GOODNEWS
  HOME  GOODNEWS  2013 MAR
 


အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဧပြီလသို့ ရောက်ကြပြီ။ ရာသီ ဥတုပြောင်းလဲကာနွေးလာသည်နှင့် အမျှအပြင်ထွက်ကာလ ုပ်ချင်သော အရာများလည်းများပြားလာပေမည်။ သို့သော် ချီဆောင်ခြင်း နီးလာ၍ ဘေးဒဏ်ကြီးကာလ နီးလာပြီ ဖြစ်ကြောင်း မမေ့သင့်ချေ။ ဘယ်အရာဘဲ လုပ်လုပ်ကာလ အချိန်ကို နားလည်၍ လုပ်သင့်သည်။ ​ကျွန်ပ်တို့ လုပ်ဆောင်သောအရာ၊ သုံးစွဲသော ငွေကျေးနှင့် အချိန်များထာဝရ လ၌ အကျိုးရှိမည်လောမရှိမည်လောဟူသောအရာကို အမြဲထည့်တွက်စဉ်းစားသင့်သည်။ ထာဝရ ကာလ၌ အဖတ်မတင်မည့် အရာများကို အလွန် ဦးစားမပေးသင့်ပါ။ ထာဝရ ကာလ၌ ခိုင်မြဲတည်တန့်မည့် အရာများကိုသာလျှင် လုပ်သင့်သုံးစွဲသင့်သည်။ 

ယုံကြည်သူတိုင်း ကယ်တင်ခြင်း အကြောင်း သက်သေခံသင့်သည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းဖြင့် များစွာ အကျိုးခံစားရသည်။ ကိုယ်တိုင် ဝိညာဉ် သဘောနှင့် ပိုအသက်ရှင်လာနိင်၍ နားလည် သဘောပေါက် လက်ခံသွားသောသူများလည်း အလွန် ဝမ်းမြောက် စေသည်။ ကိုယ့် ပြသနာ များလည်း လျော့ ပါးသွားစေသည်။ အဖြစ် သဘော တရားဟောခြင်းဖြင့် လူမပြောင်းလဲပါ။ ကယ် တင်ခြင်းကို သဘောပေါက်အောင် ပြောနိင်မှအသက်တာပြောင်းလဲလာနိင်သည်။ ယုံကြည်သူ ူတိုင်း ဝိညာဉ် ဖမ်းသောသူများ ဖြစ်ဘို့ ဘုရားသခင်က ောင်းကြီး ပေးပါစေ။ 
 

ဤစာစောင်၌...

ခရစ်တော် အသေခံခြင်းနှင့် ပြန်ထမြောက်ခြင်း 
ကယ်တင်ခြင်း 
ဘုရားသခင်ကို ဘာလက်ဆောင်ပေးမည်နည်း
အပြစ် ကျူးလွန်ပြီး နောက်မည်ကဲ့သို့ နေရမည်နည်း
သက်သေခံခြင်း 
ရရှိနိင်သော ဝိညာဉ်ရေးရာစာအုပ်နှင့် စီဒီများ 
 

ခရစ်တော် အသေခံခြင်းနှင့် ပြန်ထမြောက်ခြင်း 

ခရစ်ယာန် တယောက် အတွက် ခရစ်တော် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းသည် အရေးကြီးဆုံး သော့ချက် ဖြစ်သည်။ 
 
အသေခံခြင်း 

ငါသည် ကိုယ်တိုင် ခံယူသည် အတိုင်း သင်တို့အား ရှေ့ဦးစွာ အပ်ပေးသော အကြောင်း အရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။ (၁ ကော ၁၅:၃)။ ခရစ်တော် အသေခံ ံခြင်းသည် ငါတို့ အပြစ်ကြောင့် ဖြစ်သည်။ ကိုယ်ထိလက်ရောက် ခရစ်တော်ကို သတ်သောတို့သည် ဣသရေလ လူများနှင့် ရော မစစ်သားများဖြစ်သော်လည်း ငါတို့ အပြစ် မရှိလျှင် သူသည် သေစရာ အကြောင်း မရှိ။ ထို့ကြောင့် ခရစ်တော် အသေခံခြင်းသည် ငါတို့ကြောင့် ဖြစ်သည်။ 
 
အပြစ် အခပေးဆပ်ဘို့ 

အဘယ်ကြောင့် ခရစ်တော် သေရသနည်းဟူမူကား အပြစ်၏ အခသေခြင်း (ရော ၆:၂၃)ကို ဆပ်ပေးဘို့ရန် ဖြစ်သည်။ ဓမ္မဟောင်းကာလ၌ ဣသရေ လလူများ၏ အပြစ် အတွက် တိရစ္ဆာန်များ ကအသေခံ ပေးရသည်။ သို့သော် တိရစ္ဆာန်များသည် လူကို ကိုယ်စားမပြုနိင်သောကြောင့် ခရစ်တော်သည် လူ့ ဇာတိကို ခံယူ၍ လူသားများကိုယ်စားအသေခံခြင်းဖြင့် အပြစ်၏ ဒဏ်ကို ပေးဆပ်ပေးခဲ့ပြီ။ ထို့ကြောင့် ထိုကဲ့သို့ ခရစ်တော် ကအပြစ် ဒဏသေခြင်းကို ခံပေးသွားသည် ဟူသောအရာကို လူတိုင်း ဘုရားကယုံကြည် စေချင်သည်။ ထိုသို့ ယုံကြည်လျှင် နောက်ထပ်ပြစ်ဒဏ်ခံစရာ အကြောင်း မရှိတော့ချေ (ယော ၃:၁၈)။ မိတ်ဆွေ ထိုသို့ ခရစ်တော်ကို ယုံပြီလော။ ထိုသို့ မယုံလျှင် ခရစ်တော် အသေခံခြင်းသည် မိတ်ဆွေ အတွက် အချည်းနှှီး ဖြစ်သည်။ 
 
လူဟောင်းသေစေဘို့ 

ခရစ်တော် အသေခံခြင်း ဒုတိယအချက်အနေဖြင့် ဖေါ်ပြလိုသည် မှာငါတို့၏ လူဟောင်းကို သေစေဘို့ ဖြစ်သည်။ ကျမ်းစာ၌၊ ထိုမှတပါး၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ 
၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။ (ရော ၆:၆)ဟု တွေ့ ရသည်။ လူဟောင်းဆိုသည်မှာ မိခင် ဝမ်းမှ မွေးဘွားသောအရာကို ဆိုလိုသည်။ လူသည် လူဟောင်းအဖြစ် မွေးဘွား ကြသည်။ ထိုလူဟောင်းသည် အာဒံနှင့် ဆက် စပ်၍ အပြစ် တရား၏ ​ကျွန် ဖြစ်သည်။ ထို့ကြောင့် မသင်ပေးဘဲ လူတိုင်း အလိုအ လျောက်အပြစ် လုပ်တတ်ကြသည်။ ဘာသာရေးကအပြစ် မလုပ်ဘို့ တားနေသော်လည်း လူဟောင်းသည် အပြစ် မလုပ်ဘဲ မနေနိင်။ ထို့ကြောင့် ဘုရားသခင်က ထိုလူဟောင်းကို ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်ထားကာ အသေသတ် လိုက်သည်။ ထိုအရာကို အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးခြင်းဟု ရှင်ပေါလုကဆိုသည်။ မိတ်ဆွေ ခရစ်တော်နှင့်အတူ မိမိ၏ လူဟောင်းသေပြီဟု ခံယူယုံကြည် ပါသလော။ ထိုအရာနှင့် ပတ်သက်၍ ဘာမျှလုပ်စရာ မလို၊ ယုံကြည်ခြင်းဖြင့် သေပြီ ဖြစ်ကြောင်းကို လက်ခံဘို့ သာလျှင် ဖြစ်သည်။ 
 
ဘုရားသခင် ရှေ့မွှေးကြိုင်ဘို့ 

လူသည် ဘုရားသခင် ရှေ့၌ နံဆော်နေသည်။ ထိုကြောင့် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ဘို့ရန် ဘုရားသခင် ကိုယ်တော်တိုင်က ဣသရေလ လူမျိုးများကို မီးရှု ရာယဇ်ကို ပူဇော်ခိုင်းသည် (ဝတ်ပြုရာ ၁၊ ၂)။ နွား၊ သိုး၊ ဆိတ်၊ ချိုးငှက်၊ ခို ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ တည်းဟူသော မုန့်များ ပူဇော်သောအခါ သူတို့သည် ဘုရားသခင် ရှေ့၌ မွှေးကြိုင် ကြသည်။ သို့သော် ထိုအရာများကို ဘုရားသခင် အလိုတော် မရှိတော့ချေ။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ၇ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အ ညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏ (ဟေဗြဲ ၁၀:၆ -ရ)။ ထို့ကြောင့် ခရစ်တော် အသေခံခြင်းသည် လူသားများဘုရားသခင် ရှေ့၌ မွှေးကြိုင်နိင်ဘို့ရန် မီးရှုရာယဇ်ပူ ဇော်ခြင်း ဖြစ်သည်။ ထိုခရစ်တော်၏ ပူဇော်ခြင်းကြောင့် ယုံကြည်သူတိုင်း ဘုရားသခင်ရှေ့၌ မွှေးကြုိင်ပြီ ဖြစ်သည်။ မွှေးကြိုင်ခြင်းသည် ဘုရားသခင် ရှေ့၌ မျက်နှာ ရခြင်းကို ဆိုလိုသည်။ 
 
ဘုရားသခင်နှင့် မိဿဟာယဖွဲ့ဘို့ 

လူသည် အာဒံကြောင့်မွေးစကပင်အပြစ်ရှိ၍ ဘုရား၏ ရန်သူများ ဖြစ်ကြသည်။ ထိုကြောင့် ဘုရားသခင်ကို မချစ်၊ သူနေသော ကောင်းကင်နိင်ငံကိုလည်း စွဲလန်းခြင်း မရှိ။ ဘုရား မချစ်ခိုင်းသော ဤလောက ကိုလည်း အလွန် ချစ် နှစ်သက် ကြသည်။ သို့သော် ဘုရားသခင်သည် လူကို သနားသောကြောင့် ရန် ငြိမ်းစေဘို့ရန် မိဿဟာယယဇ်ကို ပူဇော်ခိုင်းသည်။ ဣသရေလ လူများကို တိရစ္ဆာန်ပူဇော်ခြင်းအားဖြင့် မိဿဟာယ ယဇ်ပူဇော်ဘို့ သင်ပေးခဲ့သည် (ဝတ် ပြုရာ ၃)။ သို့သော် နောက်ဆုံး၌၊ သားတော်ကို အသေခံ စေခြင်းအားဖြင့် မိဿ ဟာယယဇ်ကို ပူဇော်စေ၍ ဘုရားနှင့် လူကို ရန်ငြိမ်းစေသည် (ရော ၅:၁၀)။ မိိတ်ဆွေ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီး ပြီလော။ 
 
ရှင်ပြန်ထမြောက်ခြင်း 
 

သင်္ဂြိုလ်ပြီးမှ၊ ကျမ်းစာ လာသည် အတိုင်း သုံးရက်မြောက်သော နေ့၌ ထမြောက်တော်မူ၏။ (၁ ကော ၁၅:၄) ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည် ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်း မရှိဟု သင်တို့တွင် အချို့သော သူတို့သည် အဘယ်ကြောင့်ဆို ရကြသနည်း။ သေသော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက် တော်မမူ။ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏ အမှုမှာ မမှန်သော သက်သေခံ ဖြစ်ကြ၏။ (၁ ကော ၁၅:၁၂-၁၅) 

ယခုနှစ် ရှင်ပြန်ထမြောက် ခြင်းသည် မတ်လ ၃၁၌ ကျသည်။ ယခင် သမ္မာတရား မဟောအချိန်၌ ရှင်ပြန်ထမြောက် ခြင်းသည် ခရစ်တော် ရှင်ပြန်ထ မြောက်ခဲ့သည် ဟူ၍သာ သိခဲ့သည်။ သမ္မာတရား သိ လာသောအခါ ရှင်ပြန် မြောက်ခြင်းသည် အလွန် အရေးကြီးကြောင်း သိရသည်။ အကြောင်းမှာ၊ 
 
ယုံကြည်ခြင်း၏ အ​ခြေခံ

ရှင်ပြန်ထမြောက် ခြင်းသည် ခရစ်ယာန် ယုံကြည်ခြင်း၏ အ​ခြေခံအုပ်မြစ် ဖြစ်ကြောင်း ရှင်ပေါလုကပြောခဲ့သည်။ ခရစ် တော်သည် ရှင်ပြန်မထမြောက်လျှင် ငါတို့ ၏ ယုံကြည်ခြင်းသည် အကျိုးမရှိ။ တရား ဟောခြင်းလည်း အကျိုးမရှိ ဟုဆိုသည်။ အကြောင်းမှာ ဘုရားသခင်သည် အသက် ဖြစ်၍ သူ့ကို ယုံကြည်သောသူသည်လည်း အသက်ပေးဘို့ အာမခံခဲ့သည်။ ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ (ယော ၁၄:၆)။ တဖန်၊ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ (ယော ၁၁:၂၅)။ ထိုသို့ ခရစ်တော် ကအသက် ဖြစ်ကြောင်း၊ သူ့ကို ယုံကြည်လျှင် သေလွန်သော်လည်း ရှင်လိမ့်မည် ဟုဆိုသော်လည်း သူကိုယ်တိုင် မရှင်ပြန်လျှင် သူပြောသကဲ့သို့ မဖြစ်သောကြောင့် ယုံကြည်စရာ အကြောင်း မရှိ။ ထိုသို့ ခရစ်ယာန် များ၏ ယုံကြည်ခြင်းသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အပေါ် တည်ဆောက်ထားသောကြောင့် အလွန်အရေးကြီးသည်။ 
 
လူသစ် ဖြစ်စေသည် 

လူသည် ခရစ်တော်နှင့် အသေခံသောအခါ လူဟောင်း ဖြစ်၍ ခရစ်တော်နှင့် ထမြောက်သောအခါ လူသစ်အဖြစ် ထမြောက်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။ (ရော ၆:၄)။ 
 
ကောင်းကင်၌ နေရာပေးပြီ

လူသည် ခရစ်တော်နှင့် အသေခံ၍ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ကောင်းကင်၌ နေရာ လုံးဝ မရှိချေ။ သို့သော် ခရစ်တော်နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းကင် အရပ်၌ နေရာရှိကြောင်း ဤသို့ ရေးထားသည်၊ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူ ပြီ။ (ဧဖက် ၂:၆) 

အသက်ရှင်စေပြီ

လူသည် ခရစ်တော်နှင့်အတူ သေ၍ ပြန်လည်ရှင်ပြန်ခြင်း မရှိခင်တွင် စာတန်၏ အုပ်စိုးခြင်း ခံရ၍ ဒုစရိုက်အပြစ်၌ ကျင်လည်ကာ ဘုရား ဘက်၌ သေ နေသည်။ သို့သော် ဘုရားသခင်က ခရစ်တော်အားဖြင့် ပြန်လည်ရှင်စေသည့် အကြောင်း ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ သင်တို့သည် အထက်ကလော ကီတရားသို့ လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ကို ပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။ (ဧဖက် ၂
 

ကယ်တင်ခြင်း 
အသီးအနှံသိမ်းရာကာလ လွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ် တင်ခြင်းသို့ မရောက်ကြ။ (ယေရမိ ၈:၂၀) လွန်ခဲ့သော နှစ်ပေါင်း၂၆၀၀ ခန့်၌ ပရောဖက် ယေရမိသည် သူ့လူမျိုးများအတွက် အထက်ပါကဲ့သို့ ပူပန်သောက ရောက်လျက် ညီးတွားခဲ့ဘူးသည်။ အသီးအနှံ မသိမ်းမှီတွင် အလုပ်ရှုပ်သောကြောင့်ဟု ဆင်​ခြေပေးနိင်သည်။ နွေကာလ အတွင်း မှာပူအိုက်သောကြောင့် သို့မဟုတ် အခြားအကြောင်း အမျိုးမျိုးကြောင့် ကယ်တင်ခြင်းသို့ မရောက် ဟုဆိုနိင်သည်။ ယခုမူကားအချိန် ကာလများကုန်လွန်သော်လည်း ကယ်တင်ခြင်းသို့ မရောက်သေးဟု စိတ်မကောင်းစွာဖြင့် ရေးသား ခဲ့သည်။ 

ယေရမိခံစား ခဲ့ သကဲ့သို့ ​ကျွန်ပ်လည်း ယခုခံစားသောအခါ ပရောဖက် ကြီးကို ကိုယ်ချင်းစာမိသည်။ ကျမ်းစာအားဖြင့် ခေတ်ကာလများကို သိနိင်သည်။ ယခု အခါ ချီဆောင်ခြင်း အလွန် နီးနေပြီ။ အချိန်မရွေး ချီဆောင်ခြင်း ဖြစ်နိင်သည်။ ထိုနောက် ဘေးဒဏ်ကြီးကာလ ရောက်မည်။ ဘေးဒဏ်ကြီး ကာလ၌ ဖြစ်ပျက်မည့် အရာများ ယခုအခါ များစွာ တွေ့မြင်ခံစား နေရပြီ။ ဒုက္ခ ဆင်းရဲခြင်း၏ အစအဦးမြည်း စမ်း နေကြသော်လည်း ယခုတိုင်အောင် သတိမဲ့နေသောသူသည် လူအများစု ဖြစ်သည်။ 

ပရောဖက်က၊ အငယ််ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူ အပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသ မျှတို့သည် မုသာကို သုံးကြ၏။ ချမ်းသာ မရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏ လူမျိုးသတို့သမီး အနာကို ပေါ့လျော့စွာ ကုကြ၏။ သူတို့သည် ရွံရှာဘွယ်အမှုကို ပြုပြီးမှရှက်ကြသလော။ အလျှင်း မရှက်ကြ။ မျက်နှာမပျက် တတ်ကြ။ ထိုကြောင့်၊ တယောက် နောက်တယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (ယေရမိ ၈:၁၀-၁၂)ဟု ရေးခဲ့သည်။ 

ယုဒလူများကို ဘုရားသခင်က ဗာဗုလုန်များ လက်သို့ အပ်ကာတယောက် နောက်တယောက် လဲကြလိမ့်မည်ဟု သတိပေးသော်လည်း အငယ်ဆုံးသောသူမှစ၍ အ​ကြေီးဆုံးသောသူတိုင်အောင် မတရားသော စိီးပွားကို ရှာကြသည် ဟုဆိုသည်။ ယခုအခါ တကမ္ဘာလုံးစီးပွားကျ၍ အလုပ်လက်မဲ့ အလွန်များလာသည်။ သို့သော် လူအများစုသည် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်သည်ထက် မတရားသော စီးပွားကိုသာ ရှာ ကြသည်။ အ လုပ်သည် အရေးကြီး ပါသည်။ သို့သော် ဘုရားသခင်သည် ပို၍ အရေးကြီးသည်။ 

ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကို သုံးကြ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ် များသည် လူများကို ဘုရားသခင်၏ အလိုတော် အကြံတော်များကို ပြောပြမည့်သူများဖြစ်သည်။ သို့သော် သူတို့သည် ဘုရား၏ တရားတော်ကို မဖေါ်ပြဘဲ လူများ၏ အကြိုက်လိုက်၍ မုသာကိုသာ သုံး ကြသည်။ ယနေ့ တရားဟောဆရာ၊ အမှုတော်ဆောင် များစွာတို့သည် ဘုရားသခင်၏ အလို တော်၊ အကြံတော်ထက် လူ့အကြိုက်ကို ဟောပြော ကြသည်။ ထိုသို့ဖြစ်ခြင်းသည် ဘုရားသခင်၏ အလိုတော်ကို မသိသောကြောင့် ဖြစ်စေ၊ မိမိတို့၏ အလိုဆန္ဒ ပြင်းပြသောကြောင့် ဖြစ်စေ၊ လူများက လက်မခံမှာ စိုးရိမ် သောကြောင့်ဖြစ်စေ ဖြစ်နိုင်သည်။ တရားဟောဆရာများ ဘုရား အမှုဆောင်လျှင် ဘုရားသခင်၏ အလိုတော်ကိုသာ ဟောပြောသင့်သည်။ ရ ယခုတွင် ငါသည် လူ၏ အလိုသို့ လိုက်သလော။ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော။ လူတို့ စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသလော။ လူတို့ စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံ​ကျွန် မဟုတ်ပြီ။ (ဂလာတိ ၁:၁၀) ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံတော်မူသည်နှင့် အညီ၊ လူကို နှစ်သက်စေ သကဲ့သို့ မဟုတ်၊ ငါတို့ စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေ သကဲ့သို့ ဟောပြောကြ၏။ (၁ သက် ၂:၄) ရေးသား ခဲ့သည်။ 

ချမ်းသာ မရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏ လူမျိုးသတို့သမီး အနာကို ပေါ့လျော့စွာ ကုကြ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ် များသည် ချမ်းသာ မရှိသောအခါ ချမ်းသာ ချမ်းသာဟု ပြောဆိုသည်။ ဤနေ ရာ၌ ချမ်းသည် ငြိမ်သက်ခြင်း (ဏနခေန)ကို ဆိုလိုသည်။ ယုဒပြည် ယေရုရှလင်မြို့ကို ရန်သူများ ကသိမ်းရတော့မည်။ ငြိမ်သက်ခြင်း မရှိသော်လည်း ဘာသာ ရေးခေါင်းဆောင်များကစစ်မရှိ၊ ငြိမ်သက်သည်ဟု လူများကို စိတ်ချမ်းသာ ရန် လိမ်လည်ပြော ကြသည်။ ယခုခေတ်၌လည်း ဘေးဒဏ်ကြီး ကာလနှင့် အလွန် နီးကပ်ပြီ။ ချီဆောင်ခြင်းလည်း အလွန် နီးနေပြီ ဖြစ်သော်လည်း ငြိမ်သက်ခြင်းရှိသည်။ လောက ကြီးသည် ကောင်းသည်။ တိုးတက်ရမည်ဟု လူ့အကြိုက်ကို ဟောပြော နေကြသည်။ လူများကလည်း ထိုသို့ ဟောပြောသောသူများကို အားရကျေနပ် နေကြသည်။ ဘေးဒဏ်ကြီး ကာလနှင့် လွတ်၍ ချီဆောင်ခြင်း၌ ပါလျက် ကောင်းကင် တက်မည့် အရာများကို မပြောကြ၊ ပြောလျှင်လည်းရှေး ပရောဖက်များက အနာကို ပေါ့လျော့စွာ ကုကြ သကဲ့သို့ ပေါ့လျော့စွာ ပြော ကြသည်။ ကယ်တင်ခြင်း အကြောင်းကို ကောင်းစွာ မပြောဘဲ အားလုံး ကယ် တင်ခြင်းသို့ ရောက်ပြီဟူ၍ ဟောပြော ကြသည်။ 

ထို့ကြောင့် ဤစာဖတ် သူများ၊ သူတပါးပြောသောအရာ တိုင်းကို မယုံ ကြပါနှင့်၊ ကိုယ်တိုင် ကျမ်းစာကို ဖတ်ပါ။ ခေတ်ကာလ အ​ခြေအနေကို ကြည့်ပါ။ ဤလောကသည် အကောင်းဘက်သို့ သွားနေသည် မဟုတ်။ ပျက်စီးခြင်း ဘက်သို့ သွားနေသည်။ ကျမ်းစာက၊ ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည် မဟုတ်။ ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကို ပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။ ဤလောက တနိုင်ငံ လုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာ (သားဘွားခြင်း ဝေဒနာ)ကို ခံရသည်ဟု ငါတို့ သိကြ၏။ (ရော ၈:၂၁-၂၂) ဟုဆိုသည်။ ထို့ကြောင့် ဤလောက၌ မျှော်လင့်ချက် များစွာ မထားသင့်တော့ချေ။ ​ကျွန်ပ်တို့ မျှော်လင့်ရ မည့် အရာသည်၊ ချီဆောင်ခြင်း ဖြစ်သည်။ ရှင်ပေါလုက၊ မင်္လာရှိသော မြော်လင့် ရာကို၎င်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ (တိတု ၂:၁၁-၁၂) ဟုဆိုထားသည်။ 

ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန် လူတိုင်း အရေးကြီးဆုံး ဖြစ်သည်။ ချီဆောင်ခြင်း၌ မပါဝင်လျှင် ဘေးဒဏ်ကြီး ကာလ၌ လုံးဝ လွယ်ကူမည် မဟုတ်။ ထိုမျှသာမ ကဘေးဒဏ်ကြီး ကာလ၌ စစ်တိုက်ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ရောဂါနှင့်သားရဲကိုက် စားခြင်းဖြင့် လူအများစုသေမည့် အကြောင်း ဗျာဒိတ်ကျမ်း၆၌ တွေ့ရသည်။ ထို့ကြောင့် ချီဆောင်ခြင်း၌ ကိုယ်တိုင် မှစ၍ ကိုယ်ချစ်သော ခင်ပွန်းသည်၊ သားသမီး၊ မိဘ၊ ညီအစ်ကို မောင်နှမ၊ တူတူမများ၊ သူငယ်ခြင်း အားလုံး ကယ်တင်ခြင်း အကြောင်း ကောင်းစွာ သိ၍ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံဘို့ လိုသည်။ 

ကယ်တင်ခြင်းသည် အလွန် လွယ်ကူသည်။ အကြောင်းမှာ ကိုယ်တိုင် လုပ်စရာ မလို၊ ဘုရားသခင်က သခင် ခရစ်တော်အားဖြင့် အားလုံး လုပ်ပေးပြီး သောကြောင့် ဖြစ်သည်။ ထိုအရာကို သိ၍ စိတ်နှလုံးဖြင့် လက်ခံယုံကြည်ဘို့ သာလိုသည်။ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် ပဌမ ဦးစွာ မိမိသည် အပြစ်သား ဖြစ်ကြောင်း သိရှိ လက်ခံဘို့ လိုသည်။ လူသည် မွေးရာပါအပြစ်ရှိသည်။ လူတိုင်း အာဒံမှဆင်းသက် သောကြောင့် သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ လက်ခံသည် ဖြစ်စေ၊ မလက်ခံသည် ဖြစ်စေ၊ အပြစ်ရှိသည်။ ထိုအပြစ်သည် မမြင်နိင်၊ မလွင့်ပစ်နိင်၊ ထားခဲ့၍လည်း မရနိင်ချေ။ လူသည် အပြစ်သား ဖြစ်ဘို့ အဘယ်ပြစ်မှုကိုမျှ ကျူးလွန်စရာ မလိုချေ။ မွေးစကပင်အပြစ် ပါသည် (ဆာ ၅၁:၅)။ အပြစ်သား အဖြစ်မွေးသောကြောင့် သင်ပြစရာ မလိုဘဲ အပြစ် ကျူးလွန် တတ်ကြသည်။ ထိုအပြစ်ကြောင့် ဘုရားသခင်နှင့် ခွဲခွာရသည် (ဟေရှာယ ၅၉:၂)။ 

လူသည် မွေးရာပါအပြစ်နှင့် ကျူးလွန်သော အပြစ်ရှိသည်။ ထိုအပြစ် နှစ်ခုစလုံးကို မည်သို့ မျှမ​ဖြေရှင်း နိင်ချေ။ သို့သော် ဘုရားသခင်က ကျူးလွန်သော အပြစ်ကို အသွေးအားဖြင့် ဆေးကြောနိင်သည် ဟုဆိုသည်။ ကျမ်းစာ၌၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ ပြုသော အပြစ်ကို ​ဖြေစေခြင်းငှါ၊ ထိုအ သွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ပါပေးပြီ။ လူအပြစ်ကို ​ဖြေသောအရာ ကား၊ အသွေး ဖြစ်သတည်း။ (ဝတ်ပြုရာ ၁ရး၁၁) ဟုဆိုထားသည်။ အဘယ်ကြောင့် ဘုရားသခင်က ကျူးလွန်သော အပြစ်ကို အသွေးဖြင့် ​ဖြေနိင်သည် ဟုဆိုသနည်း။ ဆိုလိုသည်မှာ၊ အပြစ် တရား၏ အခကား သေခြင်း ပေတည်း။ (ရော ၆:၂၃)ဟု ပါရှိသည်။ အပြစ် ဆိုသည်မှာ ဘုရား ပေးထားသော အသက်တာကို အလိုတော်အတိုင်း အသုံးမပြုခြင်း ဖြစ်သည်။ လူတိုင်း ကိုယ်အလိုအတိုင်း အသက်ရှင် ကြသည်။ ထိုကြောင့် ဘုရားသခင်က သူ့အလိုတော်အတိုင်း အသုံးမပြုသော အသက်ကို ပြန်တောင်းသည်။ ထိုအသက်ကို ပေးလိုက်ပါက သေရမည် ဖြစ်သည်။ သို့သော် လူသည် အသေခံပါက အပြစ်သား ဖြစ်သောကြောင့် ငရဲသွားဘို့ သာရှိသည်။ ထိုကြောင့် ဘုရားသခင်က လူအစားတိရစ္ဆာန်၏ အသက်ကို ပေးဘို့ရန် ဣသရေလ လူများကို သွန်သင်ခဲ့သည်။ သူတို့သည် အပြစ် အတွက် တိရစ္ဆာန်များကို ပူဇော်သော်လည်း ထိုအရာသည် အရိပ်သာလျှင် ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်က သားတော် ယေရှုခရစ်ကို လူ့ဇာတိခံခိုင်း၍ လူသားများကိုယ်စား အသက် ပေးစေခဲ့သည်။ 

ယေရှုခရစ် အသက် ပေးနိင်ဘို့ရန် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ ကျမ်းစာ၌၊ ခရစ်တော်သည် ဤလောကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွား ပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ (ဟေဗြဲ ၁၀:၅ -ရ)ဟု ရေးထားသည်။ ခရစ်တော်သည် လူများကိုယ်စားအသက် ပေးဘို့ရန် လူ့တိခံယူခဲ့သည်။ အကြောင်းမှာ ဝိညာဉ်အားဖြင့် ရှိနေလျှင် မသေနိင်ချေ။ ဤလောကသို့ ဆင်းသောအခါ ခမည်းတော်ဘုရားက သူ့ကို ကိုယ်ခန္ဓာပေးခဲ့သည်။ ခန္ဓာကို ရှိသောအခါ အသေခံ နိင်သည်။ ခရစ်တော်သည် လူသားများကိုယ်စားအသေခံ ကြောင်းကို အသွေးအားဖြင့် ခမည်းတော် ထံ၌ သက်သေပြခဲ့ကြောင်း ဤသို့ တွေ့ရသည်၊ ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက် မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ (ဟေဗြဲ ၉:၁၁-၁၂) 

ခရစ်တော်သည် လူသားများအပြစ် အတွက် အသက် စွန့်ခဲ့ပြီ။ ထိုကြောင့် မည်သူမဆို ကိုယ့်အပြစ် အတွက် အသေခံစရာ မလိုတော့ချေ။ ခရစ်တော်သည် သူသေပြီး ကြောင်းကို ခမည်းတော် ထံ၌ အသွေးဖြင့် သက်သေပြ၍ ခမည်းတော်ဘုရားလည်း ကျေနပ် ပြီ။ ထိုအရာကို လူများ ကသိရှိ၍ ယုံကြည် လက်ခံဘို့ လိုသည်။ မိတ်ဆွေ ခရစ်တော် ကခံပြီးသော ပြစ်ဒဏ်ကို ယုံကြည်လျှင် ဘုရားသခင်က မိတ်ဆွေကို အပြစ်တင် စရာ၊ ဒဏ်ခတ်စရာ မရှိတော့ချေ။ ထိုကြောင့် ကျမ်းစာက၊ သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါး တည်းသော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။ (ယော ၃:၁၈) ဟုဆိုသည်။ တရားသူကြီးသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင် ကသင့်ကို အပြစ် မတင်တော့လျှင် မည်သူကအပြစ် တင်နိင်မည် နည်း။ 

ကျမ်းစာက၊ အပြစ် မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္လာရှိ၏၊၊ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍ လှည့်စားတတ်သောစိတ်သဘော ထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊ (ဆာ ၃၂:၁-၂) ဟုဆို ထားသည်။ ထာဝရဘုရားကအပြစ် မတင်လျှင် မင်္လာရှိသည်။ ယခု ခရစ်တော်က အသေခံ ပေးသောကြောင့် မည်သူမျှ ကိုယ့်အပြစ် အတွက် သေစရာ မလိုတော့ပါ။ အကြောင်းမူကား ခရစ်တော် အသေခံ ပေးသောအရာသည် တလောက လုံးရှိလူများ တိုင်း အတွက် ဖြစ်သည်၊ ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။ (၁ ယော ၂:၂) ဟုဆိုထားသည်။ ယခု ပြသနာ မှာကိုယ့်ကိုယ်ကို လှည်စားခြင်း ဖြစ်သည်။ မည်သို့ လှည့်စားသနည်း။ တခါတရံကိုယ် ကိုယ်ကို အပြစ် မရှိ၊ တခါတရံအပြစ်ရှိဟု ထင်သည်။ ကိုယ့်အပြစ်ကို ကိုယ်တိုင် ချုပ် တည်းရမည်၊ ကောင်းအောင် ကြိုးစားရမည်။ ဘုရားတရား၌ ကြိုးစားရမည်ဟူ၍ ဖြစ်သည်။ ထိုအရာများ ကောင်းသော်လည်း လူကမလုပ်နိင်ပါ။ ထိုကြောင့် ခရစ်တော်က ကယ်တင်ပြီးသောအရာကို လက်ခံလိုက်ပါ။ စိတ်ချမ်းသာ သွားမည် ဖြစ်သည်။ ဘုရားကပင်အပြစ် မတင်တော့သောအရာကို ကိုယ့်ကိုယ်ကို အပြစ် မတင်ပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော် ကသိနိင်စွမ်းပေးပါစေသော်။ 
 

ဘုရားသခင်ကို ဘာလက်ဆောင်ပေးမည်နည်း

ယုံကြည် သူများသည် ဘုရားသခင်ထံမှ ဆုရရှိဘို့ သာလျှင် မျှော်လင့်၍ ဘုရားသခင်ထံသို့ လက်ဆောင်ပေးဘို့ လုံးဝ စဉ်းစားကြဘူးမည် မဟုတ်။ ထို့ကြောင့် ဆုသာလျှင် တချိန်လုံးတောင်း၍ ဘုရားသခင်ထံသို့ ပြန်ပေးဘို့ စိတ်ထဲ၌ လုံးမမရှိ။ ယခု ဘုရားသခင်ထံသို့ လက်ဆောင်ပေးကြစို့။ 

ဤလောကမှ ဘုရားသခင်ကို ဘာလက်ဆောင်ပေးမည်နည်း။ လူထင် မှတ်တတ်သည်မှာ ဘုရားသခင်ကို ရွှေငွေပေးဘို့ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤလောက မှရွှေငွေများကို အလိုတော် မရှိ။ ကျမ်းစာ၌၊ ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ (ဟဂ္ဂဲ ၂ ;ဂ)။ ထိုမျှမက ကောင်းကင်၌ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက် ဖြစ်၏။ မြို့သည်လည်း ကြည် လင်သော ဖန်နှင့် တူသော ရွှေစင် ဖြစ်၏။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုး မျိုးနှင့် ပြည့်စုံကြ၏။ (ဗျာ ၂၁:၁၈) ဟုဆိုထားရာ ဘုရားသခင်၌ ဤလောက ရွှေငွေ ကျောက်ကောင်းများ အလိုမရှိ။ 

 အချို့သောသူများက ယဇ်ပူဇော်မည်ဟု ထင်မှတ်သောကြောင့် ဘုရားသခင်က၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း၊၊ မီးရှို့၍ ပူဇော်သော သိုုးကောင်၊ ဆူဖြိုးးအောင် ​ကျွေးသော တိရိစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ၊၊ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်၊၊ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူ တောင်းသနည်း၊၊ အချည်းနှီးသော ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြ နှင့်၊၊ သင်တို့ မီးရှို့သော နံ့သာပေါင်းကို ငါရွံ့ရှာ၏၊၊ (ဟေရှယ ၁:၁၁-၁၃) ဟုဆို ထားသည်။ ထိုကြောင့် ယဇ်ပူဇော်ခြင်းအားဖြင့် ဘုရား နှစ်သက်သည် မဟုတ်။ 

အချို့သောသူများ ကဘုရားကျောင်းမှန်မှန်တက်လျှင်၊ သူ့အတွက် ပွဲများလုပ်လျှင် ဘုရားကျေနပ် မည်ဟု ထင်သောကြောင့် ဘုရားသခင်က၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏၊၊ အဓမ္မအမှုနှင့် ရော နှောသော ဓမ္မစည်းဝေးခြင်းတို့ ကိုသည်း မခံနိုင်၊၊ ငါ့ ဝိညာဉ်သည် သင်တို့ လဆန်းနေ့ များနှင့် သင်တို့ ပွဲများကို မုန်း၏၊၊ ငါ့ကို နှောက်ရှက်စရာ ဖြစ်၏၊၊ သည်း ခံခြင်းအားဖြင့် ငါပင်ပန်း၏၊၊ (ဟေရှယ ၁:၁၃-၁၄) ဟုဆိုပြန်သည်။ သို့ဖြစ်လျှင် ဘုရားသခင်ကို ကျေနပ် စေရန်မည်ကဲ့သို့သော လက်ဆောင်ကို ပေးမည်နည်း။ 
 
ယုံကြည်ခြင်း 

လူများထံမှ ဘုရားသခင် အကြိုက် ဆုံးသော လက်ဆောင်တစ်ခုသည် ယုံ ကြည်ခြင်း ဖြစ်သည်။ သူ့ကို ယုံကြည်သည်ကို ဘုရားသခင် အလွန် ကြိုက်နှစ်သက်ကြောင်း ဟေဗြဲရေးသောသူက ဤကဲ့သို့ ရေးထားသည်၊ ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။ ( ဟေ ၁၁:၆) အဘယ်ကြောင့် ဘုရားသခင်က ယုံကြည်ခြင်းကို နှစ်သက်သနည်းဟူမူကား၊ သူ့ကို မယုံကြည်လျှင် သူ့ကို မုသာအပြစ် တင်သည်။ လူလူချင်းလည်း တယောက်နှင့် တယောက် မယုံကြည်၊ သံသယရှိလျှင် လုံး ဝစိတ်ကောင်းမည် မဟုတ်။ ယုံကြည်ခြင်း မရှိခြင်းသည် သိက္ခာချခြင်း ဖြစ်သည်။ မယုံ ကြည်ခြင်းသည်၊ မုသာပြောတတ်သူ၊ လိမ်ညာသူ၊ မယုံထိုက်သောသူ၊ တန်ဘိုး မရှိသောသူဟု စွတ်စွဲခြင်း ဖြစ်သည်။ လူသည် မုသာ မပြောဘူးသော ဘုရား၊ ပြောသည့်အတိုင်း လုပ်နိင်သော ဘုရား၊ ဘယ်အရာကမှမတားဆီး နိင်သော ဘုရားကို မယုံကြည်ဘဲ၊ မုသာပြောတတ်သော လူ၊ ပြောသည့်အတိုင်း မလုပ်နိင်သော လူ၊ လုပ်မည့် အရာကို မတားဆီးအောင် မကာကွယ်နိင်သော လူကို ယုံကြည် တတ်ကြသည်။ ဘုရား၏ ဂတိထက် လူပေးသော ဂတိကို ယုံကြည် စိတ်ချတတ်ကြသည်။ ထို့ကြောင့် ယောဟန်က၊ လူ၏ သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ (၁ ယော ၅:၉) ဟုဆိုရခြင်း ဖြစ်သည်။ 
 ဘုရားသခင်က သူ့ကို ယုံကြည်ခြင်း အတွက် မည်မျှတန်ဘိုး ထား၍ နှစ်သက်သည်ကို သခင် ခရစ်တော်၏ မှတ်ချက် အပေါ်တွေ့နိင်သည်။ တပ်မှူးတယောက်သည် အထံတော်သို့ လာ၍၊ သခင်၊ ​ကျွန်တော်၏ ငယ်သား တယောက်သည် လက်​ခြေသေသည် အနာနှင့် ပြင်းစွာ ခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။ ယေရှုကလည်း ငါလာ၍ ချမ်းသာ ပေးမည်ဟု မိန့်တော်မူလျှင်၊ တပ်မှူးက၊ သခင်၊ ​ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေး ဇူးတော်ကို ​ကျွန်တော် မခံထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ​ကျွန်တော်၏ ငယ် သားသည် ချမ်းသာ ရပါလိမ့်မည်။ ဥပမာကား၊ ​ကျွန်တော်သည် မင်းအောက်၌ ​ကျွန်ခံသောသူ ဖြစ်သော်လည်း၊ စစ်သူရဲများကို အုပ်စိုး၍၊ တဦးကို သွားချေ ဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ ဟုဆိုလျှင် လာပါ၏။ ​ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။ ထိုစကားကို ယေရှုသည် ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံ ကြည်ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမတွေ့ဘူးသေး။ ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင် နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သော သူတို့အား မိန့်တော်မူပြီးမှ၊ တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့် အညီသင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။ (မ ၈:၅-၁၃) 

အထက်ပါ အဖြစ်အပျက်၌ သခင်ယေရှုသည် တပ်မှူး အပေါ်၌ အလွန် အံ့ဩ အားရကျေနပ်သည်။ တနည်းအားဖြင့် တပ်မှူးကသခင်ယေရှုကို ယုံကြည်ခြင်း လက်ဆောင်ပေးခြင်း ဖြစ်သည်။ အမှန်မှာ ခရစ်တော် ကသူ့လူမျိုးများ ဖြစ်သော ဣသရေလ လူမျိုးများက သူ့ကို ယုံကြည် စေချင်သည်။ သို့သော် သူ့လူမျိုးများကမယုံကြည်ဘဲ တပါးအမျိုးသားများကသာ ယုံကြည်သည်ကို အံ့ဩစွာ တွေ့ ရသည်။ ထို့ကြောင့် မိတ်ဆွေ၊ ဘုရားသခင်ကို မိတ်ဆွေ ယုံကြည် လေလေဘုရားသခင်သည် ကျေနပ် လေလေ ဖြစ်သည်။ ဘုရားကြိုက်နှစ်သက်သော ထိုလက် ဆောင်ကို မိတ်ဆွေ ပေးမလား။ 
 
ချစ်ခြင်း 

ဘုရားကြိုက်နှစ်သက်သော အခြားသော လက်ဆောင် တခုမှာ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း ဖြစ်သည်။ ဘုရားသခင်က မောရှေအားဖြင့် ဤသို့ ဆို ခဲ့သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသလ္လိ ရှိသမျှနှင့် ချစ်လော့။ ( တရားဟော ၆:၅) သခင်ယေရှု လက်ထက်၌လည်း ဘုရားသခင်က သူ့ကို ချစ်ခြင်း နှစ်သက်ကြောင်း ဤသို့ တွေ့ရသည်၊ ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ်၏။ကြီး မြတ်သော ပညတ်လည်း ဖြစ်၏။ (မ ၂၂:၃ရ) 

အဘယ်ကြောင့် ဘုရားသခင်သည် လူ၏ ချစ်ခြင်းကို ထိုကဲ့သို့ လိုချင် သနည်း။ အကြောင်းမှာ သူကိုယ်တိုင် ကလူကို အလွန်ခြင်း သောကြောင့် ဖြစ်သည်။ ဘုရားသခင်က လူကို ချစ်ကြောင်း ဤသို့ တွေ့ရသည်၊ ဘုရားသခင်သည် မိမိ၌ တ ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ (ယော ၃:၁၆ ခ)။ တဖန်၊ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည် ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ထင်ရှားစွာ ပြတော်မူ၏။ (ရော ၅:၈)။ ဆက်လက်၍ ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော် အားဖြင့်၊ ဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ (ဧဖက် ၂:၄-၅)ဟု ရေးထားသည်။၊ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည် တပါး တည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက် ရှိ၏။ ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကို ချစ်၍ ငါတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။ (၁ ယော ၄:၉-၁၀)ဟု ရေးထားသည်။ 

အဘယ်ကြောင့် ဘုရားသခင်က ထိုကဲ့့သို့ လူသားများကို ချစ်သနည်း။ သူဖန်ဆင်းထားသောကြောင့် ဖြစ်သည်။ လူလည်း ကိုယ်မွေးသော သားသမီးများကို ချစ်တတ်ကြသည်။ ကိုယ်လုပ်သောအရာများ၊ ကိုယ်ဆွဲသော ပန်းချီများ ပန်းချီ ဆရာများလောက်မလှသော်လည်း တန်ဘိုး ထားတတ်ကြသည်။ 

ထိုသို့ ဘုရားသခင်က လူကို ချစ်သောကြောင့် လူထံမှ စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်စွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်းကို လိုချင်သည်။ သို့သော် လူသားများက ဘုရားသခင်ကို မချစ်ကြ။ ဘုရားထက်လောကကို ချစ် ကြသည်။ ထိုကြောင့် ဤသို့ သတိပေးသည်၊ လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ် ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာ မရှိ။ (၁ ယော ၂:၁၅)။ သခင်ယေရှု ကရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့နည်းသော ဧဖက် အသင်းတော်ကို ဤသို့ သတိပေးခဲ့သည်၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာ ရှိ၏။ ထိုကြောင့်၊ သင်သည် မရွေ့ လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ နောင်တ မရလျှင်၊ သင်၏ မီးခွက်ကို နေရာမှရွေ့မည်။ (ဗျာ ၂:၄-၅)။ 
 ဘုရားသခင်ကို မည်ကဲ့သို့ ချစ်မည်နည်း။ ဘုရားသခင်ကို ချစ်လျှင် သူ၏ နှုတ် ကပတ်တော်ကို ဖတ်ချင်မည်၊ တန်ဘိုးလည်း ထားမည်။ သိလည်း သိချင်မည်။ ချစ် သူစာရေးသောအရာကို ဖတ်ချင် တတ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်လျှင် သူ၏ နှုတ်ကပတ်တော်ကို ဖတ်ချင်၊ သိချင်သော စိတ်ရှိမည်။ ဘုရားသခင်ကို ချစ်လျှင် သူနှင့် စကားပြောချင်မည်။ ကိုယ်ချစ်သောသူနှင့် စကားများများ ပြောချင် တတ်ကြသည်။ ကိုယ်ချစ်သူနှင့် စကားပြောခြင်းသည် ပင်ပန်းသည်ဟု မထင်တတ်။ ထို့နည်းတူ ဘုရားသခင်ကို ချစ်လျှင် သူနှင့် စကားများများ ပြောရမည်။ အသံအားဖြင့် ပြန်မပြောသော်လည်း သူသည် နားထောင် နေသည်။ အသံထွက်အားဖြင့် ဖြစ်စေ၊ စိတ်နှလုံးအားဖြင့် ဖြစ်စေ၊ စကားပြောနိင်သည်။ ဟန္နသည် အသံမထွက်ဘဲ နှုတ်လှုပ်ရုံမျှဖြင့် ဘုရားထံသို့ ဆုတောင်း ခဲ့သည် (၁ရာ ၁:၁၂-၁၅) 

ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာ တခုသည် လူလူချင်းကို ချစ်ခြင်း ဖြစ်သည်။ ကျမ်းစာက၊ တစုံတယောက်သောသူက၊ ငါသည် ဘုရားသခင်ကို ချစ်၏ ဟုဆိုလျက် ပင် မိမိ ညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသာကို သုံးသောသူ ဖြစ်၏။ မိမိမြင်ရသော မိမိ ညီအစ်ကိုကို မချစ်လျှင်၊ မမြင် သေးသော ဘုရားသခင်ကို အဘယ်သို့ ချစ်နိုင်မည်နည်း။ ဘုရားသခင်ကို ချစ်သောသူသည် မိမိ ညီအစ်ကိုကို ချစ်ရမည် ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။ (၁ ယော ၄:၂၀-၂၁) ဟုဆိုသည်။ 

အဘယ်ကြောင့်လူကို ချစ်ရမည်နည်း။ အကြောင်းမှာ ဘုရားသခင်က လူကို ချစ်သောကြောင့် သူချစ်သော လူသားများကို ချစ်ဘို့ လိုသည်။ ကိုယ့်ချစ်သူ ကချစ်သောသူ၏ မိဘ ညီအစ်ကို မောင်နှမ များနှင့် သူ၏ သူငယ်ချင်းများကို ပါချစ်ရသည်။ ထိုနည်းတူ ဘုရားသခင်ကို ချစ်လျှင် သူချစ်သော လူသားများကို ချစ်ရမည်။ 

လူတိုင်းသည် ချစ်စရာ မကောင်းပါ၊ မည်ကဲ့သို့ ချစ်နိင်မည်နည်း။ ကပ် စည်းနည်းသောသူ၊ စိတ်ကောက်ကျစ်သောသူ၊ အတင်း ပြောတတ်သောသူ၊ ကိုယ့် အကျိုးကိုသာ ကြည့်တတ်သောသူ၊ သူတပါးကို နှိမ်တတ်သောသူ၊ သူ့အကျိုးကို ငြိုဆူတတ်သောသူစသည်ဖြင့် လူများသည် ချစ်စရာ မကောင်းကြပါ။ ထိုသို့သောသူများကို မည်ကဲ့သို့ ချစ်နိင်မည်နည်း။ ဟုတ်ပါသည် လူတိုင်းသည် ချစ်စရာ မကောင်းပါ။ ထိုသို့သောသူအားလုံး ကို ဘုရားသခင်က ချစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် လူကို ချစ်နိင်သနည်း။ လူသည် ချစ်စရာ မကောင်းသည် သာမက သူ့ကို ပင်ရန်ငြိုးဖွဲ့သောသူ ဖြစ်သည်။ သင်နှင့် ​ကျွန်ပ်ကိုယ်တိုင်လည်း ချစ်စရာ မကောင်းပါ။ သို့သော် ဘုရားသခင်က ​ကျွန်ပ်တို့ အားလုံး ကို ချစ်သည်။ 

ဘုရားသခင်သည် အဘယ်ကြောင့်လူကို ချစ်နိင်သနည်းဟူမူကားသူ ဖန်ဆင်းထားသောသူများ ဖြစ်သောကြောင့် ဖြစ်သည်။ လူစင်မမှီသောသော ခလေးသည် အခြားသော လူများအတွက် ချစ်စရာ မကောင်းသော်လည်း မိဘအတွက် အလွန်ချစ်စရာ ကောင်းသည်။ အခြားသော ခလေး များနှင့် မတူသောကြောင့် မိဘများအနေဖြင့် သနားသည်။ အဘသည်သားတို့ကို သနားစုံမက်သည် နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည် လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။ (ဆာ ၁၀၃:၁၃-၁၆) ဘုရားသခင်၏ အမြင်၌ လူသည် မြေမှုန့်ဖြစ်ကြောင်း၊ လူတို့၏ နေ့ရက်ကာလသည်လည်း မြက်ပင်ကဲ့သို့ ခဏသာထင်ရှားကြောင်း သိသောကြောင့် သနားသည်၊ ချစ်သည်။ 
 
 လူကို ဘုရားသခင်က မြင် သကဲ့သို့ မြင်လျှင် မည်သူမဆိုသနားစရာ ကောင်းသည်။ အလွန် ချမ်းသာသောသူများလည်း ပန်းပွင့်အစွမ်းကုန်ပွင့် သကဲ့သို့ဖြစ်၍ ခဏသာတည်မြဲသည်။ အလွန် ကြမ်းတမ်းသောသူများလည်း အချိန်မရွေး သေနိင်၊ မသန်မစွမ်း ဖြစ်နိင်သည်။ အလွန် ဝါကြွားသောသူများလည်း ခဏမျှ သာတည်သည်။ ထိုကြောင့် မည်သူမျှဘွေယူစရာ လူမရှိ၊ အလွန် သနားဘွယ် ကောင်းသော သတ္တဝါများသာလျှင် ဖြစ်ကြသည်။ ထိုသို့ လူကို ဘုရားကမြင်သ ကဲ့သို့ မြင်ပါက စိတ်ဆိုးစရာ၊ ကြောက်စရာ၊ မနာလိုစရာ၊ အမြင် ကပ်စရာ မရှိတော့ချေ။ လူသည် သနားစရာ ကောင်းသည်။ 

ထိုအပြင်အဘယ်ကြောင့်လူကို ချစ်ရသနည်းဟူမူကား လူသည်စာ တန်၏ ​ကျွန်၊ စာတန်၏ ချည်နှောင်ခြင်း ခံသောသူ၊ စာတန်၏ အသုံးခံများ ဖြစ်သောကြောင့် စာတန် ခိုင်းသောအရာကိုသာ လုပ်ကြ၍ စာတန် ကဲ့သို့ဖြစ်သည်။ သခင်ယေရှုသည်၊ ကမ်းတဘက်ဂါဒရပြည်သို့ ရောက်တော်မူသောအခါ၊ နတ် ဆိုးစွဲသောသူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မ သွားနိုင်အောင် အလွန် ကြမ်းကြုတ်စွာ ပြုလျှက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီး ဦးကြိုပြုပြီးလျှင်၊ ဘုရားသခင်၏ သားတော် ယေရှု၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့နှင့် အဘယ်သို့ ဆိုင်သနည်း။အချိန် မရောက်မှီအ​ကျွန်ုပ်တို့ကို ညှဉ်း ဆဲခြင်းငှါ ကြွလာတော်မူ သလောဟု အော်ဟစ်၍ လျှောက်ကြ၏။ (မ ၈:၂၈-၂၉)ဟု တွေ့ရသည်။ အဘယ်ကြောင့်ထိုလူနှစ်ယောက်တို့သည် အလွန် ကြမ်း ကြုတ်ကြသနည်းဟူမူကား နတ်ဆိုးစွဲသောကြောင့် ဖြစ်သည်။ သူတို့ကို ခရစ်တော် ကဂရုမစိုက်ဘဲ မနေ၊ သူတို့ အထဲမှနတ်ဆိုးမောင်းထုတ်လိုက်သောအခါ အ ခြားသောသူများ ကဲ့သို့ ယဉ်ကျေးသိမ်မွေ့လာသည်ကို တွေ့ရသည်။ ထိုကြောင့် များစွာသော လူများ ချစ်စရာ မကောင်းခြင်း၊ ဆိုးသွမ်းခြင်းသည် နတ်ဆိုးစွဲသည်ဟု မဆိုနိင်လျှင်လည်း နတ်ဆိုးများ၏ အုပ်စိုးခြင်း ခံနေကြောင်း ရှင်ပေါလုစာအားဖြင့် သိရသည်၊ သင်တို့သည် အထက်ကလောကီတရားသို့ လိုက်၍ အာကာသ ကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ကို ပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။ ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ ရှိသမျှသည် အထက်ကကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည် ဖြစ်၍၊ ကြွင်းသော သူတို့ ကဲ့သို့ပင်ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။ (ဧဖက် ၂:၁-၃) 

အထက်ပါ ကျမ်းပိုဒ်များ အရလူသည် အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော စာတန် ကအုပ်စိုးနေသည်။ ထိုကြောင့် စာတန် ကဲ့သို့ ကျင့်ကြံကြသည်၊ ပြုမူ ကြသည်။ ထို့ကြောင့် ကြမ်းကြုတ်၍ မုန်းစရာ ကောင်း ကြသည်။ သို့သော် စာတန် နှောင်ချုပ်ထဲမှလွတ်လာပါက အလွန် ချစ်စရာ ကောင်း လာပေမည်။ ဘုရားသခင်က လူကို ထိုကဲ့သို့ မြင်သောကြောင့် သနားသည်၊ ချစ်သည်။ ထိုသို့ ယုံကြည်သူများကလည်း လူလူချင်းကို ဘုရား မြင် သကဲ့သို့ မြင်ပါ ကလူကို ချစ်လာနိင်မည်၊ သည်း ခံလာနိင်မည်။ ထိုကြောင့် အရာရာကို ဘုရား မြင် သကဲ့သို့ မြင်ကြစို့။ 

ထိုသို့ လူကို ချစ်လာနိင်လျှင် ဘုရားသခင်ကို ချစ်ရာရောက်သည်။ ဘုရားသခင်သည်လည်း အားရကျေနပ်မည်။ ဘုရားသခင် အနေဖြင့် ​ကျွန်ပ်တို့ထံမှ ချစ်ခြင်းမေတ္တာမှအပလောက ပစ္စည်းများ အလိုမရှိ။ သူအလိုရှိသော မေတ္တာကို ပေးလိုက်ကြပါစို့လား။ အဘယ်ကြောင့်ချစ်ခြင်း မေတ္တာကို မပေးကြသနည်း။ 
 
နားထောင်ခြင်း 

ဘုရားသခင် အလွန် ကြိုက်နှစ်သက်သော အခြားသော လက်ဆောင် တခုမှာ နားထောင်ခြင်း၊ နာခံခြင်း ဖြစ်သည်။ နာခံခြင်းသည် အလိုတော်ကို လိုက်ခြင်း ဖြစ်သည်။ နာခံခြင်းသည် မီးရှို့ရာယဇ် အမျိုးမျိုးထက် ဘုရားသခင် သာ၍ နှစ်သက်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ 

ဘုရားသခင်က ရှောလုရှင်ဘုရင်ကို အမ လက်လူမျိုးများ တိုက်ခိုင်းသည်။ အကြောင်းမှာ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်မှ ထွက်လာသော ဣသရေလ အမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်း အမှုကို ငါမှတ်လျက် ရှိ၏။ ယခု သွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်း မရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍ ယောကျာ်း၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလား အုပ်၊ မြည်းတို့ကို သတ်လော့ (၁ရာ ၁၅:၂-၃)ဟု ရှမွေလအားဖြင့် ရှောလုမင်းကို မိန့်မှာခဲ့သည်။ သို့သော် ရှောလုမင်းသည် ဘုရား စကားကို အားလုံး နားမထောင်ဘဲ တဝက်တပျက်ကိုသာ နားထောင်သည်။ ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုးနွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်းမဖျက်ဆီးကြ။ အသုံးမဝင်ယုတ်မာသော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။ (၁ရာ ၁၅:၉)။ 

ရှောလုမင်းကဘုရား စကားကို အဘယ်ကြောင့်နားမထောင်သနည်း။ သူ့အလိုဆန္ဒကြီး သောကြောင့် ဖြစ်သည်။ ရှောလုက၊ လူများတို့သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံ
သော သိုးနွားတို့ကို နှမြော၍ ကြွင်းသောအရာ ရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးပါ ပြီ ဟုဆို၏။ ထိုအခါ ရှမွေလက၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူ မည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။ ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်း ကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်း ကဲ့သို့၎င်းအပြစ် ကြီး၏။ (၁ရာ ၁၅:၂၂-၂၃) ဟုဆိုခဲ့သည်။ 

လူသားများအပြစ်သို့ ရောက်ခြင်းသည်လည်း အာဒံနှင့် ဧဝတို့၏ ဘုရား စကား နားမထောင်ခြင်းကြောင့် ဖြစ်သည်။ ကျမ်းစာက၊ တယောက်သောသူ၏ စကား နားမထောင်သောအားဖြင့် လူအများတို့သည် အပြစ်သို့ ရောက်သည့် နည်းတူ တယောက်သောသူ၏ စကား နားထောင်သောအားဖြင့် လူအများတို့သည် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ (ရော ၅:၁၉) ဟုဆိုထားသည်။ လူသား တရပ်လုံးဒုက္ခ ရောက်ရခြင်း၊ အပြစ်သား ဖြစ်ခြင်း၊ ဘုရား၏ ရန်သူ ဖြစ်ခြင်း၊ သေခြင်းနှင့် သေပြီးမှငရဲသို့ သွားဘို့ လိုခြင်း၊ အနာရောဂါ ကျရောက်ခြင်း အားလုံး တို့သည် အာဒံ၏ ဘုရား စကား နားမထောင်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့စကား နားမထောင်ခြင်းကို မည်မျှမုန်းသည်ကို သိနိင်သည်။ 

ထို့ကြောင့် သခင်ယေရှုက ဤလောက၌ အသက်ရှင်စဉ်တွင် ဘုရားသခင်၏ စကားကို တသဝေမတိမ်းလိုက် နာခဲ့သည်။ သူကိုယ်တိုင် ဤသို့ ပြောခဲ့သည်၊ ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။ (ယော ၅:၁၉)။ တဖန်၊ ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှ ပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။ (ယော ၅:၃၀) ဟုဆိုသည်။ ခရစ်တော်သည် ခမည်းတော် ခိုင်းသော အမှုတို့ကို အကုန်အစင်ဆောင်ရွက်ကြောင်း ဤသို့ ဆိုသည်၊ အ​ကျွန်ုပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။ (ယော ၁ရး၄)။ ခရစ်တော်၏ အကောင်း ဆုံးသော အစာသည် ခမည်းတော်၏ အလုပ်ကို လုပ်ခြင်း ဖြစ်ကြောင်း သူကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။ (ယော ၄:၃၄)။ ခရစ်တော်သည် ဤလောက၌ သူလိုချင်သောအရာ လုပ်ဘို့ မဆင်းသက်ခဲ့ချေ။ ခမည်းတော် ခိုင်းသော အလုပ်ကိုသာ လုပ်သည်။ ထိုကြောင့် သူ့အားဖြင့် လူများသည် ​ဖြောင့်မတ်ရာသို့ ရောက်နိင်သည်။ 

လူသည် ဘုရားသခင်၏ စကားကို တသဝေမတိမ်းနားမထောင်နိင်သော်လည်း တတ်နိင်သမျှ နားထောင်လျှင် ဘုရားသခင် နှစ်သက်သည်။ နားထောင်ခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပင်လျှင် ကြိုက်နှစ်သက်ကြောင်း အထက်၌ သိခဲ့ ရပြီ။ ထို့ကြောင့် ဘုရားသခင် နှစ်သက်သော နားထောင်ခြင်း လက်ဆောင်ကို ပေးကြပါစို့။ 
 
 


အပြစ်ကျူးလွန်ပြီးနောက် မည်ကဲ့သို့ နေရမည်နည်း
 

အပြစ် ကျူးလွန်ခြင်းသည် ဘုရားသခင်၏ စကား နားမထောင်၊ ကိုယ်စိတ်ကြိုက်အသက်ရှင်သောကြောင့် ဖြစ်သည်။ အသွေးအသား တောင့်တမှု၊ စာတန်၏ ဖျားယောင်းသွေးဆောင်မှုကြောင့်လည်း ဖြစ်သည်။ လူတိုင်း အပြစ် ကျူးလွန် တတ်ကြသည်။ ထိုသို့ ကျူးလွန်ပြီးသောအခါ မည်ကဲ့သို့ ​ ဖြေရှင်းရမည် နည်း။ အပြစ်သည် မ​ဖြေရှင်းပါက ရောဂါကဲ့သို့ တဖြည်းဖြည်းလူကို စိတ်ဓါတ်ကျ၊ စိတ်ပျက်၊ အား ငယ်ကာ ကိုယ်ခန္ဓာနှင့် ဝိညာဉ် ပျက်စီးသည် အထိ ဖြစ်နိင်သည်။ ထိုကြောင့် အပြစ် ကျူးလွန်ပြီးသောအခါ အမြန်ဆုံး ​ ဖြေရှင်းဘို့ လိုသည်။ 
 
၀န်ခံခြင်း 

လူတိုင်း အပြစ် ကျူးလွန်သော်လည်း အပြစ်ရှိသည်ဟု ဝန်ခံဘို့ရန် အ လွန်ခက်တတ်ကြသည်။ အပြစ်ကို ဖုံးကွယ်လျှင် အခြားသူများက အလွန် ထုတ် ဖေါ်ချင် တတ်၊ အလွန် စိတ်ဝင်စားတတ်ကြသည်။ သို့သော် အပြစ်ကို မဖုံးကွယ်ဘဲ ဝန်ခံလိုက်လျှင် အဘယ်သူ ကမျှစိတ်မဝင်စားတော့ချေ။ ထို့ကြောင့် လူများက ကိုယ့်အပြစ်ကို သိနေလျှင် မဖုံးကွယ်ဘဲ ဝန်ခံလိုက်ခြင်းသည် အကောင်းဆုံးနှင့် ကျန်းမာဘို့ရန််ပဌမ ​ခြေလှမ်း ဖြစ်သည်။ ကျမ်းစာက၊ ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာ တရားမရှိ။ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင်ကြ၏။ (၁ ယော ၁:၈-၁၀) 

ငါအပြစ် မရှိ ဟုဆိုသောသူသည် ကိုယ့်ကို ကိုယ်လှည့်ဖြားသောသူ ဖြစ်သည် ဟုဆိုသည်။ ထိုမျှမက ဘုရားသခင်ကိုလည်း မုသာအပြစ် တင်သောသူ ဖြစ်သည် ဟုဆိုသည်။ အဘယ်ကြောင့်ဟူမူကား ဘုရားသခင်က လူများကို အပြစ်ရှိသည် ဟုဆိုသည် (ရော ၃:၂၃)။ ငါဒုစရိုက်မပြု ဟုဆိုလျှင် ဘုရားသခင်ကို မုသာသုံးသောသူဟု စွတ်စွဲခြင်း ဖြစ်သည်။ 
 
၀မ်းနည်းကျေကွဲခြင်း 

အပြစ် ကျူးလွန်ပြီး နောက် ဖြစ်သင့်သော ဒုတိယ​ခြေလှမ်းမှာဝမ်းနည်း ကျေကွဲခြင်း ဖြစ်သည်။ အပြစ် ကျူးလွန်ခြင်း အတွက် ဝမ်းနည်း ကျေကွဲခြင်း မရှိ၊ ဝါ ကြွားသေးလျှင် ဆက်လက်ကျဆင်းခြင်း ဖြစ်သည်။ ဝမ်းနည်း ကျေကွဲခြင်းလည်း နှစ် မျိုးရှိသည်။ ရှင်ပေါလုက၊ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့် ညီသော ဝမ်းနည်းခြင်းသည် ကယ် တင်ခြင်းနှင့် ယှဉ်သော နောင်တ စိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တ စိတ်ကို ပြုပြင်တတ်၏။ လော ကီဝမ်းနည်းခြင်း မူကား၊ သေခြင်းကို ပြု ပြင်တတ်၏။ (၂ ကော ရး၁၀) 
 သခင်ယေရှုကို ရောင်းစားသော ယုဒရှကာရုတ်သည် ဝမ်းနည်း ကျေကွဲသော်လည်း အဘုရားသခင်၏ အလိုတော်နှင့် ညီသော ဝမ်းနည်းခြင်း မဟုတ်၊ လောကီဝမ်းနည်းခြင်း ဖြစ်သောကြောင့် သူ့ကိုယ်သူသေကြောင်း ကြံ၍ အသက် ဆုံးရှုံးခဲ့ရသည် (မဿဲ ၂ရး၃-၅) ဒါဝိဒ်မင်းလည်း ဥရိယ၏ မယားဗေသရှေဗနှင့် မှားယွင်း၍ ဥရိယကို သေကြောင်း စီရင်ခြင်းဖြင့် အပြစ် ကျူး လွန်ခဲ့သည်။ ထိုသို့ ကျူးလွန်သောအခါ ဤသို့ ဆာလံစပ်ဆိုသည်၊ ယဇ်ပူဇော်ခြင်းကို အလိုတော် မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကို ပင်နှစ်သက်တော်မမူ၊၊ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အို ဘုရားသခင်ကိုယ်တော်သည် ကျိုးပဲ့​ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊ (ဆာ ၅၁ ; ၁၆-၁ရ) ဒါဝိဒ်သည် အပြစ် ကျူးလွန်သောအခါ အပြစ် ​ဖြေရာယဇ်ကို မပူဇော်ပါ။ အကြောင်းမှာ ဘုရားသခင် အလိုတော်ကို သိသည်။ အပြစ် ကျူးလွန်သောအခါ ဘုရား နှစ်သက်သောအရာသည် အပြစ်ကို ဝန်ခံ၍ စိတ်နှလုံးကျိုးပဲ့​ကြေမွခြင်း ဖြစ်သည်။ ဒါဝိဒ်သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသော ဝမ်းနည်းခြင်းရှိသည်။ 
 
နောင်တ ရခြင်း 

အပြစ် ကျူးလွန်ပြီးသောအခါ တတိယ​ခြေလှမ်းမှာနောင်တ ရခြင်း ဖြစ်သည်။ ထိုအခါ လူအချို့တို့သည် လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏ အသွေးကို မိမိတို့ ပူဇော်သော ယဇ်ကောင်တို့ နှင့် ရောနှောကြောင်းကို လျှောက် ကြလျှင်၊ ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူ အပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။ သာ၍ အပြစ်ရှိသည် မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တ မရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါဆို၏။ ထိုမှတပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။ သာ၍ အပြစ်ရှိသည် မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တ မရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။ (လု ၁၃:၁-၅)။ သခင်ယေရှု ကနောင်တ မရခြင်းသည် ပျက်စီးခြင်းသို့ ရောက်ရမည် ဟုဆိုသည်။ ထို့ကြောင့် အပြစ် ကျူးလွန်ပြီးသောအခါ နောင်တရဘို့ လိုသည်။ 

နောင်တ ရခြင်း ဆိုသည်မှာ စိတ်ဝမ်းနည်းခြင်း သက်သက် မဟုတ်။ အချို့သော နောင်တရခြင်းသည် အပြစ်လုပ်မိသည့်အတွက် ဝမ်းနည်းကျေကွဲသော်လည်း နောက်တဖန် ပြန်လုပ်တတ်သည်။ စစ်မှန်သော နောင်တရခြင်းသည် အမြင်မှန်ရလာသည်နှင့် အမျှနောက်ထပ်အပြစ် မကျူးတော့ခြင်း ဖြစ်သည်။ အပြစ်နောက်ထပ်ပြန်ကျူးလွန်ပါက စစ်မှန်သော နောင်တရခြင်း မဟုတ်။ 
 
တောင်းပန်ခြင်း 

အပြစ် ကျူးလွန်၍ ဝန်ခံခြင်း၊ ကျေကွဲခြင်း၊ နောင်တရခြင်းများအပြီးတွင် ဘုရားသခင် ထံ၌ တောင်းပန်ရမည်။ ဆာလံဆရာက၊ ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါ တနေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏၊၊ နေ့ညဉ့်မပြတ် ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ်အပေါ်မှာ လေး၍ အ​ကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့​ခြောက်ခြင်း ကဲ့ သို့ ဖြစ်ပါ၏၊၊ တဖန် အ​ကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ်တော်မူ၏၊၊ (ဆာ ၃၂:၃-၄) ဤနေရာ၌ ဆာလံဆရာကအ ပြစ် မဖေါ်ပြဘဲ နေသောအခါ အရိုးတို့ ဆွေးမြေ့ခြင်းသို့ ရောက်၍ ကိုယ်တော်၏ လက်သည် အ​ကျွန်ပ်အပေါ်မှာ လေး၍ သွေ့​ခြောက်ခြင်း ခံစားသည် ဟုဆိုသည်။ သို့သော် အပြစ်ကို ဝန်ခံ၍ မဖုံးဘဲ တောင်းပန်မည်ဟု ကြံသောအခါ ဘုရားသခင်က အပြစ် အားလုံး ခွင့်လွှတ်သည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင် ထံ၌ အပြစ်များကို မကွယ်မဝိုက်ဘဲ ဘော်ပြ၍ တောင်းပန်ရမည်။ 

ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ​ဖြောင့် မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။ (၁ ယော ၁:၉) ရှင်ယောဟန်ကလည်း အပြစ်ကို ဘော်ပြတောင်းပန်လျှင် ဘုရားသခင်သည် အပြစ် လွှတ်ဘို့ရန် သစ္စာ တရား၊ ​ဖြောင့်မတ်ခြင်း တရားနှင့် ပြည့်စုံသည် ဟုဆိုသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အပြစ်ကို ဝန်ချတောင်းပန်လျှင် လွှတ်မည်ဟု ပြောပြီးမှမလွှတ်ဘဲ နေသည် မဟုတ်။ သူသည် ပြောသည့်အတိုင်း လုပ်သော ဘုရား ဖြစ်သည်။ ဤဘသည် သားသမီး များအပြစ် အတွက် ပြစ်ဒဏ်ခတ်သော်လည်း ဝန်ခံလျှင် သနား၍ အပြစ် လွှတ် တတ် သကဲ့သို့ဖြစ်သည်။ 

ဘုရားသခင် ထံ၌ အပြစ် ဝန်ချတောင်းပန်ပြီးသောအခါ လူထံ၌လည်း တောင်းပန်ဘို့ လိုသည်။ သို့သော် သင်ကျူးလွန်သော အပြစ်ကို ကယာကံရှင်က သိမှ သာလျှင် တောင်းပန်သင့်သည်။ ကာယကံရှင်ကသင်သူ့ အပေါ်အပြစ် ကျူး လွန်ကြောင်း မသိ၊ ဥပမာစိတ်ထဲမှပြစ်မှခြင်း မျိုးကို မဖေါ်ပြ သင့်ချေ။ ဖေါ်ပြလိုက်ပါ ကကောင်းကျိုးထက် ဆိုးကျိုး ဖြစ်ပေါ်စေနိင်သည်။ ကာယကံရှင်ထံတောင်းပန်၍ အပြစ် လွှတ်မလွှတ်သည် သူ၏ တာဝန် ဖြစ်သည်။ 
 
သက်သေခံခြင်း
Emma nu, Indianapolis GBC

ကျမယခင်တုန်းက ချီဆောင်ခြင်း အကြောင်း ဘေးဒဏ်ကြီးကာလ အကြောင်းများမကြာခဏကြားဘူးပါသည်။ သို့သော် စိတ်လှုပ်ရှားခြင်း သိပ်မရှိပါ။ သို့သော် ယခုသတင်းများကို ကြည့်၍ နားထောင်သောအခါ အလွန် တုန်လှုပ်သွား ပါသည်။ ယခုအစိုးရကအသုံးစရိတ်များ ဖျက်သောအခါ ယခင်ကကဲ့သို့ ထောက်ပံ့ ​ကြေးများရတော့မည် မဟုတ်။်သသိ ျအ​ောစများမပေးလျှင် မည်ကဲ့သို့ စား သောက်ကြမည်နည်း။ အလုပ်လက်မဲ့ထောက်ပံ့​ကြေးများလည်း ယခင်ကဲ့သို့ မပေးတော့ချေ။ ကုမ္ပဏီများကလည်း အလုပ်ချိန်လျှော့၊ ခံစား ခွင့်များ ဖျက်၊ မည်ကဲ့သို့ အသက်ရှင်ကြမည်နည်း။ ဘေးဒဏ်ကြီး ကာလ၏ အစပိုင်းရောက်နေပြီဟု ခံစားမိသည်။ ထို့ကြောင့် ပျောက်ဆုံးဝိညာဉ် များကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အ တွက်သာပြောပြလိုသော ဆန္ဒတဖွားဖွားပေါ်လာသည်။ ယခင်၌ ထိုကဲ့သို့ ပြော ပြလိုစိတ်မရှိခဲ့ဘူးပါ။ ယခုမည်ကဲ့သို့ ပြောပြမည်ကိုသာ စဉ်းစားနေသည်။မည် ကဲ့သိုစရမည်နည်း။ ဆုတောင်း ပေးကြပါ။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG