GOODNEWS
  HOME  GOODNEWS  2013 SEP
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် စက်တဘ်ာလစာစောင်လည်း ထုတ်ခွင့်ဖတ်ခွင့်ရ ကြသည်။ ကျေးဇူးတော် ကာလ ကုန်ခါနီးသော်လည်း ယုံကြည်သူများကောင်းကြီး ခံစားလျက် ရှိသေးသောကြောင့် အဘ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ချီးမွမ်းပါသည်။ 

လောက ကြီး၌ လုပ်စရာ အလွန်များသော်လည်း သခင်ဘုရား ခိုင်းသော အ လုပ်သည် အရေးကြီးဆုံး ဖြစ်သည်။ သခင်ဘုရားက၊ သင်တို့သည် လောကီနိုင်ငံ အ ရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။ (မာကု ၁၆:၁၅-၁၆)ဟု မိန့်မှာခဲ့သည်။ သို့သော် ထိုအမိန့်တော်ကို နာခံ၍ သက်သေခံသောသူသည် အလွန်နည်း ပါးလှသည်။ ထိုအရာထက်လောကသားများကဲ့သို့ လောကီမှု ရေးရာ၌ ရောနှော၍ လောကအရာများကိုသာ ရှာ နေကြသည်။ ထိုကြောင့် တနင်္နွေနေ့မှအပကျန်သော နေ့ရက်များတွင် ယုံကြည်သူများနှင့် မယုံကြည်သူများသည် ခွဲခြား၍ မရချေ။ 

ယုံကြည်သူများက ဧဝံဂေလိတရားမဟော၊ သက်သေမခံသောကြောင့် လူ များစွာတို့သည် ငရဲသို့ ဆင်း နေကြသည်။ ထိုအပြင်မ ယုံကြည်သူများက ယုံကြည်သူများကို အန္တရာယ် ပြုလာကြပြီ။ ယခုကမ္ဘာအနှံ့ ခရစ်ယာန် များသည် နှောက်ရှက်ခြင်း၊ နှိမ်ခြင်း၊ သတ်ဖျက်ခြင်းများ တနေ့တခြား ခံစား လာကြပြီ။ ထိုအရာများကို ကြည့်၍ ယုံကြည်သူများသည် ဘယ်အရာကိုမျှ မလုပ်ကြ။ ထိုကြောင့် ယုံကြည်သူတိုင်း မိမိပတ် ဝန်းကျင်၌ သက်သေခံကြစို့။ ဝေစာများ ပေးကမ်းကြပါစို့။ မိမိခံယူယုံကြည် ချက်များကို နည်းမျိုးစုံခြင့်ဖေါ်ထုတ်ကြပါစို့။ ထိုသို့ ပြုလျှင်၊ ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူး ခြားသော ဘာသာစကား မျိုးတို့ကို ပြောကြလတံ့။ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေ စေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလ တံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။ (မာကု ၁၆:၁ရ- ၁၈)။ 
 

ယခုလစာစောင်တွင်...

ကယ်တင်ခြင်း

မိတ်သာဟာယဖွဲ့ခြင်း၏ တန်ခိုး

ကျမ်းစာဖတ်ကြစို့ ( ဗျာဒိတ် ၆)

အောင်မြင်ခြင်းနှင့် ကျဆင်းခြင်း

ဧဝံဂေလိ ခရီး စဉ်

သတင်းကောင်း ပွဲတော်ကြီး

သက်သေခံချက်

အမှုတော်ဆောင်သင်တန်းဖိတ်ခေါ်ခြင်

  
ကယ်တင်ခြင်း 

လူဘဝအသက်တာမှာ အရေးကြီးဆုံး သောအရာသည် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။ ဝိညာဉ် ငရဲမှ ကယ်တင်ခြင်း သို့မဟုတ် ထာဝရဘုရားသခင်၏ အပြစ် တရားစီရင်ခြင်းမှ ကင်းလွတ်ခြင်းထက် အရေးကြီးသောအရာ မရှိတော့ချေ။ ထို့ကြောင့် ခရစ်တော်က၊ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မဿဲ ၁၆:၂၆) ဟုဆိုရခြင်း ဖြစ်သည်။ သို့သော် လူသားများသည် ကယ်တင်ခြင်း သို့မဟုတ် ထာဝရ အသက် ရရှိဘို့ရန် လုံးဝ စိတ်မဝင်စားကြသောကြောင့် မလိုလားအပ်ဘဲ ထာဝရ မီးအိုင် ထဲသို့ ဆင်းသွားကြရမည် ဖြစ်သည်။ ထိုကြောင့် မိတ် ဆွေသည် ကယ်တင်ခြင်းသို့ မရောက်သေးလျှင် အခြားအမှု ကိစ္စများကို ထားခဲ့၍ ကယ် တင်ခြင်းသို့ ရောက်ဘို့ရန် ရှာဖွေ စေချင်သည်။ လောက မှာလုပ်စရာ မြောက် များစွာ ရှိသည်။ ငွေရဘို့ အတွက် အလုပ်လုပ်ခြင်း၊ ပညာရေးအတွက် ကျောင်းတက်စာကြည့်ခြင်း၊ မိသားစုအတွက် ချက်ပြုတ်ခြင်း၊ ခလေးများစောင့်ရှောက်ထိမ်းသိမ်းခြင်း၊ ရည်း စားအတွက်အချိန် ပေးခြင်း၊ နိင်ငံရေးအတွက် အလုပ်ရှုပ်ခြင်း၊ အမျိုးအတွက် ကြိုး စားခြင်း စသည်ဖြင့် လူတိုင်း၌ လုပ်စရာများလှသည်။ ထိုအပြင် ဤနိင်ငံ၌ ရုံးကိစ္စ၊ ဆေးရုံသွားခြင်း၊ စသည်ဖြင့် စိတ်ရှုပ်သွားလောက်အောင် အလုပ်များ လှသည်။ သို့သော် ထိုအရာများသည် သေသည် အထိ ကုန်နိင်မည် မဟုတ်။ ထိုလူမှု ကိစ္စများ ကျေပြွန်စွာ ဆောင်ရွက်နိင်သော်လည်း ကယ်တင်ခြင်းသို့ မရောက်ဘဲ သေသွားသောအခါ ထာဝ ရမီးအိုင် ထဲသို့ ရောက်သွားလျှင် ထာဝရ နောင်တရ၍ မည်သို့ မျှလည်း ပြန်လည်ပြင်၍ ရမည် မဟုတ်။ ထိုကြောင့် ယခုအချိန် ကောင်းရချိန်တွင် အခြားသော အရာများထက် မိမိကယ်တင်ခြင်းသို့ ရောက်မရောက်စစ်ဆေး၍ စိတ်မချလျှင် စိတ်ချသည် အထိ လိုက် ရှာဘို့ လိုသည်။ 
 
မည်သို့ သိနိင်မည်နည်း

ကယ်တင်ခြင်းသို့ ရောက်မရောက်မည်ကဲ့သို့ စစ်ဆေးရမည်နည်း။ ဘုရားသခင်နှင့် ခရစ်တော် ကိုလည်း ယုံကြည် ပြီ။ ဘုရားကျောင်းလည်း တတ်နိင်သမျှ တက်ပြီ။ အလှူနှင့် ဆယ်ဘို့ တဘို့လည်း ပေးပြီ။ အကျင့်လည်း တတ်နိင်သမျှ ကောင်းအောင် ကြိုးစား ပြီ။ ဘယ်အရာလိုသေးသနည်း။ ကယ်တင်ခြင်းသို့ ရောက်မရောက်မည်သို့ သိရမည်နည်း။ ကယ်တင်ခြင်းသို့ ရောက်မရောက်သိနိင်ရန်မှာ အကယ်၍ ခရစ်တော် ကြွလာလျှင် ချီဆောင်ခြင်း၌ ပါဝင်မည်ဟု စိတ်ချမှု ရှိပါသလော။ သို့မဟုတ် ကိုယ်ခန္ဓာ သေဆုံးသွားသည် ရှိသော် ကောင်းကင်နိင်ငံသို့ ဝင်စားမည်ဟု စိတ်ချမှု ရှိပါသလော။ ထိုသို့ စိတ်ချမှု မရှိသေးလျှင် ကယ်တင်ခြင်းသို့ မရောက်သေးကြောင်း ထင်ရှားသည်။ အကြောင်းမှာ ကယ်တင်ခြင်းသို့ ရောက်သွားသောသူသည် အတွင်း၌ စိတ်ချမှု ရှိသည်။ ကျမ်းစာက၊ ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိ ညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ (ရော ၈:၁၆) ဟုဆိုထားသည်။ ရှင်ပေါလုက၊ ယာယီတဲ ဖြစ်သော ငါတို့ မြေအိမ်သည် ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့ သိကြ၏။ (၂ ကော ၅:၁) ဟုဆိုထားသည်။ ရှင်ပေါလုသည် သေလျှင် ကောင်းကင် ရောက်မည့် အကြောင်း လုံးဝ စိတ်ချသောကြောင့် သေရမှာကို လုံးဝ မကြောက်ချေ။ မိတ်ဆွေသည် တခါတရံဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သောကြောင့် ကောင်းကင်နိင်ငံရောက်မည်ဟု စိတ်ချသော်လည်း တခါတရံဘုရား စကား နားမထောင်ဟု ကိုယ်ကိုယ်ကို သိသောအခါ ကောင်းကင်နိင်ငံသို့ ဝင်ခွင့်ရမည် မဟုတ်ဟု သံသယရှိလျှင် ကယ်တင်ခြင်းသို့ မရောက် သေးကြောင်း သို့ မဟုတ် သမ္မာတရား မသိသေးကြောင်း ထင်ရှားသည်။ 
 
အကျင့်အားဖြင့် မဟုတ်

ကယ်တင်ခြင်းသည် လူ၏ အကျင့်အားဖြင့် မဟုတ်ချေ။ အဘယ်ကြောင့်ကယ် တင်ခြင်း စိတ်ချလိုက်စိတ်မချလိုက် ဖြစ်သနည်းဟူမူကား မိမိ၏ အကျင့်ကို ကြည့်သောကြောင့် ဖြစ်သည်။ ကျမ်းစာက၊ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ (ဧဖက် ၂:၈-၉) ဟုဆိုထားသည်။ ကယ်တင်ခြင်းသည် ဘုရား ဖက်မှကျေးဇူးတော် သို့မဟုတ် သနားခြင်းဖြင့် ပေးသည်။ လူ့ဖက်မှယုံကြည်ခြင်းအားဖြင့် ရယူရသည်။ လူ၏ ကုသိုလ်ကြောင့်ရောက်သည် မဟုတ်။ ထိုကြောင့် အဘယ်သူ ကမျှ ကယ်တင်ခြင်းသို့ ရောက်သည်ဟု ဝါကြွားစရာ မရှိ ဟုဆိုထားသည်။ ကိုယ်တိုင် လုပ်ဆောင်နိင်မှသာလျှင်ဝါကြွားနိင်သည်။ ကယ်တင်ခြင်းသည် ဘုရားသခင်က သနား၍ အခမဲ့ပေးသောကြောင့် ဝါကြွားနိင်ခွင့်မရှိခြင်း ဖြစ်သည်။ 

တဖန် ရှင်ပေါလုက၊ ငါတို့ကို ကယ်တင်တော်မူသော အရှင် ဘုရားသခင်၏ စေ တနာတော်နှင့် လူတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ၊ ငါတို့ ကျင့်သော ​ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့် အညီဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။ (တိတု ၃:၄-၅) ဟုဆိုထားသည်။ 


ကယ်တင်ပြီ

သို့ဖြစ်လျှင် မည်ကဲ့သို့ ကယ်တင်ခြင်းသို့ ရောက်နိင်မည်နည်း။ ခရစ်တော်က၊ လူသားသည် ပျောက်သော သူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသ တည်းဟု ဇက္ခ​ဲကို မိန့်တော်မူ၏။ (လု ၁၉:၁၀) ဟုဆိုသည်။ ထိုကြောင့် မိတ်ဆွေသည် ဘုရား အမြင်၌ ပျောက်သောသူ ဖြစ်၍ ခရစ်တော်သည် မိတ်ဆွေကို ကယ်တင်ဘို့ရန် ရှာနေသည်ဟု သိပါ။ ခရစ်တော်က၊ ငါ့စကားကို ကြားသောသူသည် မယုံ ကြည်ဘဲ နေလျှင် ထိုသူကို ငါသည် အပြစ် မစီရင်။ လောကီသားတို့ကို အပြစ် စီရင်အံ့သောငှါ ငါလာသည် မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ (ယော ၁၂:၄ရ) ဟုဆိုသည်။ မိတ်ဆွေကို အပြစ် စိီရင်ဘို့ရန် ခရစ်တော်သည် ကြွလာသည် မဟုတ်၊ ကယ်တင်ဘို့ရန် ကြွလာသည်ဟု သူကိုယ်တိုင် ဆိုထားသည်။ ဆက်လက်၍ ခရစ်တော်က၊ လောကီသားတို့အား အပြစ် စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည် မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။ (ယော ၃:၁ရ- ၁၈) ဟုဆိုထားသည်။ 

မိတ်ဆွေသည် သားတော် ယေရှုခရစ် တော်ကို ယုံကြည်လျှင် အပြစ် စီရင်ခြင်း ခံရတော့မည် မဟုတ်။ ခရစ်တော်သည် မိတ်ဆွေ အပြစ် အတွက် အသေခံပြီး ဖြစ်၍ အပြစ် စိီရင်စရာ မရှိတော့ချေ။ ကျမ်းစာက၊ ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။ (၁ ကော ၁၅:၃)။ ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ​ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ (၁ ပေ ၂:၂၄)။ အဘယ်သို့ နည်းဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက် စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ​ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးနှင့် ယုံ ကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ (ရော ၁၀:၉-၁၁)။ ခရစ်တော် ကမိတ်ဆွေကို ကယ်တင်ပြီး ကြောင်းကို စိတ်နှလုံးအားဖြင့် ယုံကြည်၍ နှုတ်အားဖြင့် ဝန်ခံပါ။ 
 

မိတ်သဟာယဖွဲ့ခြင်း၏တန်ခိုး

လူအချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင် လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။ (ဟေဗြဲ ၁၀:၂၅)။ ဘုရားသခင်က ယုံ ကြည် သူများကို အချင်းချင်းမိဿဟာယဖွဲ့စေချင်သည်။ စာတန် ကမူ ယုံကြည်သူများအချင်းချင်းမိဿဟာယမဖွဲ့ဘဲ တဦးတယောက် ထဲနေစေချင်သည်။ အကြောင်းမှာ ယုံကြည်သူများ မိဿဟယဖွဲ့ခြင်းဖြင့် အင် အားရှိ၍ စာတန် နိင်ငံကို ဖျက်ဆီးကာ ဘုရားသခင်၏ နိင်ငံတည်ဆောက်နိင်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ဟေဗြဲကျမ်းရေးသူကကာလအချိန် နီးသောကြောင့် မိဿဟာယဖွဲ့ခြင်းကိုသာ၍ ကြိုစားဘို့ ရေးထားသည်။ 

တခါတုန်းက အသင်းတော် လူကြီး တယောက်သည် အသင်းတော်၌ စိတ်ဆိုး၍ ဘုရားကျောင်းမတက်ဘဲ အိမ်မှာနေနေသည်။ ထိုအခါ အသင်းအုပ်ဆရာကသူ့အိမ်သို့ လာရောက်၍ လည်ခဲ့သည်။ နှစ်ယောက်စလုံးမီးဖုိချောင်၌ မီလှူံ၍ စကား မပြောဘဲ ထိုင် နေကြသည်၊ ထိုအခါ သင်းအုပ်ဆရာက မီးတောက်နေသော ထင်းစတချောင်းကို မီးဖုိထဲမှဆွဲနှုတ်လိုက်၍ ဘေးနားမှာချထားလိုက်သည်။ ထိုထင်းချောင်းသည် မကြာမှီမီး တောက်ရာမှမှိတ်သွားသည်။ ထိုနောက် သင်းအုပ်ဆရာက ထိုထင်းစကို တောက်လောင်နေသော မီးဖုိထဲ၌ ပြန်ထည့်သောအခါ ထိုထင်းစသည်လည်း နဂုိလ်အတိုင်း ပြန်တောက်လာပြန်သည်။ ထိုနောက် သင်းအုပ်ဆရာသည် စကား မပြောဘဲ အိမ်ပြန်သွားသည်။ နောက် တပတ်တနင်္နွေနေ့၌ ထိုအသင်းတော် လူကြီးသည် ဘုရားကျောင်းသို့ ပေါ်လာကာနဂုိလ်အတိုင်း ပြန်ရှိခိုးသည်။ ထိုအသင်းတော် လူကြီးသည် သူတယောက် တည်းနေခြင်းအားဖြင့် ဝိညာဉ် မီးမတောက်နိင်ကြောင်း သဘောပေါက်သွားသည်။ 

ယောဟန်ကလည်း မိဿဟာယဖွဲ့ခြင်း၏ အကျိုးကို ဤသို့ ရေးထားသည် -ရှေ့ ဦးစွာ ကပင် ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင် ကြားလျက်၊ ကိုယ်မျက်စိနှင့် မြင်လျက်၊ စေ့စေ့ ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာ တည်းဟူသော အသက်ရှင်သော နှုတ်က ပတ်တော်နှင့် ဆိုင်သောအရာ တို့ကို သင်တို့အား ပြသကြ၏။ ထိုအသက်သည် ထင်ရှား ခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူ ရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရ အသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။ ငါတို့သည် ခမည်း တော်နှင့်၎င်း၊ သားတော် ယေရှုခရစ် နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည် ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ ကြားမြင်ရသောအရာကို သင်တို့အား ပြသကြ၏။ သင်တို့၏ ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ လည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။ (၁ ယော ၁:၁-၄) 

အထက်ပါ ကျမ်းပိုဒ်များ၌ ရှင်ယောဟန်က သူတို့သည် ခရစ်တော်နှင့် ကိုယ်ထိလက်ရောက်မိဿဟာယဖွဲ့သည်သာမက ခမည်းတော် နှင့်လည်း မိဿဟာယဖွဲ့ ခဲ့သည် ဟုဆိုသည်။ ယုံကြည်သူများလည်း သူတို့နှင့် မိဿဟာယဖွဲ့နိင်ရန် သူတို့ ကြား မြင်ရသော အရာများကို ပြသကြသည် ဟုဆိုသည်။ မည်သို့ ပြသသနည်းဟူမူကား စာအားဖြင့် ပြသသည်။ တမန်တော်များကဲ့သို့ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခွင့်မ ရသောသူများလည်း ထိုစာကို ဖတ်ခြင်းအားဖြင့် တဆင့်မိဿဟာယဖွဲ့နိင်သည်။ ထိုအရာကို သိနိင်ရန်ဥပမာပေးရလျှင် နိင်ငံခြားမှာရှိသော ချစ်သူ၊ ဆွေမျိုးသား ချင်းများကို ကိုယ်တိုင် မတွေ့နိင်သော်လည်း တွေ့သောသူများက သူတို့ အကြောင်းကို ပြောပြသောအခါ အလွန် အားရတတ်သည်။ ကိုယ့်ချစ်သူရေးသော စာကို ဖတ်ရသောအခါ သူနှင့် တွေ့ထိ သကဲ့သို့ အားရဝမ်းမြောက် နိင်သည်။ ထိုကြောင့် ဘုရားသခင်ကို ကျမ်းစာအားဖြင့် မိဿဟာယဖွဲ့နိင်သည်။ စာတိုင်းသည် ဝမ်းမြောက်ခြင်း မပေးနိင်ချေ။ သို့သော် ချစ်သူထံမှစာ ဖြစ်လျှင် အလွန် ဝမ်းမြောက် နိင်သည်။ အဘယ်ကြောင့် ကျမ်းစာဖတ်သောအခါ ဝမ်းမမြောက်ကြသနည်းဟူမူကား ဘုရားသခင်ကို မချစ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ချစ်သောသူအတွက် သူ၏ နှုတ် ကပတ်တော်သည် အလွန် ဝမ်းမြောက် စေနိင်သည်။ 

ယနေ့ များစွာသော ခရစ်ယာန် များသည် ကျမ်းစာ မဖတ်ကြသောကြောင့် ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိင်ကြချေ။ အဘယ်ကြောင့် ဘုရားသခင်နှင့် မိဿ ဟာယမဖွဲ့ကြသနည်းဟူမူကား ဘုရားသခင်သည် တစိမ်း ဖြစ်နေသည်။ မည်သူမျှ တစိမ်းနှင့် မိဿဟာယမဖွဲ့လိုကြချေ။ သို့သော် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းသည် အရေးကြီးဆုံး၊ အကျိုးအရှိဆုံးသောအရာ ဖြစ်သည်။ ထိုအရာကို မသိသောကြောင့် ဘုရားသခင်ထက် အကျိုးမပေး၊ အမှိုက်များ ဖြစ်သော တီဗီ၊ အင်တာနက်၊ ဖုန်း၊ များနှင့်သာမိဿဟာယဖွဲ့ချင် ကြသည်။ အမှန်မှာ ထိုအရာများသည်လော ကအမှိုက်များ စီးဆင်းသော ပိုက်လိုင်းများ ဖြစ်သည်။ ထိုအမှိုက်များကို စိတ်နှလုံးထဲ၌ အဆက်မပြတ် သွင်းထားသောကြောင့် စိတ်နှလုံးသည် အမှိုက်ပုံး ဖြစ်လာသည်။ ထိုအမှိုက်များကြောင့် စိတ်နှလုံးသည် မသန့်ရှင်းနိင်ဘဲ အပုပ်အနံ့များနှင့် ဟောင် နေသည်။ ထိုစိတ်နှလုံးအမှိုက်ပုံးထဲမှအပုပ်အနံ့များသည် ပါးစပ်မှ ထွက်လာသည်။ သခင်ယေရှုက၊ စိတ်နှလုံးအပြည့်ရှိသည် အတိုင်း နှုတ်မြွတ်တတ်၏။ (မဿဲ ၁၂:၂၄) ဟုဆိုသည်။ ထိုကြောင့် သန့်ရှင်းသော သမ္မာတရား ပြောဘို့ရန် အ နေကြသော်လည်း၊ မကောင်းသောအရာများ၊ လောကအရာ၊ အတင်း ပြောမည့် အရာများ မူကား စဉ်း စားစရာ ပင်မလိုဘဲ ပါးစပ်ထဲမှဒလဟောထွက်နိင်သည်။ စိတ်နှလုံး သန့်ရှင်းရန်မှာ အခြားနည်းလမ်းမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဘို့ လိုသည်။ ကျမ်းစာက၊ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည် အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ၊၊ (ဆာ ၁၁၉:၉၊ ၁၁)။ ရှင်ပေါလုက လည်း၊ ခရစ်တော်က အသင်းတော်ကို နှုတ်ကပတ်တော် ရေနှင့် ဆေးကြောသည် ဟုဆိုသည် (ဧဖက် ၅:၂၆)။ မည်ကဲ့သို့ နှုတ်ကပတ်တော်အားဖြင့် ဆေးကြောနိင်မည်နည်း။ နှုတ် ကပတ်တော် ဖတ်ရှုခြင်းအားဖြင့် ဆေးကြောနိင်သည်။ နှုတ်ကပတ်တော်ကို မဖတ်လျှင် မသန့်ရှင်းနိင်ချေ။ 

 အချို့သောသူများသည် ကျမ်းစာဖတ်သော်လည်း သေချာစွာ မဖတ်သောကြောင့် နားမလည်နိင်ကြချေ။ ကျမ်းစာကို ဩတ္တပ္ပစိတ်ကျေစေဘို့ရန် သာလျှင် ဖတ်ကြသောကြောင့် ကိုယ်ဖတ်သောအရာ ပင် နားမလည်း ကြချေ။ ထိုအခါ၊ မှားယွင်းသော ဩဝါဒများကိုလည်း လက်ခံယုံကြည်လာ ကြသည်။ အပြောကောင်းသောသူများ၏ နောက်သို့ အကောက်ကောက်လိုက်သွားတတ်ကြသည်။ ကျမ်းစာဖတ်သောအခါ သေချာစွာ တလုံး ချင်း၊ တကြောင်း ချင်း၊ တပိုဒ်ချင်းစဉ်းစား၍ ဖတ်ရမည်။ ထူးခြားချက်များ၊ မှတ်သင့်သော အရာများကိုလည်း မှတ်ရမည်။ ကျမ်းစာဖတ်သော စာအုပ်ကိုလည်း ရှိသင့်သည်။ ကျမ်းစာဖတ်သောအခါ ရွှေငွေနှင့် အဖိုးတန်သော ကျောက်များရှာ သကဲ့သို့ ဖတ် ရမည်။ ရွှေငွေ၊ ကျောက်ကောင်းများရှာတူးသောသူများသည် သမန်ကာလ ျှံကာမ ရှာကြပါ။ မတွေ့မခြင်း ကြိုးစား၍ လုပ်အား၊ ငွေအား စိုက်၊ ဆင်းရဲ ခံ၍ ရှာကြ၊ တူး ကြသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ရှာကြသနည်းဟူမူကား ထိုအရာများသည် တန်ဘိုးရှိ၍ ရရှိပါက အကျိုးကြီးကြောင်း သိရှိသောကြောင့် ဖြစ်သည်။ အချို့သောသူများသည် ထိုအ ရာများရှာရင်းဖြင့် အသက် ဆုံးသွား ကြသည်။ သို့သော် လူအများစုသည် ဆက်၍ နည်းမျိုး စုံနှင့် ရှာ ကြသည်။ ထိုနည်းတူ ကျမ်းစာ ကိုလည်း ရှာရမည်။ 

ဆာလံဆရာကနှုတ်ကပတ်တော်ကို မည်မျှတန်ဘိုး ထားကြောင်း ဤသို့ ရေးထားသည်၊ ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင် တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူ ချက်သည်ဟုတ်မှန်သည် ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။ ၈။ ထာဝရဘုရား၏ နည်းဥပဒေသ တို့သည် ​ဖြောင့်မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင် ကြယ်သည် ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏၊၊ ၉။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း သဘောသည် သန့်ရှင်းသည် ဖြစ်၍ ကာလ အစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူ ချက်တို့သည် သစ္စာ တရားနှင့် ညီ၍ တညီတညွတ်တည်း ​ဖြောင့်မတ်ကြ၏၊၊ ၁၀။ ရွှေထက် မက များစွာသော ရွှေစင်ထက် နှစ်သက်ဘွယ် ဖြစ်၍ ပျားရည်ထက် မကပျားလ ပို့ထက် ချိုကြ၏။ ၁၁။ တရားတော်အားဖြင့် ကိုယ်တော်၏ ​ကျွန်သည် သတိရ၍ တရား စောင့်ခြင်း အကျိုးသည်ကြီး လှပါ၏။ (ဆာ ၁၉:ရ- ၁၁) 
 
ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ် ၆

ဗျာဒိတ်ကျမ်းသည် အပိုင်းရပိုင်းပိုင်းနိုင်သည်။ အခန်းကြီး ၁သည် ယောဟန်ကသခင်ယေရှုကို မြင်သော ရှုခင်း ဖြစ်သည်။ အခန်းကြီး ၂နှင့် ၃သည် သခင် ခရစ်တော်က အသင်းတော် ခုနှစ်ပါးသို့ ရေးသောစာ ဖြစ်၍ နှစ်ပေါင်း၂၀၀၀ အတွင်း အ သင်းတော် သမိုင်းကို ဖေါ်ပြထားသည်။ အခန်း၄နှင့် ၅သည် ကောင်းကင် မြင်ကွင်းကို ဖေါ်ပြထားသည်။ အခန်း ၆မှ ၁၈ အထိ သည် များမကြာမှီ ဖြစ်ပျက်မည့် ဘေးဒဏ်ကြီးကာလ အကြောင်းကို ရေးထားသည်။ အခန်း၁၉သည် သခင်ယေရှုခရစ် ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို ဖေါ်ပြ၍ အခန်း၂၀သည် တရားစီရင်ခြင်းများကို ဖေါ်ပြသည်။ အခန်း ၂၁ နှင့် ၂၂ သည် ကောင်းကင်သစ်၊ မြေကြီးသစ်နှင့် ယေရုရှလင်မြို့သစ်များ အကြောင်းကို ရေးထားသည်။ ယခုစတုတ္တအပိုင်း ဖြစ်သော အခန်း၆မှ ၁၈ အတွင်း ဘေးဒဏ်ကြီးကာလ အကြောင်းကို လေ့လာဘို့ ဖြစ်သည်။ 


ဗျာဒိတ်ကျမ်း၆ သိဘို့ရန် မှာဗျာ ၅ အရင်ဖတ်ဘို့ လိုသည်။ ဗျာ ၅:၁-၄၌ ဤသို့ ရေးထားသည် -ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနှစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်က်ျာလက်၌ ငါမြင်၏။ အားကြီးသော ကောင်းကင်တမန် တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကို ခွါခြင်းငှါ အဘယ်သူ ထိုက်သနည်းဟု ကြီးသော အသံနှင့် ကြွေးကြော်လျက် ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၌ အဘယ်သူမျှ မတတ်နိုင်။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ထိုက်သောသူတယောက်ကိုမျှ ရှာ၍ မတွေ့သောကြောင့်၊ ငါသည် များစွာ ငိုကြွေးလေ၏။ ထိုအခါ အသက် ကြီးသောသူတပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့ တည်းဟူသော ဒါဝိဒ်၏ အမြစ်သည် ထိုစာ စောင်ကို၎င်း၊ တံဆိပ်ခုနှစ်ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင် လေပြီဟု ငါ့ကို ပြောဆို၏။ (ဗျာ ၅:၁-၄) 

အထက်၌ ဖေါ်ပြသော စာစောင်များသည် ဗျာဒိတ် ၆ မှစတင်သော အရာများဖြစ်သည်။ ထိုစာစောင်များသည် တံဆိပ်ခတ်ထားသည်။ ထိုစာစောင်ဖွင့်နိင်သောသူသည် ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၌ အဘယ်သူမျှ မရှိချေ။ သို့သော် ယုဒ အမျိုးခြင်္သေ့ တည်းဟူသော ဒါဝိဒ်အမြစ် ဖြစ်သော ခရစ်တော် ကဖွင့်ဘို့ရန် အောင်မြင် သည်။ ထို့ကြောင့် တံဆိပ်ဖွင့်သောသူသည် သခင် ခရစ်တော် ဖြစ်သည်။ အဘယ်ကြောင့် ခရစ်တော်သည် ခြင်္သေ့အမျိုး ဟုဆိုသနည်းဟူမူကား ခြင်္သေ့သည် တောဘုရင် ဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ဘုရင် ဖြစ်သည်။ ခရစ်တော်သည် ယခုအခါ ဘုရင် မဖြစ် သေးသော်လည်း အနှစ်တစ်ထောင်ကာလ၌ ဘုရင် ဖြစ်မည်။ အဘယ်ကြောင့် ဒါဝိဒ်၏ အမြစ် ဟုဆိုသနည်းဟူမူကား သခင်ယေရှုသည် ဒါဝိဒ်မရှိမှီရှိနှင့် သောကြောင့်၊ ဒါဝိဒ်ကို ဖန်ဆင်းသော ဘုရား ဖြစ်သောကြောင့် ဖြစ်သည်။ (မဿဲ ၂၂:၄၁-၄၅ ဖတ်ပါ)။ သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် အာဗြဟံထက်လည်း အရင်ရှိနှင့်ကြောင်း ဤသို့ ပြောခဲ့သည်၊ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမ ဖြစ်မှီငါ ဖြစ်၏ဟု မိန့်တော်မူ၏။ (ယော ၈:၅၈)။ 
 
မြင်းဖြူစီးသောသူ (ငြိမ်သက်ခြင်း) 

၁။ သိုးသငယ်သည် တံဆိပ် ခုနစ်ချက်တွင် တချက်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ မိုဃ်းကြိုး သံမြည် သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ 
၂။ ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌ သရ ဖူကို ပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်း ငါှ၎င်းထွက်သွား၏။ 

တံဆိပ်ဖွင့်သူသည် သိုးသငယ် တည်းဟူသော သခင်ယေရှု ဖြစ်သည်။ ထိုကြောင့် မြင်းဖြူစီးသောသူသည် သခင်ယေရှု မဖြစ်နိင်ချေ။ သခင်ယေရှုသည် ဘေးဒဏ်ကြီးကာလ အဆုံးတွင် မြင်းဖြူစီး၍ ကြွလာမည့် အရာကို ဗျာ ၁၉:၁၁-၁၆၌ တွေ့မြင်နိင်သည်။ ထိုအ ချိန်တွင် သခင်ယေရှုသည် ကယ်တင်ရှင် မဟုတ်တော့ဘဲ တရားစီရင်မည့်သူ၊ အုပ်ချုပ်မည့်သူ ဖြစ်လာမည်။ သူသည် ဘုရင်တကာတို့၏ ဘုရင်၊ အရှင်တကာတို့၏ အရှင် ဖြစ်မည်။ အထက်ပါ မြင်းဖြူစီးသောသူသည် ဘေးဒဏ်ကြီး ကာလ၏ အစပိုင်း၌ ဖြစ်သည်။ ထိုကြောင့် သခင်ယေရှု မဖြစ်နိင်ချေ။ သို့သော် မြင်းဖြုစီးသောကြောင့် သခင်ယေရှုနှင့် တူသည်။ ထို့ကြောင့် ထိုသူသည် သခင်ယေရှု အတု ဖြစ်သည်။ သူသည် လေးကိုကိုင်သော်လည်း မြှားမကိုင်ချေ။ လေးသည် စစ်တိုက်သောအခါ အသုံးပြုသော လက်နက် ဖြစ်သည်။ မြှားမကိုင်ခြင်းသည် ပစ်ပြီး သောကြောင့် လော၊ သူ၏ နောက်ကြောမှာပါလာသလော ဟူသောအရာသည် မသိနိုင်ချေ။ သူ၌ သရဖူပေးသည် ဟုဆိုသည်။ ထိုသရဖူသည် ရှင်ဘုရင်သရဖူ (ီင​ေိနာ) မဟုတ်ဘဲ အောင်မြင် သူ၏ သရဖူ (ှအနစ့​ေညသျ) ဖြစ်သည်။ သူသည် အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်း ငါှ၎င်းထွက်သွားသည်။ ထိုသူသည် ကမ္ဘာ့ အာဏာရှင် ဖြစ်သော်လည်း စစ်မတိုက်ဘဲ အာဏာရရှိ၍ ကမ္ဘာကြီးသည် သူ၏ လက်၌ ခဏငြိမ်သက်မည် ဖြစ်သည်။ 
 
မြင်းနီစီးသောသူ (စစ်ပွဲ) 
၃။ ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ 
၄။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီး ကရုပ်သိမ်းခြင်း ငှါ၎င်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်း ငှါ၎င်းအခွင့်ရ၏။ သူ၌ ထားကြီးကို ပေးတော်မူ၏။ 


ဒုတိယတံဆိပ်ဖွင့်သောအခါ မြင်းနီတစီးထွက်၍ မြင်းစီးသောသူ၏ အရောင်ကို မပြောချေ။ ထိုသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီး မှရုပ်သိမ်းခြင်းနှင့် မြေကြီးသားတို့ကို အချင်းချင်း အသေသတ်ခြင်းငှါ အခွင့်ရသည် ဟုဆိုသောကြောင့် ကမ္ဘာ ပေါ်၌ သူသည် စစ်ပွဲများ ဖြစ်စေမည့် အရာကို ဖေါ်ပြသည်။ သူ၌ ပေးသော ထားကြီးသည် စစ်တိုက်သောအခါ အသုံးပြုသော (​ြ​ေု့​ေငမ​ေ) ထား ဖြစ်သည်။ မြင်းစီးသောသူသည် ပဌမ မြင်းစီးသောသူပင် ဖြစ်မည်။ မြင်းအရောင်နီခြင်းသည် သွေးချောင်း စီးမည့် အရာကို ပုံဆောင်သည်။ ကမ္ဘာကြီးသည် အစ၌ ငြိမ်ဝပ်သော်လည်း စစ်ကြီး အကျယ်တိုက်ခိုက်ခြင်းဖြင့် လူ များစွာ သေကျေ ပျက်စီးမည့် အရာကို ဖေါ်ပြသည်။ ယခုကမ္ဘာနိင်ငံတိုင်းသည် စစ်လက်နက်အပြိုင်ထုတ်လုပ် နေကြသည်။ ကမ္ဘာသိပ္ပံပညာရှင်ထက် ဝက်ကျော်သည် စစ်လက်နက်အသစ်အဆန်းထုန်လုပ် နိင်ဘို့ တီထွင်စမ်းသပ် နေကြသည်။ ထိုစစ်လက်နက်များသည် ဘေးဒဏ်ကြီး ကာလမှာတိုက်ခိုက် မည့် အရာများ ဖြစ်သည်။ 
 
မြင်းနက်စီးသောသူ (ငတ်မွက် ခေါင်းပါးခြင်း) 
၅။ တတိယတံဆိပ်ကို ဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ 
၆။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကို ရ၏။ မုယောဆန်သုံးခွက်ကို ရ၏။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကို ငါကြား၏။ 

တတိယတံဆိပ်ကို ဖွင့်သောအခါ မြင်းနက်တစီးထွက်လာသည်။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်သည် ဟုဆိုခြင်းသည် တိုင်း ထွာခြင်းကို ဆိုလိုသည်။ ဒေ နာရိတပြားနှင့် ဂျုံဆန်တခွက်၊ မုယောဆန်သုံးခွက်ကို ရသည် ဟုဆိုခြင်းသည် အစာ ငတ်မွက် ခေါင်းပါးခြင်းကို ဆိုလိုသည်။ ဒေနာရိတပြားသည် လူကြီး တယောက်၏ တနေ့လုပ်အား ခ ဖြစ်သည်။ ထိုတနေ့လုပ်အား ခသည် ဂျုံဆန်တခွက်၊ မုယောဆန် (ဂျုံကြမ်း) သုံးခွက်သာရနိင်သည်။ ထိုကြောင့် လူကြီး တယောက် လုပ်အားသည် မိသားစုတနပ်စာပင်မရနိင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ အစာ ခေါင်းပါး သနည်းဟူမူကား၊ စစ် ဖြစ်သောကြောင့် စိုက်ပျိုးရေးမလုပ်နိင်သည်သာမက လမ်းပန်းဆက်သွယ်ရေးမှစ၍ အိုးအိမ်အဆောက်အအိုးများ ပျက်စီးသောကြောင့် ဖြစ်သည်။ ထိုသို့ အစာ ငတ်မွတ် ခေါင်းပါးလျှင် သေဘို့ သာလျှင် ရှိတော့သည်။ စစ်ကြောင့် မသေသောသူများ ငတ်မွတ်ခြင်းဖြင့် သေရကြမည်။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဆိုခြင်းသည် အဓိကအစာ မဟုတ်သော အရာများ ပေါများမည်။ ထိုအရာလည်း ထုတ်လုပ် နိင်သောကြောင့် ပေါများခြင်း မဟုတ်လူတိုင်း မဝယ်နိုင်သောကြောင့် ပေါများခြင်း ဖြစ်မည်။ 
 ယခုအခါ ကမ္ဘာစားနပ်ရိက္ခာထုတ်လုပ်မှုသည် လူဦးရေနှင့် မလိုက်နိုင်အောင် နည်းပါးသောကြောင့် နိုင်ငံ များစွာ၌ ငတ်မွတ် ခေါင်းပါးမှု ကြုံတွေ့ နေရပြီ ဖြစ်သည်။ ရာသီဥတု ဖေါက်ပြန်ခြင်းကြောင့်သော်၎င်း၊ စစ်တိုက်ခြင်းနှင့် ဆူပူသောင်းကြမ်းမှုကြောင့်သော်၎င်း၊ အစာထုတ် လုပ်မှု နည်းပါးခြင်း ဖြစ်သည်။ 
 
မြင်းမွဲစီးသောသူ (သေခြင်း) 
ရ။ စတုတ္တတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ 
၈။ ထိုအခါ ငါကြည့်လျှင်၊ မြင်းမဲွတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ် တစိတ်ကို အစိုး၍ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကို ရ၏။ 

စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ မြင်းမဲွတစီးထွက်လာ၍ မြင်းစီးသောသူသည် မရဏာအမည်ရှိသည်။ မရဏာဟူသောအရာသည် သေခြင်းကို ဆိုလိုသည်။ မြေကြီး လေးစိတ်တစိတ်သည် ထားဘေး (စစ်ပွဲ)၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး ( ရောဂါ)၊ မြေသားရဲဘေးအားဖြင့် သေရကြမည်။ ယခုကမ္ဘာ့ လူဦးရေသည် သန်းပေါင်းရဝ ၀၀ ရှိသည်။ ထိုအထဲမှသန်းပေါင်း၁ရဝ ၀ ခန့်သေဆုံးသွားကြရမည်။ ထိုအရာသည် ကမ္ဘာ့ သမိုင်းမှာအကြီးမားဆုံးသော သေဆုံးမှု၊ ​ခြောက်ခြားစရာ အကောင်းဆုံး ဖြစ်လိမ့်မည်။ ထိုအရာသည် မကြာမှီ ဖြစ်တော့မည် ဖြစ်သောကြောင့် ထိုအချိန် မတိုင်မှီ ကယ်တင်ခြင်းသို့ ရောက်၍ ချီဆောင်ခြင်း၌ ပါဝင်နိင်ဘို့ အလွန် အရေးကြီးသည်။ 
 
ဘေးဒဏ်ကြီးကာလ မာတုရများ 
၉။ ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို 
ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ 

ဘေးဒဏ်ကြီး ကာလ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွဲကိုင်သောကြောင့်၎င်း၊ သက်သေခံချက်ကြောင့်၎င်း၊ မာတုရအဖြစ် အသေခံ မည့်သူ များစွာရှိသည်။ ထိုသူများ၏ ဝိညာဉ် များသည် ယဇ်ပလ္လင်အောက်၌ မြင်ရခြင်းသည် သူတို့ကို ယဇ် ကောင်အဖြစ် ပူဇော်ခြင်း ဖြစ်သည်။ ကျေးဇူးတော် ကာလ၌ ယေရှုခရစ် တော်သည် သူတို့အတွက် ယဇ်ကောင် ဖြစ်သော်လည်း လက်မခံခဲ့သောကြောင့် သူတို့ ကိုယ်တိုင် ယဇ် ကောင်ကဲ့သို့ ပူဇော်ခံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် လူသည် ကိုယ်တိုင် အသေခံခြင်းဖြင့် ကယ်တင်ခြင်းသို့ မရောက်နိင်ချေ။ ထိုသူများသည် ကျေးဇူးတော် ကာလ၌ ကယ် တင်ခြင်းသို့ မရောက်သော်လည်း ဘေးဒဏ်ကြီး ကာလ၌ ပြန်ရောက် ကြသည်။ ဘေးဒဏ်ကြီးကာလ ယုံကြည်သူများလည်း ယေရှုခရစ်၏ အသွေးတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြသည် (ဗျာ ၁၂:၁၁) 
 
၁၀။ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလ ပတ်လုံးနေတော်မူ မည်နည်းဟု ကြီးသော အသံနှင့် ကြွေးကြော် ကြ၏။ 

ဤဘေးဒဏ်ကြီးကာလ မာတုရများသည် ကျေးဇူးတော် ကာလ ယုံကြည်သူများနှင့် မတူချေ။ သူတို့၏ ရန်သူများ အပေါ်ကလဲ့စားချေဘို့ ဆုတောင်း ကြသည်။ သခင်ယေရှုသည် အသေသတ်ခြင်း ခံသောအခါ ဤသို့ ဆုတောင်း ခဲ့သည် -ယေရှုကလည်း၊ အိုအဘ၊ သူ့တို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသော အမှုကို မသိ ကြဟု မြွက်ဆိုတော်မူ၏-(လုကာ ၂၃:၃၄)။ သတေဖန်ကလည်း သူ့ကို ကျောက်ခဲ့နှင့် ပစ်သတ်သောသူများအတွက် ဤသို့ ဆုတောင်း ခဲ့သည် -ဒူးထောက်လျက်၊ သခင်၊ ဤ သူတို့ ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော် ပြီးမှကျိန်းစက်လေ၏။ (တမန် ရး၆၀)။ သို့သော် ဘေးဒဏ်ကြီးကာလ မာတုရများ မူကား သူတို့၏ ရန်သူများ၊ သူတို့ကို သတ်သောသူများကို ဘုရားသခင်က တရားစီရင်ဘို့ရန် တောင်းဆို ကြသည်။ 
 
၁၁။ ထို သူတို့၌ ဖြူသော ဝတ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက် မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။ 

ဘေးဒဏ်ကြီးကာလ မာတုရများကို ဖြူသော ဝတ်လုံ ပေးတော်မူ၏ ဟုဆိုထားသည်။ ဖြူသော ဝတ်လုံသည် ​ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဗျာ ၁၉:၈၌ -ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။ ဟုဆိုထားသည်။ ထို သူတို့၏ အော်ဟစ်သံ သို့မဟုတ် ဆုတောင်း သံကို ချက်ချင်း အ​ဖြေပေးသည်။ သူတို့ နည်းတူ အ သေသတ်ခြင်း ခံမည့်သူများရှိသေးသည်။ ထိုသူများ ပြည့်စုံမှသာ တရားစီရင်မည် ဖြစ်သည်။ ထိုမာတုရများသည် ဘေးဒဏ်ကြီးကာလ အပြီးတွင် ထမြောက်၍ အနှစ်တစ် ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံမည့် အကြောင်း ဤသို့ တွေ့ရသည် -ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။ (ဗျာ ၂၀:၄)။ 
 
အမျက်တော် နေ့ကြီး 
၁၂။ ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ 

ဘေးဒဏ်ကြီး ကာလတွင် မကြာခဏမြေလှုပ်ခြင်း ဖြစ်၏ (ဗျာ ၈:၅၊ ၁၁:၁၃၊ ၁၉၊ ၁၆:၁၈)။ ထိုမြေလှုပ်ခြင်း များသည် ကမ္ဘာပေါ်၌ အကြီးမားဆုံးသော အရာများ ဖြစ်၍ ​ကျွန်းများရွေ့သွားကြ၍၊ တောင်များ ပျောက်သွား ကြသည်။ ခရစ်တော်ကလည်းသူ ကြွလာမည့် နိမိတ်များ ထဲ၌ မြေလှုပ်ခြင်းလည်း ပြောသွားသည် (မ ၂၄:ရ)။ ယခုအခါ ကမ္ဘာပေါ်၌ မြေလှုပ်ခြင်းသည် အဆက်မပြတ် ဖြစ်နေပြီ။ သို့သော် လူအများစုတို့သည် သတိမထားကြသေးချေ။ 

နေသည် မည်းသွားသည် ဟုဆိုသည်။ သခင်ယေရှု ကနေသည် မှောင်သွား မည်ဟု မ၂၄:၂၉၌ ကြိုပြောခဲ့ပြီ။ ယခုအခါ နေသည် မကြာခဏပေါက်ကွဲ နေကြောင်း သိရသည်။ လသည် အသွေးကဲ့သို့ဖြစ်၏ ဟုဆိုသည်။ ၂၀၁၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ (ပဿခါပွဲ)၊နှင့် အောက်တိုဘာလ ၈ ရက်နေ့ (သကေနေ သို့မဟုတ် တဲပွဲ) တွင်၎င်း၊ ၂၀၁၅ နှစ် ဧပြီလ ၄ ရက်နေ့ (ပဿခါပွဲ)နှင့် စက်တဘ်ာလ ၂၈ ရက်နေ့ (သကေနေ သို့မဟုတ် တဲပွဲ) အချိန်တွင် လသည် အသွေးကဲ့သို့ နီရဲမည်ဟု (​ြဗှဗ) ကပြောခဲ့သည်။ ၂၀၁၅ ခုနှစ်မတ် လ ၂၀ ရက်နေ့ (နိသန် ၁ ရက်နေ့)တွင် နေကျက်မည်။ ထိုသို့ လလေး ကြိမ်ဆက်တိုက်နီရဲတိုင်း ဣသရေလ လူတို့၌ တခုခု ဖြစ်တတ်သည်။ 
 
၁၃။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီး ကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ 

ကောင်းကင် ကြယ်အချို့တို့သည် ကမ္ဘာထက် အဆပေါင်း များစွာကြီး ကြသည်။ ထိုကြောင့် မြေကြီး ပေါ်သို့ ကျမည့် ကြယ်တို့သည် တကယ့်ကြယ်များ မဟုတ်ဘဲ ဥက္ကာပျံများ ဖြစ်နိင်သည်။ ယခုအခါ ဥက္ကာပျံ (ကြယ်ပျံ) များပို၍ ပို၍ များပြားလာသည်။ ၂၀၁၃ ခုနှစ် ဖေဖဝါရီလ ၁၅ ရက်နေ့တွင်လည်းရုရှားနိင်ငံကျေးလက်၌ တန် ၁၀ ရှိသော ဥက္ကာပျံကျ၍ အနီးအနားတွင် ရှိသော လူ၁၁၀၀ ခန့်ဒဏ်ရာရှိခဲ့ ကြသည်။ ၂၀၁၂ ခုနှစ်ဇွန်လအထိ ဥက္ကာပျံမြေကြီး ပေါ်၌ ၁၁၀၃ ခုကျခဲ့ပြီ။ 
 
၁၄။ မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ 

မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏ ဟုဆိုရာတွင် ထိုကဲ့သို့ မဖြစ်ဘူးသောကြောင့် ယုံဘို့ရန် ခက်နိင်သည်။ သို့သော် ဖန်ဆင်းရှင်ဘုရား အတွက် ဘာမျှမခက်ချေ။ တောင်များ ​ကျွန်းများလည်း နေရာမှရွေ့ကြမည်။ ထိုအရာသည် ကြီးစွာသော ငလျှင်လှုပ်ခြင်းကြောင့် ဖြစ်မည်ကို ဗျာ ၁၆:၁၈၌လည်း ဖေါ်ပြ ထားသည်။ ထိုသို့ မိုဃ်းကောင်းကင် လွင့်သွားသောကြောင့် မြေကြီးပေါ်မှ ကောင်းကင်နိင်ငံကို မြင်နိင်ကြမည်။ ခဲနှင့် ပေါက်ခြင်း ခံသော သတေဖန်လည်း ကောင်းကင်ကို တိုက် ရိုက်မြင်ခဲ့ဘူးကြောင်း ဤသို့ ရေးသား ထားသည် -သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ယေရှု ရပ်နေသည်ကို၎င်းမြင်လျှင်၊ ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရပ်နေသည်ကို၎င်းငါမြင်သည် ဟုဆို၏။ (တမန် ရး၅၅-၅၆) သတေဖန်သည် ကောင်းကင်ကို မြင်သော်လည်း သူ့ကို ပေါက်သော လူများ ကမြင်ကြမည် မဟုတ်။ လာဇရုနှင့် သူဌေးကြီး အကြောင်း၌လည်း သူဌေးကြီး ကလာဇရုကို အာဗြဟံရင်ခွင်၌ မြင်ခဲ့သည် (လု ၁၆:၂၂-၂၃)။ သူဌေးကြီးသည် မရဏာနိင်ငံ တည်းဟူသော ငရဲမှ အာဗြဟံရင်ခွင် တည်းဟူသော ကောင်းကင်နိင်ငံကို မြင်ခဲ့ဘူးသည်။ 

၁၅။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီး သောသူ မှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ 
၁၆။ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသ ငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ 
၁၇။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ် နိုင်မည်နည်းဟု ပြောဆို ကြ၏။ 


လောကီဘုရင်များ၊ စစ်သူကြီး များသည် အာဏာရှိသောကြောင့် လူတိုင်းက ကြောက် ကြသည်။ သူဌေး၊ သူကြွယ်များသည် ဥစ္စာပစ္စည်းကြွယ်ဝသောကြောင့် လူများ၏ အားကိုး ခြင်းနှင့် လေးစားခြင်း၊ ကြောက်ရွံ့ခြင်း ခံရ ကြသည်။ သို့သော် တရားစီရင်ခြင်းနေ့၊ ဘုရားသခင်၏ အမျက်တော် ထင်ရှားသော နေ့တွင် မူထို သူများသည် အလွန် ကြောက်လန့်သောကြောင့် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေကြသည်။ ထိုသူများသည် လူများ အပေါ်အာဏာပြ၊ကြီး စိုးခဲ့ကြသော်လည်း ဘုရားသခင် ရှေ့တွင် မူပုန်းရှောင် နေကြသည်။ ထိုအချိန်၌ သူတို့သည် ဘုရားသခင်ထံ၌ အညံ့ခံ၊ အရှုံးခံသည်ထက် တောင်နှင့် ကြောက်များထံ ဆုတောင်း ကြသည်။ သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ သနားခြင်း၊ အပြစ် လွှတ်ခြင်း ခံဘို့ထက် ဘာ မျှမလုပ်နိင်သော တောင်များ၊ ကျောက်များ၊ ရုပ်တုများထံ ဆုတောင်း ကြသေးသည်။ 
 


အောင်မြင်ခြင်းနှင့် ကျဆင်းခြင်း 
 

လူတိုင်း လူတိုင်း၏ အောင်မြင်ခြင်းနှင့် ကျဆင်းခြင်းသည် ဘုရားသခင်ကိုမည် ကဲ့သို့ ဆက်ဆံသနည်းဟူသောအရာ၌ မူတည် နေကြောင်း အောက်ပါ ဣသရေလ မင်း များ၏ အသက်တာကို ကြည့်ခြင်းအားဖြင့် သိနိင်သည်။ 
 
ရောဗောင်မင်း

၁။ ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလ အမျိုးရှိ သမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊ ၂။ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရောဗောင်မင်းကြီး နန်းစံငါးနှစ်တွင်၊ ၃။ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ရထား တထောင်နှစ်ရာ၊ မြင်းစီးသူရဲ​ခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တု ပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့ နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီ၍၊ ၄။ ယုဒပြည်၌ ခိုင်ခံ့သော မြို့တို့ကို တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက် လေ၏။ ၅။ ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင် မင်းထံတော်သို့ ပရောဖက် ရှေမာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကို စွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော်ကို ဆင့်ဆိုလျှင်၊ ၆။ ရှင်ဘုရင်နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ​ဖြောင့်မတ်တော်မူသည် ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။ ၇။ ထိုသို့ နှိမ့်ချကြောင်းကို ထာဝရဘုရား မြင်လျင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့် သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ်သော ချမ်းသာကို ပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင်မြို့ အပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။ ၈။ သို့ရာတွင် ငါ့ထံ၌ အမှု ထမ်းခြင်း၊ တပါးအမျိုးသားရှင်ဘုရင်ထံ၌ အမှု ထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ရှိရှက်မင်း ထံ၌ ​ကျွန်ခံရကြမည်ဟု မိန့်တော်မူ၏။  ၉။ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှ ကိုလည်း ယူသွား၏။ ၁၀။ ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ​ကြေးဝါဒိုင်းတို့ကို လုပ်၍၊ နန်းတော် တံခါးစောင့်၊ ကိုယ်ရံတော် မှူး၌ အပ်လေ၏။ ၁၁။ ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကို ဆောင်၍၊ နောက်တဖန် မိမိတို့ စောင့်ရာအခန်းမှာပြန်ထားကြ၏။ ၁၂။ ထိုသို့ ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည်အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်သည်လည်း၊ ပြည်မှု ပြည် ရေးသာယာသဖြင့်၊ ၁၃။ ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကို ခိုင်ခံ့စေ၍ စိုးစံသေး၏။ (ရာဇဝင် ချုပ် ဒုတိယစောင် ၁၂း ၁-၁၃)

ရောဗောင်မင်းသည် ထာဝရဘုရားကို စွန့်သောအခါ စစ်ရှုံး၍ သူ၏ တန်ဘိုးရှိသော ရွှေငွေများကို အဲဂုတ္တု ရှင်ဘုရင်ကလုယူသွားကြောင်း တွေ့ရသည်။ ရန်သူကနိင်ခြင်းသည် ထာဝရဘုရားကအပ်သောကြောင့် ဖြစ်ကြောင်း တွေ့ရသည်။ ထာဝရဘုရားကပရောဖက်အားဖြင့် အပြစ် ဖေါ်ပြသောအခါ ရောဗောင်မင်းသည် နှိမ့်ချ၍ အပြစ်ကို ဝန် ခံသည်။ ထိုကြောင့် ရန်သူအားဖြင့် ရှင်းရှင်းဖျက်ဆီးခြင်းကို ထာဝရဘုရားကခွင့်မပြုခဲ့ချေ။ သို့သော် ရန်သူများ ကအနိင်ကျင့်ခြင်းသည် မည်မျှ ခက်ခဲမည်နည်း။ ထာဝရဘုရားထံ ပြန် လာသောအခါ တိုင်း ပြည်လည်း ပြန်လည်သာယာကြောင်း တွေ့ရသည်။ ထို့ကြောင့် ဆာလံဆရာရေးထားသော -ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ (ဆာ ၁၂ရး၁) ဟူသောအရာသည် အလွန် မှန်ကန်သည်။ 
 
အဘိယမင်း

အဘိယသည် ရောဗောင်၏သား ဖြစ်သည်။ ခမည်းတော် ရောဗောင်မင်းသေသောအခါ သူသည် ယုဒရှင် ဘုရင် ဖြစ်၍ ဣသရေလ ရှင်ဘုရင်နှင့် စစ်ပိုင် ကြသည်။ 
၃။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက်သော အကြောင်း အရာဟူမူကား၊ အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်းလေးသိန်းနှင့် စစ်ခင်းကျင်း၏။ ယေရော ဗောင်သည် ရွေးချယ်သော စစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်းကျင်း၏။ ၄။ အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင်ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလ လူအပေါင်းတို့၊ နားထောင် ကြလော့။ ၅။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဆားနှင့် ယှဉ်သော ပဋ္ဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌ အစဉ်အပ်တော်မူကြောင်းကို၊ သင်တို့ သိမှတ်သင့်သည် မဟုတ်လော။ ၆။ သို့ရာတွင်၊ ဒါဝိဒ်သားတော် ရှောလမုန်၏ ​ကျွန်နေဗတ်သား ယေရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ ပုန်ကန်လေပြီ။ ရ။ ရှောလမုန်သားရောဗောင်သည် အသက် ငယ်၍ သဘော နူးညံ့သောကြောင့် မဆီးတားနိုင်သောအခါ၊ လျှပ်ပေါ်သောသူ၊ အဓမ္မလူတို့သည် ယေရောဗောင်ထံစုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။ 
 
၈။ ယခုလည်း သင်တို့သည် ဒါဝိဒ်၏သား မြေး၌ ရှိသော ထာဝရဘုရား၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည် တကား။ သင်တို့သည်များပြား၍ သင်တို့ ဘုရား အရာ၌၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ်တို့လည်းရှိကြ၏။ ၉။ သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသားတို့ကို နှင်ထုတ်၍၊ တပါးအမျိုးသား ထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြပြီ မဟုတ်လော။ ထိုသို့နှင့် အညီ၊ နွားသငယ်တကောင်နှင့် သိုး ခုနစ်ကောင်ကို ပေး၍၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားခြင်းကို ခံသောသူ မည်သည်ကား၊ ဘုရား မဟုတ်သောသူထံမှ ယဇ် ပုရောဟိတ် ပြုရသည် တကား။ 
 
၁၀။ ငါတို့ မူကား၊ ထာဝရဘုရားကို မစွန့်၊ ထိုဘုရားသည် ငါတို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား၏ အမှုတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် အာရုန်အ မျိုး ဖြစ်ကြ၏။ လေဝိသားတို့သည်လည်း၊ မိမိတို့ အမှုကို စောင့် နေကြ၏။ ၁၁။ ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်း မီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော် မုန့်ကို၎င်း၊ ညဦးတိုင်း ထွန်းစရာဘို့ ရွှေမီးခုံနှင့် မီးခွက်တို့ ကို၎င်း ပြင်ဆင် ကြ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့ မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။ ၁၂။ ဘုရားသခင် ကိုယ်တော်တိုင်သည် ငါတို့တွင် ဗိုလ်မင်း ဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့ တဘက်၌ နိုးဆော်ခြင်းငှါ၊ ငါတို့တွင် ရှိကြ၏။ အို ဣသရေအမျိုးသားတို့၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား တဘက်၌ မတိုက် ကြနှင့်။ တိုက်လျှင် ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။ 
 
၁၃။ ယေရောဗောင်သည် ယုဒလူတို့ နောက်၌ မထင်မရှားတပ်ချီစေ၍၊ ကိုယ်တိုင် တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကို ဝိုင်းကြ၏။ ၁၄။ ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှု ဝိုင်းမိသည်ကို မြင်လျှင်၊ ထာဝရဘုရားအား ဟစ်ခေါ်၍၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။ ၁၅။ တဖန် ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ် ခတ်တော်မူ သဖြင့်၊ ၁၆။ ဣသရေလ အမျိုးသားတို့သည် ပြေး၍၊ သူတို့ကို ယုဒလူတို့ လက်သို့ ဘုရားသခင် အပ်တော်မူ၏။ ၁၇။ အဘိယနှင့် သူ၏ လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကို ပြု၍၊ ရွေးချယ်သော ဣသရေလ လူငါးသိန်းလဲသေသဖြင့်၊ ၁၈။ ဣသ ရေလအမျိုးသားတို့ သည်၊ ထိုအခါ ရှုံး၍ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ၏။ ၁၉။ အဘိယသည် ယေရောဗောင်ကို လိုုက်၍၊ ဗေသလမြို့နှင့် ရွာများ၊ ယေရှနမြို့နှင့် ရွာများ၊ ဧဖရိမ်မြို့နှင့် ရွာများတို့ကို သူ့လက်မှနှုတ်ယူလေ၏။ ၂၀။ အဘိယလက်ထက် ကာလ ပတ်လုံး၊ ယေရောဗောင်သည် နောက်တဖန် ခွန်အားကို မရပြန်။ ထာဝရဘုရား ဒဏ်ခတ်တော်မူ သဖြင့် သေလေ
၏။ ၂၁။ အဘိယမူကား ခွန်အား တိုးပွား၍၊ မယားတဆယ်လေးယောက်တို့ကို ယူ၍ သား နှစ်ဆယ်နှစ်ယောက်နှင့် သမီးတဆယ်​ခြောက်ယောက်တို့ကို မြင်ရ၏။ (၆ရာ ၁၃ ; ၃-၂၁) (၂ ဃ့မသ ၁၃:၃-၂၁) 

အဘိယမင်း ဦးဆောင်သော ယုဒစစ်သားသည် ၄ သိန်းသာရှိသည်။ ယေ ရောဗောင် ဦးဆောင်သော ဣသရေလ စစ်သားသည် ၈ သိန်းရှိ၍ နှစ်ဆ ဖြစ်သည်။ သို့သော် အဘယ်ကြောင့်အဘိယမင်းကနိင်သနည်း။ ကျမ်းစာ၌ တွေ့သည် အတိုင်း ထာဝရဘုရားကတိုက်ပေးသောကြောင့် ဖြစ်သည်။ အဘိယသည် ထာဝရဘုရားကို အမှီ ပြုသည်။ ထို့ကြောင့် စစ်အောင် နိင်ခြင်းသည် စစ်သား အရေအတွက်နှင့် အစွမ်းသတ္တိအပေါ်မှာ မတည်ချေ။ ထာဝရဘုရားကို အားကိုး ခိုလှူံခြင်း အပေါ်၌ မူတည်နေသည်။ ထိုကြောင့် ​ကျွန်ပ်တို့၏ နေ့စဉ် ကြုံတွေ့ ရသော ပြသနာ များလည်း ကိုယ်အစွမ်းအဆ၊ ငွေကျေးအင်အား၊ ဥာဏ်ပညာနှင့် စကား တတ်​ကျွမ်းခြင်းအပေါ်မှာ မမူတည်ချေ။ ထာဝရဘုရားကို အားကိုး ခြင်း၌ တည်နေသောကြောင့် ယခုမှစ၍ ထာဝရဘုရားကိုသာ အားကိုး ကြပါစို့။ ကျမ်းစာ က-ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ ၆။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ၇။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။ ၈။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ ၉။ သင်သည်ကို ဥစ္စာနှင့် အဦးသီးသော အသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။ ၁၀။သို့ ပြုလျှင်၊ သင်၏ စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာတန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိိမ့်မည်။ (သုတ္တံ ၃ ; ၅-၁၀) ဟုဆိုထားသည်။ 
 
ဧဝံဂေလိ ခရီးစဉ်

Indianapolis GBC (Burmese) အသင်းတော် မှသင်းအုပ်ဆရာမောဇက် ဦးဆောင်၍ အသင်းသားရယောက်တို့သည် စက်တဘ်ာလ ၂၁ ရက်နေ့တွင် Indianapolis northside သို့ သွားရောက်၍ ကရင်နှင့် ကယားလူမျိုးများထံသို့ ဧဝံ ဂေလိခရီး စဉ်ပြုခဲ့ကြပါသည်။ ကရင်မိသားစုများ အိမ်တွင် သွားရောက်၍ အိမ်ရှင်များကနေ့လည်စာခေါက်ဆွဲကောင်းစွာ ပြင်ဆင်၍ စားကြပါသည်။ ထိုနောက် ကယ် တင်ခြင်း သမ္မာတရားကို ဆရာမောဇက်က နှစ်နာရီ ခန့်သင်ကြားပေးပါသည်။ ထိုနောက် ကယားမိသားစုအိမ်သို့ သွားရောက်၍ အချိန် အနည်းငယ်ယူကာ ဆုတောင်း ပြီးမှပြန်သွားကြပါသည်။ အိမ်ရှင်များသာမက ဧည့်သည်များလည်ထိုခရီး စဉ်အားဖြင့် အလွန် အားရကြောင်း သက်သေခံကြပါသည်။ 

Indianapolis GBC (Burmese) အသင်းတော်၏ အသင်းတော် လူကြီးများနှင့် အသင်းသား များသည် အလျှင်း သင့်သလို သက်သေခံ နေကြပါသည်။ အထက်ပါ ဧဝံဂေလိ ခရီး စဉ်လည်း အသင်းတော် လူကြီးကိုအောင် လင်းနှင့်ကို နိင်လင်းတို့အားဖြင့် သိရှိသောသူများ ထံသွားရောက်ရခြင်း ဖြစ်ပါသည်။ အသင်းတော် မှထုတ်သော စာအုပ်များနှင့် စီဒီများကို ကြိုတင် ဖြန့်ထားခြင်းအားဖြင့် စိတ်ဝင်စား သူများ ဖြစ်ကြသည်။ အသင်းတော် အနေဖြင့် ဧဝံဂေလိ လုပ်ငန်းကို ထိရောက်စွာ လုပ်နိင်ရန် ၉-၂၂-၁၃ တနင်္နွေနေ့တွင် ဆွေးနွေးကြပါသည်။ ထိုဆွေးနွေးချက်အရအောက်တို ဘာလပဌမ ပတ်တွင် သင်းအုပ်ဆရာက အသင်းသားများအား သက်သေခံနည်းကို သင်ပြပြီး နောက်နှစ်ယောက်တတွဲဖြင့် သက်သေခံထွက်ကြဘို့ ဆုံးဖြတ်ကြပါသည်။ 
 
သတင်းကောင်း ပွဲတော်ကြီး 

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၃ ခုနှစ်သတင်းကောင်း ပွဲတော် ကြီးကို Franklin, Indiana ၌ အောင်မြင် စွာ ကျင်းပနိင်ခဲ့သည်။ အစ၌ ပွဲ ကျင်းပမည့် နေရာ မရရှိခဲ့သောကြောင့် မကျင်းပနိင်မလို ဖြစ်ခဲ့သည်။ သို့သော် တလအလိုတွင် စစ် တပ်ပိုင်အဆောက်အဦးကို စျေးပေါပေါနှင့် ငါှးခွင့်ရလိုက်သည်။ တလအတွင်း ပွဲတော် ကျင်ပဘို့ ပြင်ဆင်လာ ကြသည်။ ပွဲတော်၌ လာကြသော ဧည့်သည်နှင့် အိမ်ရှင်စာရင်းများကို အောက်၌ ဖေါ်ပြထားပါသည်။ 
သတင်းကောင်း ပွဲတော် ကြီး၌ ပါဝင် သူများ စာရင်း

Atlanta, GA           55

Buffalo, NY           5

Battle Creek, MI   55

Chicago, IL            3

Durham, NC         27 

Indianapolis.          131

Louisville, KY.      14

Nashville, TN        10

New Jersey             22

Rockville , MD       103 

Ronoke, VA          3

Syracuse, NY         31

Twin Falls, ID.      1

Total                       460 

ပွဲတော် ကြီး၌ ကိုယ်စားလှယ်များ အစည်းအဝေးလုပ်ကြပါသည်။ ထိုအစည်းအဝေး မှဆုံးဖြတ်ချက် ချသော အရာများ ထဲမှလိုအပ်သော အရာများကို ဖေါ်ပြပါက၊ ချီ ဆောင်ခြင်း မရှိသေးလျှင် နောက်နှစ်ပွဲတော် ကြီးသည် အမေရိကန်နိင်ငံသတင်းကောင်း နှစ်ခြင်း အသင်းတော်၏ ၂၅ နှစ်မြောက်ငွေရတုသဘင် ဖြစ်သောကြောင့် Maryland ပြည်နယ်၌ ကျင်းပဘို့ ဖြစ်သည်။ ထိုကြောင့် သတင်းကောင်း ပွဲတော်နှင့် ငွေရတုသဘင်ကို ပေါင်း၍ လွတ်လပ်ရေးနေ့ကို အမှီပြု၍ ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပဘို့ ဖြစ်သည်။ ထိုပွဲတော်၌ ဤစာစောင်ဖတ်ရှုသောသူတိုင်း ပါဝင်ဘို့ရန် ယခု ကတည်း ကဘိတ်ခေါ်လိုပါသည်။ ထိုအပြင် New Jersey  ပြည်နယ်တွင် သာသနာ ပြုနေသော ဆရာ James Hmung အသုံးပြုဘို့ သာသနာ ပိုင်ကား တစီးဝယ်ဘို့ရန် ဖြစ်သည်။ ထိုကားကို ဝယ်နိင်ဘို့ အသင်းတော်တိုင်း မှထည့်ဝင်ကြသည့်အပြင် ယုံကြည်သူ တဦးစီတိုင်းလည်း မိမိကောင်းစားသည့်အထဲမှစေတနာရှိသလောက်ပါဝင်ထည့် နိင်ကြောင်း သတင်းကောင်း ပါးလိုပါသည်။ 

ပွဲတော် ကြီး၌ ဝိညာဉ်ရေးရာတွင် အကျိုးခံစား သွား သူများရှိကြကြောင်း သိရှိ ရပါသည်။ ကယ်တင်ခြင်းသို့ ရောက်သူ လေးယောက်ကို ဆရာနော်ဂျာကရေ၌ ဗတ္တိဇံ မင်္လာပေးခဲ့ပါသည်။ စနေနေ့နေခင်းပိုင်းနှင့် တနင်္နွေနေ့ညနေပိုင်း၌ အင်္လိပ်ဘာသာ၊ မြန်မာဘာသာနှင့် ချင်းဘာသာဖြင့် သင်တန်းများကို ပြုလုပ် ကြပါသည်။ ခလေး သူငယ် များလည်း သင်တန်းသီးသန့် ပြုလုပ် ကြကာအားလုံး အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ ထိုပွဲတော်၌ ဆရာလေးပါက ို အသင်းချုပ်၏ ဆရာများ အဖြစ်အသိအမှတ်ပြုခြင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထိုဆရာများမှာ၊ Saya Eng (Idaho  အသင်းတော်ကို ဦးဆောင်သူ)၊ Saya James Hmung (အသင်းချုပ် သာသနာ ပြု)၊ Saya Aung Mai (Rockville  အသင်းတော်)၊ Saya Peter Lal San Uk (Atlanta အသင်းတော်)တို့ ဖြစ်ကြပါသည်။ 

ပွဲတော် ကြီး၏ ဆောင်ပုဒ်သည် သင်၏ ဘုရားသခင်နှင့် တွေ့ခြင်း ငါှကိုယ်ကို ပြင်ဆင်လော့။ (အာမုတ် ၄:၁၂) ဖြစ်သည်။သော ကြ်ာညတွင် ဆရာနော်ဂျာကသင်၏ ဘုရားသခင်နှင့် တွေ့ခြင်း ငါှ ကယ်တင်ခြင်းသို့ ရောက်လော့ဟူ၍ စတင် တရားဟောခဲ့သည်။ စနေနေ့ညတွင် ဆရာ ဇကေ ​ဲ​ေက၊ သင်၏ ဘုရားသခင်နှင့် တွေ့ခြင်း ငါှ ဝိညာဉ်တော်နှင့် ပြည့်ဝလော့ဟူ၍ ဟောသည်။ တနင်္နွေနေနံနက်ပိုင်းတွင် ဆရာယောရှုကသင်၏ ဘုရားသခင်နှင့် တွေ့ခြင်း ငါှ သန့်ရှင်းစွာ နေလော့ဟု ဟောပြော၍ နောက်ဆုံးညတနင်္နွေနေ့ညတွင် ဆရာမောဇက်ကသင်၏ ဘုရားသခင်နှင့် တွေ့ခြင်း ငါှအသင့် ပြင်လော့ ချီဆောင်ခြင်း နီး ပြီဟု အဆုံးသပ်ခဲ့ ကြသည်။ 
 
ပွဲတော်ကြီး မှကောင်းကြီးများ


ဒေါ်အုန်းမေသည် တရုပ်လူမျိုးဗုဒဝ ဘာသာဝင် တဦး ဖြစ်ခဲ့သည်။ ခရစ်တော်၏ ကယ်တင်ခြင်း တရားကို မကြားဘူးခဲ့ချေ။ သို့သော် ကယ်တင်ခြင်း တရားများကို ဆရာ မောဇက်၊ ဆရာနော်ဂျာ၊ ဆရာမဟန္နများအားဖြင့် ကြားသိရသောအခါ ကယ်တင်ခြင်း စိတ်ချ၍ ယုံကြည်သူ တဦး ဖြစ်လာသူ ဖြစ်သည်။ သူသည် ပွဲတော် ကြီး၌ ပါဝင်သည်သာ မက သက်သေခံဘို့ရန် တောင်းဆိုခဲ့သည်။ သူသည် လူအနည်းငယ်ရှိသော မိဿဟာယ မှာပင်လျှင် သက်သေမခံရဲခဲ့သော်လည်း ပွဲတော်ကြီး လူ များစွာ ရှေ့မှာ သက်သေခံဘို့ တောင်းရဲခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လှူပ်ဆော်မှုနှင့် သတ္တိပေးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ သက်သေခံဘို့ တောင်းမိပြီးမှပြန်လည်နောင်တ ရမိသည် ဟုဆိုသည်။ အကြောင်းမှာ လူပရိသတ်ရှေ့၌ ရပ်မှာကို ပြန်ကြောက်လာသည်။ သို့သော် အချိန် ကျ လာသောအခါ သူပြောမည့် အရာများ အားလုံး မပြော ဖြစ်သော်လည်း သက်သေခံ ဖြစ်ခဲ့သည်။ 


အိမ်ပြန်လာ၍ အလုပ်သွားသောအခါ အလွန် ကြောက်ရွံ့ပြန်သည်။ အကြောင်းမှာ ပွဲတော် သွားဘို့ရန် အခွင့်တောင်းလျှင် အလုပ်ရှင်ကအခွင့်ပေးမည် မဟုတ်ဟု သိသောကြောင့် အလုပ်ပျက်မည်ဟု သတင်း ပေးပို့ခဲ့သည်။ အမှန်မှာ အလုပ်ထွက်သော သဘော ဖြစ်သည်။ အလုပ်ဖြုတ်ခြင်း ခံလျှင်လည်း ခံပါစေဟုသော သဘောဖြင့် သွားခဲ့ခြင်း ဖြစ်သည်။ အလုပ်ခွင်သို့ ရောက်သောအခါ အလုပ်ရှင်ကရုံးခန်းထဲသို့ ခေါ်သွားသောအခါ အလွန် ကြောက်ခဲ့သော်လည်း အလုပ်ရှင်ကအလုပ်မထုတ်၊ အပြစ် မတင်သည်သာမက လုပ်အား ခတစ်ဒေါ်လာတိုးပေးကြောင်း ပြောသောအခါ အံ့ဩ လွန်း၍ မယုံကြည် နိင်အောင် ဖြစ်မိသည်။ အလုပ် ရှင်ကအမှန်တကယ် တိုးပေးကြောင်း ပြန်ပြောသောအခါ မှပြန်ယုံလာရသည်။ သူသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောအခါ ဘုရားသခင်က သူရှိကြောင်းကို သက်သေထူလိုက်ခြင်း ဖြစ်သည်။ 


သူသည် မြန်မာစကား သိပ် မပြောတတ်ခဲ့ချေ။ မြန်မာစာလည်း မဖတ်တတ်ချေ။ သို့သော် ကျမ်းစာဖတ်ချင် လွန်းသောကြောင့် ကျမ်းစာဖတ်ပေးမည့်သူများကို အစားအသောက်ချက်ပေးခြင်းအားဖြင့် ကြိုးစား၍ ကျမ်းစာကို နားလည်ရန်ကြံစည်သည်။ ကျမ်းစာ ကိုလည်း အလွတ်ကျက်သောအခါ အသကျယ်စွာဖြင့် အိမ်၌ ကျက် တတ်သူ ဖြစ်သည်။ သူ၏ မိသားစုသည် အစ၌ အဆင် မပြေမှုများရှိခဲ့သော်လည်း ဘုရားသခင်၏ အုပ်စိုးမှုကို ဝန်ခံသောအခါ လွန်ဝမ်းမြောက် ပျော်ရွှင်သော မိသားစု ဖြစ်လာသည်။ သူ၏ယောက်ျားမီးဇာ၊ သမီးသုံးယောက်နှင့် Rသခုလငူူန အသင်းတော်၌ အသင်းသား ဖြစ်၍ ​ြ​ေူအငာသမန မိဿဟာယ၌ ပါဝင်သူ ဖြစ်သည်။ ခရစ်တော် ပြော ထားခဲ့သော -နောက်ကျသော သူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသော သူတို့သည် နောက်ကျကြလိမ့်မည်။ (မဿဲ ၂၀:၁၆) ဟုသောအရာ ပြည့်စုံစေသူ ဖြစ်သည်။ သူ့ထက် အရင် ခရစ်ယာန် ဖြစ်သူများထက် ယုံကြည်ခြင်း အားကြီး၍ လက်တွေ့ အသုံးပြုသူ ဖြစ်သည်။ သူမသည် အလုပ်ကိုသာမက၊ သူ့ယောက်ျားနှင့် ခလေး ငယ် လေးကို ထားခဲ့၍ ပွဲတော် ကြီး၌ ပါဝင်သူ ဖြစ်သည်။ ထို့သို့ ဘုရားသခင်ကို ရှာဖွေ သောကြောင့် ဘုရားသခင်က ကောင်းကြီး ပေးခြင်း ခံရသည်။ သူ့ယောက်ျားလည်း အလွန် ဝမ်းမြောက်၍ စက်တဘ်ာလ ၁၅ ရက် တနင်္နွေနေ့တွင် အသင်းတော်၌ အသင်းသား အားလုံး ကို နေ့လည်စာ​ကျွေးခြင်းဖြင့် ကျေးဇူးတော် ချီးမွမ်းခြင်းကို ပြုလုပ် ခဲ့သည်။ သူကဲ့သို့ ဘုရားသခင်ကို အလုပ်ထက်၊ အရာခပ်သိမ်းထက် တန်ဘိုးထား၍ ရှာကြပါစို့။ 


သက်သေခံချက်
U Ivan

 ဤသတင်းကောင်း စာစောင်အားဖြင့် သက်သေခံခွင့်ရရှိသည့်အတွက် ရှေ့ဦးစွာ ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါသည်။ ​ကျွန်တော် အိုင်ဗင်သည် မလေးရှားနိင်ငံတွင် နေထိုင်စဉ် ၂၀၀၉ ခုနှစ် ဒီဇဘ်ာလ ၄ ရက်နေ့ည ၉ နာရီ အချိန်တွင် လေဖြတ်ခဲ့ပြီး ယခု ဆိုရင် ၄ နှစ်ထဲရောက်နေပါပြီ။ အမေရိကန်နိင်ငံကို ၂၀၁၂ ခုနှစ်မေလအတွင်းရောက်ရှိ ခဲ့​ဲပြီး ​ဲသ့ညျ ံသစုငညျ ဆေးရုံကြီး မှဆရာဝန်တဦးက၊ မင်းလေဖြတ်ခါစသုံးလေးလမှာမင်းနဲ့ ငါတွေ့ခဲ့ရင်မင်းကို ငါကုသနိင်မည်။ အခုတော့မင်းသုံးလေးနှစ်ကြာပြီဆိုတော့ဘယ်လိုမှမ ကုသနိင်တော့ဘူးဟု ၂၀၁၂ ခုနှစ်စက်တဘ်ာလတွင် လက်မြှောက်ခဲ့ပါသည်။ 

​ကျွန်တော်၏ ကိုယ်ခန္ဓာတပိုင်းမှာသစ်တုံးကြီး ချိတ်ဆွဲထားသလိုအရမ်းလေးလံထုံကျင်ပြီး တုတ်ကောက်နဲ့အတူ အလွန် ခဲယဉ်းစွာ သွားလာလှုပ်ရှားလျက် နေထိုင်ခဲ့ပါသည်။ သတင်းကောင်း ပွဲတော် ကြီးသို့ ပါဝင်ဆင်နွ​ဲနိင်ရန်ကြောက်ရွံ့ခြင်း၊ ချီနှောင်ခြင်း မြောက် များစွာ ကြားမှအရှိန်အဟုန်ပြင်းစွာဖြင့် ပြင်ဆင်ပြီး သွားရောက်ခဲ့ပါသည်။ ကျေးဇူးတော်ကြောင့် ပွဲတော် ကြီးတွင် ဆရာများနှင့် ယုံကြည်သူ ဓမ္မမိတ်ဆွေ များ၏ ဆုတောင်း ပေးခြင်းအားဖြင့် သစ်တုံးကြီး ချိတ်ဆွဲ ထား သကဲ့သို့ ခံစားသော ကိုယ်ခန္ဓာသည် ပေါ့ပါးသွားသည့်အပြင် တုတ်ကောက်သုံးစရာ မလိုတော့ဘဲ လမ်းလျှောက်နိုင်ခဲ့ပြီ ဖြစ်သည်၊ ဟာလေလုယာ။ 

ခန္ဓာကိုယ်ကျန်းမာသည်သာမက ပွဲတော် ကြီး၏ ဆောင်ပုဒ် သင်၏ ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကို ပြင်ဆင်လော့ (စမနစမေန အသ ာနနအ ပသကမ ွသိ) (အာမုတ် ၄ ; ၁၂)၏ အောက်မှာ အဓိကသော ချက်များ ဖြစ်သော ကယ်တင်ခြင်း စိတ်ချမှု၊ သန့်ရှင်း​ဖြောင့်မတ်ခြင်းနှင့် ဝိညာဉ်တော်နှင့် ပြည့်ဝဘို့ လိုကြောင်း များနှင့်အတူ ဘုရားရှင်ကို တွေ့ဘို့ရန် ပြင်ဆင် ခွင့်များ ရရှိသည့်အတွက် ပွဲတော်ကြီး အပြန်မှာစိတ်ပျော်ရွှင်ငြိမ်သက်ခြင်း၊ ခန္ဓာကို ကျန်းမာခြင်းနှင့် အကျိုးအမြတ် များစွာဖြင့် ပြန်လာခဲ့ကြောင်း သက်သေခံခြင်း ဖြစ်ပါသည်။ ဤသက် သေခံချက်ဖတ်ရှုသူအယောက်တိုင်း ဘုရားကောင်းကြီး ပေးပါစေ။ 
 
အမှုတော်ဆောင်သင်တန်း
အမှုတော်ဆောင်သင်တန်းကို လာမည့် နိဝဘ်ာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ် ဘို့ရန် ရှိပါသည်။ အမှုတော်ဆောင်နေသောသူများနှင့် ဆောင်ချင်သောသူများ တက်ရောက် နိုင်ပါသည်။ Battle Creek GBC မှာ ပြုလုပ် ဘို့ရန် ဖြစ်ပါသည်။ ပါဝင်တက်ရောက်ချင်သောသူများ ဆရာမောဇက်ထောင်ကျုံးထံဆက်သွယ်မေးမြန်းနိုင်ပါသည်။ သွားလာစရိတ်ကို ကိုယ်တိုင် ကျခံ၍ နေစရိတ်နှင့် စားစရိတ် ပြင်ဆင် ပေးမည်။ လေယဉ်ဖြင့် လာမည့်သူများရှိလျှင် ယခုလက်မှတ်ဝယ်ဘို့ လိုပါလိမ့်မည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG