GOODNEWS
  HOME  GOODNEWS  2011 DEC
 


 ဤစာစောင်၌...
အမှာစာ
ကယ်တင်ခြင်းသည် သော့ချက် ဖြစ်သည် 
တိုက်တွန်းနိုးဆော်ခြင်း 
ခရစ်တော် ကြွလာခြင်း အကြောင်းရင်းမျာ
လူပေးသော ဘုန်းနှင့် ဘုရား ပေးသော ဘုန်း
ခရစ်တော် ငရဲသို့ သွားဘူးပါသလော 

 

အမှာစာ
 ၂၀၁၁ ခုနှစ်ဒီဇဘ်ာလတိုင်အောင် အသက်ရှင်ရသော အခွင့်နှင့် ကောင်း ကြီးများခံစားရသော အခွင့်ကို ပေးသနားတော်မူသော အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြပါစို့။ ချီဆောင်ခြင်း နီးသထက် နီးလာသည်နှင့် အမျှ ချီဆောင်ခြင်း၌ ပါဝင်ဘို့သည် အရေးကြီးဆုံး ဖြစ်သည်။ ကိုယ်တိုင် ချီဆောင်ခြင်း၌ ပါဝင်ရုံမျှသာမက ကိုယ့်ခင်ပွန်းသည်၊ သားသမီး၊ မိဘ၊ ညီအစ်ကို မောင် နှမများ၊ တူတူမများ၊ ဆွေမျိုးသား ချင်းများ၊ လုပ်ဘော်ဆောင်ဘက်များ၊ ကျောင်းနေဘက် သူငယ်ချင်းများ၊ အိမ်နီးချင်းများကိုယ်နှင့် ထိတွေ့သောသူမှန်သမျှ ချီဆောင်ခြင်း၌ ပါဝင်နိင်ဘို့ရန် ပြောပြခြင်း၊ နိုးဆော်ခြင်း၊ ဆုတောင်း ပေးခြင်း၊ စာအုပ်များ တရားဟောချက်စီဒီနှင့် ဒီဗီဒီများကို ပေးခြင်းများပြုလုပ် သင့်သည်။ ဤလောက ကြီးကို မကြာမှီ စွန့်ခွွါတော့မည် ဖြစ်သောကြောင့် မမက်မောသင့်တော့ချေ။ ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခဲ့ပြီ။ ထိုကယ်တင်ခြင်းသည် အလွန် လွယ်ကူသည်။ မသိသောကြောင့်၊ ခေါင်းမာသောကြောင့်၊ အထင်လွှဲသောကြောင့်၊ မယုံကြည် သောကြောင့် မလိုလားအပ်ဘဲ ငရဲလားကြရမည် ဖြစ်သည်။ တိုင်တဲနစ်သင်္ဘောကြီး ဝမ်းပေါက် သွား၍ ရေဝင်နေသောအခါ အသက် ကယ်လှေထဲသို့ ဝင်ဘို့ သာလျှင် အရေးကြီး သကဲ့သို့ ယခု ကမ္ဘာကြီးလည်း ပျက်စီးနေပြီ။ အသက် ကယ်လှေ တည်းဟူသော ခရစ်တော်၌ ထာဝရ အသက် ရဘို့ သာလျှင် ရေးကြီး တော့သည်။ ဤစာစောင်အားဖြင့်လည်း လူတိုင်း ကယ်တင်ခြင်းသို့ ရောက်နိင်ဘို့ရန် ဘုရားသခင် အသုံးပြုတော်မူပါစေသော်။ 
 
ကယ်တင်ခြင်းသည် သော့ချက် ဖြစ်သည် 
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် မမျှော်လင့်ဘဲ ဩဂုတ်လ၌ မြန်မာ ပြည်သို့ သွားရောက်ကာ ချီဆောင်ခြင်း အလွန် နီးပြီ ဖြစ်ကြောင်း သတိပေးနိုးဆော် ခွင့်ရရှိခဲ့သည်။ အိမ်ပြန််ရောက်သောအခါ နေမကောင်း ဖြစ်ခဲ့ရာမှပြန်လည် နလံထူ လာသောအခါ ထိုချီဆောင်ခြင်း အကြောင်းကို ကမ္ဘာအရပ်ရပ်ရှိ မြန်မာ ပြည်သားများထံပြောပြဘို့ လိုကြောင်း စိတ်ထဲမှာပေါ်လာသောကြောင့် အသင်းတော် မှာပင်မတိုင်ပင်တော့ဘဲ စက်တင်ဘာလမှစ၍ ခရီး ထွက်ခဲ့ပါသည်။ ထိုသို့ ခရီး သွားရာတွင် ချီဆောင်ခြင်း အလွန် နီးကြောင်း မသိသောသူ များစွာ ရှိကြောင်း တွေ့ရှိရသည်။ ထိုသို့ ချီဆောင်ခြင်း နီးကြောင်းကို သိလာသော်လည်း ကယ်တင်ခြင်း သဘော မပေါက်ပြန်သောအခါ မည်သို့ မျှမလုပ်တတ်၊ ဖြစ်လာကြ ပြန်သည်။ ကယ်တင်ခြင်း အကြောင်း ပြန်လည်ပြောပြသောအခါ အလွန် အားရကာစိတ်ချမ်းသာမှု ရရှိ ကြသည်။ ထို့ကြောင့် ကယ်တင်ခြင်းသည် အဓိကသော့ ချက် ဖြစ်သည်။ 
 
မှားယွင်းသော ခံယူချက်များ 

၁၉၈၀ ခုနှစ်လောက်တွင် ဒုတိယ မွေးဘွားခြင်း အကြောင်းကို စဟောလာ ကြသည်။ ထိုအချိန်၌ ဒုတိယ မွေးဘွားခြင်းကို အလွန် တိုက်ခိုက် ကြကာအလို မရှိကြ။ သို့သော် ယခုအခါ လူတိုင်း ကဒုတိယ မွေးဘွားခြင်း ခံပြီး သကဲ့သို့ ခံယူလာ ကြသည်။ ဒုတိယ မွေးဘွားခြင်း မခံရလျှင် ခေတ်မမှီသလို ဖြစ်လာသည်။ သို့သော် ဒုတိယ မွေးဘွားခြင်းကို မှားယွင်းစွာ ခံယူကြသည်ကို တွေ့ရသည်။ ယခု လူအများခံယူသော ဒုတိယ မွေးဘွားခြင်းသည်၊ အကျင့်ဆိုးမှအကျင့်ကောင်းသို့ ပြောင်းလဲလာခြင်း၊ ဘုရားတရား ဘက်၌ ကြိုးစား လာခြင်း၊ ခံစားမှု တခုခုရှိခြင်းများကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ ခံယူသောကြောင့် အရမ်း​ြသမည ​ေါ​ေငည ဖြစ်သည် မဘသမည တ ဘသမည ဖြစ်သည် ဟူသော မလိုလားအပ်သောစကား လုံးများလည်း ပေါ်ပေါက်နေသည်။ 

လူနှစ်ဦးသာလျှင် 

ဘုရားသခင်၏ အမြင်၌ လူနှစ်ဦးသာလျှင် ရှိသည်။ ထို သူတို့ မှာအာဒံနှင့် ယေရှုခရစ် ဖြစ်သည်။ အာဒံသည် လူသား အားလုံး ၏ ဖခင် ဖြစ်၍ လူတိုင်းနှင့် သက် ဆိုင်သည်။ လူသား တိုင်းသည် သူမှဆင်းသက်လာသောကြောင့် ဘုရားသခင်က လူတိုင်းကို အာဒံ၌ မြင်သည်။ အာဒံသည် ဘုရား အမြင်၌ အပြစ်သား ဖြစ်သကဲ့သို့ လူတိုင်းလည်း အပြစ်သား ဖြစ်သည်။ ထို့ကြောင့် လူတိုင်း အပြစ် သင်ပေးစရာ မလိုဘဲ အပြစ်လုပ်တတ်ကြသည်။ အာဒံသည် ဘုရား၏ ရန်သူ ဖြစ်၍ လူတိုင်းလည်း ဘုရား၏ ရန်သူ ဖြစ်သောကြောင့် ဘုရားသခင်ကို မချစ်ကြ၊ သူ့အကြောင်း ကိုလည်း မသိ လိုကြ၊ သူနေသော ကောင်းကင် ရွှေပြည် ကိုလည်း သွားချင်သော စိတ်မရှိကြ၊ သူ၏ ကွယ်ကာမစမှုနှင့် ကောင်းကြီးကို လိုချင်သော်လည်း သူနှင့် မရင်းနှီလိုကြခြင်း ဖြစ်သည်။ ရန်သူအိမ်ရွှေအိမ်နန်း၌ နေရသည်ထက် မိတ်ဆွေ အိမ်ထဲကုပ်လေးထဲမှာ ပို၍ နေလိုတတ်ကြသည် မဟုတ်လော။ ထိုကြောင့် ဤလောကသည် ဘုရား၏ ရန်သူ စာတန်၏ အပိုင် ဖြစ်သည်ဟု သိကြသော်လည်း အလွန် စွဲလန်း ကြသည်။ ဤလောက၌ ထာဝရ နေလို ကြသည်။ ကောင်းကင်နိင်ငံကို စွဲလန်းခြင်း မရှိကြ။ အာဒံသည် သေရ သကဲ့သို့ လူတိုင်းလည်း သေရသည်။ 

ဘာသာတရားကသင်ပေးသောအရာသည် အပြစ် မလုပ်ဘို့ ဖြစ်သည်။ အပြစ်လုပ်လျှင် ငရဲသို့ ကျမည်ဟု မည်မျှပင်ခြိမ်း​ခြောက်သော်လည်း လူသည် ငရဲလား မှာကို မကြောက်ကြ။ ကြောက်လျှင်လည်း အပြစ် မလုပ်ဘဲ မနေနိင်ကြ။ အကြောင်းမှာ လူသည် အပြစ်၏ ကျေး​ကျွန် ဖြစ်သည်။ သခင်ယေရှုက၊ “ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြ၏။” ဟုဆိုသည် (ယော ၈:၃၄)။ ထိုကြောင့် လူသည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြသည်။ ထိုအ​ခြေအနေ၌ ဘုရားသခင်၏ အလိုတော်ကို မလိုက်နိင်၊ ဂရုမစိုက်နိင်ချေ။ ထို့ကြောင့် လူလူချင်း အပေါ်အကျင့်ကောင်းရုံ၊ ဘုရားတရား ဖက်၌ စိတ်အားကြီးရုံဖြင့် ဒုတိယ မွေးဘွားခြင်း မဖြစ်နိင်ချေ။ မည်မျှပင်အကျင့်ကောင်း၍ ဘုရားတရား လိုက်စားသော်လည်း လူသည် အာဒံအထဲ၌ ရှိသေးသည်။ အာဒံအထဲ၌ ရှိနေသ၍ ကာလ ပတ်လုံးဒုတိယ မွေးဘွားသည်ဟု မဆိုနိင်ချေ။ ထိုသို့ လူ၏ လုပ်ဆောင်မှုဖြင့် ဒုတိယ မွေးဘွားနိင်လျှင် ခရစ်တော် ကြွ လာစရာ မလိုချေ။ 
 
 ခရစ်တော် အထဲ၌ 

ဘုရားသခင်သည် အာဒံနှင့် ဆိုင်၍ အပြစ်၏ ​ကျွန် ဖြစ်သော ​ကျွန်ပ်တို့ကို ခရစ်တော် အထဲ၌ ထည့်ထားလိုက်သည်။ ကျမ်းစာ၌၊ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ခရစ်တော်၌ တည် နေကြ၏။” (၁ ကော ၁:၃၀) ဟုဆိုထားသည်။ ဘုရားသခင်က ထည့်သောအရာကို ​ကျွန်ပ်တို့ အနေဖြင့် သဘောတူ လိုက် ရုံသာ ဖြစ်သည်။ ထိုသို့ သဘောတူလျှင် မိတ်ဆွေသည် ခရစ်တော် အထဲ၌ ရှိပြီ။ လဝက (လူဝင်မှုကြီး ကြပ်ရေးဌါန)က သားသမီးများကို ပုံစံ ၁၀၌ ထည့်လိုက်လျှင် အတည် ဖြစ်သကဲ့သို့ ကောင်းကင် လဝကဥက္ကဌ ဖြစ်သော ဘုရားသခင်က ​ကျွန်ပ်တို့ကို ခရစ်တော် အထဲ၌ ထည့်လိုက်သောအခါ သဘောတူ လက်ခံဘို့ သာလျှင် ရှိသည်။ 
 
အသေခံ စေဘို့ 

ဘုရားသခင်က ​ကျွန်ပ်တို့ကို အဘယ်ကြောင့် ခရစ်တော် အထဲ၌ ထည့် သနည်းဟူမူကား ခရစ်တော်နှင့်အတူ ​ကျွန်ပ်တို့၏ လူဟောင်း တည်းဟူသော အာဒံနှင့် ပတ်သက်သော လူကို အဆုံးစီရင်ဘို့ရန် ဖြစ်သည်။ ကျမ်းစာက၊ “ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်း ခံရပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည့် အကြောင်း တည်း။ သေသောသူသည် အပြစ် တရား၏ လက်မှလွတ်လျက် ရှိ၏။” ဟုဆိုထားသည် (ရော ၆:၆ -ရ)။ လူဟောင်းသည် ဆုံးမ၍ မရ၊ ဒဏ်ခတ်၍လည်း မလိမ္မာနိင်၊ ချိမ်း​ခြောက်၍လည်း မကြောက်။ ဘုရားသခင်က ဣသရေလ လူမျိုးများကို ဆုံးမခဲ့ဘူးသည်။ သို့သော်လည်း သူတို့သည် မည်သို့ မျှမထူးခြား။ နဂုိအတိုင်း ဆိုးမြဲတိုင်း ဆိုးနေ ကြကြောင်း ဤသို့ ရေးထားသည်၊ “သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှ လုံးသည်လည်း ခွန်အား အလျှင် မရှိ။ ​ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်း မာခြင်း မရှိ။ စုတ်ရှသော အနာ၊ ထိခိုက်၍ ရောင်သော အနာ၊ ရိယဲွသော အနာ သက်သက်ရှိ၏။” (ဟေရှာ ၁:၅-၆)။ ထို့ကြောင့် ဘုရားသခင်သည် လူကို ဆုံး မဘို့၊ သွန်သင်ဘို့ထက် အဆုံးသတ်၍ အသစ်ဖန်ဆင်းဘို့ ရည်ရွယ်ထားသည်။ ထို့ကြောင့် ခရစ်တော် အထဲမှလက်ဝါးကပ်တိုင်တွင် ငါတို့၏ လူဟောင်းကို အသေခံစေသည်။ အမှန်မှာ ခရစ်တော်သည် သေစရာ အကြောင်း မရှိ။ သို့သော် ငါတို့ သေနိင်ဘို့ရန် အသေခံ ခဲ့သည်။ ငါတို့သည် ခရစ်တော် အထဲမှအသေခံ ပြီ။ ရှင် ပေါလုက၊ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ ပြီ၊ ” ဟုဆိုခဲ့သည် (ဂလာ ၂:၂၄)။ ရှင်ပေါလုနှင့်အတူ ​ကျွန်ပ်တို့လည်း လက်ဝါးကပ်တိုင်၌ အသေခံ ပြီ။ 
 
ဗတ္တိဇံခံပြီ

ခရစ်တော်နှင့် အသေခံပြီးသောအခါ ခရစ်တော်နှင့်အတူ သင်္ချိုင်း၌ မြှုပ်နှံခြင်း ခံခဲ့ရပြီ။ ထိုသို့ မြှုပ်နှံခြင်းကို ဗတ္တိဇံဟု ခေါ်သည်။ ဘုရားသခင်သည် ငါတို့ လူဟောင်းကို မမြင်ချင် တော့ဘဲ သင်္ချိုင်းထဲ၌ ထိုသို့ မြှုပ်နှံလိုက်ခြင်းဖြင့် လူဟောင်းသည် နိဂုံးချုပ်လိုက်သည်။ ထိုအရာကို ရှင်ပေါလုက၊ “ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗလ္လိဇံကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ သ​ြင်္ုိဟ်ခြင်းကို ခံရကြ၏။” ဟုဆိုထားသည် (ရော ၆:၄)။ 
 
ဒုတိယ မွေးဘွားပြီ

ခရစ်တော်နှင့်အတူ သင်္ချိုင်းထဲ၌ ဗတ္တိဇံခံပြီသော နောက် ခရစ်တော်နှင့်အတူ ထမြောက် လာသည်။ ကျမ်းစာက၊ “အကြောင်းမူကား ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။” ဟုဆိုသည် (ရော ၆:၄)။ ထိုသို့ ထမြောက်သောအခါ လူသစ်နှင့် ထမြောက် လာခြင်း ဖြစ်သည်။ ထိုသို့ လူသစ် အဖြစ်ထမြောက် ခြင်းကိုသာ ဒုတိယ မွေးဘွားခြင်းဟု ခေါ်သည်။ ထို့ကြောင့် ဒုတိယ မွေးဘွားဘို့ရန် ခရစ်တော် လိုအပ်သည်။ ခရစ်တော် မပါဘဲ ဒုတိယမမွေးနိင်ချေ။ ရှင်ပေါလုက၊ “လူ မည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တာဝါ ဖြစ်သည်။ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။” ဟုဆိုသည် (၂ ကော ၅:၁ရ)။ လူသစ် ဖြစ်ဘို့ရန်မှာ ခရစ်တော်၌ ရှိဘို့ သာလျှင် လိုအပ်သည်။ အကျင့်ပြောင်းလဲခြင်း၊ ဘုရားတရား ကြိုးစားခြင်း၊ ခံစားချက် တခုခုရှိခြင်းအားဖြင့် မဟုတ်။ မိခင် ဝမ်းမှပဌမ မွေးဘွားခဲ့ ကြသည်။ ခရစ်တော်အားဖြင့် သင်္ချိုင်းတွင်း မှ ဒုတိယအကြိမ် မွေးဘွားကြပြန်သည်။ ထိုအရာသည် လူ၏ အကြံအစည် မဟုတ်၊ လူ၏ လုပ်ဆောင်ချက်လည်း မပါ။ ဘုရားသခင်က စီစဉ်၍ ခရစ်တော် ကအကောင်အထည်ဖေါ်သည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံရသည်။ ထို့ကြောင့် ဒုတိယ မွေးဘွားခြင်းသည် အလွန် မွေးဘွားခြင်း၊ မမွေးတမွေးစသော အရာများ လုံးဝ မရှိပေ။ 
 
ကောင်းကင်၌ နေရာပေးပြီ

ထိုသို့ ဒုတိယ မွေးဘွားခြင်း ခံပြီးသောသူတိုင်းကို ဘုရားသခင်က ကောင်းကင်အရပ်၌ နေရာပေးကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “သူနှင့်အတူ ငါတို့ကို ထမြောက် စေ၍ ယေရှုခရစ်၌ ကောင်းကင် အရပ်တွင် နေရာ ပေးတော်မူ ပြီ။” (ဧဖက် ၂:၆) ဟုဆိုထားသည်။ ထို့ကြောင့် ယုံကြည်သူများသည်လော က၌ နေရာမရှိလျှင်လည်း ကောင်းကင် အရပ်၌ နေရာရှိပြီ ဖြစ်သောကြောင့် ဝမ်းနည်းစရာ၊ စိုးရိမ်စရာ လုံးဝ မရှိတော့ချေ။ ထိုအပြင်၊ “သင်တို့သည် ခရစ် တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင် ဘုရားသခင်၏ လက်ျာဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူ ရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာ ကြလော့။ မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ အကြောင်းမူကား သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။” ဟုဆိုသေးသည် (ကော ၃:၁-၃)။ ထို့ကြောင့် ငါတို့၏ အသက်သည် ကောင်းကင်၌ ရောက်ပြီ။ နာမည်ခေါ်သောအခါ ငါလည်းရှိမည်ဟု သီချင်းဆိုနိင်ပြီ။ ထို့အပြင်၊ “ငါတို့သည် ကောင်းနိင်ငံသားများဖြစ် ကြပြီ၊ ” ဟုဆိုထားသည် (ဖိလိ ၃:၂၀)။ ထိုအရာကို မြန်မာကျမ်းစာအုပ်၌၊ “ငါတို့ ကျင့်သော အကျင့်မူကား ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက် ရှိ၏။” ဟု ပါ ရှိသည်။ သို့သော် အချို့သော အင်္လိပ်ကျမ်းစာအုပ်များ၌ ငါတို့သည် ကောင်းကင်နိင်ငံသားများဖြစ်ကြ၏ ဟုဆိုထားရာငါတို့သည် ဤလောက၌ ဧည့်သည် အဂန္တုများ ဖြစ်ကြသည်။ ထို့ကြောင့် ဤလောက၌ ခရီး သွားဧည့်သည် ကဲ့သို့ စိတ်ထားရှိ၍ ဧည့်သည် ကဲ့သို့ နေထိုင်ဘို့ လိုအပ်သည်။ ဧည့်သည် ကအိမ်ရှင် ကဲ့သို့ နေထိုင်သောအခါ ပြသနာ ဖြစ်တတ်သည်။ ဧည့်သည်သည် ဧည့်သည် ကဲ့သို့ နေထိုင်ရမည်။ 
 
ခရီး သွားဧည့်သည် 

ခရီး သွားဧည့်သည် အကြမ်းပတမ်းအခံနိင်ဆုံး ဖြစ်သည်။ ထို့ကြောင့် ရှင်ပေတရုက၊ “လူမျက်နှာကို မငဲ့ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည် ဖြစ်စဉ်ကာလ ပတ်လုံးကြောက်ရွံ့သော စိတ်နှင့် ကျင့် နေကြလော့။” ဟုဆိုခဲ့သည် (၁ ပေ ၁:၁ရ)။ ဧည့်သည်သည် အိမ်ရှင်များ၏ မျက်နှာကို ကြည့်ရသည်။ ဆာလျှင် လည်းသည်း ခံနိင်သည်။ အေးလျှင်လည်း အအေးဒဏ်ကို ခံနိင်သည်။ ကိုယ့်အိမ်မည် ဖြစ်လျှင် ဇိမ်ခံလို ကြသည်။ ကျီးများ တတ်ကြသည်။ သို့သော် ဧည့်သည် ဖြစ်သောအခါတွင် မူ အလွန်သည်း ခံနိင်သည်။ ထို့ကြောင့် ဤလော၌ ယုံကြည်သူသည် ဇိမ်ခံဘို့ မဟုတ်။ သည်း ခံ၍ ဧည့်သည် ကဲ့သို့ နေဘို့ ဖြစ်သည်။ ခရီး သွားရာတွင်လည်း ဘတ်စကား၊ ရထား၊ သင်္ဘော၊ လေယာဉ်များအထဲ၌ စီးသောအခါ နေရာကျဉ်းသော်လည်း၊ အစဉ် မပြေသော်လည်း လမ်း တလျှောက်လုံးသည်း ခံနိင်သည်။ အကြောင်းမှာ ခရီး သွားရာတွင် ကိုယ်စိတ် တိုင်း ကျမရှိနိင်ကြောင်းကို သိသော စိတ်ဖြင့်သည်း ခံနိင်သည်။ ထို့ကြောင့် ဒုတိယ မွေးဘွားပြီးသောသူများသည် ဤလောက၌ ဧည့်သည် အာဂန္တုကဲ့သို့ ကြောက်ရွံ့သော စိတ်နှင့်သည်း ခံလျက် နေထိုင်ကြပါစို့။ ထိုသို့ နေလျှင် ပြသနာ မရှိနိင်တော့ချေ။ ခက်ခဲမှု မျိုးစုံကို ကျော်လွှားနိင်ပေမည်။ 
 
 
တိုက်တွန်းနိုးဆော်ခြင်း 

Omke Luri (Indianapolis)

လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့ (မ ၂၄:၃၃) မိတ်ဆွေ ရယ်၊ ကျနော်ရယ် သေချာစွာ စဉ်စားဆုံး ဖြတ်ဘို့ လိုနေပြီ။ ခရစ်တော် တကယ် ရမရသေချာစွာ စဉ်းစားသင့်နေပြီ။ ခရစ်တော် ကြလာပြီး ယုံကြည်သူများကို ချီဆောင်ဘို့ရန် တကယ် နီးနေပါပြီ။ ဘယ် လိုအားဖြင့် သိရသလဲဆိုရင် ကျမ်းစာ၌ ဖေါ်ပြထားတဲ့အတိုင်း မြေကြီး ပေါ်၌ နိမိတ် လက္ခဏာများ ပေါ်ပေါက်နေပါပြီ။ မ၂၄:ရ၌ “အရပ်ရပ်၌ အစာခေါင်းပါခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့ ဖြစ်ကြလိမ့်မည်။” လို့တွေ့ရတယ်။ ကျမ်းစာ မှာရေးထားတဲ့အတိုင်း အခုမြေကြီး လှုပ်ခြင်း၊ အစာခေါင်းပါခြင်း၊ မကြားဘူး သေးသော ရောဂါသစ်တွေပေါ်နေရခြင်း တွေကို မိတ်ဆွေ လဲကြားနေ ရပြီ၊ တွေ့နေရပြီ၊ တကယ် ဖြစ်ပြတ်နေပါပြီ။ အဲဒီတော့ ချီဆောင်ခြင်း လဲ တ ကယ် ဖြစ်ပြီး ယုံကြည်သူ တွေကို ချီဆောင်တော့မယ်။ ခရစ်တော် လဲအမှန်ကယ် ကြလာတော့မယ်။ ဒါကြောင့်မိတ်ဆွေ၊ သေချစွာ စဉ်းစားသင့်နေပြီ။ ကျမ်းစာက၊ “ထိုအချိန်ကို ကား အဘယ်သူမျှ မသိ၊ ကောင်းကင်တမန် မသိ၊ ငါ့ ခမည်းတော် တပါးတည်း သာသိတော်မူ၏။” (မ ၂၄:၃၆) “သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။” (မ ၂၄:၄၂) လိုဆိုထားပါတယ်။ ဒါကြောင့်မိတ်ဆွေသည် ချီဆောင်ခြင်း၌ တကယ် ပါမလားဆိုတာကိုယ်ကိုကိုယ် စစ်ဆေးဘို့ လိုနေပြီ။ 
 
ခရစ်တော် ဤလောကသို့ လာရခြင်း၏ အကြောင်းရင်းများ၊ 

ခရစ်တော် လူဇာတိခံယူသော အချိန်၊ ခရစ္စမတ်ရာသီသို့ ရောက်လာ ပြီ။ နည်းမျိုးစုံနှင့် ခရစ္စမတ်ပွဲများကို ကျင်းပကြမည် ဖြစ်သည်။ သို့သော် ခရစ်တော် လူ့ဇာတိခံယူရခြင်း၏ အကြောင်းရင်းများကို မသိသောကြောင့် အကျိုးကို မခံစားရလျှင် ခရစ္စမတ်ပွဲ ကျင်းပရခြင်း၌ အကျိုးမရှိချေ။ ထို့ကြောင့် ခရစ်တော် လာရခြင်း၏ အကြောင်းရင်းအချို့ကို ဖေါ်ပြလိုပါသည်။ 

ခမည်းတော် ဿအလိုတော် ဆောင်ရန်

ခရစ်တော်သည် ဤလောကသို့ ကြရောက်လာခြင်းသည် မိမိ အလိုဆန္ဒ အတိုင်း အသက်ရှင်လုပ်ဆောင်ဘို့ရန် မဟုတ်ကြောင်း သူကိုယ်တိုင် ဤသို့ ဆို ထားသည်၊ “ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအ လျောက်အဘယ်အမှုကိုမျှ မပြုနိင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။” (ယော ၅:၁၉) ခရစ်တော်သည် ဘုရား ဖြစ်သည်။ သို့သော် ဘုရားသခင်၏ သားတော် အနေဖြင့် ဤလောကသို့ ဆင်းသောအခါ သူ့အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိင်၊ ခမည်းတော် ပြုတော်မှု သမျှ အတိုင်း သာပြုသည် ဟုဆိုသည်။ ​ကျွန်ပ်တို့ မူကား မွေးစကပင်ကိုယ်အလိုအတိုင်း အသက်ရှင်လုပ်ဆောင်လို ကြသည်။ စကား မပြောတတ် သေးသော ခလေးများပင်မိဘကထမင်းခွံ့ကျွေးခြင်းကို မလိုချင် သောကြောင့် ခေါင်းလှည့်တတ်သည် မဟုတ်လော။ လူတိုင်း ကိုယ့် အလိုဆန္ဒအတိုင်း သာအသက်ရှင်လို ကြသည်။ ခရစ်တော်မူကား ခမည်းတော် အလိုတော် အတိုင်းသာ အသက်ရှင်ဘို့ ဤလောကသို့ ဆင်းကြခဲ့သည်။ “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏” (ယော ၅:၃၀) ခရစ်တော် ကသူသည် သူ့ကို စေလွှတ်တော်မူသောသူ၏ အလိုလိုက်သည် ဟုဆိုသည်။ ​ကျွန်ပ်တို့ မူကား မည်သူက စေလွှတ်မှန်းလည်း မသိ။ ကိုယ်ဆန္ဒပြည့်ဘို့သာ အရေးကြီးသည်။ ထို့ကြောင့် ဒုက္ခ မျိုးစုံနှင့် တွေ့တတ်ကြသည်။ ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်ပါက ​ကျွန်ပ်တို့၏ ပြသနာများကို သူကတာဝန် ယူ​ဖြေ ရှင်းပေးမည် ဖြစ်သည်။ 

 “ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့ လိုက်ခြင်း ငါှဆင်းသက်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော် ကား ငါ့ အားပေးသော သူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ နောက်ဆုံးသော နေ့၌ ထိုသူ အပေါင်းတိုကို ထမြောက် စေခြင်း ငါှ၎င်း၊ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရ အသက်ကို ရစေခြင်း ငှါ၎င်း၊ အလိုတော် ရှိ၏။” (ယော ၆:၃၈-၃၉)။ ခရစ်တော် ကသူ ခမည်းတော်၏ အလိုတော်ကို ဖေါ်ပြသည်ကား၊ သူ့ကို ပေးသမျှသော သူတို့ကို မပျောက်စေဘဲ နောက်ဆုံးသော နေ့၌ ထမြောက် စေခြင်း၊ သူ့ကို ယုံကြည်သူတိုင်း ထာဝရ အသက် ရစေခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။ 

​ကျွန်ပ်တို့လည်း သူတပါး၏ ဝိညာဉ်ကို ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် ပြောဆိုခြင်း၊ ကူညီမစခြင်း၊ လုပ်ဆောင်ဘို့ရန် အလိုရှိသည်။ ထိုအလိုတော်များကို ​ကျွန်ပ်တို့ လုပ်လိုပါသလား။ ဘုရား၏ အလိုတော်ကို မဆောင်နိင်လောက်အောင်ကိုယ် အလိုဆန္ဒများကို ဦးစားပေးလုပ်ဆောင်သင့်ပါသလား။ အလုပ်ရှင်များကပင် သူတို့၏ အလုပ်ကို လုပ်ပေးလျှင် အခ​ကြေးငွေနှင့် ခံစား ခွင့်များ ပေးတတ်ကြသည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အလိုတော်ကို ဆောင်ရွက်သော သူတို့အား အကျိုးမပေးဘဲ မနေ။ 

ခရစ်တော်သည် ခမည်းတော်၏ အလိုတော် သာလိုက်သောကြောင့် ခမည်းတော် ကဘယ်အရာကို ပေးသနည်း။ ရှင်ပေါလုက၊ “ထိုသခင်သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှု ဟူ၍ မထင်မမှတ်လျက် ပင် မိမိအသရေကို စွန့်၍ အစေခံ​ကျွန်၏ အသဏ္ဍာန်ကို ဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလQဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာ မဟုတ် လက်ဝါးကပ်တိုင်မှာအသေခံခြင်း တိုင်အောင် အစေ​ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့် ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။” ဟုဆိုသည် (ဖိလိ ၂:၆-၉)။ ​ကျွန်ပ်တို့လည်း ခရစ်တော် ကဲ့သို့ မိမိ အလိုဆန္ဒကို စွန့်၍ ဘုရားသခင်၏ အလိုတော်ကို ဆောင်ပါက ထိုက်တန်စွာ ချီးမြှောက်ခြင်း ခံကြမည် ဖြစ်ကြောင်း ဘုရားသခင်က ကတိပြုထားပါသည်။ 
 


လူပေးသော ဘုန်း နှင့် ဘုရား ပေးသော ဘုန်း

ခရစ်တော် ကလူပေးသော ဘုန်းနှင့် ဘုရား ပေးသော ဘုန်းအကြောင်းကို ပြောသွားခဲ့သည်။ “လူပေးသော ဘုန်းအသရေကို ငါမခံ။ အချင်းချင်း ပေးသော ဘုန်းအသရေကိုသာ ခံ၍ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိင်မည် နည်း။” (ယော ၅:၄၁၊ ၄၄)။ ဤနေရာ၌ လူများက ဘုရားသခင်ကို၎င်း၊ ခရစ်တော်ကို၎င်းမယုံကြည် နိင်ခြင်းသည် ဘုရား ပေးသော ဘုန်းထက် လူပေးသော ဘုန်း (ချီးမွမ်းခြင်း)ကို လိုချင် သောကြောင့်ဟု သခင် ခရစ်တော် ကပြော သွားသည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းထက်လောလောဆယ်လူများ၏ ချီး မွမ်းခြင်း၊ အားပေးခြင်း၊ လက် ခံခြင်းကို လိုချင်သောသူသည် ဘုရားသခင် ပြောသောအရာကို အဓိကမထားနိင်ချေ။ ထို့ကြောင့် ဘုရားကျေနပ် စေခြင်းထက် လူများ ကျေနပ် စေဘို့ကိုသာ ရှာနေသောကြောင့် ဘုရားသခင်ကို မယုံကြည် နိင်ခြင်း ဖြစ်သည်။ 

ခရစ်တော်မူကား လူများ၏ ချီးမွမ်းခြင်းထက် ဘုရား၏ ချီးမွမ်းခြင်းကိုသာ ရှာသောကြောင့် ခမည်းတော် ထံ ဤသို့ ဆုတောင်း နိင်ခဲ့သည်၊ “အ​ကျွန်ပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ပ်ဆောင်ရွက်စရာ အဘို့ အ​ကျွန်ပ်၌ အပ်ပေးတော်မူသော အမှုကို အ​ကျွန်ပ်ဆောင်ရွက်ပါပြီ။ အိုအဖ၊ ဤ ကမ္ဘာမတည်မရှိမီအထံတော်၌ အ​ကျွန်ပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အ​ကျွန်ပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။” (ယော ၁ရး၄-၅)။ ခရစ်တော်သည် သူခေတ်လူများက သူ့ကို လက်မခံခဲ့သော်လည်း မမှုချေ။ သူသည် တစ်ယောက် တည်းဖြစ်သော်လည်း အား မငယ်ချေ။ အဘ ခမည်းတော်က လက်ခံခြင်း၊ ချီးမွမ်းခြင်းကိုသာ အဓိကထားခဲ့သည်။ ထိုသို့ ငါတို့ကို ပုံသက်သေကောင်းပြခဲ့ ပြီ။ မိတ်ဆွေ သင်သည် လူပေးသော ဘုန်း (ချီးမွမ်းခြင်း)နှင့် ဘုရား ပေးသော ဘုန်း (ချီးမွမ်းခြင်း) အနက်မည်သူပေးသော ဘုန်းကို အလိုရှိသနည်း။ ဘုရား ပေးသော ဘုန်းကိုသာ ရှာလျှင် လူပေးသော ဘုန်းကို လှစ်လှိုရှုရမည်။ 

သခင် ခရစ်တော်က တရားဟောဆရာများ ထံ ဤသို့ သတိပေးခဲ့ပြီ၊ “ကိုယ် အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား ယုံလောက် သောသူ ဖြစ်၏။ ထိုသူ၌ မုသာမရှိ။” (ယော ရး၁၈)။ တရားဟောဆရာများ ခရစ်တော် ပြောသကဲ့သို့ ကိုယ်အလိုအလျောက် ဟောသလော။ ထိုသို့ဖြစ်လျှင် မိမိဘုန်းအသရေရှာသောသူ ဖြစ်မည်။ ဘုရားသခင်၏ ဘုန်းအသရေကို ရှာသောသူ ဖြစ်လျှင် ယုံလောက်သောသူ ဖြစ်မည်။ အဘယ်ကြောင့် တရားဟောဆရာများမိမိ ဘုန်း;ကို ရှာကြသနည်းဟူမူကား၊ လူများ ပေးသော ဘုန်း (ချီးမွမ်းခြင်း)ကို လိုချင်သည်။ ထိုမျှသာမက လူ့အကြိုက်ဟောမှလောလောဆယ်ထောက်ပံ့ ​ကြေးရရှိနိင်မည် ဖြစ်သည်။ ဘုရားသခင်သည် နှေးသည်။ လူသည် မြန်တတ်သည်။ ထို့ကြောင့် ဘုရား ထောက်ပံ့မည့် အရာကို မစောင့်နိင်။ 

ရှင်ပေါလုလည်း လူပေးသော ဘုန်းထက် ဘုရား ပေးသော ဘုန်းကို ရှာသောကြောင့် သက်သာလောနိတ် အသင်းသားများထံ၊ “ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင်ကြသည် မဟုတ်။ ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံတော်မူသည်နှင့် အညီ လူကို နှစ်သက်စေ သကဲ့သို့ မဟုတ်၊ ငါတို့ စိတ်နှလုံးကို စစ် ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေ သကဲ့သို့ ဟောပြောကြ၏။ အဘယ်သို့ နည်းဟူမူကား သင်တို့ သိကြသည်နှင့် အညီငါတို့သည် ချော့မော့သော စကားကို တခါမျှမသုံး၊ ဝှက်ထားသောလောဘစိတ်အလျဉ်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့ သက်သေ ဖြစ်တော်မူ၏။ ထိုမှတပါး ခရစ်တော်၏ တမန်တော် ဖြစ်၍ လေးသော ဝန်ကို တင်ပိုင်သော်လည်း လူပေးသော ဘုန်းအသရေကို သင်တို့တွင် မရှာ အခြားသူတို့ တွင်လည်း မရှာဘဲ သင်တို့တွင် ဖြည်းညှင်းစွာ ပြုကြ၏။” (၁ သက် ၂:၃ -ရ)။ ရှင်ပေါလု၏ စာအရလူပေးသော ဘုန်းကို အလိုရှိသော သူတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် တရားဟော တတ်သည်။ ထို့အပြင် လူကို နှစ်သက်စေ၍ ချော့မော့သော စကားကို သုံးကာ၊ လောဘစိတ်လည်းရှိသည်။ 

တရားဟောဆရာများသာမက ယုံကြည်သူများလည်း ဘုရား ပေးသော ဘုန်းထက် လူပေးသော ဘုန်းကို ရှာကြသောကြောင့် သမ္မာတရားထက် မုသာ တရားကို နှစ်သက် ကြသည်။ ကောင်းကင် ရောက်ကြောင်း တရားထက်လောက၌ အောင်မြင် ရေး၊ ပြသနာ ​ ဖြေရှင်းရေး၊ ကျန်းမာရေး၊ နိမိတ်လက္ခဏာများကိုသာ အလေးထား ကြသည်။ သို့သော် လူတိုင်း ယုံကြည်သူ ဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ဘုရားသခင်နှင့် ပြန်တွေ့ကြမည် ဖြစ်သောကြောင့် ယခုကတည်းက ခရစ်တော် ကဲ့သို့၎င်း၊ ရှင်ပေါလုကဲ့သို့၎င်း ဘုရား သာပေးတတ်သော ဘုန်းကို ရှာကြ ပါစို့။ လူများ ကဝိုင်းပယ်လျှင်လည်း ဘုရား၏ လက်ခံခြင်းကိုသာ အလေးထားကြ စို့။ 
 
 
ခရစ်တော် ငရဲသို့ သွားဘူးပါသလော 
အချို့သော ယုံကြည်သူများက ခရစ်တော်သည် ၃ ရက်သင်္ချိုင်း၌ နေစဉ်တွင် ငရဲထဲသို့ ဆင်းသွားကာအောင်မြင်ခြင်း အကြောင်းကို ကျေညာသွားသည်ဟု ယူဆကြသည်။ ထိုသို့ ယူဆကြခြင်းသည် အောက်ပါက ျမ်းပိုဒ်များကို ကြည့်ခြင်းဖြင့် ဖြစ်သည်။ ထိုဝိညာဉ်တော် အားဖြင့်လည်း ကြွသွားတော်မူ၍ ယခုထောင် ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ထိုဝိညာဉ်တို့ မူကားရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူ တည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ််စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ် ဖြစ်သတည်း။ (၁ ပေ ၃:၁၉-၂၀)။ 

အထက်ပါ ကျမ်းပိုဒ်၌ ပေတရုက ခရစ်တော်သည် ဝိညာဉ်တော်အားဖြင့် ထောင် တည်းဟူသော ငရဲထဲသို့ ဆင်းသက်သွားကာလ ှောင်ထားသော ဝိညာဉ်တို့ကို တရားဟောသည် ဟုဆို ကြသည်။ ထိုသို့ ဆင်းသက်သော အချိန်သည် အသေခံ၍ သင်္ချိုင်းထဲ၌ မြှပ်နှံခြင်းကို ခံရသော အချိန်တွင် ဖြစ်သည် ဟုဆိုသည်။ ထိုသို့ ယူဆရခြင်းသည် အောက်ကျမ်းပိုဒ်များကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ 
၇၊ သို့သော်လည်း ခရစ်တော်သည် ဆု ပေးတော်မူသည် အတိုင်း ငါတို့သည် ကျေး ဇူးတော်ကို အသီးအသီး ကိုယ်စီခံရကြပြီ။ ၈၊ ထိုသို့နှင့် အညီကျမ်းစာ၌ လာသည်ကား၊ မြင့်သော အရပ်သို့ တက်ကြွတော်မူ သဖြင့်၊ များစွာသော သူတို့ကို ဘမ်း သွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟု လာသတည်း။ ၉၊ တက်ကြွတော်မူသည် ဟုဆိုသော်၊ အစစွာ မြေကြီး အောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်လော။ ၁၀၊ ဆင်းသက်တော်မူသောသူသည် အခြားသောသူ မဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏ အထွဋ္ဋ်ကို လွန်၍ တက်ကြတော်မူသောသူ ဖြစ်သ တည်း။ (ဧဖက် ၄:ရ- ၁၀)။ 

အထက်ပါ ကျမ်းပိုဒ်များ၌ ခရစ်တော်သည် မြေကြီး အောက်အရပ်သို့ ဆင်းသက်တော်မူသည် ဟုဆိုသောကြောင့် မြေကြီး အောက်မှာငရဲရှိ၍ ထိုအရပ်သို့ ခရစ်တော်သည် ဆင်းသက်သည် ဟုဆိုသည်။ အထက်ပါ ကျမ်းပိုဒ်များကို သေချာစွာ လေ့လာ၍ အခြားကျမ်းပိုဒ်များနှင့် ပူးတွဲကြည့်သောအခါ ခရစ်တော်သည် ငရဲထဲမှာမဆင်းသက်ကြောင်း၊ ဆင်းသက်စရာလည်း မလိုကြောင်း တွေ့ ရသည်။ 

ရှင်ပေတရုရေးထားသောအရာ၊ ခရစ်တော်သည် ဝိညာဉ်တော်အားဖြင့် ငရဲထဲသို့ ဆင်းသွားသည် မဟုတ်။ ခရစ်တော်သည် ဓမ္မဟောင်းကာလ၌ ဝိညာဉ်တော်အားဖြင့် ပရောဖက်များအထဲမှ တရားဟောတတ်ကြောင်း ဤသို့ တွေ့ရသည်၊ ထိုကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက်တို့သည် စေ့စေ့စစ် ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြော ကြပြီ။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သော အချိန်ကာလကို၎င်း၊ ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။ (၁ ပေ ၁:၁၁)။ 

ထို့ကြောင့် ခရစ်တော်သည် ပရောဖက်များအထဲမှဟောပြောတတ်ကြောင်း သိရသည်။ ထိုအပြင် ရှင်ပေတရုကနောဧနှင့် ပတ်သက်၍ ဤသို့ ရေးသား သေးသည်၊ ​ဖြောင့်မတ်ခြင်း တရားကို ဟောသော နောဧနှင့် လူခုနှစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ (၂ ပေ ၂:၅)။ နောဧသည် တရားဟောသည် ဟုဆိုသည်။ နောဧသည် မည်ကဲ့သို့ ရေလွှမ်းမိုးမည့် အကြောင်းကို ဟောနိင်သနည်းဟူမူကား ခရစ်တော်၏ ဝိညာဉ်တော်က ဖေါ်ပြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်သည် ဝိညာဉ်တော်အားဖြင့် နောဧအထဲမှလူများကို ရေလွှမ်း မိုးမည့် အကြောင်းကို ဟောခဲ့သည်။ သို့သော် ထို သူတို့သည် နားမထောင်သောကြောင့် ယခုအခါ ထောင်ထဲမှာလှောင်ထားခြင်း ခံရ ကြသည်။ ထောင်ထဲမှာ လှောင်ထားသော ဝိညာဉ် များသည် ခေတ်အဆက်ဆက်က ဝိညာဉ်များမဟုတ်။ နောဧလက်ထက်က ဝိညာဉ် များဟု ရှင်ပေတရုကသေချာစွာ ရေးသား ခဲ့သည် မဟုတ်လော။ 

 သို့ဖြစ်လျှင် ဧဖက် ၄:၈၌ မြေကြီး အောက်အရပ်ဟူသောအရာသည် မည်သည့်နေရာကို ဆိုလိုသနည်း။ ထိုအရာသည် မြေကြီး ပေါ်သို့ ဆင်းသက်ခြင်း၊ ကောင်းကင်မှ မြေကြီး ပေါ်သို့ လူ့ဇာတိခံယူခြင်းကို ဆိုလိုသည်။ အကြောင်းမှာ ငရဲသည် မြေကြီး အထဲ၌ ရှိသည် မဟုတ်။ အကြောင်းမူကား မြေကြီးသည် ရုပ် ဝတÎု ဖြစ်၍ ပျက်စီးနိင်သည်။ ငရဲသည် မပျက်စီးနိင်သော ဝိညာဉ်ပိုင်းနှင့် ဆိုင်သော နေရာ ဖြစ်သည်။ ထို့အပြင် ခရစ်တော်သည် သုံးရက်သေဆုံးချိန်တွင် ငရဲမသွားကြောင်း အောက်ပါက ျမ်းချက်များ အရသိနိင်သည်။ 
သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြလာတော်မူသောအခါ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ၄၃၊ ယေရှုကလည်း၊ ငါအ မှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ (လု ၂၃:၄၂-၄၃) သခင်ယေရှု ကသူ့ဘေးနားတွင် ရိုက်သတ်ခြင်း ခံရသော လူဆိုးထံ၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုဆို သောကြောင့် ထိုနေ့တွင် သခင်ယေရှုသည် ပရသိသုဘုံသိုရောက်သွားသည် ဟုဆို နိင်သည်။ ထိုအပြင် ယေရှုသည်လည်း ကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက် ချုပ်တော်မူ၏။ (လု ၂၃:၄၆) ယေရှုသည် သူ၏ စိတ်ဝိညာဉ်ကို ခမည်းတော် လက်၌ အပ်တော်မူသည် ဟုဆိုသည်။ ထိုကြောင့် သူ့ဝိညာဉ်သည် ခမည်းတော် နေသော ပရသိသုဘုံ တည်းဟူသော ကောင်းကင်နိင်ငံသို့ ရောက်သွားသည်ဟု ယူဆနိင်သည်။ 

ထို့အပြင် ကျမ်းစာက လူသည် တခါတည်း သေ၍ ထိုနောက်မှတရား စီရင်တော်မူခြင်းကို ခံရ သကဲ့သို့၊ (ဟေဗြဲ ၉:၂ရ) ဟုဆိုသည်။ ငရဲရောက်သွား ပြီးသောသူများသည် ကယ်တင်ခြင်းသို့ ပြန်မရောက်နိင်တော့ချေ။ သို့ဖြစ်လျှင် ခရစ်တော်သည် ငရဲထဲသို့ မည်သည့်အရာကို ကြားပြောဘို့ရန် ဆင်းမည်နည်း။ သူ၏ စာတန်ကို အောင်ခြင်း အကြောင်း ပြောပြသည် ဟုဆို ကြသည်။ ထိုအရာသည် ပြောစရာ အကြောင်း မရှိ။ ပြောလျှင်လည်း အကျူိးမရှိ။ ထို့ကြောင့် ခရစ် တော်သည် ငရဲထဲသို့ မဆင်းကြောင်း ထင်ရှားသည်။ သေဆုံးရာမှပြန်ရှင်လာသောသူများက သူတို့သည် ခရစ်တော်နှင့်အတူ ငရဲထဲသို့ ဆင်းသွားကြကြောင်း သက်သေခံတတ်ကြသည်။ သို့သော် ကျမ်းစာထဲ၌ ခရစ်တော်သည် ငရဲထဲသို့ ဆင်းသက်ခြင်း မဖေါ်ပြ ခဲ့ဘူးချေ။ 
 
ခရစ်တော်ကြွလာခြင်း၏အကြောင်းရင်းများ 

၅။ ပျောက်သော သူတို့ကို ရှာဘို့ (လု ၁၉:၁၀) 

ပစ္စည်းပျောက်သောအခါ ပစ္စည်းသည် သူရှိသော နေရာ၌ ရှိနေသည်။ အမှန်မှာ ပျောက်ခြင်းသည် ပိုင်ရှင်၏ မျှော်လင့်သော နေရာ၊ ထားသော နေရာ၌ မရှိသောအခါ ပျောက်သည် ဟုဆိုသည်။ ထို့နည်းတူ လူသားများသည် ဘုရား အမြင်၌ ပျောက် နေကြသည်။ သို့သော် လူသားများအနေဖြင့် မသိနိင်။ လူသည် အာဒံ၌ ရှိနေသမျှ ဘုရား အမြင်၌ ပျောက်နေသည်။ ထို့ကြောင့် ကောင်းကင် ပြန်လမ်း မသိ။ လောကအရာ တည်းဟူသော ရွှေ၊ ငွေ၊ ဥစ္စာများရှာဖွေ နေကြသည်။ လောက ပျော်ရွှင်မှုများ၌ သာပျော်မွေ့နေသည်။ ထို့ကြောင့် ပျောက်သော လူသားများကို ရှာဘို့ရန် ခရစ်တော် ဘုရား ဤလောကသို့ ကြွရောက် လာသည်။ မိတ်ဆွေ အတွေ့ခံလိုက်ပါ။သို့ပြုလျှင် အသက် ရရှိပါလိမ့်မည်။ ဤလောကသည် ထာဝရ နေဘို့ ကောင်းသော နေရာ မဟုတ်။ ခရစ်တော်က ဤလောကထက် နှိုင်းဆ၍ မရနိင်သော ကောင်းကင် ရွှေပြည်သို့ ခေါ်သွားဘို့ရန် မိတ်ဆွေကို ရှာဖွေ နေသည်။ 
 
၁၀။ စိတ်နှလုံး​ကြေမွသော သူတို့၏ အနာကို စည်းဘို့ (လု ၄:၁၈) 

အကြောင်း အမျိုးမျိုးကြောင့် အချို့သောသူများသည် စိတ်နှလုံး​ကြေကွဲ ဝမ်းနည်း ကြသည်။ ထိုသူများ၏ အနာစည်းဘို့ရန် ခရစ်တော် ကြွလာခဲ့သည်။ စိတ်နှလုံးညီးတွားသော သူတို့သည် မင်္လာရှိ၏။ ထို သူတို့သည် သက်သာ လိမ့်မည်။ ဘုရားသခင်သည် ​ကြေမွသော စိတ်နှလုံးရှိသော သူတို့နှင့် နီးတော်မူ၏ (ဆာ ၅၁:၁ရ)။ မိတ်ဆွေ စိတ်ပျက်ဝမ်းနည်း​ကြေကွဲနေလျှင် သေကြောင်း မကြံပါနှင့်။ ခရစ်တော်ထံလာပါ။ သက်သာခွင့်ပေးပါလိမ့်မည်
 
၁၂။ ငြိမ်သက်ခြင်း ပေးဘို့ (ယော ၁၄:၂ရ) 

ခရစ်တော်သည် ငြိမ်သက်ခြင်း၏ အရှင် ဖြစ်သည် (ဟေရှာ ၉:၆)။ ဤလောကသည် ငြိမ်သက်ခြင်း မရှိ။ တိုင်း နိင်ငံအလိုက်သော်၎င်း၊ မိသားစုအတွင်း၌ သော်၎င်း၊ တဦးချင်း၌ သော်၎င်း၊ ငြိမ်သက်မှု မရှိ။ ထို့ကြောင့် ခရစ်တော်က၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံး ပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယော ၁၄:၂ရ) ဟုဆိုသည်။ ထိုငြိမ်သက်ခြင်းရှိမှမိတ်ဆွေသည် အသက်ရှင်ရကျိုးနပ်ပေမည်။ ငြိမ်သက်ခြင်း၏ အရှင်ကို လက်ခံကြစို့။ 
 
၁၈။ အသက် လွတ်ရုံမျှမကအသက်နှင့် ပြည့်စုံစေဘို့ (ယော ၁၀:၁၀) 

ခရစ်တော်သည် လူသားများကို အသက် ဘေးမှကယ်လွှတ်ရုံသာမက အသက်နှင့် ပြည့်စုံစေခြင်းငှါ ကြွလာသည်။ သို့သော် ထိုအရာကို အဓိပ္ပါယ် ကောက်မှားကြပြန်သည်။ ဇာတိ သဘောအားဖြင့် ယူလျက် အသက်နှင့် ပြည့်စုံခြင်း သည်လောကီစည်းစိမ်ဟု ယူဆကြသည်။ အမှန်မှာ အသက်နှင့် ပြည် စုံခြင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ခြင်းကို ဆိုလိုသည်။ ဘုရား အလိုတော်အတိုင်း အသက်ရှင်ပါက ပျော်ရွှင်ဝမ်းမြောက်မည်၊ အကျိုးရှိမည်၊ အဓိပ္ပါယ်ရှိသော အသက်တာရှိမည်။ မိတ်ဆွေ၏ အသက်တာသည် အသက်နှင့် ပြည့်စုံပါသလား။ မပြည့်စုံပါက ခရစ်တော်ကို လက်ခံ၍ အုပ်စိုးခွင့် ပေးပါ။ 
 
၂၁။ လူနှင့် ဘုရားရန်ငြိမ်းစေဘို့ (ရော ၅:၉-၁၀၊ ၂ ကော ၅:၁၉) 

လူနှင့် ဘုရားသခင်သည် ရန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ အလိုတော်များကို အမြဲဆန့်ကျင်သည်။ ဘုရား ထံ၌ အကူအညီလည်း မယူချင်၊ ဆုမတောင်းချင်၊ ကျမ်းစာလည်း မဖတ်ချင် ကြ။ ဘုရား ခိုင်းသမျှ မလုပ်ဘဲ ဘုရား အလိုတော် မရှိသော အရာများကိုသာ လုပ်လို ကြသည်။ ဘုရား မုန်း သမျှကို နှစ်သက်မြတ် နိုး ကြသည်။ 

သို့သော် ဘုရားသခင်သည် လူကို တဖက်သပ်မေတ္တာဖြင့် ချစ်သောကြောင့် လူနှင့် ရန်ငြိမ်းနိင်ရန်သားတော်ကို အသေခံ စေခဲ့သည်။ ကျမ်းစာက၊ “ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိရဟာယဖွဲ့တော်မူ၏။ ထိုမိရဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေးတော်မူ၏။” ဟုဆိုထားသည် (၂ ကော ၅:၁၉)။ ယေရှုခရစ်အားဖြင့် မည်ကဲ့သို့ ရန်ငြိမ်းစေသနည်း။ ကျမ်းစာက၊ “အကြောင်းမူကားရန်သူ ဖြစ်လျက် ပင်ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိရဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ မိရဟာယဖွဲ့ပြီးမှအသက်တော်အားဖြင့် ကယ်တင်တော်မူခြင်း သိုရောက်မည်ဟု သာ၍ မျှော်လင့်စရာ ရှိ၏။” ဟု ရေးထားသည် (ရော ၅:၁၀)။ ခရစ်တော်၏ အသေခံခြင်းအားဖြင့် ရန် ငြိမ်းခြင်း အမှုကို ဘုရား ဖက်ကဆောင်ရွက်ပြီး ဖြစ်သည်။ သို့သော် လူသည် ထိုရန်ငြိမ်းခြင်း အခွင့်ကို မသိသောကြောင့် မလိုချင် ကြ။ ဘုရားသခင်နှင့် ရန်ငြိမ်းမှသာလျှင်စစ်မှန်သော ငြိမ်သက်ခြင်း ခံစား နိင်မည် ဖြစ်သည်။ 
 
၂၂။ လူလူချင်းရန်ငြိမ်းစေဘို့ (ဧဖက် ၂:၁၄-၁၈) 

လူသည် ဘုရားသခင်နှင့်သာမက လူလူချင်းလည်းရန် ဖြစ်နေကြသည်။ လူမျိုးတမျိုးနှင့် တမျိုး၊ တနိင်ငံနှင့် တနိင်ငံ၊ တဦးနှင့် တဦးရန် ဖြစ်နေကြသည်။ ထိုအရာ အားလုံး သည် အပြစ်ကြောင့် ဖြစ်သည် တကိုယ်ကောင်းဆန်သောကြောင့် ဖြစ်သည်။ မည်မျှပင်ငြိမ်းချမ်းရေး ပြုစေကာမူတနည်းမဟုတ်တနည်း ရန် ဖြစ်နေကြသည်။ သို့သော် ခရစ်တော် အသေခံခြင်းဖြင့် လူမျိုးတမျိုးနှင့် တမျိုး အကြား အုတ်တံတိုင်း နံရံများ ဖြုိ ခွင်းလျက် ရန််ငြိမ်းရသော အခွင့်ကို ရရှိစေကြောင်းကို ရှင်ပေါလုက ဤသို့ ရေးသား ခဲ့သည်၊ “ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအ ဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံကို ဖြိုးဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတိုကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်း တည်း။ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက် ရှိသော သင်တို့အား ၎င်း၊ နီးလျက် ရှိသော ငါတို့ အား၎င်း၊ ရန်ငြိမ်းခြင်း တရား တည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့ နှစ်ဦးသည် စိတ်ဝိညာဉ် တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့် အခွင့်ကို ရကြ ပြီ။” (ဧဖက် ၂:၁၄-၁၈) 

အထက်ပါ ကျမ်းပိုဒ်၌ ှ ရှင်ပေါလုပြောသော လူနှစ်မျိုးသည် ဣသရေလ လူမျိုးနှင့် တပါးအမျိုးသားတို့ ဖြစ်သည်။ ဣသရေလ လူများက တပါးအမျိုးသားများကို အထင်သေး၍ ခွေးကဲ့သို့၎င်း၊ အပြစ်သား ဟူ၍၎င်းမြင်သည်။ တပါးအမျိုးသားများကလည်း ဣသရေလ လူမျိုးများကို ဂရုမစိုက်ချေ။ ထိုလူနှစ်မျိုးသည် ပေါင်းဖေါ်၍ မရခဲ့သော်လည်း ခရစ်တော် အသေခံခြင်းအားဖြင့် တလုံးတဝတည်း ဖြစ်စေသည်။ ထိုနည်း တူယနေ့ ခရစ်တော်၌ သေ၍ ရှင်ပြန်ထမြောက်သောသူတိုင်းသည် လူမျိုးခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်း မရှိဘဲ ရန်ငြိမ်းရသော အခွင့်ရ ကြသည်။ ထိုအရာကို လက်ခံသောသူများ၌ လူမျိုးရေးမရှိ၊ အဆင့်အတန်းမရှိ၊ အထက် တန်းစားအောက်တန်းစား မရှိ၊ အားလုံး ညီအကိုများကဲ့သို့ ပေါင်းဖေါ်နိင်သည်။ ထိုသို့ဖြစ်စေခြင်းငှာ ခရစ်တော်သည် အသေခံဘို့ ကြွလာခဲ့သည်။ မိတ်ဆွေ၊ အခြားသူများနှင့် ရန်ငြိမ်းခြင်းရရှိပြီလား။ လူမျိုးရေးပြင်းထန်နေသေးသလား။ ခရစ်တော်ကို လက်ခံပါ။ ထိုအရာများ ပျောက် ကွယ်သွားပါလိမ့်မည်။ 
 
 မှတ်ချက်။ (ဆရာမောဇက်ရေးသား ပြုစုသော “ခရစ်တော် လာရခြင်း၏ အကြောင်း” စာအုပ်ထဲမှ ကောက်နှုပ်ချက်များ ဖြစ်သည်) 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG