုးကွယ်တဲ့ထာဝရဘုရားရှင်ထံက ကောင်းကြီး တွေခံစား ကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါ တယ်။ 

​ကျွန်တော်တို့ကို သင်ကြားပေးတဲ့ ဆရာမောဇက်ထောင်ကျုံးနှင့် ဆရာ ယောရှုဟရန်ကိပ်ဇိုလ်းတို့၏ သင်ကြားပို့ချခြင်းအားဖြင့် ဒီ အသင်းတော် ရဲ့ဦး တည်ချက်ပန်းတိုင်နဲ့ ဘုရားသခင် ရဲ့အလိုတော်ကို ပိုမိုသိရှိ နားလည်စေပါတယ်။ အသင်းတော်ကို ဦးဆောင်နိင်ဘို့ ရှိထားသင့်တဲ့စိတ်နေ သဘော ထားကို သိရတဲ့အပြင်ကိုယ်ကိုယ်တိုင် လုပ်ဆောင်နေရပြီး သကဲ့သို့ ခံစားရလောက်အောင် သင် ကြားပေးနိင်တဲ့အတွက် အလွန့် အလွန်ဘဲ ဝမ်းမြောက် ပါတယ်။ ဒီအရာတွေဟာ သူတို့ ရဲ့ပကတိပညာ မဟုတ်ဘူးဆိုတာ နားလည် သဘောပေါက်ပါတယ်။ 

ဒီသင်တန်းတက်ခြင်းအားဖြင့် ဝိညာဉ် ခွန်အား အများ ကြီးရပါတယ်။ အသိအမြင် ပိုမိုကျယ်စေတယ်။ ရင့်ကျက်စေတယ်။ ပီတိအများကြီး ဖြစ်စေတယ်။ လက်တွေ့ကွင်းဆင်းခြင်းအားဖြင့် လဲ ဝိညာဉ် ရေးပိုမိုပြီး အလျှင်အမြန် ရင့်ကျက် စေမယ်ဆိုတာ နားလည် သဘောပေါက်ကြောင်း လဲဝန်ခံချင် ပါတယ်။ တကယ်ဘဲ မွန်မြတ်တဲ့သင်ကြားနည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အားနည်းချက်တွေလည်း သိရှိ နားလည်စေတယ်။ သမ္မာတရား လေ့လာဘို့ အများကြီး လိုတာပိုမိုသိလာတယ်။ လေ့လာချင် တဲ့ဆန္ဒလည်းရှိလာတယ်။ 

ကိုယ့်ရဲ့အစွမ်းသတ္တိက သန့်ရှင်းသောဝိညာဉ်တော် မပါရင် အချည်းနှှီး ဖြစ်တာတွေ နားလည်လာတယ်။ ဆုတောင်းဘို့ တကယ်ဘဲ လိုအပ်တာတွေသိ နားလည်လာတယ်။ ကယ်တင်ခြင်း မရသေးတဲ့သူတွေ၊ မသေချာသေးတဲ့သူတွေအတွက် ဆုတောင်း ပေးချင် တဲ့စိတ်ဆန္ဒပိုရှိလာတယ်။ သနားတဲ့စိတ်ရှိလာတယ်။ နောက်ပြီး ထာဝရဘုရားကို အားကိုးခြင်း ဆိုတဲ့အဓိပ္ပါယ်ပိုမိုပြီး ကောင်းကောင်း သဘောပေါက်စေတယ်။ 
 ဒီအရာတွေအားလုံး ကို နားလည်း သဘောပေါက်စေတဲ့သူဟာ ဘုရားရှင်ရဲ့ သန့်ရှင်းတဲ့ ဝိညာဉ်တော် ဖြစ်တယ်။ ဒီအရာတွေအားလုံး ကို အမြဲထိန်း သိမ်းသွားဘို့ ​ကျွန်တော့မှာ ရည်ရွယ်ချက်တွေထားတယ်။ တကယ်ဘဲ လုပ်ဆောင် သွားနိင်ဘို့ အတွက် ဆုတောင်းဘို့ လိုအပ်သလိုစိတ်အားထက် သန်ဘို့ လဲလို တယ်။ ဒါကြောင့်​ကျွန်ပ်အတွက် လဲသတိရအောက်မေ့ကြပါလို့တောင်းပန်ပါ တယ်။ ဖတ်ပေးတဲ့သူတွေအားလုံး အထူးဘဲ ကျေးဇူးတင်ပါတယ်။ အားလုံး ကို ဘုရားရှင်ကောင်းကြီး ပေးပါစေလို့ ဆုတောင်း ပါတယ်။ အာမင်။ 
 
အမှုတော်ဆောင်သင်တန်း၏ အကျိုးကျေးဇူးများ သက်သေခံခြင်း 
U Bawi Lian Kim

ဤအမှုတော်ဆောင်သင်တန်းတွင် အကျိုးမြောက် များစွာ ရရှိခဲ့ပါသည်။ ထိုအကျိုးကျေးဇူး များစွာ ထဲမှအောက်ပါအနည်းငယ်သော အချက်များဖြင့် သက်သေခံလိုပါသည်။ 

၁။ မနက်ပိုင်းသင်တန်းမှ

အမှုတော်ဆောင်လုပ်ငန်းသည် သင်းအုပ်ဆရာများ၊ ဧဝံဂေလိ ဆရာ၊ ဆရာမများ၊ အရည်အချင်းရှိ သူများ၊ ဝါသနာပါ သူများနှင့် ဘု ရားရွေးချယ်ခြင်း ခံသူများ၏ တာဝန် ဖြစ်သည်ဟု သိမှတ်ခဲ့ပါသည်။ ယခုတွင် ထိုသို့မဟုတ်၊ ခရစ်တော်ကို လက်ခံရရှိသော ယုံကြည်သူတိုင်း လုပ်ဆောင်သင့်သော တာ ဝန် ဖြစ်ကြောင်း နားလည်ခဲ့ပါသည်။ ယုံကြည်သူ တိုင်းသည် ယဇ်ပုရောဟိတ် အမျိုး၊ ဘုရား၏ သားသမီး၊ ဘုရား၏ ​ကျွန်၊ ဘုရား၏ သံတမန်နှင့် ဘုရားသခင်၏ စစ်သားများဖြစ်ကြောင်း နားလည်ခဲ့ပါသည်။ အမှုတော်ဆောင်လုပ်ငန်းလုပ်ဆောင်ရန်အ မိန့်ပေးသူနှင့် လုပ်ငန်းပိုင်ရှင်သည် ထာဝရဘုရား ဖြစ်ကြောင်း နားလည်ခဲ့ပါသည်။ 

ဤအမှုတော်ဆောင်လုပ်ငန်းကြောင့် အသင်းတော်များဖြစ်ပေါ်လာပါသည်။ ထိုအသင်းတော် ပိုင်ရှင် ခရစ်တော်သာ ဖြစ်ရမည်။ ယခင်က အသင်းတော်သည် စည်းမျဉ်းစည်းကမ်းဥပဒေကောင်းကောင်း ရှိမှ တိုးတက်မည်၊ တည်မြဲမည်ဟု ထင်မြင်ခဲ့ပါသည်။ ယခုတွင် ထိုအရာများသည် ရှိသင့်၍ အသုံးပြုရမည် ဖြစ်သော်လည်း အဓိကမကျပါ။ ထာဝရဘုရားသခင် သာအုပ်ချုပ်ခွင့်ပေးရမည်။ ထာဝရဘုရား အလိုတော်နှင့် အညီသွားရမည်၊ ကြီးထွားရမည်။ ဦးဆောင် သူများနှင့် အသင်းသူ အသင်းသားများသန့်ရှင်းသေ ဝိညာဉ်တော် ပြည့်စေရမည်။ ဦးဆောင် သူကိုယ်တိုင် ဝိညာဉ် သဘောဖြင့် အသက်ရှင်၍ ဘုရားသခင်၏ မေတ္တာတော်အားဖြင့် အုပ်ချုပ်ရမည် ဖြစ်ကြောင်း နားလည် သဘောပေါက်ခဲ့ပါသည်။ 
 
၂။ ညနေပိုင်းသင်တန်းလက်တွေ့သင်ကြားခြင်းမှ 


သင်ကြားနိင်ရေး၊ ဟောပြောနိင်ရေး (သို့) အမှုတော်ဆောင်ဆရာ၊ မများ၏ အရည်အချင်းသည် ပညာရေးဘွဲ့ များကျမ်းစာကျောင်းတက်ခြင်း၊ လုပ်သက် ဝါရင့်ခြင်း၊ အမူ အရာကောင်းခြင်း၊ အပြောကောင်းခြင်း၊ ကြိုတင် ပြင်ဆင်ခြင်းနှင့် အတွေ့အကြုံများ ဖြစ်သည်ဟု ယူဆခဲ့ပါသည်။ ထိုအရာများသည် ကောင်းပါသည်။ အရေးလည်းကြီး ပါသည်။ သို့သော် ယခုအမှုတော်ဆောင်သင်တန်း၌ လက် တွေ့သင်ကြားရေးတွင် တဦးပြီး တဦးလက်တွေ့သင်ကြားစစ်ဆေးသည့်အခါတဦး မှဝေဖန်မကင်း ဖြစ်ကြပါသည်။ အားနည်းချက်များလည်းရှိကြပါသည်။ ထို့ကြောင့် အမှုတော်ဆောင်ဆရာ၊ မများ၏ အရည်အချင်းမှန်သည် အထက်ပါ အရာများ မဟုတ်၊ ဘုရားသခင် ထံတော်၌ အသက်တာပေးဆပ်အပ်နှံပြီး ဘုရားသခင် အသုံးပြု မှသာလျှင်အောင်မြင်မည် ဖြစ်ကြောင်း နားလည် သဘောပေါက်ခဲ့ပါသည်။ 
 
၃။ သင်တန်းပြီးသည့်ညတိုင်း တအိမ်တက်ဆင်းတံခါးခေါက် သက်သေခံခြင်း 

တအိမ်တက်ဆင်းတံခါးခေါက် သက်သေခံခြင်း လုပ်ငန်းသည် ​ကျွန်တော် ကောင်းမှန်းသိသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် မအောင်မြင် ခဲ့ပါ။ ကြောက်စိတ်၊ ရှက်စိတ်ဖြင့် သာအဆုံးသတ်ခဲ့ပါသည်။ ယခု ဤသင်တန်း၌ ဆရာမောဇက်နှင့် ဆရာယောရှုတို့ ကိုယ်တိုင် လက်တွေ့ ဦးဆောင် သက်သေခံ၍ နှစ်ယောက်တွဲဖြင့် လက်တွေ့သွားကြရာ အကျိုး များစွာ တွေ့ရပါသည်။ နှစ်ယောက်တွဲခြင်းဖြင့် ရှက်ကြောက်မှု သက်သာစေသည်။ လုံခြုံမှု လဲရှိသည်။ ကယ် တင်ခြင်းသို့ မရောက် သေးသော ညီအစ်ကို မြောက် များစွာ တွေ့ရသဖြင့် သနား စိတ်ရှိလာသည်။ သက်သေခံခြင်းအားဖြင့် ခရစ်တော် လက်ခံ ရရှိသူများ တွေ့ ရသဖြင့် ဝမ်းမြောက် မဆုံး ဖြစ်ကြသည်။ ကိုယ်စီကိုယ်ငှ သက်သေခံရသောကြောင့် အလွန် ဝမ်းမြောက် ကြပါသည်။ အကုန်အကျနည်းပြီး လူ များစွာအချိန် ပေးရန် မလိုအပ်ဘဲအချိန် တိုင်း နေရာတိုင်း၌ လုပ်နိင်ပါသည်။ ဤနိင်ငံတွင် နံနက်ပိုင်း၊ ညနေပိုင်းအလုပ်ချိန်မတူကြသောကြောင့် အားသည်အချိန် တိုင်း၌ သက်သေခံ နိင်ခြင်းသည် အလွန် ကောင်းသော အစီအစဉ် ဖြစ်သည်။ ယုံကြည်သူ ( ခရစ်တော် ရရှိသူတိုင်း) သဘောပေါက်လုပ်ဆောင်ကြပါက ပျောက်ဆုံးသော ဝိညာဉ် များစွာ ဖမ်းရုံမက အသင်းတော်သည်လည်း ကျန်းမာကြီး ထွားရင့်ကျက်လာမည် ဖြစ်ကြောင်း နားလည် သဘောပေါက်ခဲ့ပါသည်။ 

ဤသင်တန်းအားဖြင့် အမှုတော်ဆောင်လုပ်ငန်းသည် မလုပ်မနေရ လုပ်ဆောင်ရမည့် ဘုရားသခင်၏ အဓိကအလိုတော်၊ အမိန့်တော် ဖြစ်ကြောင်း ဝန်ခံရပါသည်။ ထို့ကြောင့် ကိုယ့်အရည်အချင်း မဟုတ်၊ ဘုရားသခင်၏ ဘုန်း တန်ခိုးတော်ကို သုံး၍ ချီဆောင်ခြင်း မလာခင် (သို့) အသက်ရှင်သရွေ့ဘုရားသခင်၏ အမှုတော် မြတ်၌ ဝမ်းမြောက်စွာ ပါဝင်ဆောင်ရွက်ရဆုံးဖြတ်လိုက်ပါသည်။ စာဖတ်သူအယောက်တိုင်း ဘုရားသခင် အမှုတော် မြတ်၌ ပါဝင်ဆောင်ရွက်နိင် ကြပါစေ။ အာမင်။ 
 

Helen Sungte

အခုလိုကျမသင်တန်းနဲ့ပတ်သက်ပြီး အတွေ့အကြုံရေးခွင့်ရတဲ့အ တွက်ကျေးဇူးတော် ချီးမွမ်းပါတယ်။ ဒီလိုသင်တန်းဟာကျမအတွက် ကျမအတွက် ပဌမ ဆုံးအတွေ့အကြုံ ဖြစ်ပါတယ်။ ကျမ ကယ်တင်ခြင်း အသက်တာကိုလည်း ရရှိပြီး ပြီ။ ကိုယ့်ကိုယ်ကိုလည်း အတတ်နိင်ဆုံးကောင်းအောင်လည်း ကြိုးစား ခဲ့ တယ်။ ဒါပေမယ့်နောက်ပိုင်းကျမအသက်တာဟာ အရမ်းဘဲ ​ခြောက်ကပ်နေပါ တယ်။ ဒီကြားကိုယ်ရေးကိုယ်တာစိတ်ပျက်စရာ တွေထပ်ကြုံရတော့ပိုပြီး စိတ် ပျက်ခဲ့တယ်။ ဘုရား နဲ့ဝေးသထက် ဝေးနေခဲ့တယ်။ ဒီလောက ကိုလည်း စိတ်ကုန် ခဲ့တယ်။ ဒီသင်တန်းရှိမည့် အကြောင်းကို အသိတယောက် ကမိတ်ဆက်ပေးခဲ့တယ်။ အမှန်တကယ် ပြောရရင်တက်ချင် လွန်းလို့တော့ မဟုတ်ဘူး။ အိမ်မှာအလကား နေရမှာပျင်းလို့ဆိုပြီး တက်ခဲ့ရပါတယ်။ 

ဒါပေမဲ့တကယ် သင်တန်းတက်တဲ့အခါ ထင်တဲ့အတိုင်း မဟုတ်ဘဲ တခြား စီ ဖြစ်နေတယ်။ သင်ခန်းစာအများ ကြီးရရှိခဲ့တယ်။ ပူပင်သမျှ၊ စိတ်ပျက်စရာ တွေ ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး။ အတိုင်း အစမရှိပျော်ရွှင်ခဲ့တယ်။ အရင်တုန်းကဆိုရင် တရားဟောဆရာ၊ မအားလုံး အတွက် နဲ့ပျောက်ဆုံး ဝိညာဉ်များအတွက် အမြဲ ဆုတောင်း ပေးလေ့ရှိတယ်။ ဒါပေမဲ့အခုကျတော့ကိုယ်တိုင် ပါ ဝင်ချင် လာတယ်၊ ပိုပြီး အရင်ကထက် ချစ်တတ်လာတယ်။ပြီး တော့အိမ်တိုင်း တံခါးခေါက်တရားဒေသနာဝေငှခြင်းဖြင့် လူတွေက ဘုရားတရား တကယ် လိုအပ်ကြောင်း ပိုသိလာတယ်။ အရင်ကသိပ်ကြောက်တတ်တဲ့ကျမ၊ ကြောက်စိတ်နဲနဲ လေးမှမကျန်တော့ဘူး။ ကျမစိတ်ထဲကြောက်စိတ် ဝိညာဉ်ဆိုးတွေမရှိတော့ဘူး။ အဲဒါလဲဘုရားရဲ့ကျေးဇူးတော် ပါဘဲ။ အခြား ယုံကြည်သူ တွေရှေ့မှာ ကျမရဲ့အလုပ် တွေဟာသိပ်မရာ မထင်ခဲ့ရင်တောင် ကိုယ့်ကိုယ်ကို အတိုင်း အဆမရှိပျော်ရွှင် အားရမိပါတယ်။ သင်တန်းမတက်ဘဲ ကျမနေခဲ့မှာကို တောင်ကြောက်မိတယ်။ ကိုယ်ကိုအား ငယ်စိတ်တွေလဲမရှိတော့ဘူး။ တတ်နိင်သလောက်မိသားစုထဲမှာ၊ အိမ် နီးနားမှာ၊ သူငယ်ချင်းတွေကြားထဲမှာ၊ အလုပ်မှာ ဘုရားတရား ဝေငှသွားမယ်။ ဒီအရာတွေအားလုံး ဟာ ဒီသင်တန်းမှာတက်ရောက်လို့ရရှိခဲ့တဲ့ အကျိုးကျေး ဇူူးတွေ ဖြစ်ပါတယ်။ ဒီလိုလမ်းပြပို့ဆောင်တဲ့ဘုရားကို ကျေးဇူးအရမ်းတင်တယ်။ သင်ကြားပေးတဲ့ဆရာတွေကိုလည်း ကျေးဇူးတင်တယ်။ 
 
နိုဝင်ဘာအတွက် ကျမ်းပိုဒ်
အစအဦး၌ သခင်ဘုရား ဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသော သူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။ (ဟေဗြဲ ၂:၃) 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG