GOODNEWS
  HOME  GOODNEWS  2011 NOV
 


ဤစာစောင်၌...

အမှာစာ
 
နိင်ငံတော် တည်ထောင်ပါစေသော်
 
အဘယ်ကြောင့်စစ်မှန်သော ငြိမ်သက်ခြင်းကို မရရှိသနည်း

သက်သေခံချက်
 
မြန်မာပြည် ခရီး စဉ်

  

အမှာစာ

ခရစ်တော်၌ ညီအစ်ကို မောင်နှမများထံအဘ ဘုရားသခင် ထံတော်ပါးမှကောင်းကြီး မင်္လာအဖြာဖြာခံစား နိင်ကြပါစေသော်။ အောက်တိုဘာလ၌ ​ကျွန်တော်တို့ မြန်မာပြည် ခရီး စဉ်ကို ထည့်ဘို့ ဖြစ်သော်လည်း မထည့် ဖြစ်သောကြောင့် ယခုပြန်လည်ထည့်ထားပါသည်။ အောက်တိုဘာလ တလလုံးလည်း အမေရိကန်၌ သုံးမြို့၊ ကာနဒါ၌ သုံးမြို့သို့ သွားကာ ခရစ်တော် ကြွလာတော့မည့် အရာကို သတိပေးဟောပြောဝေငှခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နေရာတိုင်း၌ နားထောင် ချင်သောသူများ တွေ့ရပါသည်။ အချို့နေရာများ၌ ကယ် တင်ခြင်း မရှင်းလင်းသောကြောင့် ကယ်တင်ခြင်းကို ပြန်လည်ဝေငှသောအခါ အလွန် အားရကျေနပ် ကြပါသည်။ 

​ကျွန်တော်၏ ခရီး စဉ်အရအများသော သူတို့သည် ခရစ်တော်ကို မကြိုဆိုကြ။ သတိလည်း မထားကြချေ။ အကြောင်းရင်းမှာသူ၏ ကယ်တင်ခြင်း ပင်လျှင် မရှင်းသောကြောင့် ဖြစ်သည်။ ကယ်တင်ခြင်း မရှင်းလျှင် ခရစ်တော်လာ မည့် အရာကို စိတ်မဝင်စားချေ။ ထိုမျှသာမက ခရစ်တော် လာမည့် အရာသည် ကြောက်စရာ ဖြစ်သည်။ အကြောင်းမူကား ချီဆောင်ခြင်း၌ မပါလျှင် ဘေးဒဏ်ကြီး ကာလ၌ ဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော် ကြွလာ မည့် အရာနှင့် ကယ်တင်ခြင်း အကြောင်းကို တရားဟောဆရာများ ကသာ မက ယုံကြည်သူ တိုင်းကလည်း မိမိတို့ နီးစပ်ရာရှိလူတိုင်း ထံဝေငှ သက်သေခံသင့်သည်။ နှုတ်အားဖြင့်၎င်း၊ စာပေစာအုပ်အားဖြင့်၎င်း၊ စီဒီ၊ ဒီဗီဒီအားဖြင့်၎င်း၊ ဖုံးနှင့် အီးမဲလ်းအားဖြင့်၎င်း၊ တတ်နိင်သမျှ သက်သေခံကြစို့။ ဆုတောင်းခြင်းအားဖြင့် လူများ ကယ်တင်ခြင်း လက်ခံ သဘောပေါက်ဘို့ ပါဝင်ကြပါစို့။ 

 
နိင်ငံတော် တည်ထောင်ပါစေသော်

Moses R Cung
 

သမ္မာကျမ်းစာကို သေချာစွာ ပိုင်းခြားတတ်ဘို့ လိုသည်။ သခင်ယေရှုက၊ သင်တို့သည် ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏ တန်ခိုးတော်ကို မသိ သောကြောင့် မှားသော အယူကို ယူကြ၏။ (မ ၂၂:၂၉) ဟုဆိုခဲ့သည်။ ရှင်ပေါလုကလည်း၊ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအား ထုတ်လော့။ (၂ တိ ၂:၁၅) ဟုဆိုခဲ့သည်။ သမ္မာကျမ်းစာကို မပိုင်းခြားသောသူသည် မည်ကဲ့သို့ တူသနည်း ဟူမူကား အဝတ်အထည်များရောင်းသော ဆိုင်တွင် မိန်းမဘောင်းဘီနှင့်ယောက်ျားဘောင်းဘီများရှိသည်။ ဘယ်အရာသည် မိန်းမဘောင်ဘီ၊ ဘယ်အရာသည်ယောက်ျားဘောင်းဘီမခွဲခြားဘဲ ဘောင်းဘီမှန်သမျှကို ဝတ်လျှင် မည်ကဲ့သို့ဖြစ်မည်နည်း။ မသိသောသူများအတွက် ပြသနာ မရှိသော်လည်း သိသောသူများအတွက် ရီစရာ ဖြစ်နေပေမည်။ ထိုမျှသာမက ဝတ်သောအခါ၌လည်း အဆင်ပြေမည် မဟုတ်။ ဆေးဆိုင်တွင်လည်း ဆေးမျိုးစုံရောင်းသည်။ ဝမ်းလျှောသောသူကဝမ်းပိတ်ဆေးမသောက်ဘဲ ဝမ်းနှုတ်ဆေးသောက်ပါက မည်ကဲ့သို့ဖြစ်မည်နည်း။ ထို့နည်းတူ ကျမ်းစာ၌ ရှိသည် ဟူသောအရာ တိုင်းသည် ကျင့်သုံးဘို့ မဟုတ်။ မည်သူအတွက် မည်ကဲ့သို့ ကျင့်သုံးမည်ကို ခွဲခြားသိရှိဘို့ လိုအပ်သည်။ နိင်ငံတော်နှင့် ပတ်သက်၍လည်း အလွှဲလွှဲအချော်ချော် နားလည်ကျင့်သုံးသောသူ များစွာ ရှိသည်။ ထို့ကြောင့် ထိုအရာနှင့် ပတ်သက်၍ လေ့လာကြစို့။ 
 
ကမ္ဘာဦးမှစ၍ ပြင်ဆင် 

နိင်ငံတော် တည်ထောင်မည့် အရာသည်လည်း ဘုရားသခင်က ကမ္ဘာ ဦးအစကတည်း ကကြံစည်ထားကြောင်း ဤကဲ့သို့ တွေ့ရသည်၊ ထိုအခါ လကျ်ာတော် ဘက်၌ ရှိသော သူတို့အား မင်းကြီးက၊ ငါ့ ခမည်းတော် ထံကောင်းကြီး မင်္လာကို ခံသော သူတို့၊ က​ြာဦးကပင်သင်တို့ အဘို့ ပြင်ဆင်သော နိုင်ငံကို လာ၍ အမွေ ခံကြလော့။ ဓ (မ ၂၅:၃၄) ဟုဆိုသည်။ 

အာဗြဟံထံတွင်ဘော်ပြ

ဘုရားသခင်သည် အာဗြဟံထံတွင် သူ၏သား စဉ်မြေးဆက်၌ ရှင်ဘုရင်များပေါ်ပေါက်မည့် အကြောင်းကို ဤသို့ ဆိုထားသည်၊ ငါသည် သင့်ကို အလွန် ပွါးများစေမည်။ သင်အားဖြင့် လူ အမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုးအနွယ်၌လည်းရှင်ဘုရင် ဖြစ်ရကြလိမ့်မည်။ (က ၁ရး၆) ရှင်ဘုရင်ရှိလျှင် နိင်ငံတော် ရှိဘို့ရန် မှာအလိုလို ဖြစ်သည်။ 
 
ယာကုပ်ထံဘော်ပြ

ဘုရားသခင်သည် ယာကုပ်ထံတွင်လည်းရှင်ဘုရင်များ ပေးမည့် အကြောင်းကို ဤသို့ ပြောခဲ့သည်၊ သင်၏ အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလ ဟူ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက်၊ ဣသရေလ အမည်ဖြင့် သမုတ်တော်မူ၏။ တဖန် ဘုရားသခင်က၊ ငါသည် အနတ္တတန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ တိုးပွားများ ပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏ အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။ (က ၃၅:၁၀-၁၁) 
 
ယုဒထဲမှဘုရင်ပေါ်မည်

ယာကုပ်ကယုဒအထဲမှရှင်ဘုရင်ပေါ်မည့် အကြောင်းကို ဤသို့ ဆိုခဲ့သည်၊ အိုယုဒ၊ သင်သည် ညီအစ်ကိုတို့ ချီးမွမ်းရသောသူ ဖြစ်၏။ သင်၏ လက်သည် သင်၏ ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ် ချကြလိမ့်မည်။ ယုဒသည် ခြင်္သေ့ပျို ဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှတက်လာခဲ့၏။ ဝပ်လျက် နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း၊ ဝပ်တွား တတ်၏။ အဘယ်သူ နိုးဆော်ဝ့ံမည်နည်း။ ရှိလောမရောက်မှီတိုင်အောင်၊ ရာဇ လံှတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏ အမျိုးအနွယ်ထံမှ၎င်းမရွေ့ရ။ (က ၄၉:၈-၁၀)ဟု ယုဒကို ကောင်းကြီး ပေးခဲ့သည်။ ထို့ကြောင့် ရှင်ဘုရင်သည် ယုဒ အထဲမှပေါ်လာမည် ဖြစ်ကြောင်း သိရသည်။ 
 
 ဒါဝိဒ်ထံ၌ ဂတိပေး

 ဘုရားသခင်သည် ဒါဝိဒ်ထံတွင် မူသူ၏ သားသည် သူ၏ ရာဇပလ္လင်ပေါ်၌ အစဉ်အမြဲထိုင်မည့် အကြောင်းကို ဤသို့ ပြောထားခဲ့သည်၊ သင်သည် အသက် ကာလ စေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ ရင်သွေး၊ သင်မှဆင်း သက်သော သားကို ငါချီမြှောက်၍ သူ၏ နိုင်ငံကို တည်ထောင်မည်။ ထိုသားသည် ငါ၏ နာမအဘို့ အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပ†င်ကို အစဉ်အမြဲ ငါတည်စေမည်။ ငါသည် သူ၏အဘ ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။ (၂ရာ ရး၁၂-၁၄) 
 
ရှင်ဘုရင် မွေးဘွား


အရှေ့ပြည် မှပညာရှိများသည် ယုဒရှင်ဘုရင်ဘွားမြင်မည့် အကြောင်းကို သိ၍ ကောင်းကင်မှ ကြယ်၏ လမ်းပြမှု အတိုင်း လိုက်သွားကြကာရှင်ဘုရင်ကို ရှာဖွေ ကာ ယေရုရှလင်မြို့၌၊ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ် မှာရှိတော်မူ သနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်း ပြောဆို ကြ၏။ (မ ၂:၂) 
 
နိင်ငံတော် တည်ဘို့ ယောဟန်ကဟော

ထိုကာလ အခါဗျွှိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏။ (မ ၃:၁) နိင်ငံတော် တည်ထောင်လျှင် ရှင်ဘုရင်ရှိဘို့ လိုသည်။ ထိုရှင် ဘုရင်နှင့် ပတ်သက်၍ ဗတ္တိဇံယောဟန်က၊ သင်တို့ အလယ်၌ သင်တို့ မသိသောသူတယောက် ရှိ၏။ ထိုသူသည် ငါ့နောက်ကြလာသော်လည်း ငါ့ထက် သာ၍ကြီး မြတ်၏။ ထိုသူ၏ ​ခြေနင်းတော် ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်ဟု ပြန်ပြော၏။ (ယော ၁:၂၆-၂ရ) 
 
နာသနေလကလည်း ဤသို့ ဆိုသည် 

အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏၊ ဣသရေလ လူတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက် လေ၏၊ (ယော ၁:၄၉)။ 
 
နိင်ငံတော် တည်ဘို့ ခရစ်တော်ကဟော


ထိုအခါ မှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။ (မ ၄:၁ရ) 

ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်း စေလျက်၊ ဂါလိလဲပြည် တပြည် လုံးကို ဒေသစာရီလှည့်လည်တော်မူ၏။ (မ ၄:၂၃) အဘယ်ကြောင့်သခင် ခရစ်တော်နှင့် ဗတ္တိဇံဆရာယောဟန်တို့ ကနောင်တ ရကြလော့ဟု ဟောသနည်းဟူမူကား နိင်ငံတော် တည်ထောင်ရာတွင် နောင်တရခြင်းသည် အဓိကအချက် ဖြစ်သည်။ 
 
နိင်ငံတော် တည်ဘို့ တပည့်တော်များကဟော

ထိုတကျိတ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလ အမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ သွား စဉ်တွင်၊ ကောင်းကင် နိုင်ငံတော် တည်လုနီးပြီဟု သိတင်း ကြားပြောကြလော့။ နာသော သူတို့အား ချမ်းသာ ပေးကြလော့။ သေသော သူတို့ကို ထမြောက် စေကြလော့။ နူသော သူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ ကိုလည်း နှင်ထုတ် ကြလော့။ (မ ၁၀:၅-၈) 

အဘယ်ကြောင့်သခင်ယေရှုက တပည့်တော်များအား တပါးအမျိုးသားများဆီမသွားဘဲ ဣသရေလ အမျိုးများ ထံ၌ သာသွားခိုင်းသနည်းဟူမူကား နိင်ငံတော် တည်ထောင်ရာတွင် ဣသရေလ အမျိုးများအတွက်သာ ဖြစ်သည်။ သူတို့ ပြောရမည့် သတင်းလည်း နောင်တရကြလော့ဟူသောအရာ ဖြစ်သည်။ နိင်ငံတော် အတွင်း၌ မကျန်းမာသောသူမရှိရ၊ နတ်ဆိုးများလည်း မရှိရ။ ထို့ကြောင့် နာသော သူတို့အား ချမ်းသာ ပေးကြလော့။ သေသော သူတို့ကို ထမြောက် စေကြလော့။ နူသော သူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ ကိုလည်း နှင်ထုတ် ကြလော့ ဟုဆိုခြင်း ဖြစ်သည်။ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရားနှင့် ကွာခြားသည်။ 
 
ယောဟန်ကသံသယရှိ

ခရစ်တော် ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အ​ခြေားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက် စေ၏။ ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ကြရ၏။ ​ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသော သူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကို ကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္လာရှိ၏ဟု ပြန်ပြောတော်မူ၏။ (မ ၁၁:၂-၆) 

ဗတ္တိဇံဆရာယောဟန်သည် သခင်ယေရှု အတွက် ကြွေးကြော်ပေး သောသူ၊ ရှေ့တော် ပြေး ဖြစ်သည်။ သူ့အတွက် အလုပ်လုပ်ပေးသော်လည်း ထောင်ကျသောအခါ သခင်ယေရှုက သူ့ကို ဂရုမစိုက်၊ မကယ်တင်ဘဲ လှစ်လှုှုိ ရှုထားသည်။ ဟေရှယက ခရစ်တော် ကြွ လာသောအခါ ဘယ်အရာများ လုပ် မည်ကို ဤကဲ့သို့ ဟောထားခဲ့သည်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အ ပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက် ပေးတော်မူ ပြီ၊၊ နှလုံး​ကြေ ကွဲသော သူတို့၏ အနာကို စည်းစေခြင်း ငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်း နှင့်၊ အကျဉ်းခံလျက် ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်း ငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ၊ (ဟေရှာ ၆၁:၁)။ သခင်ယေရှုသည် ရှင်ဘုရင် ဖြစ်ပါက အကျဉ်းသား ဖြစ်သော ယောဟန်ကို ကူညီမစသင့်သည်။ ယခုမူကား လုံးဝ ဂရုမစိုက်သောအခါ သံသယ ရှိလာသည်။ ထို့ကြောင့် တပည့်နှစ်ယောက်ကို စေလွှတ်၍ မေးခိုင်းခြင်း ဖြစ်သည်။ 

သခင်ယေရှု ကယောဟန်မေးသောအရာကို သူ၏ လုပ်ဆောင်ချက် များဖြင့် ​ဖြေသည်။ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ကြရ၏။ ​ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသော သူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကို ကြားရကြ၏။ ဆိုလိုသည်မှာ သူသည် ကြွရောက်လာ မည့် ရှင်ဘုရင်ပင် ဖြစ်သည် ဟုဆိုခြင်း ဖြစ်သည်။ ထို့အပြင် ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္လာရှိ၏ဟု ပြန်ပြောတော်မူ၏။ 
 

ခါနန်အမျိုးသမီး

ယေရှုသည် ထိုအရပ်မှ ထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ခါနာန်အမျိုး ဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှ ထွက် လာ၍၊ ဒါဝိဒ်၏ သားတော် ရှင်၊ ​ကျွန်မကို သနားတော်မူပါ။ ​ကျွန်မ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကား တ ခွန်းမျှပြန်တော်မမူ။ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ ငါတို့ နောက်သို့ လိုက်၍ ဟစ်ကြော်လျက် ရှိနေ ပါသည်ဟု တောင်းလျှောက်ကြ၏။ ကိုယ်တော်ကလည်း၊ ဣသရေလ အမျိုး အဝင်ပျောက်လွင့်သော သိုးများ မှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်ဟု မိန့်တော်မူ၏။ ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ​ကျွန်မကို ကယ်မတော်မူပါသခင်ဟု လျှောက်ပါလျှင်၊ ကိုယ်တော်က၊ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြောတော်မူ၏။ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေး မည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံး စံရှိပါ၏ဟု လျှောက်ပြန်လျှင်၊ အိုမိန်းမ၊ သင်သည် ယုံကြည် အားကြီးမား လှပြီ။ သင့်အလိုရှိသည် အတိုင်း သင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန် မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။ (မ ၁၅:၂၁-၂၈) 

ခါနန်အမျိုးသမီးက ဒါဝိဒ်၏ သားတော် ဟုဆိုခြင်းသည် သခင်ယေရှုကို ရှင်ဘုရင်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ယုဒရှင်ဘုရင်လာမည်၊ လာသောအခါ နတ်ဆိုးများ နှင်ထုတ် နိင်မှာကို သူသိသည်။ 

အဘယ်ကြောင့်သခင်ယေရှု ကထိုအမျိုးသမီးကို စကား တခွန်းမျှမပြန် သနည်း။ ခရစ်တော်သည် လူမျိုးခွဲစိတ်ရှိသောကြောင့် လော။ မဟုတ်ပါ။ သူက၊ ငါ့ကို ဣသရေလ အမျိုးအဝင်ပျောက်လွင့်သော သိုးများ မှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ် ဟုဆိုသည်။ ဆိုလိုသည်မှာ ခါနန်အမျိုးသမီးအ တွက်ခွဲတမ်းမရှိ ဟုဆိုခြင်း ဖြစ်သည်။ 

ထိုသို့ ခွဲတမ်းမရှိသော်လည်း ထိုအမျိုးသမီးကဆက်တောင်းနေသောအခါ၊ ကိုယ်တော်က၊ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြောခြင်းသည် အလွန် ရိုင်းသည် မဟုတ်လော။ သူမကို ခွေးနှင့် နှိုင်းခြင်း ဖြစ်သည်။ သို့သော် ထိုအမျိုးသမီးသည် လုံးဝ မလျှော့ဘဲ တောင်းလျှောက်နေသောကြောင့် သူ အတွက် ခွဲတမ်းမရှိသော်လည်း သခင်ဘုရားကအ​ဖြေပေးလိုက်ကာ၊ အိုမိန်းမ၊ သင်သည် ယုံကြည် အားကြီးမား လှပြီ။ဟု မှတ်ချက်ချလိုက်သည်။ ဤအဖြစ် အပျက်၌ ခါနန်အမျိုးသမီး၏ ယုံကြည် အားကြီးခြင်းကိုသာ အဓိကထားတတ်ကြသည်။ သို့ရာတွင် ဤနေရာ၌ ခရစ်တော်၏ နိင်ငံတော် တည်မည့် အရာသည် ဣသရေလ အမျိုးများအတွက်သာ ဖြစ်ကြောင်းကို ပေါ်လွင်စေသည်။ 
 
လက်ဝဲရံလက်ျာရံ

ထိုအခါ ဇေဗေဒဲ၏သားတို့ အမိသည်သားတို့ နှင့်အတူ အထံတော်သို့ ချဉ်း၍ ပြပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော် ကသင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူသော်၊ ကိုယ်တော်၏ နိုင်ငံတွင် ​ကျွန်မ၌ ဤသား နှစ်ယောက်တို့သည် လကျ်ာတော် ဘက်၌ တယောက်၊ လက် ဝဲတော် ဘက်၌ တယောက် ထိုင်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန်သည်ကို သင်တို့ မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာ၎င်း၊ ငါခံသော ဗတ္တိဇံကို ခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊ အ​ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ငါ၏ ခွက်ကို သင်တို့သည် သောက်ရကြ လိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ သို့သော်လည်း ငါ၏ လက်ျာဘက်၊ လက်ဝဲဘက်မှာထိုင်ရသော အခွင့်ကို ကား အကြင် သူတို့အဘို့ အလိုငှါ ငါ့ ခမည်းတော်သည် ပြင်ဆင်၏၊ ထို သူတို့အား သာငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ (မ ၂၀:၂၀-၂၃) 

ယာကုပ်နှင့် ယောဟန်တို့၏ အမေသည် နိင်ငံရေးအမျှော်အမြင် ရှိသည်။ သခင်ယေရှုသည် နိင်ငံတော် တည်ထောင်မည်ဟု သိသောကြောင့် သူ့သားများအတွက် ရာထူးကောင်းကောင်းကို တောင်းခြင်း ဖြစ်သည်။ သခင် ခရစ်တော်က နိင်ငံတော် တည်ထောင်မည့် အရာကို မငြင်းချေ။ ထိုထက် ငါ၏ လက်ျာဘက်၊ လက်ဝဲဘက်မှာထိုင်ရသော အခွင့်ကို ကား အကြင် သူတို့အဘို့ အလိုငှါ ငါ့ခမည်း တော်သည် ပြင်ဆင်၏၊ ထို သူတို့အား သာငါပေးပိုင်သည် ဟုဆိုခြင်းဖြင့် နိင်ငံတော် တည်ထောင်မည့် အရာကို အတည်ပြုနေခြင်း ဖြစ်သည်။ 
 
လူကန်းနှစ်ယောက်

၃၀ ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရလျှင်၊ ဒါဝိဒ်၏ သားတော် အရှင်၊ အ​ကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။ ၃၁ ထို သူတို့ကို တိတ်ဆိတ်စွာ နေစေခြင်းငှာ လူအစုအဝေးတို့သည် ​ေငါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော် အရှင်၊ အ​ကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြ၏။ ၃၂ ယေရှုသည်လည်း ရပ်တော်မူလျက် ထို သူတို့ကို ခေါ်၍ သင်တို့၌ အဘယ်သို့ ပြုစေလို သနည်းဟု မေးတော်မူလျှင်၊ ၃၃ သခင်၊ အ​ကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါဟု လျှောက်ကြသော်၊ ၃၄ ယေရှုသည် သနားခြင်း စိတ်တော် ရှိ၍ သူတို့ မျက်စိကို လက်နှင့်တို့တော်မူ၏၊ ထိုခဏခြင်းတွင် ထို သူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။ (မ ၂၀:၃၀-၃၄) 

လူကန်းနှစ်ယောက်တို့ ကသခင်ယေရှုကို ဒါဝိဒ်၏ သားတော် အရှင်ဟု ခေါ်ခြင်းသည် သူ့ကို ရှင်ဘုရင် ဖြစ်ကြောင်းကို အသိအမှတ်ပြုခြင်း ဖြစ်သည်။ လူအစုအဝေးတို့ တိတ်ဆိတ်စွာ နေဘို့ ​ေငါက်ကြသော်လည်း ဒါဝိဒ်၏ သားတော် အရှင်၊ အ​ကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြခြင်းသည် သူတို့ ဘာလုပ် နေကြောင်းကို ကောင်းစွာ သိခြင်းကို ဖေါ်ပြသည်။ သခင်သည် ဘုရင် ဖြစ်၍ သူတို့၏ မျက်စိပြန်မြင်စေခြင်းငှါ လာကြောင်းကို ကောင်းစွာ သိသောကြောင့် လူများကို ဂရုမစိုက်ဘဲ သာ၍ အော်ကြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ငါတို့ ခွဲတမ်းလည်း ပါသည်။ သူ့ထံမှ ကျန်းမာခြင်းရပိုင်ခွင့်ရှိသည်။ ငါတို့အတွက် သူကြွလာခြင်း ဖြစ်သည်ဟု သိကြသည်။ ခါနန်အမျိုးသမီးကဲ့သို့ လှစ်လှုိမရှုဘဲ ယေရှုသည် သနားခြင်း စိတ်တော် ရှိ၍ သူတို့ မျက်စိကို လက်နှင့်တို့တော်မူ၏၊ ထိုခဏခြင်းတွင် ထို သူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြသည် ဟုဆိုသည်။ ထိုလူကန်းတို့သည် ခွဲ တမ်း၌ ပါသောကြောင့် သူတို့ တောင်းသောအရာကို ရရှိခြင်း ဖြစ်သည်။ 
 
ရှင်ဘုရင်အဖြစ် ဘိသိက်ခံဘို့ ကြွလာ

၁ ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်​ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ၊ ယေရှုသည် တပည့်တော် နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့ ရှေ့၌ ရှိသော ရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက် ရှိသော မြည်းမနှင့် မြည်းက လေးကို သင်တို့သည် ချက်ခြင်း တွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ငါ့ထံသို့ ဆောင် ခဲ့ကြ။ သူတပါးသည် သင်တို့အား တစုံတခုကို ဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြော ကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ခြင်း ပေးလိုက်မည်ဟု မှာထားတော်မူ၏။ ထိုအကြောင်း အရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့် ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ 

၆ တပည့်တော်တို့သည် သွား၍ အမိန့်တော် အတိုင်း ပြုသဖြင့်၊ ၇ မြည်း မနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။ ၈ အတိုင်း မသိ များစွာသော လူတို့သည် မိမိတို့ အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ ခင်းကြ၏။ ၉ ရှေ့ နောက်လိုက် သွားသော အခြံအရံများတို့ က၊ ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြလာတော်မူသောသူသည် မင်္လာရှိစေသတည်း။ ကောင်းကင် ဘဝက်ဝယ်ဟောရှ À ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။ (မ ၂၁:၁-၉) 

အထက်ပါ ခရစ်တော်၏ မြည်းကလေးစီး၍ ယေရုရှလင်မြို့သို့ ဝင်ခြင်းကို သံလွင်ခက်နေ့ (ဏ​ေူာ ှကညိပေ)ဟု သာသိတတ်ကြသည်။ အမှန်မှာ ခရစ်တော်သည် ရှင်ဘုရင်အဖြစ် သူ့ကို သူပေးအပ်ခြင်း ဖြစ်သည်။ ရှင်ဘုရင်များသည် မြို့ပြင်၌ ဘိသိက်ခံပြီး မြို့ထဲသို့ ဝင်တတ်ကြသည်။ ထို့ကြောင့် မဿဲက ဓမ္မဟောင်းကျမ်း ထဲမှ (ဇာခရိ ၉:၉) ကိုးကား၍ ရှင်ဘုရင်အဖြစ် မြည်းကလေးကို စီး၍ ကြွလာသည် ဟုဆိုသည်။ လူထု ပရိသတ်များကလည်း ဒါဝိဒ်၏ သားတော် ဟုဆိုကြခြင်းသည် ရှင်ဘုရင်အဖြစ် လက်ခံခြင်း ဖြစ်သည်။ ခရစ်တော်သည် သူ့သဘောနှင့် ကြွလာခြင်း မဟုတ်ဘဲ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသောသူ ဟုဆို ကြသည်။ ထိုသို့ လူများက သူတို့၏ ရှင်ဘုရင်အဖြစ် လက်ခံသော်လည်း ခေါင်းဆောင်များက လက်မခံသောကြောင့် အထမမြောက်ခဲ့ချေ။ 
 
ပိလတ်မင်းထံဝန်ခံ

ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည် ရှိသော်၊ မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။ (မ ၂ရး၁၁) သခင်ယေရှုသည် ပိလတ်မင်းကသင်သည် ယုဒရှင်ဘုရင်မှန်သလောဟု မေးရာတွင် အလွန် ကြောက်စရာ ကောင်းသည်။ အကြောင်းမှာ ဟုတ်ပါသည်ဟု ​ဖြေပါက ရှင်ဘုရင်ဟေရုဒ်ကို ယှဉ် ပြိုင်ရာရောက်၍ သူ့ကို အရေးယူနိင်သည်။ သို့သော် သခင်ယေရှု ကမင်းကြီး မေးသည် အတိုင်း မှန်ပါသည်ဟု ​ဖြေလိုက်ခြင်းဖြင့် သူသည် ရှင်ဘုရင် ဖြစ်ကြောင်း အတည် ပြုသည်။ 
 
လူဆိုးကြီး ကရှင်ဘုရင်အဖြစ် လက်ခံ

ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း ခံသော လူဆိုးက၊ သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသောအခါ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန် ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ (လု ၂၃:၄၂-၄၃) 

 ဣသရေလ လူများက ခရစ်တော်ကို သူတို့၏ ရှင်ဘုရင် ဖြစ်ကြောင်း ငြင်းပယ် ကာလက်ဝါးကပ်တိုင်၌ ရိုက်သတ်ထားကြသော်လည်း သူ့အနားမှာရိုက်သတ်ခြင်း ခံရသော လူဆိုးကြီး ကသခင်ယေရှုကို ရှင်ဘုရင်အဖြစ် လက်ခံကြောင်း တွေ့ရသည်။ ခရစ်တော်သည် နိင်ငံတော် တည်ထောင်ဦးမည်ဟု ယုံကြည်သည်။ ထို့ကြောင့် သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသောအခါ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါလျှောက်ရခြင်း ဖြစ်သည်။ ထိုသို့ ယုံကြည်ခြင်းကို သခင်ယေရှုကလည်း မကန့်ကွက်ဘဲ လက်ခံသည်။ သခင်ယေရှုခရစ်သည် ထိုအ ချိန်တွင် ဘုန်းအနိမ့်ဆုံး၊ မလှုပ်မရှက်နိင်ဘဲ ကား တိုင်ပေါ်တွင် မရှုမလှခံနေရသောအချိန် ဖြစ်သည်။ သို့သော် လူဆိုးကြီးက သူ့ကို ယုံကြည် အားကိုး သည်။ လူဆိုးကြီးသည် အဘယ်ကြောင့် ထိုသို့ ယုံနိင်သနည်း။ ဘုရားသခင်က ဖေါ်ပြသောကြောင့် ဖြစ်မည်။ 
 
ယုဒရှင်ဘုရင်ဟု ကဗည်းထိုး

အပြစ် ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ယေရှု ပေတည်းဟု ရေး၍ ခေါင်းတော် ပေါ်မှာ တပ်သတည်း။ (မ ၂ရး၃ရ) ပိလတ်မင်းကယုဒရှင်ဘုရင်ဟု ရေးထားသည်။ သရော်ခြင်းဖြင့် ရေးထားသော်လည်း အမှန်ပင် ခရစ်တော်သည် ရှင်ဘုရင် ဖြစ်သည်။ 
  
တမန်တော်များကထပ်မံမေး

ထို တမန်တော်တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံကို ပြန်ပေးတော်မူ မည်လောဟု မေးလျှောက်ကြလျှင်၊ သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန် ကာလကို သိရသော အခွင့်သည် သင်တို့၌ မရှိ။ ဟုဆိုခဲ့သည် (တ ၁:၆ -၇)။ 

တမန်တော်များသည် သခင်ယေရှု ကောင်းကင်နိင်ငံတော် တက်ခါနီးတွင် နိင်ငံတော် တည်မည့် အကြောင်းကို ပြန်မေးသည်။ သခင်ယေရှုက သူ့ကို သတ်ပြီး ပြီ ဖြစ်သောကြောင့် နိင်ငံတော် တည်မည့် အရာမရှိတော့ပါဟု မပြောချေ။ သို့သော် ခမည့်တော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန် ကာလကို သိရသော အခွင့်သည် သင်တို့၌ မရှိ ဟုဆိုခြင်းဖြင့် နိင်ငံတော် တည်ထောင်ဦးမည်ဟူသောအရာကို အတည်ပြုသည်။ 
 
လူမျိုးတကာထံသို့ ကျေးဇူးတော် ဧဝံဂေလိ ဟောခိုင်း

သခင်ယေရှုက တပည့်တော်များထံကောင်းကင်သို့ မတက်မှီသံလွင်တောင် ပေါ်၌ ဤသို့ နောက်ဆုံးစကား မှာခဲ့သည်၊ ထိုသို့ မရှိသော်လည်း၊ သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ (တ ၁:၈) 

ယနေ့ ယုံကြည်သူများဟောသော တရားသည် နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရား မဟုတ်ဘဲ ရှင်ပေါလုပြောသကဲ့သို့ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရား ဖြစ်သည် (တ ၂၀:၂၄)။ နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည် နောင်တရခြင်းနှင့် စပ်ဆိုင်၍ နိင်ငံတော် ထဲ၌ ဝင်နိင်ဘို့ရန် ဖြစ်သည်။ ကျေးဇူး တော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည် နိင်ငံတော် ထဲဝင်ဘို့ မဟုတ်ဘဲ ချီ ဆောင်ခြင်း၌ ပါဝင်ဘို့ ဖြစ်၍ နောင်တရခြင်းအားဖြင့် မဟုတ်ဘဲ ခရစ်တော်၏ ကယ် တင်ခြင်း ကျေးဇူးတော်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သည်။ နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရား၌ ကိုယ်ခန္ဓာကျန်းမာခြင်းသည် အဓိက ဖြစ်သည်။ လူတိုင်း ကျန်းမာရမည်။ သို့သော် ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရား၌ ဝိညာဉ် ကယ်တင်ခြင်းသည် အဓိက ဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာခြင်းသည် ယုံကြည်ခြင်း၏ အသီးအ ပွင့် ဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတာ်နှင့် စပ်ဆိုင်သော တရားကို ဟောသောအခါ နိင်ငံတော်နှင့် ယှဉ်သော တရားနှင့် ရောနှော၍ မရချေ။ 
 
နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိ ပြန်ဟောမည်

လူမျိုး အပေါင်းတို့အား သက်သေ ဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။သို့ ပြီးမှအဆုံးသည် ဖြစ်လတံ့။ (မ ၂၄:၁၄) ဤနိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည် အစ၌ ဗတ္တိဇံယောဟန်၊ သခင်ယေရှုခရစ်နှင့် တပည့်တော်များကဟောခဲ့သည်။ သို့သော် ဣသရေလ လူများက သူတို့ ရှင်ဘုရင်ကို လက်မခံဘဲ သတ်လိုက် သောကြောင့် နိင်ငံတော်သည် ရွေ့ သွား၍ ကျေးဇူးတော် ကာလ သို့မဟုတ် အသင်းတော် ခေတ်ရောက်လာ၍ နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားမဟောတော့ဘဲ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောကြသည်။ ဘေးဒဏ်ကြီး ကာလတွင် နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကိုလောကီနိင်ငံအရပ်ရပ်သို့ ဟောရလိမ့်မည်။ ထိုတရားကို ဗျာဒိတ်ရထဲမှတံဆိပ်ခတ်ထားသော ဣသရေလ လူမျိုး တသိန်းလေးသောင်းလေးထောင်တို့ ကဟောမည်ဟု ယူဆကြသည်။ အကြောင်းမူကား သူတို့ကို တံဆိပ်ခတ်ခြင်း အပြီး၌ အတိုင်း မသိ များစွာသော လူများ ကယ်တင်ခြင်းသို့ ရောက်ကြောင်းကို ဖေါ်ပြသည်။ ထို့ကြောင့် ထိုတရားသည် ယခုကာလ၌ ဟောသော ကျေးဇူးတရားနှင့် မရောနှောသင့်ချေ။ 
 
နိင်ငံတော် တည်ထောင်ပါစေသော 

ကောင်းကင်ဘုံ၌ ရှိတော်မူသော အ​ကျွန်ုပ်တို့ အဘ၊ ကိုယ်တော်၏ နာမတော် အားရိုသေလေးမြတ်ခြင်းရှိပါစေသော။ ၁၀ နိုင်ငံတော် တည်ထောင်ပါ စေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံ သကဲ့သို့ မြေကြီးပေါ်မှ ာ ပြည့် စုံပါစေသော။ ၁၁ အသက် မွေးလောက်သော အစာကို အ​ကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။ ၁၂ သူတပါးသည် အ​ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အ​ကျွန်ုပ်တို့သည် လွှတ် သကဲ့သို့ အ​ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ။ ၁၃ အပြစ် သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာ မှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် က​ြာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင် (မ ၆:၉-၁၃) 

ဤပဌနာတော်ကို ခရစ်ယာန်များကတောင်းလျှောက်လေ့ရှိ ကြသည်။ နိင်ငံတော် တည်ထောင်ပါစေသော်ဟု တောင်းလျှောက်ကြသော်လည်း ဘုရားသခင်သည် နိင်ငံတော် မတည်ထောင်သည်သာမက ကမ္ဘာ့ အ​ခြေအနေသည် ပို၍ ပို၍ ဆိုးသွမ်းလာသည်။ သို့သော် ခရစ်ယာန်များမိမိတို့ တောင်းသောအရာကို မဆင်ခြင်သောကြောင့် သတိမထားကြ။ ဆက်၍ တောင်း နေကြဆဲ ဖြစ်သည်။ သူတို့သည် မည်မျှပင်တောင်းလျှောက်သော်လည်း နိင်ငံတော်သည် တည် ထောင်ဦးမည် မဟုတ်။ အထက်ပါ ဆုတောင်း ချက်ကို ဘေးဒဏ်ကြီး ကာလ၌ တောင်းလျှောက်ကြမည် ဖြစ်သည်။ သူတို့ တောင်းလျှောက် သကဲ့ ခရစ်တော် ဒုတိယ အကြိမ်ရှင်ဘုရင်အဖြစ် ကြွ လာသောအခါ နိင်ငံတော်ကို တည်ထောင်မည် ဖြစ်သည်။ 

အဘယ်ကြောင့်စစ်မှန်သော ငြီမ်သက်ခြင်းကို မရရှိသနည်း
ဆရာနော်ဂျာ

ယနေ့ မြောက် များစွာသောသူများသည် စစ်မှန်ပျော်ရွျင်သော ငြိမ်သက်ခြင်းကို မရရှိဘအသက်တာ၌ စိတ်ပျက်လက်ပျက် ဖြစ်ခြင်း၊ အမြဲညည်းတွားခြင်း၊ ​ခြောက်ကပ်ခြင်း၊ ဝန်လေးပင်ပန်းခြင်း များနှင့် တွေ့ကြုံနေရခြင်းသည် အဘက်ကြောင့် ဖြစ်သနည်းဟူမူကား၊ (၁) ငြိမ်သက်ခြင်း၏ အရှင် ဖြစ်သော ခရစ်တော်ကို မရရှိသောကြောင့် ဖြစ်သည်။ (၂) ငြိမ်သက်ခြင်း၏ အရှင် ဖြစ်သော ခရစ်တော်ကို ရရှိထားသော ယုံကြည်သူများဖြစ်သော်လည်း ခရစ်တော်ကို အုပ်စိုးခွင့် မပေးသောကြောင့် ဖြစ်သည်။ 

မယုံကြည်သောသူများသည် ငြိမ်သက်ခြင်းကို မရရှိခြင်းမှ ာလက်တွေ့ကျသောအရာ ဖြစ်သော်လည်း၊ ယုံကြည်သူများကစစ်မှန်သော ယုံကြည်ခြင်းကို မရရှိခြင်းမှ ာလက်တွေ့မကျသောအရာ ဖြစ်သည်။ ထိုကဲ့သို့ဖြစ်ရခြင်း အကြောင်းရင်း များစွာရှိသည်။၎င်းတို့မှာ၊ 
 
၁။ နှုတ်ကပတ်တောင်၌ ရပ်တည်ခြင်း မရှိသောကြောင့် 

ယုံကြည်သူများသည် ငြိမ်သက်ခြင်း၏ အရှင် ခရစ်တော်ကို ရရှိထားသောသူများ ဖြစ်သည်ကို အောက် ဖေါ်ပြပါက ျမ်းချက်များအားဖြင့် သိနိင်သည်။ “ငြိမ်သက် 
ခြင်းကို သင်တို့၌ ငါထားခဲ့၏၊ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လော ကီသားတို့ အားပေးသကဲ့သို့ ငါပေးသည် မဟုတ်၊ သင်တို့၏ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှူပ်ခြင်း မရှိစေနှင့်” (ယော ၁၄:၂၇) “သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ၊ သင်တို့သည်လောက၌ ဆင်းရဲ ဒုQကို ခံရကြလိမ့်မည်၊ သို့သော်လည်း မစိုးရိမ် ကြနှင့်၊ ငါသည် ဤလောကကို အောင်မြင် ပြီဟု မိန့်တော်မူ၏။” (ယော ၁၆:၃၃) ဟူ၍ နှုတ်ကပတ်တော်အားဖြင့် ဖေါ်ပြထားသော်လည်း လောကီပူပန်ခြင်း စိုးရိမ်ခြင်း ဖြစ်နေရသည်မှာ နှုတ်ကပတ်တော်၌ မရပ်တည်သောကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ် တော် ရေပေါ်၌ လမ်း လျှောက်သည်ကို မြင်၍ ယေရှုထံသို့ သွားရန်အခွင့်တောင်းသောအခါ ယေရှုက “လာခဲ့လော့” ဟူသော အမိန့်တော် ပေါ်ရပ်တည်၍ လက်တွေ့ကျင့်သုံးသောအခါ ရေပေါ်လမ်းလျှောက်နိင်သော်လည်း ယေရှုခရစ် တော်ကို မကြည့်ဘဲ နှုတ်ကပတ်တော် အပေါ်၌ ယုံကြည်ခြင်းဖြင့် မရပ်တည်တော့ဘဲ ဘေးပတ်ဝန်းကျင်အ​ခြေ အနေများကို ကြည့်၍ စိုးရိမ် ကြောက်လန့်စိတ်ဝင်သွားသောကြောင့် ရေထဲနှစ် မွန်းသွားသည်ကို တွေ့ရသည် (မ၊ ၁၄:၂၈-၃၀)။ 

ထိုနည်းတူ ကျွန်ပ်နေ့စဉ် အသက်တာကို လျှောက်လှမ်းရာ၌ ငြမ်သက်ခြင်း ဖြစ်သော နှုတ်ကပတ်တော် အပေါ်၌ ယုံကြည်ခြင်းဖြင့် ရပ်တည်မှု မရှိဘဲ ဘေးပတ်ဝန်းကျင်အ​ခြေအနေကို ကြည့်၍ သာအသက်ရှင်ပါက ငြိမ်သက်မှုများပျောက်ဆုံး၍ လောကီရေးရာ စိုးရိမ် မှုများဖြင့် သာပူပန်နေရမည် ဖြစ်သည်။ 
 
၂။ ကျမ်းစာ မဖတ်သောကြောင့် 

ယနေ့ များစွာသော ယုံကြည်သူများသည် ငြိမ်သက်ခြင်းကို ဖြစ်စေသော နှုတ်ကပတ်ကျမ်းစာကို မဖတ်ချင် တော့ဘဲလောကီမှု ရေးရာများ၌ သာအချိန် ကုန် လွန်စေသောကြောင့် ငြိမ်သက်ခြင်း မရှိ၊ ကျမ်းစာ ကိုလည်း မဖတ်ချင်၊ ဖတ်လျှင်လည်း နားမလည် သောကြောင့် မဖတ်ချင်၊ နားလည်နိင်ရန်လာလိုစိတ်လည်း မရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် နှုတ်ကပတ်တော်ကို နားထောင်သောအခါ၌လည်း ကောင်းသော မြေပေါ်၌ ကျသော မိျုးစေ့ကဲ့သို့ မခံယူသောကြောင့်လည်း ဖြစ်သည်။ ထိုကဲ့သို့ အသက်မရှင်ဘဲ နှုတ်ကပတ်တရားတော်ကို နှစ်သက်စွာ ဖတ်ရှုလေ့လာ ခြင်း၊ နားထောင်ခြင်းအားဖြင့် ကြီးစွာသော ငြိမ်သက်ခြင်းကို ရရှိသော ယုံကြည်သူများအဖြစ်အသက်ရှင်ရန်လိုအပ်သည်။ “လက်ရဥဏာများကို တွေ့ သကဲ့သို့ ဗျာ ဒိတ်တော် စကားကြောင့် အကျွန်ပ်ဝမ်းမြောက် ပါ၏။ မုသာစကားကို ကြားပြင်းရွံ ရှာပါ၏။ တရားတော်ကို နှစ်သက်ပါ၏။ ​ဖြောင့်မတ်စွာ စီရင်တော်မူ ချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနှစ်ကြိမ်ချီးမွမ်းပါ၏။ တရားတော် နှစ်သက်သော သူတို့၌ ကြီးစွာသော ငြိမ်သက်ခြင်းရှိပါ၏။ သူတို့ စိတ်ပျက်စရာ အကြောင်း မရှိပါ” 
 (ဆာလံ၊ ၁၁၉:၁၆၂-၁၆၅)။ 
 
၃။ ဆုမတောင်းသောကြောင့် 

စစ်မှန်သော ငြိမ်သက်ခြင်းကို ဘုရားသခင် သာလျှင် ပေးနိင်သည်။ ရွှေ၊ ငွေ၊ စသည့်လောကီပစ္စည်းများနှင့် မပေးနိင်ချေ။ ထိုကဲ့သို့ ပေးနိင်သော ဘုရား သခင်ကို နေ့စဉ် အသက်တာအတွက် ဆုတောင်းရန်လိုအပ်သည်။ ထာဝရဘုရား သခင်၏ ကောင်းချီးပေးခြင်း ခံရမှသာလျှင်ဝမ်းမြောက် ပျော်ရွှင်နိင်မည် ဖြစ်သောကြောင့် ခရစ်တော်၏ နာမတော်ကို အမှီပြု၍ ဆုတောင်းရန် (ရှင်ယောဟန် ၁၆:၂၃)တွင် ဖေါ်ပြထားသည်။ “ငါအမှန်အကန်ဆိုသည်ကား သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်း သမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။ ယ ခုတိုင်အောင် ငါ၏ နာမကို အမှီပြု၍ အဘယ်ဆုကိုမျှ မတောင်းကြသေး၊ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့၊ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။” 
 
၄။ မချီးမွမ်းသောကြောင့် 

ဘုရားသခင်၏ သားသမီး များသည် ဘုရားသခင်၏ ကျေးဇူးတော်ကို အမြဲ ချီးမွမ်းခြင်း အားဖြင့်လည်း ငြိမ်သက်ဝမ်းမြောက်ခြင်းကို ခံစား နိင်သည်။ ဘုရားသခင်သည် ချီးမွမ်းခြင်းကို နှစ်သက်သော ဘုရား ဖြစ်သည်ကို သမ္မာကျမ်းစာ၌ ဖေါ်ပြထားသည်။ “ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။ ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက်မင်္လာရှိစေသတည်း။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်းဖွယ်ခြစ်၏” (ဆာလံ ၁၁၃:၁-၃) ဟူ၍၎င်း၊ (ဖိလိပိ` ၄:၆-၇)၌လည်း ဤသို့ ဖေါ်ပြထားသည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာ ပြုသော အားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍ မမီနိင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့် မလိမ့်မည်။” 

ထို့ကြောင့် ယုံကြည်သူများသည် မချီးမွမ်းဘဲ ညီးတွားခြင်းဖြင့် သာအသက်ရှင်တတ်သောလောကသား ကဲ့သို့ အသက်မရှင်ဘဲ နေထွက်မှနေဝင်တိုင်အောင် ချီးမွမ်းဖွမ် ဖြစ်သော ထာဝရဘုရား၏ ပြုတော် မှုသော ကျေးဇူးတော်ကို အောက်မြေ့ သတိရ၍ နေ့စဉ် အသက်တာ၌ ချီးမွမ်းခြင်းဖြင့် အသက်ရှင်မှသာလျှင်အဘယ်သူမျှ ကြံစည်၍ မမှီနိင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းကို လက်ခံရရှိမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ချီးမွမ်းကြပါစို့။ 
 
၅။ အပြစ် ဝန်ချခြင်း မရှိသောကြောင့် 

လူသည် သူတပါး မသိစေလိုသော အပြစ်များကို ဝှက်ထားပြီဆိုလျှင် ဘယ် တော့မှစစ်မှန်သော ငြိမ်သက်ခြင်းရမည် မဟုတ်သောကြောင့် အပြစ် ဝန်ချခြင်းရှိရန် လိုအပ်သည်ကို ဆာလံဆရာ၏ ဘဝကို ကြည့်ခြင်းအားဖြင့် သိနိင်သည်။ “ငါသည် အပြစ်ကို မဖေါ်ပြဘဲ နေစဉ်အခါ၊ တစ်နေ့လုံးညည်းတွားသော အားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်၏။ နေ့ညဉ့်မပြတ် ကိုယ်တော်၏ လက်သည် အကျွန်ပ်အပေါ်မှာ လေး၍ အကျွန်ပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့​ခြောက်ခြင်း ကဲ့သို့ဖြစ်ပါ၏။ တဖန် အကျွန်ပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်တို့ကို ဝှက်၍ မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖေါ်ပြ တောင်းပန်ပါမည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ပ်ပြစ်မှားခြင်း အပြစ်ကို လွှတ်တော်မူ၏။” (ဆာလံ ၃၂:၃-၅) 

ထို့အပြင် ဒေသနာကျမ်း (၂၈:၁၃) တွင်လည်း “မိမိ အပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာ ရာမရ၊ မိမိအပြစ်ကို ဖေါ်ပြဝန်ချ၍ စွန့်ပစ်သောသူ မည်သည်ကား၊ ဂရုဏာတော်ကို ခံရလိမ့်မည်” ဟုဆိုထားသည်။ ထို့ကြောင့် မိတ်ဆွေ၏ ဤသက် တာ၌လည်း ဘုရားသခင် မကြိုက်မနှစ်သက်သော အပြစ် ဒုစရိုက်များရှိပါက ဘုရားသခင်၌ မိမိအပြစ်များကို ဖေါ်ပြဝန်ချ၍ စွန့်ပစ်ပါက ဘုရားသခင်၏ ဂရုဏာတော်ကို ခံရမည် ဖြစ်သည်။ ဘုရားသခင် မယုံကြည်ခြင်း အပြစ် မှလွှဲ၍ မည်သည့် အပြစ်ကို မဆို ခရစ်တော် အသွေးတော်အားဖြင့် ဆေးကြော​ဖြေလွတ်ပေးနိင်သည်ကို စိတ်ချရန် (၁ ယော ၁:၇-၉) တွင်လည်း ဤသို့ ဖေါ်ပြထားသည်။ “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ သင်တို့၏ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သဏာတရားမရှိ၊ ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင် ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းရှင်းစေခြင်းငှါ ဘုရားသခင်သည် သဏာတရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏၊ ” 

သို့ဖြစ်ပါ၍ ဘုရားသခင်ထံမှ စစ်မှန်သော ငြိမ်သက်ခြင်းကို ရရှိလိုသော စာရူသူမိတ်ဆွေများအနေဖြင့် အထက်ပါ ဖေါ်ပြခဲ့သော ဘုရားသခင်၏ နှုတ်ကပတ် အပေါ်၌ ယုံကြည်ခြင်းဖြင့် ရပ်တည်ခြင်း၊ သမ္မာကျမ်းစာဖတ်ရှုလေ့လာ ဆင်ခြင်နှလုံး သွင်းလိုကါလျှောက်ခြင်း၊ ဆုတောင်းခြင်း၊ နေ့စဉ် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် မိမိဒုစရိုက် အပြစ်များကို ဝန်ချခြင်း စသည့်အရာများကို လိုက် လျှောက်လုပ်ဆောင်ပါက အဘယ်သူမျှ မပေးနိင်သော ကြီးစွာသော ငြိမ်သက် ချမ်းသာခြင်းကို ဘုရားသခင် ပြင်ဆင် ပေးမည် ဖြစ်သည်။ 
စာရှုသူအယောက်၌ ဘုရားသခင်၏ ငြိမ်သက်ခြင်း အုပ်စိုးခြင်းရှိပါစေ။ 
 


သက်သေခံချက်

Omki Luri (Indianapolis)

ကျနော်တနေ့လူတယောက် ရဲ့ တရားဟောချက်မှာအရမ်းခွန် အားရပါတယ်။ သူဟောချက်ကဘာလဲဆိုတော့၊ ပြသနာ ပေါ်မှာ ကျင်လည်ဘို့ ဆိုတဲ့ အရာ ဖြစ်ပါတယ်။ ကျနော့ဘဝဟာအမြဲတမ်း ပြသနာ နဲ့နပန်းလုံးနေခဲ့ပါတယ်။ ဒါဟာ ပြသနာအပေါ်မှာ မကျင်လည်ဘဲ ပြသနာ အထဲမှာကျင်လည်လို့ ဖြစ်ပါ တယ်။ 

ဥပမာ၊ ဒီဘက်ကမ်းကနေဟု ိဘက်ကမ်းသွားဘို့ရန် အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ချောင်းရေကရေစီးအရမ်းသန်တော့မသွားနိင်ဘူး။ ရေစီးသန်တာကို သိရက်သား နဲ့ဖြတ်သွားလို့ရှိရင် တခုခု ဖြစ်နိင်တယ်။ ဒါပေမဲ့ဟု ိဘက်ကမ်းရောက်နိင်ဘို့ရန် ကြိုးတံတားစီစဉ်ပြီး အဲဒီကြိုးတံတားပေါ်ကနေဖြတ်သွား လို့ရှိရင်အရမ်းရေစီးသန်တဲ့ဟာကို တံတားပေါ်က နေကြည့်ပြီး ဟိုဘက်ကမ်း ကိုလည်း ချော မောစွာ ရောက်သွားနိင်ပါတယ်။ 

ဒါကြောင့် သမ္မာတရား သိပြီး နောက် ပြသနာ ဘယ်လောက်နဲ့ဘဲ နပန်း လုံးလုံး၊ ဘုရားသခင် အလိုတော် မလိုက်နိင်၊ တရားမဟောနိင်ရင်လဲဘုရားသခင်ကအဆင်ပြေစေနိင်ပါတယ်။ အဲဒီလို ဘုရားသခင်က ကူညီကယ်မတာ ကျေးဇူးတော် သက်သက်ပါဘဲ။ ဒါကို ဘုရားသခင် ဘုန်းတော် ထင်ရှားဘို့ သက်သေခံသင့်တယ်။ ဘုရားသခင် အယောက်တိုင်း ကောင်းကြီး ပေးပါစေ။ 
 
မြန်မာပြည် ခရီး စဉ်
Moses R Cung


ဩဂုတ်လ ၅ ရက်နေ့တွင် ကျနော်၊ မိန်းမ၊ သားကြီး ယေရမိနှင့်တကွ ဆရာယောရှုတို့ ဟာ မြန်မာပြည်သို့ ခရီး နှင်ခဲ့ကြပါတယ်။ ကျနော့မှာ မြန်မာပြည် သွားဘို့ အစီအစဉ်မရှိတော့ဘူး။ ၂၀၁၀ ခုနှစ်ဟာနောက်ဆုံး ဖြစ်တယ်လို့ကျေ ညာထားခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က သွားခိုင်းတဲ့အခါမသွားလို့မရဘူး။ ဒီလို နဲ့သွားတဲ့အခါ ကြိုတင် ပြင်ဆင်မှု မရှိခဲ့့ဘူး။ ဆရာယောရှုနဲ့လဲတိုင်ပင်တာတွေ သိပ်မရှိဘူး။ ဩဂုတ်လဆိုတာ မြန်မာပြည် သွားဘို့ လဲမကောင်းဘူး။ လေယဉ် ခလဲစျေးအကြီး ဆုံးအချိန်၊ မြန်မာပြည် မှာလဲမိုးတွင်း ဆိုတော့သိပ်သွားလာလို့မ ကောင်းဘူး။ အိုက်လဲအိုက်မယ်။ 

ခရီး စဉ်တလျှောက်လုံးကို ဘုရားရှင်လက်ထဲမှာဘဲ အပ်ထားလိုက်တယ်။ ဘုရားသခင်က ဘာတွေလုပ်မလဲ၊ ဘယ်လို ပြသနာ ​ ဖြေရှင်း မလဲ၊ ဘာတွေလုပ်ခိုင်း မလဲဆိုပြီး စိတ်လက်ပေါ့ပါးစွာ နဲ့သွားခဲ့ရတယ်။ ဘန်ကောက်လေဆိပ်မှာတည လုံးနားတဲ့အခါမှဘဲ ဆရာယောရှုနဲ့တိုင်ပင် ဖြစ်တယ်။ သူကသတင်းကောင်း နှစ်ခြင်း အသင်းတော် ကဆရာဆရာမများကို သင်တန်းပေးချင် တယ်။ ကျနော်ကဂိုဏ်း ဂဏမရွေးဘဲ ချီဆောင်ခြင်း အကြောင်း ပြောလိုတယ်။ ဒါဆိုရင်ရန်ကုန်နဲ့ကလေးမြို့ တာဟန်းရပ်ကွပ်မှာ ပြုလုပ် ကြရအောင် လို့ဆွဲကြတယ်။ ရန်ကုန်ရောက်တဲ့အခါ အဓိက ရည်ရွယ်ချက် ဖြစ်တဲ့သတင်းကောင်း နှစ်ခြင်း အသင်းတော် ပိုင်ကျမ်းစာ ကျောင်း ပြသနာကို မြန်မာပြည် သတင်းကောင်း နှစ်ခြင်း အသင်းချုပ်လူကြီးများနဲ့ ဆွေးနွေး ဖြစ်ကြတယ်။ အဲဒီ ပြသနာကြောင့် အသင်းတော်များပင်လျှင် အစိပ်စိပ် အမွှာမွှာကွဲကုန်နိင်တဲ့အထိ အ​ခြေအနေကဆိုးတယ်။ အခြားဂိုဏ်းဂနတွေကလဲ သတင်းကောင်း နှစ်ခြင်း အသင်းတော် ကတော့ကွဲကုန်တော့မှာဘဲ လို့ မျှော်လင့် စောင့်စား နေကြတယ်။ ဒါပေမဲ့ဘုရားရှင်ကအကောင်းဆုံး​ ဖြေရှင်း ပေးလိုက်လို့ ဘာမှ ပြသနာ မရှိဘဲ အသင်းတော်လည်း မကွဲသည်သာမက ပိုပြီး အားရှိလာတယ်။ ကျနော်ဘုရား လက်တော်ကိုဘဲ မျှော်လင့်တဲ့အခါဘုရားရှင်ကအကောင်းဆုံးလုပ် သွားတာတွေ့ရတယ်။ ဘုရား အားကိုး တာလူကစိတ်ပူစရာ မလိုဘူး။ 

ကျမ်းစာ ကျောင်း ပြသနာ ဘုရားက​ ဖြေရှင်းပြီး တဲ့ နောက်မှာကလေးမြို့သို့ လေယဉ်နဲ့သွားကြတယ်။ ဆရာယောရှုကသူမှာထားတဲ့အတိုင်း အသင်းတော် ကဆရာဆရာမနဲ့ အသင်းတော် လူကြီး အနည်းငယ်အပါအဝင် လူပေါင်း၁၁၀လောက်ကို နေ့တိုင်း အသင်းတော် တိုးတက်ရေးအကြောင်ကို သင်ပေးတယ်။ ကျ နော်ကတော့ညတိုင်း သင်ပေးမဲ့ ချီဆောင်ခြင်း နဲ့ ခရစ်တော် ဒုတိယအကြိမ် ကြ လာမဲ့အကြောင်း တွေကို ကွန်ပြူတာထဲမှာရေးနေတယ်။ ရန်ကုန်ရောက်မှစစီ စဉ်တော့အဲသလိုရေးဘို့ လိုလာတယ်။ ပရော်ဂျက်တာကို လဲရန်ကုန်မြို့ပန်းဆိုး တန်းလမ်းမှာဘဲ နောက်ဆုံးနေ့ အသင်းတော်မှာ တရားဟောအပြီးမှဘဲ အနီး ဆုံးဆိုင်မှာဝယ်လိုက်တယ်။ 

ကလေးမြို့တာဟန်ရပ်ကွက်စျေးအနားမှာ အသင်းတော် အဆောက် အဦးတလုံးကို အခမဲ့နဲ့ငါှးခွင့်ရလိုက်တယ်။ လူ၅၀၀ ခန့်ဆန့်တယ်။ ဗုဒဝဟူး ညကနေစလိုက်တယ်။ လူကစတဲ့ညမှာ ၄၀၀လောက်ဘဲ လာတယ်။ နောက် ပိုင်းမှာတော့ ၅၀၀ ကျော် ၆၀၀လောက်လာကြတယ်။ ညတိုင်း သင်တန်းမ စခင်မှာကမ္ဘာ့ အဖြစ်အပျက်တွေကို ဗီဒယိုပြတဲ့အခါ အစမှာ ညရး၃၀ စမဲ့အ ရာဟာတဖြည်းဖြည်းစောလာပြီး လူတွေဟာည ၆:၃၀လောက်ဆိုရင်ရောက် နေကြပြီ။ ဗိီဒယိုကို နာရီ ဝက်လောက်ပြပြီးရနာရီ ကနေ ၉ နာရီ အထိ ခရစ်တော် ကြလာတော့မဲ့အကြောင်းကို ဟောပြောတဲ့အခါအရမ်း နားထောင်ချင် ကြတယ်။ လူလဲများ လွန်းလို့ဘုရားကျောင်းထဲမှာမဆန့်တော့ဘဲ ဘုရားကျောင်း အောက်ထပ်မှာတီဗီနဲ့ရဝလောက်ကကြည့်ကြတယ်။ အတော် အိုက်ပေမယ် လို့စိတ်ဝင်စားစွာ နားထောင် ကြတယ်။ ချီဆောင်ခြင်း စာအုပ်နဲ့ ကယ်တင်ခြင်း၊ ယဇ်ပူဇော်ခြင်း စာအုပ်တွေ၊ နောက် Uအကဘန ထဲကနေကျနော်ဟောခဲ့တဲ့ီဠီ တွေကို လဲရောင်းချတဲ့အခါခဏလေးနဲ့ကုန်သွားတယ်။ နောက်ဆုံးည တော့တနင်္လာနေ့မှာတောင်ဖီလာအေဂျီ အသင်းတော်မှာ ပြုလုပ် ရတယ်။ လူကအရင်ညတွေထက်များလာတယ်။ သင်းတန်းလာရောက်တဲ့လူတွေဟာအ နယ်နယ်အရပ်ရပ်က ဖြစ်တယ်။ ချင်းပြည်နယ်မတူပီမြို့၊ ဖလမ်းမြို့နယ်၊ ဟားခါး မြို့နယ်၊ တီတိန်မြို့နယ်၊ အိနိ​ြယပြည် မီဇိုးရမ်းပြည်နယ်၊ နယူဒေလီကလာကြ တယ်။ ရောက်လာတဲ့လူတိုင်း နောင်တ မရဘဲ အားရကြတယ်။ နောက်တခေါက် လာရင်ဘုရားကျောင်းမှာမလုပ်တော့ဘဲ ကွင်းပြင်မှာလူတိုင်း ကြည့်ရှု နားထောင် နိင်ဘို့ ရည်ရွယ်ထားပါတယ်။ ဘာကြောင့်လဲ့ဆိုတော့ဘုရားကျောင်းထဲမှာဆိုရင် နေရာမရလိုပြန်သွားတဲ့လူတွေရှိတယ်။ 

ကလေးမြို့ကနေဆရာယောရှုကဂန့်ဂေါမြို့ကို ရန်ကုန်ကဆရာလိန်း မနားခေါ်ပြီး သင်တန်း တပတ်ပေးကြတယ်။ အဲဒီအချိန် မှာကျနော်တို့ မိသားစုက တော့မန္တလေးသွားပြီး ည၉ နာရီမှ ၁၁ နာရီ အထိ ချီဆောင်ခြင်း အကြောင်း ပြောပြလိုက်ရပါတယ်။ လူ၂၀လောက် ဖြစ်ပေမဲ့အရမ်း နားထောင်ချင် ကြတယ်။ နောက်တနေ့မြစ်ကြီး နားသွားကြတယ်။ သတင်းကောင်း နှစ်ခြင်း အသင်းတော်က သေးသေးလေးဆိုတော့လူများ မယ် မထင်ဘူး။ ဒါပေမဲ့နှစ်ညနဲ့တနေကုန်သင်ပေး တဲ့အခါလူပေါင်း၂၀၀ ကျော်လာတာကို အံ့ဩစွာ တွေ့ရတယ်။ တချို့ဆိုကျောင်း နဲ့အလုပ်ကနေခွင့်ယူပြီး နားထောင် ကြတယ်။ နောက်တခေါက်လာဘို့ လဲအတန် တန်မှာထားကြတယ်။ မြစ်ကြီး နားကို အမှုတော် မဆောင်ခင် ၁၉ရ ၅ ခုနှစ်မှာ တခေါက်ဘဲ ရောက်ဘူးတယ်။ နယ်ခံလူတွေကဒီဗီဒီထဲကနေကျနော့ကို မြင်ဘူး ကြတော့လူတော်တော်များများ ကမစိမ်းတော့ဘူး။ သူတို့ တွေ့နေကျဆရာလို ဖြစ်သွားတယ်။ 

မြစ်ကြီး နားကနေလေယဉ်နဲ့ပြန်လည်ထွက်ခွာပြီး မန္တလေးလေဆိပ်က နေတိုက်ရိုက်မေမြို့သို့ ထွက်ခွါသွားကြတယ်။ မေမြို့ အသင်းတော် ကအရမ်းသ နားစရာ ကောင်းတယ်။ သူတို့ အသုံးပြုခဲ့တဲ့ဘုရားကျောင်းကို အခြားသောသူများက သိမ်းပိုက် သွားပြီး အခုကိုယ်ပိုင်ဘုရားကျောင်းအဆောက်အဦးကို အလျှင်အမြန် ဆောက် နေကြတယ်။ အဲဒီဘုရားကျောင်းဆောက်တာကို ကြည့်ပြီး ဆိုင် မှာထမင်းစားပြီး တာနဲ့ ယုံကြည်သူ တဦးရဲ့အိမ်နောက်ဖီးဝင်းထဲမှာအမိုးလုပ်ပြီး ဘုရားရှိခိုကျောင်းလုပ်တဲ့နေရာကို ရောက်သွားကြတယ်။ အကာမရှိ၊ မြေကြီးပေါ်မှ ာ ခုံရှည်တွေကို ထားပြီး ဝတ်ပြုကြတယ်။ အဲဒီနေရာမှာ ချီဆောင်ခြင်း အကြောင်းကို ၂ နာရီလောက်ပြောပြလိုက်ရတယ်။ 

နောက်တနေ့ကား နဲ့မေမြို့ကနေလားရှိုးသွားကြတယ်။ ဆရာဝင်းလွင် လဲလိုက်ပါလာတယ်။ ကျောက်မဲမြို့မှာ အသင်းတော် ရှိလို့ခဏလေးနားပြီးနေ့ လည်စာစားပြီး တဲ့အခါဆက်သွားကြတယ်။ လားရှိုးရောက်ရောက်ချင်းဘဲ နားချိန်တောင်မရတော့ဘူး။ လူတွေကဘုရားကျောင်းကနေစောင့် နေကြလို့ချက်ချင်း သင်တန်းပေးလိုက်ရတယ်။ လာရှိုး အသင်းတော် ကတော့ဝင်း တခုထဲမှာဘုရားကျောင်း၊ သင်းအုပ်ဆရာနေအိမ်၊ ဧည့်သည် ဆောင်နှစ်ထပ်တိုက်တွေနဲ့ပြည့် ပြည့်စုံစုံရှိတဲ့ အသင်းတော် ဖြစ်တယ်။ လားရှိုး အသင်းတော် မှာနှစ်ရက်သင်တန်း ပေးလိုက်ရတယ်။ လူ၂၀၀လောက်လာကြတယ်။ ဆရာ၊ ဆရာမတွေလဲမှာထား တယ်။ ယုံကြည်သူ တွေလဲကွတ်ခိုင်၊ နန်းခမ်း၊ မူဆယ်တရုပ်နယ်စပ်ဘက်ကလာ ကြတယ်။ အရင်ကျနော်ပို့ထားခဲ့တဲ့ပျက်စီးခြင်းသို့ သွားနေတဲ့ဖန်ဆင်းထားသော အရာများ ခွေကို ကြည့်ကြလို့ကျနော့ကို အတော်များများ ကသိကြတယ် လို့ဆိုတယ်။ လားရှိုးဘက်ကအချို့ ယုံကြည်သူ တွေကအမြဲတမ်းမ ယုံကြည်သူ တွေထံ သက်သေခံတတ်ကြလို့ သူတို့ သက်သေခံလို့လိုက်ပါလာတဲ့လူတွေ လဲသင်တန်းတက်တာတွေ့ရတယ်။ အားရစရာ ကောင်းတယ်။ 

တနလ်ာနေ့မနက် ရနာရီလောက်မှာလားရှိုးကနေမန္တလေးသို့ ကား နဲ့ဘဲ ဆင်းခဲ့ကြတယ်။ မန္တလေးကနေ ညနေ ၅ နာရီလောက်မှာလေယဉ်နဲ့ရန်ကုန်သို့ ထပ်သွားကြတယ်။ နောက်တနေ့အင်္ဂါနေ့မှာခဝဲခြံ မြန်မာနိင်ငံမျက်မမြင် ကျောင်းဝင်းထဲမှာချိန်းချက်ထားတဲ့အတိုင်းဘဲ နံနက် ၉ နာရီ ကနေ ၁၂ ထိညနေ ၁ နာရီ ကနေ ၃ နာရီ အထိ ချီဆောင်ခြင်း သင်တန်းကို ပရောဂျက်တာနဲ့ပြပြီး သင်ပေးရတယ်။ သူတို့ကို တော့နေ့လည်စာကျွေးရတယ်။ သူတို့ကို ခဝဲခြံသ တင်းကောင်းနှစ်ခြင်း အသင်းတော်၊ ရန်ကုန်အဖွဲ့ချုပ်၊ အသင်းချုပ်၊ သာသနာ ပြု ဌါနတွေကနေပြီး ကျွေးကြခြင်း ဖြစ်ပါတယ်။ ကျနော်ကတော့သင်တန်းတက်တဲ့ နယ်ကဆရာဆရာမတွေကိုဘဲ ခရီး စရိတ်ထောက်ပံ့တယ်။ အဲဒီသင်တန်းကို ၃ ရက်ဘဲ လုပ်နိင်ခဲ့ပါတယ်။ လေးရက်မြောက်နေ့မှာတော့ကျနော်ဖျားသွား တဲ့အတွက် လားရှိုးမှာရိုက်ခဲ့တဲ့သင်ခန်းစာကို ပဲပြလိုက်ရတယ်။ သင်တန်းသား ကတော့ ၂၀၀ ကျော်လောက်လာကြတယ်။ ကျနော်လဲနောက်ထပ်ဘာမှ မလုပ်နိင်တော့ဘဲ နလံထတာနဲ့အမေရိကန်သို့ ပြန်ခဲ့ရတယ်။ အိမ်ရောက်ပြီး တဲ့အခါ ၁၀ ရက်လောက်အား မရှိဘဲ ဘာမှမလုပ်နိင်ဘဲ အနားယူလိုက်ရတယ်။ ဘယ်လိုဘဲ ပြောပြောမ မျှော်လင့်ဘဲ သွားခဲ့ရတဲ့ မြန်မာပြည် ခရီး စဉ်ဟာအောင်မြင် တယ်လို့ အားရကျေနပ် မိပါတယ်။ ချီဆောင်ခြင်း မရှိသေးရင်နောက်နှစ် မတ်လလောက်ပြန်သွားဘို့ ရှိတယ်။ ဆု​ေတောင်းခြင်း၊ အလှုငွေအားဖြင့် ပါ ဝင်ကြတဲ့ ယုံကြည်သူ အယောက်တိုင်း အပေါ် ဘုရားသခင်က ောင်းကြီး ပေးပါ စေသော်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG