GOODNEWS
  HOME  GOODNEWS  2012 DEC
 


အမှာစာ
ယခုလသည် ၂၀၁၂ ခုနှစ်၏ နောက်ဆုံးသော လ ဖြစ်သည်။ လောကသားများက ဒီဇဘ်ာလ ၂၁ ရက်နေ့တွင် ကမ္ဘာပျက်မည်ဟု ဗျာဒိတ်ပြုသည်။ သူတို့သည် မာရာလူမျိုးများ၏ ပြက္ခဒိန်ကို အ​ခြေခံ၍ ထိုသို့ ဟောခြင်း ဖြစ်သည်။ သူတို့ ဟောသကဲ့သို့ ကမ္ဘာသည် ကုန်ဦးမည် မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အရမကြာမှီတွင် သန့်ရှင်း သူများ ( ခရစ်တော်ကို ရရှိသောသူများ)ကို ချီဆောင်၍ ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ရှိမည်။ ထိုနောက်မှ ခရစ်တော်သည် ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ် ကြွလာ၍ တကမ္ဘာလုံးကို အနှစ်တစ်ထောင်အုပ်ချုပ်ဦးမည်။ ထိုအနှစ်တစ်ထောင်ပြီးမှကမ္ဘာ ကုန်ဆုံးမည် ဖြစ်သည်။ ထိုသို့ ကမ္ဘာမ ကုန်ဆုံး သေးသော်လည်း ချီဆောင်ခြင်းသည် အချိန်မရွေး ဖြစ်နိင်သည်။ ထိုချီဆောင်ခြင်းသည် သန့်ရှင်း သူများအတွက် မြော်လင့်ရာ ဖြစ်သော်လည်း၊ ဤလောကကို အလွန် တပ်မက်သောသူများအတွက် မူကြောက်စရာ ဖြစ်သည်။ ထိုကြောင့် ချီဆောင်ခြင်း အကြောင်းကို ဟောပြောလျှင် ခြိမ်း​ခြောက်သည် ဟုဆိုသည်။ မိတ်ဆွေသည် ချီဆောင်ခြင်း အကြောင်းကို မကြားချင်၊ ထိုမျှမက ခြိမ်း​ခြောက်သည်ဟု ခံစားလျှင် ချီဆောင်ခြင်း ထဲ၌ ပါဝင်မည်သူ မဟုတ်၊ ကျန်ရစ်မည့်သူ ဖြစ်သည်။ ထိုကြောင့် ချီ ဆောင်ခြင်း ထဲ၌ ပါဝင်နိင်ဘို့ရန် ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက် ခံပါ။ ချီဆောင်ခြင်း၌ ပါဝင်မည့်သူများအနေဖြင့် မပါဝင်မည့် သူများအတွက် ပူပန်လျက် ဆုတောင်း ပေးပါ၊ ပြောပြပါ။ ကယ်တင်ရှင် ခရစ်တော် တွေ့ဘို့ရန် ပြင်ဆင်ကြစို့။ 
 

ဤစာစောင်၌...

ခရစ္စမတ်
ဆုတောင်း ကြစို့
အရှေ့အလယ်ပိုင်းသတင်း 
 အသင်းတော်သတင်းများ

 
ခရစ္စမတ်

ခရစ္စမတ်၏ အဓိပ္ပါယ်သည် ခရစ်တော်နှင့် လူထုဟူ၍ ဖြစ်သည်။ ဃ့မငျအသည် ခရစ်တော် ဖြစ်၍ ာ​ေျသည် လူထု၊ လူအုပ်ကို ဆိုလိုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ခရစ်တော်နှင့် လူထု၊ တနည်းအားဖြင့် ဘုရားနှင့် လူသားများပေါင်းဆည်းခြင်း ဖြစ်သည်။ ခရစ္စမတ်ပွဲ ကျင်းပဘို့ရန် ကျမ်းစာ၌ မဖေါ်ပြ သော်လည်း တကမ္ဘာလုံးရှိ လူသားများအများစုကသိရှိ ကြသည်။ ခရစ္စမတ်ရာသီ ရောက် လာသောအခါ ခရစ္စမတ်တီးလုံးများကို စျေးဆိုင်များ၌ ဖွင့်ထား ကြသည်။ သို့သော် လူအများစုသည် ခရစ္စမတ်၏ အဓိပ္ပါယ်နှင့် အကျိုးကို မသိကြသောကြောင့် မခံစား ကြ။ အပြင်ပန်းအားဖြင့်သာလျှင်ကျင်းပ ကြသည်။ အမေရိကန်များအနေဖြင့် အိမ်ကို ရောင်စုံမီးသီးများဖြင့် ပြင်ဆင် ကြသည်။ အိမ်သား ချင်းများအား လက်ဆောင်များ ပေးကြသည်။ အစားအသောက်များ ပြင်ဆင် ကြသည်။ သို့သော် ခရစ္စမတ်သည် ဘာကြောင့် ကျင်းပသည်၊ အဘယ်ကဲ့သို့ အကျိုးရှိသည်ကို မစဉ်းစားကြချေ။ ထိုသို့ မဖြစ်ရလေအောင် ခရစ္စမတ်၏ အကျိုး ကျေးဇူးများကို ဖေါ်ပြလိုပါသည်။ 
 
ခရစ်တော် မွေးနေ့

ခရစ္စမတ်သည် ခရစ်တော်၏ မွေးနေ့ ဖြစ်သည်။ တနည်းအားဖြင့် လူ့ ဇာတိခံသော အချိန်် ဖြစ်သည်။ သူသည် ဤလောကသို့ မကြွလာမှီတွင် ကောင်းကင်နိင်ငံ၌ ဝိညာဉ်အားဖြင့် ရှိခဲ့သည်။ ​ကျွန်ပ်တို့ လူသားများသည် မိခင် ဝမ်း၌ ပဋ္ဋိသန္ဓေမယူမှီတွင် လုံးဝ မရှိခဲ့ချေ။ ခရစ်တော်သည် ထိုသို့မဟုတ်။ သူသည် လူ့ဇာတိမခံယူမှီကောင်းကင်၌ ရှိခဲ့ပြီ။ သို့သော် ကောင်းကင်၌ ဝိညာဉ်အားဖြင့် ရှိသောကြောင့် ဤလောကသို့ ဆင်းကြွတော်မူသောအခါ ခမည်းတော်ဘုရားက ကိုယ်ခန္ဓာကို ပေးခဲ့သည် (ဟေ ၁၀:၅)။ အဘယ်ကြောင့် ခရစ်တော်သည် လူ့ဇာတိခံစရာ လိုသနည်း။ လူ့ဇာတိမခံယူဘဲ မဖြစ်နိင်သလော။ ဤအကြောင်း အရာနှင့် ပတ်သက်၍ ကျမ်းစားအားဖြင့် လေ့လာကြပါစို့။ ခရစ်တော် ဤလောကသို့ ကြွရောက် လာခြင်းသည် အကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများထဲမှအချို့ကိုသာ လေ့လာကြရမည် ဖြစ်သည်။ 

နှုတ်ကပတ်တော် 

ယောဟန်က ခရစ်တော်ကို နှုတ်ကပတ်တော်ဟု ခေါ်သည်၊ အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ် ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှမရှိ။ (ယော ၁:၁-၃) နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ (ယော ၁:၁၄) ဟုဆိုထားသည်။ ဤနေရာ၌ နှုတ်ကတော်သည် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ အကြောင်းမှာ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏ ဟုဆိုသည်။ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကိုလည်း ဖန်ဆင်းသည် ဟုဆိုသည်။ ထို့ပြင်နှုတ်ကပတ်တော်သည် လူ့ ဇာတိ အဖြစ်ခံယူသည် ဟုဆိုသည်။ ထို့ကြောင့် နှုတ်ကပတ်တော်သည် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်ကြောင်း ငြင်းခုံဘွယ်ရာ လုံးဝ မရှိချေ။ 

အဘယ်ကြောင့်ယောဟန်က ခရစ်တော်ကို နှုတ်ကပတ်တော် ဟုဆိုသနည်း။ ဤအရာကို နားလည်ဘို့ရန် ဟေဗြဲ ၁:၁၌ ဤသို့ တွေ့ရသည်၊ ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါမိမိ သားတော်အားဖြင့် ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။ ဗျာဒိတ်ပေးသည် ဟုဆိုခြင်းသည် စကားပြောသည် ဟုဆိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဓမ္မဟောင်း ကာလ၌ ဣသရေလ လူမျိုးတို့၏ ဘိုးဘေးများကို ပရောဖက်များအားဖြင့်၎င်း၊ ကောင်းကင်တမန် များအားဖြင့်၎င်း၊ ဗျာဒိတ်ရူပါရုံအားဖြင့်၎င်း၊ အသံတော် အားဖြင့်၎င်း၊ စကားပြောတတ်သည်။ သို့သော် နောက်ဆုံး၌ မိမိသားတော်အားဖြင့် စကားပြောသည် ဟုဆိုသည်။ ဘုရားသခင်သည် လူများကို ကိုယ်တိုင် ကိုယ်ကျ စကားပြောဘို့ရန် သားတော်ကို လူ့ဇာတိခံစေ၍ စကားပြောသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ယခုခေတ် စကားအားဖြင့် ပြောပါက ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ ပြောရေးဆိုခွင့် ရှိသူ (ျစသုနျာ​ေည) များသည် သူတို့၏ ဆန္ဒနှင့် သဘောများကို ပြောလေ့မရှိ။ သူတို့ကို စေလွှတ်သောသူ၏ ပြောစေလိုသော အရာများကိုသာ ပြောလေ့ရှိသည်။ 

ထို့ကြောင့် ခရစ်တော် ပြောသော အရာများသည် ဘုရားသခင် ပြောစေလိုသော အရာများ ဖြစ်သဖြင့် အလွန် အရေးကြီးသည်။ သူကိုယ်တိုင်က၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။ (ယော ၅:၁၉) ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။ (ယော ၅:၃၀) ထို့ကြောင့် ခရစ်တော် လူ့ဇာ တိခံယူခြင်းသည် လူများကို စကားပြောဘို့ရန် ဖြစ်သည်။ သို့ဖြစ်လျှင် မိတ်ဆွေ ဘုရားသခင်၏ စကားကို နားထောင် ပြီလော၊ နားကြားပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာ ပြီလော။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားမလည်လျှင် ခရစ်တော် လာရကျိုးမနပ်ချေ။ ဘုရား၏ အလိုတော် နားမလည်လျှင် ကိုယ့် အလိုဆန္ဒအတိုင်း အသက်ရှင်နေမည်။ ကိုယ့်အလိုအတိုင်း အသက်ရှင်လျှင် ခရစ်တော် လာရကျိုးမရှိချေ။ 
 
အလင်း

ထိုနှုတ်ကပတ်တော်၌ အသက် ရှိ၏။ ထိုအသက်သည်လည်း လူတို့၏ အလင်း ဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင် စေလွှတ်တော်မူ၏။ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံ ဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါ လာ၏။ ထိုသူသည် အလင်းတော် မဟုတ်။ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါ သာလာ၏။ ဟုတ်မှန်သော အလင်းမူကား၊ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသောသူ ဖြစ်သ တည်း။ (ယော ၁:၅-၉) ယောဟန်က ခရစ်တော်သည် အလင်း ဖြစ်၍ ဤလောကသို့ ကြွလာသည် ဟုဆိုသည်။ 

ယောဟန်သည် ထောင်ထဲသို့ ရောက်ကြောင်းကို ယေရှုသည် ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊ နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန် ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့် နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။ ဤအကြာင်းအရာကား၊ ပရောဖက် ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်း တည်း။ နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင် တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဖက်၊ တ ပါးအမျိုးသား နေရာဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍၊ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်း ပေါ်ထွက်လျက် ရှိ၏ဟု ဟောထားသတည်း။ (မ ၄:၁၂-၁၆၊ ဟေရှာယ ၉:၁-၂) ရှင်မဿဲက ခရစ်တော်သည် မှောင်မိုက်သေမင်းအရိပ်ထဲမှာရှိသောသူများ အတွက်ကြီးစွာသော အလင်း ဖြစ်သည် ဟုဆိုသည်။ အဘယ်ကြောင့် ခရစ်တော်သည် အလင်း ဖြစ်သနည်း။ အကြောင်းမူကား လူများသည် အမှောင်၌ သွား နေကြ၍ အပြစ်လုပ်ကာ ဘုရားသခင်၏ အလိုတော်ကို နားမလည် ကြ။ သို့သော် ခရစ်တော်သည် ထိုသူများကို တရားဟောခြင်းအားဖြင့် ဘုရားသခင်၏ အလိုတော်ကို သိနိင် ကြသည်။ 

ခရစ်တော် ကိုယ်တိုင်ကလည်း ဤသို့ ဆိုခဲ့သည်၊ တဖန်တုံယေရှုက၊ ငါသည် ဤလောက၏ အလင်း ဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။ (ယော ၈:၁၂) ဆက်လက်၍၊ ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်း ဖြစ်၏ ဟုဆိုသည် (ယော ၉:၅)။ ငါ့ကို ယုံကြည် သမျှသော သူတို့သည် မှောင်မိုက်၌ မနေစေခြင်းငှါ ငါသည် အလင်း ဖြစ်လျက် ဤလောကသို့ ကြွလာပြီ။ (ယော ၁၂:၄၆)။ ထို့ကြောင့် ခရစ်တော်သည် ဤလောက၏ အလင်း ဖြစ်သည်။ 

သို့ဖြစ်လျှင် ခရစ်တော်သည် အလင်းအဖြစ် အဘယ်အရာကို လုပ်သနည်း။ ခရစ်တော် ကိုယ်တိုင်က ဤသို့ ပြောထားသည်၊ အလင်းသည် ဤလောကသို့ ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍ နှစ်သက်ကြ၏။ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူအ ပေါင်းတို့သည် အလင်းကို မြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ် ပါသည်ကို မထင်ရှား စေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။ (ယော ၃:၁၉-၂၁) ကောင်းသော အကျင့်ကျင့်သောသူသည် အလင်းကို နှစ်သက်သော်လည်း အပြစ်လုပ်သောသူသည် အလင်းကို မြင်ပျင်းသည် ဟုဆိုသည်။ 

အလင်းနှင့် ပတ်သက်၍ ရှင်ပေါလုက ဤသို့ ရေးထားသည်၊ အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ​ဖြောင့်မတ်ခြင်း၊ သစ္စာ စောင့်ခြင်း ဖြစ်သတည်း။ အပြစ် ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာ ရှိသမျှသည်လည်း အလင်း ဖြစ်၏။ (ဧဖက် ၅:၉၊ ၁၃) ခရစ်တော်နှင့် ပေါလုဟောသောအရာကို ကြည့်လျှင် အလင်းဆိုသည်မှာ အရာခပ်သိမ်းကို ထင်ရှားစေသည်။ ကောင်းသော အကျင့်ကျင့်သောသူသည် အလင်းကို နှစ်သက်၍ အပြစ်လုပ်သောသူသည် အလင်းကို မုန်းသည်။ ထိုအလင်းသည် ခရစ်တော် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း အလင်း တည်းဟူသော ခရစ်တော်ကို ရရှိဘို့ လိုသည်။ ခရစ္စမတ် ကျင်းပသော်လည်း ခရစ်တော်ကို မရှိသေးလျှင် မိတ်ဆွေသည် အမှောင် ဖြစ်သေးသည်။ 

ရှင်ပေါလုကဧဖက် အသင်းသားများထံ ဤသို့ စာရေးခဲ့သည်၊ အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့် နေကြလော့ (ဧ ၅:၈)။ ယုံကြည်သူများသည် ခရစ်တော် ရရှိသောအခါ အလင်း ဖြစ်သည်။ အလင်းရှိလျှင် အပြစ် မလုပ်နိင်ချေ။ အပြစ် မှန်သမျှသည် အမှောင်၌ လုပ် ကြသည်။ ထို့ကြောင့် ယုံကြည်သူများသည် ကိုယ်တိုင် အပြစ် မ လုပ်သည်သာမက၊ ယုံကြည်သူများရှိနေလျှင် အခြားသူများလည်း အပြစ်လုပ်ရဲမည် မဟုတ်။ ကောင်းသော အလုပ်မှန်သမျှသည် အလင်း၌ လုပ်ရသည်။ ထိုမျှမက အလင်းရှိလျှင် တယောက်နှင့် တယောက်လည်း မတိုက်မိကြချေ။ အဘယ်ကြောင့်အ ချင်းချင်း အတင်း ပြော၊ တိုက်ခိုက် ကြ၊ မုန်းကြသနည်းဟူမူကား မှောင်မိုက် သောကြောင့် ဖြစ်သည်။ လင်းနေလျှင် တယောက်နှင့် တယောက် တိုက်စရာ မရှိ။ ထို့ကြောင့် ခရစ္စမတ်ပွဲ ကျင်းပသော်လည်း အချင်းချင်းမတည့်ကြ၊ ရန်ဖြစ်ကြ၊ အတင်း ပြောကြသေးလျှင် အကျိုးမရှိ။ 
 
မိမိ ဒေသအရပ်သို့ ကြွလာသည် 

ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ သူသည် မိမိဒေသ အရပ်သို့ ကြလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏ (ယော ၁:၁၀-၁၁)။ ခရစ်တော်သည် ဤလောကကို ဖန်ဆင်းခဲ့သည်။ သို့သော် ဤလောကသို့ ကြွ လာသောအခါ သူ့ကို မသိကြချေ။ အလွန် ဝမ်းနည်း ဘွယ်ရာပင် ဖြစ်သည်။ သူတို့၏ ဖန်ဆင်းရှင်ကို မသိကြသောကြောင့် တစိမ်းကဲ့သို့ ဆက်ဆံ ကြသည်။ သူ့ကို မယုံကြည် သောကြောင့် အမျိုးမျိုး အပြစ်တင်ကြ၊ စွပ်စွဲ ကြသည်။ မျက်စိကန်းသောသူကို ပြန်မြင်စေခြင်းနှင့် ပတ်သက်၍ ဤသို့ ဆိုကြသည်၊ တဖန် ဖာရိရှဲတို့ ကအဘယ်သို့ သင်၏ မျက်စိမြင်သနည်းဟု မေးပြန်လျှင် အ​ကျွန်ုပ်မျက်စိ၌ သူသည် ရွံ့ကို ထည့်၍ အ​ကျွန်ုပ်ဆေးလျှင် မျက်စိမြင် ပြီ ဟုဆို၏။ ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင် စေလွှတ်တော်မူသောသူ မဟုတ် ဟုဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ ပြနိုင်သနည်း ဟုဆိုကြ၏။ ထိုသို့ အချင်းချင်းမသင့်ကွဲပြားခြင်းသို့ ရောက်ကြ၏ (ယော ၉:၁၅-၁၆)။ 

တဖန်၊ ယုဒလူတို့သည် ကိုယ်တော်ကို ဝန်းရံ၍၊ သင်သည် အဘယ် မျှကာလ ပတ်လုံးငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော် မှန်လျှင် အတိအ လင်းပြောပါ ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ ခမည်းတော်၏ အခွင့်နှင့် ငါပြုသော အမှုတို့သည် ငါ၏သက်သေ ဖြစ်ကြ၏ (ယော ၁၀:၂၄-၂၅)ဟု ​ဖြေခဲ့သည်။ သူ့ကို လက်ဝါးကပ်တိုင်၌ ရိုက်သတ်သောအခါ၌၊ လမ်းမှာသွားလာသော သူတို့ကလည်း၊ ဗိမာန်တော်ကို ဖြိုးဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုကိုယ် ကယ်တင်လော့။ ဘုရားသခင်၏ သားတော် မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့ဟု မိမိတို့ ခေါင်းကို ညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆို ကြ၏။ ထိုနည်းတူ ယဇ်ပု ရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီး အကဲတို့က၊ ဤသူသည် သူတ ပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလ ရှင် ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ ယုံကြည်မည်။ သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သား ဖြစ်၏ ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော် ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု၍ ပြောဆို ကြ၏။ ထိုနည်းတူ ကိုယ်တော်နှင့် တကွလက်ဝါးကပ်တိုင်မှာရိုက်ထားသော ထားပြတို့သည်လည်း ကဲ့ရဲ့အပြစ် တင်ကြ၏ (မ ၂ရး၃၉-၄၄)။ 

ထိုသို့ ခရစ်တော်ကို သူတို့၏ ဘုရား၊ ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ အရှင် သခင်အဖြစ် လက်မခံကြ။ သို့သော်၊ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက် ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း (ယော ၁:၁၂-၁၃)။ ထို့ကြောင့် ခရစ်တော် လူ့ဇာတိခံယူခြင်းသည် မိမိဒေသ အရပ်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်၍ သူ့ကို ယုံကြည်သောသူတိုင်း ဘုရားသား ဖြစ်ရသော အခွင့်ပေးဘို့ရန် ဖြစ်သည်။ မိတ်ဆွေ ခရစ်တော်ကို မယုံသက်ာ ရှိသေးသလား။ ခရစ်တော်ကို လက်ခံပါသလား။ ခရစ်တော်ကို လက်မခံ၊ ဂရု မစိုက်၊ မယုံကြည်လျှင် ဘုရားသား ဖြစ်ရသော အခွင့်ကို မရရှိ။ ခရစ္စမတ်ပွဲကို ကျင်းပသော်လည်း အချည်းနှီး ဖြစ်သည်။ 
 
ဘုရားသခင်ကို ထင်ရှားစေဘို့ 

ခရစ်တော် ဤလောကသို့ ကြွရောက် လာခြင်း အကြောင်းရင်းတခုသည် ဘုရားသခင်၏ ပုံပန်းသဏ္ဍာန်ကို ထင်ရှားစေဘို့ ဖြစ်သည်။ ကျမ်းစာက၊ တဖန် ဘုရားသခင်က၊ ငါတို့ ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန် ဆင်းကြစို့ (က ၁:၂၆) ဟုဆိုခဲ့သည်။ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့် အညီလူကို ဖန်ဆင်းတော်မူ၏ (က ၁:၂ရ)။ ဘုရားသခင်သည် လူကို မိမိပုံသဏ္ဍာန်နှင့် အညီဖန်ဆင်းသော်လည်း လူသည် ဘုရားကို ကိုယ်ခန္ဓာမျက်စိနှင့် မမြင်သေအခါအား မရချေ။ ထို့ကြောင့် ဘုရားကို ကိုယ်ထက် နိမ့်သော တိရစ္ဆာန်များ ကဲ့သို့ ပုံသွင်း၍ ကိုးကွယ် ကြသည်။ ဘုရားသခင်က၊ အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီး ပေါ်၌၎င်း၊ မြေကြီး အောက် ရေထဲ၌၎င်းရှိသောအရာ နှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့ မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့် အကြောင်းမူကား၊ သင်၏ ဘုရားသခင် ငါထာ ဝရဘုရားသည်၊ သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သော (သဝန်တိုတတ်သော) ဘုရား၊ ငါ့ကို မုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္တ အဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သော ဘုရား၊ ငါ့ကို ချစ်၍ ငါ့ပညတ်တို့ကို ကျင့်သော သူတို့၏ အမျိုးအစဉ်အဆက်အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရား ဖြစ်၏ (ထွက် ၂၀:၄-၆)ဟု သတိ ပေးသော်လည်း ဘုရားသခင်ကို မမြင်သောကြောင့်အား မရကြ။ တပါးအမျိုးသားတို့ ဘုရားများမူကား၊ မျက်စိနှင့် မြင်နိင်၍ လူ့လက်ဖြင့် လုပ်သော လူ၊ တိရစ္ဆာန် ပုံသဏ္ဍာန်များရှိကြသည်။ 

ဣသရေလ လူများသည် မည်မျှပင်ပညတ်ထားသော်လည်း မျက်စိဖြင့် ဘုရား မမြင်ရလျှင် မကျေနပ်ကြောင်း ဤသို့ တွေ့ရသည်၊ မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန်ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်၌ နှုတ်ဆောင်သော ထို မောရှေ၌ အဘယ်သို ဖြစ်သည်ကို ငါတို့ မသိပါဟု ပြောဆို ကြ၏။ အာရုန်ကလည်း၊ သင်တို့ မယား သားသမီး များ၏ နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြ ဟုဆိုလျှင်၊ လူအပေါင်းတို့သည် မိမိတို့ နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။ အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ်ရုပ်ပုံသဏ္ဍာန်ကို ကညစ်နှင့် ရေးသား ပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း၊ အို ဣသရေလ အမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှနှုတ်ဆောင်သော သင်၏ ဘုရား ဖြစ်တော်မူသည် ဟုဆိုကြ၏ (ထွက် ၃၂:၁-၄)။ မောရှေတောင်ပေါ်၌ ရက်ပေါင်း လေးဆယ်ကြာပညတ်တော် ဆယ်ပါးယူနေချိန်တွင် အထက်ပါကဲ့သို့ ဣသရေလ လူများသည် အာရုန် ဦးဆောင်ခြင်းအားဖြင့် ရွှေနွားရုပ်တုကို လုပ်၍ ဘုရား လုပ်ခဲ့ ကြသည်။ 

ထာဝရဘုရားက တပါးအမျိုးသား များ၏ ဘုရားနှင့် ပတ်သက်၍၊ လူအ မျိုးမျိုး ကျင့်သော အကျင့်ဓလေ့တို့သည် အချည်းအနှီး ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ သူတို့သည် တော၌ သစ်ပင်ကို ခုတ်လှဲ၍၊ ပုဆိန်နှင့် လုပ်တတ်သော လက် သမား၏ လက်လုပ်ရာ ဖြစ်သောအရာ ကို၊ ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ် ရှားစေခြင်းငှါ သံခဋ္ဌန်ကို တူနှင့် ရိုက်ထားကြ၏။ သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကား မပြောတတ်။ မိမိအလိုအလျောက်မသွားနိုင်သောကြောင့်၊ ထမ်း၍ သွားရ
၏။ ထိုအရာတို့ကို မကြောက်ကြနှင့်။ အန္တရာယ်ကို မပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင် (ယေရမိ ၁၀:၃-၅)ဟု သရော်ခဲ့သည်။ သို့သော် ဣသရေလ ူများသည် ရုပ် တုဆင်းတုများကို တပါးအမျိုးသားများကဲ့သို့ ပြုလုပ်ကိုးကွယ်တတ်ကြသည်။ 
 လူသည် ဘုရားသခင်ကို တွေ့မြင်လိုကြောင်း ထင်ရှားသည်။ ထို့ကြောင့် သားတော်သည် ထာဝရဘုရား၏ ဘုန်းကို ထင်ရှားစေကြောင်း ယောဟန်က ဤသို့ ရေးထားသည်၊ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည် ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ (ယော ၁:၁၄)။ ​ကျွန်ပ်တို့ အနေဖြင့် ခရစ်တော်ကို မတွေ့ဘူးသော်လည်း တွေ့သောသူများ၏ သက်သေခံခြင်းဖြင့် ဘုရားသခင်ကို သိမြင်နိင်သည်။ ခရစ်တော်သည် သူ၏ ဘုန်းတော်ကို ထားခဲ့သောကြောင့် လူများ ကမကြောက်ကြချေ။ တပည့်တော် သုံးယောက်ကသူ၏ ဘုန်းကို တေ့ွ မြင်ကြောင်း ဤသို့ တွေ့ရသည်၊ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့၏ ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့် စုံသည် ဖြစ်၍၊ အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပေါ်၌ အဘယ် ခဝါသည်မျှ မတတ်နိုင်အောင် မိုဃ်းပွင့်ကဲ့သို့ အလွန် ဖြူလျက် ရှိ၏။ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက် ရှိ၏။ ထိုအခါ ပေတရုက၊ အရှင်ဘုရား၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတ ဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့ တဆောင်၊ တဲသုံးဆောင်ကို အ​ကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ၏။ တပည့်တော်တို့သည် အလွန် ကြောက် သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့ လျှောက်သတည်း (မာ ၉:၂-၆)။ တမန်တော် ယောဟန်ကသခင်ယေရှုကို ဘုန်းတော်နှင့် ပြန်မြင်သောအခါ သေ မတတ်ကြောက်ခဲ့ကြောင်း (ဗျာ ၁:၁၂-၁ရ) ထဲ၌ တွေ့နိင်သည်။ 

ခရစ်တော် ဤလောကသို့ ကြွရောက် လာခြင်း အကြောင်းရင်းသည် ဘုရားသခင်၏ ပုံပန်းသဏ္ဍာန်ကို ထင်ရှားစေဘို့ ဖြစ်သည်။ သို့သော် သူ့ခေတ်လူများကသာ မြင်ကြ၍ နောက်ပိုင်းလူများ ကမမြင်ကြတော့ချေ၊ သို့သော် ပြသနာ မရှိပါ။ စာရေးဆရာများ ကဝတÎုစာအုပ်၌ ဇတ်ကောင်များကို ပုံဖေါ်၍ ရေးသောအခါ စာဖတ် သူများ စိတ်ကူးယဉ်၌ စွဲလန်းနိင်သည်။ ထိုနည်းတူ ကိုယ်တိုင် ခရစ်တော်ကို မတွေ့ဘူးသော်လည်း ကျမ်းစာ ရေးသောသူများ ကသူ့အကြောင်းရေးထားသော အရာများကို ဖတ်ခြင်းဖြင့် ခရစ်တော်ကို မြင်ရောင်နိင်သည်။ ထိုမှတဆင့် ဘုရားသခင်ကို သိမြင်နိင်သည်။ ဒါဝိဒ်လည်း ဘုရားသခင် မတွေ့ဘူးသော်လည်း ဖန်ဆင်းထားသော အရာများအားဖြင့် ဘုရားသခင်ကို မြင်၍ ချီးမွမ်းခဲ့သည်။ 
 
ယဇ်ကောင် ဖြစ်ဘို့ 

လူသည် ဘုရားသခင် စကား နားမထောင်သောကြောင့် သန့်ရှင်းသော ဘုရားနှင့် မိဿဟာယမဖွဲ့နိင်တော့ဘဲ ဘုရားနှင့် ခွဲခွါခဲ့ရသည်။ သို့သော် မေတ္တာတော် ဘုရားသခင် လူကို ချစ်၍ သူနှင့် ပြန်လည်ပေါင်းစည်းနိင်ဘို့ရန် အခွင့်ကို ပေးသည်။ သို့သော် ထိုသို့ဖြစ်နိင်ရန် ယဇ်ပူဇော်ခြင်းကို သင်ပေးခဲ့သည်။ ဘုရားသခင်သည် ဣသရေလများကို ယဇ်ပူဇော်နည်းများကို ဝတ်ပြုရာကျမ်းထဲ၌ သင်ပေးခဲ့သည်။ ထိုယဇ်များ မှာမီးရှုရာယဇ် (ဝတ် ၁) ဘောဇဉ်ပူဇော်သက္ကာ (ဝတ် ၂)၊ မိဿဟာယယဇ် (ဝတ် ၃)၊ အပြစ် ​ဖြေရာယဇ် (ဝတ် ၄)နှင့် ဒုစရိုက်​ဖြေရာယဇ် (ဝတ် ၅) များဖြစ်သည်။ ထိုအပြင်ပဿခါပွဲ၊ အဇုမ ( တဆေးမဲ့) ပွဲ၊ အဦးသီးပွဲ၊ ပင်တေကုတ္တေ ပွဲ၊ တံပိုးမှုတ်ပွဲ၊ အပြစ် ​ဖြေရာပွဲ၊ တဲပွဲများကိုလည်း ကျင်းပခိုင်းသည်။ အပတ်တိုင်းလည်း သတ္တမနေ့၌ ဥပုသ်စောင့်ခိုင်းသည်။ လဆန်းနေ့တိုင်းလည်း ယဇ်ပူဇော်ရသည်။ ထိုယဇ်များကို နေ့တိုင်း၊ အပတ်တိုင်း၊၊ နှစ်ရှည်လများ ပူဇော် ကြသော်လည်း ထိုအရာများသည် အရိပ်များသာ ဖြစ်သည်။ ထိုကြောင့် စား သောက်ခြင်း အမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက် ဖြစ်လတံ့သောအရာ တို့၏ အရိပ် ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏ (ကော ၂:၁၆-၁ရ)ဟု ပေါလုကရေးခဲ့သည်။ 

ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ ၆ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေ ရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏ (ဟေ ၁၀:၅ -ရ၊ ဆာလံ ၄၀:၆-၈)။ ဤကျမ်းပိုဒ်အရ ခရစ်တော်သည် ယဇ်ကောင် အဖြစ်ပူဇော်ခြင်း ခံဘို့ရန် ဤလောကသို့ ရောက်လာခြင်း ဖြစ်သည်။ ဣသရေလများပူဇော်ခဲ့ သမျှသော ယဇ်ပူဇော်ခြင်းများကို လက်ဝါးကပ်တိုင်တော်၌ အသေခံခြင်းဖြင့် ပြည့် စုံ စေခဲ့ပြီ။ သို့သော် ယနေ့ များစွာသော လူများသည် ထိုခရစ်တော်၏ ယဇ်ပူဇော်ခြင်းများကို မသိသောကြောင့် အကျိုးလည်း မခံစားရကြချေ။ 
 
အပြစ် ယူတင်ဆောင်ရွက်ဘို့ 

ဘုရားသခင်သည် ဣသရေလ လူများအား နှစ်စဉ်နှစ်တိုင်း သူတို့၏ သတ္တမ လ တည်းဟူသော ဤငျ့မင လ (သတင်း ​ကျွတ်လ)တွင် အပြစ် ​ဖြေရာနေ့ကို ကျင်း ပခိုင်းသည်။ ဘုရားသခင်က၊ ထိုသို့ သန့်ရှင်းရာ ဌာနတော် အဘို့၊ ပရိသတ်စည်း ဝေးရာတဲတော် အဘို့၊ ယဇ်ပလ္လင်အဘို့ အပြစ် ​ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။ အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ် မှာလက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလ အမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသော အပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော် လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။ သူတို့ အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည် (ဝတ်ပြု ၁၆:၂၀-၂၂) ဟုဆိုသည်။ ထိုအရာသည် အရိပ် ဖြစ်သည်။ 

ပရောဖက် ဟေရှယအားဖြင့်လည်း ဤသို့ ဆိုသည်၊ ငါတို့ ရှိသမျှသည် သိုး ကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်တင်တော်မူ၏ (ဟေရှယ ၅၃:၆)။ ပရောဖက် ဟေရှယသည် နောင်၌ ခရစ်တော် ကလူများ၏ အပြစ် အားလုံး ယူတင်ဆောင်ရွက်မည့် အရာကို ဗျာဒိတ်ပြုခြင်း ဖြစ်သည်။ 

ထိုအရာကို ဗတ္တိဇံယောဟန်က၊ နက်ဖြန်နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ ဟုဆိုခဲ့သည် (ယော ၁:၂၉)။ ထိုအချိန်၌ ခရစ် တော်သည် ဤလောက၏ အပြစ် အတွက် အသေမခံရသေးချေ။ ယောဟန်ကကြို တင်မြင်၍ ပြောခြင်း ဖြစ်သည်။ 

ထိုအရာကို ရှင်ပေါလုက၊ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း(၂ ကော ၅:၂၁) ဟုဆိုသည်။ ခရစ်တော် ဤလောကသို့ ကြွလာခြင်းသည် မိတ်ဆွေ၏ အပြစ်များယူတင်ဆောင် ရွက်ဘို့ ဖြစ်သည်။ ယူတင်ဆောင်ရွက်ခဲ့ပြီး သောကြောင့်လည်း အပြစ် အခသေခြင်း ခံခဲ့ရပြီ။ သို့သော် ထိုအရာကို မသိ၊ မယုံကြည်လျှင် မည်မျှပင်ခရစ္စမတ်ပွဲကို ကျင်းပ ကျင်းပအချည်းနှီးသာ ဖြစ်သည်။ မိတ်ဆွေ၏ အပြစ် ပြသနာ မ​ဖြေမရှင်းမခြင်း ဘုရားသခင်၏ အမျက်ဒေါသကို ခံ၍ စိတ်ပျော်ရွှင်နိင်မည် မဟုတ်။ ထို့ကြောင့် ခရစ်တော် ဆောင်ရွက်ခဲ့ပြီးသောအရာကို လက်ခံယုံကြည်ဘို့ လိုသည်။ ယခုနှစ် ခရစ္စမတ်ပွဲကို အပြစ် မပါဘဲ ကြိုဆို ကျင်းပနိင်ဘို့ ဘုရားသခင်က မိတ်ဆွေ၏ ဝိညာဉ် မျက်စိကို ဖွင့် ပေးတော်မူပါစေသော်။ 
 

ဆုတောင်း ကြစို့
ဘာသာတရားတိုင်း၌ ဆုတောင်းခြင်းရှိကြသည်။ ခရစ်ယာန်နှင့် အခြားသော ဘာသာများ၏ အဓိကထူးခြားချက်မှာ၊ အခြားသော ဘာသာ၌ ဆုတောင်းခြင်းသည် သူတို့ ဘုရားများကခိုင်း၍ မဟုတ်၊ ထိုမျှသာမက တောင်းသော ဆုကို ပေးမည်ဟူ၍ ကတိပေးခြင်း မရှိ။ ခရစ်ယာန်များမူထာဝရဘုရားကဆိုတောင်းဘို့ရန် သွန်သင်သည်၊ တောင်းစေချင်သည်၊ တောင်းလျှင် အ​ဖြေပေးမည်ဟူ၍လည်း ဂတိ ပေးထားသည်။ သို့သော် ခရစ်ယာန် များသည် ဆုမတောင်းကြသည်ကို အံ့ဩဘွယ် တွေ့ရသည်။ 
 
အဓိပ္ပါယ်

မြန်မာစကား၌ ဆုတောင်း ဟုဆိုသောအခါ တောင်းခြင်းကိုသာ စိတ်ထဲ၌ စွဲ လန်းနိင်သည်။ အမှန်မှာ ဆုတောင်းခြင်း ဆိုသည်မှာ ထာဝရဘုရားနှင့် စကားပြောခြင်း ဖြစ်သည်။ လိုချင်သော အရာများကိုသာ တောင်းလျှောက်ခြင်း မဟုတ်ဘဲ ယုံ ကြည်သူ သားသမီး များသည် ဘခင်နှင့် စကားပြောခြင်း ဖြစ်သည်။ ထို့ကြောင့် ဆု တောင်းခြင်း၌ မိမိ ခံစားချက် များ၊ အလိုဆန္ဒများကိုလည်း အဘ ဘုရားသခင်ကို အသိပေးခြင်း ဖြစ်သည်။ ထိုမျှသာမက ဘုရားသခင်၏ ဂုဏ်တော်၊ ကျေးဇူးတော်များကိုလည်း ချီးမွမ်းခြင်း ဖြစ်သည်။ 
 
ခရစ်တော်က ဆုတောင်း စေချင်သည် 

ခရစ်တော်က ယုံကြည်သူများဆုတောင်း ဘို့ရန် သင်ပေးရုံသာမက အ လွန်တောင်းစေချင်သည်။ ခရစ်တော်က၊ တောင်းကြလော့။ တောင်းလျှင် ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည် ကားရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။ သားသည် မုန့်ကို တောင်းလျှင် မိမိသားအား ကျောက်ကို ပေးမည့်သူ၊ ငါးကို တောင်းလျှင် မြွေကို ပေးမည့်သူ တစုံတယောက်မျှ သင်တို့တွင် ရှိသလော။ သင်တို့သည် အဆိုး ဖြစ်လျက် ပင်ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။ ဟုဆိုထားသည် (မ ရးရ- ၁၁)။ ခရစ်တော် ကိုယ်တိုင် ကထိုမျှလောက် ဆုတောင်း စေချင်သော်လည်း အံံံံံ့ဩဘွယ်ကောင်းသည်မှာ ယုံကြည်သူများက ဆုတောင်းခြင်းကို ခက်ခဲ နေကြခြင်း ဖြစ်သည်။ 

တဖန် ခရစ်တော်က ယုံကြည်သူများဆုတောင်း စေချင် လွန်းသောကြောင့် ဥပမာနှင့် ဤကဲ့သို့ သွန်သင်သွားခဲ့သည်။ သင်တို့တွင် တစုံတယောက်သောသူ၌ အဆွေခင်ပွန်းရှိသည် ဖြစ်၍၊ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့ သွားပြီးလျှင်၊ အဆွေ၊ အ​ကျွန်ပ်အဆွေခင်ပွန်းတယောက်သည် ခရီး မှလာ၍ အ​ကျွန်ပ်ထံသို့ ရောက်ပါပြီ။ သူ့ကို ကြွေးစရာ မရှိသောကြောင့် မုန့်သုံး လုံးချေးနှင့်ပါ ဟုဆိုသော်၊ အိမ်ရှင်ကလည်း၊ ငါ့ကို မနှောင့်ရှက်နှင့်။ တံခါးပိတ်လျက် ရှိ၏။ ငါ့ သားသမီးတို့သည် ငါနှင့် အိပ်လျက် ရှိကြ၏။ ငါထ၍ သင့်အား မပေး နိင်ဟု အိမ်ထဲမှပြန်ပြောသည် အရာမှာငါဆိုသည်ကား၊ အဆွေခင်ပွန်း ဖြစ်သည်ကို ထောက်၍ မထ၊ မပေးသော်လည်း၊ အား မလျော့ဘဲ တောင်း၍ နေသောကြောင့် ထ၍ လိုချင် သမျှကို ပေးလိမ့်မည်။ (လု ၁၁:၅-၈) 

တဖန် ခရစ်တော်က၊ လူတို့သည်အား မလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာအားဖြင့် မိန့်တော်မူသည်ကား မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအား မနာတတ်သော တရားသူကြီး တယောက် ရှိ၏။ ထိုမြို့၌ နေသော မုဆိုးမတယောက်သည် တရားသူကြီးထံသို့ သွား၍ ​ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ် အလျောက်ဒါဏ်စီရင်ပါဟု တောင်းပန်သော်လည်း တရားမစီရင်ဘဲ ကြာမြင့်စွာ နေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအား မနာတတ်သောသူ ဖြစ်သော်လည်း၊ ဤမုတ်ဆိုးမသည် ငါ့ကို နှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။ မတရားသော ထိုတရားသူကြီး၏ အကြံကို မှတ်ကြလော့။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ ဘက်၌ တရားမစီရင်ဘဲ နေတော်မူ မည်လော။ ကြာမြင့်စွာသည်း ခံတော်မူ မည်လော။ ငါဆိုသည်ကား သူတို့ ဘက်၌ အလျှင်အမြန် တရားစီရင်တော်မူမည် ဟုဆိုခဲ့သည် (လု ၁၈:၁-၈)။ ဤမျှလောက် ဆုတောင်း စေချင်သော သခင်၏ အလိုတော်အတိုင်း နေ့ညမပြတ် ဆုတောင်း ကြစို့။ 
 
၀မ်းမြောက်စရာ စုံလင်ဘို့ 

ခရစ်တော်က၊ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။ ဟုဆိုသည် (ယော ၁၆:၂၄)။ ယုံကြည်သူများဝမ်းမြောက် လိုလျှင် ဆုတောင်းရမည်။ ဆုမတောင်းသောကြောင့် ဝမ်းမြောက်ခြင်း မရှိနိင်။ ထိုအခါ ဝမ်းမြောက်ခြင်းကိုလောက နည်းအားဖြင့် ရှာကြံ တတ်ကြသည်။ ကိုယ်ကာယတပ်မက်မှု အလိုလိုက်ခြင်း အားဖြင့်၎င်း၊ ငွေ​ကြေးရှာဖွေ ရရှိခြင်း အားဖြင့်၎င်း၊ အပျော်အပါး အမျိုးမျိုး အားဖြင့်၎င်း၊ အသောက်အ စားအားဖြင့်၎င်းရှာဖွေ တတ်ကြသည်။ ထိုအခါ ခဏတာမျှပျော်ရွှင်သော်လည်း နောက်ဆုံး၌ ဝမ်းနည်း ကျေကွဲခြင်းဖြင့် အဆုံးသတ်တတ်သည်။ 
 
ခရစ်တော် ကိုယ်တိုင် ဆုတောင်းသည် 

ခရစ်တော်သည် ယုံကြည်သူများသာ ဆုတောင်း ဘို့ရန် တိုက်တွန်းသည် မဟုတ်။ သူကိုယ်တိုင်လည်း ဆုတောင်း တတ်ကြောင်း ဤသို့ တွေ့ရသည်။ ငါးထောင် မကသော လူများတို့ကို အစာကျွေးပြီး နောက်၊ ယေရှုသည် စည်းဝေးသော သူတို့ကို လွှတ်တော်မူ စဉ်တွင် တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတဖက်သို့ အရင်ကူးစေတော်မူ၏။ စည်းဝေးသော သူတို့ကို လွှတ်ပြီးမှ ဆုတောင်း ပဌနာ ပြုအံ့သောငှါ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့် ညဥ့်အချိန်ရောက်သောအခါ တယောက် တည်းရှိနေတော်မူ၏ဟု တွေ့ရသည် (မ ၁၄:၂၂-၂၃)။ 

ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည်ဟု ိအရပ်သို့ သွား၍ ဆုတောင်း စဉ်တွင် ဤအရပ်၌ ထိုင် နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ၃၇ ပေတရုနှင့် ဇေဗေဒဲ၏သား နှစ်ယောက်တို့ကို ခေါ် သွား၍၊ နှလုံးမသာစိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။ ၃၈ ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန် ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူ စောင့်၍ နေကြလော့ဟု တပည့်တော် သုံးယောက်တို့အား မိန့်တော်မူ၍၊ ၃၉ ထိုမှအနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍ အ​ကျွန်ုပ် အဘ၊ ဤခွက်သည် အ​ကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အ​ကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။ (မ ၂၆:၃၆-၃၉) 

ကိုယ်တော်သည် တောအရပ်သို့ ကြွ၍ ဆုတောင်း လေ့ရှိတော်မူ၏။ (လု ၅:၁၆) ခရစ်တော်သည် တောအရပ်သို့ သွားလျက် ဆုတောင့်လေ့ရှိသည် ဟုဆိုသည်။ ထိုအရာသည် တခါ မဟုတ်၊ သူလုပ်လေ့ရှိသောအရာ ဖြစ်သည်။ တမန်တော်များကို ရွေးကောက်မည့် အချိန်၌လည်း တောင်ပေါ်သို့ တက်၍ ခ မည်းတော်ထံ ဆုတောင်းကြောင်း ဤသို့ တွေ့ရသည်၊ ၁၂ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်း ပဌနာ ပြုခြင်းငှါ တောင်ပေါ်သို့ ကြွ၍ ဘုရားသခင်အား ဆုတောင်း ပဌနာ ပြုလျက် တညဉ့်လုံးနေတော်မူ၏။ ၁၃ မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊ ၁၄ ပေတရုအမည်သစ်ကို ရသော ရှိမုန်နှင့် သူ့ညီအနြွှေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသော လမဲ၊ ၁၅ မဿဲနှင့်သောမ၊ အာလဖဲ၏သား ယာကုပ်နှင့် ဇေလုပ်ဟု ခေါ်ဝေါ်သော ရှိမုန်၊ ၁၆ ယာကုပ်၏ ညီယုဒနှင့် ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ် တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော် အမည်ဖြင့် သမုတ်တော်မူ၏။ (လု ၆:၁၂-၁၅) ခရစ် တော်သည် ခမည်းတော်နှင့် အစဉ် ဆုတောင်းခြင်းအားဖြင့် မိဿဟာယဖွဲ့ လေ့ရှိသည်။ ခရစ်တော် ပင်လျှင် ထိုသို့ ဆုတောင်းလျှင် ယုံကြည်သူများသည် သာ၍ ဆုတောင်းဘို့ လိုသည်။ 
 
ပေတရု လွတ်မြောက်

ယုံကြည်သူများဆုတောင်းသောအခါ ဘယ်အရာများ ဖြစ်သနည်းဟူသောအရာကို ကျမ်း၌ ဤသို့ တွေ့ရသည်၊ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲခြင်းငှါ စီရင်၍၊ ၂ ယောဟန်၏ အစ်ကို ဖြစ်သော ယာကုပ်ကို ထားနှင့် ကွပ်မျက်လေ၏။ ၃ ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်းရှိသည်ကို မြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန် ထပ်၍၊ ၄ ပေတရုကိုလည်း ဘမ်းဆီးပြီးမှပသခါပွဲလွန်လျှင် လူများတို့ အားထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲတကျိန် ​ခြောက်ယောက်တို့၌ အပ်၍ ထောင်ထဲမှာလှောင်ထားလေ၏။ ၅ ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင် သူတို့သည် သူ့အဘို့ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်း ပဌနာ ပြုကြ၏။ ၆ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့ အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့် နေကြ၏။ ၇ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင် အမြန် ထလော့ ဟုဆိုလျက် ထစေ၏။ သံကြိုးသည်လည်း ပေတရုလက် မှ​ကျွတ်လေ၏။ ၈ ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ​ခြေ နင်းကိုလည်း စီးလော့ ဟုဆိုလျှင်၊ ဆိုသည် အတိုင်း ပေတရုပြု၏။ ဝတ်လုံကို +ခုံ၍ ငါ့နောက်သို့ လိုက်လော့ ဟုဆိုပြန်၏။ ၉ ပေတရုသည် ထွက်၍ လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သော အမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟု ထင်လေ၏။ ၁၀ လူစောင့်နှစ်တန်ကို လွန် သွား၍ မြို့ထဲသို့ ဝင်သော သံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည် ထွက်၍ လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှခွာ၍ သွားလေ၏။ (တ ၁၂:၁-၁၀)။ ယုံကြည်သူများကသာ ဆုမတောင်းပေးခဲ့လျှင် ပေတရုသည် အသေခံ နိင်သည်။ 
 
ပေါလုနှင့် သိလ

ပေါလုနှင့် သိလတို့လည်း နေ့ခင်းပိုင်း၌ အရိုက်ခံရ၍ ထို့နောက်ထောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ခြင်း ခံရစဉ်ညသန်းခေါင်အချိန်၌ ဆုတောင်းကြောင်း ဤသို့ တွေ့နိင်သည်။

ထိုနောက်မှ ငါတို့သည် ပဌနာ စရပ်သို့ သွားစဉ်တွင် နတ်ဝင် ဖြစ်၍ အနာ ဂတ်ကို ဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ် တယောက်သည် ငါတို့ကို ဆီးကြိုလေ၏။ ၁၇ ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့ နောက်သို့ လိုက်၍၊ ဤ သူတို့ ကား အ​ကျွတ်တရားလမ်းကို ငါတို့အား ဟောပြော ပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ​ကျွန် ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။ ၁၈ ထိုသို့ အဖန် များစွာ ပြုသောကြောင့် ပေါလုသည် စိတ်မသာလျက် လှည့် ကြည့်၍၊ သင်သည် သူ၏ အထဲမှ ထွက်သွားလော့၊ ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကို ဆိုသော ခဏခြင်းတွင် နတ်သည် ထွက်သွား၏။ ၁၉ သူ၏ သခင်တို့သည် နောက်တဖန် စီးပွား ဖြစ်လိမ့်မည်ဟု မျှော်လင့်စရာ အကြောင်း မရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင်၍ ရုံးတော်သို့ ပို့ကြ၏။ ၂၀ စစ်ကဲမင်းထံသို့ ရောက်သောအခါ ဤ သူတို့သည် ယုဒ လူဖြစ်လျက် ငါတို့ မြို့ကို နှောက်ရှက်တတ်ပါ၏။ ၂၁ ရောမလူ ဖြစ်သော ငါတို့သည် မခံမယူမကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင်တတ်ပါ၏ဟု လျှောက်ဆိုကြလျှင်။ ၂၂ စုဝေးသော သူတို့သည် သူတို့ တဘက်၌ တပြိုင် နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကို ချွတ်၍ ကြိမ်လုံးနှင့် ရိုက် စေခြင်းငှါ စီရင်ကြ၏။ ၂၃ ရိုက်၍ ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာ စောင့်စေဟု ထောင်မှူးကို မှာလိုက်၍ ထောင်ထဲမှာလှောင်ထားကြ၏။ ၂၄ ထိုသို့ မှာလိုက်သည် အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာလှောင်၍ ထိတ်ခတ်လျှက် ထား၏။ 

၂၅ သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် နားထောင် ကြ၏။ ၂၆ ထိုခဏခြင်းတွင် မြေကြီးသည် ပြင်းစွာ လှုပ်သောကြောင့် ထောင်​ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်း ပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။ ၂၇ ထောင်မှူးသည် နိုး၍ ထောင် တံခါးများ ပွင့်လျက် ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့် ထားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကို သတ်မည်ပြုလေ၏။ ၂၈ ပေါလုကလည်း၊ ကိုယ်ကို အပြစ် မပြုနှင့်။ ငါတို့ အပေါင်းသည် ရှိကြ၏ဟု ကြီးသော အသံနှင့် ဟစ်၍ ပြောဆို၏။ ၂၉ ထောင်မှူးသည် ညှိထွန်းသော မီးကို တောင်းပြီးမှပြေးဝင်၍ ပေါလုနှင့် သိလတို့၏ ​ခြေရင်း၌ တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။ ၃၀ သူတို့ကို ပြင်သို့ ထုတ်ပြီးလျှင် လည်း၊ သခင်တို့၊ အ​ကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။ ၃၁ ထို သူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ယုံကြည်လျှင် သင်နှင့် သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက် ကြလိမ့်မည်ဟု ပြောဆိုလျက်၊ ၃၂ ထို သူတို့ မှစ၍ သူ၏ အိမ်၌ ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။ ၃၃ ထိုညဉ့်အချိန် နာရီ၌ ပင်၊ ထောင်မှူးသည် ပေါလုနှင့် သိလတို့ကို ယူ၍ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကို ချက်ခြင်း ခံလေ၏။ ၃၄ တဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်​ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ (တမန် ၁၆:၁၆-၃၄) 

ပေါလုနှင့် သိလတို့သည် ဆုမတောင်းခဲ့သည် ရှိသော် ဘုရားသခင်က ကယ်တင်ချင်မှ ကယ်တင်မည်။ အစဉ်ပြေနေချိန်မှသာ ဆုတောင်းဘို့ မဟုတ်ဘဲ ဒုက္ခ ရောက်နေချိန်၌လည်း ဆုတောင်းရမည်။ ထိုကြောင့် ရှင်ပေါလုက၊ မခြားမ လပ် ဆုတောင်း ပဌနာ ပြုကြလော့။ ၁၈ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏ (၁ သက် ၅:၁ရ- ၁၈)ဟု ရေးခဲ့သည်။ 
  
 
အရှေ့အလယ်ပိုင်းသတင်း 

တကမ္ဘာလုံး၏အချိန် နာရီ ဖြစ်သော အစ္စရေးနိင်ငံနှင့် အိမ်နီးချင်းအာရပ်နိင်ငံများသည် အလျှင်အမြန် ပြောငး်လဲနေသည်။ ထိုနေရာကို မျက်​ခြေမပြတ် ကြည့် ရှုဘို့ လိုသည်။ ကျမ်းစာ ကအစ္စရေးနိင်ငံသည်လောကီနိင်ငံအားလုံး ကဆန့်ကျင် မည်ဟု ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည် (ဇာခရိ ၁၂:၃)။ ယခုအခါ ပါလက်စတင်းများကို ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၌ အသင်းဝင် မဟုတ်၊ လေ့လာသူအဆင့်၌ လက်ခံ ပြီ ဖြစ်သည်။ အစ္စရေးနိင်ငံကလည်း ယေရုရှလင်မြို့အရှေ့ခြမ်းတွင် အိမ်ယာ ၃၀၀၀ ဆောက်ဘို့ရန် ပြင်ဆင် နေသည်။ ထိုအရာကို တကမ္ဘာလုံးကကန့်ကွက် ကြသည်။ 

ဆီးရီးယားနိင်ငံသည်လည်း ပြည်တွင်း စစ်နှစ်နှစ် နီးပါးရှိပြီ။ ယခုအခါ အာဆဒ်အစိုးရသည် ဓါတုဗေဒစစ်လက်နက် အသုံးပြုနိင်ကြောင်း အနောက် နိင်ငံများက စိုးရိမ် တကြီးနှင့် စောင့်နေချိန် ဖြစ်သည်။ အကယ်၍ ဓါတုဗေဒစစ် လက်နက်ကို အသုံးပြုပါက အနောက်အုပ်စုကစစ်ရေးအရဝင်စွပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ ဆီးရီးယားနိင်ငံနှင့် ပါတ်သက်၍ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ဒမာသတ်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့၊၊ ဒမာသတ်မြို့သည် မြို့မ ဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏၊၊ ၂ အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည် ပိုင်၍၊ အဘယ်သူမျှ မမောင်းဘဲ အိပ်ကြလိမ့်သည်။ ၃ ဧဖရိမ်ပြည်၌ မြို့မရှိရ၊၊ ဒမာသတ်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာ မရှိရ၊၊ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းသရေကဲ့သို့ဖြစ်ရကြလိမ့် မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏ (ဟေရှယ ၁ရး၁-၃)။ ဤပရောဖက် ပြုချက် ပြည့်စုံဘို့ရန် ဖြစ်နိင်သည်။ 
 

အသင်းတော်သတင်းများ

Battle Creek Campaign

နိဝဘ်ာလ ၂၃မှ ၂၅ ရက်နေ့အထိ Michigan ပြည်နယ်၊ Battle Creek  မြိ့ရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်မှ ပြုလုပ်သော Campaign ကို ဘုရားသခင်၏ ဝိညာဉ်တော် ဦးဆောင်ခြင်းအားဖြင့် အောင်မြင် စွာ ပြုလုပ် နိင် ခဲ့ပါသည်။ Battle Creek မှလူ ၈၀ ခန့်၊ Indianapolis, CGB မှ ၁၆ယောက်၊ Chicago မြို့မှ ယုံကြည်သူ ညီအစ်ကို ​ခြောက်ယောက်၊ Atlanta, GBC မှ Saya Joshua, Saya Lante အပါအဝင် စုစုပေါင်း၁၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ ရှိသမျှ အချိန်ကို ကျမ်းစာ သင်တန်းများအားဖြင့် အသုံးပြုကြပါသည်။ Saya Joshua က ကယ်တင်ခြင်း သင်တန်း၊ Saya Moses က ခရစ်ယာန် အသက်တာသင်တန်း၊ Sayama Hannah က ခလေးများ၊ Saya Lante က အလယ်တန်းအဆင့်ငါးယောက်သင်တန်းပေးကြပါသည်။ ဆရာယောရှုအ တန်းမှလူငယ်အချို့တို့သည် ကယ်တင်ခြင်း စိတ်ချမှု ရရှိဘို့ အလွန် စိတ်ပြင်းပြသဖြင့် စနေနေ့ညတွင် ဆရာယောရှုကို နံနက် ၄ နာရီ အထိ မေးမြန်းကြသည်ဟု သိရသည်။ တနင်္နွေနေ့ဝတ်ပြုစည်းဝေး ပြုလုပ်သောအခါ ကယ်တင်ခြင်း စိတ် ချမှု ရရှိသွားသော လူငယ်များ မျက်ရည်မျက်ခွက်နှင့် စကား ပင်​ဖြောင့်စွာ မပြော နိင်ဘဲ သက်သေခံကြပါသည်။ ထိုကဲ့သို့ ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက် ရှိခြင်းနှင့် နိုးကြားခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ လုပ်ဆောင်မှု ဖြစ်ပါသ်ည်။ ထိုသို့ သန့်ရှင်းသောဝိညာဉ်တော် လှုပ်ရှားဘို့ရန် နှစ်ဆယ့်လေးနာရီ ဆုတောင်းသောသူများရှိကြသည်။ ဝိညာဉ်တော် ကမတို့ ထိလျှင် လူ့စိတ်နှလုံးသည် အလွန် ခိုင်မာသည်။ ထို့ကြောင့် ဆုတောင်းခြင်းကို အဆက်မပြတ် ပြုလုပ် ကြပါစို့။ 
 
 
 
 
 
 
 
 
 
 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG