GOODNEWS
  HOME  GOODNEWS  2012 APR
 


အမှာစာ

ဧပြီလတိုင်အောင် ပို့ဆောင်ကောင်းကြီး ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းကြပါစို့။ ယခုလကျနော်ရီးသွားရာတွင် အင်တာနက် ဆက်သွယ်မှု အခက်အခဲကြောင့်စာစောင်ထုတ်ဝေခြင်း နှောင့်နှေးသွားခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အိန္ဒိယနိင်ငံမြို့တော် ဒေလီမြို့နှင့် မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိင်ငံမှတိုင်းရင်းသားများထံ ကယ်တင်ခြင်း၊ ချီဆောင်ခြင်းနှင့် ခရစ်ယာန် အသက်တာများ အကြောင်းကို တလခွဲဝေငှနိင်ခဲ့ပါသည်။ အသွားအလာအစားအသောက် ခက်ခဲသော်လည်း ဘုရားသခင်က ခံနိင်ရည် စွမ်း အားပေးသောကြောင့် ထိုကဲ့သို့ ဝေငှနိင်ခြင်း ဖြစ်ပါသည်။ 

ကျေးဇူးတော် ချီးမွမ်းလိုသည် မှာရောက်လေရာရာ၌ ဘုရားသခင်က လူများကို ဆာငတ်သောစိတ်သဘော ပေးခြင်း ဖြစ်ပါသည်။ ကယ်တင်ခြင်းသို့ ရောက် သူများရှိသလို၊ ဝိညာဉ်ရေးရာ ခလေး ဘဝမှကြီး ထွားဘို့ လိုကြောင်းများကို သိရှိ၍ ကွမ်းယာ၊ ဆေးလိပ်၊ ခိုင်နီး၊ အရက်၊ မူးယစ်ဆေးဝါးများကို ဖြတ် ကြပါသည်။ သူတို့ ကိုယ်တိုင် ဘဝပြောင်းလဲမှု ရှိကြောင်း ဝန်ခံ ကြသည်။ လေယဉ် ခရီး စဉ်အဆင် မပြေခြင်းကြောင့်၎င်း၊ ကျနော်ကျန်းမာရေးအနည်းငယ် အားနည်းခြင်းကြောင့်၎င်း၊ မြန်မာပြည် ခရီး စဉ်ကို ဖျက်၍ နယူးဒေလီမြို့သို့ ပြန်လှည့် ရပါသည်။ ထိုမြို့မှ ယုံကြည်သူများသည် အလွန် အားရ၍ လေဆိပ်၌ ည၁၀ နာရီ တိုင်အောင် စောင့်ကြိုကြကာ သတင်းကောင်း နှစ်ခြင်း ဘုရားကျောင်း၌ ည၁၂ နာရီ အထိ ထိုင် စကား ပြော ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဆာငတ်မှုကို မြင်သောအခါအား မရဘဲ မနေနိင်ပါ။ နေရာတိုင်းမှ ဆုတောင်း ပေးကြသောသူများနှင့် အလှုတော် ငွေအားဖြင့် ပါဝင်ကြသောသူအရောက်တိုင်း အပေါ် ဘုရားသခင်က ကြွယ်ဝစွာ ကောင်းကြီး ပေးတော်မူပါစေသော်။ ချီဆောင်ခြင်း နေ့ရက်တိုင်အောင် သစ္စာရှိစွာ အမှုတော်ဆောင်ရွက်ကြပါစို့။ 

ဤစာစောင်၌ ... 

ခရစ်တော်၏ အသေခံတော်မူခြင်း 
ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်း 
၁ သက် ၁ လေ့လာခြင်း 
မျက်ဆန်တော်ကို ထိခြင်း 
ဧဝံဂေလိ ခရီး စဉ်
 
 
ခရစ်တော်၏ အသေခံတော်မူခြင်း

ခရစ်တော်၏ အသေခံတော်မူခြင်းသည် ခရစ်ယာန်များအတွက် အလွန်အရေးကြီးသော အချက် ဖြစ်သည်။ ခရစ်တော် အသေခံခြင်း သည်ကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများ အထဲမှအချို့ကို ဖေါ်ပြပါက၊ 

အပြစ်၏အခကိုဆပ်ခြင်း

ကျမ်းစာက၊ “အပြစ် တရား၏ အခကား သေခြင်း ပေတည်း” (ရော ၆:၂၃) ဟုဆိုသည်။ လူတိုင်း အာဒံကြောင့်အပြစ်ရှိကြသည် (ရော ၅:၁၂၊ ၁၉)။ ဘုရားသခင်၏ တရားရုံးတော် မှအပြစ်ရှိသောသူသည် အသေခံရမည် ဟု တရား စီရင်ထားသည်။ အပြစ်ကြောင့် ထောင်ဒဏ်၊ အလုပ်ကြမ်း၊ ကြိမ်ဒဏ်၊ ငွေဒဏ်များမရှိ။ သေဒဏ်သာလျှင် ရှိသေည်။ ထိုအပြစ်ကြောင့် အသေခံပါက ငရဲရောက်ဘို့ သာလျှင် ရှိသည်။ သို့သော် သခင်ယေရှုခရစ်သည် တလောက လုံးရှိ လူသားများကိုယ်စားလက်ဝါးကပ်တိုင်၌ အသေခံ ခဲ့သည်။ ကျမ်းစာက၊ “ခရစ်တော်သည် ကျမ်းစာ လာသည့်အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။” ဟုဆိုသည် (၁ ကော ၁၅:၃)။ ထိုသို့ ခရစ်တော် ကငါတို့ အပြစ် အတွက် အသေခံတော်မူပြီ ဖြစ်သောကြောင့် ငါတို့သည် အပြစ် အတွက် သေစရာ မလိုတော့ချေ။ အကယ်၍ အပြစ် အတွက် အသေခံဘို့ လိုသေးပါက ခရစ်တော်၏ ခံပေးခြင်းသည် အချည်းနှီး ဖြစ်မည်။ ခရစ်တော်သည် အချည်းအနှီးအသေခံတော်မမူ။ ထို့ကြောင့် ခရစ်တော်၏ အသေခံ ပေးခြင်းကို ယုံကြည်လျှင် နောက်ထပ်အသေခံစရာ မလို တော့ချေ။ ထိုပြစ်ဒဏ်မှ ကယ်တင်တော်မူသော သခင်ယေရှုကို ချီးမွမ်းကြစို့။ 
 
လူဟောင်းသေစေ

လူတိုင်း မွေးဘွားသောအခါ လူဟောင်းအဖြစ် မွေးဘွား ကြသည်။ ထိုလူဟောင်းသည် အပြစ်၏ ကျေး​ကျွန် ဖြစ်သည်။ ထို့ကြောင့် အပြစ် မလုပ်ဘဲ မနေ နိင်။ မည်မျှပင်ဆုံးမသော်လည်း အပြစ် မလုပ်ဘဲ မနေနိင်ကြ။ ထိုလူဟောင်းကို တရားချ၍ မရ။ ဘုရားသခင်က၊ “သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အား အလျှင်း မရှိ။ ​ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်း မရှိ။ စုတ်ရှသော အနာ၊ ထိခိုက်၍ ရောင်သော အနာ၊ ရိယွဲသော အနာသက် သက်ရှိ၏။” ဟုဆိုခဲ့ဘူးသည် (ဟေရှာယ ၁:၅-၆)။ ဘာသာတရားကထိုလူဟောင်းကို မသိသောကြောင့် အပြစ် မလုပ်ဘို့၊ ချုပ်တည်းဘို့၊ တရားကျင့်ဘို့ သွန်သင်တတ်သည်။ အပြစ်လုပ်ပါက ငရဲကျမည်ဟု ခြိမ်းချောက်တတ်သည်။ သို့သော် လူဟောင်းသည် အပြစ် မလုပ်မဘဲ မနေနိင်။ ထို့ကြောင့် ဘုရားသခင်က ထိုလူဟောင်းကို ခရစ်တော် အထဲ၌ ထည့်ကာလက်ဝါးကပ်တိုင်၌ အသေသတ်လိုက်သည်။ ကျမ်းစာက၊ “ထိုမှတပါးငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေ သတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်း ငါှ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည့် အကြောင်း တည်း။ သေသောသူသည် အပြစ် တရား၏ လက်မှ လွတ်မြောက်လျက် ရှိ၏။” ဟုဆိုထားသည် (ရော ၆:၆ -၇)။ ထိုသို့ အပြစ်၏ ကျွန်ခံနေသော လူဟောင်းကို သေ စေဘို့ ခရစ်တော်သည် အသေခံ ရခြင်း ဖြစ်သည်။ ထိုကြောင့် ထိုအရာကို ယုံကြည်သောသူသည် အပြစ်၏ ကျေး​ကျွန်မှ လွတ်မြောက်ပြီ။ ဟာလေလုယ။

ပညတ်တော်မှကွာစေ

လူတိုင်း ပညတ်တော် ပေးရခြင်း၏ အကြောင်းရင်းကို မသိသောကြောင့် ကယ်တင်ခြင်းသို့ ရောက်ရန်ပညတ်တော် လိုက်လျှောက်ရမည်ဟု ယူဆတတ်ကြသည်။ အမှန်မှာ ပညတ်တော်သည် လူကို ကျိန်ခြင်းကို ခံစေကြောင်း ကျမ်းစာက ဤသို့ ဆိုထားသည်၊ “ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား ပညတ္တိကျမ်းစာ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။” (ဂလာ ၃:၁၀)။ ပညတ္တိကျမ်းစာသည် မောရှေရေးထားသော၊ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်း၊ တောလည်ရာကျမ်းနှင့် တရားဟောရာကျမ်းတို့ ဖြစ်သည်။ ထိုကျမ်းစာများထဲ၌ ပညတ်တော် ပေါင်း၆၁၃ ပါးရှိသည်။ ထိုအရာများကို အမြဲကျင့်ဘို့ ဆိုသည်မှာ မဖြစ်နိင်သောအရာ ဖြစ်သည်။ ထိုကြောင့် ပညတ်တော်သည် လူကို မကယ်တင်သည်သာမက အပြစ်တင်သည်။ ပညတ်တော်သည် လူကို ကျိန်ခြင်း ခံစေသည်။ ထို့ကြောင့် လူသည် ပညတ်တော်နှင့် ကွာဘို့ရန် လိုသည်။ 

ထိုအရာကို ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “ပညတ်တရားကို သိသော ညီအစ်ကိုတို့၊ ပညတ်တရားသည် လူကို အသက်ထက် ဆုံးမျှသာပိုင်သည်ကို မသိကြသလော။ ဥပမာကား လင်ရှိသော မိန်းမသည် လင်မသေမှီတိုင် အောင်၊ ပညတ်တရားကလင်၌ ချည်နှောင်လျက် ရှိ၏။ လင်သေလျှင် မူကား လင်ဝတ်နှင့် လွတ်၏။ ထိုကြောင့် မိမိ လင်မသေမှီ အခြားသောသူ၏ မယား ဖြစ်လျှင် မျောက်မထားသော မိန်းမဟု ခေါ်ထိုက်၏။ လင်သေလျှင် မူကား၊ ထိုတရားနှင့် လွတ်သည် ဖြစ်၍ အခြားသောသူ၏ မယား ဖြစ်သော်လည်း မျောက်မထားသော မိန်းမဟု ခေါ်စရာ အကြောင်း မရှိ။ ထိုနည်းတူ ငါ့ ညီအစ်ကိုတို့၊ သင်တို့သည် အခြားသောသူ တည်းဟူသော သေခြင်းမှ ထမြောက်တော်မူသောသူ၏ မယား ဖြစ်၍ ဘုရားသခင်၏ အလိုတော်နှင့် အညီတိုးပွားမည့် အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့် ကွာကြ၏။” (ရော ရး၁-၄)။ 

အထက်ပါ ကျမ်းပိုဒ်များ၌ ပညတ်တရားသည် ပဌမ လင် ဖြစ်၍ ငါတို့သည် သူ၏ မိန်းမနှင့် နှိုင်းထားသည်။ ပညတ်တရားသည် ကောင်းကင်နှင့် မြေ ကြီးထက် တည်တန့်ခိုင်မြဲသည်။ ပညတ်တရားနှင့် ကွာ၍ မရ။ ထိုကြောင့် ငါတို့ကို ခရစ်တော်နှင့် အသေခံ စေ၍ ပညတ်တရားနှင့် ကွာသွားပြီ။ ရှင်ပြန်ထမြောက်သောအခါ အခြားသောသူ တည်းဟူသော သေရာမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်၏ မယား ဖြစ်ပြီ ဟုဆိုသည်။ ထိုသို့သောအားဖြင့် ငါတို့ကို ပညတ် တရားနှင့် ကွာစေဘို့ရန် ခရစ်တော်သည် အသေခံဘို့ လိုသည်။ 
 
ယဇ်ကောင် အဖြစ်ပူဇော်ဘို့ 

ဘုရားသခင်သည် ဣသရေလ လူများကို အမျိုးမျိုးသော ယဇ်များကို ပူဇော်ဘို့ရန် သွန်သင်ခဲ့သည်။ ထိုယဇ်များသည် မီးရှို့ရာယဇ် (ဝတ် ၁)၊ ဘော ဇဉ်ပူဇော်သက္ကာ (ဝတ် ၂)၊ မိဿဟာယယဇ် (ဝတ် ၃)၊ အပြစ် ​ဖြေရာယဇ် (ဝတ် ၄)၊ ဒုစရိုက်​ဖြေရာယဇ် (ဝတ် ၅)၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ဖြစ်သည်။ ထိုအရာများသည် အရိပ်များ ဖြစ်၍ အကောင်အထည်များ မဟုတ်။ ထို့ကြောင့် ကျမ်းစာက၊ “ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွ လာသောအခါ အို ဘုရားသခင်ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ အ​ကျွန်ပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ ကျမ်းစာ လိပ်၌ အ​ကျွန်ပ်ကို အမှတ်ပြုရေးထားသည်နှင့် အညီအ​ကျွန်ပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သော ငါှသွားပါမည်ဟု အ​ကျွန်ပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” ဟုဆိုသည် (ဟေ ၁၀:၅၊ ၆၊ ၁၀) ခရစ်တော် အသေခံခြင်းသည် အထက်က ဖေါ်ပြသော ယဇ် အမျိုးမျိုးကို ပူဇော် ပြီးစီးခြင်း ဖြစ်သည်။ ထို့ကြောင့် ယဇ်ပူဇော်စရာ မလိုတော့ချေ။ 
 
ဇာတိသေစေဘို့ 

ယုံကြည်သူ သည်သား မယားများကို ထားခဲ့၍ ခရီး သွားနိင်သည်။ သို့သော် ဇာတိပကတိသည် ယုံကြည်သူကို သွားလေရာရာ၌ လိုက်ပါနေသည်၊ ထားခဲ့၍ မရပါ။ ဇာတိပကတိသည် ဘုရား မအုပ်စိုးသော အသက်တာကို ဆိုလိုသည်။ ကျမ်းစာက၊ “ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့် တပါးဆန့် ကျင်သော အလိုရှိကြ၏။” ဟုဆိုသည် (ဂလာ ၅:၁ရ)။ တဖန်၊ “ဇာတိပကတိ ရှိသော သူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာ တို့ကို စွဲလန်းသောစိတ်သဘော ရှိကြ၏။ ဝိညာဉ်ပကတိစိတ်ရှိသော သူတို့ မူကာ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သောအရာ တို့ကို စွဲလန်းသောစိတ်သဘော ရှိကြ၏။ ဇာတိပကတိစိတ်သဘောသည် သေခြင်း အကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ် သဘောသည် အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်း အကြောင်း ဖြစ်၏။” ဟုဆိုသည် (ရော ၈:၅-၆)။ ထို့ကြောင့် ယုံကြည်သူများ ဇာတိပကတိစိတ်သဘောနှင့် အသက်ရှင်ဘို့ မဟုတ်။ ဝိညာဉ်ပကတိစိတ် သဘောနှင့် အသက်ရှင်ရကြမည်။ သို့သော် ဝိညာဉ် စိတ်သ ဘောနှင့် အသက်ရှင်လိုသော်လည်း မရှင်နိင်၊ ဇာတိပကတိစိတ်သဘော ကနိင်နေ သဖြင့် ဇာတိအလို ဆန္ဒအတိုင်း လိုက်နေတတ်ကြသည်။ ထို့ကြောင့် ကျမ်းစာက၊ “ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတပကတိကို၎င်း၊ ဇာတိပကတိ စိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။” (ဂလာ ၅:၂၄)။ ထိုသို့ ဇာတိပကတိ သေနိင်ရန် ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံ ရခြင်း ဖြစ်သည်။ 
 
လောကသေနိင်ဘို့ 

လူသည်လောကကို အလွန် စွဲလန်းချစ်ခင်သည်။ ဆုတောင်းစရာ မလို၊ ကြိုး စားစရာ မလို၊ သင်ပေးစရာ မလိုဘဲလောကနှင့်လောကအရာများကို ချစ်တတ်ကြသည်။ သို့သော် ကျမ်းစာ၌၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်းမချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။” ဟု ပါရှိသည် (၁ ယော ၂:၁၅)။ အဘယ်ကြောင့် ယုံကြည်သူများ ဘုရားသခင်ကို ချစ်သင့်သလောက် မချစ်ကြသနည်းဟူမူကားလောကကို ချစ်သောကြောင့် ဖြစ်သည်။ လောကကို ချစ်လျှင် ဘုရားသခင်ကို မချစ်နိင်။ ဘုရားကို ချစ်လျှင်လောကကို မချစ်နိင်။ လောကသည် စာတန် ဥစ္စာ ဖြစ်သည်။ ခရစ်တော်က၊ “ဤလောကကို အုပ်စိုးသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။” ဟုဆိုသည် (ယော ၁၄:၃၀)။ အကြောင်းမှာ ခရစ်တော်သည် စာတန် ပိုင်သော ဤလောကအရာများကို ဘယ်အရာမျှ မပိုင်။ သို့သော် ယုံကြည်သူများသည် စာတန် ပိုင်သော ဤလောကကို အလွန် လိုချင် တပ်မက် ကြသည်။ 

ဤလောကကို ချစ်လျှင် စာတန်ကို ကိုးကွယ်ခြင်း ဖြစ်သည်။ ကျမ်းစာ၌၊ “တဖန် မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင်် သွား၍ ဤလောက၌ ရှိသမျှသော တိုင်း နိင်ငံတို့ကို တခဏခြင်းတွင် ပြညှွန်၍ ဤဘုန်း တန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူကို ပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။” ဟု ပါရှိသည် (လု ၄:၅-၆)။ ဤလောကကို လိုချင်လျှင် စာတန်ကို ကိုးကွယ်ရသည်။ ထို့ကြောင့် သခင်ယေရှုက စာတန် ပေးမည့် ဤလောကကို ငြင်းပယ်ခဲ့သည်။ ယုံကြည်သူများအနေဖြင့် ဤလောကကို ချစ်နေသောကြောင့် ကျမ်းစာက၊ “ငါ ဖြစ်လျှင် ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော် မှတပါး အဘယ်အရာ၌ မျှဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော် မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။ ငါသည်လည်း ဤလောက အဘို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။” ဟုဆိုထားသည် (ဂလာ ၆:၁၄)။ ထို့ကြောင့် ယုံကြည်သူများသည် ဤလောကနှင့် ခွဲခွွါနိင်ဘို့ရန် ခရစ်တော် အသေခံခြင်း ဖြစ်သည်။ 
 

ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း 

ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည် ခရစ်ယာန် ယုံကြည်ခြင်း၌ အလွန် အရေးကြီးသည်။ ခရစ်ယာန် ဖြစ်ခြင်းသည် အတွေးအခေါ်ယုံကြည် လက်ခံခြင်း မဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ လူသားများအတွက် ခရစ်တော်အားဖြင့် လုပ်ဆောင်ပေးသော အရာများကို ယုံကြည် လက် ခံခြင်း ဖြစ်သည်။ ခရစ်တော်သည် လူသားများအတွက် များစွာ လုပ်ဆောင်ပေးရာတွင် ရှင်ပြန်ထမြောက် ခြင်းသည် အဓိကအချက် ဖြစ်သည်။ ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ပြီးစီးအောင်မြင် ခဲ့သော အရာများကို လေ့လာပါက၊ 

 အသက်ရှင်ခြင်းနှင့် ရှင်ပြန်ထ​‌မြောက်ခြင်း

 ခရစ်တော်က ကိုယ်ခန္ဓာ၌ အသက်ရှင်စဉ်တွင်၊ “ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” ဟုဆိုခဲ့သည် (ယော ၁၁:၂၅)။ ထိုသို့ ဆိုပြီး နောက် ခရစ်တော် ကလာဇရုကို ရှင်ပြန်ထမြောက် စေခဲ့သည် (ယော ၁၁:၄၄)။ ခရစ်တော်သည် မုဆိုးမ၏ သမီးနှင့် တရားဇရပ်မှူး၏ သမီးကိုလည်း ထမြောက်စေတော်မူ ခဲ့သည်။ သို့သော် ထိုသို့ အခြားသောသူများကို ထမြောက် စေခြင်းအားဖြင့် သူသည် ထမြောက် ခြင်းနှင့် အသက်ရှင်ခြင်း အကြောင်းကို သက်သေမပြနိင်သေးချေ။ အကြောင်းမူကား ပရောဖက် ဧလိယနှင့် ဧလိရှဲတို့ကလည်း သေသောသူများကို ထမြောက် စေနိင်ခဲ့သည်။ ထို့ကြောင့် သူ ကိုယ်တိုင် သေ၍ ပြန်လည်ထမြောက်ဘို့ လိုသည်။ ခရစ်တော်သည် ရှင်ပြန်ထမြောက်သောအခါ သူ၏ စကားကို သက်သေထူနိင်သည်။ သူပြောသည့်အတိုင်း သူသည် အသက်ရှင်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ဖြစ်ကြောင်း ယုံကြည် နိင်သည်။ 
 
ယုံကြည်ခြင်း၊ သက်သေခံခြင်း အကျိုးရှိစေဘို့ 

ထိုအရာကို ရှင်ပေါလုက ဤသို့သား ထားခဲ့သည်၊ “သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက် တော်မမူ။ ခရစ် တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ ထိုမျှမက၊ သင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ထိုမျှမက ငါတို့သည် ဘုရားသခင်၏ အမှု မှာမမှန်သော သက်သေခံ ဖြစ်ကြ၏။” (၁ ကော ၁၅:၁၃-၁၅)။ ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည် ခရစ်ယာန်များယုံကြည်ခြင်း၏ အုပ် မြစ် ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်း မရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပါယ်မရှိ။ အကြောင်းမူကား ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ထာဝရ သေရမည် ဖြစ်သည်။ ထိုမျှသာမက ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း ဟောပြောသော သူတို့သည် မမှန်သော သက်သေခံများ ဖြစ်ကြသည်။ ထို့ကြောင့် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည် ယုံကြည်ခြင်း၏ အဓိကအ ချက် ဖြစ်သည်။ 
 
မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးရန်

 ကျမ်းစာက၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့် ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” ဟုဆိုသည် (ဟေ ၂:၁၄-၁၅)။ စာတန် မာရ်နတ်သည် သေခြင်း တရားအားဖြင့် လူကို အနိင်ယူသည်။ လူသည် သေရမှာကြောက်သောကြောင့် ဘုရား သခင်၏ စကားကို နားမထောင်နိင်ဘဲ စာတန်၏ ​ကျွန်ခံနေရသည်။ ထို့ကြောင့် မာရ်နတ်၏ တန်ခိုး တည်းဟူသော သေခြင်းကို ချိုးဖဲ့ဖျက်ဆီးဘို့ရန်နှင့် သေဘေးကို ကြောက်သောကြောင့် တသက်လုံး​ကျွန်ခံနေရသော လူသားကို ကယ် တင်ဘို့ရန် လူသား အဖြစ်အသွေးအသားကို ခံယူသည်။ အကြောင်းမှာ ဝိညာဉ်ဖြင့် ရှိနေပါက မသေနိင်ချေ။ လူအသွေးအသား ခံယူသောအခါ သေနိင်သည်။ ခရစ်တော်သည် မည်ကဲ့သို့ စာတန်၏ တန်ခိုးသေခြင်းကို ချိုးဖဲ့ဖျက်ဆီးခဲ့သနည်း ဟူမူကား၊ သူကိုယ်တိုင် အသေခံ၍ ပြန်လည် ရှင်ပြန်ထမြောက်သောအားဖြင့် သေခြင်းကိုအောင် နိင်ကြောင်း သက်သေထူခဲ့သည်။ စာတန် ကသူ၏ တန်ခိုး သေခြင်းဖြင့် ခရစ်တော်ကို ခဏအနိင်ယူနိင်ခဲ့သည်။ သို့သော် သုံးရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် စာတန်၏ တန်ခိုးသေခြင်းသည် တန်ခိုးမရှိကြောင်း ခရစ်တော်က လူသားများကို သက်သေထူလိုက်သည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သောသူတိုင်း သေရမှာကို ကြောက်စရာ မလို တော့ချေ။ စာတန်၏ ​ကျွန်ကိုလည်း ခံစရာ မလိုတော့ချေ။ 

ထိုအရာကို သိသော ရှင်ပေါလုက၊ “အိုသေမင်း၊ သင်၏ လက်နက်သည် အဘယ်မှာ ရှိသနည်း။ အိုမရဏာနိင်ငံ၊ သင်၏ အောင်ခြင်းသည် ဘယ်မှာ ရှိသနည်း။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်း အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည်ကြီး လှစွတကား။ ထို့ကြောင့် ငါချစ်သော ညီ အစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍ မရွေ့မလျော့မတိမ်းမယိမ်းဘဲလျက် သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအား ထုတ်ကြလော့။” ဟု ရေးထားခြင်း ဖြစ်သည် (၁ ကော ၁၅:၅၅-၅၈)။ ခရစ်တော်၏ သေခြင်း အပေါ်အောင်မြင်ခြင်းကို သိသောသူများ အနေဖြင့် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက် နိင်သည်။ 

 အသစ်သော အသက်တာပေးဘို့ 

ခရစ်တော် ထမြောက် ခြင်းသည် ယုံကြည်သူများအသစ်သော အသက်တာ၌ ကျင်လည်နိင်ဘို့ရန် ဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေးသား ထားသည်၊ “ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်တာ၌ ကျင်လည်ရ ကြသတည်း။” (ရော ၆:၄)။ ခရစ်တော်သည် ထမြောက် တော်မမူလျှင် ငါတို့လည်း အသစ်သော အသက်တာကို မရရှိနိင်ချေ။ ထို့ကြောင့် ခရစ်တော်၏ ရှင်ပြန်ထ မြောက်ခြင်းသည် ငါတို့အတွက် မရှိမ ဖြစ် အလွန် အရေးကြီးသောအရာ ဖြစ်သည်။ 
 
ကောင်းကင်၌ နေရာပေးဘို့ 

ခရစ်တော် ရှင်ပြန်ထမြောက်သောအခါ ယုံကြည်သူများလည်း ဝိညာဉ်ရေးရာအားဖြင့် ရှင်ပြန်ထမြောက်၍ ကောင်းကင် အရပ်၌ ဘုရားသခင်က နေရာ ပေးကြောင်း ရှင်ပေါလုက ဤသို့ ရေးသား ထားသည်၊ “ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူ ပြီ။” (ဧဖက် ၂:၆)။ ယုံ ကြည် သူများသည် ခရစ်တော် သာမထမြောက်လျှင် ကောင်းကင် အရပ်၌ နေရာ ရှိမည် မဟုတ်။ ယခုမူကား ကောင်းကင် အရပ်၌ နေရာရှိပြီ။ ဤလောက၌ မြေ နေရာ၊ အိမ်မပိုင်သော်လည်း ကောင်းကင်၌ နေရာရှိပြီ။ ဟာလေလုယ။ ထို့ကြောင့် ရှင်ပေါလုက၊ “အထက် ဆိုခဲ့ပြီးသည် အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော် ဘက်မှာ ခရစ် တော်သည် ထိုင်နေတော်မူ ရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။ မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက် ထားလျက် ရှိ၏။” ဟုဆိုခြင်း ဖြစ်သည် (ကော ၃:၁-၃)။ 
 
၁ သက် ၁ လေ့လာခြင်း 

၁။ ပေါလု၊ သိလွှာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြား လိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော် ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သခင်တို့၌ ရှိပါစေသော်။

ရှင်ပေါလုသည် စာရေးသောအခါ သူ၏ နာမည်သာမက သူ၏ လုပ်ဘော် ဆောင်ဘက်များ၏ နာမည်ကို ပါအမြဲဘော်ပြတတ်သည်။ ထို့အပြင် ဘုရားသခင့်အထံတော် မှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းရှိဘို့ ကောင်းကြီး ပေးတတ်သည်။ ​ကျွန်ပ်တို့လည်း အတုယူသင့်သည်။ 

၂-၄။ ငါတို့အဘ တည်းဟူသော ဘုရားသခင့်ရှေ့တော်၌ သင်တို့သည် ယုံ ကြည်သော စိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သော စိတ်နှင့် ကြိုးစားအား ထုတ်ခြင်း၊ ငါတို့ သခင်ယေရှုခရစ်ကို မြော်လင့်သော စိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက် ဘုရားသခင် ချစ်တော်မူသော ညီအစ်ကိုတို့ သင်တို့ ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက် သင်တို့ အပေါင်းကို အကြောင်း ပြုသဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလ အစဉ်ချီးမွမ်း ၍ သင်တို့ အဘို့ အလိုငါှ ဆုတောင်း ပဌနာ ပြုလျက် နေကြ၏။

သက်သာလောနိတ် ယုံကြည်သူများသည် ယုံကြည်ခြင်းဖြင့် အကျင့်ကျင့် ကြကြောင်း၊ ချစ်သော စိတ်ဖြင့် ကြိုးစားအား ထုတ်ကြောင်း၊ သခင်ယေရှုခရစ်ကို မြော်လင့်သော စိတ်ဖြင့် တည်ကြည်ကြောင်းတို့ကို ဖေါ်ပြထားသည်။ ရှင်ပေါလုက၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မြော်လင့်ခြင်း အကြောင်းကို (၁ ကော ၁၃:၁၃)၌ ဖေါ်ပြခဲ့သည်။ ယုံကြည်ခြင်းရှိမှကျင့်နိင်သည်။ အကျင့်ကျင့်ခြင်း ဆိုသည်မှာ အလုပ်လုပ်ခြင်း (တသမု)ကို ဆိုလိုသည်။ အဘယ်ကြောင့် များစွာသော ယုံကြည်သူများ အလုပ်မလုပ်ကြသနည်းဟူမူကား ယုံကြည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ချစ်သော စိတ်ဖြင့် ကြိုးစားအား ထုတ်သည် ဟုဆိုသည်။ ချစ်သူအတွက် ဖြစ်လျှင် ကြိုးစားအား ထုတ်လိုသည်။ ခရစ်တော် ရရှိသူတိုင်း ချစ်ခြင်းရှိကြသည်။ အကြောင်းမှာ ခရစ်တော်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည် (၁ ယော ၄:၈)။ ထို့အ ပြင် ဘုရားသခင်က ငါတို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးသည် ဟုဆိုသည် (ရော ၅:၅၊ ၂ တိ ၁:ရ)။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူ တိုင်း၌ ဘုရား၏ ချစ်ခြင်းမေတ္တာရှိ ကြသည်။ သို့သော် ထိုမေတ္တာကို အသုံးမပြုကြချေ။ မည်ကဲ့သို့ အသုံးပြုရမည်နည်းဟူမူကား ဘုရားသခင်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။ ဘုရား သခင်ကအုပ်စိုးပါက ဝိညာဉ် အသီးများ သီးလာပေမည်။ ဝိညာဉ် အသီးသီးပါက ချစ်ခြင်းသည် ပဌမဦးဆုံး အသီး ဖြစ်မည် (ဂလာ ၅:၂၂)။ ချစ်ခြင်းရှိပါက ကြိုးစားအား ထုတ်လာမည်။ မြော်လင့်သော စိတ်နှင့် တည်ကြည်မည် ဟုဆိုပြန်သည်။ မြော်လင့်ခြင်းရှိလျှင် သွေးဆောင်မှုသော်၎င်း၊ ဆင်းရဲ ဒုက္ခကိုသော်၎င်း၊ သည်း ခံနိင်သည်။ 

၅။ ငါတို့သည် သင်တို့နှင့်အတူ နေသောအခါ သင်တို့အတွက် အဘယ်သို့ သောသူ ဖြစ်သည်ကို သင်တို့ သိကြသည်နှင့် အညီ ငါတို့ ဟောပြောသော ဧဝံဂေလိတရားသည် သင်တို့၌ စကား သက်သက် ဖြစ်သည် မဟုတ်၊ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တ ရား ဖြစ်၏။ 

ရှင်ပေါလုတို့ ဟောပြောသော ဧဝံဂေလိတရားသည် စကား သက်သက် မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တရား ဟုဆိုသည်။ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းကို အင်္လိပ်လို (်ကူူ ခသညလငခအငသည) ပြည့်စုံစွာ နားလည်းခြင်း ဟုဆိုသည်။ အဘယ်ကြောင့် ယုံကြည်သူများ သက်သေခံသောအခါ လူများ မပြောင်းလဲသနည်း ဟူမူကား အကြောင်း တခုမှာစကား သက်သက် ဖြစ်သောကြောင့် ဖြစ်သည်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ပြည့်စုံစွာ နားလည်ခြင်းနှင့်၎င်း၊ ဟောပြောပါက လူများ၏ အသက်တာကို ပြောင်းလဲစေမည် ဖြစ်သည်။ 

၆။ သင်တို့သည် ကြီးစွာသော ဆင်းရဲခြင်းကို ခံရသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဆိုင်သော ဝမ်းမြောက်ခြင်း နှင့်တကွ နှုတ်ကပတ်တော်ကို ခံယူ၍ ငါတို့ ကဲ့သို့ သောသူ၊ သခင်ဘုရားကဲ့သို့ သောသူ ဖြစ်ကြ၏။ 

သက်သာလောနိတ် ယုံကြည်သူများသည် နှုတ်ကပတ်တော်ကို ခံယူသောအခါ ဆင်းရဲခြင်းဖြင့် ခံယူ ကြသည်။ ဆိုလိုသည်မှာ တရားနာသောကြောင့် နှောက်ရှက်ခြင်း၊ ညှင်းဆဲခြင်း ခံရသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဆိုင်သော ဝမ်းမြောက်ခြင်းရှိသည်။ ထိုသို့ အခက်အခဲကြားမှတရားနာသောအခါ တန်ဘိုး ထား၍ ပို၍ နားလည်တတ်သည်။ ငါတို့ ကဲ့သို့ သောသူ၊ သခင်ဘုရားကဲ့သို့သောသူ ဟုဆိုခြင်းသည် ရှင်ပေါလုတို့နှင့် သခင်ဘုရားသည် ဆင်းရဲ ဒုက္ခ ခံစားခြင်းကို ဆိုလိုသည်။ 

၇။ သို့ဖြစ်၍ မာကေဒေါနိပြည်၊ အခါယပြည်၌ ယုံကြည် သောသူ အပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။ 

မာကေဒေါနိပြည်နှင့် အခါယပြည် (​ြနခနိသညင​ေ ရဗခ့င​ေ)သည် ယခုခေတ်၌ ဂရိတ်ပြည် ဖြစ်သည်။ သက်သာလောနိတ် ယုံကြည်သူများသည် မာကေဒေါနိနှင့် အခါယပြည် ရှိ ယုံကြည်သူများအတွက် ပုံသက်သေ ဖြစ်ကြသည်။ ​ကျွန်ပ်တို့လည်း သူတပါးအတွက် ပုံသက်သေကောင်း ဖြစ်ဘို့ လိုသည်။ 

၈။ အဘယ်သို့ နည်းဟူမူကား သင်တို့ ထံကသခင်ဘုရား၏ နှုတ်ကပတ်တော် တရားတော် အသံသည် မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သတင်းသည် အရပ်ရပ်တို့၌ နှံ့ ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာ အကြောင်း မရှိ။ 

သက်သာလောနိတ် ယုံကြည်သူများ၏ သတင်းသည် မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက အရပ်ရပ်တို့၌လည်း ကျော်စောသည် ဟုဆိုသည်။ ထို့ကြောင့် သူတို့ကို ဘာမျှပြောစရာ အကြောင်း မရှိ ဟုဆိုသည်။ ယနေ့ ယုံ ကြည် သူများ၊ အသင်းတော် များသည် ထိုကဲ့သို့ ဘာမျှပြောစရာ မရှိ ဖြစ်ကြလျှင် အဘယ်မျှကောင်းမည်နည်း။ 

၉-၁၀။ ငါတို့သည် သင်တို့ အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်း အရာကို သူတို့သည် ကိုယ်တိုင် ကြားပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငါှ၎င်း၊ ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှု တည်းဟူသော သေခြင်းမှ ဘုရားသခင်ထမြောက် စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူ မည့် အရာကို ငံ့လင့်ခြင်း ငါှ၎င်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည့်အကြောင်း အရာကိုလည်း ကြားပြောကြ၏။ 

ရှင်ပေါလု၏ စာအရသက်သာလောနိတ် အသင်းသား များသည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ကြသည်သာမက သခင်ယေရှု ကြွလာမည့် အရာကို ငံ့လင့်၍ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍ ဘုရားသခင် အထံတော်သို့ ပြောင်းလဲ ကြသည်။ ရှင်ပေါလု၏ သက်သာလောနိတ်ဩဝါဒစာစောင်နှစ်ခုရှိ အခန်းကြီး တိုင်း၌ ခရစ်တော် ကြွလာမည့် အရာကို ဖေါ်ပြသွားသည်။ ထို့ကြောင့် သက်သာလောနိတ်ဩဝါဒစာစောင်ကို ခရစ်တော် ကြွလာမည့် စာစောင် ဟုဆိုနိင်သည်။ သက်သာလောနိတ်မြို့သို့ ရှင်ပေါလုတို့သည် ဖိလိပိမြို့မှာထောင်ကျသော နောက် ရောက်ရှိ ကြသည်။ ခဏသာ သူတို့နှင့် နေခဲ့သော်လည်း ခရစ်တော် ကြွလာမည့် အရာကို ဟောပြောသွန်သင်ခဲ့သည်။ ခရစ်တော် ကြွလာမည့် အရာသည် သူတို့၏ မြော်လင့်ရာ ဖြစ်သည်။ ဤလောက၌ သူတို့သည် မြော်လင့်ချက်မထားကြ။ ခရစ်တော် ကြွ လာသောအခါ အတိုးချဝမ်းမြောက် ငြိမ်သက်မည့်အရာကို မြော် လင့် ကြသည်။ သူတို့ နည်းတူ ယနေ့ ယုံကြည်သူများလည်း ခရစ်တော် ကြွလာမည့် အရာကို မြော်လင့်သင့်သည်။ သို့မှသာ စစ်မှန်သော ခရစ်ယာန် အသက်တာဖြင့် အသက်ရှင်နိင်ပေမည်။ ယခုမူ ယုံကြည်သူများသည် ဤလောက၌ မြော်လင့် ချက်များ လွန်းသောကြောင့် ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်ကြ။ ဤလောကကို ချစ်နှစ်သက် ကြသည်။ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမသောအရာ တည်းဟူသော ကိုယ်ကာယ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်း တော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။ (၁ ယော ၂:၁၅-၁ရ) 
 
မျက်ဆန်တော်ကို ထိခြင်း 

ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသော လူမျိုးတို့ ရှိရာသို့ ဘုန်းထင်ရှားပြီမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူ ဖြစ်၏။ (ဇာခရိ ၂:၈) 

ရားသခင်က ဣသရေလများကို ထိသောသူသည် ဘုရားသခင်၏ မျက်ဆန်တော်ကို ထိသောသူ ဖြစ်သည် ဟုဆိုသည်။ ဣသရေလများနေထိုင်သော ပြည်သည် သန့်ရှင်းသော မြေဟု ခေါ်၍ ဘုရားသခင်၏ အပိုင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ဣသရေလ လူမျိုးများ ပင်လျှင် မြေကို ရောင်းခွင့်မပေး။သား စဉ်မြေးဆက်နေထိုင်ခွင့်သာပေးသည်။ သို့သော် သူတို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း မနေခဲ့သောကြောင့် နှစ်ကြိမ် ထိုပြည် မှ နှင်ထုတ်ခြင်း ခံခဲ့ ရပြီ။ ပဌမ အကြိမ်သည် အာရှုရိနှင့် ဗာဗုလုန်​ကျွန်ခံစေသောအခါ ဖြစ်သည်။ ဒုတိယအကြိမ်သည် ခရစ်တော်ကို ငြင်းပယ်သောကြောင့် အေဒီ ရဝတွင် ရောမစစ်သားများအားဖြင့် သူတို့ တိုင်း ပြည် မှ နှင်ထုတ် ခ့​ဲ၍ အတိုင်း တိုင်း အပြည် ပြည်သို့ ကွဲလွင့်ကုန် ကြသည်။ 

ယခုအခါ ဘုရားသခင်က သူတို့ တိုင်း ပြည်သို့ ပြန်လာစေပြီ။ ၁၉၄၈ ခု နှစ်တွင် တိုင်း ပြည် ထူထောင်၍ အိမ်နီးချင်းအာရပ်နိင်ငံများနှင့် လေးကြိမ်းစစ် တိုက်ခဲ့ကြပြီ။ သို့သော် စစ်ပြီး သွားတိုင်း သူတို့၏ နယ်မြေသည် ပို၍ ပို၍ ကျယ် လာသည်။ ထိုသို့ စစ်နိင်၍ နယ်မြေကျယ်လာခြင်းသည် ဘုရားသခင်က သူ၏ လူများကို ပေးခြင်း ဖြစ်သည်။ ထိုသို့ ဘုရားသခင်က ပေးသော မြေကို ပိုင်းခြား၍ ပါလက်စတင်းများကို ပေးဘို့ရန် ကြံရွယ်ကူညီသော တိုင်း ပြည် တိုင်း ဘေး ဒုက္ခ တွေ့ကြကြောင်း လေ့လာကြစို့။ 
အမေရိကန်ပြည်ထောင်စု ၁၉၉၁ အောက်တိုဘာလ ၃၀ ရက်နေ့တွင် သမ္မတဘုစ် (ဖခင်)က မဒရစ် ဆွေးနွေးပွဲကျင်းအစ္စရေးများ ကငြိမ်းချမ်းရေး အတွက် ပါ လက်စတင်းများကို မြေပေးဘို့ စတင်ခဲ့သည်။ နောက်တနေ့ ၁၉၉၁ ခုနှစ်နိုဝဘ်ာလ ၁ ရက် နေ့တွင် ပေ ၁၀၀ ရှိသော ပင်လယ်လှိုင်းတံပိုးက ​ြ​ေငညန ပြည်နယ် ုနညညနဘကညုစသမအ ရှိသမ္မတဘုစ်၏ အပန်း​ဖြေအိမ်ကို ဖျက်ဆီးလိုက်သည်။ 

၁၉၉၁မှ ၂၀၀၄ ခုနှစ် ၁၃ နှစ် အတွင်း အမေရိကန်ပြည် ထောင်စုကငြိမ်း ချမ်းရေးအတွက် အစ္စရေးတိုင်း ပြည်ကို ခွဲခြမ်းဘို့ ကြိုးစား ခဲ့သောကြောင့်၊ သဘာဝ ဘေးဒဏ် ၁၀ ခုတွင် ၉ ခုကို ခံစား ခဲ့ရသည်။ အပျက်အစီးအကုန်အကျအများ ဆုံးမုန်တိုင်း၅ ခု၊ အကြီးမားဆုံး လေဆင်နှာမောင်း၄ ခုတွင် ၃ ခုခံစားရသည်။ 

၂၀၀၅ ဩဂုတ်လတွင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးများ အိုးအိမ် လယ်ယာများကို စွန့်၍ ပါလက်စတင်းများကို ပေးဘို့ သမ္မတဘုစ် (သား) ကတွန်းပို့ ခဲ့သည်။ ဩဂုတ်လ ရ- ၂၂ အတွင်း အစ္စရေးများ၉၀၀၀ ခန့် သူတို့၏ အိမ်ယာနှင့် မြေများ စွန့်ခဲ့သည်။ နောက်တနေ့ဩဂုတ်လ ၂၃ ရက်နေ့တွင် ဟာရီကင်းမုန်တိုင်း စတင်ခဲ့သည်။ နောက် ၄ ရက်အကြာတွင် ယခုခေတ် သမိုင်း၌ အင်အား အကြီးမားဆုံး မုန်တိုင်းက ​ြနတ ဥမူန​ေညျ မြို့အပါအဝင်အမေရိကန်ပြည် ထောင် စုကမ်း​ခြေရှိအိုးအိမ်များကို ဖျက်စီးလိုက်သည်။ လူ၃၀၀၀ ခန့်သေဆုံး၍ သမ္မတ ဘုစ်လည်း ထိုဘေးဒုက္ခသည်များကို ချက်ချင်း အကူအညီမပေးသောကြောင့် နာမည်ပျက်၍ နောက်ထပ် ၃ နှစ် သမ္မတ ရာထူးမှ ထွက်သည် အထိ နိင်ငံရေးလော က၌ နာမည်ကောင်းမရတော့ချေ။ (သမ္မတဘုစ်၏ စကားကို နားထောင်၍ ဂါဇာကမ်းမြောင်ဒေသကို စွန့်ဘို့ အမိန့်သော အစ္စရေးဝန်ကြီး ချုပ်ရှာရွန်လည်း၂၀၀၆ ခုနှစ်အစောပိုင်းမှစ၍ ယခုတိုင်အောင် သတိမေ့လျက်၊ မသေမရှင်ဘဝသို့ ရောက်ရှိသည်။) 

၂၀၀၈ ခုနှစ်စက်တင်ဘာနှင့် အောက်တိုဘာလတွင် သမ္မတဘုစ်ကအစ္စရေး နိင်ငံ၏ မြေကို ခွဲဘို့ တွန်းပို့ပြန်သည်။ ထိုနှစ်စက်တင်ဘာလ ၂၉ ရက် (တံပိုးမှုတ် ပွဲ) နေ့တွင်ီသတ ​ဲသညနျ ျအသခု ာမေုနအ စီးပွားရေးစျေးကွက်၌ ၇၇၇ စသငညအျ ကျဆင်းသည်။ အောက်တိုဘာ ၉ ရက် (အပြစ် ​ဖြေရာ) နေ့တွင် ၆၇၉ စသငညအျ ထပ်မံကျဆင်းသည်။ အောက်တိုဘာ ၁၅ ရက် (တဲပွဲ) နေ့တွင် ၇၃၇ စသငညအျ ထပ်မံကျဆင်းပြန်သည်။ စုစုပေါင်း၂၁၉၃ စသငညအျ ကျဆင်းခြင်းဖြင့် စီးပွားရေး ပြန်လည်နိုးဆွမည့် အစီအစဉ်၊နှင့် ကယ်ဆယ်ရေးလုပ်ဘို့ ဖြစ်လာသည်။ 

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သမ္မတဘုစ် (သား)က ပါလက်စတင်းပြည် အတွက် အမေရိကန်ကအာမခံမည့် အကြောင်း ကျေညာခဲ့သည်။ နှစ်ရက်အကြာတွင် အမေရိကသမိုင်း၌ ထိုအချိန် အထိ စတုတ္ထအဆိုးဆုံးသော ဟာရီကင်းမုန်တိုင်း၍ ုနသည် သမ္မတဘုစ်၏ အိမ်ရှိရာ ဤနထ​ေျ ပြည်နယ် ဃမတေ်သမိ မြို့သို့ ဖြတ်သန်းသွားသည်။ 

၂၀၁၀ ခုနှစ်စက်တင်ဘာလတွင် အမေရိကအစ္စရေးကို ငြိမ်းချမ်းရေးစာ ချုပ်ချုပ်၍ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း​ခြေရှိအိမ်များနှင့် မြေများကို စွန့်တွန်း ပို့ခဲ့သည်။ ထိုအချိန် မှစ၍ အမေရိကအိမ်ယာဆောက်လုပ်ခြင်း လုပ်ငန်းကျဆင်း၍ ရအိမ်တွင် ၁ အိမ်သည် ပိတ်ခြင်း၊ စွန့်ပစ်ခြင်း ဖြစ်လာသည်။ အမေရိကန်များအိမ်နှင့် မြေယာများ ဆုံးရှုံးရသည်။ 

ဂျပန်နိင်ငံ

ဒုတိယကမ္ဘာစစ်တွင် ဂျပန်သည် ဂျူးလူမျိုးများကို မုန်း၍ သတ်ဖြတ်သော ဂျာမဏီနှင့် ပူပေါင်း၍ မဟာမိတ်များကို တိုက်ခိုက် ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၁၁ အတွင်း ဂျပန်နိင်ငံကပါလက်စတင်းများကို ဒေါ်လာသန်းပေါင်းတစ်ထောင်ထက် မကကူညီမစခဲ့သည်။ ၂၀၁၀ ခုနှစ် မတ်လ ၃ ရက်နေ့ (ဆူနမိ မဖြစ်ခင် တစ်နှစ်တိတိ)တွင် ဂျပန်အစိုးရကဂျော်ဒန်မြစ်အနောက်ဘက်ကမ်း​ခြေ၌ အိမ် မဆောက်ဘို့ တောင်းဆိုခဲ့သည်။ ၂၀၁၁ ခုနှစ်ဇန္နဝါရီလ ၁၁ ရက်နေ့ (ဆူနမိမ ဖြစ်ခင်သုံးလ)တွင် ထပ်မံ၍ ဂျပန်အစိုးရကဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ​ခြေ၌ အိမ်မဆောက်ခြင်းကို ရှုတ်ချသည်။ ယေရုရှလင်မြို့အရှေ့ဘက်ခြမ်းကိုလည်း အစ္စရေးများ၏ မြို့တော် အဖြစ် လက်ခံမည် မဟုတ်ကြောင်း ကျေညာခဲ့သည်။ 

၂၀၁၁ ခုနှစ် ဖေဖဝါရီလ ၈ (ဆူနာမိမတိုင်မှီ ၃၁) ရက်နေ့တွင် ဂျပန်ကအစ္စရေးနှင့် ပါလက်စတင်းကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (မြေနေရာခွဲဘို့) ဆက်ဘို့ တောင်းဆိုသည်။ ၂၀၁၁ ခုနှစ် ဖေဖဝါရီလ ၁၀ (ဆူနမိမတိုင်မှီ ၂၉ ရက်) နေ့တွင် ဂျပန်ကအစ္စရေးကို ယေရုရှလင်မြို့အရှေ့ဖက်ခြမ်း၌ အိမ်ယာများ ဆောက်ခြင်းကို ဒုတိယအကြိမ် ရှုတ်ချပြီး ဂျပန်က ယေရုရှလင် အရှေ့ဘက်ခြမ်းကို အစ္စရေး၏ မြို့တော်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုမည် မဟုတ်ကြောင်း ပြောဆိုသည်။ 

၂၀၁၁ ခုနှစ်မတ်လ ၁ ရက် (ဆူနမိမတိုင်မှီ ၁၀ ရက်) နေ့တွင် ဂျပန်က ပါလက်စတင်းအတွက် အနောက်ဘက်ကမ်း​ခြေယေရိခေါမြို့အနီး၌ ဒေါ်လာ ၃၂ သန်းခွဲတန်ရေပုတ်သန့်စင်ရေးစက်ရုံဆောက်ပေးမည် ဖြစ်ကြောင်း ကျေညာသည်။ ၂၀၁၁ ခု နှစ် မတ်လ ၈ ရက် (ဆူနမိမတိုင်မှီ ၃ ရက်)တွင် ဂျပန်ကပါလက်စ တင်းကို ငွေပေး၍ အနောက်ဖက်ကမ်း​ခြေတွင် လွတ်လပ်သော ပါလက်စတင်းနိင်ငံ ရှိဘို့ (အစ္စရေးနိင်ငံကို ခွဲဘို့) အလိုရှိကြောင်း ပြောခဲ့သည်။ 

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ (ဆူနမိ ဖြစ်သည့်နေ့)တွင် ဂျပန်က အစ္စရေးများ အနောက်ဖက်ကမ်းတွင် အိမ်ယာများ ဆောက်နေခြင်းကို စိတ်ပျက် ကြောင်းနှင့် ဆောက်လုပ်ခြင်းရပ်တန့်ဘို့ တတိယအကြိ်မ် ပြောဆိုသည်။ ထိုသို့ ဂျပန် ကအစ္စရေးများ သူတို့၏ အိုးအိမ်နှင့် မြေများကို စွန့်ပစ်ဘို့ တောင်းဆိုပြီး ပါလက်စ တင်းများကို ကူညီတည်ဆောက်ပေးနေချိန်တွင် ဂျပန်ကမ်းလွန်ပင်လယ်ထဲတွင် ပြင်းအား၉ ရှိသောမြေ ငလျှင်လှုပ်ကာ ဂျပန်ကမ်း​ခြေရှိ များစွာသော အိုးအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ လယ်ယာများ၊ ကားနှင့် ယဉ်များ၊ သင်္ဘောများ၊ လူ့အသက် ၂၅၀၀၀ ကျော်ကို ဆူနမီးပင်လယ်လှိုင်းကဖျက်ဆီးလိုက်သည်။ ထိုမျှမက လျှပ်စစ် ဓါတ်အား ထုတ်လုပ်သော အနုမြူစက်ရုံများ ပျက်စီးသွားသောကြောင့် အနုမြူ ဓါတ်ရောင်ခြည်ကြောင့် များစွာ ဒုက္ခ ရောက် ကြသည်။ ထိုအရာသည် သဘာဝလော၊ ဘုရားသခင်၏ လက်တော်လောဟူသောအရာကို စဉ်းစားစရာ ဖြစ်သည်။ 
 
ဧဝံဂေလိ ခရီး စဉ်

 ယခုခရီး စဉ်သည် အကြာဆုံးနှင့် အပင်ပန်းဆုံး ဖြစ်သည်။ အိမ်မှဖေဖဝါ ရီလ ၂၃ ရက်နေ့ထွက်၍ Indianapolis, GBC ၌ သုံးညနှစ်ရက်သင်တန်းပေးပြီး နောက်အိန္ဒိယပြည် မြို့တော် နယူးဒေလီမြို့သို့ အမျိုးသမီးနှင့် ခရီး နှင်ခဲ့ပါသည်။ ချီကာကိုး မြို့မှ ၁၄ နာရီ ခွဲအကြာတွင် ဒေလီမြို့ရောက်သွားကြပါသည်။ ရောက်သော ညတွင် အနားယူပြီး နောက်တနေ့မှစ၍ နေ့ခင်းပိုင်း၌ နှစ်ကြိမ်နှင့် ညပိုင်း၌ တစ်ကြိမ် ခရစ်တော် ကြွလာမည့် အရာမစ၍ ဒုတိယ မွေးဘွားခြင်း အကြောင်း၊ ခရစ်ယာန် အသက်တာများကို သင်ကြားပေးခဲ့ပါသည်။ ထိုသို့ သင်ကြားပေးရာတွင် နေ့ခင်းပိုင်း၌ လူ၂၀၀ ခန့်ညပိုင်းတွင် လူ၃၀၀ ကျော်သင်ကြားတတ်ပါသည်။ ထိုသင်တန်းအားဖြင့် ခွန် အား ရရှိသူများ ရှိသလို၊ ကယ်တင်ခြင်းသို့ ရောက်သွားသောသူများလည်းရှိကြပါသည်။ အချို့သော ယုံကြည်သူများသည် ဆေးလိပ်၊ ကွမ်းယာ၊ ခိုင်နီး၊ မူးယဇ်ဆေးဝါးဖြတ်ကြ သူများလည်းရှိကြသည်။ ဤကဲ့သို့သော သင်ကြားမှု မကြားဘူးဘူးဟု ပြောဆို ကြသည်။ ညပိုင်းသင်တန်းတွင် သင် တန်းခန်းမ၌ လူမဆန့်သောကြောင့် အိမ်ခေါင်မိုး၌ ပရိုဂျက်တာဖြင့် ပြကာသင် ကြား ကြသည်။ အလွန် အားရဝမ်းမြောက် ကြသည်။ ကျနော်တို့ သွားပြီး နောက် ပိုင်းတွင်လည်း တနင်္နွေနေ့များ၌ ဘုရားကျောင်းအပြည့်ဘုရားရှေ့ခိုးကြကြောင်း သတင်းကောင်း ကြရပါသည်။ 

မတ်လ ၁၁ ရက်နေ့တွင် လေယဉ်ဖြင့် မီဇိုးရမ်ပြည်နယ်အိုင်ဇော်မြို့သို့ သွားခဲ့ကြပါသည်။ သင်းအုပ်ဆရာနှင့် အသင်းသား တစ်ယောက်ကလိုက်လာ ကြသည်။ လေယဉ်အစီအစဉ်ကအာသန်ပြည်နယ်ကို ဟာတီးမြို့၌ တည နားဘို့ ဖြစ်သောကြောင့် ထိုမြို့၌ တညနားခဲ့ရပါသည်။ Mission for Christ  မှ ဦးဆောင်သူဆရာ Timothy Thiante  ကသူ့ကား လေးဖြင့် ကြိုဆိုကာ သူတို့အိမ်တွင် တစ်ညအိပ်ရပါသည်။ ချီဆောင်ခြင်းနှင့် ပတ်သက်သောအရာကို ည၁၁ နာရီ အထိ ဝေငှကာစိတ်ဝင်စားစွာ နာထောင် ကြသည်။ နောက်တနေ့ အိုင်ဇော်မြို့သို့ ချောမောစွာ ရောက်သွားကြပါသည်။ မတ်လ ၁၄-၁ရ အတွင်း မီးဇိုရမ်သတင်းကောင်း နှစ်ခြင်း အဖွဲ့ချုပ်မှဆရာ၊ ဆရာမ ၇ ယောက်ကို တစ်ရက် ၃ နာရီ၊ လူထုကို Zanniat Fellowship hall ၌ နေ့ခင်းပိုင်းတွင် နှစ်နာရီနှင့် ညပိုင်းတွင် နှစ်နာရီတွင် သင်ပေးခဲ့ရသည်။ အမှုဆောင်များရော၊ ပရိသတ်များ ပါ အလွန် အားရနှစ်သက်ကြကြောင်း သက်သေခံ ကြသည်။ ထိုနောက် ၁၉ ရက် နေ့တွင် မြို့သို့ သွားကာတွင် သုံးရက်နှင့် သုံးညသင်ပေးခဲ့ရသည်။ ထို့နောက် ၂၃ နေ့တွင် မြန်မာအန္ဒိယနယ်စပ်မြို့ကလေး Zokhawthar သို့ သွားရောက် ကာသတင်းကောင်း ပွဲတော်၌ ပါဝင်ခဲ့ကြပါသည်။ ပွဲတော်၌ နေ့ညသင်တန်းပို့ချ ခဲ့ရသည်။ သင်တန်း၌ နေ့ခင်းပိုင်း၌ လူ၂၀၀ ကျော်၊ ညပိုင်း၌ ၃၀၀ ကျော်ခန့် တက်ရောက် ကြသည်။ ဆရာမဟန္နလည်း ခလေး၅၀ ခန့်ကို နေခင်းပိုင်း၌ သင် ကြားပေးနိင်ခဲ့သည်။ နောက်ဆုံးနေ့တနင်္နွေနေ့၌ လူပေါင်း၅၀၀ ခန့်တက် ကြွစွာ ပါဝင် ကြသည်။ ထိုပွဲတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်သောသူများ၊ ဆေးလိပ်၊ ကွမ်းယာ၊ ခိုင်နီး၊ သေရသေရက်သောက်စားခြင်း ဖြတ် သူများ၊ ကျမ်းစာဖတ်၊ သက်သေခံဘို့ ဆက်ကပ် သူများရှိကြသည်။ ထိုနောက် ု့တေဖတေူမြို့သို့ ရောက်ရှိသွားခဲ့ ကြသည်။ ထိုမြို့ရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်၌ တညဝေငှခဲ့ရသည်။ ထိုအသင်းတော်၏ သင်းအုပ်ဆရာသည် လွန်ခဲ့သော နှစ်၌ ခေါ်တော်မူခြင်းကို ခံခဲ့ရသည်။ ယခုအသင်းအုပ်ဆရာအသစ်၊ ကျမ်းစာကျောင်းအောင် ခါစကို ခန့်ထားရာသူနှင့်အတူ ရောက်ရှိကြခြင်း ဖြစ်သည်။ 

Khawzawl မြို့သို့ သွားရာတွင် အချို့နေရာများ၌ လမ်း ကြမ်းသဖြင့် အလွန်ပင် ပန်း ကြသည်။  Lunglei မြို့သည် မီဇိုးပြည်နယ်၏ ဒုတိယ အကြီး ဆုံးမြို့ ဖြစ်သည်။ ရောက်သည့်ညတွင် ကျနော်ပင်ပန်းလွန်းသောကြောင့် ဆရာဟန္နက တရားဟောသည်။ နောက်နေ့များ မှစ၍ နေ့နှင့် ညကျမ်းစာ သင်ပေးသည်။ နေခင်းပိုင်း၌ လူ၃၀ ခန့် ညပိုင်း၌ လူ၅၀-၆၀ ခန့်တက်ရောက် ကြသည်။ မြန်မာပြည် မှာလာသောသူများ ဂိုဏ်းပေါင်းစုံမှသင်ကြား ကြသည်။ Lungleiမြို့မှ Aizawl ဗငဖတေူ မြို့သို့ ပြန်ရောက် ကြသည်။ ထိုမြို့သို့ ရောက်သောအခါ ဝမ်းလျှော လာသဖြင့် အားနည်းသွားသည်။ ၂ ရက်ခန့်တည်း ခိုခန်းမှာသာနေရသည်။ Good Friday ကိုလည်း ဘုရားကျောင်းမသွားနိင်။ စနေနေ့ညမှသာ ပြန်သွားနိင်သည်။ ရှင်ပြန်ထမြောက်သော နေ့တွင် မူကောင်းစွာ တရားပြန်ဟောနိင်သည်။ မြန်မာပြည်သို့ သွားဘို့ ရည်ရွယ်သော်လည်း ရာသီဥတုမကောင်းသောကြောင့် လေယဉ်မ ဆင်းနိင်သဖြင့် မြန်မာပြည် ခရီး စဉ်ကို ဖျက်လိုက်ရသည်။ ​ြနတီနူ့င မြို့သို့ ပြန်သွားပြီး ထိုမြို့ ယုံကြည်သူများကလေဆိပ်မှည ၁၀ နာရီတွင် အားရဝမ်းမြောက်စွာ ကြိုဆို ကြသည်။ ထိုမြို့၌ နှစ်ပတ်ကျမ်းစာ သင်ပေးလိုက်ရသည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG