GOODNEWS
  HOME  GOODNEWS  2012 SEP
 


အမှာစာ
 ဤစာစောင်ကို ဖတ်ရှုနိင်သေးခြင်းသည် ချီဆောင်ခြင်း အရောက် သေးသောကြောင့် ဖြစ်သည်။ ချီဆောင်ခြင်း ဖြစ်ပြီး သောလည်း ဤစာစောင်ကို မိတ်ဆွေ ရရှိဖတ်ရှုသေးလျှင် မိိတ်ဆွေသည် ချီဆောင်ခြင်း၌ မပါသောကြောင့် ဖြစ်သည်။ ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန် အလွန် အရေးကြီးသည်။ အကြောင်း အမျိုးမျိုးကြောင့် မိတ်ဆွေသည် ချီဆောင်ခြင်း၌ မပါဝင်ပါက ဘေးဒဏ်ကြီး ကာလ၌ ရောက်ရှိပြီဟု သိထားပါ။ ချီဆောင်ခြင်းသည် မသိဘဲ နေနိင်မည် မဟုတ်။ အကြောင်းမူကား ဤလောက မှ ယုံကြည်သူ များစွာ ပျောက်ဆုံးသဖြင့် ကား တိုက် မှုများ၊ အိမ် မီးလောင်ခြင်းများ၊ ပြသနာ ပေါင်းမြောက် များစွာ တပြိုင်နက် ဖြစ်မည်။ မိဘပျောက် သူများ၊ ခင်ပွန်းသည် ပျောက် သူများ၊ သားသမီး ပျောက်သူများ၊ မိတ်ဆွေနှင့် လုပ်ဘော်ဆောင်ဘက်ပျောက် သူများဟု လူ များစွာတို့သည် အလွန် ​ခြောက်ခြားစရာ၊ ဝမ်းနည်းစရာ အတိခံစားရကြမည်။ ထိုအချိန်၌ ကမ္ဘာ့ ပြသနာကို ​ ဖြေရှင်း ဘို့ရန် နိင်ငံရေးလောက၌ အလျှင်အမြန် ပြောင်းလဲမည်။ တ ကမ္ဘာလုံးအစိုးရ တခုတည်း ဖြစ်၍ ကမ္ဘာ့ သမတကြီး ပေါ်လာမည်။ ထိုသူကတ ခဏကမ္ဘာ့ ပြသနာကို ​ ဖြေရှင်း နိင်သော်လည်း များမကြာမှီစစ်ပွဲများ တခုပြီးတခု ဖြစ်မည်။ ယခုထက် အစာရေစာ ခေါင်းပါးမည်။ အနာရောဂါမျိုးစုံ ဖြစ်မည်။ ငွေကျေးသုံးစွဲခြင်း ပပျောက်၍ ၆၆၆ တည်းဟူသော မိုင်ခရိုချိတ်များ လူတိုင်း လက်ျာလက် သို့မဟုတ် နဖူး၌ ခတ်ထားကြမည်။ ထိုအမှတ်ကို မခတ်ဘို့ သတိ ထားပါ။ အကြောင်းမှာ ထိုတံဆိပ်ခတ်လိုက်လျှင် ကယ်တင်ခြင်းသို့ မရောက် နိင်တော့ပါ။ ဘုရားသခင်ကို ယုံကြည်ပါ။ အသတ်ခံပါ။ သို့ဖြစ်လျှင် ကယ်တင်ခြင်းသို့ ပြန်ရောက်နိင်မည်။ လွယ်ကူမည် မဟုတ်။ သို့သော် ထာဝရ ငရဲ၌ နေခြင်းထက် ခဏဒုက္ခ ခံ၍ ကယ်တင်ခြင်းသို့ ရောက်လျှင် သာ၍ ကောင်းသည်။ ထိုအ ရာများရှောင်နိင်ရန် ချီဆောင်ခြင်း၌ ပါဝင်ဘို့ ခရစ်တော်ကို လက်ခံပါ။ 
 

ဤစာစောင်၌...

ဝိညာဉ်ဆုကျေးဇူးများ 
 
ဝတ်ပြေအောင် ပင် အစေမခံကြသော အစေခံ​ကျွန်များ 
 
ဘုရား အမ၍ တော် မြတ်မည်ကဲ့သိုပါဝင်ကြမည်နည်း

စစ်မှန်သော ယုံကြည်သူ 
 
သတင်းကောင်း ပွဲတော်ကြီး


 
၀ိညာဉ်ဆုကျေးဇူးများ 
 Rev. Moses R Cung

 

ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးအကြောင်းများကို မသိဘဲ နေစေခြင်းငှါ၊ ငါအလိုမရှိ။ (၁ ကော ၁၂:၁) ရှင်ပေါလုက ကောရိန္တုအ သင်းသားများထံ သူတို့သည် ဘုရား ပေးထားသော ဝိညာဉ်ဆုကျေးဇူးများကို သိစေချင်သည်။ ထိုနည်းတူ ယနေ့ ယုံကြည်သူ အားလုံးလည်း ထိုအရာကို သိထားဘို့ လိုသည်။ ဝိညာဉ်ဆုကျေးဇူးများ အကြောင်း မသိလျှင် ကောရိန္တုအ သင်းသားများကဲ့သို့ ရှုပ်ထွေးခြင်း၊ မှားယွင်းခြင်းများရှိနိင်သည်။ ထို့အပြင် ဝိညာဉ်ဆုများကို ဘုရားသခင်က ရည်ရွယ်ချက်ရှိ၍ ပေးထားသည်။ ထိုအရာကို မသိလျှင် အသုံးမပြုဘဲ နေမည်။ အသုံးမပြုလျှင် အကျိုးမရှိပေ။ ထိုကြောင့် ကိုယ်ရသော ဝိညာဉ်ဆုကျေးဇူးများကို သိဘို့ လိုသည်။ 
 
၀ိညာဉ်ဆုကျေးဇူးနှင့် အစွမ်းအစ

ဝိညာဉ်ဆုကျေးဇူးများ (ှစငမငအက​ေူ ါင်အျ)သည် ဝိညာဉ်ပိုင်း မွေးဘွားသောသူများ ကသာ ရရှိသည်။ ဒုတိယ မွေးဘွားခြင်း မခံသောသူများက မရရှိ နိင်ချေ။ ကိုယ်ခန္ဓာပိုင်း မွေးဘွားသောအခါ အစွမ်းအစ ( ဤ​ေူနညအ) တမျိုးမှအမျိုး မျိုးရရှိ ကြသည်။ ဥပမာ၊ စကား အမျိုးမျိုး အလွယ်တကူနှင့် တတ်မြောက်လွယ်ခြင်း၊ ပန်းချီဆွဲတတ်ခြင်း၊ အသံကောင်းခြင်း၊ ပညာထူးခွျန်ခြင်း၊ ခွန်အားကြီးခြင်း စသည်ဖြင့် အမျိုးမျိုးရရှိ ကြသည်။ ထိုနည်းတူ ဝိညာဉ်ပိုင်း မွေးဘွားသောအခါ ဘုရားသခင်က ဝိညာဉ်ဆုကျေးဇူးများ ပေးထားသည်။ ဝိညာဉ်ဆုကျေးဇူး များသည် သင်၍ မဟုတ်၊ ကြိုးစား၍ မဟုတ်၊ ဘုရားသခင်က ပေးထား၍ သိဘို့ နှင် သစ္စာရှိစွာ အသုံးပြုဘို့သာ ဖြစ်သည်။ ဝါကြွားဘို့ ပိုက်ဆံရှာဘို့နှင့် သူတပါးကို နှိမ်ဘို့ အသုံးမပြုရ။ 
 
ယုံကြည်သူတိုင်းရသည် 

ယုံကြည်သူတိုင်း ဝိညာဉ်ဆုကျေးဇူးရရှိကြောင့် ရှင်ပေတရုက ဤသို့ ရေးထားသည်၊ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်း ကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။” (၁ ပေ ၄:၁၀)။ သို့သော် အဘယ်သူမျှ ဆုကျေးဇူးအားလုံး မရရှိကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရပြန်သည်၊ “သင်းဝင်သူရှိ သမျှတို့သည် တမန်တော် ဖြစ်ကြသလော။ ရှိသမျှတို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာ ဖြစ်ကြသလော။ ရှိသမျှတို့သည် တန်ခိုးကို ပြနိုင်ကြသလော။ ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏ အနက်ကို ဘော်ပြနိုင်ကြသလော။” (၁ ကော ၁၂:၂၉-၃၀) 
 
၀ိညာဉ်တော် တပါးတည်း 

 “ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော် တပါးတည်းရှိ၏။ ဓမ္မဆရာအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်း အမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင် တပါး တည်းရှိ၏။ (၁ ကော ၁၂:၄-၆) ဝိညာဉ်ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော် တပါးတည်းရှိ၏။ ဓမ္မဆရာအမှု အထူးထူးအ ထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်း အမှု အထူးထူးအ ထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင် တပါးတည်းရှိ၏ဟု ရှင်ပေါလုကရေးထားသည်။ ထို့ကြောင့် ဝိညာဉ်တော် တပါး၊ သခင်တပါး၊ ဘုရား တပါးတည်းက အလုပ်လုပ်သွားသည်။ သို့သော် စာတန်သည် ဘုရားသခင်ကို အစဉ်အမြဲဆန့်ကျင် နှောင့်ရှှက်တတ်သည့်အတိုင်း ယုံကြည်သူများ၌ အမျိုးမျိုးရှုပ်ထွေးသွားစေရန် ဝိညာဉ်ဆုကျေးဇူး အတုများကို ပေးလျက် ရှိသည်။ ထို့ကြောင့် ယုံကြည်သူများသတိထားဘို့ လိုသည်။ မည်ကဲ့သို့ သတိထားရမည်နည်းဟူမူကား ကျမ်းစာအားဖြင့် စစ်ဆေးရမည်။ ကျမ်းစာနှင့် မကိုက်ညီလျှင် ဝိညာဉ်ဆိုးထံမှ ဖြစ်သည်။ 
 
ကောင်းသော အကျိုးအလိုငှါ သာ

“ကောင်းသော အကျိုးအလိုငှါသာ ဝိညာဉ် တာ်ကို လူအသီးသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ၏။” (၁ ကော ၁၂:ရ) ဝိညာဉ်တော်၏ ဆုကျေးဇူး များသည် မျက်လဲှ့ဆရာများ ကဲ့သိုပြစားဘို့ရန် ပေးသည် မဟုတ်။ အသင်းတော်နှင့် ယုံကြည်သူများအတွက် ကောင်းကျိုးအလို့ငှါ ပေးခြင်း ဖြစ်သည်။ သို့သော် အန္တီခရစ်၏ ဝိညာဉ်ကလည်း အမျိုးမျိုးသောအမှုများကို လုပ်ဆောင်လျက် ရှိသောကြောင့် သတိထားရမည်။ ဝိညာဉ်ဆုကျေးဇူးများကို ရှင်ပေါလုကအဓိက ရေးသား ခဲ့သည်။ ထိုအရာများကို လေ့လာကြပါစို့။ 
 
၁။ ပညာတရား ( The word of Wisdom) 
 “အဘယ်သို့ နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။” (၁ ကော ၁၂:၈) ဝိညာဉ်တော်က ဝိညာဉ်ပိုင်းဆိုင်ရာကို သိနိင်သော ပညာပေးခြင်းကို ဆိုလိုသည်။ ရှင်ပေါလု ကပညာနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ “သင်တို့၏ ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေခြင်းငှါ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့် ယှဉ်သော ဖြားယောင်းသော စကားနှင့် တကွရှိသည် မဟုတ်။ ဝိညာဉ်တော်၏ နိမိတ်လက္ခဏာတန်ခိုးတော်နှင့် တကွ ရှိ၏။ ၆သို့သော်လည်း၊ စုံလင်သော သူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက်တတ်သောလောကီမင်းတို့၏ ပညာကို မဆိုလို။ ရ ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်း အသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို ငါတို့သည် ပြသကြ၏။ ၈ ထိုပညာကိုလောကီမင်းတစုံတယောက်မျှ မသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်မှာမကွပ်မျက်ကြပြီ။ ၉ ကျမ်းစာ လာသည်နှင့် အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာ တို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ၁၀ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော် ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသောအရာ တိုင်အောင် ခပ်သိမ်းသောအရာ တို့ကို စစ်တော်မူ၏။” (၁ ကော ၂:၄-၁၀) ဤဆုကျေးဇူးသည်လောကီပညာ မဟုတ်။ သို့ဖြစ်၍ သင်ယူ၍ မရနိင်ချေ။ ဘုရားသခင်က ယုံ ကြည်သူ အချို့ကို သူ၏ နက်နဲသောအရာကို ဖေါ်ပြခြင်း ဖြစ်သည်။ 
 
 
၂။ ထိုးထွင်းခြင်း တရား ( The word of Knowledge) 
ထို ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ထိုးထွင်းခြင်း တရားကို ပေးတော်မူ၏။ (၁ ကော ၁၂:၈) ဤဆုကျေးဇူးသည်လည်း ပညာတရားနှင့် တဖွဲ့တည်း ဖြစ်သည် ဟုဆိုနိင်သည်။ အင်္လိပ်လို (အ့န တသမိ သ် ုညသတူနိါန) ဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်နိင်ခြင်း၊ အဖြစ်အပျက် တခုခုကို သိနိင်ခြင်း ဖြစ်သည်။ ပရောဖက် ဥာဏ်နှင့်လည်း တူသည် ဟုဆိုနိင်သည်။ မွေးရာပါအားဖြင့် မဟုတ်၊ ဝိညာဉ်တော် ကသိစေမှသာ သိနိင်သောအရာ ဖြစ်သည်။ 
 
၃။ ယုံကြည်ခြင်း (Faith) 
ထို ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ (၁ ကော ၁၂:၉) ဤယုံကြည်ခြင်းသည် ကယ်တင်ခြင်း အတွက် ယု ံ ကြည်ခြင်း မဟုတ်။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ ထဲမှထူးခြားစွာ ယုံ ကြည်ခြင်းရှိသူကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ဆောင်ရာတွင် အခြားသော ယုံကြည်သူများထက် အခက်အခဲများကို ဂရုမစိုက်ဘဲ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ရဲသူ ဖြစ်သည်။ ဒံယေလသည် ယုံကြည်ခြင်းအားဖြင့် ဘုရင်၏ အာ ဏာကို ဖီဆန်၍ “အမိန့်တော် ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြား သိသော်လည်း၊ မိမိအိမ်သို့ သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာအထက် ခန်း ပြတင်းပေါက်ပွင့်လျက် ပင်၊ အထက် ပြုလေ့ရှိသည် အတိုင်း၊ တနေ့သုံးကြိမ်ဒူး ထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။” 
 (ဒံ ၆:၁၀)။ ဥပမာ ဂျော့ (စ) မူလာ (George Müller) ကဲ့သို့ သောသူ ဖြစ်သည်။ သူသည် မိဘမဲ့ ၂၀၀၀ကို ကြည့်ရှုကျွေးမွေးသောသူ ဖြစ်သည်။ ထိုမိဘမဲ့ ခလေးများအတွက် စားသောက်စရာများလိုအပ်သောအခါ လူထံ၌ မတောင်းအသိမ ပေးဘဲ ဘုရားသခင် ထံ၌သာ ဆုတောင်းခြင်းဖြင့် သူလိုအပ်သမျှကို ဘုရားကမစ ခဲ့သည်။ 
 
၄။ အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့် (Gifts of Healing) 
ထို ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်း စေနိုင်သော အခွင့်ကို ပေးတော်မူ၏။ (၁ ကော ၁၂:၉) အနာရောဂါငြိမ်းခြင်းသည် ယုံ ကြည်ခြင်းအားဖြင့် ဖြစ်နိင်သည်။ သို့သော် အနာရောဂါငြိမ်းစေခြင်းအားဖြင့် ဘုရား ဘုန်းတော် ထင်ရှားစေမည့်သူများကို ဘုရားသခင်က ထိုအခွင့်အရေးကို ပေးထားသည်။ ထိုဆုကျေးဇူးရရှိသောသူသည် ဘုရား ဘုန်းတော် ထင်ရှား ဘို့ရန် သာထိုဆုကျေးဇူးတော်ကို အသုံးပြုရမည်။ ထိုသူသည် အခြားသော ယုံ ကြည် သူများထက် ထူးကဲသောကြောင့် မဟုတ်။ ရှင်ပေတရုက၊ ​ခြေမစွမ်းသောသူကို ကျန်းမာစေသောအခါ၊ “ဣသရေလ လူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩ ကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သော အခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့် ပေးဘိ သကဲ့သို့ အဘယ်ကြောင့်ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။ ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။-၁၆ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် သင်တို့ သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့် ရသော ယုံကြည်ခြင်းသည် သင်တို့ မျက်မှောက်တွင် ဤသူ၌ စေ့စုံခြင်း အခွင့်ကို ပေး၍ ရှိလေပြီ။” ဟုဆိုခဲ့သည် (တမန် ၃:၁၂-၁၆)။ ပေတရုသည် လူနာကို ကျန်းမာစေသောအခါ ခရစ်တော်၏ ဘုန်းကို ထင်ရှားစေသည်။ 
 
၅။ တန်ခိုးကို ပြနိုင်သော အခွင့် ( The Effecting of Miracles)  


 “တယောက်သောသူအား၊ တန်ခိုးကို ပြနိုင်သော အခွင့်ကို၎င်း၊ ”  (၁ ကော ၁၂:၁၀) သန့်ရှင်းသော ဝိညာဉ်တော်သည် အချို့သောသူများကိုသူတပါးက ခရစ်တော် ယုံကြည် လာရန် တန်ခိုးပြနိင်သော အခွင့်ကို ပေးထားသည်။ ပေတရုသည် ​ခြေမစွမ်းသောသူကို ခရစ်တော်၏ နာမတော်အားဖြင့် ကျန်းမာ စေသောအခါ ဤကဲ့သို့ ဆိုသည်၊ “၁၂ ပေတရုသည် မြင်လျှင်၊ ဣသရေလ လူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩ ကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သော အခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့် ပေးဘိ သကဲ့သို့ အဘယ်ကြောင့်ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။ ၁၆ ထိုသခင် ( ခရစ်တော်)ကို ယုံ ကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် သင်တို့ သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့ မျက်မှောက်တွင် ဤသူ၌ စေ့စုံခြင်း အခွင့်ကို ပေး၍ ရှိလေပြီ။” (တ ၃:၁၂၊ ၁၆)။ ပေတရုသည် ​ခြေမစွမ်းသောသူကို ကျန်းမာစေသော တန်ခိုးကို ရရှိသောအခါ သူကိုယ်သူအကြွားဘဲ ခရစ်တော်ကို ချီးမွမ်း၍ ခရစ်တော်၏ နာမတော်ကို ထင်ရှားစေသည်။ 
 
၆။ ပရောဖက် (Prophecy) 
တယောက်သောသူအား ပရောဖက် ပြုနိုင်သော အခွင့်ကို၎င်း၊ (၁ ကော ၁၂:၁၀)။ ရှင်ပေါလုကို ဖမ်းဆီးမည့် အရာနှင့် ပတ်သက်၍ ပရောဖက် ပြုခြင်းကို ဤသို့ တွေ့ရသည်၊ “အာဂဗုအမည်ရှိသော ပရောဖက် တယောက်သည် 
ယုဒပြည် မှလာ၍၊ ၁၁ ငါတို့ ရှိရာသို့ ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကို ယူ၍ မိမိ​ခြေလက်ကို ချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍ တပါးအမျိုးသားတို့ လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည် ဟုဆို၏။” (တမန် ၂၁:၁၀-၁၁)။ အာဂဗုပြောသည့်အတိုင်း ပေါလု၌ ဖြစ်ခဲ့သည်။ သို့သော် ပရောဖက် အတုများရှိမည့် အကြောင်းနှင့် ပရောဖက်ကို စစ်ဆေးမည့် အရာကို ဤသို့ ရေးသား ခဲ့သည်၊ “၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။ ၂၁ သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်းဟု တွေးတောလျှင်၊ ၂၂ ပရောဖက်သည် ထာဝရဘုရား၏ အခွင့်ကို ဆောင်၍ ဟောပြောသည် အတိုင်း အမှု မဖြစ်၊ ဟောပြောသောစကား မပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ။ ပရောဖက်သည် ရဲရင့်စွာ ဟောပြောပြီ။ သူ့ကို မကြောက်ရ။” (တရား၁၈:၂၀-၂၂)။ ခေတ်အဆက်ဆက်တွင် ပရောဖက် အတုမြောက် များစွာ ပေါ်ထွက်ခဲ့ပြီ။ ထို့ကြောင့် ပရောဖက် ပြုချက်များသည် ကျမ်းစာနှင့် ကိုက်ညီမှု ရှိမရှိ၊ ဟောပြောသည့်အတိုင်း ကိုက် ညီမညီကို စစ်ဆေးဘို့ လိုသည်။ 
 
ရ။ စိတ်ဝိညာဉ် တိုUကို ပိုင်းခြား၍ သိနိုင်သော အခွင့်  (The distinguishing of spirits) 
 “တယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍ သိနိုင်သော အခွင့်ကို၎င်း၊ ” (၁ ကော ၁၂:၁၀) စိတ်ဝိညာဉ်တို့ကို သူတပါးထက် ပိုင်းခြား နိင်သော အခွင့်ကို ရသောသူများလည်းရှိသည်။ ထိုစိတ် ဝိညာဉ်ပိုင်းခြားခြင်းသည် သူတပါး၏ စိတ်အကြံစည်ကို သိခြင်း မဟုတ်ဘဲ၊ ဟောပြောခြင်း၊ ပြုမူခြင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လော၊ ဝိညာဉ်ဆိုးများ၏ လုပ် ဆောင်ချက်လောဟူသောအရာကို ပိုင်းခြားခြင်း ဖြစ်သည်။ ဤဆု ကျေးဇူး မရရှိပါက နတ်ဆိုး ဝိညာဉ်များကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်ဟု ထင်မှတ်ကာယုံကြည် နောက်လိုက် တတ်သည်။ 
 
၈။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့် (Various kinds of Tongues) 

တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြော နိုင်သော အခွင့်ကို၎င်း၊ (၁ ကော ၁၂:၁၀) အမျိုးမျိုးသော ဘာသာ စကား ပြောခြင်းသည် ကျမ်းစာ အရသုံးမျိုးရှိသည်။ ယင်းတို့မှာ၊ -

 (၁) ပင်တေကုတ္တေနေ့မှာရရှိသော လူ အမျိုးမျိုးတို့၏ ဘာသာစကားကို သန့်ရှင်းသောဝိညာဉ်တော်က နားလည်စေခြင်း ဖြစ်သည်။ တမန်တော်များက သူတို့ ဘာသာဖြင့် ပြောသော်လည်း နားထောင်သောသူများ ကမိမိတို့ စကားဖြင့် ကြား၍ နားလည် ကြသည်။ ယခုခေတ်တွင် ထိုကဲ့သို့သော ဆုကျေးဇူးရရှိသူ အလွန်နည်းပါသည်။ ထိုဆုမျိုးသည် လူမျိုးခြားစကား မပေါက်သော နေရာ၌ တရားဟောသက်သေ ခံရာ၌ ဖြစ်တတ်သည်။ 

 (၂) ဆုတောင်းရာတွင် အသုံးပြုသောစကား ဖြစ်သည်။ ရှင်ပေါလုက၊ “အကြောင်းမူကား၊ အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အား မပြော၊ ဘုရားသခင်အား ပြော၏။ သူ၏ စကားကို အဘယ်သမျှ နားမလည်။ နက်နဲသောအရာ တို့ကို ဝိညာဉ်တော်အားဖြင့် ပြော၏။” ဟု ရေးထားသည် (၁ ကော ၁၄:၂)။ ဤဆု ကျေးဇူးသည် ကိုယ်ကို တည်ဆောက်ဘို့ ဖြစ်သည်ဟု ဤသို့ ဆိုသည်၊ “အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက်၏။” (၁ ကော ၁၄:၄)။ တဖန်၊ “အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း ငါ့ဥာဏ်သည် အကျိုးကို မပေး။ ၁၅ သို့ဖြစ်လျှင် အဘယ်သို့ ပြုရမည်နည်း။ စိတ်နှလုံးနှင့်၎င်း၊ ဥာဏ်နှင့်၎င်း၊ ဆုတောင်းရမည်။ စိတ် နှလုံးနှင့်၎င်း၊ ဥာဏ်နှင့်၎င်းသီချင်းဆိုရမည်။” (၁ ကော ၁၄:၁၄-၁၅) ဟုဆိုသည်။ 

(၃) တရားဟောရာတွင် အသုံးပြုမည့် စကား ဖြစ်သည်။ ရှင်ပေါလုက၊ “အ ခြားသော ဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင်၊ နှစ်ယောက် ဖြစ်စေ၊ အများဆုံးဆိုသော်သုံးယောက် ဖြစ်စေ၊ တယောက် နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကို ဘော်ပြစေ။ ၂၈ စကားပြန် မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာ နေ၍ မိမိအား၎င်း၊ ဘုရားသခင် အား၎င်းပြောစေ။ ၂၉ ပရောဖက် နှစ်ယောက် ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြော၍ အခြားသော သူတို့သည် စစ်ကြောဆင်ခြင်ကြစေ။ ၃၀ ထိုင်လျက် နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ်စွာ နေစေ၏။ ၃၁ အကြောင်းမူကား၊ ရှိသမျှတို့သည် သင်ခြင်း ငှါ၎င်း၊ ရှိသမျှတို့သည် သက်သာခြင်း ငှါ၎င်း၊ သင်တို့ အသီးအသီး တယောက် နောက်တယောက် ပရောဖက် ပြုရသော အခွင့်ရှိကြ၏။ ၃၂ ပရောဖက်တို့သည်လည်း၊ မိမိတို့ စိတ်ဝိညာဉ်ကို ချုပ်တည်း နိုင်ကြ၏။ ၃၃ ဘုရားသခင်သည် ရုန်းရင်းခတ်သော အမှုကို ပြုစုတော်မမူ။ သန့်ရှင်း သူတို့၏ အသင်းတော် အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့် အတင့်ငြိမ်ဝပ်ခြင်းကို ပြု စုတော်မူ၏။” (၁ ကော ၁၄:၂ရ- ၃၃)။ 
 
၉။ ဘာသာစကား၏ အနက်ကို ဘော်ပြနိုင်သော အခွင့်  ( The Interpretation of Tongues) 

တယောက်သောသူအား ထိုဘာသာစကား၏ အနက်ကို ဘော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။ (၁ ကော ၁၂:၁၀) အခြားသော ဘာသာ၏ အနက်ကို ဘော်ပြနိင်သော အခွင့်ကိုလည်း ရရှိသောသူရှိသည်။ အချို့သောသူများက အခြားသော ဘာသာနှင့် စကားပြောခြင်းနှင့် အနက်ကို ဘော်ပြနိင်သော အခွင့်တို့သည် ဓမ္မသစ်ကျမ်းစာ ရေးသား၍ မပြည့်စုံမှီအထိ သာပေးထား၍ ကျမ်းစာ ရေးပြီးသောအခါတွင် မရှိတော့ချေဟု ယူဆကြသည်။ 
 
အလိုတော် ရှိသည်အတိုင်း 

ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးသီးတို့အား အသီးသီးခံရသော အခွင့်ကို အလိုတော် ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။ (၁ ကော ၁၂:၁၁) ဝိညာဉ်ဆုကျေးဇူးများသည် ဝိညာဉ်တော် ကအလိုတော် ရှိသည်အတိုင်း ယုံကြည်သူများကို ပေးသည် ဟုဆိုသည်။ သို့သော် ယနေ့ များစွာသော ယုံကြည်သူများသည် ဝိညာဉ်တော်၏ အလိုတော်အတိုင်း မဟုတ်၊ မိမိတို့ အလိုအတိုင်း ဝိညာဉ်ဆုကို ရချင် ကြသည်။ ခလေး များသည် မိမိတို့ ရရှိသော လက်ဆောင်ကို အလိုမရှိ၊ သူတပါးရရှိသော လက် ဆောင်များကို လိုချင် တတ် သကဲ့သို့ ဝိညာဉ်ရေးရာ၌ နုနယ်သောသူများသည် ဝိညာဉ်တော် ပေးသော ဆုကို အလိုမရှိ၊ သို့မဟုတ် မသိဘဲ သူတပါးရရှိသော ဆိုကိုသာ လိုချင် တတ်ကြသည်။ ပို၍ ဆိုးသည်မှာ ဝိညာဉ်ဆုကျေးဇူးများကို သင် ပေးခြင်းများပြုလုပ် တတ်ကြသည်။ ဝိညာဉ်ဆုကျေးဇူးသည် သင်ပေးစရာ မလိုချေ။ 
 
 
၀တ်ပြေအောင် ပင် အစေမခံကြသော အစေခံ​ကျွန်များ 

Saya Zauja LaHtaw (Syracuse, NY)

 

ခရစ်တော် ပြန်လာရန်ပို၍ နီးကပ်လာလေလေ၊ ယုံကြည်သူများ၏ အသက်တာသည် ခရစ်တော်နှင့် ပို၍ ဝေးလေလေ ဖြစ်နေပါသည်။ အသင်းတော် အများစုတွင်လည်း အစီအစဉ်များနှင့် နာမည်ကြီး၍ အဟောအပြောကောင်း သူများကိုသာ သာ၍ စိတ်ဝင်စားလာကြပါသည်။ အင်တာနက်မှ တရားဟော ချက်များကိုလည်း ပို၍ အားကိုး လာသလို အထူးအဆန်းများ သိလိုုသော ဆန္ဒလည်း ပို၍ များလာကြသည်ကို တွေ့မြင်နေရပါသည်။ တဖက်ကကြည့်လျှင် တော့ ဝိညာဉ်တော် လှုပ်ရှားမှု ဟူ၍ ခေါင်းစဉ်တပ်ကြသော်လည်း အမှန်မှာ တော့ လူများသည် စိတ်ဓါတ်ကျ ရောဂါကြောင့်ထွက်ပေါက်ရှာခြင်း၊ အသစ်အဆန်းများဖြင့် စိတ် ရောဂါကု နေကြခြင်းသာ ဖြစ်ပါသည်။ အလွယ်လမ်း၊ ဖြတ်လမ်း လိုက်တတ်သော အကျင့်များ မကုန်နိုင်သေးဘဲ ဝိညာဉ်ပိုင်းတွင်လည်း ဖြတ်လမ်း လိုက်ကာ်​ေျအ်သသိ နုတ်ကပတ်တော်ကို ရှာစားနေ သူများ နေချိန် ဖြစ်ပါသည်။ 

လူများ၏စိတ်သဘောကို စာတန် ကကောင်းမွန်စွာ ခန့်မှန်း၍ သေသေ ခြာခြာထိုးစစ်ဆင်၍ အောင်မြင်မှု ရနေပါသည်။ စာတန် ကလူများသည် ဘုရားကို အကျိုးရ၍ သာဝတ်ပြု နေကြောင်း ကောင်းကောင်း သိပါသည်။ (ယောဘ ၁:၉)တွင် စာတန် ကဘုရားအား ဤသို့ မေးခွန်းထုတ်ထားပါသည် “ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော” ဟူ၍ ဖြစ်ပါသည်။ ယောဘသည် အကျိုးရ၍ သာဘုရားကို ဝတ်ပြုသောသူ မဟုတ်ကြောင်းကို (ယောဘ ၁:၂၀)တွင် သားသမီး၊ ယပိုင်ဆိုင်သော အရာများ အားလုံး ဆုံးရှံးခဲ့ပြီး နောက်တွင် မိမိအဝတ်ကို ဆုတ်၍၊ ဆံပင်ကို ရိတ်ပြီးလျှင် ဘုရားကို ကျိမ်ဆဲသည်ဟု မတွေ့ရဘဲ မြေပေါ်မှာ ဝပ်လျက်ကိုးကွယ်ခဲ့ကြောင်းကို တွေ့ရပါသည်။ ယောဘကဲ့သို့သော ခရစ်ယာန် ဤကမ္ဘာ ပေါ်တွင် အလွန်နည်းပြီး၊ အကျိုးရ၍ ဝတ်ပြုသောသူသာများကြောင်း စာတန်က ကောင်းကောင်း သိနေပါသည်။ မိမိကိုယ်ကိုယ်ပြန်၍ မေးခွန်းထုတ်ကြည့်ကြစို့၊ “အကျိုးမရလျင် သင်ကောဘုရားကို ဝတ်ပြုနိုင်ပါ့မလား” ကောင်းကြီး များစွာ ပေးနေသော အချိန်၌ ပင် ဘုရားကြိုက်သလို အသက်မရှင်နိုင်လျင်ပြဿနာကြုံလာ ချိန်၌ သင်ဘယ်လိုအ​ခြေအနေရှိမလဲ။ လူတော်တော်များများ ကတော့ပြဿနာ ကြုံတွေ့ ချိန်၌ ဘုရားကို ပြန်ရှာကြသော်လည်း၊ ပြဿနာမရှိတော့လျင်ဘုရားကိုလည်း “ဘိုင်းဘိုင်” လုပ်သောသူများကြောင်း စာတန် လဲ ကောင်းကောင်း သိနေ ပါသည်။ 

ကောင်းကင် သွားရရုံဖြင့် ကျေနပ် သူများ၊ ဘုရား သားသမီး ဖြစ်ပြီး ဟုဆိုပြီး ထောင်လွားနေ သူများ၊ ဘုရား၏ စစ်သည်တော်များဟူ၍ ပါးစပ်သေနတ်ပစ် နေသူများ၊ ခရစ်တော်၏ သံတမန်များဟူ၍ သံတမန် အလုပ်မလုပ်ဘဲလောက အလုပ်သာလုပ်နေ သူများကို လက်ခြိုး၍ ရေတွက်ကြည့်လျင် ကောင်းကင်မှ ကြယ်များ ကဲ့သို့၊ ပင်လယ်ကမ်းစပ်မှသဲလုံးများ ကဲ့သို့ ရေတွက်နိုင်မည် မဟုတ်ပေ။ ခရစ်ယာန် များ၏ ဂုဏ်အင်္ဂါများ ထဲတွင် ခရစ်တော်၏ အစေခံကျွန်များ ဟူသော ဂုဏ်အင်္ဂါကို သုံးချင် သူနည်းသလို၊ အသုံးပြုနေ သူများလည်း လက်တွေ့ကျကျ အသုံးပြုနိုင်သူနည်းပါးလှပါသည်။ ဝတ်ပြေရုံပင်မလုပ်နိုင်ကြပါ။ လုကာ ၁၇:၇-၁၀တွင် “အစေအပါသည် လယ်ထွန်သော်၎င်း၊ သိုး၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှလာ၍ အိမ်သို့ ဝင်သောအခါ၊ ထိုအစေအပါက ို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူ ပြောမည်နည်း။ ထိုအစေအပါက ို၊ ငါစားစရာဘို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကို စည်း၍ ငါ့ကို လုပ်ကြွေးလော့။ ထိုနောက် မှသင်သည် စားသောက်ရမည်ဟု ပြောမည် မဟုတ်လော။ ထိုအစေအပါသည် သခင်စီရင်သည် အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူး မတင်။ ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည် မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏” ဤကျမ်းချက်အရ ယခုခေတ် ယုံကြည်သူများ၊ အသင်းတော် များ၏ အ​ခြေအနေကို အကဲခတ်၍ ရနိုင်ပါပြီ။ မှာထားတော်မူသမျှအတိုင်း ကျင့်နိုင်သောသူများ၊ လုပ်နေ သူများကိုပင် ဤကျမ်းချက်၌ ဝတ်ပြေရုံ သာလုပ်နိုင် သူများ ဟုဆိုထားပါသည်။ 

ယခုခေတ် အသင်းတော်များတွင် ဝမ်းရေးအဆင်ပြေရန် အမှုဆောင် နေသော သင်းအုပ်ဆရာများ၊ အကျိုးအမြတ်ရရန်အတွက် အမှုဆောင် သူများ၊ ​ဖြော်​ဖြေရေးအတွက်သာ အမှုဆောင်သော ခေါင်းဆောင်များ၊ ​ဖြော်​ဖြေမှုကို အားပေးသော၊ အမှတ်ပေးနေသော အသင်းသားများဖြင့် မိမိကိုယ်မိမိ ကျေနပ် အားရနေကြပြီး၊ ခရစ်တော်ကို တော့အစေခံရန် မသိသူပေါများ နေချိန် ဖြစ်သည်။ အစေခံခြင်း ဆိုသော အနက်အဓိပ္ပါယ်ကို လုံးဝ နားမလည်ဘဲ စကား အဖြစ်အသုံး ပြု နေကြခြင်း ဖြစ်ပါသည်။ ကျွန်ခေတ်မှအစေအပါက íန်များသည် မိမိကို သခင်ကပိုင်ကြောင်း၊ မိမိ၌ ယပိုင်ဆိုင်သောအရာ ဘာမျှမရှိကြောင်း၊ မိမိယူသော မိန်းမ ကိုလည်း သခင်ကပိုင်ကြောင်း၊ သားသမီး များမွေးလာလျှင်လည်း သခင်ကပိုင် ကြောင်း၊ မိမိအသက်သည်လည်း သခင်လက်ထဲ၌ ရှိကြောင်း ကောင်းကောင်း သိသူများ ဖြစ်ပါသည်။ ကျမ်းစာထဲတွင် ပါသော အသုံးအနုန်းများသည် ထိုအကြောင်း အရာများကို အသုံးပြု၍ ရေးထားခြင်း ဖြစ်ပါသည်။ ယုံကြည်သူများလည်း မိမိကိုယ်မိမိ မပိုင်ကြောင်း၊ မိမိအသက်၊ အချိန်၊ မိသားစုအားလုံး ကို သခင်ယေရှု ကပိုင်ကြောင်း သိရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် (၁ ကော ၆:၂၀)တွင် ယုံကြည်သူများသည် မိမိတို့ကို မိမိတို့ မပိုင်ကြောင်း၊ (၁ ကော ၇:၂၃)တွင် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်ကြောင်း၊ ( တမန်တော် ၂၀:၂၈)တွင် မိမိအသွေးဖြင့် ဝယ်တော်မူသောသူများ ဖြစ်ကြောင်း သက်သေအများရှိ၍ မိမိသခင်ကို သိရန်၊ သူ၏ အစေကိုသာ ခံရန်လိုအပ်ပါသည်။ 

ဤ အနက်အဓိပ္ပါယ်ကို နားမလည်၊ လက်မခံ သူများသည် ခရစ်တော်၏ အစေကို ခံနိုင် သူများ မဟုတ်ပါ။ ကျွန်ခေတ်မှအစေခံကျွန်အများစုသည် မတတ် သာ၍ အစေခံနေရကြပြီး နှလုံးသား မပါဘဲ အစေခံနေ သူများ ဖြစ်ပါသည်။ ယုံကြည်သူများ၏ အစေခံခြင်း မူကား ထိုသို့ မဖြစ်သင့်ပေ၊ သို့သော်လည်း ဝမ်းနည်းစရာ အချက်မှာနှလုံးသား မပါဘဲ အစေခံ နေကြ သူများ အများစုရှိနေ၍ ဖြစ်သည်။ 

လူတိုင်း မသိ နားမလည်သော အချက်မှာ လူတိုင်းသည် ဤလောက၌ အသက်ရှင်စဉ်တွင် လူလွတ်တယောက်မျှ မရှိပေ၊ ကျွန်ခံနေရကြ သူများ ဖြစ်ပါသည်။ ယောဟန် ၈:၃၄တွင် “ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်၏ ကျွန် ဖြစ်ကြ၏” ဟုဆိုသဖြင့် အပြစ်၏ သခင် စာတန်၏ အစေကို ခံနေ သူများ ဖြစ်ကြသည်။ ထိုအပြစ်၏ အစေကို ခံနေ သူများ အားလုံး သည် သေခြင်း၌ လမ်းဆုံးမည် ဖြစ်ပြီး ထိုအစေကို ခံနေခြင်းမှ လွတ်ရန် ခရစ်တော် ကမေတ္တာဖြင့်၊ မိမိအသွေးဖြင့် အခပေးပြီးရွေးနုတ်ထားခြင်း၊ ဝယ်ထားခြင်း ဖြစ်သည်။ ထိုသို့ လွတ်ခြင်း ချမ်းသာကို ပေးသော သခင်၏ အစေကို ခံသူများသည် မေတ္တာမရှိဘဲ၊ နှလုံးသား မပါဘဲ၊ ဝမ်းမြောက်ခြင်း မပါဘဲ အစေခံနေလျှင် သခင်ကို ကျေးဇူးကမ်းရာရောက်နေပါသည်၊ သခင်လည်း ဝမ်းနည်းနေမည် ဖြစ်ပါသည်။ (ထွက်မြောက်ရာကျမ်း၂၁:၅-၆)တွင် လွတ်ခြင်းကို ပေးသော သခင်ကို ချစ်၍ ထိုသခင်အတွက် အသက်ထက် ဆုံးအ စေခံရန် မိမိနားကို စူးဖြင့် ဖေါက်ခြင်း ခံသောသူများကို တွေ့ရပါသည်။ ယုံကြည်သူများ၏ အသက်တာသည်လည်း ထိုသို့ မေတ္တာဖြင့် လွတ်ခြင်းကို ပေးသော ခရစ်တော် အတွက် အသက်ထက် ဆုံးအစေခံရန် သစ္စာ ပြုသောသူများ ဖြစ်သင့် ပေသည်။ 

(လုကာ ၁၀:၃၈-၄၀)တွင် နှလုံးသား မပါဘဲ ဧည့်ဝတ်ပြုသော မာသအ ကြောင်းကို တွေ့ရပါသည်။ ခရစ်တော်ကို ခေါ်ဖိတ်သူသည် မာသကိုယ်တိုင် ဖြစ်သော်လည်း တကယ် တမ်းလုပ်ကေíးမှု ပြုသောအခါ မိမိညီမ မာရိကို မကူညီ၍ ရန် ရှာနေပါသည်။ ခရစ်တော်၏ အစေကို ခံရန်၊ ခရစ်တော် နောက်ကို လိုက်ရန်ဆုံး ဖြတ်ထားသူမှန်သမျှ၊ မိမိကိုယ်ကို ခရစ်ယာန် ဟုဆိုသူမှန်သမျှသည် ခရစ်တော်ကို နှလုံးသား ပါလျှက်အစေခံသင့်သည်၊ သို့ရာတွင် မာ သကဲ့သို့စိတ်သဘော ထားရှိ သူ များစွာ တွေ့ရပါသည်။ သူတပါးမိမိ ကဲ့သို့ မလုပ်ခြင်းကိုသာ လက်ညိှုး ထိုးရန်ရှာနေခြင်းသည် မိမိ၌ အစေခံလိုသော နှလုံးသား မရှိဘဲ အစေခံနေခြင်းကို ဖေါ်ပြနေခြင်း ဖြစ်သည်။ တိုက်တွန်းနိှုးဆော်သူနှင့် လက်ညိှုးထိုးရန်ရှာနေသူမ တူပေ။ မိမိ်လုပ် သကဲ့သို့ လုပ်ရန်တိုက်တွန်းနိှုးဆော်သူသည် မေတ္တာနှင့် ပြောခြင်း ဖြစ်သည်။ သူ့၌ ဘာမျှငြိုငြင်ခြင်း မရှိ၊ မေတ္တာနှင့်သည်း ခံတတ်သည်၊ တိုက်တွန်း၍ မလုပ်လျှင် သူ၌ ဘာမျှမ ဖြစ်၊ မိမိလုပ်နေသော အလုပ်လဲမပျက်ပေ။ မာသသည် နောက်ဆုံး၌ ခရစ်တော်ကို ပါအပြစ် တင်လာကြောင်း (လုကာ ၁၀:၄၀)တွင် “သခင်၊ ​ကျွန်မ၏ ညီမသည် ​ကျွန်မတယောက် တည်းလုပ်​ကျွေးစေခြင်းငှါ ​ကျွန်မကို ပစ်ထားသည် အရာကို လျစ်လျူသော စိတ်ရှိတော်မူ သလော။ သူသည် ​ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” ဟူ၍ တွေ့ရပါသည်။ အသင်းတော် ထဲတွင် မာ သကဲ့သို့ အစေခံ သူများ လေလေ မေတ္တာ ခေါင်းပါး၍ ရန်များ လေလေ ဖြစ်မည်သေခြာပါသည်။ 

ယုံကြည်သူများ၏ အစေခံခြင်းသည် တမန်တော် ၉:၃၆-၃၉ ထဲမှ ဒေါ်ကာကဲ့သို့ဖြစ်သင့်ပေသည်။ ဒေါ်ကာသည် အသက်ရှင်စဉ်အခါ သူအား လူများချီးမြှောက်ခြင်း၊ ကျေးဇူးတင်ခြင်း၊ ချစ်ခြင်းကို ခံလိုခြင်းထက် သူကသာ တ ပါး သူများအား မေတ္တာပြခဲ့ပါသည်။ ထိုအချိန် အခါ၌ မုဆိုးမများ ဖြစ်လျင်မလွယ် သကဲ့သို့၊ ခရစ်ယာန် ဖြစ်လျင်ပို၍ ဆိုးပေသည်။ ယုဒ ဘာသာဝင် မုဆိုးမများအား ဘာသာရေးအရ စောင့်ရှောက်သော်လည်း၊ ခရစ်ယာန် မုဆိုးမများသည် ခရစ်ယာန် ဖြစ်၍ ညှင်းဆဲဒုက္ခ ရောက်ပြီး၊ အကူအညီမဲ့၊ အထင်သေးခံရချိန် ဖြစ်သည်။ ဒေါ်ကာသည် အခက်အခဲများ ကြားမှ အခက်ခဲရောက် နေသူများအား ကူညီမေတ္တာပြခဲ့သူ ဖြစ်ပါသည်။ ဒေါ်ကာသေမှသူ၏ ကောင်းမြတ်ခြင်းကို ပါတ်ဝန်းကျင်ရှိလူများ ကောင်းစွာ သိလာခဲ့ကြပါသည်။ သင်ကောအ ခက်အခဲကြားထဲမှ သူတပါးအား မေတ္တာပြနေသူလား (သို့) သူတပါးအား လက် ညိှုးထိုးအပြစ် တင်နေသူလား။ ဒေါ်ကာသည် ယောဟန် ၁၃:၁၄ ထဲမှ ခရစ်တော်၏ မိန့်တော်မူခြင်းကို လက်တွေ့ကျင့်သုံးသော၊ ဝတ်ပြေရုံထက် အစေခံ သောသူ ဖြစ်ပါသည်။ 

အစေခံတတ်သောသူသည် သာ၍ အစေခံရန်၊ အမှုငယ်၌ သစ္စာ စောင့် သူကိုသာ၍ ကြီးသောအမှု လုပ်ရန် ခရစ်တော်သည် အလိုရှိကြောင်း (မဿဲ ၂၅:၂၃)တွင် “အရှင်က၊ သာဓု သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌ သစ္စာ စောင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။” ဆိုသော မိန့်တော်မူ ချက်သည် သစ္စာရှိသော ငယ်သားကောင်း၊ အစေခံသူအတွက်သာ ဖြစ်ပါသည်။ ကျမ်းစာထဲ၌ သာ၍ အစေခံတတ်သူအများ ထဲတွင် ဩနေသိဖေါ် အကြောင်းကို (၂ တိ ၁:၁၆-၁၈) ထဲတွင် “၁၆ ထာဝရဘုရား၏ ကရုဏာ တော်သည် ဩနေသိဖော်၏ အိမ်၌ သက်ရောက်ပါစေသော။ သူသည် ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌ သံကြိုးချည်နှောင်လျက် ရှိသော်လည်း၊ သူသည် ရှက် ကြောက်ခြင်း မရှိဘဲ၊ ၁၇ ရောမမြို့သို့ ရောက်သောအခါ သာ၍ ကြိုးစားလျက် ငါ့ကို ရှာ၍ တွေ့၏။ ၁၈ သူသည် ထိုနေ့ရက်၌ သခင်ဘုရား၏ လက်မှကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည် ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက်ပြုစုသည်ကို သင်သည် အမှန် သိ၏။” ဩနေသိဖေါ်သည် သာမန်ထက် ထူးကဲသော စိတ်ရှိသူ ဖြစ်သည်။ အစေခံတတ်သူ၊ သနားကြင်နာတတ်သူ ဖြစ်သည်။ ဧဖက်မြို့မှရောမမြို့အထိ သွား၍ ပေါလုကို အားပေးကူညီရန်သွားခဲ့သူ ဖြစ်သည်။ လေယာဉ်မရှိ၊ ကား မရှိသော ခေတ်တွင် သင်္ဘောဖြင့် ရွက်လွင့်လျက် လပေါင်း များစွာသော ခရီးကို သွားခဲ့သူ ဖြစ်သည်။ အင်တာနက်၊ ဖုန်းမရှိသော ခေတ်တွင် ရှုပ်ထွေးသော ရောမမြို့ထဲ၌ ပေါလုကို ကြိုးစား၍ ရှာခဲ့သူ ဖြစ်သည်။ ခရစ်တော် အကြောင်း ဟောပြော၍ ထောင်ကျ အကျဉ်းခံရသော ပေါလုကို တွေ့ရန်သွားခဲ့ခြင်းသည်၊ သူ့အသက် သေရန်၊ ထောင် ကျရန်မရှက်မကြောက်ဘဲ သွားခဲ့ခြင်း ဖြစ်သည်။ ထို့ထက် မကဧဖက်မြို့၌ ယခင်ကလည်း ကပေါလုကို အထူးပြုစုအစေခံခဲ့သူ ဖြစ်သည်။ သူသည် ဝတ်ပြေရုံသာအ စေခံသူ မဟုတ်၊ အခက်အခဲကြား၊ သေဘေးကြားထဲမှအစေခံရုံတင်မက၊ မဿဲ ၂၅:၂၃ ထဲမှကဲ့သို့ များစွာသော အစေကို ခံရဲသူ၊ လုပ်ရဲသူ ဖြစ်ပါသည်။ ၂ တိ ၁:၁၈ အရ ဩနေသိဖေါ်အား ပေါလုက ထိုနေ့ရက်၌ သခင်ဘုရား၏ လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါ စေသောဟု အနာဂတ်မှသာ ရမည့် ကောင်းကြီးကိုသာ ပေးခဲ့ပါသည်။ လက်ရှိအ ကျိုးရရန်အတွက် သာအစေခံခဲ့သူ မဟုတ်ပါ။ သင်ကောဘယ်လိုအစေခံချင် ပါသ လဲ၊ ဝတ်ပြေရုံလား၊ မာ သကဲ့သို့ လား၊ အခက်အခဲကြားမှဒေါ်ကာကဲ့သို့ လား၊ (သို့) သာ၍ ကြီးသော အစေကို ခံတတ်သော ဩနေသိဖေါ်ကဲ့သို့ လား။ ဆုတောင်းခြင်းဖြင့် ခွန်အား ယူ၍ အမှုတော်ဆောင်ပါ။ 
 

 
ဘုရား အမ၍ တော် မြတ်၌ မည်ကဲ့သိုပါဝင်ကြမည်နည်း
Saya Pa Uk (Nashville, TN)


ယုံကြည်သူတိုင်း ဟာအမှုတော် မြတ်၌ ပါဝင်ဘို့ရန် ရွေးကောက်ထားသောသူများ ဖြစ်ကြတယ်။ ယုံကြည်သူ ဘုရား သားသမီး တွေမည်ဘယ်လို စိတ်ထားနဲ့ဘုရား၏ အမှုတော် မြတ်၌ ပါဝင်လုပ်ဆောင်ကြမည်နည်း။ ဘယ် လိုလုပ်ဆောင်ရင်အောင်မြင်မှု ရရှိမည်နည်း။ ဘုရား၏ အမှုတော် မြတ်၌ အချိန် ပြည့်ပါဝင်လုပ်ဆောင်သော်လည်း စိတ်ထားမှန်ကန်မှု မရှိ၊ လုပ်ဆောင်မှု နည်းလမ်းမမှန်ကန်ပါက ဘုရားရှေ့မှာ အောင်မြင်သော အမှုတော်ဆောင်မ ဖြစ်နိင် ဘူး။ ဘယ်လိုအမှုတော် မြတ်၌ ပါဝင်ရမယ်ဆိုရင်၊ 
 
၁။ ဘုရားသခင် သိရင်ပြီး ပြီဆိုတဲ့စိတ်ထားနဲ့ 

ခရစ်တော်က မ၆:၁-၄၌၊ “၁ လူများကို မြင်စေခြင်းငှါ ကိုယ်သီလအ ကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ ၄ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏ အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူ လတံ့။” ဟု ပြောထားပါတယ်။ လောက၌ အမှုတော်ဆောင်မြောက် များစွာ ရှိကြပါတယ်။ လူ့အမြင်၌ အမှုဆောင်တဲ့သူတွေများပြီး ဘုရား အမြင်၌ အမှုဆောင်တဲ့သူ အလွန်နည်းပါးလှတယ်။ ဘုရားကသိဘို့ထက် လူများ ကသိဘို့ အမှုဆောင်ကြတယ််။ လူရှေ့မှာ မျက်နှာရဘို့ အဓိကလုပ်ဆောင်လုပ်ဆောင် နေကြတယ်။ ဘုရား အမြင်ထက် လူ့အမြင်ကို အဓိကထားပြီး လူ့အကြိုက်လုပ် ဆောင် နေကြတယ်။ 

 အသင်းတော် ထဲမှာလည်း ဖာရိရှဲများ တွေလိုလူရှေ့မှာ ပေးလှူချင် ကြ၊ ဆုတောင်းချင် ကြတယ်။ သူများကို အပြစ်တင်ဘို့ရန် ပေးလှူတဲ့သူ၊ ဆုတောင်း တဲ့ သူများလည်းရှိတတ်ကြတယ်။ အမှုတော်ဆောင်ရာတွင် လူသိဘို့ထက် ဘုရားကအသိအမှတ်ပြုဘို့ ပို၍ အရေးကြီး ပါတယ််။ ကျမ်းစာ၌၊ “၁ ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍ ငွေရတတ်သော သူတို့သည် အလှူဒါနကို ဘဏ္ဍာ တိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။ ထိုမိန်းမမူကား၊ အလွန် ဆင်းရဲလျက် ပင် မိမိအသက် မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။” ဟု တွေ့ရတယ် (လု ၂၁:၁၊ ၄)။ ခရစ်တော် ကလူများရဲ့လှူဒါန်းခြင်းကို ဂရုစိုက်ကြည့် ရှုနေတယ်ဆိုတာတွေ့မြင်နိင်ပါတယ််။ ငွေရတတ်သောသူတွေရဲ့အလှူဒါနကို ခရစ်တော် ကဘာ ဖြစ်လို့အသိအမှတ်မပြုသလဲဆိုရင်လူတွေရဲ့ရှေ့ဘယ်လောက် ပေးလှူနိင်တယ်ဆိုတဲ့အရာကို လူတွေသိအောင်မြင်အောင် လူများရဲ့ချီးမွမ်းခြင်း ခံရအောင် အများကြီး ပေးလှူကြလို့ ဖြစ်ပါတယ်။ အသင်းတော်မှာ လဲအများကြီး ပေးလှူနိင်သူထက် မုဆိုးမလိုအနည်းငယ်သာ လှူနိင်သော်လဲ ဘုရားသခင် ရဲ့ အသိအမှတ်ပြုခြင်း ခံရတဲ့ပေးလှူမှု၊ လုပ်ဆောင်မှု လိုအပ်ပါတယ််။ သင်ပါဝင် လုပ်ဆောင်သမျှ အားလုံး လူတွေမြင်အောင် သိအောင် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရား မြင်ရင်သိရင်ပြီး ပြီဆိုတဲ့စိတ်ထားနဲ့အမှုတော်၌ ပါဝင်မှသာ ဘုရား ဘုန်းတော် ထင်ရှားမည် ဖြစ်ပါတယ်။ 
 
၂။ မြည်တမ်းခြင်း မရှိဘဲ 

 “သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်း မရှိဘဲ ပြုကြလော့။” (ဖိလိ ၂:၁၄)။ ဧလိယအသက်တာမှာလဲ ယေဇဗေလကို ကြောက်၍ ထွက်ပြေးတဲ့အခါမှာကိုယ်အသက်ကို သေရမည့် အကြောင်း ဆုတောင်းလျက် မြည်တမ်းတဲ့အကြောင်း၃ရာ ၁၉:၄၊ “ထိုအခါ ကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏ အ​ကျွန်ပ်အသက်ကို သိမ်းယူတော်မူပါ။ အ​ကျွန်ပ်သည် ဘိုးဘေးတို့ထက် သာ၍ မကောင်းပါဟု မြည် တမ်းပြီးလျှင်၊ ” လို့တွေ့နိင်ပါတယ်။ ဧလိယမြည်တမ်းခြင်းရဲ့ အကျိုးရလဒ်ကရှာဖတ်သား ဧလိရှဲကို သင့်ကိုယ်စားပရောဖက် အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့လို့ မိန့်မှာထားပါတယ်။ သင်ဘုရား အမှုတော် မြတ်၌ ပါဝင်လုပ်ဆောင်တဲ့အခါမြည် တမ်းခြင်း၊ ညည်းတွားခြင်းနှင့် လုပ်ဆောင်ရင် သင့်ကိုယ်စား ဘုရားသခင်က တ ခြားသူကို ဘိသိက်ပေးနိင်တယ်၊ အသုံးပြုသွားနိင်တယ်ဆိုတာသိထားပါ။ ဧလိယကလည်း အ​ကျွန်ပ်တစ်ယောက်တည်း ကျန်ရစ်ပါပြီလို့လျှောက်ဆိုတဲ့အခါ ဘုရားသခင်က ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်း မပြုသောသူ အပေါင်း တည်းဟူသော ဣသရေလ အမျိုးသား ခုနှစ်ထောင်တို့ကို ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။ အသင်းတော် ထဲမှာလည်း အမြဲတမ်းငါဘဲ လုပ်ဆောင်နေရတယ်လို့ သင်မြည်တမ်းညည်းတွားလိုက်ရင်ဘုရားက သူ့အတွက် ယုံကြည်သူ လုပ်ဆောင် မည့်သူ အများကြီး ကျန်ကြွင်းစေတယ်ဆိုတာသိပါ။ သင်ပါဝင်ခွင့်ရတဲ့အပေါ်မှာ မြည်တမ်းခြင်း ညည်းတွားခြင်း မရှိပဲ ကျေးဇူးတော် ချီးမွမ်းခြင်း နဲ့လုပ်ဆောင်ပါ။ အသင်းတော် ကနေမြည်တမ်းခြင်း၊ ညည်းတွားခြင်း မရှိတဲ့အမှုတော်ဆောင်၊ အသင်းလူကြီး၊ အမျိုးသမီးခေါင်းဆောင်၊ လူငယ်ခေါင်းဆောင်၊ ခလေးများဆရာ၊ ဆရာမ ယုံကြည်သူ တွေလိုအပ်နေပါတယ်။ ဧလိယမြည်တမ်းပြီး နောက် ပိုင်းအမှုတော် မြတ်ကြီး၌ အကြာကြီး ပါဝင်တာ မတွေ့ရတော့ပဲလေဘွေအားဖြင့် ကောင်းကင်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ ဒီအတိုင်းဘဲ သင့်ရဲ့အသက် ဝိညာဉ် ဘုရားကရုပ်သိမ်းမသွားခင်မှာမြည်တမ်းခြင်း၊ ညည်းတွားခြင်း မရှိဘဲ လုပ်ဆောင်ပါ။ ကြောက်ရွံ့သော စိတ်နဲ့ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက် ကြပါစို့။ ဝမ်းမြောက်စွာ လုပ်ဆောင်ရင်ကိုယ့်အသက်တာမှာလဲ ကျေနပ်မှု ရှိပြီး၊ ဘုရား အတွက် လဲတန်ဘိုးရှိတယ်ဆိုတာသိမှတ်ရင်းပါဝင်လုပ်ဆောင်ပါ။ 
 
၃။ လူရဲ့အမှုကို မဆောင်ဘူး၊ ဘုရားရဲ့အမှုတော် ပါ

ဘုရားရဲ့အမှုတော် မြတ်၌ ပါဝင်တဲ့အခါ လူရဲ့မှုကို ဆောင်ရွက် သကဲ့သို့ လူ့မျက်နှာကို ကြည့်ပြီး လူတွေရဲ့ဆန္ဒအတိုင်း မလုပ်ဆောင်ဘို့ရန် အတွက် အလွန် ပဲအရေးကြီး ပါတယ်။ (ကော ၃:၂၃၊ ဧ ၆:ရ)။ အသင်းတော်များစု ကအမှုတော်ဆောင်တွေကို အသင်းတော် ကလစာပေးတယ်ဆိုပြီး သူတို့ ကြိုက် သလိုချယ်လှယ်ပြီး ထိန်းချုပ်မှု တွေလုပ်တတ်ကြတယ်။ ဘုရားရဲ့အလိုတော်အတိုင်း မဟုတ်တော့ပဲ သူတို့ ရဲ့ အလိုဆန္ဒအတိုင်း လုပ်ဆောင်ခိုင်းကြတဲ့အခါမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှု မရှိတော့ အမှုတော်ဆောင်နှင့် အသင်းသူ အသင်းသားများအကြား ပြသနာ ကြီးထွားလာကာ နောက်ဆုံးတော့သင်း ကွဲသည် အထိ ရှိလာကြပါတယ်။ တချို့လူတွေကအမှုတော် မြတ်ဟာအမှုတော် ခေါင်းဆောင် တွေရဲ့အလုပ်လို့ပဲမြင်တတ်၊ ထင်တတ်တဲ့သူတွေလဲရှိတတ်ကြ တယ်။ ဘုရားရဲ့အမှုတော် မှာဘယ်သူရဲ့အလုပ်ဆိုတာမရှိပါဘူး၊ အားလုံး ရဲ့ အလုပ် ဖြစ်သလို ဝိုင်းဝန်းလုပ်ဆောင်ရမည် ဖြစ်တယ်။ လူရဲ့အမှုကို ဆောင်သ လို၊ ဘုရားရဲ့အမှုတော် မြတ်၌ ပါဝင်ရင် လူတွေရဲ့အပြစ် တင်ဝေဖန်မှု တွေကြုံ တွေ့လာတဲ့အခါခံနိင်ရည်ရှိမှာ မဟုတ်ဘူး။ လူတွေဘယ်လိုပဲပြောပြော၊ ဘယ် လိုပဲပြစ်တင်ဝေဖန်နေပါစေ၊ လူရဲ့အမှုကို မဆောင်ဘူး၊ လူတွေနဲ့မသက်ဆိုင် ဘူး၊ ဘုရားရဲ့အမှုတော်ဘဲ ဆောင်တယ်၊ ဘုရား နဲ့ဘဲ ပတ်သက်တယ်၊ သက် ဆိုင်တယ်ဆိုတဲ့အသိစိတ်နဲ့လုပ်ဆောင်ရင် ဝမ်းမြောက်စွာ ဆုံးခန်းတိုင်ပါဝင် လုပ်ဆောင်နိင်မည် ဖြစ်တယ်။ သင်ဘယ်အရာပဲ လုပ်ဆောင်ပါစေလူရဲ့အမှုကို မဆောင်ဘူး၊ ဘုရားရဲ့အမှုတော် ပဲဆောင်တယ်ဆိုတဲ့စိတ်ထားနဲ့လုပ်ဆောင်မှသာ ဘုရားရဲ့ဘုန်းထင်ရှားနိင်မည် ဖြစ်တယ်။ 
 
၄။ မစင်ကြယ်သော စီးပွားကို တပ်မက်ခြင်း မရှိဘဲ 

လူတချို့ကကိုယ်ကျိုးအတွက်ဘဲ ဘုရားရဲ့အမှုတော် မြတ်၌ ပါဝင်လုပ် ဆောင်ကြတယ်။ အသင်းတော် ဆီကတစ်စုံတစ်ခုရရှိဖုိ့၊ အကူအညီရယူဖုိ့၊ မျှော် လင့်ချက်တစ်ခုခုထားရှိလို့ပါဝင်ကြသူတွေလည်း အသင်းတော်တိုင်း မှာရှိတယ်။ အသင်းတော် ကနေတစ်ခုခုရဖုိ့၊ အကူအညီရဖုိ့မ မျှော်လင့်ပါနဲ့။ ဘုရားသခင် ဆီမှရဖုိ့ပဲ မျှော်လင့်ပါ။ သင်ပါဝင်တဲ့ အသင်းတော်မှာ စိတ်ထားမှန်ကန်စွာ ပါဝင် ဖုိ့အရေးကြီး တယ်။ မလေးရှား ညီအစ်ကို မောင်နှမ တွေလဲ သူတို့ သွားခါနီးပြီဆို ရင်ဘာကို ရှာဖွေ စုံစမ်း တတ်ကြသလဲဆိုရင်ဘယ် အသင်းတော်က၊ ဘယ်သူတွေ ကငါတို့ကို အလုပ်ရှာပေးနိင်မလဲ၊ ဘယ်သူကအကူအညီပေးနိင်မလဲဆိုတာကို ပဲရှာဖွေ တတ်ကြပါတယ်။ အမေရိကကို ရောက်ရှိလာတဲ့အခါရောက်ခါစမှာတော့ အကူအညီပေးနိင်တ့​ဲ အသင်းတော် မှာဘဲ ပါဝင်ကြတယ်။ ကြာလာတော့ ရောက်ခါစလိုအကူအညီမပေးနိင်၊ အရင်ကလောက်ဂရုမစိုက်နိင်တော့တဲ့အခါ ဝိညာဉ် အစာမရှိ၊ ဝိညာဉ် နို့မတိုက်ကျွေးနိင်တဲ့အခါမှာ မပျော်ရွှင်နိင်ကြတော ဘူး။ မိတ်ဆွေ သင်လည်း ဝိညာဉ် နို့စစ်တိုက်ကျွေးနိင်တဲ့ အသင်းတော် မှာဘဲ ပါဝင်ပြီး အမှုတော် မြတ်၌ လက်တွဲလုပ်ဆောင်တတ်ဖုိရန်လိုအပ်ပါတယ်။ လောကအရာ၊ ကိုယ်ခန္ဓာအတွက် အမှားခံလို့ရပေမဲ့ ဝိညာဉ် အတွက် ကအမှားခံလို့မရဘူး ဆိုတာသိပါ။ ွနသမါန ​ြငူူက၊ “ကိုယ့် ကောင်းကျိုးအတွက်ဘဲ ဘုရားရဲ့အမှုတော်ဆောင်သောသူဟာ ယုဒရှကာရုတ်ရဲ့မကောင်းတဲ့ ဝိညာဉ် ရရှိသူ ဖြစ်တယ်။ ဘုရားရဲ့ကျိန်ခြင်းကို ခံရမယ်။” လို့ပြောထားပါတယ်။ ယုဒရှကာရုတ်လိုကိုယ့် ကောင်းကျိုးအတွက် ခရစ်တော်ကို ရောင်းစားသောသူ ဖြစ်ရင် ကျိန်ခြင်း အမင်္လာ ခံစားရမှာကမလွဲမသွေပါဘဲ။ ဂေဟာဇိအသက်တာမှာလဲ နေမန်ဆီကငွေအ ခွက်နှစ်ဆယ်နဲ့အဝတ်နှစ်စုံကို တပ်မက်လို့ယူမိတဲ့အတွက် နူနာစွဲသွားရရှာပါတယ်။ မစင်ကြယ်သော စီးပွားကို တပ်မက်ခြင်းက ယုံကြည်ခြင်းမှ လမ်းလွှဲစေပြီး ပူပန်ခြင်း ဝေဒနာ တွေကို ခံစား စေတဲ့အရာပဲ ဖြစ်တယ်။ “ကိုယ့် အကျိုးကို အဘယ်သူမျှ မရှာ စေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။” (၁ ကော ၁၀:၂၄)။ 

၅။ ငြင်းခုံခြင်း မရှိဘဲ (ဖိလိပ္ပိ ၂:၁၄) 

တမန် ၁၅:၃၆-၄၁ ထဲမှာ ပေါလုနှင့် ဗာနဗဟာ မာကုအမည်ရှိသော ယောဟန်အကြောင်း နဲ့ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြတယ်ဆိုတာတွေ့နိင်ပါ တယ်။ ဒါကြောင့်ဗာနဗကယောဟန်ကို ခေါ်ပြီး သွားတယ်။ ပေါလုကတော့သိလကို ခေါ်ပြီး အချင်းချင်းမသင့်သဖြင့် တခြားစီသွားကြတယ်။ အမှုတော်ဆောင်တွေ ကြားထဲမှာသော်၎င်း၊ အသင်းတော် မှာသော်၎င်း၊ သူနဲ့တော့မလုပ်ချင် ဘူး၊ လက်မတွဲချင် ဘူး၊ ဟု ိလူနဲ့ဘဲ လုပ်ချင် တယ်၊ ဒီလူနဲ့ဘဲ လက်တွဲချင် တယ်။ ဟို လူကို မကြိုက်ဘူး၊ ဒီလူဘဲ ကြိုက်တယ်ဆိုပြီး အချင်းချင်းကွဲပြားတတ်ကြတယ်။ အဲဒီအရာတွေအားဖြင့် အမှုတော် မြတ်၌ အဟန့်အတား၊ ဆီးတားမှု ဖြစ်စေပြီး ဘုရား ဘုန်း မထင်ရှားစေတဲ့အရာ ဖြစ်တယ်။ အာမုတ် ၃:၃မှာ၊ “လူနှစ်ဦးတို့သည် သဘောမတူလျှင် ပေါင်းဘော်၍ ခရီး သွားနိင်သလော၊ ” ဟုဆိုသည့်အ တိုင်း အသင်းတော် ထဲမှာလည်း စိတ်ဝမ်းကွဲကြတဲ့အခါအမှုတော် မြတ်၌ ပါဝင် သင့်သလောက် မပါဝင်နိင်ကြတော့ဘူး။ ငြင်းခုံခြင်းက အသင်းတော်ကို မတည် ဆောက်နိင်သည်သာမက ကွဲပြားစေတယ်။ အသင်းတော်၌ ငွေကျေးများများရှိခြင်း၊ အသင်းသားများများရှိခြင်းထက် လူနည်းသော်လည်း ခရစ်တော်၏ ချစ်ခြင်းမေတ္တာ၌ တည်ပြီး ချစ်ချစ်ခင် ခင်ဘုရားရဲ့အမှုတော် မြတ်၌ ပါဝင်ကြပြီး ဘုရား ဘုန်းတော် ထင်ရှားဖုိ့ကအဓိကပါ။ 
 
၆။ မစုံလင် အားနည်းချက်များ နဲ့လုပ်ဆောင်တယ်  (၁ ကော ၁:၂၆-၂၉၊ ၂ ကော ၁၂:၉-၁၀) 

​ကျွန်တော်တို့ ဟာမစုံလင် အားနည်းချက်မြောက် များစွာ နဲ့ဘုရားရဲ့ အမှုတော် မြတ်၌ ကျေးဇူးတော် သက်သက်ကြောင့်သာ ပါဝင်ခွင့်ရရှိတယ်ဆို တာအမြဲတမ်းသတိရဖုိ့လိုအပ်ပါတယ်။ီမ၏ ​ြငူူပ ွမ​ေ့​ောက၊ “ဘုရားရဲ့အ မှုတော် မြတ်၌ ဒီနေ့အထိ ပါဝင်နိင်တာငါရဲ့လုပ်ဆောင်နိင်မှု၊ တတ်စွမ်းမှု၊ ထိုက် တန်လို့ မဟုတ်ပါဘူး။ ဆုတောင်း နိင်လွန်းလို့လဲ မဟုတ်ပါဘူး။ ငါ့ရဲ့ အားနည်း ချက်၊ လိုအပ်ချက်တွေကို ဘုရားသခင်က သိပြီး အမြဲတမ်းဖြည့်ဆည်းပေးလို့သာ ဖြစ်တယ်။” လို့ပြောပါတယ်။ ဒါကြောင့် ရှင်ပေါလုကလည်း၊ “အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက် ရှိ၏။” လို့ပြောနိင်ခြင်း ဖြစ်တယ်။ ငါလုပ်ဆောင်နိင်တယ်ဆိုပြီး ကိုယ့်ရဲ့တတ်စွမ်းမှုကိုဘဲ အားကိုး ပြီး လုပ်ဆောင်တယ်ဆိုရင် သန့်ရှင်းသောဝိညာဉ်တော် ရဲ့လမ်းပြမှု မခံစားရခြင်းကြောင့် စစ်မှန်သော အောင်မြင်မှု ဆိုတာရရှိနိင်မှာ မဟုတ်ဘူး။ မစုံမလင် အားနည်းချက်မြောက် များစွာ နဲ့လုပ်ဆောင်တယ်ဆိုတာသိပြီး သန့်ရှင်းသောဝိညာဉ်တော် ရဲ့လမ်းပြမှု အတိုင်း ဘုရားသခင်၏ တန်ခိုးကို အားကိုးပြီး လုပ်ဆောင်ကြပါစို့။ 
 
၇။ အခက်အခဲဆင်းရဲခြင်း မြောက် များစွာ တွေ့ကြုံရမည်ဆိုတဲ့စိတ်ထားနဲ့ (တ ၉:၁၅-၁၆၊ ဖိလိ ၄:၁၂-၁၃) 


 ဘုရားသခင်က ရှင်ပေါလုကို ခေါ်တဲ့အခါ အမှုတော် မြတ်ကြောင့်အခက်အ ခဲခံဘို့ရန် ဆိုတာတွေ့နိင်ပါတယ်။ ရှင်ပေါလုဟာလဲ ခရစ်တော်အားဖြင့် ရှုတ်ချခြင်း၊ ကြွယ်ဝခြင်း၊ ဝစွာ စားခြင်း၊ မြွက်သိက်ခြင်း၊ စည်းစိမ်ရှိခြင်း ဆင်းရဲခြင်းတို့ကို အောင်မြင် ကျော်လွှာနိင်တယ်။ ခက်ခဲခြင်း ဆင်းရဲခြင်း ပြစ်တင်ဝေဖန်ခြင်း၊ ခံဘို့ ကြောက်ရွံ့နေမည်ဆိုရင်ဘုရား အတွက် ကြီးမားသောအမှု လုပ်ဆောင်နိင်မှာ မဟုတ်ဘူး။ ူမေမပ ဃ့မငျအနျသည ကအခက်အခဲဆင်းရဲခြင်းရဲ့နောက်ကွယ်မှာယုံ ကြည်သူ တွေရဲ့ဓမ္မသရဖူကို ဘုရားကထားပေးထားတယ်လို့ဆိုပါတယ်။ အခက် အခဲ ပြသနာ၊ ပြစ်တင်ဝေဖန်မှု တွေကို ငါတို့ကို ခွန်အား နဲ့ ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ကျော်လွှားကြပါစို့။ လှပတဲ့ပန်းကလေးတွေဟာမျက်စိရဲ့အစာ ဖြစ်တယ်။ ချီးမွမ်းခြင်း နဲ့ချီမြှောက်ခြင်း ဟာစိတ်နှလုံးရဲ့အစာ ဖြစ်သလိုအခက်အ ခဲ၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ပြစ်တင်ရှုပ်ချခြင်း ဟာ ဝိညာဉ်လူရဲ့အစာ ဖြစ်တယ်။ သင် ဘာအစားအစာစားတာအများ ဆုံးလဲ။ 
 
၈။ အမှုတော်ကို ကြိုးစား၍ ဆောင်ရမည် (၁ ကော ၁၅:၅၈၊ ဟေရှာယ ၄၈:၁၀) 

ကြိုးစား၍ လုပ်ဆောင်တယ်ဆိုတာအား လွန်းလို့လုပ်ချင် လွန်းလို့လုပ် ဆောင်ခြင်း မဟုတ်ဘဲ မအားသည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ၊ ဘယ်လိုအ ​ခြေအနေဘဲ ဖြစ်ဖြစ်လုပ်ဆာင်ခြင်း ဖြစ်တယ်။ ရှင်ပေါလုကတိမောသေကို နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။အချိန် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ကြိုးစားအား ထုတ်လော့၊ လို့တိုက်တွန်းထားပါတယ်။ ကျမ်းစာဖတ်ချင်မှ ဖတ်၊ ဆုတောင်း ချင်မှ ဆုတောင်း၊ ဘုရားကျောင်းတက်ချင် မှသွားအမှုတော် မြတ်၌ ပါဝင်ချင် မှပါဝင်၊ လုပ်ဆောင်ခြင်း မဟုတ်ဘဲ မည်သည့်အမှု အရာကို ပြုသော် ကြိုးစား၍ ဆောင်ရွက်ရမည်။ ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သောသူသည် ကျိန်ဆဲခြင်းကို ခံစေ၊ (ယေရ ၄၈:၁၀)။ အမှုတော် မြတ်၌ မပါဝင် ချင်သောသူမလုပ်ဆောင်ချင်သောသူဟာ အရမ်းဘဲ ကြောက်ဘို့ ကောင်းပါ တယ်။ ကျမ်းစာက၊ “အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏ အမှုကို မဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်ဆီးရလိမ့်မည်၊၊ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်းခြင်းကို အမှန်ခံရကြလိမ့်မည်။” (ဟေရှယ ၆၀:၁၂) မှာတွေ့ ရှိရပါတယ်။ ဘုရား အမှုတော် မဆောင်ချင် တဲ့မိသား စ၊ ု အသင်းတော်၊ နိင်ငံဟာလဲပျက်ဆီး မယ်၊ သုတ်သင်ပယ်ရှင်းခြင်း ခံရလိမ့်မယ်ဆိုတာသိထားဘို့ လို အပ်ပါတယ်။အချိန် လေးရှိတုန်းအမှုတော် မြတ်၌ ကြိုးစား၍ ဆောင်ရွက်ကြ ပါစို့။ 
 
၉။ သင့်ရဲ့အလုပ်တာဝန်ပြီး ဆုံးသည့်တိုင်အောင် လုပ်ဆောင်ပါ  (ကော ၄:၁ရ) 

ဘုရားရဲ့အလုပ် မပြောနဲ့လောက ရဲ့အလုပ်တောင်မှပြီး ဆုံးသည့်တိုင် မလုပ်ဆောင်ဘဲ ထားရစ်ခဲ့မယ်ဆိုရင် လူတွေရဲ့လေးစားမှု၊ ချီးမွမ်းခြင်း မခံရဘဲ ကဲ့ရဲ့ပြစ်တင်ခြင်း သာခံစားရမည်သာ ဖြစ်တယ်။ သင် ဘုရားသခင် လက်တော် မှခံရသော အမှု၊ အသင်းတော် ကအပ်နှင်းသော တာဝန်ကိုပြီးအောင် ဆုံးခန်း တိုင်ပါဝင်ပါ။ သင်၌ ဘုရားသခင် အပ်ပေးသော ဆုကျေးဇူးကို မပြုစုဘဲ မနေပါနှင့်။ ဘုရား ဘုန်တော် ထင်ရှားဘို့ အသင်းတော် တိုးတက်ဘို့ အတွက် အသုံးချပါ။ သင်ဟာ အသင်းတော်၌ တနှစ်တာအတွက် အသင်းတော် လူကြီး၊ အမျိုး သမီးခေါင်းဆောင်၊ လူငယ်ခေါင်းဆောင်၊ ခလေး ကျမ်းစာ သင်ပေးသော ဆရာ၊ မအဖြစ် ရွေးချယ်ခြင်း ခံရရင် သစ္စာရှိစွာ နှစ်ကုန်သည့်တိုင် ကြိုးစား ပါဝင်လုပ် ဆောင်ပါ။ တချို့ခေါင်းဆောင် တွေက အသင်းတော် ထဲမှာကိုယ် အလိုဆန္ဒအ တိုင်း ဖြစ်မလာတဲ့အခါမှာ တခြားသူတွေနဲ့စိတ် သဘော ထားခြင်း မတိုက်ဆိုင် တဲ့အခါဆက်မလုပ်ချင် တော့ဘဲ အနားယူသွားတတ်ကြတယ်။ ကိုယ့်ရဲ့ဆန္ဒ တစ်ခုထဲဘဲ ရှေ့တန်းထားပြီး မလုပ်ဆောင်ပါနဲ့။ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြမှု၊ ဘုရားသခင် ရဲ့အလိုတော်ကို အဓိကထားလုပ်ဆောင်ပါ။ ဘုရားသခင်အပ်ပေးထားတဲ့သေးငယ်သောအမှု မှာတောင် သစ္စာရှိစွာ မပါဝင်နိင်ဘူး ဆိုရင်ကြီးမားသော အမှုကို ဘုရားသခင်က ဘယ်လိုအပ်နှံနိင်မလဲ။ လူတွေ ရဲ့အလုပ်တာဝန်ကို မထမ်းဆောင်ဘူး၊ ဘုရားရဲ့အလုပ်တာဝန်ကိုဘဲ ထမ်းဆောင် တယ်ဆိုတဲ့စိတ်ထားနဲ့ ဘုရားသခင် ရဲ့လက်တော် မှခံရတဲ့အရာကိုပြီး ဆုံးသည့်တိုင် လုပ်ဆောင်ပါ။ 
 
၁၀။ အိမ်ရှင်စိတ်ထားနဲ့ (၁ ပေ ၄:၁ရ) 

အသင်းတော် ထဲမှာချမ်းသာ ကြွယ်ဝတဲ့သူ၊ ပညာရှိပညာတတ်တွေထက် အိမ်ရှင်စိတ်ထားရှိတဲ့သူပို၍ လိုအပ်တယ်။ မိတ်ဆွေ သင်ပါဝင်နေတဲ့ အသင်းတော် မှာဧည့်သည် ကဲ့သို့ မနေလိုက်ပါနဲ့။ ဘုရား သားသမီး ဖြစ်တဲ့အတွက် အသင်းတော် ထဲမှာအိမ်ရှင်ဆိုတာသိထားပါ။ သူများ မပေးကမ်းရင်၊ ဆုမတောင်ရင်၊ မလုပ်ဆောင်ရင်လဲသင်ဟာပေးလှူသောသူ၊ ဆုတောင်း သောသူ၊ လုပ်ဆောင် သောသူ ဖြစ်ရပါမည်။ ဘာ ဖြစ်လို့လဲဆိုတော့၊ သင်ဟာအိမ်ရှင်ဆိုတာမမေ့ပါ နဲ့။ အသင်းတော်တိုင်း မှာလဲ အိမ်ရှင်ထက် ဧည့်သည် ကပိုများ တတ်ကြပါတယ်။ ဒါကြောင့်ဘုရားကျောင်းတက်တဲ့သူလောက်များပြီး တကယ် လုပ်ဆောင်သောသူဟာအရမ်းဘဲ နည်းပါးလွန်းတယ်။ ဧည့်သည် တွေက အသင်းတော် ထဲမှာလဲ တစ်ခုခုလုပ်ဘို့ ရှိရင်လဲ သူများ လုပ်ပါစေ၊ သူများ လုပ်လိမ့်မယ်၊ ငါတို့ လုပ်စရာ မလို ဘူးဆိုပြီး နေတတ်ကြတယ်။ အသင်းတော် ထဲမှာလဲ ယုံကြည်သူ အယောက် စီတိုင်း မှာအိမ်ရှင်စိတ်ထားသာရှိခဲ့မယ်ဆိုရင် ငါလုပ်မယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်လုယက်လုပ်ဆောက်ကြမည် ဖြစ်တယ်။ အသင်းတော်များအားလုံး ကအိမ်ရှင်စိတ်ထားသာရှိမယ်ဆိုရင်ဘယ်လောက်ပျော်ရွှင်စရာ ကောင်း မလဲ။ ဘယ်အမှု အရာကို မဆိုအိမ်ရှင်စိတ်ထားနဲ့လုပ်ဆောင်ကြမယ်ဆိုရင်ဘုရားရဲ့အမှုတော် ပို၍ ကျယ်ပြန့်စွာ လုပ်ဆောင်နိင်မည် ဖြစ်တယ်။ 
 
 
 
စစ်မှန်သော ယုံကြည်သူ 

Rang Rang (Nashville, TN)

 

 “ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုဃ်းရေကို သောက်၍၊ လုပ်သောသူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီး မင်္လာကို ခံတတ်၏။ အကြင်မြေသည် ဆူးပင် အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကို မခံထိုက်။ ကျိန်ခြင်းကို ခံရသောအချိန် နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက် တတ်၏။” (ဟေဗြဲ ၆:၇- ၈) 

ဤကျမ်းပိုဒ်ကို လေ့လာမယ်ဆိုရင်၊ မြေကြီး နှစ်မျိုးရှိတယ်။ ပဌမ မြေကြီး နဲ့ဒုတိယမြေကြီး ဟာ သူတို့အပေါ်မှာ ကျတဲ့မိုးရေကို သောက်ကြ တယ်။ ပဌမ မြေကြီး ကတော့သူ့ အပေါ်ကျတဲ့မိုးရေအားဖြင့် လုပ်သောသူ အဖုိ့ဟင်းသီးဟီးရွက်တွေ ဖြစ်စေပြီး ဘုရားသခင် ရဲ့ကောင်းကြီး မင်္လာကို ခံစားရတယ်။ ဒုတိယမြေကြီး ကတော့သူ့အပေါ်မှာ ကျတဲ့မိုးရေသောက်ပေ မဲ့ဆူးပင် အမျိုးမျိုးကို ပေါက်စေတယ်။ ပဌမ မြေကြီး နဲ့ဒုတိယမြေကြီး တွေဟာ မိုးရေသောက်ခြင်း တူပေမဲ့ အကျိုး ဖြစ်ထွန်းခြင်းမှ ာမတူကြဘူး။ အဲဒီမြေကြီး နှစ်မျိုးက ယုံကြည်သူ နှစ်မျိုးကို ပုံဆောင်ခြင်း ဖြစ်ပါတယ်။ 

ပဌမ ယုံကြည်သူ ကတော့ မိုးရေ ဖြစ်တဲ့နှုတ်ကပတ်တော်ကို ခံယူပြီ ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ စုံလင်သော (လူပျို) အရွယ်ရှိပြီး၊ ​ကြေ ခဲသော အစာအာဟာရဟူသော ဒုက္ခ ဆင်းရဲခြင်း အမျိုးမျိုးကို ုိခံနိင်သည်သာ မကယုံကြည်ခြင်း နဲ့သည်း ခံခြင်းအားဖြင့် မိမိအသက်တာကို ဆက်ကပ်ပြီး မိမိကျရာကဏ္ဍမှာအုတ်တချက်သဲတပွင့်အဖြစ် အမှုတော် မြတ်၌ ပါဝင်ချင်သော စိတ်နဲ့ ယုံကြည်သူ ရောမ ယုံကြည်သူများအတွက် ပါ အကျိုးရှိစွာ အသက်ရှင်သော ယုံကြည်သူများရဲ့အသက်တာ ဖြစ်တယ် (ဟေ ၅:၁၄)။ အဲဒီ လိုအသက်တာမျိုးရှိသောသူသည် ဘုရားသခင်၏ ကောင်းကြီး မင်္လာကို ခံတတ်၏ လိုပြောပါတယ်။ (ဟေ ၆:ရ)။ 

ဒုတိယ ယုံကြည်သူ ကတော့နှုတ်ကပတ်တော်ကို ကြားနာပေမဲ့အသက်တာအားဖြင့် မခံယူပဲ မိိမိစိတ် အလိုဆန္ဒအတိုင်း အသက်ရှင်ပြီး 
 (ဟေ ၆:၄-၆) ကောင်းကင် ဆုကျေးဇူးကို၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကို၎င်း၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို၎င်း၊ ဂရုမစိုက်ပဲ ဘုရားသခင် ရဲ့သားတော်ကို လက်ဝါးကပ်တိုင်မှာကွက်မျက်၍ အသာရေတော်ကို ရှုတ်ချ သောသူ ဖြစ်တယ်လို့ပြောပါတယ်။ ကြားရက်သား နဲ့သိရက်သား နဲ့၊ ယုံ ကြည်ရက်သား နဲ့အသက်တာအားဖြင့် မခံယူခြင်း အဲဒါ (ဟေ ၆:၄) ‘အလင်းသို့ တခါရောက်၍ ကောင်းကင် ဆုကျေးဇူးကို မြည်းစမ်း တယ်၊ နောင်ကပ်ကာလ၏ တန်ခိုးများကို မြည်းစမ်းခြင်းရှိပြီးမှ’ဆိုပြီး ပြောထားပါတယ်။ အဲဒီ ယုံကြည်သူ ဟာပြုစုခြင်းကို မခံထိုက်၊ ကျိန်ခြင်းကို ခံရသောသူ၊ နောက်ဆုံး၌ မီးရှို့ခြင်း (ငရဲ)သို့ ရောက်တတ်၏ လို့ပြောပါတယ်။ 

မိတ်ဆွေ၊ “ငါဟာ ယုံကြည်သူ တစ်ယောက်ပဲလို့ကိုယ့်ကိုယ်ကို သတ် မှတ်တယ်ဆိုရင် မိတ်ဆွေ ရဲ့အသက်တာဘယ်လိုအသက်ရှင်သလဲဆိုတာ စစ်ဆေးချင် ပါတယ်။ စောစော ကပြောသွားတဲ့ပဌမ ယုံကြည်သူ လား၊ သို့မဟုတ် ဒုတိယ ယုံကြည်သူ လား။ ပဌမ မြေကြီး ကဲ့သို့ လုပ်သောသူအဖုိ့ အကျိုး ပေးသောသူလား။ ဒုတိယမြေကြီး ကဲ့သို့ ဆူးပင် ဖြစ်သော ရွေ့လျော့ဖေါက် ပြန်သောသူလား။ ကိုယ့်အသက်တာကို စစ်ဆေးစေချင် ပါတယ်။ ဒုတိယမြေကြီး ဟာ သူမှပေါက်စေသော ဆူးပင် အမျိုးမျိုး နဲ့အတူ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တယ်လို့ပြောပါတယ်။ 
 

ငါဟာ ယုံကြည်သူ တစ်ယောက် ဖြစ်ပါတယ်လို့ဆိုပေမဲ့လောကီသားများနဲ့ခြားနားခြင်း မရှိ၊ အသက်တာ၌ ဆူးပင်တွေပဲပေါက်တယ်ဆိုရင် ဒုတိယမြေကြီး လိုကိုယ်ကျင့်သော အကျင့်တွေနဲ့ကိုယ်ပြုစုသောလောကီးစည်း စိမ်တွေနဲ့ခန္ဓာကိုယ်၊ စိတ်၊ ဝိညာဉ် အားလုံး ငရဲထဲသို့ မီးရှို့ခြင်း ခံရမယ်။ ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေ ဖြစ်သကဲ့သို့ အကျင့်နဲ့ကင်းသော ယုံကြည်ခြင်း ဟာအသေ ဖြစ်တယ်။ ဒါကြောင့်ဒုတိယ ယုံကြည်သူ ရဲ့လမ်းဆုံးကတော့ ငရဲ ဖြစ်တယ်။ 
 
ယုံကြည်သူ တစ်ယောက်ရဲ့လက္ခဏာတစ်ခု

အသက်ရှင်ခြင်း လက္ခဏာရှိရမယ်။ အသက်ရှင်သောသူဟာဆာ ငတ်မှု ရှိတယ်၊ လှုပ်ရှားမှု ရှိတယ်။ အဲဒီလိုဘဲ ဝိညာဉ်ရေးရာ၌ အသက်ရှင်သော သဟာ ဝိညာဉ် အစာ ဖြစ်တ့​ဲ ခရစ်တော်ကို ဆာငတ်ပါလိမ့်မယ်။ လှုပ် ရှားမှု ခေါ်ကျမ်းစာဖတ်ချင်သော စိတ်၊ ဆုတောင်းလိုသော စိတ်၊ နှုတ်ကပတ်တော် နားထောင်လိုသော စိတ်၊ ဘုရားကျောင်းတတ်လိုသော စိတ်ရှိလိမ့် မယ်။ ဘုရားကျောင်းမတက်ရင်လဲပျော်ပျော်နေနိင်တယ်၊ အသက်တာ၌ ခြားနားခြင်း မရှိဘူးဆိုရင်အသက် ရှိရဲ့လားဆိုတာ စိုးရိမ် ရတယ်။ အသက်တာကို စစ်ဆေးဖုိ့လိုနေပြီ။ 

အခုဆိုရင် ခရစ်တော် ကြွလာပြီးမှ အသုံးပြုရမဲ့ ၆၆၆ တွေကို နဖူး နဲ့လက်တွေမှာတချို့ပြည်နယ်တွေမှာ အသုံးပြု နေကြပြီဆိုတော့ ခရစ်တော် ကြွလာဖုိ့ရန် အလွန် နီးပြီဆိုတာသတိရပြီး ယုံကြည်သူများမိမိ ရှိတဲ့နေရာ မှာအကောင်းဆုံးအသက်ရှင်ကြပါစို့။ အခုဆိုရင် စာတန် ကဘုရားကျောင်း တွေမှာအသင်းလူကြီး၊ အသင်းအုပ်ဆရာတွေလုပ်ပြီး ကယ်တင်ခြင်း အကြောင်းကို ဟောပြောတဲ့သူအတွက် တံခါးစပိတ်နေပြီ။ စစ်မှန်သော ယုံကြည်သူများအတွက် ဘုရားကျောင်းထဲ၌ နေရာမပေးတော့ဘူး။ မိတ်ဆွေ ဆုတောင်းခြင်း နဲ့အား ယူကြပါစို့။ စာဖတ်သူအယောက်တိုင်း အတွက် အကျိုးသက်ရောက်ပါစေ။ 

 
 
သတင်းကောင်း ပွဲတော်ကြီး 

အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်း အသင်းတော်၏ နှစ်စဉ် ကျင်းပလေ့ရှိသော “သတင်းကောင်း ပွဲတော် ကြီး”ကို Georgia ပြည်နယ် Atlanta မြို့တွင် ဘုရားသခင်၏ ကောင်းကြီး ပေးမှုအားဖြင့် ဩဂုတ်လ ၃၁ နေ့ညမှ စက်တင်ဘာ ၂ ရက်နေ့ညအထိ အောင်မြင် စွာ ကျင်းပနိင်ခဲ့သည်။ ထိုပွဲတော် ကြီး၌ ပြည်နယ်အသီးသီးမှဧည့်သည် ၂၀၀ ကျော်၊ အိမ် ရှင် အသင်းတော်နှင့် မြို့ခံများ အပါအဝင် လူစုစုပေါင်း၄၈၀ ခန့်ပါဝင် ကြသည်။ သုံးညနှင့် တနင်္နွေနေ့နံနက်ပိုင်းတွင် ဝတ်ပြုကိုးကွယ် တရားဟောခြင်းများပြုလုပ် ကြသည်။ စနေနေ့နံနက်ပိုင်းနှင့် ညနေပိုင်း၊ တနင်္နွေနေညနေပိုင်းတွင် သင်တန်းများ ပြုလုပ် ကြသည်။ သင်တန်းများတွင် ကယ်တင်ခြင်း သင်တန်း ( မြန်မာနှင့် အင်္လိပ်)၊ ခရစ်ယာန် အသက်တာသင်တန်းတွင် တပည့် တော်နှင့် ဧဝံဂေလိ လုပ်ငန်း၊ တပည့်တော်နှင့် အသင်းတော် ဟူသော ခေါင်းစဉ်များဖြင့် သင်ပေး ကြသည်။ ခလေးများကိုလည်း ဆရာမများက နှစ်တန်းခွဲသင်ပေ ကြသည်။ အိမ်ရှင် Atlanta GBC မှအစားအသောက်များကို ဝလင်စွာ ကျွေးမွေး ကြသည်။ ထိုပွဲတော် ကြီး၌ ပါဝင်ကြသောသူတိုင်း ဝိညာဉ်ပိုင်း၌ အကျိုးခံစား ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ အမေရိကန် ပြည် ရှိဂျီဘီစီ အသင်းတော် ဂ ပါးမှလူငယ်များကလည်း သီချင်းအားဖြင့် အစွမ်းကုန်ဘုရား ချီးမွမ်းခြင်းများကို ပြုလုပ် ကြပါသည်။ ချီဆောင်ခြင်း မရှိသေးပါက ၂၀၁၃ ခုနှစ်သတင်းကောင်း ပွဲတော် ကြီးကို၍ ညိင​ေညစေသူငျ မြို့တွင် ယခုနှစ်ကဲ့သို့ စက်တဘ်ာလပဌမ ပတ်တွင် ပြုလုပ် ကျင်းပဘို့ စီစဉ်ထားကြ ပါသည်။ အယောက်တိုင်း ပါဝင်ဘို့ ဆုတောင်းခြင်းဖြင့် ပြင်ဆင် ကြဖုိ့ ကြိုတင် ဘိတ်ခေါ်လိုပါသည်။ 
 
 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG