လောကဧည့်သည်
ပဌမဦးစွာ လူသားများသည် ဤလောက၌ ခရီးသွားသော ဧည့်သည်အာဂန္တုများဖြစ် ကြောင်းသိဘို့လို သည်။ ဘုရားသခင်က ဣသရေလ လူတို့ အား၊ သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တုဖြစ်ကြ၏။ ဟုဆိုခဲ့သည် (ဝတ်ပြု ၂၅း၂၃)။ ဒါဝိဒ်မင်းကလည်း၊ အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသောကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။ ဟုဆိုခဲ့သည်(၁ ရာဇဝင်ချုပ် ၂၉း၁၅)။ ဆာလံဆရာကလည်း၊ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ (ဆာ ၁၁၉း၁၉) ဟုဆိုခဲ့သည်။ ဟေဗြဲရေးသောသူကလည်း သူ၏စာကို လက်ခံသောသူများထံ ဤသို့စာရေးခဲ့သည်၊ ယခုဆိုခဲ့ ပြီးသောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မြော်မြင် လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည်အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။ (ဟေဗြဲ ၁၁း၁၃)။ ရှင်ယာကုပ်က လည်း၊ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက် တတ်သော အခိုးအငွေ့ဖြစ်၏။ (ယာကုပ် ၄း၁၄) ဟုဆိုသည်။
ထို့ကြောင့်၊ သင်နှင့်ကျွန်ုပ်လည်း ဤလောက၌ ဧည့်သည်အာဂန္တုများဖြစ်ကြသည်။ ဧည့်သည်သည် ဧည့်သည်ကဲ့သို့နေရမည်။ အိမ်ရှင်က အစားအသောက်များ မပေးမချင်း ဗိုက်ဆာသည်၊ ဟူ၍ပင်မပြောရဲချေ။ အိမ်ရှင်ကျွေးမျှသောအစာ များကိုစား၍၊ ကောင်းသည်ဟု ဆိုတတ်သည်။ ဧည့်သည်သည် အဆင်မပြေခြင်းအ တွက် မညည်းတွားတတ်ချေ။ အားလုံးအဆင်ပြေသည်၊ ဟုပြောတတ်သည်။ ဧည့်သည်သည် အကြမ်းပတမ်းကို အခံနိုင်ဆုံးဖြစ်သည်။ ဧည့်သည်က ဧည့်သည်ကဲ့သို့မနေဘဲ အိမ်ရှင်ကဲ့သို့နေလျှင် လုံးဝမသင့်လျော်ချေ။ ခလေးများနှင့် မရင့်ကျက်သောသူများသည် ကိုယ်ကိုကိုယ်ဧည့်သည်ဖြစ်မှန်းမသိဘဲ အိမ်ရှင်ကဲ့သို့နေသောအခါ အရှက်ရတတ်သည်၊ အမြင်မတော်ချေ။ သင်သည်၊ ဤလောက၌ ဧည့်သည်ဖြစ်မှန်းကို သိပါသလား။ သို့မဟုတ်သင်သည် ဤလောက၌ အိမ်ရှင်ကဲ့သို့ နေပါသလား။ စိတ်ဆိုးခြင်း၊ သည်းမခံနိုင်ခြင်း၊ စိတ်မြန်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဝါကြွားခြင်း၊ ဆော်ကားခြင်း၊ သူတပါးကို အထင်သေးခြင်းတို့သည် ကိုယ်ကိုကိုယ် ဧည့်သည်ဖြစ်မှန်းမသိ၊ အိမ်ရှင်ကဲ့သို့ နေသောကြောင့်ဖြစ်သည်။
ပြန်လည်ထွက်ခွါမည့်အချိန်
သင်နှင့်ကျွန်ုပ်သည် လောကဧည့်သည်များဖြစ်ကြသောကြောင့် တနေ့နေ့တွင် ဤလောကမှပြန်လည် ထွက်ခွါသွား ရကြမည်။ ထိုအချိန်ကို မည်သူကမျှ ကြိုတင်မသိနိုင်ကြချေ။ မောရှေက၊ အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ် တို့သည် စုတေ့ကြပါ၏။ (ဆာ ၉၀း၁၀) ဟုဆိုသော်လည်း၊ လူတိုင်း အနှစ်ခုနစ်ဆယ်အထိ မနေနိုင်ကြပါ။ မွေးကင်းစမှစ၍ သက်ကြီးရွယ်အိုအထိ၊ များစွာသောသူတို့သည် ဤလောကမှ ထွက်ခွါသွားခဲ့ကြပြီ။ ထိုသူများ ကို သင်္ချိုင်းအထိ အကြိမ်ကြိမ် လိုက်လံပို့ခဲ့ကြပြီ။ သို့သော်၊ ကိုယ့်အလှည့်ရောက်မည့်အရာကို မစဉ်းစားမိ တတ်ကြချေ။ သင်နှင့်ကျွန်ုပ်လည်း အချိန်မရွေး ဤလောကမှ ထွက်ခွါ သွားမည့်သူများဖြစ် ကြသည်။ မည်ကဲ့ သို့ထွက်မည်ကို၎င်း၊ မည်သည်အချိန်တွင် ထွက်ခွါမည်ကို၎င်း၊ မသိနိုင်ချေ။ ထိုကြောင့်မထွက်မှီ ကြိုတင်ပြင် ဆင်ဘို့လိုသည်။
လိပ်စာကြိုသိဘို့လိုသည်
ခရီးသွားသောအခါ သွားရမည့်လိပ်စာကို ကောင်းစွာသိဘို့လိုသည်။ အကယ်၍မသိဘဲ ခရီးသွားလျှင် ထိုသူသည် အရူးဖြစ်သည်၊ ဟုဆိုရလိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဤလောကမှ မည်သည့်နေရာသို့ သွားနေကြသနည်း။ ကျွန်ုပ်တို့၏ လမ်းဆုံးလိပ်စာ သိကြပြီလော။ လိပ်စာမသိလျှင် မည်ကဲ့သို့ ရောက်နိုင်မည်နည်း။ လူသည်တခါမွေးပြီးလျှင် ဤလောက၌ အနှစ်ခုနစ်ဆယ်ရှစ်ဆယ်နေပြီးမှ ထာဝရလောကသို့ သွားရသည်။ ထိုထာဝရလောကသည် နှစ်နေရာရှိသည်။ သုခချမ်းသာခံစားရာ ကောင်းကင်ဘုံနှင့် ဒုက္ခဆင်းရဲခံစားရာ မီးငရဲ အိုင်တို့ဖြစ်သည်။ လူသည်မွေးလာသောအခါ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ် စေ၊ မီးငရဲအိုင်ရောက်ဘို့မွေးဖွားသည်။ ထိုသို့ဖြစ်ရခြင်းသည် လူသားအားလုံး၏မိဘများ ဖြစ်သော အာဒံနှင့်ဧဝ တို့၏ ဘုရားစကားနားမထောင်ဘဲ၊ စာတန်စကားနားထောင်ခြင်းကြောင့်ဖြစ်သည်။ သို့သော်သူတို့ကို အပြစ်တင် နေ၍ မပြီးပါ။ မကျေနပ်လျှင်လည်း သင်နှင့်ကျွန်ုပ်သည် ငရဲမီးအိုင်သို့ ချီတက်နေကြသည်။ သို့သော် ဝိညာဉ် မျက်စိကန်းသောကြောင့် မသိကြ၊ မကြောက်ကြ၊ လွတ်လမ်းကို မရှာကြချေ။ လမ်းဆုံးမီးငရဲအိုင်၌ ထာဝရ ဒုက္ခ ခံမည့်အရာထက် လောလောဆယ် ပြသနာဖြေရှင်းဘို့ ကြိုးစားနေကြသည်။ စာတန်ကလည်း လူတိုင်းငရဲရောက် မည့်အရာကို မစဉ်းစေချင်ချေ။ အကြောင်းမှာ သူတစ်ယောက်ထဲ ငရဲသို့မသွား လူသားတိုင်းလည်း သူနှင့်အတူ ရောက်စေချင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်း တရားကို မကြားစေခြင်းငှါ လူတိုင်းကို လောက အရာများအားဖြင့် ဆွဲဆောင်ကာ လိမ်ညာနေသည်။
သတင်းကောင်း
လူသည်အထက်၌ဖေါ်ပြသကဲ့သို့ ငရဲလားဘို့ဖြစ်နေသော်လည်း၊ ဘုရားသခင်က လူသားများကို သနား သောကြောင့် ငရဲမှလွတ်လမ်းကို ပြင်ဆင်ပေးသည်။ သခင်ယေရှုကိုယ်တိုင် ဤသို့ဆိုသည်၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ (ယော ၃း၁၆)။ ပျက်စီးခြင်း ဆိုသည်မှာ ထာဝရငရဲသို့ ဒုက္ခခံစားခြင်းကို ဆိုလိုသည်။ ဘုရားသခင် ၏ သားတော် သခင်ယေရှုကို ယုံကြည်လျှင် ထာဝရမီးအိုင်ထဲမှ လွတ်မြောက်နိုင်သည်။
ဗတ္တိဇံယောဟန်ကလည်း၊ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေသည်၊ ဟုဟော ပြောလေ၏။(ယော ၃း၃၆)။
ပေါလုကလည်း၊ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေး ဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။ (ရော ၆း၂၃) ဟူ၎င်း၊ လူအပေါင်းတို့ သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။(၁ တိ ၂း၄) ဟူ၍ ၎င်း၊ ယေရှုခရစ်အားဖြင့်၊ ငါတို့ကို ထမြောက်စေ၍၊ ကောင်းကင်အရပ်၌၊ နေရာပေးတော်မူပြီ။ (ဧဖက် ၂း၆) ဟူ ၍၎င်း၊ ရေးထားသည်။
ယောဟန်ကလည်း၊ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည်၊ ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရား သခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။(၁ ယော ၅း၁၁-၁၂) ဟုရေးထားသည်။ ထို့ကြောင့်လူအပေါင်းအတွက် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် အလိုတော်သည် ထာ၀ရအသက်ရရှိရေး၊ ပျက်စီးခြင်းတည်းဟူသော မီးငရဲအိုင်မရောက်ရှိရေးဖြစ်သည်။ လူအပေါင်းထဲတွင် မိတ်ဆွေလည်းပါဝင် သည်။ ထို့ကြောင့်၊ သင့်အတွက် ဘုရားသခင်၏ရည်ရွယ် ချက်သည် ကောင်းကင်နိုင်ငံရောက်ရှိရေး၊ ထာဝရ အသက်ရရှိရေးဖြစ်သည်။ မိတ်ဆွေ၊ ကောင်းကင်နိုင်ငံရောက်လိုပါသလား။ ထာဝရအသက်ရရှိလိုပါသလား။
ရောက်မည့်နေရာသိစေချင်
ယောဟန်က၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည်၊ ထာဝရအသက်ကို ကိုယ်တိုင် ရသည်၊ ဟုသိစေခြင်းငှါ၊ ဤအရာများကို သင်တို့အားငါရေး၍ ပေးလိုက်၏။(၁ ယော ၅း၁၃) ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို၊ သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့်၊ အသက်ကို ရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက်ရှိ သတည်း။(ယော ၂၀း၃၁) ဟုရေးထားသည်။ ယောဟန်က ယောဟန်ခရစ်ဝင်ကျမ်းနှင့် ယောဟန်ဩဝါဒစာစောင် ရေးခြင်းသည် စာဖတ် သူများအနေဖြင့် ကိုယ်ရောက်မည့်နေရာသိဘို့ သို့မဟုတ် ထာဝရအသက်ရကြောင်းကို ခန္ဓာကိုယ် အသက်ရှင်စဉ် သိရှိဘို့ဖြစ်သည်၊ ဟုရေးထားသည်။ သို့သော်၊ လူအများစုသည် ကိုယ်ခန္ဓာအသက် ကုန်ဆုံးသောအခါ ရောက်ရှိမည့် နေရာကို မသိကြသေးချေ။ သိချင်စိတ်လည်းမရှိကြ၊ ပူပင်သောကလည်း မရောက်ကြချေ။ ပြောပြမည့်သူရှိလျှင်လည်းမလိုချင်၊ စိတ်ဆိုးကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ သင်သည်၊ ထိုသို့သောသူဖြစ်နေပါသလား။
ဘုရားသားသို့မဟုတ်စာတန်သား
ပေါလုက၊ ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်၊ ဟုဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ၊ သက်သေ ခံတော်မူ၏။ သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံ ဖြစ်ကြ၏။ (ရော ၈း၁၆-၁၇) ဟုဆိုထားရာ၊ သင်သည် ဘုရားသခင်၏သားဖြစ်ကြောင်း အထဲ၌ သက်သေခံခြင်း သိပြီးပြီလော။ ထိုသက်သေမရှိလျှင် သင်သည် မသေမချာ မရေမရာဖြစ်နေမည်။ သတ္တိရှိနိုင်မည်မဟုတ်ချေ။ ဘုရားသားမဟုတ်လျှင် စာတန်၏သား ဖြစ်မည်။ အကြောင်းမူကား၊ လူသည် စာတန်၏သားသမီး အဖြစ်မွေးဖွားကြသောကြောင့်ဖြစ်သည်။
ဘုရားရွေးချယ်သော ဣသရေလလူများက၊ ငါတို့သည် မတရားသော မေထုန်အားဖြင့် မွေးဘွားသော အမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘ တပါးတည်းရှိတော်မူသည်၊ ဟုဆိုကြ၏။ (ယော ၈း၄၁) ။ ထိုအခါယေရှုက၊ သင်တို့သည် သင်တို့၏ အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ (ယော ၈း၄၄) ဟုသူတို့၏ အဖြစ်မှန်ကိုဖေါ်ပြလိုက်သည်။ အဘယ်ကြောင့် သူတို့သည် သခင်ယေရှုကို လက်မခံနိုင်ကြသနည်း။ ဘုရား၏သားသမီးများမဟုတ်ဘဲ၊ စာတန်၏သားသမီးများ ဖြစ်နေကြသောကြောင့်ဖြစ်သည်။ ယနေ့၊ ခရစ်ယာန်ဟုဆိုသူများသည် အဘယ်ကြောင့် ဘုရားနှင့်ပတ်သက် သောဝိညာဉ်ရေးရာ၊ ကောင်းကင်တက်မည့်အရေးများကို လုံးဝစိတ်မဝင်စားကြသနည်း။ ဘုရား၏သားသမီးများ မဟုတ်ဘဲ၊ စာတန်၏သားသမီးများ ဖြစ်နေကြသောကြောင့်ဖြစ်သည်။ သင်သည်ဘုရား၏သားသမီးလော စာတန်၏သားသမီးလော။ ဘုရားသားသမီးဖြစ်လျှင် ဘုရားနှင့်ဆိုင်သောအရာများ စိတ်ဝင်စားလိမ့်မည်။ စာတန် ၏သားသမီးဖြစ်လျှင် စာတန်ပိုင်သော ဤလောကကိုသာလျှင် စိတ်ဝင်စားလိမ့်မည်။ သားသမီးများသည် မိဘ ပိုင်သောအိမ်ကို တမ်းတပြီး အမြန်ပြန်ချင်ကြသည်။ အဘယ်ကြောင့် များစွာသောသူများ ကောင်းကင်နိုင်ငံ သွားဘို့ မလိုချင်၊ မကြားချင်ကြသနည်း။ ဘုရားသခင်သည် သူတို့၏ဖခင်မဟုတ်သောကြောင့်ဖြစ်သည်။
ဘုရားသားသမီးဖြစ်ခွင့်
ဆင်းရဲသားများ၊ အရုပ်ဆိုးသောသူများက၊ သူဌေးသားသမီး၊ လှပသောမိဘများ၏ သားသမီးများဖြစ် ချင်တတ်ကြသည်။ သို့သော်၊ မည်သို့နည်းနှင့်မှ မဖြစ်နိုင်ပါ။ သို့သော်၊ လူသားအားလုံးသည် စာတန်သားသမီး များအဖြစ် မွေးဖွားခဲ့ကြသော်လည်း၊ ဘုရားသခင်က သူ၏သားသမီးများ ဖြစ်ခွင့်ပေးသည်ကို ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော၊ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ (ယော ၁း၁၂)။ ထိုသူတည်းဟူသော သခင်ယေရှုကို လက်ခံသမျှသောသူတို့ကို ဘုရားသားဖြစ်ရသောအခွင့်ကို ပေးတော်မူသည်။ သို့သော်၊ အဘယ်ကြောင့် များစွာ သောလူတို့သည် ဘုရားသားသမီး မဖြစ်ချင်ကြသနည်း။ အလွယ်ဆုံးအကြောင်းရင်းမှာ မသိသောကြောင့်ဖြစ် သည်။ ဘုရားသားသမီးမဖြစ်သော်လည်း၊ လောကစည်းစိမ်ခံစားနေရလျှင် ကျေနပ်နေကြသည်။ လောက၌ ဒုက္ခဆင်းရဲခံရလျှင်လည်း၊ ဝိညာဉ်မျက်စိကန်းသောကြောင့် ဘုရားသားသမီးဖြစ်ခွင့်ကို အလေးမထား၊ စိတ်မ ဝင်စားကြချေ။ သင်သည်၊ အမှန်တကယ် ဘုရားသားသမီးဖြစ်ပြီလား၊ သို့မဟုတ် ဟန်ဆောင်နေပါသလား။ ဘုရားသားသမီးမဖြစ်လျှင် ဘုရားပိုင်သော ကောင်းကင်နိုင်ငံသို့ ဝင်ခွင့်ရမည်မဟုတ်ချေ။
ဆာလံ ၁၂၇ မှဆင်ချင်ရမည့်အချက်များ
၁။ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီး လုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီး စောင့်ကြ၏။
၂။ စောစောထလျက်၊ ညနက်သည့်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။
ဤဆာလံကျမ်းကို ခရစ်ယာန်အများစုက သိကြမည်ဟုယူဆပါသည်။ သို့ဖြစ်လျှင် အောက်ပါ မေးခွန်းများကို ဖြေပြီး ကျွန်ုတော့ထံ အီးမဲလ်နှင့် ပို့စေချင်သည်။ mosescung1@gmail.com
၁။ အိမ်သည် ဘာကိုဆိုလိုသနည်း။..............................................
၂။ အိမ်ကို မည်သူကဆောက်လေ့ရှိသနည်း။..............................................
၃။ အိမ်ကိုမည်သည့်အရာများအားဖြင့်ဆောက်လေ့ရှိကြသနည်း။......................
၄။ အဘယ့်ကြောင့်ဆောက်သောသူတိုသည်အချည်းနှီးဖြစ်သည်ဟုဆိုသနည်း။.......................................
၅။ အိမ်ကိုမည်သူကဆောက်ရမည်ဟုဆိုသနည်း။...........................................
၆။ အိမ်ကိုဘုရားကဆောက်ခြင်းဆိုသည်မှာဘာကိုဆိုလိုသနည်း။...........................................
၇။ သင့်၏အိမ်ကိုမည်သူကဆောက်နေသနည်း။..........................................
၈။ မြို့ကိုမည်သူတို့ကစောင့်လေ့ရှိသနည်း။.......................................
၉။ မြို့ကိုမည်သည့်အရာများအားဖြင့်စောင့်ကြသနည်း။..........................................
၁၀။ ကင်းစောင့်တို့စောင့်သောမြို့သည်လုံခြုံပါသလော။......................................
၁၁။ မြို့ကိုမည်သူကစောင့်ရမည်နည်း။......................................
၁၂။ စောစောထလျက် ညနက်သည့်တိုင်အောင်မအိပ်ဘဲနေလျက်ဟူသောအရာသည်ဘာကိုဆိုလိုသနည်း။..........................
၁၃။ ပင်ပန်းစွာအစာစားခြင်းအဓိပ္ပါယ်ဖေါ်ပြပါ။.................................
၁၄။ သင်သည်အိပ်ပျော်နိုင်ပါသလား။.......................................
၁၅။ အိပ်ပျော်သောအခွင့်ကိုမည်သူကပေးနိုင်သနည်း။..................................
၁၆။ အိပ်ပျော်ခွင့်ရှိခြင်းသည်ဘာအကျိုးရှိသနည်း။..................................
၁၇။ မည်သူကိုအိပ်ပျော်ခွင့်ပေးသနည်း။..............................