GOODNEWS
  HOME  GOODNEWS  2013 JUL
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဇူလိုင်လ သို့ ရောက်ပြန်သည်။ ဤ စာစောင်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၀၉ မှနှစ်စဉ်ပုံမှန်ထုတ် ဝေနိင်ပါသည်။ ယခုအခါ စာစောင်အုပ်ရေ ၂၈၀ ခန့်ထုတ်လုပ်လျက် ရှိပါသည်။ စာရေးသူအနေဖြင့် စာဖတ် သူများ မတွေ့၊ မမြင်၊ တုံ့ပြန်မှုများမရှိသောကြောင့် မည်မျှ အကျိုးသက်ရောက်သည်ကို မသိနိင်ချေ။ အချို့သောသူများအတွက် သိပြီးသော အရာများလည်းရှိမည်။ အချို့သောသူများအတွက် အဆင့်မြင့်လွန်း၊ နိမ့်လွန်သည် များလည်းရှိပေမည်။ သို့သော် စာရှု သူများထံမှ တုံ့ပြန်မှု မရှိသောကြောင့် မည်သို့ မျှပြုပြင်ဘို့၊ ပြောင်းလဲဘို့၊ ဆက်လက်ထိန်းထားဘို့ မသိရပါ။ သို့ဖြစ်၍ စာရှု သူများထံမှ စာအားဖြင့် တုံ့ပြန်မှုများတွေ့မြင်လိုပါသည်။ မိမိတတ် ​ကျွမ်းသော ဘာသာစကားဖြင့် ဆရာမောဇက်ထံအေးမဲလ် သို့မဟုတ် စာရေး ကြဘို့ရန် တောင်းပန်လိုပါသည်။ 

ယခုအခါ ချီဆောင်ခြင်း အလွန် နီးနေပါပြီ။ သဘာဝ ဘေးဒဏ်များလည်း တနေ့တခြား ပို၍ များလာသည်။ လူများ၏ အကျင့်စာရိတ္တများလည်း ပို၍ ဆိုး လာသည်။ Uှဗ၌ လိင်တူလက်ထပ်ခွင့်လည်း၁၃ ပြည်နယ်၌ တရားဝင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။ ထိုအကျင့်ကြောင့် ဘုရားသခင်ကသော ဒုံနှင့် ဂေါမောရမြို့တို့ကို ကန့်နှင့် ရောသော မီးမိုးရွာစေခြင်းအားဖြင့် ဖျက်ဆီးခဲ့သည် (က ၁၉)။ ပင် တကွန်စစ်ဌါနချုပ်၌လည်း လိင်တူများ ဝါကြွားမှု (ှနခသညိ ​ေညညက​ေူ ါပေ စမငိန ါအေ့နမငညါ)ကို စစ်ဝန်ကြီး ကိုယ်တိုင် ဦးဆောင်၍ ပြုလုပ် ခဲ့ပြီ။ ဆာ ၁၂ရ၌ -ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်း နှီးစောင့်ကြ၏။ ဟုဆိုထားသည်။ ထာဝရဘုရားသည် ဤနိင်ငံကို စောင့်တော်မမူလျှင် စစ်တပ်သည်လည်း အချည်းနှီး ဖြစ်သည် 
 
 

ဤလစာစောင်၌...
ဘဝသံသရာ
ဒုတိယ မွေးဘွားခြင်း 
ကျမ်းစာဖတ်ကြစို့ (၁ ပေ ၃) 
ယုံကြည်သူများ၏ ရန်သူ
လူငယ်သင်တန်း


 
ဘဝသံသရာ

လူ့ဘဝသည် သံသရာလည်နေသည်။ ဆင်းရဲသောသူသည် ရုန်းကန်း ရသည်။ ရုန်းကန်သောသူသည် အစစအရာရာ၌ ကြိုးစား၍ ချုပ်တည်း နိင်သည်။ ရုန်းကန် ပြီးလျှင် အစဉ်ပြေလာ၍ ချမ်းသာ လာသည်။ ချမ်းသာ ပြီးလျှင် ဇိမ်ခံလာသည်။ ဇိမ်ခံသောသူသည် ပျင်းရိလာသည်။ ပျင်းရိသောသူသည် ဆင်းရဲ လာသည်။ မိတ်ဆွေ သင်သည် မည်သည့်နေရာ၌ ရောက်နေသနည်း။ ရုန်းကန် ဘဝ၌ ရှိသည် မဟုတ်လော၊ ချမ်းသာ စပြုလာပြီ မဟုတ်လော၊ ယခင် မြန်မာပြည်တွင် စိတ်ကူးထဲ၌ ပင် မရှိသော ကိုယ်ပိုင်ကား လေးများ ပိုင်၍ မောင်း လာကြပြီ။ ကိုယ်ပိုင်အိမ်ကောင်းများ ပိုင်လာ၊ ငှါး လာကြပြီ။ မစားဘူးသော စားသောက်စရာများစားသောက်လာနိင်ကြပြီ။ ဆင်းရဲသည်ဟု ထင်နေချိန်တွင် ချမ်းသာ လာကြပြီ။ သတိထားကြ။ 

အမေရိကန်ရောက် မြန်မာနိင်ငံသားများတွင် မိဘနှင့် အသက်ကြီးသူ များသည် ရုန်းကန် ကြသောကြောင့် ကြိုးစား ကြသည်။ ထိုနောက် အစဉ်ပြေလာသည်။ မိဘများရုန်းကန် ချိန်တွင် သားသမီး များသည် ဘော်ကျော့နေလာ ကြ၍ ဇိမ်ခံလာ ကြသည်။ ထိုကြောင့် ပျင်းရိ ကြသည်။ ပျင်းရိပြီးလျှင် ဆင်းရဲခြင်း ကကြိုဆိုနေပြီ။ ထိုအရာကို ကြိုတင် မသိထားလျှင် ပြသနာ မ​ဖြေရှင်း နိင်ဘဲ မိဘနှင့်သားသမီး အကြားတွင် အမြဲတိုက်ပွဲ ဖြစ်လာမည်။ အဘယ်ကြောင့်သားသမီး များပျင်းရိကြသနည်းဟူမူကား ဒုက္ခ ဆင်းရဲခြင်းကို မခံစား၊ ပစ္စည်း ရှားပါးခြင်းကို မသိ၊ မိဘများကလည်း သားသမီးများကို အလိုိလိုက်ကာ သူတို့တောင်း သမျှကို ဝယ်ပေး ကြသည်။ အချို့သား ဦးရသောသူများသည် သားသမီးကို အလွန်ချစ်သောကြောင့် သူတို့ မသိတတ်မှီကပင်ဆော့ကစားဘို့ရန် စက်ရုပ်အမျိုး မျိုး၊ ဗီဒယိုကစားစက် အမျိုးမျိုး ဝယ်ပေး ကြသည်။ ဃနူူ စ့သညနများကိုလည်း ကလေးကစားစရာ မှတ်၍ သားသမီးများကို ပေးဆော့ခိုင်း ကြသည်။ မချမ်းသာသော်လည်း သားသမီးများကို သူဌေး သားသမီး ကဲ့သို့ အလိုလိုက် ကြသည်။ ထိုသို့ အလိုလိုက်ခြင်းသည် အစပိုင်း၌ မသိသာသော်လည်း နောက်ဆုံး၌သား သမီးများ ပျက်စီးဘို့ ဖျက်ဆီးနေခြင်း ဖြစ်သည်။ ထိုသို့ကိုယ့် သားသမီးများကို ဖျက်ဆီး နေမှန်းလည်း မသိကြခြင်းသည် ပို၍ ရင်လေးဘွယ်ရာ ဖြစ်သည်။ 

မြန်မာနိင်ငံမှရောက်ခါစ သားသမီး များသည် ကျောင်းများ၌ စာတော် ကြသည်။ အထူးသဖြင့် သခ်ျာ၌ တော် ကြသည်။ စကား မတတ်သော်လည်း အတန်းထဲ၌ အတော် ဆုံး မဟုတ်လျှင်လည်းတော်သော အုပ်စု၌ ပါဝင်နိင်သည်။ ထိုအရာကြည့်ခြင်းဖြင့် အမေရိကန်ကျောင်းများ မည်မျှအောက်ကျပြီ ဖြစ်ကြောင်း သိနိင်သည်။ မိဘများ အနေဖြင့် သားသမီး များအမေရိကန်ကျောင်းများ၌ တက် နိင်သောကြောင့် ဝမ်းမြောက် ဂုဏ်ယူ နေချိန်တွင် သားသမီး များသည် ကျောင်း၌ ပျက်စီးလာ ကြသည်။ အကြောင်းမှာ ကျောင်းတက်တက်ခြင်း မိဘကရိုက်လျှင် ၉၁၁ ခေါ်ဘို့ သင်ပေး ကြသည်။ သားသမီးများကို မဘများ ကဆူဆုံးမ၍ မရအောင် ချည်နှောင်ထားသည်။ ထိုကြောင့် သားသမီး များသည် မိဘစကား နားမထောင်ချင် ကြတော့ချေ။ မိိဘကရိုက်လျှင် ၉၁၁ ခေါ်ဘို့ ဖြစ်နေသောကြောင့် မိဘများ ဘာမျှလုပ်၍ မရတော့ချေ။ သူတို့၏ စားဝတ်နေရေးအတွက် မိဘများ အသေကြိုး စားသော်လည်း သားသမီး များသည် မိမိတို့ စားသောက်သော ပန်းကန်များ ပင်မ ဆေးချင် ကြ၊ အဝတ်များကိုလည်း တောင်းထဲ၌ မထည့်ချင် ကြ၊ အကောင်းဆုံးစား၍ အကောင်းဆုံးသော ဖုန်းများ၊ စက်များကိုသာ သုံးချင် ကြသည်။ 

မိဘများကလည်း ခလေး လေးဘဝမှစ၍ သားသမီးများကို တီဗီ၊ ကွန်ပြူ တာ၊ စမတ်ဖုန်းများနှင့် ကစားစေ ကြသည်။ ထိုအရာများ မှအပြစ် မျိုးစုံကို သင်လာ ကြ၊ အတုခိုးလာ ကြသည်။ မိဘများ ကတီဗီများ၊ အင်တာနက်များကို ထိန်ချုပ် မည့်အစား သားသမီး များကပိုတော် နေသောကြောင့်သားသမီး များကမိဘများကို ထိန်းချုပ်လာ ကြသည်။ ထိုကြောင့် သားသမီး များဘာ ဖြစ်နေကြသည်ကို မသိကြ။ ယခင်ဘဝ၌ အပြစ်လုပ်ဘို့ အပြင်သွားရသည်။ ယခုခေတ်တွင် အပြစ်လုပ်ဘို့ အခန်းထဲ၌ ပုန်းကွယ်ရသည်။ မိိမိအခန်းထဲမှ သားသမီး များသည် တကမ္ဘာလုံးကို မွှေနှောက် ကြသည်။ ထိုအရာကို မသိလျှင် မိဘများ အနေဖြင့် ကိုယ့် သားသမီးသည် အခန်းထဲ၌ စာကြည့်နေသည် အပြင်မထွက်သောကြောင့် ကောင်းသည်ဟု ထင်မှတ်မည်။ သို့သော် သားသမီးသည် အိပ်ခန်းထဲမှအပြစ် မျိုးစုံးသင်နေသည်။ ထိုအရာများမှ လွတ်မြောက်နိင်ရန်မှာ ဘုရားတရား၌ နေဘို့ ဖြစ်သည်။ သို့သော် ဘုရားတရားလည်း စိတ်မဝင်စားသောအခါ မည်သို့ မျှလုပ်၍ မရတော့ချေ။ 

ရှင်ပေါလုကနောက်ဆုံးသော ကာလ၌ ဖြစ်ပျက်မည့် အရာကို ဤကဲ့သို့ ရေးခဲ့ဘူးပြီ-နောင်ကာလသည် ခဲယဉ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား၊ ၂ လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက် သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ၃ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန် ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ ၄ သစ္စာကို ဖျက်တတ် သောသူ၊ သတိပေးခြင်း ကိူမခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ ၅ မွေ့လျော်ခြင်း တန်ခိုးကို ငြင်း ပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထို သူတို့ကို ရှောင်လော့။ ၆-၇ ဒုစရိုက်အပြစ် ဝန်ကို ထမ်းရွက်၍၊ အထူးထူး အပြားပြားသောလောဘကိလေသာသွေး ဆောင်ရာသို့ လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်း မရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ ဝင်၍ ဘမ်းသွားသော သူတို့သည် ထို သူတို့ အဝင် ဖြစ်ကြ၏။ (၂ တိ ၃:၁ -ရ) 
 
 
 
ဒုတိယ မွေးဘွာခြင်း
 

ယုဒလူတို့တွင် အရာရှိ ဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲ တယောက်သည်၊ ညဉ့်အခါယေရှု ထံတော်သို့ လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤ နိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အ​ကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော် မှကြွလာတော်မူသော ဆရာ ဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။ (ယော ၃:၁-၄) 

များစွာသော ခရစ်ယာန် များသည် ခရစ်တော်ကို ယုံကြည်သည် ဟုဆိုကြသော်လည်း သူတို့၏ အသက်တာ၌ ထူးခြားမှု မရှိကြခြင်းသည် ဝိညာဉ်အားဖြင့် ဒုတိယအကြိမ် မမွေးဘွားသောကြောင့် ဖြစ်သည်။ နိကောဒင်သည် ဖာရိရှဲ ဖြစ်သည်။ ဖာရိရှဲများသည် ဘုရားတရား၌ အလွန် ကြိုးစားသောသူများ ဖြစ်ကြသည်။ သူတို့သည် တပတ်လျှင် နှစ်ရက်အစာရှောင်ကြသည် (လု ၁၈ ; ၁၂)။ ဆယ်ဘို့ တဘို့လည်း ပင်စိမ်း၊ စမ$တ်၊ ဇီယာ၊ အသီးအရွက်တို့ မှစ၍ သေးမွှားသောအရာ တိုင်အောင် လှူတတ်ကြသည် (မ ၂၃:၂၃)။ လူဆိုးတို့ နှင့်လည်း မပေါင်း ဖေါ်ကြချေ။ ကျမ်းစာလည်း အလွန် ပိုင်ကြသည် (ဖိလိ ၃:၅)။ ဖာရိရှဲများသည် ခရစ်တော်ကို လက်မခံကြသော်လည်း နိကောဒင်သည် ခရစ်တော် ကိုလည်း လက်ခံသည်။ ခရစ်တော်သည် အခြားသော ဖရိရှဲများ ကဲ့သို့ မှားယွင်းသော ဆရာဟု မမြင်၊ ဘုရားသခင်ထံမှ ကြွလာသည် ဟုဆိုသည်။ သို့သော် သခင်ယေ ရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ နိကောဒင် ကဲ့သို့ လူကောင်း၊ ကျမ်းတတ်ပုဂ္ဂိုလ်၊ ဘုရားတရား ကြိုးစား သောသူ၊ ခရစ်တော် ကိုလည်း လက်ခံသောသူပင်လျှင် ဒုတိယမွေးဘို့ လိုလျှင် သင်နှင့် ​ကျွန်ပ်လည်း ဒုတိယ မွေးဘို့ လိုကြောင်း သေချာနေသည်။ 
 
မွေးဘွားမှသာလျှင်

ရုပ်လောက (ဏ့ပျငခ​ေူ တသမူိ)သို့ ဝင်နိင်ဘို့ရန် ကိုယ်ခန္ဓာအားဖြင့် မိခင် ဝမ်းမှ မွေးဘွား ကြသည်။ ကိုယ်ခန္ဓာအားဖြင့် မမွေးဘွားဘူးသောသူသည် ရုပ်လောကသို့ လုံးဝ မရောက်ရှိနိင်ချေ။ ရုပ်လောကသို့ ကိုယ်ကြုိးစားမှုဖြင့် မရောက်နိင်ချေ။ ထိုနည်းတူ ဝိညာဉ်လောက (ှစငမငအက​ေူ တသမူိ)သို့ ရောက်နိင် ဘို့ရန်မှာ ဝိညာဉ်အားဖြင့် မွေးဘွားဘို့ လိုသည်။ ခရစ်တော် က- ဇာတိပကတိ (ရုပ်) မွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏ (ယော ၃:၆) ဟုဆိုသည်။ ကောင်းကင်နိင်ငံသည် ဝိညာဉ်လောက ဖြစ်သည်။ ကောင်းကင်နိင်ငံဝင်နိင်ဘို့ရန်မှာ ဝိညာဉ်ပိုင်း၌ ဒုတိယမွေး ဘွားရမည် ဟုဆိုသည်။ ငရဲသည်လည်း ဝိညာဉ်လောက ဖြစ်သည်။ ဒုတိယမွေး ဘွားခြင်း မခံသောသူသည် ဝိညာဉ်လောက ဖြစ်သော ငရဲမီးအိုင် ထဲသို့ အလိုအ လျောက်ရောက်သွားရမည် ဖြစ်သည်။ ထိုကြောင့် ဒုတိယ မွေးဘွားခြင်းသည် အလွန်အရေးကြီးသည်။ 
 
မှားယွင်းသော အယူအဆများ 

ဒုတိယခြင်းသည် အမျိုးမျိုး ယူဆကြသည်။ ဒုတိယ မွေးဘွားဘို့ရန် ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ အကျင့်ကျင့်ခြင်း၊ ဘုရားတရား ကြိုးစားခြင်း၊ အကျင့်ပြောင်းလဲခြင်း၊ ဗတ္တိဇံခံခြင်း၊ တို့ဖြင့် ရရှိမည်ဟူယူဆကြသည်။ ထိုကြောင့် အလွန်ဩမည ​ေါ​ေငည ဖြစ်သည် ဟူသော စကားများမလိုလားအပ်ဘဲ ပေါ်လာသည်။ အလွန်ဩမည ​ေါ​ေငည ဖြစ်သည် ဟုဆိုခြင်းသည် ဘုရား တ ရား၌ အလွန် ကြိုးစားသည်၊ သို့မဟုတ် အကျင့်အရမ်းပြောင်းလဲသည် ဟုဆိုခြင်း ဖြစ်သည်။ ဘုရားတရား ကြိုးစား တိုင်း၊ အကျင့်ပြောင်းတိုင်းဩမည ​ေါ​ေငည ဖြစ်သည် မဟုတ်။ဩမည ​ေါ​ေငညသည် မွေးဘွားခြင်း ဖြစ်သည်၊ ပြောင်းလဲခြင်း၊ ကြိုးစားခြင်း မဟုတ်။ ခလေး မွေးဘွားသောအခါ ခလေးသည် ကြိုးစားမှု မရှိ၊ ပြောင်းလဲမှု မရှိချေ။ 

အချို့သွန်သင်ချက်မှာ ဒုတိယ မွေးဘွားခြင်း ဖြစ်ဘို့ရန် အပြစ် အားလုံး ဝန်ချတောင်းပန်ရမည် ဟုဆိုသည်။ အပြစ်သား အဖြစ် မွေးဘွားသော လူသားသည် မည်ကဲ့သို့ အပြစ် အားလုံး ဝန်ချနိင်မည်နည်း။ အပြစ်သား၏ လုပ် ဆောင်မှု မှန်သမျှသည် အပြစ် ဖြစ်သည်။ ကျမ်းစာ ကကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှ မရှိ ဟုဆိုသည် မဟုတ်လော (ဆာလံ ၁၄:၃၊ ၅၃:၃၊ ရော ၃:၁၂)။ ကျမ်းစာ၌၊ ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍၊ (ဟေရှာယ ၅၃:၆) ဟုဆို ထားရာမည်ကဲ့သို့ ကောင်းသော အကျင့်ကို ကျင့်နိင်မည်နည်း။ ထိုကြောင့် အ ပြစ်အားလုံး ဝန်ချ၍ မရနိင်ချေ။ 

ထိုမျှသာမက အပြစ် ဟုဆိုရာတွင် ကိုယ့်အမြင် သို့မဟုတ် လူ့အမြင်၌ မကောင်းသောအရာကိုသာလျှင် အပြစ် ဟုဆိုပေလိမ့်မည်။ ဘုရား အမြင်၌ မူလူ့အမြင်၌ ကောင်းသော အရာများ ပင်လျှင် အပြစ် ဖြစ်သည်။ ယဇ်ပူဇော်ခြင်း ပင်လျှင် အပြစ် ဖြစ်နိင်သည် (ဟေရှာယ ၁:၁၁-၁၂)။ အပြစ်သား ဆုတောင်းခြင်းလည်း ဘုရား နားမ​ညောင်းချေ (ဟေရှာယ ၅၉:၂)။ 

အချို့သော သွန်သင်ချက်မှာ အခြားသော ဘာသာစကား၊ ပို၍ တိကျစွာ ပြောလျှင် မသိနိင်သော ဘာသာစကားနှင့် ပြောနိင်လျှင် ဒုတိယ မွေးဘွားသည်ဟု သင်ပေး ကြသည်။ ထိုကြောင့် မသိနိင်သော စကားပြောတတ်ရန်သင် ပေးကြသည်။ ထိုအရာသည်လည်း ကျမ်းစာနှင့် မကိုက်ညီပါ။ မသိနိင်သော ဘာသာစကားသည် သာသနာပလူများ ဖြစ်သော အခြားဘုရားကို ုးကွယ်သူများကလည်းရရှိတတ်ကြသည်။ အချို့သွန်သင်ချက်မှာခေါင်းမှ​ခြေအဆုံးအေး ကနဲ၊ ပူကနဲခံစားရမည်။ လျှပ်စစ်ဓါတ်လိုက် သကဲ့သိုခံစားမည်၊ဟု အမျိုးမျိုး သင်ပေး ကြသည်။ ထိုအရာအားလုံး သည် ပျက်စီးတတ်သော မျိုးစေ့များ ဖြစ်သည်။ ထိုကြောင့် ခဏလေးတက်ကြွသော်လည်း ပြန်ငြိမ်သွား ကြသည်။ 
 
မည်ကဲ့သို့ မွေးဘွားမည်နည်း 

ဝိညာဉ်ပိုင်း မွေးဘွားခြင်း သိနားလည်နိင်ရန် ကိုယ်ခန္ဓာ မွေးဘွားခြင်းကို နားလည်ဘို့ လိုသည်။ ကိုယ်ခန္ဓာ မွေးဘွားရ ခလေး အနေဖြင့် ဘာမျှမလုပ်ချေ။ ထိုမျှသာမက ဘာမျှမလုပ်နိင်ချေ။ မိခင် ကသာ မွေးဘွားပေးလိုက်သည်။ မွေးဘွားခြင်းသည် ပင်လျှင် နောက်ပိုင်း၌ မိဘများ ကပြောပြ၍ သိရသည်။ ထိုနည်းတူ ဝိညာဉ်ပိုင်း မွေးဘွားဘို့ရန် လူကဘာမျှမတတ်နိင်ချေ။ ဘုရားသခင်က မွေးဘွားပေး လိုက်သည်။ မည်ကဲ့သို့ မွေးဘွားပေးသနည်း။ ထိုအရာကို သိဘို့ရန် လူ၏ အစ သိဘို့ လိုသည်။ 
 
ခရစ်တော် အားဖြင့်သာ 

လူသည် မိမိအဖြစ်မှန်ကို မသိကြချေ။ ဘုရားသခင်က ကျမ်းစာအားဖြင့် ပြောမှသာလျှင်သိရသည်။ ကျမ်းစာ အရလူသည် အာဒံ၏ သား၊ စာတန်၏သား (ယော ၈:၄၄)၊ အပြစ်သား (ရော ၃:၂၃၊ ၅:၁၂) ဖြစ်သည်။ ထိုအ​ခြေအနေ၌ လူသည် ဘုရားသခင်နှင့် ကွာ၍ ကောင်းကင်နိင်ငံဝင်ဘို့ အကြောင်း မရှိချေ။ ထိုအရာကို မသိသောကြောင့် လူသည် စိုးရိမ်ခြင်း မရှိ၊ ဂရုလည်း မစိုက်၊ မိမိ အလိုဆန္ဒ ပြည့်စုံရေးကိုသာ အာရုံစိုက် ကြိုးစား နေသည်။ သို့သော် ဘုရားသခင်သည် လူကို သနား၍ ဒုတိယအကြိမ် မွေးဘွား စေခဲ့သည်။ မည်ကဲ့သို့ နည်းဟူမူကား၊ ဘုရားသခင်သည် လူကို ခရစ်တော် အထဲ၌ ထည့်လိုက်သည် (၁ ကော ၁:၃၀)။ ထိုနောက် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်တော်၌ အသေခံ စေသည် (ရော ၆:၆၊ ဂလာ ၂:၂၀)။ ခရစ်တော်နှင့်အတူ အသေခံပြီး နောက် ခရစ်တော်နှင့်အတူ မြှပ်နှံခြင်းကို ခံရသည် (ရော ၆:၄၊ ကော ၂:၁၂)။ ထိုနောက် ခရစ်တော်နှင့်အတူ ရှင် ပြန်ထမြောက် စေသည်။ (ရော ၆:၄၊ ကော ၃:၁၊ ဧဖက် ၂:၆)။ ထိုသို့ ထမြောက်သောသူသည် လူသစ် ဖြစ်၍ ဘုရားသခင်၏သား ဖြစ်ရသည် (ယော ၁:၁၂၊ ၁ ယော ၅:၁၊ ရော ၈:၁၅-၁၆၊ ၂ ကော ၅:၁ရ)။ ထိုသို့ ခရစ်တော်နှင့်အတူ အသစ်သော အသက်တာဖြင့် ထမြောက် ခြင်းသည် ဒုတိယ မွေးဘွားခြင်း ဖြစ်သည်။ 

ထိုသို့ မွေးဘွားနိင်ရန် ခရစ်တော် လိုအပ်သည်။ ခရစ်တော် မပါဘဲ မသေနိင်၊ ခရစ်တော် မပါဘဲ မမြှပ်နှံနိင်၊ ခရစ်တော် မပါဘဲ ရှင်ပြန်မထမြောက် နိင်ချေ။ ထိုသို့ ခရစ်တော်နှင့်အတူ အသေခံ၍ အတူ မြှပ်နှံကာ ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည် လက်ခံဘို့ လိုသည်။ ထိုကြောင့် မည်သူမျှဒုတိယမမွေးနိင်သောသူမရှိချေ။ အကြောင်းမှာ ဒုတိယ မွေးဘွားခြင်းသည် လူ၏ လုပ်ဆောင်ချက် မဟုတ်ဘဲ ဘုရားသခင်က ခရစ်တော်အားဖြင့် လုပ်ဆောင်သောအရာ ဖြစ်သည်။ ကျမ်းစာ က-ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံ ကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။ (ယော ၁:၁၂)။ ရှင်ပေါလုကလည်း -လူ မည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာ တို့သည် ကုန်လွန်၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ (၂ ကော ၅:၁ရ)။ 
 
မွေးဘွားခြင်း၏ လက္ခဏာများ 

ခလေး မွေးဘွားသောအခါ နို့စို့တတ်သည်။ ထိုနည်းတူ ဝိညာဉ်ပိုင်း မွေးဘွားသောသူသည် ဝိညာဉ် နို့ တည်းဟူသော နှုတ်ကပတ်တော်ကို ဆာငတ်သော သဘော ရှိလာသည် (၁ ပေ ၂:၂)။ နှုတ်ကပတ်တော် ကြားချင်၊ ဖတ်ချင် စိတ်ပေါ်လာသည်။ နှုတ်ကပတော် အကြောင်း ပြောသောအခါ အရသာရှိ၍ အိပ် မငိုက်ဘဲ အလွန် တောင့်တလာသည်။ အဘ ဘုရားသခင် နှင့်လည်း စကားပြောချင် လာသည်။ ဘုရားသခင်နှင့် စကားပြောခြင်းသည် ဆုတောင်းခြင်း ဖြစ်သည်။ ဘုရား သားသမီး များတည်းဟူသော ဒုတိယ မွေးဘွားပြီးသောသူများ နှင့်လည်း မိဿဟာယဖွဲ့ချင် လာသည်။ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းလည်း ပြောင်းလဲလာသည်။ ဘုရား မချစ်သောသူများနှင့် မပေါင်းနိင်တော့ဘဲ ဘုရား ချစ်သောသူများနှင့်သာပေါင်းချင် လာသည်။ အပျော်အပါးထက် ဝိညာဉ်ရေးရာများကို လိုချင် လာသည်။ ထိုလက္ခဏာ တခုမှမရှိလျှင် ဒုတိယမမွေး သေးသောကြောင့် ဖြစ်မည်။ ထိုကြောင့် မိမိ ကိုယ်ကို စစ်ဆေးပါ။ 
 
ကြီးထွားရင့်ကျက်ခြင်း 

ဒုတိယမွေးသောသူသည် မွေးဘွားရုံဖြင့် ပြီးသည် မဟုတ်။ ခလေး မွေးဘွားခြင်းသည် အစသာလျှင် ဖြစ်သေးသည်။ ခလေးသည် ကြီးထွားရင်ကျက်ဘို့ လိုသေးသည်။ ထိုကြောင့် ခရစ်တော်၌ ဒုတိယ မွေးဘွားသောသူတိုင်း ကြီးထွားရင့်ကျက်ဘို့ လိုသည်။ သို့မှသာ လူတယောက်၌ ရှိသင့်ရှိထိုက်သော အင်္ဂါများနှင့် ပြည့်စုံပေမည်။ ခလေးသည် မကြီးထွားမရင့်ကျက်လျှင် အစဉ်သဖြင့် ကြည့်ရှုစောင့်ရှောက်ဘို့ လိုသည်။ ထိုနည်းတူ ဝိညာဉ်ပိုင်းမကြီး ထွားမရင့်ကျက်သောသူသည် အစဉ်ကြည့်ရှုစောင့်ရှောက် ဘိုလိုသည်။ ခလေးသည် ညစ်ညူးသောအရာကို နှစ်သက် သကဲ့သို့ ဝိညာဉ် ခလေး များသည် ညစ်ညူးခြင်းကို ဂရုမစိုက်ချေ။ ခလေး များသည် ကုန်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ ကွဲ ပြားခြင်းရှိသကဲ့သို့ ဝိညာဉ် ခလေး များလည်း ထိုအရာများရှိတတ်သည်။ ထိုကြောင့် ဝိညာဉ်ပိုင်း၌ ကြီးထွားရင်ကျက်မှသာလျှင်ဒုတိယ မွေးဘွားခြင်း၏ လက္ခဏာကောင်းစွာ မြင်နိင်ပေမည်။ 
 

ကျမ်းစာဖတ်ဝကစို့
၁ ပေ ၃


လင်မယား မည်ကဲ့သို့ ဆက်ဆံရမည်နည်း (၁ -၇) 
 
၁။ အထက် ဆိုခဲ့ပြီးသည် နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ 

အဘယ်ကြောင့်မိန်းမသည် ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံဘို့ လိုသနည်းဟူမူကား ဘုရားသခင်ကယောက်ျားသည် ခေါင်းအဖြစ် ဖန်ဆင်းသောကြောင့် ဖြစ်သည်။ ကျမ်းစာ က- ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်း ဖြစ်တော်မူ သကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်း ဖြစ်၏။ (ဧဖက် ၅:၂၃) ဟုဆိုထားသည်။ တဖန် ဘုရားသခင်က -ထာဝရ အရှင် ဘုရားသခင်က လည်း၊ယောက်ျားသည် တယောက် တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦး မည်ဟု အကြံရှိတော်မူ၏။ (ကမ္ဘာ ၂:၁၈) ဟုဆိုသည်။ ထိုကြောင့် မိန်းမသည်ယောက်ျား၏ အထောက်အမ ဖြစ်ဘို့ ဖန်ဆင်းသည်။ သို့သော် အချို့သောယောက်ျားများသည် မိန်းမထက် စဉ်းစားဥာဏ် အားနည်းသောအခါ မိန်းမကဦး ဆောင်ဘို့ လိုလာသည်။ ထိုသို့ဖြစ်ပါက မိန်းမသည်ယောက်ျားကို အထင်မ သေး၊ ဂရုမစိုက်မရှိဘဲ မိမိခေါင်းကို လေးစား၍ လိမ္မာပါးနပ်စွာ အကြံပေး ဦးဆောင်ဘို့ လိုပါလိမ့်မည်။ 

ယောက်ျားများကလည်း ငါသည် ခေါင်း ဖြစ်သည်ဟု မိန်းမကို အနိင် ကျင့်ဘို့ မဟုတ်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည် -အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့ (ဧဖက် ၅:၂၅)။ ခရစ်တော်သည် အသင်းတော် အပေါ်၌ ခေါင်း ဖြစ်သော်လည်း အသင်းတော်ကို အနိင်မကျင့်ပါ။ ထို့ထက် အသင်းတော်ကို ချစ်၍ အသက် စွန့်သည်။ ထိုနည်းတူယောက်ျားသည် ကိုယ့်မိန်းမကို ချစ်ရမည်။ ထိုသို့ ချစ်လျှင် အနိင်ကျင့်ဘို့ထက် အနစ်နာခံ၍ အားနည်းသောသူကို ထောက်မဘို့ ဖြစ်လာလိမ့်မည်။ 
 
၂။သို့ ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သောယောက်ျားအ ချို့ရှိလျှင်၊ ထို သူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏ အကျင့်အားဖြင့် သွေး ဆောင်လျက်၊ အတူ ပါမည်အကြောင်းရှိ၏ 

အချို့ယောက်ျားများသည် နှုတ်ကပတ်တရားတော်ကို နားမထောင်ဘဲ ဖြစ်မည်။ ထိုသူများသည် ဘုရားသခင်ကို မယုံကြည်၊ ဂရုမစိုက်သောသူများ ဖြစ်မည်။ ထိုသို့ ဘုရား မယုံကြည် လျှင်လည်း ခေါင်း ဖြစ်သောကြောင့် နာခံရမည်။ ထိုသို့သောယောက်ျားများရရှိခြင်းသည် မိန်းမအနေဖြင့် ဘုရား စကား နားမထောင်ဘဲ မယုံကြည်သူကို ယူမိသောကြောင့် ဖြစ်နိင်သည်။ ထိုသို့ဖြစ်လျှင် ကိုယ်စိုက်သောအရာကို ရိပ်သိမ်းခြင်း ဖြစ်သောကြောင့် သည်း ခံဘို့ လိုသည်။ မိန်းမ ကိုယ်တိုင်ယောက်ျားယူပြီးမှပြောင်းလဲသောသူ ဖြစ်လျှင်သည်း ခံ၍ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို စောင့်ဘို့ လိုသည်။ အချို့မိန်းမများသည်ယောက်ျားပြောင်း လဲစေချင်သော်လည်း ကိုယ်တိုင် အကျင့်အပြောင်းလဲ၊ ဆုမတောင်း၊ ဘုရားတရား အတိုင်း မလိုက်နာတတ်ကြချေ။ ထိုကြောင့် ကိုယ့်ခင်ပွန်းသည် ပြောင်း လဲစေချင်လျှင် ကိုယ်တိုင် ဝိညာဉ်လူဖြစ်ဘို့ ကြိုးစား စေချင်သည်။ 
 
၃။ သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ် ဝတ်ခြင်း တည်းဟူသော အပြင်တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊ 

မိန်းမအများစုသည် ကိုယ်ခန္ဓာအပြင်ပိုင်းတန်ဆာဆင်ခြင်းကို အလိုအလျောက်နှစ်သက်တတ်ကြသည်။ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ တန်ဘိုးရှိသော အဝတ်များ လိုချင် တတ်ကြသည်။ အပြင်တန်ဆင်သောသူသည် အတွင်း တည်းဟူသော ဝိညာဉ် ပိုင်းတန်ဆင်ခြင်း၌ အားနည်းတတ်သည်။ 
 
၄။ ဘုရားသခင့်ရှေ့မှာ အဘိုး များစွာ ထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘော တည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ် နှလုံး၏ အတွင်း လူဖြစ်စေကြလော့။ 

အတွင်း လူ တည်းဟူသော ဝိညာဉ် ပိုင်းတန်ဆာဆင်ခြင်းသည် အဘိုး များစွာ ထိုက်သည် ဟုဆိုသည်။ အကြောင်းမှာ လူသည် အတွင်း လူဖြစ်သော ဝိညာဉ်ပိုင်းခိုင်ခန့်လှပမှတည်ကြည်သောသူ၊ ဘုရား အလိုတော်အတိုင်း အသက်ရှင်၍ အားကိုး ထိုက်သောသူ၊ တန်ဘိုးရှိသောသူ ဖြစ်လာသည်။ ထိုကြောင့် အပြင် ပိုင်း အလွန် အ​ကျွန် ပြင်ဆင်သောသူသည် ဇာတိလူ ဖြစ်၍ အပြင်ပိုင်းအသင့် အတင့် ပြင်ဆင်၍ အတွင်း ပိုင်း ပြင်ဆင်သောသူသည် ဝိညာဉ်လူဖြစ်ကာအားကိုး ထိုက်သောသူ၊ စိတ်ချထိုက်သောသူ ဖြစ်သည်။ အတွင်း လူကို ကျမ်းစာဖတ်ခြင်း၊ ဆင်ခြင်ခြင်း၊ လိုက်လျှောက်ခြင်း၊ ဆုတောင်းခြင်း၊ သက်သေခံခြင်း၊ သူတပါးကို ဂရုစိုက်ကူညီခြင်းဖြင့် တန်ဆာဆင်နိင်သည်။ 
 
၅-၆။ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ ကိုယ်ကို တန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟု ခေါ်ဝေါ်၍ သူ၏ စကားကို နားထောင် သကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲ နေလျှင် စာရာ၏ သမီး ဖြစ်ကြ၏။ 

ရှင်ပေတရုကအာဗြဟံ၏ မိန်းမစာရာသည် ဘုရားသခင်ကို ကိုးစား၍ ဝိညာဉ်ပိုင်းတန်ဆာဆင်သည် ဟုဆိုသည်။ မိမိ၏ ခင်ပွန်းအာဗြဟံကိုလည်း သခင်ဟု ခေါ်၍ သူ၏ စကားကို နားထောင် ကာ အုပ်စိုးခြင်း ကိုလည်း ဝန်ခံသည် ဟုဆိုသည်။ ထိုသို့ မိန်းမတိုင်း မိမိခင်ပွန်း၏ အုပ်စိုးခြင်း ခံလျှင် မည်မျှကောင်းမည်နည်း။ 
 ယခုခေတ်တွင် မိန်းမများသည်ယောက်ျားများနှင့် တန်းတူသည် ဟုဆိုကာယောက်ျားကို နာမခံသောသူများများလှပြီ။ ထိုသူများသည် ဘုရား မယုံကြည်သူများ (်နာငညငျအ) များကဝါဒဖြန့်ခြင်းအားဖြင့် ဖြစ်သည်။ ဥပဒေကလည်း မိန်းမများကို အလွန် ကာကွယ်သည်။ အချို့ယောက်ျားများကလည်း မိန်းမများကို လွန်နှိပ်စက်တတ်သောကြောင့် မိန်းမများကို ကာကွယ်ဘို့ လိုပြန်သည်။ သို့သော် ဝိညာဉ်တော် ကအုပ်စိုးလျှင် လင်မယားသည် တယောက်နှင့် တယောက် အနိင်ကျင့်စရာ၊ ပုန်ကန်ဆန့်ကျင်စရာ မလိုချေ။ 
 
၇။ ထိုနည်းတူ၊ယောက်ျားတို့၊ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံ ရသောသူချင်းကဲ့သို့ သတိ ပညာနှင့် လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူ နေ၍ အားနည်းသောသူကို ပြုသင့်သည် အတိုင်း သူ့ကို စောင့်မပြုစုကြလော့။ 

ရှင်ပေတရုကယောက်ျားတို့ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်း ငါှ ဟုဆိုရာတွင်ယောက်ျားတိုင်းသည် ဆုတောင်းဘို့ လိုကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ သို့သော် များစွာသောယောက်ျားများသည် ဆုမတောင်းကြချေ။ ဆု မတောင်းခြင်းသည် ဘုရားသခင်ကို ဂရုမစိုက်ခြင်း၊ အားမကိုး ခြင်း၊ ငါ့ သဘော ဟုဆိုခြင်း ဖြစ်သည်။ ယခုမှစ၍ ဆုမတောင်းတတ်သောယောက်ျားများ ဆုတောင်း ကြစို့။ သို့မှသာ ဘုရားသခင်က အသက်တာအိမ်ထောင်ကို တည်ဆောက် နိင်ပေမည်။ 

ဆုတောင်း တတ်သောသူများ အနေဖြင့် ခင်ပွန်းသည်နှင့် အဆင် မပြေပါက ဆုတောင်းခြင်း၌ အလွန် အနှောက်အရှက် ဖြစ်စေသည်။ ထို့ကြောင့် ခင်ပွန်းနှင့် အဆင်ပြေဘို့သည် အလွန် အရေးကြီးသည်။ 

ရှင်ပေတရုကမိန်းမများ ကယောက်ျား၏ အုပ်စိုးခြင်းကို ဝန်ခံဘို့ ပြောပြီး နောက်ယောက်ျားများ အနေဖြင့် ကိုယ့်ခင်ပွန်းသည်ကို အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံ ရသောသူချင်း ဟုဆိုသည်။ အချို့ယောက်ျားများ ကမိန်းမများကို ​ကျွန်၊ သို့မဟုတ် အစေခံကဲ့သို့ ထင်မှတ်ကြကာအလိုမကျလျှင် ရိုက်ပုတ်ခြင်း၊ ဆဲရေးတိုင်း ထွာခြင်း ပြုလုပ် တတ်ကြသည်။ အမှန်မှာ မိန်းမများသည် အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံ ဘော်ခံဘက် ဖြစ်သည်။ မိန်းမများသည် အားနည်းသော်လည်း ယောက်ျားများ၏ အထောက်အ မဖြစ်သည်။ ထိုအပြင်ယောက်ျားတိုင်း၌ မိခင် ရှိကြသည်။ မိန်းမကို အထင်သေး လျှင်လည်း မိခင်ကိုအား ဏာသင့်သည်။ 

မိန်းမများသည် အားနည်းသောကြောင့်ယောက်ျားများ ကအနိင်ယူဘို့ မဟုတ်ဘဲ သနားကာ​ဖြေးမကူညီဘို့ ဖြစ်သည်။ သာမန်အားဖြင့် ဘယ်ဘက်လက်သည် အားနည်းသော်လည်း ညာဘက်လက်ကို ကူညီမှအလုပ် ဖြစ်နိင် သကဲ့သို့ မိန်းမသည်ယောက်ျား၏ ကိုယ်တပိုင်း ဖြစ်သောကြောင့် ကြည့်ရှုစောင့် ရှောက်တတ်လျှင် အလွန် အကျိုးကြီးသည်။ 
 
အချင်းချင်းဆက်ဆံခြင်း မည်ကဲ့သို့ ဆက်ဆံရမည်နည်း (၈-၁ရ) 
 
၈။ အချုပ်အခြာစကား ဟူမူကား၊ သင်တို့ အပေါင်းသည် စိတ်တညီတညွတ် တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကို ချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။ 

စိတ်တညီတညွတ်ရှိဘို့ ရေးထားသည်။ စိတ်မညီညွတ်နိင်ခြင်းသည် ချစ်ခြင်းမေတ္တာမရှိ၊ ငါ့ သဘော ဟူသော မာန်မာနကြောင့် ဖြစ်သည်။ စိတ်ညီညွတ်လျှင် ဘယ်အရာမဆိုအောင်မြင် နိင်သည်။ သခင် ခရစ်တော် က-အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏ နာမကို ထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့ အလယ်မှာငါရှိသည်ဟု မိန့်တော်မူ၏။ (မ ၁၈:၂၀) ဟုဆိုသည်။ ဆာလံဆရာကလည်း - ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဘော်ကြသည် အရာမှာအ လွန်ကောင်းပေ၏။ အလွန် တင့်တယ်လျောက်ပတ်ပေ၏။ အာရုံ၏ ခေါင်းပေါ် မှာလောင်းလျက်၊ သူ၏ မုတ်ဆိတ်သို့ စီး၍၊ လည်စွပ်တိုင်အောင် ကျသော နံ့သာ ဆီကဲ့သို့ဖြစ်၏။ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ ကျသော နှင်းကဲ့သို့ဖြစ်၏။ ထိုသို့ နေကြသော အရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲအသက်ရှင်ခြင်း အခွင့် တည်းဟူသော ကောင်းကြီး မင်္လာကို စီရင်တော်မူ၏။ (ဆာ ၁၃၃:၁-၃)ဟု ရေးထားသည်။ 
 
၉။ သင်တို့သည် ကောင်းကြီး မင်္လာကို အမွေခံ စေခြင်း အလိုငှါ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့ မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ 

ယုံကြည်သူများသည် ကောင်းကြီး မင်္လာကို အမွေခံ စေခြင်းငှါ ခေါ်တော်မူသောသူ ဖြစ်သည် စုသိမှတ်ဘို့ ရေးထားသည်။ ယုံကြည်သူများသည် ယုံကြည်ခြင်းကြောင့် ဆင်းရဲ ဒုက္ခ ခံသောအခါ၊ အထူးသဖြင့် မိသားစုအထဲမှယုံ ကြည်ခြင်းကြောင့် ဝိုင်းပယ်ခြင်း ခံသူများ အနေဖြင့် ဘုရားသခင်၏ ရည်ရွယ် ချက်ကို အထင်လွဲနိင်သည်။ လောလောဆယ်မည်သို့ ပင် ပြသနာနှင့် ဒုက္ခ ဆင်းရဲခံရသော်လည်း ကောင်းကြီး မင်္လာခံမည့်သူဟုအား ယူသင့်သည်။ ထိုသို့ ကောင်းကြီး မင်္လာခံမည့်သူ ဖြစ်သောကြောင့် အချင်းချင်းရန်ပြုခြင်း၊ ကဲ့ရဲ့ခြင်း၊ များမလုပ်ဘဲ မေတ္တာပို့ခြင်း သာလုပ်ဘို့ ပြောထားသည်။ 
 
၁၀။ အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ် စေ။ မိမိနှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။ 

လူတိုင်း အသက်ကို မွေ့လျော်ချင် ကြသည်။ ကောင်းမွန်သော နေ့ရက်တို့ ကိုလည်း တွေ့မြင်လို ကြသည်။ ထိုသို့ဖြစ်လိုလျှင် ရှင်ပေတရုက မိမိလျှာကို ထိန်းရမည်၊ မုသာကိုလည်း မပြောဘို့ သတိပေးထားသည်။ လူသည် မိဘထံ မှနှုတ်ကြမ်းခြင်း၊ မုသာပြောခြင်း၊ လိမ်လည်ခြင်းများအမွေခံ တတ်ကြသည်။ သို့သော် ယုံကြည်သူ ဖြစ် လာသောအခါ ထိုအမွေဆိုးများကို လက်မခံသင့်ချေ။ အဘယ်ကြောင့်မိဘ၏ အမွေဆိုးများကို လက်ခံကြသနည်းဟူမူကား မိဘပြောသော စကားများကို အစဉ်ကြားခဲ့သောကြောင့် ဖြစ်သည်။ ထိုအပြင်မိဘများ၏ အပြောအဆို အနေအထိ ုင်ကောင်းမကောင်းကို မစဉ်းစား၊ မစစ်ဆေးသောကြောင့် ဖြစ်သည်။ ထိုအပြင်တရားတော်၌ မမွေ့လျော်သောကြောင့် ဖြစ်သည်။ လူသည် စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်သည် (မ ၁၂:၃၄)။ စိတ် နှလုံးအထဲ၌ ဘုရားတရား၊ နှုတ်ကပတ်တော် မရှိသောကြောင့် ရှိသောအရာကို နှုတ်မြွတ်တတ်ခြင်း ဖြစ်သည်။ ယခုမှစ၍ ကျမ်းစာကိုများများ စိတ်နှလုံးအထဲသို့ သွင်း (ိသတည ူသ​ေိ) ကြပါစို့။ 
 
၁၁။ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကို ပြုစေ။ သူတပါးနှင့် အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင် လိုက်စေ။ 

လူသည် ဒုစရိုက် ပြုလုပ်ဘို့ မွေးခဲ့သည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ဒုတိယ မွေးဘွားသောအခါ သုစရိုက် ပြုလုပ်ဘို့ မွေးဘွားပြန်သည်။ ယုံကြည်သူသည် လူနှစ်ဦး ဖြစ်လာသည်။ လူဟောင်း (ဇာတိ)သည် မကုန်သေးချေသောကြောင့် ဒုစရိုက်ကို ဆက်လုပ်ချင်သည်။ ထိုလူဟောင်းသည် ကိုယ်ခန္ဓာအသက်ရှင်သရွေ့ ရှိမည် ဖြစ်သည်။ လူသစ် ( ဝိညာဉ်)သည် မွေးဘွားလာသော်လည်း အစာမကျွေးလျှင်အား မရှိသောကြောင့် ဇာတိ၏ အနိင်ကျင့်ခြင်း အုပ်စိုးခြင်းကို ခံနေရမည် ဖြစ်သည်။ ထိုကြောင့် ဒုစရိုက်ရှောင်နိင်ဘို့ရန်မှာ ဝိညာဉ် အစာ တည်းဟူသော နှုတ် ကပတ်တော်ကိုများများ သွင်းရမည်။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ အ​ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော် လမ်းမှ လွဲစေတော်မမူပါနှင့်၊၊ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ၊၊ (ဆာ ၁၁၉:၉-၁၁) 
 
၁၂။ အကြောင်းမူကား၊ ထာဝရဘုရားသည် ​ဖြောင့်မတ်သော သူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်း ကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။ 

ထာဝရဘုရားသည် ​ဖြောင့်မတ်သော သူတို့ကို ကြည့်ရှု၍ သူတို့ ဆုတောင်းခြင်း ကိုလည်း နား​ညောင်းတော်မူသည် ဟုဆိုသည်။ ကျမ်းစာ၌ ​ဖြောင့်မတ်ခြင်း နှစ်မျိုးရှိသည်။ ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းနှင့် လူတည် ဆောက်သော ​ဖြောင့်မတ်ခြင်းတို့ ဖြစ်သည်။ လူသည် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို နားမ လည်သောကြောင့် အကျင့်အားဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစား တတ်ကြသည်။ ရှင် ပေါလုက-ထိုသူ ( ဣသရေလ)တို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။ ဟုဆိုသည် (ရော ၁၀:၃)။ ဘုရားသခင်က လူကို ခရစ်တော်အားဖြင့် ​ဖြောင့်မတ်ခြင်း ပေးသည်-ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ် ရာသို့ ရောက်ရကြ၏။ (ရော ၃:၂၄) ထိုအရာကို လက်ခံသောသူသည် ဘုရားသခင် ရှေ့၌ ​ဖြောင့်မတ်ပြီ။ ​ဖြောင့်မတ်သောသူသည် ​ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်သင့်သည်။ 

လူတည်ဆောက်သော ​ဖြောင့်မတ်ခြင်းကို နှစ်မျိုးခွဲခြားနိင်ပြန်သည်။ ဇာတိအားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်းနှင့် ဝိညာဉ်တော် အုပ်စိုးခြင်းအားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်းတို့ ဖြစ်သည်။ ဇာတိအားဖြင့် ရသော ​ဖြောင့် မတ်ခြင်းသည် ဖာရိရှဲများ ကဲ့သို့ဖြစ်၍ ဝါကြွားဘို့နှင့် သူတပါးကို နှိမ်ဘို့ရန် ဖြစ်သည်။ ဝိညာဉ်တော်အားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်းသည် လူအားဖြင့် မဟုတ်သောကြောင့် နှိမ့်ချခြင်းရှိ၍ သူတပါး၏ အပြစ်ကို မမြင်ချေ။ ဝိညာဉ်တော်အားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်း ဆိုသည်မှာ ဝိညာဉ်တော် အုပ် စိုးခြင်းအားဖြင့် အသက်ရှင်သော အသက်တာ ဖြစ်သည်။ ထိုသူများ၏ ဆုတောင်း သံကို ဘ ဘုရားသခင်က နား​ညောင်းသည်။ 
 
၁၃။ သင်တို့သည် ကောင်းသော တရားကို ကျင့်သောသူ ဖြစ်လျှင်၊ အဘယ်သူ ညှဉ်း ဆဲမည်နည်း။ 

ကောင်းသောအရာကို ကျင့်သော်လည်း ဍှဉ်းဆဲခြင်းသည် စာတန်နှင့် သူ၏ လူများ ကတိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုအရာကို ကြောက်စရာ မလို၊ အကြောင်းမှာ ဘုရားသခင်က -ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့် စိတ်မပျက်ကြ နှင့်။ စစ်မှုသည် သင်တို့ တာ မဟုတ်၊ ဘုရားသခင် တာ ဖြစ်၏။ ဟုဆိုသည် (၂ ရာဇဝင် ချုပ် ၂၀:၁၅) ဟုဆိုသည်။ သို့သော် ကိုယ်မကောင်းသောကြောင့် ဍှဉ်းဆဲခံရလျှင် ဘုရားသခင်က ကူညီမည် မဟုတ်။ ပို၍ ဒုက္ခ ခံစေမည် ဖြစ်သည်။ 
 
၁၄။ ​ဖြောင့်မတ်ခြင်း တရားကြောင့်ဆင်းရဲ ခံရလျှင် မူကား၊ မင်္လာရှိကြ၏။ သူတို၏ ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။ 
 

ဖြောင့်မတ်ခြင်း တရားကြောင့်ဆင်းရဲ ခံလျှင် မင်္လာရှိသည် ဟုဆိုသည်။ အကြောင်းမှာ ဆင်းရဲ ခံခြင်း အပြီးတွင် ဘုရားသခင်ထံမှ ဆုလတ်များ ရရှိမည် ဖြစ်သည်။ ရှင်ပေတရုက-အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည် သာ၍ မြတ်သည် နှင့်၊ ယေရှုခရစ် ပေါ်ထွန်တော်မူသောအခါ အချီးအ မွမ်း၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူးအ ပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် 
 ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။ ဟုဆိုသည် (၁ ပေ ၁:၆ -ရ)။ 
 
၁၅။ စိတ်နှလုံးထဲ၌ ထာဝရ အရှင် ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့၊ သင်တို့ မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သော သဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလ အစဉ်မပြတ် အသင့် ရှိနေကြလော့။ 

ယုံကြည်သူများသည် စိတ်နှလုံးအထဲမှထာဝရဘုရားကို ရိုသေခြင်းရှိဘို့ ပြောထားသည်။ အကြောင်းမှာ လူသည် ဘုရားသခင်ကို နှုတ်အားဖြင့် ချဉ်းကပ်၍ စိတ်နှလုံးအားဖြင့် ဝေးတတ်သောကြောင့် ဖြစ်သည် (ဟေရှာယ ၂၉:၁၃၊ မ၁၅ ; ရ- ၉)။ 

သင်တို့၏ မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းလျှင် ပြောဘို့ရန် အသင့် ရှိပါ ဟုဆိုသည်။ ယနေ့ ယုံကြည်သူများ၏ မြော်လင့်ခြင်းသည် အဘယ်အရာ နည်း။ တမန်တော်များလက်ထက် ယုံကြည်သူများ၏ မြော်လင့်ခြင်းသည် သခင်ယေရှု ကြွလာမည့် အရာသာလျှင် ဖြစ်သည်။ ထိုအကြောင်းကို ပြောဘို့ရန် အဆင် သင့်ပြင်ခိုင်းသည်။ ထိုအကြောင်း ပြောသောအခါ၌လည်း နူးညံ့သော စိတ်သ ဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြောကြပါ ဟုဆိုသည်။ သို့သော် ယနေ့ ယုံ ကြည် သူများသည် ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်ကြသောကြောင့် ပြောစရာလည်း မသိ၊ ပြောလည်း မပြောတတ် ဖြစ်နေကြသည်ကို ဝမ်းနည်းဘွယ် တွေ့မြင်နေရသည်။ 
 
၁၆။ ခရစ်တော်၌ သင်တို့ ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသော သူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင် ရှက်ကြောက်ခြင်းရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်လျက် နေကြလော့။ 

ခရစ်တော်၌ ကောင်းသော အကျင့်ကို ကျင့်သောအခါ ရှုတ်ချကဲ့ရဲ့ခြင်း ခံနိင်သည်။ ထိုသို့ ခံရသောအခါ ရှက်ကြောက်ခြင်း မရှိမည့် အကြောင်း ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်လျက် နေကြလော့ ဟုဆိုခြင်းသည် အင်္လိပ်လို ခူနမေ ခသညျခငနညခန ဟုဆိုသည်။ အဘယ်ကြောင့်ကောင်းသော အကျင့်အတွက် ကဲ့ ရဲ့ကြသနည်းဟူမူကား ယုံကြည်သူများ၏ ကောင်းသော အကျင့်သည် မယုံကြည်သူများ၏ အပြစ်ကို ထင်ရှားစေသောကြောင့် ဖြစ်သည်။ အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ
၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့် နေကြလော့။ (ဧဖက် ၅:၈) 
 
၁၇။ ဘုရားသခင့်အလိုတော် ရှိလျှင်၊ သုစရိုက်ကို ပြု၍ ဆင်းရဲ ခံခြင်းသည်၊ ဒုစ ရိုက်ကို ပြု၍ ခံခြင်းထက် သာ၍ကောင်း၏။ 

ဆင်းရဲ ခံခြင်း နှစ်မျိုးရှိသည်။ သုစရိုက် တည်းဟူသော ကောင်းသော အမှုကို ပြုသောကြောင့် ဆင်းရဲ ခံခြင်းသည် ဘုရားသခင်၏ စုံစမ်းခြင်း သို့မဟုတ်စာ တန်၏ နှိပ်စက်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းကို ဆန်းစစ်ခြင်း သို့မဟုတ် နှောင့်ရှက်ခြင်း ဖြစ်သည်။ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲ ခံခြင်းသည် အပြစ်၏ အခ ဖြစ်သည်။ ဒုစရိုက်ပြုသောကြောင့် ဆင်းရဲ ခံရလျှင် ရှက်စရာ ရှိသည်။ သုစရိုက်ပြု သောကြောင့် ဆင်းရဲ ခံရခြင်းသည် ရှက်စရာ လုံးဝ မရှိချေ။ နောက်ဆုံး၌ အောင်မြင်ခြင်း၊ ချီးမြှောက်ခြင်း၊ ဆုလတ်များရှိသည်။ 
 
၁၈။ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ ငါတို့ကို ဘုရားသခင့်အ ထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ​ဖြောင့်မတ်တော်မူသောသူသည် မ​ဖြောင့်မတ်သော သူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ 

 ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်း ခံသော်လည်း ဝိညာဉ်တော်အားဖြင့် အသက် ပြန်ရှင်သည်။ ထိုအရာသည် ယုံကြည်သူများကိုအား တက်စေသည်။ အကြောင်းမှာ ယုံကြည်ခြင်းကြောင့် ကိုယ်ခန္ဓာ၌ အသေ သတ်ခြင်း တိုင်အောင် ခံနိင်သော်လည်း ဝိညာဉ်အားဖြင့် အသက် ပြန်ရှင်မည် ဖြစ်သောကြောင့် ကြောက်စိတ်များ ပျောက်စေသည်။ ခရစ်တော်သည် သူ ကိုယ်တိုင် အသက် ပြန်ရှင်ခြင်းအားဖြင့် ငါသည် အသက်ဖြစ်သည် ဟူသောအရာကို လက်တွေ့သက်သေပြသည်။ 

ခရစ်တော် အသေခံခြင်းသည် အကြောင်းမဲ့ မဟုတ်၊ အပြစ်သားများဘုရားသခင် ထံတော်သို့ ပို့ဆောင်ဘို့ ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို တခါသာခံရသည်။ အကြိမ်ကြိမ်ခံစရာ မလိုတော့ချေ။ ယုံကြည်သူများလည်း ခရစ်တော် နည်းတူ အပြစ်သားများခရစ်တော်၏ အသေခံ ပေးခြင်းကို ယုံကြည် နိင်ဘို့၊ ဘုရားသခင်ထံသို့ ပို့ဆောင်နိင်ဘို့ ဒုက္ခ ဆင်းရဲ ခံပါက အကျိုးရှိသည်။ 
 
၁၉။ ထိုဝိညာဉ်တော် အားဖြင့်လည်း ကြသွားတော်မူ၍ ယခုထောင်ထဲမှာလှောင် ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ 

ဤကျမ်းပိုဒ်သည် နားလည်လွှဲမှားကြသော ကျမ်းပိုဒ် ဖြစ်သည်။ ခရစ် တော်သည် အသေခံ၍ သင်္ချိုင်းတွင်း၌ သုံးရက်နေသော အချိန်တွင် မရဏာနိင်ငံသို့ သွား၍ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့ကို တရားဟောသည်ဟု ယူဆကြသည်။ ခရစ်တော်သည် သေသွားသောအခါ ပရဒိသုဘုံသို့ ရောက် သွားသည် (လု ၂၃:၄၃)။ သူ ဝိညာဉ်သည် ဘုရား ထံအပ်သောကြောင့် (လု ၂၃:၄၆) မရဏနိင်ငံ သို့မဟုတ်၊ ငရဲထဲသို့ မဆင်းဘဲ ဘုရားသခင် ရှိရာကောင်းကင်ဘုံသို့ ရောက်သွားသည်။ ဧဖက် ၄:၉၌၊ တက်ကြွတော်မူသည် ဟုဆိုသော်၊ အစစွာ မြေကြီး အောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်လော။ ဟူသောအရာကို အထက်ပါ ကျမ်းပိုဒ်နှင့် လွှဲမှား၍ တွဲပေး ကြသည်။ ဤနေရာ၌ အောက်မြေကြီး အရပ်သို့ ခရစ်တော် ဆင်းသည် ဟူသောအရာသည် မရဏာ (သို့) ငရဲ မဟုတ်ဘဲ ဤလောက မြေကြီး ပေါ်သို့ ဆင်းသက်ခြင်းကို ဆိုလိုသည်။ 
 
၂၀။ ထိုဝိညာဉ်တို့ မူကားရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူ တည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည် လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမ ထောင်သော ဝိညာဉ် ဖြစ်သတည်း။ 

ခရစ်တော် ဟောပြောသော ဝိညာဉ် များသည် နောဧလက်ထက်၌ အသက်ရှင် ကြသော ဝိညာဉ်များဖြစ်သည်။ မည်သည့်အချိန်၌ ခရစ်တော်သည် ဟောသနည်း။ သူတို့ အသက်ရှင်ချိန်၌ ဖြစ်သည်။ မည်သို့ ဟောသနည်း။ နောဧ
အားဖြင့် ဟောသည်။ ခရစ်တော်၏ ဝိညာဉ် ကနောဧအထဲမှဟောသည်။ ပေတရု က-ထို ကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြော မေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေ ခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်း၊ ဆိုလိုတော်မူသည် ဟမေးမြန်ရှာဖွေ ကြ၏။ ဟုဆိုသည် (၁ ပေ ၁:၁၀-၁၁)။ ထိုကြောင့် ခရစ်တော်သည် လူ့ဇာတိမခံမှီကပင်ပရောဖက်များအထဲမှ ဝိညာဉ်တော်အားဖြင့် တရားဟောကြောင်း သိရသည်။ နောဧအထဲမှလည်း ဟောသည်။ နောဧနှင့် ပတ်သက်၍ ပေတရုက-​ဖြောင့်မတ်ခြင်း တရားကို ဟောသော နောဧနှင့် လူခုနှစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ် သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ (၂ ပေ ၂:၅) ဟုဆိုသည်။ ထိုကြောင့် ခရစ်တော်သည် အသေခံ ချိန်တွင် ငရဲသို့ တရားဟောခြင်း မဟုတ်ဘဲ နောဧခေတ်တွင် နောဧအားဖြင့် ဟောခြင်းကို ဆိုလိုသည်။ 
 
၂၁။ ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံ ဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အ​ကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ် သိသော စိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။ 

ဗတ္တိဇံသည် အဓိပ္ပါယ်နှစ်မျိုးရှိသည်။ ရေထဲ၌ နှစ်ခြင်းနှင့် မြေကြီး ;ထဲ၌ သင်္ဂြိုလ်ခြင်း မြှုပ်နှံခြင်းတို့ ဖြစ်သည်။ ဘုရားသခင်သည် လူကို ယေရှုခရစ် တော်၌ ထည့်ပြီး သကာလ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေသည်။ ထိုနောက် ခရစ်တော်၌ သင်္ဂြိုလ်၍ ထိုအရာကို ဗတ္တိဇံဟု ခေါ်သည်။ ထိုနောက် ခရစ်တော်နှင့်အတူ ထမြောက် စေသည်။ ထိုသို့အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။ ဗတ္တိဇံ ဟုဆိုသော်ကိုယ်ကာယ၏ အညစ်အ​ကြေးဆေးကြောခြင်းကို မဆိုလို ဟုဆိုခြင်းသည် ရေနှစ်ခြင်းကို ဆိုလိုသည်။ ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်၍ ဘုရားသခင် ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသည် ဟုဆိုခြင်းသည်၊ ဘု ရားလုပ်သောအရာကို သိ၍ ဩတ္တပ္ပစိတ်ကြည်လင်ခြင်းကို ဆိုလိုသည်။ 
 
၂၂။ ထိုသခင်သည် ကောင်းကင်ဘုံသို့ }ကတော်မူသည် ဖြစ်၍၊ ကောင်းကင် တ မန်အစရှိသော အာဏာစက်တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရှိတော်မူ၏။ 

ခရစ်တော်သည်လောက၌ အလုပ်ပြီး၍ ရှင်ပြန်ထမြောက်ပြီး နောက် ကောင်းကင်သို့ တက်ကြွသွားခဲ့ပြီ။ ဘုရား ဖြစ်သောကြောင့် ကောင်းကင်တမန် များအပေါ်၌လည်း အုပ်စိုးခြင်း အာဏာစက်ရှိသည်။ ဘုရားသခင်၏ လက်ျာတော် ဖက်ရှိသည်။ ဆာလံဆရာက ခရစ်တော်နှင့် ပတ်သက်၍ -ထာဝရဘုရားကသင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာ၊ ငါမချမထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင် နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊ ဟုဆိုသည် (ဆာ ၁၁၀:၁)။ ထိုအရာကို အောက်ပါက ျမ်းပိုဒ်များ၌လည်းရေးသား ထားသည် (တ ၂:၃၃၊ ၃၄၊ ရော ၈:၃၄၊ ဧဖက် ၁:၂၀၊ ကော ၃:၁၊ ဟေ ၁:၃) 

(ဤကျမ်းစာ အနက်ဖွင့်ခြင်းသည် ယုံကြည်သူများကျမ်းစာဖတ်တတ်၊ အဓိပ္ပါယ်သိတတ်ရန်လမ်းညွှန် ဖြစ်သည်။ ကိုယ်တိုင် ဖတ်ရှုလေ့လာ ဘို့ရန် တိုက် တွန်းလိုပါသည်) 
 
 
ယုံကြည်သူများ၏ ရန်သူ

လူတိုင်း၌ ပြသနာ ရှိသည်။ မိသားစု ပြသနာ၊ ငွေရေးကျေးရေးမလုံလောက်သော ပြသနာ၊ ကျန်းမာရေးမကောင်းသော ပြသနာ၊ အကျင့်စာရိတ္တ ပြသနာ၊ လင် မယား ပြသနာ၊ အလုပ်မရနိင်သော ပြသနာ၊ အလုပ်ပင်ပန်းသော ပြသနာ၊ စကား နားမလည်သော ပြသနာ၊ စသည်ဖြင့် လူတိုင်း၌ ပြသနာများလွန်းလှသည်။ ထိုအရာများကို မည်ကဲ့သို​ ဖြေရှင်းရမည်နည်း။ ထိုပြသနာများကို ​ ဖြေရှင်း နိင်ဘို့ရန်မှာ ပြသနာ၏ အရင်းအမြစ်များကို သိ၍ ဘုရားသခင်က မည်ကဲ့သို့ ​ ဖြေရှင်း ပေးနိင်ကြောင်းကို သိဘို့ လိုသည်။ 


စာတန် 

ဤလောကသည် ပြသနာလောက ဖြစ်သည်။ အဘယ်ကြောင့် ပြသနာ တွေ့ ရကြသနည်း။ အကြောင်း အမျိုးမျိုးရှိသည်။ အကြီးမားဆုံးသော ပြသနာ ကောင်သည် စာတန် ဖြစ်သည်။ စာတန်သည် ဘုရား၏ ရန်သူ ဖြစ်သည်။ စကား ပုံ၌ ကြုလား မနိင်ရခိုင်မဲ-ဟူ၍ ဖြစ်သည်။ စာတန်လည်း ဘုရား မနိင်သောအခါ လူကို မဲသည်။စာ တန်သည် အဘယ်ကြောင့်လူကို မဲသနည်းဟူမူကား လူသည် ဘုရားသခင်၏ အချစ်တော် ဖြစ်သည်။ ဘုရားကို မနိင်သောအခါ ဘုရား၏ အချစ်ဆုံးလူကို ဖျက်ဆီး ချင်သည်။ ထိုကြောင့် လူကို နည်းအမျိုးစုံဖြင့် ဖျက်ဆီးသည်။ လူကို ဖျက်ဆီးဘို့ရန် အကြီး ဆုံးသော စာတန်၏ လက်နက်သည် မုသာ ဖြစ်သည်။ စာတန်သည် ပဌမဦးဆုံးသော လူမိန်းမဧဝကို မုသာပြောခြင်းအားဖြင့် ဘုရား စကား နားမထောင် ဘို့ရန် လိမ်လည်၍ လူကို ဘုရား လက်ထဲမှဆွဲနှုတ်လိုက်သည်။ ထိုသို့ လူကို လိမ် လည်ခြင်းအားဖြင့် ဘုရားသခင်က လူကို ပေးထားသော ဤလောက အုပ်စိုးခွင့် ကိုလည်း ရယူလိုက်သည်။ ထိုအကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည် -မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင် သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုးအာနု ဘော်ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။ (လု ၄:၅ -ရ)။ သခင်ယေရှုက ဤလော ကသည် ငါဖန်ဆင်းသည်၊ ငါပိုင်သည်ဟု ပြန်မပြောချေ။ ထိုထက် သခင်ယေရှု က- ဤလောကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ (ယော ၁၄:၃၀) ဟုဆိုခဲ့သည်။ ရှင်ပေါလုကလည်း -ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန််ရ ကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီ မှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ (ဧဖက် ၆:၁၂) ဟုဆိုသည်။ ဤလောကသည် စာတန် လက်ထဲ၌ ရှိသည်။ 
 
ဇာတိ

စာတန်သည် သူပိုင်သော ဤလောကအရာများအားဖြင့် လူကို ဘု ရားသခင်ထံမှ ဝေးသွားအောင် သွေးဆောင်ဖျားယောင်းနေသည်။ ထိုကြောင့် သခင်ယေရှု က-လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မဿဲ ၁၆:၂၆) ဟုဆိုသည်။ ရှင်ယောဟန်ကလည်း စာတန် ပိုင်သော ဤလောကကို မချစ်ဘို့ ဤသို့ သတိပေးထားသည် -လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်း စိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင် ကြ၏။ (၁ ယော ၂:၁၅-၁၆) သို့သော် လူသည်လည်း မြီးကောင်ပေါက်မိန်း ခလေး ကမိဘ ညီအစ်ကို မောင်နှမ များ၏ စကားကို နားမထောင်ဘဲ သူ့ရည်းစားကောင် လေးနောက်သို့ လိုက်သွား သကဲ့သို့ မည်သို့ မျှပြော၍ မရဘဲ စာတန် ပေးကမ်းသော ဤလောကကို အလွန် ချစ်သောကြောင့် ဘုရား စကား ပင်နားမထောင်တော့ဘဲ တကောက်ကောက်လိုက် နေကြသည်။ ရှင်ပေါလုကလည်း -မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ (ကော ၃:၂) ဟုဆိုသော်လည်း ထူးခြားမှု လုံးဝ မရှိ။ အထက် အရာထက် မြေကြီး အရာကိုသာလျှင် အလွန် စွဲလန်း ကြသည်။ 

အာဗြဟံသည် အမွေခံ ရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ သူတ ပါးပိုင်သော ပြည်၌ ဧည့်သည် နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံ ကြည်ခြင်းအားဖြင့် ဧည့်သည် ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံ ရသော အဘော် အဘက် တည်းဟူသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌ နေလေ၏။ အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲ+မံသော မြို့ကို မြော်လင့် သတည်း။ (ဟေဗြဲ ၁၁:၈-၁၀) 

ရှေး ယုံကြည်သူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုး ကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှ ာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။ ထို သူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ သူတို့ နေစရာဘို့ မြို့ကို တည်ထောင်တော်မူပြီ။ (ဟေဗြဲ ၁၁:၁၃-၁၆) 

ယနေ့ ယုံကြည်သူများသည် -ယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိ စေနှင့်။ ဘုရားသခင်ကို ယုံကြည် ကြလော့။ ငါ့ကိုလည်း ယုံကြည် ကြလော့။ ငါ့ အဘ၏ အိမ်တော်၌ နေစရာ အခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှတဖန် လာပြန်၍၊ ငါရှိ ရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။ (ယော ၁၄ ; ၁-၃)ဟု ဂတိပေးသော်လည်း လုံးဝ စိတ်မဝင်စားကြချေ။ သခင် ခရစ်တော် ပြင် ပေးသော ကောင်းကင် အခန်းထက် လူဆောက်သော မြေကြီး ပေါ်ကအိမ်များကို အလွန် စွဲလန်း ကြသည်။ စာတန်ကလည်း လူများ အထက် အရပ်ကို စွဲလန်းမှာ စိုးရိမ် သောကြောင့် မြေကြီးပေါ်မှ ာ အိမ်ကောင်းအိမ်ကြီးများကို အလျှင်အမြန် ဆောက်လုပ်နေသည်။ ထိုအိမ်များကို စွဲလန်း၍ စျေးကြီးကြီး ပေးကာအိမ် ဘိုးအတွက် ပေးဘို့ရန် နေ့တိုင်း တရုန်းရုန်း အလုပ်လုပ် နေကြသည်။ အိမ်ကြီးကြီး ဝယ်လျှင် အိမ်အထဲမှာမနေဘဲ အလုပ်မှာသာနေရမည်ဟု သတိပေးသော်လည်း မရ၊ အိမ်သည် ညအိပ်ဘို့သာ ဖြစ်၍ အချိန် အများစုကို အလုပ်ထဲမှာနစ် မြုပ် ကြသည်။ ကားလည်း ကိုယ်နှင့် တန်သောအရာကို မဝယ်ဘဲ သူဌေးများ စီး မည့် ကားများကို စျေးကြီးကြီး ဝယ်သောကြောင့် ကား ဘိုးနှင့် အာမခံအတွက် ပေးဘို့ အလုပ်ထဲမှာ တနေကုန်တနေခမ်းအလုပ်ပင်ပန်းစွာ လုပ်နေရသည်။ ကား မူကား အပြင်မှာနေပူလှန်းနေရ ကြသည်။ 

 ထိုသို့ အိမ်ဘိုးကား ဘိုးမက တယ်လီဖုန်းများလည်း စျေးကြီးကြီး ပေး၍ ဝယ်ကြပြန်သည်။ ကွန်ပြူတာ၊ အင်တာနက်၊ တီဗီ၊ များလည်း လိုချင်လာ ကြသောကြောင့် ဘီလ်ပေးဘို့များလွန်းသည်။ ထိုအခါ အလုပ်နှစ်ခု သို့မဟုတ်အချိန် ပိုများ လုပ်လာ ကြသည်။ ထိုအခါ ပင်ပန်း၍ အိပ်ရေးမဝ၊ အနာရောဂါ များလည်းများလာသည်။ အစားအသောက်လည်း မသိသောကြောင့်၎င်း၊ ပါး စပ်အရသာကိုသာ အဓိကထားသောကြောင့်၎င်း၊ ရောဂါ ဖြစ်မည့် အစာများကိုသာ စားသောက် ကြသည်။ တိရစ္ဆာန်အဆီစားလျှင် နှလုံးဦးနှောက်သွေးကြော ပိတ်၍ သွေးတိုး၊ လေဖြတ်၍ နောက်ဆုံး၌ ချက်ချင်း သေနိင်သည်။ အချိုများများစားသောက်လျှင် ဆီးချိုရနိင်သည်။ အသားများများ စားလျှင် ဝမ်းချုပ်၍ ဒူလာ၊ လိပ်ခေါင်း ဖြစ်လာနိင်သည်။ ဆေးလိပ်သောက်လျှင် အဆုပ်ပျက်၍ ကင် ဆာ ရောဂါ ဖြစ်နိင်သည်၊ အသက် ရှုလမ်းကြောင်းလည်း ပိတ်၍ အသက် ရှုခက် လာနိင်သည်။ အရက်၊ ဘီယာများ သောက်ခြင်းဖြင့် အသဲ​ခြောက်ခြင်း၊ သွေး ကြောအဆီပိတ်ခြင်း ဖြစ်ကာသေဆုံးနိင်သည်။ အရက်သောက်ခြင်းဖြင့် မိသားစု၌လည်း ပြသနာများ၍ ကား မောင်းလျှင်လည်း ယဉ်တိုက်မှု ဖြစ်၍ ဒဏ်ရာရကာ ဒုက္ခ ိတ ဖြစ်နိင်၊ သေနိင်သည်။ ရဲကလည်း ဖမ်းဆီး၍ ကား မောင်လိုင်စင်သိမ်းခြင်း၊ ထောင်ကျခြင်း၊ သင်တန်းပြန်တက်ခြင်း၊ အလုပ်လုပ်ခြင်းများခိုင်းနိင်သည်။ သို့သော် ထိုအရာများကို မသိ၍ မဟုတ်၊ အလိုဆန္ဒကို ဦးစားပေးခြင်း၊ ငါ့ သဘောဟု မာန်မာနကြီးခြင်း၊ ဘုရား စကားကို နားမထောင်ခြင်းတို့ ကြောင့် ပြသနာ ဖြစ်လာ ကြသည်။ ပြသနာ ဖြစ် လာသောအခါ ကိုယ်တယောက် တည်းဒုက္ခ မရောက်ဘဲ မိသားစုဝင်များ၊ သူငယ်ချင်းများ၊ ခေါင်းဆောင်များ၊ စကားပြန် များအထိ ပြသ နာပေးလာ ကြသည်။ ထိုအရာများသည် ဘုရား ပေးသော ပြစ်ဒဏ်များ မဟုတ်၊ ကိုယ်တိုင် ဖန်တီးသော ပြသနာများဖြစ်သည်။ 
 

လူငယ်စခန်းသွင်းသင်တန်း
 

ဇွန်လ ၂၉ စနေနေ့ညမှစ၍ ဇူလိုင်လ ၃ ရက်နေ့အထိ သတင်းကောင်း နှစ်ခြင်း အသင်းချုပ်လူငယ်ဌါနမှ ဦးဆောင်ခြင်းဖြင့် စခန်းသွင်းသင်တန်း (camping)ကို Virginia ပြည်နယ် Prince William park ၌ အောင်မြင် စွာ ကျင်းပနိင်ခဲ့ကြ ပါသည်။ ထိုသင်တန်းတွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် အသီးသီးနှင့် အခြား အသင်းတော်များမှ လူငယ်များ တတတ်တအား ပါဝင်ကြရာ သင်တန်းသား၁၄၅ တက်ရောက်ကြပါသည်။ လာရောက်ကြသော လူငယ်များသည် Atlanta (GA) ၂၁ Durham (NC) ၁၇ Indianapolis (IN) ၁၁ Louisville (KY) ၂ Battle Creek (MI)  ၁၄ Syracuse (NY) ၂၂ New Jersay (NJ)  ၂၅ Rockville(MD) ၃၁ Seatle (WA)  ၂ ဖြစ်ကြပါသည်။ 

သင်တန်းများကို ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာဟု နှစ်မျိုးခွဲ ထားပါသည်။ ထိုနှစ်မျိုးစလုံးကို အင်္လိပ်နှင့် မြန်မာဘာသာဟု ထပ်မံခွဲထားသောကြောင့် သင်တန်းလေးနေရာ၌ ပြုလုပ် ကြပါသည်။ ကယ်တင်ခြင်း မြန်မာ၌ ဆရာ ယောရှုနှင့် ဆရာဂိဒေါင်၊ ခရစ်ယာန် အသက်တာ မြန်မာ၌ ဆရာမောဇက်၊ ကယ် တင်ခြင်း အင်္လိပ်၌ ဆရာမဟန္န၊ ခရစ်ယာန် အသက်တာအင်္လိပ်၌ ဆရာအောင် မိုင်တို့ ကသင်ကြားပေးကြပါသည်။ နံနက်ဝတ်ပြုခြင်းများ၌ ဆရာဂျိမ်း၊ ဆရာဆိုကဦးဆောက် ကြသည်။ 

နံနက် စောစော ဝတ်ပြုစည်းဝေးခြင်း၊ များပြုလုပ် အပြီး နံနက်စာစားပြီး နောက် ၈-၁၂ နာရီ တချိန်၊ ညနေ ၂-၄ နာရီ အကြိမ်ကျမ်းစာ သင်ကြပါသည်။ ညနေ ၁-၂ နာရီ အတွင်းတွင် သီချင်းနှင့် Staff notes များကိုလည်း ဒေါ်ချယ်ရီတီ ကသင်ကြားပေးပါသည်။ ညနေပိုင်း၄-၅:၃၀ အတွင်း အား ကစားများကိုလည်း နေ့တိုင်း ပြုလုပ် ကြသည်။ သင်တန်းမှူးအဖြစ် ဆရာနော်ဂျာက ဦးဆောင်သွား ပါသည်။ 

Rockville GBC  အသင်းတော် မှအမျိုးသမီးများကလည်း နေ့တိုင်း အကောင်းဆုံးသော ဟင်းများ ချက်ပြုတ်ကြွေးမွေးခြင်းဖြင့် သင်တန်းသားများ အလွန် အားရကျေနပ်ကြောင်း သိရှိရသည်။ ဦးအောင် ဘိတ်နှင့် လူငယ်အဖွဲ့မှလည်း စျေးဝယ်ခြင်းမှ စ၍ လိုအပ်သောအရာ အားလုံး တာဝန် ယူပေး ကြသည်။ 

နောက်ဆုံးညတွင် ဆာလံ ၁၁၉:၁-၂၄ အထိ အလွတ်ဆိုပြိုင်ပွဲလည်း ကျင်းပကာ ဆုအသီးသီးပေးသွားကြပါသည်။ ထိုသင်တန်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်သွားသောသူမည်မျှရှိသည်ကို၎င်း၊ ခရစ်ယာန် အသက်တာ၌ မည်မျှ အကျိုးခံစား သွားကြောင်းကို ဘုရားသခင်က သာလျှင် သိပါသည်။ရာ သီဥတုပူသော်လည်း နေ့တိုင်း မိုးအနည်းငယ်ရွာခြင်းဖြင့် ဘုရားသခင်၏ ကျေး ဇူးတော် အထူးခံစား ကြပါသည်။ အစပိုင်း၌ အချို့သော လူငယ်များသည် တော ထဲခဘေငညများ၌ နေရသောကြောင့် အိမ်ပြန်ချင် စိတ်များရှိခဲ့ကြသော်လည်း နောက်ဆုံးနေ့တွင် အိမ်မပြန်ချင်ဘဲ သင်တန်းဆက်လုပ်ချင် သူများလည်းရှိကြောင်း သိရှိရသည်။ သင်တန်း၏ အကျိုးခံစား ကြကြောင်း မိမိတို့ မြို့ရောက်မှ သက်သေခံ သူများရှိကြကြောင်း ပြန်ကြားရပါသည်။ 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG