GOODNEWS
  HOME  GOODNEWS  2013 MAY
 


အမှာစာ

ယခုနှစ်မေလတိုင်အောင် အသက်ရှင်လှုပ်ရှားသွားလာခွင့်ရရှိသောကြောင့် အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။အချိန် ကာလကို မသိသောသူများ အနေဖြင့် ဤလောက ကြီး၌ နှစ်ရှည်လများ နေထိုင်မည်ဟု ထင်မှတ်၍ စီမံကိန်းကြီးများပြုလုပ် နေကြသည်။ ဘုရားသခင်၏ အချိန်ကို မသိသောအခါ လောဘကြီး၍ လောက၌ အောင်မြင် ရေးနှင့် ပျော်ရွှင်နိင်ရေးသည် သာလျှင် ဂရုစိုက်တတ်ကြသည်။ ယခုကမ္ဘာကြီး မှစ၍ နေနက္ခတ်တာရာများကို ကြည့်ပါက အလွန် ပျက်စီး နေကြောင်း တွေ့မြင်နိင်သည်။ နေသည်လည်း တ ချိန်လုံးပေါက်ကွဲကြောင်း သတင်းများ၌ တွေ့မြင်နိင်သည်။ ဥက္ကာပျံများလည်း မကြာခဏမြေကြီး ပေါ်၌ ကျရောက်ကြပြီ။ ရာသီဥတုလည်း အလွန် ဖောက်ပြန် ကာ မိုးများ လွန်းခြင်း၊ မိုးခေါင်လွန်ခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လေ ဆင်နှာမောင်းတိုက်ခတ်ခြင်းများတွေ့ကြုံခံစား နေရသည်။ အမေရိကန်ပြည် ထောင်စု၌ မေလတိုင်အောင် နှင်းကျခြင်း များလည်း တွေ့ရသည်။ မြေ ငလျှင်လှုပ်ခြင်းလည်း မရေတွက်နိင်အောင်များလှပြီ။ 

ကျမ်းစာ ကပြောထား သကဲ့သို့ တနိင်ငံနှင့် တနိင်ငံ၊ လူမျိုးတမျိုးနှင့် တ မျိုးတိုက်ခိုက်မှု များလည်း အလွန်များနေပြီ။ ဟေရှယ ၁ရ၌ ဒမသက်မြို့ပျက် စီးမည့် အရာနှင့် ပတ်သက်၍လည်း ပြည်တွင်း စစ်ကြောင့် အလွန် ပျက်စီးနေပြီ။ အစ္စရေးနိင်ငံကလည်း ယခုလအတွင်း ဆီးရီးယားနိင်ငံအတွင်း၌ ဗုံးကြဲသောကြောင့် စစ်ပွဲသည် ပို၍ ဆိုးဝါးလာနိင်သည်။ လူများ၏ အကျင့်သိက္ခာများလည်း ပို၍ ပို၍ ပျက်လာကြပြီ။ ပြည်နယ်တော်တော်များများ ကလိင်ချင်းတူလက်ထပ်မှု များလည်း ခွင့်ပြုလာကြပြီ။ လူသတ်မှု၊ ဓါးပြတိုက်မှု၊ လုယက်မှု မှစ၍ ဒုစ ရိုက်မျိုးစုံလည်း တွေ့မြင်ခံစား နေကြပြီ။ ပြော၍ မကုန်နိင်သော အဖြစ်အပျက်များနေ့တိုင်း တွေ့ရမြင်ရကြားရကြပြီ။ သခင်ယေရှု ကြွလာမည့်အချိန် နီးကြောင်း နိမိတ်လက္ခဏာများ ဖြစ်သောကြောင့် ကယ်တင်ခြင်း စိတ်မချ သူများ မိမိကယ်တင်ခြင်း အတွက် ပူပန်သော ကရောက်၍ စိတ်ချနိင်ရန်ရှာဖွေ ကြပါ။ ကယ်တင်ခြင်း စိတ်ချပြီး သူများ အနေဖြင့် သူတပါးမိဘ သားသမီး၊ မောင်နှမများအတွက် ပူပန်၍ ဆုတောင်းခြင်း ဝေငှခြင်းများပြုလုပ် ကြပါစို့။ 
 

ဤလစာစောင်၌...

မိခင်များနေ့
ကယ်တင်ခြင်း မရောက် သူများ၏ အ​ခြေအနေ
အုတ်မြစ်
ရှင်ပေတရုဩဝါဒစာပဌမ စောင်၊ အခန်းကြီး ၁
ဧဝံဂေလိ ခရီး စဉ်
 
 
 
မိခင်များနေ့

ယခုနှစ် မိခင်များနေ့သည် မေလ ၁၂ ရက်နေ့ ဖြစ်သည်။ ထိုနေ့တွင် မိခင် များကိုသာ းသမီးများက ဂုဏ်ပြုချီးမွမ်းကြမည် ဖြစ်သည်။ မိခင် များသည် သားသမီး များအတွက် အစားထိုး၍ မရသော ပုဂ္ဂိုလ် ဖြစ်သည်။ ကျမ်းစာ၌ -သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။ (ထွက် ၂၀:၁၂) ငါ့ သား၊ အဘ၏ နည်းဥပဒေသ ကို နားထောင်လော့။ အမိ၏ တရားကိုလည်း မပယ်နှင့်။ ထိုနည်းဥပဒေသ တရားတို့သည် သင်၏ ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏ လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲ ဖြစ်ကြလိမ့်မည်။ (သုတ္တံ ၁:၈-၉)ဟု တွေ့ရသည်။ သားသမီး များအနေဖြင့် ဖခင်ကိုသာ ရိုသေလေးစားဘို့ မဟုတ်ဘဲ မိခင် ကိုလည်း လေးစား နားထောင် ဖုိ့ ဖြစ်ကြောင်း တွေ့ရသည်။ တဖန် ရှော လမုန်မင်း၏ သုတ္တံစကား ဟူမူကား၊ ပညာရှိသော သားသည် အဘဝမ်းမြောက်ခြင်း အကြောင်း၊ မိုက်သောသား မူကား၊ အမိဝမ်းနည်းခြင်း အကြောင်းကို ဖြစ်စေတတ်၏။ (သု ၁၀:၁) ဆက်လက်၍ -ပညာရှိသော သားသည် အဘဝမ်း မြောက်ခြင်း အကြောင်း ဖြစ်၏၊၊ မိုက်သောသား မူကား၊ မိမိအမိကို မထီမဲ့မြင် ပြုတတ်၏၊၊ (သု ၁၅:၂၀) အဘဥစ္စာကို ဖြုန်း၍ အမိကို နှင်ထုတ်သော သားသည် အရှက်ခွဲသော သား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသား ဖြစ်၏၊၊ (သု ၁၉:၂၆) အကြင် သူသည် မိဘကို ကျိန်ဆဲ၏၊၊ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မှိက်၌ သေ လိမ့်မည်၊၊ (သု ၂၀:၂၀) ​ဖြောင့်မတ်သောသူ၏အဘ သည် အလွန် ဝမ်းမြောက် လိမ့်မည်၊၊ ပညာရှိသော သားကို ဖြစ်ဘွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက် လိမ့်မည်။ သင်၏ မိဘတို့သည် ဝမ်းမြောက်၍ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည်၊၊ (သု ၂၃:၂၄-၂၅) အဘကို ကျီစားသောသူ၊ အမိ စကားကို နားမထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိကို ချိုင့်၌ ကျင်လည်သော ကျီးအတို့သည် နှုိက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိ့မ်မည်။ (သု ၃၀:၁ရ)။ 

သားသမီး များအထက်ပါ ကျမ်းပိုဒ်များအားဖြင့် မိခင်ကို မည်ကဲ့သို့ သဘောထားရိုသေလေးစားသင့်ကြောင်း ဝေငှလိုပါသည်။ မိခင် ရှိသေးသောသူများအနေဖြင့် သူအသက်ရှင်စဉ်တွင် သူ၏ စကား နားထောင်ပါ။ မိခင် လိုအပ်သ မျှကို အတတ်နိင်ဆုံးထောက်ပံ့ပါ။ မိခင် သေဆုံးပြီး နောက် မည်မျှပင်နောင်တရသော်လည်း ပြန်တွေ့ရတော့မည် မဟုတ်။ မိခင် အသည် အစားထိုး၍ မရ။ မိထွေးရှိနိင်သော်လည်း မိခင် ရင်းကဲ့သို့ မဟုတ်။ ထို့ကြောင့်အချိန် ရှိသေးစဉ်တွင် မိခင် စိတ် ချမ်းသာ စေကြပါစို့။ 

မိခင်များကို ဤစာစောင်မှဂုဏ်ပြုကြောင်း ဖေါ်ပြလိုပါ၏။ မိခင်သည် သားသမီးများကို ၉ လလွယ်၍ အသက်နှင့် ရင်းကာ မွေးဘွားပေး ကြသည်။ မွေးဘွားပြီး လျှင်လည်း အိပ်ရေးပျက်ခံပြီး သားသမီးများကို နို့တိုက်၊ ၂၄ နာရီ ကြည့်ရှုစောင့်ရှောက်ရသည်။ ဖခင်များ အိပ်မောကျနေလျှင်လည်း မိခင်သည် သားသမီး များထိခိုက်သွားမည် စိုးရိမ်၍ ခွေးအိပ် သကဲ့သို့ မကြာ မဏနိုးတတ်သည်။ မိခင်သည် သားသမီး ဇောကြောင့် အစဉ်ပူပန်တတ်သည်။ သားသမီး များမည်မျှပင်ကြီး စေကာမူ ခလေး ကဲ့သို့ ဂရုစိုက်တတ်သည်။ သားသမီး များမလိမ္မာလျှင် မိခင်များရင်ကွဲရသည်။ သမီးများ အနေဖြင့် မိခင်ကို စွန့်၍ယောက်ျား နောက်လိုက် တတ်သည်။ သူတို့ ကိုယ်တိုင် မိခင် ဖြစ်မှ မိခင်၏ ခံစားချက်ကို သိနားလည်လာ၍ နောင်တရသော်လည်း နောက်ကျသွားတတ်သည်။ အကြောင်းမှာ ကိုယ်လိမ္မာသော အချိန်တွင် မိခင်သည် မရှိတော့၊ သေဆုံးသွား နိင်သည်။ ထိုကြောင့် သားသမီး များအနေဖြင့် အကြံပေးသောအရာကို နားထောင်၍ မိခင်ကို အတတ်နိင်ဆုံးစိတ်ချမ်းသာ ရန် နားထောင်၊ ရိုသေ၊ ပြုစို့နိင် ကြပါစေ။ 
 
 
ကယ်တင်ခြင်း သို့မရောက် သူများ၏အ​ခြေအနေ


 ကယ်တင်ခြင်းသို့ မရောက်သောသူများ၏ အ​ခြေအနေသည် အလွန် ဆိုးဝါးသော်လည်း သူတို့ကို သူတို့ မသိသောကြောင့် ကြောက်စိတ်မရှိ၊ စိုးရိမ် ပူပန်ခြင်း မရှိသည်သာမက၊ ဤလောက၌ အပျော် ကျူး၍ ဝါကြွားတတ်ကြသည်။ ထိုသူများသည် ​ခြောက်လလောက်သာအသက်ရှင်တော့မည့် ရောဂါသည်နှင့် တူသည်။ ရောဂါသည် လူ၏ ကိုယ်ခန္ဓာကိုသာ သေစေနိင်သည်။ ကယ်တင်ခြင်းသို့ မရောက်သောသူများ၌ ရောဂါထက် ကြောက်စရာ ကောင်းသော အပြစ်ရှိသည်။ ထိုအပြစ်သည် ကိုယ်ခန္ဓာသာမက ဝိညာဉ်ကို ပါငရဲထဲသို့ ကျရောက်စေနိင်သည်။ ငရဲမီးအိုင်သည် ခဏနေရမည့် နေရာ မဟုတ်။ ထာဝရ နေရမည့် နေရာ ဖြစ်သည်။ ငရဲမီးအိုင် ထဲမှပြန်လမ်းမရှိတော့ချေ။ ထိုမီးအိုင် သွားမည့် လူများ၏ အ​ခြေအနေကို ဖေါ်ပြရလျှင်၊ 
 
စာတန် လက်၌ ရှိနေကြသည် 

ကယ်တင်ခြင်းသို့ မရောက်သော လူတိုင်းသည် စာတန် လက်ထဲ၌ ရှိ၍ စာတန် ကအုပ်စိုး နေကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ သင်တို့သည် အထက်ကလောကီတရားသို့ လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ (ဧဖက် ၂:၁-၂)။ ရှင်ပေါလုကဧဖက်မြို့ရှိ ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ မရောက်ခင်ကလော ကီတရားသို့ လိုက်သည် ဟုဆိုသည်။ လောကီတရားဆိုသည်မှာ ဘုရားတရား မဟုတ်သောအရာ မှန်သမျှ ဖြစ်သည်။ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၊ ဆိုသည်မှာ ဘုရားသခင် မဟုတ်။ စာတန် မာရ်နတ်ကို ဆိုလိုသည်။ ငြင်းဆန်သော သူတို့၊ ဆိုသည်မှာ ဘုရား စကားကို ငြင်းဆန်သောသူများကို ဆိုလိုသည်။ ငြင်းဆန်သော သူတို့၌ ပြုပြင်၊ ဟုဆိုရာတွင် ပြုပြင်ခြင်းသည် အဆိုးမှ အကောင်းသို့ ပြုပြင်သည်ဟု ယူဆနိင်သည်။ ပြုပြင်အစား အလုပ် လုပ်သည် (တသမုငညါ) ဟုဆိုလျှင် ပို၍ နားလည်လွယ်မည်။ စာတန်သည် ကယ်တင်ခြင်းသို့ မရောက်သောသူများ အပေါ်၌ ကြိုက်နှစ်သက်သလို အလုပ်လုပ်နေသည်။ ထို့ကြောင့် ထိုသူများသည် ဒုစရိုက်အပြစ်တို့၌ ကျင်လည် နေကြခြင်း ဖြစ်သည်။ သို့သော် ထိုသူများ အနေဖြင့် သူတို့ကို စာတန် ကချယ်လှယ်နေမှန်း၊ မောင်းနှင်နေ မှန်း မသိခြင်းသည် အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ မိတ်ဆွေ သင်သည် စာတန်၏ မောင်းနှင်နေခြင်း ခံနေပါသလား။ 

လူသည် မည်မျှပင်ဘုရားတရား ကြိုးစားသော်လည်း ကယ်တင်ခြင်းသို့ မရောက်လျှင် စာတန်၏ လက်ကိုင်တုတ် ဖြစ်နေသေးသည်။ လူ့အမြင်အားဖြင့် ဒုစရိုက်အပြစ် ပြုလုပ်ခြင်းသည် စာတန်၏ အသုံးခံ ဖြစ်ကြောင်း နားလည် လွယ်သော်လည်း လူများ အပေါ်၌ ကောင်းမှု ပြုခြင်း၊ ဘုရားတရား၌ ကျင်လည်ခြင်းတို့သည် စာတန် ကအုပ်စိုးနေမှန်းသိဘို့ရန် မလွယ်ကူချေ။ မိတ်ဆွေ၊ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း စိတ်ချမှု မရမချင်း စာတန်၏ လူ၊ လက်ကိုင်ဒုတ် ဖြစ်ကြောင်း သိစေချင်သည်။ 
 
အပြစ်၏ ​ကျွန် ဖြစ်ကြသည် 

လူသည် အပြစ်၏ ​ကျွန် ဖြစ်သော်လည်း မိမိအ​ခြေနေကို မသိသောကြောင့် လူလွတ်ဟု ထင်တတ်သည်။ ယုဒလူများထံယေရှုက၊ သင်တို့သည် ငါ၏ ဒေသ နာ၌ တည်လျှင် ငါ့တပည့်အမှန် ဖြစ်ကြ၏။ သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူ ထံ၌ တရံတခါမျှ​ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည် အဘယ်သို့ ပြောဆို သနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြု သမျှသော သူတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြ၏။ ဟုဆိုခဲ့သည် (ယော ၈:၃၁-၃၃)။ 

ယုဒလူများသည် ကိုယ်ခန္ဓာအားဖြင့် အဲဂုတ္တု ​ကျွန်၊ ဖိလိတ္တိ​ကျွန်၊ မိဒျန် ​ကျွန်၊ အိမ်နီးချင်းနိင်ငံများ၏ ​ကျွန်ခံခဲ့ဘူးသည်။ ထိုအပြင်သခင်ယေရှုနှင့် အ​ခြေ အတင်ပြောချိန်တွင် ရောမ၏ ​ကျွန်ခံ နေကြသည်။ သို့သော် သူတို့ ကငါတို့သည် အဘယ်သူ ထံ၌ တရံတခါမျှ​ကျွန်မခံကြဟု ​ေဗြာင်ငြင်း ကြသည်။ သူတို့သည် လူ၏ ​ကျွန်ခံသည်သာမက သခင်ယေရှုက၊ ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြ၏ ဆိုသည်။ လူသည် ဒုစရိုက်မပြုဘူးသောသူမရှိ။ ထိုကြောင့် လူတိုင်း ဒုစရိုက်၏ ​ကျွန် ဖြစ်ကြသည်။ ​ကျွန်သည် သခင်စကား နားထောင်ရသည်။ အဘယ်ကြောင့်လူတိုင်း အပြစ်လုပ်ကြသနည်း။ လုပ်ချင်၍ လုပ်ခြင်းလည်း များသည်။ မလုပ်ချင် လျှင်လည်း လုပ်ရသည်။ အကြောင်းမှာ ​ကျွန်သည် သခင်၏ စကား နားထောင်ဘို့ လိုသည်။ သခင်ယေရှု ကယ်တင်မှ၊ သမ္မာတရား သိမှ သာလျှင် အပြစ် ​ကျွန်မှ လွတ်မြောက်နိင်သည်။ မိတ်ဆွေ၊ သင်၏ သခင်ကို သိပါသလား။ သင်၏ အ​ခြေအနေကို သိပါသလား။ ကယ်တင်ခြင်းသို့ မရောက်လျှင် အပြစ်၏ ​ကျွန် ဖြစ်သောကြောင့် ထိုဘဝမှ လွတ်မြောက်ဘို့ လိုသည်။ 
 
၀ိညာဉ်မျက်စိကန်းကြသည် 

ကယ်တင်ခြင်းသို့ မရောက်သောသူများသည် ဝိညာဉ် မျက်စိကန်း ကြသည်။ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခုမိန့်တော်မူသော စကားကို ဖာရိရှဲတိ့ုသည် ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူ သလောဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။ ထို သူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်း ဖြစ်ကြ၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည်တွင်း ထဲသို့ ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။ (မ ၁၅:၁၂-၁၄) ဖာရိရှဲများသည် ဘုရားတရား၌ အလွန် ကြိုးစား၍ ကျင့်လျှောက်သော်လည်း သခင်ယေရှုက သူတို့ကို လူကန်းများ ဟုဆိုသည်။ လူများ၏ အထင်ကြီးခြင်း ခံရသော်လည်း ဘုရားသခင် ရှေ့၌ လူကန်းများ ဖြစ်ကြသည်။ 

ထိုကြောင့် သူတို့သည် မြင်လျက် မမြင်၊ ကြားလျက် မကြား၊ အနက်ကိုလည်း နားမလည် သောကြောင့် ဥပမာကို ဆောင်၍ ငါဟောပြော၏။ ဟေရှာယ ဟောဘူးသော အနာဂတ်စကား ဟူမူကား၊ သင်တို့သည် ကြားလျက် ပင်အ နက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက် ပင်အာရုံမပြုဘဲ မြင်ကြလိမ့်မည်။ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည့်တိုင်အောင်၊ သူတို့ စိတ်နှလုံးသည် မိုက်လျက်၊ နားသည် ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက် ရှိကြ၏ ဟူသော စကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ ရောက်သတည်း။ (မ ၁၃ ; ၁၃-၁၅) 

သခင်ယေရှု ကပရောဖက် ဟေရှယဟောဘူးသောအရာ ကိုကိုးကား၍ သူ့ခေတ်လူများသည် စိတ်နှလုံး မိုက်လျက်၊ နားထိုင်းလျက်၊ မျက်စိပိတ်လျက် ရှိကြောင်း ပြောခဲ့ဘူးသည်။ လူသည် ဘုရားသခင်က ခွင့်မပြုမခြင်း၊ အနာရောဂါကို မငြိမ်းစေမခြင်း နားထိုင်း၊ မျက်စိပိတ်လျက် ရှိကြသည်။ ထိုကြောင့် မည်မျှပင်သမ္မာတရားကို ဟောသော်လည်း နားမလည်၊ ဂရုမစိုက်ကြခြင်း ဖြစ်သည်။ ကောင်းကင်နိင်ငံကောင်းကြောင်း မည်မျှပင်ပြောသော်လည်း တက်ချင်သော စိတ်မရှိ။ ငရဲမည်မျှကြောက်စရာ ကောင်းကြောင်း ပြောသော်လည်း မကြောက်ကြချေ။ 

ဣသရေလ လူများကို ခေါင်းဆောင်သော ကျမ်းတတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော ဖရိရှဲများနှင့် ပတ်သက်၍ သခင်ယေရှုက ဤသို့ ဆို်ခဲ့သည်၊ လမ်းပြသော လူကန်းတို့၊ သင်တို့သည် အမင်္လာရှိကြ၏။ ဗိမာန်တော်ကို တိုင်တည်၍ ကျိန် ဆိုခြင်းကို ပြုလျှင် မတည်။ ဗိမာန်တော်၏ ရွှေကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် တည်သည်ဟု သင်တို့ ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည် သာ၍ မြတ်သနည်း။ ထိုရွှေကား မြတ်သလော။ ထိုရွှေကို သန့်ရှင်းစေသော ဗိမာန်တော် ကား မြတ်သလော။ (မ ၂၃:၁၆-၁ရ) လမ်းပြသော လူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကို စစ်လျက်နှင့် ကုလားအုပ်ကို မျိုကြ၏။ (မ ၂၃:၂၄) 
 
 ကိုယ်ခန္ဓာနှင့် စိတ်အလိုသာလိုက်ကြသည် 

ကယ်တင်ခြင်းသို့ မရောက်သောသူများသည် ကိုယ်ခန္ဓာနှင့် စိတ်အလို သာလိုက်တတ်ကြသည်။ ဝိညာဉ်၏ အလိုကို လုံးဝ မလိုက်တတ်ကြချေ။ ကျမ်းစာက၊ ငါတို့ ရှိသမျှသည် အထက်ကကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည် ဖြစ်၍၊ ကြွင်းသော သူတို့ ကဲ့သို့ပင်ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။ (ဧဖက် ၂:၃)ဟု ရေးထားသည်။ မှန်ပါသည်၊ လူတိုင်း ကိုယ်ကာယ၏ အလိုနှင့် စိတ်၏ အလိုကိုသာ နေ့တိုင်းအချိန် ရှိသမျှ လိုက် ကြသည်။ ကိုယ်ကာယအလို တည်းဟူသော စားသောက်ခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ် လိုက်စားခြင်းတို့ ပြုလုပ် ကြသည်။ စိတ်အလို တည်းဟူသော အပျော်အပါးများကိုသာ လိုက်စား ကြသည်။ 
 
ဤလောကကို အလွန် ချစ်ကြသည် 

ကယ်တင်ခြင်းသို့ မရောက်သောသူများသည် ဤလောကကို အလွန် ချစ်ကြသည်၊ ထို့ကြောင့် ကျမ်းစာက ယုံကြည်သူများသည်လောကကို မချစ် ဘို့ရန် ဤသို့ သတိပေးထားသည်၊ လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ (၁ ယော ၂:၁၅-၁၆)။ အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်သောသူများသည် ဤလောကကို အလွန် ချစ်ကြသနည်းဟူမူကား ဘုရားသခင်ကို မချစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို မချစ်သောကြောင့် ဘုရားသခင် နေထိုင်သော ကောင်းကင်နိင်ငံကိုလည်း မချစ်ကြ။ ကောင်းကင်နိင်ငံသည် ရွှေလမ်းနှင့် ကျောက်ကောင်းများဖြင့် ဆောက်ထားကြောင်း သိသော်လည်း မလိုချင် ကြ။ ထိုထက်လောက အိမ်၌ လမ်းကြမ်းများကိုသာ၍ စွဲလန်း ကြသည်။ ကောင်းကင်နိင်ငံ၌ သေခြင်း၊ အိုခြင်း၊ နာခြင်း၊ အလုပ်လုပ်ခြင်း၊ ဒုက္ခ ပြသနာ မရှိတော့ကြောင်း သိသော်လည်း မလိုချင် ကြ။ ထို့ထက် ဤလောက၌ ရောဂါကုနေခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ ဒုက္ခ ပြသနာများကို ​ ဖြေရှင်း နေရခြင်းကို နှစ်သက်ကြသည််။ မည်မျှပင်ကောင်းကင်ကောင်းကြောင်း ပြောသော်လည်း နားလုံးဝ မဝင်ချေ။ ထို့ထက် ဤလော က၌ မည်ကဲ့သို့ တိုးတက်မည်၊ မည်ကဲ့သို့ ချမ်းသာမည်၊ မည်သည့်အလုပ်အကိုင်ရမည်၊ မည်ကဲ့သို့ ပျော်ရွှင်မည်များကိုသာလျှင် စိတ်ဝင်စားသည်။ ထို့ကြောင့် သမ္မာတရား မည်မျှပင်ပြောသော်လည်း မသိနိင်ကြ၊ စိတ်မဝင်စားနိင် ကြ၊ သူတို့နှင့် မဆိုင် သကဲ့သို့ ထင်မှတ်ကြကာ၊ နားညီးသည်။ သမ္မာတရား ပြောလျှင် စိတ်ဆိုးသည်။ အမြန်ဆုံး ထွက်ပြေးချင်သည်။ သို့သော် လူများ ချစ် သောလောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။ (၁ ယော ၂:၁ရ) 

၀ိညာဉ်သေနေသည် 

ကယ်တင်ခြင်းသို့ မရောက်သောသူများ၏ ဝိညာဉ်သည် သေနေသည်။ အမှန်မှာ ဝိညာဉ်သည် မသေနိင်ချေ။ သေနိင်လျှင် ငရဲမီးအိုင် ထဲ၌ ခံစားချက် ရှိမည် မဟုတ်။ ဝိညာဉ်သည် မသေနိင်သောကြောင့် ခရစ်တော်က၊ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော် ထဲကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။ (မ ၁၃:၄၁-၄၂) ဟုဆိုရခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် ဝိညာဉ် သေခြင်း ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဝိညာဉ် သေခြင်းသည် ဘုရားသခင်နှင့် အဆက်ပြတ်သောကြောင့် ဘုရားသခင်၏ အကြောင်း အရာနှင့် အလိုတော်များကို နားမလည်နိင်တော့ချေ။ တနည်းအားဖြင့် ကိုယ်ခန္ဓာလေဖြတ်သောသူ များနှင့် တူသည်။ လေဖြတ် သူများ၏ ​ခြေလက်သေသည် ဟုဆိုသော်လည်း မပုတ်ပျက် သွားချေ၊ သို့သော် မလှုပ်ရှားနိင်ချေ။ ရှင်ပေါလုကဧဖက် အသင်းတော်ထံ သူတို့၏ အရင်ဘဝကို ဤကဲ့သို့ ရေးသား ထားသည်၊ သင်တို့သည် အထက်ကလောကီတရားသို့ လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင် လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ကို ပင် (ဧဖက် ၂:၁-၂)။ ကောလောသဲ အသင်းတော်၌လည်း ဤသို့ ရေးသား ခဲ့သည်၊ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသော အဖြစ်၌၎င်း သေလျက် ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ (ကော ၂:၁၃)။ ဧဖက် ယုံကြည်သူများနှင့် ကောလောသဲ ယုံကြည်သူများ၏ အရင် ဘဝသည် သေနေသည်။ ဘုရားသခင်က အသက်ရှင်စေမှသာလျှင် သူတို့၌ အသက် ရှိသည်။ ထိုသေနေသောအရာသည် သူတို့၏ ဝိညာဉ်ပိုင်း ဖြစ်သည်။ ကိုယ်ခန္ဓာပိုင်းသည် အသက်ရှင် နေကြသည်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ မရောက် သေးသောသူ များသည်လည်း မိမိတို့ ဝိညာဉ်ပိုင်းသေ နေကြောင်း သိဘို့ လိုသည်။ 


 
အုတ်မြစ်
 

အုတ်မြစ်အကြောင်းကို ၂၀၁၀ နိုဝင်ဘာလထုတ်စာစောင်၌ ရေးသား ခဲ့ဘူးပြီ။ ယခုထပ်မံ၍ ရှုတောင့်တမျိုးဖြင့် ရေးလိုပါသည်။ သခင်ယေရှုက၊ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏၊ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်၊ ကျောက် ပေါ်မှာ တည်သောကြောင့် မဗြုမလဲနေ၏။ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏၊ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ဗြုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။ (မ ရး၂၄-၂ရ) 
 
ပညာရှိနှင့် လူမိုက်

ခရစ်တော် ကအိမ်ဆောက်သောသူနှစ်ယောက်အကြောင်း ပြောထားသည်။ တယောက်သည် ကျောက်ပေါ်မှာ ဆောက်၍ ပညာရှိဟု ခေါ်သည်။ တယောက်သည် သဲပေါ်မှာ ဆောက်၍ လူမိုက်ဟု ခေါ်သည်။ ကျောက်ပေါ် မှာအိမ်ဆောက်သောသူကို အဘယ်ကြောင့် ခရစ်တော် ကပညာရှိဟု ခေါ်သနည်းဟူမူကား သူ့အိမ်ကို မပျက်စီးနိင်သော ခိုင်ခံ့သော ကျောက်ပေါ်မှာ တည် ဆောက်သောကြောင့် ဖြစ်သည်။ သဲပေါ်မှာ ဆောက်သောသူကို ခရစ်တော် ကလူ မိုက်(လူအ)ဟု ခေါ်သည်။ အကြောင်းမှာ သူဆောက်သော အိမ်သည် မခိုင်မြဲသော သဲပေါ်၌ ဆောက်သောကြောင့် အလွယ်တကူပျက်စီးမည် ဖြစ်သည်။ 
 
ကျောက်

ခရစ်တော် ကသူဟောပြောသော စကားသည် ကျောက်ဟု ခေါ်သည်။ အကြောင်းမှာ သူ့စကားသည် မပျက်စီးနိင်၊ ခိုင်ခံ့သောကြောင့် ဖြစ်သည်။ ခရစ်တော် ကသူ၏ စကားသည် ကောင်းကင်နှင့် မြေကြီးထက် သာ၍ ခိုင်ခန့်ကြောင်း ဤသို့ အာမခံခဲ့သည်၊ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စ ကား တည်လိမ့်မည်။ (မ ၂၄:၃၅)။ ကောင်းကင်နှင့် မြေကြီးသည် ခရစ်တော် ကသူ၏ နှုတ်ထွက်စကားအားဖြင့် ဖန်ဆင်းခဲ့ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ယခုမြင်ရသောအရာ တို့သည်၊ အရင်ထင်ရှားသောအရာ ထဲကမ ဖြစ်ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့် သာတည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ (ဟေ ၁၁:၃)။ 

ခရစ်တော်၏ နှုတ်ထွက်စကားသည် မည်မျှခိုင်ကြောင်း ဤသို့ တွေ့ရသည်၊ ပေတရုကလည်း၊ သခင်ကိုယ်တော် မှန်လျှင် အ​ကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာ လာရမည်အကြောင်း မိန့်တော်မူပါဟု လျှောက်လျှင်၊ လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ ရောက်အံ့သောငှါ ရေပေါ်မှာ လှမ်းသွား၏။ လေပြင်းသည်ကို မြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည် ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။ ယေရှုသည် လက်တော်ကို ချက်ခြင်း ဆန့်၍ ပေတရုကိုကိုင်တော်မူလျက်၊ ယုံကြည် အားနည်းသောသူ၊ အဘယ်ကြောင့်ယုံမှားသော စိတ်ဝင်သနည်းဟု မေးတော်မူ၏။ (မ ၁၄:၂၈-၃၁) ရေသည် နင်း၍ မရ အလွန် ပျော့သည်။ သို့သော် ခရစ်တော် ကအမိန့်ပေးသော အခိုင်နင်း၍ ရသည် အထိ ခိုင်ခံ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ခရစ်တော်၏ နှုတ် ကပတ်သည် အုတ်မြစ်ချဘို့ရန် ခိုင်ခံ့ကြောင်း သိရသည်။ 
 
သဲ

ခရစ်တော် ဟောပြောသော စကားသည် ခိုင်ခံ့သော ကျောက် ဖြစ်လျှင် သဲသည် အဘယ်အရာကို ဆိုလိုသနည်း။ သဲသည် ခရစ်တော် စကား မဟုတ်သောအရာ ဖြစ်သည်။ လူသည် ခရစ်တော် စကား နားမထောင်လျှင် မည်သူ့စကား နားထောင်သနည်း။ ကိုယ့် သဘော၊ ကိုယ်ဆန္ဒအားဖြင့် တည်ဆောက်သည်။ ထိုအ ရာကို ပိုမို နားလည်ဘို့ရန် အိမ်သည် ဘယ်အရာကို ဆိုလိုကြောင်း သိဘို့ လိုသည်။ 
 
အိမ်

အိမ်သည် လူတဦးချင်း၊ မိသားစု၊ အသင်းတော်၊ မြို့ရွာ၊ တိုင်း ပြည်တို့ကို ပုံဆောင်သည်။ ခရစ်တော် ဟောပြောသော စကားသည် လူတဦးချင်း၏ ဘဝတည်ဆောက်ဘို့ရန် ဖြစ်စေ၊ မိသားစုတည်ဆောက်ဘို့ရန် ဖြစ်စေ၊ အသင်း တော်၊ မြို့ရွာနှင့် တိုင်း ပြည် တည်ဆောက်ဘို့ရန် အတွက် ဖြစ်စေအကောင်းဆုံးသောအရာ ဖြစ်သည်။ သို့သော် ခရစ်တော်၏ စကားကို နားမထောင်ဘဲ လူအများစုသည် မိမိတို့ ဘဝ၊ မိသားစုနှင့် အသင်းတော်၊ မြို့ရွာတိုင်း ပြည်များကို လူ့ သဘော၊ လူ့ဆန္ဒဖြင့် တည်ဆောက် ကြသည်။ ထို့ကြောင့် အိမ်သည် လူ့ သဘော၊ လူ့ဆန္ဒကို ပုံဆောင်သည်။ 
 
မိုဃ်း၊ ရေ၊ လေ

မိုဃ်း၊ ရေ၊ လေတို့သည် အိမ်ကို ဖျက်စီးဘို့ရန် တိုက်သောကြောင့် ပြသနာ၊ ဆင်းရဲ ဒုက္ခများနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ဆိုလိုသည်။ အိမ်သည် မိုဃ်းရေလေမလာသောအချိန် အထိ သဲပေါ်နှင့် ကျောက်ပေါ်မှာ ဆောက်ခြင်းသည် မထူးခြားချေ။ သို့သော် မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်၊ ကျောက်ပေါ်မှာ တည်ဆောက်သော အိမ်သာလျှင် ခံနိင်ရည်ရှိ၍ သဲ ပေါ်မှာ ဆောက်သော အိမ်သည် မခိုင်မြဲကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည်။ ထို့ကြောင့် အိမ်ဆောက်သောအခါ ပဌမ ဦးစွာ အုတ်မြစ်ကို ကြည့်ဘို့ လိုသည်။ အုတ်မြစ်မခိုင်လျှင် အပေါ်၌ မည်မျှပင်ကောင်းသော ပစ္စည်းများနှင့် ဆောက်သော်လည်း ပျက်စီးမှာသေချာသည်။ 
 
ဘဝ

လူတိုင်း မိမိဘဝကို တည်ဆောက် ကြသည်။ ထိုသို့ တည်ဆောက်သောအခါ ဘုရား စကားကို နားမထောင်ဘဲ မိမိိ အလိုဆန္ဒအားဖြင့် တည်ဆောက် ကြသည်။ ပညာရေးအားဖြင့် ဘဝကောင်းမည်ဟု ထင်သောကြောင့် အချို့သောသူ များသည် ပညာရေးကို အဓိကထား၍ လိုက်စား ကြသည်။ ရှိသမျှ ငွေ၊ အချိန်၊ စွမ်း အားကို ပညာရေးအတွက် မြှုပ်နှံ ကြသည်။ အချို့သောသူများသည် မျှော်မှန်းထားသည့်အတိုင်း ပညာရလာ၍ ဘွဲ့ ထူး၊ ဂုဏ်ထူးများရကာအလုပ်ကောင်းကောင်း၊ ဝင်ငွေကောင်းကောင်း ဖြင့် အားရကျေနပ် ကြသည်။ သို့သော် လောက ပညာရှိ လာသောအခါ ဘုရားသခင်ကို မယုံကြည်၊ ယုံကြည် လျှင်လည်း ဘုရားထက် မိမိ အလိုဆန္ဒကြီး လာတတ်ကြသည်။ ထိုသူများသည် အသက်ရှင်စဉ်၌ ပင်လျှင် ဒုက္ခ တွေ့ပါက ပြသနာ မ​ဖြေရှင်း နိင်ဘဲ ရှိတတ်သည်။ သေလျှင် တရားစီရင်ခြင်း၌ ပျက်စီးခြင်းသို့ ရောက်မှာစိုးရသည်။ 
 အချို့သောသူများသည် ငွေသာလျှင် အဓိကဟု ဘုရား စကား နားမထောင် စိတ်မဝင်စားဘဲအချိန် ရှိသရွေ့ငွေကိုသာလျှင် ရှာ ကြသည်။ ငွေရှိမှာဂုဏ်ရှိသည်၊ လိုချင်သောအရာ ရနိင်သည်၊ ဟု မိမိဘဝကို ငွေအားဖြင့် တည်ဆောက်လို ကြသည်။ ဘုရားသခင်က ရှောလမုန်မင်းကြီးကို အလွန် ချမ်းသာ စေ၍ လိုလေသေးမရှိအောင် မစခဲ့သည်။ သို့သော် လောက ချမ်းသာ ကြွယ်ဝမှုသည် ဘဝကို ကောင်းစွာ မတည် ဆောက်နိင်ကြောင်း ဒေသနာကျမ်းထဲ၌ ရေးသား ထားသည်။ 

 အချို့သောသူများသည် ဝါသနာအားဖြင့် ဘဝတည်ဆောက် ကြသည်။ ထိုသူများ၏ အဓိက ရည်ရွယ်ချက်သည် မိမိဝါသနာပြည့်စေရေး ဖြစ်သည်။ သို့သော် ထိုအရာသည်လည်း သဲ ဖြစ်သည်။ လောက၌ လူ များစွာတို့သည် မိမိတို့ ဝါသနာလိုက်စားသောကြောင့် ဒုကိQတဘဝသို့ ရောက်သွား ကြသည်။ ထိုသူများ၏ အသက်တာကို အခြားသောသူများ ကသခ်န်းစာယူသင့်သော်လည်း မယူကြ၊ မိမိတို့ ကိုယ်တိုင် ဒုက္ခ ရောက်မှသာ နောင်တ ရတတ်ကြသည်။ 
 
အိမ်ထောင်

အိမ်ထောင်သည် ဘုရားသခင် တည်ဆောက်မှသာ ခိုင်မြဲ၍ ပျော်ရွှင်စရာ ကောင်းသည်။ ဆာလံဆရာက၊ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏။ (ဆာ ၁၂ရး၁-၂) ဟုဆိုထားသည်။ အိမ်ထောင်အများစုသည် ဘုရားသခင်ကို မတည်ဆောက်ခိုင်းဘဲ မိမိတို့ သဘောဖြင့် တည်ဆောက် ကြသည်။ ထိုအရာအားလုံး သည် သဲပေါ်တည်ဆောက်သော အိမ်ထောင်များ ဖြစ်သည်။ 

လူပျိုအပျိုဘဝ၌ အိမ်ထောင်သည် ချစ်ခြင်းမေတ္တာ တခုတည်းဖြင့် တည် ဆောက်နိင်မည်ဟု ထင်မှတ် ကြသည်။ ထို့ကြောင့် မိဘလူကြီး များ၏ အကြံပေးခြင်း၊ သတိပေးခြင်းကို ပင်နားမထောင်ဘဲ ခိုးရာပါသွားတတ်ကြသည်။ သို့သော် ချစ်ခြင်းမေတ္တာသည် ကြာရှည်မခံတတ်ချေ။ ချစ်ခြင်းမေတ္တာသည်လည်း သဲ ဖြစ်သည်။ 

များစွာသော လင်မယားတို့သည် ဆာလံဆရာကရေး သကဲ့သို့ ငွေရှိမှ အိမ်ထောင်သာယာမည်ဟု ထင်မှတ်သောကြောင့် ငွေကိုသာလျှင် အဓိကရှာ ကြသည်။ အချို့သောသူများ ငွေရှိ လာသောအခါ အိမ်ထောင်ရေး ပြသနာ ပိုကြီး လာတတ်သည်။ အချို့သောသူများ ငွေကျေးမလုံလောက်သောကြောင့် ပြသနာ ရှိကြသည်။ ငွေသည် လိုအပ်သော်လည်း သဲ ဖြစ်သည်။ အိမ်ထောင်မ ခိုင်မြဲစေနိင်ချေ။ 

အိမ်ထောင်သည် ဘုရားသခင် တည်ဆောက်မှသာ အောင်မြင်၍ သာယာပျော်ရွှင်နိင်သည်။ သို့ဖြစ်လျှင် ဘုရားသခင်က မည်ကဲ့သို့ အိမ်ထောင်ကို တည်ဆောက်မည်နည်း။ အိမ်ထောင်သည် လင်နှင့် မယားမှစသောကြောင့် ပဌမ ဦးစွာ လင်မယား နှစ်ယောက်စလုံး ကယ်တင်ခြင်း စိတ်ချမှု ရရှိဘို့ လိုအပ်သည်။ ကယ်တင်ခြင်းသို့ မရောက်သောသူသည် ဘုရားသခင်နှင့် မဆက်စပ် သောကြောင့် ဘုရားသခင်က မတည်ဆောက်နိင်ချေ။ ဘုရားသခင်၏ ဝိညာဉ် ရသောသူ ဖြစ်မှသာ ဘုရားသခင်က တည်ဆောက်နိင်သည်။ 

 ကယ်တင်ခြင်းသို့ ရောက်ပြီးပါက လင်မယား သို့မဟုတ် မိဘနှစ်ပါးစလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဘိုး ထားသောသူ၊ နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာ သောသူ ဖြစ်ရမည်။ နှုတ်ကပတ်တော် နားမလည်လျှင် ဘုရားသခင်၏ အလိုတော်ကို နားမလည် သောကြောင့် ဘုရားသခင်က တည်ဆောက်နိင်မည် မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ အလိုတော်ကို နားလည်ပြီး နောက် ထိုနှုတ်ကပတ်တော် အတိုင်း အသက်ရှင်ရမည်။ ဘုရား ချစ်သောအရာကို ချစ်၍ ဘုရား မုန်းသောအရာကို မုန်းရမည်။ ဘုရား တန်ဘိုး ထားသောအရာကို တန်ဘိုး ထား၍ ဘုရားသခင် တန်ဘိုး မထားသောအရာကို တန်ဘိုး မထားရချေ။ ဘုရား ခိုင်းသောအရာကို လုပ်၍ မခိုင်းသောအရာကို မလုပ်ရ။ ဘုရား စားစေလိုသော အစာကိုသာလျှင် စား၍ မိမိ အလိုဆန္ဒကို ငြင်းပယ်ရမည်။ ဘုရား ပြောစေသောစကား များကိုသာ ပြော၍ မပြောစေသော စကားများကို မပြော ရချေ။ သားသမီးများကိုလည်း ဘုရားသခင်ကို ချစ်၍၊ ကြောက်ရွံ့ရိုသေရန်သင် ပေးရမည်။ မည့်သည့်အရာဘဲဘဲ လုပ်လုပ်ဘုရား မျက်နှာကို ကြည့်တတ်သောသူ ဖြစ်ရမည်။ သို့မှသာလျှင်ဘုရားသခင်က တည်ဆောက်နိင်မည်။ 

အိမ်ထောင်ပြုမည်ကြံသောအခါ လူတိုင်း အုတ်မြစ်ကို မကြည့်ဘဲ အပေါ်ကအိမ်ကိုသာလျှင် ကြည့်တတ်ကြသည်။ ဆိုလိုသည်မှာ ကိုယ်ယူမည့် သူသည် ရုပ်ရည်လှသလား၊ ဝင်ငွေကောင်းသလား၊ ပညာရှိသလား၊ ခေတ်မှီသလား၊ ဟူသော အရာများကို အဓိကထားကြည့်တတ်ကြသည်။ သို့သော် ထိုအရာများသည် အုတ်မြစ် မဟုတ်သောကြောင့် ပြုိလဲသွားနိင်သည်။ ကြည့်ရမည့် အရာမှာ ဘုရားသခင်နှင့် ဆက်စပ်မှု ရှိသလား၊ ကယ်တင်ခြင်း စိတ်ချမှု ရှိသလား၊ နှုတ်ကပတ်တော်အပေါ်မှာ ရပ်တည်သလားဟူသော အရာများကို ကြည့်ရမည်။ သူ၏ ဘဝသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အပေါ်၌ ရပ်တည်မှသာလျှင်ဘုရားသခင်က တည်ဆောက်သော အိမ်ထောင် ဖြစ်နိင်ပေမည်။ ကိုယ်ကိုယ်တိုင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်မှာ ရပ်တည်ရမည်။ 
 
အသင်းတော် 

အသင်းတော်သည် ခရစ်တော်၏ အပိုင် ဖြစ်သည်။ ခရစ်တော် ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအ သင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ (မ ၁၆:၁၈)။ အသင်းတော်၏ ပိုင်ရှင်သည် ခရစ်တော် ဖြစ်သောကြောင့် ပိုင်ရှင်၏ အလိုတော်အတိုင်း တည် ဆောက်မှသာလျှင်အသင်းတော်သည် ကျန်းမာ၍ ပိုင်ရှင် ခရစ်တော်လည်း အားရကျေနပ်မည် ဖြစ်သည်။ ပိုင်ရှင်အလိုတော် မကျလျှင် အသင်းတော်သည် မည်မျှ ပင်လူများသော်လည်း၊ အလှူငွေများသော်လည်း၊ အသင်းသားများစည်းလုံး ညီညွတ်သော်လည်း အဓိပ္ပါယ်မရှိချေ။ ယနေ့ အသင်းတော် အများစုသည် ခရစ်တော် ကမပိုင်ဘဲ အသင်းအုပ်ဆရာ၊ အသင်းတော် လူကြီးများ၊ အသင်းသားများကပိုင် နေကြောင်း ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။ ခရစ်တော် မပိုင်သော အသင်း တော်သည် ခရစ်တော်၏ အလိုတော်ကို ဆောင်မည် မဟုတ်။ လူ့အလိုကိုသာ ဆောင် ရွက်မည်။ 

ခရစ်တော်က အသင်းတော်နှင့် ပတ်သက်၍ သူ၏ အလိုတော်ကို ဤသို့ ဖေါ် ပြခဲ့သည်၊ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ ဆိုလိုသည်မှာ မရဏာနိင်ငံ တည်းဟူသော သေမင်းနိင်ငံ၊ သို့မဟုတ် မီးငရဲအိုင်သည် လူများကို အတိုင်း မသိနေ့တိုင်း မြောက် များစွာ လက်ခံနေသည်။ ထိုတံခါးသည် ကျယ်သောကြောင့် ဝင်သောသူများသည်။ အသင်းတော်သည် ထိုတံခါးကို ပိတ်မည့် တာဝန် ရှိသည်။ မရဏာနိင်ငံတံခါးများကို ခရစ်တော်၏ ကယ်တင်ခြင်း တရားဟောပြောခြင်းအားဖြင့် ဆီးတားရမည် ဖြစ်သည်။ သို့သော် အသင်းတော် အများစုသည် ပိုင် ရှင်၏ အလိုဆန္ဒကို ဂရုမစိုက်သောကြောင့် မရဏာနိင်ငံတံခါးများကို ပိတ်မည့် အစားကျယ်သထက် ကျယ်အောင် ချ​ဲ့ နေကြသည်။ မည်ကဲ့သို့ ချ​ဲ့သနည်းဟူမူကား အသင်းတော် များသည် ကယ်တင်ခြင်း၊ ကောင်းကင်နိင်ငံရောက်မည့် အကြောင်းကိုဟုတ်တိပတ်တိ မပြောဘဲလောက၌ မည်ကဲ့သို့ တိုးတက်မည်နည်း၊ မည်ကဲ့သို့ ပြသနာ ကျော်လွှားမည်နည်း၊ မည်ကဲ့သိုဘုရားကောင်းကြီးခံစား မည်နည်းဟူသော အရာများကိုသာ ဦးစားပေးဟောပြော ကြသည်။ ပို၍ ဆိုးသည် မှာအ သင်းတော်သည် လူမျိုးနှင့် စကား ထိန်းသိမ်းသော နေရာ၊ ယဉ်ကျေးမှု ထိန်းသိမ်းသော နေရာဟု ထင်မှတ်ကြကာမိဘ၊ အဘိုးအဘွားများ ခက်ခဲစွာ မျက်ရည်နှင့် စွန့်ခဲ့သော ရိုးရာများ ပြန်လည်ဖေါ်ထုတ်ကျင့်သုံးလာကြခြင်း ဖြစ်သည်။ 

သင်းအုပ်ဆရာပိုင်သော အသင်းတော် ဖြစ်လျှင် အသင်းအုပ်ဆရာကျေ နပ်မည့် အရာကိုသာ လုပ် ကြသည်။ အသင်းတော် လူကြီး အချို့ကပိုင်သော အသင်းတော် ဖြစ်လျှင် ထိုအာဏာရှိပုဂ္ဂိုလ်များ အလိုဆန္ဒအတိုင်း သွားကြသည်။ အသင်းသားများပိုင်သော အသင်းတော် ဖြစ်လျှင် အများစု သဘောဖြင့် အရာရာကို ပြုလုပ် ကြသည်။ ထိုကြောင့် ပိုင်ရှင် ခရစ်တော်၏ အလိုတော်သည် အရေးမကြီး၊ လုပ်လည်း မလုပ်ကြ။ ထိုအသင်းတော် များသည် ကျောက်ပေါ်မှာ တည်သော အသင်းတော် မဟုတ်ဘဲ သဲပေါ်မှာ တည်ဆောက်သော အသင်းတော်များဖြစ်သည်။ ဤလောက၌ ထိုသို့သော အသင်းတော် များသည် လူ့အကြိုက်လုပ်သောကြောင့် လူများနိင်သည်၊ ချမ်းသာ နိင်သည်။ သို့သော် ခရစ်တော်၏ စကားအပေါ်မှာ မတည် သောကြောင့် ချီဆောင်ခြင်း၌ ပါဝင်မည် မဟုတ်။ ဘေးဒဏ်ကြီးကာလ ထဲရောက် သွားမည့် အသင်းတော် ဖြစ်သည်။ ထို့ကြောင့် မိမိပါဝင်သော အသင်းတော်၏ အုတ်မြစ်ကို သိနားလည်ဘို့ လိုသည်။ မည်မျှပင်တက်ကြွသော်လည်း၊ မည်မျှပင်လူများသော်လည်း သဲပေါ်မှာ ဆောက်သော အသင်းတော်သည် ဘုရားသခင်၏ တရားစီရင်ခြင်း၌ ခံနိင်မည် မဟုတ်။ ထို့ကြောင့် နှုတ်ကပတ်တော် ကလွှဲလျှင် အခြားသောအရာ၌ အသင်းတော်ကို မဆောက်ကောင်းချေ။ 
 
လူမျိုး

ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရား ဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္လာရှိ၏၊၊ (ဆာ ၃၃:၁၂) ထာဝရဘုရားသည် အကြင်လူမျိုးတို့၏ ဘုရားသခင် ဖြစ်၏၊၊ ထိုလူမျိုးသည် မင်္လာရှိပါ၏၊၊ (ဆာ ၁၄၄:၁၅) ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန် နားထောင်၍ ငါ့ပဋ္ဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။ ၆ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်ရကြလိမ့်မည်ဟူသော အမိန့်တော်ကို ဣသရေ လအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ (ထွက် ၁၉:၅-၆) 

 ဣသရေလ လူမျိုးသည် ဘုရားသခင်က လက်ရွေးစဉ်အဖြစ် ကောင်းကြီး ပေး၍ ပြုစုပျိုးထောင်ထားသော လူမျိုး ဖြစ်သည်။ ထာဝရဘုရားသခင် သူတို့၏ ဘုရား ဖြစ်သည်။ ထာဝရဘုရားသည် သူတို့၏ ရန်သူများကို တိုက်ခိုက် ပေးကာနို့နှင့် ပျားရည်စီးသော ပြည်၌ ပို့ဆောင်ခဲ့သည်။ အံ့ဩဘွယ် နိမိတ်လက္ခဏာ များစွာ ကိုလည်း ပြခဲ့သည်။ သူတို့၏ အုတ်မြစ်သည် ထာဝရဘုရား ဖြစ်သည်။ သို့သော် ထာဝရဘုရား၏ စကားကို လုံးဝ နားမထောင်ကြသောကြောင့် အဲဂုတ္တု ပြည်မှ ခါနန်ပြည်သို့ ရောက်ချိန်မှစ၍ ယနေ့ တိုင်အောင် နှစ်ပေါင်းသုံးထောင့်ငါးရာအတွင်း၌ ဘုရားသခင် စကား နားထောင် ချိန်သည် အလွန်နည်းသည်။ ဘုရားကြောက်ရွံ့သော ဒါဝိဒ်၊ အာသ၊ ယေဟောရှဖတ်၊ ဟေဇကိ၊ ယောရှိမင်းတို့ လက်ထက်တွင် သာဘုရား စကား နား​ေထောင်၍ ကျန်သော အချိန်များ၌ မိမိတို့ ကြိုက်နှစ်သက်သည် အတိုင်း အိမ်နီးချင်းလူမျိုးများ၏ ဘုရားများကို ကိုးကွယ် ကြသည်။ ထိုကြောင့် အိမ်နီးချင်းလူမျိုးများ၏ ကွှျန်အပြစ် ခံကြရသည်။ သို့သော် မမှတ်ကြပါ။ အဘယ်လူမျိုးမဆိုဘုရား စကား နားမထောင်လျှင် အုတ်မြစ်မကောင်းနိင်ချေ။ မည်မျှပင်ဘုရားသခင်ကို ကိုးကွယ်အားကိုး သည်ဟု ပါးစပ်ကဆိုသော်လည်း သူ၏ စကား နားမထောင်လျှင် သဲပေါ်မှာ ဆောက်သော အိမ်ကဲ့သို့ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်မည်သာ ဖြစ်သည်။ 
 
တိုင်း ပြည် 

တိုင်း နိင်ငံများလည်း ထာဝရဘုရား၏ စကားတော် ပေါ်မှာ တည်ဆောက် မှသာ အုတ်မြစ်ခိုင်ကာတည်တ့ံနိင်သည်။ ကမ္ဘာပေါ်၌ အမေရိကန်ပြည် ထောင်စုသည် ဘုရားသခင်၏ စကား ပေါ်၌ တည်ထောင်ထားသော ထူူးခြားသော နိင်ငံ ဖြစ်သည်။ အစိုးရကိုလည်း ဟေရှာယ ၃၃:၂၂ကို အ​ခြေခံ၍ ဖွဲ့ စည်းခဲ့သည်။ ထိုနိင်ငံထူထောင်ဘို့ရန် လာကြသောသူများသည်လောက ဘုန်းစည်းစိမ်ခံစား ဘို့ရန် မဟုတ်၊ ထာဝရဘုရားသခင်ကို လွတ်လပ်စွာကိုးကွယ် နိင်ရန်ဟူသော အချက် တခုကြောင့် ၁၆၀၀ ပတ်ဝန်းကျင်တွင် ဥရောပတိုက်မှလာ ကြသည်။ ထိုနိင်ငံသည် ဘုရားသခင်၏ စကားတော်အပေါ်မှာ ရပ်တည် ခဲ့သည်။ ထိုကြောင့် ငွေစက္ကူပေါ်၌လည်း ဘုရား အပေါ်၌ ယုံကြည် စိတ်ချသည်ဟု ကဗြည်းထိုးထားသည်။ စာသင်ကျောင်းများ၌လည်း ခရစ်ယာန် ကျောင်း ကဲ့သို့ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းများဖြင့် ဘုရား စကားကို အလေးထား ခဲ့ ကြသည်။ သို့သော် ၁၉၆၀ နောက်ပိုင်းတွင် ဘုရား စကားကို ပယ်ကာစာသင် ကျောင်းများ၌ ဆုတောင်းခြင်း ကျမ်းစာဖတ်ခြင်းများတားမြစ် ကြသည်။ ပညတ်တော် ဆယ်ပါးစာများကိုလည်း ရုံးခန်းများ မှပယ်ရှား ကြသည်။ ဘုရား အစား ဘုရား မကြိုက်နှစ်သက်သော လိင်တူဆက်ဆံခြင်းများ၊ မိခင် ဝမ်းထဲမှ ခလေး သတ်ခြင်းများကို သင်ပေး ကြသည်။ ထိုကြောင့် ယခုအခါ ကျောင်းများသည် စစ် မြေပြင်ကဲ့သို့ဖြစ်လာသည်။ ကျောင်းများ၌ သေနပ်ပြစ်မှုများမကြာခဏ ဖြစ်ပွား နေသည်။ ထိုနိင်ငံ၏ အုတ်မြစ်သည် အလွန် ကောင်းခဲ့သော်လည်း ထိုအုတ် မြစ်များကို ဖြုိချကာလ ူ့ သဘော၊ လူ့ အလိုဆန္ဒများနှင့် အစားထိုးလာ ကြသည်။ ထိုကြောင့် ဒုစရိုက်ပြစ်မှု များလည်း အလွန်များလာသည်။ အမေရိကန်နိင်ငံသည် ယခုအခါ အလျှင်အမြန် ပျက်စီးနေပြီ။ သို့သော် နိင်ငံကြီး လွန်းသောကြောင့်သာမန်လူများ မသိနိင်ကြချေ။ 

အချုပ်အားဖြင့် လူတဦးချင်း၏ ဘဝ ဖြစ်စေ၊ အိမ်ထောင်မိသားစု ဖြစ်စေ၊ အသင်းတော် ဖြစ်စေ၊ တိုင်း နိင်ငံများ ဖြစ်စေသဲ တည်းဟူသော လူ့ သဘော၊ လူ့အ ကြိုက်၊ လူ့အမြင်အား အပေါ်၌ မတည်ဆောက်သင့်ချေ။ ထိုသို့ လူ့ဆန္ဒ အပေါ်၌ တည်ဆောက်သောသူတိုင်း နောက်ဆုံး၌ ဒုက္ခ ရောက် ကြသည်။ တိုထက် ကျောက် တည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တည်ဆောက်သင့်သည်။ နှုတ်ကပတ်တော် အပေါ်၌ တည်ဆောက်သောသူတိုင်း အဆုံးတိုင်အောင် ကောင်းသည်။ လောက၌လည်း အောင်မြင်၍ ကောင်းကင်သို့ အိမ်တော် ပြန်သောအခါ၌လည်း မျက်နှာပန်းလှမည် ဖြစ်ကြောင်း ဝေငှလိုပါသည်။ 

 

ကျမ်းစာဖတ်ရှုလေ့လာ ကြစို့၊

ရှင်ပေတရုဩဝါဒစာပဌမ စောင်
အခန်းကြီး ၁
 

၁-၂။ ယေရှုခရစ်၏ တမန်တော် ပေတရုသည်၊ နားထောင်ခြင်း ကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်း ကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်၍၊ ခမည်းတော်ဘုရားသခင်၏ အနာဂတံသဥာဏ်တော် အတိုင်းရွေးကောက်တော်မူသောသူ တည်းဟူသော ပုန္တုပြည်၊ ဂလာတိ ပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည် အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။ 

တမန်တော် ပေတရုကပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိ ပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည် အာဂန္တုတို့ကို ရေးသောစာ ဖြစ်သည်။ ထိုပြည်များ၌ ရှိ အသင်းတော် များနှင့် ယုံကြည်သူများထံရေးသောစာ ဖြစ်သည်။ ထိုသူများသည် အဘယ်ကြောင့် ဧည့်သည် အာဂန္တုဟု ခေါ်သနည်း။ အကြောင်းမှာ ဤလောကသည် ခရီး သွားသော နေရာ ဖြစ်၍ ထာဝရ နေမည့် နေရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုယုံကြည်သူများသည် ဘုရားသခင်၏ အနာဂတံသဥာဏ်တော်အားဖြင့် ရွေးကောက်သည် ဟုဆိုသည်။ ထိုအ ရာသည် အဘယ်အရာနည်း။ အနာဂတံသဥာဏ်ဆိုသည်မှာ အနာဂတ်မည် ဖြစ်မည့် အရာကို သိသော ဥာဏ်ကို ဆိုလိုခြင်း ဖြစ်သည်။ ယုံ ကြည် သူများ၌ ဖြစ်ပျက် မည့် အရာကို ဘုရားသခင်သည် ကြိုတင် သိထားနှင့်သည်။ ယုံကြည်သူများသည် ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ ရောက််၍ နားထောင်ခြင်း၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်း ကျေးဇူးများ ခံစားရသည် ဟုဆိုသည်။ 
 
၃၊ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက် ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်၊ 
ကြီးစွာသော ကရုဏာတော်နှင့် အညီငါတို့ကို တဖန် ဖြစ်ဘွားစေတော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိတော်မူ စေသတည်း။ 

အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း -လူသည် သေရမည် ဆိုလျှင် မြော်လင့်ခြင်း မရှိ၊ စိတ်ပျက်ရသည်။ အသက်ရှင်မည်ဆိုလျှင် မြော်လင့်ခြင်းရှိ၍ အားရှိသည်။ ထိုမြော်လင့်ခြင်းကို ဘုရားသခင်က ပေးတော်မူသည် ဟုဆိုသည်။ 

ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော် - ယုံကြည်သူများ၏ ရရှိမည့် အမွေတော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ဖြစ်၍ လောကအရာများ ကဲ့သို့ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်း မရှိ။ သို့သော် ထိုအမွေတော် ရမည့်သူ များသည် ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်း ဖြစ်တတ်သော ဤလောကအရာများကို အလွန် လိုချင် တောင့်တ၍ အသေ အလဲရှာတတ်ကြသည်။ ယခုမှစ၍ ဤလောကအရာများထက် ထိုအမွေတော်ကို လိုချင်၍ မြော်လင့်တောင့်တရှာဖွေ ကြပါစို့။ 

 ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့် အညီ ငါတို့ကို တဖန် ဖြစ်ဘွားစေတော်မူသော-ဖြစ်ဘွား စေတော်မူသော ဟူသောအရာသည် ဘသမည ​ေါ​ေငည ဒုတိယ မွေးဘွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်က ငါတို့ကို ယေရှုခရစ် သေခြင်းမှ ထမြောက် စေခြင်းအားဖြင့် မွေးဘွားစေသည်။ ထိုကြောင့် ဒုတိယ မွေးဘွားဘို့ရန် လူ့အပိုင်းမှမတတ် နိင်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း (ယော ၁:၁၃)။ အဘယ်ကြောင့် ငါတို့ကို ဘွားစေသနည်းဟူမူကား ကြီးစွာသော ဂရုဏာတော်ကြောင့် ဖြစ်သည်။ 

ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိတော်မူ စေသတည်း။ အာမင်။ 
 
၄-၅။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင််ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့ အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက် ရှိသော အမွေတည်း။ 

အထက် ကပြောထားသော အမွေတော်သည် နောက်ဆုံးသော ကာလမှာထင်ရှားမည် ဟုဆိုသည်။ ထိုအမွေတော်သည် ကယ်တင်ခြင်းသို့ ရောက်သောသူများအတွက် ဖြစ်၍ ယုံကြည်ခြင်းအားဖြင့် ရရှိမည့် အရာ ဖြစ်သည်။ ထိုအမွေတော်သည် ဘုရားသခင်က စောင့်ရှောက်သောကြောင့် မပျောက် ပျက်နိင်၊ ကောင်းကင်ဘုံ၌ သိုထားသည်။ ထိုအရာကို ရရှိမည်ဟု မြော်လင့်လျက် အသက်ရှင်ကြကုန်အံ့။ 
 
၆ -ရ။ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည် သာ၍ မြတ်သည် နှင့်၊ ယေရှုခရစ် ပေါ်ထွန်တော်မူသောအခါ အချီးအမွမ်း၊ ဂုဏ် အသရေ၊ ဘုန်း အာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏ ခံရ၍ ဝမ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။ 

ရွှေသည် စစ်မစစ်ကို မီးအားဖြင့် အရည်ကျို၍ စုံစမ်းရသည်။ သို့သော် ယုံ ကြည် သူများ၌ ရွှေထက် အလွန် တန်ဘိုးရှိသောအရာ ရှိသည်။ ထိုအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းသည် စစ်မစစ်ကို အထူးထူးအပြား ပြားသော စုံစမ်း နှောင့်ရှက်ခြင်းဖြင့် စစ်ဆေးရသည်။ စစ်မှန်သော ယုံကြည်သူများသည် စစ်ကြောစုံစမ်းခြင်း ခံရသော်လည်း ယေရှုခရစ် ရောက် လာသောအခါ ချီးမွမ်းခြင်း ဂုဏ်ပြုခြင်း၊ ဘုန်း အာနုဘော် များခံရမည် ဖြစ်ကြောင်း ပြောထားသည်။ ထိုကြောင့် စုံစမ်း နှောင့်ရှက်ခြင်း ခံသောအခါ စိတ်မပျက်ရ။ အကယ်၍ ထိုသို့ သိသောသူများ အနေဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ကြိုဆိုရမည် ဖြစ်သည်။ အကြောင်းမှာ ထိုသို့ ခံမှသာလျှင်ချီးမွမ်းခြင်း ဂုဏ်ပြုခြင်း ခံရမည် ဖြစ်သည်။စာ ကြိုးစား သူသည် စာမေးပွဲ ပြုလုပ်မည့် အရာကို ကြိုဆိုသည်။ အကြောင်းမှာ စာမေးပွဲအောင် မှသူ၏ အရည်အချင်းပေါ်လွင်မည် ဖြစ်သည်၊ စာမ ကြိုးစားသောသူမူကား စာမေးပွဲကို ကြောက်သည် မုန်းသည်။ 
 
၈။ ထိုသခင်ကို သင်တို့သည် မမြင်ဘူးသော်လည်ချစ်ကြ၏။ ယခုမှာလဲမမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍ မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက် ကြသည် ဖြစ်၍၊ 

တမန်တော်များသည် သခင်ယေရှုနှင့်အတူ သွားလာကြသောကြောင့် မင်္လာရှိ ကြသည်။ သခင်ယေရှုလောက၌ သွားလာစဉ် သူ့ကို ထိတွေ့သောသူများသည် ကံကောင်းသည်ဟု ထင်ကြမည်။ သို့သော် သခင်ယေရှု ကသော မထံတွင် -သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။ (ယော ၂၀:၂၉)ဟု တွေ့ရသည်။ ထိုကြောင့် သခင်ယေရှုကို မမြင်ဘဲ ယုံကြည်ခြင်းသည် မင်္လာရှိသည်။ စစ်မှန်သော ယုံကြည်သူများသည် သခင်ယေရှုကို မမြင်ဘူးသော်လည်း ချစ် ကြသည်။ ထိုမျှသာမက ဝမ်းမြောက် ရွှင်လန်းသော စိတ်ရှိ ကြသည်။ အကြောင်းမှာ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် သူလုပ်ပေးသော အရာများကို စဉ်းစားသောအခါ အလွန် ဝမ်းမြောက်သည်။ 
 
၉။ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်း တည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကို ခံရကြ၏။ 

လူသည် ကိုယ်ခန္ဓာပိုင်း အကျိုးရမှ ကျေနပ် ဝမ်းမြောက် တတ်ကြသည်။ အမှန်မှာ ကိုယ်ခန္ဓာပိုင်းထက် စိတ်ဝိညာဉ်ပိုင်းအကျူိးသည် အလွန် ထူးမြတ်သည်။ အကြောင်းမှာ ကိုယ်ခန္ဓာ အကျိုးသည် ခဏသာတည်၌ စိတ်ဝိညာဉ်ပိုင်း အကျိုးသည် ထာဝရ တည်သည်။ ယုံကြည်သူများသည် စိတ်ဝိညာဉ်ပိုင်း ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ရကြသည်။ ထိုအရာကို ဝိညာဉ် မျက်စိ ကမ်းသောသူများက မလိုချင် ကြချေ။ 
 
၁၀။ ထိုကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြော မေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြ ပြီ။ 

ယခု ယုံကြည်သူများခံစားရသော ကယ်တင်ခြင်း အကြောင်းကို ဓမ္မ ဟောင်းကာလ ပရောဖက်များက ကြိုတင် ဟောပြောခဲ့ကြပြီ။ သို့သော် သူတို့ ကိုယ်တိုင် အကုန်အစင် နားမလည် သောကြောင့် စေ့စေ့စစ်ကြောမေးမြန်းရှာ ဖွေ ကြသည် ဟုဆိုသည်။ 
 
၁၁။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သော အချိန်ကာလကို၎င်း၊ ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။ 

ခရစ်တော်သည် ဓမ္မဟောင်းကာလ၌ ဝိညာဉ်အားဖြင့် ပရောဖက်များအထဲမှသူခံရမည့် ဒုက္ခ ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ ဟောပြောခဲ့ပြီ။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီးသောအခါ ဧမောက်မြို့သို့ သွားသော တပည့်တော် နှစ်ယောက်ထံ၌ သူခံရမည့် အရာနှင့် ထမြောက် မည့် အရာများကို ရှင်းပြခဲ့သည်။ ထိုသူနှစ်ယောက်တို့သည် ခရစ်တော် ရှင်ပြန်ထ မြောက်သည့်အရာကို အံ့ဩ နေကြသည်ကို သိသောအခါ ကြိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို ယုံနိုင်အောင် ဥာဏ်မရှိ၊ စိတ်ခိုင်မာသော သူတို့၊ ခရစ်တော်သည် ဤသို့ ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင် စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။ ထိုအခါ မောရှေ၏ ကျမ်းစာ မှစ၍ ပရော ဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။ (လု ၂၄:၂၅-၂ရ)။ 
၁၂။ ကိုယ်ဟောပြောပြုစုသော အရာများတို့ သည်၊ ကိုယ်အဘို့ မဟုတ်၊ သင်တို့ အဘို့ ဖြစ်သည်ဟု ထို သူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော် ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသော သူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအ ရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။ 

ကိုယ်ဟောပြောပြုစုသော အရာများတို့ သည်၊ ကိုယ်အဘို့ မဟုတ်၊ သင်တို့ အဘို့ ဖြစ်သည်ဟု ထို သူတို့အား ဖွင့်ပြတော်မူ၏။ သခင်ယေရှု ဟောပြောသော အရာများသည် သူကိုယ်တိုင် အဘို့ မဟုတ် ယုံကြည်သူများအဘို့ ဖြစ်သည် ဟုဆိုသည်။ 

ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော် ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသော သူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ-ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော် ပါလျက် ဧဝံဂေလိတရားကို ဟောပြောသော သူတို့သည် ပေတရုအပါအဝင် တမန်တော်များ၊ ဆရာများကို ဆိုလိုသည်။ 

ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာစိတ်ရှိကြ၏။ ထိုအရာဆိုသည်မှာ ထိုဧဝံဂေလိတရားကို ဆိုလိုသည်။ ထိုဧဝံဂေလိတရားသည် ဘုရားသခင်က လူများကို ကယ်တင်ခြင်း တရား ဖြစ်သည်။ ထိုအရာကို ကောင်းကင်တမန် များ အလွန် စိတ်ဝင်စားသည် ဟုဆိုသည်။ လူများ ကယ်တင်ခြင်းသို့ ရောက်ခြင်းကို ကောင်းကင်တမန် များ အလွန် အားရဝမ်းမြောက်ကြောင်း ခရစ်တော်က ဤသို့ ပြောခဲ့ဘူးသည်-ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။ (လု ၁၅:၁၀)။ သို့သော် လူသားများက ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် စိတ်မဝင်စားခြင်းသည် အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ 
 
၁၃။ သို့ဖြစ်၍၊ သင်တို့ စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ ရောက်လတံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။ 

သင်တို့ စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့-ခါးပန်းစည်း ဆိုသည်မှာ ခါးပတ်ကို တင်းနေအောင် စည်းထားခြင်း ဖြစ်သည်။ စိတ်နှလုံးခါးပန်း စည်းခြင်းသည် သမ္မာသတိရှိခြင်းကို ဆိုလိုသည်။ 
 ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ ရောက်လတံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့-သခင်ယေရှုသည် ယုံကြည်သူများကို ချီဆောင်ပြီးမှလူတိုင်း မိမိိတို့ လုပ်ဆောင်သည့်အတိုင်း ဆုပေးမည်ဟု နေရာတော်တော်များများ၌ ဂတိပေးထားသည်။ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူ လတံ့။ ထိုအခါ သူအသီးအသီးကျင့်သော အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတံ့။ (မ ၁၆:၂ရ) ဘုရားသခင်သည် လူအ သီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတံ့။ (ရော ၂:၆) ငါတို့ ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သော အကျင့်၊ ကောင်း မကောင်းရှိသည် အတိုင်း အကျိုးအပြစ်ကို အသီးအသီး ခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။ (၂ ကော ၅:၁၀)။ ဤတရားစီရင်ခြင်းသည် ကယ်တင်ခြင်းသို့ ရောက်ပြီးသား သူများ ဖြစ်၍ ဆုနှင့်သာဆိုင်သည်။ ကောင်းကင်တက်ခွင့်ရှိမရှိအတွက် မဟုတ်။ ယုံကြည်သူများအနေဖြင့် ထိုအရာကို မြော် လင့်ရမည်။ သို့သော် ဝမ်းနည်းဘွယ်ကောင်းသည် မှာထိုနေ့နှင့် ထိုဆုရမည့် အရာထက်လောက၌ ရရှိမည့် မမြဲသောလောကီစည်းစိမ်များကိုသာလျှင် မြော်လင့် ကြသည်။ 
၁၄။ အထက်ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်း တရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင် တတ်သောသူငယ်ကဲ့သို့ဖြစ်၍၊ 

အထက် ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်း တရားကို ယခုမလိုက်မကျင့်ဘဲ -အထက်က ဟုဆိုခြင်းသည် ယခင်က ဟုဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်သူများသည် မယုံကြည် ခင်၌ မှောင်မိုက်ထဲမှာရှိ၍ ကိုယ်ကာယ တပ်မက်ခြင်း အတိုင်း ကျင့် နေကြသည်။ သို့သော် အလင်းသို့ ရောက်သွားသော နောက်ထိုမှောင်မိုက်အကျင့်များ မကျင့်မည့် အကြောင်းကို တမန်တော် ကြီးက သတိပေးခြင်း ဖြစ်သည်။ 

နားထောင် တတ်သောသူငယ်ကဲ့သို့ဖြစ်၍ -သူငယ်များသည် လူကြီး စ ကားကို နားထောင် တတ် သကဲ့သို့ ယုံကြည်သူများလည်း ဘုရား စကားကို နားထောင်ရမည်။ 
 
၁၅။ သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည် နည်းတူ၊ ကျင့်ကြံ ပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ 

ယုံကြည်သူများကို ခေါ်တော်မူသောသူသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ယုံကြည်သူများလည်း ကျင့်ကြံပြုမူသမျှတို့၌ သန်ရှင်းဘို့ လိုသည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်က -ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း ကိုယ်ကိုကိုယ် သန့်ရှင်စေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် မျှသင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူး စေရကြ။ ငါသည် သင်တို့၏ ဘုရားသခင် ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တု ပြည် မှကယ်နူတ်သော ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်။ (ဝတ်ပြု ၁၁:၄၄-၄၅) ဤနေရာ၌ အစားအသောက်အားဖြင့် သန့်ရှင်းမည့် အရာကို ပြောခြင်း ဖြစ်သည်။ ခွာမကွဲစားမြုပ်မပြန်သော အသား များသည် မသန့်ရှင်းသောကြောင့် မစားရ ဟုဆိုသည်။ 

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။ (ဝတ်ပြု ၁၉:၁) အထက်ပါ သန့်ရှင်းခြင်းသည် အခန်း၁၈ မှအဆက် ဖြစ်သည်။ အခန်း၁၈၌ ယောက်ျားမိန်းမဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့် မှားယွင်းခြင်း၊ လိင်တူဆက်ဆံခြင်းတို့သည် ညစ်ညူးသည် ဟုဆိုသည်။ ထိုကြောင့် လိင်ဆက်ဆံခြင်း၌ သန့်ရှင်းခြင်းရှိရမည် ဟုဆိုလိုခြင်း ဖြစ်သည်။ 

သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကို သန့်ရှင်းစေ၍၊ သန့်ရှင်းခြင်းရှိကြလော့။ ၈ ငါနည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။ (ဝတ်ပြု ၂၀:ရ- ၈) ဤနေရာ၌ အခြားဘုရားများကို ကိုးကွယ်ခြင်းသည် ဘုရားသခင် အမြင်၌ ညစ်ညူးခြင်းရှိသည် ဟုဆိုသည်။ ထိုကြောင့် အခြားဘုရားများအားဖြင့် ကိုယ့်ကိုယ်ကို မညစ်ညူး စေရ။ 
 
၁၆။ အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာ လာသတည်း။ 
အထက်၌ ဖေါ်ပြထားသည့်အတိုင်း ဣသရေလ လူများထံ ဘုရားသခင်က အစားအသောက်၌ ဖြစ်စေ၊ လိင်ဆက်ဆံခြင်း၌ ဖြစ်စေ၊ ဘုရားကိုးကွယ်ခြင်း၌ ဖြစ်စေ သန့်ရှင်းစေသည်။ ဘုရားသခင်က သူ၏ လူများသည် ညစ်ညူးခြင်း မရှိ၊ သန့် သန့်ရှင်းရှင်း ဖြစ်စေလိုသည်။ ထိုကြောင့် ယုံကြည်သူတိုင်း ကျင့်ကြံပြုမူကိုးကွယ်ခြင်း၌ သန့်ရှင်းကြစို့။ သန့်ရှင်းခြင်းသည် လောကီရေးရာနှင့် မညစ်ညူးခြင်း ဖြစ်သည်။ ယနေ့ ယုံကြည်သူများသည် ဧည့်ခန်း၊ အိပ်ခန်းများ၌ တီဗီ၊ ကွန် ပြူတာများနှင့်လောကအရာများကို နေ့တိုင်း၊ အချိန် တိုင်း ကြည့်ရှုနေခြင်းအားဖြင့် မိမိတို့၏ စိတ်၊ ဦးနှောက်များကို ညစ်ညူး စေ ကြသည်။အချိန် တိုင်းလော ကသီချင်းများကိုသာ နားထောင် ကြသည်။ မည်ကဲ့သို့ သန့်ရှင်းနိင်မည်နည်း။ ဆာလံဆရာက၊ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင် ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ အ​ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော် လမ်းမှလွဲစေတော်မမူပါနှင့်၊၊ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ၊၊ (ဆာ ၁၁၉:၉-၁၁)ဟု ရေးထားသည်။ ညစ်ညူးခြင်းသည် စိတ်နှလုံးမှ ဖြစ်သည်။ ထိုစိတ်နှလုံး သန့်ရှင်းဘို့ရန် နှုတ်ကပတ်တော် ကိုသို့ ထားရမည်။ ယခုမူကား နှုတ်ကပတ်တော်ထက်လောကအရာများကိုသာ သိုထားကြသောကြောင့် မည်သို့မျှ သန့်ရှင်းခြင်း မရှိနိင်ကြချေ။ ထို့ကြောင့် ထွက် လာသော စကား၊ အပြုအမူ များသည် ညစ်ညူးသော အရာများသာလျှင် ဖြစ်သည်။ 
 
၁ရ။ လူမျက်နှာကို မငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည် ဖြစ်စဉ်ကာလ ပတ်လုံးကြောက်ရွံ့သော စိတ်နှင့် ကျင့် နေကြလော့။ 

လူမျက်နှာကို မငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော် - ခမည်းတော်သည် လူမျက်နှာကို မငဲ့၊ လူတိုင်းကို သူတို့၏ အကျင့်အတိုင်း စီရင်သည် ဟုဆိုသည်။ ထိုကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီးသော ဘုရား သားသမီး များအနေဖြင့် သတိထားဘို့ လိုသည်။ ထိုသို့မဟုတ်၊ ခမည်းတော်ကို မကြောက်ဘဲ လုပ်ချင်တိုင်း လုပ်ပါက ဆုံးမခြင်းကို ခံရမည်။ (ဟေ ၁၂:၅ -ရ) 

သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည် ဖြစ်စဉ်ကာလ ပတ်လုံး ကြောက်ရွံ့သော စိတ်နှင့် ကျင့် နေကြလော့- ခမည်းတော်ကို ဆုတောင်းကိုးကွယ်လျှင် မြေကြီး ပေါ်၌ ဧည့်သည် ဖြစ်သည်ကို သိ၍ ကြောက်ရွံ့သော စိတ်နှင့် ကျင့်ပါ ဟုဆိုသည်။ ဧည့်သည်သည် အိမ်ရှင်များရှေ့၌ ကြောက်ရွံ့သော စိတ်နှင့် ဧည့်ခန်း၌ ငြိမ်ငြိမ်ကလေးနေတတ်သည်။ အိမ်ရှင်ခေါ်မှစားသောက်ရ၊ လုပ်စရာ ကိုလည်း လုပ်ရသည်။ ဧည့်သည်သည် ကျီးမများ တတ်ချေ။ ယုံကြည်သူများလည်း ဤလောက၌ ဧည့် ဖြစ်သောကြောင့် ကျီးမများ သင့်ချေ။ ဧည့်သည်သည် ဧည့်သည် ကဲ့သို့ နေရမည်။ ဧည့်သည် ဖြစ်နည်းသင်တန်းမရှိပါ။ အလိုအလျောက်သိတတ်ကြသည်။ ထို့ကြောင့် အိမ်ရှင်ကဲ့သို့ မနေကြစို့နှင့်။ 
 
၁၈။ မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ ၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အ​ကြေးနှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။ 

မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းသည် ဘုရား၏ အလိုတော်နှင့် မကိုက်ညီသော အကျင့်အကြံများ ဖြစ်သည်။ ထိုအရာများ ထဲမှ ဘုရားသခင်က ပျက်ဆီးတတ်သော ရွှေငွေနှင့် မဟုတ်အပြစ် မရှိသော ခရစ်တော် 
၏ အသွေးတော်မြတ်နှင့် ရွေးဝယ်ကြောင်းကို သိမှတ်ကြလော့ ဟုဆိုသည်။ ထိုကြောင့် အချည်းနှီးသော မိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ထုတ်ဖေါ်သည်ထက် ဘုရားသခင်၏ အလိုတော်အတိုင်း ကြံစည်၍ လုပ်ဆောင်ဘို့ ဖြစ်သည်။ ယခုအခါ အဘိုးအဘွားများ စွန့်ခဲ့ပြီးသော ရိုးရာယဉ်ကျေးမှုများကို ဝတ် ဆင်၍ ဘုရားကျောင်းပလ္လင်ပေါ်၌ အဆီးအတားမရှိက နေကြပြီကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။ 
 
၂၀။ ထိုခရစ်တော် ကား ဤကမ္ဘာမတည်မရှိမှီခန့်ထားတော်မူခြင်းကို ခံနှင့်သည် ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့ အဘို့၊ ဤနောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီ။ 

သခင် ခရစ်တော် အသေခံ မည့် အရာသည် ကမ္ဘာမတည်မရှိမှီကတည်း ကခန့်ထားတော်မူသည် ဟုဆိုသည်။ ထိုကြောင့် ခရစ်တော်၏ ကယ်တင်ခြင်း လုပ်ငန်းသည် ဘုရားသခင်၏ မဟာစီမံကိန်းကြီး ဖြစ်သည်။ နောက်ဆုံးသော ကာလသည် ခရစ်တော် ဤလောကသို့ ဆင်း၍ အသေခံ ချိန်မှစ၍ ယခုတိုင်အောင် ဖြစ်သည်။ 
 
၂၁။ သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက် စေ၍ ဘုန်း အသရေကို ပေးသနားတော်မူပြီ။ 

ယုံကြည်ခြင်းနှင့် မြော်လင့်ခြင်းသည် သခင်ယေရှု အသေခံခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းအားဖြင့် ဖြစ်သည်။ လူသည် သေရမှာကို ကြောက်သည်။ သခင်ယေရှု က-ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ (ယော ၁၁:၂၅) ဟုဆိုသော်လည်း သူကိုယ်တိုင် သေ၍ မရှင်ပြန်မထမြောက်လျှင် လူများ ကယုံကြည် မြော်လင့်နိင်မည် မဟုတ်။ ထိုကြောင့် သူကိုယ်တိုင် သေ၍ ရှင်ပြန်ထမြောက် မှသာလျှင်ယုံကြည် မြော်လင့်နိင်သည်။ 
 
၂၂။ သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည် မဟုတ်။ ၂၃ မဖောက်ပြန်မပျက်ဆီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်း အလိုငှါ၊ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ် စေပြီးသည်နှင့် အညီ၊ စင်ကြယ်သော စိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ 

ယနေ့ များစွာသော ခရစ်ယာန် များသည် ဖောက်ပြန်ပျက်ဆီးတတ်သော မျို့စေ့တည်း ဟူသော၊ စိတ်လှုပ်ရှားခြင်း၊ လူ၏ လုပ်ဆောင်ချက် ဖြစ်သော ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ကျမ်းစာဖတ်၊ အလွက်ကျက်ခြင်း၊ နောင်တရခြင်း၊ အခြားသော ဘာသာစကားဖြင့် ပြောခြင်း၊ ဘုရားတရား၌ ကြိုးစားခြင်း၊ အကျင့် ပြောင်းခြင်း၊ ရေနှစ်ခြင်းတို့ဖြင့် ဒုတိယအကြိမ် မွေးဘွားသည်ဟု ခံယူတတ်ကြသည်။ ထိုအရာများသည် ပျက်ဆီး၍ ပြောင်းလဲတတ်သည်။ ထိုကြောင့် ဒုတိယ မွေးဘွား ပြီဟု ခံယူသော်လည်း အကျင့် မပြောင်းလဲ၊ ကောက်ရိုးမီးကဲ့သို့ ခဏ ဘုရားတရား၌ စိတ်ဝင်စား၍ လှုပ်ရှားသော်လည်း ပြန်ငြိမ်သွားတတ်သည်။ ဘုရားသခင်၏ နှုတ် ကပတ်တော်မူကား အသက်ရှင်သည်၊ မဖောက်မပျက်ဆီး တတ်၊ အစဉ်အမြဲတည်သည်။ ထိုနှုတ်ကပတ်တော်အားဖြင့် မွေးဘွားရမည်။ ဆိုလိုသည်မှာ ဒုတိယမွေး ဘွားခြင်းသည် ဘုရားသခင်က စီမံ၍ ခရစ်တော် ကအသေခံ၍ ပြန်လည်ထမြောက်ခြင်းအားဖြင့် ပြည့်စုံစေသည်။ လူသည် ခရစ်တော်နှင့်အတူ သေ၍ ရှင်ပြန်ထ မြောက်သောအခါ လူသစ်အဖြစ် ထမြောက် သည်။ ထိုအရာကို နှုတ်ကပတ်တော်အားဖြင့် သိရသည်။ ထိုကြောင့် နှုတ်ကပတ်တော်အားဖြင့် မွေးဘွားခြင်း ဆိုသည်မှာ ဘုရားသခင်က ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကို သိရှိ နားလည်၍ လက် ခံယုံကြည်ခြင်း ဖြစ်သည်။ 
 
၂၄။ လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလ အစဉ်အမြဲ တည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧဝံဂေလိတရား ဖြစ်သတည်း။ 

 ဤနေရာ၌ လူနှင့် နှုတ်ကပတ်တော်ကို နှိုင်းယှဉ်ထားသည်။ လူမျိုးရှိသမျှသည် မည်မျှပင်အရေးကြီးသည် မျိုးကောင်းသည်ဟု ထင်မှတ်သော်လည်း မြက် ပင်များသာလျှင် ဖြစ်သည်။ မြက်ပင်သည် ဍှုိးနွမ်းသွေ့​ခြောက် သကဲ့သို့ လူများလည်း သေကျေ ပျက်ဆီးရသည်။ လူများ၏ ဘုန်းသည်လည်း မြက်ပွင့်ကဲ့သို့ သာလျှင် ဖြစ်သည်။ သို့သော် နှုတ်ကပတ်တော်မူကား အစဉ်အမြဲတည်သည်။ မပြောင်းလဲနိင်ချေ။ ထို့ကြောင့် နှုတ်ကပတ်တော် မှလွှဲ၍ မည်သည့်အရာ၌ မျှအ ​ခြေမခံသင့်ချေ။ 
 

ဧဝံဂေလိ ခရီး စဉ်

ဆရာမောဇက်သည် ဧပြီလ ၂၂-၂၈ ရက်နေ့များ အတွင်း၍ Idaho ပြည်နယ်၊ Twin Falls မြို့သို့ သွားရောက်ကာ ကယ်တင်ခြင်းနှင့် သမ္မာတရားများကို သင်တန်းပေးခဲ့ပါသည်။ Twin Falls မြို့၌ မြန်မာပြည်သား အယောက် တစ်ရာ နီးပါးနေထိုင်ကြပါသည်။ ထိုသူများသည် Refugee အစီအစဉ်ဖြင့် ရောက်ရှိလာကြ သူများ ဖြစ်၍ အကြာဆုံးနေထိုင် သူများသည် လေးနှစ်ခန့်မျှ သာရှိကြသေးသည်။ အချို့သောသူများသည် ရောက်ခါစတလနှစ်လခန့်သာ ရှိကြသေးသည်။ ထိုမြိ့သည် မြို့ငယ်လေး ဖြစ်၍ နေချင် စဘွယ်ကောင်းသော မြို့ ဖြစ်သည်။ တနှစ်မပြည် ခင်တွင် ကား မောင်းနိင်ကြ၊ ကား ပိုင်နိင်ကြပြီ။ နွားနို့နှင့် နို့ထွက်ပစ္စည်းများ စက်ရုံ၊ အား လူးစက်ရုံများ၊ စားသောက်ဆိုင်နှင့် တည်းခိုခန်းများ၌ အလုပ်လုပ် ကြသည်။ 


ဆရာမောဇက်သည် ရောက်သော ညမှစ၍ ကျမ်းစာ သင်တန်းကို တပတ် လုံးလုံးလုပ်နိင်ခဲ့သည်။ နေ့ခင်းပိုင်း၌ လူငါးယောက်မှဆယ့်နှစ်ယောက်ခန့်အထိ၊ ညပိုင်းတွင် လူနှစ်ဆယ့်ငါးမှသုံးဆယ်ကျော်အထိ တက်ရောက်နိင် ကြသည်။ သင် တန်းတက် သူများ၌ ဘုန်းကြီး ဝတ်ဘူးသောသူလည်း ပါဝင်သည်။ ဗုဒဝဘာသာမှ ပြောင်းလဲ သူများလည်းရှိသည်။ လူနည်းသော်လည်း ကချင်၊ ကရင် မြန်မာချင်း စသည်ဖြင့် လူမျိုးပေါင်းစုံ ဖြစ်ကြသည်။ သင်တန်း၌ စိတ်ဝင်စားစွာ တက်ရောက် ကြသည် 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG