GOODNEWS
  HOME  GOODNEWS  2013 JAN
 


အမှာစာ

နှစ်သစ်ကူးတိုင်း ကူးတိုင်း လူအချို့တို့သည် ဆုံးဖြတ်ချက် အသစ်ချ တတ်ကြသည်။ ယခုနှစ်နှစ်သစ်၌ မိတ်ဆွေ ဘယ်အရာလုပ်ဘို့ ဆုံးဖြတ်ပြီး ပြီ လည်း။ ကာလ အချိန်ကို သိ၍ ဘုရား အလိုတော် ဆောင်ဘို့ရန် ဆုံးဖြတ်ချက် ချခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ယခင်ကဲ့သို့ နှစ်ပေါင်း များစွာ နေမည်ဟု စီမံကိန်းကြီးများမချမှတ်သင့်တော့ချေ။ သတင်းကောင်း နှစ်ခြင်း အသင်းသားများအနေဖြင့် ချီဆောင်ခြင်း မတိုင်မှီ အထိ တရက်တွင် တစ်နာရီ ဆု တောင်းဘို့ ဆုံးဖြတ်ကြ သူများ အနေဖြင့် ကောင်းသော ဆုံးဖြတ်ချက် ဖြစ်သည်။ 

ယုံကြည်သူများအနေဖြင့် အိမ်ဆောက်ခြင်းထက် အိမ်ငှါး ခြင်း၊ ဆောက်ပြီးသော အိမ်ဝယ်ခြင်း ပို၍ သင့်တော်သည်။ လက်ရှိအလုပ်အကိုင်မှလည်း အထုတ်မခံရလေအောင် ကောင်းစွာ လုပ်သင့်သည်။ ပြသနာ မရှိရန်လည်း အနေအထိ ုင်ဆင်ခြင်သင့်သည်။ မလိုအပ်သော အရာများအတွက် ငွေကုန်ကျေးကျမခံသင့်ချေ။ လမ်းများ၌ တပ်ဆင်ထားသော ကင်မရာများလည်း သတိထား၍ ဓါတ်ပုံအရိုက်မခံရလေအောင် ကားများကို စည်းကမ်းနှင့် အညီမောင်းသင့်သည်။ ဘိလ်များကိုလည်း နောက်ကျကျေးပေးစရာ မလိုအောင် ကြိုတင် ပေးသင့်သည်။ 

ယုံကြည်သူများအချင်းချင်းလက်တွဲလျက် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ သက်သေခံခြင်း၊ ဝေငှခြင်းများပြုလုပ် သင့်သည်။ လူအချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။ (ဟေ ၁၀:၂၅) 

ဤစာစောင်၌...

  • နှစ်သစ် 
  • ယေရမိ အနာဂတ္တိကျမ်း ၈ အနက်ဖွင့်ခြင်း  
  • ဆုတောင်းခြင်း  
  • ဆုတောင်း ကြလော့ 
  • ဘုရားသခင်ကို မည်ကဲ့သို့ သိမြင်ကြသနည်း 
  • ကျေးဇူးတော် ချီးမွမ်းခြင်း  
  • ဝတ်ပြုခြင်း 
     
     
     
    နှစ်သစ်
     

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်သစ်သို့ ရောက်ကြပြီ။ များစွာသောသူများသည် နှစ်ဟောင်း၌ အသက် ကုန်ဆုံးသွားခဲ့ကြပြီ။ တကမ္ဘာ လုံးရှိ လူသား အများစုက နှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆို ကြသည်။ ယုံ ကြည် သူများ ချီဆောင်ခြင်းသို့ တနှစ်နီးသွားပြန်ပြီ။ ဤလောက ဒုက္ခ ဆင်းရဲ မျိုး စုံမှ လွတ်မြောက်ဘို့ရန် ပို၍ နီးလာပြီ။ အမေရိကန်ပြည် အနေဖြင့် ၂၀၁၃ ခုနှစ် အတွင်း ကြီးမားသော ပြောင်းလဲမှုများရှိနိုင်သည်။ အကြောင်းမှာ ဥဘ​ော​ေ ခမေနကြောင့် လူတိုင်း ကျန်းမာရေးအာမခံအတွက် အခွန်ပို၍ ကောက်မည်။ အထူးသဖြင့် ဝင်ငွေများသောသူများ ကောက်မည်။ လုပ်ငန်းရှင်များလည်း အလုပ်သမားများအတွက် အခွန်ပိုကောက်မည် ဖြစ်သောကြောင့် အလုပ်ရုံ စက်ရုံပိတ်သောသူများလည်းရှိကြမည်။ အလုပ်သမားများလည်း အခွင့်အ ရေးများ မပေးနိုင်၊ မပေးချင် သောကြောင့်အချိန် ပြည့်အလုပ်မခန့်တော့ဘဲ အချိန်ပိုင်းအဖြစ်သာ ခန့်ဘို့ အ​ခြေနေများ နေသည်။ 

ရာသီဥတုဖေါက်ပြန်မှုကြောင့် ကုန်စျေးနှုန်းလည်း တရိပ်ရိပ်တက်နေသည်။ လေပြင်းမုန်တိုင်း၊ လေဘွေတိုက်ခြင်းကြောင့် အိုးအိမ်နှင့် အသက် များစွာလည်း ဆုံးရှုံးနေရသည်။ မိုးခေါင်ခြင်း၊ မိုးများ လွန်းခြင်း၊ အေးလွန်း ပူလွန်းခြင်းကြောင့် ပြသနာ များသည်။ နေရာတကာ၌ မီးတောင်ပေါက်ခြင်း၊ မြေ ငလျှင်လှုပ်ခြင်း များလည်း ဂရုမစိုက်နိင်လောက်အောင်များလှပြီ။ တော မီးလောင်ခြင်းမှ စ၍ သဘာဝ ဘေးရန်များများလှပြီ။ 

အာရပ်စပရိမ်း (ဗမဘေ ှစမငညါ)ဟု ခေါ်သော အစိုးရကို ဆန္ဒပြ၍ ဖြုတ်သော နိင်ငံများ အကြောင်းကို အာရပ်နိင်ငံများ၌သာ ဖြစ်နိုင်သည် မဟုတ်။ အမေရိကန်ပြည်နှင့် ဥရောပအပါအဝင်တကမ္ဘာလုံး၌ ဖြစ်ပွားနိုင်သည်။ ထိုဆန္ဒ ပြခြင်းသည် နိင်ငံရေးမှစသည် မဟုတ်။ တူနီးရှားနိင်ငံသား စျေးသည် တယောက်လမ်းဘေး၌ စျေးရောင်းခြင်းကို တားမြစ်ရာ သူ့ကိုယ်သူ မီးရှို့လိုက်ခြင်းဖြင့် နိင်ငံသားများစိတ်နာ၍ ကျယ်ပြန့်သွားကာနောက်ဆုံး၌ သမ္မတနိင်ငံ ခြားသို့ ထွက်ပြေးသွားသည် အထိ ဖြစ်ရသည်။ နိင်ငံသားများအလုပ်အကိုင်မရှိ၊ လုပ်စရာ မရှိ၊ ကုန်စျေးနှုန်းတက်ခြင်းကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်သည်။ တူနီးရှားနိင်ငံမှအီဂျစ်ပြည်သို့ ကူးဆက်၍ သမ္မတမူဘာရက် ရာထူးမှဆင်းရသည်။ လစ်ဗျား၌ နိင်ငံခေါင်းဆောင် ကဒါဖီးသည် သေသွားသည် အထိ နိင်ငံ သားများကတိုက်ခိုက် ကာအစိုးရပြောင်းလဲသွားသည်။ ယေမင်နိင်ငံ၌လည်း ဆန္ဒပြမှုကြောင့် သမ္မတ ရာထူးမှဆင်းခဲ့ရသည်။ ဆီးရီးယားနိင်ငံလည်း ဆန္ဒပြ ရာမှပြည်တွင်း စစ် ဖြစ်၍ ယခုအခါ မတ်လ၌ နှစ်နှစ်ရှိတော့မည်။ လူပေါင်း​ခြောက်သောင်းကျော်သေဆုံးကြပြီ။ ယခုထိအနိင်အရှုံးမရှိသေးချေ။ နိင်ငံသည် အလွန် ပျက်ဆီး နေပြီ။ 

ထိုအရာများသည် နိင်ငံရေး၊ ဘာသာရေးများရောနှောနေသော်လည်း အဓိကမှာစားဝတ်နေရေး ခက်ခဲမှုကြောင့် ဖြစ်သည်။ ယခုအခါ ဥရောပနှင့် အမေရိကန်ပြည်၌လည်း စီးပွားရေးကျဆင်းမှုကြောင့် အလုပ်လက်မဲ့ပို၍ ပို၍ များလာမည်။ ကုန်စျေးနှုန်းလည်း နေ့တိုင်း တက်နေသည်။ ထိုကြောင့် လုယက် မှုများ၊ ဓါးပြတိုက်မှုများ၊ ပို၍ များလာမည်။ ဆန္ဒပြမှု များလည်းများလာမည်။ မတရားမှု များလည်း ပို၍ ပို၍ များလာမည်။ မုန်းတီးမှု၊ ခွဲခြားမှုများပို၍ တွေ့ရမည်။ ကမ္ဘာကြီး၏ ရှေ့ရေးသည် အလားအလာမကောင်းချေ။ ကျမ်းစာက ဖေါ်ပြသည် အတိုင်း ဒုက္ခ ဆင်းရဲခြင်း၏ အစပိုင်း ဖြစ်နေပြီ။ ထိုအချိန်တွင် ယုံကြည်သူများ ဘာလုပ်ရမည်နည်း။ 

ခရစ်တော်က ကြိုတင် ပြောထားသည့်အတိုင်း စစ်တိုက်ခြင်းနှင့် စစ်တိုက်မည့် အကြောင်း များလည်း တချိန်လုံးကြားနေရသည်။ အစ္စရေးနှင့် အိမ်နီးချင်း နိင်ငံများလည်း တိုက်ခိုက် ဘို့ရန် တချိန်လုံးခြိမ်း​ခြောက် နေကြသည်။ သမိုင်း၌ မကြုံဘူးလောက်အောင် တိုင်း နိင်ငံတိုင်းသည် စစ်လက်နက်အသစ်အဆန်းများ အဆက် မပြတ် အပြိုင်ထုတ်လုပ် နေကြသည်။ အထူးသဖြင့် အမေရိကန်ပြည် ထောင် စုသည် စစ်လက်နက်အများ ဆုံးထုတ်လုပ်နေသည်။ ထိုအရာများသည် အချည်းနှှီီး မဟုတ်၊ တနေ့ပေါက်ကွဲမည် ဖြစ်သည်။ ယခင်ကကိုယ်နှင့် မဆိုင်ဟု ထင် ရသော အရာများသည် ကိုယ့်ကို ထိလာသည်။ အမေရိကန်ပြည် ရောက် မြန်မာ နိင်ငံသားများ၌လည်း စစ်ပွဲ၌ သေသောသူများရှိကြပြီ။ 

ဝိညာဉ်ရေးရာ၌လည်း နောက်ဆုံးသော ကာလ၏ လက္ခဏာ ဖြစ်သော မှား ယွင်းသော ဆရာ များစွာ ပေါ်ပေါက်လာကြီပြီ။ ထိုဆရာများ နောက်ကို ဘု မသိ ဘ မသိလိုက်သောသူများလည်း အလွန်များလာပြီ။ ယခင် သမ္မာတရား ဟောပြောသော ဆရာကြီး များလည်း မှားယွင်းသော ဩဝါဒများ ဟောပြောလာ ကြသည်။ အသင်းတော်များ၌ ဝိညာဉ်ပိုင်းဖေါက်ပြန်မှုများများ လွန်းပြီ။ မိတ်ဆွေ မည်ကဲ့သို့ နေရမည်နည်း။ ယခုအချိန်တွင် ဘုရားသခင် အလိုတော်အတိုင်း နေထိုင်ဘို့ရန် ပို၍ ပို၍ ခက်လာပြီ။ ဧဝံဂေလိ တရားဟောရာတံခါးများလည်း ပို၍ ပို၍ ပိတ်လာသည်။ ဤလောက၌ အောင်မြင်ဘို့၊ အဆင်ပြေဘို့၊ ပြသနာ ပြေ လည်ဘို့ သာဟောပြောသော တရားဟောဆရာများကြောင့် လူများ ကယ် တင်ခြင်း အကြောင်း စိတ်မဝင်စားဘဲ ထိုဆရာများ နောက်သို့ လိုက်၍ ဘုရားသခင်ကို စစ်မှန်စွာကိုးကွယ်သည်ဟု ထင်ရသော ကာလ ရောက်ပြီ။ ဤအရာ များသည် နောက်ဆုံးသော ကာလ၏ လက္ခဏာသက်သေများ ဖြစ်သည်။ အသေးစိတ် ဖေါ်ပြပါက အလွန် ​ခြောက်ခြားစရာ ဖြစ်သည်။ 

ထို့ကြောင့် ယုံကြည်သူများအနေဖြင့် ဤလောကကို မစွဲလန်းတော့ဘဲ ချီဆောင်ခြင်း နေ့ရက်ကို မြော်လင့်ဘို့ ဖြစ်သည်။ ယုံကြည်ခြင်း လမ်းမှမလွှဲဘို့ရန် သမ္မာတရားများကို ပို၍ လေ့လာရမည်။ ဘုရား ခိုင်းသောအရာ ဆုတောင်းခြင်းနှင့် စောင့်နေဘို့ လိုသည်။ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများကို အမြန်ဆုံး ကယ်တင်ခြင်း အကြောင်း ဝေငှ သက်သေခံသင့်သည်။ ကိုယ်ကိုယ်ကိုအား မကိုးဘဲ ဘုရားသခင်ကို အားကိုးလျက် ဝိညာဉ်တော်နှင့် ပြည့်၍ ဘုရား အတွက် အသက်ရှင်သင့်သည်။ ခရစ်တော်၏ စကားအားဖြင့် အကြံပေး လိုပါသည်၊၊ သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သူခိုးလာမည်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွ လာလိမ့်မည်။ (မ ၂၄:၄၂-၄၄) 
 
 
ယေရမိအနာဂတ္တိကျမ်း အခန်း ၈ အနက်ဖွင့်ခြင်း 
 

ပရောဖက် ယေရမိသည် မအောင်မြင်သော ပရောဖက် ဖြစ်သည်။ ဘုရားသခင်က အသုံးမပြုသောကြောင့် မဟုတ်ဘဲ သူ့ခေတ်လူများ ကဘုရား စကားကို လုံးဝ နားမထောင်သောကြောင့် ဖြစ်သည်။ ယခုခေတ်သည် ပရော ဖက်ယေရမိလက်ထက်နှင့် အလွန် တူညီသည်။ ထို့ကြောင့် ဤကျမ်းပိုဒ်များအားဖြင့် သင်ခန်းစာယူ၍ ပြောင်းလဲကြစို့။ 
 
၈း၁-၂။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ အခါ ယုဒရှင်ဘုရင်၏ အရိုး၊ မှူးမတ်တို့၏ အရိုး၊ ယဇ်ပုရောဟိတ်တို့၏ အရိုး၊ ပရောဖက်တို့၏ အရိုး၊ ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်းတွင်း များအထဲကထုတ်ပစ်၍၊ ၂ ထို သူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေ ရာ၊ ကိုးကွယ်ရာ ဖြစ်သော နေ၊ လ၊ ကောင်းကင် တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ဖြစ်ရကြလိမ့်မည်။ 

ဘုရားသခင်က ယုဒရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပရောဟိတ်၊ ပရောဖက်နှင့် ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်းတွင်း များအထဲကထုတ်ပစ်၍ နေ၊ လ၊ ကြယ်တို့ ရှေ့မှာ လှန်ထားကြလိမ့်မည် ဟုဆိုသည်။ အကြောင်းမှာ သူတို့သည် ထိုကောင်းကင် တန်ဆာများကို ကိုးကွယ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အလွန် စိတ် ဆိုးသောကြောင့် သေပြီးသော အရိုးများ ပင်လျှင် မြေကြီး ထဲ၌ မြုပ်ခွင့်မပေးဘဲ မြေကြီးပေါ်မှ ာ မစင်ကဲ့သို့ စွန့်ပစ်ခြင်း ခံရမည် ဟုဆိုသည်။ သူတို့သည် ဖန်ဆင်းရှင်၊ ကောင်းကြီး ပေးသော အရှင်၊ ကာကွယ်သော အရှင်ကို မကိုးကွယ်ဘဲ၊ ဖန်ဆင်းထားသော အရာများ ဖြစ်သော နေ၊ လ၊ ကြယ်များကို ကိုးကွယ်ခြင်းသည် အလွန် အ ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ အပေါ်၌ အလွန် အမျက်ထွက်သည်။ သေပြီး ကြသော်လည်း သူတို့ အရိုးများကို ပြန်ထုတ်၍ လှန်ထားခြင်းဖြင့် မည်မျှ ဘုရားသခင် အမျက်ထွက်ကြောင်းကို ဖေါ် ပြသည်။ 

ယနေ့ လူအများစု၊ အထူးသဖြင့် ခရစ်ယာန် အမည်ခံနှင့် ဇာတိ ခရစ်ယာန် များလည်း ဘုရားသခင်ထက် အခြားအရာတည်း ဟူသော၊ ငွေ၊ အိမ်၊ ကား၊ အီလက်ထောနစ်ပစ္စည်းများ၊ အပျော်အပါး၊ ချစ်သူ၊ သား မယား၊များကို ဦးစား ပေးကြသည်။ ထိုအရာများကို ဘုရားသခင်ထက် ချစ်ကြတန်ဘိုး ထား ကြသည်။ ထိုကြောင့် ထိုသူများတို့ အပေါ်၌ ဘုရားသခင် မည်မျှအမျက်ထွက် မည်ကို မှန်းဆနိင်သည်။ 
 
၃။ ငါနှင့် လိုက်ရာအရပ်ရပ်၌ ကင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 

ဘုရားသခင်က ကျန်ကြွင်းစေသော ယုဒလူများတို့သည် ကျေးဇူးတော်ကြောင့် အသက်ရှင်ရသော်လည်း အသက်ရှင်ခြင်းထက် သေခြင်းကို ရွေးချယ်ကြလိမ့်မည် ဟုဆိုသည်။ အဘယ်ကြောင့်အသက်ကို မရွေးဘဲ သေခြင်းကို ရွေးကြသနည်းဟူမူကား၊ ဘုရားသခင်၏ အလုုိတော် အတိုင်း အသက်မရှင်သောကြောင့် အသက်တာ၌ ငြိမ်သက်မှု မရှိ၊ ပြသနာ မျိုးစုံနှင့် ရင် ဆိုင်သောကြောင့် အသက်ရှင်ခြင်းထက် သေမှကောင်းမည်ဟု ယူဆကြသည်၊ သူတို့ နည်းတူ၊ ယခုခေတ် လူများလည်း ဘုရားသခင်၏ အလိုတော်ကို မလိုက်၊ကိုယ် အလိုဆန္ဒအတိုင်း သာအ သက်ရှင် သောကြောင့် အဆင် မပြေသောအခါ သေကြောင်း ကြံတတ်ကြသည်။ ယခုစားဝတ်နေရေးပို၍ ပို၍ ခက်ခဲ လာသောအခါ သေကြောင်း ကြံသောသူများများလာလိမ့်မည်။ 
 
၄-၆။ တဖန် သင်သည် သူတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တဖန် မထရသလော့။ လွှဲသွားသောသူသည် နောက်တဖန် ပြန်၍ မလာရသလော။ ၅ ဤလူမျိုး တည်းဟူသော ယေရုရှလင် မြို့သားတို့သည် ထာဝရ ဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့်ဖောက် ပြန်ကြသနည်း။ မုသာကို စွဲလမ်းကြ၏။ ငါတို့သည် ပြန်၍ မလာဟု ခိုင်မာစွာ ဆိုကြ၏။ ၆ ငါစေ့စေ့ နားထောင်သောအခါ၊ သူတို့သည် ​ဖြောင့်မတ်စွာ မပြောကြ။ ငါသည် အဘယ်သို့ ပြုမိသနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ် သူမျှနောင်တ မရ။ စစ်တိုက်ခြင်းငှါ မြင်းပြေး သကဲ့သို့၊ ထိုသူ အပေါင်းတို့သည် လမ်းလွှဲ၍ တဟုန်တည်း ပြေးတတ်ကြ၏။ 

ခလေး လဲလျှင် လူကြီးများကမထူမခြင်း ငို၍ လဲရာမှမထချင် ကြချေ။ သို့သော် လူကြီး လဲလျှင် သူတပါးမြင်မှာကို စိုးရိမ် သောကြောင့် အမြန်ဆုံး ထတတ်သည်။ ဘုရားသခင်ကလည်း ယုဒလူများသည် လဲသွားသောအခါ ထလိမ့်မည်ဟု ထင်မှတ်သော်လည်း မထ။ လမ်းလွှဲသွားသောအခါ၌လည်း ပြန်၍ မလာ။ ယေရုရှလင်မြို့သား များသည် ထာဝရ ဖေါက်ပြန်ခြင်းအားဖြင့် ဖေါက်ပြန်သည်ကို ဘုရားသခင် အံ့ဩ နေသည်။ 

ယနေ့ လူများလည်း ဒုက္ခ ရောက်သောအခါ သခ်န်းစာရလိမ့်မည်၊ ဘုရားထံသို့ ပြန်လှည့်လာလိမ့်မည်ဟု ထင်ရသောလည်း ဘုရား ထံတော်ပါးမှပို၍ ဝေးဝေးပြေးတတ်ကြသည်။ လိမ္မာလိမ့်မည်ဟု မြော်လင့်ချိန်တွင် ပို၍ ပို၍ ဆိုး လာတတ်ကြသည်။ ဒုက္ခ ရောက်ရခြင်းသည် သူတပါးကြောင့်ဟု အပြစ် ဖုိ့ တတ်ကြသည် မဟုတ်လော။ ယုဒလူများ ကမုသာကို စွဲလမ်း သကဲ့သို့ ယနေ့ လူများလည်း ဖြစ်သည်။ ဘုရားသခင်ထံသို့ လာဘို့ရန်လည်း လုံးဝ အလိုမရှိ။ ​ဖြောင့်မတ်စွာ မပြော၊ ကိုယ့်အပြစ်ကိုလည်း မမြင်၊ နောင်တရခြင်းလည်း မရှိ။ စစ်တိုက်မည့် မြင်းကဲ့သို့ ထာဝရဘုရား ထံတော် မှတဟုတ်တည်း ပြေးတတ်ကြသည်။ ထိုသို့သောသူများ အထဲ၌ မိတ်ဆွေ မပါဝင်ဘို့ အရေးကြီးသည်။ 
 
၇။ မိုဃ်းကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ် တတ်၏။ ငါ၏ လူမူကား၊ ထာဝရဘုရား စီရင်တော်မူခြင်းကို နားမလည် တတ်။ 

ဘုရား ဖန်ဆင်းသော ပညာမဲ့ငှက်များ ပင်လျှင် ဘုရားသခင်၏ သတ် မှတ်ထားသောအချိန်များကို သိကြသည်။ သူတို့ ပြန်လာမည့် အချိန်၌ ပြန်လာ တတ်ကြသည်။ သို့သော် ယုဒလူများသည် ထာဝရဘုရား စီရင်တော်မူခြင်းကို နားမလည် တတ်ကြဟု ဘုရားသခင်က ညီးညုိသည်။ ယနေ့ လူများလည်း ဘုရားသခင်၏ အချိန််ကို မသိသောကြောင့် ခရစ်တော် ကြွလာမည့် အချိန််ကိုလည်း ဂရုမစိုက်၊ မကြုိဆိုကြချေ။ မိမိိတို့ ကြိုက်နှစ်သက်သော အရာများကိုသာ လုပ် နေကြသည်။ အလွန် ဝမ်းနည်းစရာ ပင်။ ထိုသို့ ဘုရားသခင်၏ အချိန််ကို နားမလည်းသော်လည်း ထာဝရ ဘုရာဘုရားသည် သူ့အချိန်နှင့်သူ အလုပ်လုပ်မည် ဖြစ်သည်။ လူများသည် ကောင်းကင်သို့ ပြန်မည့် အရာကို နားမလည် ကြ။ စာတန် အုပ်စိုးသော ဤလောက၊ ဒုက္ခများမြောင်လှသော ဤလောကကို အလွန်စွဲလန်းသောကြောင့် နောက်ဆုံး၌ မလိုအပ်ဘဲ ငရဲထဲသို့ ကျဆင်းသွား မည့် အရာသည် အလွန် ဝမ်းနည်းဘွယ်ရာပင် ဖြစ်သည်။ 
 
၈-၁၀။ ငါတို့သည် ပညာရှိ ဖြစ်၏။ ထာဝရဘုရား၏ တရားသည် ငါတို့၌ ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသာ မှင်တံသည် မုသာတရားကို လုပ်လေပြီ။ ၉ ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။ ၁၀ ထိုအကြောင်းကြောင့်၊ သူတို့ မယားများကို သူတပါး၌ ငါအပ်မည်။ သူတို့ လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ််ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူ အပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကို သုံးကြ၏။ 

ယုဒလူများက သူတို့သည် ပညာရှိ ဟုဆို ကြသည်။ သူတို့၏ ဘုရားကို ပင် မသိလျှင် မည်သို့ ပညာရှိ ဖြစ်နိုင် မည်နည်း။ ယနေ့ လူများလည်း လောကပိုင်း၌ လူ့ပညာရှိကောင်းရှိကြသည် မှန်စေတော့၊ ဘုရားသခင်၏ အကြံအစည်၊ ဘုရားသခင်၏ အလိုတော် မသိလျှင် ပညာရှိများ မဖြစ်နိုင်ချေ။ 

ယုဒလူများ ကထာဝရဘုရား၏ တရားသည် ငါတို့၌ ရှိ၏ ဟုဆို ကြသည်။ သို့သော် သူတို့သည် မုသာတရားကိုသာ သုံး ကြသည်။ ယနေ့ အမှုတော်ဆောင်များနှင့် နာမည်ခံ ခရစ်ယာန် များလည်း ဘုရားတရား၌ ရှိသည် ဟုဆိုသော်လည်း တကယ့် ဘုရားသခင်၏ တရားတော်ကို မသိကြ။ သူတို့ လို ချင်သော တရားများကိုသာ သိကြသည်။ ဤလောက၌ အောင်မြင် နိုင်မည့် နည်းများကိုသာ သိချင် ကြသည်။ 

ယုဒလူများသည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြသည်။ နှုတ်ကပတ်တော်ကို ပယ်ခြင်းသည် ထာဝရဘုရား ကိုယ်တော်တိုင်ကို ပယ်ခြင်းနှင့်အတူ တူပင် ဖြစ်သည်။ ထာဝရဘုရားနှင့် သူ၏ နှုတ်ကပတ် တော်သည် ခွဲ၍ မရချေ။ ယနေ့ ခရစ်ယာန် အမည်ခံများလည်း နှုတ်ကပတ်တော်ကို ပယ်ကြသည်။ နှုတ်ကပတ်တော်ကို မဖတ်၊ အလေးမထား၊ နားမ လည်၊ ဂရုမစိုက်မိမိ ကြိုက်သလိုအသက်ရှင်ခြင်းသည် နှုတ်ကပတ်တော်ကို ပယ်ခြင်း ဖြစ်သည်။ 

ယုဒလူများသည် အငယ်ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူတိုင်အောင် မတရားသော စီးပွားကို ရှာကြသည် ဟုဆိုသည်။ ယနေ့လည်း လူတိုင်း တရားသည် မတရားသည်ကို လုံးဝ ဂရုမစိုက်၊ ကိုယ်မြတ်ဘို့ သာလျှင် ရှာကြံကြသည် မဟုတ်လော။ ပရာဖက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြော မည့်သူ၊ လူများ၏ အပြစ်ကို ဖေါ်ပြမည့်သူများဖြစ်သော်လည်း သူတို့ ကိုယ်တိုင် ကမုသာသုံးသည်ဟု ဘုရားသခင်က ဆိုသည်။ ပရောဖက် မုသာသုံး သူများသည် ကျမ်းစာ၌ အများစုတွေ့ရသည်။ ယနေ့လည်း မုသာသုံး၍ လူ့အကြိုက်တရား ဟောသော တရားဟောဆရာမြောက် များစွာ ရှိသည်။ ထိုသူများသည် လူ့အ ကြိုက်ဟောသောကြောင့် နောက်လိုက်သောသူများ၍ လူ့အမြင်၌ အောင်မြင်သောသူများ ဖြစ်ကြသည်။ သို့သော် ဘုရား အမြင်၌ အပြစ် ကြီးသောသူများ၊ အပြစ် စီရင်ခြင်း ခံမည့်သူများဖြစ် ကြသည်။ 

ယဇ်ပုရောဟိတ် များသည် လူများထံဘုရား၏ အလိုတော်ကို သွန်သင်၍ လူများကိုယ်စားဘုရားကိုးကွယ်ပေးမည့်သူများဖြစ် ကြသည်။ သို့သော် သူတို့သည် သမ္မာတရား အစားမုသာသုံး ကြသည်။ မုသာသည် စာတန်နှင့် စပ်ဆိုင်သည်။ ဘုရား အသုံးတော်များမဟုတ်ဘဲ စာတန် ကသုံးခြင်း ခံကြသည်။ ယနေ့ အမှုတော်ဆောင်များ၊ သင်းအုပ်ဆရာများလည်း ဘုရား၏ အသုံးပြုခြင်းထက်စာ တန်စကား နားထောင်၍ လူများကို လမ်းမှားသို့ ဦးဆောင် နေကြကြောင်း အလွန်ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။ ကောင်းကင် အရာကို စွဲလန်းမည့်အစား မြေကြီး အရာကို စွဲလန်းစေ ကြသည်။ 
 
၁၁ ချမ်းသာ မရှိသောအခါ ချမ်းသာ၊ ချမ်းသာ (ဏနခေနယ စနခေန) ဟုပြောဆိုလျက်၊ ငါ၏ လူမျိုးသတို့သမီး အနာကို ပေါ့လျော့စွာ ကုကြ၏။ 

 ဤနေရာ၌ ချမ်းသာဟု မပြန်ဘဲ ငြိမ်သက်ခြင်းဟု အင်္လိပ်ကျမ်းစာများ၌ တွေ့ရသည်။ ယုဒလူ ယေရုရှလင်မြို့သား များသည် မကြာမှီရန်သူလက်၌ လုယက်ဖျက်ဆီးခြင်း ခံရတော့မည် ဖြစ်သည်။ သို့သော် ငြိမ်သက်ခြင်း (သို့) ငြိမ်ချမ်းရေးဟု အော် နေကြသေးသည်။ ယနေ့လည်း ဘေးဒဏ်ကြီး ကာလနှင့် အလွန် နီး၍ တကမ္ဘာလုံး၌ စစ် ဖြစ်ခြင်းနှင့် စစ် ဖြစ်မည့် အရာများအားဖြင့် ပြည့်နေသည်။ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းရေးဟု အော် နေကြသော်လည်း ကမ္ဘာခေါင်းဆောင် များသည် စစ်တိုက်ဘို့ သာလျှင် ပြင်ဆင် နေကြသည်။ ယုဒခေါင်းဆောင် များသည် ငြိမ်သက်မှု မရှိသော်လည်း ယုဒလူများ၏ ပြသနာကို ဂရုမစိုက်ပေါ့ပေါ့ဆဆနေ ကြသည်။ ထို့နည်းတူ ယနေ့ တရားဟောဆရာများ၊ ခေါင်းဆောင် များလည်း လူများ၏ ပြသနာကို ပေါ့လျော့စွာ ​ ဖြေရှင်း ကြသည်။ 
 
၁၂။ သူတို့သည် ရွံရှာဘွယ်အမှုကို ပြုပြီးမှ ရှက်ကြသလော။ အလျှင်း မရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက် နောက်တယောက် လဲကြ လိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၃ သူတို့ကို ငါရှင်းရှင်း ဖျက်ဆီးမည်။ စပျစ်နွယ်ပင်၌ စပျစ်သီး မရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်းသီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရ မည်အကြောင်း၊ လွှမ်းမိုးသော သူတို့ကို ငါ စေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 

ယုဒလူများသည် ရွံရှာဘွယ်အမှုကို ပြု၍ မရှက်ကြသည့်နည်းတူ ယ နေ့လူများလည်း အပြစ်လုပ်သော်လည်း မရှက်တတ်ကြချေ။ ယုဒများကို ဘုရားသခင်က စစ်ကြောနှိမ့်ချကာ သူတို့ကို ရှင်းရှင်းဖျက်ဆီးခဲ့သည်။ ထိုနည်းတူ ယခုအခါ ဘုရားသခင်သည် သူ့ကို မယုံကြည် မကိုးကွယ်သော၊ ကိုးကွယ် ဟန်ဆောင်သော ကမ္ဘာသူကမ္ဘာသားများကို ဘေးဒဏ်ကြီး ကာလ၌ စစ် ကြောစီရင်တော့မည်။ သို့သော် ထိုအရာကို မသိသောကြောင့် မကြောက်ကြ၊ ပြသနာ မရှိကြချေ။ 
 
၁၄-၁၆။ ငါတို့သည် အဘယ်ကြောင့်ထိုင်လျက် နေကြသနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များ အထဲသို့ ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာ နေစေ၍၊ ဆေးခါးနှင့် ရောသော ရေကို တိုက်တော်မူ၏။ ၁၅ ငါတို့သည် ချမ်းသာကို မြော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မြော်လင့်သော်လည်း ဘေးသက်သက် ဖြစ်၏။ ၁၆ သူ့မြင်းနှာခေါင်းရªသံကို ဒန်ပြည် ကကြားရ၏။ သူ့မြင်းရဲဟီသံကို ကြား၍ တပြည် လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့်တကွ ပြည်၌ ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ ကို၎င်း၊ စား၍ မျိုကြ၏။ 

ယုဒလူများသည် ခိုင်ခံ့သော မြို့များ တည်းဟူသော တံတိုင်း ကာရံထားသော မြို့များ၌ ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့ ဟုဆို ကြသည်။ ထာဝရဘုရားကဆေးခါးရောသော ရေကို တိုက်သည် ဟုဆိုသည်။ ဆေးခါးရေသည် ခက်ခဲမှုကို ဆိုလိုသည်။ ငါတို့သည် ချမ်းသာကို မြော်လင့်သော်လည်း ကောင်းသောအရာ မပေါ်လာ ဟုဆို ကြသည်။ သူတို့သည် ထာဝရဘုရားကို စွန့်ပြီး နောက် သတိပေးခြင်း ကိုလည်း ခံသော်လည်း ကောင်းသောအရာကို မြော်လင့်ကြသေးသည်။ ကောင်းသောအရာသည် ထာဝရဘုရား ထံတော် မှသာ လာနိုင်သည်။ ထိုအရှင်ကို စွန့်ပစ်သော်လည်း ကောင်းသောအရာကို မြော်လင့်ရဲကြသေးသည်။ အဘယ် ကဲ့သို့ ရနိင်မည်နည်း။ 

ယနေ့ ​ကျွန်ပ်တို့လည်း ထာဝရဘုရားကို စွန့်လျှင် မည်ကဲ့သို့ ကောင်းသောအရာကို မြော်လင့်နိင်မည်နည်း။ သက်သာချိန်ကို မြော်လင့်သော်လည်း ဘေး သက်သက် ဖြစ်၏။ မြင်းနှာခေါင်းရှုသံကို ဒန်ပြည် ကကြားရ၏။ မြင်းဟီသံကို ကြား၍ တပြည် လုံးတုန်လှုပ်၏ ဟုဆိုသည်။ မြင်းသည် ရန်သူစစ်သားများစီးသောအရာ ဖြစ်သည်။ ဘုရားသခင်က ရန်သူများကို လာရောက်တိုက်စေခြင်း ဖြစ်သည်။ ထိုအခါ ယုဒပြည်သည် အလွန် ကြောက်ရွံ့တုန်လှုပ်သည်။ ယနေ့ လူများလည်း ထာဝရဘုရားကို စွန့်ကြ၊ အကြံပေးခြင်းကို လက်မခံကြသောကြောင့် ဒုက္ခ ဆင်းရဲခြင်း အသံသည် ကြားနေရကြပြီ။ အလုပ်လက်မဲ့ပို၍ ပို၍ များလာပြီ။ ကုန်စျေးနှုန်းများတရိပ်ရိပ်တက်နေပြီ။ စစ် ဖြစ်မည့် အရာသည် နေ့တိုင်း ကြားနေရသည်။ ဘေးဒဏ်ကြီး ကာလ၏ ဒုက္ခ ဆင်းရဲခြင်း အစပြုနေပြီ ဖြစ်သည်။ သို့သော် ခလေး ကဲ့သို့ ဘယ်အရာကိုမျှ ဂရုမစိုက်၊ မိမိ အလိုဆန္ဒကိုသာ အာရုံစိုက်သောသူများသည် ထိုဒုက္ခ ဆင်းရဲခြင်း၏ အသံကိုလည်း မကြားသေးဘဲ ဖြစ်နေမည်။ 
 
၁၇ ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သော ​မြွေ၊ ဆိုးသော ​မြွေများကို သင်တို့ ရှိရာသို့ ငါ စေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 

ဣသရေလ လူများသည် တောလည်ရာတွင် ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင် ပြောဆို ခဲ့သောကြောင့် ဘုရားသခင်က မီးမြွေများကို စေလွှတ်၍ လူအများတို့သည် အကိုက်ခံရသဖြင့် သေခဲ့ ကြသည်။ (တော ၂၁:၄-၆)။ ဤနေရာ၌လည်း မန်းမှုတ်၍ မနိင်သော မြွေတို့ကို လွှတ်မည်ဟု ထာဝရဘုရားကပြောသည်။ 

၁၈-၁၉။ ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့ နည်း။ ငါသည် စိတ်ပျက်လျက် နေရ၏။ ၁၉ ငါ၏ လူမျိုးသတို့သမီး အော်ဟစ်သံကို ဝေးသော ပြည် ကကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ ထဲ၌ ရှိတော်မမူသလော။ 

ပရောဖက် ယေရမိသည် သူ့လူမျိုးများ အသိမ်းခံမည့် အရာကြောင့် အလွန် ဝမ်းနည်းသည်။ သူလူများ၏ အော်ဟစ်သံများကို ကြိုတင်၍ ကြားသိသောအခါ အလွန် စိတ်နာသည်။ ထို့ကြောင့် ဇိအုန်မြို့ တည်းဟူသော ယေရုရှလင် မြို့၌ ထာဝရဘုရား မရှိသလော၊ လူများကို ဦးဆောင်မည့် ရှင်ဘုရင်မရှိသလောဟု ငိုကြွေးမြည်တမ်းခဲ့သည်။ ယခုလည်း လူ များစွာ ဘုရား စကား နားမထောင်ဘဲလောကအရာများကိုသာ စိတ်ဝင်စားသောကြောင့် ဒုက္ခ ရောက်ကြမည့် အရာကို သိနားလည်နေသော ဆရာများ အနေဖြင့် စိတ်မသာညည်းတွားလျက် ငို ကြွေး နေကြသည်။ သို့သော် သူတို့ကို ဘုရားရူးရူးသည်ဟု အထင်လွှဲခံရသည်။ 

၁၉ အဆက်။ တ​ကျွန်းတနိုင်ငံနှင့် ဆိုင်သော အချည်းနှီးအရာ၊ ရုတ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နိုးဆော်ခြင်းငှါ အဘယ်ကြောင့်ပြကြသနည်း။ 
 
၂၀။ အသီးအနှံသိမ်းရာကာလ လွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ ၂၁ ငါ၏ လူမျိုးသတို့သမီးသည် နာသောကြောင့်၊ ငါလည်း နာရ၏။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက် နေရ၏။ ၂၂ ဂိလဒ် ပြည်၌ ဗာလဇံပင်အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက် ပင် ငါ၏ လူမျိုးသတို့သမီးသည် အဘယ်ကြောင့်အနာမှမထမြောက် သနည်း။ 

အသီးအနှံသိမ်းရာကာလ လွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ် တင်ခြင်းသို့ မရောက်ကြ။ ပရောဖက် ယေရမိ၏ မြည်းတမ်းခြင်း ဖြစ်သည်။ သူ့အ နေဖြင့် သူ့လူမျိုးများ အသီးအနှံသိမ်းပြီးလျှင် ကယ်တင်ခြင်းသို့ ရောက်မည်၊ အကြောင်းမူကား ဘုရားသခင်၏ ကောင်းကြီးခံစားသောအခါ ဘုရားသခင်ထံသို့ ချဉ်းကပ်၍ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်သည်။ သို့သော် သူ့လူများသည် မည်မျှပင်ကောင်းကြီး ခံစားသော်လည်း၊ ဘုရားသခင်ထံသို့ မချဉ်းကပ်ကြ သောကြောင့် ကယ်တင်ခြင်းသို့ မရောက်ရကြ။ 

ယနေ့ များစွာသော လူများလည်း ဒုက္ခ ထဲမှကယ်ဘို့ရန် ဘုရားသခင်ထံသို့ အော်ဟစ်၍ ဘုရားသခင်၏ ကောင်းကြီးခံစားသောအခါ ဘုရားသခင်ထံသို့ မလာ၊ လာ ဟန်ဆောင်၍ ကယ်တင်ခြင်းသို့ မရောက်ကြ။ နွေကာလ ကုန်ပြီ ကယ်တင်ခြင်းသို့ မရောက်ကြ။ ပရောဖက် ယေရမိသည် သူ့လူမျိုးများ နွေကာလ ကုန်လျှင် ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်သည်။ သို့သော် ရာသီသာ ကုန်၍ သူတို့၌ ပြောင်းလဲမှု မရှိသောအခါ အလွန် ဝမ်းနည်းခဲ့သည်။ ယခုလည်း နှစ် သစ်ကူးပြီဟု အားရဝမ်းမြောက်စွာ အော်ဟစ်ဝမ်းမြောက် ကြသော်လည်း ကယ် တင်ခြင်းသို့ မရောက်လျှင် ငရဲသွားဘို့ရန် တနှစ်နီးပြန်သည်။ ကောင်းကင် တက် မည့်သူများအတွက် နှစ်သစ်ကူးခြင်းသည် မင်္လာရှိသော်လည်း၊ ငရဲသွားမည့်သူများအတွက် မူအမင်္လာ ဖြစ်သည်။ သို့သော် မသိသောကြောင့် အလွန် အားရစွာ ကြိုဆိုပျော်မြူးနေတတ်ကြသည်။ သူတို့ကို ကြည့်ခြင်းအားဖြင့် သနားခြင်း ဝမ်းနည်းခြင်းမှတပါး ဘာမျှ မတတ်နိုင်ချေ။ 
 

ဆုတောင်းခြင်း 
 ၂၀၁၁ ခုနှစ်ဒီဇဘ်ာလမှစ၍ သတင်းကောင်း နှစ်ခြင်း အသင်းတော် မှ ယုံကြည်သူများသည် ကွင်းဆက် ဆုတောင်းခြင်း (ဃ့​ေငည ဏမပေနမ)ကို စတင် ခဲ့သည်။ ထိုအစီအစဉ်အရ ယုံကြည်သူ တယောက်သည် တရက်တွင်း မိမိအဆင်ပြေရွေးချယ်ထားသော အချိန်၌ နေ့တိုင်း တနာရီ ဆုတောင်းဘို့ ဖြစ်သည်။ လူတိုင်း၏ အဆင်ပြေချိန်သည် မတူညီကြချေ။ ထို့ကြောင့် ဆုတောင်း မည့်သူ ကိုယ်တိုင် ရွေးချယ်ထားသော အချိန်၌ ဆုတောင်းဘို့ ဖြစ်သည်။ ထိုသို့ ဆုတောင်းခြင်းသည် ခရစ်တော် ကြွမလာမှီအထိ လုပ်ဘို့ ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ဆုတောင်း ကြသနည်း။ 
အဘယ်ကြောင့် ဆုတောင်းဘို့ လိုသနည်း။ 

ဆုတောင်းခြင်းသည် အကျိုး များစွာ ရှိသည်။ ထိုမျှသာမက ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ခရစ်တော် ကိုယ်တိုင် ပြုလုပ် လေ့ရှိသောအရာ ဖြစ်သည်။ တမန်တော် ကြီးများမှစ၍ ယုံကြည်ခြင်း၌ အားကြီးသောသူများ၏ လှူိ့ဝှက်သော တန်ခိုး ဖြစ်သည်။ 
 
ဆုတောင်းခြင်း၏ အကျိုး

ကွင်းဆက် ဆုတောင်းခြင်း၌ ပါဝင် သူများသည် ဆုတောင်းသော အရာများ မရမှီမှာမိမိတို့ အသက်တာ၌ အကျိုးရှိကြောင်း သက်သေခံကြပြီ။ အကြောင်းမှာ ဆုတောင်း ဘို့ရန် ဆက်ကပ်ခြင်းသည် လူထံ၌ မဟုတ်၊ ဘုရားသခင် ထံ၌ ဖြစ်သောကြောင့် မပျက်ကွက်လိုကြချေ။ မိမိအချိန် ရောက်လာလျှင် အခြားသော အရာများကို ထားခဲ့၍ ဆုတောင်းခြင်းဖြင့်အချိန် မှန် ဘုရားသခင်နှင့် မိဿဟာယဖွဲ့နိုင်သည်။ တနာရီ အချိန်သည် အမှန်တကယ် ဆုတောင်းသောအခါ အလွယ်တကူကုန်လွန်သွားသည်။ ဆုတောင်းပြီးသောအခါ အလွန် အားရနှစ်သက်လာ ကြသည်။ 

ဆုတောင်း ကြလော့

ခရစ်တော် ကြွလာ၍ ယုံကြည်သူများကို ချီဆောင်မည့် အချိန်သည် အလွန် နီးပြီ ဖြစ်သည်။ ထိုသို့ သခင်ဘုရားကြွ လာသောအခါ အမျိုးမျိုး ပြင်ဆင် မှုများပြုလုပ် ရမည့် အရာများ အနက် ဆုတောင်းခြင်းလည်း ပါဝင်သည်။ ခရစ်တော်က၊ ၂၉ တဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင် မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။ ၃၀ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။ ၃၁ ထိုနည်းတူ ထိုအကြောင်း အရာများ ဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏ နိုင်ငံတော် တည် လုနီးသည်ကို သိမှတ်ကြလော့။ ၃၂ ငါအမှန်ဆိုသည်ကား၊ ယခု ဖြစ်သော လူများမကုန်မှီထိုအကြောင်း အရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ၃၃ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန် ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက် နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ၃၅ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ်တော်မူ မည်အကြောင်း၊ အစဉ် ဆုတောင်းလျက် စောင့် နေကြလော့ဟု မိန့်တော်မူ၏။ (လု ၂၁:၂၉-၃၆) 

ခရစ်တော်က ယုံကြည်သူများသည် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်ခြင်း မဖြစ်စေချင်ပေ။ ထိုသို့ဖြစ်ခြင်းသည် အမှတ်တမဲ့နေသောကြောင့် ဖြစ်သည်။ ထို့ထက် ထိုအမှု အရာအားလုံး မှ လွတ်မြောက်ဘို့ရန် သင်တို့သည် ခွန် အားရှိမည့် အကြောင်း ဆုတောင်း ကြပါ ဟုဆိုသည်။ ထိုအရာကို မြန်မာကျမ်းစာအုပ်၌ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ်တော်မူ မည်အကြောင်း၊ ဟုဆိုသော်လည်း အခြား ကျမ်းစာများ၌ ထို့ထက် ထိုအမှု အရာအားလုံး မှ လွတ်မြောက်ဘို့ရန် သင်တို့သည် ခွန် အားရှိမည့် အကြောင်း ကြအ ုနနစ သည အ့န ​ေူနမအ အေ ​ေူူ အငာနျယ စမပေငညါ အ့အေ ပသက ာပေ့လေန ျအမနညါအ့ အသ နျခစေန ​ေူူ အ့နျန အ့ငညါျ အ့အေ မေန ဘေသကအ အသ အ​ေုန စူခေနယ ​ေညိ အသ ျအ​ေညိ ဘန်သမန အ့န ှသည သ် ​ြ​ေည၏” ဟု ပါရှိသည်။ ထိုကြောင့် ဆုတောင်းခြင်းသည် ခရစ်တော် ကြွ လာသောအခါ ပြင်ဆင် ရမည့် အချက် တခု ဖြစ်သည်။ 

George Mueller ၏ ဆုတောင်း ပြည့်

မိဘမဲ့ ခလေး၃၀၀သည် နံနက်စာစားဘို့ရန် မရှိကြောင်းကို အဆောင် မှူးဆရာမက ွနသမါန ကြနူူနမ ထံပြောပြသည။ ွနသမါန ကြနူူနမက ခလေးများကို ထမင်းစားစားပွဲ၌ ထိုင်မည့် အကြောင်း ပြောလိုက်သည်။ စားစရာ မရှိသော်လည်း အစားအစာအတွက် ကျေးဇူးတော် ချီးမွမ်း၍ စောင့်သည်။ ွနသမါနသည် ဘုရားသခင် အမြဲတမ်း ခလေးများကို ကျွေးမွေးလေ့ရှိသည့်အတိုင်း ကျွေးမွေးမှာကို သိသည်။ မိနစ်အနည်းငယ်အတွင်းမှာ မုန့်ဖုတ်သောသူကတခါးကို ခေါက်လျက် ​ြမ၏ ကြနူူနမ ညတုန်းက ​ကျွန်တော် အိပ်လို့မရဘူး။ ခင်ဗျားတို့ ဒီမနက် စားစရာ ပေါင်မုန့်လိုမယ်ဆိုတာ​ကျွန်တော် သိတယ်။ ​ကျွန်တော် ထပြီး ပေါင်မုန့် သုံးကြိမ်ဖုတ်တယ်၊ ​ကျွန်တော် ယူဆောင်လာပါမယ် ဟုဆိုသည်။ မကြာမှီတံခါး ခေါက်ပြန်သည်။ နွားနို့သည်ထံမှ ဖြစ်သည်။ သူ၏ နွားနို့တင်သော လှည့်မိဘမဲ့ ခလေးများအိမ်ရှေ့မှာ ပျက်သွားသည်။ လှည်းကို ပြင်ပြီးသည် ထိစောင့်ပါက နွား နို့များ ပျက်စီးသွားနိုင်သည်။ ွနသမါနထံအခမဲ့နွားနို့များ သုံးဆောင်နိုင်ကြောင်း ပြောပြသည်။ ွနသမါနသည် ပြုံးလျက် နွားနို့သည် ကနွားနို့ဆယ်ပုံးအကြီးကြီးများကို ယူဆောင်လာသည်။ ထိုနွားနို့များသည် ခလေး၃၀၀ သောက်ဘို့ရာ အတွက် အံကိုက် ဖြစ်နေသည်။ 
 
မရင်းနှီး သောကြောင့် 

အဘယ်ကြောင့် ယုံကြည်သူများဆုမတောင်းနိင်ကြသနည်း။ ဆု တောင်းခြင်းသည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း၊ စကားပြောခြင်း ဖြစ်သည်။ လူတိုင်း ကိုယ်နှင့် ရင်းနှီး သောသူ၊ ချစ်သောသူနှင့် စကားပြောရာတွင် လုံးဝ အခက်အခဲမရှိပေ။ ချစ်သူ၊ ခင်မြင်ရင်းနှီး သူနှင့် စကားပြောလျှင်အချိန် ကုန်မှန်း မသိကုန်သွားတတ်သည်။ ချစ်သူနှင့် စကားပြောလျှင် ပင်ပန်းသည်ဟု လုံးဝ မထင်ဘဲ အလွန် အားရကာအား မလျော့သည်သာမက ပို၍ အား တက်တတ်သည်။ အနာရောဂါများ ပင်လျှင် မေ့ပျောက်ကာ ကျန်းမာရွှင်လန်း တတ်သည်။ ကိုယ်မချစ်မနှစ်သက်သောသူ၊ အထူးသဖြင့် ရန်သူနှင့် စကားပြောလျှင် စိတ်ဆိုးကာ အလွန် ကြာသည်ဟု ထင်တတ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဘုရားသခင်နှင့် စကားပြောသောအခါ ပင်ပန်းကြသနည်း။ အလွန်ထင်ရှားသည်မှာ ဘုရားသခင်နှင့် မရင်းနှီး သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ချစ်သင့်သလောက် မချစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ချစ်ပါက ဘုရားနှင့် မိဿဟာယဖွဲ့ခြင်းသည် အလွန် လွယ်ကူသည်သာမက အလွန်ပျော်မွေ့မည်။ 

ပရောဖက် မအန္န

သူငယ်တော် ယေရှုကို ယေရုရှလင်မြို့ဗိမာန်တော်၌ မိဘများက ဆောင် သွား၍ ယဇ်ပူဇော်သောအခါ အန္နကလည်း ဖူးတွေ့ကြောင်း ဤသို့ ရေးထားသည်၊ အာရှာအမျိုး ဖြစ်သော ဖနွေလ၏ သမီး၊ အန္နအမည်ရှိသော ပရောဖက် မတယောက် ရှိ၏။ သူသည် ပျိုသော အရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့် နေပြီးလျှင်၊ အသက် ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှတိုင်တိုင်မုတ် ဆိုးမ ဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကို ပြု၍ ဗိမာန်တော်နှင့် မခွါဘဲ နေ၏။ ၃၈ သူသည်လည်း ထိုခဏခြင်းတွင် ဝင်၍ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ (လု ၂:၃၆-၃၈) အန္နသည် နှစ်ပေါင်း များစွာ ဗိမာန်တော်၌ နေ၍ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကို ပြုသည် ဟုဆိုသည်။ အဘယ်ကြောင့် ထိုကဲ့သို့ နေနိုင်သနည်း။ ဘုရားသခင်ကို ချစ်၍ ရင်းနှီး သောကြောင့် ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဘုရားသခင်ကို ချစ်လျှင် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းသည် ပင်ပန်းစရာ၊ ငြေးငွေ့စရာ မဟုတ်ဘဲ ဝမ်းမြောက် စရာ၊ အား တက်စရာ ဖြစ်မည် ဖြစ်သည်။ သင်မည်မျှ ဘုရားသခင် ချစ်သည်ကို သိချင်လျှင် သူနှင့်မည် မျှမိဿဟာယဖွဲ့နိင်သည်အပေါ်မှာ သိနိုင်သည်။ 

ဘုရားကို မယုံကြည် သောကြောင့် 

ယုံကြည်သူများဆုမတောင်းခြင်း အကြောင်းရင်းတခုသည် မယုံကြည် သောကြောင့် ဖြစ်သည်။ ယုံကြည်သူ ဟုဆိုသော်လည်း ဝိညာဉ် ကယ်တင်ခြင်း အတွက် သာလျှင် ဘုရားသခင်ကို ယုံကြည်၍ နေစဉ်လိုအပ်ချက်များအတွက် ဘုရားသခင်က ပေးနိင်ကြောင်းကို မယုံကြည် ကြသောကြောင့် ဆုမတောင်းကြခြင်း ဖြစ်သည်။ 

အကျိုး မသိသောကြောင့် 

ယုံကြည်သူများဆုမတောင်းခြင်း အကြောင်းရင်းတခုသည် ဆုတောင်းခြင်း၏ အကျိုး မသိသောကြောင့် ဖြစ်သည်။ ဆုတောင်းခြင်းသည် အရာခပ်သိမ်း ဖန်ဆင်း၍ ပိုင်သအုပ်စိုးသောသူနှင့် မိဿဟာယဖွဲ့ခြင်း ဖြစ်သည်။ ယုံကြည်သူများသည် ထိုဖန်ဆင်းရှင်၊ ပိုင်ရှင်နှင့် ရင်းနှီးအောင် မပေါင်းဘဲ ကိုယ့်နည်းကိုယ့်ဟန်နှင့် ဖန်ဆင်းထားသော အရာများကို ရရန် ကြိုးစား နေကြသည်။ ခရစ်တော်က၊ ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်း ဟူ၍ မစိုးရိမ် ကြနှင့်။ ထိုအရာများကိုသာ သနာ ပလူတို့သည် ရှာဖွေ တတ်ကြ၏။ ၃၂ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သိတော်မူ၏။ ၃၃ ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့ (မ ၆:၃၁-၃၃) ဟုဆိုထားသည်။ ဘုရားကလူများ စားသောက်စရာနှင့် အဝတ်များ လိုအပ်ကြောင်း အလွန် သိသည်။ ပေးလည်း ပေးချင်သည်။ သို့သော် လူများ ကပိုင်ရှင်နှင့် မပေါင်းဘဲ ထိုအရာများကိုသာ မဲ၍ ရှာ နေကြသည်။ နိင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်းရှာခြင်း၌ ဆုတောင်းခြင်းလည်း ပါဝင်သည်။ ထိုကြောင့် ယခုမှစ၍ ဆုတောင်းခြင်း အတွက်အချိန် ယူကြစို့။ 

ဇာတိအလို လိုက်သောကြောင့် 

ယုံကြည်သူများဆုမတောင်းခြင်း အကြောင်းရင်းတခုသည် ဇာတိအ လိုလိုက်သောကြောင့် ဖြစ်သည်။ ဆုတောင်းခြင်းသည် ဇာတိနှင့် မဆိုင်၊ ဝိညာဉ်နှင့်သာဆိုင်သည်။ ရှင်ပေါလုက၊ ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအ တိုင်း ကျင့်ကြလော့။ ထိုသို့ ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကလိမ့်မည်။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင်တပါးဆန့်ကျင့်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ (ဂလာ ၅:၁၆-၁ရ)။ ယုံကြည်သူတိုင်း ဆုတောင်း ကောင်းကြောင်း သိကြသည်။ သို့သော် ဇာတိအလို လိုက် သောကြောင့် မတောင်းနိင်ကြ။ ဤနိင်ငံ၌ ဇာတိအလို များသည်၊ တီဗီ၊ ဒီဗီဒီ ကြည့်ခြင်း၊ ကွန်ပြူတာကစားခြင်း၊ လူများနှင့် မိဿဟာယဖွဲ့ခြင်း၊ စျေး၌ လျှောက်လည်ခြင်း၊ အချိန် ပို အလုပ်လုပ်ခြင်း၊ ငါးမြှားခြင်း၊ အား ကစားလိုက် စားခြင်း၊ များဖြစ်သည်။ ထိုအရာများကိုသာ ပြုလုပ် နေလျှင် ဆုတောင်း နိုင်မည် မဟုတ်။ ထို့ကြောင့် ဆုတောင်း ဘို့ရန်အချိန် သတ်မှတ်၍ မှန် မှန်တောင်းဘို့ လိုသည်။ 
 
 
ဘုရားသခင်ကို မည်ကဲ့သို့ သိမြင်ကြသနည်း

ကမ္ဘာပေါ်ရှိလူူသား တိုင်းရားဖန်ဆင်းထားသော ပဌမဦးဆုံး လူသားများဖြစ်သော အာဒံနှင့် ဧဝမှဆင်းသက်လာ ကြသည်။ သို့သော် ဘုရားသခင်ကို ကိုးကွယ်သောသူနှင့် မကိုးကွယ်သောသူ၊ ကိုးကွယ်လျှင်လည်းကိုးကွယ်ပုံကိုးကွယ်နည်း များစွာ ကွာခြား ကြသည်။ ထိုသို့ ကွာခြားခြင်းသည် ဘုရားသခင်ကို သိနားလည်ပုံခြင်း မတူညီသောကြောင့် ဖြစ်သည်။ ထိုအရာများကို လေ့လာ၍ သင်သည် မည်ကဲ့သို့ ကိုးကွယ်သည်ကို စစ်ဆေးကာပြင်သင့်ကပြင်၍ ဆက် လုပ်သင့်ကဆက်လုပ်ဘို့ ဖြစ်သည်။ 

တစိမ်းကဲ့သို့ မြင်ခြင်း 

များစွာသော လူသားများအနေဖြင့် ထာဝရဘုရားကို မသိသောကြောင့် တစိမ်းကဲ့သို့ မြင်၍ သူ့ကိုကိုးကွယ်ရမှန်းလည်း မသိ၊ အားကိုးရမှန်းလည်း မသိ၊ ကြောက်ရွံ့ရမှန်းလည်း မသိချေ။ကိုယ် မသိသော တစိမ်းကို ကြောက်ရ ွံ့ရိုသေခြင်း၊ အားကိုး ခြင်း၊ ကူညီမစခြင်းများမလုပ်တတ်ကြချေ။ တစိမ်းကိုများသောအားဖြင့် စိတ်လည်း မဝင်စားချေ။ ထိုကြောင့် အချိန် ကုန် မခံ၊ ကိုယ်အလုပ်ကိုယ့်ကိစ္စ၌ ဗျာများ နေတတ်ကြသည်။ 

ရန်သူကဲ့သို့ မြင်ခြင်း 

အချို့ သူများ အနေဖြင့် ဘုရားသခင်ကို ရန်သူအနေဖြင့် မြင် ကြသည်။ ထိုသူများ၏ အမြင်၌ ဘုရားသခင်သည် မတရားသော ဘုရား၊ လူ့အသက်ကို သတ် သောသူ၊ ကိုယ့်အလိုကိုသာ နှစ်သက်လိုလားသော ဘုရားဟု မြင်သောကြောင့် ရန်သူအဖြစ် မြင်သည်။ ထို့ကြောင့် သူ့ကိုကိုးကွယ်ခြင်း မရှိ။ အားလည်း မကိုး ချေ။ ကိုယ်လုပ်မှကိုယ် ခံစားသည်၊ ဘုရားကို အားကိုး စရာ မလိုဟု ထင်သည်။ 

အကူအညီပေးသူအဖြစ် မြင်ခြင်း 

များစွာသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်ကို ဘုရား အဖြစ်မ မြင်ဘဲ လိုအပ်သောအခါ အကူအညီပေးသောသူ၊ ဒုက္ခ ရောက်သောအခါ ကူညီ ပေးသောသူအဖြစ် နှင့်သာသိမြင် ကြသည်။ ဒုက္ခ ပြသနာ တွေ့သောအခါ ၉၁၁ အဖွဲ့ကို အားကိုး သကဲ့သို့ သာအားကိုး သည်။ ၉၁၁ အဖွဲ့များကို အဘယ်သူက မျှသတိမရကြချေ။ ဂရုလည်း မစိုက်ကြချေ။ သို့သော် ဒုက္ခ ရောက်သောအခါ သူတို့ကို ချက်ချင်း သတိရကာ အမြန် ခေါ်တတ်ကြသည်။ ပြသနာ ​ ဖြေရှင်း ပေးသောအခါ တဖန် မေ့သွား ကြသည်။ ထိုနည်းတူ များစွာသော ခရစ်ယာန်များအတွက် ဘုရားသည် ဒုက္ခ ပြသနာ ​ ဖြေရှင်း ပေးသူအနေဖြင့်သာ ထင်မှတ်ကြသောကြောင့် ဘုရားကို မရိုသေကြ၊ မလေးစားကြ၊ အမှန်တကယ် မကိုးကွယ်ကြချေ။ ထိုသူများ အလွတ်ကျက်သော ကျမ်းပိုဒ်များမှာ ဆာလံ ၂၃၊ ၉၁၊ ၁၂၁တို့ ဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင်သည် ကွယ်ကာနိုင်သော၊ ပြသနာ ​ ဖြေရှင်း ပေးနိုင်သော အရှင် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ထိုအရာထက် အလိုကြီးမားသည်။ ကွယ်ကာခြင်း၊ မစခြင်း၊ ကာကွယ်ခြင်း များသည် လူကလည်း သူတို့၏ အာ ဏာအစွမ်းရှိသလောက် ပြုလုပ် နိုင်သည်။ ထိုသူများအတွက် ဘုရားကိုးကွယ်ခြင်းသည် ပင်ပန်းစရာ ဖြစ်သည်။ ရီစရာ ဟာသများ ပါမှ၊ အသစ်အဆန်းများ ပါမှ၊ အစားအသောက်များ ပါမှသာ ကြာကြာနေနိုင်သည်။ သို့မဟုတ်ပါက ဝတ်ပြု စည်းဝေးခြင်းသည် ကြာလွန်းသည်ဟု အမြဲညီးတွားတတ်သည်။ နောက်ပိုင်း၌ ဘုရားကျောင်းမသွားချင်ဘဲ အကြောင်း အမျိုးမျိုး ပြကာ အခြားနေရာများ၌ အချိန်ဖြုန်းတတ်ကြသည်။ 

ကောင်းကြီး ပေးသူအဖြစ် မြင်ခြင်း 

အချို့သော ခရစ်ယာန်များ၌ ဘုရားသခင်သည် ကောင်းကြီး ပေးနိုင်သောသူအဆင့်ဖြင့် မြင်သောကြောင့် ကောင်းကြီးရဘို့ အလိုငှါကိုး ကွယ ကြသည်။ ထိုသူများ၏ လက်စွဲကျမ်းပိုဒ်များသည် ၂ ကော ၈:၉၊ ယော ၁၀:၁၀၊ ၃ ယော ၁:၂၊ တို့ ဖြစ်သည်။ ထိုသူများ အနေဖြင့် ဘုရားသခင် ထံမှလောက ကောင်းကြီးရရှိဘို့ အလွန် စိတ်အားထက် သန် ကြသည်။ ထိုသူများ၏ အမြင်၌ သူတို့သည် ဘုရားသား ဖြစ်သောကြောင့် ချမ်းသာ ရမည်၊ အကောင်းဆုံးစားရမည်၊ သုံးရမည်ဟု ခံယူ ကြသည်။ ဘုရားသခင်ထံမှ အကောင်းများကိုမျှ ော်ကိုး သောကြောင့် စိတ်အားထက် သန် ကြသည်။ ဆယ်ဘို့ တဘို့ ပေးခြင်း ပင်လျှင် ဘုရား ဥစ္စာကို ရိုးရိုးသားသား ပြန်ပေးခြင်း မဟုတ်ဘဲ မလခိ ၃:၁၀၌ ပါသည့်အ တိုင်း ဆယ်ဘို့ တဘို့ ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာ ရှိစေခြင်းငှါ၊ ပြုကြလော့။ ငါသည် မိုဃ်းကောင်းကင် ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီး မင်္လာကို အကုန်အစင်သွန်းလောင်းမည်။ မသွန်းလောင်း မည်ကို ထိုသို့ စုံစမ်း ကြလော့ဟု ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဟူသောအရာကို အ​ခြေခံ၍ ကောင်းကြီး မင်္လာလိုချင် သောကြောင့် ပေးကြသည်။ ထိုသူများ၏ အမြင်၌ ကောင်းကင် တက်ဘို့ထက် မြေကြီးပေါ်မှ ာ အောင်မြင်သူ၊ ချမ်းသာသူ ဖြစ်ချင် ကြသည်။ လောက၌ ကောင်းကင် ကဲ့သို့ နေချင် ကြသည်။ ထိုသူများအတွက် ဘုရားသခင်သည် သူဌေးကြီး ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကြီး ပေးနိုင်သောသူ ဖြစ်ကြောင်း မှန်ပါသည်။ သို့သော် ထိုအရာထက် များစွာ ပိုသေးသည်။ ကောင်းကြီး ပေးခြင်းသည် သူဌေးကြီးများကလည်း ပေးနိုင်သည်။ 

သမားတော်ကြီး အဖြစ်မြင်ခြင်း 

အချို့သောသူများက ဘုရားသခင်ကို အနာရောဂါငြိမ်းစေနိုင်သော သမားတော်ကြီး အဖြစ်မြင် ကြသည်။ ထိုသူများသည် အနာရောဂါရှိသောသူများ၊ ကျန်းမာရေးချို့တဲ့သောသူများ ဖြစ်ကြသည်။ ထိုသူများ၏ ကြိုက်နှစ်သက်သော လက်စွဲကျမ်းပိုဒ်များမှာ ဟေရှာယ ၅၃:၅၊ မ၈:၁၆၊ ၁ ပေ ၂:၂၄တို့ ဖြစ်သည်။ ဘုရားသခင်သည် ကျန်းမာစေနိုင်သော သမားတော်ကြီး မှန်ပါသည်။ သို့သော် သူသည် သမားတော် ကြီးထက် များစွာ လွန်ကဲသည်။

အရာရှိကဲ့သို့ မြင်ခြင်း 

မြန်မာနိင်ငံ၌ အထက် အရာရှိများကို အလွန် ကြောက်ရွံ့ရိုသေ ကြသည်။ ထို့ကြောင့် အရာရှိများရှေ့တွင် မခုတ်တတ်သော ကြောင်ကဲ့သို့ သူတို့ မကြိုက်သော အရာများကို မ လုပ်သည်သာမက စကား အားဖြင့်မျှပင် မပြော ရကြပေ။ အရာရှိစိတ်ခုသွားမှာ၊ အမျက်ထွက်မှာကို အလွန် သတိထားရသည်။ အရာရှိခိုင်းသောအရာကို ရိုရိုသေသေလုပ်ရသည်။ အရာရှိအကြံကို မလှန်ရဲချေ။ မစားမသောက်လျှင်လည်း အထက် အရာရှိခိုင်းသောအရာကို လုပ်ရသည်။ ထိုနည်းတူ အချို့သော ယုံကြည်သူများသည် ဘုရားသခင်ကို ကြောက် ရွံသောကြောင့် အလိုတော်ကို ဆောင်ရွက်သည်။ ဘုရားသခင်သည် ကြောက် ရွံ့ရမည်။ သို့သော် ကြောက်ရွံ့ခြင်း တခုတည်း ဖြစ်လျှင် မပြည့်စုံချေ။ 

ဘုရား အဖြစ်မြင်ခြင်း 

ဘုရားသခင်ကို ဘုရား အဖြစ်မြင်သောသူနည်းပါးလှသည်။ အကြောင်းမှာ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်၍ မျက်စိအားဖြင့်လည်း မမြင်၊ နားဖြင့်လည်း အသံတော်ကို မကြား၊ ဖန်ဆင်းထားသော အရာများနှင့် ကျမ်းစာ အားဖြင့်သာ ထိတွေ့နိင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆာလံဆရာက ဤကဲ့သို့ ဆော် ဩနိုးဆော်ခြင်း ဖြစ်သည်၊ မြေကြီးသား အပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ ၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက် ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။ ၃ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင် ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။ ၄ ကျေးဇူးတော်ကို ကြီးမား ပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ ကို၎င်း၊ ဂုဏ်တော်ကို ချီးမွမ်းလျက် တန်တိုင်းတော်တို့ ကို၎င်းဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီး ပေးကြလော့။ ၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာ တော်သည် ကာလ အဆက်ဆက်တည်လေသတည်း။ (ဆာ ၁၀၀) 

ဘခင်ကဲ့သို့ မြင်ခြင်း 

ဘုရားသခင်ကို ဘခင်ကဲ့သို့လည်း မြင်ရမည်။ ကျမ်းစာက အဘသည်သားတို့ကို သနားစုံမက်သည် နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော်မူ၏။ ဟုဆိုထားသည် (ဆာ ၁၀၃:၁၃)။ ရှင်ပေါလုက လည်း၊ သင်တို့သည် တဖန် ကြောက်ရွံ့တတ်သော ​ကျွန်၏ သဘောကို ရကြသည် မဟုတ်။ အဘအဘဟု ခေါ်ရသော အခွင့်နှင့်သား ဖြစ်ခြင်း၏ သဘောကို ရကြပြီ။ (ရော ၈:၁၅) ဟုဆိုသည်။ ထိုကြောင့် ဘုရားသခင်ကို အဘခင်အနေဖြင့် မြင်သောသူအနေဖြင့် ဘခင်ကို ချစ်ခင် ရင်နှီး သကဲ့သို့ ခင်မြင်ရင်းနှီးသည်။ ဘခင်ကို လုပ်ကျွေး သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်လိုသည်။ ဘုရားသား ဖြစ်သော ခရစ်တော်က၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍ ပြုတော်မူသမျှတို့ကိုသားတော်အား ပြတော်မူ၏။ (ယော ၅:၁၉-၂၀) ဟုဆို သကဲ့သို့ ဘုရားကို ဘခင်အနေဖြင့် မြင်သောသူများသည် ဘခင်အလိုတော်ကိုသာလျှင် ဆောင်ရွက်လိုသည်။သား ကောင်းများ အနေဖြင့် ဘခင်အလို ပြည့်စုံဘို့ကိုသာ ရည်ရွယ် သကဲ့သို့ ဘုရားကို ဘခင်အဖြစ် မြင်သောသူများ အနေဖြင့် ဘုရား အလိုတော် ပြည့်စုံမည့် အရာကိုသာ ရည် ရွယ်သောကြောင့် ဘုရား အလိုတော် လုပ်ဘို့ရန် အဘယ်အရာမျှ ခက်ခဲသည်ဟု မခံစားချေ။ 
 
ကျေးဇူးတော် ချီးမွမ်းခြင်း 

 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လွန်ခဲ့သော နှစ်အတွင်း သတင်းကောင်းနှစ်ခြင်း အသင်းသားများအပါအဝင် ခင်မြင်ရင်နှီးသော ယုံကြည်သူများအပေါ်ဘုရားကောင်းကြီး ပေးသောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ၂၀၁၁ ခုနှစ်အတွင်း၌ အသင်းတော် နှစ်ပါးကိုလည်း ဘုရားသခင်က တည်ထောင်ပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ ​ကျွန်တော်တို့ လင်မယားလည်း ဩစ​တြေးလျနိင်ငံ၌ တလနှင့် အိန္ဒိယ နိင်ငံ၌ နှစ်လအမှုတော်ဆောင်ခြင်းအားဖြင့် လူများ ပြောင်းလဲမှု အတွက် ကျေး ဇူးတော် ချီးမွမ်းပါသည်။ ထိုအပြင်နုယူးဒေလီမြို့၌လည်း ပျောက်ဆုံးဝိညာဉ် များဖမ်းဘို့ရန် ရည်ရွယ်ချက်ဖြင့် ကျမ်းစာ သင်တန်းကျောင်းကိုလည်း ဘုရားသခင်က တည်ထောင်ပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါ၏။ 

အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်း အသင်းချုပ်လူငယ် များ၏ ပဌမဦးဆုံးသော လူငယ်စခန်းသွင်းသင်တန်းကိုလည်း ဇူလိုင်လ အတွင်း၌ အောင်မြင် စွာ ပြုလုပ် နိင်သောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ထိုသင်တန်းအားဖြင့် လူငယ်များ၏ အမြင် အနေအထိ ုင် ယုံကြည်ခြင်း များစွာ တိုးတက်လာကြောင်း တွေ့ရပါသည်။ ထိုအပြင် Battle Creek အသင်းတော် အနေဖြင့် ပဌမ အကြိမ်စခန်းသွင်းသင်တန်းကို နိုဝင်ဘာလ၌ ပြုလုပ် ရာလူငယ်များမျက်ရည်မျက်ခွက်များနှင့် သက်သေခံနိုင်သောကြောင့်လည်း ကျေးဇူူးတော် ချီးမွမ်းပါသည်။ လူငယ် James မှုန်းမှုန်းလည်း ​ကျွန်တော့ နောက်လိုက် ပြီးမှ ယခုအခါ New Jersey, Triton မြို့၌ သာသနာ ပြုအနေဖြင့် စတင်နိုင်သောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းမိပါသည်။ သူ့ကို ဆုတောင်း ပေးခြင်းအားဖြင့် ကူညီစောင့်ရှောက်ကြစို့။ 


​ကျွန်တော်တို့ မိသားစုသည် ၁၉၈၈ ခုနှစ်ဒီဇဘ်ာလ ၄ ရက်နေ့တွင် Portsmouth, VA သို့ မြန်မာ ပြည် မှရောက်ရှိခဲ့ကြပါသည်။ ထိုမြို့တွင် ၄ လနေပြီး Frederick, MD သို့ ပြောင်းရွှေ့ကာ အသင်းတော် တည်ထောင်၍ ထိုမြို့၌ နှစ်ဆယ့်သုံးနှစ်နေထိုင်ခဲ့ကြပါသည်။ အိမ်ကိုလည်း ဆောက်၍ ချီ ဆောင်ခြင်း နေ့ရက်တိုင်အောင် ထိုမြို့၌ နေထိုင်မည်ဟု ထင်မှတ်ခဲ့ပါသည်။ သို့သော် အသင်းချုပ်မှ ပြောင်းရွှေ့ခိုင်းသောအခါ ဒီဇဘ်ာလအတွင်း မှစ၍ Indianapolis မြို့သို့ အသင်းတော်များကြည့်ရှုဘို့ရန် ပြောင်းရွှေ့ရပါသည်။ ပြောင်းရွှေ့ရာတွင်လည်း အစစအရာရာ အဆင်ပြေသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ထိုသို့ ​ကျွန်တော်တို့ ပြောင်းရွှေ့သော်လည်း Rသခုလငူူန အသင်းတော် ကြည့်ရှုကူညီဘို့ရန် မလေးမှဆရာအောင် မိုင်တို့ မိသားစုရောက်ရှိလာ သောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ 


 
၀တ်ပြုကိုးကွယ်ခြင်း 

ဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်းကို ဘုရားသခင်က ခံထိုက်သည်။ သို့သော် ယုံ ကြည် သူများ အလွန် မှားယွင်းသောအရာသည် ဝတ်ပြုကိုးကွယ်သောအခါ၊ ကိုယ့် အလိုဆန္ဒပြည့်ဘို့ သာအလေးထား ကြသည်။ ကိုယ့်စိတ်ကြိုက် တရား ဟောဆရာကဟောနိင်မှ၊ သီချင်းလည်း အသံကောင်းသောသူကသီဆိုမှ၊ ဝတ် ပြုအစီအစဉ်အားလုံး သည် ကိုယ့်စိတ်ကြိုက် ဖြစ်မှ ကျေနပ် တတ်ကြသည်။ သို့ဖြစ်လျှင် ဝတ်ပြုခြင်းသည် ကိုယ်စိတ်ဆန္ဒပြေဘို့ ဖြစ်သလော။ အခန်းအနားမှုးကလည်း တရားဟောမည့်အချိန် မှာအဓိကစောင့်စားမြော်လင့်သော ဟုဆိုတတ်သည်။ တရားဟောခြင်းသည် ဝတ်ပြုခြင်း မဟုတ်၊ ဝတ်ပြုတတ်ဘို့ရန် ဘုရားသခင်၏ အလိုတော်ကို သင်ပေးခြင်း ဖြစ်သည်။ သီချင်းဆို သူများကလည်း မိမိစိတ်ကြိုက်ဆိုနိုင်လျှင် ကျေနပ် တတ်ကြသည်။ ထိုအရာသည် ဘုရားကို ချီးမွမ်းသည် မဟုတ်။ မိမိအား ကျေနပ် မှုကို ရှာကြံခြင်း ဖြည့်ဆည်းခြင်း ဖြစ်သည်။ တူရိယတီး သူများကလည်း မိမိတို့ တီးသောအရာကိုသာလျှင် အာရုံစိုက်၍ အကျယ်ဆုံးနှင့် အမှားအယွင်းမပါ၊ စိတ်တိုင်း ကျတီးခပ်နိုင်လျှင် ကျေနပ် တတ်သည်။ ထိုအရာသည် ဘုရားသခင်နှင့် မဆိုင်။ ထို့ကြောင့် တူရိယာများ တီးခတ်သောအခါ၌လည်း ဘုရားသခင်ကျေနပ်် အားရဘို့ လိုသည်။ 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG