GOODNEWS
  HOME  GOODNEWS  2013 JUN
 


အမှာစာ

ယခုနှစ်ဖခင်များ နေ့၌ ဖခင်တိုင်းကို ဤစာစောင်မှဂုဏ်ပြုပါသည်။ ဘခင်ကောင်းပီသသောသူများ ဖြစ်နိင်ကြပါစေ။ ဖခင် ဟုဆိုသည့်အတိုင်း သားသမီး များအပေါ်တာဝန် ကျေနိင်ကြပါစေ။ အကောင်းဆုံးသော ဘခင်သည် ခမည်းတော်ဘုရားသခင် ဖြစ်သည်။ သူသည် ဖခင်ကောင်းပီသသည်။ 

ဖခင်တာဝန် များသည် သားသမီးများကို ကျွေးမွေးခြင်း၊ စောင့် ရှောက်ခြင်း၊ သွန်သင်ဆုံးမခြင်း၊ နှစ်သိမ့် အားပေးခြင်း၊ ပုံသက်သေကောင်း ပြသခြင်း၊ များဖြစ်သည်။ ဖခင်တာဝန်ကို တိတိကျကျသွန်သင်ပေးခြင်း မရှိသောအခါ ကိုယ့်တာဝန် မသိသောကြောင့် တာဝန် လစ်ဟင်းကာမိသားစုအတွင်း၌ မဖြစ်သင့်သော အရာများ ဖြစ်တတ်သည်။ သားသမီးများကို ကျွေး မွေး၊ စောင့်ရှောက်ခြင်းကို ပြုလုပ် တတ်ကြသော်လည်း သွန်သင်ခြင်း၊ ဆုံးမခြင်း၊ နှစ်သိမ့် အားပေးခြင်းများ၌ အားနည်း ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် ကျမ်းစာဖတ်၍ လိုက်နာမှသာလျှင်ဝိညာဉ်တော်က ဖေါ်ပြ၍ ပြုလုပ် တတ်ကြလိမ့်မည်။ 
 ထိုအပြင်ပုံသက်သေကောင်းပြခြင်းလည်း အလွန် အရေးကြီးသည်။ ဖခင်ကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း အားကိုးခြင်း မရှိ၊ ကျမ်းစာ မဖတ်၊ ဆုမတောင်း၊လျှင် မည်သို့မျှ သားသမီး များကအထင်မကြီး နိင်ချေ။ ဖခင်သည် အရက်သောက်၊ ဆေးလိပ်သောက်၊ မိန်းမနှင့် ရန်ဖြစ်၊ အပျော်အပါးလိုက်စားလျှင် မည်သို့မျှ သားသမီး များကမရိုသေနိင်ချေ။ ထိုကြောင့် ယခုမှစ၍ ဘုရားသခင်ကို ရိုသေ၍ ဘုရားတရား၌ နေခြင်းဖြင့် သားသမီး များရှေ့၌ ပုံသက်သေကောင်းများ ပြသနိင်သော ဖခင်များ ဖြစ်ကြပါစေသော်။ 
 

ဤလစာစောင်၌...

ဖခင်များ နေ့
ကယ်တင်ခြင်း 
 ကျမ်းစာဖတ်ကြစို့
 ကျေးဇူးတော် ချီးမွမ်းခြင်း 
 အပေါ်ကို မော်မကြည့်သောသူ
 အသင်းတော် ပျက်စီးစေသောသူများ 
 သက်သေခံခြင်း 

 
 

ဖခင်များ နေ့
 
 ဇွန်လ ၁၆ ရက်နေ့သည် လူများ သတ်မှတ်သော ဖခင်များနေ့ ဖြစ်သည်။ ဖခင်များ နေ့၌ သားသမီးများက ဖခင်ကို မည်ကဲ့သို့ လက်ခံသင့်ကြောင်း အနည်းငယ် ဖေါ်ပြလိုသည်။ သားသမီး များသည် မိဘကို ရိုသေဘို့ ဘုရားသခင်က ဤသို့ ပညတ်ခဲ့သည် သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။ (ထွက် ၂၀:၁၂)။ မိဘကို မထီမဲ့မြင် ပြုသောသူသည် အမင်္လာရှိစေသ တည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့ ကအာမင်ဟု ဝန်ခံရကြမည်။ ( တရားဟော ၂ရး၁၆) ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာ ပြုလော့။ အကြင် သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာ သတည်း။ (မ ၁၅:၄ ထွက် ၂၁:၁ရ၊ ဝတ် ၂၀:၉) 

ဖခင် အပေါ်နာခံသော အကောင်းဆုံးပုံသက်သေသည် ခရစ်တော်နှင့် ခမည်းတော်ဘုရား၌ တွေ့နိင်သည်။ ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အ ကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။ ၂၀ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍ ပြုတော်မူသမျှတို့ကိုသားတော်အား ပြတော်မူ၏။ (ယော ၅ ; ၁၉-၂၀)။ တဖန် ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရား တော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။ (ယော ၅:၃၀)။ ၄၉ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသည် မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ညတ် ပေးတော်မူ ပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည်ကို ငါသိ၏။ ၅၀ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော် မှာထားတော်မူသည် အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍ မိန့်တော်မူ၏။ (ယော ၁၂:၄၉-၅၀)။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကို၎င်းမယုံသလော။ ငါဟောပြောသော စကားကို ကိုယ်အလို အလျှောက်ငါဟောပြောသည် မဟုတ်။ ငါပြုသော အမှုတို့ ကား ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ (ယော ၁၄:၁၀)။ 

 ခရစ်တော်သည် အသေခံ ခါနီးတွင် ခမည်းတော် ထံ ဤသို့ ဆုတောင်း ခဲ့သည်ကို ယော ၁ရ၌ တွေ့နိင်သည် အ​ကျွန်ုပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ (၄)။ ဤလောက ထဲမှယူ၍ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော သူတို့အား အ​ကျွန်ုပ်သည် ကိုယ်တော်၏ နာမကို ပြပါပြီ (၆)။ အ​ကျွန်ုပ်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့သည်လည်း အ​ကျွန်ုပ်နှင့် စပ်ဆိုင်၍၊ ထိုအရာတို့အားဖြင့် အ​ကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏ (၁၀)။ သန့်ရှင်းတော်မူသော အဘ၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ် အားပေးတော်မူသော ဤ သူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေတော်မူပါ။ အ​ကျွန်ုပ်သည် ဤလောက၌ ဤ သူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အ​ကျွန်ုပ် အားပေးတော်မူသော သူတို့ကို အ​ကျွန်ုပ်စောင့်မပါပြီ (၁၁-၁၂)။ ကိုယ်တော်၏ နှုတ်က ပတ်တရားကို ဤ သူတို့အား အ​ကျွန်ုပ်ပေးပါပြီ။ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤ သူတို့သည် မဆက်ဆံသောကြောင့် လောကီသားတို့သည် ဤ သူတို့ကို မုန်းကြပါ၏ (၁၄)။ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ရှိတော်မူ၍ အ​ကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူ အပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်း ပါ၏။ ငါတို့သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ်သည် သူတို့၌ ရှိ၍၊ ကိုယ်တော်သည်လည်း အ​ကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တလုံးတဝတည်း ဖြစ်၍၊ တလုံးတဝတည်း၌ စုံလင် စေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အ​ကျွန်ုပ်ကို ချစ်တော်မူ သကဲ့သို့ သူတို့ ကိုလည်း ချစ်တော်မူကြောင်းကိုလောကီသားတို့သည် သိစေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းအသရေကို အ​ကျွန်ုပ်သည် သူတို့ အားပေးပါပြီ။ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီအ​ကျွန်ုပ်ကို ချစ်၍ အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းတော်ကို အ​ကျွန်ုပ် အားပေးတော်မူသော သူတို့သည် ရှုမြင်ရမည်အကြောင်း၊ အ​ကျွန်ုပ် ရှိရာအရပ်၌ အ​ကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အ​ကျွန်ုပ်အလိုရှိပါ၏။ ၂၅ တ ရားတော်မူသော အဘ၊ လောကီသားတို့သည် ကိုယ်တော်ကို မသိသော်လည်း အ​ကျွန်ုပ်သိပါ၏။ ၂၆ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထို သူတို့သည် သိကြပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ချစ်တော်မူသော မေတ္တာသည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ အ​ကျွန်ုပ်သည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ ကိုယ်တော်၏ နာမကို အ​ကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီ ဖြစ်၍ အစဉ်ပြညွှန် ပါမည်ဟု မိန့်မြွက်တော်မူ၏ (၂၂-၂၆)။ 
 အထက်ပါ ခရစ်တော်၏ ဆုတောင်း ချက်၌ သူသည် ခမည်းတော်ဘုရားသခင်၏ စကားကို အဆုံးတိုင်အောင် နားထောင် ကြောင်း၊ ခမည်းတော် ခိုင်းသောအရာ အားလုံး ကို လုပ်ဆောင် ကြောင်း၊ ခမည်းတော်နှင့် ချစ် ကြောင်း၊ ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်ကြောင်းများကို တွေ့ရသည်။ ယနေ့ သားသမီး များလည်း ဖခင်များနှင့် ထိုကဲ့သို့ဖြစ်သင့်သည်။ ယခုနှစ်ဖခင်များ နေ့၌ ဖခင်ကို စိတ်ကျေနပ် စေသော သားသမီးများ၊ ဖခင်ကို ရိုသေလေးစားသော သားသမီး များအနေဖြင့် ဖခင်များ နေ့ကို ကျင်းပနိင်သောသူများ ဖြစ်ကြပါစေ။ 
 
 
ကယ်တင်ခြင်း 

ခရစ်တော် ကြွလာတော့မည်။ လူတိုင်း အတွက် အရေးကြီးဆုံး အရာသည် ချီဆောင်ခြင်း၌ ပါဝင်ဘို့ ဖြစ်သည်။ ချီဆောင်ခြင်း၌ မပါဝင်ပါက ဘေးဒဏ်ကြီး ကာလ၌ ရောက်ရှိသွားကာ အလွန် ဒုက္ခ ရောက်မည် ဖြစ်သည်။ ခရစ်တော် ကဘေးဒဏ်ကြီး ကာလနှင့် ပတ်သက်၍ -ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလိုငှါ ထိုကာလသည် တိုလိမ့်မည် ဟုဆိုသည် (မ ၂၄:၂၁-၂၂)။ ထိုဘေးဒဏ်ကြီး ကာလ၌ ကယ်တင်ခြင်းသို့ ရောက်နိင်သော်လည်း လည်ပျင်းဖျက်ခံမှသာ ရောက်နိင် မည်ဟု ကျမ်းစာက ဖေါ်ပြသည် -ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ် ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ ၁၀ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလ ပတ်လုံးနေတော်မူ မည်နည်းဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏။ ၁၁ ထို သူတို့၌ ဖြူသော ဝတ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။ (ဗျာ ၆:၉-၁၁) ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တ ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။ (ဗျာ ၂၀:၄)။ 

ယခုကျေးဇူးတော် ကာလ၌ ထိုသို့ လည်ပင်းဖြတ်မခံဘဲ ယုံကြည် ရုံနှင့် ကယ်ခြင်းသို့ ရောက်နိင်သည်။ သို့သော် ဝမ်းနည်းဘွယ်ကောင်းသည် မှာလူ အများစုသည် ကယ်တင်ခြင်းကို စိတ်မဝင်စားဘဲ ဤလောကအရာကိုသာ စိတ်ဝင်စားကြသောကြောင့် မလိုအပ်ဘဲ ငရဲသို့ ဆင်းသက်ရမည် ဖြစ်သည်။ ယခု အခါ ကယ်တင်ခြင်းသို့ ရောက်ဘို့ထက် အရေးကြီးသောအရာ တခုမျှမရှိချေ။ အကြောင်းမှာ ကယ်တင်ခြင်းသို့ မရောက်သောကြောင့် ငရဲသို့ ဆင်းရလျှင် ထာ ဝရကာလ ပတ်လုံးပြန်လမ်းမရှိတော့ချေ။ ထာဝရ ကာလ ပတ်လုံးအံသွားခဲ ကြိတ်၍ ဒုက္ခ ရောက်မည် ဖြစ်သောကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြပါစို့။ 
 
 မသိသောကြောင့် 
 လူသည် မွေးဘွားသောအခါ စာတန် သားသမီး အဖြစ် မွေးဘွားသည်။ အကြောင်းမှာ အာဒံ၏ သားသမီး ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က အာဒံကို သူ၏သား အဖြစ်ဖန်ဆင်းခဲ့သော်လည်း စာတန် စကား နားထောင် လိုက်သောကြောင့် အာဒံသည် စာတန်၏သား ဖြစ်သွားသည်။ ထိုအာဒံမှဆင်း သက်သော လူသား တိုင်းလည်း စာတန်၏ သားသမီး များဖြစ် ကြသည်။ သခင်ယေရှု က- သင်တို့သည် သင်တို့၏ အဘ တည်းဟူသော မာရ်နတ်မှဆင်းသက် ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မု သာ၏ အဘလည်း ဖြစ်၏။ ဟုဆိုခဲ့သည် (ယော ၈:၄၄)။ 

လူသည် စာတန်၏ သားသမီး မှန်းမည်ကဲ့သို့ သိရသနည်းဟူမူကား၊ မု သာပြောတတ်ကြသည်။ သမ္မာတရား မူကား မည်မျှပင်ကြားသော်လည်း မပြောတတ်ကြ။ ဤလောကသည် စာတန် ကပိုင်သောကြောင့် ကျမ်းစာ ကမ ချစ်ဘို့ ဤကဲ့သို့ သတိပေးသည် -လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ (၁ ယော ၂:၁၅)။ သို့သော် လူသား တိုင်းသည် ဤလော ကကို အရူးအမူး ချစ် ကြသည်။ ဤလောကကို ချစ်သောကြောင့် ဘုရားသခင်ကို မချစ်ကြချေ။ 

ကောင်းကင်နိင်ငံသည် မည်မျှကောင်းကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည် -မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက် ဖြစ်၏။ မြို့သည်လည်း ကြည်လင်သော ဖန်နှင့် တူသော ရွှေစင် ဖြစ်၏။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ် အမျိုးမျိုးနှင့် ပြည့် စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ ဖြစ်၏။ ဒုတိယအမြစ်ကား နီလာ၊ တတိယ အမြစ်ကား မဟူရာ၊ စတုတ္တအမြစ်ကား မြ၊ ပဥ္စမအမြစ်ကား ကြောင်၊ ဆဌမအမြစ် ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဌမအမြစ်ကား မျက်ရွဲ၊ နဝမ အမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမအမြစ်ကား ဝါ ကိမ်သု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ် ဖြစ်သတည်း။ တံခါးရွက်တဆယ်နှစ်ရွက် အသီးသီးတို့သည် ပုလဲတပြားစီဖြင့် ပြီး၍ ပုလဲတဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်း မသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်၏။ (ဗျာ ၂၁:၁၈-၂၁)။ ထိုမျှမ ကကောင်းကင်၌ ငိုခြင်း နာခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ခွဲခွါခြင်း၊ မရှိတော့ချေ။ ဤလောက၌ ခံစားရသော ဒုက္ခ ပြသနာများတခုမျှမရှိတော့ချေ၊ သို့သော် ကောင်းကင်စွဲလမ်းသောသူမရှိသောကြောင့် စွဲလမ်းဘို့ရန် ဤသို့ တိုက်တွန်းဘို့ လိုသည် မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ (ကော ၃:၂)။ အမေရိကန်ရောက်ဘို့ရန် အလွန် စိတ်စော ကြသည်။ အမြန်ဆုံးရောက်ချင် ကြသည်။ သို့သော် ကောင်းကင်နိင်ငံသို့ စောစော ရောက်လိုစိတ်မရှိကြ။ ထို့ထက် မြေကြီး ပေါ်၌ ဒုက္ခ ခံစားချင် ကြသေးသည်။ ထိုအရာများ ကြည့်ခြင်းဖြင့် လူသည် ဘုရား သားသမီး မဟုတ်ကြောင်း အလွန် ထင်ရှားသည်။ 
 
ဘုရားသားဖြစ်မှ

စာတန် သားသမီး ဖြစ်လျှင် မည်သို့ မျှကောင်းကင်သို့ မရောက်နိင်ချေ။ ထို့ကြောင့် စာတန်သား မှဘုရားသား ဖြစ်ဘို့ လိုသည်။ သို့သော် လူအားဖြင့် ဘုရားသား ဖြစ်ဘို့ ကြိုးစား၍ မရချေ။ သူဌေးသား ဖြစ်လိုပါက သူဌေးမိသားစုမှ မွေးဘွားဘို့ လို သကဲ့သို့ ဘုရား သားသမီး ဖြစ်ဘို့လည်း ဘုရားသခင်က မွေးဘွားပေးမှရရှိ နိင်သည်။ ဘုရားတရား ကြိုးစားရုံ၊ ကျမ်းစာ အလွတ်ကျက်ရုံ၊ အကျင့်ကောင်းရုံဖြင့် ဘုရားသား မဖြစ်နိင်ပါ။ ကျမ်းစာ ကထိုသူ ( ခရစ်တော်)သည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလော ကသည် ထိုသူ ( ခရစ်တော်)ကို မသိ။ သူ ( ခရစ်တော်)သည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။ ထိုသူ ( ခရစ်တော်)ကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော် ( ခရစ်တော်)ကို ယုံ ကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါ သအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။ (ယော ၁:၉-၁၃)။ 

ဘုရားသား ဖြစ်ဘို့ရန်မှာ ခရစ်တော်ကို လက်ခံဘို့ လိုသည်။ ခရစ်ယာန် တိုင်း ခရစ်တော်ကို လက်ခံယုံကြည်သည်ဟု ယူဆကြသည်။ သို့သော် အမှန်တ ကယ် လက်ခံယုံကြည် ကြသည် မဟုတ်။ ခရစ်တော်ကို မှန်တကယ် လက်ခံယုံ ကြည်ပါက ထူးခြားမှု ရှိလာမည်။ ကျမ်းစာက ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ (ရော ၈:၁၆) ဟုဆိုထားသည်။ သင်၏ ဝိညာဉ်နှင့် သန့်ရှင်းသောဝိညာဉ်တော် ကသင်၏ စိတ်နှလုံးတွင် ဘုရားသား ဖြစ်ကြောင်း သိစေမည် ဖြစ်သည်။ ဘု ရားသား ဖြစ်ကြောင်း စိတ်ချမှု မရှိသေးလျှင် ခရစ်တော်ကို လက်မခံ သေးသောကြောင့် ဖြစ်သည်။ ဘုရားသား မှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲ ဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။ (ရော ၈:၁ရ)။ သားသည် အဘ၏ အမွေကို ခံစား ခွင့်ရှိ သကဲ့သို့ သင်သည် ဘုရား သခင်၏သား ဖြစ်လျှင် ဘုရားသခင်၏ အမွေ တည်းဟူသော ကောင်းကင်နိင်ငံဝင် စားရသော အခွင့်ကိုလည်း ရရှိမည်။ 
 
ဆုတောင်းခြင်းဖြင့်

ဘုရားသခင်၏သား ဖြစ်ဘို့ရန် ခရစ်တော်ကို လက်ခံဘို့ လိုကြောင်း သိရပြီ။ ခရစ်တော်ကို ဆုတောင်းခြင်းဖြင့် လက်ခံနိင်သည်။ ဤသို့ ဆုတောင်း နိင်သည်။ ထာဝရဘုရားသခင်၊ ​ကျွန်ပ်သည် စာတန်သား ဖြစ်ကြောင်း ဝန်ခံပါ၏။ စာတန်သား ဖြစ်သောကြောင့် ငရဲမီးအိုင် ဆင်းရမည် ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် ​ကျွန်ပ်ကို ချစ်လွန်းသောကြောင့်သားတော်ကို ဤလောကသို့ စေလွှတ်ခဲ့ ပြီ။ သားတော်ကို ယုံကြည် လက်ခံသောသူသည် ကိုယ်တော်၏သား ဖြစ်ရသော အခွင့်ပေးသည်ဟု ကိုယ်တော် ပြောပါ၏။ ယခုသားတော်ကို လက်ခံပါ၏။ ခရစ်တော် ဘုရား၊ ​ကျွန်ပ်စိတ်နှလုံးတံခါးဖွင့်ပေးပါ၏။ ဝင်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို ကိုယ်တော် ထံအပ်နှံပါ၏။ အလိုတော် ရှိသည့်အတိုင်း အုပ်စိုးတော်မူပါ။ အာမင်။ 

အထက်ပါ ကဲ့သို့ ခရစ်တော်ကို စိတ်နှလုံးအထဲ၌ ခေါ်ဘိတ်လျှင် ခရစ်တော်သည် သင်၏ စိတ်နှလုံးအထဲ၌ ဝင်၍ သင်၏ အသက်တာကို အုပ်စိုးမည်။ ဘုရားသခင်၏ သားသမီး ဖြစ်ကြောင်း ကိုလည်း သိစေမည် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ကသိ ရှိ နားလည်နိင်သော အခွင့်ပေးပါစေ။ 
 
ကျမ်းစာဖတ်ကြစိုU
၁ ပေတရု ၂

၁-၃။ ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့်ကြီး ပွား မည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိ ကြလော့။ 

မြည်းစမ်းခြင်းသည် တကယ် စားရပြီ မဟုတ်သေးချေ။ သို့သော် အရသာသိ ပြီ ဖြစ်သောကြောင့် ကိုယ်စားရမည်အရာကို သိနေပြီ။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် အဆင့်ဆင့်ရှိသည်။ အပြစ် စီရင်ခြင်းမှ ကယ်တင်ပြီး ပြီ။ အပြစ်လောကကြီး အထဲမှနေ့တိုင်း ကယ်တင်နေသည်။ အပြစ်လောက ကြီးမှ ချီဆောင်ခြင်း၌ ကယ်တင်ရဦးမည်။ ဝိညာဉ်ပိုင်းဒုတိယ မွေးဘွားသောအခါ အပြစ် စီရင်ခြင်းမှ ကယ်တင်ခြင်း ခံရ သောကြောင့် အလွန် ဝမ်းမြောက် ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်၊ မေတ္တာ တော်၊ ကောင်းမြတ်ခြင်းများကို မြည်းစမ်း သောကြောင့် ဝမ်းမြောက် ကြသည်။ ဝိညာဉ် မျက်စိပွင့် လာသောအခါ အမြင် တမျိုး ဖြစ်သွားသည်၊ ခံစားချက် ပြောင်းလဲလာ၍ အကြိုက်လည်း ပြောင်းလဲလာသည်။ သိုသော်ထိုအရာများသည် အပြည့်အဝ မဟုတ် သေး၊ မြည်းစမ်းရုံသာရှိသေးသည်။ 

ထိုသို့ ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်းစမ်းပြီး သောကြောင့် အပြည့် အဝခံစားရမည့် ကျေးဇူးတော်ကို မြော်လင့်ခြင်းဖြင့် ဤလောကနှင့် သက်ဆိုင်သောအရာကို မစွဲလန်းသင့်ချေ။ မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ ရဲ့ခြင်းရှိသမျှတို့သည် အပြစ်လောက၊ ယခုဘဝ နှင့်သာသက်ဆိုင်သည်။ နောင် ဘဝ ကောင်းကင်နိင်ငံ၌ ကျေးဇူးတော်နှင့် ကယ်တင်ခြင်းကို အပြည့်ခံစား မည့်သူက ဤဘဝကို ဂရုမစိုက်သင့်တော့ချေ။ 

ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည် အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ် ရှိကြလော့။ ကယ်တင်ခြင်း အလိုငှါဟု ရေးထားသောကြောင့် ကယ်တင်ခြင်းသည် လူ့အပိုင်းမှလုပ်မည်ဟု ယူဆနိင်သည်။ ဤ ကယ်တင်ခြင်းသည် ခရစ်ယာန် အသက်တာ၌ နေ့တိုင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆိုလိုသည်။ နေ့တိုင်း စာတန်က ယုံကြည်သူကို တိုက်ခိုက် နေသည်။ ထိုစာတန် လက်ထဲမှ ကယ်တင် နိင်ရန် ယုံကြည်သူသည် နှုတ်ကပတ်တော်ကို ဘွားစ ခလေး ကဲ့သို့ အလွန် လိုချင်သော စိတ်ရှိရမည်။ ယုံကြည် ခါစ ဝိညာဉ် ခလေး တိုင်း မိမိတို့ ကြိုးစား မှု၊ အသိ ဥာဏ်၊ တက်ကြွမှု၊ သတိထားမှုများအားဖြင့် စာတန်၏ လှည့်စားမှုကို အောင်မြင် နိင်မည်ဟု ယူဆတတ်ကြသည်။ စာတန်ကို ဇာတိလက်နက်အားဖြင့် မအောင်မြင် နိင်ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်။ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ ၁၂ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက် လှန်ရကြ၏။ ၁၃ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတား နိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ (ဧဖက် ၆:၁၁-၁၃) 

ထိုလက်နက်များသည် ​ခြောက်မျိုး ဖြစ်၍ နောက်ဆုံး ဖေါ်ပြသော လက် နက်သည် ဝိညာဉ်တော်၏ ဒါး တည်းဟူသော နှုတ်ကပတ်တော် ဖြစ်သည်။ ထိုနှုတ် ကပတ်တော်ကို အလွန် လိုချင်မှ စာတန်ကို တိုက်ခိုက် အောင်မြင် နိင်မည် ဖြစ်သည်။ 
 
၄-၅။ လူတို့ ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော အသက် ကျောက် မြတ် တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ ၅ အသက် ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက်လျက် ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်း ဖြစ်ကြ၏။ 

လူတို့ ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော အသက် ကျောက် မြတ် တည်းဟူသော ထိုသခင်သည် သခင် ခရစ်တော် ပင် ဖြစ်သည်။ သခင် ခရစ်တော်ကို ယုဒလူများ ကပယ်ထား၍ ကွပ်မျက်ခဲ့ ကြသည်။ သို့သော် ထိုကျောက်ကို ဘုရားသခင်က ရွေးချယ်ထားသည်။ ဆာလံဆရာက ကြိုတင် ဤသို့ ရေးထားခဲ့သည် -တိုက်ကို တည်လုပ်သောသူများကို ပယ်ထားသော ကျောက်သည် နောက် တဖန် တိုက်ထောင့်အထွဋ္ဋ်ဖျားသို့ ရောက်ပြန်၏၊၊ ၂၃ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏၊ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ် ဖြစ်၏၊၊ (ဆာ ၁၁၈ ; ၂၂-၂၃) ထိုအရာကို ရှင်ပေတရုက ဤသို့ကိုးကား၍ ဣသရေလ ခေါင်းဆောင်များကို အပြစ်တင်ခဲ့သည် -ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့်အထွဋ္ဋ်ဖျားသို့ ရောက်ပြန်သော ကျောက် ဖြစ်တော်မူ၏။ (တ ၄:၁၁)။ အဘယ်ကြောင့် ခရစ်တော်ကို ကျောက်ဟု ခိုင်းနှိုင်းသနည်းဟူမူကား ကျောက်သည် ခိုင်ခံ့သည်။ ပယ်ထားသော ကျောက်ဆိုသည်မှာ၊ ပန်ရံဆရာများ ကကျောက်တိုက်ဆောက်သောအခါ အချို့ကျောက်များကို အချိုးအစားမကိုက်သောကြောင့် ပယ်ထားတတ်သည်။ သို့သော် ထိုပယ်ထားသော ကျောက်များကို ပြန်ကောက်၍ အထွဌ်အထိ ပ်၌ ပြန် အသုံးပြုတတ်သည်။ ထိုနည်းတူ လူများ ပယ်ထားသော ကျောက် တည်းဟူသော ခရစ်တော်ကို ဘုရားသခင်က အသင်းတော်၏ အထွဌ်အဖျား၌ ပြန် အသုံးပြုသည်။ 

ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ ၅ အသက် ကျောက်များ ကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက်လျက် ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏။ ယုံကြည်သူများသည် သခင်ယေရှုထံသို့ ရောက်သဖြင့် အသက် ကျောက်များ ဖြစ်ကြသည်။ အသက်ကျောက်ဆိုသည်မှာ အသက်ရှင်သော ကျောက် ဟုဆိုလိုသည်။ ခရစ်တော်သည် အသက် ကျောက်ဆောင်ကြီး (ဏနအမယေ ူမေါန မသခု) ဖြစ်၍ ယုံကြည်သူများသည် အသက် ကျောက်ငယ် (ဏနအမသျယ ​ေ ျအသညန) များဖြစ် ကြသည်။ ဓမ္မတိုက်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ သို့မဟုတ် အသင်းတော် ဖြစ်သည်။ ထိုကြောင့် အသက်ရှင်သော ယုံကြည်သူများသည် ထိုဓမ္မတိုက် တည်းဟူသော ခရစ်တော်၏ ကိုယ်ခန္ဓာ၊ အသင်းတော်၌ ပါဝင် ကြသည်။ 
 
၆။ ထိုသို့နှင့် အညီကျမ်းစာ လာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်း မရှိနိုင်ရာဟု လာသတည်း။ 

ဤကျမ်းပိုဒ်သည် ဟေရှာယက ဤကဲ့သို့ ဟောဘူးသည် အရှင်ထာဝရဘုရားကစုံစမ်းသော အမြစ်ကျောက်တည်း ဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏၊၊ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသော အကြောင်း မရှိ၊၊ (ဟေရှာ ၂၈:၁၆) ဇိအုန် တောင်သည် ယေရုရှလင်မြို့တည်ရှိသော တောင် ဖြစ်သည်။ ဟေရှာယကစုံစမ်းသော အမြစ်ကျောက် ဟုဆို၍ ပေတရုကရွေးချယ်သော တိုက်ထောင့်အမြစ် ကျောက်ဟု ခေါ်သည်။ ထိုကျောက်သည် သခင်ယေရှုကို ဆိုလိုသည်။ သခင်ယေရှုသည် ယေရုရှလင်မြို့၌ သွားလာဟောပြောသောအခါ ဣသယေလလူမျိုးများအတွက် စုံစမ်းသော အမြစ်ကျောက် ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် ခရစ်တော်ကို တွေ့မြင်ရသောအခါ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူလောဟု စုံစမ်းခြင်း ခံခြင်း ဖြစ်သည်။ ထိုကျောက် တည်းဟူသော ခရစ်တော်ကို လက်ခံပါက သူတို့သည် ပြေးရခြင်း အကြောင်း မရှိဟု ဟေရှာယကဆိုသည်။ ဆိုလိုသည်မှာ ခရစ်တော်ကို လက်ခံပါက သူတို့သည် စစ်ပြေးရခြင်း အကြောင်း မရှိ ဟုဆိုသည်။ ထိုကျောက်ကို သူတို့ ငြင်းပယ်၍ လက်ဝါးကပ်တိုင်၌ ရိုက်သတ်ခဲ့ကြသောကြောင့် ထိုသို့ ရိုက်သတ်ပြီး နှစ်ပေါင်းလေးဆယ်ကြာသောအခါ သူတို့လည်းရောမ စစ်သားများကြောင့် များစွာ သေကျေ၍ ထွက်ပြေးရ ကြသည်။ ရှင်ပေတရုရေး ထားသည့်အတိုင်း ထိုကျောက်ကို ပယ်သောကြောင့် ရှက်ကြောက်ခဲ့ရ ကြသည်။ ယနေ့ တွင်လည်း ခရစ်တော်ကို ယုံကြည်ပါက ရှက်ကြောက်စရာ ရှိမည် မဟုတ်။ ဘုရားသခင်က ကွယ်ကာမစသောအားဖြင့် လုံခြုံမှု ရရှိမည် ဖြစ်သည်။ သို့သော် ခရစ်တော်ကြောင့် ဆင်းရဲ ဒုက္ခနှင့် ဍှင်းဆဲနှိပ်စက်ခြင်း ခံရပါက မာတုရသရဖူရှိဘို့ အတွက် ဖြစ်သောကြောင့် သည်း ခံစရာ ကောင်းသည်။ 
 
ရ။ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူတို့၌ ကား၊ တိုက်ကို တည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ္ဋ်အဖျားသို့ ရောက်ပြန်၏။ 

ယုံကြည်သောသူများအတွက် ခရစ်တော်သည် ဘုန်းအသရေ ဖြစ်သည်။ နားမထောင်မယုံကြည်သောသူများ၌ ကား ခရစ်တော်သည် တိုက်ကို တည်လုပ်သောသူများ ပယ်ထားသော ကျောက် ဖြစ်သော်လည်း နောက်တဖန် တိုက်ထောင့် အထွဋ္ဋ်အဖျားသို့ ရောက်ပြန်၏ ဟုဆိုသည်။ ထိုအရာကို ဆာလံဆရာက ဤသို့ ရေးသား ခဲ့ပြီ။ တိုက်ကို တည်လုပ်သောသူများကို ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ္ဋ်ဖျားသို့ ရောက်ပြန်၏၊၊ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏၊ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ် ဖြစ်၏၊၊ (ဆာ ၁၁၈:၂၂-၂၃)။ ဤကျမ်းပိုဒ်ကို ခရစ်တော် ကိုယ်တိုင်က ဤသို့ ပြောဆို ခဲ့သည်။ ၄၂ ယေရှုကလည်း၊ တိုက်ကို တည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွÉ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ် ဖြစ်၏ ဟူသော စကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။ (မ ၂၁:၄၂) ထိုကျောက်ကို ပယ်သောသူများသည် ဣသရေလ ခေါင်းဆောင်များဖြစ်ကြောင်း ရှင်ပေတရုက ဤကဲ့သို့ အတိအလင်းပြောသွားခဲ့သည် -ထိုအခါ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျက်၊ လူများကို အစိုးရသော မင်းတို့နှင့် ဣသရေလ အမျိုးအကြီး အကဲတို့၊ အင်္ဂါချို့တဲ့သော သူတို့ ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ် သနည်းဟု ငါတို့သည် ယနေ့ အစစ်ခံရလျှင်၊ သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှ ထမြောက် စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့ မျက်မှောက်၌ ကျန်းမာလျက် ရှိသည်ကို သင်တို့ မှစ၍ ဣသရေလ ူ အပေါင်းတို့ သိမှတ်ကြလော့။ ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့်အထွဋ္ဋ်ဖျားသို့ ရောက်ပြန်သော ကျောက် ဖြစ်တော်မူ၏။ (တ ၄:၈-၁၁) 

ခရစ်တော် တည်းဟူသော ကျောက်သည် ဣသရေလ ခေါင်းဆောင်များကပယ်ထား၍ သတ်သော်လည်း ဘုရားသခင်က တိုက်ထောင့်အထွဋ္ဋ်ဖျားသို့ အသုံးပြုချီးမြှောက်ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်-ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့ နာ မကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ၁၁ ယေရှုခရစ်သည် သခင် ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်း တည်း။ (ဖိလိ ၂:၉-၁၁)။ 
 ယုံကြည်သူများ၊ ခေါင်းဆောင် များလည်း အသင်းတော်၌ ဖြစ်စေ၊ အဖွဲ့အစည်း၌ ဖြစ်စေပယ်ထားခြင်း ခံရလျှင် စိတ်မပျက်ဘို့၊ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို စောင့်တတ်ဘို့ လိုအပ်သည်။ ယောသပ်လည်း အကိုများကပယ်ထားသော်လည်း သူတို့ သခင်အဖြစ်သို့ ဘုရားသခင်က ထိုက်ထိုက်တန်တန်ချီးမြှောက် ခဲ့သည်။ ဒါဝိဒ်လည်း ရှောလုဘုရင်ကပယ်ထားသောလည်း ဘုရားသခင်က ချီးမြှောက်ခဲ့သည်။ ထိုကြောင့် ပယ်ခြင်း ခံသောသူများ အနေဖြင့် ကျေးဇူးတော် ချီးမွမ်းကာ ဘုရားသခင်၏ အချိန်ကို စောင့်ဘို့ လိုသည်။ 
 
၈။ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသော သူတို့သည် ထိ မိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာ ကျောက်လည်း ဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထို သူတို့ကို ခန့်ထားတော်မူ သတည်း။ 

များစွာသောသူများသည် နှုတ်ကပတ်တော်ကို ကြားသော်လည်း နားမထောင်မယုံကြည် ကြသောကြောင့် ခရစ်တော်သည် ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာ ကျောက် ဖြစ်သည် ဟုဆိုသည်။ ထိုသူများသည် ခရစ်တော် အကြောင်း ပြောသောအခါ ထိမိ၍ လဲကြသည် ဟုဆိုသည်။ ဆိုလိုသည်မှာ ခရစ်တော် အကြောင်း ပြောသောအခါ စိတ်ဆိုးကြ၊ ငြင်းပယ် ကြသည်။ ထိုကြောင့် သူတို့အတွက် ခရစ်တော်သည် မှားယွင်းစရာ ကျောက် ဖြစ်သည်။ မယုံကြည်သူများအတွက် ခရစ်တော်သည် အပြစ် ပြုလုပ်ဘို့ ရာ၊ အပြစ်တင်စရာ ဖြစ်ဘို့ရာ လူဖြစ်သည်။ 

၉။ သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။ 

ယုံကြည်သူများသည် အထက်ကမ ယုံကြည်သူများနှင့် မတူ၊ ကြချေ။ ယုံ ကြည် သူများသည် ဝိညာဉ်ပိုင်းအမှောင်ထဲမှအလင်းသို့ ခေါ်သွင်းတော်မူသောသူ တည်းဟူသော အဘ ဘုရားသခင်၏ ဂုဏ်ကျေးဇူးများကို ဘော်ပြခြင်း ငါရွေး ချယ်သော အမျိုး ဖြစ်သည် ဟုဆိုသည်။ ထိုကြောင့် ယုံကြည်သူများသည် မိမိတို့ အသက်တာ တည်းဟူသော အပြောအဆို၊ အပြု အမူ၊အားဖြင့် ဘုရား ဘုန်းထင်ရှားစေဘို့ လိုအပ်သည်။ မိတ်ဆွေ၏ အသက်တာသည် ဘုရား ဘုန်းထင်ရှားစေ သလော၊ သို့မဟုတ် ဘုရား ဘုန်းရှုတ်ချစရာ ဖြစ်စေသလော။ ထိုအရာသည် တ ရက်သာလျှင် မဟုတ်၊ နေ့တိုင်း ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှမိမိ အသက်တာကို စစ်ဆေးဘို့ လိုသည်။ အရက်သေစာများ စားသောက်ခြင်း၊ မူးယစ်ဆေး ဝါးများ သုံးခြင်း၊ မသင့်တော်သော အဝတ်အစားများ ဝတ်ခြင်း၊ ယုံကြည်သူများမသွားသင့်သော နေရာ၌ သွားခြင်း၊ နားမထောင်သင့်သော သီချင်းများ နားထောင်ခြင်း၊ မပြောသင့်သော စကားများပြောဆိုခြင်းဖြင့် ဘုရား ဘုန်းတော် ရှုတ်ချစရာ ဖြစ်စေသည်။ ထို့ကြောင့်အချိန် တိုင်း ဘုရားသခင်၏ ဝိညာဉ်တော် ဦးဆောင်ခြင်း ဖြစ်အသက်ရှင်သင့်သည်။ 

မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။ ယခင်ဓမ္မဟောင်းခေတ်၌ ယဇ်ပုရောဟိတ် များသည် သာမန် ဣသရေလ လူများထက် အဆင့်မြင့်သည်။ ဘုရား အမှုတော် သာလျှင် ဆောင်ရွက်၍ ဘုရားတရား၌ အသက်ရှင် ကြသည်။ ယဇ်ပုရောဟိတ် များသည် လူနှင့် ဘုရား အကြား၌ ပေါင်းကူးပေးသောသူများ ဖြစ်ကြသည်။ ထိုကြောင့် ဘုရားသခင်က မင်းစည်းစိမ်ခံစား စေသည်။ လူများက ဘုရားသခင် ထံလှူသော အရာများ ထဲမှ ဘုရားသခင်က ယဇ်ပုရောဟိတ်များကို ခံစား ခွင့်ပေးသည်။ 

ထိုနည်းတူ ယနေ့ ယုံကြည်သူများလည်း ဘုရားနှင့် လူများ အကြား ပေါင်း ကူးပေးသောသူများ၊ ဘုရား အကြောင်းကို လူများအား သင်ပေးမည့်သူများ၊ လူများကိုယ်စား ဆုတောင်း ပေးမည့် ယဇ်ပုရောဟိတ် ရာထူးကို ပေးထားသည်။ ထိုယဇ်ပုရောဟိတ် အလုပ်ကို ယုံကြည်သူတိုင်း လုပ်ကြပြီလော။ ယဇ်ပုရောဟိတ် ကောင်းကြီးကို ခံစားလိုသော်လည်း ယဇ်ပုရောဟိတ် အလုပ်ကို မလုပ်လျှင် မတ ရားချေ။ 
 
၁၀။ အထက်က အပေါင်းအသင်း မဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအ သင်း ဖြစ်ကြ၏။ ကရုဏာကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင် ခံရကြ၏။ 

ယုံကြည်သူများသည် ယခင်၌ ဘုရားသခင်နှင့် အလွန် ဝေး၍ ဘာမျှမသက် ဆိုင်ချေ။ သို့သော် ယခုအခါ ကျေးဇူးတော် သက်သက်ကြောင့် ဘုရားသခင် ခရစ်တော်အားဖြင့် သက်ဆိုင်စေသည်။ ချွေးမများသည် ယောက္ခမများနှင့် ဘာမှ မပတ်သက်ခဲ့သော်လည်း သားနှင့် လက်ထပ်သောအခါ သက်ဆိုင်လာ၍ မိသားစုအထဲ၌ အတွင်း လူဖြစ်လာ သကဲ့သို့ ယုံကြည်သူများလည်း ဘုရားနှင့် မပတ်သက်သော အပြစ်သားများဖြစ်ခဲ့သော်လည်း ခရစ်တော်နှင့် လက်ထပ်မည့် သတို့သမီး လောင်းများ ဖြစ်သောကြောင့် ဘုရားသခင်၏ မိသားစုအဝင်အတွင်း လူများ ဖြစ်လာ ကြသည်။ ထို့ကြောင့် ယခင်၌ ကရုဏာကျေးဇူးတော်ကို မခံစား ခဲ့သော်လည်း ယခုအခါ ကရုဏာတော်ကို ခံစားလာ ကြသည်။ 
 
၁၁။ ချစ် သူတို့၊ ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည် အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။ 

ယုံကြည်သူများကို တမန်တော်ကြီး ကချစ် သူတို့ဟု ခေါ်သည်။ အကြောင်းမှာ ယုံကြည်သူများသည် အချင်းချင်းချစ် ကြသည်။ ထို့ကြောင့် စစ်မှန်သော ယုံ ကြည် သူများသည် ချစ်ခင် ကြသည်။ ယုံကြည်သူများသည် နေ့တိုင်း စစ်တိုက်နေ ကြသည်။ အကြောင်းမှာ ယုံကြည်သူများသည် ဝိညာဉ်ပိုင်းအသက်ရှင် လာသောအခါ ကိုယ်ကာယတပ်မက်ခြင်းနှင့် စစ် ဖြစ်နေရသည်။ ထိုအရာကို သိသောသူသည် ကိုယ်ကာယအလိုမလိုက်ဘဲ ဝိညာဉ် အလိုလိုက်ဘို့ လိုသည်။ ကိုယ်ကာယ အလိုသည် လှစ်လှူိရှုရုံနှင့် မရ၊ စစ်တိုက်ဘို့ လိုသည် ဟုဆိုသည်။ စစ်တိုက်ခြင်းသည် မလွယ်ကူပေ။ ထိခိုက်ဒဏ်ရာရနိင်သည်။ ထိုကြောင့် ယုံကြည်သူများသည် နေ့တိုင်း စစ်တိုက်ဘို့ လိုသည်။ 

ဧည့်သည် အာဂန္တုကဲ့သို့သော သင်တို့ကို ယုံကြည်သူများသည် ကောင်းကင်နိင်ငံသားများဖြစ်ကြပြီ ဖြစ်သောကြောင့် (ဖိလိ ၃:၂၀)၊ ဤလောက၌ ဧည့်သည် အာဂန္တုများ ဖြစ်ကြသည်။ ဧည့်သည်သည် ဧည့်သည် ကဲ့သို့ နေသင့်သည်။ ဧည့်သည် ဖြစ်လျှင် ဧည့်ခန်း၌ သာထိုင်နေရသည်။ ဧည့်သည်သည် ဗိုက်ဆာလျှင် လည်းသည်း ခံရသည်၊ အိမ်ရှင်ကဲ့သို့ စိတ်တိုခြင်း၊ ကျီးများခြင်း မပြုလုပ် တတ်ချေ။ ဧည့်သည် အလိုဆန္ဒကို ချုပ်တီးတတ်သည်။ ထိုသို့ ချုပ်တီးခြင်းသည် မခက်ချေ။ ထို့ကြောင့် ယုံကြည်သူများသည် ဤလောက၌ ဧည့်သည် ဖြစ်ကြောင်း သိ၍ ဧည့်သည် ကဲ့သို့ နေထိုင်သင့်သည်။ ဧည့်သည် မှန်းလည်း မသိ၊ မိမိကိုယ်ကာယ တပ်မက်ခြင်း အတိုင်း အသက်ရှင်ပါက ပြသနာ ဒုက္ခ ရောက်သည်သာမက၊ ဘုရားသခင်၏ ဆုံးမခြင်း ကိုလည်း ခံရမည် ဖြစ်သည်။ 
 
၁၂။ သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည် အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသော အကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။ 


သာသနာပလူတို့က ယုံကြည်သူများကို ကဲ့ရဲ့ပြစ်တင်တတ်ကြသည်။ ထိုသို့ ပြစ်တင်မည့် အကြောင်းကို သခင်ယေရှုက တမန်တော်တို့အား ကြိုတင် ဤသို့ ပြောထားခဲ့ပြီ-တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ် သကဲ့သို့ သင်တို့ကို ငါ စေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျှက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျှက် ရှိကြလော့။ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ် နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထို သူတို့ မှစ၍ တပါးအမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။ (မ ၁၀:၁၆-၁၈) 
 
၁၃။ သခင်ဘုရား၏ မျက်နှာတော်ကို ထောက်လျက်၊ အထွဋ္ဋ်အမြတ် တည်းဟူသော ရှင်ဘုရင် ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်း ငှါ၎င်း၊ လူကောင်းတို့ကို ချီး မွမ်းစေခြင်း ငှါ၎င်း၊ ၁၄ရှင်ဘုရင်ခန့်ထားသော ဝန်မင်း ဖြစ်စေ၊ လူတို့တွင် စီရင်ခန့် ထားသမျှသော မင်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ 

ယုံကြည်သူများသည်လောကီမင်းများ၊ အုပ်စိုး သူများ၏ အုပ်စိုးခြင်းကို ဝန်ခံရမည် ဟုဆိုသည်။ ထိုအုပ်စိုး သူများသည် ဘုရားသခင်၏ အလိုတော်အတိုင်း မအုပ်ချုပ်နိင်သော်လည်း၊ ဘုရား ခွင့်ပြုချက်မပါဘဲ မအုပ်ချုပ်နိင်ချေ။ ထိုကြောင့် သူတို့၏ အုပ်စိုးခြင်းကို ဝန်ခံခြင်းသည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ဝန်ခံသည့် သဘော ဖြစ်သည်။ သို့သော် ဘုရားသခင် ယုံကြည်ခြင်းကို ဟန့်တားလာလျှင်လော ကီမင်းများထက် ဘုရားသခင်၏ စကားကိုသာ နားထောင်ဘို့ လိုသည်။ ရှေးဦးယုံ ကြည် သူများ ဍှင်းဆဲနှိပ်စက်သတ်ဖြတ်ခံကြရခြင်းသည် သူတို့၏ ယုံကြည်ခြင်းကို ထိပါးလာသောကြောင့် ဖြစ်သည်။ 
 
၁၅။ အကြောင်း မူူကား၊ သင်တို့သည် ကောင်းသော အကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော် ရှိ၏။ 

ယုံကြည်သူများကောင်းသော အကျင့်ကျင့်မှမ ယုံကြည်သူများနှင့် ကွာ ခြားမည်။ ဇာတိကို ဇာတိနှင့် တုန့်ပြန်လျှင် အကျိုးမရှိသည်သာမက၊ ဘုရား၏ ဘုန်းတော်လည်း မထင်ရှားနိင်ချေ။ 
 
၁၆။ လူလွတ် ဖြစ်သော်လည်း လွတ်ခြင်း အကြောင်းဖြင့် မကောင်းသော အမှုတို့ကို ဖုံုးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ​ကျွန်ကဲ့သို့ ကျင့် နေကြလော့။ 

ယုံကြည်သူများသည် ခရစ်တော်၏ ကယ်တင်ခြင်းကြောင့် လူလွတ်များဖြစ်လာ ကြသည်။ သို့သော် လူလွတ် ဖြစ်ခြင်းသည် မိမိကြိုက်နှစ်သက် သကဲ့သို့ ကျင့်ဘို့ရန် မဟုတ်။ ဘုရားသခင်၏ ​ကျွန်ကဲ့သို့ ကျင့်ဘို့ လိုသည်။ ဘုရားသခင် 
၏ ​ကျွန်သည် ဘုရား အလိုရှိသော အရာများကိုသာ လုပ်ရမည်။ 
 
၁ရ။ ခပ်သိမ်းသော သူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။ 

ခပ်သိမ်းသောသူသည် မယုံကြည်သူများလည်း ပါဝင်သည်။ လူတိုင်းကို ရိုသေခြင်းအားဖြင့် သူတို့ကို ဧဝံဂေလိ တရားဟောနိင်သည်။ သူတပါးကို အထင်သေးခြင်းအားဖြင့် ရှုံးဆုံးခြင်း သာလျှင် ဖြစ်စေသည်။ ခပ်သိမ်းသောသူများကို ရိုသေသောအခါ သူတို့ လုပ်သော မကောင်းသော အကျင့်များကို လိုက်ကျင့်ဘို့ မဟုတ်ကြောင်း သတိထားရမည်။ ညီအစ်ကို များသည် ယုံကြည်သူများဖြစ်သည်။ ခရစ်တော် ယ တပည့်တော် ဖြစ်ခြင်း၏ လက္ခဏာ တခုမှာ အချင်းချင်းချစ်ခြင်း မေတ္တာထားခြင်း ဖြစ်သည်။ ခရစ်တော် က-သင်တို့သည် အချင်းချင်းချစ် ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ (ယော ၁၃:၃၅)။ 

ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ပညာ၏ အချုပ်အခြာ ဖြစ်သည်ဟု ရှော လမုန်မင်းကဆိုခဲ့သည် (သု ၁:ရ)။ အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို မလိုက်နိင်ကြသနည်းဟူမူကား ဘုရားသခင်ကို မကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ အာဗြံဟံသည် ဘုရားသခင်ကို ကြောက်ရွံ့သောအခါ သူ့သား၊ တဦးတည်းသော သားကို ပူဇော်နိင်သည်။ 

ထိုအခါ၊ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင် ပေါ်ကခေါ်လေ၏။ အာဗြဟံက၊ အ​ကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊ ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်း မပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက် ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏ သား၊ သင်၌ တယောက် တည်းသော သားကို ငါတောင်း၍၊ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ၏။ (က ၂၂:၁၁-၁၂) ယောသပ်သည်လည်း အပြစ် သွေးဆောင်ရာသို့ မလိုက်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ယောသပ်ကသူ့သခင်မထံတွင် သို့ဖြစ်လျှင် အပြစ် ကြီးသော ဤအမှုကို ​ကျွန်တော် ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်းဟု သခင်၏ မယားကို ငြင်း၍ ပြန်ဆို၏။ (က ၃၉:၉)။ ယနေ့ ယုံ ကြည် သူများ အဘယ်ကြောင့်အပြစ် ကျူးလွန် နေကြသနည်းဟူမူကား၊ ဘုရားသခင်ကို မကြောက်ရွံ့ကြခြင်းကြောင့် ဖြစ်သည်။ 

ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။ အဘယ်ကြောင့်ရှင်ဘုရင်များကို ရိုသေဘို့ လိုသနည်းဟူမူကား ဘုရားသခင်က လူများကို အုပ်စိုးဘို့ရန် ခန့်ထားသောကြောင့် ဖြစ်သည်။ ရှင်ပေါလုက-အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်း ဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာ ဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သ တည်း။ ထိုကြောင့် မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူ ရာကို ဆန်သောသူ ဖြစ်၏။ ထိုသို့ ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။ ဟုဆိုသည် (ရော ၁၃:၁-၂)။ 
 
၁၈။ အစေခံငယ်သားတို့၊ အလွန် ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ် စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည် စိတ်ကောင်း၍ ​ဖြေးညှင်းသော သဘော ရှိသည် ဖြစ်စေ၊ ကြမ်းတမ်းသော သဘော ရှိသည် ဖြစ်စေဝန်ခံကြလော့။ 

ကိုယ်အထက် သခင်များသည်စိတ်သဘော ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့၏ အုပ်စိုးခြင်း ဝန်ခံဘို့ရန် ပြောထားသည်။ သဘော ကောင်းသော သခင်၏ အုပ်စိုးခြင်း ဝန်ခံဘို့ရန် လွယ်ကူသော်လည်း သဘော မကောင်းသော သခင်၏ အုပ်စိုးခြင်း ဝန်ခံဘို့ အလွန် ခက်ပေလိမ့်မည်။ သို့သော် သန့်ရှင်းသော ဝိ ညာဉ်တော်၏ အုပ်စိုးခြင်း ခံသောသူအတွက် ဖြစ်လျှင် ခက်ခဲမှု မရှိချေ။ အကြောင်းမူကား ဝိညာဉ်တော် ကအုပ်စိုးလျှင် ခံပြင်းစိတ်မရှိ၊ ဝန်ခံခြင်း သဘောသည် အလွန်လွယ်သည်။ 
 
၁၉။ အကြောင်းမူကား၊ ဘုရားသခင်၏ မျက်နှာတော်ကို ထောက်၍၊ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာ ခံရလျှင် ကျေးဇူးရှိ၏။ 

အဘယ်ကြောင့် ဘုရားသခင်၏ မျက်နှာတော်ကို ထောက်၍ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာ ခံရလျှင် ကျေးဇူးရှိသနည်း။ အကြောင်းမှာ သခင်ဘုရားကသူ့အတွက် ခံရသောသူများကို ဂရုစိုက်သည်၊ နောက်ဆုံး၌ ဆုချမည် ဖြစ်သည်။ သို့သော် ထိုအရာများထက် ကောင်းသော အ​ဖြေမှာ၊ ဘုရားသခင်သည်  ယုံကြည်သူ အတွက် တပါးတည်းသော သားတော်ကို စွန့်ခဲ့ပြီ။ လိုအပ်သော အရာများကိုလည်း ကောင်းကြီး ပေးခဲ့သည်။ သားတော်သည်လည်း မိမိအသက်ကို စွန့်၍ ယုံကြည်သူကို အပြစ် ငရဲမှ ကယ်တင်ခဲ့ပြီ။ ဘုရားသခင်၏ အပြစ် စီရင်ခြင်းမှ ကယ်နှုတ်ခဲ့ပြီ။ ထို့ကြောင့် ဘုရားသခင် အတွက် ခံခြင်းသည် သိတတ်သော  ယုံကြည်သူ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ခြင်း၊ ဖြစ်၍ အခွင့်ကောင်း ဖြစ်သည်။ 
 
၂၀။ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်း ခံလျှင်၊ အဘယ်ချီးမွမ်းစရာ ရှိသနည်း။ ကောင်းမွန်စွာ ပြု၍ ဆင်းရဲ ခံရသောအခါ သည်း ခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။ 

ကိုယ်အပြစ်ကြောင့် ပြစ်ဒဏ်ခံသောအခါ သည်း ခံခြင်းသည် ချီးမွမ်းစရာ မရှိ။ အကြောင်းမှာ ခံထိုက်၍ ခံခြင်း ဖြစ်သည်။ သို့သော် ကောင်းမွန်စွာ ပြု၍၊ အပြစ် မရှိပါဘဲလျက်နှင့် ဆင်းရဲ ခံသောအခါ သည်း ခံလျှင် ဘုရားသခင် ရှေ့တော်၌ ကျေးဇူးရှိသည် ဟုဆိုသည်။ ထို့ကြောင့် ယခုမှစ၍ အကောင်းပြုသော်လည်း အပြစ်တင်ခံရလျှင် ဝမ်းမြောက် စွာသည်း ခံကြစို့။ ဘုရားသခင် အထံတော် မှသနားခြင်း၊ မစခြင်း ခံရမည် ဖြစ်သည်။ မယုံကြည်သူများမူကား ဘုရားသခင်ထံမှ နှစ်သိမ့်ခြင်း၊ ဆုချခြင်း ခံမည့် အရာမရှိသောကြောင့် သူတပါး၏ အပြစ်တင်ခြင်းကို မခံနိင်ကြချေ။ 
 
၂၁။ အကြောင်းမူကား၊ ထိုသို့ အလိုငှါ သင်တို့ကို ခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည် ဖြစ်၍ ​ခြေတော် ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ။ 

ထိုသို့ အလိုငှါ သင်တို့ကို ခေါ်တော်မူပြီ၊ ယုံကြည်သူများသည် အကောင်း ပြုသော်လည်း အပြစ်တင်ခြင်း၊ ဍှင်းဆဲနှိပ်စက်ခြင်း ခံ၍ သည်း ခံဘို့ရန် ခေါ်တော်မူပြီ ဟုဆိုသည်။ ထိုအရာသည် ဇာတိ၏ အလို လုံးဝ မဟုတ်ချေ။ ဇာတိသည် မဟုတ် မခံ ဖြစ်သည်။ သို့သော် ဝိညာဉ် အလိုသည် ဍှင်းဆဲခံသောအခါ ကောင်းကြီး ပေးရမည်။ 
 
၂၂။ ထိုသခင်သည် ဒုစရိုက်ကို မပြူ။ နှုတ်တော်၌လည်း မုသာကို ရှာမတွေ့။ 

ခရစ်တော်သည်လောက၌ အသက်ရှင်ဒုစရိုက်အပြစ် မပြုလုပ်ဟု ဤ ကျမ်းပိုဒ်များ၌လည်း တွေ့ရသည် (ဟေရှယ ၅၃:၉၊ ၁ ကော ၅:၂၁၊ ဟေဗြဲ ၄ ; ၁၅၊ ရး၂၆၊ ၁ ယော ၃:၅)။ ခရစ်တော်သည် အာဒံသား မဟုတ်သောကြောင့် အပြစ် မျိုးစေ့သူ၌ မရှိ။ ထိုကြောင့် သူသည် အပြစ်လုပ်မည့် အကြောင်း အပြစ်၏ ​ကျွန် မဟုတ်။ သူသည် အပြစ် မလုပ်သောကြောင့် အပြစ်သားများကို ကယ်တင်နိင်သည်။ အပြစ်သားများကိုယ်စားအသေခံ နိင်သည်။ 
 
၂၃။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍ မကဲ့ရဲ့။ အသေခံ ရသောအခါ ခြိမ်းချောက်ခြင်းကို မပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။ 

ခရစ်တော်သည် အသတ်ခံဘို့ရန် ခေါ်သွားကြသောအခါ အမျိုးစုံကဲ့ရဲ့ခြင်း ခံခဲ့ရသည်။ ထိုသို့ဖြစ်မည့် အရာကို ပရောဖက် ဟေရှယက ဤသို့ ကြိုဟောခဲ့သည် ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲ နေ၏၊၊ အသက် သတ်ခြင်းငှါ ဆောင်သွားသော သိုးငယ်ကဲ့သို့ သူ့ကို ဆောင် သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏၊၊ (ဟေရှ ၅၃:ရ) ပေတရုက ၁ ပေ ၃:၉၌လည်း ဤသို့ ရေးသား ထားသည် -သင်တို့သည် ကောင်း ချီးမင်္လာကို အမွေခံ စေခြင်း အလိုငှါ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့ မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ 
 
၂၄။ ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ​ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင် မှာခံတော်မူပြီဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။ 

အပြစ်နှင့် ဆိုင်သောအရာ၌ သေခြင်း ဆိုသည်မှာ၊ အပြစ်လုပ်ဘို့ ဖြစ်လျှင် သေခြင်းကို ဆိုလိုသည်။ သေသောသူသည် အပြစ် မလုပ်နိင်ချေ။ သေနေသော အရပ်သမားအလောင်းနား၌ အရက်ထားလျှင် စိတ်ချရသည်၊ သူသည် လုံးဝ သောက်မည် မဟုတ်။ ထို့ကြောင့် အပြစ်၌ သေနေသောသူများသည် အပြစ်လုပ်ဘို့ရန် အတွက် အသက်မရှင်တော့ချေ။ သို့သော် အပြစ်၌ သေခြင်းသည် ကိုယ်ခန္ဓာသေ သကဲ့သို့ မဟုတ်။ ကိုယ်ခန္ဓာသေလျှင် လုံးဝ ဘာမျှမလုပ်တော့ချေ။ ယုံကြည်သူများအပြစ်၌ သေခြင်းသည် အပျိုတယောက် သေခြင်းနှင့် တူသည်။ အပျိုသည်ယောက်ျားရပြီးလျှင် အပျိုဘဝသေသည်၊ ပိုင်ရှင်ရှိသောကြောင့် အပျိုကဲ့သို့ မနေသင့်တော့ချေ။ အကယ်၍ အပျိုကဲ့သိုဆက်နေလျှင် သူ့ယောက်ျားနှင့် ပြသနာ ဖြစ်မည်။ ထိုကြောင့် အပျိုသေလျှင် အအိုကဲ့သို့၊ ခင်ပွန်းသည် ကဲ့သို့ နေရသည်။ ထိုကြောင့် ရှင်ပေါလုက-အပြစ် တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေ ဖြစ်သည် ဟူ၍၎င်း၊ ဘုရားသခင်နှင့် ဆိုင်သောအရာ၌ ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍၎င်း၊ကို ုယ်ကို ကိုယ်ထင်မှတ်ကြလော့။ ဟုဆိုရခြင်း ဖြစ်သည် (ရော ၆:၁၁)။ 

​ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင်စေမည်ဟူသောအရာသည် ​ဖြောင့် မတ်ခြင်း၌ အသက်ရှင်သည်၊ ​ဖြောင့်မတ်သော အလုပ်လုပ်ဘို့ရန် ရှင်သည် ဟုဆိုသည်။ ယခုမူကား ​ဖြောင့်မတ်ခြင်း အတွက် သေ၍ အပြစ်၌ ရှင် နေကြသည်။ 

ငါတို့ အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီသစ်တိုင်သည် လက်ဝါးကပ်တိုင်ကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် ငါတို့ ကိုယ်စား သစ်တိုင်မှာရိုက်သတ်ခြင်း ခံသောကြောင့် ငါတို့သည် နောက်တဖန် သစ်တိုင်၌ အသေခံစရာ မလိုတော့ချေ။ ထိုကျေးဇူူးတော်သည် မစဉ်းစားလျှင် အဓိပ္ပါယ်မရှိ၊ တန်ဘိုးလည်း မထား၊ ဂရုမစိုက်ကြချေ။ သို့သော် ထိုကျေးဇူးသိသောသူများ အနေဖြင့် ကိုယ်အတွက် အသေခံသော ခရစ်တော်ကို ကျေးဇူးတင်လွန်းသောကြောင့် ခရစ်တော် ဝမ်းမြောက် မည့် အရာများကိုသာ ပြုလုပ် ဆောင်ရွက်လိုသည်။ 

ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။ ခရစ်တော်၏ ကိုယ်စားခံခြင်းသည် အပြစ် စီရင်ခြင်းသာမက ကိုယ်ခန္ဓာအနာ ရောဂါများ အတွက်လည်း ခံပေးသည်။ ထိုအရာကို ဟေရှယက ဤသို့ ရေးသား ခဲ့ဘူးပြီ-ထိုသူသည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံး မခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာ ပျောက်လျက် ရှိကြ၏၊၊ (ဟေရှယ ၅၃:၅)။ ထိုအရာကို ခရစ်တော်လောက၌ စတင် အမှုဆောင်၍ လူနာများကို ကျန်းမာစေသောအခါ ရှင်မဿဲက ဤသို့ မှတ်တမ်း တင်ခဲ့သည် -ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။ ထိုအကြောင်း အရာမူကား၊ သူသည် အ​ကျွန်ုပ်တို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက် ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ (မ ၈:၁၆-၁ရ) 

 ခရစ်တော် ကအနာ ရောဂါများကို ယူတင်ဆောင်ရွက်ခြင်းကို ယုံကြည်သူတိုင်း ကယုံကြည်ခြင်းဖြင့် ရယူနိင်သည်။ ခရစ်တော် ကငါရဲ့အနာ ရောဂါများကိုယူ တင်ဆောင်ရွက်ပြီး သောကြောင့် ငါ့အနာ ရောဂါမှကျန်းမာပြီဟု ခံယူကာ ကျေးဇူးတော် ချီးမွမ်းပါက ကိုယ်ခန္ဓာကျန်းမာနိင်သည်။ 
 
၂၅။ သင်တို့သည် အထက်ကလမ်းလွှဲ၍ ပျောက်သော သိုးကဲ့သို့ဖြစ်ကြ၏။ ယခု မူကား၊ သိုးထိန်း တည်းဟူသော သင်တို့၏ ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှု့တော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။ 

လူတိုင်း သိုးကဲ့သို့ လမ်းလွဲလျက် ပျောက်ကြကြောင်းကို ဟေရှယက ဤသို့ ရေးသား ခဲ့သည် ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်တင်တော်မူ၏၊၊ (ဟေရှယ ၅၃:၆)။ အဘယ်ကြောင့်လမ်းလွဲသနည်း ဟူမူကား ကိုယ့်လမ်းကို နှစ်သက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူကို လမ်းပြ ဦးဆောင်လိုသော်လည်း လူသည် ကိုယ်လမ်းကို နှစ်သက်သည်။ ထိုကြောင့် ဘုရားသခင်၏ လမ်းပြခြင်းကို မလိုချင်၊ ထိုမျှသာမက မသိနိင်၊ မမြင်နိင်ချေ။ 

လူသည် ဘုရားသခင်ထံမှ ထွက်သွားသောအခါ ထိန်းသူမဲ့ ဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်း လက်ခံယုံကြည်သောအခါ ခရစ်တော်သည် သိုးထိန်း ဖြစ်လာသည်။ ထို့ကြောင့် သိုးထိန်း ခရစ်တော်၏ စကားကို နားထောင် ရမည်။ ခရစ်တော် က-ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလိုငှါ မိမိအသက်ကို စွန့်တတ်၏။ ဟုဆိုသည် (ယော ၁၀:၁၁) 
 
 
 
ကျေးဇူးတော် ချီးမွမ်းခြင်း 
 ဆရာမောဇက်ထောင်ကျုံး

ဘုရားသခင်၏ ကျေးဇူးတော်များကို ချီးမွမ်းမိပါသည်။ အကြောင်းမှာ ဤလောက၌ အသက် ​ခြောက်ဆယ်နှစ်ပြည့်သည့်တိုင်အောင် အသက်ရှင်ခွင့် ပေးသည်။ အမှုတော် မြတ်ကြီး၌လည်း၁၉၇၉ ခုနှစ်မှစ၍ ယနေ့ တိုင်နှစ်ပေါင်း၃၄ နှစ်တိုင်အောင် ပါဝင်ရသော အခွင့်များအတွက် ကျေးဇူးတော် အလွန် ချီးမွမ်းသည်။ ယနေ့ တိုင်အောင် ပျောက်ဆုံးသော ဝိညာဉ်များကို ပေးသေးသောကြောင့်၎င်း၊ ယုံကြည်သူများကို ဦးဆောင်ပြုစုရသော အခွင့်များ ရရှိ သေးသောကြောင့်၎င်း၊ ကျေးဇူးတော်ကို အထပ်ထပ်ချီးမွမ်းမိပါသည်။ ထိုမျှသာမက အသက် ငယ် စဉ်ဘဝ၌ ဤ ကမ္ဘာကြီး မည်ကဲ့သို့ နိဂံုးချုပ်မည်နည်း၊ ဟူသောအရာကို အလွန် သိချင် ခဲ့သည်။ ထိုအရာကို ၁၉ရ ၅ ခုနှစ်မစတင်သိလာ၍ သခင်ဘုရားကြွလာ မည့် အရာကို မြော်လင့်သည်သာမက ထိုအရာကို လူတိုင်းထံသို့ ဟောပြောရသော အခွင့်အတွက် ကျေးဇူးတော် ချီးမွမ်းပါသည်။ 
 
အပေါ်ကို မော်မကြည့်သောသူ
သက်သေခံသူ-ဦးအိုင်ဗင် (Rockville GBC) 

လူတယောက်သည် ဒုက္ခ ရောက်၍ စားစရာ မရှိသောအခါ လမ်းပေါ်၌ လျှောက်သွားစဉ်တိုက်မြင့်ကြီး ပေါ်မှအစာကို အထုတ်နှင့် ချပေးသည်။ သူသည် ထိုအစာကို ကောက်စား၍ အဘယ်သူ ကချပေးသည်ကို မော်မကြည့်ခဲ့ချေ။ နောက်တနေ့၌လည်း ထိုလမ်း၌ သွားစဉ်တွင် တိုက်မြင့်ပေါ်မှအဝတ်အစားကို ချ ပေးပြန်သည်။ သူသည် ထိုအဝတ်အစားကို ကောက်ယူသော်လည်း အဘယ်သူ ကချသည်ကို မော်မကြည့်ခဲ့ချေ။ နောက်တရက်၌ အပေါ်ကလူက သူ့ကို မော်မ ကြည့်သောကြောင့် ကျောက်တုံးကြီးကို ချပေးခါမှထိုသူသည် ဤကျောက်တုံး ကြီးကို အဘယ်သူ ချပေးသနည်းဟု အပေါ်ကို မော်ကြည့်သည်။ ထိုသူသူသည် ​ကျွန်တော် ပင် ဖြစ်သည်။ ဘုရားသခင်က ကောင်းကြီး ပေးစဉ်တွင် ထိုကောင်း ကြီးကို အဘယ်သူ ချပေးသည်ကို မကြည့်ခဲ့ချေ။ ဒုက္ခ ရောက်မှသာလျှင်အပေါ်ကို မော်ကြည့်ကာ ဘုရားသခင်ကို တမ်းတမိသည်။ 

အသင်းတော် ပျက်စီးစေသောသူများ 

အသင်းတော်သည် ခရစ်တော် အပိုင် ဖြစ်သည်။ သို့သော် ပိုင်ရှင် ဖြစ်သော ခရစ်တော်၏ အလိုတော်ကို မရှာ၊ မမေးမြန်းဘဲ မိမိ အလိုဆန္ဒအတိုင်း အသင်းတော်ကို တည်ဆောက်နေသောသူများကြောင့် အသင်းတော်သည် ပျက်စီးရသည်။ ထိုသူများသည် ကယ်တင်ခြင်းသို့ မရောက်သော အသင်းသား များနှင့် ဆရာများ၊ ကယ်တင်ခြင်းသို့ ရောက်သော်လည်း ဝိညာဉ်ပိုင်း၌ မကြီးထွားမရင့်ကျက်သော ဝိညာဉ် ခလေးများ၊ ပျောက်ဆုံးဝိညာဉ် မဖမ်း၊ မပြုစုဘဲ ဇာတိအားဖြင့် အမှုတော်ဆောင်သော ဆရာ၊ ဆရာမများ၊ ပျောက်ဆုံးဝိညာဉ် ဖမ်းသော်လည်း ဇာတိဖြင့် အသင်းတော် အတွက် အလွန် ကြိုးစား သူများ ဖြစ်သည်။

ပျောက်ဆုံးဝိညာဉ် ဖမ်း၍ ဝိညာဉ် သားသမီး များကြီး ထွားရင့်ကျက်ဘို့ရန် ပြုစုကာ ဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူသောသူများသည် သာလျှင် အသင်းတော်ကို ကြီးထွားရင့်ကျက်စေနိင်သည်။ မိတ်ဆွေ၊ သင်သည် မည်ကဲ့သို့ သောသူ ဖြစ်သနည်း။ ပြန်လည်ဆန်းစစ်ကာကိုယ့်အသက်တာကို ဘုရားသခင် ထံပြန် လည်ဆက်ကပ်ပါ။ 
 
သက်သေခံခြင်း 

သမ္မာကျမ်းစာ၌ ယုံကြည်သူများသည် သက်သေခံဘို့ရန် ခရစ်တော်က ခိုင်းကြောင်း ဤသို့ တွေ့ရသည် သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ၂၀ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့် ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏ (မ ၂၈:၁၉-၂၀)။ သက်သေခံခြင်းသည် အသင်းတော် အတွင်း၌ ခိုင်းသည် မဟုတ်၊ သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေပါ ဟုဆိုသည်။ ယနေ့ ထိုအမိန့်ကို ယုံကြည်သူများမနာခံသောကြောင့် ယုံကြည်သူများ တနေ့တခြား နည်းပါးလာသည်။ နာမည်ခံ ခရစ်ယာန်များသာလျှင်များနေသည်။ 

သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏ (တ ၁:၈)။ သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း အကြောင်းရင်းတခုသည် တန်ခိုးရရှိဘို့ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ရသော်လည်း သက်သေမခံသောကြောင်း တန်ခိုးမထွက်နိင်ချေ။ ထိုအခါ ယုံကြည်သူများသည်လောကသားများကဲ့သို့ဖြစ်လာ ကြသည်။ လောကသားများအမြင် အတိုင်း မြင်သည်၊ လောကသားများကြိုက်သောအရာကိုသာ ကြိုက်၍ ယုံကြည်သူ နှင့်လောကသားသည် ဝေ ခွဲ၍ မရဖြစ်နေသည်။ ထိုကြောင့် လောကသားများနည်းတူ ဒုက္ခ ရောက်ရသည်။ သူတို့ ကဲ့သို့ ညည်းတွား ကြသည်။ 

ယုံကြည်သူများသည် မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုး ဖြစ်ကြ၏ (၁ ပေ ၂:၉) ဟုဆို။ မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူသည် ဘုရားသခင် ပင် ဖြစ်သည်။ ထိုဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ဘုရား မသိ သေးသောသူများ ထံဘော် ပြဘို့ တာဝန် ရှိသည်။ ထိုအရာကို လုပ်လိုက်ပါက ဘုရားသခင်ထံမှ လူတို့ ကြံ စည်၍ မမှီနိင်သော ဝမ်းမြောက်ခြင်း ခံစား လာကာ ဝိညာဉ် သဘောနှင့် အသက်ရှင်လာနိင်မည်။ စစ်မှန်သော ယုံကြည်သူတိုင်း သက်သေခံနိင်ကြပါစေ။ 
 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG