GOODNEWS
  HOME  GOODNEWS  2012 FEB
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၂ ခုနှစ်ဖေဖဝါရီလသို့ ရောက်ကြပြန်ပြီနေ့တိုင်အောင် အသက်ရှင်လှုပ်ရှားလုပ်ကိုင်သွားလာခွင့် ပေးတော်မူသော အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြစို့။ ယုံကြည်သူများအတွက် အိမ်တော် ပြန်ချိန်နီးသထက် နီးလာပြီ။ သို့သော် ဘေးဒဏ်ကြီးကာလ ဝင်မည့်သူများအတွက် အလွန် ဝမ်းနည်းသနားမိသည်။ ဘေးဒဏ်ကြီး ကာလ၌ ပြန်လည်ယုံကြည်၍ လည်ပျင်းဖြတ်ခံရဲလျှင် ကယ်တင်ခြင်းသို့ ရောက် နိင်သေးသည်။ သို့သော် လွယ်ကူမည် မဟုတ်။ ခေါင်းမာသောကြောင့်သော်၎င်း၊ မသိသောကြောင့်သော်၎င်း၊ သိဟန်ဆောင် သောကြောင့်သော်၎င်းမလိုအပ်ဘဲ ဒုက္ခ ခံမည့်သူများအတွက် တွေးမိတိုင်း အလွန် ဝမ်းနည်းကျေကွဲမိသည်။ သို့သော် ဘာမျှမတတ်နိင်။ 

ယုံကြည်သူများအနေဖြင့်လည်း ချီဆောင်ခြင်း၌ ပါမည့် အရာကို အလေး မထား၊ ဘာမျှလုပ်ရမှန်း မသိ၊ နီးအနားမှာ ရှိကြသော မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်းလုပ်ဘော်ကိုင်ဘက်များကို ကယ်တင်ခြင်း အကြောင်း မပြောဘဲ၊ ထိုသူများနှင့် အပြိုင်လောကအရာများကိုသာ ရှာ နေကြသောကြောင့် အသက်တာမှာ ဝိညာဉ် သဘော မရှိ၊ အောင်မြင်ပါက ဝါကြွားခြင်း၊ ဆုံးရှုံးပါက လောကသားများကဲ့သို့ ဝမ်းနည်းကျေကွဲခြင်းဖြင့် အသက်တာကုန်လွန်စေ ကြသည်။ ဘုရားကို ကိုးကွယ်သော်လည်း လေးနက်မှု မရှိ၊ ဘုရား အလိုတော်ကို ဆောင်ဘို့ မဟုတ်ဘဲ အစဉ်အလာရှိသောကြောင့်သာကိုးကွယ် ကြသည်။ အလွန် ဝမ်းနည်းစရာပင်။ 

ပျောက်ဆုံးသော ဝိညာဉ်များကို သနား၍ နေ့ညမအား ကယ်တင်ခြင်း အကြောင်းကို သက်သေခံဝေငှနေသောသူများ အတွက်မူ ဤလောကမှ ဝိညာဉ် များစွာ ကောင်းကင်သို့ ခေါ်သွားချင် သောကြောင့် လောကအရာ၌ စိတ်မဝင် စား၊ ဘော်လုံးပွဲ၊ ပျော်ပွဲရွှင်ပွဲများ၌ စိတ်မဝင်စား ဝိညာဉ်ရေးရာ၌ အချိန် ရှိသမျှ စွမ်း အားရှိသမျှ ဘဏ္ဍာရှိသမျှဖြင့် အစွမ်းကုန်လုပ်ဆောင် နေကြသည်။ ထိုသူများကို အားပေးမည့်သူ မရှိ၊ အမြင် ကပ်၍ အတင်း ပြောမည့်သူများသာလျှင် ရှိသည်။ သို့သော် ထိုသူများကို သခင်ဘုရားက၊ သာဓု သစ္စာရှိသော ငယ်သားကောင်းဟု ကြိုဆိုမည် ဖြစ်သည်။ ထိုကြောင့် ထိုသူများ အနေဖြင့် ခရစ်တော် ကဲ့သို့ လူပေးသော ဘုန်းကို မမှတ်ဘဲ ဘုရား ပေးမည့် ဘုန်းကို လိုချင် ကာစိတ်ဓါတ် မကျဘဲ ဆက်၍ ကြိုးစား လုပ်ဆောင်ကြပါစို့။ 

ဤစာစောင်၌ ...

ဇာခရိ ၁၂ အနက်ဖွင့်ခြင်း 
ခရစ်တော် ကြွလာမည့် အရာ
အမေးအ‌ဖြေကဏ္ဍ
အရှေ့အလယ်ပိုင်း ပြသနာ 
ဧဝံဂေလိ ခရီး စဉ်
နောက်ဆုံးဖိတ်ခေါ်ခြင်း 

 
ဇာခရိ ၁၂ အနက်ဖွင့်ခြင်း 
ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော၊ မိုးကောင်း ကင်ကို ကြပ်၍ မြေကြီး တိုက်မြစ်ကို ချတော်မူ ထသော၊ လူအထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ (ဇာခရိ ၁၂:၁) အဘယ်ကြာင့် ဘုရားသခင်က သူ့ကိုယ် သူမိုဃ်းကောင်းကင်ကို ကြပ်၍ မြေကြီး တိုက်မြစ်ကိုလျက် လူအထဲ၌ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားဟု မိတ်ဆက်သနည်းဟူမူကား သူသည် ဖန်ဆင်းရှင် ဖြစ်၍ အရာခပ်သိမ်းကို ဖန်ဆင်းအုပ်စိုးတော်မူကြောင်းကို သိစေလိုသည်။ သူကဲ့သို့သော ဖန်ဆင်းရှင်အတွက် အရာခပ်သိမ်းသည် သူ့အလိုတော်အတိုင်း ညှိညွတ်ကိုင်တွယ်နိုင်သည်။ ဘယ်အရာမှသူ့အလိုတော်ကို ဆီးတား နိင်ခွင့်၊ ဖျက်ပယ်နိုင်ခွင့်မရှိ။ ထို့ကြောင့် သူကြံစည်လျှင် သူ့အကြံအတိုင်း ဖြစ်မြောက်မည်ဟု သိစေလိုသည်။ 

ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ (ဇာခရိ ၁၂:၂) ဤကျမ်းပိုဒ်သည် ယခုအချိန်တွင် ပြည့်စုံနေပြီ။ ယေရုရှလင်မြို့သည် အေဒီ ရဝ ၌ရောမစစ်သားများက ဖျက်စီး၍ ထိုအချိန် မှစ၍ တပါးအမျိုးသားများကခေတ်အဆက်ဆက် ပိုင်ဆိုင်သည်။ ဣသရေလူများသည် အတိုင်းတိုင်း အပြည်ပြည်၌ ပြန့်နှံ့သွားခဲ့ကြသည်။ သို့သော် ၂၀ ရာစုအစောပိုင်းမှစ၍ ပြန်လာကြကာ ၁၉၄၈ ခုနှစ်တွင် နိင်ငံ ထူထောင်သောအခါ ယေရုလင်မြို့အနောက်ဖက်ခြမ်းသည် သူတို့၏ မြို့တော် ဖြစ်လာသည်။ ၁၉၆ရ ခုနှစ် ၆ ရက်ကြာစစ်ပွဲတွင် မြို့၏ အရှေ့ဖက်ခြမ်းကိုလည်း အစ္စရေးများက သိမ်းပိုက် လိုက်သည်။ ထိုအချိန် မှစ၍ ယေရုရှလင်မြို့သည် ဘုရားသခင်၏ ကြိုတင် ဟောထား သကဲ့သို့ လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်လာသည်။ မြန်မာကျမ်းစာအုပ်၌ “တုန်လှုပ်စေသော ဖလား” ဟုဘာသာပြန်သည်။ ထိုစကား စုကို အင်္ဂလိပ်ကျမ်းစာများ၌ “a cup that causes staggering” ဟုဘာသာပြန်ထားသည်။ ဆိုလိုသည်မှာ ကြောက် ရွံ့တုန်လှုပ်ခြင်း မဟုတ်ဘဲ စပျစ်ရည်မူးသောကြောင့် မဟန်နိင်ဘဲ ဒယိမ်းဒယိုင် ဖြစ်ခြင်း မျိုးကို ဆိုလိုသည်။ 
 ဘုရားသခင်က ယေရုရှလင်မြို့ကို ပတ်ဝန်းကျင်၌ ရှိသော အာရပ်နှင့် မူစလင် နိင်ငံများအတွက် ဒယိမ်းဒယိုင် ဖြစ်စေသော ဖလား ဖြစ်စေပြီ။ ဖလားအထဲ၌ ရှိသော စပျစ်ရည်ကို သောက်သောအခါ မူး၍ ဒယိမ်းဒယိုင် ဖြစ်သကဲ့သို့ ယေရုရှလင်မြို့ကြောင့် အာရပ်နိုင်ငံများ အပါအဝင်အမေရိကန်နှင့် အနောက်အုပ်စုနိင်ငံများသည် မူးလာ ကြသည်။ အစ္စရေးများက သူတို့၏ မြို့တော် အဖြစ်သတ်မှတ်သော်လည်း ကမ္ဘာ့ နိင်ငံများက လက်မခံဘဲ သူတို့၏ သံရုံးများကို တယ်လဗစ်မြို့၌ ထားရှိ ကြသည်။ ယေရုရှလင်မြို့ကို အနာဂတ်ပါလက်စတင်းများ၏ မြို့တော် ဖြစ်ဘို့ ရာထား ကြသည်။ အစ္စရေးများ ကမြို့အရှေ့ခြမ်း၌ အိမ်ရာသစ်များ ဆောက်သောအခါ ပါလက်စတင်းများနှင့် အာရပ်နိင်ငံများ၊ ကမ္ဘာ့ နိုင်ငံတိုင်း ကအကြီး အကျယ်ကန့် ကွက် ကြသည်။ ယေရုရှလင်မြို့ကြောင့်ကမ္ဘာ့ ခေါင်းဆောင် များသည် စပျစ်ရည်မူး သကဲ့သို့ ဒယိမ်းဒယိုင် ဖြစ်နေကြသည်ကို ​ကျွန်ုပ်တို့ လက်ထက် ယခုအချိန်၌ အံ့ဩဘွယ်တွေ့မြင်နေရပြီ။ ဘုရားသခင်၏ စကား တော်သည် အလွန် မှန်ကန်ကြောင်း တွေ့မြင်နိုင်သည်။ 

 “ယေရုရှလင် မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်” ယေရုရှလင်မြို့သည် ပြသနာ ရှိသော မြို့ ဖြစ်၍ ပတ်ဝန်းကျင်နိင်ငံများက ဝိုင်းထား ကြမည် ဟုဆိုသည်။ ထိုသို့ ဝိုင်းထားခြင်းသည် စစ်တိုက်မည့် အရာကို ဆိုလိုသည်။ ထိုသို့ ယေရုရှလင်မြို့အရှေ့ခြမ်းကို စစ်တိုက်ကြစဉ်တွင် ယေရုရှလင်မြို့တမြို့တည်းကိုသာ မတိုက်ဘဲ ယုဒပြည် တည်းဟူသော အစ္စရေးနိင်ငံ တခုလုံးကိုလည်း ဝိုင်း၍ တိုက်ခိုက် ကြမည် ဖြစ်သည်။ အထက်ပါ ပရောဖက် ပြုချက်သည် ဗာဗုလုန်​ကျွန်ခံ ရာမှပြန်လာသော ပရောဖက် ဇာခရိကဟောသောကြောင့် ဗာဗုလုန်များက တိုက်ခိုက်ခြင်းကို ဆိုလိုခြင်း မဖြစ်နိင်ချေ။ ထို့အပြင် အေဒီ ရဝ ၌ရောမစစ်သားများကတိုက်ခိုက် ဖျက်စီးခြင်း ကိုလည်း မဖြစ်နိင်ချေ။ အကြောင်းမှာ ထိုအချိန် ယေရုရှလင်မြို့ကို ရောမစစ်သားများကသာ တိုက်ခိုက်သည်။ အထက်ပါ ပရော ဖက်ပြုချက်၌ ပတ်ဝန်းကျင်အာရပ်နိင်ငံများ ကတိုက်ခိုက်မည် ဟုဆိုသည်။ ထိုမျှသာမက ဇာခရိ ၁၂:၄ ၌ရန်သူများကို ဘုရားသခင် ကိုယ်တော်တိုင် ကတိုက်ခိုက်မည် ဟုဆိုသည်။ ရောမစစ်သားများကတိုက်ခိုက် စဉ်တွင် ဘုရားသခင်က ရန်သူများကို တိုက်ခိုက်ခြင်း မတွေ့ခဲ့ရချေ။ ထို့ကြောင့် အထက်ပါ တိုက်ခိုက်ခြင်းသည် အနာဂတ်မှာရှိသေး၍ ယခုအခါ စစ်တိုက်မည့် အရိပ်အယောင်တွေ့မြင်နေရပြီ ဖြစ်သည်။ 

ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စု ဝေးလျက် ရှိကြလိမ့်မည်။ (ဇာခရိ ၁၂:၃) ကျမ်းစာက ကြိုတင် ဟောထားသည့်အတိုင်း ယေရုရှလင်မြို့သည် လူမျိုး အပေါင်းတို့အား လေးသောကျောက် တည်းဟူသော ပြသနာ ရှိသောမြို့ ဖြစ်လာသည်။ လေးသော ကျောက်ဆိုသည်မှာ မဘို့ရန် ခက် သကဲ့သို့ ယေရုရှလင်မြို့သည် ပြသနာ ရှိသော မြို့ ဖြစ်လာသည်။ ကမ္ဘာပေါ်၌ ယေရုရှလင်မြို့ကဲ့သို့ ကမ္ဘာ့ပြသနာ ပေးသောမြို့မရှိ။ ယေရုရှလင်မြို့နှင့် ပတ်သက်၍ အမေရိကန်ပြည် ထောင်စုသမတများက ခဏခဏ ဆွေးနွေးသောကြောင့် အမေရိကန်ပြည် ထောင်စု၌ အလွန် ပြင်းထန်သော လေမုန်တိုင်းများ၊ လေဆင်နှာမောင်းများ၊ တော မီးလောင်မှုများ၊ မိုးများလွန်း၍ ရေကြီးခြင်း၊ မိုးခေါင်လွန်ခြင်း၊ နှင်းမုန်တိုင်းကျခြင်းများ၊ ပြည်တွင်း ပြသနာ အမျိုးမျိုး ဖြစ်ခြင်း၊ စီးပွားရေးကျဆင်းမှုများသက်ရောက်တတ်သည်။ ဥရောပယူနီယံ ၂ရ ခုနှစ်နိင်ငံကလည်း ယေရုရှလင်မြို့ရှေ့ခြမ်းကို ပါလက်စတင်းများ၏ မြို့တော် ဖြစ်ရမည်ဟု ၂၀၀၉ ခုနှစ်နှောင်းပိုင်း၌ ဆုံးဖြတ်ချက် ချခဲ့သောကြောင့် ၂၀၁၀ ခုနှစ်တွင် အိုက်စလန်​ကျွန်၌ မီးတောင်ပေါက်ကွဲ၍ မီးတောင်မီးခိုးကြောင့်ဥရာပတခွင်၌ လေယဉ်ပျံများ မပျံသန်းနိုင်ဘဲ နှစ်ပတ်ရပ်နားခဲ့ရသည်။ ထိုအရာကြောင့်စီးပွားရေး၌ သန်းပေါင်း များစွာ ဆုံးရှုံးရသည်။ ဥရောပယူနီယံနိုင်ငံများသည် ယေရုရှလင် တဖက်၌ ပါလက်စတင်းများကို ထောက်ခံတတ်သောကြောင့် ယူရိုငွေ​ကြေးဇုံ၌ စီးပွါးရေးအကြီး အကျယ်ကျဆင်းလျက် ရှိသည်။ ကမ္ဘာနိင်ငံအများစုသို့ ပါလက်စတင်းများက သူတို့ကို ထောက်ခံဘို့ မဲဆွယ်သောကြောင့် နိုင်ငံ ၁၂ရ ခန့်ကပါလက်စတင်းများကို ထောက်ခံသည်။ ထိုသို့သောအားဖြင့် ကမ္ဘာ့ နိုင်ငံများသည် ဘုရားသခင်၏ ကြိုတင် ဟောထားချက်များကို တိတိကျကျ ပြည့်စုံစေကြောင်း အံ့ဩဘွယ်တွေ့မြင်နေရသည်။ 

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်းငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ (ဇာခရိ ၁၂:၄) ထာဝရဘုရား ဟောထားသည့်အတိုင်း နောက်ဆုံး၌ ကမ္ဘာနိုင်ငံများသည် ယေရုရှလင်မြို့ကို ဝိုင်းထား၍ တိုက်ကြလိမ့်မည်။ ထိုအခါ ထာဝရဘုရားကရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေမည် ဟုဆိုသည်။ မိန်းမောတွေဝေခြင်း ဆိုသည်မှာ အရူး ဖြစ်စေမည် သို့မဟုတ် အံဩခြင်း၊ ဘာလုပ်ရမှန်း မသိခြင်းကို ဆိုလိုသည်။ ယခုအခါ ကမ္ဘာ့ ခေါင်းဆောင် များသည် ယေရုရှလင်မြို့နှင့် ပတ်သက်၍ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။ အကြောင်းမှာ အစ္စရေးများကလည်း ယေရုရှလင်သည် သူတို့၏ ထာဝရ မြို့တော်၊ မပိုင်းခြားဘဲ တလုံးတဝတည်း ဖြစ်သည်ဟု ခံယူနေသည်။ ကမ္ဘာ့ နိုင်ငံများ ကကန့်ကွက်နေသော်လည်း မြို့အရှေ့ခြမ်း၌ အိုးအိမ်သစ်များ ဆောက်လုပ်နေကြသည်။ 

ရန်သူများက ယေရုရှလင်မြို့ကို တိုက်ခိုက်သောအခါ သူတို့၏ မြင်းစီးသူရဲများကို အရူး ဖြစ်စေမည် ဟုဆိုသည်။ ယခုခေတ်၌ မြင်းစီးသူရဲများ မရှိတော့ချေ။ ဆိုလိုသည်မှာ ခေတ်မှီစစ်လက်နက်သုံးသော စစ်သားများကို ဆိုလိုသည်။ခေတ် မှီစစ်လက်နက်များကို အသုံးပြုသောသူများကို ဘုရားသခင်က အရူး ဖြစ်စေခြင်းအားဖြင့် ဒဏ်ခတ်မည်။ အစ္စရေးနှင့် အာရပ်များသည် လေးကြိမ်အကြီး အကျယ်စစ်တိုက်ခဲ့ကြပြီ။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးစစ်ပွဲ၊ ၁၉၅၆ ခုနှစ်ဆူအက် တူးမြောင်းအရေးအခင်းစစ်ပွဲ၊ ၁၉၆ရ ခုနှစ်​ခြောက်ရက်ကြာစစ်ပွဲနှင့် ၁၉ရ၃ ခုနှစ်၌ Yom Kippur စစ်ပွဲတို့ဖြစ်သည်။ ထိုစစ်ပွဲတိုင်း၌ ဘုရားသခင်က ကူညီသောကြောင့် အစ္စရေးများ ကအနိင်ရရှိခဲ့ကြသည်။ စစ်ပွဲပြီးသောအခါ အစ္စရေးနိုင်ငံသည် ပို၍ပို၍ ကျယ်လာတတ်သည်။ ယခုအနာဂတ်၌ တိုက်မည့် စစ်ပွဲတွင်လည်း ဘုရားသခင်က ယုဒအမျိုးကို ကူညီမစမည်။ 

ဘုရားသခင်က “ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။” ဟုဆိုသည်။ ဆိုလိုသည်မှာ မြင်း တည်းဟူသော ရန်သူများ၏ တိုက်လေယဉ်များ၊ ရေဒါများ၊ ဒုံးပျံများမှစ၍ စစ်တိုက်လက်နက်များကို ဘုရားသခင်က ကြောင်စေမည်။ ကွန်ပြူတာအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်ဖြစ်စေ၊ ရန်သူများ၏ လက်နက် များသည် သုံး၍ မရအောင် ဘုရားသခင်က ဖြစ်စေမည် ဖြစ်သည်။ ဘုရားသခင်က ရန်သူများ၏ စစ်လက်နက်ပစ္စည်းများကို သုံးမရအောင် ဖြစ်စေနိင်သည်။ သို့မဟုတ် အစ္စရေးများ ကရန်သူများ၏ လက်နက်များ သုံး၍ မရအောင် ပြုလုပ် နိုင်ခွင့် ပေးနိင်သည်။ အစ္စရေးများက ဆီးရီးယားနိင်ငံ၏ အနုမြူစက်ရုံကို ဗုံးကြဲခဲ့ စဉ်တွင် သူတို့၏ ရေဒါများ ကအစ္စရေးလေယဉ်ပျံများ ဖမ်း၍ မရအောင် ပြုလုပ် ခဲ့ကြဘူးသည်။ အစ္စရေးနိင်ငံကို ​ခြေမှုန်းဘို့ ပြင်ဆင် နေသော အီရန်များ၏ အနုမြူစက်ရုံသုံးကွန်ပြူတာများကိုလည်း သုံး၍ မရအောင် ကွန်ပြူတာပိုးများလွှတ်ခဲ့ဘူးပြီ။ အီရန်နိင်ငံ၏ အနုမြူစက်ရုံများ၌လည်း ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခြင်းဖြင့် ပျက်စီးခဲ့သည်။ 

ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏၊ ဟုစိတ်ထဲမှာဆိုကြလိမ့်မည်။ (ဇာခရိ ၁၂:၅) ဘုရားသခင်က အစ္စ ရေးများကို အထက်ပါကဲ့သို့ ကူညီသောအခါ ဘုရားသခင်သည် ငါ၏ ခွန်အားဟု ဝန်ခံလာကြလိမ့်မည်။ ဘုရားသခင်က အစ္စရေးများကို အမြဲကူညီမစသော်လည်း ကျေးဇူူးတော်ကို မချီးမွမ်း၊ ဘုရားသခင်ကြောင့်ငါတို့ စစ်နိင်သည်၊ ဘုရားသခင်သည် ငါတို့၏ ခွန်အားဟု ဝန်မခံဘူးသေးချေ။ အဘယ်ကြောင့် ဝန်မခံကြသနည်းဟူမူကား အစ္စရေးများသည် ယခုတိုင်အောင် ဇာတိလူများ၊ ဘုရားသခင်ကို မယုံကြည်သူများဖြစ်ကြသည်။ သို့သော် နောက်ဆုံး၌ ဘုရားသခင်သည် သူတို့၏ ခွန်အားဟု ဝန်ခံလာကြလိမ့်မည်။ 
 ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက် လှိုင်းတွင် မီးစကဲ့သို့၎င်း၊ ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသောလူမျိုး အပေါင်းတို့ကို မီးလောင်လိမ့်မည်။ (ဇာခရိ ၁၂:၆) ဘုရားသခင်က ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၊ ကောက်လှိုင်းတွင် မီးစကဲ့သို့ ဟုဆိုခြင်းသည် မီးလောင်ခြင်းကို ဆိုလိုသည်။ ထင်းပုံတွင် မီးဖိုလျှင် မီးလောင်သည်။ ကောက်လှိုင်းတွင် မီးစကျလျှင် မီးလောင်သည်။ ထို့နည်းတူ အစ္စရေးများသည် ပတ်လည်၌ ရှိသော အာရပ်များအတွက် မီးလောင်ရာ ဖြစ်လိမ့်မည်။ မီးလောင်လျှင် အကုန်ပျက်စီး သကဲ့သို့ အာရပ်နိုင်ငံများသည် ပျက်စီးမည် ဖြစ်သည်။ 

ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည် (ဇာခရိ ၁၂:၆)။ အထက်၌ အစ္စရေးနှင့် အိမ်နီးချင်းနိုင်ငံများ တိုက်ကြသောအခါ ယေရုရှလင်မြို့သည် မပျောက်ပျက်သွားဘဲ မြို့ရာဟောင်း၌ တည်လိမ့်မည် ဟုဆိုသည်။ အဘယ်ကြောင့်မပျက်သနည်းဟူမူကား ခွန်အားကြီးသော ဘုရားသခင်ကကွယ်ကာမစသောကြောင့် ဖြစ်သည်။ ယခုအခါ ပါလက်စတင်းများနှင့် အာရပ်နိင်ငံများ၊ ကမ္ဘာ့ ခေါင်းဆောင်များကမည်ကဲ့သို့ပင် ဆွေးနွေး၍ ယေရုရှလင်မြို့ကို တိုက်ခိုက် ပါစေ ဘုရားသခင်ကြောင့်အစ္စရေးများအတွက် ထိုမြို့သည် တည်တန့်ခိုင်မြဲမည်။ ထို့ကြောင့် နောက်ဆုံးသတင်းထက် ကျမ်းစာကို ကြည့်ရှုလေ့လာသင့်သည်။ 

ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာက ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒ ပြည် တဘက်၌ မဝါကြွားရ (ဇာခရိ ၁၂:ရ)။ ထာဝရဘုရားသည် ယုဒကို ကယ်တင် သောကြောင့် ခိုင်မြဲတည်တန့်သောအခါ အစ္စရေးများ အနေဖြင့် ဘာမျှဝါ ကြွားစရာ မရှိချေ။ အကြောင်းမူကား သူတို့ ရပ်တည်နိင်ခြင်း၊ ရန်သူကိုအောင် နိုင်ခြင်းသည် သူတို့၏ အစွမ်းအစကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ ကူညီမစခြင်းကြောင့် သာလျှင် ဖြစ်သည်။ 

ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာ စောင့်မတော်မူ သဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့၎င်း၊ ဖြစ်လိမ့်မည် (ဇာခရိ ၁၂:၈)။ ထိုသို့ ဘုရားသခင်က အစ္စရေးကို ကူညီမစမည် ဖြစ်သောကြောင့် လူ့အမြင်၌ အားနည်းသော အစ္စရေးစစ်သားသည် ဂေါလျက်ကိုအောင် နိင်သော ဒါဝိဒ်ကဲ့သို့ဖြစ်မည်။ ဒါဝိဒ်မင်းမျိုး တည်းဟူသော စစ်ဗိုလ်ချုပ်များသည် ဘုရားသခင်ကဲ့သို့၎င်း၊ ကောင်းကင်တမန် ကဲ့သို၎င်း၊ ခွန်အားကြီး ကာကြောက်ရွံ့ကြလိမ့်မည်။  ယခုအခါ အာရပ်နိင်ငံများနှင့် မူစလင်နိုင်ငံများ ကလက်နက်မျိုးစုံကို ထုတ် လုပ်ကာအစ္စရေးနိင်ငံကို ခြိမ်း​ခြောက်နေသော်လည်း နောက်ဆုံး၌ အဆုံးအ ဖြတ်ပေးမည့်သူသည် ဘုရားသခင် သာလျှင်ဖြစ်မည်။ ဘုရားသခင်၏ အစီအ စဉ်အတိုင်း သာလျှင် တည်မည် ဖြစ်သောကြောင့် ဘုရားသခင်၏ အကြံအစည်ကို နားလည်၍ သူ၏ အကြံအစည်အတိုင်း အသက်ရှင်ကြသင့်သည်။ 
 
  
 
ခရစ်တော်ကြွလာမည့်အရာ
ခရစ်တော် ကြွလာမည့် အရာကို ပြယ်ယယ်ပြုသောသူ များစွာ ရှိသည်။ ထိုသို့ ပြက်ယယ်ပြုမည့် အရာကို ရှင်ပေတရုက ဤကဲ့သို့ ရေးသား ခဲ့ပြီ၊ “ရှေ့ဦးစွာ သိမှတ်အပ်သောအရာ ဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြု တတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုင်းကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” (၂ ပေ ၃:၃-၄) အဘယ်ကြောင့်ပြက်ယယ်ပြုကြသနည်းဟူမူကား မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့်နေ၍ ဖြစ်သည်။ ဤလောက၌ ချမ်းသာဘို့၊ တိုးတက်ဘို့၊ ပျော်ရွှင်ဘို့၊ အလိုရှိသောသူ၊ လို်က်ရှာနေသောသူများ အနေဖြင့် ခရစ်တော် ကြွလာမည့် အရာသည် အနှောက်အရှက် ဖြစ်သည်။ အကြောင်းမူကား သူတို့၏ အကြံအစည်နှင့် စိတ်ကူးယဉ်ကို ဖျက်ဆီး သကဲ့သို့ဖြစ်သည်။ သို့သော် ခရစ်တော်သည် လူသားများကလိုချင်သည် ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ အားသည် ဖြစ်စေ၊ မအားသည်ဖြစ်စေ၊ သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေလာတော့မည်ဖြစ်သည်။ ထို့ကြောင့် အဆင်သင့်ပြင်ထားဘို့လိုသည်။ 

အချို့သောသူများက ခရစ်တော် ကြွလာမည့် အရာကို ပြောခြင်းသည် ချိန်း​ခြောက်ခြင်းဟု ယူဆကြသည်။ အမှန်မှာ ခရစ်တော် ကြွလာမည့် အရာသည် နှစ်သိမ့်ခြင်း ဖြစ်သည်။ ရှင်ပေါလုက၊ “ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရား သခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချည်ဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်းတယောက်ကို တယောက် သက်သာ စေကြလော့။” (၁ သက် ၄:၁၄-၁၈)။ 

သက်သာလောနိတ် အသင်းတော်၌ ယုံကြည်သူများသေဆုံးသောအခါ အလွန် ဝမ်းနည်းတတ်ကြသည်။ ထို့ကြောင့် ရှင်ပေါလုက သူတို့ကို ခရစ်တော် ကြွ လာမည့် အရာအားဖြင့် နှစ်သိမ့်သည်။ အဘယ်ကြောင့် ခရစ်တော် ကြွလာမည့် အရာသည် သူတို့အတွက် စိတ်သက်သာရာ ဖြစ်သော်လည်း ယခုခေတ် ယုံကြည်သူများအတွက် ချိန်း​ခြောက်သလို ဖြစ်သနည်း။ ရှေးယုံကြည်သူများသည် သူတို့ 
၏ ယုံကြည်ခြင်း အပေါ်အသက်ရှင် ကြသည်။ သူတို့၏ ယုံကြည်ခြင်းသည် အလုပ်ထက်သော်၎င်း၊ အမျိုးထက်သော်၎င်း၊ အခြားသောအရာ အားလုံး ထက်သော်၎င်းအလေးထားသည်။ သူတို့၏ ယုံကြည်ခြင်းကို အသက်နှင့် လဲ​၍ သက်သေ ခံသည်။ ယုံကြည်ခြင်းကြောင့် နှိပ်စက်ခြင်း၊ ညှင်းဆဲခြင်း၊ အသေသတ်ခြင်း တိုင်အောင် ခံကြသည်။ ကျမ်းစာက၊ “အချို့သော သူတို့သည်၊ သာ၍ မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။ အချို့သော သူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ စုံစမ်း နှောက်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။ ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်းပြောင်း အလည်လည်နေရကြ၏။” (ဟေဗြဲ ၁၁:၃၅-၃၈) ဟုရေးသား ထားသည်။ ထိုသို့ ခရစ်တော်ကြောင့် သို့မဟုတ် ယုံကြည်ခြင်းကြောင့် ဆင်းရဲ ဒုက္ခ ခံသဖြင့် ခရစ်တော် ကြွလာမှာကို အလွန် တောင့်တ ကြသည်။ ခရစ်တော် ကြွ လာသောအခါ သက်သာရာသို့ ရောက်၍ ခွဲခွါသော ချစ် သူများ နှင့်လည်း တွေ့ဆုံကြမည် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကြွလာမည့် အရာသည် သူတို့၏ အဓိကမြော်လင့်ချက် ဖြစ်သည်။ ထို့ထက် မြော်လင့်သောအရာ မရှိတော့ချေ။ 

သို့သော် ယနေ့ ယုံကြည်သူများသည် ဇာတိတပ်မက်ခြင်း အတိုင်း အသက်ရှင်သောကြောင့် ခရစ်တော် ကြွလာမှာကို မမြော်လင့်ကြ။ ထို့ထက်သာ မကမကြားချင် ကြ။ ခရစ်တော် ကြွလာမှာကို မြော်လင့်သည်ထက် ကြောက် ကြသည်။ အကြောင့်မှာ ခရစ်တော်ကို ချစ်သည်ထက်လောကအရာ တည်းဟူသော ငွေ၊ ဥစ္စာပစ္စည်း၊ ဂုဏ်ပကာသဏများကို ချစ် ကြသည်။ ခရစ်တော် အတွက်၊ ယုံကြည်ခြင်း အတွက် အသက်ရှင်သည်ထက် မိမိတို့ အလိုဆန္ဒအတွက် အသက်ရှင် ကြသည်။ ထို့ကြောင့် ခရစ်တော် ကြွလာမည့် အရာသည် အနှောက် အယှက် ဖြစ်သည်။ မိဘစကား နားမထောင်ဘဲ သူငယ်ချင်းများနှင့် ဆော့ကစားသော သားသည် မိဘအိမ်ပြန်လာမှာကို အလိုမရှိ၊ မိဘခိုင်းသော အလုပ်ကို မလုပ်သောကြောင့် အဆူခံမှာအရိုက်ခံမှာကို ကြောက်နေ သကဲ့သို့ ခရစ်တော် ခိုင်းသော အမှုကို မလုပ်ဘဲ မိမိတို့ လိုချင်သော အလုပ်ကိုသာ လုပ်သောသူများ အနေဖြင့် ခရစ်တော် ကြွလာမှာကို အလိုမရှိကြ။ 

ရှေး ယုံကြည်သူများအနေဖြင့် ခရစ်တော် ကြွလာမှာကို မြော်လင့်ခြင်းသည် ဒုက္ခ ဆင်းရဲ ထဲမှ လွတ်မြောက်ရုံသာမက သူတို့ကို ညှင်းဆဲနှိပ်စက်ခဲ့ဘူးသောသူများလည်း တရားစီရင်ခြင်းကို ခံရမည် ဖြစ်သော်ကြောင့်မြော်လင့် ကြသည်။ ရှင်ပေါလုက၊ “သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့် အတူ၊ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့ သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သော သူတို့ကို မီးလျှံအားဖြင့် ဒဏ် ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲ စေဘူးသော သူတို့၌ ဆင်းရဲခြင်းကို၎င်း၊ ဆင်းရဲခံဘူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို၎င်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူ လိမ့်မည်။ ထိုသခင်သည် မိမိသန့်ရှင်း သူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကို၎င်း၊ ငါတို့ သက်သေကို သင်တို့သည် ယုံကြည်သည် ဖြစ်၍၊ ယုံကြည် သောသူ အပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကို၎င်း၊ ခံအံ့သောငှါ ကြွလာတော်မူသော နေ့ရက်၌၊ ထို သူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသော ဘုန်း တော်နှင့်၎င်းကွာ၍၊ ထာဝရပျက်စီးခြင်း တည်းဟူသာအပြစ် ဒဏ်ကို ဝရကြ လတံ့။” (၂ သက် ၁:၆-၁၀) ဟုရေးထားသည်။ ထို့ကြောင့် ခရစ်တော် ကြွ လာမည့် အရာသည် ယုံကြည်သူများအတွက် သက်သာချိန်ဖြစ်၍ မယုံကြည်သူများအတွက် ပြစ်ဒဏ်ခံရမည့်အချိန် ဖြစ်သည်။ 

 ခရစ်တော် ကြွလာခြင်းသည် ယုံကြည်သူများအတွက် မင်္ဂလာရှိသော မြော်လင့်ခြင်း ဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “မင်္ဂလာရှိသော မြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ် ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့နေခြင်း၊ လော ကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ ၌ ဣ​န္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ” ဟုရေးထားသည် (တိတု ၂:၁၁-၁၃)။ အဘယ်ကြောင့် ခရစ်တော် ကြွလာခြင်းသည် မင်္ဂလာ ရှိသော မြော်လင့်ရာ ဖြစ်သနည်းဟူမူကား ခရစ်တော် ကြွ လာသောအခါ ယုံကြည်သူများသည် သက်သာရာရရှိ၍ သူတို့ ချစ်သော ကယ်တင်ရှင်နှင့် အစဉ်မပြတ် နေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ခရစ်တော် ကြွလာမည် ဖြစ်သောကြောင့် ယုံကြည်သူများအနေဖြင့် ဘုရား မဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက် ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုဘို့ ရှင်ပေါလုကတိုက်တွန်းနိုးဆော်ထားသည်။ 
 
 
အမေးအ‌ဖြေကဏ္ဍ
မေး။ ယုံကြည်သူများ၊ ခရစ်တော်ရရှိ၍ သေလွန်သူများ၏ ဝိညာဉ်မည့်သည့် နေရာ၌ရှိသနည်း။ 
​ဖြေ။။ ယုံကြည်သူများ (သို့) ခရစ်တော် ရရှိပြီး သေလွန် သူများသည် ချက်ခြင်း ကောင်းကင်သို့ တက်ကြောင်း အောက်ပါကျမ်းချက်များ အရသိရှိရသည်။ 
၁။ ခရစ်တော် ဘေးနား၌ အသတ်ခံသော လူဆိုးက၊ “သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသောအခါ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။” (လုကာ ၂၃း၄၂-၄၃)။ အထက်ပါ ခရစ်တော်၏ နှုတ်ထွက်စကား အရလူဆိုးနှင့် ခရစ်တော်သည် ထိုနေ့၌ ပရသိသုဘုံသို့ ရောက်သွား ကြသည်။ 


မေး။ ပရသိသုဘုံသည် အဘယ်အရပ်၌ ရှိသနည်း။ 
​ဖြေ။။ ပရသိသုဘုံသည် ကောင်းကင်နိုင်ငံဖြစ်သည်။ အကြောင်းမှာ ခရစ်တော်သည် သေသောအခါ ပရသိသုဘုံသို့ ရောက်သွားသည်။ ခရစ်တော် အသေခံသောအခါ၊ “ယေရှုသည်လည်း ကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော်လက်၌ အ​ကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။” (လု ၂၃:၄၆) ဟုတွေ့ရသည်။ ခရစ်တော်သည် သူ၏ ဝိညာဉ်ကို ခမည်းတော်ထံသို့ အပ်သောကြောင့် သူ့ဝိညာဉ်သည် ခမည်းတော်ထံသို့ ရောက်သွားသည် ဟုဆိုနိင်သည်။ ထို့အပြင်လူဆိုးထံသင်သည် ငါနှင့် အတူပရသိသုဘုံ၌ ရှိလိမ့်မည် ဟုဆိုသောကြောင့် ခရစ်တော်၏ ဝိညာဉ်သည် ပရသိသုဘုံ ၌ရောက်သွားသည်။ ထို့ကြောင့် ပရသိသုဘုံသည် ခမည်းတော်ဘုရားကျိန်းဝပ်တော်မူ ရာကောင်းကင်အရပ်ဖြစ်သည်။ 
 
မေး။ အဗြာဟံရင်ခွင်သည် မည်သည့်နေရာကို ဆိုလိုသနည်း။ 
​ဖြေ။။ အာဗြဟံရင်ခွင်နှင့် ပတ်သက်၍ သခင်ယေရှုက၊ “တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင် ကြ၏။” (လု ၁၆:၂၂) ဟုလာဇရုနှင့် ပတ်သက်၍ ဆိုသည်။ လာဇရုသည် သေလွန်သောအခါ အာဗြဟံရင်ခွင်သို့ ရောက်သွားသည်။ သို့ဖြစ်လျှင် အာဗြဟံ ရင်ခွင်သည် မည်သည့်နေရာကို ဆိုလိုသနည်း။ ခရစ်တော်က၊ ယုံကြည်ခြင်း အားကြီးသော ရောမတပ်မှုးနှင့် ပတ်သက်၍ ဤသို့ မှတ်ချက်ချသည်၊ “လူများတို့ သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင် နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊ နိုင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သော သူတို့အား မိန့်တော်မူပြီးမှ၊ ” (မဿဲ ၈း၁၁-၁၂)။ အထက်ပါ ခရစ်တော်၏ စကားတော် အရအာဗြဟံသည် ကောင်းကင်နိင်ငံတော်၌ရှိသည်။ ထို့ကြောင့် အာဗြဟံရင်ခွင်သည် ကောင်းကင်နိင်ငံတော် ဖြစ်သည်။ 
 
မေး။ နိုင်ငံတော်သားတို့သည် မည်သူတို့ ဖြစ်သနည်း။ 
​ဖြေ။။ နိုင်ငံတော်သားများသည် ယုံကြည်သူများဟု ယူဆနိုင်သည်။ သို့သော်နိုင်ငံတော်သား များသည် ယုံကြည်သူများမဟုတ်ပါ။ နိုင်ငံတော်သား များသည် ဣသရေလ လူမျိုးများ ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူမူကား ခရစ်တော်က နိင်ငံတော်ကို တည်ထောင်ဘို့ရန် သတင်း ကြားပြောခိုင်းသောအခါ၊ “ထိုတကျိတ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသား တို့ ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ၆ ဣသရေလ အမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ ၇ သွားစဉ်တွင်၊ ကောင်းကင် နိုင်ငံတော်တည်လုနီးပြီ၊ ဟုသိတင်း ကြားပြောကြလော့။” (မဿဲ ၁၀း၅ -ရ) ဟုမှာထားသည်။ ထို့ကြောင့် နိုင်ငံတော်သည် ဣသရေလ လူများနှင့်သာ တည်ထောင်ဘို့ ဖြစ်ခဲ့သည်။ ရှမာရိအမျိုး၊ တပါးအမျိုးသားများနှင့် မဆိုင်ပါ။ ထို့ကြောင့် နိုင်ငံတော်သားများသည် ဣသရေလ လူမျိုးများကို ဆိုလိုသည်။ 
 
မေး။ ချီဆောင်ခြင်း၌ မည်သူများ ပါဝင်မည်နည်း။ အောင်မြင် သူများသာလျှင် ပါဝင်မည်လော၊ သို့မဟုတ် ယုံကြည်သူ အားလုံး ပါဝင်မည်လော။ 
​ဖြေ။။ အချို့သောသူများက ချီဆောင်ခြင်း၌ အောင်မြင်သောသူများသာလျှင် ပါဝင်မည် ဟုဆိုသည်။ သို့သော် အောက်ပါကျမ်းချက်များ အရ ချီဆောင်ခြင်း၌ ယုံကြည်သူ တည်းဟူသော ဝိညာဉ်အားဖြင့် ဒုတိယမွေးဖွားသောသူတိုင်း ပါဝင်မည်။ “နက် နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိ တမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (၁ ကော ၁၅:၅၁-၅၂) ရှင်ပေါလုကဇာတိ ခရစ်ယာန်များဖြစ်ကြသော ကောရိန္သုအသင်းသားများထံရေးထားသောစာ ဖြစ်သည်။ ကောရိန္သု အသင်းသား များသည် ဇာတိ ခရစ်ယာန်၊ ဝိညာဉ်ရေးရာ၌ ခလေး ဖြစ်ကြသော်လည်း (၁ ကော ၃:၁-၄)၊ ချီဆောင်ခြင်း၌ သူတို့လည်း ပါဝင်မည် ဖြစ်ကြောင်း၊ ရှင်ပေါလုက “ငါတို့ ရှိသမျှ” ဟုဆိုသောသူများ အထဲ၌ သူတို့လည်း ပါဝင်ကြောင်း တွေ့ရသည်။ ချီဆောင်ခြင်းသို့ ရောက်ခြင်းသည် အလုပ်ကြောင့်၊ အကျင့်ကြောင့် မဟုတ်ဘဲ ခရစ်တော်ကို လက်ခံခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၌ ဒုတိယမွေးသောသူတိုင်း ပါသွားမည် ဖြစ်သည်။ သို့သော် ထိုသို့ ပါမည် ဖြစ်သောကြောင့် အသက်တာ၌ ပေါ့ဆဘို့ မဟုတ်ချေ။ ခရစ်တော်နှင့် တွေ့ဘို့ရန် အသင့် ပြင်ထားရမည်။ 

မေး။ ယုံကြည်သူများအပြစ် စီရင်ခြင်း ခံရဦးမည်လော။ 
​ဖြေ။။ ယုံကြည်သူများအပြစ် စီရင်ခြင်းဘို့ မရှိတော့ချေ။ အကြောင်းမူကား သူတို့ ကိုယ်စား ခရစ်တော် ကလက်ဝါးကပ်တိုင်တော်၌ ခံပြီး ပေးသောကြောင့် ဖြစ်သည်။ ကျမ်းစာက၊ “ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေဖြစ်၍၊ ​ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။” (၁ ပေ ၂:၂၄) ဟုဆိုထားသည်။ ကျမ်းစာ ကငါတို့ အဖြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ ဟုဆိုသောကြောင့် ခရစ်တော်၏ ကိုယ်စားခံပေးခြင်းကို ယုံကြည်သူတိုင်း အပြစ် စီရင်ခြင်း ခံစရာ အကြောင်း မရှိတော့ပါ။ ခရစ်တော် ကိုယ်တိုင်က၊ “သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။” (ယော ၃:၁၈) ဟုဆိုထားသည်။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူသည် အပြစ် စီရင်ခြင်း ခံစရာ အကြောင်းမရှိတော့ချေ။ 
 
 
 
အရှေ့အလယ်ပိုင်းပြသနာ 
ကမ္ဘာပြက္ခဒိန်သည် အရှေ့အလယ်ပိုင်း အထူးသဖြင့် အစ္စရေးနိင်ငံ ဖြစ်သည်။ အစ္စရေးနိင်ငံသည် ကမ္ဘာအလယ်ဗဟို၌ ရှိသည်။ မြောက်ဖက်၌ ဥရောပ တိုက်၊ အရှေ့ဖက်၌ အာရှတိုက်၊ တောင်ဖက်၌ အဖရိကတိုက် ဖြစ်သည်။ အချို့သောသူများ ကကမ္ဘာ၏ ချက် ဖြစ်သည် ဟုဆိုသည်။ အစ္စရေးနိင်ငံသည် အလွန် သေးငယ်သည်။ စတုရန်းမိုင်တစ်သောင်းခန့်သာရှိသည်။ မူစလင်နိင်ငံများ၏ ၆၅၀ ပုံတစ်ပုံသာရှိသည်။ လူဦးရေအားဖြင့် ခုနှစ်သန်းကျော်သာရှိ၍ အာရပ် နိုင်ငံများ၏ ၅၀ ပုံတစ်ပုံမျှသာရှိသည်။ အိမ်နီးချင်းအာရပ်နိုင်ငံများ ကလေးကြိမ် အကြီး အကျယ်တိုက်ခိုက် ခဲ့ပြီ။ သို့သော် အစ္စရေးကအမြဲတမ်းအနိုင်ရသည်သာ မက အာရပ်နိင်ငံများ၏ နယ်မြေများကို များစွာ သိမ်းပိုက် တတ်သည်။ အစ္စရေး နိင်ငံသည် ခွေး ကိုယ်ခန္ဓာ၌ ရှိသော ခွေးသန်းကဲ့သို့ဖြစ်၍ အာရပ်နိင်ငံတိုင်းကအလွန်မုန်းတီးကာကမ္ဘာမြေပုံပေါ်မှပယ်ဖျက်ချင် ကြသည်။ စစ်ရေးအရမနိင်သောအခါ နိင်ငံရေးအရကမ္ဘာ့ ကုလသမဂ္ဂ၌ တိုင်တမ်း၍ အမြဲတမ်း ပြသနာ ရှာသော နိုင်ငံ ဖြစ်သည်။ အာရပ်နိင်ငံများနှင့် မူစလင်နိင်ငံများ ကအဘယ့်ကြောင့် ထိုကဲ့သို့ အလွန် ခါသီးစွာ မုန်တီးကြသနည်း။ 
 

ဣရှမေလ၏အမျက်မပြေသေး

အာဗြဟံသည်သား မရနိင်သောအခါ သူ့အမျိုးသမီးရေဗက္က၏ အကြံပေး ချက်အရအဲဂုတ္တု ပြည် မှခေါ်လာသော ​ကျွန်မဟာဂရကို ယူကာသားယောက်ျား ဣရှမေလကို ဖွားမြင်ခဲ့သည်။ ထိုသားသည် ဘုရားသခင်၏ ဂတိထားသောသား မဟုတ်။ လူ့အကြံ အစည်အားဖြင့် ရသောသား ဖြစ်သည်။ ဘုရားသခင်က ဂတိတော် အတိုင်းရေဗက္ကအားဖြင့်သားယောက်ျားကို အသက်ကြီး မှ ရရှိကာ ထိုသားကို ဣဇက်အမည်ဖြင့် မှည့်လေသည်။ ရေဗက္ကာသည် ကိုယ်တိုင်သားယောက်ျားရ လာသောအခါ သူ၏ ခင်ပွန်းအာဗြဟံအား ​ကျွန်မ၏သား ဣရှမေလကို နှင်ထုတ် ခိုင်းသည်။ အာဗြဟံသည် သူ၏ သားကို နှင်ထုတ် ဘို့ရန် အလွန် ခက်သော်လည်း ဘုရားသခင်က ပါ နှင်ထုတ် ခိုင်းသောကြောင့်သား ဣရှမေလကို နှင်ထုတ် လိုက်သည်။ ဖခင်အာဗြဟံကသား ဣရှမေလကို နှင်ထုတ်ခြင်းသည် သူ့ညီဣဇက်ကြောင့် ဖြစ်သည်။ ဣရှမေလ၏သား များသည် အာရပ်များ ဖြစ်၍ ဣဇက်၏သား ယာကုပ်၊ ယာကုပ်၏သား များသည် ဣသရေလများဖြစ်သည်။ ဣရှမေလကသူ့ ညီအစ္စရေး အပေါ်၌ အမျက်ထွက်ခြင်းသည် ယခုတိုင်အောင် မပြေနိုင်သေးချေ။ 

ဧသော၏အမျက်မပြေသေး

ဣဇက်၌သား နှစ်ယောက်ရှိသည်။ ဧသောနှင့် ယာကုပ်တို့ ဖြစ်သည်။ သူတို့သည် အမွှာ ဖြစ်၍ အမိဝမ်းတွင်း၌ ရှိကတည်းက ဘုရားသခင်ကသားကြီး ဧသောကို ပယ်၍ သား ငယ်ယာကုပ်ကို ရွေးကောက်သည် (ကမ္ဘာ ၂၅:၂၃၊ မာလခိ ၁:၂၊ ရော ၉:၁၃)။ ယာကုပ်သည် သူ့အကို ဧသော၏သား ဦးအရာကိုလည်း အစားအစာဖြင့် ဝယ်ယူခဲ့သည် (ကမ္ဘာ ၂၅:၂၉-၃၄)။ ထိုမျှသာမက သူတို့ အဖေက အစ်ကို ဧသောကို ပေးမည့် ကောင်းကြီး ကိုလည်း လုယူသွားသည် (ကမ္ဘာ ၂ရ)။ ထိုကြောင့် ဧသောသည် ညီယာကုပ် အပေါ်အမျက်ထွက်၍ သူ့ကို သတ်ချင်သည်။ သို့သော် ဘုရားသခင်၏ ကွယ်ကာမှုကြောင့် မသတ်နိင်ခဲ့။ သို့သော် ဧသော၏ အမျက်ထွက်ခြင်းသည် ယနေ့ တိုင်အောင် မပြေနိင်သေးချေ။ ဧသော၏သား စဉ် မြေးဆက်များသည် ယနေ့ အစ္စရေးများကို မုန်းသော အာရပ်များ ထဲ၌ ရှိမည်။ 

အမှန်မှာ အရေးအလယ်ပိုင်း တည်းဟူသော အစ္စရေးနှင့် အာရပ် ပြသနာသည် အာဗြဟံ၏သား မြေးများ၊ မိသားစု ပြသနာ ဖြစ်သည်။ ထိုပြသ နာသည် တကမ္ဘာလုံး၏ ပြသနာ ဖြစ်လာသည်။ အစ္စရေးအာရပ် ပြသနာသည် အဘယ်ကြောင့်ကမ္ဘာ့ ပြသနာ ဖြစ်လာနိုင်သနည်းဟူမူကား အာရပ်နိင်ငံများ၌ ရေနံရှိသည်။ ထိုရေနံကြောင့်အာရပ်နိင်ငံများသည် ချမ်းသာ လာ၍ လက်နက်များ တပ်ဆင် ကြသည်။ ထိုမျှသာမက ထိုရေနံကို လက်နက်အဖြစ် အသုံးပြုကာအနောက်စက်မှု နိင်ငံများ ထံမရောင်းသောအခါ အနောက်နိင်ငံများအတွက် အလွန် အခက်အခဲတွေ့ရသည်။ 
 
 
ဧဝံဂေလိခရီးစဉ်
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျနော်တို့ လင်မယား ဩစတေးလျ နိင်ငံသို့ ဇန္နဝါရီလတလုံး ဧဝံဂေလိ တရားဟောနိင်ခဲ့သည်။ ယုံကြည်သူများ၏ ဆုတောင်း သံကို ဘုရားသခင် နား​ညောင်း၍ မြို့သုံးမြို့ အသင်းတော် လေးပါး၌ ခရစ်တော် ကြွလာမည့် အရာမှစ၍ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာများကို ဝေငှနိင်ခဲ့သည်။ 

ပဌမဦးဆုံး Melbourne မြို့ရှိ အသင်းတော်၌ စတင်ကာမူလ၌ လေးည သာအချိန် ယူဘို့ ဖြစ်ခဲ့သော်လည်း ဆယ်ရက်နှင့် ဆယ့်တစ်ညကျမ်းစာ သင်ပေး နိင်ခဲ့သည်။ နေ့ခင်းပိုင်း၌ လူသုံးဆယ်ခန့်မှငါးဆယ်အထိ၊ ညပိုင်း၌ ​ခြောက်ဆယ် မှတစ်ရာအထိ သင်တန်းတက်နိင် ကြသည်။ ချီဆောင်ခြင်း နီးကြောင်း၊ ယဇ်ပူဇော်ခြင်းနှင့် ပညတ်တော်များအကြောင်းကို သင်ပေးရာတွင် အလွန် ကျေနပ် အားရကြပြီး နားထောင်၍ မဝနိင်အောင် ဖြစ်ကြသည်။ သင်းအုပ်ဆရာသော့ကပ်ကပျိုငှါစွာ ကျနော်တို့ကို ကြိုဆိုဧည့်ခံပြီး သူတို့ အိမ်၌ တည်းခိုရသည်။ သင်တန်းတက် ရောက်သောသူများသည် အခြား အသင်းတော်များမှလည်း ပါဝင် ကြသည်။ ဆရာမ ဟန္နကလည်း ခလေး နှစ်ဆယ်ကျော်ကို နေ့ညသင်ပေးရာ၊ ခလေး သူငယ်များ အလွန် အားရကာ ကယ်တင်ခြင်း လက်ခံ သူများလည်းရှိကြသည်။ ထို့နောက် Brisbane မြို့သို့ လေယဉ်ဖြင့် သွားရောက်ကာတစ်ပတ်တိတိ ကျမ်းစာ သင်ပေးခဲ့ရသည်။ ဘုရားကျောင်း၌ အစဉ် မပြေသောကြောင့် အိမ်၌ သင်ပေးရာ နေ့ပိုင်းတစ်ကြိမ် ညပိုင်းတစ်ကြိမ် သင်ပေးခွင့်ရခဲ့သည်။ သင်တန်းတက် ရောက်သူနေ့ပိုင်း၌ သုံးဆယ်ခန့်၊ ညပိုင်း၌ ငါးဆယ်မှ​ခြောက်ဆယ်ခန့်ရှိကြသည်။ ထိုမြို့လည်း ဆရာမက ခလေး သူငယ်အယောက်နှစ်ဆယ်ခန့်သင်ပေးနိုင်ခဲ့သည်။ သင်း အုပ်ဆရာမရှိသော်လည်း အသင်းတော် လူကြီးများက ဦးဆောင်သော အသင်းတော် ဖြစ်သည်။ ကျနော့ကို သိသောသူများ၊ သတင်းကောင်း နှစ်ခြင်း အသင်းသား များလည်း တွေ့ရှိကာ အလွန် အားရကျေနပ် ကြသည်။ 


တတိယမြို့ ဖြစ်သော Adelaide မြို့၌လည်း တစ်ပတ်တိတိသင်တန်းပေး နိင်ခဲ့သည်။ သင်းအုပ်ဆရာမရှိသော်လည်း စည်းလုံးညီညွတ်ပြီး သမ္မာတရားကို ဆာငတ်သောသူများ ဖြစ်သည်။ စနေအသင်း၏ ဘုရားကျောင်းကို နေ့ရောညပါ အသုံးပြုနိင်သောကြောင့် အလွန် အစဉ်ပြေသည်။ နေ့ပိုင်း၌ လူသုံးဆယ်ခန့်ည ပိုင်း၌ ငါးဆယ်မှခုနှစ်ဆယ်ခန့်အထိ တက်ရောက်နိင် ကြသည်။ ဆရာမလည်း ခလေး သူငယ်များ အယောက်နှစ်ဆယ်ကျော်ကို သင်ပေးကာ အလွန် အားရကျေနပ် ကြသည်။ ပဌမဦးဆုံးနှင့် နောက်ဆုံးလာရောက် သင်ပေးခြင်း ဖြစ်နိင်သည်ဟု နှုတ်ဆက်သောအခါ နောက်တစ်ခေါက်ပြန်လာဘို့ ဘိတ်ခေါ် ကြသည်။ မည်မျှ ကယ်တင်ခြင်းသို့ ရောက်သွားကြသည်ကို ဘုရားသခင် သာလျှင် သိသည်။ 

နောက်ဆုံး​ Melbourne မြို့သို့ ပြန်လည်ရောက်ရှိကာချင်းနှစ်ခြင်း အသင်းတော် ဟားခါးအဖွဲ့ထံသို့ လေးညတိတိသင်တန်း ပေးခွင့်ရရှိပါသည်။ ညတိုင်း သင် တန်းတက်ရောက် သူများမှာ အယောက် ခုနှစ်ဆယ်မှရှစ် ဆယ်အထိ ရှိကြပါသည်။ ဤ ကဲ့သို့သော သင်ခန်းစာမျိုးမ သင်ဘူးသောကြောင့် အလွန် စိတ်ဝင်စား ကြသည်။ ညခုနှစ်နာရီ မှစမည့် အရာကို နာရီ ဝက်ခန့်ကြိုရောက်ရှိတတ်ကြသည်။ နေ့ခင်းပိုင်း၌ အလုပ်လုပ်ကြသောကြောင့် သင်တန်းမလုပ်နိင်ချေ။ ကျနော်တို့လည်း ပင်ပန်းလာသောကြောင့် အနားယူမည့်အချိန် ရရှိသောကြောင့် အစဉ်ပြေသည်။ Melbourne မြို့ လယ်ကိုလည်း လည်ပတ်ခွင့်ရှိခဲ့ကြပါသည်။ 

အချုပ်အားဖြင့် ခြုံကြည့်ပါက ကျနော်တို့၏ ဧဝံဂေလိ ခရီး စဉ်သည် အလွန် အောင်မြင် သည်ဟု သုံးသပ်မိပါသည်။ နောက်တစ်ခေါက် ယခုထက် ပို၍ စနစ်တ ကျသင်တန်းများ ပြုလုပ် နိင်လျှင် ပို၍ အောင်မြင် နိင်စရာ ရှိသည်။ လူတိုင်း ကယ် တင်ခြင်းနှင့် သမ္မာတရားကို ဆာငတ်ကြသော်လည်း ဟောပြောမည့်သူ နည်းပါး လှသည်။ ခရစ်တော် ပြောခဲ့ သကဲ့သို့ လယ်ပြင်၌ စပါးရိတ်ဘို့ရန် ဝင်းဝင်းမှည့်သော်လည်း ရိပ်မည့်သူ အလွန်နည်းပါးသည်။ စပါးရိတ်မည့်သူများများ စေလွှတ်ဘို့ရန် ဘုရားသခင် ထံ၌ ဆုတောင်း ကြစို့။ ကာလ အချိန်် အလွန် နီးသောကြောင့်သာ၍ ကြိုးစား ကြစို့။ ဆုတောင်း ပေးသူများ ဤစာစောင်ဖတ်ရှုသူအယောက်တိုင်း အပေါ် ဘုရားသခင်ကကောင်းကြီး ပေးပါစေသော်။ အာမင်။ 
 
 
နောက်ဆုံးခေါ်ဘိတ်ခြင်း 

လေယဉ်ပျံထွက်ခါနီးသောအခါ လေယဉ်ပေါ်သို့ လိုက်ပါမည့်သူများကို လေယဉ်ထဲသို့ ဝင်ဘို့ရန် ခေါ်လေ့ရှိသည်။ တာဝန် ရှိပုဂ္ဂိုလ်များ ကအသံချဲ့စက်မှ နောက်ဆုံးခေါ်ခြင်း Final call ကို ပြုလုပ် လေ့ရှိသည်။ ထိုခေါ် ဘိတ်ခြင်းကို မကြားသောသူများသည် လေယဉ်ထဲသို့အချိန် မှီမဝင်သောကြောင့် ကျန်ရစ်တတ်သည်။ တခါတုန်းကကျနော်လည်း အတ္တလန်တာမြို့မှအိမ်ပြန်ဘို့ရန် ဖြစ်သော်လည်း ထိုနောက် ဆုံးခေါ်သံကို မကြားခဲ့သောကြောင့် ကျန်ရစ်ခဲ့ဘူးသည်။ သို့သော် နောက်လေယဉ်အားဖြင့် ပြန်နိင်သောကြောင့်အချိန် နောက်ကျသော်လည်း အိမ်သို့ ပြန်ရောက်နိင်သည်။ ယခုလည်း ဤလောက မှကောင်းကင် အိမ်တော်သို့ ပြန်ဘို့ရန် ဘုရားသခင်က နည်း အမျိုးမျိုးဖြင့် ခေါ်နေပြီ။ တရားဟော ဆရာများ အားဖြင့်သော်၎င်း၊ ကျမ်းစာထဲမှ ကြိုတင် ဟောထားသော သဘာဝ ဘေးရန်များ၊ ဒုက္ခ ဆင်းရဲခြင်းများအားဖြင့်သော်၎င်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်းနှင့် စီးပွားရေးကြပ်တည်းခြင်း အားဖြင့်သော်၎င်း၊ စစ်ပွဲများနှင့် စစ်တိုက်မည့် သတင်းများ အားဖြင့်သော်၎င်းခေါ်နေပြီ။ သို့သော် အများသော သူတို့သည် ထိုခေါ် သံကို မကြားကြသောကြောင့် မပြင်ဆင် ကြ၊ စိတ်မဝင်စားကြချေ။ အဘယ်ကြောင့် ခေါ်ဘိတ်သံကို မကြားကြသနည်းဟူမူကားလောကအရာများ နောက်လိုက် သောကြောင့် ဖြစ်သည်။ လောကအရာများသည် အလွန် ဆူညံသည်။ ထိုအသံများကလွှမ်းမိုးနေသောကြောင့် ဘုရားသခင်၏ ခေါ်သံကို မကြားကြ။ လေယဉ်ပျံ နောက်ကျသောအခါ နောက်တခေါက်၌ ပြန်လည်လိုက်ပါနိင်သော်လည်း ချီ ဆောင်ခြင်း၌ ကျန်ရစ်ပါက ဘေးဒဏ်ကြီး ကာလ၌ ကျရောက်သွားမည် ဖြစ်သောကြောင့် အလွန် ယကြုံးမရ ဖြစ်မှာသေချာသည်။ ထို့ကြောင့်အချိန် မနှောင်းမှီဘု ရား၏ နောက်ဆုံးခေါ်သံကို ကြား၍ အသင့် ပြင်သောသူ ဖြစ်ကြစို့။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG