GOODNEWS
  HOME  GOODNEWS  2013 AUG
 


အမှာစာ
ဘုရားသခင် အထံတော် မှကျေးဇူူးတော်နှင့် ငြိမ်သက်ခြင်းသည် ဤစာ စောင်ဖတ်ရှုသူတိုင်း အပေါ်သက်ရောက်ပါစေသော်။ 

ခရစ်ယာန်များအေးအေး ဆေးဆေး ဖြင့်လောက အလုပ်နှင့်လောကအရာကိုသာ ရှာချိန်တွင် မူစလင်များသည် နေ့ညမပြတ် သူတို့၏ ယုံကြည် ခံယူ ချက်အတွက် အစွမ်းကုန်လုပ် နေကြသည်။ အမေရိကန်ပြည် ထောင်စုသည် ခရစ်ယာန် နိင်ငံ ဖြစ်ခဲ့သော်လည်း ယခုအခါ ဘာသာမျိုးစုံအလျှင် အမြန် တိုးပွား နေသည်။ သမ္မတအိမ်ဖြူတော် တွင်လည်း မူစလင်အကြံပေးအရာရှိနှင့် အမှုထမ်းများ များပြားနေပြီ။ ဆော်ဒီအရဗျားနိင်ငံတွင် အခြား ဘာသာဝင်များလုံး ဝခွင့်မပြုချေ။ ကျမ်းစာဖတ်သောသူကို ဒဏ်ခတ်သော အနေဖြင့် သူ၏ လက်ကို စက်ဓါးဖြင့် အစိပ်စိပ်ပိုင်းလိုက်သော ဓါတ်ပုံကို ကြည့်သောအခါ အလွန် ကြောက်လန့်နာကျည်းဘွယ် ဖြစ်သည်။ 

ခရစ်ယာန်များ၊ အထူးသဖြင့် ကယ်တင်ခြင်းသို့ ရောက်သောသူများ မိမိပတ်ဝန်းကျင်တွင် သက်သေခံခြင်းအားဖြင့် ခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်းကို ဖြန့်ကြပါစို့။ ပရောဖက် ဧလိရှဲလက်ထက်၌ ရှမာရိမြို့ကို ရန်သူများက ဝိုင်းထား၍ မြို့ထဲ၌ အစာမရှိသောအခါ အနူ ရောဂါသည် လေးယောက်သည် ရှုရိတပ်ရှိရာသို့ သွားကြသည်။ ရှုရိတပ်သားများကို ဘုရားသခင်က အသံအားဖြင့် နှင်ထုတ် သောကြောင့် အသက် လွတ်ဘို့ရန် ထွက်ပြေးသွား ကြသည်။ ထိုသတင်းကောင်းကို အနူ ရောဂါသည် များသည် နန်းတော်သို့ သတင်း မပြောနိင်သော်လည်း ဂိတ်စောင့်များကို ပြောသောအခါ တမြို့ထွက်၍ ရန်သူများ ချန်ထားသော ဥစ္စာပစ္စည်းများကို သိမ်းယူ ကြသည်။ (၄ရာ ရ) 

​ကျွန်ပ်တို့လည်း နေရာတိုင်း၌ မပြောနိင်သော်လည်း ကယ်တင်ခြင်း သတင်းကောင်းကို မိမိပတ်ဝန်းကျင်၌ တတ်နိင်သမျှ ပြောကြပါစို့။ မကြာမှီကယ် တင်ရှင် ခရစ်တော် ကြွလာတော့မည် ဖြစ်သောကြောင့် အသင့် ပြင်ကြသည်သာ မကထိုအရာကို မသိ သေးသောသူများကို ပြောကြပါစို့။ မိမိတတ်နိင်သမျှ ဟောပြော သက်သေခံနေသောသူများ အပေါ် ဘုရားသခင်က ောင်းကြီး ပေးတော်မူပါ စေသော်။ သက်သေခံခြင်းလည်း အောင်မြင် ပါစေသော်။အား မလျော့ဘဲ ဆက်၍ လုပ်ဆောင်ကြပါစို့။ သခင်ဘုရားနှင့် တွေ့သော်အခါသာဓု သစ္စာရှိသော ငယ်သားကောင်းဟု အခေါ်ခံကြပါစို့။ 
 
 

ယခုလစာစောင်၌...

ကိုယ့်အကြိုက်မကယ်တင်ပါ
အဘယ်ကြောင့် လက်မခံကြသနည်း
ကျမ်းစာဖတ်ကြစို့ (၁ ပေ ၄) 
ဆုတောင်းခြင်း
ဥပုသ်နေ့
ကျမ်းမာရေးကဏ္ဍ
သတင်းကောင်း ပွဲတော်ကြီး 
 

 

ကိုယ့်အကြိုက် မကယ်တင်ပါ

တောင်ပေါ်၌ နေစဉ်တွင် ရွာထဲမှလူနာများသည် ဆေးခန်းသို့ သွား၍ ဆရာဝန်နှင့် ဆရာမများထံ ဤသို့ အမိန့်ပေးတတ်ကြသည် ကြျမ အားနည်း သောကြောင့် ကြမစူနထ ထိုးပေးပါ-ဟူ၍ ဖြစ်သည်။ အမှန်မှာ ဆရာဝန်ထံ၌ ကြျမ အားနည်းနေပါသည်-ဟူ၍သာ ပြောသင့်သည်။ သို့သော် ဆရာဝန်ကို အမိန့်ပေးခြင်းသည် မသိ နားမလည် သောကြောင့် ဖြစ်သည်။ 
 
ဗိုလ်ချုပ်နေမန်

တောသားများသာလျှင် ထိုသို့ ပြောတတ်သည် မဟုတ်။ ရှုရိစစ်ဗိုလ် နေမန်လည်း ပရောဖက်ကို အမိန့်ပေးလိုခဲ့သည်။ ပရောဖက် ဧလိရှဲက၊ သင်သည် သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင် ရေချိုးလော့။ အသား ပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကို စေလွှတ်၍ ပြောစေ၏။ နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏ နာမကို ခေါ်၍ မိမိလက်နှင်သုံးသပ်သဖြင့် နူနာကို ပျောက်စေ မည်ဟု ငါထင်၏။ ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေ လမြစ်အလုံးစုံထက် သာ၍ ကောင်းသည် မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလော ဟုဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။ (၄ရာ ၅:၁၀-၁၂) နေမန်သည် သူထင်မှတ်သည့်အတိုင်း ပရောဖက် ကကျန်းမာစေမည်ဟု သတ်မှတ်ထားသည်။ သို့သော် သူ မထင်မှတ်သော နည်းဖြင့် ကျန်းမာမည် ဖြစ်သည်။ အစပိုင်း၌ ပရောဖက်၏ စကား နားမထောင်စိတ်ဆိုး၍ ပြန်သွားသည်။ သို့သော် စကားပြန် နားထောင်သောအခါ သူ၏ နုနာ ရောဂါ လုံးဝ ပျောက်ကင်း သွားသည်။ အမှန်မှာ နေမန်ကို ကျန်းမာစေသောသူသည် ယောဒန်မြစ် မဟုတ်ပါ။ ပရောဖက် ဧလိရှဲလည်း မဟုတ်ပါ။ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် နည်းမျိုးစုံဖြင့် ကျန်းမာစေနိင်သည်။ နေမန်သည် ပရောဖက်၏ စကားကို နားထောင်သောအခါ ကျန်းမာသွားသည်။ 
 
လူထင်မှတ်သော ကယ်တင်ခြင်း 

လူအများစုကလည်း မိမိတို့ ထင်မှတ်သည့်အတိုင်း ဘုရားသခင်က ကယ် တင်မည်ဟု သတ် မှတ်ချက်ရှိ ကြသည်။ သို့သော် ဘုရားသခင်သည် လူထင်မှတ်သော နည်းဖြင့် မကယ်တင်ပါ၊ သူ၏ နည်းလမ်းအားဖြင့် ကယ်တင်သည်။ လူအများထင်မှတ်တတ်သည် မှာလူသည် အကျင့်ကောင်းမှ၊ ဘုရားတရား ကြိုး စားမှ၊ အပြစ် မရှိမှ၊ ကုသိုလ်ကောင်းမှု ပြုလုပ်မှ၊ ပညတ်တော် လိုက်လျှောက်နိင်မှကယ် တင်မည်ထင်မှတ်တတ်ကြသည်။ ထိုကြောင့် အကျင့်ကောင်းဘို့ ကြိုးစား ကြသည်။ ဘုရားတရား၌ ကြိုးစား ကြသည်။ သို့သော် အကျင့်မကောင်းနိင်၊ ဘုရားတရား၌ မကြိုးစား နိင်သောအခါ စိတ်ပျက် ကြသည်။ ထိုကြောင့် ကောင်းကင် နိင် ရောက်မည်မရောက်မည်ကိုလည်း သေမှသိမည်ဟု ထင်မှတ် ကြသည်။ 
 
ဘုရား နည်းလမ်းဖြင့် ကယ်တင်ခြင်း 

ဘုရားသခင်သည် လူ၏ အကြံအစည်အတိုင်း မကယ်တင်ဘဲ မိမိအကြံအ စည်အတိုင်း ကယ်တင်သည်။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ခဲလှ၏။ တဖန် ငါဆိုသည်ကား၊ ကု လားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထို သူတို့သည် ကြားလျှင် အလွန် မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ် တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု ပြောဆို ကြ၏။ ယေရှုသည်လည်း၊ သူတို့ကို ကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ (မဿဲ ၁၉:၂၃-၂၆)။ အထက်ပါ ကျမ်းပိုဒ်၌ ခရစ်တော်၏ ဆိုလိုရင်းမှာ ဘုရားသခင်သည် လူ့အမြင်အားဖြင့် မကယ်တင်ဟူ၍ ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေ အနေဖြင့် ကိုယ့်ခံယူချက်နှင့် ကယ်တင်ခြင်းသို့ ရောက်ဘို့ မကြိုးစားဘဲ ဘုရားသခင်၏ နည်းလမ်းဖြင့် ကယ်တင်ခြင်းကို သိဘို့ လက်ခံဘို့ လိုအပ်သည်။ 
 
လူသည် ဝိညာဉ် သေနေသည် 

ပဌမ ဦးစွာ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန်မှာ လူ၏ အ​ခြေအနေကို သိဘို့ လိုသည်။ လူသည် မိခင် ဝမ်းမှမွေး လာသောအခါ ကိုယ်ခန္ဓာပိုင်းရှင်သော်လည်း ဝိညာဉ်ပိုင်းသေနေသည်။ ထို့ကြောင့် ကြီးထွားလာသော်လည်း ဝိညာဉ်ပိုင်းနှင့် ပတ်သက်၍ အဘယ်အရာကိုမျှ နားမလည်နိင်ချေ။ ရှင်ပေါလုကဧဖက်မြို့ ရှိ ယုံကြည်သူများထံ-သင်တို့သည် အထက်ကလောကီတရားသို့ လိုက်၍ အာ ကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ အလုပ်လုပ်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ -ဟူ၍၎င်း၊ (ဧဖက် ၂:၁-၂) ဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော ငါတို့ -ဟူ၍၎င်း၊ ရေး ထားသည် (ဧဖက် ၂:၅)။ ထိုကြောင့် လူသည် ဝိညာဉ်ပိုင်း၌ သေနေသည်။ သေ နေသောသူသည် အသက်ရှင်လာရန်မည်သို့ မျှမတတ်နိင်ပါ။ လူသည် ကိုယ်ခန္ဓာအသက်ကို ပင်မသွင်းနိင်၊ မရှင်စေနိင်ချေ။ ထိုကြောင့် ဝိညာဉ် အသက်သည် ပို၍ ဝေးသည်။ 
 
၀ိညာဉ်အသက်သည် ယေရှု 

ယေရှုကလည်း၊ ငါသည် အသက် မုန့် ဖြစ်၏။ (ယော ၆:၃၅)။ တဖန်၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ဟုဆိုသည်။ (ယော ၁၄:၆) ဆက်လက်၍ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။ (ယော ၅:၄၀) ဟုဆိုသည်။ ယောဟန်ကလည်း-ဘုရားသခင်သည် ငါတို့အား ထာဝရဘုရား အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ။ (၁ ယော ၅:၁၁-၁၂) ဟုဆိုသည်။ ယေရှု ကငါသည် အသက်ဖြစ်သည် ဟုဆိုရာတွင် ကိုယ်ခန္ဓာအသက်ကို မဆိုလို၊ ဝိညာဉ် အသက်ကို ဆိုလိုသည်။ အကြောင်းမှာ သူ့စကားကို ကြားသော သူတို့သည် ကိုယ်ခန္ဓာပိုင်းအသက်ရှင် ကြသည်။ ထို့ကြောင်း သခင်ယေရှု ပြောသော အသက်သည် ဝိညာဉ်ပိုင်း အသက်ဖြစ်သည်။ 
 
မည်သို့ ရှင်နိင်မည်နည်း

ဝိညာဉ်ပိုင်းအသက်ရှင်ဘို့ရန်မှာ ယေရှု ပြောသကဲ့သို့ သူ့ထံသို့လာ ရမည်။ ယောဟန်ရေးထား သကဲ့သို့ သားတော် တည်းဟူသော ယေရှုကို ရရမည်။ ယောဟန်က သားတော်ကို ရသောသူသည် အသက်ကို ရ၏ ဟုဆိုသောကြောင့်သားတော်ကို ရရမည်။ မည်သို့ သားတော်ကို ရနိင်မည်နည်း။ လူသည် ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးမျိုးဖြင့် တည်ဆောက်ထားသည်။ ကိုယ်ခန္ဓာအစာကို ပါးစပ်မှစားရသည်။ ထိုနည်းတူ ဝိညာဉ် အသက်ရှင်နိင်ရန် စိတ်နှလုံးတံခါးဖွင့်၍ သခင်ယေရှုကို ခေါ်ဘိတ်ရမည်။ 
 
 ဤသို့ ခေါ်ဘိတ်နိင်သည် 

သခင်ယေရှု က-ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စား သောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ ( ဗျာဒိတ် ၃:၂၀) ဟုဆိုသည်။ ခရစ်တော် ခေါက်သော တံခါးသည် သင်၏ စိတ်နှလုံး ဖြစ်သည်။ သင်၏ စိတ်နှလုံးတံခါးကို ဖွင့်၍ သခင်ယေရှုကို ဤသို့ ဘိတ်ခေါ်ပါ။ 

သခင်ယေရှု ဘုရား၊ ​ကျွန်ပ်သည် ဝိညာဉ် သေ နေကြောင်း သိရပြီ။ ကိုယ်တော်သည် ဝိညာဉ်၏ အသက် ဖြစ်ကြောင်းလည်း ဝန်ခံပါ၏။ ကိုယ်တော် မရှိလျှင် ​ကျွန်ပ်၌ ဝိညာဉ် အသက် မရှိနိင်ပါ။ ယခု​ကျွန်ပ်စိတ်နှလုံးတံခါးဖွင့်ပါပြီ။ ဝင်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးတော်မူပါ။ အာမင်။ 

သင်သည် စိတ်နှလုံးအကြွင်းမဲ့အထက်ပါ ကဲ့သို့ ဘိတ်ခေါ်လျှင် သခင်ယေရှုသည် မဝင်ဘဲ မနေပါ။ သူသည် ကတိတည်သော ဘုရား ဖြစ်သည်။ ဤကဲ့သို့ ခရစ်တော် လက်ခံခြင်းသည် အစသာလျှင် ဖြစ်၍ ပို၍ နားလည်ဘို့ရန် ဆက်လက် သင်ကြားဘို့ လိုသေးသည်။ 
 


 
အဘယ်ကြောင့် လက်မခံကြသနည်း

တခါတုန်းက ၁၀ နှစ်ရှိသော ခလေးသည် သူ့အဖေကသားဟု ခေါ်သောအခါ လုံးဝ လက်မခံနိင်ချေ။ အကြောင်းမှာ ထိုခလေး၏ မိခင်သည် သေဆုံး သွား၍ သူ့အဒေါ်ကကြည့်ရှုသောကြောင့် သူ့အဒေါ်ကို အမေဟု ခေါ်သည်။ အဒေါ်၏ယောက်ျားကို အဖေဟု ခေါ်သည်။ သူ့အဖေရင်းသည် ဝမ်းစာရှာဖွေခြင်းကြောင့် သူသား အနားမှာမနေဘဲ ခရီး သွားနေသောကြောင့် သူ့သားက လုံးဝ မသိတော့ချေ။ သူ့အဖေကအဖေဟု ခေါ်လျှင် ၁၀ ကျပ် (ထိုစဉ်က ၁၀ ကျပ်သည် ယခု အခါ ကျပ် ၁၀၀၀ ရှိသည်) ပေးမည် ဟုဆိုသော်လည်း သားက လုံးဝ လက်မ ခံနိင်ချေ။ အလွန် ရင်နာစရာပင် ဖြစ်သည်။ အမှန်မှာ ထိုသား ကအဖေမှန်းသိလျှင် ပိုက်ဆံပေးစရာ မလိုဘဲ အဖေကို ဖက်မည် ဖြစ်သည်။ ယခုမူကား အဖေ မှန်း မသိသောကြောင့် ပိုက်ဆံနှင့် ပြန်ဝယ်သော်လည်း သားက လက်မခံတော့ချေ။ 
 
သူ့ကို လက်မခံကြ

ခရစ်တော်နှင့် ပတ်သက်၍ ကျမ်းစာက ဤသို့ ဆိုထားသည် -ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ သူသည် မိမိဒေသအရပ်သို့ ကြွ လာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။ (ယော ၁:၁၀-၁၁)။ အဘယ်ကြောင့် ခရစ်တော်ကို သူဖန်ဆင်းထားသောသူများ ကလက် မခံကြသနည်း။ အဘယ်ကြောင့်မိမိ လူမျိုးတို့က လက်မခံကြသနည်းဟူမူကား သူနှင့် အဆက်ပြတ်၍ မပေါင်းဖေါ်ဘူးသောကြောင့် တစိမ်းဟု ထင်ကြသည်။ ခရစ်တော် ကသူသည် သူတို့ မျှော်လင့်တောင့်တနေသော မေရှိယ ဖြစ်သည်ဟု နှုတ်အားဖြင့်၎င်း၊ နိမိတ်လက္ခဏာအားဖြင့်၎င်း၊ သက်သေပြနေသော်လည်း လုံးဝ မယုံနိင်ကြတော့ချေ။ အလွန် ဝမ်းနည်းစရာပင် ဖြစ်သည်။ ဣသရေလ လူများ နည်းတူ ယနေ့ လူ များစွာကလည်း သူတို့၏ ဖန်ဆင်းရှင်၊ ဘုရားရှင် သခင်ယေရှုကို လက်မခံနိင်ကြတော့ချေ။ အကြောင်းမှာ မွေးစကပင်ထို ဘုရားနှင့် အဆက်ပြတ် နေကြသည်။ 
 
 မသိကြ၊ မဆင်ချင် ကြ

ထာဝရဘုရားက ပရောဖက် ဟေရှယအားဖြင့် ဤသို့ ညည်းတွားခဲ့ ဘူးသည် -ထာဝရဘုရား မိန့်တော်မူသည် ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူ ချက်ဟူမူကား၊ ငါ​ကျွေးမွေး ပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ၊၊ နွားသော်လည်း မိမိအရှင်ကို သိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏၊၊ ဣသရေလ အမျိုးသားတို့ မူကား ငါ့ကို မသိကြ၊၊ ငါ၏ လူမျိုးမူကား၊ မဆင်ချင် တတ်ပါတ ကား၊၊ (ဟေရှယ ၁:၂-၃)။ ဣသရေလ လူမျိုးများသည် နွားနှင့် မြည်းလောက် တောင်မှအသိဥာဏ်မရှိကြချေ။ ထာဝရဘုရားသည် သူတို့ကို ကျွေးမွေးနေသော် လည်း၊ သူတို့၏ ဘုရား ဖြစ်သော်လည်း မသိကြ၊ မဆင်ချင် တတ်ကြချေ။ ယနေ့ မြောက် များစွာသော လူများလည်း ဘုရားသခင်ထံမှ ကောင်းကြီး အမျိုးမျိုး ခံစား နေရသော်လည်း ထာဝရဘုရားကို မသိကြချေ။ 
 
ရင်းနှီးရန်ပြန်တည်ဆောက်ရမည်

အစ၌ ဖေါ်ပြသော ခလေးသည် အဖေကို ပြန်လည် လက်ခံနိင်ဘို့ရန်အချိန် များစွာ အကုန်ခံ၍ မိဿဟာယပြန်လည်ဖွဲ့ဘို့ လိုသည်။ နေ့ချင်းညချင်းရင်းနှီး လက်ခံဘို့ရန် မဖြစ်နိင်ချေ။ ခလေးသည် အဖေကို တဖြည်းဖြည်းဦးနှောက်အားဖြင့် ပြန်လက်ခံ၍ စိတ်နှလုံး ခံစားချက် သည် နောက်မှတဖြည်းဖြည်းပေါ်လာမည် ဖြစ်သည်။ ထိုနည်းတူ ယနေ့ များစွာသော လူများသည်လည်း ဖန်ဆင်းရှင်ဘုရားသခင်နှင့် ပြန်လည်ရင်းနှီး သိရှိ လက်ခံနိင်ရန် ဘုရားရှင်နှင့် ပြန်လည်မိဿဟာယ ဖွဲ့ဘို့ လိုအပ်သည်။ နေ့ချင်းညချင်းမယုံကြည် နိင်ချေ။ သို့ဖြစ်လျှင် ဘုရားသခင်ကို ပြန်လည်ယုံကြည် ရင်းနှီး နိင်ရန်မည်သို့ ပြုရမည်နည်း။ သူ၏ တရားတော်ကို ဖတ် ရှု၍ ဆင်ခြင်ရမည်။ ဖြတ်လမ်းမရှိပါ။ ဆာလံဆရာက- ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူ- ဟုဆိုသည် (ဆာလံ ၁:၂)။ ထိုသို့ တရားတော်ကို ဆင်ခြင်အောက်မေ့နိင်ရန် နှုတ် ကပတ်တော်ကို စေ့စေ့ ဖတ်ရှုဘို့ လိုသည်။ ဘုရားသခင်က -ပညတ္တိကျမ်းစာ၌ ရေး ထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်- ဟုဆိုသည် (ယောရှု ၁:၈)။ 

ကျမ်းစာဖတ်သည်သာမက ကျမ်းစာ သင်တန်းများလည်း တက်ဘို့ လိုသည်။ ဘုရား သားသမီး များနှင့်လည်းများများ ပေါင်းဖေါ်ဘို့ လိုသည်။ သို့မှသာ ဘုရားသခင်၏ သဘော သဘာဝကို သိ၍ ယုံကြည် လာနိင်ပေမည် 
 
 
ကျမ်းစာဖတ်ကြစို့ 
 ရှင်ပေတရုဩဝါဒစာပဌမစောင်၊ အခန်းကြီး ၄
 
၁။ ထိုသို့ ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက် ခံတော်မူသည် မှန် သောကြောင့်၊ သင်တို့လည်း ထိုသို့သော သဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည် ဖြစ်၍၊ ၂ နောက်တဖန် သူတို့၏ တပ်မက်ခြင်း တရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာအသက် အပိုင်း အခြားကျန်ရစ်သော ကာလကို လွန်စေတတ်၏။ 

ဤလောကသည် ဇိမ်ခံမည့် နေရာ မဟုတ်ပါ။ ဝိညာဉ် စစ်တိုက်မည့် နေရာ၊ ဝိညာဉ်များရိပ်သိမ်းမည့် နေရာ၊ ဘုရားသခင်၏ စကားကို နားထောင် မည့် နေရာ၊ ဘုရား ပေးထားသော တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်မည့် နေရာ ဖြစ်သည်။ ခရစ်တော်သည် ဤလောက၌ နေစဉ်ကာလ ဇိမ်မခံပါ။ သူလိုချင်သော အရာများ မလုပ်ပါ။ ခမည်းတော် ခိုင်းသော အရာများကို ပြီးစီးဆောင်ဆောင် ရွက်ခဲ့သည်။ လောကသား များနှင့် တူအောင် မနေဘဲ သူတို့၏ အပြစ်များကို ဖေါ်ပြသောကြောင့် ကိုယ်ခန္ဓာတော်၌ အပြစ်တင်ခြင်း၊ နှိပ်စက်ခြင်း၊ နောက်ဆုံး၌ အသေသတ်ခြင်းကို ခံခဲ့ရသည်။ ခရစ်တော်သည် ထိုသို့ အသေသတ်ခြင်း ခံရမည်ကို သိသလော၊ အလွန် သိပါသည်။ သို့သော် ထိုသို့ အလိုငါှလာခြင်း ဖြစ်သည်ဟု သူကိုယ်တိုင် ကြိုပြောခဲ့သည်။ 

ထိုသို့ ခရစ်တော် အသေခံခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်သော ယုံ ကြည် သူများသည် ထိုသခင်နည်းတူ ဆင်းရဲ ဒုက္ခကို ခံသင့်သည်။ ဤလောက၌ ဇိမ်မခံဘဲ ကယ်တင်ရှင်၏ ကယ်တင်ခြင်း တရားကို တတ်နိင်သမျှ ဝေငှသင့်သည်။ သို့သော် လူသည် ဤလောက၌ ဇိမ်ခံလိုသည်။ ဤလောကသည် အိမ် မဟုတ်ပါ။ အလုပ်လုပ်ရသော လယ်၊ တောင်ယာ ဖြစ်သည်။ ထိုအရာကို ပြော ရုံဖြင့် နားမလည်သောသူများသည် ဒုက္ခ ဆင်းရဲကို ကိုယ်ခန္ဓာ၌ ခံပြီးမှသင်ခန်းစာယူ၍ လိမ္မာတတ်သည်။ ထိုကြောင့် ဘုရားသခင်သည် သူချစ်သောသား သမီးများကို ဒုက္ခ ပြသနာများခံစား စေတတ်သည်။ ထိုသို့ ဒုက္ခ ဆင်းရဲ ခံပြီးမှသာ ဘုရား အလိုတော်အတိုင်း အသက် တတ်ကြသည်။ 
 
၃။ သာသနာပလူတို့၏ အလိုသို့ လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကိုကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့ လွန်စေပြီးသော အသက် ကာလသည် ငါတို့ အားလောက် ပေ၏။ 

 ကယ်တင်ခြင်းသို့ မရောက်မှီတွင် လူတိုင်း အနည်းနှင့် အများကိုယ်ကာယ၏ တပ်မက်ခြင်းများကို လိုက်စားခဲ့ကြဘူးသည်။ ထိုအရာများသည် မယုံကြည်သူ၊ လော ကသား များ၏ အကောင်းဆုံးသော၊ အရသာတွေ့သောအရာ ဖြစ်သည်။ ထိုအရာ များသည် ယုံကြည်သူများအတွက် မသင့်တော် တော့ချေ။ ထိုအရာများကို သင်သည် စွဲလန်းသေး၍ ကျင့်နေသေးလျှင် အချက်သုံးချက်ထဲမှ တခုခု ဖြစ်မည်။ (၁) သင်သည် ကယ်တင်ခြင်းသို့ မရောက်သေးချေ။ (၂) ကယ်တင်ခြင်းသို့ ရောက်သော်လည်း ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်သေးသည်။ (၃) ကယ်တင်ခြင်းသို့ ရောက်သော်လည်း အသက်တာကို ခရစ်တော် မအုပ်စိုးစေဘဲ ဇာတိအားဖြင့် အုပ်စိုးသည်။ ထိုဇာတိအသက်တာများသည် ယခုဘဝ၊ နောင်ဘဝအတွက် အကျိုးမရှိသောကြောင့် စွန့်လွှတ်၍ ဝိညာဉ် သဘောဖြင့် အသက်ရှင်သင့်သည်။ 
 
၄။ ယခုမှာသင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည် အရာကို သူတို့သည် အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။ 

သူတို့သည် မယုံကြည်သူ၊ လောကသားများကို ဆိုလိုသည်။ သင်တို့သည် ယုံ ကြည်သူကို ဆိုလိုသည်။ သင်သည် ယုံကြည်သောအခါ လောကသားများနည်းတူ ကာမဂုဏ်၌ လွန်ကျူးခြင်း မရှိသောအခါ သူတို့ ကအံ့ဩ ကဲ့ရဲ့ကြမှာသေချာသည်။ ကယ်တင်ခြင်းသို့ ရောက်သောသူသည် အမြင်၊ အကြိုက်၊ အကျင့်ပြောင်းလဲ ရမည် ဖြစ်သည်။ ပြောင်းလဲရမည်ဟု သိသောကြောင့် ပြောင်းလဲခြင်း မဟုတ်ဘဲ၊ အထဲ မှပြောင်းလဲလာလိမ့်မည်။ ယုံကြည်သူသည် စားသောက်ခြင်း၌လည်း ဘုရား မကြိုက်သော အရာများကို မစားသောက်တော့ချေ။ ဘုရား မချစ်သောသူများနှင့် ပေါင်းသင်း၍ မရတော့ချေ။ ထိုကြောင့် အပေါင်းအသင်းလည်း အလိုလိုပြောင်းလဲ လာလိမ့်မည်။ ထိုအခါ အပေါင်းအသင်းဟောင်းများက ကဲ့ရဲ့ပြစ်တင်လာလိမ့်မည်။ ထိုသို့ ကဲ့ရဲ့ပြစ်တင်ခြင်းသည် ပြောင်းလဲခြင်း၏ လက္ခဏာ တခု ဖြစ်သည်။ အချို့သောသူများအတွက် အပေါင်းအသင်းများက စွန့်လွှတ်သောအခါ ဝမ်း နည်းခြင်း၊ အား ငယ်ခြင်း၊ ရှက်ခြင်းများခံစား နိင်သည်။ အပေါင်းအသင်း ဟောင်းများကို မလွန်ဆန်နိင်သောကြောင့် အချို့သော ယုံကြည်သူများသည် အကျင့်ဟောင်၌ ပြန်သွားတတ်သည်။ ထို့ကြောင့် ယုံကြည်သူ အချင်း ချင်း ပေါင်းသင်း အားပေးခြင်းသည် အလွန် အရေးကြီးသည်။ 
 
၅။ သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကို၎င်း၊ သေသော သူတို့ကို၎င်း၊ တ ရားစီရင်ခြင်း ငါှအသင့် ရှိတော်မူသောသူရှေ့၌၊ ထို သူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့။ 

ထို သူတို့သည် မယုံကြည်သူများကို ဆိုလိုသည်။ အသက်ရှင်သောသူနှင့် သေသော သူတို့ကို တရားစီရင်မည့် သူသည် သခင်ယေရှု ပင် ဖြစ်သည် (တမန် ၁၀:၄၂၊ ရောမ ၁၄:၉၊ ၂ တိ ၄:၁)။ ခရစ်တော်ကို ယခုမ ယုံကြည်သူများက ဘုရားနှင့် သခင်အဖြစ် လက်မခံ သေးသော်လည်း နောက်ဆုံးသော အချိန်၌ လက်ခံကြလိမ့်မည်။ ပေါလုက-ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင် ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံ-မည် ဟုဆိုသည် (ဖိလိပ္ပိ ၂:၁၀-၁၁)။ သို့သော် ထိုအချိန်၌ ဝန်ခံခြင်းသည် နောက်ကျသွားပြီ။ ကယ်တင်ခြင်းသို့ မရောက်တော့ဘဲ မီးအိုင် ထဲသို့ ချပစ်ခြင်း ခံကြရမည် ဖြစ်သည်။ 
 
၆။ ထိုအကြောင်းကြောင့် လူတို့ ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ် စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသော သူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။ For this is why the gospel was preached even to those who are dead, that though judged in the flesh the way people are, they might live in the spirit the way God does.  

သေသော သူတို့သည် ကိုယ်ခန္ဓာပိုင်းသေခြင်းကို ဆိုလိုလျှင် မသေမှီ ဧဝံဂေလိ ကြားသွားခဲ့ ကြသည်။ ဝိညာဉ်ပိုင်းသေခြင်းကို ဆိုလိုလျှင် ခန္ဓပိုင်းအ သက်ရှင်၍ ဧဝံဂေလိကို ကြားခြင်းကို ဆိုလိုသည်။ 
၇။ ခပ်သိမ်းသော အမှုအရာတို့သည် အဆုံးသို့ ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့၊ ဆုတောင်းခြင်း အလိုငှါ စောင့် နေကြလော့။ 

ရှင်ပေတရုက သူတို့ ခေတ်တွင် ခပ်သိမ်းသော အမှုအရာတို့သည် အဆုံးသို့ ရောက်လုသည် ဟုဆိုသည်။ သို့သော် သူရေးပြီးမှနှစ်ပေါင်း၂၀၀၀ ရှိနေပြီ၊ အဆုံးသို့ မရောက်သေးပါလားဟု မေးနိင်သည်။ ဟုတ်ပါသည်၊ သူကိုယ်တိုင်က ဤသို့ ရေးခဲ့သည်-ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်းဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။ (၁ ပေ ၁:၁၁)။ ရှေးပရောဖက်များအထဲမှ ခရစ်တော်သည် အနာဂတ်မည် ဖြစ်ပျက်မည့် အရာများကို ကြိုဟောသော်လည်း ပရောဖက်များကိုယ်တိုင် သူတို့ ဟောသောအရာကို နားမလည်ပါ ဟုဆိုသည်။ 

ရှေးဦး ယုံကြည်သူများသည် ခရစ်တော် ပြန်လည်ကြွလာမည့် အရာကို အလွန် မျှော်လင့်တောင့်တ ကြသည်။ သူတို့ အသက်ရှင်စဉ်တွင် သခင်ယေရှု ကြွ လာ၍ အနှစ်တစ်ထောင်ကာလ ချက်ချင်းရောက်မည်ဟု ယူဆကြသည်။ ထိုကြောင့် ဤလောကကို မစွဲလန်းဘဲ လာမည့် အနာဂတ်ကို စွဲလန်း ကြသည်။ ယခု ခေတ်တွင်မူ ခရစ်တော် ကြွလာမည့် အရာကို မစွဲလန်းကြသောကြောင့် ပေါ့ဆ ကြသည်။ တမန်တော်ကြီး ကခပ်သိမ်းသောအရာ တို့သည် အဆုံးသို့ ရောက်လု သောကြောင့် သမ္မာသတိရှိ၍ ဆုတောင်းလျက် စောင့်ဘို့ ပြောထားသည်။ သခင်ယေရှုကလည်း -အကြင်​ကျွန်တို့သည် စောင့်လျက် နေသည်ကို သခင်သည် ပြန်လာ၍ တွေ့၏၊ ထို​ကျွန်တို့သည် မင်္လာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ​ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အား လုပ်​ကျွေးလိမ့်မည်- ဟုဆိုသည်။ (လု ၁၂:၃ရ၊ ၂၁:၃၆၊ ၁ သက် ၅:၆) 
 
၈။ အခြားသော အမှုအရာထက် မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။ 

အခြားသော အမှုအရာသည် လူ၏ လိုအင်ဆန္ဒ၊ အရေးထားသောအရာ အားလုံး ကို ဆိုလိုသည်။ ထိုအရာများကြောင့် အလုပ်ရှုပ်၊ ပြသနာများ၊ အပြစ်တင်၊ ရန်ဖြစ်တတ်ကြသည်။ သို့သော် ထိုအရာများထက် ချစ်ခြင်းမေတ္တာရှိဘို့ ပြောထားသည်။ ယုံကြည်သူများကို ဘုရားသခင်က သူ၏ ချစ်ခြင်းမေတ္တာကို ပေးထားပြီး ပြီ (ရော ၅:၅၊ ၂ တိ ၁:ရ)။ ထိုချစ်ခြင်း မေတ္တာကို အသုံးပြုရမည်။ မည်ကဲ့သို့ အသုံးပြုရမည်နည်း။ ဝိညာဉ်တော်ကို အုပ်စိုးခွင့် ပေးရမည်။ ရှင်ပေါလုက-မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြု တတ်၏။ မေတ္တာသည် ဂုဏ် ပြိုင်ခြင်း မရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ လျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ ၆ မတရားသော အမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက် တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ (၁ ကော ၁၃:၄ -ရ)ဟု ရေးထားသည်။ 
 
၉။ မြည်တမ်းခြင်း မရှိဘဲ အချင်းချင်းဧည့်သည် ဝတ်ကို ပြုကြလော့။ 

ဘုရားသခင်က ဣသရေလ လူများထံ ဂရုစိုက်ဘို့ရန် မှာထားသော လူသည် ဧည့်သည် အာဂန္တုများကို ကြည့်ရှုခြင်း ဖြစ်သည်။ ဟေဗြဲကျမ်းရေးသူကလည်း - ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်။ အချို့သော သူတို့သည် ဧည့်သည် ဝတ်ကို ပြုသည် တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။ ဟုဆိုသည် (ဟေဗြဲ ၁၃:၁-၂)။ အာဗြဟံလောတတို့သည် ကောင်းကင်တမန်များကို ဧည့်ခံခဲ့ ကြသည်။ ဧည့်သည်ကို ချစ်ခြင်းသည် ပြောင်းလဲခြင်း၏ လက္ခဏာ၊ ရင့်ကျက်ခြင်း၏ အသီး ဖြစ်သည်။ 
 
၁၀။ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်း ကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။ 

ယုံကြည်သူများသည် ဘုရားသခင်၏ ဘဏ္ဍာစိုးများ ဖြစ်ကြသည်။ ဆု ကျေးဇူးအသီးသီးရရှိကြခြင်းသည် ဝါကြွားဘို့ မဟုတ်၊ ဘုရား၏ အလိုတော်အတိုင်း အသုံးပြုဘို့ ဖြစ်သည်။ သို့သော် လူသည် ဘုရား ပေးထားသော ကောင်းကြီးကို ကိုယ့်အစွမ်းအဆကြောင့်ရသည်ဟု ထင်ကာ ဘုရား အလိုတော်အတိုင်း အသုံးမပြုဘဲ ကိုယ့်အလိုအတိုင်း အသုံးပြုတတ်ကြသည်။ ဘုရားသခင်၏ အလိုတော် မှာလူလူချင်းဂရုစိုက်၍ ဘုရား ပေးထားသော၊ အပ်နှံထားသော ဥစ္စာများကို သူတပါးနှင့်အတူ အသုံးပြုုဘို့ ဖြစ်သည်။ ကပ်ဆေးနည်းခြင်းသည် ဘုရား သ
ခင်နှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။ ပင်တေကုတ္တေနေ့၌ ပြောင်းလဲ၍ ခရစ်ယာန် ဖြစ်ကြသော ယုံကြည် သောသူ အပေါင်းတို့သည် တစုတဝေးတည်း နေသဖြင့်၊ မိမိတို့၌ ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ မိမိတို့ ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည် အတိုင်း အသီးသီးတို့အား ဝေငှခြင်းကို ပြုကြ၏။ (တမန် ၂:၄၄-၄၅) 
 
၁၁။ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော် ထင်ရှားစေ မည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့် အညီဟောပြောစေ။ အခြားသော အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းအသရေအစွမ်းသတ္တိရှိတော်မူ စေသတည်း။ အာမင်။ 

ဘုရားသခင် တည်းဟူသော ခမည်းတော်ဘုရားသည် သခင်ယေရှုအားဖြင့် ဘုန်းထင်ရှားဘို့ ဖြစ်သည်။ ထိုကြောင့် သခင်ယေရှု က-အ​ကျွန်ပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပြီ- (ယော ၁ရး၄)ဟု ဆုတောင်း ခဲ့သည်။ ထို့ကြောင့် ဟောပြောသောသူ ဖြစ်စေ၊ အခြားသော အမှုကို ဆောင်ရွက်သောသူ ဖြစ်စေဘုရား၏ ဘုန်းထင်ရှားဘို့ရန် သာလျှင် လုပ်ဆောင်ရမည်။ 

ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့် အညီဟော ပြောစေ ဟုဆိုသည်။ လူတိုင်း သက်သေခံရမည် ဖြစ်သော်လည်း လူများရှေ့၌ ဟောပြောမည့် သူသည် တရားဟောဆရာများကို ဆိုလိုသည်။ သက်သေခံသောသူဖြစ်စေ တရားဟောသောသူဖြစ်စေ ဗျာဒိတ်တော်နှင့် အညီဟောရမည်။ ဗျာဒိတ် တော်နှင့် အညီမဟောသောသူသည် လူ့မျက်နှာကြည့်သောသူ၊ အလှူငွေရဘို့ရန် လူ့အကြိုက်ဟောသောသူ ဖြစ်သည်။ ထိုသူများသည် လူများ၏ ချီးမွမ်းခြင်းနှင့် အလှူငွေများရတတ်သော်လည်း ဘုရားသခင်နှင့် တနေ့ပြန်ဆုံ၍ စစ်ကြောခြင်း ခံရမည် ဖြစ်သည်။ 

 အခြားသောအမှု ဆောင်ရွက်သောသူဆိုသည်မှာ ဟောပြောခြင်းအားဖြင့် မဟုတ်ဘဲ အခြားလိုအပ်သော အရာများကို ဆောင်ရွက်ခြင်းအားဖြင့် ဘုရား နိင်ငံတော် အတွက် ပါဝင် သူများ ဖြစ်သည်။ မိမိလုပ်ငန်းခွင်၌ ဝင်ငွေရှာ သူများ ပင်လျှင် ရိုးသားစွာ လုပ်ဆောင်လျှင် ဘုရား ဘုန်းတော် ထင်ရှားစေနိင်သည်။ 
 
၁၂။ ချစ် သူတို့၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်း အရာကိုကား၊ သင်တို့၌ အံ့ဘွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်၊ 

မီးစစ်ခြင်း အရာဆိုသည်မှာ အင်္လိပ်လို အ့န်ငနမပ အမင​ေူ ဟုဆိုသည်။ မီးသည် ပူလောင်သည် သကဲ့သို့ ခက်ခဲသော စုံစမ်းခြင်းကို ဆိုလိုသည်။ ယုံကြည်သူများသည် စုံစမ်းခြင်း ခံရမည့် အကြောင်း၁ ပေ ၁:၆၌ ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ထိုစုံစမ်းခြင်းသည် သခင်ယေရှုနှင့် တွေ့ဆုံးသောအခါ ချီးမွမ်းခြင်း ခံဘို့ရန် ဖြစ်ကြောင်းဟု ဖေါ်ပြထားပြီး ဖြစ်သည်။ ထိုကြောင့် ယုံကြည်သူများအနေဖြင့် စုံ စမ်းခြင်း ခံရမည်ကို သိထားနှင့်လျှင် အံ့ဩ စရာ၊ ကြောက်စရာ၊ စိတ်ပျက်စရာ မလိုတော့ချေ။ 
 
၁၃။ သင်တို့သည် ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံကြသည် ဖြစ်၍ ဘုန်းတော် ပေါ်ထွန်းသောအခါ အလွန် ဝမ်းမြောက် ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက် ကြလော့။ 

ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံခြင်း ဆိုသည်မှာ ခရစ်တော်ကြောင့် ခံရသော ဆင်းရဲခြင်းကို ဆိုလိုသည်။ ယုံကြည်သူတိုင်း ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း၊ နှိမ်ခြင်း၊ ဒုက္ခ ပေးခြင်း၊ ရိုက်ပုတ်ခြင်းများခံလျှင် ဝမ်းမနည်းဘဲ ဝမ်းသာဘို့ ဖြစ်သည်။ ခင်ပွန်းသည်ကို ချစ်သောကြောင့် လက်ထပ်သောအခါ သူ၏ ကောင်း ကွက်များသာ မဟုတ်၊ အားနည်းချက်များကိုလည်း ခံစားရမည် ဖြစ်သည်။ ထို့ နည်းတူ ခရစ်တော်ကြောင့် ကောင်းကြီးကိုသာလျှင် မခံရဘဲ ဆင်းရဲ ကိုလည်း ခံဘို့ ဖြစ်သည်။ ခရစ်တော်နှင့် တွေ့သောအခါ အချီးအမွမ်းခံဘို့ ယခုဆင်းရဲ ဒုက္ခကို ခံကြစို့။ ထိုအရာကို သိသောသူများ အနေဖြင့် ကြိုတင်၍ ဝမ်းမြောက်ဘို့ ရေး ထားသည်။ 
 
၁၄။ ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကို ခံရလျှင် မင်္လာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ ကား ချီးမွမ်းခြင်းရှိတော်မူ၏။ 

ခရစ်တော်၏ နာမကြောင့်ကဲ့ရဲ့ခြင်း ခံဘူးပါသလား။ မခံဘူးလျှင် မင်္လာ မရှိသေး။ ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း မခံခြင်းသည် အကြောင့်နှစ်ခုရှိသည်။ တကြောင်းမှာ ခရစ်တော် အတွက် အသက်မရှင်၊ သက်သေမခံသောကြောင့် ဖြစ်မည်။ တကြောင်းမှာ ခရစ်တော်ကို ယုံကြည်သောသူများနှင့်သာပေါင်းဖေါ်သောကြောင့် ဖြစ်မည်။ ကဲ့ရဲ့ခြင်း ခံရလျှင် ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့ အပေါ်၌ ကျိန်းဝပ်တော်မူ၏ ဟုဆိုရာတွင် ပေတရုသည် သူကိုယ်တိုင် ခံစား ခဲ့ဘူး သောကြောင့် ကောင်းစွာ သိသည်။ ပင်တေကုတ္တေနေ့၌ ဖြစ်စေ၊ ​ခြေမစွမ်းသောသူကို ကျန်းမာစေသောအခါ၌ ဖြစ်စေ၊ လွှတ်အရာရှိများရှေ့၌ သူ့အပေါ် ဝိညာဉ်တော်နှင့် ပြည့်ဝသောကြောင့် ကြောက်စိတ် လုံးဝ မရှိသည်သာမက ပြောမည့် စကား များလည်း ဝိညာဉ်တော်က ဖေါ်ပြသောကြောင့် ဘုရား အလိုတော်အတိုင်း ဟောပြော​ခြေပနိင်ခဲ့သည်။ ထို့ကြောင့် ကြောက်စရာ၊ စိုးရိမ်စရာ လုံးဝ မလိုချေ။ 
 
၁၅။ လူအသက်ကို သတ်သော အပြစ်၊ သူ့ဥစ္စာကို ခိုးသော အပြစ်၊ ဒုစရိုက်ကို ပြုသော အပြစ်၊ သူတပါးအမှု၌ ရောနှောသော အပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်။ 

အထက်၌ ဖေါ်ပြသော ဒုစရိုက်အပြစ်များမကျူးလွန်ဘို့ သတိပေးထားသည်။ ထိုဒုစရိုက်အပြစ်များကြောင့် ခံရလျှင် ရှက်စရာ ကောင်းသည်။ ဘုရား သခင်၏ ဘုန်းတော် ရှုတ်ချစရာလည်း ဖြစ်သည်။ ယုံကြည်သူ ညီအစ်ကို များနှင့် အသင်းတော်လည်း နာမည်ပျက်စေသည်။ 
 
၁၆။ ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် မူကားရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့် ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းစေ။ 

ခရစ်ယာန် ဆိုသည်မှာ ခရစ်တော်၏ နောက်လိုက်များ၊ ခရစ်တော် ပိုင်သောသူများ၊ ခရစ်တော် ကဲ့သို့သောသူများဟု အဓိပ္ပါယ်ရသည်။ ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် ရှက်ကြောက်စရာ မရှိ။ ထိုသို့ ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် ဘုရားသခင်၏ ကျေးဇူူးတော်၊ ဂုဏ်တော် ချီးမွမ်းဘို့ ပြောထားသည်။ 
 
၁ရ။ ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂေလိ တ ရားစကားကို နားမထောင်သော သူတို့၏ အမှုသည် အဘယ်သို့ပြီး လိမ့်မည် နည်း။ 

ဘုရားသခင်၏ အိမ်တော်သားတို့သည် ရှေ့ဦးစွာ စစ်ကြောစီရင်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဆုံးမခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏ ဟုဆိုသည် (ဟေဗြဲ ၁၂:၆)။ ဘုရားသခင်သည် ပေတရုကိုယ်တိုင် မှတဆင့်လင်မယား၊ နှစ်ယောက်ကို ဆုံးမခဲ့ကြောင်း ဤသို့ တွေ့ရသည် -အာနနိနှင့် ရှာဖိရေအမည်ရှိသော လင်မယား နှစ်ယောက်တို့ မူကား ဥစ္စာတစုံတခုကို ရောင်းပြီးလျှင်၊ ထိုသူသည် မိမိခင်ပွန်းနှင့် သဘောတူလျက်၊ အဘိုး၏ တဘို့ကို ထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာ ယူဆောင်ခဲ့၍ တမန်တော်တို့၏ ​ခြေ ရင်း၌ ထားလေ၏။ ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့်စား၍၊ မြေကို ရောင်းသော အဘိုး၏ တဘို့ကို ထိမ်ဝှက်မည်အ ကြောင်း၊ စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့်ပြည့်စေရသနည်း။ ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ ရသော အဘိုးသည် ကိုယ်ဥစ္စာ ဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ကြံစည်သနည်း။ လူကိုသာ မုသာပြောပြီ မဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏။ ထိုစကားကို ကြားလျှင်၊ အာနနိသည် လဲ၍ သေ၏။ (တမန် ၅:၁-၅)။ 

အာနနိတို့ လင်မယား သေရခြင်းသည် ဆုံးမခြင်း ဖြစ်သည်။ သူတို့သည် မြေကို ရောင်း၍ ရသမျှသော ငွေကို အသင်းတော်၌ လှူ သကဲ့သို့ လိမ်သောကြောင့် အပြစ် စီရင်ခြင်း ခံရခြင်း ဖြစ်သည်။ အားလုံး မလှူသောကြောင့် မဟုတ်။ ယုံကြည်သူများသည် ဒုက္ခ ပြသနာများတွေ့ကြုံရခြင်းသည် (၁) အပြစ်ကြောင့် (၂) ဘုရား ဘုန်းတော် ထင်ရှားဘို့ (၃) စာတန်၏ နှောက်ရှက်ခြင်းကြောင့် ဖြစ်သည်။ ယုံ ကြည် သူများသည် ဤလောက၌ ရှိစဉ်တွင် စစ်ကြောစီရင်ခြင်း ခံရသည်။ မယုံ ကြည် သူများ မူကား နောက်ဆုံးသောအချိန် ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌ ခံရမည် ဖြစ်သည်။ ယုံကြည်သူများပင်လျှင် ခံရလျှင် ဧဝံဂေလိတရားကို မခံသောသူများ၏ ခံရမည့် အရာသည် တွေးဝံ့စရာ မရှိ။ ​ဖြောင့်မတ်သောသူသော်လည်း မြေကြီး ပေါ် မှာအပြစ် ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာရှိသနည်း။ (သုတ္တံ ၁၁:၃၁) 
 
၁၈။ ​ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည် မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူသည် အဘယ် မှာပေါ်လိမ့်မည်နည်း။ 

​ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိင်ခဲသည် ဆိုသည်မှာ လူ့အမြင် အားဖြင့်၊ လူ၏ ​ဖြောင့်မတ်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ မရောက်နိင်ခြင်းကို ဆိုလိုသည်။ ထိုမျှမက ဘုရား မကိုးကွယ်သော သ၊ ူ အပြစ် ထင်ရှားသောသူသည် အဘယ်ကဲ့သို့ ဘုရားသခင် ရှေ့၌ ပေါ်လာနိင်မည်နည်း။ ပေါ်လာနိင်စရာ အကြောင်း မရှိချေ။ ထိုသူများသည် ဘုရား မရှိသော မီးအိုင် ထဲသို့ ချပစ်မည် ဖြစ်သည်။ 
 
၁၉။ ထိုကြောင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲ ခံရသော သူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက် သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသော အကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက် ဝိညာဉ်ကို အပ်နှံကြ စေ။ 

ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲ ခံသော သူတို့သည် စိတ်မပျက်ဘဲ ဆင်းရဲ ခံဘို့ ဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်သူ၏ ဆင်းရဲ ခံခြင်းကို သိနေသည်။ သူသည် အကြောင်း မဲ့ဆင်းခံခိုင်းသည် မဟုတ်။ ဘုရားသခင်သည် သစ္စာရှိသည်။ ထိုကြောင့် ကောင်းသော အကျင့်ကို ကျင့်နေ၍ မိမိအသက်ကို ကိုယ်တော်၌ အပ်နှံစေ ဟုဆိုသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဍှိညွတ်သောကြောင့် စိုိးရိမ်စရာ မလိုချေ။ 
 
 
 “သင်၏ ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကို ပြင်ဆင်လော့” (အာမုတ်အနာဂလ္လိကျမ်း၄:၁၂) 
 
 “Prepare to meet your God” 
 (AMOS 4:12)
 
ဆုတောင်းခြင်း
ဆရာပါအုပ်
 
၁။ ဆုတောင်းခြင်း ဆိုသည်မှာ အဘယ်နည်း

(၁) ဆုတောင်းခြင်း ဆိုသည်မှာ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးသွန်းလောင်းခြင်း ဖြစ်သည်။ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညိုးငယ်သော မိန်းမ ဖြစ်၏။ စပျစ်ရည်ကို မသောက်ပါ။ သေရည်သေရက်ကို မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ (၁ရာ ၁:၁၅)။ 

(၂) ဆုတောင်းခြင်း ဆိုသည်မှာ ဘုရားသခင်နှင့် အပြန်အလှန် စကား ပြောခြင်း ဖြစ်သည်။ တဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကို ခေါ်၍ သွား လာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့ စကားကို ငါနားထောင်မည်။ (ယေရမိ ၂၉:၁၂)။ အို ဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူ တတ် သောကြောင့် အ​ကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကို လှည့်၍ အ​ကျွန်ုပ်စကားကို နာယူတော်မူပါ၊၊ (ဆာလံ ၁ရး၆) အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲ ခံရသောအခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ၊၊ ဆုံးမတော်မူသောအခါ၊ ဆုတောင်း ပဌနာ စကားကို သွန်းလောင်းကြပါပြီ၊၊ (ဟေရှာယ ၂၆:၁၆)။ 

(၃) ဆုတောင်းခြင်း ဆိုသည်မှာ ဘုရားသခင်၏ မျက်နှာတော်ကို ရှာခြင်း ဖြစ်သည်။ ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့ မျက်နှာကို ရှာလျက် ဆုတောင်း ပဌနာ ပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့ အပြစ်ကို ​ဖြေ၍ သူတို့ကို ချမ်းသာ ပေးမည်။ (၆ရာ ရး၁၄)။ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဘွယ်သော အကြောင်း အလုံးစုံတို့ အထဲကငါ့ကို ကယ်နှုတ်တော်မူ၏။ (ဆာလံ ၃၄:၄) 


 (၄) ဆုတောင်းခြင်း ဆိုသည်မှာ ဘုရားသခင် ထံအော်ဟစ်ခြင်း ဖြစ်သည်။ ငါသည် ထာဝရဘုရားထံသို့ အသံကို လွှင့်၍ အော်ဟစ်သောအခါ သန့်ရှင်းသော တောင်တော် ပေါ်မှာ နားထောင်တော််မူ၏၊၊ (ဆာလံ ၃:၄)။ အ​ကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အ​ကျွန်ုပ်သည် ​ေရှ့တော်၌ နေ့ညဉ့်မပြတ် အော်ဟစ်ပါ၏။ (ဆာလံ ၈၈:၁)။ 

 (၅) ဆုတောင်းခြင်း ဆိုသည်မှာ ယုံကြည်ခြင်း၏ အသံ ဖြစ်သည်။ ယုံကြည်ခြင်း ပါလျက် ပဌနာ ပြု၍ ဆုတောင်း သမျှတို့ကို သင်တို့သည် ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ (မဿဲ ၂၁:၂၂)။ ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။ (ဟေဗြဲ ၁၁:၆) 

 (၆) ဆုတောင်းခြင်း ဆိုသည်မှာ အထံတော်သို့ တိုးဝင်ချဉ်းကပ်ခြင်း ဖြစ်သည်။ ပဌနာ စကားကို နားထောင်တော်မူသော ဘုရား၊ ကိုယ်တော်ထံသို့ လူသား အပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်၊၊ (ဆာလံ ၆၅:၂)။ တန်တိုင်းတော် အတွင်း၌ နေ၍ အထံတော်သို့ ချည်းကပ်စေခြင်းငှါ ကိုယ်တော် ရွေးကောက်တော်မူသောသူသည် မင်္လာရှိပါ၏၊၊ ( ဆာလံ ၆၅:၄ က)။ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော် လျော်သော မစခြင်း ကျေးဇူးတော်ကို၎င်း၊ ခံရမည် အကြောင်း၊ ရဲရင့်သော စိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန် အံ့။ (ဟေဗြဲ ၄:၁၆)။ 

 (ရ) ဆုတောင်းခြင်း ဆိုသည်မှာ ဝိညာဉ် အသက် ရှုှုခြင်း ဖြစ်သည်။ ဆု တောင်းခြင်းသည် ခရစ်ယာန်တို့၏ အသက် ရှုခြင်း ဖြစ်သည်။ အသက် မရှုလျှင် အသက်မရှင်နိင် သကဲ့သို့ ဝိညာဉ်ပိုင်းရှင်သန်နိင်ရန် ဆုတောင်းဘို့ လိုအပ်သည်။ ဆု တောင်းခြင်းသည် ခရစ်ယာန်တို့၏ လုပ်ဆောင်ရမည့် တာဝန် ဖြစ်သည်။ ဆုတောင်းသောသူ ယုံကြည်သူသည် ဘုရားသခင်၌ သစ္စာရှိသောသူ ဖြစ်သည်။ 
 
၂။ အဘယ်ကြောင့် ဆုတောင်းဘို့ လိုအပ်သနည်း

(၁) ဘုရားသခင်၏ အမိန့်တော် ဖြစ်သည်။ တောင်းကြလော့။ တောင်းလျှင် ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည် ကားရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။ (မဿဲ ရးရ- ၈) မခြားမလပ် ဆုတောင်း ပဌနာ ပြုကြလော့။ (၁ သက် ၅:၁ရ) 

(၂) ခရစ်တော် ကိုယ်တိုင် ပုံသက်သေပြခဲ့သည်။ အကြောင်းမူကား၊ ထိုသို့ အလိုငှါ သင်တို့ကို ခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည် ဖြစ်၍ ​ခြေတော် ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ (၁ ပေ ၂:၂၁)။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ (ဟေဗြဲ ၁၂:၂)။ နံနက်အချိန်၊ မိုဃ်းမလင်း မှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူ၏ (မာကု ၁:၃၅)။ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်း ပဌနာ ပြုခြင်းငှါ တောင်ပေါ်သို့ ကြွ၍ ဘုရားသခင်အား ဆုတောင်း ပဌနာ ပြုလျက် တညဉ့်လုံး နေတော်မူ၏။ (လုကာ ၆:၁၂) 

(၃) တောင်းသမျှကို ရမည်အကြောင်း ခန့်ထားသောသူ ဖြစ်သောကြောင့်။ သင်တို့သည် ငါ့ကို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သော အသီးကို သီးမည် အကြောင်းနှင့် ငါ့နာမကို အမှီပြု၍ ခမည်းတော် မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ (ယော ၁၅:၁၆)။ သင်တို့သည် အဆိုး ဖြစ်လျက် ပင်ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်း ကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့ အား၊ ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။ (မဿဲ ရး၁၁)။ 

(၄) ဘုရား မပါလျှင် အဘယ်အရာမျှ မလုပ်နိင်သောကြောင့်။ ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်း သူ၌ တည်၏၊ ထိုသူသည် များစွာသော အသီးကို သီး တတ်၏။ ငါနှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင် ကြ။ (ယော ၁၅:၅)။ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏။ (ဖိလိပ္ပိ ၄:၁၃)။ 

(၅) ဝမ်းမြောက်ခြင်း အကြောင်း စုံလင်ဘို့ရန်။ ယခုတိုင်အောင် ငါ၏ နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။ (ယော ၁၆:၂၄)။ 

(၆) တောင်းခံခြင်းကို ကြိုက်နှစ်သက်သော ဘုရား ဖြစ်သောကြောင့်။ ငါ့ကို ခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင် မသိနိုင်အောင် နက်နဲသောအရာ တို့ကို ငါပြမည်။ (ယေရမိ ၃၃:၃)။ သင်တို့သည် တပ်မက်၍ မရကြ။ လူအ သက်ကို သတ်၍၎င်း၊ အလွန် လိုချင် သောလောဘစိတ်ရှိ၍၎င်း၊ အလိုမ ပြည့်စုံနိုင် ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်း ကိုလည်း ပြု၍ မရကြ။ အကြောင်းမူကား၊ ဆုမ တောင်းဘဲ နေကြ၏။ (ယာကုပ် ၄:၂)။ 

(၇) ငြိမ်သက်ခြင်းရရှိဘို့ရန်။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာ ရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်ပဌနာ ပြုသော အားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍ မမှီနိုင်သော ဘုရားသခင် ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။ (ဖိလိပ္ပိ ၄:၆ -ရ)။ သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြော ပြီ။ သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။ (ယော ၁၆:၃၃)။ 

(၈) စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် ဘို့ရန်။ လူ၌ ဖြစ်တတ်သော စုံ စမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်း နှောင့်ရှက်ခြင်း အရာနှင့်တကွ၊ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူ လိမ့်မည်။ (၁ ကော ၁၀:၁၃)။ 

(၉) စာတန် မာရ်နတ်ကိုအောင် နိင်ဘို့ရန်။ သို့သော်လည်း ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သော အားဖြင့်၊ ထိုအမျိုးသည် မထွက် တတ်ဟု မိန့်တော်မူ၏၊ (မဿဲ ၁ရး၂၁)။ ထိုကြောင့်၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။သို့ ပြုလျှင်၊ သူသည် သင်တို့ ထံကပြေးသွားလိမ့်မည်။ (ယာကုပ် ၄:ရ)။ သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေ ကြလော့။ သင်တို့၏ ရန်သူ တည်းဟူသော မာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက် ရှိ၏။ (၁ ပေ ၅:၈)။ 

(၁၀) ထာဝရဘုရားကို ပြစ်မှားသောသူမဖြစ်ဘို့ရန်။ ငါမူကား သင်တို့ အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှာခြင်း အမှုသည် ငါနှင့် ဝေး ပါစေသော။ ကောင်းမွန်​ဖြောင့်မတ်သောလမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။ (၁ရာ ၁၂:၂၃)။ ထိုကြောင့်၊ ကောင်းသော အကျင့်ကို သိလျက် မကျင့်ဘဲ နေသောသူသည် အပြစ်ရှိ၏။ (ယာကုပ် ၄:၁ရ)။ 

(၁၁) ယုံကြည်သူတိုင်း အမှုတော် မြတ်၌ ပါဝင်နိင်သော အခွင့်ထူး ဖြစ်သည်။ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာ များစွာ ရှိ၏။ ရိတ်သော သူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူ မည်အကြောင်း၊ စပါးရှင်ကို ဆုတောင်း ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မဿဲ ၉:၃ရ- ၃၉)။ 

(၁၂) သားသမီး များ၏ တောင်းလျှောက်သံကို နားထောင်သော ဘုရား ဖြစ်သောကြောင့်။ ငါတောင်းပန်ခြင်းကို ထာဝရဘုရားကြားတော်မူ၏။ ငါပြုသော ပဌနာ စကားကို ထာဝရဘုရား နာယူတော်မူ၏၊ (ဆာ ၆:၉)။ ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား၍ ငါ့ဘက်သို့ နားတော်ကို လှည့်တော်မူ သောကြောင့် ငါနှစ်သက်၏။ ငါအသက် ရှည်သမျှ ကာလ ပတ်လုံး၊ ထာဝရဘုရားကို ပဌနာ ပြုမည်၊၊ (ဆာ ၁၁၆:၁-၂)။ 

သင် ဆုတောင်း ဘို့ရန်အချိန် ရှိပါသလား။ ဘုရားသခင်သည် သင်၏ ဆုတောင်း သံကို နားထောင် ဘို့ရန် အမြဲတမ်းအချိန် ရှိသည်။ ဘုရားသခင် နားထောင်ချင်သောအရာသည် သင်၏ ဆုတောင်း သံ ဖြစ်သည်ဟု သိလျက် အမြဲ ဆုတောင်းပါ။ ဆုတောင်းခြင်း၌ မွေ့လျော်သောသူ ဖြစ်ကြပါစို့။ 
ရှေ့လဆက်ရန်
 
 
ဥပုသ်နေ့

ဓမ္မဟောင်းကာလ၌ ဥပုသ်နေ့သည် စနေနေ့ ဖြစ်သည်။ ဘုရားသခင်က ဣသရေလများကို ဥပုသ်စောင့်ဘို့ရန် အကြိမ်ပေါင်း များစွာ ပညတ်ထား၍ သတိပေးသည်။ သူတို့ကို တပါးအမျိုးသားများထံ​ကျွန်ခံစေခြင်းသည်လည်း ဥပုသ်နေ့မစောင့်သောကြောင့် ဖြစ်သည်။ ခရစ်တော်ကို သတ်ရခြင်း အကြောင်းရင်းတခုမှာဥပုသ်နေ့ကို မစောင့်သောကြောင့် ဖြစ်သည်။ အမှန်မှာ ဥပုသ်နေ့သည် အနားယူခြင်း ဖြစ်၍ ခရစ်တော်ကို ရ၍ သူ့ကို အစစအရာရာ၌ အားကိုးခြင်းသည် အနားယူခြင်း ဥပုသ်စောင့်ခြင်း ဖြစ်သည်။ ဓမ္မသစ်ကာလတွင် ဥပုသ် နေ့မစောင့်တော့ဘဲ ယုံကြည်သူများသည် တနင်္နွေနေ့တွင် စည်းဝေးတတ်ကြကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်-ခုနစ်ရက်တွင် ပဌမ နေ၌ ရက်မုန်၌ကို ဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည် ဖြစ်၍၊ သန်း ခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။ (တမန် ၂၀:ရ) သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထားခြင်း အမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည် အတိုင်း သင်တို့ ပြုကြလော့။ ငါရောက် လာသောအခါ လှူဒါန်း၍ စုထားစ ရာမရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမ နေ၌ ရက်၌ အသီးသီးကောင်းစားသည် အတိုင်း၊ မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။ (၂ ကော ၁၆:၁-၂) 

 ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ ဟု မြန်မာကျမ်းစာအုပ်၌ တွေ့ရသည်။ သို့သော် အင်္လိပ်ကျမ်းစာအုပ်များ၌ On the first day of every week ခုနှစ်ရက်တွင် ပဌမ နေ့တိုင်း၌ ဟု ပါရှိသည်။ ထိုကြောင့် တမန်တော်များခေတ်၌ ခုနှစ်ရက်တွင် ပဌမ နေ့ရက်တိုင်း (တနင်္နွေနေ့တိုင်း)၌ ဝတ်ပြုကြကြောင်း တွေ့ရသည်။ (ဥပုသ် စောင့်ခြင်းနှင့် ပတ်သက်၍ သတင်းကောင်း စာစောင်၌ ပို၍ စုံလင်စွာ ရေးသားခဲ့ဘူးပြီ။) 
 
 
ကျမ်းမာရေးကဏ္ဍ
 
 ဝမ်းချုပ်တတ်သောသူများ၊ သွေးပါသောသူများ၊ ဒူလာလိပ်ခေါင်း ဝေဒနာ ခံစားသောသူများ၊ ပြုလုပ် ရမည့် အရာ

 ၁။ ရေများများသောက်ရမည်

၂။ဖိုင်ဘာ (Fiber) ကြွယ်ဝသော အစာစားရမည်။ဖိုင်ဘာသည် အစာအိမ်ကမချေနိင်သော အစာများ ဖြစ်သည်။ ပန်းသီး၊ စပျစ်သီးအခွန် ပါစားပါ။ ဟင်းရွက်၊ မုံညင်း၊ ကော်ပီ၊ စားလတ်၊ စပီးနပ်၊ မုန်လာဥနီ၊ ပဲ အမျိုးမျိုးများများ စားပါ။ 

 ၃။ အသား၊ အထူးသဖြင့် အမဲသား လျှော့စားပါ။ 

 ၄။ ဝမ်းချုပ်စေသော အစာ၊ ဖန်သော အစာ ဖြစ်သည့်လဖက်၊ ကောက်ညင်းများ မစားပါနှင့်။ 

 ၅။ Prune ကို စားပါ။ Prune Juice ကိုလည်း သောက်ပါ။ မကြိုက် လျှင်လည်း ဆေးကဲ့သို့ စားသောက်ပါ။ ပါးစပ်အရသာအတွက် မစားရ၊ ကိုယ်ခန္ဓာကျန်းမာရေးအတွက် စားသောက်ပါ။ 


 ၆။ ဖိုင်ဘာမှုန့် fiber သောက်ပါ။ဖိုင်ဘာမှုန့်များကို စားသောက် ပစ္စည်းရောင်းသော နေရာ၊ ဆေးများရောင်းသော အတန်း၌ တွေ့နိင်သည်။ဖိုင်ဘာမှုန့်သည် နို့မှုန့်ကဲ့သို့ အဖြူရောင် ဖြစ်၍ ကော်ဖီ၊ လဘက်ရေ၊ ဟင်း ချို၊ သောက်ရေများနှင့် သောက်နိင်သည်။ အရသာမရှိသောကြောင့် သောက်ဘို့ရန် အလွန် လွယ်သည်။ဖိုင်ဘာကို ဖျော်ရည်အဖြစ် သောက် လိုပါက Metamucil ကို သောက်နိင်သည်။ ထိုအရာသည်လည်းဖိုင်ဘာ တန်းတွင် တွေ့မြင်နိင်သည်။ 


 ကိုယ်ခန္ဓာကျန်းမာမှ ဝိညာဉ်ပိုင်းအတွက်လည်း အကျိုးရှိမည်။ ကိုယ်ခန္ဓာမကျန်းမာလျှင် ကျမ်းစာ မဖတ်နိင်၊ ဆုမတောင်းနိင်၊ သင်တန်း မတက်နိင်၊ သက်သေမခံနိင်၊ လူတောမတိုးနိင်၊ မိဿဟာယမဖွဲ့နိင်သောကြောင့် ဝိညာဉ်ရေးရာ၌လည်း ထိခိုက်နိင်သည်။ ဘုရား ပေးထားသော ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ဘို့ ယုံကြည်သူ တိုင်း၌ တာဝန် ရှိသည်။ 
 
 
သတင်းကောင်းပွဲတော်ကြီး
GOODNEWS FESTIVAL

 

နှစ်စဉ် ကျင်းပလေ့ရှိသော သတင်းကောင်း ပွဲတော် ကြီးကို Labor day weekend  ၌ Indianapolis မြို့တွင် ကျင်းပတော့မည် ဖြစ်သည်။ ထိုပွဲ တော်သည် ဇာတိပွဲတော် မဟုတ်ဘဲ ဝိညာဉ်ရေးရာပွဲတော် ဖြစ်သည်။ ထိုကြောင့် ဝိညာဉ်ရေးရာ၌ တိုးတက်လိုသူတိုင်း ပါဝင်ဆင်နွဲဲနိင်ရန်လှိုက်လှဲစွာ ဘိတ်ခေါ်ပါသည်။သောကြာညမှစ၍ တနင်္နွေညအထိ သုံးညနှင့် တနင်္နွေနေ့နံနက်ပိုင်းတွင် ဝတ်ပြုခြင်းနှင့် တရားဟောပွဲရှိမည်။ စနေနေ့တနေ ကုန်နှင့် တနင်္နွေနေ့ညနေပိုင်း၌ ကျမ်းစာ သင်တန်းများကို မြန်မာ၊ အင်္လိပ်၊နှင့် ဖလမ်းဘာသာစကားများဖြင့် ပြုလုပ်မည် ဖြစ်သည်။ ခလေး သူငယ်များ အတွက်လည်း သင်တန်းရှိမည်။ 

ပွဲတော် ကြီး၏ အဓိကဆောင်ပုဒ်သည်၊ သင်၏ ဘုရားသခင်နှင့် တွေ၌ ခြင်းငှါ ကိုယ်ကို ပြင်ဆင်လော့။ (အာမုတ် ၄:၁၂) ဖြစ်သည်။ အစီအစဉ်နှင့်အချိန် ဇယားများသည် အောက်ပါအတိုင်း ဖြစ်သည်။ 
 
29 Aug (Thursday)      ကိုယ်စားလှယ်များရောက်နေ့
30 Aug (Friday)           လူထု ပရိသတ်ရောက်နေ့၊  ကိုယ်စားလှယ်များ အစည်းအဝေး
30 Aug (Friday)            ပဌမဦးဆုံး ညဝတ်ပြုစည်းဝေး (7-10 PM) 
31 Aug (Saturday)        စနေနေ့သင်တန်း၊ (9-12 Noon, 1-4 PM) 
31 Aug (Saturday)        စနေနေ့ညဝတ်ပြုစည်းဝေး (7-10 PM) 
1 Sept (Sunday)           တနင်္နွေနေ့နံနက်ပိုင်းဝတ်ပြုစည်းဝေး (9-12 Noon) 
1 Sept (Sunday)           တနင်္နွေနေ့ညနေပိုင်းကျမ်းစာ သင်တန်း (1-4 PM) 
1 Sept (Sunday)           ဗတ္တိဇံမင်္လာပေးခြင်း (4-5 PM) 
1 Sept (Sunday)            တနင်္နွေနေ့ညပိုင်းဝတ်ပြု (7-10 PM) 
နေရာလိပ်စာ

Johnson County Armory 

325 Minuteman Way,

Franklin, IN 46131 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG