GOODNEWS
  HOME  GOODNEWS  2012 JUL
 


အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဇူလိုင်လ ရောက်ကြပြီ။ ချီ ဆောင်ခြင်း မတိုင်မှီစားဝတ်နေရေးလည်း ပို၍ ပို၍ ခက်ခဲလာလိမ့်မည်။ အလုပ် အကိုင်များလည်း ပို၍ ပို၍ ရှားလာလိမ့်မည်။ ထိုအခါ လူများ၏ စိတ်နေစိတ်ထားလည်း ပို၍ ဖေါက်ပြန်ကြလိမ့်မည်။ ရှင်ပေါလုက၊ “နောင်ကာလသည် ခဲယဉ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား၊ ၂ လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ၃ ပက တိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ ၄ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ ၅ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။” ဟုဆိုခဲ့သည် (၂ တိ ၃:၁-၄)။ ယခုအခါ ထိုကျမ်းစာ အတိုင်း ဖြစ်နေပြီ။ ထို့ကြောင့် ဘုရား တ ရား၌ ယခင်ကထက် ပို၍ လေးနက်စွာ ဆက်ကပ်ဘို့ တိုက်တွန်းလိုပါသည်။ 

ဤစာစောင်၌...

ဘုရား တည်ဆောက်သော အိမ်ထောင်
ကယ်တင်ခြင်း သုံးမျိုး
ဗျာဒိတ်ကျမ်း အခန်းကြီး ၂ လေ့လာခြင်း 
ဒမသက်မြုိ့ပျက်ခါနီးပြီ
တည်ဆောက်ဘို့ ခွန်မားယူကြပါစို့
တစ်မိနစ်စောင့်ပါ
ပျောက်ဆုံးသော ဝိညာဉ် ဖမ်းမည့် သင်တန်း
ဧဝံဂေလိ ခရီး စဉ်
လူငယ်စခန်းသွင်းကျမ်းစာ သင်တန်း
 
 
 
ဘုရား တည်ဆောက်သော အိမ်ထောင်

ဇွန်လစာစောင်၌ ဘုရားသခင် တည်ဆောက်သော အိမ်ထောင်အကြောင်း ဖေါ်ပြခဲ့ပြီး ပြီ။ ယခုအိမ်ထောင်နှင့် ပတ်သက်၍ မိသားစုဝင်အားလုံး ၏ တာဝန်ကို ဖေါ်ပြလိုသည်။ အိမ်ထောင်သည် တဦးတည်း တည်ဆောက်၍ မရ။ယောက်ျား၊ မိန်းမ၊ မိဘ၊ သားသမီး ဟူ၍ ရှိကြရာအားလုံး မိမိ အခန်းကဏ္ဍ၌ တာဝန် ရှိသည့်အတိုင်းတာဝန် ကျေမှသာလျှင်ဘုရား တည်ဆောက်သော အိမ် ထောင် ဖြစ်နိင်သည်။ 
 
ယောက်ျားတာဝန် 

အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ (ဧဖက် ၅:၂၅) ကျမ်းစာ ကယောက်ျားသည် ကိုယ့်ခင်ပွန်းမိန်းမကို ချစ်ဘို့ ပြောထားသည်။ယောက်ျားသည် မိန်းမကို ချစ်သောကြောင့် ယူသည် မဟုတ်လော၊ ကိုယ့်မိန်းမကို ချစ်ဘို့ ပြောစရာ လိုသလော ဟုဆိုနိင်သည်။ မှန်ပါသည်၊ယောက်ျားသည် မိန်းမကို ချစ်သောကြောင့် လက်ထပ်သည်။ လက်မထပ်မှီရည်းစားဘဝ၌ အရူးအမူး ချစ် ကြသော်လည်း ထိုချစ်ခြင်း မေတ္တာသည် မပြုစုဂရုမစိုက်လျှင် တဖြည်းဖြည်းလျော့ နည်းခမ်း​ခြောက်တတ်သည်။ ရည်းစားဘဝ၌ မရသေးသောကြောင့်၎င်း၊ အတူတူမနေသောကြောင့်၎င်း၊ အလွန် ချစ်ခဲ့သော်လည်း လက်ထပ်ပြီး၍ ရရှိ လာသောအခါ ရိုးသွားတတ်သည်။ အလုပ်များ လာခြင်း၊ သားသမီး များရ လာသောအခါ ပြသနာများလာခြင်း၊ အမျိုးမျိုးသော အခက်အခဲ ပြသနာများကြောင့် မိန်းမကို အရင်ကဲ့သို့ မဟုတ်တော့ဘဲ၊ စကားများလာရာမှအချစ်ခမ်း ​ခြောက်နိင်သည်။ ထို့အရာကို မသိ နားမလည်၊ ပြောပြသောသူမရှိသောအခါ “ငါယူတဲ့မိန်းမအရင်လို မဟုတ်ပါလား” ဟု အံ့ဩခြင်း စိတ်ပျက်ခြင်းများဖြစ်လာ နိင်သည်။ 

ရည်းစားဘဝ၌ ချစ်ခြင်းမေတ္တာကြီးမား သောကြောင့် ကိုယ့်ရည်းစား၏ အားနည်းချက်မကို မမြင်နိင်၊ သို့မဟုတ် ခွင့်လွှတ်နိင်၊ လှစ်လျုိရှုနိင်သည်။ သို့သော် လင်မယား ဖြစ် လာသောအခါ ကိုယ့်ခင်ပွန်းသည်၏ အားနည်းချက်များကို တဖြည်းဖြည်းနှင့်သည်း မခံနိင်၊ စကားများလာတတ်သည်။ ထိုအခါ အိမ်မှာ မနေချင်ဘဲ အလုပ်မှာသော်၎င်း၊ သူငယ်ချင်းများ ထံ၌ သော်၎င်း၊ ကွန်ပြူတာ၌ သော်၎င်း၊ အချိန် ဖြုန်း၍ မိန်းမအနားမကပ်တော့ဘဲ တဖြည်းဖြည်းဝေးသွား နိင်သည်။ ထိုအခါ မိန်းမကလည်း ကိုယ့်ယောက်ျားကအနားမှာမကပ် အမြဲတမ်းရှောင်ထွက် လာသောအခါ အား မလိုအား မရ၊ မကျေနပ် သောကြောင့် ပူညံပူညံ လုပ် လာသောအခါ ယောက်ျားများ ကနားပူသည်ဟု ရှောင်လေလေ ဖြစ်တတ်သည်။ ထို့ကြောင့် ရှင်ပေါလုက၊ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့ ဟုဆို ရခြင်း ဖြစ်သည်။ 

ရည်းစားဘဝ၌ ယောက်ျားနှင့် မိန်းမသည် ချစ်ခြင်းမေတ္တာ တခုသာလျှင် သိတတ်ကြသည်။ သို့သော် ထိုမေတ္တာသည် သဘာဝ မြေဩဇာကဲ့သို့ ခမ်း​ခြောက် သွားနိင်သည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာခမ်း​ခြောက်မသွားရန်အမြဲတမ်းဂရု စိုက်ဘို့ လိုသည်။ယောက်ျားတိုင်း သိသင့်သော အရာများမှာ၊ မိန်းမတိုင်းယောက်ျား၏ ချစ်ခြင်းမေတ္တာကိုမျှ ော်လင့်သည်။ မည်သည့်အ​ခြေအနေတွင် မဆိုကိုယ့်ယောက်ျား၏ ချစ်ခြင်းမေတ္တာကို ခံစား လို ကြသည်။ ထို့ကြောင့်ယောက်ျားများ အနေဖြင့် ကိုယ့်မိန်းမကို လှစ်လျူိမရှုဘို့ မေတ္တာရှိဘို့ လိုအပ်သည်။ 

မည်ကဲ့သို့ယောက်ျားများသည် ကိုယ့်ခင်ပွန်းကို အမြဲချစ်နိင်မည်နည်းဟူ မူကား၊ ခင်ပွန်းချစ်ဘို့ တာဝန် ရှိသည်၊ ထိုသို့ အလိုငါှဘုရား အလိုရှိသည်ဟု အမြဲ သိမှတ်ရမည်။ ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝရမည်။ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း ဆိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အုပ်စိုးခြင်း၊ ဦး ဆောင်ခြင်းကို ဝန်ခံခြင်း ဖြစ်သည်။ ဝိညာဉ်တော် ကအုပ်စိုးလာလျှင် ဝိညာဉ် အသီးသီးလာမည်။ ဝိညာဉ် အသီးများ မှပဌမဦးဆုံး မှာချစ်ခြင်း ဖြစ်သည်။ ထိုချစ်ခြင်းဖြင့် ကိုယ်ခင်ပွန်းကို ချစ်နိင်မည်။ ကိုယ်ခင်ပွန်းကို မချစ်ခြင်းသည် ဝိညာဉ်တော်နှင့် မပြည့်ဝခြင်း ဖြစ်သည်ဟု အမြဲသိထားဘို့ လိုသည်။ 
 
အားကိုးခြင်း 

ယောက်ျားတို့ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံ ရသောသူချင်းကဲ့သို့ သတိပညာနှင့် လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူ နေ၍ အားနည်းသောသူကို ပြုသင့်သည့်အတိုင်း သူ့ကို စောင့်မပြုစုကြလော့။ (၁ ပေ ၃:ရ) ရှင်ပေတရုက၊ မိန်းမသည် အားနည်းသောသူ ဖြစ်၍ စောင့်မပြုစုဘို့ လိုကြောင်း ဖေါ်ပြသွားသည်။ ဟုတ်ပါသည်၊ မိန်းမများသည်အား ငယ်တတ်သည်။ မိန်းမများယောက်ျားယူခြင်း၌ အကြောင်း အမျိုးမျိုးရှိရာ၌ အားကိုး လိုခြင်းလည်း ပါသည်။ ထို့ကြောင့်ယောက်ျား များသည် အစစအရာရာ၌ မိန်းမများ၏ အားကိုး ခြင်းကို ဖြည့်ဆည်းပေးဘို့ လို အပ်သည်။ အချို့သောယောက်ျားများသည် မိန်းမ၏ အားကိုး ခြင်းကို ရှုပ်သည်ဟု ထင်တတ်သည်။ မိန်းမ၏ အားကိုး ခြင်းကို မခံလိုလျှင် မိန်းမမယူလျှင် သာ၍ ကောင်းသည်။ အဘယ်ကြောင့်မိန်းမများ ကယောက်ျားကို အားကိုး သနည်းဟူမူကားယောက်ျားသည် မိန်း၏ ခေါင်း ဖြစ်သည် ဟုဆိုသည် (ဧဖက် ၅:၂၃)။ ထိုမျှသာမက ဘုရားသခင်က မိန်းမကို အရင်ဖန်ဆင်းသည် မဟုတ်၊ယောက်ျားကို အရင်ဖန်ဆင်း၍ မိန်းမသည် အထောက်အမ ဖြစ်ဘို့ ဖန်ဆင်းသည်။ 

 “ဘုရားသခင်ကလည်းယောက်ျားသည် တယောက် တည်းမနေ ကောင်းသူနှင့်တော်သော အထောက်အမကို သူဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏” (က ၂:၁၈)။ ထိုကြောင့် မိန်းမသည် ခေါင်း မဟုတ်။ အထောက်အမသာလျှင် ဖြစ်သည်။ ထို့ကြောင့် မိန်းမသည် ကိုယ့်ယောက်ျားကို အားကိုး လိုသည်။ သို့သော် အားကိုး၍ မရလျှင် မိန်းမများ စိတ်ပျက်၍ မဖြစ်သင့်သော အရာများ ဖြစ်နိင်သည်။ ကိုယ့်ယောက်ျားအားကိုး၍ မသောအခါ အခြားယောက်ျားများ အားကိုးလျှင် ပြသနာ ဖြစ်လာသည်။ ထို့ကြောင့်ယောက်ျားတိုင်း ကိုယ့်ခင်ပွန်း၏ အားကိုး ခြင်းကို ဂုဏ်ယူ၍ တတ်နိင်သမျှ ဖြည့်ဆည်းပေးဘို့ လိုအပ်သည်။ ထိုသို့ ဦးခေါင်းနေရာကို ယူနိင်ပါက ကိုယ့်မိန်းမ၏ ချစ်ခြင်း၊ ဂုဏ်ယူခြင်း၊ ချီးမွမ်းခြင်း၊ သစ္စာရှိခြင်းများခံစား မှာသေချာသည်။ 
 
ဂရုစိုက်ခြင်း 

မိန်းမများသည် ကိုယ့်ခင်ပွန်း၏ ဂရုစိုက်ခြင်း (ဗအအနညအငသည)ကို လိုချင် ကြသည်။ သေးမွှားသောအရာ မှစ၍ ကိုယ့်ယောက်ျား၏ ဂရုစိုက်ခြင်းကို ခံစား လို ကြသည်။ များသောအားဖြင့် မိန်းမများသည် စကားပြောရာတွင်ယောက်ျားထက်များတတ်သည်။ယောက်ျားများသည်များသောအားဖြင့် စကားပြောခြင်းထက် အလုပ်လုပ်ခြင်းကို ဦးစားပေးတတ်သည်။ ထိုသို့ ဦးစားပေး မတူညီသောယောက်ျားနှင့် မိန်းမသည် တယောက်နှင့် တယောက် နားမလည်လည်း ပြသနာ ဖြစ်လာတတ်သည်။ မိန်းမများသည် အစစအရာရာ မှာယောက်ျားကို စ ကား ပြောချင်သည်။ယောက်ျားကအရေးမကြီးသောအရာ၌ မိန်းမ စကား ပြောသောအရာကို ဂရုမစိုက်၊ နားငြီးသည်ဟု ထင်တတ်သည်။ ထိုကြောင့် မိန်း မပြော ချင်သော စကားများကို နားမထောင်၊ ဂရုမစိုက်သောအခါ မိန်းမများ ဝမ်းနည်းခြင်း၊ အထီးကျန် ဖြစ်ခြင်းများခံစား လာနိင်သည်။ ထိုအရာကို ဂရုမစိုက်ဘဲ မကုစားလျှင် ကြာ လာသောအခါ ပြသနာ အကြီးအကျယ် ဖြစ်နိင်သည်။ ယခုခေတ်တွင် တိုး တက်သော နိင်ငံ၌ မိန်းမများသည်ယောက်ျား၏ ဂရုစိုက်ခြင်း မခံစားသောအခါ ဖုန်းထဲမှသော်၎င်း၊ အင်တာနက်ထဲမှသော်၎င်း၊ အခြားယောက်ျားများ၏ ဂရု စိုက်ခြင်းကို ခံစား လာရာမှာလင်မယား ကွဲခြင်း၊ ဖေါက်ပြန်ခြင်းများဖြစ်လာနိင်သည်။ ထို့ကြောင့် မီးမလောင်ခင်တားဆို သကဲ့သို့ယောက်ျားများ ပြသနာ မဖြစ်ခင်ကြို တင်ကာကွယ်သောအားဖြင့် ကိုယ့်မိန်းမကို ဂရုစိုက်ဘို့ လိုသည်။ယောက်ျားတိုင်း သိသင့်သည် မှာမိန်းမများသည် ရုပ်ရည်ထက် ဂရုစိုက်သူကို အာရုန်ပြုတတ်ကြောင်း သိဘို့ လိုသည်။ 
 
တန်ဘိုး ထားခြင်း (Appreciation) 

အမျိုးသမီးများသည် ခင်ပွန်းသည်၏ တန်ဘိုး ထားခြင်းကို လိုလားတောင့် တ ကြသည်။ အချို့သောယောက်ျားများသည် ကိုယ့်မိန်းမကို နှိမ်ခြင်း တန်ဘိုး မထားခြင်းကြောင့် မိန်းမသည် စိတ်ထဲ၌ နာနေတတ်သည်။ယောက်ျားကကိုယ့်မိန်းမကို ချီးမွမ်းခြင်း၊ သူလုပ်သော အရာများကို တန်ဘိုး ထားတတ်ခြင်းသည် အိမ်ထောင် အတွက် ကျန်းမာစေသောအရာ ဖြစ်သည်။ ကိုယ့်မိန်းမ၏ အားနည်းခြင်းကို အပြစ်တင်ခြင်း၊ နှိမ်ခြင်း၊ အခြားမိန်းမများနှင့် နှိုင်းယှဉ်ခြင်းတို့သည် မလုပ်သင့်သောအရာ ဖြစ်သည်။ ထိုထက် သူ့ကို အားပေးခြင်း၊ ချီမွမ်းခြင်း၊ ဂရုစိုိက်ခြင်းသည် ်သာ၍ ကောင်းသောအရာ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် မိန်းမသည် ပို၍ ကြိုး စားလာမည်၊ယောက်ျားကိုသာ၍ အထောက်အမ ဖြစ်လာပေမည်။ 
 
မိန်းမတာဝန် 

အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်း ဖြစ်တော်မူ သကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်း ဖြစ်၏။ (ဧဖက် ၅:၂၂-၂၃) 

ရှင်ပေါလုကမိန်းမများသည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ဝန်ခံသ ကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ဟုဆိုသည်။ သို့သော် သခင်ဘုရား၏ အုပ်စိုးခြင်းကို ဝန်မခံသော မိန်းမများ အနေဖြင့် ကိုယ်ခင်ပွန်း၏ အုပ် စိုးခြင်း ကိုလည်း ဝန်ခံနိင်မည် မဟုတ်။ အကြောင်းမူကား သခင်ဘုရား၏ အုပ် စိုးခြင်း ပင်မခံလျှင် ကိုယ့် သဘောဖြင့် အသက်ရှင်သောသူ ဖြစ်သည်။ သခင်ဘုရား၏ အုပ်စိုးခြင်းကို ဝန်ခံခြင်းသည် ဝိညာဉ်တော်၏ အုပ်စိုးခြင်း၊ ပြည့်ဝခြင်းကို ဆိုလိုသည်။ သခင်ဘုရား၏ အုပ်စိုးခြင်းကို ဝန်ခံသောသူအတွက် ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်း ကိုလည်း ဝန်ခံဘို့ရန် ခက်ခဲမည် မဟုတ်။ ထို့ကြောင့်ကိုယ် ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်မခံခြင်းသည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ဝန်မခံခြင်းကို ထင်ရှားစေသည်။ 

အချို့သောယောက်ျားများသည် မိန်းမများ ကအုပ်စိုးခြင်း ဝန်ခံဘို့ရန် မထိုက်တန်၊ တာဝန် မကျေ၊ ဦးဆောင်မှု မပေးနိင်သောသူများ ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင်လည်းယောက်ျားကို အပြစ် သာမမြင်ဘဲ သခင်ဘုရား၏ စကား အတိုင်း အုပ်စိုးခြင်း ဝန်ခံသင့်သည်။ ထို့အပြင် များသောအားဖြင့် လင်ယောက်ျား ယူခြင်းသည် ကိုယ်တိုင် ရွေးယူခြင်း ဖြစ်ကြသည်။ ထို့ကြောင့် ကိုယ့်ထက် အားနည်းသောသူ၊ ညံ့သောသူကို အစကတည်း ကမယူသင့်ချေှ။ အိမ်ထောင်၏ ဦးခေါင်းသည်ယောက်ျား ဖြစ်သည်။ ထို့ကြောင့် အစစအရာရာ မှာယောက်ျားက ဦးဆောင်သင့်သည်။ ထို့ကြောင့် မိန်းမများ အနေဖြင့် ကိုယ်ယောက်ျားကို ဦးဆောင်သူအဖြစ် ထားသင့်သည်။ ကိုယ်တိုင် ဦးဆောင်ဘို့ လိုလျှင်လည်းယောက်ျားကို တိုင်ပင်၍ သဘောပေါက်သည် အထိ ရှင်းပြသင့်သည်။ လင်မ 
ယားသည် တယောက်နှင့် တယောက် ပြိုင်ဘို့ မဟုတ်၊ ကူညီမစဘို့သည်။ 
 
 
 
ကယ်တင်ခြင်း သုံးမျိုး


ကျမ်းစာထဲ၌ ကယ်တင်ခြင်း သုံးမျိုးတွေ့ရသည်။ ထိုသုံးမျိုးကို မခွဲခြားလျှင် ယုံကြည်သူများမျက်စိလည်ကာရှုပ်ထွေးမှု ဖြစ်နိင်သည်။ ထိုကယ်တင်ခြင်း သုံးမျိုးတို့သည် အပြစ် စီရင်ခြင်းမှ ကယ်တင်ခြင်း၊ အပြစ် တန်ခိုးမှကယ် တင်ခြင်းနှင့် အပြစ် နယ်မြေမှ ကယ်တင်ခြင်းတို့ ဖြစ်သည်။ တနည်းအားဖြင့်အချိန် ကာလနှင့် သက်ဆိုင်သည်။ ကယ်တင်ခဲ့ပြီး ပြီ၊ ကယ်တင်နေဆဲ၊ ကယ်တင်ဦးမည်။ လက်ဝါးကပ်တိုင်၌ ဝိညာဉ်ပိုင်း ကယ်တင်ခဲ့၍ ချီဆောင်ခြင်း၌ ကိုယ်ခန္ဓာ ကယ်တင်ဦးမည်။ 
 
၁။ အပြစ် စီရင်ခြင်းမှ ကယ်တင်ခြင်း 
ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေ ခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာ လာသည် အတိုင်း သုံးရက်မြောက်သော နေ့၌ ထမြောက်တော်မူ၏။ (၁ ကော ၁၅:၃) သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။ (ယော ၃:၁၈) 

အထက်ပါ ကျမ်းပိုဒ်များ အရ ခရစ်တော်သည် ငါတို့ အပြစ်ကြောင့် အသေခံ ပြီ။ ထိုအရာကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်း အလွတ်ကင်း ပြီ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ၊ ငါတို့သည် အပြစ် အတွက် အသေခံ ရသေးလျှင် ခရစ်တော် သေခြင်းသည် အချည်းနှီး ဖြစ်သည်။ ထို့ကြောင့် သားတော်ကို ယုံ ကြည်သောသူသည် အပြစ် စီရင်ခြင်းမှ ကင်းလွတ် ပြီ ဖြစ်သည်။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအ လျောက်ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ (ဧ ၂:၈-၉) 

ဘုရားသခင်သည် ငါတို့ ကျင့်သော အကျင့်ကို ထောက်တော်မမူ။ ရှေး ကပ်ကာလ မရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော်နှင့် အညီ၊ ငါတို့ကို ကယ်တင်၍၊ သန့်ရှင်း၊ သောအရာ၌ ခေါ်သွင်းတော်မူ၏။ (၂ တိ ၁:၉) 

ငါတို့ ကျင့်သော ​ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့် အညီဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။ (တိ ၃:၅) 

မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကို နှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။ ၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။ (ကော ၁:၁၃-၁၄) 

အထက်ပါ ကျမ်းပိုဒ်များ၌ ကယ်တင်ခြင်းသည် ပြီး ပြီးသား ဖြစ်သည်။ ထိုကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့ သာလျှင် ဖြစ်သည်။ 
 
၂။ အပြစ် တန်ခိုးလက်မှ ကယ်တင်ခြင်း 

သို့ဖြစ်၍ ငါ့ချစ် သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ် နားထောင် ကြသည်နှင့် အညီ၊ ကြောက် ရွံ့တုန်လှုပ်သော စိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအား ထုတ် ကြလော့။ (ဖိ ၂:၁၂) ဤကျမ်းပိုဒ်၌ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုး စားအား ထုတ်ကြလော့ ဟုဆိုသောကြောင့် ကယ်တင်ခြင်းသည် လူ၏ ကြိုးစားမှုအားဖြင့် ဖြစ်နိင် သကဲ့သို့ ရှိသည်။ သို့သော် လူသည် ကိုယ်ကိုကိုယ် မ ကယ်တင်နိင်ကြောင်း အခြားကျမ်းပိုဒ်များ (ဧ ၂:၈-၉၊ ၂ တိ ၁:၉၊ တ ၃:၅)တို့၌ တွေ့ရပြီ။ သို့ဖြစ်လျှင် ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအား ထုတ်ကြလော့ဟူသောအရာသည် အဘယ်အရာကို ဆိုလိုသနည်း။ ခရစ်ယာန် အသက်တာကို ဆိုလိုခြင်း ဖြစ်သည်။ မည်ကဲ့သို့ ကိုယ်ကို ကယ်တင်မည် နည်း။ ဘုရား စကား နားထောင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့် ကယ် တင်ရမည်။ မည်သည့်အရာထဲမှ ကယ်တင်မည်နည်း။ ဇာတိ သဘော၊ ကိုယ့် သဘော အသက်ရှင်ခြင်းမှ ကယ်တင်ရမည်။ 
 
၃။ အပြစ်လောကမှ ကယ်တင်ခြင်း 

အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့် အညီ ငါတို့ကို တဖန် ဖြစ်ဘွားစေတော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိတော်မူ စေသတည်း။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင််ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အ ကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့ အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက် ရှိသော အမွေတည်း။ (၁ ပေ ၁:၃-၅) 

အထက်ပါ ကျမ်းပိုဒ်များ၌ အဓိကအားဖြင့် အမွေတော်ကို ဖေါ်ပြလိုသည်။ ထိုအမွေတော်သည် အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း ဖြစ်၍ ဖောက် ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သည်။ ထိုအမွေတော် ခံစား နိင် ရန်ငါတို့ကို တဖန် ဖြစ်ဘွားစေသည် ဟုဆိုသည်။ ဖြစ်ဘွားခြင်းသည် ဒုတိယအကြိမ် မွေးဘွားခြင်း (​ြသမည ​ေါ​ေငည)ကို ဆိုလိုသည်။ ထိုသို့ မွေးဘွားနိင်ရန် ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေသည်။ ထိုအမွေတော်သည် ယခု မဟုတ်၊ နောက်ဆုံးသော ကာလ၌ ထင်ရှားမည် ဖြစ်သည်။ ထိုနောက် ဆုံးသော ကာလသည် ချီဆောင်ခြင်း သို့မဟုတ် ကောင်းကင်နိင်ငံရောက်သည့်အချိန်ကို ဆိုလိုသည်။ ထိုနောက် ဆုံးသော ကာလ၌ အမွေတော် ခံစားခြင်းကို ကယ်တင်ခြင်း ဟုဆိုသည်။ ထိုကယ်တင်ခြင်းသည် အပြစ်မှ ကယ်တင်ခြင်း မဟုတ်။ အမွေတော်ကို ခံစား မည့် အရာကို ဆိုလိုသည်။ ထိုကြောင့် ထိုကယ်တင်ခြင်းသည် အနာဂတ်မှာရှိသေးသည်။ 

ထိုမျှမက ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သား အရာ၌ ချီးမြှောက်ခြင်း အကြောင်း တည်းဟူသော ကိုယ်ခန္ဓာရွေး နှုတ်ခြင်း ချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက် နေကြ၏။ ၂၄ ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော် လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်း မရှိ၊ တွေ့မြင်သောအရာကို အဘယ်ကြောင့်မြော်လင့်ရမည်နည်း။ ၂၅ ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင် မူကား၊ ထိုအရာကိုသည်း ခံသော စိတ်နှင့် ငံ့လင့်၍ နေကြ၏။ (ရော ၈:၂၄-၂၅) အထက်ပါ ကျမ်းပိုဒ်၌ ငါတို့သည် ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်း သာကို မြော်လင့်သည် ဟုဆိုသည်။ ထိုကိုယ်ခန္ဓာရွေးနှုတ်ခြင်းကိုသား အရာ၌ ချီး မြှောက်ခြင်း ဟုဆိုသည်။ ငါတို့သည် ယုံကြည်ခြင်း အားဖြင့်သား အရာကို ရှိသော်လည်း ကိုယ်ခန္ဓာရွေးနှုတ်ခြင်း မခံစားရသေးချေ။ ကိုယ်ခန္ဓာရွေးနှုတ်ခြင်းသည် အနာဂတ်မှာရှိသေး၍ မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏ ဟုဆိုသည်။ ထိုကယ်တင်ခြင်းသည် အနာဂတ်မှာရှိသေးသည်။ ချီ ဆောင်ခြင်း နေ့၌ ပြည့်စုံမည် ဖြစ်သည်။ 

ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ (ရော ၁၃:၁၁)။ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် အပြစ်မှ ကယ်တင်ခြင်း တည်းဟူသော ဒုတိယ မွေးဘွားခြင်းကို ဆိုလိုသည် မဟုတ်။ အကြောင်းမူကား ထိုကယ် တင်ခြင်းသည် ဒုတိယ မွေးဘွားခြင်းကို ဆိုလိုလျှင် သာ၍ နီးသည် ဟုဆိုစရာ အကြောင်း မရှိ။ ငါတို့ ယုံကြည်သော နေ့ရက်သည် ဒုတိယအကြိမ် မွေးဘွားခြင်းကို ဆိုလိုသည်။ ယုံကြည်သော နေ့မှစ၍ ကယ်တင်ခြင်းသို့ ရောက်သည်။ 

ထိုသူ၏ ဝိညာဉ်သည် ယေရှုခရစ်၏ နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက် မည်အကြောင်း သူ၏ ကိုယ်ခန္ဓာပျက်ဆီးဘို့ ရာ သူ့ကို စာတန် လက်သို့ အပ်နှံ ကြစေဟု ငါစီရင်၏။ (၁ ကော ၅:၅) ဤနေရာ၌ အဘ၏ မိန်းမကို ပြစ်မှားသောသူကို ရှင်ပေါလုက စာတန် လက်သို့ အပ်နှံကြစေဟု စီရင်သည်။ စာတန် လက်သို့ အပ်နှံခြင်းသည် အသေသတ်ခြင်း မဟုတ်။ စာတန် လက်သို့ အပ်နှံခြင်းသည် အသင်းတော် မှပယ်ခြင်းကို ဆိုလိုသည်။ အကြောင်းမှာ အသင်းတော် အတွင်း၌ ခရစ်တော် ကအုပ်စိုး၍ အသင်းတော် အပြင်ဘက်၌ စာတန် ကအုပ်စိုးသည်။ ထိုအပြစ် လုပ်သောသူသည် အသင်းတော် အပြင်သို့ ရောက်သွားခြင်းဖြင့် ခရစ်တော်၏ ကွယ်ကာမှု မခံစားဘဲ စာတန်၏ အုပ်စိုးမှုကို ခံစားသောအခါ သင်ခန်းစာရမည် ဖြစ်သည်။ သူ၏ ဝိညာဉ်သည် ကယ်တင်ခြင်းသို့ ရောက်သော်လည်း ကိုယ်ခန္ဓာမူကား စာတန် လက်၌ ပျက်စီးခြင်းသို့ ရောက်မည် ဖြစ်သည်။ သို့သော် ယေရှု၏ နေ့ရက် တည်းဟူသော ချီဆောင်ခြင်း နေ့၌ သူ၏ ကိုယ်ခန္ဓာလည်း ကယ်တင်ခြင်းသို့ ရောက်မည် ဖြစ်သည်။ 

သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံ ဂေလိတရား တည်းဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံ ကြည်ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။ ၁၄ ပိုင်ထိုက်တော်မူသော သူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်း အကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလ ပတ်လုံးထို ဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန် ဖြစ်တော်မူ၏။ (ဧဖက် ၁:၁၃-၁၄) လူသည် ခရစ်တော်ကို ယုံကြည်သောအခါ စားရံအဖြစ် ဘုရားသခင်က သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးအပ်ထားသည်။ စားရံသည် အပြည့်အဝ မဟုတ်၊ ပေးအပ် မည့် အရာ၏ အစိတ်အပိုင်းသာလျှင် ဖြစ်သည်။ ယုံကြည်သူများသည် ယုံ ကြည်သည်နှင့် တပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်ကို အစိတ်အပိုင်းအဖြစ် ရရှိသော်လည်း ချီဆောင်ခြင်း၌ အပြည့်အဝ ခံစားရရှိမည် ဖြစ်သည်။ 

ယုံကြည်ခြင်း၊ ချစ်ခြင်း တည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း တည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ် ဆောင်ကြကုန်အံ့။ (၁ သက် ၅:၈) ဤနေရာ၌ ကယ်တင်ခြင်းသည် ကိုယ်ခန္ဓာ ကယ်တင်မည့် အရာကို ဆိုလိုသည်။ အကြောင်းမှာ ဝိညာဉ် ကယ်တင်ခြင်းသည် ပြီး ပြီးသား ဖြစ်၍ ကိုယ်ခန္ဓာ ကယ်တင်ခြင်းသည် မြော်လင့်ရမည့် အရာ ဖြစ်သည်။ 
 
 
 
ဗျာဒိတ်ကျမ်းအခန်းကြီး ၂ လေ့လာခြင်း 
 

ဗျာဒိတ်ကျမ်း အခန်းကြီး ၂နှင့် ၃၌ ခရစ်တော်က အသင်းတော် ခုနှစ်ပါးထံသို့ စာရေးထားသည်။ အသင်းတော်သည် ခရစ်တော်၏ အပိုင် ဖြစ်(မ ၁၆:၁၈) သည်။ အသင်းတော်သည် မည်ကဲ့သို့ဖြစ်သင့်သည်ကို ပိုင်ရှင် ဖြစ်သော ခရစ်တော် ကထို အသင်းတော်များထံ၌ စာရေးထားသည်။ ထို့ကြောင့် အသင်းတော်သည် မှန်ကန်စွာ သွားသလော မသွားသလော ဟူသောအရာကို သိလိုလျှင် ဗျာ ၂နှင့် ၃ကို ကြည့်လျှင် သိနိင်သည်။ ရှင်ပေါလုကလည်း အသင်းတော် ခုနှစ်ပါးထံသို့ စာရေးခဲ့သည်။ ထိုစာများကို ဖတ်ခြင်း အားဖြင့်လည်း ဘုရား၏ အလိုတော်ကို သိနိင်သည်။ အသင်းတော်သည် သင်းအုပ်ဆရာ၏ အလို၊ အသင်းတော် လူကြီးများ၏ အလို၊ အသင်းသား များ၏ အလိုဆန္ဒဖြင့် မသွားသင်ချေ။ ပိုင်ရှင် ဖြစ်သော ခရစ်တော်၏ အလိုတော်နှင့် သွားမှသာ မှန်ကန်နိင်သည်။ 
 
၁။ ဧဖက်မြို့၌ ရှိသော အသင်းတော်၏ တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ လကျ်ာလက်၌ ကြယ် ခု နစ်လုံးကိုကိုင်၍၊ ရွှေမီးခွက် ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်း ခံခြင်းကို ငါသိ၏။ 

အသင်းတော်၏ တမန်သည် ကောင်းကင်တမန် ဖြစ်မည် မဟုတ်။ အကြောင်းမူကား ခရစ်တော်သည် ကောင်းကင်တမန်ကို စာရေးစရာ မလို။ ထို့ကြောင့် အသင်းတော်၏ တမန်သည် အသင်းအုပ်ဆရာကို ဆိုလိုခြင်း ဖြစ်သည်။ လကျ်ာ လက်၌ ကြယ် ခုနစ်လုံးကိုကိုင်၍၊ ဗျာ ၁:၂၀၌ ကြယ်သည် သင်းအုပ်ဆရာများ ဖြစ်ကြောင်း သိခဲ့ရပြီ။ သင်းအုပ်ဆရာများသည် ခရစ်တော်၏ လက်၌ ရှိသည်။ မိမိတို့ ကြိုက်နှစ်သက်သလို အသင်းတော်ကို ဦးဆောင်ရမည် မဟုတ်။ အသင်းတော် ပိုင်ရှင် ခရစ်တော်၏ အလိုတော်ကို သိ၍ ထိုအလိုတော်အတိုင်း အသင်းတော်ကို ဦးဆောင်ရမည် ဖြစ်သည်။ 

ရွှေမီးခွက် ခုနစ်လုံးအလယ်၌ သွားလာသောသူ။ ရွှေမီးခွက်သည် အသင်းတော် ဖြစ်သည် (ဗျာ ၁:၂၀)။ ခရစ်တော်သည် အသင်းတော်များအလယ်၌ သွားလာနေသည်။ ထို့ကြောင့် အသင်းတော် များသည် ခရစ်တော်ကို မမြင်နိင်သော်လည်း မိမိတို့ အလယ်၌ ခရစ်တော် ရှိကြောင်းကို ယုံကြည်ခြင်းအားဖြင့် သိရှိ နားလည်ဘို့ လိုသည်။ သို့မှသာ ခရစ်တော်၏ အလိုတော်ကို ဂရုစိုက် နားလည်နိင် ပေမည်။ 

သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်း ခံခြင်းကို ငါသိ၏။ ခရစ်တော်သည် အသင်းတော် များ၏ အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ် ဆောင်ခြင်း၊ သည်း ခံခြင်းများကို သိရှိ နားလည်သည်။ သူတပါးကကိုယ်လုပ်သောအရာ၊ ပင်ပန်းသောသောအရာ၊ သည်း ခံသောအရာ မသိလျှင်လည်း ခရစ်တော် ကသိ နေကြောင်း သိဘို့ လိုသည်။ ထို့ကြောင့် လူကအသိအမှတ်ပြုဘို့ရန် မလို၊ ခရစ်တော် ကအသိအမှတ်ပြုလျှင်တော် ပြီ။ များသောအားဖြင့် လူလူချင်းအမှတ် ပြုခြင်၊ ချီးမွမ်းခြင်းများကို အလိုရှိတတ်ကြသည်။ ခရစ်တော်က၊ “လူပေးသော ဘုန်းအသရေကို ငါမခံ။ အချင်းချင်းပေးသော ဘုန်းအသရေကိုသာ ခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။” (ယော ၅:၄၁၊ ၄၄) ဟုဆိုခဲ့ဘူးသည်။ ထိုကြောင့် လူပေးသော ဘုန်းထက် ဘုရား ပေးသော ဘုန်းကို လွန်ချင် ကြစို့။ 
 
၂-၃။ သင်သည် မတရားသော သူတို့ကို လက်မခံနိုင်ကြောင်းကို၎င်း၊ တမန်တော် မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သော သူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူ ဖြစ်သည်ဟု သိကြောင်းကို၎င်း၊ ခန္တီနှင့် ပြည့်စုံ၍၊ ငါ၏ နာမကြောင့်ဆင်းရဲ ခံ၍ အား မလျော့ကြောင်းကို၎င်း၊ ငါသိ၏။ 

ဧဖက် အသင်းတော်သည် သမ္မာတရားကို သိသဖြင့် မတရားသောသူ၊ တမန်တော် ယောင်ဆောင်သော သူတို့ကို ခွဲခြားသိသည်သာမက အား မနာဘဲ ထိုသို့သော ဆရာအတုများကို လက်မခံကြချေ။ ထို့အပြင် စိတ်ရှည်၍ ခရစ်တော်၏ နာမကြောင့်ဆင်းရဲ ခံ၍ အား မလျော့ကြောင်း ခရစ်တော် ကသိသည်။ ထိုအရာများအတွက် ခရစ်တော် ကချီးမွမ်းသွားသည်။ ယနေ့ အသင်းတော် များသည် လမ်း လွှဲဆရာများကို ခွဲခြားခြင်း မရှိ။ အကြောင်းမှာ သမ္မာတရားကို မသိကြောင့်လမ်း လွှဲမှန်းလည်း မသိ။ ယခုခေတ် သည်၊ “မည်သူမျှ ပြည့်စုံခြင်း မရှိပါ” “လူတိုင်းနှင့် ပေါင်းနိင်ရမည်” ဟူသော ဆောင်ပုဒ်ကို ကြွေးကြော်လျက် ရောရောသောသော လက်ခံသောခေတ် ဖြစ်သည်။ ဧဖက် အသင်းတော် ကဲ့သို့ မဟုတ်ကြ။ ဝိညာဉ်ပိုင်း လမ်းလွှဲခြင်းသည် အလွန် ကြောက်စရာ ကောင်းသည်။ အကြောင်းမှာ ဘုရား သခင်၏ အမျက်တော် ခံနိင်သည်သာမက စာတန်၏ လိမ်လည်လှဲ့ဖျားမှုကြောင့် မဖြစ် သင့်သော အရာများ ဖြစ်တတ်သည်။ 
 
၄-၅။ သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာ ရှိ၏။ ထိုကြောင့်၊ သင်သည် မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ နောင်တ မရလျှင်၊ သင်၏ မီး ခွက်ကို နေရာမှရွေ့မည်။ 

ဧဖက် အသင်းတော်သည် အထက်၌ ဖေါ်ပြထား သကဲ့သို့ ကြိုးစားခြင်း၊ သည်း ခံခြင်း၊ လွှဲမှားသော အရာများကို သိခြင်းများရှိသော်လည်း ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့နည်းသည်ဟု ခရစ်တော် ကအပြစ် တင်သည်။ ထိုအရာကြောင့် အရင်နေရာမှအောက်သို့ လျောကျပြီ ဟုဆိုသည်။ ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာဆိုသည်မှာ အဘယ်အရာနည်း။ ယုံကြည် ခါစ၌ ရှိသော မေတ္တာကို ဆိုလိုသည်။ ကယ်တင်ခြင်း သဘော၍ ဒုတိယ မွေးဘွားခြင်း ခံစားသောအခါ ဘုရားသခင်ကို အလွန် ချစ်သည်။ ဘုရားသခင် အတွက် အစစအရာရာကို တတ်နိင်သည်။ ဘုရားသခင်ကို ချစ်သည်နှင့် အမျှလူများကိုလည်း ကယ်တင်ခြင်း အကြောင်း ပြောလိုသည်။ သက်သေခံသည်။ သို့သော် ကြာ လာသောအခါ ထိုချစ်ခြင်း မေတ္တာများလျော့နည်းလာ၍ ဘုရားသခင်နှင့် ဝိညာဉ်ရေးရာထက် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများ၊ မူများ၊ ကအစားထိုး လာသည်။ ချစ်ခြင်းမေတ္တာမရှိသောကြောင့် လှုပ်ရှားမှု များသည် အသက် မပါတော့ချေ။ ရှင်ပေါလုကလည်း ချစ်ခြင်းမေတ္တာမ ပါလျှင် အဘယ်အရာမျှ အချည်းနှီး ဖြစ်ကြောင်း၁ ကော ၁၃၌ ရေးထားခဲ့သည်။ ထို့ကြောင့် အသင်းတော်၌ သော်၎င်း၊ ယုံကြည်သူ တစ်ဦးချင်း၌ သော်၎င်း၊ ချစ်ခြင်းမေတ္တာမပါဘဲ အဘယ်အရာကိုမျှ မလုပ်သင့်ချေ။ သို့မဟုတ်ပါက သခင်ဘုရား၏ အပြစ်တင်ခြင်းကို ခံရမည် ဖြစ်သည်။ 

သင်သည် မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင် တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့။ ရှေ့ဦးစွာသော မေတ္တာလျော့ခြင်းသည် နောင်တရဘို့ လိုလောက်အောင် အပြစ် ကြီးသည်။ ရှေးဦးစွာသော မေတ္တာသည် ဘုရားသခင် အတွက် ဆက်ကပ်ခြင်း၊ ပျောက်ဆုံးဝိညာဉ်များကို ချစ်၍ ကယ်တင်ခြင်း အကြောင်း ပြောပြခြင်းတို့ဖြင့် ထင်ရှားသည်။ ထို့ကြောင့် ထိုအရာများကို ပြန်လုပ်ခြင်းသည် နောင်တရခြင်း ဖြစ်သည်။ 

သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ နောင်တ မရလျှင်၊ သင်၏ မီးခွက်ကို နေရာမှရွေ့မည်။ မီးခွက်ကို နေရာမှရွေ့ခြင်း ဆိုသည်မှာ အသင်းတော် ပျောက်သွားမည် သို့မဟုတ် အသင်းတော်ကို ခရစ်တော်က စွန့် သွားမည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ အသင်းတော်သည် ခရစ်တော် မရှိပါက ဟန်သာရှိ၍ အဆန်မရှိ ဖြစ်မည်။ ထို့ကြောင့် အသင်းတော်တိုင်း ခရစ်တော် ရှိဘို့ အရေးကြီးသည်။ 
 
၆။ သို့သော်လည်း၊ ငါမုန်းသော နိကောလတပည့်တို့၏ အကျင့်ကို သင်လည်း မုန်းသည်ဟု ပြောစရာ ရှိ၏။ 

တဖန် ဧဖက် အသင်းတော်၏ ကောင်းကွက်တစ်ခုကို ခရစ်တော် ကချီး မွမ်းသွားသည်။ ထိုအရာမှာ ခရစ်တော် ကမုန်းသော နိကောလတပည့်တို့၏ အကျင့်ကို ဧဖက် အသင်းတော်ကလည်း မုန်းခြင်း ဖြစ်သည်။ အသင်းတော်သည် ခရစ်တော် ကမုန်းသောအရာကို မုန်း၍ ခရစ်တော် ကချစ်သောအရာကို ချစ်ရမည်။ 

နိကောလနှင့် ပတ်သက်၍ အယူအဆနှစ်မျိုးရှိသည်။ အချို့ကနိကောလသည် လူတယောက်၏ နာမည် ဖြစ်၍ လမ်းလွဲသွန်သင်သောသူ ဖြစ်သည် ဟုဆိုသည်။ အချို့ကနိကောလနာမည်၏ အဓိပ္ပါယ်ကို ယူ၍ ​ြငခသ နိကောသည် နိင်ခြင်း၊ ူ​ေငအ​ေည (ူပော​ေည) လသည် လူထုဟု ယူဆကြသည်။ ဆိုလိုသည်မှာ လူထုကို အုပ်ချုပ် သူများ ကအနိင်ယူခြင်း၊ အာဏာဖြင့် အုပ်ချုပ်ခြင်း ဖြစ်သည်။ ဓမ္မဟောင်းခေတ်၌ ဣသရေလ လူများကို ယဇ်ပုရောဟိတ် များကအုပ်ချုပ်သ ကဲ့သို့ အသင်းတော်လည်း သင်းအုပ်ဆရာများ၊ ဘုန်းကြီးများကလူထုကို အုပ် ချင်သော ဆန္ဒရှိခြင်းကို ဆိုလိုသည်။ အသင်းတော်၌ ယဇ်ပုရောဟိတ်မင်းသည် ခရစ်တော် ဖြစ်၍ (ဟေ ၈:၁) ယုံကြည်သူ တိုင်းသည် ယဇ်ပုရောဟိတ် ဖြစ်သည် (၁ ပေ ၂:၉)။ သင်းအုပ်ဆရာများသည် သိုးထိန်းများ ဖြစ်သည်။ ထို့ကြောင့် အ သင်းတော်ကို မည်သူကမျှ အာဏာဖြင့် မအုပ်စိုးရ၊ ခရစ်တော် ခေါင်း၏ အလိုတော်အတိုင်း သွားရမည် ဖြစ်သည်။ ထို့ကြောင့် နိကောလတပည့်များ၏ အလိုဆန္ဒကို ဧဖက် အသင်းတော် ကမုန်း သကဲ့သို့ ခရစ်တော်ကလည်း မုန်းသည် ဟုဆိုသည်။ 
 
ရ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏၊ ထိုသူသည် ငါဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက် ပင်၏ အသီးကို စားစေခြင်းငှါ ငါအခွင့်ပေးမည်။ 

ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ ဟုဆိုသောကြောင့် ဤစာသည် နားရှိသောသူတိုင်း အတွက် ဖြစ်သည်။ ဧဖက် အသင်းတော်၌ ခရစ်တော် ကချီး မွမ်းခဲ့သည့်အတိုင်း ကျင့်၍ အပြစ်တင်ခဲ့သမျှကို ရှောင်ဘို့ လိုသည်။ လူတိုင်း၌ ကိုယ်ခန္ဓာနားရှိသော်လည်း ဝိညာဉ် နားမရှိကြချေ။ “ကျမ်းစာ လာသည်နှင့် အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာ တို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြတော်မူ၏။ (၁ ကော ၂:၉-၁၀) ဟုဆိုထားရာ ဘုရားသခင်က မြင်နိင်သော မျက်စိနှင့် ကြားနိင်သော နားပေးမှသာလျှင်မြင်နိင်ကြားနိင်သည်။ ထိုသို့ဖြစ်ဘို့ရန်လည်း ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေးဘို့သည်။ 

အကြင်သူသည် အောင်မြင်၏၊ ထိုသူသည် ငါ၏ ဘုရားသခင် ပရဒိသု ဥယျာဉ်၌ ရှိသော အသက် ပင်၏ အသီးကို စားစေခြင်းငှါ ငါအခွင့်ပေးမည်။ အောင်မြင်ခြင်းသည် ယုံကြည်ခြင်း ဖြစ်ကြောင်းရှင်ယောဟန်က ဤသို့ ရေးထားသည်၊ “ဘု ရားသခင်၏သား ဖြစ်သောသူ မည်သည်ကား၊ လောကကိုအောင် တတ်၏။ လော ကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။” (၁ ယော ၅:၄)။ ထို့ကြောင့် ယုံကြည်သောသူသည် အောင်မြင် သောသူ ဖြစ်သည်။ အောင်မြင်သောသူကို ဘုရားသခင်က ပရသိသုဥယျာဉ်၌ ရှိသော အသက် ပင်၏ အသီးကို စားခွင့်ပေးမည် ဟုဆိုသည်။ ထိုအသက် ပင်ကို အာဒံနှင့် ဧဝတို့ အပြစ် ကျူးလွန်သော နောက်စားခွင့်မပြုခဲ့ချေ။ ကျမ်းစာက၊ “ထာဝရ အရှင် ဘုရားသခင်က လည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ်၏။ ယ ခုမှာသူသည် ထာဝရ အသက်ကို ရခြင်းငှါ၊ လက်ကို ဆန့်လျက် အသက် ပင်၏ အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ လူသည် မိမိထွက်သော မြေ၌ လုပ်ရမည် အကြောင်း၊ ထာဝရ အရှင် ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲကလွှတ်လိုက်တော်မူ၏။ ထိုသို့ လူကို နှင်ထုတ်ပြီးလျှင်၊ အသက် ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစက်လက်နက်နှင့် တကွခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။ (က ၃:၂၂-၂၄)။ လူသည် အပြစ် ကျူးလွန် ချိန်မှစ၍ အသက် ပင်၏ အသီးကို စားခွင့်မရှိတော့ချေ။ သို့သော် ယုံကြည်ခြင်းရှိ လာသောအခါ ထိုအသီးကို စားခွင့်ပေးသည်။ ထိုအသက် ပင်သည် သခင်ယေရှုခရစ် ကိုယ်တိုင်ကို ပုံဆောင်သည်။ ခရစ်တော်က၊ “ငါသည် အသက်လည်း ဖြစ်၏၊ ” (ယော ၁၄:၆) ဟုဆို ခဲ့သည်။ 
 
 
ဒမသက်မြို့ပျက်စီးခါနီး

ဟေရှာယကဒမသက်မြို့နှင့် ပတ်သက်၍ ပရောဖက် ပြုချက်သည် ယခု ​ကျွန်ပ်တို့ မျက်မှောက်တွင် ပြည့်စုံလုနီး ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ် တော်သည် သွေးထွက်အောင် မှန်ကန်ကြောင်းကို ဤသို့ တွေ့ရသည်။ “ဒမာ သတ်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့၊၊ ဒမာသတ်မြို့သည် မြို့မ ဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏၊၊ အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည် ပိုင်၍၊ အဘယ်သူမျှ မမောင်းဘဲ အိပ်ကြလိမ့်သည်။ ဧဖရိမ်ပြည်၌ မြို့မရှိရ၊၊ ဒမာသတ်မြို့နှင့် ကျန်ကြင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ၊၊ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းသရေကဲ့သို့ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏၊၊ ” (ဟေရှာ ၁ရး၁-၃)။ 

ဒမာသက်မြို့သည် ယခုခေတ်တွင် ဆီးရီးယားနိင်ငံ၏ မြို့တော် ဖြစ်သည်။ ထိုမြို့သည် ရှင်ပေါလုပြောင်းလဲသော ခဲ့သော နေရာ ဖြစ်သည်။ ထိုမြို့သည် ဘုရားသခင်ကမြို့မ ဖြစ်ဘဲ ပျက်စီးရာပုံ ဖြစ်လိမ့်မည်ဟု ပရောဖက် ဟေရှာယအားဖြင့် ဘီစီ ရဝ ၀ ခန့်ကဟောထားခဲ့သည်။ သို့သော် ထိုမြို့သည် တခါမျှပျက်စီးခြင်း မရှိခဲ့သေးချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မပြည့်စုံဘဲ မနေရ။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည် ဟုဆိုခဲ့သည် (မ ၂၄:၃၅)။ 

ယခုအခါ ဆီးရီးယားနိင်ငံသည် အလွန် ဆိုးရွားနေသည်။ သမတအာဆဒ်ကို မနှစ်သက်သောသူများ၏ ဆန္ဒပြခြင်းသည် ၂၀၁၁ ဇန္နဝါရီလ ၂၆ မှစသောကြောင့် တစ်နှစ်နှင့် ၅ လရှိလာပြီ။ ထိုကာလ အတွင်း၌ အစိုးရဘက်မှလူတစ်သောင်း ကျော်သေပြီ ဟုဆိုသော်လည်း ဆန္ဒပြ သူများက လူတစ်သောင်းငါးထောင်ကျော် သေပြီ ဟုဆိုသည်။ အမေရိကန်နှင့် အနောက်အုပ်စုကသမတအာဆဒ်ကို ဖြုတ် ချ၍ ဒီမိုကရေစီနိင်ငံထူထောင်စေချင်သည်။ ရုရှားနှင့် တရုတ်၊ အီရန်တို့ ကလက်ရှိ သမတအာဆဒ်ကို ထောက်ခံ နေကြသည်။ သမတအာဆဒ်က အနောက်အုပ် စုကသူ့နိင်ငံကို တိုက်လျှင် အစ္စရေးနိင်ငံကို တိုက်မည်ဟု ချိမ်း​ခြောက်နေသည်။ ထိုသို့ အစ္စရေးကို ုတိုက်ပါက အစ္စရေးကလည်း ကလဲ့စားချေဘို့ အမြဲပြောထားခဲ့သည်။ ထို့သို့ ကလဲစားချေရာမှ ဒမာသက်မြို့ကို အစ္စရေးက အနုမြူဗုံးကြဲလိုက်ခြင်းဖြင့် ပြာကျသွားနိင်သည်။ အစ္စရေးခေါင်ဆောင်တစ်ဦးကဒမာသက်မင်းမျိုး၏ အာဏာသည် ပျောက်ကွယ်သွားလိမ့်မည်ဟု မကြာသေးမှီက ပြောဆို ခဲ့သည်။ 

အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည် ပိုင်၍၊ အဘယ်သူမျှ မမောင်းဘဲ အိပ်ကြလိမ့်မည်။ ဒမာသက်မြို့ပျက်စီးရာတွင် အာရော်မြို့သည်လည်း ပျက်စီးမည် ဟုဆိုသည်။ အာရော်မြို့ (ဗမသနမ)သည် ယခုဂျော်ဒန်နိင်ငံ၏ မြို့တော် အာမန် (ဗာာ​ေည) ဖြစ်သည်။ ဒမာသက်မြို့ကို ဖျက်ဆီးခြင်းနှင့်အတူ အာမန်မြို့လည်း ပျက်စီးမည် ဖြစ်ကြောင်း ကျမ်းစာက ဖေါ်ပြထားသည်။ ထိုနေရာ၌ သိုးစုတို့သည် ပိုင်၍ အဘယ်သူမျှ မမောင်းဘဲ အိပ်ကြလိမ့်မည် ဟုဆိုခြင်းသည် လူသူမနေ၊ သိုးစားကျက် ဖြစ်မည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ ယခုအခါ ဆီးရီးယားပြည်သူ များစွာသည် ဂျော်ဒန်နိင်ငံ၌ စစ်ပြေးဒုက္ခသည် အဖြစ်ရောက်ရှိလာ ကြသည်။ ဂျော်ဒန်နိင်ငံသည် အစ္စရေးနိင်ငံနှင့် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ခဲ့သော်လည်း ယခုဘုရင်ဟူစိန်ကမကျေမနပ် ဖြစ်နေသည်။ အစ္စရေးနိင်ငံနှင့်အချိန်မရွေး စစ် ဖြစ်နိင်သည်။ 

ဧဖရိမ်ပြည်၌ မြို့မရှိရ၊၊ ဒမာသတ်မြို့နှင့် ကျန်ကြင်းသော ရှုရိပြည်၌ မင်း အာဏာမရှိရ၊၊ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏၊ ဧဖရိမ်ပြည်၌ မြို့မရှိရ ဟုဆိုရာတွင် မည်သည့်နေရာကို ဆိုလိုသနည်း။ ဧဖရိမ်ပြည်သည် ဣရေလကို ဆိုလိုတတ်သည်။ သို့ဖြစ်လျှင် အစ္စရေးနိင်ငံကို လိုသလော၊ မဖြစ်နိင်ချေ။ ဧဖရိမ်ပြည်သည် ယောရှုလက်ထက်၌ ခါနန်ပြည်ကို ဝေခွဲသောအခါ ဧဖရိမ်အမျိုးများနေထိုင်ခဲ့သော နေရာကို ဆိုလိုပေမည်။ ထိုနေရာသည် ယခုအခါ ပါလက်စ တင်းများ နေထိုင်သော ဂျော်ဒန်မြစ်အနောက်ကမ်း​ခြေ၊ ဂျူးဒီယားနှင့် ရှမားရီးယားကို ဆိုလိုသည်။ ထိုကြောင့် ဒမာသက်မြို့ပျက်စီးရာတွင် အနောက်ဖက်ကမ်း​ခြေ ရှိ ယခုပါလက်စတင်းများလည်း ပျက်စီးကုန်မည် ဖြစ်သည်။ 

ထိုကာလ၌ ယာကုပ်အမျိုး၏ ဘုန်းသည် လျော့၍ ဆူဝခြင်းလည်း ပိန် ကြုံခြင်း ဖြစ်ရလိမ့်မည်၊၊ (ဟေရှာ ၁ရး၄) ထိုကာလ၌ ဟူသောအရာသည် ဒမာသက်မြို့ပျက်စီးမည့် ကာလကို ဆိုလိုသည်။ ယာကုပ်အမျိုး၏ ဘုန်းသည် လျော့၍ ဆူဝခြင်းလည်း ပိန်ကြုံခြင်း ဖြစ်ရလိမ့်မည် ဟုဆိုရာတွင် ယာကုပ်အမျိုးသည် အစ္စရေးလူမျိုးကို ဆိုလိုသည်။ ဘုန်းလျော့ခြင်း ဆိုသည်မှာ အားနည်းမည်၊ ။ ပိန်ကြုံခြင်း ဖြစ်မည်ဆိုသည်မှာ ဆင်းရဲမည်။ အစ္စရေးနိင်ငံသည် အိမ်နီးချင်းနိင်ငံ ဆီးရီးယား၊ ဂျော်ဒန်၊ ပါလက်စတင်းများနှင့် တိုက်ခိုက်ခြင်းကြောင့် အသေအ ပျောက်နှင့် အပျက်အစီးများကြောင့် အားနည်းလျက် ဆင်းရဲ သွားမည်။ 

လူသည် စပါးကို သိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ် သကဲ့သို့၎င်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ် သကဲ့သို့၎င်း၊ ထိုအမှု ဖြစ်ရလိမ့်မည်၊၊ သို့ရာတွင်၊ သံလွင်ပင်ကို လှုပ်ပြီးမှအပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ် သကဲ့သို့၊ ကောက်သိမ်းစရာ အကြင်းရှိရလိမ့်မည်ဟု ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏၊၊ (ဟေရှာယ ၁ရး၅-၆) စပါးရိပ်သိမ်းရာတွင် လယ်သည် ပြောင်သလင်း ဖြစ်တတ်သည်။ ထိုနည်းတူ အစ္စရေးနိင်ငံသည် ဖြစ်လိမ့်မည် ဟုဆိုသည်။ သို့သော် သံလွင်ပင်ကို လှုပ်ပြီးမှအပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ် သကဲ့သို့၊ ကောက်သိမ်းစရာ အကြင်းရှိရလိမ့်မည် ဟုဆိုခြင်းသည် အစ္စရေးနိင်ငံသည် အနည်းငယ်ကျန်ကြွင်းမည် ဟုဆိုသည်။ လုံး ဝပျောက်ပျက်သွားမည် မဟုတ်။ 

ထိုသို့ ဒမာသက်မြို့၊ အာရော်မြို့ တည်းဟူသော ဂျော်ဒန်မြို့တော် အာ မန်မြို့၊ ဧဖရိမ်ပြည် တည်းဟူသော ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း​ခြေရှိ ပါလက်စတင်းများ နေထိုင်ရာရှမာရီးယားနှင့် ဂျူးဒီယားဒေသများ ပျက်စီးမည့် အချိန်သည် အလွန် နီးနေပြီ။ အချိန်မရွေး ဖြစ်နိင်သည်။ ထိုအချိန် မတိုင်မှီယုံ ကြည် သူများကို ခရစ်တော်က ချီဆောင်သွားနိင်သည်။ ထို့ကြောင့် ထိုအချိန် မတိုင်မှီ ကယ်တင်ခြင်းသို့ ရောက်ဘို့ လိုသည်။ ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက် ပြီးသောသူများ အနေဖြင့် မိမိအနား၌ ရှိသော မိဘ ညီအစ်ကို မောင်နှမ သူငယ် ချင်း ဆွေမျိုးသား ချင်း၊ လုပ်ဘော်ဆောင်ဘက်များကို ကယ်တင်ခြင်း အကြောင်း ပြောပြဘို့ လိုသည်။ 


တည်ဆောက်ဘို့ခွန်အား ယူကြစို့

ဖျက်စီးဘို့ရန် အလွန် လွယ်သည်။ လူတိုင်း ဖျက်ဆီးတတ်သည်။

သို့သော် တည်ဆောက်ဘို့ရန် မလွယ်ပါ။ လူတိုင်း မတည်ဆောက်တတ်ကြပါ။

ဖျက်စီးဘို့ရန်အချိန် များစွာ မလိုပါ။

တည်ဆောက်ဘို့ရန် အချိန်နှင့် စွမ်းအား များစွာ လိုအပ်သည်။

ထို့ကြောင့် ကိုယ့်အားဖြင့် ဖျက်စီးခြင်းသို့ မရောက်၊ တည်ဆောက်သူ ဖြစ်ကြစို့။

ဝေဖန်ဘို့ရန် အလွန် လွယ်သည်။ သို့သော် ကိုယ်တိုင် အဝေဖန်မခံနိင်ကြပါ။

ထို့ကြောင့် သူတပါးကို မဝေဖန်မှီသေချာစွာ စဉ်းစားသင့်သည်။

သေချာစွာ အ​ခြေ အနေ မသိဘဲ ခန့်မှန်း​ခြေနှင့် မဝေဖန်သင့်ပါ။ 

သူတပါးကို စွပ်စွဲဘို့ လွယ်ကူသည်။

စိတ်ထဲ၌ မရှင်းလင်းပါက မေးမြန်းပါ။ 

တစ်ဦးနှင့်တစ်ဦး အမြင် လွှဲလျှင် မည်သည့်အရာမျှလုပ်၍ မဖြစ်တော့ပါ။ 

အကောင်းကို အဆိုးဟု မြင်နေတတ်သည်။ 


 
 
တစ်မိနစ်စောင့်ပါ

ယုံကြည်သူ တစ်ဦးက ဘုရားသခင်ထံ ဤသို့ စကားပြောသည်။

ယုံကြည်သူ။ “ကိုယ်တော် အတွက်ဆိုအနှစ်တစ်ထောင်ဟာ တစ်ရက်လိုဖြစ်တယ်နော်။” 

ဘုရားသခင်။ “ဟုတ်တယ်လေ။” 

ယုံကြည်သူ။ “ဒါဆိုရင်ဒေါ်လာတစ်သန်းလဲကိုယ်တော်အတွက် တစ်ပြားလောက်ဘဲ ဖြစ်မှာပေါ့နော်။” 

ဘုရားသခင်။ “ဟုတ်တယ်။” 

ယုံကြည်သူ။ “ဒါဆိုရင်ကိုယ်တော်ဘုရား၊ ​ကျွန်တော့ကို တစ်ပြားလေးပေးပါလား။” 

ဘုရားသခင်၊ “ဟုတ်ကဲ့၊ ပေးပါ့မယ်၊ တစ်မိနစ်လေးစောင့်နော်။” 


ကိုယ်တော်၏ တစ်မိနစ်သည် တနှစ်လည်း ဖြစ်နိင်သည်၊ ဆယ်နှစ်လည်း ဖြစ်နိင်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် ယုံကြည်သူများကို ချက်ချင်း မပေးမကူညီတတ်သနည်း။ အာဗြဟံကိုလည်း တကူးတက ဥရရပ်မှခေါ်၍ ခါနန်ပြည်သို့ သွားခိုင်းသည်။ သို့သော် အာဗြံခါနန်ပြည်သို့ ရောက်သောအခါ အစာ ခေါင်းပါး မှုနှင့် ကြုံတွေ့ ရသည် (က ၁၂:၁၀)။ ထိုမျှသာမက သားယောက်ျား ပေးမည် ဖြစ်သော်လည်း အဘယ်ကြောင့်နှစ်ပေါင်း များစွာ စောင့်ခိုင်းသနည်း။ ထိုသို့ ကြံ့ကြာသောကြောင့် အာဗြဟံနှင့် ဇနီးမောင်နှံတို့သည် မလုပ်သင့်သောအရာကို လုပ် ကြသည်။သားယောက်ျားရရှိဘို့ရန် အဲဂုတ္တု ပြည် မှခေါ်လာသော ​ကျွန်မဟာဂရအားဖြင့်သားရဘို့ ကြံစည် ကြသည်။ ယောသပ်ကိုလည်း ဘုရားသခင်ကသူ၏ မိသားစု၌ ခေါင်းဆောင် ဖြစ်မည့် အကြောင်းကို အိပ်မက်အားဖြင့် ပြောခဲ့သည် (က ၂ရ)။ သို့သော် ယောသပ်သည် သခင်မ ဖြစ်သည်သာမက ​ကျွန်အဖြစ် ရောင်းစားခြင်း ခံရ၍ နောက်ဆုံး၌ မတရားသဖြင့် ထောင်ချခံရသည်။ သူသည် ခေါင်းဆောင် ဖြစ်ဘို့ရန် ၁၃ နှစ်စောင့်ခဲ့ရသည်။ အဘယ်ကြောင့်ဘုရားသခင်သည် ထိုကဲ့သို့ နှေးတော်မူ သနည်း။ 

ဘုရားသခင်သည် ထာဝရဘုရား ဟူသောဘွဲ့နာမကို ယူထားသည့်အ တိုင်း သူ့အတွက် အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ဖြစ်သည်။ လူသည် နှစ်အနည်းငယ်သာအသက်ရှင်သောကြောင့် စိတ်လောတတ်သည်။ ယခု ခေတ်တွင် ပို၍ အလွန် စိတ်မြန် ကြသည်။ ယခုခေတ်တွင် ဘာမဆိုချက်ချင်း လိုချင်သောခေတ် ဖြစ်သည်။ ထာဝရဘုရားသည် အလွန် နှေးကွေးသည်။ ထို့ကြောင့် လူသားများက သူ့ကို မစောင့်နိင်ကြခြင်း ဖြစ်သည်။ သို့သော် ထာဝရဘုရားသခင် သူ၏အချိန် ဇယားအတိုင်း အလုပ်လုပ်သော ဘုရား ဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရား၏ အချိန်ကို စောင့်ဘို့ လိုသည်။ ဘုရားသခင်က ချက်ချင်း မပေး တတ်ခြင်းသည် သူ၌ စိတ်ချခြင်းရှိမရှိ၊ ယုံကြည်ခြင်းရှိမရှိသိလိုသောကြောင့် ဖြစ်မည်။ 

ဧဝနှင့် အာဒံတို့ ကထာဝရဘုရားကို မစောင့်နိင်ဘဲ ကောင်းမကောင်း သိ​ကျွမ်းရာအပင်၏ အသီးကို စားလိုက် ကြသည်။ ထာဝရဘုရားသည် သူတို့ကို နေအေးသောအခါ လာလည်တတ်သည်။ ထိုအချိန် ထိမစောင့်နိင်သောကြောင့် တားမြစ်ထားသော အသီးကို စား၍ အပြစ် ကျူးလွန်က ယခုတိုင် လူသား အားလုံး ကအပြစ် ကျွေးခံရ ကြသည်။ အာဗြဟံကဘုရား၏ အချိန်ကို မစောင့်နိင်သောကြောင့် ​ကျွန်မဟာဂရနှင့်သား ဣရှမေလကို ရရှိသောကြောင့် ယနေ့ တိုင်ဣရှမေလ၏ သားများဖြစ်သော အာရပ်များနှင့် ဣဇက်၏ သားများဖြစ်သော အစ္စရေး များသည် ရန်ဖြစ်ကာတစ်ကမ္ဘာလုံးကခံရသည်။ ရှောလုကယဇ်ပုရောဟိတ် ရှာမွေလကို နာရီ ပိုင်းမစောင့်နိင်သောကြောင့် ရှင်ဘုရင်အဖြစ် မှပယ်ခြင်း ခံခဲ့ ရသည် ( ၁ရာ ၁၃:၁၃-၁၄)။ 

ယောသပ်သည် ဘုရားသခင်က သူ့ကို ခေါင်းဆောင် နေရာ၌ ထားမည့် အကြောင်းကို အိပ်မက်အားဖြင့် နှစ်ခါ ဖေါ်ပြခဲ့သည် (က ၃ရး၅-၁၀)။ သို့သော် သူသည် ခေါင်းဆောင် ဖြစ်မည့်အစား အစ်ကိုများက​ကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ ထိုနောက် မတရားသဖြင့် ထောင်ချခံခဲ့ရသည်။ ၁၃ နှစ်ကြာသောအခါ ဖါရောဘုရင်အောက်၌ အကြီး ဆုံးသော ရာထူးကို ဘုရားသခင်က ချီးမြှင့်ခဲ့သည်။ ယောသပ်သည် ဘုရားသခင်၏ အချိန်ကို မစောင့်နိင်ခဲ့သည် ရှိခဲ့သော်၊ ခေါင်းဆောင် ဖြစ်နိင်မည် မဟုတ်။ ယောသပ်သည် မယုံကြည်သူများကြား၌ တယောက် တည်းနေခဲ့သည်။ ဘုရားကျောင်းလည်း မတက်ဘူးပေ။ ကျမ်းစာလည်း မဖတ်ဘူးခဲ့။ ဆုတောင်း အစည်းအဝေးလည်း မတက်ခဲ့။ သို့သော် ဘုရားသခင်၏ အချိန်ကို စောင့် နိင်ခဲ့သည်။ ထို့ကြောင့် ယနေ့ ယုံကြည်သူများ၏ ပုံသက်သေကောင်းပြနိင်သည်။ ယုံ ကြည် သူများလည်း ယောသပ်ကဲ့သို့ ဘုရားသခင်၏ အချိန်ကို စောင့်နိင်ကြပါစို့။ 
 
 
ပျောက်ဆုံးဝိညာဉ် ဖမ်းမည့် သင်တန်း

ဇွန်လ ၁၅ ရက်နေ့သော ကြ်ာနေ့တွင် အိန္ဒိယနိင်ငံမြို့တော် နယူးဒေလီမြို့ရှိ သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ပျောက်ဆုံးဝိညာဉ် များဖမ်းမည့် ကျမ်းစာ သင်တန်းဖွင့်ပွဲကို ပြုလုပ် ကြသည်။ မတ်လနှင့် မေလအတွင်း အိနိ​ြယနိင်ငံသို့ ဧဝံ ဂေလိ တရားဟောထွက်သောအခါ ဘုရားသခင်၏ ကောင်းကြီး ပေးမှုကြောင့် လူ များစွာ ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားများသိလာကာ အသက်တာများပြောင်းလဲလာခဲ့ ကြသည်။ နယူးဒေလီမြို့၌ မြန်မာနိင်ငံသားများတသောင်း ခန့်ရှိ ကြသည်။ ထိုသူများသည် တတိယနိင်ငံသို့ ဒုက္ခသည် အစီအစဉ်ဖြင့် သွားရောက်နိင်ဘို့ရန် စောင့် နေကြသောသူများ ဖြစ်သည်။ အချို့သောသူများသည် အလုပ်လုပ်ရင်းဖြင့် စောင့်ကြ သကဲ့သို့ အချို့သောသူများသည် နိင်ငံခြားမှအမျိုး များ၏ ထောက်ပံ့ခြင်းဖြင့် နေထိုင် ကြသည်။ ထိုသူများ အထဲ၌ နေရာဒေသ ပြောင်းခြင်း၊ လုပ်စရာ မရှိခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် မူးယဇ်ဆေးဝါးစွဲ၍ အကျင့် ပျက် သူ များစွာ ရှိကြသည်။ ထိုသူများကို ကယ်တင်ခြင်းနှင့် သမ္မာတရား သင် ဘို့ရန် အလွန် လိုအပ်နေသည်။ ကျမ်းစာကျောင်းဆရာထွန်းထွန်းကကျမ်းစာ ကျောင်းဖွင့်ဘို့ တိုင်ပင်သောအခါ သမရိုးကျကျမ်းစာ ကျောင်း မဟုတ်ဘဲ ပျောက် ဆုံး ဝိညာဉ် ဖမ်းသော ကျမ်းစာ သင်တန်းကျောင်းဖွင့်ဘို့ ဖြစ်လာသည်။ 


သင်တန်းကျောင်းနာမည်ကိုလည်း သက်သာလောနိတ်ကျမ်းစာ သင်ဌါနဟု နာမည်ပေးထားသည်။ အကြောင်းမှာ သက်သာလောနိတ်အသင်း တော်သည် ရှင်ပေါလုကစာရေးသောအခါ အပြစ် ဆိုစရာ မရှိ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ မြော်လင့်ခြင်းနှင့် အလုပ်လုပ်သောသူများ ဖြစ်သည်သာမက သခင်ယေရှု ကြွလာမည့် အရာကို မြော်လင့်သောသူများ ဖြစ်သည်။ သူတို့သည် အခါယပြည်နှင့် မာကေဒေါနိပြည်၌ စံပြ ယုံကြည်သူများဖြစ် ကြသည်။ ထို့ကြောင့် သက်သာလောနိတ် ယုံကြည်သူများကဲ့သို့သောအမှုဆောင်များ မွေးထုတ်ပေးမည့် ဌါန ဖြစ်ဘို့ရန် ရွယ်ချက်ရှိသည်။ 


သင်ပေးမည့် ဆရာ၊ ဆရာမလေးပါး ဖြစ်၍ သင်တန်းသား၂ရယောက် ရှိသည်။ သင်တန်းကာလ ာသည် ၆ လ ဖြစ်မည်။ နေ့တိုင်း နံနက် ၈ နာရီမှ နေ့လည်း၁၂ နာရီ ထိသင်တန်းတက်၍ ညနေပိုင်းတွင် အပြင်ထွက်၍ ပျောက် ဆုံး ဝိညာဉ်များရှာဖွေဘို့ ဖြစ်သည်။ ထိုသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့စ တင်မည် ဖြစ်သည်။ ထိုသင်တန်းကျောင်းအောင်မြင် ဘို့ရန် ဆုတောင်းခြင်းဖြင့်၎င်း၊ ပေးလှူခြင်း အားဖြင့်၎င်း၊ ပါဝင်နိင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ 
 
 
ဧဝံဂေလိ ခရီး စဉ်


ဆရာမောဇက်ထောင်ကျုံးနှင့် ဇနီးဒေါ်ဟန္နတို့သည် ဇွန်လ ၄ ရက် နေ့တွင် လေယဉ်ပျံဖြင့် ဧဝံဂေလိ ခရီး ထွက်ခဲ့ကြပါသည်။ ဆရာ မောဇက်သည် ဇွန်လ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ Kentucky ပြည်နယ် Louisville မြို့တွင် ကျမ်းစာ သင်တန်း ပြုလုပ် နေချိန်တွင် ဒေါ်ဟန္နသည် Indianapolis မြို့၌ ခလေး များနှင့် လူကြီးများကို ကျမ်းစာ သင်ပေးခဲ့ပါသည်။ ဇွန်လ ၁၈ ရက်နေ့တွင် ဆရာမဟန္နသည် Michigan ပြည်နယ် Battle Creek မြို့သို့ သွာ၍ တစ်ပတ်သင် တန်းပေးချိန်တွင် ဆရာမောဇက်သည် Indianapolis မြို့သို့ သွား၍ တစ်ပတ်သင် တန်းပေးခဲ့သည်။ ဆရာမဟန္နသည် ဇွန်လ ၁၉ ရက်နေ့တွင် အိမ်ပြန်၍ ဆရာ မောဇက်သည် ဇွန်လ ၁၈ ရက်နေ့တွင် Battle Creek မြို့သို့ ရောက်၍ တစ်ပတ် သင်တန်းပေးခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဆရာမဟန္နနှင့် ဆရာ မောဇက်တို့ သွားလေရာရာ၌ ဝိညာဉ်ပိုင်း တိုးတက်မှု များနှင့် နိုးကြားမှုများတွေ့ ရှိသောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီမွမ်းပါသည်။ ဆရာမဟန္နသည် ဇွန်လ ၂၅ ရက်နေ့မှစ၍ Baltimore, MD မြို့တွင် ခလေးများကျမ်းစာ သင်တန်နံနက် ပိုင်းနှင့် ညနေပိုင်း ပြုလုပ် ပေးနေပါသည်။ ထိုသင်တန်းသည် နှစ်ပတ်ကြာမည်ဟု စီစဉ် ထားသော်လည်း ခလေးများစိတ်ဝင်စားပါက နွေရာသီကျောင်းပိတ်ရက်အတွင်း နေ့တိုင်း သင်ပေးနိင်ပါသည်။ 
 
လူငယ်စခန်းသွင်းကျမ်းစာသင်တန်း


ပဌမ အကြိမ်အမေရိကန်ပြည် ထောင်စုရှိဂျီဘီစီ လူငယ် ၁၂၀ ကျော်သည် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ဏနညျပူလ​ေညင​ေ ပြည်နယ်ဩညအမသျန မြို့ငယ်ကလေး၌ စခန်းသွင်းကျမ်းစာ သင်တန်း ပြုလုပ် ကြပါသည်။ ထိုသင်တန်း၌ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာများကို ဆရာလေးပါးက သင်ကြားပေးကြပါသည်။ ယခုခေတ်တွင် ခေတ်ရေစီးကြောင်းသည် ပျက်စီးခြင်းသို့ အလျှင်အမြန် သွားနေချိန်တွင် ယခုကဲ့သို့ ကျမ်းစာ သင်တန်း ပြုလုပ် နိင်သောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။ 
 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG