GOODNEWS
  HOME  GOODNEWS  2013 FEB
 


အမှာစာ
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယခုတိုင်အောင် အသက်ရှင်သွား လာလှူပ်ရှား ကြသည်။ ​ကျွန်ပ်တို့ အသက်ရှင်လှူပ်ရှားခြင်းသည် အဘယ်အ ရာအတွက် နည်း။ ကိုယ့် အလိုဆန္ဒပြည့်စုံဘို့ အတွက်လော၊ ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေဘို့ အတွက်လော။ လူအများစုသည် ကိုယ့်ဆန္ဒဖြည့် ဆည်းဘို့ အတွက် အသက်ရှင်လှူပ်ရှား ကြသည်။ သခင်ယေရှုက ခမည်းတော် ထံ ဤသို့ ဆိုခဲ့သည်၊ အ​ကျွန်ုပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ (ယော ၁ရး၄)။ ရှင်ပေါလုကလည်း၊ ငါ့ကို ယဇ်ပေါ်မှာလောင်းရသောအချိန် ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ (၂ တိ ၄:၆ -ရ)။ 
 သခင် ခရစ်တော်သည် ဤလောက၌ သူ့အလိုဆန္ဒ ပြုလုပ် ဘို့ရန် မလာ။ ခမည်းတော် ခိုင်းသောအရာ ကိုပြီး ဆုံးပြီးမှကောင်းကင်သို့ ပြန်သွားခဲ့ပြီ။ ရှင် ပေါလုလည်း ဤလောက၌ ဘုရား ခိုင်းသောအရာကို ပြီးစီးပြီးမှကောင်းကင်သို့ ပြန်သွားခဲ့ပြီ။ မိတ်ဆွေနှင့် ​ကျွန်ပ်လည်း ဘုရား ခိုင်းသော အမှုကို ဆောင်ရွက် ပြီးမှအိမ်ပြန်သင့်သည်။ ဘုရား ခိုင်းသောအမှု များစွာ ထဲမှ ရှင်ပေတရုရေးသောအရာ တခုမှာ၊ သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုး ဖြစ်ကြ၏။ (၁ ပေ ၂:၉)။ ရှင်ပေါလုက၊ သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကို စ္စကို ပြုကြလော့။ လူများတို့သည် ကယ် တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကို မရှာဘဲ သူ့အကျိုးကို ရှာ၍၊ ခပ်သိမ်းသော လူတို့၏ အလိုသို့ အရာရာ၌ လိုက်သည် နည်းတူ၊ သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏ အသင်းတော် ဝင် သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊ ငါသည် ခရစ်တော်၏ နည်းတူ ကျင့် သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။ ဟုဆိုခဲ့သည် (၁ ကော ၁၀:၃၁-၃၃၊ ၁၁:၁) ဤစာစောင်ဖတ်ရှုသူတိုင်း ဘုရား အလိုတော် ပြီးစီးအောင် ဆောင်ရွက်သောသူ ဖြစ်နိင်ကြပါစေ။ 

 ဤစာစောင်၌...

ဘုရားသခင် စိတ်တော်သည် မည်ကဲ့သို့ သိနိင်မည်နည်း
ထာဝရဘုရားကို သင်မည်ကဲ့သို့ မြင်သနည်း
ဥားသမီးတွေရဲ့မရေးကြီး ပုံ
ဆုတောင်းခြင်း၏ အကျိုး
ဘုရားသခင်ကို ပုံကန်ခြင်း 
ဘုရားသခင်ကို မယုံကြည်ခြင်း 
ပြည်တွင်း သာသနာ ပြု
 
 
ဘုရားသခင်၏ စိတ်တော် မည်ကဲ့သိုသိနိင်မည်နည်း
သားသမီး များသည် မိဘ၏ စိတ်ကို သိ၍ မိဘမျက်နှာကို ထောက်ထား တတ်လျှင် မိဘများ အလွန် စိတ်ချမ်းသာသည်။ ထိုနည်းတူ ယုံကြည်သူ ဘုရား သားသမီး များအနေဖြင့် အဘ ဘုရားသခင်၏ စိတ်တော်ကို သိ၍ အလိုတော်အတိုင်း အသက်ရှင်လျှင် ဘုရားသခင် အလွန် စိတ်ချမ်းသာမည် ဖြစ်သည်။ ဝိညာဉ်လူဆိုသည်မှာ ဘုရား အလိုတော်အတိုင်း အသက်ရှင်သောသူ ဖြစ်သည်။ ကျမ်းစာထဲမှဘုရား အလိုတော် သိသောသူများ၏ အသက်တာအားဖြင့် သင်ခန်းစာ ယူကြပါစို့။ 
 
ယောသပ်

လူတဦးနှင့် တဦးသိဘို့ရန်အတူ တကွပေါင်းသင်းဆက်ဆံဘို့ လိုသည်။ အချိန်များများ ပေါင်းသင်းလေလေ အလိုဆန္ဒသိလေလေ ဖြစ်သည်။ ကျမ်းစာထဲ၌ အံံံံ့ဩစရာ အသက်တာများ ထဲ၌ ယောသပ်၏ အသက်တာသည် အံ့ဩစရာ အကောင်းဆုံးဟု မြင်သည်။ အကြောင်းမှာ ယောသပ်သည် ဘုရားသခင်ကို မည်ကဲ့သို့ ပေါင်းသင်း၍ ဘုရား အလိုတော်ကို သိလျက် ကြောက်ရွံ့သော အသက်တာဖြင့် အသက်ရှင်နိင်သနည်း။ ကျမ်းစက ဖေါ်ပြသမျှ ဖြစ်လျှင် သူ့ကို ဘု ရားသခင်ကခေါင်းဆောင် ဖြစ်ဘို့ အိပ်မက်အားဖြင့် နှစ်ကြိမ်ဘော်ပြခဲ့သည် (က ၃ရ)။ နောက်ပိုင်း၌ ဘုရားသခင်က သူ့ကို ပြန်လည်ဆက်သွယ်မှု မတွေ့ရချေ။ ​ကျွန်ပ်တို့လည်း ထူးခြားသော၊ စိတ်လှုပ်ရှားစေသော အိပ်မက်များ မက် တတ်ကြသည်။ ထိုအိပ်မက်များကြောင့် နိုးလာသော နောက်ပိုင်း၌လည်း ကြာ မြင့်စွာ သတိရတတ်သည်။ သို့သော် အိပ်မက်အတိုင်း အသက်ရှင်တတ်သည် မဟုတ်။ များသောအားဖြင့် အိပ်မက်များကို မေ့တတ်ကြသည်။ 

ယောသပ်သည် အိပ်မက်၌ ခေါင်းဆောင် ဖြစ်ဘို့ ဘော်ပြခြင်း ခံရသော်လည်း သူ့အသက်တာ၌ ခေါင်းဆောင် ဖြစ်ဘို့ နေနေသာသာ၊ အကို များ၏ မုန်း တီးခြင်းနှင့် ရောင်းစားခြင်း ခံခဲ့ရသည်။ သို့သော် သူသည် ဘုရားသခင် အပေါ်၌ စိတ်မဆိုး၊ အထင်မလွှဲ၊ ဘုရားသခင်ကို ကြောက်ရွံ့သည်။ ထိုနောက်မှသခင်၏ မယားသည် ယောသပ်ကို တပ်သော စိတ်ရှိ၍ ငါနှင့်အတူ အိပ်ပါ ဟုဆို၏။ ၈ ယော သပ်ကလည်း၊ ​ကျွန်တော် သခင်သည် အိမ်တော်၌ ရှိသမျှသော ဥစ္စာတို့ကို ​ကျွန်တော် လက်သို့ အပ်ပါပြီ။ ​ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ပါ။ ၉ ဤ အိမ်တွင်လည်း ​ကျွန်တော်ထက် သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယား ဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ​ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသော ဤအမှုကို ​ကျွန်တော် ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင် သနည်းဟု သခင်၏ မယားကို ငြင်း၍ ပြန်ဆို၏။ (က ၃၉:ရ- ၉)။ ယောသပ်သည် ဘုရားသခင်ကို ကြောက်သောကြောင့် သခင်မနှင့် မပြစ်မှားခြင်း ဖြစ်သည်။ 

တဖန် သူ၏ ​ဖြောင့်မတ်ခြင်းကြောင့် ထောင်ချခြင်း ခံခဲ့ရသည်။ ထောင်ထဲ ရောက်သောအခါ ဘုရားသခင် ထံ၌ စိတ်မဆိုးကြောင်း၊ ဘုရားသခင်ကို ယုံကြည် မြဲ တိုင်း ယုံကြည်ကြောင်း ဤကဲ့သို့ သိမြင်နိင်သည်။ ဖါရောဘုရင်၏ အမတ်နှစ်ယောက် အိပ်မက်ကို အနက်ပြန်မည့် အချိန်တွင် ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့ အိပ်မက်ကို ​ကျွန်ုပ်အား ကြားပြောကြပါ ဟုဆို၏။ (က ၄၀:၈)။ တဖန် ဖါရော၏ အိပ်မက်အနက်ကို ပြန်မည့် အချိန်တွင် ဖါရောက၊ သင်သည် အိပ်မက်ကို နားလည်သော ဥာဏ်နှင့် အနက်ဘတ်နိုင်သည်ကို ငါကြားရပြီ ဟုဆို၏။ ၁၆ ယောသပ်ကလည်း၊ ​ကျွန်တော်သည် အလိုအလျောက် မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္လာအ​ဖြေစကားကို ဖာရောဘုရင် အားပေးတော်မူ စေသောဟု လျှောက်လေ၏။ (က ၄၁:၁၅-၁၆) 

ယောသပ်သည် အကိုတို့ ထံ ဤကဲ့သို့ ဆိုခဲ့သည်၊ သင်တို့သည် ​ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကို အမျက် မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် လူတို့ အသက်ကို စောင့်မ စေခြင်းငှါ သင်တို့ ရှေ့မှာ ​ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။ ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှ ာ ကျန်ကြွင်းစေခြင်း ငှါ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့ အသက်ကို ချမ်းသာ စေခြင်း ငှါ၎င်း၊ သင်တို့ ရှေ့မှာ ​ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။ ၈သို့ဖြစ်၍ သင်တို့သည် ​ကျွန်ုပ်ကို ဤအရပ်သို့ စေလွှတ်သည် မဟုတ်၊ ဘုရားသခင် စေလွှတ်တော်မူ သတည်း။ ​ကျွန်ုပ်ကို ဖာရောဘုရင်၏ အဘအရာ၌၎င်း၊ နန်းတော် အုပ်အရာ၌၎င်း၊ အဲဂုတ္တု ပြည်ကို အုပ်စိုးသော သခင်အရာ၌၎င်းခန့်ထားတော်မူပြီ။ (က ၄၅:၅၊ ရ၊ ၈) 

ယောသပ်သည် အဘယ်ကြောင့် ဘုရားသခင် အပေါ်၌ စိတ်မဆိုး၊ အထင်မလွှဲ၊ ဘုရားသခင်၏ အကြံတော်ကို သိနားလည်၍ စိတ်ရှည်လက်ရှည်စောင့် နိင်သနည်း။ သူ၌ ကျမ်းစာအုပ်လည်း မရှိ။ ယုံကြည်သူ အဖေါ်အဖက်လည်း မရှိ။ ကျမ်းစာ သင်တန်းလည်း မတက်ဘူး။ သူ့အရင် ဘုရားသခင်ကို ယုံကြည်သူ ပုံ သက်သေကောင်းလည်း မရှိ။ သို့သော် သူသည် လုံးဝ အပြစ်တင်စရာ မရှိ၊ အနေအထိ ုင်မှစ၍ ဘုရားသခင် အပေါ်ယုံကြည်ခြင်းသည် စံထားလောက်အောင် ​ဖြောင့်မတ် သန့်ရှင်းသည်။ ​ကျွန်ပ်တို့ မူကား ကျမ်းစာလည်း ဘာသာစကား မျိုး စုံနှင့် ဖတ်နိင်သည်။ ဘုရားနှင့် ပတ်သက်သော စာပေစာအုပ်များလည်း များစွာရှိသည်။ ရေဒယို၊ တီဗီ၊ ဒီဗီဒီ၊ စီဒီအားဖြင့် ဘုရား စကားကို များစွာ ကြားနာ နိင်သည်။ ​ကျွန်ပ်တို့ အရင် ယုံကြည်သူ မြောက် များစွာ၏ ပုံသက်သေများလည်းရှိသည်။ ကျမ်းစာ သင်တန်းမျးာလည်း အမြောက်အများရှိသည်။ အနည်းဆုံး တနင်္နွေနေ့တိုင်းလည်း ဘုရားရှိခိုးနိင်သည်။ မိသဟာယအဖွဲ့၌လည်း ပါဝင် နိင်သည်။ ဘုရားနှင့် ပတ်သက်၍ ပတ်ပတ်လည်၌ ဝိုင်းရံလျက် ရှိသည်။ သို့သော် ယောသပ်၏ ​ခြေဖျားပင်လျှင် မမှီနိင်ကြချေ။ 
 အကြောင်း ပြချက် တခုမှာယောသပ်လက်ထက်တွင် သူ၏ ပတ်ဝန်းကျင်၌ စိတ်ဝင်စားစရာ၊ လုပ်စရာ၊ ပျော်ပါးစရား များများစားစားမရှိသောကြောင့် ဘုရားသခင် ထံ၌ ဆွဲမြဲနိင်သည်။ ​ကျွန်ပ်တို့ ခေတ်တွင် မူပတ်ဝန်းကျင်၌ ဆွဲဆောင် မှုများလွန်းသည်။ ရုပ်ရှင်၊ တီဗီ၊ ဒီဗီဒီ၊ ပွဲ၊ ကွန်ပြူတာ၊ ဖုန်း၊ စသဖြင့် စိတ် ဝင်စားစရာများလွန်းသောကြောင့် ဘုရား ထံ၌ မစွဲမြဲနိင်ခြင်း ဖြစ်သည် ဟုဆို နိင်သည်။ မှန်ပါသည်။ ယခုခေတ်တွင် သွေးဆောင်မှုများလွန်းသည်။ သို့သော် ထိုအရာများကြောင့် ဆင်​ခြေပေး၍ ရမည် မဟုတ်။ ထိုအရာများသည် ဘုရားသခင်နှင့် ဝေးကွာစေလျှင် ရှောင်ရမည်။ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့လျှင် အချည်းနှီး ဖြစ်သည်။ 
 
 ဒါဝိဒ် 

ဒါဝိဒ်သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဟု ဘုရား သခင် ကိုယ်တော်တိုင် ကဆိုခဲ့သည် (တ ၁၃:၂၂)။ ဒါဝိဒ်သည် သိုးကျောင်းသား ဖြစ်သည်။ သူသည် တော၌ သိုးများနှင့်အချိန် ကုန်ခဲ့သည်။ သူ့ပတ်ဝန်းကျင်၌ သိုးများနှင့် တောတိရစ္ဆာန်များ၊ သစ်ပင်၊ မြက်ပင်များ၊ တောတောင်စမ်းရေများသာလျှင် ရှိမည်။ သူသည် ကျမ်းစာကျောင်းမတက်ဘူးချေ။ ကျမ်းစာဖတ် စရာလည်းရှိမည် မဟုတ်။ ယုံကြည်သူ အဖေါ်အဘက်လည်း မရှိ။ ဥပုသ်နေ့၌လည်း ဘုရားကျောင်းတက်မည် မဟုတ်၊ အကြောင်းမူကား ဗိမာန်တော်လည်း မဆောက်သေး။ သို့သော် သူသည် အဘယ်ကြောင့် ဘုရားသခင်၏ စိတ်တော် တွေ့သောသူ၊ ဘုရားသခင်၏ အလေ့အလာကို နားလည်သောသူ ဖြစ်နိင်သနည်း။ ဥရိယ၏ မယားဗေသရှေဘနှင့် အပြစ် ကျူးလွန်သောအခါ၌လည်း ယဇ်ပူဇော်ခြင်းကို ချက်ချင်း မလုပ်။ ယဇ်ပူဇော်ခြင်းကို အလိုတော် မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော် ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကို ပင်နှစ်သက်တော်မမူ၊၊ ၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အို ဘုရားသခင်ကိုယ်တော်သည် ကျိုးပဲ့​ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊ (ဆာ ၅၁:၁၆-၁ရ)။ 

သား အဗရှလုံထံမှ ပြေးရသောအခါ၌လည်း ပဋိညာဉ်သေတ္တာတော်နှင့် ယဇ်ပုရောဟိတ် များကိုအား မကိုးကြောင်း ဤသို့ တွေ့ရသည်၊ ဇာဒုတ်နှင့် လေဝိလူ အပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲ ကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ၏။ ၂၅ရှင် ဘုရင်သည် ဇာဒုတ်ကို ခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကို စိတ်တော်နှင့် တွေ့လျှင် ငါ့ကို ပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူ ရာအရပ်ကို၎င်းပြတော်မူမည်။ ၂၆ သို့မဟုတ် သင့်ကို ငါအလို မရှိဟု ငါ့အား မိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော် ရှိသည်အတိုင်း ပြုတော်မူ စေ သတည်း ဟူ၍၎င်း၊ ၂၇ ယဇ်ပုရောဟိတ် ဇာဒုတ်အား လည်း၊ သင်သည် ပရောဖက် ဖြစ်သည် မဟုတ်လော။ သင်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသား နှစ်ယောက်ကို ခေါ်၍ မြို့သို့ ငြိမ်ဝပ်စွာ ပြန်သွားလော့။ ၂၈ သင်တို့ ကြား လျှောက်စေသောစကား မရောက်မှီ ငါသည် တောလွင်ပြင်၌ ဆိုင်းလင့်၍ နေမည်ဟု မိန့်တော်မူသည် အတိုင်း၊ ၂၉ ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌ နေကြ၏။ (၂ရာ ၁၅:၂၄-၂၉)။ 

အဘယ်ကြောင့် ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာတော်နှင့် ယဇ်ပရောဟိတ်များကို သူနှင့် မလိုက်စေဘဲ ပြန်ပို့ရသနည်း။ အကြောင်းမှာ ထိုအရာများသည် သူ့ကို ကူညီနိင်သည် မဟုတ်။ ဘုရားသခင် သာလျှင် ကူညီနိင်သည်။ ဘုရား အမျက် ထွက်လျှင် သေတ္တာတော်နှင့် ယဇ်ပရောဟိတ်များသည် ဘာမျှတတ်နိင်သည် မဟုတ်ဟု သူကောင်းစွာ သိသည်။ ဣသရေလ လူမျိုးများ မူကား ဖိလိတိများနှင့် စစ် ပြိုင်၍ ရှုံးသောအခါ ဘုရားသခင်ထက် သေတ္တာတော်ကို အားကိုး ခဲ့ကြသောကြောင့် ထပ်၍ စစ်ရှုံးခဲ့ကြရသည် (၁ရာ ၄:၁-၄)။ ပရောဖက် ယေရမိလက်ထက် တွင်လည်း ယေရုရှလင်မြို့ကို ဗာဗုလုန်များ ကဝိုင်းထားသောအခါ ဘုရားသခင်ကို မရှာဘဲ ဗိမာန်တော်ကို အားကိုး ကြသောကြောင့်၊ ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော် ဖြစ်သတည်းဟု မုသာစကားကို ပြောသော သူတို့၌ မမှီဝဲကြနှင့်။ (ယေရ ရး၄) ဟုပြောစရာ လိုသည်။ သူတို့ ဆိုလိုသောအရာသည် ဗိမာန်တော်ကို ဘုရားသခင်က ကြည့်ရှုနေမည် ဟုဆိုခဲ့သောကြောင့် ဘုရားသခင်က သူ၏ ဗိမာန်တော်ကို အဖျက်အဆီးခံမည် မဟုတ်၊ စောင့်ရှောက်တော်မူမည်။ ထိုသို့ စောင့်ရှောက်ရာတွင် သူတို့ ကိုလည်း စောင့်ရှောက်မည်ဟု ယူဆကြသည်။ ထို့ကြောင့် ပရောဖက် ယေရမိက ထိုသို့ မဆိုကြနှင့်။ ဘုရားသခင်သည် သူ၏ ဗိမာန်တော်ကို အဖျက်ခံမည်။ ဘုရား အလိုတော်ကိုသာ လိုက်ကြပါ။သို့ပြုလျှင် ဘုရားသခင်က သင်တို့ကို ကွယ်ကာစောင့်ရှောက်မည်။ ဘုရားသခင် အပေါ် မဟုတ်ဘဲ သူ၏ ဗိမာန်တော် အပေါ်၌ အား မကိုး မမှီခိုကြပါနှင့်ဟု ဘယ်လောက်ဘဲ ပြောပြော သူတို့သည် ဘုရားသခင်၏ အလိုတော် မလိုက်၊ ဘုရားသခင်၏ မျက်နှာတော် မရှာဘဲ၊ ဗိမာန်တော်ကိုသာ အားကိုး ကြသောကြောင့် ဘုရားသခင်က ဗာဗုလုန်များကို ဗိမာန်တော် ဖျက်စီးခွင့်ပြုလိုက်သည်။ ထိုဗိမာန်တော် အားကိုးသော ယုဒလူများလည်း သိမ်းသွားခြင်း ခံခဲ့ရ ကြသည်။ ယနေ့ ယုံကြည်သူများလည်း ဘုရား၏ အလိုတော်ကို မသိ၊ မျက်နှာတော်ကို မရှာသောအခါ ကျမ်းစာအုပ်နှင့် ကျမ်းပိုဒ်များ၊ ဘုရား အမှုတော်ဆောင်များကို ဘုရား အစားအားကိုး တတ်ကြသည်။ 
 ဒါဝိဒ်သည် အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို သိသနည်း။ အဘယ်ကြောင့်ဘုရား၏ စိတ်တော်နှင့် တွေ့သောသူ ဖြစ်နိင်သနည်း။ အကြောင်းမူကား ဘုရားသခင်ကို ဖန်ဆင်းထားသော အရာများ၌ တွေ့မြင်သည်။ ထိုအရာများကို ဆင်ခြင်သည်။ သူသိသမျှသော တရားတော်ကို ဆင်ခြင်သည်။ ကျမ်းစာ၌၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကိုနေ့ ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိ၏၊၊ (ဆာ ၁:၂) ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့ဘို့ လိုသည်။ သို့မှသာ ထာဝရဘုရား၏ အလိုတော်ကို သိ၍ စိတ်တော်နှင့် တွေ့ နိင်ပေမည်။ ​ကျွန်ပ်တို့ ဘယ်အရာ၌ မွေ့လျော်ကြပါသနည်း။ တရားတော်၌ မမွေ့လျော်ကြဘူး။ တရားတော်ကို မဆင်ခြင်ကြဘူး။ ထိုအရာထက်လောကအရာကိုသာလျှင် ဆင်ခြင်၍ ထိုအရာ၌ သာလျှင် မွေ့လျော် ကြသည်။ သို့သော် တရားတော်၌ မွေ့လျော်သောသူ၊ ဆင်ခြင်သောသူများ ခံစားရမည့် အောင်မြင်ခြင်းကိုမူရရှိလို ကြသည်။ ထို့ကြောင့် ယခုမှစ၍ တရားတော်၌ မွေ့လျော်၍ ဆင်ခြင်အောက်မေ့ကြပါစို့။သို့ပြုလျှင် ဘုရားသခင်၏ အလိုတော်ကို သိ၍ အလိုတော်အတိုင်း အသက်ရှင်နိင်မည်။ သို့မှသာ အောင်မြင်မှု ရရှိနိင်မည်။ 
 

ထာဝဘုရားကို သင်မည်ကဲ့သို့မြင်သနည်း
 
 အဘယ်ကြောင့် လူအများစုသည် ဘုရားသခင်ကို မကိုးကွယ်၊ ကိုးကွယ်လျှင်လည်း ဘုရားသခင်၏ အလိုတော်အတိုင်း အသက်မရှင်ကြသနည်း။ အကြောင်းမှာ ဘုရားသခင်ကို သိခြင်းသည် မပြည့်စုံသောကြောင့် ဖြစ်သည်။ တယောက်နှင့် တယောက်၏ ဘုရားသခင်ကို သိခြင်းသည် မတူညီကြချေ။ 
 
 မသိသောကြောင့် 

များစွာသော လူသားများဘုရား မကိုးကွယ်ခြင်းသည် မသိသောကြောင့် ဖြစ်သည်။ ၂၂ ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်းအာသင် လူတို့၊ သင်တို့သည် ခပ်သိမ်းသောအရာ တို့၌ နတ်ဘုရားတို့ကို အလွန် ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။ ၂၃ လမ်း၌ သွား၍ သင်တို့၏ ဘုရားများကို ကြည့်ရှုသည်တွင် ငါတို့ မသိသော ဘုရားသခင် အဘို့ ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင် တခုကို တွေ့ ပါ၏။ သင်တို့သည် မသိဘဲလျက်ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။ (တမန် ၁ရး၂၂-၂၃) အေသင်မြို့သားများကထာဝရဘုရားကို မကိုးကွယ်ခြင်းသည် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အခြားဘုရားများကို ကိုးကွယ် ကြသည်။ ခရစ်ယာန် များသည် ထိုသူများ၌ မပါဝင်ချေ။ 


ရန်သူ 

အချို့သောသူများက ဘုရားသခင်ကို သိသော်လည်း မကိုးကွယ်လိုကြချေ။ ဘုရားသခင်သည် မတရားသော ဘုရား၊ လူ့အသက်ကို သတ်သော ဘုရား၊ မျက်နှာလိုက်သော ဘုရားဟု စွပ်စွဲကာမကိုးကွယ်လိုကြ၊ ရန်သူဟု သိမြင် ကြသည်။ အဘယ်ကြောင့်ရန်သူဟု မြင်သနည်း။ စာတန်၏ အုပ်စိုးမှုကြောင့် ဖြစ်သည်။ ထိုသူများ အနေဖြင့် ဘုရားသခင်ကို အားကိုး စရာ အကြောင်း မရှိ။ ရန်သူကို အားကိုးသောသူမရှိတတ်။ ထိုကြောင့် ဘုရားသခင်ကို ရန်သူဟု မမြင်ဘို့ အရေးကြီးသည်။ 


၉၁၁ 

များစွာသော ခရစ်ယာန်များက ဘုရားသခင်ကို အရေးပေါ်မှကူညီမည့် သူအဖြစ် မြင် ကြသည်။ ဒုက္ခ ရောက်သောအခါ ၉၁၁ ခေါ်တတ်ကြသည်။ သို့သော် အဆင်ပြေနေချိန်တွင် ၉၁၁ကို လုံးဝ သတိမရကြချေ။ ထိုနည်းတူ များစွာသောသူများသည် ဒုက္ခ ရောက်မှဘုရားကို သတိရကာအလျှင် အမြန်ဘုရားကို ခေါ်တတ်ကြသည်။ ဆာလံ ၂၃၊ ၉၁နှင့် ၁၂၁တို့ ကိုလည်း အလျှင်အမြန် ထပ်ခါထပ်ခါရွတ်ဆိုတတ်ကြသည်။ ဘုရားသခင်ကိုလည်း ဒုက္ခ ထဲမှကယ်လျှင် အမှုဆောင်ဘို့၊ လှူဘို့ ကတိပြုတတ်ကြသည်။ သို့သော် ဒုက္ခ အထဲမှ လွတ်မြောက်သွားသောအခါ ဘုရားကို သတိမရကြတော့ချေ။ နဂုိ အတိုင်း အသက်ရှင်တတ်ကြသည်။ ထိုသူများအတွက် ဘုရားသခင်သည် ၉၁၁ ဖြစ်သည်။ သူတို့၏ ဒုက္ခ ပြသနာပြီး သွားသောအခါ ဘုရား မှန်းတရားမှန် မသိကြတော့ချေ။ 


သူဌေးကြီး

 အချို့သောသူများက ဘုရားသခင်ကို သူဌေးကြီး အဖြစ်သိမြင် ကြသည်။ သူဌေးကြီးကို ဖြစ်နိင်လျှင် ခင်မြင်ရင်းနှီး လို ကြသည်။ အကြောင်းမှာ သူကို ချစ်သည်ထက် သူ့ဥစ္စာကို လိုချင်သည်။ ထိုနည်းတူ ဘုရားသခင်ကို သူဌေးကြီး အနေဖြင့် မြင်သောသူများသည် သူ၏ ကောင်းကြီး များကိုသာ လိုချင်သည်။ ဆယ်ဘို့ တစ်ဘို့ လှူလျှင် ကောင်းကင် ပြုတင်းပေါက်ကို ဖွင့်၍ ကောင်းကြီး ချပေးမည် (မာလခိ ၃:၁၀)ဟု မျှော်လင့်သောကြောင့် ဆယ်ဘို့ တစ်ဘို့ကို ပေးကြသည်။ အမှန်မှာ ဆယ်ဘို့ တစ်ဘို့သည် ဘုရား၏ ဥစ္စာ ဖြစ်သည်။ သူ့ဥစ္စာကို ပေးခြင်း၌ ဝါကြွားစရာ၊ အမှတ်ရစရာ မရှိချေ။ သို့သော် ဆယ်ဘို့ တစ်ဘို့ ပေးလျှင် ချမ်းသာ မည်ဟု မျှော်လင့်ချက်နှင့် ပေးလှူ ကြသည်။ 

 ဘုရားသခင်ကို ကောင်းကြီး ပေးရှင်အဖြစ် နှင့်သာမြင်သောသူများက ယုံကြည်သူသည် ဘုရား၏သား ဖြစ်ခြင်းကိုသာ အဓိကထား ပြောဆိုသည်။ မှန် ပါသည်၊ ခရစ်တော်ကို ယုံကြည်သောသူသည် ဘုရား၏သား ဖြစ်သည် (ယော ၁:၁၂၊ ရော ၈:၁၆)။ ဘုရား၏သား ဖြစ်လျှင် အမွေခံ များလည်း ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသား များသည် ဤလောက၌ ချမ်းသာ ရမည်။ ကောင်းစားရမည်ဟု ခံယူ ကြသည်။ သူတို့ ကြိုက်နှစ်သက်သော ကျမ်းပိုဒ်များသည် (ယော ၁၀:၁၀၊ ၂ ကော ၈:၉)တို့ ဖြစ်သည်။ မှန်ပါသည် ဘုရား သားသည် အမွေခံ ဖြစ်သည်။ သို့သော် သားသည် အဖေသေမှအမွေရတတ်သည်။ အဖေမသေမှီအမွေတောင်းသော ပျောက်သော သားသည် ဘဝပျက်စီးခဲ့ကြောင်း တွေရသည် (လု ၁၅)။ ယုံကြည်သူများသည်သား ဖြစ်ကြသည့်နည်းတူ ဘုရား၏ ​ကျွန်လည်း ဖြစ်သည်။ ​ကျွန်သည် သခင်၏ အလုပ်ကို ုလုပ်ရသည်။ လောက၌ အသက်ရှင်စဉ်တွင် ​ကျွန်ကဲ့သို့ အလုပ်လုပ်၍ ကောင်းကင် ရောက်သောအခါ အမွေခံ ရမည် ဖြစ်သည်။ လောက၌ ​ကျွန်ခံချိန်တွင် လိုအပ်သော စားဝတ်နေရေးလည်း အဘကတာဝန် ယူမည် ဖြစ်သည်။ သို့သော် ​ကျွန်အရာကို မသိဘဲသား အရာကိုသာ လိုချင်သောသူများသည် သူဌေးသား ဘော်ကြော့နေတတ်သောသူ၊ ​ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်၊ ပျင်းရိသောသူ ဖြစ်သည်။ ဘုရားသခင်ကို သူဌေးကြီး အဖြစ်သာမြင်သောသူများ အနေဖြင့် ဘုရား အလိုတော်ကို ဘယ်သောအခါ၌ မျှမဆောင်၊ ဘုရား၏ ကောင်းကြီး များကိုသာ အဆက်မပြတ် ခံစား လို ကြသည်။ 
 
ဆရာဝန်

 အချို့သောသူများက ဘုရားသခင်ကို အနာရောဂါကို ကျန်းမာစေနိင်သော သမားတော်ကြီး အဖြစ်သိမြင် ကြသည်။ ထိုသူများ ကအတွက် သူတို့၏ အနာရောဂါငြိမ်းစေခြင်းသည် သာလျှင် အဓိက ဖြစ်သည်။ ဘုရားသခင်က သူတို့၏ အနာရောဂါငြိမ်းစေလျှင် အလွန် ယုံကြည် ကြသည်။ ဆရာဝန်များကိုလည်း အနာရောဂါပေးချိန်တွင် အလွန် ယုံကြည် အားကိုး တတ်ကြသည်။ သို့သော် ကျန်း မာသွားသောအခါ သတိမရကြတော့ချေ။ ထို့ကြောင့် ဘုရားသခင်ကို သမားတော်ကြီး အဖြစ်သာယုံကြည် သိမြင်အားကိုးသောသူအနေဖြင့် အနာရောဂါပျောက် ကင်းသွားသောအခါ သတိမရတော့ချေ။ နောက်ထပ် ရောဂါထလာမှသတိ ရတတ်ကြသည်။ ထိုကြောင့် ဘုရားသခင်ကို ယုံကြည် ဘို့ရန် အနာရောဂါခံစားဘို့ လိုသလို ဖြစ်လာသည်။ 
 
အထက် အရာရှိ 

အချို့သောသူများက ဘုရားသခင်ကို အထက် အရာရှိကဲ့သို့ ကြောက် ကြသည်။ အောက်ငယ်သား များသည် အထက် အရာရှိကို ကြောက် ကြသည်။ ထို့ကြောင့် သူတို့ ရှေ့တွင် စကား နားထောင်၍ အလွန် ရိုသေတတ်ကြသည်။ သို့သော် အရာရှိမျက်ကွယ်တွင် မူကြိုက်သလိုနေတတ်ကြသည်။ ထိုနည်းတူ အချို့သောသူများက ဘုရားသခင်ကို အရာရှိကြောက် သကဲ့သို့ သာကြောက်သောကြောင့် အသင်းတော် ရှေ့၊ သင်းအုပ်ဆရာရှေ့၌ သာဘုရား စကား နားထောင်၍ ကွယ်ရာ၌ ကိုယ်ကြိုက်သလိုအသက်ရှင်တတ်ကြသည်။ 
 
ဘုရား 

အနည်းငယ်သော လူများ ကသာလျှင် ဘုရားသခင်ကို ဘုရားသခင် အဖြစ်သိမြင် ကြသည်။ ထိုသူများအတွက် ဘုရားသခင်သည် အဘယ်အရာနှင့်မျှ နှိုင်း၍ မရချေ။ ဆာလံဆရာကထာဝရဘုရားကို ဘုရား အဖြစ်ကောင်းစွာ သိသောကြောင့် ဤသို့ ဆိုသည်၊ ၁ မြေကြီးသား အပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ ၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင် ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။ ၃ ထာ ဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင် ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ
၏။ ၄ ကျေးဇူးတော်ကို ကြီးမား ပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ ကို၎င်း၊ ဂုဏ်တော်ကို ချီးမွမ်းလျက် တန်တိုင်းတော်တို့ ကို၎င်းဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီး ပေးကြလော့။ ၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာ တော်သည် ကာလ အဆက်ဆက်တည်လေသတည်း။ (ဆာ ၁၀၀) 
 

သားသမီးများအရေးကြီးပုံ
ဆရာပါအုပ် (Nashville, TN) 
 

လောက မှာအရေးကြီးသည့်အရာမြောက် များစွာ ရှိသည့်အနက်သားသမီး တွေဟာမိဘတိုင်း အတွက် အရေးကြီးဆုံး အရာ ဖြစ်ပါသည်။ သားသမီး တွေရဲ့ အရေးကြီးပုံသိမှ ဘဲ မိဘတွေကိုယ့်ရဲ့တာဝန် ဘယ်လောက်ထိကြီးမားကြောင်း သိလာမည် ဖြစ်ပါသည်။ ပစ္စည်းဥစ္စာတွေရဲ့တန်ဘိုးရှိပုံတော့လူတိုင်း နားလည်တတ်ကြ ပေမယ့် တန်ဖိုးအကြီးမားဆုံး၊ အရေးကြီးဆုံး၊ တန်ဖိုးမဖြတ်နိင်တဲ့ သားသမီးရတနာ ကျတော့မိဘတွေတန်ဖိုးမထားတတ်တဲ့အတွက် သားသမီး အရေးထက် အခြားသောအရာ တွေကို ဦးစားပေးတတ်ကြပါသည်။ သားသမီး တွေရဲ့အရေးကြီးပုံကို (၈) မျိုးဖြင့် ဖေါ်ပြလိုပါသည်။ 
 
၁။ ထာဝရဘုရား ဆုချတဲ့အရာ ဖြစ်တယ်

ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာ ဖြစ်ကြ၏။ (ဆာ ၁၂ရး၃)။ လက်ဆောင်ကတော့ပေးတဲ့သူရှိရင်လူ တိုင်းရရှိနိင်တဲ့အရာ ဖြစ်တယ်။ ဒါပေမယ့်ဆုကတော့တော်မှ၊ ထူးခွျန်မှ၊ ထိုက်တန် မှရတဲ့အရာ ဖြစ်ပါသည်။ သားသမီး ကျတော့တိုက်တန်လို့ရတာ မဟုတ်ဘဲ ထာဝရဘုရား ဆုချလို့ရတဲ့အရာ ဖြစ်ပါသည်။ ထာဝရဘုရား ဆုမချရင်ဘယ်လောက်ဘဲ ကြိုး စား ကြိုးစား သားသမီး မရနိင်ပါဘူး။ ဒါကြောင့်အိမ်ထောင်ပြုသောသူတိုင်း သားသမီးရတနာမထွန်းကား နိင်ခြင်း ဖြစ်တယ်။ ခဏလေးတဖြုတ်နှင့် ပျက်စီးနိင်တဲ့လူပေးသော ဆုတောင်မှတန်ဖိုးထားပြီး အမြတ်တနိုးသိမ်းထားတတ်ကြပေမယ့် ထာဝရ ကာလ တိုင်ခံတဲ့အမွန်မြတ်ဆုံး၊ တန်ဖိုးအကြီးမားဆုံးသော ဆု ဖြစ်တဲ့ သားသမီး ကျ တော့တန်ဖိုးမထားတတ်ကြဘူး။ တန်ဖိုးမဖြတ်နိင်တဲ့အရာ၊ ဆုထဲမှအကောင်းဆုံးဆု ဖြစ်တဲ့ သားသမီး တွေကို တန်ဖိုးထားကြပါစို့။ 
 
၂။ ထာဝရဘုရား ပေးတဲ့အမွေဥစ္စာ ဖြစ်တယ်

ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာ ဖြစ်ကြ၏။ (ဆာ ၁၂ရး၃)။ လူတိုင်း ကမိဘထံမှ အမွေကို လိုချင် ကြသည်။ ရရှိတဲ့အခါမှာလည်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်တတ်ကြပါသည်။ ကောင်းကောင်း မထိန်းသိမ်းနိင်ရင်မိဘတွေစိတ်ဆင်းရဲ ရပါသည်။ ဘုရားသခင်ပေးထားတဲ့သင့်ရဲ့ သားသမီး အမွေဥစ္စာကို အကောင်းဆုံးထိန်းသိမ်းစောင့် ရှောက်၊ ဆုံးမသွန်သင်ပါလား။ မိဘတွေကလည်း သူတို့ ပေးထားတဲ့အမွေဥစ္စာကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်သူအပေါ်မှာ အားရကျေနပ် ဝမ်း
မြောက်မှု ရှိသလိုထာဝရဘုရားကလည်း သူပေးထားတဲ့အမွေဥစ္စာ ဖြစ်တဲ့သားသမီး တွေကို ထိန်းသိမ်းစောင့်ရှောက်ဆုံးမသွန်သင်တဲ့မိဘတွေအပေါ်မှာ ဝမ်းမြောက်မှု ရှိပါသည်။ ထာဝရဘုရား ပေးတဲ့အမွေဥစ္စာကျတော့ သူတို့၏ ဝိညာဉ် ဟာထာဝရ တည်မြဲမှ ဖြစ်လို့ကောင်းကင် ရွှေပြည် ရောက်အောင် ကယ်တင်ခြင်း သမ္မာတရား သင်ပေးဖုိ့ သားသမီး တွေ အပေါ် မိဘတိုင်း အကြီးမားဆုံးသော တာ ဝန်ရှိပါသည်။ 
 
၃။ သူရဲလက်၌ ရှိသော မြှားကဲ့သို ဖြစ်ကြ၏ 

အသက် ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့သည် သူရဲလက်၌ ရှိသော မြှား ကဲ့သို့ဖြစ်ကြ၏။ ၅ မိမိမြှားတောင့်ကို သူတို့နှင့် ပြည့်စေသောသူသည် မင်္လာ ရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်း မရှိ။ ရန် သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။ (ဆာ ၁၂ရး၄-၅) မြှားဟာပြစ်မှတ်မှန်အောင် ပစ်ဖုိ့လိုသလို သားသမီး တွေ ကိုလည်း ပစ်မှတ်ထိအောင် မိဘတွေကပစ်တတ်ဖုိ့လိုပါသည်။ မြှားဟာပစ်မှတ်ကို ထိအောင် ပစ်နိင်ဖုိ့လိုပါသည်။ မြှားဟာကြိုက်သလိုပစ်မည်ဆိုလျှင် ပစ်မှတ်ကို ဘယ်တော့မှမှန်အောင် ထိနိင်မှာ မဟုတ်ဘူး။ တချို့မိဘတွေကကိုယ့်ရဲ့သားသမီး တွေကို ပစ်မှတ်မထားဘဲ ကြိုက်သလိုအသက်ရှင်ခိုင်းကြတယ်။ ဆုံးမသွန် သင်ပဲ့ပင်တာလည်း မရှိကြဘူး။ နောက်ဆုံးတော့မြှားတောင့်ဟာကိုယ့်ဆီပြန် လှည့်လာပြီး ကိုယ့်ကို ပြန်ထိမှန်လာတဲ့အခါမျက်ရည်ကျစေသောသူ၊ အရှက်ခွဲ စေသောသူ၊ စိတ်ဆင်းရဲ စေသောသူ၊ စိတ်နာစေသောသူ၊ ဝေဒနာ ခံစား စေသောသူတွေ ဖြစ်လာကြတယ်။ မိဘတွေရဲ့ပစ်မှတ်က သားသမီး တွေစာတော် ရင်တက္ကသိုလ် (လောကအရာတွေ) မှာပစ်ပြီး ဘာမှသုံးစားလို့မရတဲ့သူတွေကျ တော့ကျမ်းစာ ကျောင်း၊ အမှုတော် မြတ်၌ ပါဝင်ဖုိ့ရန်ပစ်တတ်ကြပါသည်။ မိဘ တွေရဲ့ပစ်မှတ်ကလောကအရာတွေပေါ်မှာ ပစ်မှတ်မထားဘဲ ဝိညာဉ် အရာပေါ် မှာပစ်မှတ်ထားတတ်ဖုိ့ အလွန်ပင် အရေးကြီး ပါသည်။ သားသမီး တွေ အပေါ် မိဘတွေရဲ့ပစ်မှတ်က ကယ်တင်ခြင်း နှုတ်ကပတ်တော်၊ ထာဝရ ခံတဲ့အရာ ဖြစ်ရ ပါမည်။ 
 
၄။ သူတို့၏ နှုတ်ထဲမှချီးမွမ်းခြင်းကို ထာဝရဘုရား ပြင်ဆင် ပေးတယ်

နို့စို့သူငယ်တို့၏ နှုတ်ထဲမှအစွမ်းသတ္တိကို စီရင်တော်မူ၏၊၊ (ဆာ ၈:၂) ကို်ယ်တော် ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက် ကြ၍၊ ဤ သူတို့သည် အဘယ်သို့ ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည် ဟူသော စကားကို သင်တို့သည် တရံတခါမျှမဘတ်ဘူးသလောဟု မိန့်တော်မူ၏။ (မ ၂၁:၁၅-၁၆) ကလေးသူငယ်တွေရဲ့ သဘော သဘာဝ ကထာဝရဘုရားကို ချီးမွမ်းချင် တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင် ထားလို့ ဖြစ်ပါသည်။ ဒါကြောင့်မိဘတိုင်း ကိုယ့်ရဲ့ သားသမီး တွေထာဝရဘုရားကို ချီးမွမ်းတတ်လာအောင် သင်ပေးဖုိ့ အလွန်ပင် ရေးကြီး ပါသည်။ ကလေးသူငယ်တွေကချီးမွမ်းခြင်းအားဖြင့် ဘုရား ဘုန်းတော် ထင်ရှားစေလိုသောသူတွေ ဖြစ်ကြပါသည်။ သူတို့ အသက်တာအားဖြင့် ဘုရား ဘုန်းထင်ရှား နိင်ဖုိ့မိဘတိုင်း ကိုယ့် သားသမီး တွေကို သင်ပေးကြပါစို့။ 
 
၅။ ဘုရားသခင်က ကလေးသူငယ်တွေမထီမဲ့မြင် ပြုတာမကြိုက်ဘူး

သင်တို့သည် ဤသူငယ်တစုံတယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။ (မ ၁၈:၁၀)။ လူကြီး တွေကကလေးသူငယ်တွေကို ဘာမှ မသိသေးဘူးဆိုပြီး မထီမဲ့ မြင်ပြုတတ်တဲ့အတွက် ခရစ်တော်က မထီမဲ့မြင် မပြုမိဖုိ့ရန် သတိပေးထားခြင်း ဖြစ်ပါသည်။ တပည့်တော် တွေကကလေးသူငယ်သူ့ဆီမလာနိင်အောင် ဆီးတားကြတဲ့ အခါ၊ ထိုသူငယ်တို့ကို ငါ့ထံသို့ လာပါလေစေ။ မဆီးတားကြနှင့်။ (မာ ၁၀ ; ၁၄)မှာ ခရစ်တော် ကဆိုထားပါသည်။ ခရစ်တော် ကသူငယ်တွေကို အလေးထားအရေးကြီး ခိုင်းသလို ​ကျွန်တော်တို့လည်း အလေးထားအရေးကြီး ခိုင်းကြရအောင်။ ကလေးသူငယ်တွေကို မထီမဲ့မြင် မပြုဖုိ့နှင့် လှစ်လှူိမရှုမိဖုိ့သတိထားကြပါစို့။ 
 
၆။ ကလေးသူငယ်တွေပျက်စီးရန် ဘုရားသခင် အလိုတော်မရှိ


 ထိုနည်းတူ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဤသူ ငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှါ အလိုတော် မရှိ။ (မ ၁၈:၁၄)။ ငါ့ကို ယုံ ကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသော ပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။ (မ ၁၈:၆)။ မိဘတိုင်း ကကိုယ့် သားသမီး ပျက်စီးမှာကို မလိုလားကြဘူး။ ဒါပေမယ့်နှုတ်ကပတ်တော်နှင့် ဆုံးမသွန်သင်ဘို့ ပျင်းရိနေတတ်ကြပါသည်။ သင့်ရဲ့ သားသမီး တွေကို တကယ် ချစ်ရင်ပျက်စီးခြင်းသို့ မရောက်အောင် အမြဲတမ်းဆုံးမသွန်သင်ပါ။ ကလေးသူငယ်တွေပျက်စီးခြင်းသို့ ရောက်ဖုိ့ရန် ဘုရားသခင် အလိုတော် မရှိသလို ပျက်စီးခြင်းသို့ မရောက်အောင် မိဘတွေကလမ်းမှန်သို့ ရောက်အောင် ပို့ဆောင်ရမည် ဖြစ်သည်။ မှားယွင်းစရာ အကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ လာရှိကြ၏။ မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာ အကြောင်းကို ဖြစ်စေသောသူသည် အမင်္လာရှိ၏။ (မ ၁၈:ရ) လောကမှာ မှားယွင်းခြင်း မြောက် များစွာ ရှိသည့်အနက် ယုံကြည်မှု မှားယွင်းခြင်း ဟာအ ကြီးမား ဆုံးမှားယွင်းခြင်း ဖြစ်ပါသည်။ သားသမီး တွေယုံကြည်ခြင်းမှ လမ်းလွှဲပြီး ပျက်စီးခြင်းသို့ မရောက်အောင် မိဘတိုင်း ကိုယ့် သားသမီး တွေသင်ပေးကြ ဖုိ့လိုပါသည်။ 
 
ရ။ ဘုရားသခင်၏ နိင်ငံတော်သည် ကလေးသူငယ်တို့၏ နိင်ငံ ဖြစ်တယ်

ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့ စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည် ဖြစ်၍၊ တပည့်တော်တို့သည် ဆောင်ခဲ့သော သူတို့ကို အပြစ်တင်ကြ၏။ ယေရှုသည် မြင်တော်မူလျှင် အမျက်တော် ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့ လာပါ လေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သော သူတို့၏ နိုင်ငံ ဖြစ်၏။ (မာ ၁၀:၁၃-၁၄)။ ဘုရားသခင်၏ နိင်ငံတော် ဟာကလေးသူငယ်တို့၏ နိင်ငံ ဖြစ်သည့်အတိုင်း ကောင်းကင် ရွှေပြည် ရောက်နိင်ဖုိ့ရန် ကယ်တင်ခြင်း သင်ပေးဖုိ့လိုပါသည်။ ကလေးသူငယ်တွေကောင်းကင်ဘုံသို့ ပို့ဆောင်နိင် မည့် နည်းလမ်းကတော့သမ္မာကျမ်းစာ ( ကယ်တင်ခြင်း) ပဲ ဖြစ်ပါသည်။ ခရစ်တော် ပြောခဲ့သည့်အတိုင်း သူငယ်တွေကို သူတို့၏ နိင်ငံကောင်းကင်ဘုံသို့ ပို့ဆောင်ဖုိ့ ရန်အကြီးမားဆုံး တာဝန် မိဘတိုင်း မှာရှိပါသည်။ 
 
ဂ။ ဘုရားသခင်က ကလေးသူငယ်တွေကို အသုံးပြုချင် တယ်

ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အ​ကျွန်ုပ်သည် မဟော မပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားကလည်း၊ အ​ကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်ရှိရာသို့ သင့်ကို ငါ စေလွှတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင်ဆင့်ဆိုရမည်။ (ယေရမိ ၁:၆ -ရ)။ ယေရမိကိုလည်း ဘုရားသခင်က ဘာမှမဟောတတ် သေးတဲ့အရွယ်ကစပြီး ဘုရားသခင်က အသုံးပြုခဲ့တယ်။ ဘာမှမတတ်သေးဘူး၊ ဘာမှမလုပ်ဆောင်နိင်သေးဘူးလို့သင်ဆိုတဲ့့ သားသမီး တွေကို ဘုရားသခင်က သုံး ပြုချင် တယ်။ ရှာမွေလဟာလည်း ငယ်ရွယ်စဉ်ကပင် ဘုရား အမှုတော် မြတ်၌ ပါဝင်ပြီး ဘုရားရဲ့ အသုံးတော် ခံဖြစ်ခဲ့တယ်။ ကလေးတယောက် ရဲ့မုန့်ငါးလုံးနှင့် ငါး နှစ်ကောင်အားဖြင့် ခရစ်တော် ကလူငါးထောင်ကို ကျွေးတယ်။ ဘုရားသခင်က ကလေးသူငယ်တွေကို သူ့ဘုန်းထင်ရှားစေဖုိ့အတွက် အသုံးပြုချင် တယ်။ သင့် ရဲ့ သားသမီး တွေဘုရား အသုံးပြုနိင်အောင် သူတို့၏ ဤသက်တာကို ငယ်ရွယ်စဉ် ကပင်အမြဲတမ်းဆက်ကပ်အပ်နှံပေးပါ။ 
 

 
ဆုတောင်းခြင်း၏ အကျို

ယုံကြည်သူများသည် အစဉ်မပြတ် ဆုတောင်းဘို့ ရှင်ပေါလုက ဤသို့ ရေး ထားသည်၊ မခြားမလပ် ဆုတောင်း ပဌနာ ပြုကြလော့။ အရာရာ၌ ကျေးဇူးကို ချီး မွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။ (၁ သက် ၅:၁ရ- ၁၈) ရှင်ပေါလုရေး သကဲ့သို့ မခြားမလပ် ဆုတောင်း နိင်ပါသလား။ ဇာတိလူ၊ ဤလောကကို အလွန် တပ်မက်သောသူအတွက် ဖြစ်လျှင် လုံးဝ မဖြစ်နိင်ချေ။ သို့သော် ဝိညာဉ်လူ၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ချင်သောသူများအတွက် ဖြစ်လျှင် ဖြစ်နိင်သည်။ 
 
ဟန္နသားရ

 ၉ ရှိလောမြို့၌ စားသောက်ကြသော နောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော် ၁၀ တိုင်နားမှာထိုင်စဉ်၊ ဟန္နသည် ညိုးငယ်သော စိတ်နှင့် ထ၍ မျက်ရည် များစွာ ကျလျက် ထာဝရဘုရားကို ၁၁ ဆုတောင်းသည်ကား၊ အိုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော် ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သား ယောကျ်ားကို ပေးသနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျဉ်းမပြု။ တ သက်လုံး ထာဝရဘုရား၏ ကျွန် ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာ ဂတိပြု လေ၏။ ၁၂ ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏ နှုတ်ကို ကြည့်မှတ်လေ၏။ ၁၃ စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကား သံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊ ၁၄ သင်သည် အဘယ်မျှကာလ ပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ ဟုဆို၏။ ၁၅ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညိုးငယ်သော မိန်းမ ဖြစ်၏။ စပျစ်ရည်ကို မသောက်ပါ။ သေရည်သေရက် ကိမသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ ၁၆ ကိုယ်တော်၏ ကျွန်မကို အဓမ္မမိန်းမဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာ အကြောင်း၊ ဝမ်းနည်းစရာ အကြောင်း များသည် ဖြစ်၍၊ ယခုတိုင်အောင် လျှောက် နေပါသည်ဟု ပြန်ပြောသော်၊ ဧလိကငြိမ်ဝပ်စွာ သွားလော့။ ၁၇ ယခု ဆုတောင်းသည် အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ပေးသနားတော်မူပါစေသောဟု မြွက်ဆို၏။ ၁၈ ဟန္နကလည်း၊ ကိုယ်တော်၏ ကျွန်မသည် ရှေ့တော်၌ မျက်နှာရ ပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသော မျက်နှာနှင့် သွား၍ အစာစားလေ၏။ (၁ရာ ၁:၉-၁၈)။ 

ဟန္နသည် စိတ် အလွန် ထိခိုက်သောကြောင့် အသံမထွက်သော်လည်း စိတ်နှလုံးကို ထာဝရဘုရားရှေ့တော်၌ သွန်းလောင်းလျက် ဆုတောင်း ခဲ့သည်။ တောင်းသည့်အတိုင်းလည်းသားယောက်ျားရှမွေလကို ရရှိခဲ့သည်။ သူကတိပေးသည့်အတိုင်းလည်း နို့ကွာသောအခါ ထာဝရဘုရား၏ အိမ်တော်၌ အမှုဆောင်ဘို့ရန် အပ်နှံခဲ့သည်။ ​ကျွန်ပ်တို့လည်း ဟန္နကဲ့သို့ ထာဝရဘုရား ထံတော်၌ စိတ်နှလုံး သွန်းလောင်းပါက တောင်းသော ဆုများကို မရနိင်စရာ အကြောင်း မရှိ။ ထာဝရဘုရားသခင် အလွန် ပေးချင်သော်လည်း ​ကျွန်ပ်တို့ ကမတောင်းသောကြောင့် မရရှိ တတ်ခြင်း ဖြစ်သည်။ 
 
ရှမွေလ ဆုတောင်း၍ မိုဃ်းရွာ

၁၄ သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကားတော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ အမြဲ လိုက်ကြလိမ့်မည်။ ၁၅ သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကို ဆန်လျှင်၊ ထာဝရဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတား သကဲ့သို့ သင်တို့ကို ဆီးတားတော်မူ လိမ့်မည်။ ၁၆ ယခုမှာသင်တို့ မျက် မှောက်၌ ထာဝရဘုရား ပြုတော်မူ လတံ့သောအမှု ကြီးကို ငြိမ်ဝပ်စွာ နေ၍ ကြည့် ရှုကြလော့။ ၁၇ ယနေ့ ဂျံုစပါးရိတ်ရာကာလ ဖြစ်သည် မဟုတ်လော၊ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသော အပြစ်သည်ကြီး ကြောင်းကို ရိပ်မိသိမြင်ရကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊ ၁၈ ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန် ကြောက်ရွံကြ၏။ (၁ရာ ၁၂:၁၄-၁၈)။ 

 ရှမွေလ ဆုတောင်းသောအခါ မိုဃ်းရာသီ မဟုတ်သော်လည်း မိုဃ်း ချုန်းခြင်းနှင့်တကွ မိုဃ်းရွာချခဲ့သည်။ အမှန်မှာ မိုဃ်းရွာစေသောသူသည် ဘုရားသခင် ဖြစ်သည်။ ဆုတောင်းခြင်းသည် ဘုရားသခင်ကို လှုပ်ရှားစေခြင်း ဖြစ်သည်။ ထို့ကြောင့် ​ကျွန်ပ်တို့လည်း ဘုရားသခင်ကို လှုပ်ရှားစေကြစို့။ 
 
ပေတရု လွတ်မြောက်

၁ ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲခြင်းငှါ စီရင်၍၊ ၂ ယောဟန်၏ အစ်ကို ဖြစ်သော ယာကုပ်ကို ထားနှင့် ကွပ်မျက်လေ၏။ ၃ ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်းရှိသည်ကို မြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန် ထပ်၍၊ ၄ ပေတရုကိုလည်း ဘမ်းဆီးပြီးမှပသခါပွဲလွန်လျှင် လူများတို့ အားထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲတကျိန်​ခြောက်ယောက်တို့၌ အပ်၍ ထောင်ထဲမှာလှောင်ထားလေ၏။ ၅ ပေတရုသည် ထောင် ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင် သူတို့သည် သူ့အဘို့ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်း ပဌနာ ပြုကြ၏။ ၆ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အ ချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့ အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့် နေကြ၏။ ၇ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင် အမြန် ထလော့ ဟုဆိုလျက် ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ​ကျွတ်လေ၏။ ၈ ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ​ခြေနင်းကိုလည်း စီးလော့ ဟုဆိုလျှင်၊ ဆိုသည် အတိုင်း ပေတရု ပြု၏။ ဝတ်လုံကို +ခုံ၍ ငါ့နောက်သို့ လိုက်လော့ ဟုဆိုပြန်၏။ ၉ ပေတရုသည် ထွက်၍ လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သော အမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟု ထင်လေ၏။ ၁၀ လူစောင့်နှစ်တန်ကို လွန် သွား၍ မြို့ထဲသို့ ဝင်သော သံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည် ထွက်၍ လမ်းတကြောင်း၌ ရှောက် သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှခွာ၍ သွားလေ၏။ (တ ၁၂:၁-၁၀) 

ပေတရုထောင်ကျစဉ်တွင် သင်းဝင် သူတို့သည် ကြောက်ရွံလျက် ကြိုးစား၍ ဆုတောင်းသည် ဟုဆိုသည်။ ထိုကြောင့် ဘုရားသခင်ကကောင်း ကင်တ မန်ကို စေလွှတ်၍ အစောင့် များစွာ အလယ်မှပေတရုကို ကယ်လွှတ်ခဲ့သည်။ ​ကျွန်ပ်တို့လည်း ကြိုးစား၍ ဆုတောင်းပါက ဘုရားသခင်၏ လက်တော်သည် လှုပ် ရှား၍ ကြီးမားသောအမှုများကို တွေ့မြင်နိင်မည် ဖြစ်သည်။ 
 
 
ဘုရားသခင်ကို ပုန်ကန်ခြင်း 
ပုန်ကန်ခြင်း အမျိုးမျိုးရှိသည့်အရာ၌ ဘုရားသခင်ကို ပုန် ကန်ခြင်းသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ခေါင်းဆောင် မှား၍ ဘုရား၏ အလိုတော်အတိုင်း မကျင့်သောကြောင့် လက်အောက်ငယ်သားများကပုန်ကန်ခြင်းရှိသကဲ့သို့ ခေါင်းဆောင် မှန်သော်လည်း ငယ်သားများကပုန်ကန်ခြင်းလည်းရှိသည်။ 

 ၁ လေဝိအမျိုး၊ ကောဟတ်သား ဣဇဟာ၏သား ကောရသည်၊ ရုဗင် အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊ ၂ ပရိသတ်၌ ကျော်ဇော၍ ဂုဏ်အသရေရှိသာသူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလ အမျိုးသား နှစ်ရာငါးဆယ်နှင့်တကွ မောရှေကို ပုန်ကန်၍၊ ၃ မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျှက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိ သတ်ရှိသမျှ အပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်း ဟုဆိုလေ၏။ (တော ၁၆:၁-၃) 

 ဤနေရာ၌ ကောရ၊ ဒါသန်၊ အဘိရံ၊ ဩနတို့က ဦးဆောင်၍ ဣသ ရေလအမျိုး၌ ခေါင်းဆောင် လုပ်သော လူ၂၅၀တို့သည် မောရှေနှင့် အာရုန်တို့ ညီအစ်ကို ကိုတော် လှန်ပုန်ကန် ကြသည်။ သူတို့ အကြောင်း ပြသော အချက်မှာ မောရှေနှင့် အာရုန်တို့သည် အမှုတော်ကို စောင့်လွန်းသည်၊ ပရိသတ်အပေါ်မှာ ကိုယ်ကိုကိုယ် ချီးမြှောက်သည်ဟု စွပ်စွဲ ကြသည်။ အမှန်မှာ မောရှေနှင့် အာရုန်သည် သူတို့ကို သူတို့ ချီးမြောက်သည် မဟုတ်။ ခေါင်းဆောင် ဖြစ်ဘို့ ငြင်းဆိုသော်လည်း ဘုရားသခင်က ခေါင်းဆောင် လုပ်ခိုင်းခြင်း ဖြစ်သည် (ထွက် ၄:၁၀-၁၃)။ ထို့ကြောင့် မောရှေကို ခေါင်းဆောင် အဖြစ်ငြင်းပယ်ခြင်းသည် ဘုရားသခင်ကို ငြင်း ပယ်ခြင်း၊ ပုန်ကန်ခြင်း ဖြစ်သည်။ ဤတော် လှန်ပုန်ကန်ခြင်း၌ ဣသရေလ တမျိုးလုံး ပါဝင်သောကြောင့် သူတို့ ပုန်ကန်မှုသည် မှန်သည်ဟု ယူဆနိင်သည်။ မောရှေနှင့် အာရုန်သည် ညီအစ်ကို နှစ်ယောက်သာရှိသည်။ အလွန်အား ငယ်စရာ ကောင်းသည်။ တော် လှန်ပုန်ကန်သောသူများက သူတို့သည် ထာဝရဘုရား၏ ပရိ သတ်ဟု သူတို့ကို သူတို့ ဆိုသည်။ သို့သော် အဆုံးအဖြတ်ပေးမည့် သူသည် ထာဝရဘုရား ဖြစ်သည်။ ထာဝရဘုရားကမည်ကဲ့သို့ မြင်သနည်း။ 

၄ ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။ ၅ တဖန် မောရှေကား၊ အဘယ်သူသည် ထာဝရဘုရား၏ လူဖြစ်သည်ကို၎င်း၊ အဘယ်သူ သန့်ရှင်းသည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်းကပ်စေတော်မူမည်။ ၆ အိုကောရနှင့် ကောရ၏ အပေါင်းအသင်းရှိသမျှတို့၊ သင်တို့ ပြုရမည်အမှု ဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊ ၇ နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့်လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရားရွေး ကောက်တော်မူသောသူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ (တော ၁၆:၄ -ရ) 

မောရှေသည် စွပ်စွဲသော စကားကို ကြားလျှင် ပြပ်ဝပ်လျက် နေ၏ ဟုဆိုသည်။ ပြပ်ဝပ်ခြင်းသည် ကိုယ်တိုင် ပြသနာကို မ​ဖြေရှင်း၊ ဘုရားသခင်ကို ​ဖြေ ရှင်းခိုင်းခြင်း ဖြစ်သည်။ ထို့နောက်ဆုံးဖြတ်ချက်သည် ဘုရားသခင်က သာလျှင် ပြုလုပ်မည် ဟုဆိုသည်။ ထိုသို့ဖြစ်ဘို့ရန် မီးနှင့်လောဗန်ကို တင်ခိုင်းသည်။ 

၇ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည် ဟုဆိုလေ၏။ ၈ တဖန် မောရှေက၊ အိုလေဝိသားတို့၊ နားထောင် ကြပါလော့။ ၉ သင်တို့သည် ထာဝရဘုရား၏ တဲတော် အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့ မှာရပ်လျက်၊ သူတို့ အမှု ကိုလည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့် ဣ သရေလအမျိုး၏ ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလ အမျိုးသား ပရိသတ်နှင့် ခွဲထား၍၊ ၁၀ သင့်ကို၎င်း၊ သင့်ညီ အစ်ကို လေဝိသား အပေါင်းတို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေး ဇူးတော်ကို မထီမဲ့မြင် ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာကြသည် တကား။ ၁၁ ထိုကြောင့် သင်နှင့် သင်၏ အပေါင်းအသင်းရှိသမျှတို့သည် ထာဝရဘုရား တ ဘက်၌ စုဝေးကြပြီတကား။ (တော ၁၆:၈-၁၁) 

မောရှေနှင့် အာရုန်ကိုယ်တိုင်သည် လေဝိအမျိုး ဖြစ်သည်။ လေဝိအ မျိုးသည် ယဇ်ပုရောဟိတ်များကို ကူညီသော အမျိုး ဖြစ်သည်။ ထို့ကြောင့် မောရှေက သူတို့ကို အပြစ်တင်သည်ကား သူတို့သည် ဘုရားသခင်၏ အနီးအပါးသို့ ခေါ်၍ အမှုဆောင်ခွင့်ပေးသော်လည်း ထိုအရာနှင့် မကျေနပ်ဘဲ ယဇ်ပုရောဟိတ် အ ရာကို ရှာသည် ဟုဆိုသည်။ ယနေ့ များစွာသောသူများလည်း ဘုရားသခင်၏ ခေါ်တော်မူခြင်း မဟုတ်ဘဲ အကွက်မြင်သောကြောင့်သော်၎င်း၊ အခြားအလုပ်ကို မလုပ်ချင် သောကြောင့်သော်၎င်း၊ အကျိုးစီးပွါး ဖြစ်နိင်သည် ဟူ၍ သော်၎င်းအမှု ဆောင်ချင်သောသူများရှိကြသည်။ ရိုးသားစွာ ဘုရားနှင့် ဝိညာဉ်များကို ချစ်၍ အမှုဆောင်လျှင် အလွန် ကောင်းသည်။ သို့သော် အမြတ်ကြည့်၍ လုပ်လိုလျှင် အမင်္လာ ဖြစ်သည်။ ဘုရားရွေးထားသော လူများကို ပုန်ကန်ဆန့်ကျင်သူ ဖြစ်လျှင် ဘုရား ထံတော် မှတရားစီရင်ခြင်း ခံမှာ စိုးရိမ်စရာ ရှိသည်။ 

၁၃ သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ် မပြေသေးသည် တကား။ ၁၄ ထိုမှတပါးနို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏ မျက်စိကို ဖောက်ချင် သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန််ဆို၏။ (တော ၁၆:၁၃-၁၄)။ 

မောရှေကဒါသန်နှင့် အဘိရံတို့ကို ခေါ်သောအခါ သူတို့ အထက်ကကဲ့သို့ စွပ်စွဲအပြစ် တင် ကြသည်။ သူတို့က မောရှေကို အပြစ်တင်ရာတွင် သူတို့ကို တော၌ သတ်လိုသည်။ နို့နှင့် ပျားရည်စီးသော ပြည် မှဆောင်ခဲ့သည်ဟုသည်။ ဘုရားသခင်ကနို့နှင့် ပျားရည်စီးသော ပြည်သည် ခါနန်ပြည်ဟု ခေါ်သော်လည်း သူတို့က သူတို့ နှုတ်ဆောင်ခဲ့သော အဲဂုတ္တု ပြည်ကို နို့နှင့် ပျားရည်စီးသော ပြည် ဟုဆိုသည်။ ခါနန်ပြည်သို့ သွားခြင်းကို နို့နှင့် ပျားရည်စီးသော ပြည်ဟု မခံယူကြချေ။ သူတို့၏ အပြစ်ကြောင့် တော၌ လည် နေသောကြောင့် လယ်ယာနှင့် စပျစ်ဥယျာဉ်များ ပေး၍ မရသော်လည်း မောရှေနှင့် အာရုန်တို့ကို အပြစ်တင်ကာ သူတို့၏ မျက်စိ ဖောက်ချင်သည်ဟု စွပ်စွဲ ကြသည်။ 

ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးဝ၌ ပရိသတ် အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်း တော်သည် ပရိသတ် အပေါင်းတို့၌ ထင်ရှားလေ၏။ ၂၀-၂၁ ထာဝရဘုရားက လည်း၊ ဤ ပရိသတ်တို့နှင့် ခွါ၍ တခြားစီနေလော့။ ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊ (တော ၁၆:၁၉-၂၁) 

လူလူချင်း ပြသနာ ရှိလျှင် အဆုံးအဖြတ်ပေးမည့် သူသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် သူတို့ကို တရားစီရင်တော့မည်။ ထာဝရဘုရားကိုယ်တိုင်က ဤ ပရိသတ်တို့နှင့် ခွါ၍ တခြားစီနေလော့။ ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊ ဟု ရေးထားသည်။ ကောရနှင့် အဖွဲ့သည် လူအုပ်စုများသော်လည်း ဘုရားသခင်က သူတို့ ဖက်မှာမ နေ၊ ချက်ချင်း ဖျက်ဆီးဘို့ ရည်ရွယ်သည်။ ထို့ကြောင့် လူအုပ်စုများရုံဖြင့် စိတ်မ ချရပါ။ ဘုရားသခင်၏ အလိုတော် ဘက်၌ နေမနေသည် သာလျှင် အရေးကြီးသည်။ ဘုရားသခင်သည် လူ့မျက်နှာနှင့် လူ၏ အလိုဆန္ဒကို ကြည့်သည် မဟုတ်။ ထိုသို့ ဘုရားသခင်က စီရင်သောအခါ ​ကျွန်ပ်တို့ ဖြစ်လျှင် အားရကျေနပ်မည် ဖြစ်သည်။ သို့သော် မောရှေကမည်ကဲ့့သို့ တုံ့ပြန်သနည်း။ သူတို့ ကပြပ်ဝပ်လျက်၊ အို ဘုရားသခင်၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက် ဝိညာဉ်များကို အစိုးရတော်မူသော ဘုရားသခင်၊ လူတယောက် ပြစ်မှားသော အပြစ်ကြောင့် ပရိသတ် အပေါင်းတို့ကို အမျက်ထွက်တော်မူ မည်လောဟု လျှောက်ဆိုလေ၏။ (တော ၁၆:၂၂) မောရှေသည် ဘုရားသခင်က ဖျက်ဆီးချင်သောသူ၏ ရန်သူများ ပင်လျှင် သနားသည်။ သူတို့ အသက် ချမ်းသာ ပေးဘို့ အတွက် တောင်းပန်ပေးနိင်သည်။ ထိုကဲ့သို့သော စိတ်မျိုး​ကျွန်ပ်တို့၌ ရှိနိင်သလော။ 

ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊ ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ ၂၅ မောရှေထ၍ ဣသရေလ အမျိုးအသက်ကြီးသူ တို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊ ၂၆ ဤလူဆိုးတို့၏ နေရာတဲများကို ရှောင်၍ နေကြပါလော့။ သူတို့၏ ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့် အတူ၊ သူတို့ အပြစ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့် ဆိုလျှင်၊ ၂၇ လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲပတ်ဝန်းကျင်၌ မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့် ဒါသန်၊ အဘိရံသည်သား မယားအကလေးများနှင့်တကွ ထွက်၍ မိမိတို့ တဲတံခါးဝ၌ ရပ်နေကြ၏။ ၂၈ မောရှေကလည်း၊ ဤမှု အလုံး စုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်းဟူမူကား၊ ၂၉ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤ လူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မမူ။ ၃၀ သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်းတော်မူ သဖြင့်၊ မြေကြီး ကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့နှင့် ဆိုင်သမျှကို၎င်းမျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည် သိနားလည် ရကြလိမ့်မည်ဟု၊ ၃၁ ပြောဆို ပြီးသည် အဆုံး၌၊ သူတို့ နင်းရာမြေကြီးသည် ကွဲ၍၊ ၃၂ မိမိခံတွင်းကို ဖွင့်သဖြင့် သူတို့နှင့် သူတို့ အိမ်များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်းမျိုလေ၏။ ၃၃ ထို သူတို့သည် ကိုယ်တိုင်မှ စ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကို ခံရ ကြ၏။ ၃၄ သူတို့ အော်ဟစ်သံကို ပတ်ဝန်းကျင်၌ ရှိသော ဣသရေလ အမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေး ကြ၏။ ၃၅ နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရား ထံတော် ကမီးထွက်၍ လောင်လေ၏။ (တော ၁၆:၂၄-၃၅) 

ကောရနှင့် အဖွဲ့သည် ထာဝရဘုရား စီရင်သဖြင့် မြေမျို၍ ပယ်ရှင်းခြင်း ခံရသည်။ ယဇ်ပုရောဟိတ် လုပ်လိုသူနှစ်ရာငါးဆယ်တို့လည်း ထာဝရဘုရား ထံတော် မှမီးထွက်၍ လောင်​ကျွမ်းခြင်းဖြင့် သေဆုံး ကြသည်။ ထို့ကြောင့် ထာဝရဘုရားနှင့် သူ၏ လူများကိုတော် လှန်ခြင်းသည် အသက် ပါပါသွားနိင်သဖြင့် အလွန် ကြောက်စရာ ကောင်းသည်။ ထို့ကြောင့် ကိုယ်မကျေနပ်သောအရာ ရှိလျှင်လည်း ဘုရားသခင်ထံ ဆုတောင်း သင့်သည်။ ဇာတိ သဘောဖြင့် စိတ်လိုက်မာန်ပါ ပြုလုပ်ပါက မှားယွင်းသွားနိင်သည်။ 
 

ဘုရားသခင်ကို မယုံကြည်ခြင်း 

ထာဝရဘုရားသခင်သည် ဘုရား စစ်ဘုရား မှန်၊ တဆူတည်းသော ဘုရား ဖြစ်သည်။ သူသည် ဖန်ဆင်းရှင် ဖြစ်၍ အရာခပ်သိမ်းကို တတ် စွမ်းနိင်သည်။ လူသားများကို အလွန် ချစ်၍ ပျက်စီးခြင်းသို့ မရောက်စေလိုပါ။ ကျမ်းစာက၊ ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တ ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ (ယော ၃:၁၆) ဟုဆိုထားသည်။ လူများ ကယ်တင်ခြင်းသို့ ရောက် ဘို့ရန် အတွက် ထိုကဲ့သို့ သားတော်ကို စွန့်သော်လည်း သူ့ကို မယုံကြည် ကြ။ ခရစ်ယာန် များလည်း သူ့ကို ယုံကြည်သည် ဟုဆိုသော်လည်း မယုံကြည် ကြချေ။ ဘုရားကို မယုံကြည်ခြင်းကို အဘယ်သို့ သိနိင်သနည်း။ စိတ်နှလုံးပူပင်သော ကရောက်ခြင်း၊ စိတ်မြန်စိတ်လောခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ စိုိးရိမ်ခြင်း၊ ဆုမတောင်းခြင်း၊ ကျမ်းစာ မဖတ်ခြင်းများအားဖြင့် သိနိင်သည်။ ထာဝရဘုရားကို မယုံကြည်ခြင်းသည် အကြောင်း အမျိုးမျိုးရှိသည်။ ထိုအရာများ ထဲမှအချို့ကို ဖေါ်ပြပါမည်။ 
 
မသိခြင်း 

ကျမ်းစာက၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည် လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။ (ရော ၁၀:၁ရ) ဟုဆိုထားသည်။ ထိုကြောင့် မကြားလျှင် မယုံကြည် နိင်ချေ။ သာသနာပလူများ၏ မယုံကြည်ခြင်းသည် မကြားခြင်းကြောင့် ဖြစ်သည်။ ထိုသို့ မသိသောသူများကို သိရန်ပြောပြဘို့ လိုသည်။ 
 
အမြင် မတူခြင်း 

များစွာသော အမည်ခံ ခရစ်ယာန် များသည် ထာဝရဘုရားနှင့် သူ၏ လုပ်ဆောင်ချက်များကို အမြဲကြား နေကြသော်လည်း မယုံကြည် ကြချေ။ အဘယ်ကြောင့် မယုံကြည် ကြဟု ပြောနိင်သနည်းဟူမူကား သူတို့ကို ဘုရားက ကယ်တင် သော်လည်း စိတ်မဝင်စား၊ ဂရုလည်း မစိုက်ကြ။ ဘုရားကို ကွယ်ကြသော်လည်း အချည်းနှီး ဖြစ်သည်။ သခင်ယေရှုက၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ (မ ၁၅:ရ- ၉) ဟုဆိုခဲ့သည်။ နာမည်ခံ ခရစ်ယာန် များသည် ဘုရားကို ကိုးကွယ် ကြသော်လည်း စိတ်နှလုံးမပါချေ။ ဘုရား၏ အလိုတော်ထက် မိမိတို့ အလိုဆန္ဒပြည့်ဘို့ သာလျှင် လုပ်ဆောင် ကြသည်။ ဘုရား စကား နားထောင် ဘို့ထက် ပညာရှိများ၊ သင်းအုပ်ဆရာများ စကား နားထောင် ကြသည်။ ကောင်းကင်နိင်ငံရောက်ဘို့လည်း စိတ်မဝင်စား၊ ငရဲမီးအိုင် ကိုလည်း မကြောက်၊ ဤလောကကိုသာလျှင် စွဲ လန်း ကြသည်။ ခရစ်တော် ကြွလာ၍ ယုံကြည်သူများချီဆောင်မည့် အရာကိုလည်း ပျက်ရယ်ပြု ကြသည်။ 

သို့ဖြစ်လျှင် အဘယ်ကြောင့်ဘုရားကိုးကွယ်ကြသေးသနည်း။ မေးစရာ ကောင်းသော မေးခွန်း ဖြစ်သည်။ ထိုသူများ ဘုရားကိုးကွယ်ခြင်းသည် ကောင်းကင် ရောက်ဘို့ အတွက် မဟုတ်။ ငရဲမီးအိုင် မှလွတ်ဘို့လည်း မဟုတ်။ ဘုရား အလိုတော် ဆောင်ဘို့လည်း မဟုတ်။ ဘုရားနှင့် ပတ်သက်၍ စိတ်မဝင်စား။ သူတို့၏ ဘုရားကိုးကွယ်ခြင်းသည် လူမှုရေးအတွက် ဖြစ်သည်။ သာရေးနာရေး၌ ကူ ညီမစမည့်သူကို လိုအပ်၍ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က ကောင်းကင်နိင်ငံ၌ အခန်းများ ပြင်ပေးနေသည် ဟူသောအရာထက် သေလျှင် အသင်းတော် ကကောင်း ကောင်းတာဝန် ယူမည်။ ကုန်ကျသမျှကို အသင်းတော်က တာဝန် ယူ၍ သင်္ချိုင်း၌ ကောင်းစွာ မြှပ်နှံမည်ဟူသောအရာသည် သူတို့အတွက် အလွန် တန်ဘိုး ထားသည်။ ဤလောက၌ အလုပ်အကိုင်ရရှိဘို့ ကူညီခြင်း၊ ပြသနာ ရှိသောအခါ ဘာသာ ပြန်ပေးခြင်းတို့သည် သမ္မာတရားထက် အရေးကြီးသည်။ 
 
မရင်းနှီးခြင်း 

ကယ်တင်ခြင်းသို့ ရောက်သော ခရစ်ယာန် များသည် မိမိတို့၏ ကယ်တင်ခြင်း အတွက် ဘုရားသခင်ကို စိတ်ချယုံကြည် ကြသည်။ သို့သော် အသက်တာ၌ ဘုရား အလိုဆန္ဒအတိုင်း အသက်မရှင်ကြချေ။ ဘုရား အားကိုး ခြင်းထက် လူကို အားကိုး ကြသည်။ ဘုရား အားကိုးဘို့ သိသော်လည်း ဆုမတောင်း၊ ကျမ်းစာ မဖတ်၊ လောကသားများကဲ့သို့ ကြံစည် ကြသည်။ ဘုရားသခင် တတ်နိင်သည် ဟုဆိုသော်လည်း အား မကိုး ကြချေ။ အကြောင်းမှာ ဘုရားသခင်နှင့် မရင်းနှီး သောကြောင့် ဖြစ်သည်။ ကိုယ်နှင့် မရင်းနှီးသောသူဌေးကြီးကိုအား မကိုးရဲချေ။ သူဌေး ကြီး၏ အစွမ်းအစကို ယုံကြည်သော်လည်း သူနှင့် မရင်းနှီး သောကြောင့် သူ၏ ချမ်း သာခြင်းကို အသုံးမပြုရဲချေ။ ထိုနည်းတူ ကယ်တင်ခြင်းသို့ ရောက်သော ခရစ်ယာန် များစွာတို့သည် ဘုရားသခင်၏ အစွမ်းအစကို ယုံကြည်သော်လည်း သူတို့ကို ကူညီမည်ဟု မယုံကြည် သောကြောင့် လူကိုသာ အားကိုး ကြသည်။ 

သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရားသခင်နှင့် ရင်းနှီးအောင် လုပ်မည်နည်း။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်း၊ ယုံကြည်သူထံ၊ မယုံကြည်သူများထံ သက်သေခံခြင်း၊ ဘုရား လုပ်ခိုင်းသော အရာများကိုသာ ပြုလုပ်ခြင်းများဖြင့် ရင်းနှီးအောင် ပြုလုပ် နိင်သည်။ ထိုသို့ ဘုရားသခင်နှင့် ရင်းနှီးစွာ နေလျှင် ဘုရားသခင်ကို အားကိုးရဲမည်။ ဘုရား အလိုတော်ကို ဆောင်ခြင်းအားဖြင့် ဘုရားနှင့် ပို၍ ရင်းနှီး နိင်သည်။ 
 

ပြည်တွင်း သာသနာ ပြု

 ယခုအခါ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြည် ပ သာသနာ ( မြန်မာပြည်)သာမက၊ ပြည်တွင်း သာသနာ (အမေရိကန်ပြည် ထောင်စု) ကိုလည်း စတင်လာနိင်ပြီ ဖြစ်သည်။ အသက်ရှင်သော အသင်းတော်၊ ယုံကြည်သူများသည် အခြားသောသူများ၏ ဝိညာဉ် ကယ်တင်ခြင်း ကိုလည်း ဂရုစိုက်ရမည် ဖြစ်သည်။ ယခုအခါ New Jersey ပြည်နယ် Trenton မြို့၌ သာသနာ ပြုအဖြစ် James Hmung Hmung သည် အလုပ်လုပ်လျက် နေပြီ ဖြစ်သည်။ ထိုမြို့၌ ကယားနှင့် ကရင်လူမျိုးအယောက် ၁၀၀ ခန့်ရှိသည်။ သူတို့၏ ရုံးကိစ္စလိုအပ်ချက်များကိုလည်း ကူညီရင်းဖြင့် ကျမ်းစာများကိုလည်း သင်ပေးနေသည်။ သူ့အတွက် ဘုရားသခင်က အသုံးပြုဘို့ ဆုတောင်း ပေးကြပါစို့။ လူငယ်လူရွယ်များသာသနာ ပြု နိင်ဘို့ ဆုတောင်း ပေးကြပါစို့။ 

ဖေဖဝါရီလ ၉ ရက်နေ့၌ ဆရာမောဇက်တို့ လင်မယား၊ ဆရာနော်ဂျာ၊ ဆရာအောင် မိုင်၊ ဦးဂေျာ့စ် ကော်လျံမှုန်း၊ကို ဗန်ထန်း၊ကို နော်မိုင်တို့သည် မေရိလင်းမှ  Trenton မြို့သို့ သွားကာ သာသနာ ပြုကို James ကို အားပေးခြင်း ပြုလုပ် ခဲ့ကြပါသည်။ ထိုနေ့၌ လူငယ်အယောက် ၁၅ယောက်ခံ့နှင့် တွေ့ ဆုံကာလ ာရောက်သောသူတိုင်းက အားပေး စကား ပြောကြားသွားခဲ့ကြပါသည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG