GOODNEWS
  HOME  GOODNEWS  2012 JAN
 


အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်သစ်သို့ ကူးမြောက်ရသော အခွင့်ကို ရရှိကြပြီ။ နှစ်သစ်ထဲသို့ မရောက်နိင်ဘဲ နှစ်ဟောင်း၌ သေဆုံးသွား သူများလည်းရှိကြသည်။ နှစ်သစ်သို့ ရောက်ရှိလာသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ကြဘို့ တိုက်တွန်းလိုပါသည်။ 

ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ဘို့ရန် မှာဘုရား၏ အလိုတော်ကို သိထားဘို့ လိုအပ်သည်။ ဘုရားသခင်သည် သူ၏ အလိုတော်ကို ကျမ်းစာထဲ၌ ရေးသား ထားသည်။ ထို့ကြောင့် ကျမ်းစာဖတ်ဘို့၊ လေ့လာဘို့ လိုအပ်သည်။ ကျမ်းစာဖတ်ဘို့ရန်အချိန် ပေးဘို့ လိုအပ်သည်။ စိတ်ဝင်စား ဘို့လည်း လိုအပ်သည်။ ရှင်ပေါလုက၊ “ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ ၁၇ ဘုရားသခင်၏ လူသည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်း အလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကို ဘော်ပြခြင်း၊ ​ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” (၂ တိ ၃:၁၆-၁ရ)ဟု ရေးထားသည်။ 

ရန်သူ စာတန်သည် ယုံကြည်သူများကို ဘုရားအား မကိုးရန်အမျိုးစုံဖြင့် ဖျားယောင်းသွေးဆောင်သည်။ အလုပ်လုပ်ခြင်းဖြင့် မအား အောင်သော်၎င်း၊ လောကအရာများ နောက်လိုက်ခြင်း အားဖြင့်သော်၎င်းအချိန် ကုန်စေသည်။ ထို့ကြောင့် ဆုတောင်း ချိန်မရှိ။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း မရှိသောကြောင့် တန်ခိုးမရှိ။ ထို့ကြောင့် ယခုနှစ်သစ်တွင် စာတန် ထောင်​ခြောက်မှလွတ် နိင်ရန် ဆုတောင်းခြင်းဖြင့်အချိန် ယူကြစို့။ “အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ မခြားမလပ် ဆုတောင်း ပဌနာ ပြုကြလော့။ အရာရာ၌ ကျေးဇူးကို ချီး မွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။ ဝိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေနှင့်။” (၁ သက် ၅:၁၆-၁၉) 

ဤစာစောင်၌ ...
မည်သည့် အပေါ်၌ တည်ဆောက်ကြသနည်း
စာတန်သည် မည်သို့ တိုက်ခိုက် သနည်
သက်သေခံခြင်း 
ခရစ်တော် ကြွလာမည်
ကျေးဇူးတော် ခြီးမွမ်းခြင်း 
 
 
မည်သည့် အပေါ်၌ တည်ဆောက်ကြသနည်း

 “အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်ကျောက် ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ပြုိလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။” (မ ရး၂၄-၂ရ)။ 

အထက်ပါ ခရစ်တော်၏ စကားသည် လူတိုင်း ကကြားဘူး ကြသည်။ သို့သော် အလေးအနက်ထား၍ အဓိပ္ပါယ် သဘောပေါက်ချင် မှပေါက်မည်။ ထို့ကြောင့် ထိုအရာကို အထူးလေ့လာ၍ အသက်တာ၌ ကျင့်သုံးဘို့ရန် ရေးသား ဖေါ်ပြလိုပါသည်။ ထိုသို့ လေ့လာရာတွင် မေးခွန်းများကို မေး၍ ​ဖြေခြင်းအားဖြင့် ပို၍ သဘောပေါက်လွယ်မည်ဟု ထင်ပါသည်။ 
 
အိမ်သည် မည်သည့်အရာကို ဆိုလိုသနည်း

ပထမဦးစွာ အိမ်သည် မည်သည့်အရာကို ဆိုလိုသနည်း။ အိမ်သည် လူ၏ အသက်တာကို ဆိုလိုခြင်း ဖြစ်သည်။ လူတိုင်း မိမိအသက်တာကို ကောင်း ဘို့ရန် နည်းအမျိုးမျိုးဖြင့် ဆောက် ကြသည်။ အောင်မြင်သော အသက်တာ၊ ပျော်ရွှင်သော အသက်တာ၊ တိုးတက်သော အသက်တာ၊ ပြသနာ ကင်းသော အသက်တာ၊ ကျော်ကြားသော အသက်တာကို ဆောက်လို ကြသည်။ 
 
ကျောက်သည် မည်သည့်အရာကို ပုံဆောင်သနည်း

ခရစ်တော် ပြောသော ဥပမာ၌ ကျောက်သည် အိမ်၏ အုတ်မြစ်ကို ဆိုလိုသည်။ အိမ်၏ တန်ဘိုးနှင့် ခိုင်ခန့်ခြင်းသည် အုတ်မြစ်အပေါ်မှာ တည်နေသည်။ အဆောက်အဦး မည်မျှပင်ကောင်းသော်လည်း အုတ်မြစ်မခိုင်လျှင် မကြာမှီယိုင် လဲပျက်စီးသွားမည် ဖြစ်သောကြောင့် အ​ခြေအနေ မသိသောသူက ကြိုက်နှစ်သက်နိင်သော်လည်း အ​ခြေအနေသိသောသူကကြိုက်နှစ်သက်မည် မဟုတ်။ ထိုနည်းတူ လူဘဝလည်း အောင်မြင် ကျော်ကြား၍ ချမ်းသာသော်လည်း အုတ်မြစ် မခိုင်ပါက နှစ်သက်လိုဘွယ်ရာမရှိ။ မသိသောသူကအား ကျမည် ဖြစ်သော်လည်း အ​ခြေနေမှန်သိသောသူကလိုချင်မည် မဟုတ်။ 

သို့ဖြစ်လျှင် ကျောက်သည် မည်သည့်အရာ ဖြစ်သနည်း။ ခရစ်တော်၏ စကားသည် ကျောက် ဖြစ်သည်။ သူကိုယ်တိုင် ကသူ၏ စကားသည် အုတ်မြစ် ဖြစ်ကြောင်း ဆိုလိုသည်။ ခရစ်တော်၏ စကားသည် ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း တည်လိမ့်မည်ဟု သူကိုယ်တိုင် ကဆိုခဲ့သည် (မ ၂၄:၃၅)။ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးထက် တည်မြဲသော ခရစ်တော်၏ စကား၌ မိမိ၏ အသက်တာကို ဆောက်သင့်သည်။ ဆိုလိုသည်မှာ မိမိ အသက်တာကို ခရစ်တော် ပြောသောစကား အတိုင်း ဆောက်ရမည်။ 

သဲသည် မည်သည့်အရာကို ဆိုလိုသနည်း

ကျောက်သည် ခရစ်တော်၏ စကား ဖြစ်လျှင် သဲသည် မည်သည့်အရာကို ဆိုလိုသနည်း။ သဲသည် ခိုင်ခန့်ခြင်း မရှိ။ ကျောက်နှင့် မတူ။ ထို့ကြောင့် သဲသည် ခရစ်တော်၏ စကား မဟုတ်သောအရာကို ဆိုလိုသည်။ သို့လျှင် သဲသည် မည်သည့် အရာ ဖြစ်မည်နည်း။ ခရစ်တော် ကသဲသည် မည်သည့်အရာ ဖြစ်ကြောင်း မဖေါ်ပြပါ။ သို့သော် လူများသည် မည်သည့်အရာများအားဖြင့် မိမိတို့ ဘဝကို ဆောက် ကြသနည်း။ လူတိုင်း လူတိုင်း မိမိတို့ အသက်တာ၊ ဘဝကို ငွေ၊ ပညာ၊ အာဏာ၊ ဝါသနာ၊ အပျော်အပါး၊ ခံစားချက်၊ ပတ်ဝန်းကျင်အ​ခြေအနေအရတည်ဆောက် ကြသည်။ ငွေမရှိလျှင် လူ့ဘဝမ ဖြစ်နိင်၊ မတိုးတက်နိင်၊ လူတောမတိုးနိင်ဟု ထင် မှတ်သောကြောင့် လူအများစုသည် ငွေကို အဓိကရှာ၍ ငွေအားဖြင့် ဘဝတည် ဆောက်ဘို့ ကြိုးစား ကြသည်။ အချို့သောသူများ ကပညာရှိမှလူရာဝင်မည်၊ ငွေ ကိုလည်း ပညာရှိမှရရှိနိင်မည်ဟု ပညာရေးကို အဓိကထား၍ အချိန်၊ စွမ်းအား၊ ဘဏ္ဍာများကို ပညာရေးအတွက် အသုံးပြု ကြသည်။ အချို့သောသူများသည် အာ ဏာရှိမှ ကျေနပ် မည်ဟု အာဏာကို ရှာ ကြသည်။ အချို့သောသူများ ကမိမိ ဝါသနာ ပါရာကို လုပ်မှလူ ဖြစ်ရကျိုးနပ်သည်ဟု ဝါသနာ နောက်လိုက် ကြသည်။ အချို့သောသူများ ကလူ့တသက်နေရခြင်းသည် ပျော်ပျော်နေမှ အကျိုးရှိသည်ဟု အပျော် အပါးကိုသာ ရှာဖွေ ကြသည်။ အချို့သောသူများ ကပတ်ဝန်းကျင် အ​ခြေအနေ အရရေလိုက်ငါးလိုက်နေထိုင်ခြင်းဖြင့် မိမိတို့ ဘဝကို တည်ဆောက် ကြသည်။ သို့သော် အထက်ပါ အရာများသည် မတည်မြဲသောကြောင့် အောင်မြင် မှု၊ ကျေ နပ် အားရမှု ရှိသည့်တိုင်အောင် အဆုံး၌ မတည်မြဲ၊ ပျက်စီးခြင်းသို့ လမ်းဆုံး တတ်ကြသည်။ 
 
ပညာရှိသည် မည်သူနည်း

ပညာရှိသည် မိမိဘဝကို ခရစ်တော်၏ စကား အတိုင်း တည်ဆောက် သောသူ ဖြစ်သည်။ ခရစ်တော်၏ စကား အတိုင်း မိမိဘဝတည်ဆောက်ခြင်းဖြင့် ထာဝရ ခိုင်ခန့်မြဲမြံသော အသက်တာကို ဖြစ်စေသည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ ခရစ်တော်၏ စကား အတိုင်း တည်ဆောက်မည်နည်း။ ခရစ်တော်၏ စကား တည်းဟူသော နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာ ရမည်။ ထိုနှုတ်ကပတ်တော် အတိုင်း လိုက်နာရမည်။ နားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ၊ ဘုရား ပြောသည့်အတိုင်း လုပ်ရမည်။ ခရစ်တော်၏ စကားကို တန်ဘိုး ထားရမည်။ ထိုစကားကို ကြားနိင်ဘို့၊ နားလည်နိင်ဘို့အချိန် ပေးရမည်။ ငွေကျေးသုံးစွဲရမည်။ ခွန်အား စိုက်ထုတ်ရမည်။ အရာရာကို ခရစ်တော် မြင် သကဲ့သို့ မြင်ရမည်။ ခရစ်တော် ကြိုက်နှစ်သက်သောအရာကိုသာ နှစ်သက်ရမည်။ ခရစ်တော် မုန်းသောအရာကို မုန်းရမည်။ ခရစ်တော် ခိုင်းသောအရာကိုသာ လုပ်ရမည်။ ခရစ်တော် မခိုင်းသောအရာကို မလုပ်ရ။ ခရစ်တော် တန်ဘိုး ထားသောအရာကို တန် ဘိုးထား၍ ခရစ်တော် ကတန်ဘိုး မထားသောအရာကို တန်ဘိုး မထားရ။ ထိုသို့ နေလျှင် ခရစ်တော်၏ စကား အတိုင်း မိမိဘဝအသက်တာကို တည်ဆောက်ခြင်း ဖြစ်သည်။ 

ခရစ်တော် စကား အတိုင်း တည်ဆောက်သော အသက်တာဆိုသည်မှာ ခရစ်တော်က၊ “အချင်းချင်းပေးသော ဘုန်းအသရေကိုသာ ခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။” (ယော ၅:၄၄) ဟုဆိုသောကြောင့် လူလူချင်းပေးသော ဘုန်းအသရေထက် ဘုရား ပေးသော ဘုန်းကို လိုချင် ရမည်။ သို့သော် လူသည် လူလူချင်းပေးသော ဘုန်းကို လိုချင် ကြသည်။ လူများက လက်မခံမည့် အရာကို အလွန် ကြောက်ရွံ့ ကြသည်။ ထို့ကြောင့် ဘုရား ပေးမည့် ဘုန်းကို ဂရုမစိုက်ကြ။ ဘုရား စကားထက် ကိုယ့် အလိုဆန္ဒနှင့် လူများ၏ အကြိုက်ကို လုပ်ချင် ကြသည်။ 
 
လူမိုက်သည် မည်သူနည်း

လူမိုက် သို့မဟုတ် လူအသည် သဲပေါ်မှာ အိမ်ဆောက်သောသူ ဖြစ်သည်။ ဆိုလိုသည်မှာ မိမိ ဘဝ တည်းဟူသော အိမ်ကို သဲတည်း ဟူသောလောကအရာအားဖြင့် တည်ဆောက်သည်။ ခရစ်တော်၏ စကားကို ဂရုမစိုက်၊ တန်ဘိုး မထား၊ အချိန် မပေး၊ စိတ်ဝင်မစား၊ ထို့ထက် ငွေရရှိရေး၊ ပညာရရှိရေး၊၊ အပျော်အပါး၊ မိမိဝါသနာများကိုသာ လိုက်စားသည်။ ထိုအရာများသည် မမြဲသောကြောင့် ထိုအရာများနှင့်အတူ ပျက်စီးခြင်းသို့ ရောက်ရသည်။ 
 
မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာခြင်း 

မိုဃ်းရွာ၊ ရေစီး၊ လေလာဆိုသည်မှာ ဒုက္ခ ပြသနာများကို ဆိုလိုသည်။ ဘဝသည် အစစအရာရာ အစဉ်ပြေနေချိန်တွင် ပုံမှန်သွားနိင်သော်လည်း အလုပ် လက်မဲ့ ဖြစ်သောအခါ၊ နေမကောင်းသောအခါ၊ သူတပါး၏ အပြစ်တင်ခြင်း၊ မုန်း တီးခြင်းများကြုံ လာသောအခါ၊ ပြသနာ ကြုံတွေ့ လာသောအခါ ယခင်ကကဲ့သို့ မဟုတ်ဘဲ ခိုကိုးရာမဲ့ပျက်စီးသွားနိင်သည်။ ထိုသို့ ပြသနာများကြုံတွေ့သောအခါ နှုတ်ကပတ်တော်အပေါ်မှာ ရပ်တည်သောသူသည် စိတ်မပျက်ဘဲ ပြသနာကို ရင်ဆိုင်ကျော်လွှားနိင်သည်။ နှုတ်ကပတ်တော် တည်းဟူသော ကျောက် အပေါ်၌ မဆောက်သောသူသည် ဘဝပျက်ဆီး၍ ဆုံးရှုံးခြင်း၌ နစ်မြုပ်သွားတတ်သည်။ 
 
စာတန်သည် မည်သို့ တိုက်ခိုက် သနည်း
စာတန်သည် အသင်းတော်နှင့် ယုံကြည်သူများကို မည်ကဲ့သို့ တိုက်ခိုက်သည်ကို ကျမ်းစာထဲမှသော်၎င်း ခရစ်ယာန် သမိုင်းမှသော်၎င်းသိရှိမှသာ နားလည်၍ ကြောက်ရွံရမှန်း၊ တိုက်ခိုက်ဘို့ လိုမှန်းကို သိရှိကြမည်။ ယခုမူကား သူ၏ ဖျက်စီးခြင်း အလုပ်များ သွေးဆောင်ခြင်းများကို မသိသောအခါ သူ့ကို ကြောက်ရမှန်း မသိ၊ တိုက် ခိုက်ရမှန်းလည်း မသိ၊ သူ့အကြိုက်၊ သူလက်ခုပ်ထဲကရေကဲ့သို့ဖြစ် နေကြသည်။ ထို့ကြောင့် ကျမ်းစာထဲမှအရင်သူ၏ အစွမ်းအစနှင့် လုပ်ငန်းများကို ကြည့်ကြစို့။ 
 
အသွေးအသား မရှိ

 “ညီအစ်ကိုတို့ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင် ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီး နိင်မည်အကြောင်း ဘုရားသခင်သည် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုသော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၀-၁၂) 

ပဌမ ဦးစွာ ယုံကြည်သူများသည် ရန်သူ စာတန် ရှိကြောင်း၊ သူသည် ယုံ ကြည်သူကို ဖျက်စီးဘို့ရန်သာ ကြိုးစား နေကြောင်းကို သိရှိဘို့ လိုသည်။ ထို့အ ပြင်အထက်ပါ ကျမ်းပိုဒ်များ၌ ပါသည့်အတိုင်း သူသည် အသွေးအသား မရှိ သောကြောင့် အသွေးအသားအားဖြင့် ပြန်လည်တိုက်ခိုက်၍ မရကြောင်း သိရှိဘို့ လိုအပ်ပြန်သည်။ အသွေးအသားအားဖြင့် တိုက်ခိုက်ခြင်း ဆိုသည်မှာ ကိုယ်ကာယခွန်အား၊ ဥာဏ်စွမ်းစား၊ ငွေ​ကြေး အသုံးပြုခြင်း၊ များဖြင့် တိုက် ခိုက်၍ မရပါ။ ယုံကြည်သူများ (ယုံကြည် ခါစ ဝိညာဉ် နို့စို့ ခလေး ဖြစ်စေ၊ ဝိညာဉ်လူကြီး ဖြစ်စေ)ကို စာတန်သည် တိုက်ခိုက်သည်။ သူသည် ကျမ်းစာက အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ င်းလောကီမှောင်မိုက်၌ အစိုး တရပြုသော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဟုဆိုထားသောကြောင့် လူထက် အလွန် တန်ခိုးကြီး သောသူ ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ လူ့အင်အား၊ အစွမ်းဖြင့် မနိင်နိင်ကြောင်း သိသာထင်ရှားသည်။ 
 
သမ္မာသတိနှင့် စောင့်ရမည်

“သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့် နေကြလော့။ သင်တို့၏ ရန်သူ တည်းဟူသော မာရ်နတ်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရ မည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက် ရှိ၏။ သို့ဖြစ်၍ လူပြည် အရပ်ရပ်တို့၌ ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သော ဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက် ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” (၁ ပေ ၅:၈-၉)။ စာတန်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို ဝါးမျိုရမည် နည်းဟု လှည့်လည်ရှာဖွေ နေသည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေဘို့ ပြောထားသည်။ မည်ကဲ့သို့ မအိပ်ဘဲ စောင့်နိင်မည်နည်း။ မအိပ်ဘဲ ဆိုခြင်းသည် ကိုယ်ခန္ဓာအိပ်ခြင်းကို ဆိုလိုသည် မဟုတ်။ ဝိညာဉ်ပိုင်းအိပ်ခြင်းကို ဆိုလိုသည်။ ဝိညာဉ်ပိုင်း၌ ကျမ်းစာ မဖတ်၊ ဆုမတောင်း၊ မိဿဟာယမဖွဲ့သက်သေမခံ၊ ဘုရား မရှေ့ခိုး၊ အပြစ်လုပ်၊ လောကအရာကို တပ်မက်၍ အပျော်အပါး နောက်လိုက်ခြင်း များသည် ဝိညာဉ်ပိုင်း အိပ်ပျော်ခြင်း ဖြစ်သည်။ ဤလောကသည် အဘ ဘုရားသခင်က ဖန်ဆင်းခဲ့သော်လည်း ယခုအခါ စာတန်က ယပိုင်ဆိုင်နေသည်။ ထို့ကြောင့် ယုံ ကြည် သူများသည် ရန်သူနယ်မြေ၌ ရှိနေကြောင်း သိဘို့ လိုသည်။ ယခုမူကားရန်သူနယ်မြေ၌ ရှိနေကြောင်း မသိရုံသာမက ရန်သူပိုင်သော ဤလောက ပစ္စည်းများလူများ တပ်မက်ခြင်းဖြင့် ရန်သူလက်ထဲ၌ ရှိနေကြသည်။ ထို့ကြောင့် ဘုရားသခင်က၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက် စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ် ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။” (၁ ယော ၂:၁၅-၁ရ)ဟု သတိပေးရခြင်း ဖြစ်သည်။ ဤလောကကို ချစ်သောသူသည် ဘုရားသခင်ကို မချစ် ဟုဆိုသည်။ 
 
 စာတန်၏ တမန်များ

တဖန် ကျမ်းစာက “အကြောင်းမူကား၊ ထို သူတို့သည် မိစ္ဆာ တမန်တော် ဖြစ်ကြ၏။ ခရစ်တော်၏ တမန် ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သောအမှု စောင့် ဖြစ်ကြ၏။ ဤအမှုသည် အံ့ဩ ဖွယ် ဖြစ်သည် မဟုတ်။စာ တန်ပင်လျှင် လင်းသော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ​ဖြောင့်မတ်ခြင်း တရားကို ဟောပြောသော ဆရာ ဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဘွယ်ရှိသနည်း။” (၂ ကော ၁၁ ; ၁၃-၁၅)။ စာတန်သည် အသင်းတော်နှင့် ယုံကြည်သူများကို အစပိုင်း၌ တိုက်ခိုက်သည်။ ထိုသို့ တိုက်ခိုက်သောအခါ ပို၍ ပို၍ ပွားများ လာသည်။ ထို့ကြောင့် နောက်ပိုင်း၌ အပြင်မှမတိုက်တော့ဘဲ အထဲ၌ အသင်းဝင်ကာအတွင်း မှတိုက် ခိုက်လာသည်။ မည်ကဲ့သို့ အတွင်း မှတိုက်ခိုက် သနည်းဟူမူကား သူ ကိုယ်တိုင် ဘုရားသခင်ကို ယုံကြည် သကဲ့သို့ ဟန်ဆောင် ကာ အသင်းတော် အထဲ၌ ဝင်သည်။ အသင်းသား ဖြစ်ရုံမကနောက်ပိုင်း၌ အသင်းတော် လူကြီး မှစ၍ အသင်းအုပ်ဆရာ ဖြစ်လာကာ အသင်းတော်ကို မိမိကြိုက်နှစ်သက်သလို ဦး ဆောင်လာသည်။ ထို့ကြောင့် ယနေ့ ကမ္ဘာ့ အသင်းတော် များသည် အပြင် ပန်းအားဖြင့် ဘုရား ပိုင်ထင်ရသော်လည်း စာတန် အသင်းတော်သည် အများစု ဖြစ်နေသည်။ ထို့ကြောင့် ခရစ်တော်က၊ “အတွင်း၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော မစိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ ထို သူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောကို သိကြလိမ့်မည်။” (မ ရး၁၅)ဟု သတိပေးခဲ့ခြင်း ဖြစ်သည်။ ယနေ့ သိုးရေခြုံအ မှုတော် ဆောင်များသည် ဘုရားကျောင်း၏ ပလ္လင်များကို ပိုင်ဆိုင်အုပ်စိုးနေ ကြသည်။ 
 
စာတန် အသင်းတော် 

စာတန် အသင်းတော်နှင့် စာတန် အမှုဆောင်များကို မည်ကဲ့သို့ သိရမည်နည်း။ စာတန် အသင်းတော်နှင့် အမှုဆောင်များသည် ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို မဟော၊ ကောင်းကင်နိင်ငံရောက်ကြောင်း တရားကို မပြောဘဲလောက၌ မည်ကဲ့သို့ တိုးတက်မည်၊ မည်ကဲ့သို့ စည်းလုံးစွာ နေထိုင်မည်ဟူသော အရာများကိုသာ ဦးစားပေးဟောပြောကြမည်။ အလုပ် အကိုင်၊ အပျော်အပါး၊ လူမျိုးရေး၊ ကိုယ့်ဘာသာစကား ထိန်းသိမ်းခြင်း၊ နိင်ငံ ရေး၊ ရပ်ရွာ တိုးတက်ရေးမှစ၍ သေလျှင် ကောင်းမွန်စွာ မြှပ်နှံမည့် အကြောင်း များကိုသာ ဦးစားပေးမည်။ အသင်းသား အများစုလည်း ကယ်တင်ခြင်းသို့ မရောက်သောကြောင့် ထိုကဲ့သို့ လူ့အကြိုက်များကို ဟောပြောသောအခါ အ လွန် အားရကျေနပ် ကြသည်။ လောလောဆယ်အဆင်ပြေရေးသည် အဓိက ဖြစ်သောကြောင့် မိိမိတို့၏ ဝိညာဉ် ကယ်တင်ခြင်း မရလျှင်လည်း အလွန် အားရနှစ်သက် ကြသည်။ အသင်းသား များသည် ကိုယ်တိုင် ကျမ်းစာ မဖတ်၊ ဖတ်လျှင်လည်း နားမလည်သည်သာမက ဘုရား အလိုလိုက်ဘို့ထက် မိမိဆန္ဒပြည့်ဘို့သည် အဓိက ဖြစ်သောကြောင့် စာတန် ကကြိုက်သလိုလှည့်စား၍ ရသည်။ ရှင်ပေါလုက၊ “ငါတို့ ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက် ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ ရောက်သော သူတို့အား သာဖုံးအုပ်လျက် ရှိ၏။ ထိုသို့ မယုံကြည်သော သူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။” ဟု ရေးသား ခဲ့သည် (၂ ကော ၄:၃-၄)။ ဤလောကကို အစိုးရသော ဘုရားသည် လူများက ဧဝံဂေလိတရားကို ကြား၍ ကယ်တင်ခြင်းသို့ ရောက်မည့် အရာ အကို အလွန် စိုးရိမ် သောကြောင့် အထက်၌ ဘော်ပြ သကဲ့သို့ သူတို့ ဥာဏ်မျက်စိကို ဤလောကအရာများ အသုံးပြုခြင်းဖြင့် ကွယ်စေသည်။ ထို့သို့ မဖြစ်ရလေအောင် ဘုရားသခင် ထံ၌ ဆုတောင်း၍ သမ္မာတရားကို တန်ဘိုး ထားဖတ်ရှုရမည်၊ နားထောင်ရမည်။ 
 
ခရစ်တော် မလာစေချင် 

စာတန်သည် ခရစ်တော်က ယုံကြည်သူများကို ချီဆောင်မည့် အကြောင်းကိုသော်၎င်း၊ ဘေးဒဏ်ကြီးကာလ အတွင်း၌ စာတန်ကို ကောင်းကင်မှ မြေကြီး ပေါ်သို့ ချမည့် အကြောင်းကိုသော်၎င်း၊ ရှင်ဘုရင်အဖြစ် ဤကမ္ဘာပေါ်၌ အနှစ် ၁၀၀၀ အုပ်စိုးမည့် အကြောင်း များကိုသော်၎င်းအလိုမရှိ။ ထို့ကြောင့် သူ၏ လူများ ကထိုအရာများကို သိရှိမှာကို အလွန် စိုးရိမ်သည်။ ထို့ကြောင့် သူ၏ အမှုဆောင်များ မှတဆင့် ခရစ်တော် ကြွလာမည့် အကြောင်းများကို စိတ်မဝင်စားဘို့ရန် နည်းမျိုးစုံဖြင့် တားဆီး နေသည်။ ခရစ်တော် ကြွလာမည့် အကြောင်း ဟောပြော သူများကို ပျက်ရယ်ပြု၍ အထင်မှားယုံမှားရလေအောင် ပြုလုပ် နေသည်။ ထို့ကြောင့် ခရစ်တော် ကြွလာမည့် အရာကို မဟောစေချင် သောသူ၊ ပျက်ရယ်ပြုနေသောသူသည် စာတန်၏ တမန် ဖြစ်ကြောင်း သိနားလည်း စေချင်သည်။ အဘယ်ကြောင့် စာတန်က ခရစ်တော် ကြွလာမှာကို အလိုမရှိသနည်းဟူမူကား၊ လူများ ကယ် တင်ခြင်းသို့ ရောက်ကုန်မှာစိုးသည်။ ထိုမျှသာမက သူ့ကို တရားစီရင်၍ ကောင်းကင်၌လည်း နေရာရတော့မှာ မဟုတ်သောကြောင့် ဖြစ်သည်။ ကျမ်းစာ၌၊ “ကောင်းကင်၌ စစ် ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာ မရှိ။ ထိုအခါ၊ ဤလောက တနိုင်ငံ လုံးကို လှည့် ဖြား၍ မာန်နတ် စာတန် အမည်ရှိသော ရှေး မြွေဟောင်း တည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏ တမန်တို့ ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ကောင်းကင်ဘုံ၌ ကြီးသော အသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော် စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ ညီအစ်ကိုများကို ငါတို့ ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သော ရန်သူကို အောက်သို့ ချလေ ပြီ။” (ဗျာ ၁၂:ရ- ၁၀)ဟု ရေးထားသည်။ ထိုအရာကို စာတန် ကလူများ မသိ စေချင်ပေ။ 
 
စာတန်၏ နိဂုံး

စာတန်သည် ယခုတိုင်အောင် လွတ်လပ်စွာ လှုပ်ရှား၍ လူများကို လိမ်ညာသွေးဆောင်ဖျက်ဆီးနိင်သော်လည်း သူ၏ နိဂုံးသည် ကျမ်းစာထဲ၌ ရေးထားသည့်အတိုင်း အလွန် နီးနေပြီ ဖြစ်သည်။ သန့်ရှင်း သူများ တည်းဟူသော စစ်မှန်သော အသင်းတော်ကို ကောင်းကင်သို့ သိမ်းဆည်းသွားပြီး နောက် ဤလောကကို ဘုရားသခင်က စာတန်ကို အုပ်စိုးရသော အခွင့်ကို ခုနှစ်နှစ်ပေးမည် ဖြစ်သည်။ ထို့နောက် ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ သူ့ကို အနက်ဆုံးသောတွင်း၌ ထောင်ချမည်။ “တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင် ကဆင်း သက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင် မကုန်မီတိုင်အောင်၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက် ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင် ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။” (ဗျာ ၂၀:၁-၃)။ စာတန်သည် အနှစ်တ ထောင်အတွင်း၌ ထောင်ကျနေ၍ လူများကို နှောက်ရှက်နိင်တော့မည် မဟုတ်။ သို့သော် အနှစ်ထထောင်အပြီးတွင် ခဏလေးလွှတ်၍ ခရစ်တော်ကို နောက်ဆုံးပုန်ကန်လေဦးမည်။ “ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည် ထောင်ထဲ ကလွတ်သော အခွင့်ကို ရ၍၊ အရေအတွက်အားဖြင့် သမု​ြရာသဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂ တည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာ နေသော လူအ မျိုးမျိုးတို့ကို လှည့်ဖြားအံ့သော ငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်း ငှါ၎င်း၊ တက် လိမ့်မည်။ ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်း သူတို့၏ တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့် အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကို မျိုလေ၏။ သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်း သားရဲနှင့် မိဈာပရောဖက် ရှိရာကန့်နှင့် ရောနှောသော မီးအိုင် ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညဉ့်မပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသော ဝေဒ နာကို ခံရကြလတံ့။” (ဗျာ ၂၀:ရ- ၁၀)။ ထိုသို့ စာတန်ကို ဘုရားသခင်က အဆုံး စီရင်မည် ဖြစ်သောကြောင့် ဘုရားသခင်ကို ယုံကြည် အားကိုးသောသူများ အနေဖြင့် သူ့ကို ကြောက်စရာ မလို၊ သူ၏ လှည့်ဖျားခြင်း ကိုလည်း မယုံသင့်ချေ။ စာဖန် သူအယောက်တိုင်း စာတန်၏ လှည်းဖျားသွေးဆောင်ခြင်းမှ လွတ်နိင်ကြပါစေ။ 
 
 
ခရစ်တော် ကြွလာမည်

 ခရစ်တော် ကြွလာမည့် အရာကို ပြောသောအခါ အချို့သောသူများ ကချိန်း​ခြောက်သည်ဟု အလွှဲယူဆကြသည်။ အမှန်မှာ ခရစ်တော် ကြွလာမည့် အရာသည် မင်္လာရှိသော သတင်းကောင်း ဖြစ်သည်။ ခရစ်တော် ကြွလာခြင်းသည် ယုံကြည်သူများအတွက် မင်္လာရှိသော မြော်လင့်ခြင်း ဖြစ်ကြောင်း ရှင်ပေါလုကရေးသား ခဲ့သည် (တိ ၂:၁၁)။ သက်သာလောနိတ် အသင်းသားများသေဆုံးသောအခါ အလွန် ဝမ်းနည်းတတ်သောကြောင့် ရှင်ပေါလုကနှစ်သိမ့်သော ခါ ခရစ်တော် ကြွလာမည့် အရာအားဖြင့် တစ်ယောက်နှင့် တစ်ယောက်နှစ်သိမ့် ဘ့ုိရေးသား ခဲ့သည် (၁ သက် ၄:၁၃-၁၈)။ သို့သော် ယနေ့ ယုံကြည်သူများသည် အဘယ်ကြောင့် ခရစ်တော် ကြွလာမှာကို မမျှော်လင့်ကြပါသနည်း။ ရှင်ပေတရုက မိမိတို့ ကိုယ်ကာယ၏ တပ်မက်ခြင်း၌ ကျင်လည်နေသောကြောင့် ဖြစ် ဟုဆိုသည် (၂ ပေ ၃ ;)။ ထို့ကြောင့် မိတ်ဆွေလည်း ကိုယ်ကာယတပ်မက်ခြင်း၌ ကျင်လည် နေလျှင် ခရစ်တော် ကြွလာမှာကို လိုချင် တောင့်တမည် မဟုတ်။ 

ခရစ်တော် ကြွလာခြင်းသည် အမင်္လာ သို့မဟုတ် ကြောက်စရာဟု ထင်လိမ့်မည်။ မယုံကြည်သူများအတွက် ခရစ်တော် ကြွလာမည့် အရာသည် အင်္လာ ဖြစ်သည်။ အကြောင်းမှာ ချီဆောင်ခြင်း၌ မပါဝင်ဘဲ အလွန် ဒုက္ခ ဆင်းရဲခြင်း တည်းဟူသော ဘေးဒဏ်ကြီး ကာလသို့ ရောက်မည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ခရစ်တော်သည် လူ့အလိုအားဖြင့် မဟုတ်မိမိအချိန် တန်လာလျှင် ကြွလာတော်မူမည်။ 

ခရစ်တော်သည် အဘယ်ကြောင့်ကြွလာဘို့ လိုသနည်း။ 
 
ယုံကြည်သူများကို ဘေးဒဏ်ကြီး မှကယ်ဘို့ 

ဘုရားသခင်၏ အစီအစဉ်မှာ ဤလောကကြီး မှာဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ရှိမည် ဖြစ်သည်။ ထိုဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်၏ အမျက် ဒေါသမြေကြီး အပေါ်လောင်းသောအချိန် ဖြစ်သည်။ ကျမ်းစာက၊ “ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီး ကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုဃ်းကောင် ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျ ကြပါ။ ပ†င်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” ဟုဆိုထားသည် (ဗျာ ၆:၁၂-၁၆)။ 

 အချို့သောသူများက ယုံကြည်သူများကို ဘေးဒဏ်ကြီးကာလ အလယ် သုံးနှစ်ခွဲအချိန်၌ ချီဆောင်မည်ဟု ယူဆကြသည်။ ထိုသို့ ယုံကြည်သူများကို ​ြငိအမငဘ (​ြငိအမငဘကူအေငသည) ဟုဆိုသည်။ အချို့က ယုံကြည်သူများကို ဘေးဒဏ်ကြီးကာလ အပြီးမှာ ချီဆောင်မည် ဟုဆိုသည်။ ထိုသူများကို ဏသျအအမငဘ (ဏသျအအမငဘကူအေငသည) ဟုဆိုသည်။ ထိုနှစ်ဖွဲ့ယူဆချက်အရ ဖြစ်ပါက ယုံကြည်သူများကို ဘုရားသခင်က သူ၏ အမျက်တော်ကို ခံစေ သကဲ့သို့ဖြစ်သည်။ သို့သော် ရှင်ပေါလုက၊ “အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ၎င်း၊ ရောက်လတံ့သော ဘေးဒဏ် မှငါတို့ကို ကယ်နှုတ်သော သခင်ယေရှု တည်းဟူသော သေခြင်းမှ ဘုရားသခင် ထမြောက် စေတော်မူသော သားတော်သည်၊ ကောင်းကင်ဘုံမှ ကြွလာတော်မူ မည်အရာကို ငံ့လင့်ခြင်း ငှါ၎င်း၊ ရုပ်တုဆင်းတုကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်း အရာကိုလည်း ကြားပြော ကြ၏။” (၁ သက် ၁:၉-၁၀) ဟူ၍ ရေးထားသည်။ ဤနေရာ၌ “ရောက်လ တံ့သော ဘေးဒဏ်မှငါတို့ကို ကယ်နှုတ်သော သခင်ယေရှု တည်းဟူသော သေခြင်းမှ ဘုရားသခင် ထမြောက် စေတော်မူသော သားတော်သည်၊ ကောင်းကင် ဘံမှကြွလာတော်မူ မည်အရာကို ငံ့လင့်ခြင်း ငှါ၎င်း၊ ” ဟု ရှင်ပေါလုကဆိုထားရာ ယုံကြည်သူများသည် ဘေးဒဏ်ကြီး ကာလကို ရောက်ရှိဘို့ ငံ့လင့်ဘို့ မဟုတ်ဘဲ ဘေးဒဏ်ကြီး ကာလမှ လွတ်မြောက်ဘို့ ကယ်နှုတ်သော သခင်ယေရှု ကြွလာတော်မူ မည့် အရာကို မြော်လင့်ဘို့ ငံ့လင့်ဘို့ဟု ရေးထားသည်။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလ မရောက်မှီ ယုံကြည်သူများကို ချီဆောင်မည်။ ထိုသို့ ယုံ ကြည်ခြင်းကို ဏမနအမငဘ (ဏမနအမငဘကူအေငသည) ယုံကြည်ခြင်းဟု ခေါ်သည်။ 

တဖန် ရှင်ပေါလုက၊ “အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ် တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။ ငါတို့သည် နိုးလျက် ရှိသည် ဖြစ်စေ၊ အိပ်ပျော်သည် ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း၊ ငါတို့အဘ ို့ အသေခံတော်မူပြီ။” ဟုဆိုထားသည် (၁ သက် ၅:၉-၁၀)။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလသည် ယုံကြည်သူများအတွက် မဟုတ်။ ဘေးဒဏ်ကြီး ကာလသည် မယုံကြည်သူများအတွက် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဂရုမစိုက်အလေးမထားသသောသူများကို ဘုရာသခင်၏ အမျက်တော် ခံစား စေသောအချိန် ဖြစ်သည်။ 

အချို့သောသူများက ချီဆောင်ခြင်းသည် တကြိမ်တည်း မဟုတ်ဘေးဒဏ်ကြီးကာလ အတွင်း အကြိမ်ကြိမ် ဖြစ်မည်ဟု ယူဆပြန်သည်။ အောင်မြင်သောသူများသာလျှင် ပဌမ ချီဆောင်ခြင်း၌ ပါမည်ဟု ယူဆကြသည်။ မအောင်မြင်သောသူများသည် ဘေးဒဏ်ကြီး ကာလ၌ ဖြတ်သန်းရမည်ဟု ယူဆသင် ပေးကြသည်။ သို့သော် ယုံကြည်သူများသည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်၍ ခရစ်တော်သည် သူ၏ ကိုယ်ခန္ဓာကို အပိုင်းပိုင်း ကယ်တင်မည် မဟုတ်။ ထိုအပြင် ယုံကြည်သူများသည် ထိုက်တန်သောကြောင့် ကယ်တင်သည် မဟုတ်။ ကျေးဇူးတော်ကြောင့် သာလျှင် ကယ်တင်ခြင်းသို့ ရောက်ရသည်။ ထို့အပြင် ဘုရားသခင်သည် ယုံကြည်သူများကို အမျက်တော် ခံစား စေခြင်းငှါ ခန့်ထားသည် မဟုတ်။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူတိုင်း ချီဆောင်ခြင်း၌ ပါဝင်မည်ဟု စိတ်ချယုံကြည် နိင်သည်။ ထိုသို့ ပါဝင်မည် ဖြစ်သောကြောင့် မပေါ့ဆသင့်။ ဘုရား အလိုတော်အတိုင်း ချီဆောင်ခြင်း နေ့ရက်တိုင်အောင် အသက်ရှင်သင့်သည်။ ချီဆောင်ခြင်း နေ့ရက်၌ တွေ့ဆုံကြစို့။ 
 

သက်သေခံခြင်း 

Priscilla Tial Ngun

ရှေးဦးစွာ အခုလို သက်သေခံခွင့်ပေးတဲ့ ဘုရားသခင် ရဲ့နာမတော်သည် သာ၍ ဘုန်းကြီး ပါစေသော်။ ကျမကို ၂၀၁၀ ခုနှစ်မေလမှာ Utah ပြည်နယ်သို့ ရောက်ရှိခဲ့ပါတယ်။ ကျမ Utah ကနေပြောင်းလာဘို့ လုံးဝ အစီအစဉ်မရှိခဲ့ပါ ဘူး။ ဒါပေမဲ့အကြောင်း အမျိုးမျိုးကြောင့် Indianapolis ကို ပြောင်းဘို့ အ​ခြေအ နေဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ကျမ၍ Indianapolisကို ဇွန်လ ၆ ရက်နေ့မှပြောင်းဘို့ ဖြစ်ပေမယ်လို့ ပြသနာက ၂၀၁၁ ခုနှစ်မေလ ၃၁ ရက်နေ့မှာ မပြောင်းမ ဖြစ်ပြောင်းရမဲ့အ​ခြေအနေ ဖြစ်ခဲ့ရတယ်။ ကျမအဒေါ်ကလဲ ဇွန်လ ၁ ရက်နေ့မှာ ကျမမရှိရင်အိမ်ငှါး လို့မရတဲ့အ​ခြေအနေ ဖြစ်နေတယ်။ ဒါနဲ့ကျမ မေလ ၃၀ ရက်နေ့မှာ Indianapolis ကို ရောက်လာတယ်။ အစမှာတော့ဒါဟာတိုက် ဆိုင်မှု လို့ဘဲ ထင်ခဲ့ရတယ်။ ဒါပေမဲ့ဒီလို ဖြစ်ခဲ့တာဟာကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း မရှိလောကီဆန်ဆန်နေထိုင်နေတဲ့ကျမကို သမ္မာ တရားသိရှိပြီး ဘုရားသခင် အလိုတော်အတိုင်း လိုက်လျှောက်အသက်ရှင်ဘို့ရန်၊ လောတမိသားစုကို ကန့်နဲ့လောင်တဲ့မီးထဲကဆွဲနှုတ် သကဲ့သို့ ဆွဲနှုတ်လိုက် တယ်တို့ ပြန်လည်သိရှိရပါတယ်။ မပြောင်းခင်တုံးကဆိုရင်ဝမ်းမြောက် ပျော်ရွှင်မှု မရှိခဲ့ပါ။ အခုဆိုရင်ကျမဟာဘာမှမတတ်ပေမဲ့ ကိုယ်တတ်နိင်တဲ့ဘက်ကနေ ဘုရားရဲ့အမှုတော် မြတ်မှာပါဝင်ခွင၊ ့် ယုံကြည်သူများနဲ့မိဿဟာယဖွဲ့ခွင့်၊ သမ္မာ တရားကို ပိုပြီး နားလည်ခွင့်ရရှိခဲ့ပါပြီ (ဆာ ၁၁၉:၁၆၅)။ ငြိမ်သက်ဝမ်းမြောက်ခြင်းကို ခံစား ခွင့် ပေးတော်မူသော ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်များကို ချီးမွမ်းလျက် ဤစာစောင်ထဲကနေ သက်သေခံလိုက်ပါတယ်။ ဤသက်သေ ခံချက်ကို ဖတ်ရှုသူအယောက်တိုင်းအပေါ်မှာ ဘုရားရှင်ကောင်းကြီး ပေးတော်မူပါစေသော်။ 

ကျေးဇူးတော် ချီးမွမ်းခြင်း 

Hannah Cung

ယခုကဲ့သို့ သက်သေခံခွင့်ကို ပေးသော ဘုရားသခင်ကို ချီးမွမ်းပါတယ်။ ၂၀၁၁ အစောပိုင်းမှာကျမ်းစာဖတ်တဲ့အခါ ဟေ ၁၃:၁၆ကို ဖတ်မိပါ တယ်။ ထိုကျမ်းပိုဒ်၌ ကောင်းသော အမှုကို ပြုရန်မမေ့နှင့် ဟုဆိုထားပါတယ်။ ဒါဆိုရင်ကောင်းသောအမှု ဟာဘာ ဖြစ်မလဲ။ ကောင်းသောအမှု ဆို တာလူတိုင်း ကယ်တင်ခြင်းသို့ ရောက်ဘို့ လို့ သဘောပေါက်မိတယ်။ ဒါကြောင့် အခြားသူတွေကို လဲဝေမျှဘို့ သဘောပေါက်ခဲ့တယ်။ ဆက်ကပ်ပေးစပ်ခြင်းကို ရှိဘို့ လိုကြောင်းကို ဘုရားသခင်က သွန်သင်ခဲ့တယ်။ 

ကျမ စိတ်ထဲမှာအမြဲတမ်းလုပ်ချင် တဲ့အရာတွေရှိတယ်။ အမျိုးသ မီးတွေနဲ့ ခလေးများကို ဝိညာဉ်ရေးရာ၌ ပြုစုပျိုးထောင်ဘို့ ဖြစ်တယ်။ ခလေး တွေက်ို တော့သင်ပေးတာကြာပြီ။ ဒါပေမဲ့အမျိုးသမီးတွေကို မဦးဆောင် နိင်ခဲ့ဘူး။ ၂၀၁၁ ခုနှစ်ဖေဖဝါရီလလောက်မှာ ခရစ်ယာန် ယေဒီယို နားထောင် ရင်နဲ့စိတ်ထဲမှာပေါ်လာတာကတော့၊ အမေရိကမှာ တရားဟောဆရာကြီး တွေတယောက်ပြီး တယောက် ခေါ်တော်မူခြင်း ခံပြီး ဘုန်းတော် ဝင်စားကြ တယ်။ ငါလဲအခု ဘုရားသခင်က အိမ်တော် ပြန်ဘို့ ခေါ်ရင်၊ သာဓု သစ္စာရှိသော ငယ်သားကောင်းလို့ပြောခြင်း ခံပါ့မလား။ လုပ်ခဲ့တာတွေကလဲ ခလေး တွေကျမ်းစာ သင်ပေးခြင်းဘဲ ရှိတယ်။ ဆုရနိင်ပါ့မလားဆိုပြီး ဝမ်းနည်းမိ တယ်။ 

ဆရာမောဇက်ကလည်း လူကြီး တွေကို သင်ပေးဘို့ အမြဲဘဲ တိုက်တွန်းလေ့ရှိတယ်။ ဒါပေမဲ့မလုပ် ဖြစ်ဘူး။ ဒါနဲ့တနေ့မ မျှော်လင့်ဘဲ ဘုရား အမှုတော်ဆောင်ဘို့ ဆုံးဖြတ်လိုက်တယ်။ မကြာပါဘူး ဆရာက ​ြအေအူန ဃမနနု ွ​ြဃ မှာ ခလေး တွေကျမ်းစာ သင်ပေးဘို့ လက်ခံပေးလိုက်တယ်။ ကျမ တသက်တာမှာတစ်ယောက်ထဲ တရားဟောဘို့ ခရီး ထွက်မဲ့အရာ ဖြစ်တယ်။ ဘုရား အလိုတော် ပါဘဲ ဆိုပြီး လက်ခံလိုက်တယ်။ အစမှာတော့ ခလေး တွေကိုဘဲ သင်ပေးဘို့ ဖြစ်ပေမယ်လို့လူငယ်တွေနဲ့အမျိုးသမီးများကို ပါ ၄ ရက်သင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ၍ ညိင​ေညစေသူငျ ွ​ြဃ မှာဒုတိယ ခရီး စဉ်အဖြစ် ခလေး တွေနဲ့လူကြီး တွေကို ၅ ရက်ကျမ်းစာ သင်ပေးခွင့်ရ ရှိခဲ့ပါတယ်။ 

နောက်ပိုင်း Baltimore မှာစနေနေ့တိုင်း ခလေး တွေကို ကျမ်းစာ သင်ပေးနိင်တယ်။ အမျိုးသမီးတွေကိုသော ကြ်ာနေ့တိုင်း သင်ပေးနိင်ခဲ့တယ်။ ၂၀၁၁ နွေရာသီမှာ ခလေးများကို ၁၂ရက်တိတိကျမ်းစာ သင်ပေးနိင်ခဲ့ ပါတယ်။ မြန်မာပြည် ကိုလည်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သွား ခွင့်ရခဲ့ပါတယ်။ အမျိုးတွေထဲမှာ သက်သေခံခွင့်ရပြီး နှစ်ယောက်က ခရစ်တော်ကို လက်ခံတယ်။ ဒီဇဘ်ာလ ၂၆-၃၁ အတွင်း မှာလဲ ခလေး တွေကို ကျမ်းစာ သင်ပေးနိင်တဲ့အတွက် ကျေးဇူးတော် ချီးမွမ်းမိပါတယ်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG