GOODNEWS
  HOME  GOODNEWS  2012 JUN
 


အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်သွားလာ လှုပ်ရှားနိင်ကြသေးသည်။ ယခုနေ့ရက်ကာလ၏ နောက်ဆုံးသောအချိန် ဖြစ်သောကြောင့် လောက၌ နိမိတ်လက္ခဏာ များစွာ တွေ့ရသည်သာမက အလုပ် လက်မဲ့လည်း ပို၍ များလာသည်။ အမေရိကန်ပြည် ထောင်စု၌ Ph.D ဘွဲ့ ရ သုံးသောင်းကျော်နှင့် Master ဘွဲ့ရ သုံးသိန်းကျော်သည် အစိုးရထံမှ food stamps ကို အားကိုး နေကြသည်ဟု (chronicle.com/article/From-Graduate-School-to/131795/) ၌ တွေ့ရသည်။ ဘေးဒဏ်ကြီး ကာလ၌ လူတဦး၏ တရက် လုပ်ခ တည်းဟူသော ဒေနရိတပြားသည် ဂျုံဆန်တခွက်၊ မုယောဆန် ၃ ခွက် သာရမည့် အကြောင်း (ဗျာ ၆:၆)၌ တွေ့ရသည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလနှင့် နီးကြောင်း သိနိင်သည်။ 

ဘေးဒဏ်ကြီး ကာလနှင့် နီးလာသောကြောင့် သက်သာလောနိတ် ကျမ်းကို မလေ့လာဘဲ ဗျာဒိတ်ကျမ်းကို လေ့လာဘို့ လိုသည်ဟု မြင်ပါသည်။ ထို့ကြောင့် ဗျာဒိတ်ကျမ်းကို လစဉ်လေ့လာသွားမည် ဖြစ်သည်။ သို့သော် စာစောင် ဖြစ်သောကြောင့် အသေးစိတ်လေ့လာနိင်မည် မဟုတ်၊ အကြမ်းဖျဉ်းအားဖြင့် လေ့လာသွားမည် ဖြစ်သည်။ ဗျာဒိတ်ကျမ်းသည် ကာလအချိန် နီးလေလေသ ဘောပေါက်ရလွယ်လေလေ ဖြစ်သည်။ ဆိုင်းဘုတ်များလည်း အဝေးမှ မရှင်း၊ မဖတ်နိင်သော်လည်း အနီးရောက်လေလေရှင်းလေလေ ဖြစ်သကဲ့သို့ ပရာဖက် ပြုချက်များလည်း နီးလေလေ သဘောပေါက်လွယ်လေလေ ဖြစ်သည်။ ဗျာဒိတ် ကျမ်းနှင့် ပရောဖက် ပြုချက်များသည် နောက်ဆုံးသတင်း များထက် ခေတ်ရှေ့ ပြေးသောကြောင့် ယုံကြည်သူတိုင်း ကျမ်းစာကို ကြည့်၍ လောက အဖြစ်အပျက်များကို ချိန်ကြည့်ဘို့ လိုသည်။ 

ဤစာစောင်၌...

ဗျာဒိတ်ကျမ်းလေ့လာခြင်း 
သိလိုသော စိတ်သက်သက်
မြေပုံနှင့် ဆိုင်ဘုတ်
အသက် 
ဘုရား တည်ဆောက်သော အိမ်ထောင်
ဧဝံဂေလိ ခရီး စဉ်
အသင်းတော်တိုးခြင်း 
ဘုရားသခင့်အကြံတော် 
 

 
ဗျာဒိတ်ကျမ်းကို လေ့လာခြင်း 
ဗျာဒိတ်ကျမ်းသည် ယုံကြည်သူများအဖတ်နည်းဆုံးနှင့် အဓိပ္ပါယ် နားမလည် ဆုံးသော ကျမ်း ဖြစ်သည်။ အကြောင်းမှာ နားလည်ရခက်ခြင်းနှင့် သင်ပေးသောသူမရှိ၊ တရားဟောသောအခါ၌လည်းကိုးကားခြင်း အနည်းဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ အချို့သော ယုံကြည်သူများက ဗျာဒိတ်ကျမ်းကို ကျမ်းစာ၌ ပင် မထည့်သင့် ဟုဆို ကြသည်။ သို့သော် ဤကျမ်းသည် အလွန် အရေးကြီးသော ကျမ်း၊ ဤနောက်ဆုံးသော ကာလ၌ အလွန် လိုအပ်သော ကျမ်း ဖြစ်သည်။ ဘုရားသခင်က၊ “ကာလအချိန် ရောက်လုနီးပြီး ဖြစ်၍၊ ဤအနာ ဂတ္တိကျမ်းစကားကို ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးထားသမျှတို့ကို စောင့် ရှောက်သော သူတို့သည် မင်္လာရှိကြ၏။” ဟုဆိုထားသည် (ဗျာ ၁:၃)။ 

ကမ္ဘာဦးကျမ်းသည် အရာခပ်သိမ်း၏ အစကို ဖေါ်ပြထားသည်။ ဗျာ ဒိတ်ကျမ်းသည် အရာခပ်သိမ်း၏ အဆုံးကို ဖေါ်ပြထားသည်။ အထူးသဖြင့် ဤကမ္ဘာလောက ကြီး၏ အဆုံး၊ စာတန်၏ အဆုံး၊ ယုံကြည်သူများ၏ အဆုံး၊ မယုံကြည်သူများ၏ အဆုံးကို ဖေါ်ပြသောကြောင့် အလွန် အရေးကြီးသည်။ ဗျာဒိတ်ကျမ်းကို အပိုင်းသုံးပိုင်းပိုင်းနိင်သည်။ သခင်ဘုရားကယောဟန်ထံ၊ “ထိုကြောင့်၊ သင်သည် မြင်ပြီးသောအရာ တို့ကို၎င်း၊ ယခုရှိသောအရာ တို့ကို၎င်း၊ နောင် ဖြစ်လတံ့သောအရာ တို့ကို၎င်း၊ ရေးထားလော့။” (ဗျာ ၁:၁၉)။ သင်သည် မြင်ပြီးသောအရာ ဟူသောအရာသည် အခန်းကြီး ၁ကို ဆိုလိုသည်။ ယ ခုရှိသောအရာ တို့သည် အခန်းကြီး ၂နှင့် ၃ကို ဆိုလိုသည်။ နောင် ဖြစ်လ တံ့သောအရာ တို့ အခန်းကြီး ၄မှ ၂၂ အထိ ဖြစ်သည်။ 

အခန်းကြီး ၁၌ ယောဟန်သည် ပတ်မု​ကျွန်းတွင် သခင်ယေရှုကို မြင်သည်။ အခန်းကြီး ၂နှင့် ၃သည် သခင် ခရစ်တော်က အသင်းတော် ရပါးကို စာရေးသောအရာ ဖြစ်၍ နှစ်ပေါင်းနှစ်ထောင်အတွင်း အသင်းတော်၏ အ​ခြေအနေကို ရေးထားခြင်း ဖြစ်သည်။ အခန်းကြီး ၄နှင့် ၅သည် ကောင်းကင်ဘုံအ​ခြေအနေကို ရေးထား၍ အခန်းကြီး ၆မှ ၁၈ အထိသည် ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်အကြောင်းကို ရေးထားသည်။ အခန်းကြီး ၁၉၌ ရှင်ဘုရင်ယေ ရှုကောင်းကင်ဘုံမှ ဘုန်းတန်ခိုးနှင့် ကြွလာခြင်းကို ဖေါ်ပြ၍ အခန်းကြီး ၂၀တွင် တရားစီရင်ခြင်းများကို ရေးထားသည်။ အခန်းကြီး ၂၁နှင့် ၂၂တွင် ကောင်းကင်သစ်၊ မြေကြီးသစ်၊ ယေရုရှလင် သစ်များ အကြောင်းကို ရေးသား ထားသည်။ 

ဗျာဒိတ်ကျမ်း နားလည်ဘို့ရန်မှာ အခြားကျမ်းများကို နားလည်ပြီးသား ဖြစ်ဘို့ လိုသည်။ အကြောင်းမှာ ပုံဆောင်ချက်များ၊ အသုံးအနှုန်းများသည် တူ ညီနေသောကြောင့် ဖြစ်သည်။ ဗျာဒိတ်ကျမ်းကို အနက်အဓိပ္ပါယ် ပြန်နည်းအမျိုး မျိုးရှိသည်။ ထိုနည်းများမှာ၊ 
 
သမိုင်းအဖြစ် အနက်ပြန်နည်း၊ ဆိုလိုသည်မှာ ဗျာဒိတ်ကျမ်း၌ ရေးသားသော အရာများသည် အနာဂတ်အကြောင်း မဟုတ်၊ လွန်ခဲ့ပြီးသော အရာများ ဖြစ်သည်ဟု ပြန်သည်။ ထိုသူများအတွက် ဗျာဒိတ်ကျမ်းသည် အနာဂတ်အတွက် မဟုတ် သောကြောင့် ယခုအခါ အရေးမကြီး တော့ချေ။ 
 
၀ိညာဉ်ပိုင်းအဖြစ် အနက်ပြန်ခြင်း၊ ဤအနက်ပြန်နည်းအရ ဖြစ်လျှင် ဗျာဒိတ် ကျမ်း၌ ရေးသားသော အရာများသည် ဝိညာဉ်ရေးရာသာလျှင် ဖြစ်၍ အမှန်တ ကယ် (ူငအနမ​ေူ) ဖြစ်ပျက်မည် မဟုတ်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဣသရေလ လူမျိုးများကို အသင်းတော် ကအစားထိုး လိုက်သည်။ ထိုသူများအတွက် အနှစ်တစ် ထောင်အုပ်စိုးခြင်းသည် မရှိ၊ ယခုပင်အနှစ်တစ်ထောင်အုပ်စိုးချိန် ဖြစ်သည်ဟုယူ ဆသည်။ 
 
အနာဂတ်အတွက် ရေးသားခြင်းဟု ခံယူခြင်း။ ဤခံယူချက်အတိုင်း ဖြစ်ပါက ဗျာဒိတ်ကျမ်းသည် အဓိကအားဖြင့် အနာဂတ်၌ ဖြစ်ပျက်မည့် အရာများကို ရေး သားသည် ဟုဆိုသည်။ ထို့ကြောင့် ထိုကျမ်းထဲ၌ ပါသောအရာ အများစုသည် မပြည့်စုံသေး၊ ယခုများ မကြာမှီတွင် ပြည့်စုံမည်ဟု ယုံကြည်သည်။ ဤစာသည် ထိုသို့ ယုံကြည်ခြင်းဖြင့် ရေးသားခြင်း ဖြစ်သည်။ 
 
ဗျာ ၁:၁-၃။ 

ကာလ မကြာမမြင့်မှီ ဖြစ်ရမည်အမှု အရာများကို ယေရှုခရစ်သည် မိမိအစေခံ​ကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင် အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံ​ကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူ ချက်ကို၊ မြင်သမျှ အတိုင်း သက်သေခံ၏။ ကာလအချိန် ရောက်လုနီးပြီး ဖြစ်၍၊ ဤ အနာဂတ္တိကျမ်း စကားကို ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးထားသ မျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္လာရှိကြ၏။ 

ဘုရားသခင်သည် မိမိလုပ်မည့် အရာများကို မိမိအစေခံ​ကျွန်တို့အား ကြိုတင် မပြဘဲ မလုပ်တတ်ပါ။ နောဧလက်ထက် ရေလွှမ်းမိုးမည့် အရာ၊ ယော သပ်လက်ထက် အဲဂုတ္တု ပြည်၌ အစာ ခေါင်းပါး မည့် အရာ၊ နိနေဝေမြို့ကြိုးတရား စီရင်မည့် အရာများကို ကြိုတင် သတိပေးခဲ့သည်။ ထိုကဲ့သို့ပင် ယခုလည်း ဘုရားသခင်သည် ယေရှုခရစ် မှတဆင့် ကောင်းကင်တမန်၊ ထိုမှယောဟန်ထံသို့ မိမိလုပ်မည့် အရာများကို ဖေါ်ပြသည်။ ဤဟောဟန်သည် တပည့်တော် ၁၂ ပါး အဝင်ယာကုပ်၏ ညီ ဖြစ်သည်။ သူလည်း မြင်သမျှ အတိုင်း ချန်မထားဘဲ ရေးသား ခဲ့သည်။ ထို့ကြောင့် ဤအနာကတ္တိကျမ်းစကားကို ကြည့်ရှုဘတ်ရွတ်နား ထောင်၍ ရေးသား သမျှတို့ကို စောင့်ရှောက်သောသူသည် မင်္လာရှိသည် ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူမူကား ဤကျမ်းကို ဖတ်ရှုခြင်းဖြင့် ဘုရားသခင်၏ အကြံအစည်တော်ကို သိ၍ ကြိုတင် သတိထားနိင်သည်။ ဤကျမ်းစာကို မဖတ်သောသူမူကား မိမိ အလိုဆန္ဒအတိုင်း အသက်ရှင်သောကြောင့် သတိ မထားအငိုက်မိမှာသေချာသည်။ 
 
ဗျာ ၁:၄-၆

ငါယောဟန်သည် အာရှိပြည်၌ ရှိသော အသင်းတော် ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင့်အထံတော် က၎င်း၊ ပလ္လင်တော် ရှေ့၌ ရှိသော ဝိညာဉ် ခုနစ်ပါးအထံ က၎င်း၊ သစ္စာ စောင့်သော သက်သေခံ ဖြစ်တော်မူ ထသော၊ သေသော သူတို့တွင်သား ဦး ဖြစ်တော်မူ ထသော၊ လောကီဘုရင်တို့၏ အထွဋ္ဋ် ဖြစ်တော်မူသော ယေရှုခရစ် အထံတော် က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ ငါတို့ကို ချစ်၍ မိမိအသွေးနှင့် ငါတို့ အပြစ်များကို ဆေးကြောတော်မူ၍၊ မိမိ ခမည်းတော် ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ် ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူ စေသတည်း။ အာမင်။ 

ယောဟန်က အာရှိပြည် ( ယခုခေတ် တူရကီပြည် အနောက်ပိုင်း)၌ ရှိသော အသင်းတော် ခုနှစ်ပါးကို ကြားလိုက်ပါ၏ဟု ရေးထားသည်။ သူရေးသော စာသည် အခန်းကြီး ၂နှင့် ၃၌ တွေ့ရသည်။ ထိုနေရာ၌ သခင်ယေရှုထံမှ ရေးသော စာများ ဖြစ်သည်။ ထို့ကြောင့် စာရေးသောသူသည် ခရစ်တော် ဖြစ်၍ စာရေးသည် ယောဟန် ဖြစ်သည်။ 

ထို အသင်းတော် ခုနှစ်ပါးကို ယောဟန်က ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သက်ရောက်ဘို့ ကောင်းကြီး ပေးသည်။ ထို့အပြင် ယုံကြည်သူများကို ချစ်၍ အသွေးတော်နှင့် အပြစ်များကို ဆေးကြောပေးသည်သာမက၊ ခမည်းတော်ဘုရားသခင် ရှေ့၌ ရှင်ဘုရင်အရာနှင့် 
ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားတော်မူသော ယေရှုခရစ်ကို ချီးမွမ်းသွားကြောင်း တွေ့ရသည်။ 
 
ဗျာ ၁:ရ- ၈

ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွကြလာတော်မူသည် ဖြစ်၍၊ ကိုယ်တော်ကို ိထိုးဖောက်သော သူတို့နှင့် ရှိသမျှသော သူတို့သည် ကိုယ်တော်ကို ရှုမြင် ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငို​ကြွေး မြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။ 

သခင်ယေရှု ကြွလာမည့် အရာကို ယောဟန်က ကြိုတင် ရေးထားသည်။ ထိုသို့ ကြွ လာသောအခါ သူ့ကို ထိုးဖောက်ခဲ့ သူတို့ တည်းဟူသော ယုဒလူများက သူ့ကို ရှုမြင်ရကြလိမ့်မည် ဟုဆိုသည်။ ထိုအရာသည် ချီဆောင်ခြင်း မဟုတ်ဘဲ ရှင် ဘုရင်အဖြစ် ဒုတိယအကြိမ် ကြွလာမည့် အချိန်ကို ဆိုလိုခြင်း ဖြစ်ပေမည်။ ချီဆောင်ခြင်းသည် သူခိုးကဲ့သို့ ကြွလာ၍ ဣသရေလ လူများ ကသိကြမည် မဟုတ်။ သူတို့သည် ဘေးဒဏ်ကြီးကာလ ဖြတ်ပြီးမှနောင်တ ရ၍ ခရစ်တော် ဒုတိယအကြိမ် ကြွ လာမှသာလျှင်လက်ခံကြမည် ဖြစ်သည်။ ထိုအရာကို ပရောဖက် ဇာခရိက ဤသို့ ရေးသား ခဲ့ပြီ၊ “ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည်အား ထုတ်မည်။ ၁၀ ကျေးဇူးတော်ကို ခံသော သဘော၊ ဆုတောင်း ပဌနာ ပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက် တည်းသောသား အတွက် အဘသည် ငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။သား ဦးအတွက် အဘသည် နာကြဉ်း သကဲ့သို့ နာကြဉ်းရကြလိမ့်မည်။ ၁၁ မေဂိဒေ​ြါ ချိုင့်တွင် ဟာဒ+ဒိမ္မုန်မြို့မှာငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့ မှာကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းရှိလိမ့်မည်။” (ဇာ ၁၂:၉-၁၁) 

ခရစ်တော် ကြွ လာသောအခါ မြေကြီးသား အပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည် ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူ မူကား မယုံကြည်သူများအတွက် သူတို့ကို တရားစီရင်မည် ဖြစ်သောကြောင့် ကြောက်၍ ဖြစ်မည်။ ဘေးဒဏ်ကြီးကာလ အတွင်း ပြန်လည် ယုံကြည်သူများအတွက် သူတို့၏ ကယ်တင်ရှင်ကို လက်မခံခဲ့သောကြောင့် နောင်တရခြင်း ဖြစ်မည်။ ဣသရေလ လူများအတွက် မူ သူတို့ ထိုးဖောက်ခဲ့သောသူကို တွေ့ မြင်သောအခါ နောင်တရ၍ ဖြစ်မည်။ သို့သော် တမန်တော် ယောဟန်ကမူ ခရစ်တော် ကြွလာခြင်းကို အာမင် ဟုဆိုသည်။ အာမင်သည်ဟုတ်ပါ၏၊ ဖြစ်ပါစေဟု အဓိပ္ပါယ်ရသည်။ ခရစ်တော် ကြွလာမည့် အရာကို သဘောတူခြင်း ဖြစ်သည်။ 

ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။ အာလဖသည် ဂရိတ်အက္ခရာ၌ ပဌမဦးဆုံးနှင့် ဩမေဃသည် နောက်ဆုံး ဖြစ်သည်။ ဆိုလိုသည်မှာ အစဆုံးနှင့် နောက်ဆုံး ဖြစ်ခြင်းကို ဆိုလိုသည်။ ထိုအရာသည် ဘုရားသခင်က သာလျှင် ဆိုနိင်သည်။ အနန္တတန်ခိုးနှင့် ပြည့်စုံသည် ဟုဆိုပြန်သည်။ ထိုအရာသည်လည်း ဘုရားသခင်၏ အရည်အချင်း ဖြစ်သည်။ ပစ္စုပန်၊ အတိတ်၊ အနာဂတ် ကာလ အစဉ်ရှိတော်မူသော ဟူသောအရာလည်း ဘုရားသခင်၏ ဂုဏ်အင်္ဂါ ဖြစ်သည်။ ဤနေရာ၌ ခရစ်တော် ကဆိုသလော၊ ခမည်းတော် ကဆိုသလောဟု မထင်ရှားချေ။ သို့သော် ဗျာ ၂၂:၁၂၊ ၁၃၌ ခရစ်တော်က ဤကဲ့သို့ ဆိုပြန်သည်၊ “ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။” ထိုကြောင့် ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ 
 
ဗျာ ၁:၉-၁၁

ယေရှုခရစ်၏ ဆင်းရဲခြင်း ဒုက္ခ မှစ၍ နိုင်ငံတော်ကို၎င်း၊ သည်း ခံတော်မူခြင်း ကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက်၊ သင်တို့ အစ်ကို ငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူ ချက်ကြောင့်၊ ပတ်မု​ကျွန်းမှာနေရစဉ်တွင်၊ သခင်ဘုရား နေ့၌ ဝိညာဉ်တော်ကို ခံရ၍၊ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌ မြည်သော အသံကြီးကို ကြား၏။ မြည်သော အချက်ဟူမူကား၊ သင်သည် မြင်သောအရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိ မြို့၌ ရှိသော အသင်းတော် ခုနစ်ပါးထံသို့ ပေလိုက်လော့ ဟုဆိုသတည်း။ 

ယောဟန်သည် ယေရှုခရစ်၏ ဆင်းရဲခြင်း ဒုက္ခကို ခံရ၍ ပတ်မု​ကျွန်းတွင် ထောင်ကျစဉ်ရေးသောစာ ဖြစ်သည်။ သခင်ဘုရား နေ့သည် တနင်္နွေနေ့ကို ဆိုလိုသည်။ ဝိညာဉ်တော်ကို ခံရ၍ ဆိုခြင်းသည် ထိုအချိန်မှ သန့်ရှင်းသောဝိညာဉ်တော် ရသည် မဟုတ်။ ဝိညာဉ်တော်အားဖြင့် ရူပါရုံမြင်ရခြင်းကို ဆိုလိုသည်။ တံပိုးခရာသံကဲ့သို့ ဆိုသည်မှာ ကျယ်လောင်သော အသံကို ဆိုလိုသည်။ တကဲ့တံပိုးခရာသံ မဟုတ်၊ သခင်ဘုရား၏ အသံ၊ လူ့အသံကို ဆိုလိုသည်။ ထိုအသံကသူမြင်သောအရာ တို့ကို စာ၌ ရေး၍ အာရှိပြည်၌ ရှိသော အသင်းတော် ခုနှစ်ပါးသို့ ပို့ခိုင်းသည်။ 
 
ဗျာ ၁:၁၂-၁၆

ထိုသို့ ငါနှင့် စကားပြော၍ အသံမြည်သောသူကို မြင်ခြင််းငှါ ငါသည် လှည့် ကြည်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦးကို၎င်း၊ မြင်၏။ ထိုသူသည် ​ခြေသို့ တိုင်အောင် ဝတ် ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက် ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင် တော်သည် ဖြူသော သိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်း၊ ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ​ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ​ကြေး ဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒ​ရာသံကဲ့သို့ဖြစ်၏။ လကျ်ာလက် တော်သည်လည်း ကြယ် ခုနစ်လုံးကိုကိုင်၏။ ခံတွင်း တော် ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။ 

ယောဟန်သည် အသံမြည်သောသူကို ကြည့်သောအခါ သူ၏ သခင်ယေရှုခရစ် တော်ကို မြင်သည်။ သူသည် ရွှေမီးခွက်ခုနှစ်လုံးအလယ်၌ ရှိသောကြောင့် ထိုနေရာသည် တဲတော် သို့မဟုတ် ဗိမာန်တော် အတွင်း၌ ဖြစ်သည်။ ခရစ်တော်သည် ​ခြေတိုင်အောင် ဝတ်ရုံခြုံ၍ ရွှေခါးပန်းစည်းသောကြောင့် ယဇ်ပုရောဟိတ် ကဲ့သို့ဖြစ်သည်။ ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့ဖြစ်သောကြောင့် အသက် ကြီးခြင်း သို့မဟုတ် ဘုန်းရှိခြင်းကို ဆိုလိုသည်။ မျက်စိ တော်သည် မီးလျှံကဲ့သို့ဖြစ်သောကြောင့် ထိုးဖေါက်မြင်နိင်ခြင်းကို ဖေါ်ပြသည်။ ​ခြေတော်သည် မီး၌ ခွျတ်ပြီးသော ​ကြေးဝါစစ်နှင့် တူသည် ဟုဆိုသည်။ ​ကြေး ဝါသည် တရားစီရင်ခြင်းကို ဆိုလိုသည်။ အကြောင်းမှာ ဣသရေလ လူမျိုးများ ပြစ်မှားသောအခါ ဘုရားသခင်က မီးမြွေကို လွှတ်၍ အကိုက်ခံသောအခါ ​ကြေးဝါမြွေရုပ်ကို လုပ်ခိုင်း၍ ကြည့်သောသူတိုင်း ကျန်းမာစေသည်။ သမုဒ္ဒ​ရာ အသံသည် ကြယ်လောင်ခြင်းကို ဆိုလိုသည်။ ကြယ်ခုနှစ်လုံးသည် အသင်းတော်များကို အုပ်သော တမန်များကို လိုသည် (၁:၂၀)။ ခံတွင်း တော် အထဲက ထွက်သော သံလျက်သည် တရားစီရင်ခြင်းကို ဆိုလိုသည်။ ဘုရင်များသည် သူတို့ ကိုယ်တိုင် ဘာမျှမလုပ်ကြချေ။ သူတို့ နှုတ်ထဲမှ ထွက်သော စကားအားဖြင့် အရာခပ်သိမ်းကို လုပ်တတ်သည်။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်း တောက်သော နေကဲ့သို့ဖြစ်သည် ဟုဆိုခြင်းသည် သူ၏ ထွန်းတောက်ခြင်း၊ကြီး မြတ်ခြင်း၊ တန်ခိုးရှိခြင်း၊ ထိန်လင်းခြင်းကို ဆိုလိုသည်။ 
 
ဗျာ ၁:၁ရ- ၂၀

ထိုသူကို ငါမြင်သောအခါ၊ သေမတတ် ဖြစ်၍ ​ခြေတော် ရင်း၌ လဲလျက် နေ၏။ ထိုသူသည် လကျ်ာလက်တော်ကို ငါ့ အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ ထိုကြောင့်၊ သင်သည် မြင်ပြီးသောအရာ တို့ကို၎င်း၊ ယခုရှိသောအရာ တို့ကို၎င်း၊ နောင် ဖြစ်လတံ့သောအရာ တို့ကို၎င်း၊ ရေးထားလော့။ ငါ့လကျ်ာလက်၌ ထင်ရှားသော ကြယ် ခုနစ်လုံးနှင့် ရွှေမီးခွက် ခုနစ်လုံး၏ နက်နဲခြင်း အရာဟူမူကား၊ မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး ဖြစ်၏။ ကြယ် ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သော တမန် ဖြစ်ကြ၏။ 

တမန်တော် ယောဟန်သည် သူ၏ သခင်ကို မြင်သောအခါ သေမတတ် ဖြစ်၍ အဘယ်ကြောင့်​ခြေတော် ရင်း၌ လဲသနည်း။ သူသည် သခင်ဘုရား၏ ရင်တော်၌ မှီ၍ လျောင်းတတ်ခဲ့သည် မဟုတ်လော (ယော ၁၃:၂၅)။ သူသည် ခရစ်တော်၏ ရင်တော်၌ လျောင်းခဲ့စဉ်က ခရစ်တော်သည် သူ၏ ဘုန်းကို ထားခဲ့သည်။ ယခုသူ၏ ဘုန်းနှင့် မြင်သောအခါ သေမတတ်ကြောက်ခြင်း ဖြစ်သည်။ ယခု ခရစ်တော်ကို ဘုန်းတန်ခိုးတော်နှင့် မမြင်ဘူးကြသော်လည်း ယောဟန်၏ အတွေ့အ ကြုံအားဖြင့် သူ့ကို ကြောက်ရွံ့တုန်လှုပ်သင့်သည်။ 

ခရစ်တော် ကသူ၏ တပည့်တော် ယောဟန်၏ အပေါ်၌ လက်တင်လျက် နှစ်သိမ့်သည်။ ထိုနောက် သူသည် ဘုရား၏ ဂုဏ်အင်္ဂါများဖြင့် နှစ်သိမ့်သည်။ ခရစ်တော် ကသူသည် အသက် ဖြစ်ကြောင်း (ယော ၁၄:၆)၊ သေခြင်း မရဏာကိုလည်း နိင်ကြောင်း (ယော ၁၁:၂၅)တို့ ဖြင့် အားပေးသည်။ ထို့နောက်သူမြင်ပြီးသောအရာ၊ ယခု ဖြစ်သောအရာနှင့် နောင် ဖြစ်မည့် အရာများကို ရေးခိုင်းသည်။ ထိုအရာသည် ဗျာဒိတ်ကျမ်း၏ အပိုင်းများကို ဖေါ်ပြခြင်း ဖြစ်သည်။ ထိုနောက် မီးခွက်ခုနှစ် လုံးသည် အသင်းတော် ခုနှစ်ပါး ဖြစ်ကြောင်း၊ ကြယ်ခုနှစ်လုံးသည် ထိုအသင်းတော်များကို အုပ်သော တမန် ဖြစ်ကြောင်းကို ပြောပြသည်။

အဘယ်ကြောင့် အသင်းတော် များသည် မီးခွက် ဖြစ်သနည်း။ မီးခွက်သည် လင်းဘို့ ဖြစ်သည်။ အသင်းတော်သည်လည်း မှောင်မိုက်သော ဤလောက၌ လင်းဘို့ ဖြစ်သည်။ အလင်းသည် ထင်ရှားစေသောအရာ ဖြစ်သည် (ဧဖက် ၅:၁၃)။ အသင်းတော်သည် မလင်းပါက အကျိုးမရှိ။ လင်းနိင်ဘို့ရန် သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော ဆီရှိရမည်။ ကြယ် တည်းဟူသော အသင်းတော်များကို အုပ်သော တမန် များသည် ကောင်းကင်တမန် ဖြစ်မည် မဟုတ်။ အကြောင်းမူကား ခရစ်တော်သည် ကောင်းကင်တမန်များကို စာရေးစရာ မလို။ ထို့ကြောင့် ထိုတမန် များသည် အသင်း အုပ်ဆရာများ ဖြစ်ပေမည်။ 
 

သိလိုသော စိတ်သက်သက်

 အချို့သောသူများသည် အောက်ပါအချက်များကို သိလို ကြသည်။ သို့သော် ထိုသို့ သိလိုခြင်းသည် ဘာမျှဆောင်ရွက်ဘို့ မဟုတ်သောကြောင့် အကျိုး မရှိပေ။ ထိုအရာများတွင် ခရစ်တော်၏ ကယ်တင်ခြင်း မကြားဘူးသောသူများ၊ အရူးများ၊ ခလေးများကယ်တင်ခြင်းသို့ ရောက်နိင်မည်လောဟူသော အရာများ ဖြစ်သည်။ ထိုအရာများသည် သိနိင်လျှင် ကောင်းသော်လည်း မည်သို့ မျှဆောင် ရွက်ခြင်း မရှိလျှင် အကျိုးမရှိပေ။ ထို့ကြောင့် ထိုသူများ အတွက်ထက် မိမိကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်ပြီလောမရောက်သေးဘူးလောဟူသောအရာကို စိတ်ဝင်စားသင့်သည်။ ကိုယ်တိုင် ကယ်တင်ခြင်း စိတ်ချမှု မရှိဘဲ သူတပါးအ တွက်သိလိုခြင်းသည် အကျိုးမရှိ။ ကိုယ်တိုင် ကယ်တင်ခြင်း စိတ်ချ သူများ အနေဖြင့် ကယ်တင်ခြင်း စိတ်မချ သေးသောသူများကို ကယ်တင်ခြင်း စိတ်ချလာ ရန် ဆုတောင်း ပေးခြင်း၊ သက်သေခံခြင်း၊ သင်တန်းများ စီစဉ်ပေးခြင်း၊ ကယ် တင်ခြင်းနှင့် ပတ်သက်သော စာအုပ်စာစောင်များ ပေးခြင်း၊ တရားဟောခွေများ ပေးခြင်း၊ များပြုလုပ် သင့်သည်။ ထိုသို့ လုပ်ပေးလျှင် မျှော်လင့်ချက်ရှိသည်။ ဘာ မျှမလုပ်ပေးလျှင် ဘာမျှ အကျိုးမရှိ။ 


 မြေပုံနှင့် ဆိုင်းဘုတ်

ခရီး သွားသောအခါ အချက်သုံးချက်သိဘို့ လိုသည်။ ထိုအရာများမှာ မည်သည့်နေရာမှစတင်ထွက်သည်၊ မည်သည့်နေရာရောက်နေသည်၊ မည်သည့်နေရာ၌ လမ်းဆုံးမည်ဟူသောအရာ တို့ ဖြစ်သည်။ လူတယောက်သည် မိမိအစပြုသော နေရာ မသိ၊ မည့်သည့်နေရာ၌ ရောက်နေသည် ကိုလည်း မသိ၊ မည်သည့်နေရာသို့ သွားမည်ကိုလည်း မသိ၊ လမ်းပေါ်၌ လမ်းပျောက်နေလျှင် လူတိုင်း ကအရူးဟု သတ်မှတ်မည် မဟုတ်လော။ ထို့နည်းတူ လူတိုင်းသည် မိမိ၏ အစ၊ ရောက်ရှိသည့်နေရာနှင့် လမ်းဆုံးကို သိဘို့ လိုသည်။ မိခင် ဝမ်းမှ မွေးဘွား၍ သင်္ချိုင်း၌ အဆုံးသတ်မည်ဟု ​ဖြေနိင်သည်။ ထိုအရာသည် ကိုယ်ခန္ဓာအတွက် ဖြစ်သည်။ သို့သော် လူသည် ကိုယ်ခန္ဓာသက်သက် မဟုတ်၊ ဝိညာဉ်လည်းရှိသေးသည်။ ကိုယ်ခန္ဓာသေသော်လည််းထို ဝိညာဉ်သည် မသေနိင်။ ဝိညာဉ်သည် ထာဝရ တည်ရှိနေမည် ဖြစ်သောကြောင့် အရေးကြီးသည်။ ထိုဝိညာဉ်သည် မည်သည့်အချိိန်၌ အစပြု၍ မည်သည့်နေရာ၌ အဆုံးသတ်မည်နည်း။ လူတိုင်း လူတိုင်း၌ ဝိညာဉ် ရှိသောကြောင့် ထိုအရာကို စဉ်းစားသိရှိဘို့ လိုသည်။ 

ခရီး သွားသောအခါ မြေပုံနှင့် ဆိုင်းဘုတ်များကို အားကိုးရသည်။ မြေပုံလည်း မကြည့်၊ ဆိုင်းဘုတ်လည်း မဖတ်တတ်လျှင် မည်သို့ မျှခရီးရောက်နိင်မည်မဟုတ်။ ဝိညာဉ်ရေးရာ၌လည်း လမ်းပြမြေပုံလိုအပ်သည်။ ထိုလမ်းပြမြေပုံသည် ကျမ်းစာအုပ်ပင်် ဖြစ်သည်။ လူအများစုသည် ထိုကျမ်းစာအုပ်ကို မကြည့်သောကြောင့် လမ်းခရီးကို မသိနိင်ချေ။ နှုတ်ကပတ်တော်သည် အ​ကျွန်ုပ်​ခြေရှေ့မှာ မီး ခွက် ဖြစ်၍ အ​ကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊ (ဆာ ၁၁၉:၁၀၅)။ ဆိုင်းဘုတ်များသည် ကမ္ဘာ့ အဖြစ်အပျက်များ ဖြစ်သည်။ ကမ္ဘာ့ အဖြစ်အပျက်များကို မကြည့်နား မထောင်သောသူသည် လမ်းဘေး၌ ရှိသော ဆိုင်းဘုတ်များကို မကြည့်သောသူနှင့် တူသည်။ အချို့သောသူများသည် ကျမ်းစာအုပ်သာလျှင် ကြည့်သောကြောင့် ခေတ်အ​ခြေအနေကို မသိနိင်။ ထိုသူများသည် ဆိုင်းဘုတ်မကြည့်ဘဲ မြေ ပုံကိုသာ ကြည့်သောသူနှင့် တူသည်။ ထို့ကြောင့် မည်သည့်နေရာရောက်မှန်းကိုလည်း မသိနိင်ချေ။ အချို့သောသူများသည် ကမ္ဘာ့ သတင်းကို နားထောင် နေသော်လည်း ကျမ်းစာ မသိသောကြောင့် မြေပုံမကြည့်ဘဲ ဆိုင်းဘုတ်ကိုသာ ကြည့်သောသူနှင့် တူသည်။ မည်သည့်နေရာရောက်မှန်လည်း မသိ။ ခေတ်ကာလကို မပိုင်း ခြား၊ အကြည့်တတ်သော ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့အား ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊ “၂ သင်တို့သည် ညဦးယံ၌ ပြောဆို တတ်သည်ကား၊ ယခုမိုဃ်းတိမ်နီသည် ဖြစ်၍ မိုဃ်းကြည်လင်လိမ့်မည် ဟုဆိုတတ်ကြ၏။ ၃ နံနက်ယံ၌ကား၊ ယခုမိုဃ်း အုံ့လျက် ရှိ၏။ နီမောင်းသော အဆင်းလည်းရှိ၏။ ယနေ့ မိုဃ်းသက်မုန်တိုင်းလာ လိမ့်မည် ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သော သူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။” (မ ၁၆:၂-၃)။ 

ခရစ်တော် ကကပ်ကာလ၏ နိမိတ်လက္ခဏာများကို ပိုင်းခြား၍ သိစေ ချင်သည်။ သို့သော် ယနေ့ များစွာသော ခရစ်ယန်များသည် ကပ်ကာလ၏ နိမိတ် လက္ခဏာများကို ပိုင်းခြား၍ မသိကြ။ ခရစ်တော် ကိုယ်တိုင်က ဤသို့ မှာထားခဲ့သည်၊ “သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘော သဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခု ဖြစ်သော လူများ မကုန်မှီထိုအကြောင်း အရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ ထိုအချိန် နာရီကို ကား အဘယ်သူမျှ မသိ။ ကောင်းကင်တမန် မသိ။ ငါ့ ခမည်းတော် တပါးတည်း သာသိတော်မူ၏။” (မ ၂၄:၃၂-၃၆) 

အထက်ပါ ခရစ်တော်၏ စကား၌ “သင်္ဘောသဖန်းပင်သည် အခက်အ လက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့” ဟု မှာထားသည်။ ထိုအရာကို လူအများစုက မသိမှတ်ချင်ဘဲ နောက်ဆုံး၌ ပြောသော၊ “ထိုအချိန် နာရီကို ကား အဘယ် သူမျှ မသိ။ ကောင်းကင်တမန် မသိ။ ငါ့ ခမည်းတော် တပါးတည်း သာသိတော်မူ၏။” ဟူသောအရာ ကိုမူလူတိုင်း ကစွဲလန်း၍ သိကြသည်။ မှန်ပါသည် သူလာ မည့်အချိန် နာရီကို မသိရသော်လည်း လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့ဟု မှာထားတော်မူသည် မဟုတ်လော။ ထို့ကြောင့်အချိန် နီးကြောင်း သိဘို့ လိုသည်။ 

 “ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင်” ဟူသောအရာ၌ ပါသော အရာများ ထဲမှ၊ “သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်း စကားကို၎င်းကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။” (မ ၂၄:၆)နှင့် ပတ်သက်၍ ကမ္ဘာ့ အဖြစ်အပျက် ဆိုင်းဘုတ်များကို ကြည့်ကြစို့။ 

ဆီးရီးယားနိင်ငံတွင် သမတအာဆတ်အုပ်ချုပ်မှုကို အလိုမရှိသော တိုင်း သူပြည်သားများကဆန္ဒပြခြင်းကို လူတိုင်း သိကြပါလိမ့်မည်။ ထိုဆန္ဒပြခြင်းကို ၂၀၁၁ ခုနှစ်မတ်လမှစတင်ခဲ့၍ တစ်နှစ်ကျော်သွားပြီ ဖြစ်သည်။ ထိုဆန္ဒပြမှုကြောင့် စစ်သားနှင့် အရပ်သား သေဆုံးသူပေါင်းသည် တစ်သောင်းမှတစ်သောင်း ငါးထောင်ကြားရှိသည်ဟု ခန့်မှန်း ကြသည်။ ဆန္ဒပြ သူများ၏ အလိုဆန္ဒမှာသမတ အာဆတ်ကို ဖြုတ်၍ ဒီမိုကရေစီနိင်ငံထူထောင်ဘို့ ဖြစ်သည်။ သမတအာဆတ်ကို ထောက်ခံ သူများလည်းရှိသည်။ သမတကဆန္ဒပြ သူများကို သတ်ဖြတ်နေသောကြောင့် အာရပ်နိင်ငံများနှင့် အနောက်အုပ်စု တည်းဟူသော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနိင်ငံများ ကဆန္ဒပြ သူများကို ထောက်ခံသည်။ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှလည်း စီးပွားရေးပိတ်ဆို့ဘို့ စစ်ရေးအရအရေးယူဘို့ အကြိမ်ကြိမ် ကြိုးစားသည်။ သို့သော် ရုရှားနှင့် တရုပ်၊ အီရန်နိင်ငံများ ကသမတ အာဆတ်ကို ထောက်ခံနေသောကြောင့် အခက်တွေ့နေရသည်။ ရုရှားကသူ၏ တ ခုတည်းသော လေယာဉ်တင်သင်္ဘောကိုလည်း ဆီးရီးယားကမ်း​ခြေ၌ ကပ်ထားသည်။ စစ်လက်နက်ပစ္စည်းများကိုလည်း ထောက်ပံ့နေသည်။ 

ဘုရားသခင်က ဆီးရီးယားနိင်ငံဒမာသက်မြို့နှင့် ပတ်သက်၍ ဤသို့ ဗျာဒိတ်ပြုထားသည်၊ “ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့၊၊ ဒမာသတ်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏၊၊ ၂ အာရော်မြို့များကို စွန့် ပစ်သောကြောင့်၊ သိုးစုတို့သည် ပိုင်၍၊ အဘယ်သူမျှ မမောင်းဘဲ အိပ်ကြလိမ့်သည်။ ၃ ဧဖရိမ်ပြည်၌ မြို့မရှိရ၊၊ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်း အာဏာမရှိရ၊၊ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏၊၊ ” (ဟေရှာယ ၁ရး၁-၃) ဘုရားသခင်က ဒမာသက်မြို့သည် ပျက်စီးလိမ့်မည်။ ဒမာသက် မြို့၌ မင်းအာဏာမရှိရ၊ သူသည် ဣသရေလ အမျိုးသားတို့အတွက် ဘုန်းအသရေ ကဲ့သို့ဖြစ်လိမ့်မည် ဟုဆိုသည်။ အထက်ပါ ပရောဖက် ပြုချက်သည် ဘီစီ ရဝ ၀ ခန့်၌ ပြုခဲ့၍ ယခုတိုင်အောင် မပြည့်စုံသေးချေ။ 

အာဆတ်အစိုးရသည် အီရန်နိင်ငံနှင့် ပူးပေါင်း၍ အစ္စရေးနိင်ငံ​ခြေမှုန်းရေးကို လုပ်နေသော နိင်ငံ ဖြစ်သည်။ အစ္စရေးကို တိုက်ခိုက် မည့် ဟက်စဘောလအကြမ်း ဖက်သမားများကို လက်နက်တပ်ဆင်ပေးနေသောသူ ဖြစ်သည်။ ဟက်စဘောလ များသည် လေဗနုန်နိင်ငံ၌ နေရာယူ၍ အစ္စရေးနိင်ငံကို တိုက်ခိုက်ဘို့ ပြင်ဆင်ကာ ဒုံးပျံလက်နက်လေးသောင်းကျော် ယပိုင်ဆိုင်သည်။ ယခုအခါ လေဗနုန်အစိုးရအတွင်း၌ စိမ့်ဝင်ကာအာဏာရလာသောကြောင့် အစ္စရေးနိင်ငံကလေဗနုန်အစိုးရထံစစ် ဖြစ်လျှင် လေဗနုန်တစ်နိင်ငံလုံးခံရလိမ့်မည်ဟု ကြိမ်းဝါးထားသည်။ 
 ထို့အချိန်၌ ပြင်သစ်သမတဟောင်းဆာခိုဂေျးမကျခင်တွင် ပြင်သစ်၊ ဆော်ဒီ အရဗျနှင့် ယူအေအေးနိင်ငံများက သမတအာဆတ်နေသော နန်းတော်ကို ဗုံးကြဲဘို့ ကြံရွယ်ခဲ့ ကြသည်။ သို့သော် ဆီးရီးယားလေတပ်ကို ထိမ်းနိင်ဘို့ရန် အမေရိကန်ကို အကူအညီတောင်းသော်လည်း သမတအိုဘားမားက လုံးဝ ငြင်းပယ်လိုက်သည်။ သူတို့ အမြင် မှာဆီးရီးယားသမတနန်းတော်ကို ဗုံးကြဲလိုက်ပါက ဦး ဆောင်မည့်သူ မဲ့ကာဆန္ဒပြတိုင်း သူပြည်သားများကို သတ်ဖြတ်မည့်သူ ရှိမည် မဟုတ် ဟုဆိုသည်။ သို့သော် ဘုရားသခင်၏အချိန် မကျရောက် သေးသောကြောင့် ထိုအကြံအထမမြောက်ခဲ့သေးချေ။ အကယ်၍ သမတအိုဘားမားက သဘောတူ လိုက်လျှင် ဆီးရီးယားနိင်ငံ၏ အ​ခြေအနေသည် ပြောင်းလဲသွားနိင်သည်။ 

ထိုအချိန်တွင် အမေရိကန် ဦးဆောင်မှုဖြင့် မေလအတွင်း၌ ၁၉ နိင်ငံ ပါဝင်သော အကြီးမားဆုံးသော စစ်လေ့ကျင့်ခြင်းကို ဂျော်ဒန်နိင်ငံ၌ ကျင်းပ ကြသည်။ ထိုလေ့ကျင့်ခြင်း၌ ဗာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ဆော်ဒီအရဗျား၊ လေဗနုန်၊ပါက စ္စတန်၊ ကာတာ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ စပိန်နှင့် ဩစ​တြေး လျနိင်ငံများ ပါဝင်သည်။ အမေရိကန်နိင်ငံသည် အစ္စရေး၊ အိန္ဒိယ၊ ဖိလိပိုင်၊ တောင်ကိုးရီးယားနိင်ငံများ နှင့်လည်း စစ်လေ့ကျင့်ခန်းလုပ်လေ့ရှိသည်။ ထိုအ ရာအားလုံး သည် ဘေးဒဏ်ကြီးကာလ အတွင်း တိုက်ခိုက် မည့် စစ်ပွဲများ၏ ရှေ့ပြေးများ ဖြစ်သည်။ ထို့ကြောင့် ထိုအရာများကို ကြည့်ခြင်းဖြင့် ကာလ အချိန်နီးကြောင်း သိနိင်သည်။ 
 
အသက် 

ကိုယ်ခန္ဓာအသက်သည် ဝိညာဉ် ဖြစ်သည်။ “ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေ ဖြစ်သကဲ့သို့၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။” (ယာ ၂:၂၆) “ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှသူငယ်၏ လက်ကိုကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည် တွင်၊ စိတ်ဝိညာဉ် ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်း ထလေ၏။” (လု ၈:၅၄-၅၅) အထက်ပါ ကျမ်း ပိုဒ်များ အရ ကိုယ်ခန္ဓာအသက်သည် ဝိညာဉ် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကိုယ်ခန္ဓာထက် ဝိညာဉ် ကအရေးကြီးသည်။ ဝိညာဉ် မရှိသော မိန်းခလေး ချောချောကို မည်သူကမျှ လိုချင်မည် မဟုတ်။ ခင်ပွန်းသည် များလည်း ဝိညာဉ် မရှိလျှင် အမြန်ဆုံး မြေမြုပ်သင်္ဂြိုလ် ကြသည်။ ဝိညာဉ် မရှိတော့သော ခန္ဓာသည် ကျက်သရေမရှိ။ 

လူ၏ တန်ဘိုးသည် မည်သည့်နေရာ၌ ရှိသနည်း။ အချို့သောသူများ ကခန္ဓာ၌ ရှိသည်ဟု ထင်၍ ခန္ဓာကို နည်းမျိုးစုံဖြင့် လှပအောင် ပြုပြင် ကြသည်။ ခန္ဓာကျန်းမာရေးနှင့် လှပရေးအတွက် ဆိုလျှင် ငွေကုန်​ကြေးကျခံနိင်သည်။ အချို့သောသူများ ကလူ့တန်ဘိုးသည် ပညာဘွဲ့၊ ရာထူးများ၌ ရှိသည်ဟု ထင်မှတ်သောကြောင့် ပညာနှင့် ဘွဲ့များ၊ ရာထူးအာဏာများကို ရှာ ကြသည်။ သူတပါးကလည်း ပညာရှိသောသူ၊ ရာထူးနှင့် အာဏာရှိသောသူများကို အထင်ကြီး၍ တန်ဘိုး ထား ကြသည်။ အချို့သောသူများ ကလူ့တန်ဘိုးသည် နာမည်ကျော်ကြားခြင်း၌ ရှိသည်ဟု ထင်သောကြောင့် သီချင်း၊ ရုပ်ရှင်၊ အား ကစား၊ စသည်ဖြင့် နည်းမျိုးစုံဖြင့် နာမည်ကျော် ဘို့ ကြိုးစား ကြသည်။ သို့သော် ထိုအရာများ၌ လူ၏ တန်ဘိုး မရှိချေ။ အကြောင်းမှာ ထိုသူများ အထဲမှ ဝိညာဉ် ထွက်သွားသောအခါ နှမျောသော်လည်း အဘယ်သူ ကမျှတန်ဘိုး မထားတော့ပါ။ ထိုအရာကို မသိသောသူများက ခန္ဓာကိုယ်လှပရေး၊ ပညာဂုဏ်ရှိရေး၊ နာမည်ကျော်ကြားရေး၊ အာဏာရှိရေးအ တွက်အစွမ်းကုန် ကြိုးစား နေကြသည်။ ခရစ်တော်က၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (မ ၁၆:၂၆)ဟု မေးခွန်းထုတ်သော်လည်း လူအများစုက သဘော မပေါက်၊ ဂရုမစိုက်၊ နားမဝင်ဘဲ ဖြစ်နေကြသည်။ 

မိတ်ဆွေ၏ ကိုယ်ခန္ဓာကို တန်ဘိုးရှိစေသော ဝိညာဉ်ကို ယခုမှစ၍ ဂရုစိုက်ပါ။ မိမိဝိညာဉ်ကို သနားပါ။ မိမိ၏ ဝိညာဉ် အဘယ်အ​ခြေအနေမှာရှိသည်ကို သိပါ။ ခရစ်တော် ကမိမိ အသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း၊ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိင်သနည်း ဟုဆိုသည်။ ဘုရား၏ အမြင်မှာ ဝိညာဉ်သည် အလွန် တန်ဘိုးရှိ၍ ရွေးဘို့ရန် တန်ဘိုးကြီး လှသည်။ အသက် ဝိညာဉ် ရှုံးခြင်း ဆိုသည်မှာ ဝိညာဉ် ငရဲသွားခြင်းကို ဆိုလိုသည်။ လူဝိညာဉ်သည် ဘုရား အမြင်၌ စကြာဝဠာ တခုလုံးထက် ပင်လျှင် တန်ဘိုးကြီး လှသည်။ သို့သော် လူ့အ မြင်မှာ ဝိညာဉ်သည် တပြားမှမတန်ချေ။ ဝိညာဉ်ကို ရောင်းနိင်လျှင် ငွေရဘို့ အတွက် ရောင်းလိုက်မည် ဖြစ်သည်။ 

မိတ်ဆွေသည် ယခုအလုပ်မရှိလျှင်လည်း ဝိညာဉ် ရှိသေးသောကြောင့် တန်ဘိုးရှိသည်။ အင်္လိပ်စကား မတတ်လျှင်လည်း တန်ဘိုး လုံးဝ မလျော့ကြောင်း သိစေချင်သည်။ လူ့အမြင် မှာရုပ်မချောလျှင်လည်း ဘုရား အမြင် မှာတန်ဘိုးကြီး လှသည်။ မသန်စွမ်းသောသူများ၊ ကိုယ်အင်္ဂါချို့တဲ့သောသူများလည်း စိတ်မ ပျက်ကြနှင့်။ ဘုရား အမြင်၌ အားလုံး အတူ တူပင် ဖြစ်သည်။ ဝိညာဉ် ရှိသောသူတိုင်း တန်ဘိုးရှိသည်။ ထို့ကြောင့် စိတ်ပျက်ပြီး သေကြောင်း မကြံလေနှင့်။ စာတန်၏ လှည့်စားမှု မခံနှင့်။ မိတ်ဆွေသည် ဘုရား အမြင်၌ ဝိညာဉ် ရှိသောကြောင့် စကြာ ဝဠာထက် တန်ဘိုးရှိကြောင်း သိထားပါ။ ထို့ကြောင့် တယောက်နှင့် တယောက် အထင်သေးစရာ မရှိ၊ အထင်ကြီးစရာလည်း မရှိ၊ လူတိုင်း၏ တန်ဘိုးသည် အတူတူပင် ဖြစ်သည်။ 

ဝိညာဉ်၏ အသက်သည် ခရစ်တော် ဖြစ်သည်။ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။ ငါတို့ အသက် တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့။ (ကော ၃:၃-၄) ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ (ယော ၁၄:၆)။ အထက်ပါ ကျမ်းပိုဒ်များ အရ ဝိညာဉ်၏ အသက်သည် ခရစ်တော် ဖြစ်သည်။ ခရစ်တော်က ဣသရေလ လူများထံ ဤသို့ ပြောခဲ့သည်၊ “ကျမ်းစာအားဖြင့် ထာဝရ အသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာ ပင်ငါ၏ သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။” (ယော ၅:၃၉-၄၀)။ လူအများစုသည် ကျမ်းစာ၌ အသက် ရှိသည်ဟု ယူဆကြသည်။ ကျမ်းစာသည် ခရစ်တော်၌ အသက် ရှိကြောင်းကို ဖေါ်ပြခြင်းသာ ဖြစ်သည်။ 

တဖန် ယောဟန်က၊ “ဘုရားသခင်သည် ငါတို့အား ထာဝရဘုရား အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူ မူကား အသက်ကို မရ။” ဟုဆိုသည် (၁ ယော ၅:၁၁-၁၂)။ ဘုရား ပေးသော ထာဝရ အသက်သည် ဝိညာဉ် အတွက် ဖြစ်သည်။ ကိုယ်ခန္ဓာအတွက် မဟုတ်။ ထိုအသက်သည် ခရစ်တော်၌ ရှိသည် ဟုဆိုသည်။ ထို့ကြောင့် ထာဝရ အသက် ရဘို့ရန် ခရစ်တော်ကို ရရှိဘို့ လိုသည်။ ခရစ်တော်ကို မိမိ၏ စိတ်နှလုံးအထဲ၌ ခေါ် ဘိတ် လက်ခံပါ။ ခရစ်တော် မရပါက မိတ်ဆွေ၏ ဝိညာဉ်သည် ထာဝရ မီးအိုင် ထဲ၌ ဆင်းရဲ ဒုက္ခ ခံမည် ဖြစ်သည်။ ကိုယ်ခန္ဓာ၌ ဒုက္ခ ခံခြင်း ပင်လျှင် မလွယ်ကူလျှင် မီးအိုင် ထဲ၌ ဝိညာဉ် ထာဝရ ခံစားခြင်းသည် လုံးဝ လွယ်ကူမည် မဟုတ်။ ဘုရားသခင်သည် လိမ်တတ်သည် မဟုတ်။ စာတန် သာလျှင် လိမ်တတ်သည်။ စာတန် ကမိတ်ဆွေ ငရဲဆင်းမှာကို အလွန် အလိုရှိသည်။ မိတ်ဆွေကို ချစ်သောကြောင့် မဟုတ်၊ သူကိုယ်တိုင်လည်း ဆင်းရမည် ဖြစ်သောကြောင့် မိတ်ဆွေကို မနာလို၍ ငရဲထဲ၌ ဆင်းစေချင်သည်။ ထို့ကြောင့် လောကအရာများအားဖြင့် မိတ်ဆွေကို လိမ်လည်ဖျားယောင်းနေသည်။ စာတန် စကားကို နားမယောင်ဘဲ ဘုရားသခင်က အခမဲ့ပေးထားသော ထာဝရ အသက်ကို ရွေးဘို့ရန် တိုက်တွန်း လိုပါသည်။ 
 

ဘုရားတည်ဆောက်သောအိမ်ထောင်
 ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ စောစော ထလျက်၊ ညဉ့်နက်သည့် တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုး မရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏။ (ဆာ ၁၂ရး၁-၂) ဆာလံဆရာကအိမ်သည် ထာဝရဘုရားကမဆောက်လျှင် ဆောက်သော သူတို့သည် အချည်းနှီးဆောက်ကြသည် ဟုဆိုရာတွင် သစ်သား အိမ်၊ တိုက်အိမ်များကို ဆိုလိုသည် မဟုတ်၊ အိမ်ထောင်ကို ဆိုလိုသည်။ ထိုနည်း တူမြို့ကို ထာဝရဘုရား စောင့်တော်မမူလျှင် ဟုဆိုရာတွင် မြို့ထဲရှိအိုးအိမ်များကို ဆိုလိုသည် မဟုတ်၊ မြို့သူမြို့သားများကို ဆိုလိုသည်။ စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက် ပင် ပန်းစွာ အစာစားလျက် ဟူသောအရာသည် အလုပ်ကို လုပ်၍ ငွေကို ရှာခြင်းကို ဆိုလိုသည်။ ထိုငွေဖြင့် အိမ်ထောင်ကို ဆောက်လုပ်တတ်ကြသော်လည်း အကျိုးမရှိ ဟုဆိုသည်။ လူတိုင်း လူတိုင်း အိမ် ထောင်ကို အောက်ပါအရာများအားဖြင့် တည်ဆောက်ဘို့ ကြိုးစား ကြသည်။ 
 
မေတ္တာအားဖြင့်

သမီးရည်းစားဘဝ၌ အိမ်ထောင်ကို ချစ်ခြင်းမေတ္တာအားဖြင့် တည်ဆောက် ရမည်ဟု ထင်မှတ် ကြသည်။ တယောက်နှင့် တယောက် ချစ်နေချိန်တွင် ချစ်သူ၏ အားနည်းချက်များကို ချစ်ခြင်းမေတ္တာကဖုံးလွှမ်းထားသောကြောင့် မမြင်နိင်ချေ၊ သို့မဟုတ် ခွင့်လွှတ်နိင်၊ သည်း ခံနိင်သည်။ ထိုချစ်ခြင်း မေတ္တာသည် အိမ်ထောင် သက်တန်းတလျှောက်လုံးတသမတ်တည်းရှိလိမ့်မည်ဟု ထင်မှတ်တတ်ကြသည်။ ထို့ကြောင့် မိဘများ ကတားမြစ်သော်လည်း မိဘများကိုပင် စွန့်၍ ရည်းစားနောက် လိုက်၍ အိမ်ထောင်ပြုတတ်ကြသည်။ သို့သော် များမကြာမှီ ကိုယ့်ခင်ပွန်းသည်၏ အားနည်းချက်များကိုသည်း မခံနိင်ဘဲ ပြသနာ ရှိလာတတ်သည်။ အလုပ်ပင် ပန်းခြင်း၊ အဆင် မပြေခြင်း၊ ငွေကျေးမလုံလောက်ခြင်း၊ သားသမီးရ လာသောအခါ တာဝန်များလာခြင်း၊ အိပ်ရေးမဝ ဖြစ် လာသောအခါ ရည်းစားဘဝကဲ့သို့ မဟုတ်တော့ဘဲ ကိုယ့်ယောက်ျား၊ ကိုယ့်မိန်းမကို အပြစ် မြင်လာသည်။ “ငါဘယ် လိုယောက်ျားမျိုးယူမိဘာလိမ့်၊ ငါ့မိန်းမဒါလောက်ကြမ်းလိမ့်မယ်လို့ မထင်ခဲ့ မိဘူး” စသည်ဖြင့် အံ့ဩ လာတတ်သည်။ ရည်းစားဘဝကဲ့သို့ ချစ်ခြင်းမေတ္တာ မရှိတော့ဘဲ ခမ်း​ခြောက်လာတတ်သည်။ ထိုအရာကို မ​ဖြေရှင်း တတ်လျှင် ပို၍ ပို၍ ဆိုးလာကာခင်ပွန်းသည်ကို မမြင်ချင်လောက်အောင် မုန်းလာတတ်သည်။ နောက်ဆုံး၌ အိမ်ထောင်ကွဲခြင်းဖြင့် အဆုံးသတ်တတ်ကြသည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာ တခုတည်းဖြင့် အိမ်ထောင်ဆောက်ခြင်းသည် မလုံလောက်ချေ။ 
 
ငွေအားဖြင့် 

များစွာသော အိမ်ထောင်များသည် မိမိအိမ်ထောင်ကို ငွေ​ကြေးအားဖြင့် တည်ဆောက်မည်။ ငွေရှိမှ အိမ်ထောင်သာယာမည်၊ ခိုင်ခန့်မြဲမြံမည်ဟု အထင်ဖြင့် ငွေကိုသာလျှင် အဓိကရှာကြသည်၊ယောက်ျားရောမိန်းမပါနံနက်စော စောထ၍ ညဉ့်နက်သည့်တိုင်အောင် အလုပ်လုပ်လျက် ပင်ပန်းစွာ ငွေရှာ ကြသည်။ သို့သော် ငွေရ လာသောအခါ ထင် သကဲ့သို့ အိမ်ထောင်မသာယာဘဲ ပြသနာများလာသည်။ ငွေရှိ လာသောအခါ လင်နှင့် မယားသူ့ငွေ၊ ကိုယ့်ငွေဟု ခွဲလာ တတ်သည်။ သုံးစွဲသော နေရာ၌လည်း သဘော ကွဲတတ်သည်။ ငွေမရှိခင်၌ စိတ်ထားတမျိုး၊ ငွေများ လာသောအခါ စိတ်တမျိုးပြောင်းတတ်သည်။ ငွေအားဖြင့် အိမ်ထောင်သာယာအောင်မြင် နိင်ပါက သူဌေးများ၏ အိမ်ထောင်သည် ပြသနာ ရှိမည် မဟုတ်။ ယခုမူချမ်းသာသောသူများ၏ အိမ်ထောင်သည် ပို၍ ပြသနာများလာတတ်သည်။ ထို့ကြောင့် ငွေ​ကြေးအားဖြင့် အောင်မြင်သော အိမ်ထောင်တည်ဆောက်နိင်သည် မဟုတ်။ 
 
ပညာအားဖြင့် 

အချို့သောသူများသည် မိမိတို့ အိမ်ထောင်ကို ပညာနှင့် ဂုဏ်အားဖြင့် တည်ဆောက် ကြသည်။ ထို့ကြောင့် ပညာရေးကိုသာ လိုက်စား ကြသည်။ လင် မယားနှစ်ယောက်စလုံးဘွဲ့ ရ၍ ဂုဏ်ရှိသောအရာ ရှိအလုပ်များကို လုပ် ကြသည်။ သို့သော် ပညာနှင့် ဂုဏ်ရှိ လာသောအခါ မာန်မာနရှိလာကာတယောက်နှင့် တယောက်ပြိုင်လာ ကြသည်။ နောက်ဆုံး၌ အိမ်ထောင်မသာယာသောအခါ အလုပ်များသည်ဟု အကြောင်း ပြကာအိမ်ပြန်နောက်ကျလာသည်။ အိမ်မှာခင်ပွန်းသည်ကို မမြင်ချင် သောကြောင့် အလုပ်မှာသော်၎င်း၊ စျေးမှာသော်၎င်းအချိန် ဖြုန်း လာသည်။ ထိုသို့ဖြင့် ပြသနာ မ​ဖြေရှင်း နိင်သောအခါ အိမ်ထောင်ကွဲသည် အထိ ဖြစ်တတ်သည်။ ထိုကြောင့် ပညာ တခုတည်း အားဖြင့်လည်း သာယာပျော်ရွှင်သော အိမ်ထောင်မတည်ဆောက်နိင်ချေ။ 
 
အ​ခြေအနေအရ

များစွာသော အိမ်ထောင်များသည် ငွေအားဖြင့်လည်း မဟုတ်၊ ပညာနှင့် အခြားသောအရာ အားဖြင့်လည်း မဟုတ်၊ အ​ခြေအနေရအိမ်ထောင်ပြု၍ တည် ဆောက်သောသူများလည်းရှိကြသည်။ ထိုသူများသည် ပဲ့မပါသော လှေကဲ့သို့ဖြစ်၍ ဦးတည်ချက်မရှိဘဲ အ​ခြေအနေအရနေသောကြောင့် ပြသနာများလာတတ်သည်။ ထိုသို့သောသူများသည် အောင်မြင်သော အိမ်ထောင်မတည်ဆောက်နိင် ကြချေ။ 
 

ဘုရားတည်ဆောက်သောအိမ်ထောင်

အိမ်ထောင်တည်ဆောက်ခြင်းသည် ဘုရားသခင်က အစပြုခဲ့၍ သူ၏ အကြံအစည် ဖြစ်သည်။ လူသား အားလုံး ၏ မိဘများ ဖြစ်ကြသော အာဒံနှင့် ဧဝကို လင်မယား ဖြစ်ဘို့ ဘုရားသခင်က ကြံ၍ တည်ဆောက်ခဲ့သည်။ ထို့ကြောင့် အိမ် ထောင်တိုင်းသည် ဘုရားသခင်က တည်ဆောက်ဘို့ လိုသည်။ ဘုရားသခင်က တည်ဆောက်နိင်ဘို့ရန်ယောက်ျားနှင့် မိန်းမသည် ဘုရားသခင်နှင့် ဆက်စပ်မှု ရှိရမည်။ အိမ်ဆောက်သောအခါ အုတ်မြစ်သည် အရေးကြီး သကဲ့သို့ အိမ်ထောင်၌လည်း အုတ်မြစ်သည် အရေးကြီးသည်။ 
 
အုတ်မြစ်

ခရစ်တော်က၊ “ကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏၊ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူ ကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မဗြုမလဲနေ၏။ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏၊ ထိုသူသည် သဲပေါ် မှာအိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ဗြုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။” (မ ရး၂၄-၂ရ) 

အထက်ပါ ခရစ်တော်၏ စကား၌ အိမ်၊ ကျောက်၊ သဲ၊ မိုဃ်းရွာ၊ ရေစီး၊ လေတို့သည် မည်သည့်အရာများကို ဆိုလိုသနည်း။ အိမ်သည် မိမိအသက်တာကို ဆိုလိုသည်။ ကျောက်သည် ခရစ်တော်၏ စကားကို ဆိုလိုသည်။ ခရစ်တော်၏ စကားသည် ကျောက်ကဲ့သို့ ခိုင်ခန့်သည်။ သူက၊ “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။” (မ ၂၄:၃၅) ဟုဆိုခဲ့သည် မဟုတ်လော။ ကျောက်သည် ခရစ်တော်၏ စကား ဖြစ်လျှင် သဲသည် မည်သည့်အရာ ဖြစ်သနည်း။ သဲသည် ခရစ်တော်၏ စကား မဟုတ်သောအရာ ဖြစ်သည်။ ခရစ်တော်၏ အစကား မဟုတ်လျှင် မည်သည့်အရာ အပေါ်၌ အိမ်ထောင်ကို ဆောက်ကြသနည်း။ အထက်က ဖေါ်ပြခဲ့သော မေတ္တာ၊ ငွေ၊ ပညာမှစ၍ အခြားသောအရာ မိမိ၏ အလိုဆန္ဒနှင့် အကြံအစည်များ ဖြစ်သည်။ ထိုအရာများအားဖြင့် အိမ် ထောင်တည်ဆောက်လျှင် အခိုက်အတန့်အားဖြင့် အဆင်ပြေနိင်သော်လည်း ဒုက္ခ ဆင်းရဲခြင်း၊ ပြသနာများကြုံတွေ့သောအခါ ပျက်ဆီးခြင်းသို့ ရောက်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က အိမ်ထောင်ကို တည်ဆောက်ဘို့ လိုသည်။ ဘုရားသခင်နှင့် သူ၏ စကား တော်သည် အိမ်ထောင်၏ အုတ်မြစ် ဖြစ်ရမည်။ 
 
ဘုရားစကား နားထောင်ရမည်

သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရားကအိမ်ထောင်ကို တည်ဆောက်မည်နည်း။ အိမ်ထောင်သည် ယေက်ျားနှင့် မိန်းမမှစတင်သည်။ သားသမီး များသည် နောက်မှ ဖြစ်လာသည်။ ထို့ကြောင့်ယောက်ျားနှင့် မိန်းမသည် ဘုရားသခင်က တည်ဆောက်ဘို့ လိုသည်။ မည်ကဲ့သို့ တည်ဆောက်မည်နည်း။ ပဌမ ဦးစွာ လင်ယောက်ျားနှင့် မိန်းမသည် ဘုရားသခင်၏ လူဖြစ်ဘို့ လိုသည်။ လင်မယား နှစ်ယောက်စလုံးသည် ဘုရားသခင်၏ သားသမီး အရင် ဖြစ်ရမည်။ ထိုမျှသာမက နှစ်ယောက်စလုံးသည် ဘုရားသခင်က တည်ဆောက်နိင်ရန် ဘုရားသခင်၏ စကားကို နားထောင် ရမည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရမည်။ ထိုသို့ဖြစ်နိင်ရန် နှစ်ယောက်စလုံးကနှုတ်ကပတ်တော်ကို ဖတ်ရမည်။ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်ရမည်။ နှုတ်ကပတ်တော် မဖတ်မလေ့လာဘဲ မည်ကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို သိနိင်မည်နည်း။ နှုတ်ကပတ်တော် မသိဘဲမည် ကဲ့သို့ ဘုရားသခင်က ဍွှန်ကြားနိင်မည်နည်း။ ဘုရားသခင်က လူကို ယခုခေတ်၌ နှုတ်ကပတ်တော်အားဖြင့် စကားပြောသည်။ ထိုနှုတ်ကပတ်တော် အတိုင်း လိုက်လျှောက်ရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ အားကိုး ခြင်းလည်း သူ၏ နှုတ်ကပတ်တော် ဖတ်မှသာ ဖြစ်နိင်သည်။ ထို့ကြောင့် လင်မယား နှစ်ယောက်စလုံး၊ သားသမီး များအားလုံး နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာ၍ နားထောင်ရမည်။ 
 
ဘုရား ချစ်ရမည် 

ဘုရား တည်ဆောက်သော အိမ်ထောင်၌ ဘုရားသခင်ကို ချစ်ရမည်။ ဘုရားသခင်ကသူ၏ သားသမီးများကို ချစ်၍ တည်ဆောက်လိုသည်။ ကောင်းကြီးလည်း ပေးလိုသည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်း သလ္လိရှိသမျှနှင့် ချစ်လော့။ ၆ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ၇ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ။ အိပ်လျက်။ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ၈ ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာသင်းကျစ်ကဲ့သို့၎င်း၊ ချည်ထားရမည်။ ၉ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။” ( တရားဟော ၆:၅-၉) ဘုရားသခင်ကို မချစ်ဘဲ လိုအပ်မှသာ ဒုက္ခ ရောက်မှသာ ဘုရားသခင်ကို တလျှင် မည်ကဲ့သို့ ဘုရားသခင်က အိမ်ထောင်ကို တည်ဆောက်နိင်မည်နည်း။ ထို့ကြောင့် မိသားစုအားလုံး ကဘုရားကို ချစ်ဘို့ရန် သင်ရမည်။ တိုက်တွန်းရမည်။ 
 
ဘုရားကို ကြောက်ရမည်

 ဘုရား တည်ဆောက်သော အိမ်ထောင်၌ ဘုရားသခင်ကို ကြောက်ရမည်။ ဆာလံဆရာက ဤသို့ ရေးသား ထားသည်၊ “ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်း ခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္လာရှိကြ၏။ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ ရသော အစာကို စားရလိမ့်မည်။ မင်္လာရှိ၍ ကောင်းစားရလိမ့်မည်။ သင်၏ မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက် ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။ ထာဝရဘုရားကို ကြောက် ရွံ့သောသူသည် ထိုသို့သော မင်္လာရှိရလိမ့်မည်။” (ဆာ ၁၂၈:၁-၄) ဘုရား မကြောက်သော အိမ်ထောင်သည် ဘုရားသခင်က မည်သို့ မျှမတည်ဆောက် နိင်။ ဆာလံဆရာကထာဝရဘုရားကို ကြောက်ရွံ့၍ လမ်းခရီးတော်သို့ လိုက် သွားသမျှသော သူတို့သည် မင်္လာရှိသည် ဟုဆိုသည်။ ကောင်းကြီး မင်္လာသည် ဘုရားသခင်၌ သာရှိသည်။ သူကပေးမှရနိင်သည်။ ထို့ကြောင့် မိသားစု ဝင်အားလုံး သည် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူများ ဖြစ်ရမည်။ 

ထာဝရဘုရားကို ချစ်ခြင်း၊ ကြောက်ရွံ့ခြင်းရှိမှသာ သူ့ကို ဦးထိပ်ထား နိင်မည်၊ သူစကားတော်ကို နားထောင် နိင်မည်။ အိမ်ထောင်သည် တစ်ဦးတည်း မရှိသောကြောင့် လူများ လာသည်နှင့် အမျှ သဘော ထားနှင့် အလိုဆန္ဒများလည်းများလာပေမည်။ လင်မယား ဖြစ်သော်လည်း၊ သား အမိသား အဖ ဖြစ်သော်လည်း သဘော ထားမတိုက်ဆိုင်လျှင် ပြသနာများနိင်သည်။ ငါ့ သဘောဟု ခံယူ နေပါက ကြာလာလျှင် ပြသနာကြီး လာနိင်သည်။ ထို့ကြောင့် မိသားစုဝင်တိုင်း ကိုယ့် သဘောကို စွန့်၍ ဘုရားသခင်၏ သဘောကို လက်ခံကြမှသာ မိသားစု၌ ညီညွတ်နိင်ပေမည်။ ဘုရားသခင်က အုပ်စိုးမှသာလျှင်နှိမ့်ချသည်း ခံနိင် ပေမည်။ ဘုရားသခင်က အုပ်စိုးသော အိမ်ထောင်သည် သာယာ၍ မိသားစု ဝင်များလည်း တစ်ယောက်နှင့် တစ်ယောက်ချစ်ခင် ကြမည်။ မည်သည့်အရာ မဆိုအတူ တကွ​ ဖြေရှင်း နိင်ပေမည်။ သာယာပျော်ရွှင်၍ အတူ တကွဘုရားဝတ် ပြုခြင်း၊ ဂုဏ်တော် ကျေးဇူးတော်များချီးမွမ်းခြင်း ပြုလုပ် နိင်ပေမည်။ ထိုအခါ ဘုရားသခင်၏ ဘုန်းတော် ထင်ရှား၍ အခြားသောသူများကလည်း အတုယူချင် လာမည်။ စာရှုသူအိမ်ထောင်တိုင်း ဘုရားသခင် တည်ဆောက်ပါစေသော်။ 
 
 
 ဧဝံဂေလိခရီးစဉ်

ဆရာမောဇက်သည် မေလ ရရက်နေ့မှ ၂၅ ရက်နေ့အထိ Baltimore မြို့၌ နေ့တိုင်း ကျမ်းစာ သင်တန်း ပြုလုပ် နိင်ခဲ့သည်။ သင်တန်းတက်ရောက် သူများသည် အနည်းဆုံး၁၀မှ ၁၆ယောက်တက်တတ်ကြသည်။ ကယ် တင်ခြင်းသို့ ရောက်သွားသောသူများရှိသည်။ မေလ ၂၀ ရက်နေ့၌ ယုံကြည်သူ ၆ ဦးကို ဗတ္တိဇံပေးခဲ့သည်။ 

မေလ ၂၆ ရက်နေ့တွင် ဆရာမောဇက်မိသားစုနှင့် လူငယ်နှစ်ယောက်တို့ သည် Durham, NC  မြို့သို့ ကားဖြင့် ဧဝံဂေလိ ခရီး ထွက်ခဲ့ ကြသည်။ ထိုနေ့ တွင် Indianapolis မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော် မှဦးရာလှောင်းဦး ဆောင်ကာလ ူငယ်များလည်း အသင်းတော် ပိုင် ၁၅ယောက်စီးကားဖြင့် ရောက်လာ ကြသည်။ီကမ့​ော မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ကျမ်းစာ သင်ခြင်း၊ ဝတ်ပြုခြင်းများကို ပြုလုပ် ကြသည်။ နှစ်ညအိပ်၍ တရက်သာအချိန် ရသော်လည်း အားလုံး အကျိုးခံစားရကြသည်။ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသူ ၁၀ယောက်ခန့် ဆုတောင်း ကြသည်။ 
 
 
အသင်းတော် သစ်တိုးခြင်း 
 ဆရာယောရှုဟရန်ကိတ်ရုလ်ကို အသုံးပြုခြင်းအားဖြင့် ဧပြီလတွင် Louisville, Kentucky မြို့၌ သတင်းကောင်း နှစ်ခြင်း အသင်းတော် စတင်နိင်ခဲ့သည်။ သူတို့သည် ကယ်တင်ခြင်းနှင့် သမ္မာတရား အတွက် အသက်ရှင်ချင် သောကြောင့် အသင်းတော် အနေဖြင့် ရပ်တည်ကြခြင်း ဖြစ်သည်။ အမျိုးမျိုးသော အခက် အခဲကြားမှာအောင်မြင် စွာ အမှုဆောင်နိင်ရန် ဆုတောင်းခြင်းဖြင့် ပါဝင်ကြပါစို့။ 

မေလအတွင်း၌လည်း Indianapolis, Indiana  မြို့တွင် ဖလမ်းစကားဖြင့် ပြုလုပ်သော သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို ဘုရားသခင်က ဆရာ ယောရှု အသုံးပြုခြင်းအားဖြင့် စတင်နိင်ခဲ့သည်။ ထိုအသင်းတော်သည် လူမျိုးရေး အတွက် မဟုတ်ဘဲ သမ္မာတရား အတွက် တည်ထောင်ခြင်း ဖြစ်သည်။ စာတန် လက်ထဲမှလူ များစွာကို ဆွဲထုတ်နိင်ဘို့ရန် ထိုအသင်းတော်ကို ဘုရားသခင်က အ သုံးပြုဘို့ ဆုတောင်း ပေးကြပါစို့။ 
 
 

ဘုရားသခင်၏ အကြံတော် 
တဦးချင်းခေါ်ခြင်း 
 
အာဒံ
ပေးထားသော တာဝန် -မြေကြီးကို ပြည့်စေပြီး နိင်၍ အုပ်စိုးရန်၊ “အချင်းတို့၊ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေ ပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီး ပေးတော်မူ၏။” (က ၁:၂၈) 
 
စုံစမ်းခြင်း -မိန်းမကဘုရား စကား နားမထောင်ဘို့ သွေးဆောင် မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။ (က ၃:၆) 
 
အောင်မြင်ခြင်း -မရှိ၊ မိန်းမစကား နားထောင်၊ 
လူကလည်း၊ ​ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏ အသီးကို ပေး၍ ​ကျွန်တော် စားမိပါသည်ဟု လျှောက်လေ၏။ (က ၃:၁၂) 
 
အပြစ်၌ -သေခြင်း၊ သား စဉ်မြေဆက်တိုင်း အပြစ်သား ဖြစ်၊ အလုပ် လုပ်မှအ စာစားရ၊ ဘုရားနှင့် ခွဲခွါ၊ ယောကျ်ားကိုလည်း၊ ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကို နားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏ အတွက် ကျိန်ခြင်းကို ခံလျက် ရှိ၏။ မြေ၏ အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ၁၈ ဆူးပင် အမျိုးမျိုးတို့ ကိုလည်း သင်အဘို့ မြေပေါက်စေမည်။ လယ်၌ ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ ၁၉ သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကို စားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။ (က ၃:၁ရ- ၁၉) 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG