GOODNEWS
  HOME  GOODNEWS  2013 OCT
 


အမှာစာ

သေခါနီးလူနာအတွက် ငွေ၊ ဂုဏ်၊ အာဏာ၊ အပျော်အပါး၊ ပညာ၊ အလှအပများ မှစ၍ ဘယ်အရာမှအရေးမကြီး တော့ချေ။ ထိုအရာများသည် မျှော် လင့်ချက်မပေးနိင်ချေ။ သူ့အတွက် အရေးကြီးဆုံး သည် သေသွားသော နောက် သူ၏ ဝိညာဉ် အဘယ်အရပ်သို့ သွားမည်နည်းဟူသောအရာ သာလျှင် အရေး ကြီးသည်။ များစွာသော လူများသည် သေသွားသော နောက်မည့်သည့်နေရာသို့ ရောက်မည်ကို မသိသောကြောင့် အလွန် ကြောက်ရွံ့တုံလှုပ်လျက် အသက် ချူပ်ရ ကြသည်။ သို့သော် ကောင်းကင် ရောက်မည်ဟု သိသောသူများအတွက် မူသေရမှာကို မစိုးရိမ် ကြချေ။ ထိုထက် ကျန်ရစ်မည့် မိဘ၊ သား မယား၊ ညီအစ်ကို မောင်နှမများအတွက် ပူပန်မှု ရှိသည်။ 

 ယခုအခါ ခရစ်တော် ကြွလာမည့်အချိန် အလွန် နီးနေပြီ။ လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ၊ ဂရုစိုက်သည် ဖြစ်စေ၊ မစိုက်သည် ဖြစ်စေ၊ ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ခရစ်တော် ကြွလာတော့မည်။ သူသည် သင်ကို တိုင်ပင်မည် မဟုတ်၊ သူ့အချိန်နှင့် သူလာလိမ့်မည်။ သူလာခါနီး ဖြစ်ပျက် မည့် နိမိတ်လက္ခဏာများ ပြည့်စုံ နေကြပြီ။ သူမလာသေးခြင်း သာလျှင် စောင့်ရသည်။ သူ လာသောအခါ သူ့ကို လက်ခံရရှိခဲ့သောသူများကိုသာ ချီဆောင်သွားမည် ဖြစ်သည်။ ထိုသူများ အထဲ၌ မိတ်ဆွေ ပါဝင်စေချင်သည်။ မိတ်ဆွေသည် ခရစ်တော်ကို ရရှိပြီးပါက မရရှိ သေးသော ဘေးနားရှိလူများကို ပြောပါ။ ထိုသူများကို ပြော ဘို့ရန် တရားဟောဆရာများကိုသာ လျှင်အား မကိုး ပါနှင့်။ သင်ကိုယ်တိုင် ကြိုး စား၍ ပြောပြပါ။ သူတို့ ကယ်တင်ခြင်း အတွက် ပူပန်ပါ။ ဆုတောင်း ပေးပါ။ မိဘများ၊ ကိုယ့် သားသမီးများကို ပြောပြပါ။ အဘိုးအဘွားများကိုယ့်မြေးများကို ပြောပြပါ။ မပြောတတ်ဟု ဆင်​ခြေမပေးပါနှင့်။ ကိုယ့်ရင်သွေးများ ငရဲကျမည့် အရာကို ပူပန်ပေးပါ။ သူတို့ မပါဘဲ ကောင်းကင် တက်ချင် ကြသလား။ ကြိုးစား၍ သူတို့ကို ချစ်လျှင် ပြောပြရမည်။ 


ယခုလစာစောင်တွင်...
ထာဝရအသက် 
ချီဆောင်ခြင်း အလွန် နီးပြီ
ကျမ်းစာဖတ်ကြစို့ (ယောဟန် ၄) 
နေ့စဉ် အသက်တာ
ဧဝံဂေလိ ခရီး စဉ်
ယခုလကျမ်းပိုဒ်
 


ထာဝရအသက် 
သက်ရှိသတ္တဝါတိုင်းသည် အသက်ကို တန်ဘိုး ထား ကြသည်။ ယင်ကောင် များလည်း လူများ ကသတ်မည်ကြံသောအခါ ပျံသွားတတ်ကြသည်။ ပရွက် ဆိတ်များလည်း အန္တရာယ် ကြုံသောအခါ ပြေးသွား ကြသည်။ လူလည်း ကိုယ်ခန္ဓာအသက် သေမှာကို ကြောက်၍ အလုပ်လုပ်ကြသည်၊ ဆေးကုသကြသည်၊ ကျန်းမာရေးအာမခံများ ဝယ် ကြသည်။ ကိုယ်ခန္ဓာအသက် ထိလာမည့် အရာကို တတ်နိင်သမျှ ရှောင်ကွင်းကြသည်၊ ကာကွယ် ကြသည်။ လူသည် ကိုယ်ခန္ဓာ အသက်ကိုသာ ဂရုစိုက် ကြသည်။ 
 
လူ၏ တန်ဘိုး 

သို့သော် လူသည် ကိုယ်ခန္ဓာအသက်သာမက ဝိညာဉ် အသက်လည်းရှိသည်။ ကိုယ်ခန္ဓာအသက်သည် အသွေး၌ ရှိသည်ဟု ထင်ကြသည်။ သို့သော် သေသွားသောသူများသည် သွေးမရှိသောကြောင့် သေကြသည် မဟုတ်။ အမှန်မှာ ကိုယ်ခန္ဓာအသက်သည် ဝိညာဉ်၌ ရှိသည်။ သခင်ယေရှု ကတရားစရပ် မှုး၏ သမီးကို ရှင်ပြန်ထမြောက် စေသောအခါ သူမ၏ ဝိညာဉ် ပြန်လာသည် ဟုဆိုသည် (လု ၈:၅၄)။ ယာကုပ်က၊ ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေ ဖြစ်သကဲ့သို့ (ယာ ၂:၂၆) ဟုဆိုသည်။ လူသည် မည်မျှပင်ချောသော်လည်း အထဲ၌ ဝိညာဉ် မရှိလျှင် လုံးဝ တန်ဘိုး မရှိတော့ချေ။ ဝိညာဉ် မရှိသော ခန္ဓာကိုယ်သည် ရွံစ ရာကောင်း၍ လူတိုင်း ကမထိချင် ကြတော့ချေ။ ထို့ကြောင့် လူ၏ တန်ဘိုးသည် ရုပ် ရည်၌ မရှိ၊ ချမ်းသာ ကြွယ်ဝမှု၊ ပညာ၊ အာဏာများ၌ မရှိ။ လူ၏ တန်ဘိုးသည် ဝိညာဉ်၌ သာရှိသည်။ ဝိညာဉ် မရှိသော ခန္ဓာသည် အလျှင်အမြန် ပုပ်၍ မြေမြုပ်ရသည်။ 
 
၀ိညာဉ်၏ အသက် 

ကိုယ်ခန္ဓာအသက်သည် ဝိညာဉ် ဖြစ်ကြောင်း၊ ဝိညာဉ်သည် ကိုယ်ခန္ဓာ၏ တန်ဘိုး ဖြစ်ကြောင်း သိရပြီ။ သို့ဖြစ်လျှင် ဝိညာဉ်၏ တန်ဘိုးနှင့် အသက်သည် အဘယ်မှာ ရှိသနည်း။ ဝိညာဉ်၏ တန်ဘိုးနှင့် အသက်သည် ခရစ်တော်၌ ရှိသည်။ ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ဟုဆိုသည် (ယော ၁၄:၆)။ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေ လွန်သော်လည်း ရှင်လိမ့်မည် (ယော ၁၁:၂၅) ဟုဆိုသည်။ ရှင်ပေါလုကလည်း သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။ ငါတို့ အသက် တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတ္တံ (ကော ၃:၃-၄)ဟု ရေးခဲ့သည်။ ခရစ်တော်သည် ကိုယ်ခန္ဓာအသက် မဟုတ်၊ ဝိညာဉ် အသက်ဖြစ်သည်။ သို့သော် လူသည် ခရစ်တော်ကို တန်ဘိုး မထားကြ၊ အဘယ်ကြောင့် မထားကြသနည်း။ ခရစ်တော်သည် ဝိညာဉ် အသက် ဖြစ်ကြောင်း မသိသောကြောင့် ဖြစ်သည်။ လူ့ ဝိညာဉ်သည် ခရစ်တော်နှင့် မဆက်လျှင် အသက် မရှိ၊ တန်ဘိုးလည်း မရှိချေ။ 
 
၀ိညာဉ်အသက် ရှိဘို့ 

ဝိညာဉ် အသက်ရှင်ဘို့ရန် လူမတတ်နိင်။ ဝိညာဉ် အသက်သည် ခရစ်တော်၌ ရှိသည်။ ထိုကြောင့် ကျမ်းစာက၊ ဘုရားသခင်သည် ငါတို့အား ထာဝရဘုရား အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ(၁ ယော ၅:၁၁-၁၂) ဟုဆိုသည်။ ဝိညာဉ် အသက်ကို ထာဝရ အသက် ဟုဆိုသည်။ အကြောင်းမှာ ထာဝရ အသက်ရှင်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအသက်သည် ဘုရား ပေးမှရနိင်သည်။ မပေးလျှင် မရနိုင်ကြောင်း ထင်ရှားသည်။ ထိုအသက်သည် သားတော် တည်းဟူသော ခရစ်တော်၌ ရှိသည်။ ထို့ကြောင့် ထိုအသက် ရလိုလျှင် သားတော် ဖြစ်သော ခရစ်တော်ကို ရရှိဘို့ လိုသည်။ သားတော်ကို မည်ကဲ့သို့ ရရှိနိင်မည်နည်း။ စိတ်နှလုံးတံခါးဖွင့်၍ ခေါ်ဘိတ်နိင်သည်။ ခရစ်တော်က၊ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ (ဗျာ ၃:၂၀) ဟုဆိုသည်။ ခရစ် တော်သည် သင်၏ စိတ်နှလုံးတံခါးကို ဤစာအားဖြင့် ခေါက်နေပြီ။ ဖွင့်ပေးပါက သူသည် ကတိတော် အတိုင်း ဝင်လာပါလိမ့်မည်။ ဤကဲ့သို့ ဆုတောင်းခြင်းဖြင့် ဘိတ် ခေါ်နိင်သည်။ ဘုရားသခင်၊ ကိုယ်တော်သည် ​ကျွန်ပ်ကို ထာဝရ အသက် တည်းဟူသော သခင်ယေရှုကို ပေးသောကြောင့် ကျေးဇူးတင်ပါ၏။ သခင်ယေရှု ဘုရား၊ ကိုယ်တော်သည် ​ကျွန်ပ်၏ ဝိညာဉ် အသက် ဖြစ်ကြောင်း ဝန်ခံပါ၏။ ​ကျွန်ပ်၏ စိတ်နှလုံးတံခါးဖွင့်ပါ၏။ ဂတိတော် အတိုင်း ဝင်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးတော်မူပါ။ အာမင်။ 

အထက်ပါ ကဲ့သို့ အမှန်တကယ် ဆုတောင်းလျှင် သခင် ခရစ်တော်သည် သူ၏ ဂတိတော် အတိုင်း သင်၏ စိတ်နှလုံးအထဲ၌ ဝင်မည် ဖြစ်သည်။ သူသည် ဝင်လျှင် သင်သည် ထာဝရ အသက် ရရှိပြီ ဖြစ်သည်။ ထာဝရ အသက် ရလျှင် ထာဝရ အသက်ရှင်မည် ဖြစ်သည်။ ထာဝရ အသက်ရှင်ခြင်းသည် သခင် ခရစ် တော်နှင့်အတူ ထာဝရ နေခြင်း ဖြစ်သည်။ သခင် ခရစ်တော်သည် ကောင်းကင်နိင်ငံ၌ နေသောကြောင့် သင်သည်လည်း ကောင်းကင်နိင်ငံ၌ နေရမည် ဖြစ်သည်။ ဘုရားသခင်သည် ဤ သမ္မာတရား နားလည်၍ စိတ်ချနိင်သော အခွင့်ကို သင့် အားပေးတော်မူပါစေသော်။ 
 
မေးခွန်းများ 

မေး။ ကယ်တင်ခြင်းသို့ ရောက်သောနေ့ သို့မဟုတ် ဒုတိယအကြိမ် မွေးသောနေ့ မသိသောသူသည် စစ်မှန်သော ကယ်တင်ခြင်းသို့ ရောက်သည် ဟုဆိုနိင်ပါ သလော။ 

ဖြေ။ ကယ်တင်ခြင်းသို့ ရောက်သော နေ့သိမှ ကယ်တင်ခြင်းသို့ ရောက်သည်ဟု မဆိုနိင်ချေ။ ကိုယ်ခန္ဓာမွေးနေ့သိမှ မွေးဘွားသည်ဟု မဆိုနိင် သကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့် အချို့သောသူများသည် ဝိညာဉ် မွေးနေ့ မသိကြသနည်းဟူ မူကား တရားနာသော အရာများ၍ တဖြည်းဖြည်း မသိမသာယုံကြည် သောကြောင့် ဖြစ်သည်။ ထိုသူများသည် ကယ်တင်ခြင်းကို မတိုက်ခံဘဲ နားထောင်သောသူများ ဖြစ်သောကြောင့် ဖြစ်သည်။ အချို့သောသူများသည် ကယ်တင်ခြင်း အကြောင်းကို အတိုက်အခံပြုသောကြောင့် ပြန်၍ လက်ခံသောအခါ သူတို့ လက်ခံသော နေ့ကို သိရခြင်း ဖြစ်သည်။ 

မေး။ ဒုတိယအကြိမ် မွေးဘွားပြီ ဟုဆိုသော်လည်း အဘယ်ကြောင့် အသက်တာ၌ ပြောင်းလဲမှု မရှိသနည်း။ 

ဖြေ။ အကြောင်း နှစ်ခု ဖြစ်နိင်သည်။ ပဌမ အချက်မှာအမှန်တကယ် ဒုတိယအ ကြိမ်မမွေးသောကြောင့် ဖြစ်သည်။ ဝိညာဉ်၌ ဒုတိယအကြိမ် မမွေးဘဲ ကယ်တင်ခြင်း အကြောင်းကို ဦးနှောက်အားဖြင့် သိသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ဝိညာဉ်၌ ဒုတိယအကြိမ် မွေးဘွားခဲ့ပြီးသော်လည်း ကြီးထွားရင့်ကျက်ခြင်း မရှိ၊ ဝိညာဉ် ခလေး ဖြစ်နေသောကြောင့် ဖြစ်သည်။ ကောရိန္တု အသင်းသား များလည်း ဒုတိယ မွေးဘွားကြသော်လည်း ခလေး ဖြစ်နေကြသောကြောင့် ရှင်ပေါလု ကအပြစ် တင်ခြင်း ဖြစ်သည် (၁ ကော ၃:၁-၅)။ ဝိညာဉ် ခလေး များသည်လောကသား များနှင့် အကျင့်အကြံမှာအတူ တူပင် ဖြစ်သည် (၁ ကော ၃:၁)။ 
မေး။ ဒုတိယ မွေးဘွားရန်မည်ကဲ့သို့ ပြုလုပ် ရမည်နည်း။ 

​ဖြေ။ ဒုတိယ မွေးဘွားရန်ဘာမျှလုပ်စရာ မလိုပါ။ ကိုယ်ခန္ဓ မွေးဘွားသောအခါ ခလေး အနေဖြင့် ဘာမျှမလုပ်ပါ။ မိခင်က မွေးဘွားလိုက်သည်။ ထိုနည်းတူ ဒုတိယ မွေးဘွားရန် ဘုရားသခင်က လုပ်ဆောင်သွားသည်။ မည်ကဲ့သို့ လုပ်ဆောင်သနည်း ဟူမူကား၊ လူအားလုံး သည် အာဒံ၌ မွေးဘွားသောကြောင့် အာဒံ၌ ရှိကြသည်။ အာဒံ၌ ဖြစ်ပျက်သမျှကို ခံစား ကြသည်။ အာဒံသည် အပြစ်သား ဖြစ်၍ သေရ သကဲ့သို့ လူတိုင်း အပြစ်သား ဖြစ်၍ သေရသည်။ အာဒံသည် ဘုရား စကား နားမထောင် နိင် သကဲ့လူတိုင်း ဘုရား စကား နားမထောင်နိင်ကြချေ။ ထိုလူသားများကို ဘုရားသခင်က ခရစ်တော် အထဲ၌ ထားလိုက်သည် (၁ ကော ၁:၃၀)။ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေသည် (ဂလာ ၂:၂၀)။ ခရစ်တော် အထဲမှဗတ္တိဇံ တည်းဟူသော သင်္ချိုင်းထဲ၌ မြှုပ်နှံပြီး ပြီ။ ခရစ်တော်နှင့်အတူ အသစ်သော အသက်အားဖြင့် ရှင်ပြန်ထမြောက် လာသည်။ ကျမ်းစာက၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရားသခင်၏ ပြုပြင်အား ထုတ်တော်မူခြင်းကို ယုံကြည်သော အားဖြင့်၊ ဗတ္တိဇံကို ခံ၍ ထိုသခင်နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။ (ကော ၂:၁၂)။ တဖန်၊ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူ ပြီ။ (ဧဖက် ၂:၆) ဟုဆိုသည်။ ထိုသို့ ထမြောက် လာသော လူသစ်သည် ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားသည်ဟု ခေါ်သည်။ ထိုသို့ မွေးဘွားနိင်ရန်လူမတတ်နိင်ပါ။ ဘုရားသခင်က ခရစ်တော်အားဖြင့် လုပ်ဆောင်သောအရာ ဖြစ်သည်။ ထိုအရာကို သိ၍ လက်ခံခြင်းသည် ဒုတိယ မွေးဘွားခြင်း ဖြစ်သည်။ 
 


ချီဆောင်ခြင်း အလွန် နီးပြီ

ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။ (ရော ၁၃:၁၁-၁၄) 


အထက်ပါ ပေါလု၏ စာများ အရ ညအချိန် ကုန်လု၍ နေ့အချိန် ရောက် လုပြီ။ ထို့ကြောင့် နေ့အချိန်၌ ကဲ့သို့ နေဘို့ လိုသည်။ ညအချိန်တွင် အပြစ်ကိုသာ ပြုလုပ်၍ နေ့အချိန်တွင် ကောင်းသော အမှုတို့ကိုသာ ပြုတတ်သည်။ ထို့ အပြင်ညသည် အိပ်ချိန် ဖြစ်သည်။ ဝိညာဉ်ပိုင်း၌ အိပ်ခြင်း ဆိုသည်မှာ ဝိညာဉ်ရေးရာကို မရှာ၊ မလိုက်ဘဲ၊ သခင်ယေရှု ကြွလာမည့် အရာကို မမျှော်လင့်၊ မပြင် ဆင်ဘဲလောကအရာကိုသာ ရှာဖွေခြင်း၊ ပျော်မွေ့ခြင်း ဖြစ်သည်။ ပိုက်ဆံကို အပြင်းအထန်ရှာခြင်း၊ အား ကစားကိုသာ လိုက်စားခြင်း၊ တီဗီ၊ ကွန်ပြူတာ များကိုသာ ကြည့်ခြင်း၊ မလိုအပ်ဘဲ စျေးခဏခဏသွားခြင်း၊ ရည်ရွယ်ချက်မရှိဘဲ အိမ်တိုင်း လျှောက်လည်ခြင်းတို့သည်လည်း ဝိညာဉ်ပိုင်း အိပ်ပျော်ခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ အားနည်းစေသောအရာ မှန်သမျှသည် အိပ်ပျော်ခြင်း ဖြစ်သည်။ ချီးမွမ်းခြင်း သီချင်းဆိုနေချိန်တွင် ပင် အိပ်ပျော် နေကြသည်။ ဆိုလိုသည်မှာ ချီးမွမ်းနေသော်လည်း အပျော်သီဆို၍ ဘုရားသခင်ကို အမှန်တကယ် မချီးမွမ်းခြင်းသည် အိပ်ပျော်နေသည်။ တရားဟောသော်လည်း ဘုရား အလိုတော် မဟုတ်၊ လူ့အကြိုက်ဟောခြင်းသည်လည်း အိပ်ပျော်နေခြင်း၊ အိပ်မက် မက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများနိုးကြဘို့ နိုးဆော်လိုပါသည်။ 

ယုံကြည်သူများအနေဖြင့် မအိပ်ပျော်သင့်တော့ချေ။ သခင်ယေရှုခရစ်ကိုယူ တင်ဝတ်ဆောင်ဘို့ ပြောထားသည်။ အကြောင်းမှာ လူတိုင်း ကိုယ်တုံးလုံး ဖြစ်သောကြောင့် ဖြစ်သည်။ လူလုပ်သော အဝတ်အစားကောင်းကောင်း ဝတ်သော်လည်း ဘုရား အမြင်၌ လူသည် ကိုယ်တုံးလုံး ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုကို ဝတ်ဆင်ဘို့ အကြံပေးရခြင်း ဖြစ်သည်။ 

ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စ ရာအကြောင်း မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အ ကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဉ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။ နေ့၏သား ဖြစ်သော ငါတို့ မူကား၊ သမ္မာသတိ ရှိကြကုန်အံ့။ (၁ သက် ၅:၁-၈) 

သခင်ယေရှုသည် သူခိုးကဲ့သို့ လာမည် ဟုဆိုသည်။ ဆိုလိုသည်မှာ မထင် မှတ်သောအချိန် အိပ်ပျော်ချိန်၌ လာမည် ဟုဆိုသည်။ သို့သော် ယုံကြည်သူများသည် နေ့၏သား အလင်း၏သား ဖြစ်သောကြောင့် အိပ်မပျော်ရကြ။ ထို့ကြောင့် သခင်ယေရှု လာမည့် အရာသည် ယုံကြည်သူများအတွက် မထင်မှတ်သောအရာ မဟုတ်။ သို့သော် အမည်ခံ ခရစ်ယာန် များနှင့် ဇာတိ ခရစ်ယာန်များအတွက် မူသ တိမထားသောကြောင့် မထင်မှတ်သော အချိန်၌ လာမည် ဖြစ်သည်။ ငြိမ်ဝပ်ခြင်းရှိ
၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟူသောအရာကို ငြိမ်ဝပ်ခြင်း၊ ငြိမ်ဝပ်ခြင်း၊ လုံခြုံရေး၊ လုံခြုံရေးဟု နားလည်ရမည်။ အင်္လိပ်ကျမ်းစာများ၌ (ျွှ့ငူန အ့နပ မေန ျပေငညါယ “ဏနခေန ​ေညိ ျ​ေ်နအပဍ” အ့နည ိနျအမကခအငသည တငူူ ခသာန ကစသည အ့နာ ျကိိနညူပ ူငုန ူဘေသမ စ​ေငညျ ကစသည ​ေ တသာ​ေည တငအ့ ခ့ငူိယ ​ေညိ အ့နပ တငူူ ညသအ နျခစေန၏)။ ယခုအခါ ကမ္ဘာခေါင်းဆောင် များသည် ငြိမ်ချမ်းရေးနှင့် လုံခြုံရေးဟု ကြွေးကြော်ကာ အစည်းအဝေးနှင့် လုပ်ငန်းများကို လုပ်ဆောင် နေကြသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထက် စစ်ရေးနှင့် ဆူပူမှုများသာတွေ့မြင်နေရသည်။ ခရစ်တော် ကြွလာတော့မည် ဖြစ်သောကြောင့် သမ္မာသတိရှိဘို့ မှာသွားသည်။ 
 ချီဆောင်ခြင်း အလွန် နီးကြောင်း ကျမ်းစာနှင့်လောက အဖြစ်အပျက်များ ကြည့်လျှင် များစွာ သိနိင်သည်။ ထိုအထဲမှသာ းရဲ၏ အမှတ်တံဆိပ် ဖြစ်သော ၆၆၆ အကြောင်းနှင့် ပတ်သက်၍ ကြည့်ကြပါစို့။ ကျမ်းစာက ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေ အတွက် ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်း ငှါ၎င်း စီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏ (ဗျာ ၁၃:၁၆-၁၈)။ ဘေးဒဏ်ကြီး ကာလတွင် လူတိုင်း၆၆၆ တံ ဆိပ်ခတ်မည့် အကြောင်း သိရှိတာကြာပြီ ဖြစ်သည်။ သို့သော် ယခုအရိပ်ရောက် ရှိနေပြီ ဖြစ်ကြောင်း လူတိုင်း သတိထားချင် မှထားမည်။ 


 အိုဘားမားခီးယား (Obamacare) အရအမေရိကန်နိင်ငံသား တိုင်းသည် ကျန်းမာရေးအာမခံ (Health Insurance) ) ဝယ်ရမည် ဟုဆိုသည်။ ယခု အခါအမေရိကန်နိင်ငံသား သန်းပေါင်း၄၀ ခန့်သည် ကျန်းမာရေးအာမခံမရှိ ကြချေ။ လာမည့် နှစ် ၂၀၁၄ ခုနှစ်မှစ၍ လူတိုင်း အာမခံဝယ်ရမည်။ မဝယ်သောသူများကို ဒဏ်ခတ်မည် ဖြစ်သည်။ ထိုသို့ လူတိုင်း ကျန်းမာရေးအာမခံဝယ်ရာတွင် ဝင်ငွေနည်းသောသူများအတွက် အစိုးရကကူညီထောက်ပ့ံမည် ဖြစ်သည်။ လူတိုင်းလည်း (Microchip) များကို လက်၌ သွင်းထားမည် ဖြစ်သည်။ ထိုသို့ သွင်းရခြင်းသည် အကြောင်း အမျိုးမျိုးရှိသည့်အနက်အချို့ကို ဖေါ်ပြပါက၊ ဆေးရုံ၌ လူနာမှတ်ပုံတင်လွယ်ကူသည်၊ လူနာ၏ ကျန်းမာရေးအ​ခြေအနေချက်ချင်း သိနိင်သည်။ လူနာသည် အရေးပေါ်နှင့် ဆေးရုံရောက်၍ သူ့အကြောင်း ကိုသူ မပြော နိင်၊ မေ့မျောနေပါက ယခုအခါ သူ့ကို ကူညီနိင်ဘို့ အခက်အခဲရှိသည်။ အကြောင်းမှာ လူသည် ဘာ ရောဂါရှိသည်၊ ဘာဆေးမှီဝဲနေသည်၊ ဘာဆေးမတည့်သောအရာ ရှိသည်များကို မသိနိင်ချေ။ သို့သော် Microchip ရှိထားပါက လူနာသည် အရေးပေါ်အခန်းရောက်သည်နှင့် တပြိုင်နက် ချက်ချင်း လူနာကို ကူညီနိင်မည် ဖြစ်သည်။ ထို့ကြောင့် လူ များစွာက Microchip ကို လက်၌ ရှိဘို့ရန် အလွန် လိုလားကြမည်။ သို့သော် ကျမ်းစာ နားလည်သောသူများ မူကား ထို Microchip ကို လက်၌ အသွင်းခံကြမည် မဟုတ်။ ထို Microchip သည် ကျမ်းစာထဲမှ သားရဲ၏ တံဆိပ် မဟုတ် သေးသော်လည်း ယုံကြည်သူများအတွက် လက် ခံဘို့ရန် ခက်နေသည်။ အခြားသော နိမိတ်လက္ခဏာများသည် ဂရုမစိုက်ဘဲ နေနိုင်သော်လည်း ဤ Microchip ကစ္စကိုမူ ယုံကြည်သူတိုင်း လှစ်လှိုရှု၍ မရသောအရာ ဖြစ်လာသည်။ ထိုကြောင့် ချီဆောင်ဘို့ရန် အလွန် နီးလာပြီ ဖြစ်၍ အောက်ကိုသာ မကြည့်တော့ဘဲ ကောင်းကင် ဘက်မော်ကြည့်၍ သခင်ဘုရား လာမည့် နေ့ကိုမျှော်ဘို့ လိုလာသည်။ ကောင်းကင်မှ တံပိုးခရာမှုတ်မည့် အသံကို နားစွန့်ဘို့ လိုကြောင်း သတိ ပေးတိုက်တွန်းအပ်ပါသည်။ 
 
ကျမ်းစာဖတ်ကြစို့
ယောဟန် ၄

၁။ ယေရှုသည် ကိုယ်တိုင် ဗတ္တိဇံကို ပေးတော်မမူ။ ၂။ တပည့်တော်တို့ သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက် သာ၍ များသော သူတို့ကို တပည့်တော် ဖြစ်စေ၍ ဗတ္တိဇံကို ပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရား သိတော်မူသောအခါ၊ 

သခင်ယေရှု၏ တပည့်များသည် လူများကို ဗတ္တိဇံပေးကြောင်း ဤနေရာ၌ သာတွေ့ရသည်။ ဗတ္တိဇံပေးခြင်းသည် အကြောင်း အမျိုးမျိုးရှိသည်။ ယောဟန်ပေးသော ဗတ္တိဇံသည် နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံ ဖြစ်သည် (မ ၃:၃-၆)။ သခင်ယေရှု ကိုယ်တိုင်လည်း ဗတ္တိဇံခံခဲ့သည်။ သူဗတ္တိဇံခံခြင်းသည် အလုံးစုံသော တရားတို့ကို ကျင့်ဘို့နှင့် သူသည် ဘုရားသခင်၏သား ဖြစ်ကြောင်း ထင်ရှားစေဘို့ရန် ဖြစ်သည် (မ ၃:၁၃-၁ရ၊ ယော ၁:၂၉-၃၄)။ ဤနေရာ၌ သခင်ယေရှု၏ တပည့်များ ဗတ္တိဇံပေးခြင်းသည် အဘယ်အတွက် ဖြစ်သည်ကို မဖေါ်ပြ သောကြောင့် မသိရပါ။ 
 
၃။ ယုဒပြည်မှ ထွက် သွား၍ ဂါလိလဲပြည်သို့ တဖန် ကြတော်မူ စဉ်တွင်၊ ၄။ ရှမာရိပြည် အလယ်၌ ရှောက်သွားရ၏။ 

ယုဒပြည်သည် တောင်ဘက်တွင် ရှိ၍ ဂါလိလဲပြည်သည် မြောက်ဘက်တွင် ရှိသည်။ ရှမာရိပြည်သည် ယုဒပြည်နှင့် ဂါလိလဲပြည် အကြားတွင် ရှိသည်။ ဗါဗုလုန်​ကျွန် ခံရာမှပြန်လာသော ယုဒလူများသည် ယုဒပြည်နှင့် ဂါလိလဲပြည်တွင် နေထိုင် ကြသည်။ ရှမာရိပြည်တွင် နေထိုင်သောသူများသည် ရှမာရိလူမျိုးများ ဖြစ်သည်။ အာရှုရိ ရှင်ဘုရင်က၊ ဣသရေလ လူများကို သိမ်းသွားသောအခါ ဣသရေလ ပြည်၌ ဆင်းရဲ သားများသာကျန်ရစ်သည်။ အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန် မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သားတို့ကို ဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကို သိမ်းယူ၍ နေရာကျကြ၏။ (၄ရာ ၁ရး၂၄) (၂ ုငညါျ ၁၇:၂၄)။ ထို့ကြောင့် ရှမာရိလူများသည် ဣသရေလ လူနှင့် တပါးအမျိုးသားရောနှောသော ကပြားများ ဖြစ်သည်။ သူတို့သည် ထာဝရဘုရားနှင့် အခြားဘုရား များကိုးကွယ် ကြသည်။ သူတို့သည် အမျိုးမ စစ်သောကြောင့် ယုဒလူများ ကမပေါင်းသင်းလိုကြချေ။ ထို့ကြောင့် ယုဒပြည် မှလူများသည် ဂါလိလဲပြည်သို့ သွားသောအခါ ရှမာရိပြည်ကို ရှောင်၍ ယော ဒန်မြစ်အရှေ့ဘက်မှသွားတတ်ကြသည်။ သို့သော် သခင်ယေရှုသည် ရှမာရိ ပြည်ကို မရှောင်ဘဲ အလယ်မှသွားသည်။ 
 
၅။ ယာကုပ်သည် မိမိသား ယောသပ် အားပေးသော မြေအကွက်နှင့် အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။

ထိုမြေကို ယာကုပ် ကဝယ်ကြောင်း ဤသို့ တွေ့ရသည်၊ ယာကုပ်သည် ရှေခင်မြို့သို့ ဘေးမဲ့ ရောက်လေ၏။ ပါဒနာရံပြည် မှပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်း ခရီး တွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာ ထဲကို ဆောက်လေ၏။ တဲဆောက် ရာမြေအကွက်ကို ရှေခင်၏ အဘ၊ ဟာမော်၏သားတို့ တွင်၊ ငွေတပိဿာအ ဘိုးပေး၍ ဝယ်ရသတည်း။ (က ၃၃:၁၈-၁၉)။ ထိုမြေကို ယာကုပ်ကယောသပ် အားပေးကြောင်း ဤသို့ တွေ့ရသည်၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှဆောင်ခဲ့သော ယောသပ်၏ အရိုးတို့ကို၊ ရှေခင်၏ အဘဟာမော်၏သားတို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ်သော ရှေခင်မြို့နယ်မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေအကွက်သည် ယောသပ်သားတို့ အမွေမြေ ဖြစ်သတည်း။ (ယောရှု ၂၄:၃၂) 
 
၆။ ထိုအရပ်၌ ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီး သွား၍ ပင်ပန်းသောကြောင့် ရေတွင်း နားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ​ခြောက်နာရီအချိန် ဖြစ်၏။ 

သခင်ယေရှုသည် ဘုရား အပိုင်းနှင့် လူ့အပိုင်းရှိသည်။ ဘုရား အပိုင်းသည် ပင်ပန်းခြင်း မရှိနိင် (ဟေရှာ ၄၀:၂၈)။ သို့သော် လူ့အပိုင်းသည် ​ကျွန်ပ်တို့ ကဲ့သို့ပင် ပင်ပန်းနိင်သည် (ဟေ ၂:၁ရ- ၁၈)။ ​ခြောက်နာရီသည် နေ့လည်မွန်းတည့်ဆယ့် နှစ်နာရီ ဖြစ်သည်။ သူတို့ ခေတ်၌ မိုးလင်းမှမိုးချုပ်ကို တဆယ်နှစ်နာရီဟု သတ်မှတ်ကြောင်း ဤသို့ တွေ့ရသည်၊ ယေရှုကလည်း၊ တနေ့တွင် တဆယ်နှစ်နာရီ ရှိသည် မဟုတ်လော (ယော ၁၁:၉)။ 
 
၇။ ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။ ၈။ အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကို ဝယ်ခြင်းငှါ မြို့ထဲသို့ သွားကြသည် အခိုက် ဖြစ်သတည်း။ 

ရှမာရိအမျိုးသမီးသည် နေ့လည်အချိန် မှာရေခပ်ခြင်း ငါှလာသည်။ ရေ ခပ်ချိန်သည် နံနက်ပိုင်းနှင့် ညနေပိုင်း ဖြစ်သည်။ သခင်ယေရှု ကထိုမိန်းမထံတွင်သူ သောက်ဘို့ ရေတောင်းသည်။ အမှန်မှာ သူသည် ထိုရေကို မသောက်ပါ။ စကားပြောဘို့ရန် အစပျိုးခြင်း ဖြစ်သည်။ 
 
၉။ ထိုမိန်းမကလည်း၊ သင်သည် ယုဒလူ ဖြစ်လျက် ပင်၊ ရှမာရိမိန်းမ ဖြစ်သော အ​ကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်း ဟုဆို၏။ ဆိုသည် အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတိုို့နှင့် ပေါင်းဘော်ခြင်း မရှိ။ 

ယုဒလူ ဖြစ်သော သခင်ယေရှု ကရှမာရိမိန်းမထံမှ ရေတောင်းခြင်းသည် ထိုမိန်းမအတွက် အလွန် ထူးခြားသည်။ ယုဒလူများ ကရှမာရိလူတို့ကို နှိမ်ခြင်း၊ ခွဲ ခြားခြင်း အကြောင်းကို အငယ် ၃၌ ဖေါ်ပြခဲ့ပြီး ပြီ။ သို့သော် သခင်ယေရှုသည် ရှမာရိ လူများကို မပယ်ကြောင်း၊ နောက်ပိုင်း၌ သူသည် ရှမာရိလူများကလည်း မျှော်လင့်သော မေရှိယ ဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ဝိညာဉ်နှင့်ကိုးကွယ်မည့် အကြောင်းများကို ပြောပြသည်။ သခင်ယေရှု ကဲ့သို့ ယုံကြည်သူများလည်း လူမျိုးအဆင့်အ တန်းမခွဲခြားဘဲ လူတိုင်းကို ပေါင်းသင်းနိင်ဘို့ လိုသည်။ 
 
၁၀။ ယေရှုကလည်း၊ ဘုရားသခင့်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ ရေပေးပါ ဟုဆိုသောသူကား အဘယ်သူ ဖြစ်သည်ကို၎င်းသင်သည် သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊ 

သခင်ယေရှု ကသူသည် အသက်ရေပိုင်ရှင် ဖြစ်ကြောင်းကို ဖေါ်ပြသည်။ အသက်ရေသည် ကိုယ်ခန္ဓာအတွက် မဟုတ်၊ ဝိညာဉ် အတွက် ဖြစ်သည်။ ထိုမိန်း မသည် သခင်ယေရှုကို ယုဒလူဟု သာသိသည်။ သခင်ယေရှုသည် သာမန်ယုဒလူ မဟုတ်၊ အသက်ရေပိုင်ရှင် ဖြစ်သည်။ အသက်ရေပေးပိုင်ရှင်သည် ဘုရားသခင် ဖြစ်သည်။ 
 
၁၁။ မိန်းမက၊ သခင်၌ ရေခပ်စရာ မရှိရေတွင်းလည်း နက်သည် ဖြစ်၍ အသက်ရေကို အဘယ်သို့ ရပါမည်နည်း။ 

ထိုမိန်းမသည် သခင်ယေရှု ပြောသော စကားကို နားမလည်နိင်ချေ၊ သူသည် နိကောဒင်ကသခင်ယေရှု ပြောသော စကားကို နားမလည်နိင် သကဲ့သို့ဖြစ်သည် (ယော ၃:၄၊ ၉)။ သခင်ယေရှု ကသူ၏ စကားကို နားမလည်နိင်သောအခါ နိကောဒင်ကို အပြစ်တင်သည်။ သို့သော် ရှမာရိအမျိုးသမီးကိုမူအပြစ် မတင်ချေ။ အကြောင်းမှာ နိကောဒင်သည် ဆရာ ဖြစ်သည်။ ရှမာရိအမိန်းမသည် သာမန်ရိုးရိုးလူ ဖြစ်သည်။ သခင်ယေရှုက ဝိညာဉ် စကားပြောနေချိန်တွင် နိကောဒင်နှင့် ရှမာရိအမျိုးသမီးတို့ ကဇာတိပိုင်း စကား ပြောသည်။ သခင်ယေရှု ကသူ့အသား စားဘို့နှင့် အသွေးသောက်ဘို့ အကြောင်းကို ပြောသောအခါ ယုဒလူများနှင့် တပည့်တော်များက နားမလည်နိင်သောအခါ၊ သခင်ယေရှုက၊ ငါပြောသော စကားသည် ဝိညာဉ် ဖြစ်၏။ အသက်လည်း ဖြစ်၏။ (ယော ၆:၆၃) ဟုဆိုခဲ့ဘူးသည်။ 
 
၁၂။ ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့ အားပေး၏။ သူ့ကိုယ်တိုင် မှစ၍ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီး မြတ်သလော ဟုဆို၏။ 

ရှမာရိအမိန်းသမီးကယာကုပ်ကို ငါတို့အဘ ဟုဆိုသည်။ အကြောင်းမှာ အငယ် ၃၌ တွေ့သည့်အတိုင်း သူတို့သည်လည်း ဣသရေလ တပိုင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုမိန်းမကယာကုပ်ကို အလွန် လေးစားကြောင်း တွေ့ရသည်။ သခင်ယေရှုသည် ယာကုပ်ထက်ကြီး မြတ်သလောဟု မေးခွန်းထုတ်လိုက်သည်။ 

၁၃။ ယေရှုကလည်း၊ ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။ ၁၄။ ငါပေးသော ရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မ ပြတ်ကင်းလွတ် လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရ အသက်ရှင်ခြင်း အလိုငှါ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ 

သခင်ယေရှု ကမိန်းမ၏ မေးခွန်းကို မ​ဖြေချေ။ အကြောင်းမှာ မလိုအပ်သောကြောင့် ဖြစ်သည်။ ထိုထက် ရေအကြောင်းကို ပြောသွားသည်။ သခင်ယေရှုက ရေနှစ်မျိုးအကြောင်း ပြောသည်။ ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည် ဟုဆိုသည်။ ထိုရေသည်တွင်း ထဲမှရေ ဖြစ်သည်။ ထိုရေသည် ဤလောကအရာများကို ပုံဆောင်သည်။ လောကသား တိုင်း ဤလောကအရာကို စွဲလမ်းနှစ်သက်၍ ရှာဖွေ ကြသည်။ သို့သော် အကျိုးမရှိ။ ဘုရားသခင်က ရှောလ မုန်ကို သူလိုချင်သော ဤလောကအရာအားလုံး ပေးလိုက်သည်။ ရွှေငွေ၊ ဥစ္စာ၊ မိန်းမ​ကျွန်၊ အငြိမ့်မင်းသား၊ မင်းသမီးမှစ၍ သူလိုချင်သောအရာ အားလုံး ကို ပေးသည်။ သူ့စိတ်ထဲရှိသမျှ အကြံထမြောက် စေသည်။ အဘယ်ကြောင့် ဘုရားသခင်က ထိုသို့ ပေးသနည်းဟူမူကား လူသား အားလုံး ကို သင်ခန်းစာပေးချင် သောကြောင့် ဖြစ်သည်။ ရှောလမုန်သည်လောကအရာသူလိုချင် သမျှ ရရှိသော်လည်း နောက်ဆုံး၌ အနတ္တသက်သက် ဖြစ်သည်ဟု ရေးထားသည် (ဒေသနာ ၂ ဖတ်ပါ)။ 
 
၁၅။ မိန်းမကလည်း၊ သခင်၊ အ​ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်၎င်း၊ သည်ကို လာ၍ ရေခပ်ခြင်းနှင့်၎င်း၊ ကင်းလွတ် မည်အကြောင်း ထိုရေကို ပေးပါဟု တောင်းလျှင်၊ 

မိန်းမသည် သခင်ယေရှု၏ ဆိုလိုရင်းကို နားမလည် သေးချေ။ သခင်ယေရှုက ဝိညာဉ် စကားပြောနေသော်လည်း ဇာတိနားနှင့် ကြားသောကြောင့် အ​ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်၎င်း၊ သည်ကို လာ၍ ရေခပ်ခြင်းနှင့်၎င်း၊ ကင်းလွတ် မည်အကြောင်း ထိုရေကို ပေးပါဟု တောင်းခြင်း ဖြစ်သည်။ ယုံကြည်သူများကလည်း ဝိညာဉ် စကားပြောသောအခါ ဇာတိလူများက နားမလည်နိင်ကြချေ။ 
 
၁၆။ ယေရှုက၊ သွားလော့။ သင်၏ လင်ကို ခေါ်၍ သည်ကို လာဦးလော့ဟု မိန့်တော်မူ၏။ 

သခင်ယေရှု ကအဘယ်ကြောင့်ထိုမိန်းမကို သူ၏ လင်ခေါ်ခိုင်းသနည်း။ အကြောင်းမှာ သူ၏ အပြစ်ကို ထုတ်ဖေါ်နေခြင်း ဖြစ်သည်။ အသက်ရေရရှိဘို့ရန် အပြစ်ကင်းဘို့ လိုသည်။ ထိုကြောင့် သခင်ယေရှု ကသူ၏ အပြစ်ကို စတင်ဖေါ် ထုတ်ခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် လာသောအခါ၊ အပြစ်ကို ဖေါ်ပြမည့် အကြောင်း သခင်ယေရှုက ဤသို့ ပြောခဲ့ဘူးသည်၊ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီ ရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ (ယော ၁၆:၈)။ 
 
၁၇။ မိန်းမကလည်း၊ အ​ကျွန်ုပ်၌ လင်မရှိ ဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသော စကားသည် မှန်၏။ ၁၈။ အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဘူးပြီ။ ယခု သင်နှင့် နေသောသူသည် သင်၏ လင် မဟုတ်။ ဤအရာ၌ သင်သည် မှန်သော စကားကို ပြောပြီဟု မိန့်တော်မူ၏။ 

မိန်းမကလည်း လူသားများထုံးစံအတိုင်း သူ၏ အပြစ်ကို ဖုံး၍ သူ၌ လင်မရှိဟု ပြောသည်။ သို့သော် အရာခပ်သိမ်းကို သိမြင်တော်မူသောသူရှေ့၌ ဘယ် အရာကိုမျှ ဖုံးကွယ်၍ မရချေ (ဟေ ၄:၁၃)။ သခင်ယေရှု ကသင်သည် လိမ်ပြောသည်ဟု မဆို၊ သူ့ကို ထောက်ခံလိုက်သည်။ သူမ၌ တရားဝင်လင်မရှိ။အတူ တူနေထိုင်သော လင်သာလျှင် ရှိသည်။ တရားမဝင်သော လင်ငါးယောက်ရှိဘူး ပြီ။ ယခုနေသော လင်သည်လည်း တရားဝင်လင် မဟုတ်ဟု အတိအကျ ဖေါ်ပြ လိုက်သည်။ 
 
၁၉။ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက် ဖြစ်သည်ကို အ​ကျွန်ုပ်ရိပ်မိပါ၏။ 

သူ့အပြစ်ကို တိတိကျကျ ဖေါ်ပြနိင်သောအခါ ထိုမိန်းမကသခင်ယေရှုကို အနည်းငယ်သိလာသည်။ သူ့ကို ပရောဖက်ဟု ရိပ်မိသည်။ မှန်ပါသည် သခင်ယေရှုသည် ပရောဖက်လည်း ဖြစ်သည်။ သို့သော် သခင်ယေရှုသည် ပရောဖက်ထက် ကြီးသည်။ ပရောဖက်တို့ကို ဖေါ်ပြ အသုံးပြုတတ်သော ဘုရားသခင် ဖြစ်သည်ကို သူမ မသိသေးပါ။ ယနေ့ များစွာသော ယုံကြည်သူများသည် သခင်ယေရှုကို ကောင်းကြီး ပေးရှင်၊ ကွယ်ကာရှင်အဖြစ် အသိများ ကြသည်။ ဘုရား အဖြစ် မသိကြ။ ထိုကြောင့် သူ့ကို ရိုသေသင့်သလောက် မရိုသေ၊ ကြောက်သင့်သလောက် မကြောက်ကြချေ။ 
  
၂၀။ အ​ကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌ သာကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊ 
 ရှမာရိလူများသည် ဂေရဇိမ်တောင်ပေါ်၌ ကိုးကွယ်လေ့ရှိသည်။ ထိုတောင် ပေါ်မှကောင်းကြီး ပေးဘို့ မောရှေကမှာထားခဲ့သည် ( တရားဟော ၁၁:၂၉၊ ၂ရး၁၂၊ ယောရှု ၈:၃၃)။ ဣသရေလ လူများ မူကား ယေရုရှလင်မြို့ဗိမာန်တော် မှသာလျှင်ဘုရားကိုးကွယ်ဘို့ ထာဝရဘုရားက မောရှေအားဖြင့် အတန်တန်မှာခဲ့သည် (တရား ဟော၁၆:၂၊ ၂၆:၂)။ ဘုရားသခင်က ရှောလမုန်ဆောက်သော ဗိမာန်တော်ကို ရွေးချယ်၍ ကျိန်းဝပ်ခဲ့သည် (၃ရာ ၈:၂၉၊ ၆ရာ ရး၁၂)။ ထို့ကြောင့် ဣသရေလ လူများသည် ထာဝရဘုရားကို အခြားသော နေရာမှကိုးကွယ်၍ မရ၊ ယေရုရှလင်မှ သာလျှင်ကိုးကွယ်ကြလေ့ရှိသည်။ 
 
၂၁။ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကို ယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည်အချိန်ကာလ ရောက်ဆဲရှိ၏။ 

သခင်ယေရှု ကကိုးကွယ်မည့် နေရာပြောင်းမည့် အကြောင်း၊ အလွန် အရေးကြီးသောအရာကို အရေးမကြီးသော ရှမာရိအမျိုးသမီးထံ၌ ပြောပြသည်။ ထာဝရဘုရားကို ကေရဇိမ်တောင်ပေါ်မှ မဟုတ်၊ ယေရုရှလင်မြို့မှ မဟုတ်ကိုးကွယ် မည့်အချိန် ရောက်ဆဲရှိသည် ဟုဆိုသည်။ သခင်ယေရှု ကမည်သည့်နေရာမှကိုးကွယ်ရမည်ကို မပြောခဲ့ချေ။ သို့သော် ဟေဗြဲကျမ်းစာအားဖြင့် ဘုရားကိုးကွယ်မည့် နေရာကို သိနိင်သည်။ ယေရုရှလင် ဗိမာန်တော်သည် အရိပ် ဖြစ်၍ ထိုနေရာကို ဘုရားသခင်က စွန့်ခွါခဲ့သည်။ ထို့ကြောင့် သခင်ယေရှု အသက် စွန့်သောအခါ ဗိမာန်တော် အထဲမှကုလားကာသည် နှစ်ခြမ်းကွဲသွားခြင်း ဖြစ်သည် (မ ၂ရး၅၁)။ ထိုကုလားကာကွဲခြင်းသည် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ကြသော်လည်း အမှန်မှာ ဗိမာန်တော် အထဲ၌ ဘုရား မရှိတော့ကြောင်း၊ ဘုရားသခင်သည် ဗိမာန်တော်ကို စွန့်ခွါ သွားပြီး ဖြစ်ကြောင်း ဖေါ်ပြသည်။ ထိုသို့ ထာဝရဘုရားသည် ဗိမာန်တော်မှ ထွက်ခွါ၍ သံလွင်တောင်မှ ကောင်းကင်သို့ တက်သွားမည့် အရာကို ပရောဖက် ယေဇကျေ လကနှစ်ပေါင်း၆၀၀ ကြိုတင်၍ တွေ့မြင်ခဲ့ပြီးကြောင်း ဤသို့ ရေးသား ထားသည်။ 

(၁) ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်ကအိမ်တော် တံခါးခုံအထက်သို့ တက်ရွှေ့၍ အိမ်တော်သည် မိုဃ်းတိမ်နှင့် ပြည့်၏။ တန်တိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော် အရောင်နှင့် ပြည့်၏။ (ယေဇ ၁၀:၄) 

(၂) ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော် တံခါးခုံမှရွှေ့၍ ခေရုဗိမ်အပေါ်မှာ တည်လေ၏။ ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့် ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက် ကြ၏။ ထာဝရဘုရား၏ အိမ်တော် ရှေ့တံခါးဝမှာရပ်၍ ဣသရေလ အမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ၏။ (ယေဇ ၁၀:၁၈-၁၉) 

(၃) ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲကတက်၍၊ မြို့အရှေ့မှာ ရှိသော တောင်ပေါ်၌ ရပ်တော်မူ၏။ (ယေဇ ၁၁:၂၃) 

ထာဝရဘုရားသခင် ယေရုရှလင် ဗိမာန်တော်ကို စွန့်ရခြင်းသည် ဣသရေလ လူများ၏ အပြစ်ကြောင့် ဖြစ်သည်။ ထို့အပြင် ထိုဗိမာန်တော်သည် အရိပ် ဖြစ်၍ အရိပ်ခေတ်ကုန်ပြီး ဖြစ်သည်။ ယခုအခါ ထာဝရဘုရားကို ဗိမာန်တော် အစစ် ဖြစ်သော ဘုရား တည်ဆောက်သော ကောင်းကင်ဘုံ၌ ကိုးကွယ်ဘို့ ဖြစ်သည်။ ထိုအရာကို ဟေဗြဲကျမ်း၌ ဤသို့ တွေ့ရသည်၊ ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ် အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုး အာနုဘော် တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေတော်မူ၏။ လူမ ဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။ (ဟေ ၈:၁-၂)။ တဖန်၊ ယခု မှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေး အသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ (ဟေ ၉:၁၁-၁၂)။ ထိုတဲတော်သည် ကောင်းကင်ဘုံ၌ ရှိသည်။ သခင်ယေရှု အသေခံ၍ ထမြောက်ပြီး နောက် ကောင်းကင်ဘုံသို့ တက်ရောက်ပြီးမှစ၍ ထာဝရဘုရားကို ကောင်းကင်ဘုံ၌ ကိုးကွယ်ဘို့ ဖြစ်သည်။ ထိုသို့ကိုးကွယ်မည့် နေရာပြောင်းမည့်အကြောင်းကို သခင်ယေရှု ကရှမာရိအမျိုးသမီးထံ၌ ပြောပြခဲ့သည်။ 
 
၂၂။ သင်တို့သည်ကိုယ် မသိသောအရာ ကိုကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာ ကိုကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏။ 

သခင်ယေရှု ကရှမာရိလူမျိုးများသည် သူတို့ မသိသောအရာ ကိုကိုးကွယ်ကြသည် ဟုဆိုသည်။ ရှမာရိလူများကိုးကွယ်သော ဘုရား များသည် ဤကဲ့သို့ တွေ့ရသည်၊ ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ ဘုရားကို လုပ်၍ နေရာကျသော မြို့ရွာတွင် မြင့်သော အရပ်ပေါ်မှာ ရှမာရိမြို့သား လုပ်နှင့်သော အိမ်တို့၌ တင် ထားကြ၏။ ဗာဗုလုန်မြို့သားတို့သည် သုကုတ်ဗေနုတ်ဘုရား၊ ကုသမြို့သားတို့သည် နေရဂါလဘုရား၊ ဟာမတ်မြို့သားတို့သည် အရှိမဘုရား၊ အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ၏။ သေဖရဝိမ်မြို့သားတို့သည်လည်း သေဖရဝိမ်မြို့စောင့်ဘုရား အာ​ဒြမမ္မလက်နှင့် အာနမ္မ္မေလက်ဘုရားတို့အား သားသမီးကို မီးရှို့၍ ပူဇော်ကြ၏။ ထာဝရဘုရားကိုလည်း ရိုသေ၍သာ မညလူတို့ကို မြင့်သော အရပ်ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားသဖြင့်၊ သူတို့သည် မြင့်သော အရပ်အိမ်တို့၌ လူများ အဘို့ ယဇ်ပူဇော်ကြ၏။ ထိုသို့ ထာဝရဘုရားကို ရိုသေကြ၏။ (၄ရာ ၁ရး၂၉-၃၃) (၂ ုငညါ) 
 
၂၃။ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာ တရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန် ကာလသည် လာ၍ ယခုပင်ရောက်လျက် ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သော သူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ၂၄။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။ 

နံဝိညာဉ်နှင့်ကိုးကွယ်ခြင်း ဆိုသည်မှာ ဘုရား ဝိညာဉ်နှင့် လူ၏ ဝိညာဉ် ဆက်သွယ်ခြင်း၊ စကားပြောခြင်းကို ဆိုလိုသည်။ ရှင်ပေါလုက၊ ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ (ရော ၈:၁၆) ဟူ၍၎င်း၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာ တို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသောအရာ တိုင်အောင် ခပ်သိမ်းသောအရာ တို့ကို စစ်တော်မူ၏။ လူ၏ နက်နဲသောအရာကို လူ၌ ရှိသော မိမိစိတ် ဝိညာဉ် မှတပါးအဘယ်သူ သိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါး အဘယ်သူမျှ မသိ။ ငါတို့သည်လောကီ ဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေးတော်မူသောအရာ တို့ကို သိခြင်း အလိုငှါ ဘုရားသခင့်ထံမှ ကြွလာသော ဝိညာဉ်ကို ခံရကြပြီ ဟူ၍၎င်းရေးထားသည် (၁ ကော ၂:၉-၁၂)။ 

သစ္စာနှင့်ကိုးကွယ်ခြင်း ဆိုသည်မှာ သမ္မာတရား (အ့န အမကအ့) နှင့်ကိုးကွယ်ခြင်း ဖြစ်သည်။ သမ္မာတရား ဆိုသည်မှာ ဘုရားနှင့် သူ၏ အလိုတော်၊ အကြံတော် ဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ 
၏။ (ယော ၁ရး၁ရ)ဟု ခရစ်တော် ကဆိုခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ကို သူ၏ အလိုတော် အတိုင်းကိုးကွယ်ဘို့ ဖြစ်သည်။ ယခုမူဘုရားကို လူ့အလိုအားဖြင့်ကိုးကွယ် နေကြသည်။ 
 
၂၅။ မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အ​ကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အ​ကျွန်ုပ်တို့အား အလုံးစုံတို့ကို ဘော်ပြတော်မူ မည်ဟု လျှောက် ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော် ဟုဆိုလိုသတည်း။ ၂၆ ယေရှုကလည်း၊ သင်နှင့် စကားပြောသော ငါသည် မေရှိပင် ဖြစ်သည်ဟု မိန့်တော်မူ၏။ 

ထိုမိန်းမသည် မေရှိယကြွလာမည့် အရာကိုမျှ ော်လင့်သည်။ ရောက် လာသောအခါ အလုံးစုံတို့ကို ဖေါ်ပြမည် ဟုဆိုသည်။ ထိုအခါ သခင်ယေရှု ကသူသည် မေရှိယ ဖြစ်ကြောင်းကို ပြောပြလိုက်သည်။ မေရှိယသည် ဟေဗြဲစကား ဖြစ်၍ ဘိသိက်ခံသောသူ၊ ကယ်တင်ရှင်ဟု အဓိပ္ပါယ်ရသည်။ ထိုအရာကို ဂရိတ် စကားအားဖြင့် ခရစ္စတိုး (ဃ့မငျအသျ)ဟု ခေါ်၍ အင်္လိပ်စကား၌ ခရိုက် (စ) (ဃ့မငျအ)ဟု ခေါ်သည်။ မြန်မာစကား၌ ခရစ်တော်ဟု ခေါ်သည်။ 
 
၂ရ။ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။ သို့သော်လည်း၊ အဘယ်အလိုတော် ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကား ပြောတော်မူ သနည်းဟု အဘယ်သူမျှ မလျှောက် ကြ။ 

သခင်ယေရှုသည် ထိုမိန်းမနှင့် စကားပြောသည်ကို အဘယ်ကြောင့် တပည့်တော်များအံ့ဩ ကြသနည်းဟူမူကား သူမသည် ရှမာရိအမျိုး ဖြစ်သောကြောင့် ဖြစ်သည်။ အထက်၌ ဖေါ်ပြခဲ့ပြီး ပြီ။ 

၂၈။ ထိုမိန်းမသည်လည်း ရေအိုးကို ထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊ ၂၉။ အ​ကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို ထုတ်ဘော်သောသူကို လာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော် မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊ ၃၀။ သူတို့သည် မြို့ထဲမှ ထွက်၍ အထံတော်သို့ သွားကြ၏။ 

ထိုမိန်းမသည် ရေအိုးကို ထားခဲ့၍ ဟုဆိုသည်။ အဘယ်ကြောင့်ရေအိုးကို ထားခဲ့သနည်းဟူမူကား သူမသည် မေရှိယနှင့် တွေ့သောကြောင့် အလွန် အားရသည်၊ အလွန် စိတ်လှုပ်ရှားသောကြောင့် ရေအိုးကို ပင်မေ့သွားသည်။ သူသည် သခင်ယေရှုကို ဤတကြိမ်သာတွေ့ဘူးသည်။ သို့သော် သူတွေ့သော သခင်ကို ယုံ ကြည်၍ အငြိမ်မနေနိင်ဘဲ သူ၏ မြို့သူမြို့သားများကို သွားကာမိတ်ဆက်သည်။ ယ နေ့ ယုံကြည်သူများသည် အဘယ်ကြောင့် ကယ်တင်ရှင် ယေရှုခရစ် အကြောင်းကို သူတပါးထံ၌ မပြောကြသနည်း။ အဘယ်ကြောင့်ရှက်ကြောက် နေကြသနည်း။ အဘယ်ကြောင့်ဆင်​ခြေ အမျိုးမျိုး ပေးကြသနည်း။ ထိုအမျိုးသမီးကို သခင်ယေရှု ကပြောခိုင်းသည် မဟုတ်။ သူ့ဟာသူပြောလိုက်သည်။ 

ထိုမိန်းမသည် သခင်ယေရှု အကြောင်းကို ပြောသောအခါ၌လည်း သူ့အပြစ်ကို ထုတ်ဘော် ပြောဆို သွားကြောင်း ပြောပြရဲသည်။ သူက၊ အ​ကျွန်ုပ်ပြုဘူး သမျှသော အမှုအရာတို့ကို ထုတ်ဘော်သောသူကို လာ၍ ကြည့်ကြပါ။ ဟုဆိုသည်။ သူအပြစ်ကို ဖေါ်ပြရဲခြင်းသည် ပြောင်းလဲခြင်း၏ လက္ခဏာ ဖြစ်သည်။ ထို့အပြင် ထိုသူကို လာ၍ ကြည့်ကြဘို့ ဘိတ်ခေါ်သည်။ ​ကျွန်ပ်တို့ လဲလူများကို သခင်ယေရှု ထံတော်သို့ လာဘို့ရန် ဘိတ်ခေါ်ရမည်။ သူ မပြောပြခေါ်ဘိတ်သောကြောင့် မြို့သူမြို့သားတို့သည် သခင်ယေရှုထံသို့ သွားကြသည်။ ထိုမိန်းမသည် ကျမ်းစာကျောင်း မတက်ဘူးပါ။ဘွဲ့ မရပါ။ စကား ကြွယ်ဝသောသူ မဟုတ်ပါ။ သူသိမြင်သောအရာကို ရိုးရိုးလေးပြောလိုက်ခြင်း ဖြစ်ပါသည်။ ယနေ့ ယုံကြည်သူများလည်း ယေရှု အကြောင်းကို ရိုးရိုးလေးပြောကြပါစို့။ 
 
၃၁။ မရောက်မှီတွင် တပည့်တော်တို့ က၊ အရှင်ဘုရား၊ အစာကို သုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊ ၃၂။ သင်တို့ မသိသော စားစရာသည် ငါ၌ ရှိသည်ဟု မိန့်တော်မူ၏။ ၃၃။ ထိုကြောင့် တပည့်တော်တို့ က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်းမေးမြန်းကြလျှင်၊ 

သခင်ယေရှု ကသင်တို့ မသိသော စားစရာသည် ငါ၌ ရှိသည် ဟုဆိုရာတွင် အဘယ် အရာကို ဆိုလိုသနည်း။ အောက်အပိုဒ်တွင် သူကို ယတိုင်ကပြန်ပြောသည်။ 

၃၄။ ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။ 

သခင်ယေရှု၏ စားစရာသည် သူ့ကို စေလွှတ်တော်မူသော ဘုရားသခင်၏ အလိုတော် ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှု ဖြစ်သည် ဟုဆိုသည်။ သို့ဖြစ်လျှင် သူ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သည် အဘယ်အရာ ဖြစ်မည်နည်း။ ရှင်ပေါလုက၊ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။ (၁ တိ ၂:၄) ဟုဆို ထားသည်။ သခင်ယေရှုသည် ရှမာရိမိန်းမကို သူသည် ကယ်တင်ရှင် မေရှိယ ဖြစ်ကြောင်းကို ပြောပြသည်။ ထိုမိန်းမသည် ယုံကြည်၍ ဝမ်းမြောက်စွာ သတင်း ကြား ပြောဘို့ ထွက်သွားသည်။ ရှမာရိအမျိုးသမီးကို သတင်းကောင်း ကြားပြောသောကြောင့် သခင်ယေရှုသည် အစာစားစရာ ပင်မလိုတော့ချေ။ ထို့ကြောင့် ​ကျွန်ပ်တို့လည်း ပျောက်ဆုံးသော ဝိညာဉ်များကို ဖမ်းခြင်း တည်းဟူသော ကယ်တင်ခြင်း အကြောင်းကို သက်သေခံ၍ လူများ ပြောင်းလဲလျှင် အလွန် ဝမ်းမြောက် ကြမည် ဖြစ်သည်။ ထိုခံစား မှုကို ယုံကြည်သူတိုင်း ခံစား သင့်သည်။ ယခုမူကား ထိုအရာကို မခံစား သောကြောင့် လောကအရာများအားဖြင့် စိတ်ကျေနပ်မှု ရှိနေကြသည်။ လောကအရာများသည် သခင်ယေရှု ပြောသကဲ့သို့ ရေငတ် မပြေနိင်ချေ။ 
 
၃၅။ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကိုမျှ ော်၍ ကြည့်ကြလော့။ 

သခင်ယေရှု ကစပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ဝင်းဝင်းရှိသည်ကိုမျှ ော်၍ ကြည့်ကြလော့ ဟုဆိုသည်။ သို့သော် လူများ ကလယ်ပြင်သည် ရိတ်ခြင်းငှါ လေးလလိုသေးသည် ဟုဆို ကြသည်။ အဘယ်ကြောင့်လယ်ပြင်တို့သည် ဝင်းဝင်းမှည့်နေသော်လည်း ထိုသို့ ဆိုရသနည်း။ ပျင်းရိသောကြောင့်၎င်း၊ မျှော် မကြည့်ဘဲ အောက်ကိုသာ ဆိုက်ကြည့်ကြသောကြောင့်၎င်း ဖြစ်သည်။ ယနေ့ ကယ်တင်ခြင်းသို့ ရောက်ပြီးသော ခရစ်ယာန် များလည်း မျှော်မကြည့်သောကြောင့် စပါးရိတ်ရမှန်း မသိကြ။ အမည်ခံ ခရစ်ယာန်များမူကား သေ နေကြသောကြောင့် စပါးရိတ်နိင်မည် မဟုတ်။ သို့သော် ဒုတိယ မွေးဘွားသောသူတိုင်းသည် ၀ိညာဉ်များကို ဖမ်းဘို့ လိုသည်။ သို့သော် ဝိညာဉ်များဖမ်းမည့် အစားအမည်ခံ ံ ခရစ်ယာန် များနှင့်လောကသားများကဲ့သို့ပင်လောကအရာကိုသာလျှင် ကြည့်ရှု လိုချင် သောကြောင့် လောကသားများကဲ့သို့ဖြစ် နေကြသည်။ ထိုအခါ ဝမ်းမြောက်မှု မရှိသောကြောင့် ဝမ်းမြောက် ရန်အသောက်အစားအပျော်အပါးအားဖြင့် ရှာ ဖွေ ကြသည်။ 
 
၃၉။ ရှမာရိမိန်းမက၊ အ​ကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည် ထုတ် ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌ နေသော ရှမာရိ လူအများတို့သည် ယေရှုကို ယုံကြည် ကြ၏။ ၄၀။ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ ရောက်လျှင်၊ မိမိတို့ အရပ်၌ နေတော်မူ မည်အကြောင်း တောင်းပန်ကြ၏။ ထိုအ ရပ်၌ နှစ်ရက်နေတော်မူ၏။ 

ရှမာရိမိန်းမသည် သူတွေ့သော မေရှိယကို သူ၏ မြို့သူမြို့သားတို့ ထံချက် ချင်း သွား၍ မပြောပြခဲ့သည် ရှိသော် သူတို့သည် ယေရှုကို ယုံကြည်စရာ အကြောင်း လုံးဝ မရှိ။ ယခုမူထိုမိန်းမသည် ပြောပြသောကြောင့် သူတို့ ကသခင်ယေရှုကို သူတို့ မြို့၌ ဘိတ်ခေါ်သောကြောင့် အစီအစဉ်မရှိဘဲ သခင်သည် သူတို့ မြို့၌ နှစ်ရက်ပြန်နေရသည်။ 
 
၄၁။ အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊ ၄၂။ ထိုမိန်းမအား၊ ယခု ဖြစ်လျှင် ငါတို့သည် သင်၏ စကားကြောင့် သာယုံကြည်သည် မဟုတ်။ စကားတော်ကို ကိုယ်တိုင် ကြားနာရ၍၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင် တည်းဟူသော ခရစ်တော် အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည် ဟုဆိုကြ၏။ 

ရှမာရိမြို့သား များသည် မိန်းမ၏ သက်သေခံချက်ကြောင့်ယုံကြည် ခဲ့ ကြသည်။ သို့သော် သူတို့ ကိုယ်တိုင် သခင်ယေရှု၏ စကားတော်ကို ကြားသောအခါ သူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင် တည်းဟူသော ခရစ်တော် အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည် ဟုဆို ကြသည်။ မည်မျှ အားရကျေ နပ်စရာ ကောင်းသနည်း။ သက်သေခံခြင်း ဆိုသည်မှာ မသိ သေးသောသူများကို ဤရှမာရိအမျိုးသမီးကဲ့သို့ ရိုးရိုးလေးပြောပြလိုက်ခြင်း ဖြစ်သည်။ ထူးဆန်းသော စကား၊ ကြွယ်ဝသောစကား သုံးစရာ မလိုပါ။ သက်သေခံဘို့ရန်ဘွဲ့ ဂုဏ်ထူးများရစရာ မလိုပါ။ သေနေသော အသင်းတော်များ၌ သက်သေခံခြင်း မရှိကြ၊ မလိုချင် ကြချေ။ အသက်ရှင်သော အသင်းတော်များ၌ သက်သေခံခြင်းရှိသော်လည်း အသင်းတော် အတွင်း၌သာ ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသည့်အကြောင်းများကို သက်သေခံ ကြသည်။ ထိုအရာလည်း အရေးကြီး ပါသည်။ သို့သော် ဘုရားကျောင်းမရောက်သော အပြင်လူများထံ၌ သက်သေခံခြင်းသည် ပို၍ အရေးကြီးသည်။ အကြောင်းမှာ ထိုသူများသည် သက်သေခံမည့်သူ မရှိလျှင် ခရစ်တော် အကြောင်း၊ ကယ်တင်ခြင်း အကြောင်း သိတော့မည် မဟုတ်။ ထို့ကြောင့် ယခုမှစ၍ မိမိသိသောအရာကို မသိ သေးသောသူများ ထံပြောပြနိင်ကြ ပါစေ။ 
 
နေ့စဉ်အသက်တာ
Rang Rang (Clarksville, TN)


ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော် ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။ (ဧဖက် ၅:၁၆-၁ရ) ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သော ဥာဏ်ပေးတတ်သော၊ အကြား အမြင်အတွေ့အစမ်းများသောသူတည်း ဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့ မူကား၊ ​ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။ (ဟေ ၅:၁၄) 

အခုလိုသတင်းကောင်း စာစောင်၌ ပါဝင်ရေးသား ခွင့်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်ကို ချီးမွမ်းပါတယ်။ သတင်းကောင်း ပွဲတော်ကြီး မှရရှိတဲ့သင်ခန်းစာအနည်းငယ်ဝေငှလိုပါတယ်။ ယုံကြည်ခြင်း တူပေမယ်လို့ခံယူချက်မတူ ရင်ဘုရားကို ဝတ်ပြုကိုးကွယ်တာအာသာ မပြေဘူး။ ယုံကြည်ခြင်း နဲ့ခံယူချက်တူတဲ့သူနဲ့ပေါင်းဖေါ်၊ ဆွေးနွေး၊ တိုင်ပင်ရတာအင်မတန်အရသာရှိတယ်။ ကျမ ဆိုရင် သတင်းကောင်း ယုံကြည်သူ တွေနဲ့နှစ်နဲ့ချည်ပြီး ဝေးကွာသွားတော့ ဒီပွဲတော်ကြီး မှာပါဝင်ရတာ အားရကျေနပ် တယ်။၍ ညိင​ေည​ေက ယုံကြည်သူ မိတ် ဆွေဟောင်းတွေလဲအရင်ကထက် ပိုပြီးရင့်ကျက်ကြတယ်၊ သမ္မာတရား၌ ရပ်တည်တာတွေ့ရတော့ပိုပြီး ခွန် အားရတယ်။ ကျမပဲအောက်ကျနောက်ကျ၊ မီး မငြိမ်းရုံတမယ်ပဲရှိတာပါလားလို့အား တင်းမိတယ်။ 

ဒီပွဲတော် ကြီးရဲ့ဆောင်ပုဒ် ဖြစ်တဲ့၊ သင်ရဲ့ ဘုရားသခင် နဲ့တွေ့ခြင်း ငါှကိုယ်ကို ပြင်ဆင်လော့ (အာမုတ် ၄:၁၂) ဆိုတာတွေ့တဲ့အခါဘယ်လို ပြင်ဆင် ရမလဲ လို့စဉ််းစားမိတယ်။ ပွဲတော်ကြီး မှာတွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှ အားလုံး ဟာအ သက်တာအတွက် တည်ဆောက်စရာ၊ အသက်တာအတွက် ပြုပြင်စရာ၊ ခွန် အားရစရာ ဖြစ်ပါစေလို့စိတ်နှလုံးကို ပြင်ဆင် ခဲ့တယ်။ အဲဒီလိုပဲအကောင်းအဆိုးအမျိုး မျိုးကြားရ၊ ကြုံရ၊ သိရ၊ မြင်ရတဲ့အရာတွေဟာအသက်တာအတွက် တည်ဆောက်စရာ တွေ ဖြစ်တယ်။ 

ကျမတို့ နဲ့လုပ်ဖေါ်ကိုင်ဖက်စပဲနစ်အဖွားကြီး ကကြောင်နှစ်ကောင်မွေးထားတယ်။ ကြောင်နဲ့အတူ အိပ်၊ သွားတိုက်ပေး၊ ရေချိုးပေး၊ ကြောင်သွားကိုက် လို့ဆေးရုံမှာသွားနှုတ်ပေးရတယ်။ ပိုက်ဆံဒေါ်လာ ၄၀၀ ကျော်ကုန်သွားတယ်။ သူ့ကြောင်ကချစ်စရာ ကောင်းကြောင်း၊ ငါးပေါင်လေးကြောင်း တွေကို ပြောပြနေ တယ်။ ကျမစိတ်ထဲမှာဒီအဖွားကြီး ကစိတ်ကောမှန်သေးရဲ့လား၊ သူ့ကြောင်ကို ဒါလောက်တန်ဘိုး ထားတာလို့တွေးမိတယ်။ သူ့ကြောင်ကိုသား မြေးလိုချစ်နေပေ မယ်လို့သူ့ကြောင်ကတန်ဘိုး တက်သွားတာ မဟုတ်ဘဲ၊ သူဘဲ ကြောင်လောက် တန်ဘိုး ကျသွားတာ ဖြစ်တယ်။ ဒါကြောင့်ငါလဲဘယ်လို ဖြစ်မလဲဆိုတာစဉ်းစားဘို့ လိုတယ်။ 

လူဟာဘုရား နဲ့အ​ကျွမ်းဝင်ဆက်ကပ်လေလေ ဒါမှ မဟုတ် ဝိညာဉ်လူဖြစ်လေလေလောက လူတွေကအမြင် စောင်းလေလေပဲ။ ကျမလဲအရင်ကဘုရား နဲ့ နီးနီးနေရင်လူတကာကချစ်ပြီး ချီးကျူးမယ်ထင်တာပြောင်းပြန် ဖြစ်တယ်။ ဘုရား နဲ့နီးလေလေလူတကာကမတည့်လေလေ ဖြစ်တယ်။ 

နောက် တခုစဉ်းစာမိတာက ခေတ်တခေတ်ကုန်တော့တခေတ်ပြန်ပေါ် လာတယ်။ နေဝင်သွားတယ်၊ ပြန်ထွက်လာတယ်။ ဒါပေမဲ့ကုန်လွန်သွားတဲ့အ ချိန်တွေဟာပြန်မပေါ်လာတော့ဘူး။ ဖြစ်ပြီး တဲ့အရာတွေလဲပြန်ဖျက်လို့မရဘူး။ နေ့စဉ် ပြောဆို လုပ်ကိုင်တဲ့အရာအားလုံး ဟာ တနေ့ကျရင် ခရစ်တော် ရှေ့မှာ ပြန်ပေါ်လာမည် ဖြစ်တယ်။ ဒါကြောင့်၊ ငါဘယ်လိုနေထိုင်သလဲဆိုတာဆင်ခြင်ဘို့ လို တယ်။ အချိန်ကို အကျိုးမဲ့မဖြုန်းသင့်ကြောင်း ဒီပွဲတော်ကြီး မှာစဉ်းစားမိတယ်။ 

နေအောက်မှာရှိသမျှ အရာအားလုံး ဟာအရိပ်ဘဲ ဖြစ်တယ်။ ဝင်ငွေများ လေလေ၊ မလောက်လေလေ ဖြစ်တယ်။ ရလေလေ၊ တော် ပြီလို့မရှိဘူး။ ပညာရှိ လေလေ၊ ပြသနာများလေလေပဲ။ လောကအရာတွေဟာလေနဲ့အရိပ်ကိုင်သ လိုပါပဲ။ အရင်ကကုမ္ပဏီမှာလုပ်တယ်။ လုပ်လိုက်၊ သုံးလိုက်၊ ကုန်လိုက်နဲ့၊ အခု sushi လိပ်တော့ဝင်ငွေများ လာပေမဲ့မလောက်လေလေပဲ။ အရင်ကအလုပ်များ တယ်၊ ဘယ်တော့မှအား တယ်လို့မရှိဘူး။ ဘုရားကျောင်းအစီအစဉ်နဲ့၊ ယုံကြည်သူ တွေနဲ့ဟိုကိစ္စ၊ ဒီကိစ္စလုပ်တာနဲ့ပျော်စရာ ကောင်းသေးတယ်။ အခုတော့ အလုပ်များ တယ်၊ ဘုရားကျောင်းသွားတာတောင်မနဲရုန်းပြီး သွားရတယ်၊ မတန် ဘူး။ ဒါကြောင့်ဘုရား အတွက် အလုပ်များ တာဝမ်းသာ အားရကျေနပ်စရာ ဖြစ်တယ်။ ဒီပွဲတော်ကြီး မှာအိမ်ရှင် အသင်းသား တွေကြည့်ပြီး ကျရာတာဝန် မှာအ လုပ်ရှုတ်ကြတာ၊ အင်တိုက်အား တိုက်လုပ်ကြတာကိုအား ကျလို့မဆုံးဘူး။ ငါတော့မပါလိုက်ရတော့ဘူးလို့ဝမ်းနည်းမိတယ်။ 

ဒီပွဲတော်ကြီး နဲ့ချိန်ကိုက်ရိုးရာပွဲလဲရှိတော့ရှေး ယုံကြည်သူ တွေကို မြင် ယောင်ပြီး လွန်ခဲ့တဲ့အနှစ် ၃၀ ခန့်ကအဖြစ် အပျက်ကလေးကို သတိရမိတယ်။ အဲဒီတုန်းကကျမအလယ်တန်းကျောင်းသူပဲ ဖြစ်သေးတယ်။ မင်္လာဆောင်ပွဲ တခုမှာကျမတို့ မိသားစုထမင်းစားနေတဲ့အချိန်မှာ လူတယောက် ကအမေကို နင်တို့ အသက်ရှင်ရင်းနဲ့ကောင်းကင် တက်မဲ့လူတွေ၊ ရိုးရာယဉ်ကျေးမှုတော် လှန် တဲ့လူတွေဆိုပြီးရန်စခဲ့တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ရိုးရာကောက်သစ်စားပွဲ မှာမပါလို့ ဖြစ်တယ်။ ကျမမိဘတွေက ကယ်တင်ခြင်းသို့ ရောက်ပြီး တဲ့ နောက်မှာ ရိုးရာပွဲတွေကို ရှောင်ပြီး ဘုရား နဲ့ပတ်သက်တဲ့ပွဲတွေမှာပဲပါဝင်ကြတယ်။ ဒါ ကြောင် ဆွေမျိုး တွေကလဲမုန်းကြတယ်။ သူတို့ ကမင်းတို့ သေရင်ငါတို့ မမြှပ်ဘူး လို့ပြောတော့အဖေက၊ ရတယ်၊ မမြှပ်နဲ့၊ ငါ့ရဲ့အပုပ်အနံ့ကို မင်းတို့ ခံနိင်ရင် မင်းတို့ သဘော ပဲလို့ပြောလိုက်တာကို သတိရမိသေးတယ်။ ကျမတို့ အိမ်မှာပွဲ လုပ်ရင်လဲ သူတို့ မလာချင် ကြဘူး။ 

စာမတတ်ပေမတတ်ကျမမိဘတွေကတောင် စွန့်လွှတ်နိင်ခဲ့တဲ့ပွဲတွေကို ဘာ ဖြစ်လို့အခုခေတ်ပညာတတ်တွေက အကြီးအကျယ် ကျင်းပဆင်န$​ဲနေ ကြသလဲလို့ကျမစဉ်းစားမိတယ်။ အဖေအမေတို့ ကယုံကြည်ခြင်းမှ ာရပ်တည် လို့ရှင်းရှင်းလင်းလင်းမြင်တယ်။ ခရစ်တော် ရဲ့စကားကို နားထောင် တယ်။ အခုခေတ် ယုံကြည်သူ တွေကတော့ ခရစ်တော် ရဲ့စကားကို ဂရုမစိုက်တော့ရှင်းရှင်း လင်းလင်းမမြင်ဘူး။ ဒါကြောင့်ရှင်းရှင်းလင်းလင်းမြင်နိင်ရန် ခရစ်တော် နဲ့အနီး ကပ်နေပြီး သူ့စကားကို အလေးအနက်ထားပြီး နားထောင် ကြပါစို့။ စာဖတ်သူအယောက်တိုင်း သန့်ရှင်းသောဝိညာဉ်တော် ရဲ့တို့ ထိခြင်း ခံစားပြီး တည်ဆောက်စရာ ဖြစ်ပါစေလို့ ဆုတောင်း ပေးပါတယ်။ 
 

ဧဝံဂေလိ ခရီးစဉ်

Indianapolis သတင်းကောင်း နှစ်ခြင်း အသင်းတော် မှသင်းအုပ်ဆရာနှင့် အသင်းသားများရှစ်ယောက်သည် Indianapolis Northside ရှိကယား လူမျိုးများ ထံအောက်တိုဘာလ ၆ ရက်နေ့တနင်္နွေနေ့တွင် ဧဝံဂေလိ သတင်းကောင်းဝေငှကြပါသည်။ အိမ်ရှင်ကယားလူမျိုး၁၅ယောက်ခန့်လာရောက်နား ထောင်ကြပါသည်။ သီချင်းတပုဒ်ကိုလည်း သင်ပေးကာနှုတ်ကပတ်တော် ကိုလည်း အနည်းငယ်ဝေငှခွင့်ရပါသည်။ ကယားလူမျိုးများသည် ခရစ်ယာန် နောက်ခံမရှိကြသောကြောင့်အချိန် ယူ၍ ပြောပြဘို့ လိုသည်။ နောက်ပိုင်းတွင် အပတ်စဉ် သွားရောက် ဦးဆောင်ဘို့ အသင်းတော် လူကြီဦးအောင် လင်းနှင့် ဦးနိင်လင်းကို တာဝန် ပေးထားပါသည်။ များစွာ ဝေငှခွင့်မရသော်လည်း အပြန်တွင် အလွန် အားရဝမ်းသာကြပါသည်။ ယုံကြည်သူ တိုင်းသည် သတင်းကောင်း ပြောဘို့ တာဝန် ရှိသည်နှင့် အညီ အသင်းတော် အတွင်း၌ သက်သေခံနေသောသူများ၊ ခံချင် သောသူများရှိကြသောကြောင့် အားရဝမ်းမြောက်စရာ ကောင်းပါသည်။ 
 

ယခုလကျမ်းပိုဒ်
ထိုမှတပါး၊ အချင်းလူသား သင်၏ အမျိုးသားချင်း တို့က ငါတို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ ဗျာဒိတ် ပေးတော်မူ သည်ကို ကြားကြကုန်အ့့ံဟု ထရံနား၊ အိမ်တံခါးနားမှာသင့်ကို ရည်မှတ်၍ တယောက်ကို တယောက် ပြော တတ်ကြ၏။ ၃၁။ ငါ၏ လူကဲ့သို့ သင့်ထံသို့ လာ၍ ငါ၏ လူကဲ့သို့ သင့်ရှေ့မှာ ထိုင်လျက်၊ သင်၏ စကားကို ကြားသော်လည်း နားမထောင်ဘဲ နေကြ၏။ အလွန် ချစ်ဘွယ်သော လက္ခဏာကို နှုတ်နှင့် ပြသော်လည်း စိတ်နှလုံးမူကားလောကီဥစ္စာကို စွဲလမ်းလျက် ရှိ၏။ ၃၂။ သင်၏ စကားသည်၊ ကောင်းမွန်စွာ တီး၍ သာယာသော အသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက်ဘွယ်သော သီချင်းကဲ့သို့ သူတို့၌ ဖြစ်၍ သူတို့သည် ကြားရသော်လည်း နားမထောင်တတ်ကြ၊၊ ၃၃။ သို့ရာတွင်၊ အမှု ရောက်လိမ့်မည်၊၊ အမှု ရောက်သောအခါ သူတို့တွင် ပရောဖက် ရှိဘူးသည်ကို သူတို့ သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။ (ယေဇ ၃၃:၃၀-၃၃) 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG