GOODNEWS
  HOME  GOODNEWS  2012 AUG
 


အမှာစာ

 ဤလောကကြီး မှ ယုံကြည်သူများကောင်းကင်သို့ တက်မည့် အချိန်သည် နီးသထက် နီးနေပြီ။ ထိုအချိန်တွင် ခရစ်တော် မရရှိသောသူများသည် ဘေးဒဏ်ကြီး ကာလသို့ ရောက်ရှိဘို့ရန် နီးနေပြီ။ သို့သော် ဝမ်းနည်းစရာ ကောင်းသည် မှာထိုအရာကို မသိသောကြောင့် နဂုိအတိုင်း ကြံစည်အား ထုတ် နေကြခြင်း ပင် ဖြစ်သည်။ လောကသားများကပင် ယခုနှစ်သည် ကမ္ဘာ ကုန်ဆုံးမည့် နှစ်ဟု ရုပ်ရှင်များ ပင်လျှင် ရိုက်၍ လူ များစွာ ကကြည့်ရှုကြပြီ။ ကမ္ဘာကုန်မည့် အရာကို ကြောက်ရွံ့သော်လည်း မည်သို့မျှ ပြင်ဆင်ခြင်း မပြုကြသည်ကို အံ့ဩဘွယ်တွေ့ရသည် ံသူပ ျွှသသိ ရုပ်ရှင်မှကမ္ဘာကုန်မည့် အရာကို ရုပ်ရှင်ရိုက်သော်လည်း အဘယ်ကြောင့် ထိုကဲ့သို့ဖြစ်သည်ကို၎င်း၊ မည်ကဲ့သို့ လွတ်အောင် မည်သည့်နေရာသို့ ပြေးမည်ကို၎င်း မသိကြပါ။ ထို့ကြောင့် ရုပ်ရှင်မင်းသား မင်း သမီးမိသားစုကို တရုတ်ပြည်သို့ လေယဉ်ဖြင့် ပြေးစေသည်။ တရုတ်ပြည်သည်လည်း ကမ္ဘာ၌ ရှိသောကြောင့် မလုံခြုံကြောင်း မသိကြပါတကား။ 

ယုံကြည်သူများအတွက်မူ ကမ္ဘာပျက်မည့် အရာသည် ဘုရားသခင်၏ အကြံအစည် ဖြစ်၍ ယုံကြည်သူများကို ခရစ်တော်က ချီဆောင်ခြင်းဖြင့် ဘေးဒဏ်ကြီး ကာလနှင့် လွတ်နိင်ကြောင်း သိရသည်။ ထိုကြောင့် ကိုယ်တိုင် ချီဆောင်ခြင်း၌ ပါဝင်သည်သာမက အနားမှာ ရှိကြသော မိဘ၊ ညီအစ်ကို မောင်နှမများ၊ ဆွေ မျိုးသား ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဘော်ဆောင်ဖက်၊ ကျောင်းနေဖက်သူ ငယ်ချင်းများကို အတတ်နိင်ဆုံးအစွမ်းကုန် ကြိုးစား၍ ဘုရားသခင်၏ ကယ်တင်ခြင်း အကြောင်းကို ပြောကြစို့။ ဝေစာများ၊ စာအုပ်များ၊ ဃီ၊ ီဠီများအားဖြင့် အတတ်နိင်ဆုံးသတင်းကောင်း ဖြန့်ကြပါစို့။ 

ဤစာစောင်၌...

သမ္မာတရား၌ ကျင်လည်ခြင်း 
ဗျာဒိတ်ကျမ်း အခန်းကြီး ၂ လေ့လာခြင်း 
သန့်ရှင်သော ဝိညာဉ်တော် 
ဧဝံဂေလိ ခရီး စဉ်
လူငယ်များ လှုပ်ရှားမှု 
သတင်းကောင်း ပွဲတော်ကြီး 

 


သမ္မာတရား၌ ကျင်လည်ခြင်း 
 ဤလောကသည် မုသာတရားနှင့် လွှမ်းမိုးသည်။ အကြောင်းမှာစာ တန်သည် ဤလောက၏ ဘုရား သို့မဟုတ် အုပ်စိုးသူ ဖြစ်သည်။ ထို့ကြောင့် လောကသား များလည်း မုသာတရား၌ ကျင်လည်၍ မုသာအားဖြင့် အသက်ရှင် ကြသည်။ သခင် ခရစ်တော်က “သင်တို့သည် သင်တို့၏ အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။” ဟုဆိုခဲ့သည် (ယော ၈:၄၄)။ လူသည် မုသာ၏ သားများဖြစ်သောကြောင့် မုသာကိုသာ သိ၍ ပြောတတ်သည်။ မြန်မာ စကား ပုံ၌၊ “မုသာမပါလက်ာမချော” ဟု လျောက်ပတ်စွာ ဆိုထားသည်။ ဆိုလိုသည်မှာ လူလူချင်းဆက်ဆံသောအခါ မုသာမပါလျှင် အဆင် မပြေနိင်ချေ။ လူသည် မုသာ၌ ကျင်လည်သောကြောင့် မုသာ၌ သာပျော်ရွှင်သည်။ မုသာကိုသာ နှစ်သက်၍ သဘောပေါက် ကြသည်။ သမ္မာတရား ပြောသောအခါ လုံးဝ နားမလည်နိင်ချေ။ သမ္မာတရားကို မနှစ်သက်ကြ။ 
 
 ဘုရားသခင်၏ အလိုတော် 

ကျမ်းစာက၊ “လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာ တရားကို သိစေခြင်းငှါ ဘုရားသခင် အလိုတော် ရှိ၏” ဟုဆိုသည် (၁ တိ ၂:၄)။ ထို့ကြောင့် မိတ်ဆွေသည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရား သိမှ သာဘုရားသခင်၏ အလိုတော် ပြည့်စုံမည် ဖြစ်သည်။ သမ္မာတရား သိဘို့ရန်မှာ ကယ်တင်ခြင်းသို့ အရင်ရောက်ဘို့ လိုသည်။ ကယ်တင်ခြင်း သဘော မပေါက်သောသူများသည် သမ္မာတရားကို နားမလည်နိင်ကြချေ။ ကယ်တင်ခြင်းသို့ ရောက်ခြင်းသည်လည်း တနည်းအားဖြင့် သမ္မာတရား သိခြင်း၏ အ​ခြေခံ ဖြစ်သော်လည်း ကယ် တင်ခြင်းသို့ ရောက်သောသူတိုင်းသည် သမ္မာတရားကို မသိကြချေ။ ထို့ကြောင့် မှားယွင်းသော ဩဝါဒ တည်းဟူသော မှားယွင်းသော သွန်သင်ခြင်းများကို လိုက် တတ်ကြသည်။ သို့ဖြစ်လျှင် သမ္မာတရားသည် အဘယ်အရာနည်း။ 
 
ခရစ်တော်သည် သမ္မာတရား ဖြစ်သည် 

ခရစ်တော်က၊ “ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။” ဟုဆိုသည် (ယော ၁၄:၆)။ ထို့ကြောင့် ခရစ်တော်သည် သမ္မာ တရား ဖြစ်သည်။ 
 
သန့်ရှင်းသော ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်သည် 

ခရစ်တော်က၊ “ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါ စေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက် လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံ လိမ့်မည်။” ဟုဆိုသည် (ယော ၁၅:၂၆)။ “သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက် လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန် သင်ပြသလိမ့်မည်။” (ယော ၁၆:၁၃) “သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်၍ သက်သေခံတော်မူ၏။” (၁ ယော ၅:၆) ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်သည်။ 
 
ခမည်းတော် ဘုရားသည် သမ္မာတရား ဖြစ်သည် 

ကျမ်းစာက၊ ဘုရားသခင်သည် မူလအမြစ် ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာ ( သမ္မာတရား) စောင့်သော ဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်​ဖြောင့်မတ်သော ဘုရား ဖြစ်တော်မူ၏။” (တရား၃၂:၄) ဟုဆိုသည်။ ထို့ကြောင့် ခမည်းတော်ဘုရားသည် သမ္မာ တရား ဖြစ်သည်။ 
 
နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည် 

“ကိုယ်တော်၏ တရားသည် သစ္စာ တရား ( သမ္မာတရား) ဖြစ်ပါ၏၊၊ ” (ဆာ ၁၁၉:၁၄၂)

“အလုံးစုံသော ပညတ်တော်တို့သည် သစ္စာ ( သမ္မာတရား) ဖြစ်ကြပါ ၏၊ ” (ဆာ ၁၁၉:၁၅၁)

“နူတ်ကပတ််တော် အလုံးစုံတို့သည်ဟုတ်မှန် ( သမ္မာတရား) ပါ၏၊၊ တရားသဖြင့် စီရင်တော်မူ ချက်ရှိသမျှတို့သည် အစဉ်အမြဲတည်ကြပါ၏၊၊ ” (ဆာ ၁၁၉:၁၆၀)

“ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏။” (ယော ၁ရး၁ရ)။

ထို့ကြောင့် နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည်။ 
 
သမ္မာတရားသည်၏ အဓိပ္ပါယ်

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် သမ္မာတရားသည် ဘု ရားသခင်နှင့် သူ၏ နှုတ်ထွက်စကား၊ သူ၏ အကြံအစည်သည် သမ္မာတရား ဖြစ်သည်။ လူ၏ အတွေးအခေါ်၊ အကြံအစည်၊ လုပ်ဆောင်ချက် များသည် သမ္မာ တရား မဟုတ်။ သမ္မာတရား၏ အရည်အချင်းမှာပြောင်းလဲခြင်း မရှိ၊ ထာဝရ တည်တန့်ခိုင်မြဲသည်။ ဘုရားသခင်သည် ပြောင်းလဲခြင်း မရှိ၊ ထာဝရ တည်တန့်သည်။ ထို့ကြောင့် ဘုရားသခင်က ထာဝရ တည်းဟူသော ဘွဲ့ကို သူ၏ နာမ၌ ယူ ထားခြင်း ဖြစ်သည်။ ထာဝရဘုရားသည် မပြောင်းမလဲရှိ သကဲ့သို့ သူ၏ စကားလည်း ထာဝရ တည်တန့်ကြောင်း ဤသို့ ဆိုထားသည်၊ “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်၊ ” ဟုဆိုသည် (မ ၂၄:၂၅)။ လူ့အ မြင်၌ ကောင်းကင်နှင့် မြေကြီးသည် အလွန် ခိုင်မြဲသည်ဟု ထင်သည်။ သို့သော် ဘုရားသခင်က ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးမည့် အကြောင်း၊ မခိုင်မြဲကြောင်း ပြောခဲ့သည်။ “ထာဝရဘုရား၏ သစ္စာတော် ( သမ္မာတရားတော်)သည် အစဉ်အမြဲတည်၏။” (ဆာ ၁၁ရး၂)။ 
 
သမ္မာတရား သိခြင်းဖြင့် လွတ်ခြင်းရ

သခင်ယေရှုက၊ “ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန် ဖြစ်ကြ၏။ သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။”  ဟုဆိုခဲ့သည် (ယော ၈:၃၁-၃၂)။ သမ္မာတရား မသိသောသူသည် မုသာတ ရား၌ ကျင်လည်၍ လွတ်ခြင်း အခွင့်ကို မရနိင်ချေ။ စာတန်၏ လိမ်လည်လှည့်ဖျားမှု အောက်၌ တဝဲလည်လည်ရှိနေသည်။ သမ္မာတရား သိမှသာ စာတန်၏ လိမ် လည်မှုမှ လွတ်မြောက်နိင်သည်။ သို့မှသာ ဘုရားသခင်ကို လွတ်လပ်စွာကိုးကွယ် နိင်၊ ဆက်ကပ်နိင်သည်။ 
 
သမ္မာတရား အားဖြင့်သာ ကိုးကွယ်ရမည်

ခရစ်တော်က၊ “ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာ ( သမ္မာတရား) နှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” ဟုဆိုသည် (ယော ၄:၂၄)။ ဘုရားသခင်ကို ကိုးကွယ်သောအခါ သမ္မာတရားနှင့်ကိုးကွယ်ရမည် ဟုဆိုခြင်းသည် ဘုရားသခင်၏ အလိုတော် အတိုင်း၊ သူထားသော ဝတ်ပြုခြင်း ဆိုင်ရာပညတ်တော် အတိုင်းကိုးကွယ်ရမည်။ ဘုရားသခင်ကို ကိုယ်စိတ်ကြိုက်သော်၎င်း၊ ကောင်းနိုးရာရာဖြင့်သော်၎င်းကိုးကွယ်၍ မရပါ။ ဘုရားသခင်၏ အလိုတော်အတိုင်း သမ္မာတရားနှင့်ကိုးကွယ်ဘို့ လိုသည်။ သို့မှသာ ကိုးကွယ်ရကျိုးနပ်မည် ဖြစ်သည်။ 
 
သမ္မာတရား၌ ကျင်လည်ခြင်း 

ငါတို့သည် ခမည်းတော်ဘုရား ထံ၌ ပညတ်တော်ကို ခံရသည် အတိုင်း၊ သင်၏ သားသမီး အချို့တို့သည် သမ္မာတရား၌ ကျင်လည်၍ နေသည်ကို ငါတွေ့သောအခါ၊ အလွန် ဝမ်းမြောက်ခြင်းရှိ၏။ (၂ ယော ၄) သင်သည် သမ္မာတရား၌ ကျင်လည်သည် အတိုင်း သင်၌ ရှိသော သမ္မာတရား၏ အကြောင်းကို ညီအစ်ကိုတို့သည် လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန် ဝမ်းမြောက်ခြင်းရှိ၏။ ငါ၏ သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်း မရှိ။ (၃ ယော ၃-၄) 

အထက်ပါ ကျမ်းပိုဒ်များ၌ တမန်တော် ရှင်ယောဟန်ကသူ၏ သားသမီး ယုံကြည်သူများသည် သမ္မာတရား၌ ကျင်လည်သောအခါ အခြားသောအရာ၌ ဝမ်းမြောက်ခြင်းရှိသည်ထက် သာ၍ ဝမ်းမြောက်သည် ဟုဆိုသည်။ ယုံကြည်သူများကို အဆင့်လေးဆင့်ဖြင့် ခွဲခြားနိင်သည်။ 

၁။ နာမည်ခံ ခရစ်ယာန်များ

နာမည်ခံ ခရစ်ယာန် များသည် ခရစ်ယာန်ဟု ခေါ်ရသော်လည်း ကယ် တင်ခြင်းသို့ မရောက်သောကြောင့် သမ္မာတရား မသိကြချေ။ ထိုသူများသည် ခရစ်ယာန် မဟုတ်သောသူများနှင့်အတူ တူပင် ဖြစ်၍ ငရဲသွားမည့်သူများဖြစ်သည်။ 
 
၂။ ကယ်တင်ခြင်းသို့ ရောက်သူများ 

ကယ်တင်ခြင်းသို့ ရောက်သောသူများသည် ခရစ်တော်၏ ကယ်တင်ခြင်းကို ယုံကြည် လက်ခံသောကြောင့် အပြစ် စီရင်ခြင်းနှင့် ငရဲမှ လွတ်မြောက်သူများဖြစ်သည်။ သို့သော် ကယ်တင်ခြင်းသို့ ရောက်သွားသောသူတိုင်းသည် သမ္မာတရားကို မသိကြသောကြောင့် သမ္မာတရား၌ မကျင်လည်နိင်ကြချေ။ ထို့ကြောင့် မှားယွင်းသော ဩဝါဒများကိုလည်း ယုံကြည် တတ်သည်။ ကယ် တင်ခြင်းသို့ မရောက်သော အမည်ခံ ခရစ်ယာန် များနှင့် များစွာ ခြားနားခြင်း မရှိတတ်ချေ။ သူတို့၏ အမြင်၊ အကြိုက်အကျင့်တို့သည် တူညီတတ်သည်။ 
 
၃။ သမ္မာတရား သိသောသူများ 

သမ္မာတရား သိသူများသည် ကယ်တင်ခြင်းသို့ ရောက်သည်သာ မက မှားယွင်းသော သွန်သင်ချက်နှင့် မှန်ကန်သော သွန်သင်ချက်များကို ခဲ ခြားတတ်သည်။ ထို့ကြောင့် မှားယွင်းသော သွန်သင်ချက်ကို လက်မခံတော့ချေ။ သို့သော် သမ္မာတရားသည် သိရုံဖြင့် မပြီးပါ။ သမ္မာတရား အတိုင်း မလိုက် လျှောက်လျှင် အကျုုိးကျေးဇူး ပြည့်စုံစွာ မခံစား နိင်ချေ။ 
 
၄။ သမ္မာတရား အတိုင်း အသက်ရှင် သူများ 

သမ္မာတရား အတိုင်း အသက်ရှင် သူများသည် ခရစ်ယာန် အသက်တာ၌ အဆင့်အမြင့်ဆုံး ဖြစ်သည်။ ထိုသူများသည် ကယ်တင်ခြင်းသို့ ရောက်ရုံမက၊ သမ္မာတရားကို သိ၍၊ သမ္မာတရား အတိုင်း အသက်ရှင်သောကြောင့် ဘုရားသခင်၏ စိတ်ထိတွေ့သောသူများ ဖြစ်သည်။ ထို့ကြောင့် တမန်တော် ရှင်ယောဟန်က၊ “ငါ၏ သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်း မရှိ။” ဟုဆိုရခြင်း ဖြစ်သည်။ ဝိညာဉ် ဖခင်များ အနေဖြင့် ဝိညာဉ် သားသမီး များသမ္မာ တရား၌ ကျင်လည်ခြင်းကို အဘယ်ကြောင့် အလွန် အလိုရှိ၍ ဝမ်းမြောက် သနည်းဟူမူကား ဝိညာဉ် သားသမီး များဘုရား အလိုတော်အတိုင်း အသက်ရှင်၍ စာတန် ကလှည့်ဖျား၍ မရ၊ အသုံးမပြုနိင်တော့သောကြောင့် ဖြစ်သည်။ သူတို့၏ လုပ်ဆောင်ချက် အောင်မြင်ခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ် ဖခင်များ၏ ဝမ်းမြောက်ခြင်း သည်လောက ပစ္စည်းများ ရရှိခြင်းထက် ဝိညာဉ် သားသမီး များသမ္မာတရား၌ ကျင်လည်ခြင်းကို ဝမ်းအမြောက် ဆုံး ဖြစ်သည်။ သို့သော် ကိုယ်တိုင် ဝိညာဉ် ဖခင်နေရာ၌ မရောက်လျှင် ထိုအရာကို နားမလည်နိင်၊ အရသာမခံစား နိင်ချေ။ 

အထက်၌ ဖေါ်ပြထားသည့်အတိုင်း သမ္မာတရားကို နားလည်လျှင် လွတ်ခြင်း အခွင့်ရနိင်သည်။ သမ္မာတရား၌ ကျင်လည်လျှင် စာတန် ကလိမ်လည် လှည့်ဖျား၍ မရတော့ချေ။ သမ္မာတရား၌ ကျင်လည်လျှင် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သောကြောင့် ဘုရားသခင်၏ ချီးမွမ်းခြင်း ကောင်းကြီး ပေးခြင်း ခံရမည်။ ကိုယ်တိုင် အကျိုးခံစားသည်သာမက အခြားသူများကိုလည်း ကူညီမစနိင်သည်။ စာတန် နိင်ငံကိုလည်း ဖြုိခွင်း၍ ဘုရားသခင်၏ နိင်ငံကို တည်ဆောက်နိင်သည်။ ထို့ကြောင့် ယုံကြည်သူတိုင်း သမ္မာ တရားသိ၍ သမ္မာတရား အတိုင်း ကျင့် သူများ ဖြစ်သင့်သည်။ စာရှုသူအယောက်တိုင်း သမ္မာတရား နားလည်၍ သမ္မာတရား အတိုင်း အသက်ရှင်သူများဖြစ်နိင်ကြပါစေ။ 
 
 
 
ဗျာဒိတ်ကျမ်း အနက်ဖွင့်ခြင်း 

ညှင်းဆဲနှိပ်စက်ခံသော အသင်းတော် (ဗျာ ၂:၈-၁၁) 
 
၈။ စမုရနမြို့၌ ရှိသော အသင်းတော်၏ တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူတည်း ဟူသော၊ အရင်သေ၍ အသက်ရှင်လျက် ရှိသောသူ၏ အမိန့်တော်ကား၊ 


အဘယ်ကြောင့် ခရစ်တော်က သူ့ကို သူအဦးဆုံးသောသူ၊ နောက်ဆုံး သောသူ၊ အရင်သေ၍ အသက်ရှင်လျက် ရှိသောသူဟု မိတ်ဆက်သနည်းဟူ မူကား ညှင်းဆဲနှိပ်စက်ခံရသော စမုရန အသင်းတော်ကို နှစ်သိမ့်ဘို့ရန် ဖြစ်သည်။ မည်ကဲ့သို့ နှစ်သိမ့်မည်နည်း။ လူသည် လမ်းလျှောက်သောအခါ ရှေ့ ဆုံးနှင့် နောက်ဆုံး မဟုတ်ဘဲ အလယ်၌ လျှောက်လျှင် လုံခြုံ၍ စိတ်ချမ်းသာ တတ်သည်။ ထို့ကြောင့် ခရစ်တော် ကသူသည် ယုံကြည်သူများအရှေ့နှင့် အနောက်၌ လုံခြုံစွာ ကာကွယ်ကြောင်းကို သိစေချင်သည်။ ထို့အပြင် အရင် သေ၍ အသက်ရှင်လျက် ရှိသောသူ ဟုဆိုခြင်းသည် သူသည် သေခြင်းကို အောင်မြင် ကြောင်းကို ဖေါ်ပြသည်။ သေခြင်းက ခရစ်တော်ကို မနိင်ကြောင်း၊ ထို့ကြောင့် သူ့ကို အားကိုးလျှင် သေရမှာကို ကြောက်စရာ မလိုကြောင်းကို ဖေါ် ပြလိုခြင်း ဖြစ်သည်။ ခရစ်တော်ကို ယုံကြည် အားကိုးသောသူတိုင်း သေခြင်းကို အောင်မြင် သည်။ 
 
၉။ သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝ ပြည့်စုံခြင်းရှိ၏။ ယုဒလူ ဖြစ်ယောင်ဆောင်၍ ယုဒလူမှန် မဟုတ်၊ စာတန်၏ အပေါင်းအသင်း ဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။ 

 ခရစ်တော်သည် အသင်းတော်၏ အ​ခြေအနေအားလုံး ကို သိသည်။ သင်အကျင့်ကျင့်ခြင်း ဟူသောအရာသည် အင်္လိပ်ကျမ်းစာ၌ အလုပ်လုပ်ခြင်း ဟုဆိုသည်။ စမုရန အသင်းတော်၏ အလုပ်လုပ်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲခြင်းများကိုလည်း သိသည်။ ထိုသို့ သိလျှင် အဘယ်ကြောင့် ခရစ်တော် ကချက်ချင်း မကူညီ မမစသနည်း။ ချက်ချင်း ကူညီမစပါက သူတို့ကို ချီးမွမ်းစရာ ဆုပေးစရာ ရှိတော့မည် မဟုတ်။ သားသမီး များစာမေးပွဲ​ဖြေသောအခါ ခက်ခဲသော်လည်း မိဘများ အနေဖြင့် ကူညီ၍ မရပါ။ ကူညီလိုက်ပါက သားသမီး များ၏ အရည်အ ချင်းရှိတော့မည် မဟုတ်။ အရည်အချင်းမရှိလျှင် အသုံးချနိင်တော့မည် မဟုတ်။ ထို့ကြောင့် မိဘများ အနေဖြင့် အားပေးခြင်းမှတပါး ဘာမျှမကူညီနိင် သကဲ့သို့ ယုံ ကြည် သူများ ဒုက္ခ ဆင်းရဲ ခံသောအခါ၌လည်း ခရစ်တော် ကသိနေသော်လည်း မကူညီနိင်ချေ။ ထိုအရာကို သိခြင်းဖြင့် ငြိမ်သက်မှု ရရှိနိင်သည်။ 

စမုရန အသင်းတော်သည် လောကပိုင်းလူ့အမြင်၌ ကုန်းကောက်စ ရာမရှိအောင် ဆင်းရဲသော်လည်း ခရစ်တော် ကကြွယ်ဝ ပြည့်စုံသည် ဟုဆိုသည်။ ထိုအရာကို ကြည့်ခြင်းဖြင့်လောကအရာများ ကြွယ်ဝခြင်းထက် ဝိညာဉ်ပိုင်း ကြွယ်ဝ ပြည့်စုံခြင်းသည် သာ၍ ကောင်းကြောင်း သိနိင်သည်။ လောဒိကိအ သင်းတော်သည်လောက ပစ္စည်းဥစ္စာပိုင်း၌ ကြွယ်ဝ ပြည့်စုံသော်လည်း (၃:၁ရ) ခရစ်တော် ကဆင်းရဲ၍ သနားဖွယ် ဖြစ်သည် ဟုဆိုသည်။ လူသည် ဝိညာဉ်ပိုင်း ကြွယ်ဝခြင်းထက် ကိုယ်ကာယပိုင်း၊ လောကပိုင်းကြွယ်ဝ ပြည့်စုံခြင်းကို လိုချင် ကြသည်။ ဝိညာဉ်ပိုင်းမည်မျှဆင်းရဲ လျှင်လည်း လောကပိုင်းချမ်းသာလျှင် အားရကျေနပ် တတ်ကြသည်။ 

ယုဒလူ ဖြစ်ယောင်ဆောင်၍ ယုဒလူမှန် မဟုတ်၊ စာတန်၏ အပေါင်း အသင်း ဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။ ဤယုဒလူများသည် ဇာ တိအားဖြင့် ယုဒလူမှန်သော်လည်း ဝိညာဉ်ပိုင်း သို့မဟုတ် ယုံကြည်ခြင်း ပိုင်း၌ ယုဒ 
လူ မဟုတ်သောသူများကို ဆိုလိုသည်။ ထိုသူများကို ခရစ်တော်က စာတန်၏ သားသမီး များ(ယော ၈:၄၄)ဟု ခေါ်ခဲ့သည်။ ထိုယုဒလူများ ကစမုရန အသင်းသားများကို ကဲ့ရဲ့သည်။ ထိုအရာကိုလည်း ခရစ်တော် ကသိသည်။ စစ်မှန်သော ယုံကြည်သူများကိုလည်း ခရစ်ယာန် အတုများ ကကဲ့ရဲ့တတ်ကြသည်။ သို့သော် စိုးရိမ်စရာ မရှိပါ။ မိတ်ဆွေ၏ ဆင်းရဲ ဒုက္ခ ခံခြင်းမှ စ၍ အ​ခြေအနေအားလုံး ကို ခရစ်တော် ကသိနေသောကြောင့် ဘာမျှကြောက်စရာ မလိုချေ။ 
 
၁၀။ သင်သည် ခံရမည့် အရာတစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကို ခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံးဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သေသည် တိုင်အောင် သစ္စာ စောင့်လော့။ သို့ဖြစ်လျှင်၊ အသက် သရဖူကို ငါပေးမည်။ 

ခရစ်တော်သည် အသင်းတော်များကို ချစ်၍ ကြည့်ရှုသော်လည်း စုံစမ်းခြင်းနှင့် ဆင်းရဲ ဒုက္ခများကို ခံစား စေသည်။ အကြောင်းမှာ အသက် သရဖူ တည်းဟူသော မာတုရသရဖူကို ပေးချင် သောကြောင့် ဖြစ်သည်။ ကျောင်းသား များသည် စာမေးပွဲ တည်းဟူသော ခက်ခဲသောအရာကို မကျော်လွှားလျှင် သူတို့ကိုဘွဲ့ ချီး မြှင့်၍ မရသကဲ့သို့ ယုံကြည်သူများလည်း စုံစမ်းခြင်းနှင့် ဆင်းရဲ ဒုက္ခများမခံစားဘဲ မာတုရဘွဲ့ကို ပေး၍ မရချေ။ ရှင်ပေတရုကလည်း၊ “အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ ယုံ ကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည် သာ၍ မြတ်သည် နှင့်၊ ယေရှုခရစ် ပေါ်ထွန်တော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက် ဆို ခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။” (၁ ပေ ၁:၆ -ရ) ဟုဆိုသည်။ 

ယုံကြည်သူများ၏ ယုံကြည်ခြင်းသည် ရွှေထက် တန်ဘိုးရှိသည် ဟုဆိုသည်။ ရွှေသည် စစ်မစစ်ကို မီးဖြင့် စစ်ဆေးရလျှင် ရွှေထက် တန်ဘိုးရှိသော မိတ် ဆွေ၏ ယုံကြည်ခြင်းကို ဒုက္ခ ဆင်းရဲခြင်း ပြသနာဖြင့် စစ်ဆေးရမည် ဟုဆိုသည်။ ထိုသို့ စစ်ဆေးခြင်းသည်လည်း ယေရှုခရစ် တော် ပေါ်ထွန်းတော်မူသောအခါ အ ချီးအမွမ်းခံဘို့ရန် ဖြစ်သည်။ ထို့ကြောင့် ဒုက္ခ ဆင်းရဲခြင်းကို မကြောက်ဘဲ ကြိုဆို သင့်သည်။ ကျောင်းစာ ကြိုးစားသော ကျောင်းသားက စာမေးပွဲကို ကြိုဆို သကဲ့သို့ဖြစ်သည်။ 
 
၁၁။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။” 

အသင်းတော်တို့အား ဟုဆိုသောကြောင့် အသင်းတော်တိုင်းနှင့် သက်ဆိုင်သည်။ အသင်းတော်များကို စာရေးသောသူသည် ဝိညာဉ်တော် ဖြစ်သည်၊ ယောဟန်သည် စာရေးမျှသာလျှင် ဖြစ်သည်။ နားရှိသောသူကြားဘို့ ပြောရာတွင် ဝိညာဉ် နားရှိသောသူကို ဆိုလိုသည်။ အောင်မြင်သောသူဆိုသည်မှာ ယုံကြည်ခြင်း၌ ရပ်တည်သူ ဖြစ်သည် (၁ ယော ၅:၄)။ ဒုတိယသေခြင်း ဆိုသည်မှာ မီးအိုင်ကို ဆိုလိုခြင်း ဖြစ်သည် (ဗျာ ၂၀:၁၄)။ အောင်မြင်သောသူ တည်းဟူသော ယုံကြည်သောသူသည် ဒုတိယသေခြင်း တည်းဟူသော မီးအိုင်သို့ မရောက်မခံစားရချေ။ 
 
ရောနှောသော အသင်းတော် (ဗျာ ၂:၁၂-၁ရ) 
၁၂။ ပေရဂံမြို့၌ ရှိသော အသင်းတော်၏ တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ ထက်သော သန်လျက် ရှိသောသူ၏ အမိန့်တော်ကား၊

ခရစ်တော် ကပေရဂံအ သင်းတော် ထံ၌ သူ့ကို သူထက်သော သန်လျက် ရှိသောသူ ဟုဆိုထားသည်။ ထက်သော သန်လျက်သည် တရားစီရင်ခြင်းကို ဆိုလိုသည်။ ခရစ်တော် ဒုတိယအ ကြိမ်ကြွလာခြင်းနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ “ကောင်းကင်ဗိုလ်​ခြေ တို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက် နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်း တော် ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။ ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမ တော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း၊ ရေးထားလျက် ရှိ၏။ (ဗျာ ၁၉:၁၄-၁၆) ထို့ကြောင့် ပေရဂံ အသင်းတော်လည်း ခရစ်တော် ကတရားစီရင် မည့်အကြောင်းထက်သော သံလျက် ပိုင်ရှင်အဖြစ် သူ့ကိုယ်သူမိတ်ဆက်ခြင်း ဖြစ်သည်။ 
 
၁၃။ သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာအရပ် တည်းဟူသော သင်၏ နေရာအရပ်ကို၎င်း၊ ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကို ခံရသော အန္တိပသည် သစ္စာ ရငါ့ဘက်၌ သက်သေခံရသော နေ့ရက်ကာလတွင် ပင်၊ သင်သည် ငါ၏ နာမကို စွဲကိုင်၏။ ငါ၏ ယုံကြည်ခြင်း တရားကို မစွန့်မ ပယ်။

ခရစ်တော် ကပေရဂံ အသင်းတော်၏ အကျင့်ကျင့်ခြင်းကို သိသည်။ အကျင့် ကျင့်ခြင်း ဆိုသည်မှာ အင်္လိပ်ကျမ်းစာ၌ အလုပ်လုပ်ခြင်း ဟုဆိုသည်။ ထို့အပြင် ပေရဂံ အသင်းတော်သည် စာတန်၏ ရာဇပလ္လင်ရှိရာအရပ်ရှိသည် ကိုလည်း သိသည် ဟုဆိုသည်။ ​ကျွန်ပ်တို့၏ အလုပ်လုပ်ခြင်း၊ အ​ခြေအနေဆိုးအကောင်းကိုလည်း ခရစ်တော် ကသိနေသည်။ ထို့ကြောင့်အား မငယ်သင့်ချေ။ ကျမ်းစာ၌၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည် ငါတို့ ခံရသော ဆင်းရဲ ဒုက္ခများကြောင့် မကြင်နာ နိုင်သောသူ မဟုတ်။ ငါတို့ ခံရသည် နည်းတူ၊ အမျိုးမျိုးသော စုံစမ်း နှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ (ဟေ ၄:၁၅) 

ပေရဂံ အသင်းတော်၌ စာတန်၏ လုပ်ဆောင်ချက် ကြောင့် ယုံကြည်သူ အန္တိပသည် အသေသတ်ခြင်း ခံရသည် ဟုဆိုသည်။ အန္တီပ၏ အကြောင်း စုံကို မသိ ရသော်လည်း ယုံကြည်ခြင်းကြောင့် အသတ်ခံရကြောင်း သိရသည်။ ထိုသို့ အန္တီပ အသတ်ခံရသော အချိန်တွင် ပင် ပေရဂံ အသင်းတော်သည် ခရစ်တော်၏ နာမကို စွဲကိုင်သည်ဟု ခရစ်တော် ကဆိုသည်။ ထို့အရာကိုလည်း ခရစ်တော် ကအသိ အမှတ်ပြုသည်။ ခရစ်တော်ကို ယုံကြည်ခြင်း တရားကိုလည်း မစွန့်ပယ်။ 
 
၁၄။ သို့သော်လည်း ဣသရေလ အမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သော ယဇ် ကောင်ကို စားစေခြင်း ငှါ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်း ငှါ၎င်း၊ ထိမိ၍ လဲစရာ အရာကို သူတို့ ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူ တည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသော သူတို့သည် သင်၏ နေရာ၌ ရှိကြသည် ဖြစ်၍၊ သင်၌ အနည်းငယ်သော အပြစ်တင်စရာ ရှိ၏။ 

ပေရဂံ အသင်းတော်၏ အားနည်းချက်မှာ ဗာလမ်း၏ အယူကို စွဲလမ်းသော သူတို့ ရှိသည်။ ဗာလမ်၏ အကြောင်းကို တောလည်ရာကျမ်း၂၂မှ ၂၄တွင် တွေ့နိင်သည်။ ဗာလမ်သည် ပရောဖက် ဖြစ်၍ မောဘရှင်ဘုရင်ဗာလက်က ဣသရေလ လူများကို ကျိန်ဘို့ရန် ငါှးရမ်းခဲ့သည်။ သို့သော် ဗာလမ်သည် ဣသ ရေလလူများကို ကျိန်မည့် အစားကောင်းကြီး ပေးကြောင်း တွေ့ရသည်။ သို့သော် ဗျာ ၂:၁၄၌ ခရစ်တော် ကဗာလမ်က ဗာလက်မင်းကို အကြံပေးကြောင်း ဖေါ်ပြ သွားသည်။ သူပေးသော အကြံမှာ ဣသရေလ လူများ အနားတွင် သူတို့၏ ရုပ်တုများအတွက် ယဇ်ပူဇော်ပွဲ ပြုလုပ် ကာ ဣသရေလ လူများကိုလည်း ယဇ်သား စားဘို့နှင့် သူတို့၏ ဘုရား ပေကုလကိုကိုးကွယ်ဘို့ရန်၎င်း၊ သူတို့၏ လူပျိုများသည် မေဒျန်မိန်းမများနှင့် မှားယွင်းဘို့၎င်း ဖြစ်သည်။ ကျမ်းစာ၌၊ “ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့ နှင်မတရားသော မေထုန်ကို ပြုကြ၏။ ၂ ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ယောက်ျားတို့သည် ယဇ် သားကို စား၍ ထိုဘုရားရှေ့မှာ ဦးချကြ၏။ ၃ ထိုသို့ ဣသရေလ အမျိုးသားတို့ သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။” ဟု တွေ့ရသည် (တော ၂၅:၁-၃)။ 

ထိုအပြစ်ကြောင့် ထာဝရဘုရားက ဣသရေလများအပေါ် အလွန် အမျက်ထွက်၍ ကပ်ဆိုက်ရောက်စေသည်။ “ထိုအခါ ဣသရေလ အမျိုးသား တယောက်သည်၊ မောရှေရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာငို ကြွေးသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့ ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိ ညီအစ်ကိုတို့ထံသို့ ဆောင်ခဲ့လေ၏။ ၇ ထိုအမှုကို ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာထ၍ လှံကို ကိုင်လျက်၊ ၈ ထိုဣသရေလ လူကို တဲအတွင်းသို့ လိုက်ပြီးမှယောက်ျားကို ထုတ် ချင်းခပ်အောင်၎င်း၊ မိန်းမကို ဝမ်းပေါက်အောင်၎င်းထိုးလေ၏။ ထိုသို့ ပြုသောအားဖြင့် ဣသရေလ အမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။ ၉ ထိုဘေးဖြင့် သေသော လူပေါင်းကား၊ နှစ်သောင်းလေးထောင်ရှိသတည်း။” (တော ၂၅:၆-၉)။ 

ဗာလမ်သည် သူကိုယ်တိုင် ဣသရေလ လူမျိုးများကို ဘုရားသခင်က ခွင့်မပြုသောကြောင့် မကျိန်နိင်သော်လည်း ဣသရေလ အမျိုးသားတို့သည် ရုပ် တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်း ငှါ၎င်း၊ မတရားသော မေထုနကို ပြုစေခြင်း ငှါ၎င်း၊ ထိမိ၍ လဲစရာ အရာကို သူတို့ ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးခဲ့သည်။ ထိုကြောင့် ထိုသို့ ရောနှော (ခသာစမသာငျန)ဘို့ အကြံပေးတတ်သော ဆရာများကို ဗာလမ်၏ အယူစွဲလန်းသောသူ ဟုဆိုသည်။ အသင်းတော် များသည် ဘုရားသခင်၏ အလိုတော်အတိုင်း သွားရမည် ဖြစ်သော်လည်း ဘုရား အလိုတော်အတိုင်း သွားခြင်းသည် ကျဉ်းမြောင်းလွန်သည်၊ တဖက်စွန်းကျလွန်းသည်၊ အဘယ်သူမျှ ပြည့်စုံသောသူ၊ အပြစ်ကင်းသောသူမရှိပါ ဟုဆိုကာ ဘုရား မကိုးကွယ် သို့မဟုတ် ဘုရား အလိုတော်အတိုင်း အသက်မရှင်သောသူများနှင့် ရောရောနှောနှောနေလို ကြသည်။ ယခုခေတ်သည် ထိုသို့ လူတိုင်းနှင့် ပေါင်းသင်းဆက်ဆံနိင်ခြင်းကို အဓိကထား၍ ဘုရားသခင်၏ အလိုတော်ကို လှစ်လှူိရှုသောခေတ် ဖြစ်သည်။ ထိုအရာကို ခရစ်တော် ကသိနေ၍ မုန်းသည်။ 
 
၁၅။ ထိုအယူနှင့် သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူ သင်၌ ရှိကြ၏။ ၁၆ ထိုကြောင့် နောင်တရလော့။ မရလျှင် သင် ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ ထို သူတို့ကို ငါ့ခံတွင်း၏ သန်လျက်နှင့် စစ်တိုက်မည်။ 

ဗာလမ်အယူနှင့် တူသော နိကောလတပည့်တို့၏ အယူ ဟုဆိုသည်။ နိကောလသည် လူပုဂ္ဂိုလ် ဖြစ်၍ သူ၏ အယူဝါဒသည် ခရစ်တော်၏ အလိုတော်နှင့် မကိုက်ညီသောအရာကို ဆိုလိုနိင်သည်။ သို့မဟုတ် လူတစု တည်းဟူသော ဘာသာ ရေးခေါင်းဆောင်များက ယုံကြည်သူများကို အနိင်ကျင့်ခြင်း၊ ကြိုက်သလိုကြိုးကိုင်ခြင်း ကိုလည်း ဆိုလိုနိင်သည်။ မည်သို့ပင်ဖြစ်စေ နိကောလအယူသည် ခရစ်တော်၏ အလိုတော်နှင့် မကိုက်ညီချေ။ အသင်းတော်များအနေဖြင့် ထိုအရာကို သတိထားဘို့ လိုသည်။ 

ထို့ကြောင့် ထိုအယူဝါဒများကို စွဲကိုင်နေလျှင် ခရစ်တော် ကိုယ်တော်တိုင် ကအလျှင် အမြန် လာ၍ သူ၏ ခံတွင်း မှသန်လျက်နှင့် စစ်တိုက်မည် ဟုဆိုသည်။ ခရစ်တော် ကိုယ်တိုင် ကစစ်တိုက်လျှင် အဘယ်သူ ခံရပ်နိင်မည်နည်း။ အဘယ် သူက ခရစ်တော် လက်မှ ကယ်တင်နိင်မည်နည်း။ ဘုရားသခင်၏ လက်တော်၌ ကျ ရောက်ခြင်း အမှုသည် အလွန် ကြောက်စရာ ကောင်းသည်။ 
 
၁ရ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏၊ ဝှက်ထားသော မန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကို၎င်း၊ ထိုသူအား ငါပေးမည်။ ထိုကျောက်ကို ရသောသူမှတပါးအဘယ် သူမျှထိုနာမကို မသိနိုင်ရာ။” 

အောင်မြင်သောသူကို ဝှက်ထားသော မန္န၊ ကျောက်ဖြူလက်ဖွဲ့နှင့် ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကို ပေးဘို့ ခရစ်တော် ကကတိ ပေးထားသည်။ မန္နမုန့်သည် ဘုရားသခင်က ဣသရေလ လူများကို တောထဲ၌ နှစ်ပေါင်း၄၀ သွားသောအခါ ပေးသော အစာ ဖြစ်သည်။ ထိုမန္နမုန့်သည် သူတို့၏ ကိုယ်ခန္ဓာအသက်ရှင်ဘို့ အတွက် မရှိမ ဖြစ်လိုအပ်သောအရာ ဖြစ်သည်။ ထိုမန္နမုန့်ကို ဘုရားသခင်က မောရှေအား သိမ်းထားခိုင်းကြောင်း ဤသို့ တွေ့ရသည်၊ “မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တု ပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား ​ကျွေးသော မုန့်ကို၊ သင်တို့ အမျိုးအစဉ်အဆက်တို့သည် မြင် စေခြင်းငှါ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ တဖန် အာရုန်ကိုလည်း၊ အိုးတ လုံးကို ယူ၍ မန္နတဩမဲကို အပြည် ထည့်ပြီးလျှင်၊ သင်တို့ လူမျိုးအစဉ်အဆက်ဘို့ စောင့်စေခြင်းငှါ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ ဟုဆို၍၊ မောရှေကို ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှါ၊ သက်သေတော် ရှေ့မှာ သိုထားလေ၏။” (ထွက် ၁၆:၃၂-၃၄)။ 

မန္နမုန့်သည် ခရစ်တော်ကို ပုံဆောင်သည်။ ခရစ်တော်က၊ “သင်တို့ ဘိုး ဘေးများသည် တော၌ မန္နကို စားလျက် သေရကြ၏။ ၅၀ ကောင်းကင်မှ ဆင်း သက်သော မုန့်ကို စားသောသူသည် သေခြင်းနှင့် ကင်းလွတ်၏။ ၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက် မုန့် ဖြစ်၏။ ဤမုန့်ကို စားသောသူ မည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသော မုန့်ကား၊ လောကီသားတို့၏ အသက် အဘို့ အလိုငှါ စွန့်သော ငါ၏ အသား ပေတည်းဟု မိန့်တော်မူ၏။” (ယော ၆:၄၉-၅၁)။ ယုံကြည်သောသူသည် ဝိညာဉ်ပိုင်းမန္နမုန့် တည်းဟူသော ခရစ်တော်ကို စားခွင့်ရ ကြသည်။ သူ၏ နာမကိုလည်း ကျောက်ဖြူပေါ်၌ ရေးထားမည် ဟုဆိုသည်။ ယုံကြည်သူသည် အသက် စာစောင်ထဲ၌ နာမည်ရေး မည့် အရာကို ပုံဆောင်သည်။ 
 
 
 
 
သန့်ရှင်းသော ဝိညာဉ်တော် 
 

ဤလောကနှင့် ပတ်သက်၍ ယခုခေတ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ခေတ် ဖြစ်သည်။ ဓမ္မဟောင်းကာလသည် ခမည်းတော်ဘုရား၏ခေတ် ဖြစ်၍၊ အနှစ် ၁၀၀၀ ကာလသည် သားတော်၏ခေတ် ဖြစ်လိမ့်မည်။ ဓမ္မ ဟောင်းကာလ၌ ခမည်းတော်ဘုရားသည် အဓိကလှုပ်ရှား၍ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ လှုပ်ရှားမှုသည် အနည်းငယ်သာတွေ့ရသည်။ ယခု အခါ သန့်ရှင်းသော ဝိညာဉ်တော်ခေတ် ဖြစ်သောကြောင့် သူ့အကြောင်းကို သိဘို့ လိုအပ်သည်။ 
 
စစ်ဆေးဘိုလိုသည် 


 သန့်ရှင်းသောဝိညာဉ်တော် ခေတ်၌ မသန့်ရှင်းသော စာတန်၏ ဝိညာဉ်သည်လည်း အလွန် လှုပ်ရှားသောကြောင့် ဝိညာဉ် တိုင်းကို လက်မခံဘဲ စစ်ဆေးဘို့ လိုကြောင်းကို ရှင်ယောဟန်က ဤသို့ ရေးထားသည်၊ “ချစ် သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်း ကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ။ ၂ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။ ၃ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည် အတိုင်း၊ ဤလောကသို့ လာမည် ဖြစ်၍၊ ယခုပင်လာလျက် ရှိသော အန္တိခရစ်၏ ဝိညာဉ် ဖြစ်၏။” (၁ ယော ၄:၁-၃)။ 
 
အပြစ် ဖြစ်မှာ စိုးရိမ် သောကြောင့် 

 ယခုခေတ်တွင် ခပ်သိမ်းသော ဝိညာဉ်များကို မစစ်ဆေးဘဲ သန့်ရှင်းသောဝိညာဉ်တော် ဟုဆိုကြ၊ ခံယူ ကြသည်။ ဝိညာဉ်များကို မစစ်ဆေးရဲကြခြင်းသည်လည်း အောက်ပါက ျမ်းချက်ကို ကြောက်သောကြောင့် ဖြစ်သည်။ ခရစ်တော်က၊ “၁ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသော အပြစ်၊ ဘုရားကို ကဲ့ရဲ့သော အပြစ် အမျိုးမျိုးတို့နှင့် လွတ်စေခြင်း အခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သော အပြစ်နှင့် လွတ်စေခြင်း အခွင့်ကို လူတို့သည် မရနိုင်ကြ။ ၃၂ လူသားကို နှုတ်ဖြင့် ပြစ်မှားသောသူ၏ အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏ အပြစ်ကို ယခုဘဝ နောင်ဘဝ၌ မလွှတ် နိုင်။” (မ ၁၂:၃၁-၃၂)။ ဤကျမ်းပိုဒ်ကို အသုံးပြု၍ မှားယွင်းသော ဆရာများကလည်း လူများကို ချိန်း​ခြောက် ကြသည်။ သို့သော် ခရစ်တော်က မှားယွင်းသော ဆရာများကို စစ်ဆေးဘို့ လိုကြောင်းကိုမူလူတိုင်း ကဂရုမစိုက်ကြချေ။ 
 
ခရစ်တော်က သတိပေး

ခရစ်တော် ကိုယ်တိုင် ကအထက်ပါ ကဲ့သို့ ပြောသော်လည်း သူ ကိုယ်တိုင် ကသတိထားဘို့ ဤကဲ့သို့ ပြောခဲ့သည်၊ “အတွင်း၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ ထို သူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောကို သိကြလိမ့်မည်။” (မ ရး၁၅-၁၆)။ တောခွေးသည် သိုးများကို ကိုက် စားမည် ဖြစ်သည်။ အဘယ်ကြောင့်တောခွေးသည် သိုးရေကို ခြုံထားသနည်းဟူမူကား သိုးများက သူ့ကို မသိဘို့ရန် ဖြစ်သည်။ မှားယွင်းသော ဆရာများလည်း မှန်ကန်သော ဆရာများ နည်းတူ ဟန်ဆောင် ကြသည်။ တောခွေးသည် သိုးများကို ကိုက်စားတတ်သကဲ့သို့ မှားယွင်းသော မိစ္ဆာဆရာများလည်း ယုံကြည်သူများကို ဝိညာဉ်ပိုင်းနှင့် ဥစ္စာပစ္စည်းပိုင်းမှာဖျက်ဆီးမည် ဖြစ်သည်။ ထို့ကြောင့် ယုံ ကြည် သူများ သတိထားဘို့ လိုသည်။ 
 
သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်အရာနည်း

သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရား ဖြစ်သည်။ ခရစ်တော်က၊ “ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။” ဟုဆိုခဲ့သည် (ယော ၄:၂၄)။ ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်တော်မူသော်လည်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟု သုံးပါးအဖြစ် ရှိသည်။ ထိုအရာကို ခရစ်တော် ကိုယ်တိုင်က ဗတ္တိဇံပေးမည့် အရာ၌ ဤသို့ ဆိုထားသည်၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့် 
 
ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။” (မ ၂၈:၁၉)။ သန့်ရှင်းသော ဝိညာဉ်တော်သည် ပုဂ္ဂိုလ် ဖြစ်သောကြောင့် ခံစားချက် ရှိသည်။ “ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။” (ဧ ၄:၃၀)။ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်သေခံမည်ဟု သခင်ယေရှုက ဤသို့ ဆိုခဲ့သည်၊ “ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါ စေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက် လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ 
 
ဓမ္မဟောင်းကာလ၌ 

ဓမ္မဟောင်းကာလ၌ လူတိုင်းထံသို့ သန့်သော ဝိညာဉ်တော် မပေးချေ။ အုပ်ချုပ်သူလူများ ဖြစ်သော ရှင်ဘုရင်များ၊ တရားသူကြီးများ၊ ယဇ်ပုရောဟိတ် များနှင့် ပရောဖက်များထံ၌ သာလျှင် ပေးသည်။ “ထိုသို့ ယောသပ်လျှောက်သော စကားကို ဖါရောမင်းအစရှိသော ​ကျွန်တော်မျိုး အပေါင်းတို့သည် နှစ်သက် ကြ၍၊ ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သောသူကို အဘယ်မှာ ရှာ၍ တွေ့မည်နည်းဟု ​ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။” (က ၄၁:၃ရ- ၃၈)။ မောရှေထံ “ထာဝရဘုရားကလည်း၊ သင်​ကျွမ်းကျင်သော ဣသရေလ အမျိုးသား အသက်ကြီးသူ ခုနစ်ကျိပ်တို့ကို၊ ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ် စည်းဝေးရာတဲတော်သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။ ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့် နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။” (တော ၁၁:၁၆-၁ရ) ဟုဆိုသည်။ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍ ” (သူကြီး၆:၃၄)။ “ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ သူသည် ပြင်းစွာ အမျက်အထွက်လျက်၊ ” (၁ရ ာ ၁၁:၆)။ “ရှမွေလသည်လည်း ဆီဘူးကို ယူ၍ သူ၏ အစ်ကို စုထဲမှာ သူ့ကို ဘိသိက် ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။” (၁ရာ ၁၆:၁၃)။ အထက်ပါ ကျမ်းပိုဒ်များ ကြည့်သောအခါ ခေါင်းဆောင်များထံ၌သာ ဝိညာဉ်တော်ကို ပေးခဲ့သည်။ 
 
 
အပြစ် လုပ်သောအခါ ဝိညာဉ်တော် ထွက်သွား

ခေါင်းဆောင်များအပြစ် လုပ်သောအခါ သူတို့ထံမှ ဝိညာဉ်တော် ရုပ် သိမ်းတတ်ကြောင်း တွေ့ရသည်။ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက် သွား၍၊ ထာဝရဘုရား ထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက် တတ်၏။” (၁ရာ ၁၆:၁၄)။ 
 “မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည် ဟုဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရဘုရား စွန့်တော်မှု ကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်အကြံရှိသော်လည်း၊ ၂၁ ဖိလိတ္တိ လူတို့သည် ဘမ်းဆီး၍ သူမျက်စိကို ဖောက်ပြီးမှဂါဇမြို့သို့ ယူသွားပြီးလျှင် ​ကြေး ဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။” (သူကြီး၁၆:၂၀-၂၁)။ 

ထိုသို့ ဝိညာဉ်တော်က စွန့်တတ်သောကြောင့် ဒါဝိဒ်မင်းသည် ဗာသရှေဘနှင့် မှားယွင်းသောအခါ သူ့ထံမှ သန့်ရှင်းသောဝိညာဉ်တော် မရုတ်သိမ်းမည့် အကြောင်း ဤကဲ့သို့ ဆုတောင်း ခဲ့သည်၊ “အ​ကျွန်ုပ်ကို အထံတော် ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှိင်း ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊ ” (ဆာ ၅၁:၁၁)။ 
 
သန့်ရှင်းသောဝိညာဉ်တော် ပေးမည်

သခင် ယေရှုခရစ်က တပည့်တော်များထံသူသွားလျှင် သန့်ရှင်းသောဝိညာဉ်တော် ပေးမည်အကြောင်း ဤသို့ ပြောခဲ့သည်၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါ စေလွှတ်မည်။” (ယော ၁၆:ရ) ဥပဇဏျာယ်ဆရာသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုသည်။ “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်ဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသော ဥာဏ်ကို သင်တို့အား ပေးတော်မူမည်။” (ယော ၁၄:၂၆) “ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်ကို ပေးတော်မမူသေး။” (ယော ရး၃၉)။ ဓမ္မသစ်ကာလ၌ ဓမ္မဟောင်းကာလ ကဲ့သို့ ခေါင်းဆောင်များအပေါ်၌သာ မဟုတ်တော့ဘဲ ယုံကြည်သူတိုင်း အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးမည် ဖြစ်သည်။ ထိုအရာကို ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊ “ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌ ယေရှုသည် ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။” (ယော ရး၃ရ- ၃၉)။ 
 
သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်

သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော် ရောက်ရှိ လာသောအခါ သူလုပ်မည့် အရာများကို ဤကဲ့သို့ ကြိုပြောထားခဲ့သည်။ အပြစ်နှင့် ပတ်သက်၍၊ “ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ၉ ငါ့ကို မယုံကြည် ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ ၁၀ ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင် ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ ၁၁ ဤလောကကို အစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို ခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဘော်ပြမည်။” (ယော ၁၆:၈-၁၁)။ 

သန့်ရှင်းသော ဝိညာဉ်တော်၏ အ လုပ်သည် ဆရာဝန်၏ အလုပ်ကဲ့သို့ဖြစ်သည်။ ဆရာဝန်သည် လူနာ၌ အနာရောဂါကို ရှာသည်။ ထိုနောက် မည်ကဲ့သို့ ကု သမည်ကို ပြောပြသည်။ ထိုနောက် ထိုရောဂါကို မကုသလျှင် မည်ကဲ့သို့ဖြစ်မည်ဟူသော အရာများကို လူနာထံ၌ ပြောတတ်သည်။ ထိုနည်းတူ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏ အပြစ်ကို ဖေါ်ပြမည်။ ထိုနောက် မည်ကဲ့သို့ အပြစ် မှကင်းနိင်မည်ဟူသောအရာကို ဖေါ်ပြမည်။ ထိုနောက် အပြစ်ကို မည်ကဲ့သို့ တ ရားစီရင်မည်ကို ဖေါ်ပြမည်။ 

သန့်ရှင်းသော ဝိညာဉ်တော်၏ အခြားအလုပ်များမှာ ယုံကြည်သူများကို တန်ခိုးပေး၍ သက်သေခံမည်၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒ ပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁:၈) သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးသည် မျက်လှဲ့ပြ သကဲ့သို့ ပြဘို့ရန် မဟုတ်။ အလုပ်လုပ်ဘို့၊ သက်သေခံဘို့ရန် ဖြစ်သည်။ 
 
 သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်

 “ပင်တေကုတ္တေပွဲနေ့ ရောက်သောအခါ ထိုသူ အပေါင်းတို့သည် တညီတညွတ် တည်းစည်းဝေး၍ နေကြ၏။ ၂ ထိုအခါ လေပြင်းမုန်တိုင်း ကဲ့သို့သော အသံသည် တခဏခြင်းတွင် ကောင်းကင်မှ လာ၍၊ ထို သူတို့ နေထိုင်သော အိမ်ကို ဖြည့်လေ၏။ ၃ ထိုခဏခြင်းတွင် ကွဲပြားသော လျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူ အသီးသီးတို့ အပေါ်၌ တည် နေကြ၏။ ၄ ထိုသူ အပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည် အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။” 
 (တ ၂:၁-၄)။ ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းသည် ဤလောက၌ အမြဲနေဘို့ ဖြစ်ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုနေ့မတိုင် မှီတွင် ခဏတဖြုတ်နေထိုင်ဘို့ လူအချို့ထံ၌ ဆင်းသက်တတ်သည်။ 


ပင်တေကုတ္တေ နေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ အောက်ပါအရာများ တွေ့ရသည်။ ၁။ လေပြင်းမုန်တိုင်း ကဲ့သို့ အသံကြားသည်။ ၂။ ကွဲပြားသော လျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှားသည်။ ၃။ ယုံကြည်သူများသည် အမျိုးမျိုးသော ဘာသာစကားဖြင့် ဟောပြောသည်။ ထိုအမျိုးမျိုးသော ဘာသာစကား များသည် မသိနိင်သောစကား မဟုတ်။ လူ၁၆ မျိုး၏ စ ကား ဖြစ်သည်။ ပင်တေကုတ္တေနေ့တွင် ထင်ရှားသော ထိုအရာသုံးခုသည် ယခု ခေတ်တွင် မတွေ့ရတော့ချေ။ အဘယ်ကြောင့် ထိုနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လေပြင်းမုန်တိုင်း ကဲ့သို့ အသံပြုသနည်း၊ အဘယ်ကြောင့်ယုံ ကြည် သူများ၏ အပေါ်၌ မီးလျှာကဲ့သို့ ထင်ရှားသနည်း၊ အဘယ်ကြောင့်လူ ၁၆ မျိုး၏ စကားအားဖြင့် တမန်တော်များထံမှ ပြောသနည်းဟူမူကား ပဌမ ဦး ဆုံးအကြိမ်မြေကြီး ပေါ်၌ ရုံးစိုက်ဘို့ရန် ဆင်းသက်သောကြောင့် ဖြစ်သည်။ ပေတရု တရားဟောခြင်းအားဖြင့် လူ၃၀၀၀ ပြောင်းလဲသောအခါ ထိုအရာများမရှိတော့ပါ။ ထိုအပြင်နောက်ထပ် လူ၂၀၀၀ ယုံကြည်၍ ယုံကြည်သူများ၅၀၀၀ ပြည့်သောအခါ (တ ၄:၄)၌လည်း ထိုအရာများ မရှိခဲ့ပါ။ ယခုခေတ်တွင် အခြားသော ဘာသာ စကား ပြောကြသော်လည်း ထိုအရာသည် မသိနိင်သော စကားများဖြစ်သည်။ ယခုခေတ် ပြောကြသောစကား များသည် ဝိညာဉ်တော်၏ ဆုကျေးဇူး ဖြစ်နိင်သည်။ သို့မဟုတ် အခြားသော ဝိညာဉ် ကပေးသောအရာ ဖြစ်မည်။ အကြောင်းမူကား ဟိန္ဒိုနှင့် ဗုဒဝ ဘာသာဝင်များ၌လည်း အခြားသော ဘာ သာနှင့် ပြောနိင်သောသူများရှိသည်။ 
 
ပေတရု ဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ 

ပင်တေကုတ္တေ နေ့၌ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့် ဝသောအခါ၊ “ဣသရေလ လူတို့၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့ သိကြသည် အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသော တန်ခိုး၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို သင်တို့တွင် ပြုရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသော သက်သေကို ရသောသူ ဖြစ်၍ ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော် အားဖြင့်၎င်း၊ အနာဂတံသဥာဏ်တော် အားဖြင့်၎င်း၊ အပ်နှံခြင်းကို ခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသော သူတို့ လက်ဖြင့် လက် ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။ (တ ၂:၂၂-၂၃)။ “သင်တို့သည် လက်ဝါးကပ် တိုင်မှာကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော် အရာ၌၎င်း၊ အစိုးရသော အရှင်အရာ၌၎င်း၊ ခန့်ထားတော်မူသည် အကြောင်းကို ဣသရေလ အမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။” (တ ၂:၃၆)။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ ဣသရေလ လူများ၏ အပြစ်ကို ဖေါ်ပြသည်။ သူတို့၏ အပြစ်သည် ကိုယ်ကျင့်ပိုင်းဆိုင်ရာ အ ပြစ်များ ဖြစ်သော ခိုးခြင်း၊ လိမ်ညာခြင်း၊ မတရားမေထုန်ကို မှှီဝဲခြင်းများမဟုတ်ချေ။ သခင်ယေရှုကို သတ်ခြင်း ဖြစ်သည်။ ထိုအရာကို ပြောခြင်းသည် ပေတရုအ တွက်ကြောက်စရာ ကောင်းသည်။ လူထုကြီး စိတ်ဆိုးပါက သူတို့ကို ညက်ညက် ချေသတ်ဖြတ်နိင်သည်။ သို့သော် ပေတရုကိုယ်တိုင် ပြောသည် မဟုတ်သူ့အထဲမှ သန့်ရှင်းသောဝိညာဉ်တော် ကပြောခြင်း ဖြစ်သည်။ 

တဖန် ပေတရုနှင့် ယောဟန်တို့ က​ခြေမစွမ်းသောသူကို ကျန်းမာစေခြင်းနှင့် ပတ်သက်၍ ။ “ပေတရုသည် မြင်လျှင်၊ ဣသရေလ လူတို့ အဘယ်ကြောင့် ဤ အမှုကို အံ့ဩ ကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သော အခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့် ပေးဘိ သကဲ့သို့ အဘယ်ကြောင့်ငါတို့ကို စေ့စေ့ ကြည့်ရှုကြသနည်း။ ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ် မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကို ငြင်းပယ်ကြ၏။ ၁၄ သန့်ရှင်း ​ဖြောင့်မတ်တော်မူသော သခင်ကို ငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်း အပြစ်ရှိသောသူတယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊ ၁၅ အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသော အရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက် စေတော်မူသည်ကို ငါတို့သည် သက်သေခံ ဖြစ်ကြ၏။” ဟု သူတို့၏ အပြစ်ကို ဖေါ်ပြခဲ့သည် (တ ၃:၁၂-၁၅)။ ပေတရုသည် ထိုစကားများကို သူ့အကြံ အစည်အားဖြင့် ပြောခြင်း အဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော် ကပြောခြင်း ဖြစ်သည်။ ဤနေရာ၌လည်း သန့်ရှင်းသော ဝိညာဉ်တော်က လူများ၏ အပြစ် တည်းဟူသော သခင်ယေရှုကို ငြင်းပယ်၍ အသေသတ်ဘို့ရန် အပ်နှံခြင်းကို ဖေါ်ပြသည်။ 

​ခြေမစွမ်းသောသူကို ကျန်းမာစေခြင်းနှင့် ပတ်သက်၍ အရာရှိများက၊ “သင်တို့သည် အဘယ်သို့သော တန်ခိုး၊ အဘယ်သူ၏ နာမအားဖြင့် ဤအမှုကို ပြုသနည်းဟု မေးမြန်းကြ၏။ ၈ ထိုအခါ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျက်၊ လူများကို အစိုးရသော မင်းတို့နှင့် ဣသရေလ အမျိုးအကြီး အကဲတို့၊ ၉ အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ် သနည်းဟု ငါတို့သည် ယနေ့ အစစ်ခံရလျှင်၊ ၁၀ သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှ ထမြောက် စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့ မျက်မှောက်၌ ကျမ်းမာလျက် ရှိသည်ကို သင်တို့ မှစ၍ ဣသရေလ ူအ ပေါင်းတို့ သိမှတ်ကြလော့။” (တ ၄:ရ- ၁၀)။ သန့်ရှင်းသော ဝိညာဉ်တော်သည် အရာရှိများထံ သူတို့၏ အပြစ်များကို တိတိကျကျ ဖေါ်ပြပြန်သည်။ ပေတရု အားဖြင့်၊ “၁၀ သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှ ထမြောက် စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့ မျက်မှောက်၌ ကျမ်းမာလျက် ရှိသည်ကို သင်တို့ မှစ၍ ဣသရေလ ူ အပေါင်းတို့ သိမှတ်ကြလော့။” ဟုဆိုသည်။ အရာရှိများသည် ပရိသတ်ကဲ့သို့ အပြစ်ကို နောင်တ မရဘဲ တမန်တော်များကို ချိမ်း​ခြောက်၍ လွှတ်လိုက် ကြသည်။ 

ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သခင်ယေရှု ကြိုတင် ပြောထားသည့်အတိုင်း လူများ၏ အပြစ်ကို ဖေါ်ပြသည်။ နောင်တရ၍ စိတ် ပြောင်းလဲဘို့ရန်လည်း ပြောသည်။ ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကလုပ်ငန်း ဖြစ်သည်။ သို့သော် ယနေ့ များစွာသော ဆရာများသည် လူများ၏ အပြစ်ကို မဖေါ်ပြဘဲ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှု ပြဘို့ သာလျှင် ကြိုး စား ကြသည်။ သန့်ရှင်းသောဝိညာဉ်တော် ကမသုံးသောအခါ နတ်ဆိုး ဝိညာဉ်များက အသုံးပြုလျှင်လည်း အလွန် အားရကျေနပ် ကြသည်။ သူတို့ကို စစ်ဆေးလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကို လက်မခံ၊ ပြစ်မှားသည်ဟု လူများကို ခြိမ်း​ခြောက် ကြသည်။ 
 
ရဲရင့်စွာ ဟောပြော

ယုံကြည်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ သတ္တိရှိစွာ ဟောပြောကြကြောင်း ဤသို့ တွေ့ရသည်၊ “အိုထာဝရဘုရား၊ ယခုအ ခါထို သူတို့၏ ခြိမ်းချောက်ခြင်းကို မှတ်တော်မူပါ။ ၃၀ အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော် ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်သော အမှုတို့ကို ဖြစ်တော်မူ စဉ်တွင်၊ ကိုယ်တော် 
၏ ​ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်း ကြ၏။ ၃၁ ထိုသို့ ဆုတောင်း ပဌနာ ပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူ အပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။” (တ ၄:၂၉-၃၁)။ နောက်လဆက်ရန်။ 
 
 
ဧဝံဂေလိ ခရီး စဉ်များ 

ဆရာမောဇက်နှင့်ကို မှုန်းမှုန်းတို့သည် ဇူလိုင်လ ၉မှ ၁၅ နေ့အထိ Texas ပြည်နယ် San Antonio မြို့သို့ သွားကာ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာများကို သင်ကြားပေးခဲ့ပါသည်။ San Antonio  မြို့၌ မြန်မာပြည်သားများ၈၀၀ ခန့်နေထိုင်ကြပါသည်။ လူမျိုးအားဖြင့် ကရင်၊ ကယား၊ ချင်းအများစု ဖြစ်သည်။ ဘာသာအားဖြင့် ကက်သလိပ်၊ ဗုဒဝ၊ နှစ်ခြင်း၊ အခြားဂိုဏ်းဂဏများဖြစ် ကြသည်။ သင်တန်း၌ နေ့ခင်းပိုင်းတွင် ၁၅ မျှလောက်လာနိင်ပြီး ညပိုင်း၌ ၃၀ ခန့်လာနိင်ကြပါသည်။ ယုံကြည်သူများကို ဆရာတိမောသေလိန်းစောက ဦးဆောင်ပါသည်။ 

ထိုနောက်ဇူလိုင်လ ၂၃မှ ၂၉ အထိ Kansas City မြို့သို့ သွားရောက်ကာ မြန်မာ ခရစ်ယာန် အသင်းတော်၌ ကျမ်းစာ သင်တန်း တပတ်ပေးခဲ့ ပါသည်။ ထိုအသင်းတော်ကို ဆရာဗမကညက ဦးဆောင်ပါသည်။ နေ့ခင်းပိုင်း၌ လူ၂၀ ခန့် ညပိုင်း၌ လူ၃၀-၆၀ ခန့်လာရောက်ပါသည်။ 

ဆရာမဟန္နလည်း ဩဂုတ်လမှစ၍ တစ်လလုံးလုံး Baltimoreမြို့၌ လူငယ်နှင့် ခလေးများသင်တန်းနေ့တိုင်း ပေးခဲ့သည်။ ထို့နောက် ဇူလိုင်လ ၂၄မှ ၂၉ အထိ Kentucky ပြည်နယ် Louisville မြို့သို့ သွားရောက်ကာ သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ကျမ်းစာ သင်တန်းပေးနိင်ခဲ့ပါသည်။ 

ဆရာမောဇက်၊ ဆရာမ ဟန္န၊ကို မှုန်းမှုန်းတို့သည် ဩဂုတ် ၉-၁၂ ထိ Indianapolis သတင်းကောင်း နှစ်ခြင်း အသင်းတော်၌၎င်း၊ ဩဂုတ်လ ၁၃-၁၉ ရက်နေ့အထိ Chicago မြို့ မြန်မာအသင်း၌၎င်း၊ ကျမ်းစာ သင်တန်း ပေးဘို့ ရှိပါသည်။ ထို့နောက်သတင်းကောင်း ပွဲတော်ကြီး ပြုလုပ်မည့် Atlanta မြို့သို့ သွားရောက်ပါဝင်ရကြမည် ဖြစ်သည်။ 

ဆရာယောရှုဟရန်ကိပ်ဇူလ်သည် ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ လူငယ်များနှင့် North Carolina ပြည်နယ်  Chapel Hill မြို့တွင် တ ပတ်တာ၊ ထို့နောက် ၂၃မှ ၂၉ ရက်နေ့အထိ Arizona ပြည်နယ် Phoenix မြို့၌ ကျမ်းစာ သင်တန်းများ ပို့ချခဲ့ပါသည်။ ဩဂုတ်လ ၁၃မှ ၁၆ အထိ Battle Creek  မြို့တွင်၎င်း၊ ၁ရမှ ၁၈ အထိ  Chicago မြို့တွင်၎င်း၊ စာသင်တန်းများပို့ချဦးမည်ဟု သိရပါသည်။ 
 
လူငယ်များ၏ လပ်ရှားမှုများ

လူငယ်များသည် Pennsylvania လူငယ်သင်တန်း၌ နိုးကြားကြ၍ Atlanta  အသင်းတော်မှ ူ​ေညအနသည် သင်တန်းအပြီး ဇူလိုင်လ ၄ ရက်နေ့ ညမှစ၍ ၁၅ ရက်နေ့အထိ Pennsylvania ပြည်နယ် Lancaster  မြို့၌ အဒေါ် မိသားစုအိမ်လည်ရင်းဖြင့် ထိုမြို့ရှိလူငယ်များကို ကျမ်းစာ သင်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။ ထိုလူငယ်များသည် ကရင်လူမျိုးများ ဖြစ်ကြသောကြောင့် ကရင် စကား ပြောတတ်သောကိုအောင် ဘိုနှင့် မူးသာဂေးတို့သည် Atlanta  မှပြန်တက်လာ၍ သူ့ကို ကူညီခဲ့ ကြသည်။ 

Atlanta  အသင်းတော်မှ မခိုင်စုဝေနှင့် စီစီလျာတို့သည်၍ Indian Creek ၌ ခလေးများကို ဇူလိုင်လ ၁၀မှ ၁၈ ရက်နေ့အထိ ကျမ်းစာ သင်ပေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။ ထိုအချိန်တွင်Nunu နှင့် Esther တို့ လည်း Clarkston Station ၌ ခလေးများကို ကျမ်းစာ သင်ပေးခဲ့ကြသည်ဟု သိရှိရသည်။ သင်းအုပ် ဆရာ၊ ဆရာယောရှုနှင့် အသင်းတော် လူငယ်များ၏ ဇူလိုင်လ ကျမ်းစာ သင်တန်းများကြောင့် လူ ၅၂ယောက် ကယ်တင်ခြင်း သဘောပေါက် လက်ခံသွားကြသည်ဟု သတင်းကောင်း ကြားသိရပါသည်။ ဆက်လက်၍ ဘုရားသခင်က လူငယ်များကို အသုံးပြုပါစေဟု ဆုတောင်း ပေးကြပါစို့။ 
 
 
သတင်းကောင်း ပွဲတော်ကြီး 

တစ်နှစ်တစ်ခါ ကျင်းပသော သတင်းကောင်း ပွဲတော် ကြီးကို အောက် ပါအစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်သည်။ ကယ်တင်ခြင်းနှင့် သမ္မာတရားကို အလေး ထားသောသူတိုင်း ပါဝင်ကြဘို့ရန် လှိုက်လှဲစွာ ဘိတ်ခေါ်ပါသည်။ မည်သည့်ဂိုဏ်း ဂဏကမဆိုပါဝင်နိင်ပါသည်။ 
 
အစီအစဉ်များ 

ဩဂုတ်လ ၃၁သောကြာနေ့-ဧည့်သည်များရောက်ရှိသည့်နေ့ညပိုင်းဝတ်ပြုခြင်း 

စက်တဘ်ာလ ၁ စနေနေ့-နံနက်ပိုင်းသင်တန်း၊ ညနေပိုင်းသင်တန်း၊ ညပိုင်းဝတ်ပြုခြင်း 

စက်တဘ်ာလ ၂ တနင်္နွေနေ့-နံနက်ပိုင်းဝတ်ပြု၊ ညနေပိုင်းသင်တန်း၊ ညပိုင်းဝတ်ပြုခြင်း 

စက်တဘ်ာလ ၃ရက်နေ့-အိမ်ပြန်
 
သင်တန်းများသည်၊ ကယ်တင်ခြင်း၊ ခရစ်ယာန် အသက်တာ၊ ခလေးများသီး သန့်စီ ပြုလုပ်မည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG