GOODNEWS
  HOME  GOODNEWS  2012 OCT
 


အမှာစာ
 
ယခုလအတွက် စာစောင်ထုတ်နိင်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။ ယခုလနှင့် ယခင်လ၌ စာမူအားဖြင့် ပါဝင်ကြသောသူများကို ကျေးဇူးတင်လိုပါသည်။ ဤစာစောင်ကို ဖတ်ရှုခြင်းအားဖြင့် ခွန် အားရရှိသောသူများလည်း သက်သေခံခြင်း စာများကို ပေးပို့စေချင် ပါသည်။ စာရှုသူ များ၏ ခံစားချက်ကို မသိသောအခါ မည်သည့်အရာများကို ရေးရမှန်း မသိ ဖြစ်ရပါသည်။ ထိုကြောင့် စာရှု သူများထံမှ တုန့်ပြန်စာများကို အလွန် မျှော်လင့်ပါသည်။ ရေးစေလိုသော အကြောင်း အရာများရှိလျှင်လည်း စာအားဖြင့် ဖြစ်စေ၊ ဖုန်းအားဖြင့် ဖြစ်စေအကြောင်း ကြားနိင်ပါသည်။ 

ကျမ်းစာ ကိုလည်း ဖတ်ကြပါစို့။ ယုံကြည်သူများ၌ ကျမ်းစာဖတ်ရှုခြင်း မရှိသောကြောင့် ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်ခြင်း မရှိနိင်ချေ။ ကျမ်းစာနှင့်အတူ ခရစ်ယာန် စာပေများကိုလည်း တတ်နိင်သမျှ ဖတ်ရှုကြဘို့ရန် တိုက်တွန်း လိုပါသည်။ စာအုပ်များနှင့် စီဒီများကိုလည်း ဝယ်ယူကြစေချင်သည်။ ကိုယ်ခန္ဓာနှင့် စိတ်အတွက် သာအချိန် ဘဏ္ဍာနှင့် စွမ်းအားများကို အားလုံး မသုံးကြဘို့ အကြံပေးလိုပါသည်။ ကိုယ်ခန္ဓာသည် မည်မျှပင်ဂရုစိုက်စိုက်တနေ့ထက် တနေ့ အိုမင်းရင့်ရော်လာသည်။ သို့သော် တနေ့တခြား တိုးတက်နိင်သော မိမိဝိညာဉ် အတွက်အချိန် ဘဏ္ဍာနှင့် စွမ်းအားများကို အသုံးပြုကြပါစို့။ ဝိညာဉ်ရေးရာ အတွက် မည်မျှသုံးစွဲရဲသနည်း။ မည်သည့်အရာမဆို အစာကျွေးလျှင် ကြီးထွား၍ အားရှိလာသည်။ အစာငတ်ခံစေလျှင် အားနည်း၍ သေနိင်သည်။ ထိုကြောင့် မိမိဝိညာဉ်ကို သနားသောအားဖြင့် ဂရုစိုက်ကျွေးမွေးကြပါစို့။ 
 

ဤစာစောင်၌...

အချိန် နီးပြီ
 
သုံးပါးတစ်ဆူဘုရား 
 
ဇာတိနှင့် ဝိညာဉ် 
 
အခက်အခဲ ပြသနာ ​ ဖြေရှင်း ပုံ​ ဖြေရှင်း နည်း
 
နောက်ဆုံးပေါ် စာတန် 
 
အချိန် နီးပြီ
Rev. Moses R. Cung


ခရီး သွားသောအခါ လမ်းဘေး၌ ချိတ်ထားသော ဆိုင်းဘုတ်များနှင့် မြေပုံကြည့်တတ် သကဲ့သို့ ဝိညာဉ် ခရီး သွားရာတွင် မြေပုံ တည်းဟူသော ကျမ်းစာနှင့် ဆိုင်းဘုတ် တည်းဟူသော ကမ္ဘာ့ အဖြစ်အပျက်များကို ကြည့်တတ်ဘို့ လိုသည်။ ယခု ဇာခရိ ၁၂ နှင့် ကမ္ဘာ့ အဖြစ်အပျက်ကို ကြည့်ကြပါစို့။ 
 ဇာခရိ ၁၂း၁-၁၀


၁။ ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော၊ မိုဃ်းကောင်း ကင်ကို ကြပ်၍ မြေကြီး တိုက်မြစ်ကို ချတော်မူ ထသော၊ လူအထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊

ဘုရားသခင်က သူ့ကိုယ်သူမိတ်ဆက်သောအခါ ဖန် ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်စိုးပိုင်ကြောင်း ဖေါ်ပြသည်။ ထိုကြောင့် ကမ္ဘာ့ အဖြစ်အပျက်များသည် သူ၏ အကြံအစည်အတိုင်း ဖြစ်လာမည်။ မယုံမရှိဘို့ အထက်ပါကဲ့သို့ မိတ်ဆက်ခြင်း ဖြစ်သည်။ 
 
၂။ ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။

ဘုရားသခင်က ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော အာရပ်၊ မူစလင်နိင်ငံများအတွက် တုန်လှုပ်စေသော ဖလား ဖြစ်စေပြီ။ တုန်လှုပ်စေသော ဟုဆိုသည်ထက် ဒယိမ်းဒယိုင် ဖြစ်စေသော (မနနူငညါယ ျအ​ေါါနမငညါ) ဟုဆိုလျှင် ပို၍ မှန်မည်။ ဖလားထဲ၌ ရှိသော စပျစ်ရည်သောက်၍ မူးမှဒယိမ်းဒယိုင် ဖြစ်နိင်သည်။ ယေရုရှလင်မြို့အနောက်ခြမ်းသည် ၁၉၄၈ ခုနှစ်မှစ၍ အစ္စရေးနိင်ငံ၏ မြို့တော် ဖြစ်သည်။ ၁၉၆ရ ခုနှစ် ၆ ရက်ကြာစစ်ပွဲတွင် အရှေ့ခြမ်းကိုလည်း အစ္စရေးကသိမ်းလိုက်သည်။ ယေရုရှလင် မြိို့သည် အာရပ်နိင်ငံများ မကအနောက်အုပ်စုနိင်ငံများ ကပါအမြဲ ဆွေးနွေးရသော မြို့ ဖြစ်နေပြီ။ အစ္စရေးများက သူတို့၏ မြို့တော်ဟု သတ်မှတ်သော်လည်း ကမ္ဘာနိင်ငံများက သူတို့၏ မြို့တော် အဖြစ်အသိအမှတ်မပြုလိုကြ။ အကြောင်းမှာ မြို့၏ အရှေ့ခြမ်းကို ပါလက်စတင်းများ၏ အနာဂတ်မြိ့တော် အဖြစ်ရာထား ကြသည်။ စက်တဘ်ာလအတွင်း ပြုလုပ်သောီနာသခမအေငခ စမေအပ များ၏ ဃသညလနညအငသည၌လည်း ထိုအကြောင်း အရာကို အဓိက ဆွေးနွေး ကြသည်။ အထက်ပါ ကျမ်း ပိုဒ်၌ ယေရုရှလင်ကို ဝိုင်းထားမည် ဟုဆိုသည်။ ထိုအရာသည် ယေရုရှလင်ကို တိုက် ခိုက်မည့် အရာကို ဆိုလိုသည်။ များမကြာမှီ ယေရုရှလင်ကို တိုက်ခိုက် ကြတော့မည် ဖြစ်သည်။ ထိုသို့ တိုက်သောအခါ ယုဒပြည် တည်းဟူသော အစ္စရေးတနိင်ငံလုံး ကိုလည်း တိုက်ခိုက်မည် ဖြစ်သည်။ 
 
၃။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။

ဘုရားသခင် ပြောထားသည့်အတိုင်း၁၉၄၈ ခုနှစ်မှစ၍ ယေရုရှလင်မြို့သည် လေးသော ကျောက် တည်းဟူသော ပြသနာ ကြီးသော မြို့ ဖြစ်နေပြီ။ နှစ် ပေါင်း၆၄ နှစ်ရှိပြီ၊ ယေရုရှလင်မြို့အကြောင်းသည် အေးသွားသည် မရှိ၊ ပြသနာ ဖြစ်နေပြီ။ ထိုမြို့အကြောင်း ဆွေးနွေးသော တိုင်း နိင်ငံနှင့် ပုဂ္ဂိုလ်တိုင်း ပြသနာ အကြီး အကျယ်တွေ့ကြရသည်။ အမေရိကန်ပြည် ထောင်စုလည်း ထိုမြို့အကြောင်း မကြာခဏနွေးသောကြောင့် သဘာဝ ဘေးရန်များ မကြာခဏကြုံတွေ့ ရသည်။ ဥရောပနိင်ငံများလည်း ယေရုရှလင်မြို့အရှေ့ခြမ်းသည် ပါလက်စတင်းများ၏ မြို့တော် ဖြစ်ရမည်ဟု ၂၀၀၉ ခုနှစ်တွင် ဆုံးဖြတ်ချက် ချကြသောကြောင့် ၂၀၁၀ ခု နှစ်တွင် အိုက်စလင်မီးတောင်ပေါက်ကွဲခြင်းဖြင့် နှစ်ပတ်လေယဉ်ပျံများ ပျံသန်းခြင်း မပြုနိင်ဘဲ ရပ်တန့်ခဲ့ ကြသည်။ ထို့အပြင် ယူရိုငွေ​ကြေးလည်း တန်ဘိုး ကျကာစီးပွားရေး အလွန် ကျဆင်းနေသည်။ 

ဘုရားသခင်က၊ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့ တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ ဟုဆိုထားသည်။ လောကီသား အမျိုးမျိုး မဟုတ်ဘဲလောကီနိင်ငံအားလုံး ကဆန့်ကျင်မည်။ ယခုအခါ အစ္စရေးနိင်ငံကို ဆန့် ကျင်သော နိင်ငံသည် တနေ့တခြား များပြားသည်။ အမေရိကန်ပြည် ထောင်စုသည် အစ္စရေးဘက်၌ မားမားမတ်မတ်ရပ်တည်သော်လည်း ယခုအခါ အီရန်နိင်ငံကို တိုက်ခိုက် မည့် ကိစ္စ၌ အမေရိကန်ကမကူညီဘဲ အထီးကျန်ထားခဲ့ပြီ။ သမတ အိုဘားမားသည် အစ္စရေးနိင်ငံကို မကူညီချင်ပေ။ အကြောင်းမှာ သူသည် အပြင်၌ ခရစ်ယာန် ဖြစ်သော်လည်း အတွင်း၌ မူစလင် ဖြစ်သည်။ ထို့ကြောင့် မူစလင် အာရပ်နိင်ငံများကို ကူညီလိုသည်။ သို့သော် အမေရိကန်လူထုအများစုက အစ္စရေးနိင်ငံကို ကူညီချင် သောကြောင့် လူထုကို မဆန့်ကျင် နိင်၍ သာကူညီနေရသည်။ သို့သော် အီရန်ကိစ္စ၌ မကူညီဟု စက်တဘ်ာလအတွင်း၌ ကျေညာခဲ့ပြီ။ ထိုကြောင့် အစ္စရေးနိင်ငံသည် ဘုရားသခင် ဘက်၌ ဦးလှည့်ဘို့ လိုလာသည်။ 
 
၄။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်း မောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသားတို့၌ ရှိသ မျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။

ကျမ်းစာ အရအစ္စရေးသည် အိမ်နီးချင်းအာရပ်နိင်ငံများနှင့် စစ်တိုက်မည်။ ထိုအရာသည် ဆာလံ ၈၃နှင့် ဟေရှယ ၁ရ၌လည်း တွေ့နိင်သည်။ ထိုပြင်ရုရှား ဦးဆောင်သော မူစလင် နိင်ငံများ နှင့်လည်း စစ်တိုက်မည်ဟု ယေဇကျေလ ၃၈နှင့် ၃၉၌ တွေ့ရသည်။ ထိုစစ်ပွဲသည် ဂေါဂ၊ မာဂေါဂစစ်ပွဲဟု ခေါ်သည်။ ထိုစစ်ပွဲများ၌ အထက်ပါ ကျမ်း ပိုဒ်အရထာဝရဘုရားက အစ္စရေးဘက်မှ ကူညီတိုက်ခိုက်မည် ဟုဆိုသည်။ ဘုရားသခင်က သူသုံးမည့် နည်းဗျုိဟာကိုလည်း ဘော်ပြထားသည်။ အစ္စရေးရန်သူများ၏ မင်းတို့ကို မိန်းမောတွေဝေစေမည် ဟုဆိုသည်။ မိန်းမောတွေဝေခြင်းသည် စစ်ရှုံးသောကြောင့် ဖြစ်မည်။ ထိုအပြင်မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်းငှါ ဒဏ်ခတ်မည် ဟုဆိုသည်။ ယခုခေတ် စစ်တိုက် ရာတွင် မြင်းများ မသုံးတော့ချေ။ သို့ဖြစ်လျှင် မည်သည့်အရာကို ဆိုလိုသနည်း။ မြင်းအစားတိုက်လေယဉ်များ၊ ဒုံးပျံများ၊ တင့်ကား၊ သံချပ်ကာကားများ၊ သင်္ဘောများကို အသုံးပြု ကြသည်။ ထိုစစ်တိုက်ယဉ်များ မောင်းနှင့် ထိမ်းကွက်သောသူများကို အရူး ဖြစ်စေမည် ဖြစ်သည်။ ရူးသွားလျှင် ထိုစစ်လက်နက်များကို အသုံးပြုတတ်တော့မည် မဟုတ်။ ထိုမျှမက တပါးအမျိုးသားတို့၏ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေမည် ဟုဆိုပြန်သည်။ ထိုစစ်တိုက်လက်နက်များသည် အီလက်ထောနစ်ကထိမ်းချုပ်ထားကြရာသုံး၍ မရအောင် ကြောင် စေမည် ဖြစ်သည်။ အစ္စရေးများ ကအီရတ်နှင့် ဆီးရီးယားအနုမြူစက်ရုံများကို ဗုံး ကြဲတိုက်ခိုက် ရာတွင် ရန်သူများ၏ ရေဒါများကို ကြောင် စေခဲ့ဘူးပြီ။ 
 
၅။ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲ မှာဆိုကြလိမ့်မည်။

အစ္စရေးနိင်ငံသည် ယခုတိုင်အောင် အမေရိကန်ပြည် ထောင် စုကို အားကိုး သည်။ အစ္စရေးအာရပ်စစ်ပွဲများ၌လည်း အမေရိကန်ပြည် ထောင် စု၏ ကူညီမစမှုဖြင့် အောင်မြင် တတ်သည်။ ၁၉ရ ၃ ခုနှစ်စစ်ပွဲ၌လည်း အမေရိကန် ကမကူညီခဲ့လျှင် စစ်ရှုံးဘို့ ပြင်ဆင် ထားပြီး ဖြစ်သည်။ အမေရိကန်သမတနစ်ဆင် ထံအစ္စရေးဝန်ကြီး ချုပ်ဂုိလ်ဒမီယာကစစ်လက်နက်ပစ္စည်းများကို ညတွင်း ချင်းအရေးပေါ်တောင်းသောအခါ သမတနစ်ဆင်ကချက်ချင်း ကူညီသောကြောင့် စစ်ပွဲကို အနိင်ပြန်ရ ကြသည်။ သို့သော် လာမည့် စစ်ပွဲများ၌ ဘုရားကိုသာ အားကိုးရတော့မည် ဖြစ်သည်။ ဘုရားသခင်က ကူညီမည်ဟုလည်း ပြောခဲ့ပြီ။ ယခင်စစ်ပွဲတိုင်း၌လည်း ဘုရားသခင်က ကူညီခဲ့သော်လည်း အစ္စရေးများ ကကမ္ဘာကသိရန်သက် သေမခံကြချေ။ အကြောင်းမှာ အစ္စရေးစစ်တတ်၏ ဂုဏ်သိက္ခာကျမှာ စိုးရိမ် သောကြောင့် ဖြစ်သည်ဟု သိရသည်။ လာမည့် စစ်ပွဲတွင် ထာဝရဘုရားကိုသာ အားကိုး ရတော့မည်။ ထာဝရဘုရားကလည်း ကူညီမစသောကြောင့် စစ်နိင်မည်။ ထိုအခါ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ် ​ခြေအရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည်။ ဟုဆိုသည်။ သို့မှသာ ဘုရား၏ ဘုန်းတန်ခိုးသည် ကမ္ဘာကသိမည် ဖြစ်သည်။ 
 
၆။ ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့ကို မီးလောင််လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာ ဟောင်း၌ တည်မြဲတည်လိမ့်မည်။

အစ္စရေးနိင်ငံသည် ပတ်လည်၌ ရှိသော အာရပ် နိင်ငံများ စစ်တိုက်ခြင်းအားဖြင့် ထင်းပုံတွင် မီးဖုိကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်မည်။ အရှေ့အလယ်ပိုင်းသည် မီးဟုန်းဟုန်းတောက်လောင်မည် ဖြစ်သည်။ သို့သော် ယေရုရှလင်သည် ဟေရှယ ၁ရ၌ ဘော်ပြထားသော ဒမာသက်မြို့ ကဲ့သို့ ပျက်စီးမသွားဘဲ နဂုိလ်အတိုင်း တည်ရှိမည် ဟုဆိုသည်။ 
 
၇။ ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည် တ ဘက်၌ မဝါကြွားရ။

အစ္စရေးသည် စစ်ပွဲများကို အောင်မြင်သောအခါ ယခင် ကဲ့သို့ ဝါကြွားသော အခွင့်မရှိရ၊ အကြောင်းမူကား ဘုရားသခင်၏ ကူညီမစခြင်းသည် အထင်အရှား ဖြစ်မည်။ 
 
၈။ ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာ စောင့်မတော်မူ သဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။

အစ္စရေးများကို ဘုရားသခင်က ကူညီသောကြောင့် အားနည်းသောသူသည် ဒါဝိဒ်ကဲ့သို့ဖြစ်မည် ဟုဆိုသည်။ ဒါဝိဒ်သည် ခြင်္သေ့နှင့် ဝက်ဝံကို၎င်း၊ ​ခြောက်တောင်မြင့်သော ကောလျက်ကို၎င်းအောင် နိင်သောကြောင့် အမျိုးသမီးများက ဒါဝိဒ်အသောင်းသောင်း ဟုဆိုခဲ့သည်။ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့ဖြစ်မည်။ ဘုရားသခင်ကဲ့သို့ဖြစ်ခြင်းသည် မည်မျှတန်ခိုးရှိကြောင်း ပြောစရာ မလိုတော့ချေ။ 
 
၉။ ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည်အား ထုတ်မည်။

ဘုရားသခင်သည် အစ္စရေးများကို ကူညီမည်။ ထိုကြောင့် အာရပ်နှင့် မူစလင်များ မည်မျှပင်အော်ဟစ်၍ ဝါကြွား ကြပါစေ ဘုရားသခင်၏ ဖျက်ဆီးခြင်းကိုသာလျှင် ခံရကြမည် ဖြစ်သည်။ 
 
၁၀။ ကျေးဇူးတော်ကို ခံသော သဘော၊ ဆုတောင်း ပဌနာ ပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက် တည်းသောသား အတွက် အဘသည် ငို​ကြွေးမြည်တမ်း သကဲ့သို့၊ ထိုသူအ တွက်ငို​ကြွေးမြည်တမ်းရကြလိမ့်မည်။သား ဦအတွက် အဘသည် နာကြဉ်း သကဲ့သို့ နာကြဉ်းရကြလိမ့်မည်။

ယခုတိုင်အောင် အစ္စရေးလူမျိုးအများစုသည် ဘုရား ဘက်မှာစိတ်အား မကြီး ကြချေ။ အနောက်တိုင်း နိင်ငံသားများကဲ့သို့ ဇာတိအလို အတိုင်း ဘုရားမဲ့ ဖြစ်နေကြသည်။ သို့သော် အထက်ပါ စစ်ပွဲများကြောင့် ဘုရားသခင်ကို အားကိုး လာ၍ ဘုရားသခင်က ကူညီမစခြင်းဖြင့် အောင်မြင် လာသောအခါ ကျေးဇူးတော်ကို သိတတ်လာကြလိမ့်မည်။ ဘုရားသခင်ထံ၌ ဆုတောင်း ပဌနာ ပြုလာကြလိမ့်မည်။ ထိုသို့ ဝိညာဉ်ရေးရာ၌ ပြောင်းလဲမှု ရှိစဉ်တွင် သူတို့ ထိုးဖေါက်သော ဘုရားကို ရှုမြင်ကြလိမ့်မည်။ သူတို့ ထိုးဖေါက်ခဲ့သောသူသည် သခင်ယေရှု ဖြစ်သည်။ ထိုကြောင့် ဤနေရာ၌ သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို သိနိင်သည်။ 

အစ္စရေးများက သူတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်ဟူသော အချိန်သည် ဘေးဒဏ်ကြီး ခုနှစ်နှစ်အပြီး ခရစ်တော် ဒုတိယအကြိမ် ကြွ လာချိန် ဖြစ်သည်။ ခရစ်တော် ကြွခြင်းကို မြင်သောအခါ အစ္စရေးများသည် တယောက်တည်းသောသား အတွက် အဘသည် ငိုကြွေးမြည်တမ်း သကဲ့သို့ ငိုကြွေးမြည်တမ်းရကြလိမ့်မည် ဟုဆိုသည်။ အဘယ်ကြောင့် ထိုသို့ ငိုကြွေးကြသနည်းဟူမူကား သူတို့၏ ကယ်တင်ရှင် မေရှိယကို လက်ဝါးကပ်တိုင်၌ သတ်ခဲ့ကြသောကြောင့် အလွန် နောင်တရခြင်း ဖြစ်သည်။သား ဦအတွက် အဘသည် နာကြဉ်း သကဲ့သို့ နာကြဉ်းရကြလိမ့်မည်။ 
 
သုံးပါးတစ်ဆူဘုရား 
Rev. Moses R. Cung
 

သုံးပါးတစ်ဆူဘုရား အကြောင်းကို သိချင် တတ်ကြသည်။ အကြောင်းမူကား သင်ကြားမှု အမျိုးမျိုးရှိသောကြောင့် ဖြစ်သည်။ သုံးပါးတစ်ဆူဟူသောအရာသည် ခမည်းတော်ဘုရား၊ သားတော် ဘုရား၊ ဝိညာဉ်တော် ဘုရား သုံးပါးသည် တစ်ဆူတည်း ဖြစ်သည် ဟူ၍ ဖြစ်သည်။ ဥပမာလူသည် ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးမျိုးဖြင့် ပေါင်းစပ်သော်လည်း တစ်ယောက်တည်း ဖြစ်သည်။ ကိုယ်ခန္ဓာနှင့် စိတ်သည် လုံးဝ မတူချေ။ တခါတရံ အလိုဆန္ဒလည်း မတူ ညီကြချေ။ ကိုယ်ခန္ဓာကထမင်းစားချင်သော်လည်း စိတ်ကအား နာသောကြောင့် လုံးဝ မစားလိုချေ။ ကိုယ်ခန္ဓာကအိပ်ချင်သော်လည်း စိတ်ကခရီး အမြန် ရောက်ချင် သောကြောင့် ဆက်၍ ခရီး သွားတတ်သည်။ ထိုအတူ ကိုယ်ခန္ဓာအ လိုနှင့် ဝိညာဉ် အလိုလည်း မတူညီကြချေ။ လူသည် မိမိ ကိုယ်ခန္ဓာကို တွေ့မြင် နေရသော်လည်း ကိုယ်ခန္ဓာအကြောင်းကို မသိနိင်ချေ။ ထမင်းဆာသည်၊ ဝသည်၊ နာသည်၊ ပင်ပန်းသည်များကို သိနိင်သော်လည်း အဘယ်ကြောင့် ကိုယ်ခန္ဓာဖျားနာသည်၊ ရောဂါရှိသည်ကို မသိနိင်ချေ။ ထိုကြောင့် ဆရာဝန်ကို အားကိုးရသည်။ ဆရာဝန်ကဆေးပေးသောအခါ ထိုဆေးကို မည်ကဲ့သို့ ပြု လုပ်သည်၊ မည်ကဲ့သို့ အနာအတွက် အလုပ်လုပ်မည်ကို မသိသော်လည်း ယုံ ကြည်ခြင်းအားဖြင့် သောက်တတ်ကြသည်။ ရောဂါနှင့် ဆေးအကြောင်း သိဘို့ မလွယ်ပါ။ သို့ဖြစ်လျှင် ဘုရား၏ အကြောင်းကို မည်ကဲ့သို့ လူ့ဦးနှောက်ဖြင့် သိနိင် မည်နည်း။ ထို့ကြောင့် ကျမ်းစာက ဖေါ်ပြသည့်အတိုင်း ယုံကြည်ဘို့ လိုသည်။ 
 
ဧလောဟိမ်း (Elohim)

 “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း တောမူ၏။” (က ၁:၁)။ ဤနေရာ၌ ဘုရားသခင်ကို ဟေဗြဲစကား၌ ဧလောဟိမ်း နူသ့ငာဟု သုံးထားသည်။ ဟေဗြဲစကား၌ ငာသည် အများ ကိန်းကို ဖေါ်ပြသည်။ ဥပမာ၊ ခေရုဘိမ် ခ့နမကဘငာသည် ကောင်းကင်တမန် များဟု အဓိပ္ပါယ် ရသည်။ ကောင်းကင်တမန် တပါးတည်း ဖြစ်လျှင် ခေရု ဃ့နမကဘဟု ခေါ်၍ အများ ကိမ်း ဖြစ်သော ငာ မပါရချေ။ ထို့ကြောင့် နူသ့ငာ ဟုဆိုရာတွင် ဘုရား များဟု အဓိပ္ပါယ်ရှိသည်။ 
 
တဆူတည်သော ဘုရား 

 “အို ဣသရေလ အမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။” (တရား ဟော၆:၄) ဤကျမ်းပိုဒ်၌ ဘုရားသခင်သည် တဆူတည်းသော ဘုရား ဖြစ်သည် ဟုဆိုသည်။ တဖန်၊ “ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ ကိုယ်တော် မှတပါး၊ အခြားသော ဘုရား မရှိကြောင်းကို၎င်း၊ သင်တို့ သိစေခြင်းငှာ၊ ထိုအခြင်း အရာတို့ကို သင်တို့အား ပြတော်မူပြီ။” ( တရားဟော ၄:၃၅) ဟုဆိုပြန်သည်။ “သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင် ပေါ်၊ အောက်အရပ်မြေကြီးပေါ်မှ ာ ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရား မရှိကြောင်းကို၎င်း၊ ယနေ့ သိမှတ်၍ နှလုံး၌ သွင်းမိ ကြလော့။” ( တရားဟော ၄:၃၉)။ ဤကျမ်းပိုဒ်များ အရဘုရား တစ်ဆူတည်းရှိသည်။ 
 
ခရစ်တော်သည် ဘုရား 

ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း အောက်ပါက ျမ်းပိုဒ်များ အရသိရသည်၊ 
 “အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။” (ဟေရှာ ၉:၆) ခရစ်တော်ကို တန်ခိုးကြီးသော ဘုရားသခင်၊ ထဝရအဘဟု ခေါ်မည် ဟုဆိုသည်။ ထိုကြောင့် ခရစ်တော်သည် ဘုရား ဖြစ်သည်။ 

 “ဗျာဒိတ်တော် အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီး ကညာသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။” (မ ၁:၂၃) ခရစ်တော်၏ နာမတစ် ခုသည် ဧမာနွေလ ဖြစ်သည်။ ဧမာနွေလသည် ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်ဟု တိကျစွာ ဖေါ်ပြသည်။ ငါတို့နှင့်အတူ ရှိသောသူသည် မည်သူနည်း။ ခရစ်တော် ပင် မဟုတ်လား။ ထိုကြောင့် ခရစ်တော်သည် ဘုရား ဖြစ်သည်။ 

 “အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ် ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက် ဖြစ်သောအရာ တစုံတခုမျှမရှိ။” (ယော ၁:၁-၃) ဟုဆိုသည်။ နှုတ်ကပတ် တော်သည် သခင်ယေရှုကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော် တည်းဟူသော ခရစ်တော်သည် ဘုရား ဖြစ်သည်။ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာ တော်နှင့်၎င်း၊ ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည် ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄) ဤ နေရာ၌ နှုတ်ကပတ်တော်သည် လူဇာတိအဖြစ် ခံယူသည် ဟုဆိုသည်။ ထိုကြောင့် ခရစ်တော်သည် ဘုရား ဖြစ်သည်။ ခရစ်တော် ဘုရား ဖြစ်ကြောင်း ဖေါ်ပြ ထားသော ကျမ်းချက်များ၊ (ဟေရှာယရး ၁၄၊ ဆာ ၁၁၀:၁-၃၊ ယော ၂၀ ; ၂ရ- ၂၈၊ ဖိလိ ၂:၅-၈၊ ကော ၂:၈-၁၀၊ ၁ တိ ၃:၁၆၊ ဗျာ ၁:ရ- ၈၊ ၂၂:၁၂-၁၃) 
 
သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရား 

သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ဘုရား ဖြစ်သည်။ ခရစ်တော်က၊ “ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” (ယော ၄:၂၄)။ ဘုရားသခင်သည် ဝိညာဉ် ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရား ဖြစ်ကြောင်း ငြင်းဆိုဘွယ်ရာမရှိတော့ချေ။ 
 
သုံးပါးစလုံးထင်ရှား

ခမည်းတော် ဘုရား၊ သားတော် ဘုရား၊ ဝိညာဉ်တော် ဘုရားသည် မတူညီကြောင်း ဤကျမ်းပိုဒ်အားဖြင့် ထင်ရှားသည်၊ “ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော် အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင် ကအသံတော် ဖြစ်လေ၏။” (မ ၃:၁၆-၁ရ)။ ဤနေရာ၌ ရေထဲ မှထလာသူသည် သားတော်ဘုရား ဖြစ်သည်။ သားတော် အပေါ်၌ ချိုးငှက်ကဲ့သို့ နားသောသူသည် သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ ကောင်းကင်မှ ဤသူ ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်း ဟုဆိုသောသူသည် ခမည်းတော်ဘုရား ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ဘုရား သုံးဆူ ဖြစ်သလောဟု မေးနိုင်ပြန်သည်။ သို့သော် ဘုရား ကိုယ်တော်တိုင် ကဘုရားသည် တစ်ဆူတည်း ဖြစ်သည် ဟုဆိုသည်။ 
 ထိုသို့ အသိရခက်သောကြောင့် ယေဟောဝါ သက်သေခံများ (​ြန့သလ​ေ့ တငအညနျျ)များက အသိရလွယ်ရန်နှင့် ရှင်းရှင်းလင်းလင်း ဖြစ်ရန် ဤသို့ ​ ဖြေရှင်း ပေးလိုက်သည်။ ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သောကြောင့် ခမည်းတော်ဘုရား သာလျှင် ဘုရား ဖြစ်သည်။ သားတော်သည် ဘုရား မဟုတ်၊ ကောင်းကင်တမန် မိက္ခေလ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်လည်း ဘုရား မဟုတ်၊ ဘုရားသခင်၏ တန်ခိုး ဖြစ်သည် ဟုဆိုသည်။ ထိုသို့ ရှင်းလိုက်သောအခါ ဘုရား တစ်ဆူသည် သိရလွယ်သည်။ သို့သော် ထိုအယူဝါဒသည် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပယ်သော အကြောင့် မှားယွင်းသော ဩဝါဒ ဖြစ်သည်။ 

တဖန် ယူပီစီ (United Pentecostal Church) များကဘုရား တစ် ဆူကို ဤသို့ ရှင်းလိုက်ပြန်သည်။ ခမည်းတော်သည် ယေရှု၊ သားတော်သည်လည်း ယေရှု၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ယေရှု ဖြစ်သည် ဟူ၍ ဖြစ်သည်။ ထိုသို့ ရှင်းလိုက်သောအခါ သိရလွယ်ရှင်းရလွယ်သော်လည်း မမှန်ပြန်ချေ။ ထိုသို့ဖြစ်လျှင် ဤကျမ်းပိုဒ်များကို မည်ကဲ့သို့ ​ ဖြေရှင်း မည်နည်း၊ 


 “ယေရှုက၊ သင်ဆိုသည် အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင် ကာလ၌ လူသားသည် တန်ခိုးတော်၏ လကျ်ာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏။” (မ ၂၆:၆၄) “အထက် ဆိုခဲ့ပြီးသည် အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော် ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူ ရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။” (ကော ၃:၁)။ “ထိုသခင် မူကား၊ အပြစ်ကို ​ဖြေခြင်းငှါ ယဇ် တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လကျ်ာတော် ဘက်၌ အစဉ်အမြဲထိုင်၍၊ ၁၃ မိမိရန် သူတို့ကို မိမိ​ခြေတင်ရာအ ချမထားမှီတိုင်အောင် မြော်လင့်ချက်နေတော်မူ၏။” (ဟေ ၁၀:၁၂-၁၃) အထက်ပါ ကျမ်းပိုဒ်များ အရသားတော်သည် ခမည်းတော်၏ လက်ျာတော် ဘက်မှာထိုင်သည် ဟုဆိုသောကြောင့် ခမည်းတော်နှင့်သားတော်သည် လုံးဝ ကွာခြားသည်။ 


ထိုကြောင့် သုံးပါးတစ်ဆူ ဖြစ်တော်မူသော ဘုရားကို လူ့ဥာဏ်အားဖြင့် မသိနိင်ချေ။ ကိုယ်ပိုင်သော ကိုယ့်ခန္ဓာအကြောင်း ပင် မသိနိင်လျှင် ဘုရား အကြောင်း သိဘို့ရန် မှာ အလွန် ခက်သည်။ ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့် ကျမ်းစာ ကပြောသည့်အတိုင်း လက်ခံဘို့ လိုသည်။ သုံးပါးတစ်ဆူဘုရား၌ တစ်ပါးပါးကို လက်မခံလျှင် မှားယွင်းခြင်းသို့ ရောက်သွားနိင်သည်။ ဣသရေလ လူများက သားတော်ကို လက်မခံသောကြောင့် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့ကြပြီ။ သန့်ရှင်းသော ဝိညာဉ်တော်ကို ဘုရား အဖြစ် လက်မခံသောသူများလည်း ပျက်စီးခြင်းသို့ ရောက်ရမည် ဖြစ်သည်။ ထိုကြောင့် အားလုံး သိမှ ယုံကြည် ရမှာ မဟုတ်ဘဲ သိသမျှအားဖြင့် ယုံကြည်ဘို့ ဖြစ်သည် 
 
ဇာတိနှင့် ဝိညာဉ် 
ဆရာမဟန္နကျုံး
 
 “ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင်တပါးဆန့်ကျင့်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။” (ဂလာ ၅:၁၆-၁ရ) ရှင်ပေါလုက ယုံကြည်သူများသည် ဇာတိပကတိ၏ အလိုသို့ အလိုက်ဘဲ ဝိညာဉ်ပကတိအတိုင်း ကျင့်ဘို့ ရေးထားသည်။ အကြောင်းမှာ ဇာတိ၏ အလိုနှင့် ဝိညာဉ်၏ အလိုသည် ဆန့်ကျင်ဘက် ဖြစ်သည်။ ယုံကြည်သူများသည် ဝိညာဉ် အလိုအတိုင်း အသက်ရှင်လိုကြသော်လည်း အသက်မရှင်နိင်ကြခြင်းသည် ဇာတိအလို လိုက်သောကြောင့် ဖြစ်သည်။ ဝိညာဉ် အလိုအတိုင်း အသက်ရှင်သော အာဗြဟံနှင့် ဇာတိအလို အတိုင်း အသက်ရှင် သောလောတအကြောင်းအားဖြင့် သင်ခန်းစာယူကြပါစို့။ 
 
လောတ

လောတသည် အာဗြံ၏ အကို ခါရန်၏သား ဖြစ်သောကြောင့် အာဗြံ၏ တူ ဖြစ်သည်။ သူသည် သူ့ဘလေးအာဗြံကို သွားလေရာရာ၌ လိုက်သည်။ ခါနန် ပြည်၌ အစာ ခေါင်းပါး သောကြောင့် အဲဂုတ္တု ပြည်သို့ ဆင်းသွားသောအခါ၌လည်း လိုက်ပါသွားသည်။ အာဗြံနှင့် လိုက်လာသောလောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊ ၆ ထိုလူနှစ်ဦးတို့သည်အတူ နေခြင်းငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။ ၇ အာဗြံနွားကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ၈ အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကို ချင်း ဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့ နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။ ၉ မြေတပြင်လုံးသည် သင့် ရှေ့မှာ ရှိသည် မဟုတ်လော။ ငါနှင့် ခွာ၍ နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့ သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည် ဟုဆို၏။ ၁၀ ထိုကာလ အခါ၊သော ဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ ဥယျာဉ်တော် ကဲ့သို့၎င်း၊ အဲဂုတ္တု ပြည် ကဲ့သို့၎င်း ဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊ ၁၁ ယော်ဒန်ချိုင့်တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်းတဦးနှင့် တဦးကွဲပြား ကြ၏။ ၁၂ အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လော တမူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင် နေ၍၊သော ဒုံမြို့နားမှာထဲကို ဆောက်လေ၏။ ၁၃သော ဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန် အပြစ်များသောသူ ဖြစ်ကြသတည်း။ (က ၁၃:၅-၁၃) 

လောတသည် ဘလေးအာဗြံကနေရာရွေးခိုင်းသောအခါ ဘလေးကို ဦး စားမပေးဘဲ အခွင့်အရေးကို အရယူလိုက်သည်။ သူရွေးသော နေရာလည်း သိုး နွားစီးပွားအတွက် ရွေးချယ်သည်။ လောတသည် ကောင်းကင်ကို မြော်မ ကြည့်ဘဲ မြေတပြင်လုံးကို မြော်ကြည့်သည်။ ယနေ့ ယုံကြည်သူများလည်း အခွင့်အရေးမှန်သမျှကို လိုချင် ကြသည်။ ဘုရားကို မြော်မကြည့်ဘဲလောတကဲ့သို့ မြေ ကြီးကို မြော်ကြည့် ကြသည်။သော ဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌ အလွန် အပြစ်များသောသူများ ဖြစ်ကြသော်လည်း လောတသည် မမှု၊သော ဒုံမြို့နား၌ ထဲကို ဆောက်လိုက်သည်။ ယနေ့ ယုံကြည်သူများလည်း အပြစ်ကို မမြင်နိင်ကြဘဲ အပြစ် နားတွင် ပျော်မွေ့တတ်ကြသည်။ လောသည် ရန်သူများ ကသိမ်းသွားသောအခါ ဥစ္စာရှိသမျှနှင့် အသိမ်းခံသည်။ ဘလေးအာဗြံကမကယ် တင်ပါက စစ်သုံ့ပန်းအဖြစ် ပါသွားကာသူ့ဘဝသည် ပျောက်ပျက်သွားနိင်သည်။ ထိုနည်းတူ ယုံကြည်သူများလည်း အပြစ်နှင့် အပျော်အပါးကဆွဲဆောင်သောအခါ ဘဝပျက်စီးသွားတတ်ကြသည်။ 

လောတသည် ရန်သူများ လက်မှပြန် လာသောအခါသော ဒုံမြို့၌ အခိုင် အမာအိမ်ဆောက်ကာမြို့တံခါးဝ၌ ထိုင်နိင်သည် အထိကြီး ပွားသည်။ ထိုခေတ်၌ မြို့တံခါးဝ၌ ထိုင်နိင်ခြင်းသည် လူကြီး လူကောင်း ဖြစ်ကြောင်း ဖေါ်ပြသည်။ လောတသည် ဘုရားသခင်ကို ယုံကြည် သောသူ ဖြစ်၍ လောက စီးပွားရေး၌ အောင်မြင်သော်လည်း နေ့တိုင်း စိတ်ညစ်ရကြောင်း ရှင်ပေတရုက ဤသို့ ရေးထားသည်၊ “ထို အခါမတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ၊ ​ဖြောင့်မတ်သောလောတကို ကယ်နှုတ်တော်မူ၏။ ၈ ထို​ဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်း မပြတ် မျက်စိမြင်လျက်၊ နားကြားလျက် ရှိသဖြင့်၊ မိမိ​ဖြောင့် မတ်သော စိတ်နှလုံးကို ပြင်းစွာ ညှဉ်းဆဲရ၏။” (၂ ပေ ၂:ရ- ၈)။ ယနေ့ ယုံကြည်သူများလည်း ကယ်တင်ခြင်းနှင့် ​ဖြောင့်မတ်ခြင်းကို ကျေးဇူးတော်အားဖြင့် ခံရသော်လည်း လောတကဲ့သို့ ဇာတိအလို လိုက်ကြသောကြောင့် နေ့တိုင်း စိတ်ညစ်နေ ကြသည် မဟုတ်လော။ 

လောတသည် ဇာတိအလို လိုက်၍ လောက ဥစ္စာကို တပ်မက်သောကြောင့် သူတပ်မက်သောအရာ အားလုံး ကို ဘုရားသခင်က မီးဖြင့်လောင်စေခြင်းအားဖြင့် ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်ကို ယုံကြည် သောကြောင့် မိီးထဲမှ လွတ်သော်လည်း သူ၏ သမီးများ၊ သမက်နှင့် မြေးများသည် သေဆုံးခဲ့ရသည်။ သူ့၏ မယားသည်လည်း လောကကို တပ်မက်သောကြောင့် ဆားတိုင် ဖြစ်ခဲ့ရသည်။ အမျိုးမပျက်ဘို့ရန်သူ့သမီးများနှင့် အိပ်၍ သားများမွေးဘွားခဲ့သည်။ ထိုသား များသည် မောဘနှင့် အမ္မုန်အမျိုးသားများဖြစ်၍ နောက်ပိုင်း၌ ဣသရေလ လူများ၏ ရန်သူများ ဖြစ်လာ ကြသည်။ လောတသည် သူကိုယ်တိုင် ​ဖြောင့် မတ်သော်လည်း ဘုရားထက်လောကအရာကိုသာ ရှာသောကြောင့် ပုံသက် သေကောင်းလည်း မဖြစ်၊ ယနေ့ တိုင်အောင် အဆိုးဘက်မှပုံသက်သေ ဖြစ်သည်။ 
ယုံကြည်ခြင်း၏ ဖခင်များ စာရင်းကို ရေးထားသော ဟေဗြဲ ၁၁၌လည်းလောတ၏ အကြောင်းကို မရေးထားချေ။ သူ၏ နာမည်ကိုလည်း အဘယ်မိဘကမျှသား များ၏ နာမည်အဖြစ် မမှည့်ကြချေ။ ထို့ကြောင့် ယနေ့ ယုံကြည်သူများလည်းလောတကဲ့သို့ ခဏ ယပိုင်ဆိုင်မည့်လောက ပစ္စည်းဥစ္စာနောက်မလိုက်ဘဲ အာဗြဟံကဲ့သို့ ဘုရားသခင်ကို ဦးထိပ်ထားကြပါစို့။ 
 
အခက်အခဲ ပြသနာ ​ ဖြေရှင်း ပုံ​ ဖြေရှင်း နည်း
Saya Moses Thianlianuk 

ယောဟန် ၁၆:၃၃၊ ဒေသနာ ရး၁၄

လူမှန်လျှင် အခက်အခဲပြဿနာ၊ ဆင်းရဲ ဒုက္ခနှင့် မကင်းလွှတ်နိုင်သလို တွေ့ကြုံကြရစမြဲပါ။ လောက မှာလွှဲရှောင်နိုင်တဲ့အရာတွေရှိသလိုလွှဲရှောင်လို့မ ရတဲ့အရာတွေရှိပါတယ်။ အခက်အခဲ၊ ပြဿနာဟာမကြုံချင် ရင်လည်း နေ့စဉ်နှင့် အမျှတွေ့ကြုံနေရတဲ့ရာ ဖြစ်ပါတယ်။ ခရစ်တော် ကသင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်ဟု မိန့်မှာထားပါတယ်။ ယုံကြည်ခြင်း နဲ့သွားလာပါ တယ်ဆိုတဲ့အာဗြာဟံတောင်မှသာ း မရနိုင်တဲ့ပြဿနာ၊ အစာ ခေါင်းပါးခြင်း ဘေး နဲ့လည်း တွေ့ကြုံခဲ့ရပါတယ်။ လူတိုင်း မှာအခက်အခဲပြဿနာ၊ ဒုက္ခ ဆင်းရဲ ဆို တာရှိကြပေမဲ့ ခက်ခဲပုံ ခက်ခဲနည်း၊ ပြဿနာရှိပုံရှိနည်း၊ ဆင်းရဲ ပုံဆင်းရဲနည်း၊ ဒုက္ခ ရောက်ပုံရောက်နည်းလည်း မတူကြပါဘူး။ အဲဒီလိုဘဲ ​ ဖြေရှင်း ပုံ၊ ​ ဖြေရှင်း နည်းလည်း မတူကြပြန်ပါဘူး။ နေ့စဉ် ကြုံတွေ့နေရတဲ့သင့်ရဲ့အခက်အခဲ၊ ပြဿနာကို ဘယ်လို​ ဖြေရှင်း ပါသလဲ။ အခက်ခဲဟာရှောင်လို့မရပေမဲ့ရင်ဆိုင်ကျော်လွှားအောင်မြင် ဖို့ရန်လိုအပ်ပါတယ််။ အခက်အခဲ​ ဖြေရှင်း ပုံ၊ ​ ဖြေရှင်း နည်း(၈) မျိုး ဖြစ်ဖေါ်ပြ လိုပါတယ််။ 
 
၁။ တစ်ယောက်နှင့် တစ်ယောက်အပြစ် တင်နည်းဖြင့် ​ ဖြေရှင်းခြင်း  (ကမ္ဘာ ၃:၁၂-၁၃၊ ထွက် ၁၆:၇-၈) 

အာဒံနှင့် ဧဝအသက်တာမှာလည်း ဘုရား မစားခိုင်းတဲ့အပင်ရဲ့အသီးကို စားမိကြတဲ့အခါ တစ်ယောက်နှင့် တစ်ယောက်အပြစ် တင်နည်းဖြင့် ​ ဖြေရှင်း ကြပါတယ်။ အပြစ်ကို ဝန်မခံချင် ကြဘဲ အာဒံကလည်း မိန်းမကို အပြစ်တင်တယ်၊ မိန်းမကလည်း မြွေကို အပြစ်တင်တယ်ဆိုတာတွေ့ရတယ်။ ယောနပြစ်မှားခြင်းကြောင့် သင်္ဘောမှာပါလာတဲ့ခရီးသည် အားလုံး ဒုက္ခ ခံရပေမဲ့သူ့ရဲ့အပြစ် ဝန်ချ လိုက်တဲ့အခါမှာ လှိုင်းတံပိုးငြိမ်သွားတယ်ဆိုတာတွေ့နိုင်ပါတယ်။ ကြုံတွေ့လာ ရတဲ့အခက်အခဲ၊ ပြဿနာတွေ အပေါ် သူများကို အပြစ်တင်ခြင်းနှင့် ​ ဖြေရှင်းခြင်းအားဖြင့် ပြဿနာကြီး ထွားစေနိုင်ပါတယ်။ 
 
၂။ ငိုကြွေးခြင်း (မျက်ရည်မျက်ခွက်)နှင့် ​ ဖြေရှင်းခြင်း (၁ရာ ၃၀:၄) 

လူသား တိုင်း ဟာအခက်အခဲ၊ ပြဿနာကို ကြုံတွေ့ရတဲ့အခါငိုကြွေးခြင်း နဲ့​ ဖြေရှင်း တတ်ကြပါတယ်။ ငိုကြွေးခြင်းအားဖြင့် စိတ်နှလုံးပိုပြီး ဆင်းရဲ စေ တယ်၊ စိတ်ညိူးငယ်စေတယ်၊ စိတ်ဒုက္ခ ရောက်စေတယ်၊ ကျန်းမာရေးပါထိ ခိုက်စေနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါဝိဒ်နဲ့သူ့လူတွေကမယား သားသမီး များသိမ်းသွားကြောင်း တွေ့တဲ့အခါငိုသံကို လွှင့်၍ အား ကုန်သည့်တိုင်အောင် ငိုကြွေး ကြပါတယ်။ လူများတို့ ဟာမိမိ သားသမီး များကြောင့် စိတ်အား ငယ်လို့၊ ဒါဝိဒ်ကို ကျောက်ခဲနဲ့ပြစ်မည်လို့ဆိုကြတယ်။ အခက်အခဲ၊ ပြဿနာကြုံတဲ့အခါမှာ ငိုကြွေးခြင်းအားဖြင့် ​ ဖြေရှင်း တဲ့အခါ စိတ်ညိူးငယ်စေပြီး၊ မလုပ်သင့်မလုပ်ထိုက် တဲ့အရာတွေလုပ်မိတတ်ကြပါတယ်။ ဒါဝိဒ်ဟာထာဝရဘုရားကို ကိုးစားပြီး ထာဝရဘုရားကို မေးလှေျာက်ကာရန်သူနောက်သို့ လိုက်တဲ့အခါ အလုံးစုံကို ပြန်ရတယ်ဆိုတာတွေ့ရပါတယ်။ သင်ငိုကြွေးယုံနှင့် အခက်အခဲ၊ ပြဿနာက မငြိမ်သွားပါဘူး။ ထာဝရဘုရားကို ကိုးစားအပ်နှံခြင်းအားဖြင့် ငြိမ်းသွားနိုင်ပါ တယ်။ မတည်မြဲတဲ့လောကအရာတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲ၊ ပြဿနာ တွေကသင့်ရဲ့မျက်ရည်မကျစေပါနဲ့။ သင့်ရဲ့မျက်ရည်ဟာဘာမှ မဟုတ်တဲ့အရာ တွေအတွက် မဟုတ်ဘဲ ထာဝရ ငရဲသို့ သွားမည့် ဝိညာဉ် တွေအတွက်ဘဲ ဖြစ်ပါ စေ။ ပျောက်ဆုံးဝိညာဉ် တွေအတွက် ငိုကြွေးဖို့ရန် ဘုရားသခင် ထံမျက်ရည် တောင်းပါ။ 
 
၃။ စိတ်ပျက်ခြင်းနှင့် ​ ဖြေရှင်းခြင်း (သုတ္တံ ၂၄:၁၀) 

နှုတ်ကပတ်တော်က သင်သည် အမူ ရောက်သော ကာလ၌ စိတ်ပျက် လှျင် အားနည်း၏၊ လို့ဆိုထားပါတယ်။ လောကမှာ အကြီးမားဆုံး ရန်သူနဲ့ ကြောက်မက်ဖွယ် အကောင်းဆုံးက စိတ်ပျက်ခြင်းဘဲ ဖြစ်ပါတယ်။ ချမ်းသာ ကြွယ်ဝတဲ့သူ၊ အောင်မြင် ကျော်ကြားတဲ့သူ၊ ပညာရှင်ဘဲ ဖြစ်ဖြစ်စိတ်ငြိမ်သက်မူ၊ စိတ်ကျေနပ်မူ၊ ပျော်ရွှင်မူမခံစားရဘူးဆိုရင်အသက်ရှင်ရတာ အကျိုးမနပ် သလို၊ ထာဝရ အသက် မရရင်စစ်မှန်သော ငြိမ်သက်ခြင်းရရှိမှာ မဟုတ်သလို အမြဲတမ်းအသက်တာမှာစိတ်ပျက်ခြင်းနှင့် တွေ့ကြုံနေရမည် ဖြစ်ပါတယ်။ 

Sir Isaac Newton က “ငါဘာမှလုပ်ဆောင်နိုင်မူမရှိဘူး၊ ငါလုပ်ဆောင် နိုင်တာကစိတ်ဓာတ်မကျဘဲ လုပ်ဆောင်နေခြင်းဘဲ ဖြစ်တယ်” လို့ပြောပါတယ်။ ဤ့သာ​ေျ နိငျသညကလည်း “လူဟာအသုံးမကျဆုံးအချိန် ကစိတ်ဓာတ်ကျပြီး စိတ်ကောက်နေတဲ့အချိန် ဖြစ်တယ်။ ကျိုးစားလုပ်ဆောင်ရင်အောင်မြင်ခြင်းက လက်တလှမ်းမှာရှိတယ်” လို့ဆိုပါတယ်။ ဘုရားသခင်ကလည်း ယောရှုကို “သင့်ကို ငါမှာထားသည် မဟုတ်လော၊ အား ယူ၍ ရဲရင့်ခြင်းရှိလော။ မကြောက်နှင့့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏” (ယောရှု ၁:၉) အောင်မြင် မူကို အဟန့်အတား ဖြစ်စေတဲ့အရာက စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းဘဲ ဖြစ်ပါတယ််။ သင့်ရဲ့အခက်အခဲပြဿနာကို စိတ်ပျက်ခြင်းအားဖြင့် မ​ဖြေရှင်း ပါနဲ့။ သင်နဲ့အတူ ဘုရားသခင် အမြဲတမ်းရှိတယ် ဆိုတာသိပြီး သင့်ရဲ့အခက်အခဲ၊ ပြဿနာတွေကို ဘုရားသခင် ထံအပ်နှံခြင်းအားဖြင့် ​ ဖြေရှင်း ပေးလိုက်ပါ။ 
 
၄။ ညည်းတွားမြည်တမ်းခြင်း နဲ့​ ဖြေရှင်းခြင်း (တောလည် ၁၁:၁) 

 “တဖန် လူများတို့သည် အလိုတော် မရှိသော မြည်တမ်းခြင်းကို ပြုကြသ ဖြင့်၊ ထာဝရဘုရားသည် သူတို့ စကားကို ကြား၍ အမျက်ထွက်တော်မူ၏။ရှို့တော်မူသော မီးသည် သူတို့ တွင်လောင်၍ တပ်အစွန်အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။” ဣသရေလ လူမျိုးတွေရဲ့အသက်တာမှာလည်း အခက်အခဲကြုံတွေ့ တဲ့ခါတိုင်း ညည်းတွားမြည်တမ်းခြင်း နဲ့​ ဖြေရှင်း ကြတဲ့အခါ ဘုရားသခင် အမျက်ထွက် တယ်ဆိုတာသိနိုင်ပါတယ်။ ဘုရားသခင်က မြည်တမ်းခြင်းကို အလိုတော် မရှိဘူး။ (ဒေသနာ ၇:၁၄) ထဲမှာ “ကောင်းစားသည့်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲ ခံရသည့်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မည် ဖြစ်လတံ့သော အမူ အရာကို သိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို အလှည့်လှည့် ပေးတော်မူ၏” ဆိုတာသိပြီး တွေ့ကြုံနေရတဲ့အရာတွေအတွက် ညည်း တွားခြင်းအားဖြင့် မ​ဖြေရှင်းဘဲ ဘုရားသခင်ကို အားကိုးခြင်းဖြင့် ​ ဖြေရှင်း ကြပါစို့။ 
 
၅။ ကိုယ့်ကို ကိုယ်အဆုံးသတ်စီရင်ခြင်း နဲ့​ ဖြေရှင်းခြင်း (မဿဲ ၂၇:၃-၅) 

ယုဒရှကာရုတ်အသက်တာမှာလည်း သခင်ယေရှုကို ရောင်းစားခဲ့တဲ့အ ရာတွေတွက်မခံစား နိုင်လို့ ကိုယ့်ကို ကိုယ်အဆုံးသတ်စီရင်လိုက်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ လူတချို့ဟာလည်း တွေ့ကြုံနေရတဲ့အခက်အခဲ၊ ပြဿနာတွေကို မ​ဖြေရှင်း နိုင်ကြတဲ့အခါ ကိုယ့်ကိုကို ုယ်သတ်သေကြတယ်။ လောက မှာလူ့ ဘဝကို ဒုက္ခ ပေးတဲ့အရာ၊ သတ်ဖြတ်ခြင်း မြောက် များစွာ ထဲမှအရက်စက်ဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံးကတော့ ကိုယ့်ကို ကိုယ်သတ်ဖြတ်ခြင်းဘဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကို အဆုံးစီရင်စေတဲ့အဓိကအရင်းအမြစ်ကစိတ်ပျက်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ကို ကိုယ်သတ်သေခြင်းအားဖြင့် ပြဿနာပြီး ဆုံးသွားမယ်လိ့ု ထင်တတ်ကြပေမဲ့ ဝိညာဉ် ကထာဝရ ငရဲရောက်တော့ ပိုတောင်မှဆိုးသွားပါ တယ်။ သင့့်ရဲ့အသက်တာမှာရော ကိုယ့်ကို ကိုယ်သတ်သေချင်လောက်အောင် ဖြစ်ဖူးပါသလား။ ကိုယ့်အသက်ကို ကိုယ်မပိုင်ဘူး၊ ဘုရားကဘဲ ပိုင်တယ်ဆိုတာ သိထားကြရအောင်။ 
 
၆။ ဘုရားကို အပြစ်တင်ခြင်းနှင့် ​ ဖြေရှင်းခြင်း (ယောဘ ၁:၂၁၊ ၂:၉-၁၀) 

​ကျွန်တော်တို့ အသက်တာမှာအခက်အခဲ၊ ပြဿနာ၊ ဆင်းရဲ ဒုက္ခ အမျိုး မျိုးကြုံတွေ့လာတဲ့အခါ ဘုရားသခင်ကို အပြစ်တင်တတ်ကြပါတယ်။ ဘာ ဖြစ်လို့​ကျွန်တော်တို့ ကျမှဒီလိုအခက်အခဲမျိုးနဲ့ကြုံတွေ့စေသလဲ ဆိုပြီး ဘုရားကို မေးခွန်း အမျိုးမျိုး ထုတ်တတ်ကြပါတယ််။ ယောဘအသက်တာကြည့်တဲ့အခါ သူ့မှာ ယပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာ သားသမီး တွေ တရက်ထဲမှာဘဲ အကုန်လုံးရှုံးဆုံး ခဲ့ပါတယ််။ ​ခြေဖဝါးမှဦးထိပ်တိုင်အောင် ဆိုးသော အနာစိမ်းပေါက်ပြီး မီးဖိုပြာထဲ မှာထိုင်ရတဲ့အဆင့်ထိရောက်ရှိခဲ့ပါတယ်။ ထိုအမူ အရာများ နဲ့တွေ့ကြုံတွေ့ရ ပေမဲ့မမှားယွင်း၊ ထာဝရဘုရားကိုလည်း အပြစ် မတင်ဘဲ နေရုံမျှမက ထာဝရဘုရားကို ချီးမွမ်းနိုင်သေးတယ်။ ယောဘတွေ့ကြုံခဲ့ရတဲ့အရာနှင့် သင်နေ့စဉ်နှင့် အမျှတွေ့ကြုံနေရတဲ့အရာတွေကို နိှုင်းယှဉ်ကြည့်လိုက်မည်ဆိုရင် မပြော ပလောက်ပါဘူး။ ယောဘအသက်တာမှာ ဘုရားသခင် ရဲ့လက်တော် မှသုခချမ်း သာကို ခံယူ သကဲ့သို့ ဒုက္ခ ဆင်းရဲခြင်းလည်း ခံယူရမည်ဟု သိရှိထားပါတယ်။ ဒါကြောင့် သူတွေ့ကြုံနေရတဲ့အရာပေါ်မှာ ဘုရားသခင်ကို နှုတ်ဖြင့် မျှမမှားယွင်းကြောင်း တွေ့နှုိင်ပါတယ်။ သင့်ရဲ့အသက်တာမှာလည်း ဘုရားသခင် ရဲ့လက်တော် မှသုခချမ်းသာကို ခံယူ သကဲ့သို့ ဒုက္ခ ဆင်းရဲ ကိုလည်း ခံယူရမယ်သိထားပါ။ ရှင်ပေါ်လုနဲ့သေလတို့ ဟာထောင်ထဲဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘုရားကို ချီးမွမ်းတဲ့အခါ ဘုရား ဘုန်းထင်ရှားပြီး ထောင်မှုး မိသားစုပြောင်းလဲသွားတယ် ဆိုတာတွေ့နိုင်ပါတယ်။ အခက်အခဲကြားမှချီးမွမ်းခြင်းအားဖြင့် ဘုရား ဘုန်းထင်ရှားစေတယ်ဆိုတာသိပြီး ဘယ်လိုအ​ခြေအနေဘဲ ရောက်ရောက်ဘုရားကို ချီးမွမ်း တတ်တဲ့သူ ဖြစ်ဖို့လိုပါတယ််။ ခရစ်ယာန် အသက်တာဟာ ခါးတလှဲ့ချိုတလှည့် ဆိုတာသိထားဖို့လိုအပ်ပါတယ်။ 
 
၇။ နှုတ်ကပတ်တော်အားဖြင့် ​ ဖြေရှင်းခြင်း (မဿဲ ၄:၁-၁၁၊ ယော ၁၆:၃၃၊ ယောရှု ၁:၈) 


 ခရစ်တော်ကို တိုင် စာတန် မာရ်နတ်ရဲ့စုံစမ်း သွေးဆောင်ခြင်း ခံရတဲ့အခါ နှုတ်ကပတ်တော်အားဖြင့်ဘဲ စာတန် မာရ်နတ်ကို အနိုင်ရခဲ့ပါတယ်။ ​ကျွန်တော်တို့ အသက်တာမှာလည်း တွေ့ကြုံရတဲ့ အခက်အခဲပြဿနာဆင်းရဲ ဒုက္ခ မှန်သမျှ နှုတ်ကပတ်တော်အားဖြင့် ​ ဖြေရှင်း တတ်ဖို့လိုပါတယ်။ သင်အရမ်း အားနည်းနေ တဲ့အချိန်၊ စိတ်ဓာတ်ကျနေတဲ့အချိန်၊ အခက်အခဲတွေ့ကြုံနေတဲ့အချိန် မှာကျမ်းစာကို ဖတ်လိုက်ပါ။ ဘုရားသခင်က စကားပြောပြီး သင့်အသက်တာမှာပျော်ရွှင်မူ၊ ငြိမ်သက်မူရရှိလာမည် ဖြစ်ပါတယ်။ နှုတ်ကပတာ်တော် ဟာ ​ကျွန်တော်တို့ ရဲ့ ခွန်အား ဗလ ဖြစ်ပါတယ်။ ခရစ်တော်က၊ “သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီ။” ဆိုတဲ့နှုတ်ကပတ်တော်အပေါ်မှာ မားမားမတ်မတ်ရပ်တည်ကြပါစို့။ 

၈။ ဆုတောင်းခြင်းအားဖြင့် ​ ဖြေရှင်းခြင်း (ဆာလံ ၃၇:၅၊ ၅၀:၁၅) 

လူတိုင်း ဟာအခက်အခဲ၊ ပြဿနာ၊ ဆင်းရဲ ဒုက္ခ တွေ့ကြုံကြတဲ့အခါကိုယ့် နည်းကိုယ့်ဟန်၊ ကို်ယ့်ရဲ့အစွမ်းအစနဲ့​ ဖြေရှင်း တတ်ကြပါတယ်။ မ​ဖြေရှင်း နိုင်တဲ့ အခါ သူများရဲ့အကူအညီတောင်းခံတတ်ကြတယ််။ အကူအညီမပေးနိုင်၊ မ​ဖြေ ရှင်းနိင်တဲ့အခါ စိတ်ပျက်ပြီးသော ကရောက်နေတတ်ကြတယ်။ အခက်အခဲ၊ ပြဿနာတွေကို ​ ဖြေရှင်း ဖို့အသင့် ရှိနေတဲ့ဘုရားကို မေ့လျော့ တတ်ကြပါတယ်။ “ကိုယ့် အမူ အရာကို ထာဝရဘုရား၌ အပ်လော။ ကို်ယ်တော်ကို ကိုးစားလော့။သို့ ပြုလျင်စီရင်တော်မူမည်။” ( ဆာလံ ၃၇:၅) “အမူ ရောက်သည် ကာလ၌ ငါ့ကို ပဌနာ ပြုလော။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကို ချီးမွမ်းလိမ့်မည်။” ဟု မိန့်တော်မူ တယ် (ဆာလံ ၅၀:၁၅)။ “ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်။” (ဆာလံ ၅၅:၂၂) “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာ ပေးမည်။” (မဿဲ ၁၁:၂၈) ယောရှဖတ်မင်းကြီး ဟာ မောဘအမျိုးသား၊ အမ္မုန် အမျုိုးသားများ၊ ဧဒုံအမျိုးသား အချို့တို့ ကစစ်ချီလာတဲ့ခါ သဘော ချလျက် ထာဝရဘုရားကို ရှာပြီး အစာရှောင် ဆုတောင်း တဲ့အခါထာဝရဘုရားက “ထိုအလုံးအရင်းကြီး ကြောင် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မူသည် သင်တို့ တာ မဟုတ်၊ ဘုရားသခင့်တာ ဖြစ်တယ်” လို့ပြောပါသည် (၆ရာ ၂၀:၁၅)။ ရန်သူအလုံးအရင်းထဲ မှယောရှဖတ်မင်းကြီးကို ကယ်နှုတ်ခဲ့ပါတယ်။ သင့်ရဲ့အခက်အခဲပြဿနာဟာ လဲသင့်တာ မဟုတ်ဘူး။ ဘုရားသခင့်တာ ဖြစ်တယ်ဆိုတာသိပြီး ဘုရားသခင် ထံလုံးလုံးလျားလျားအပ်နှံခြင်းအားဖြင့် ​ ဖြေရှင်း လိုက်ပါ။ သင့်ရဲ့ခက်အခဲပြဿ နာငြိမ်းသွားပါလိမ့်မယ်။ လူကသင့်ရဲ့ပြဿနာတွေကို ​ ဖြေရှင်း မပေးနိုင်ဘူး။ ဘုရားကဘဲ ​ ဖြေရှင်း ပေးနိုင်တယ်ဆိုတာသိထားဖို့လိုပါတယ်။ ငါနှင့် ကွာလျင် သင်တို့သည် အဘယ် အမူကိုမျှ မတတ်နိုင် ကြ။ ( ယော ၁၅:၅) နှခေါင်းနှင့် အသက် ရှုတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမဏပြုစရာ ရှိသနည်း။ (ဟေရှာ ၂:၂၂) ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကိုကိုးစားခြင်းထက် သာ၍ကောင်း၏။ ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ကောင်း၏။ (ဆာလံ ၁၁၈:၈-၉) လူတွေကတော့အ ကူအညီတောင်းတာများ လွန်းရင်မကူညီချင် ကြတော့ဘူး။ အကူအညီတောင်း သမျှကို စိုးရိမ် လာတတ်ကြတယ်။ ထာဝရဘုရားကတော့ အကူအညီတောင်း လေလေကြိုက်လေလေ ဖြစ်တယ်။ သင့်ကို အမြဲတမ်းကူညီပေးခြင်း တဲ့သူ၊ ကူ ညီဖို့အမြဲအသင့် ရှိတဲ့သူက ဘုရားသခင်ဘဲ ဖြစ်တယ်။ လူတွေကသင်တောင်း တိုင်းလည်း မပေးနိုင်ဘူး၊ ဘုရားသခင််ကတော့ သင်တောင်းတိုင်း ပေးနိင်သလို သင်တောင်းတာထက် ပိုပြီး ပေးနိုင်တယ်ဆိုတာသိပြီး သင်တွေ့ကြုံနေရတဲ့အ ခက်အခဲပြဿနာတွေကို ဘုရား ထံအပ်နှံခြင်းအားဖြင့် ​ ဖြေရှင်း ကြပါစို့လား။ 

“ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှ လုံး ပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင်။” ့ (ယောဟန် ၁၄:၂၇) “သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီး။ သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကို အောင်မြင် ပြီဟု မိန့်တော်မူ၏၊ ” (ယောဟန် ၁၆ ; ၃၃) 
 
နောက်ဆုံးပေါ် စာတန် လက်နက်များ 
Rev. Moses R Cung


နောက်ဆုံးသော ကာလ၌ လူများက ဘုရားသခင်ကို မသိရန် စာတန်က အသုံးပြုသော လက်နက်များသည်၊ 
၁။ အလုပ်အကိုင်၊ ၂။ လူမျိုးနှင့် စကား၊ ၃။ အပျော်အပါးတို့ ဖြစ်သည်။ 
 
၁။ အလုပ်အကိုင်

အမေရိကပြည် ရောက် မြန်မာနိင်ငံသားများအတွက် ပဌမ ဦးစားပေးသောအရာသည် အလုပ် ဖြစ်သည်။ အလုပ်အကိုင်မရှိလျှင် မနေနိင်ကြချေ။ အလုပ် ရှိသော နေရာကို အဓိကထားသွား ကြသည်။ ထိုမျှသာမက အလုပ်လျှောက်ပေး နိင်သောသူ၊ အလုပ်သွင်းနိင်သောသူကို အလွန် အားကိုး ကြသည်။ အလုပ်အကိုင်ရှာဖွေ ပေးနိင်လျှင် မည်သည့်ခံယူချက်မဆို၊ မည်သည့် အသင်းတော် မဆို အသင်းဝင်နိင်သည်။ အလုပ်ကို အဓိကထားသည့်အတိုင်း အလုပ်အကိုင်အစဉ် ပြေလျှင် ကျေနပ် နေကြသည်။ အလုပ်အကိုင်သည် ဘုရားထက် အရေးကြီး စေ ကြသည်။ ထိုအရာသည် စာတန်၏ လှည့်ကွက် ဖြစ်သည်။ ဘုရားသခင် ပြောခဲ့သောအရာကို လုံးဝ သတိမရကြချေ။ ကျမ်းစာက၊ “သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံးတော၌ ပို့ဆောင်တော်မူသောလမ်းခရီး တရှောက်လုံးကို အောက်မေ့ရမည်။ ၃ ထိုသို့ သင့်ကို နှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင် မသိ၊ သင်၏ ဘိုးဘေး မသိဘူးသော မန္နနှင့် ​ကျွေးမွေးတော်မူ သဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက် မွေးရသည်ကို သိစေတော်မူ၏။” ( တရားဟော ၈:၂-၃)။ 

အဘယ်ကြောင့် ဘုရားသခင်သည် ဣသရေလ လူများကို အစာနှင့် ရေမရှိသော သဲကန္တာရထဲ၌ ခေါ်ဆောင်ခဲ့သနည်းဟူမူကား လူသည် အစာအားဖြင့်သာ အသက်ရှင်ရသည် မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ရှင် ရသည်ကို သိစေချင် သောကြောင့် ဖြစ်သည်။ ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “၁ ညီအစ်ကိုတို့၊ ငါတို့ ဘိုးဘေး အပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင် လယ်အလယ်၌ ရှောက်သွားကြသည် ဟူ၍၎င်း၊ ၂ မိုဃ်းတိမ်နှင့် ပင်လယ်ထဲမှာမော ရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍၎င်း၊ ၃ ဓမ္မအစာကိုအတူ စားကြသည် ဟူ၍၎င်း ဓမ္မရေကိုအတူ သောက်ကြသည် ဟူ၍၎င်း၊ သင်တို့ မသိမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ ၄ ထို သူတို့ နောက်၌ လိုက်သော ဓမ္မကျောက်မှ ထွက်သော ရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော် ဖြစ်သတည်း။ ၅သို့သော်လည်း ထို သူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌ သေ​ကြေပျက်စီးခြင်းသို့ ရောက်ကြ၏။ ၆ ထို သူတို့သည် မကောင်းသောအရာ တို့ကို တပ်မက် သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ၊ ထိုအကြောင်း အရာတို့သည် ငါတို့အဘို့ ပုံသက်သေ ဖြစ်ကြ၏။ ၁၁ ထိုအကြောင်း အရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထို သူတို့၌ ရောက်ကြ၏။ ကပ်ကာ အဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း။”  (၁ ကော ၁၀:၁-၆၊ ၁၁) 

 ဣသရေလ လူများ ခံစားရသောအရာ တိုင်းသည် ယနေ့ ယုံကြည်သူများအတွက် သင်ခန်းစာများ ဖြစ်သည်။ ဘုရားသခင်သည် သူတို့ကို အစာမရှိသဲ ကန္တာရ၌ ကျွေးမွေးနိင်လျှင် ယနေ့ ယုံကြည်သူများကိုလည်း ကျွေးမွေးနိင်သည်။ ထိုကြောင့် အလုပ်အကိုင်နှင့် ငွေကို အဓိကမထားဘဲ ဘုရားသခင်နှင့် သူ၏ သွန်သင်ချက်များကို ပဌမ ဦးစားပေးကြစို့။ သို့မှသာ ဘုရားသခင်၏ တန်ခိုးနှင့် မေတ္တာတော်ကို ခံစား နိင်မည် ဖြစ်သည်။ 

၂။ လူမျိုးနှင့် စကား၊ 

 စာတန်၏ ဒုတိယလက်နက်အကြီး ဆုံးသည် လူမျိုးရေးနှင့် စကား ဖြစ်သည်။ လူအများစုသည် မိမိလူမျိုးကို ချစ် ကြသည်။ လူမျိုးကို ထိလာလျှင် လုံးဝ မခံနိင်ချေ။ လူမျိုးနှင့် တဆက်တည်း ဖြစ်သောစကား ကိုလည်း အလွန် ကာကွယ် ကြချစ် ကြသည်။ ဘုရား ပေးသောစကား ထိန်းသိမ်းရမည်ဟု ခံယူ ကြသည်။ အဘယ်ကြောင့် ထိုကဲ့သို့ လူမျိုးနှင့် စကားကို ဂရုစိုက်ချစ်ကြသနည်း။ လူမျိုးနှင့် စကားသည် ည်ကဲ့သို့ ပေါ်ပေါက်ခဲ့သနည်း။ 

ယခုအခါ လူမျိုးတိုင်း ကမိမိတို့ လူမျိုးနှင့် စကားသည် ဘုရား ပေးထားသော လူမျိုး၊ စကား ဖြစ်သောကြောင့် ထိမ်းသိမ်းစောင့်ရှောက်၍ တိုးတက်စေရ မည်ဟု ခံယူကြသည်၊ တိုက်တွန်းနိုးဆော် ကြသည်။ ထိုသို့ ခံယူတိုက်တွန်းသည့် အတိုင်းလည်း အလွန် အားရကျေနပ် ကာမိမိ လူမျိုးနှင့် စကား ထိမ်းသိမ်းရေး၊ တိုးတက်ရေးအတွက် အလွန် ကြိုးစား ကြသည်။ ဘုရားသခင်၏ အလိုတော်ထက် လူမျိုးနှင့် စကားသည် ပို၍ အရေးထားလာ ကြသည်။ ဘုရားသည် သဘောတရား၌ သာထား၍ ကောင်းကြီး ပေးသော အရှင်၊ စောင့်ရှောက်သော အရှင်အဖြစ်သာ လက်ခံ ကြသည်။ 

သို့ဖြစ်လျှင် လူမျိုးနှင့် စကားသည် ဘုရားသခင်က ပေးသလော၊မည် ကဲ့သို့ စတင်ခဲ့သနည်းဟူသောအရာကို စစ်ဆေးဘို့ လိုလာသည်။ တကမ္ဘာလုံးရေလွှမ်းမိုးပြီး နောက်နောဧနှင့် မိသားစုလူ ၈ယောက်သာလျှင် ကျန်ရစ်ခဲ့သည်။ သူတို့သည် စကား တမျိုး၊ လူမျိုးတမျိုးတည်း ဖြစ်ခဲ့သည်။ သို့သော် များမကြာမီ သူတို့၏သား စဉ်မြေးဆက်များသည် ထာဝရဘုရားကို မကိုးကွယ်တော့ဘဲ ရုပ် တုကိုးကွယ်သောသူများ ဖြစ်သွားခဲ့ ကြသည်။ ကျမ်းစာက “မြေကြီးသား အပေါင်းတို့သည် ဘာသာတမျိုးတည်း၊ ၂ အရှေ့မျက်နှာမှခရီး သွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကို တွေ့၍ နေရာချကြ၏။ ၃ သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက် အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်းရပြီးလျှင်၊ ၄ လာကြ၊ မြေကြီး တပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်း ကင်သို့ မှီရသော ရဲတိုက်ကို၎င်းတည်လုပ်သဖြင့်၊ ကျော်စောကိလ္လိရှိစေခြင်းငှါ၊ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။ ၅ ထိုသို့ လူသားတို့ တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ ၆ ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကား တမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ ပြု ကြလိမ့်မည်။ ၇ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည် စေခြင်းငှါ၊ သူတို့ စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ၈ ထိုသို့ ထာဝရဘုရားသည် သူတို့ကို မြေကြီး တပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူ သဖြင့်၊ သူတို့သည် မြို့ကို မတည်ဘဲ နေကြ၏။ ၉သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသား အပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကို မြေကြီး တပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင် သတည်း။” (ကမ္ဘာ ဦး၁၁:၁-၉) 

အထက်ပါ ကျမ်းပိုဒ်များ အရလူသည် တမျိုးတည်း၊ စကားလည်း တဘာ သာတည်း ပြောခဲ့ ကြသည်။ သူတို့ စကား ကွဲခြင်းသည် ဘုရားသခင်၏ ကောင်းကြီး မဟုတ်ဘဲ ဘုရားသခင်၏ ကျိန်ခြင်း ဖြစ်သည်။ အကြောင်းမှာ ဗာဗုလုန်ရဲတိုက်ဆောက်ခြင်းသည် ဘုရားသခင်၏ အကြံအစည် မဟုတ်။ သူတို့၏ ကျော်စော ကိတ္တိရှိစေခြင်းငှါ ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်က သူတို့သည် အချင်းချင်း ပေါင်းဖေါ်၍ မရနိင်ရန် စကား ကွဲစေခြင်း ဖြစ်ခွဲလိုက်ခြင်း ဖြစ်သည်။ ထိုကြောင့် ကမ္ဘာပေါ်ရှိစကား များသည် ဘုရားသခင်၏ ကောင်းကြီး မဟုတ်ဘဲ ကျိန်ခြင်းဖြင့် ရရှိခြင်း ဖြစ်သည်။ စကား ကွဲသောအခါ လူမျိုးလည်း ကွဲသွား ကြသည်။ ထိုကြောင့် လူမျိုးနှင့် စကားသည် ဘုရားသခင်၏ မူလအကြံ အစည် မဟုတ်ဘဲ လူများက သူ့ကို မသိကြသောအခါ ပေးသောအရာ ဖြစ်သည်။ လူမျိုးနှင့် စကားသည် ဘုရား ပေးသောအရာ မှန်ပါသည်။ သို့သော် ကောင်းကြီး မဟုတ်၊ ကျိန်ခြင်း ဖြစ်သည်။ 

ခရစ်တော် ကနောက်ဆုံးသော ကာလ၊ သူကြွလာမည့် နိမိတ်လက္ခဏာများထဲ၌ လူတမျိုးနှင့် တမျိုးရန် ဖြစ်ကြမည့် အကြောင်းကို ဤသို့ ပြောဆို ခဲ့သည်၊ “လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” (မ ၂၄:ရ) ယခု အခါတိုင်း နိင်ငံတိုင်း၌ လူမျိုးရေးနှင့် စကားသည် အလွန် နိုးကြား ကြသည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် နောက်ဆုံးသော ကာလ၊ ခရစ်တော် ကြွလာ တော့မည့် နိမိတ်လက္ခဏာ ဖြစ်ကြောင့်သိနိင်သည်။ လူမျိုးနှင့် စကား၌ စိတ်ဝင် စား၊ တက်ကြွရုံဖြင့် အပြစ် မရှိပါ ဟုဆိုနိင်သည်။ သို့သော် အမှန်တကယ် ဘုရား၏ အလိုတော်အတိုင်း အသက်ရှင်လိုလျှင် လူမျိုးရေးနှင့် စကားသည် အဟန့်အ တား ဖြစ်သည်။ လူမျိုးရေးနှင့် ဘာသာစကား၌ ပြင်းထန်သောသူသည် ဘုရား၏ အလိုတော်ကို မလိုက်နိင်ချေ။ အကြောင်းမှာ ကျမ်းစာက၊ “ယေရှုခရစ်၌ ယုဒ လူမရှိ၊ ဟေလသလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။” (ဂလာ ၃:၂၈) ဟုဆို ထားသည်။ လူမျိုးရေးပြင်းထန်သောသူသည် အခြားလူမျိုးများကို လက်ခံဘို့ လုံးဝ မဖြစ်နိင်ချေ။ လူမျိုးရေးနှင့် ဘာသာစကား၌ ပြင်းထန်သောသူသည် ခရစ်တော်၏ အမိန့်တော်ကို ငြင်းဆန်ဖီဆန်သောသူ ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်က၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်း တော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ၂၀ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။” (မဿဲ ၂၈:၁၉-၂၀) ဟုဆိုထားသည်။ ခရစ်တော်က သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေပါ ဟုဆိုသည်။ ကိုယ်လူမျိုးသာလျှင်ဟု မဆိုပါ။ ထိုကြောင့် လူမျိုးရေးနှင့် ဘာသာစကားကို အဓိကထားသော သူတို့သည် ကယ်တင်ရှင် ခရစ်တော်ကို ဆန့်ကျင်ခြင်း၊ သူ၏ အလိုတော်ကို ဂရုမစိုက်ခြင်း၊ သူ့ကို ငြင်းပယ်ခြင်း ဖြစ်သည်။ ဘာသာစကား မတတ်သောကြောင့် ကိုယ်ဘာသာစကားဖြင့် ဝတ်ပြုခြင်းသည် ကောင်းပါသည်။ သို့သော် သမ္မာတရားထက် ဘာသာစကားကို ဦးစားပေးခြင်း၊ အခြားဘာသာ စကားကို မပြောလိုခြင်းသည် အပြစ် ဖြစ်သည်။ စာတန်၏ လက်နက်ကို အသုံးမပြုကြဘို့ သတိပေးလိုပါသည်။ 

၃။ အပျော်အပါး

အပျော်အပါးသည်လည်း စာတန်၏ လက်နက်ကြီး ထဲ၌ ပါဝင်သည်။ ဤလက်နက်ဖြင့် များစွာသော လူများကို ဘုရားထံမှ စာတန်သည် ဆွဲ ခေါ်သွားပြီ။ ရှင်ပေါလုက၊ “ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ၁၂ ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော် ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ ၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြ ကုန်အံ့။ ၁၄ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။” ဟု ရေးထားသည် (ရော ၁၃:၁၁-၁၄)။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းတို့သည် မှောင်မိုက်လက်နက်များ ဖြစ်သည်။ ထိုအရာများ လိုက်ခြင်းကြောင့် လူများသည် ဘုရားသခင်နှင့် ဝေးရ ကြသည်။ ထိုအရာများသည် ခဏပျော်ရွှင်စေသော်လည်း ရေရှည်၌ စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပူပန်ခြင်း၊ မုန်းတီးခြင်း များကိုသာ ဖြစ်စေသည်။ ထို့ကြောင့်နေ့ အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG