GOODNEWS
  HOME  GOODNEWS  2011 OCT
 


ဤစာစောင်၌...

အမှာစာ

ခရစ်တော် ကြွလာမည့် အရာမကြိုဆိုခြင်းသည် အပြစ်ရှိသည် 

အသင်းတော်၏ အရေးကြီးပုံ

ဘုရားသခင်၏ လူ
 

အမှာစာ
ဘုရားသခင်က ကျေးဇူးတော်ကြောင့်၎င်း၊ ချီဆောင်ခြင်း မရှိသေးသောကြောင့်၎င်း၊ မိတ်ဆွေ ဤစာစောင်ကို ရရှိခြင်း ဖြစ်သည်။ ချီဆောင်ခြင်း ဖြစ်လျှင် စာစောင်ဖတ်စရာ မလိုတော့ဘဲ ကောင်းကင်၌ ကောင်းစွာ သမ္မာတရား သိရှိရ တော့မည် ဖြစ်သည်။ 

စက်တဘ်ာလတွင် ​ကျွန်တော် မြန်မာပြည်သို့ သွားသောကြောင့်စာ စောင်မထုတ် ဖြစ်ချေ။ ထို့ကြောင့် အယောက်တိုင်းကို တောင်းပန်ပါသည်။ ယခု အချိန်သည် ခရစ်တော် ကြွလာတော့မည့်အချိန် ဖြစ်သောကြောင့် အသင့် ပြင် ထားဘို့ရန် တိုက်တွန်းနိုးဆော်လိုပါသည်။ ယခုအချိန်တွင် ခရစ်တော် ကြလာမည့် အရာထက် အရေးကြီးသောအရာ မရှိတော့ပါ။ သို့သော်လည်း ခရစ်ယာန် အများစုသည် ထိုအရာကို လှစ်လှုိရှုထား ကြသည်။ ခရစ်တော်ကို ကြိုဆိုဘို့ရန် ယုံကြည်သူတိုင်းတာဝန် ရှိသည်။ အကြောင်းမှာ သူသည် ငါတို့၏ သတို့ သားလောင်း၊ ကယ် တင်ရှင်၊ အရှင်သခင်၊ ဘုရား ဖြစ်သည်။ ယခုလစာစောင်တွင် သူသည် ငါတို့၏ သတို့ သားလောင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။ နောက်လများတွင် ကယ် တင်ရှင် ဖြစ်သောကြောင့် ကြိုဆိုဘို့ လိုကြောင်း ဖေါ်ပြဦးမည်။ 

ခရစ်တော် ကြလာတော့မည် ဖြစ်သောကြောင့် မိိမိနှင့် သက်ဆိုင်သော မိသားစုဝင်များ၊ ဆွေမျိုးသား ချင်းများ၊ လုပ်ဘော်ကိုင်ဘက်သူငယ်ချင်းများ၊ လူတိုင်းကို နည်းမျိုးစုံနှင့် သတိပေးစေလို ပါသည်။ လောက အလုပ်၊ အိမ်မှု ကိစ္စ၊ သားသမီး ကိစ္စ၊ အိမ်ထောင်ရေး ပြသနာ များနှင့်သာအချိန် မကုန်သင့်တော့ချေ။ အစွမ်းကုန်၊ မီးကုန်၊ ရမ်းကုန် ကြိုးစား ကြပါစို။ 
 
ခရစ်တော် ကြွလာမည့်အရာ မကြိုဆိုခြင်းသည် အပြစ်ရှိသည် 
Rev. Moses Cung (Rockville GBC)


ယခု ခရစ်တော် ကြလာခါ အလွန် နီးပြီ ဖြစ်သော်လည်း ခရစ်တော်ကို ကြိုဆိုသောသူ အလွန်နည်းပါးသည်။ ခရစ်တော် ကြလာမည့် အကြောင်း ပြောသောအခါ စိတ်လှုပ်ရှားစွာ ကြိုဆိုသင့်သော်လည်း မကြိုဆိုသည်သာမက ထိုအရာကို မကြားချင်သောသူနှင့် နားမလည်သောသူ များစွာ ရှိသည်။ ထိုသို့ မကြို ဆိုခြင်းသည် အပြစ်ရှိသည်။ အကြောင်းမှာ 
 
ခရစ်တော်သည် သတို့ သားလောင်း ဖြစ်သည် 

ခရစ်တော်သည် သတို့ သားလောင်း ဖြစ်၍ ယုံကြည်သူ သို့မဟုတ် အ သင်းတော်သည် သတို့သမီး လောင်း ဖြစ်သည် (ဧဖက် ၅:၂၆၊ ၂ ကော ၁၁:၂)။ သတို့သမီး လောင်းသည် သတို့သား လာ၍ လက်ထပ်မည့် အရာကို အလွန် စိတ် လှုပ်ရှား၍ ပြင်ဆင် ကာ၊ သတို့သား လာမည့် အချိန်ကို စောင့်မျှော်သင့်သည်။ ထိုသို့မဟုတ်ဘဲ သတို့သား လာမှာကို စိတ်မဝင်စား၊ ကြားလည်း မကြားချင်၊ သတို့သား လာမည့် အကြောင်း ပြောသောအခါ စိတ်ဆိုးလျှင် ထိုသတို့သမီးသည် တခု ခု ဖြစ်ပြီ။ ဖြစ်နိင်ချေမှာသတို့ သားကို မချစ်သောကြောင့် ဖြစ်မည်။ သို့မဟုတ် အ ခြားချစ်သူရှိနေပြီ။ ထို့ သို့ဖြစ်လျှင် သတို့သား အတွက် အလွန် စိတ်ထိခိုက်မည် ဖြစ်သည်။ လက်ထပ်မည့် ကိစ္စပင်လျှင် ပျက်သွားနိင်သည်။ 

သို့ဖြစ်လျှင် ယုံကြည်သူ ဟုဆိုသော ခရစ်ယာန်များအဘယ်ကြောင့် ခရစ်တော်ကို မချစ်ကြသနည်း။ ခရစ်တော်ကို ကိုးကွယ်ကြသည် မဟုတ်လော။ တနင်္နွေနေ့တိုင်း ဘုရားရှိခိုးကျောင်းတက်ကြသည် မဟုတ်လော။ ချီးမွမ်းခြင်း သီချင်းဆိုကြသည် မဟုတ်လော။ သူ့အတွက် အမှုဆောင်ကြသည် မဟုတ်လော။ အလှုငွေများ၊ ဆယ်ဘို့ တဘို့နှင့်သာသနာ ပြုလုပ် ငန်းအတွက်လည်း ဆက်ကပ် လှုဒါဏ်းကြသည် မဟုတ်လော။ အဘယ်ကြောင့် ခရစ်တော် ကြလာမှာကို စိတ် မလှုပ်ရှား၊ မကြုိဆိုသည်သာမက၊ မကြားချင်၊ စိတ်မဝင်စားကြသနည်း။ 
 
အမည်ခံ ခရစ်ယာန် ဖြစ်သောကြောင့် 

ခရစ်ယာန် ဟုဆိုသော်လည်း အမျိုးမျိုးရှိသည်။ လူလူချင်း၌လည်း ဆက် စပ်ပုံ အမျိုးမျိုးရှိသည်။ ကိုယ်နှင့် မဆိုင်သောသူ၊ မျက်မှန်းတန်းသောသူ၊ ခင်မင် သောသူ၊ ချစ်ခင် သောသူ၊ လင်မယား ဖြစ်သောသူဟု ရှိကြသည်။ ထိုနည်းတူ ခရစ်ယန်များ ထဲ၌လည်း အမျိုးမျိုးရှိကြသည်။ အမှုဆောင်သော်လည်း၊ ဘုရားကျောင်းမှန်မှန်တက်သော်လည်း၊ ခရစ်တော်နှင့် မဆိုင်သောသူ များစွာ ရှိသည်။ ထိုသူများသည် အမှုဆောင် ဖြစ်လျှင် ခရစ်တော်နှင့် ဆိုင်သောကြောင့် မဟုတ်ဘဲ ဝမ်းရေးအတွက် ဆောင်ခြင်း ဖြစ်သည်။ ဘုရားကျောင်းမှန်မှန်တက်သော်လည်း ခရစ်တော်နှင့် မဆိုင်၊ အကျင့်ပါသောကြောင့် တက်ခြင်း ဖြစ်သည်။ ထိုသူများသည် တရားဟောနေသော်လည်း၊ ဘုရားရှိခိုးသော်လည်း ခရစ်တော်ကို အာရုံမစိုက်၊ ဂရုလည်း မစိုက်မိမိ လိုချင်သောအရာကို လုပ်နေသောသူ ဖြစ်သည်။ ထိုသူများအတွက် ခရစ်တော် ကြလာမည့် အရာသည် အရေးမကြီး၊ စိတ်လှုပ်ရှားမှုလည်း မရှိ၊ စိတ်မဝင်စား။ ထို့ကြောင့် ကြားလည်း မကြားချင်။ မိတ်ဆွေသည် ထိုလူစား မျိုး၌ ပါဝင်နေပါသလား။ ထိုသို့ဖြစ်လျှင် ခရစ်တော် ကြ လာသောအခါ ချီဆောင်ခြင်း၌ မပါ၊ ကျန်ရစ်မည့်သူ ဖြစ်မှာသေချာသည်။ 

မျက်မှန်းတန်းသောသူများရောက်လာမည့် အရာကိုလည်း ဂရုမစိုက် တတ်ကြချေ။ လမ်းမှာပက်ပင်းတိုးမှနှုတ်ဆက်ရုံသာလုပ်တတ်ကြသည် မဟုတ်လော။ ထို့ကြောင့် အချို့သောသူများသည် ခရစ်တော်ကို မျက်မှန်းတန်းရုံလောက်သာ ဖြစ်ကြသောကြောင့် မကြိုဆိုကြခြင်း ဖြစ်သည်။ ထိုသူများလည်း ချီဆောင်ခြင်း၌ မပါက ျန်ရစ်မည့်သူများဖြစ်သည်။ ခင်မင်သောသူများရောက်လာမည့် အရာကို ကြုိဆိုဘို့ အထိ စိတ်မလှုပ်ရှားတတ်ကြ။အား မှအဆင်ပြေမှသာလျှင်ကြို ဆိုလိုသည်။ အချို့သောသူများသည် ခရစ်တော်နှင့် ခင်မင် ကြသည်။ သို့သော် ခင် မင်ရုံဖြင့် မယပိုင်ဆိုင်၊ မဆိုင်သေးချေ။ ထိုသူများလည်း ခရစ်တော်က ချီဆောင်မည် မဟုတ်။ အချို့သောသူများသည် ခရစ်တော်ကို ခင်မင်ရုံမကချစ်ခင်သည်။ ခရစ်တော် အကြောင်းလည်း သိ၍ အ​ကျွမ်းဝင်သည်။ သူ့အတွက် ဆိုလျှင် အလွန် ရက် ရောသည်။ သို့သော် ထိုသူသည် ခရစ်တော်နှင့် မဆိုင်သောကြောင့် ချီဆောင်ခြင်း၌ ပါမည် မဟုတ်။ ထို့ကြောင့် လူတိုင်း မိိမိတို့၏ အ​ခြေအနေကို ဆန်းစစ်ဘို့ လိုသည်။ ခရစ်တော်ကို သိရုံ၊ မျက်မှန်းတန်းရုံလား၊ ခရစ်တော်နှင့် ခင်ရုံ၊ ချစ်ရုံလား၊ သို့မဟုတ် ခရစ်တော်နှင့် စေ့စပ်ထားသောသူလားဟု သေသေချာချာစစ်ဆေးပါ။ ရှင် ပေါလုက၊ “သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်း ကြလော့။” (၂ ကော ၁၃:၅)ဟု ရေးထား သကဲ့သို့ ကိုယ်ကိုကိုယ် စစ်ဆေးဘို့ လိုသည်။ 
 
 ခရစ်တော်ကို မချစ်သောကြောင့် 

ခရစ်တော်နှင့် ဆိုင်၍ သူ့ကို ချစ်သောသူများ ကသာလျှင် သူကြလာမည့် အရာကို စိတ်ဝင်စား၊ စိတ်လှုပ်ရှားစွာ ကြိုဆိုကြသည်၊ ပြင်ဆင် ကြသည်။ ထိုသူ များသည် များမကြာမှီ ခရစ်တော် ကြ လာသောအခါ ချီဆောင်သွားမည် ဖြစ်သည်။ ထိုသို့ ချီဆောင်ခြင်း၌ ပါမည် ဖြစ်သော်လည်း မကြိုဆိုသောသူ များစွာ ရှိသည်။ အကြောင်းမှာ သူ့ကို မချစ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မချစ်ကြသနည်းဟူမူကား လက်ထပ်ဘို့ရန် စေ့စပ်ထားသော်လည်း မိဿဟာယမရှိသောကြောင့် ဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော်နှင့် စေ့စပ်ထားကြကြောင့် ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “အကြောင်းမူကား ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်ဆံအံ့သော ငါှ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့်။” (၁ ကော ၁၁:၂)ဟု ရေးထားသည်။ ဤနေရာ၌၊ “သင်တို့ကို လင်တဦးနှင့် ထိမ်း မြားဆောင်နှင်းပြီး” ဟု ဘာသာပြန်သည်ထက် “လင်တဦးနှင့် စေ့စပ်ပေး ပြီး” ဟု ပြန်သင့်သည်။ အင်္လိပ်ကျမ်းစာ၌၊ “်သမ၍ ဘနအမသအ့နိ ပသက အသ သညန့ကျဘ​ေညိယ” ဟုဆိုထားသည်။ ​ြနအမသအ့သည် စေ့စပ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူများသည် ခရစ်တော်နှင့် လက်ထပ်ဘို့ရန် စေ့စပ်ထားပြီး ဖြစ်သောကြောင့် သူနှင့် သက်ဆိုင်နေပြီ။ သို့သော် မိဿဟာယပြုသင့်သလောက် မပြုသောကြောင့် သံရောယဉ်မရှိကြချေ။ ထိုသို့ သံရောယဉ်မတွယ်သော အကြောင့်သူရောက်လာမည့် အရာကို စိတ်မဝင်စား၊ စိတ်မလှုပ်ရှား၊ ပြင်ဆင်မှုလည်း မလုပ်၊ နဂုိအတိုင်းဘဲ အသက်ရှင် နေကြသည်။ 
 
မည်ကဲ့သို့ ချစ်ရမည်နည်း

သို့ဖြစ်လျှင် မည်ကဲ့သို့ ခရစ်တော်ကို ချစ်ရမည်နည်း။ ချစ်ခြင်းမေတ္တာသည် တည်ဆောက်၍ ရသလော၊ ချစ်ခိုင်း၍ ရသလော။ လူတိုင်း ထင်မှတ်သည် မှာချစ်ခြင်း မေတ္တာသည် အလိုအလျောက်စိတ်ထဲမှပေါက်ဖွားသည် ဟူ၍ ဖြစ်သည်။ သို့သော် ချစ်ခြင်းမေတ္တာသည် တည်ဆောက်၍ ရသည်။ တွေ့ဖန်များ၊ ပေါင်းသင်းဆက်ဆံဖန်များသောအခါ သံရောယဉ်တွယ်လာသည်။ ဥပမာ ခလေးများအနေဖြင့် သွေးသားတော် စပ်သော်လည်း မတွေ့မမြင်ဘူးသော ဆွေမျိုးထက် သွေးသား လုံးဝ မတော် စပ်သော်လည်း နေ့တိုင်း ထိတွေ့နေသောသူကို ပို၍ ချစ်ခင်သည်။ လူကြီးများပင်လျှင် နေ့တိုင်း တွေ့မြင်ပေါင်းသင်းဆက်ဆံသောသူကို မတွေ့မမြင်ဘူးသော ဆွေမျိုးထက် ချစ်ခင် တတ်ကြသည် မဟုတ်လော။ ထို့ကြောင့် သွေးသား မတော် စပ်သော်လည်း ကိုယ်ချစ်ခင်သောသူနှင့် ခွဲခွါရသောအခါ ခံစား တတ်ကြသည် မဟုတ်လော။ ကိုယ်ချစ်ခင်သောသူနှင့် တွေ့မှာ ကိုလည်း စိတ်လှုပ်ရှားတတ်သည် မဟုတ်လော။ သို့ဖြစ်၍ ယုံကြည်သူများအနေဖြင့် ခရစ်တော်ကို ချစ်ခင် ရင်းနှီး လာရန်သူနှင့် မိဿဟာရများများဖွဲ့ဘို့ လိုသည်။ ကျမ်းစာဖတ်ခြင်း၊ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်း၊ ဆုတောင်းခြင်း၊ ခရစ်တော် ဆောင်ရွက်ပြီးသော အရာများကို ကျေးဇူးတော် ရေတွက်ခြင်းဖြင့် ရင်းနှီး လာနိင်သည်။ ခရစ်တော် ကြလာမည့် အရာကို အမြဲတမ်း ပြောဆိုခြင်း၊ ဝေငှခြင်းဖြင့် ပို၍ စိတ်လှုပ်ရှားလာနိင်သည်။ 

မျှော်လင့်သူနှစ်မျိုး

ချီဆောင်ခြင်း မျှော်လင့် သူများကို နှစ်မျိုးခွဲခြားနိင်သည်။ ချီဆောင်ခြင်း မျှော်လင့်သောသူအများစုသည် ခရစ်တော်ကို ချစ်သောကြောင့် မဟုတ်ဘဲ ဤလောက လူမှု ဒုက္ခ အပေါင်းမှလွတ်ချင် သောကြောင့် ဖြစ်သည်။ ထိုသူများ အထဲ၌ နာတာရှည် ရောဂါရှိ သူများ၊ စိတ်​ကြေကွဲသောသူများ၊ အကြွေးထူသောသူများ၊ အမျိုးမျိုး ဒုက္ခ ရောက်သောသူများ ဖြစ်သည်။ ထိုသူများသည် နိင်ငံခြားသို့ သွားချင်သောသူများနှင့် တူသည်။ နိင်ငံခြားမှခေါ်သော ခွန်ပွန်းလောင်းကို ချစ် သောကြောင့် မဟုတ်ဘဲ နိင်ငံခြားရောက်ချင် သောကြောင့် သွားရမည့် အရာကို အလွန် မျှော်လင့်သည်။ ထိုနည်းတူ ခရစ်တော်ကို ချစ်သောကြောင့် မဟုတ်ဘဲ ဤလောက၌ ခံစားရသော ဒုက္ခ မှလွတ်ချင် သောကြောင့် ချီဆောင်ခြင်းကိုမျှ ော်လင့် ကြသည်။ 

အနည်းငယ်သောသူများသည် သခင် ခရစ်တော်၊ ကယ်တင်ရှင်ကို တွေ့ ချင်သောသူများ ဖြစ်သည်။ ထိုသူများသည် ကောင်းကင်နိင်ငံရောက်သည်ထက် ခရစ်တော်ကို တွေ့လိုသည်။ လောက လူမှု ဒုက္ခ မှလွတ်လိုသောကြောင့် မဟုတ်ဘဲ ခရစ်တော်ကို ချစ်သောကြောင့် ဖြစ်သည်။ ထိုသို့ ခရစ်တော်ကို ချစ်၍ ကြလာ မည့် အရာကိုမျှ ော်လင့်သော သူတို့ အပေါ်၌ ခရစ်တော်သည် အားရသောကြောင့် ဓမ္မသရဖူပေးမည့် အကြောင်း ရှင်ပေါလုက ဤသို့ ရေးသား ထားသည်၊ “ယခုမှစ၍ ဓRသရဖူသည် ငါ့အဘို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရား သဖြင့် စီရင်သောသူ တည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအ ပေါင်းတို့၌လည်း အပ်ပေးတော်မူ မည်။” (၂ တိ ၄:၈)။ ​ကျွန်ပ်တို့လည်း ချစ် ချစ်ခင် ခင်ဝမ်းမြောက်ဝမ်းသာကြိုဆိုသောသူများကို လက်ဆောင်ပေးချင် တတ်ကြသည် မဟုတ်လော။ ထို့ကြောင့် ခရစ်တော် ကြလာမှာကိုမျှ ော်လင့် စောင့်စားနေသောသူများကို ခရစ်တော် ကဓမ္မသရဖူပေးဘို့ အစီအစဉ်ရှိသည်။ သို့သော် ထိုသရဖူရသောသူ အလွန်နည်းမည် ဖြစ်သည်။ ဝမ်းနည်းစ ရာပင်။ 
 
မည်ကဲ့သို့ ပြင်ဆင် ကြိုဆိုမည်နည်း

သတို့သမီး လောင်းအနေဖြင့် မိမိကိုယ်ကို သန့်ရှင်းစွာ အသက်ရှင် ရမည်။ သတို့သမီး လောင်းများသည် လှလှပပ ဖြစ်ရန် ကိုယ်ခန္ဓာကို ပြင်ဆင် တတ်သည်။ အဝတ်အစားများကိုလည်း အသစ်ချုပ်ကာဆံပင်များလည်း ပြင်တတ်သည်။ ထို့နည်းတူ ယုံကြည်သူများသည် သတို့သမီး လောင်းများ အနေဖြင့် ဤလောက အညစ်​ကြေးများနှင့် ကင်းစင်စေခြင်း ငါှနှုတ်ကပတ်တော် ရေနှင့် ရေချိုးသင့်သည် (ဧဖက် ၅:၂၆)။ ထိုမျှသာမက စိတ်ပိုင်းဆိုင် ရာလည်း သန့်ရှင်းသင့်သည်။ ရှင်ပေါလုက၊ “ထိုကြောင့် ချစ် သူတို့ ထိုဂတိ ​ေတော် များနှင့် ငါတို့သည် ဆိုင်ကြသည် ဖြစ်၍ ကိုယ်ခဝာ၏ အညစ်အ​ကြေး၊ စိတ်ဝိညာဉ်၏ အညစ်အ​ကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ် ကင်းစင်စေလျက် ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း ပါရမီနှင့် ပြည့်စုံကြကုန်အံ့။” ဟုဆိုထားသည် (၂ ကော ရး၁)။ 

 ရှင်ပေါလုက၊ “အကြောင်းမူကား မင်္လာရှိသော မြော်လင့်ရာကို၎င်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော ငါတို့ကို ကယ်တင်သော အရှင် သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက် ယခုဘဝ ၌ ဣ​ေ​ြန​ြစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့ လျော်ခြင်း (တိ တု ၂:၁၁-၁၂)ဖြင့် အသက်ရှင်သင့်သည်။ ရှင်ပေါလုက မင်္လာရှိသော မြော်လင့်ရာသည် သခင်ယေရှု ကြလာမည့် အရာ ဟုဆိုသည်။ သူတို့ ခေတ်၌ ယုံကြည်သူများသည် သူတို့၏ ယုံကြည်ခြင်း အပေါ်ရပ်တည် ကြသည်။ လောကအရာနှင့် ရောနှောခြင်း မရှိ။ ထို့ကြောင့် နိှက်စက်ညှင်းဆဲခြင်းလည်း ခံရသည်။ အသိုင်းအဝိုင်း၊ လုပ်ငန်းခွင်မှပယ်ခြင်း ကိုလည်း ခံရ ကြသည်။ ထိုယုံကြည်သူများသည်၊ “ကဲ့ရဲ့ခြင်း၊ ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲ၌ နေရသဖြင့် စုံစမ်းခြင်းကို ခံရကြ၏။ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ စုံစမ်း နှောက်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန် ဆင်ရဲလျက် ညှင်းဆဲနှိပ်စက်ခြင်းကို ခံလျက် သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။ ဤလောကသည် ထို သူတို့နှင့် မထိုက်တန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအ ပြောင်းပြောင်းအလည်လည်နေရကြ၏။” (ဟေ ၁၁:၃၆-၃၉)။ ထို့ကြောင့် ရှေး ယုံကြည်သူများသည် သခင် ခရစ်တော် ကြလာမည့် အရာကို အလွန် မျှော်လင့် ကြသည်။ တယောက်နှင့် တယောက် ထိုအရာအားဖြင့် အားပေးကြသည်။ 

ယနေ့ ယုံကြည်သူများသည် ယုံကြည်သည် အတိုင်း မိမိတို့၏ ယုံကြည်ခြင်းအပေါ်မှာ မရပ်တည်ကြ။ ထို့ထက် ဤလောက၌ မည်ကဲ့သို့ ချမ်းသာမည်၊ တိုးတက်မည် ဟူ၍သာ ကြံစည် ကြိုးစား နေကြသောကြောင့် လောကသားများ၊နှင့် ခွဲခြား၍ မရ။ လောကသားများကဲ့သို့ ကြံစည်လုပ်ကိုင် ကြသည်။ လောကသားများကဲ့သို့ ဤလောကကို အလွန် တပ်မက် ကြသည်။ ဤလော ကကို ချစ်ခင် မြတ်နိုး ကြသည်။ ထို့ကြောင့် ဤလောကကို မခွဲခွါလိုကြ။ သခင် ခရစ်တော် ကခေါ်လာမည့် အရာကိုလည်း မလိုချင် ကြ။ ခလေးသည် သူလည်သော အိမ်၌ ဆော့စရာနှင့် အခြား ခလေး များနှင့် ဆော့၍ ပျော်နေ သောကြောင့် အ်ိမ်ပြန်ဘို့ရန် မိဘကခေါ်သောအခါ လုံးဝ မလိုက်ချင်၊ မိဘကို ပင်ဂရုမစိုက်။ အဖေါ်များနှင့် ဆော့နေခြင်းကိုသာလျှင် တပ်မက် သကဲ့သို့ ယုံ ကြည် သူများလည်း ခရစ်တော် ကြလာမှာကို မလိုချင် ကြ၊ မကြားချင် ကြ။ ဤလောကသည် အကောင်းဆုံးနေရာဟု မှတ် နေကြသည်။ သတို့သမီး လောင်း ဖြစ်မှန်းပင် မသိတော့၊ သတို့သား လာမှာကိုလည်း မမျှော်လင့်၊ ဤလောကအရာများနှင့် ညစ်ညူး နေကြသည်။ အလွန် ဝမ်းနည်းစရာ ပင်။ 

 “ပါးရှားဘုရင်အာရွှေရု၏ မိဖုရား ဖြစ်မည့် အပျိုစင်များသည် ​ခြောက်လပတ်လုံးမုရန်ဆီ၊ ​ခြောက်လပတ်လုံးနံ့သာမျိုးအစရှိသော စင်ကြယ်စေသော ဆေးမျိုးကို သုံး၍ စင်ကြယ်ခြင်း အမှု ပြီးသည် တိုင်အောင် ထိုမျှကာလကို လွန် စေရ၏။” (ဧသတာ ၁:၁၂)။ လောက ရှင်ဘုရင်၏ မိဖုရား ဖြစ်မည့်သူများပင်လျှင် ထိုကဲ့သို့ တနှစ်လုံးလုံး သန့်ရှင်းရေးအတွက် ပြင်ဆင် ရလျှင် ကောင်းကင်ဘုံရှင်ဘုရား၏ မိဖုရား ဖြစ်မည့်သူ များသည် ထိုမျှမက သန့်ရှင်းခြင်းရှိဘို့ ပြင် သင့်နေပြီ။ သတို့သမီး လောင်းသည် အထင်မလွှဲရလေအောင်လောကအရာများကို မချစ်ဘဲ သန့်ရှင်းစွာ အသက်ရှင်သင့်သည။်
 
 အသင်းတော်၏ အရေးကြီးပုံ
Rev.Joshua Hrang Kip Zul (Atlanta GBC)

အသင်းတော် ဆိုသည်မှာ ဂရိဘာသာစကား လုံးနှစ်ခု ဖြစ်သော Kyriakon နှင့် Ekklesia  မှဆင်းသက်လာခဲ့သည်။ Kyriakon ၏ အဓိပ္ပါယ်မှာကိုယ်တော် ပိုင်သော ဟူ၍ ဖြစ်ပြီး Ekklesia ၏ အဓိပ္ပါယ်မှာသီးသန့်စွာ ခေါ်ထားခြင်း ခံရသူများဟူ၍ဖြစ်သည်။ ထို့ကြောင့် အသင်းတော် ဆိုသည်မှာ ကိုယ်တော် ပိုင်သောသူများကို ကိုယ်တော့်အတွက် သီးသန့်ခေါ်ထားခြင်း ခံရ သူများ ဟူ၍ဖြစ်သည်။ 
 
 အသင်းတော် နှစ်မျိုးရှိသည်။ 
၁။ စကြာဝ ဌာနှင့် ဆိုင်သော အသင်းတော် 
၂။ ဒေသန္တရ အသင်းတော် 

 

၁။ စကြာဝ ဌာနှင့် ဆိုင်သော အသင်းတော် ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ယုံကြည်သူ အားလုံးနှင့် ခရစ်တော်၌ အိပ်ပျော်ပြီးသော ယုံကြည်သူများအားလုံး ကို ဆိုလိုသည်။ 
၂။ ဒေသန္တရ အသင်းတော် ဆိုသည်မှာ ယုံကြည်ခြင်း တူညီသော ယုံ ကြည် သူများ တစ်နေရာ၌ စုဝေးကာအတူ တကွဝတ်ပြုကိုးကွယ်သည်သာမက ရည်ရွယ်ချက်တစ်ခုပေါ်၌ ရပ်တည်ကာအမှုတော်ဆောင် ရွက်သောသူများကို ဆိုလိုသည်။ ထိုအသင်းတော်၏ အရေးကြီးပုံကို အကြောင်း အရာ (၁၂) မျိုးဖြင့် ဖော်ပြသွားမည် ဖြစ်ပါသည်။ 
 
၁။ အသင်းတော်သည် ဘုရားသခင်၏ ထာဝရ အကြံအစည်တော်အားဖြင့် ဖြစ်လာခြင်း ဖြစ်သည်။ (ဧဖက် ၁:၄-၁၁) ထို့ကြောင့် အသင်းတော် တည်ထောင်ခြင်းသည် မတော် တဆ ဖြစ်ပျက်လာသောအရာ မဟုတ်ဘဲ ကောင်းကင် နိုင်ငံရောက်သည့်အထိ သမိုင်းတွင် မည့် ဘုရားသခင်၏ ထာဝရ အကြံအစည်တော် ဖြစ်သည် (ဧဖက် ၃:၆-၇)။ 

၂။  အသင်းတော်သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရန် ယေရှုခရစ် ကိုယ်တော်တိုင် တည်ထောင်သောအရာ ဖြစ်သည်။ (​မဿဲ ၁၆:၁၈) ထို့ကြောင့် အမှုတော်ဆောင်ခြင်း အားလုံး သည် အသင်းတော်၏ ဦး ဆောင်မှုအားဖြင့် ဖြစ်ရမည်။ ဥပမာ။ ဧဝံဂေလိ၊ သာသနာ ပြု၊ မိဘမဲ့၊ ကျမ်းစာကျောင်း၊ 

၃။  အသင်းတော်သည် ခရစ်တော် အသွေး၏ ရွေးဝယ်ယူခြင်းအားဖြင့် ဖြစ်ပေါ်လာသည်။ ( တမန် ၂၀:၂၈) ထို့ကြောင့် အသင်းတော်သည် တန်ဖိုး ဖြတ်၍ မရသော၊ အဖိုး အလွန် ကြီးမားသောအရာ ဖြစ်သည်။ 

၄။  ခရစ်တော်၏ ကိုယ်၊ သတို့သမီး အပျိုကညာ၊ သိုးစုများ ဖြစ်သည်။ ( ဧဖက် ၁:၂၂-၂၃၊  ၂ ကော ၁၁:၂-၃၊ ​ဲသ့ည ယော ၁၀:၂၇-၃၀၊  တမန် ၂၀:၁၈) ထို့ကြောင့် အသင်းတော်၏ ပိုင်ရှင်သည် ခရစ်တော် ဖြစ်သည်။ လူမဟုတ်ပါ။ 

၅။  အသင်းတော်၌သာ ယုံကြည်သူများမိမိတို့ ရရှိသော ဝိညာဉ်ဆုကျေးဇူးများကို အကျိုးရှိစွာ အသုံးပြုနိုင်သည်။ (ဧဖက် ၄:၁၁-၁၆) ဝိညာဉ်ဆုကျေးဇူးကို အကျိုးရှိစွာ အသုံးပြုခြင်း အားဖြင့်သာ ယုံကြည်သူများ ခိုုင်ခံ့စွာ ရင့်ကျက်ကြီး ထွားနိုင်မည် ဖြစ်သည်။ 

၆။  အသင်းတော်သည် ယုံကြည်သူများအတူ တကွ ဝိညာဉ် အစာစားသုံးသော နေရာ ဖြစ်သည်။ (ဟေဗြဲ ၁၀:၂၅-၁၃:၁၅-၁၆) ထို့ကြောင့် ဝိညာဉ်ပိုင်းအစာမရှိသော အသင်းတော်၌ ပါဝင်မိပါက စစ်မှန်သော ယုံကြည်သူများ၏ အသက်တာ၌ အားရကျေနပ် မှုနှင့် ဝိညာဉ်ပိုင်းအစာအငတ်ပြေခြင်းများရှိနိုင်မည် မဟုတ်ပေ။ 

၇။  အသင်းတော်သည် ဘုရားသခင်၏ ထူးဆန်းသော ညာဏ်ပညာကို ထင်ရှားစေသော နေရာ ဖြစ်သည်။ (ဧဖက် ၃:၁၁) ထို့ကြောင့် သမ္မာတရား မရှိသော အသင်းတော်၌ ပါဝင်ခြင်းသည် ဝိညာဉ်ပိုင်းဆိုင် ရာကောင်းကြီး မြောက် များစွာ ဆုံးရ+ံးမည်။ 

၈။  အသင်းတော်သည် ခရစ်တော်၏ မဟာမိန့်မှာချက် ဖြစ်သော ပျောက် ဆုံး ဝိညာဉ်များကယ်တင်ခြင်း အမှုတော် မြတ်ကို ဆောင်ရွက်သော နေရာ ဖြစ်သည်။ (​မဿဲ ၂၈:၁၉-၂၀) ပျောက်ဆုံးဝိညာဉ် ကယ်တင်သော ဧဝံဂေလိ လုပ်ငန်းမလုပ်ဆောင်သော အသင်းတော်သည် ခရစ်တော်ကို နာမခံသော အသင်းတော် ဖြစ်သည်။ 

၉။  အသင်းတော်သည် ယုံကြည်သူ တစ်ယောက်နှင့် တစ်ယောက်ပံ့ပိုးကူ ညီရမည့် နေရာ ဖြစ်သည်။ ( ဂလာ ၆:၁၀) ယုံကြည်သူများသည် အပြင်လူများထက် မိမိတို့၏ ယုံကြည်ခြင်း၌ ညီအစ်ကိုများကို ပို၍ ပံ့ပိုး ကူညီရမည် ဖြစ်သည်။ 

၁၀။ အသင်းတော်သည် မှားယွင်းသော သင်ပေးခြင်း ဩဝါဒကို တွန်းလှန် တိုက်ဖျက်သည်သာမက ထိုအထဲမှလည်း ယုံကြည်သူများကို ကာကွယ် ပေးရန် ဖြစ်သည်။ ( ဂလာ ၁:၈-၉) အဘယ့်ကြောင့်ဆိုသော် မှားယွင်းသော သင်ပေးခြင်း ဩဝါဒသည် ယုံကြည်သူများကို ဖျက်ဆီးရန် စာတန်၏ အကောင်းဆုံးလက်နက်၌ အပါအဝင် ဖြစ်သောကြောင့် ဖြစ်သည်။ ( ၂ ကော ၁၁:၁၂-၁၅) 

၁၁။ အသင်းတော်သည် ယုံကြည်သူများအတူ တကွဝတ်ပြုကိုးကွယ်ချီးမွမ်းခြင်း၊ တိုက်တွန်း အားပေးခြင်း၊ ဆုံးမသွန်သင်ခြင်း ပြုသော နေရာနှင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားသော နေရာ ဖြစ်သည်။  (တမန် ၂:၄၂-၄၇၊ ဟေဗြဲ ၁၀:၂၅၊ ၁၃:၁၅-၁၆) ထို့ကြောင့် သမ္မာတရား အတိုင်း ဝတ်ပြုကိုးကွယ်ခြင်းနှင့် သင်ပေးခြင်း နေရာ၌ ပါဝင်ရန်လိုအပ်သည်။ 

၁၂။ အသင်းတော်သည် လူမျိုးပေါင်းစုံ၊ စကား ပေါင်းစုံ၊ ဆင်းရဲ ချမ်းသာ မရွေး တစ်လုံးတဝတည်း ကောင်းကင် နိုင်ငံတော် ရောက်သည့်အထိ ရှိရမည်။ (ံနဘ၏ ဟေဗြဲ ၁၂:၂၂-၂၃၊ ၁ ဃသမ၏ ၁ ကော ၁၂:၁၃၊ ွ​ေူ၏ ဂလာတိ ၃:၂၇-၂၈) ထို့ကြောင့် လူမျိုးတစ်မျိုးစည်းရုံးဖွဲ့စည်း၍ အသင်းတော် ထောင်ခြင်းသည် ကျမ်းစာနှင့် မကိုက်ညီသော၊ ဆန့်ကျင်ဘက်ပြုသော အသင်းတော် ထောင်ခြင်း ဖြစ်သည်။ 
 
ဘုရားသခင်၏ လူ
Godly man
Moses R Cung
 
မည်ကဲ့သို့ ဘုရား၏ လူဖြစ်မည်နည်း

ဘုရားသခင်၏ လူဖြစ်ဘို့ရန် မှာကိုယ်အ​ခြေအနေမှန်ကို ပဌမ သိဘို့ လိုသည်။ လူသည် မွေးဘွား လာသောအခါ ဘုရားသခင်၏ သားသမီး အနေဖြင့် မမွေးကြ။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်မရှင်နိင်ကြ။ လူသည် စာတန်၏ သားသမီး အဖြစ် မွေးဘွား ကြသည်။ ကျမ်းစာ၌၊ သင်တို့သည် သင်တို့၏ အဘ တည်းဟူသော မာရ်နတ် မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။ ဟုဆိုထားသည် (ယော ၈:၄၄)။ 

လူသည် စာတန်၏ သားသမီး မှန်းအောက်ပါအရာများအားဖြင့် သိရသည်။ မု သာပြောခြင်း၊ မုသာပြောတတ်ခြင်း၊ မုသာ၌ ကျင်လည်ခြင်း၊ မုသာကို နှစ်သက်ခြင်းများအားဖြင့်၊ သိနိင်သည်။ ဘုရား သားသမီး ဖြစ်လျှင် သမ္မာတရားကို နှစ်သက်မည်၊ သိလည်း သိမည်၊ ပြောလည်း ပြောတတ်မည်။ ယခုမူကား သမ္မာတရား ပြောလျှင် အနေကြသည်၊ စိတ်လည်း မဝင်စား၊ အိပ်ငိုက်လာသည်။ 

ဘုရားသခင်၏ သားသမီး များဖြစ်လျှင် ကောင်းကင်ကို စွဲလန်းမည်၊ ကောင်းကင်သို့ အမြန် တက်ချင်မည်၊ ကောင်းကင် အကြောင်း ပြောလျှင် စိတ်လှူပ်ရှား၍ အလွန် ကြားချင်မည်။ ယခုမူကား ကောင်းကင် အကြောင်း ပြောလျှင် စိတ်မဝင်စား၊ တက်ချင် စိတ်လည်း မရှိ၊ ဤလောကကိုသာ စွဲလန်းသည်။ ဤလောကသည် စာတန် ဥစ္စာ ဖြစ်သည် (လု ၄:၅-၆)။ ကျမ်းစာက စာတန်သည် ဤလောက၏ ဘုရားဟု ခေါ်သည် (ယော ၁၄:၃၀၊ ဧ ၂:၁-၂)။ ထိုကြောင့် အကျင်သူသည် ဤလောကကို အလွန် စွဲလန်း၏၊ ထိုသူသည် စာတန်၏ သားသမီး မှန်းထင်ရှားသည်။ 

စာတန်၏ အမှတ်တံဆိပ်သည် မြွေ ဖြစ်သည်။ မြွေသည် အဆိပ်ရှိသည်။ လူ၏ လျှာလည်း အဆိပ်ရှိသည် (ရော ၃:၁၃၊ ယာ ၃:၈)။ မြွေသည် လျှာနှစ်ခွရှိသည်။ လူလည်း လျှာနှစ်ခွရှိသည် (ယာ ၃:၉-၁၀)။ စကား နှစ်မျိုးပြောတတ်သည်။ ရှေ့တမျိုးနောက်ကွယ်၌ တမျိုးပြောတတ်သည်။ ထိုကြောင့် လူသည် စာတန်၏ သားသမီး ပီသသည်။ 

ကျမ်းစာ ကလူသည် သခင် ခရစ်တော်ကို ယုံကြည် လက်ခံမှဘုရား သားသမီး ဖြစ်မည် (ယော ၁:၁၂) ဟုဆိုထားသည်။ မည်သူမျှသခင် ခရစ်တော်ကို ယုံကြည် လက် ခံပြီး သားနှင့် မမွေးကြပါ။ ထို့ကြောင့် စာတန် သားသမီး များအဖြစ်မွေး ကြသည်။ 
လူမတတ်နိင်၊ ဘုရားသခင် သာတတ်နိင်သည် 

လူသည် ဘုရား သားသမီး ဖြစ်ဘို့ ကိုယ်နည်းကိုယ်ဟန်နှင့် ကြုိးစား ကြသည်။ သို့သော် မဖြစ်နိင်ပါ။ မည်သူမျှရှင်ဘုရင်၏သား ဖြစ်ဘို့ ကြိုးစား၍ မရပါ။ ရှင်ဘုရင်အ ထဲမှ မွေးဘွားမှသာလျှင်ဖြစ်နိင်သည်။ လူများ ထင်မှတ်တတ်သည် မှာဘုရားသား ဖြစ်ဘို့ရန် -

ဆုတောင်းရမည်၊ အပြစ် ဝန်ချတောင်းပန်ရမည်၊ နောင်တရရမည်စသဖြင့် ၄င်း၊ 

အစာရှောင်ရမည်၊ အကျင့်ပြောင်းရမည်၊ ဆက်ကပ်ရမည်ဟူ၍ ၄င်း၊ 

အခြားသော ဘာသာ စကား ပြောရမည်၊ 

ခေါင်းမှ​ခြေအဆုံးဓါတ်လိုက်သလိုခံစားရမည်ဟု အမျိုးမျိုး သွန်သင်၍ ကြိုး စား ကြသည်။ မွေးဘွားခြင်းသည် လူအားဖြင့် မတတ်နိင်။ ပဌမ မိခင် ဝမ်းမှ မွေးဘွားသောအခါ သင်၏ ကြိုးစားမှု ပါပါသလား။ လူအားဖြင့် မတတ်နိင်။ 

ဒုတိယအကြိမ်မွေးရမည်

ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။ နိကောဒင်ကလည်း၊ အသက် ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန် ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန် ဆို၏။ (ယော ၃:၃-၅) 

ရေနှင့် ဝိညာဉ်တော်အားဖြင့် မည်ကဲ့သို့ မွေးမည်နည်း။ ကျမ်းစာ၌ ရေသုံးမျိုးဖေါ် ပြထားသည် 

 (၁) ရိုးရိုးသောက်သုံးသော ရေ ယေရှုကလည်း၊ ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။ ငါပေးသော ရေကို သောက်သောသူမူကား၊ ရေ ငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ (ယော ၄:၁၃-၁၄) ယေရှုက ဤရေဟု ပြောသောအရာသည် သောက်ရေကို ဆိုလိုခြင်း ဖြစ်သည်။ 

 (၂) သန့်ရှင်းသောဝိညာဉ်တော် ရေ ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌ ယေရှုသည် ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေ ထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်း ပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။ (ယော ရး၃ရ- ၃၉) ဤနေရာ၌ ရေသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုသည်။ 

 (၃) နှုတ်ကပတ်တော် ရေ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ် သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက် သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်းစေမည် အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ (ဧဖက် ၅:၂၆-၂ရ) ရှင်ပေါလုကနှုတ်ကပတ်တော်ကို ရေဟု ခေါ်သည်။ 


နှုတ်ကပတ်တော်အားဖြင့် မွေး

အောက်ပါက ကျမ်းပိုဒ်များ အရလူသည် နှုတ်ကပတ်တော် သမ္မာတရားအားဖြင့် မွေးဖွားကြောင်း တွေ့ရသည်။ 

မဖောက်ပြန်မပျက်ဆီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ် အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားသောကြောင့်၊ (၁ ပေ ၁:၂၃) ဖြစ််ပွားခြင်းသည် မွေးဘွားခြင်းကို ဆိုလိုသည်။ 

နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။ (ယာ ၁:၁၈) ဤနေရာ၌လည်း ဖြစ်ဘွားခြင်းသည် မွေးဘွားခြင်းကို ဆိုလိုသည်။ 
၀ိညာဉ်တော်အားဖြင့် မွေးဘွား

ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်း မရှိနှင့်။ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏ အသံကို သင်သည် ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်း တူ ဝိညာဉ်တော် မွေးသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။ (ယော ၃:၆-၈) ဝိညာဉ်တော်အားဖြင့် မွေးသောအရာ သာလျှင် ဝိညာဉ် ဖြစ်သည်ဟု ယေရှု ကဆိုသည်။ ထို့ကြောင့် ဇာတိအားဖြင့် မမွေးဘွားနိင်။ 

အာဒံ၌ မွေးဘွား

လူတိုင်း အာဒံ၌ မွေးဘွားကြသောကြောင့် အာဒံ၌ ဖြစ်ပျက်သမျှလည်း ခံစားရ ကြသည်။ အာဒံသည် အပြစ်သား ဖြစ်သည်။ လူတိုင်းလည်း အပြစ်သား ဖြစ်သည် (ရော ၅:၁၂၊ ၁၉)။ အာဒံသည် ကျိန်ခြင်း ခံသကဲ့သို့ လူတိုင်းလည်း ကျိန်ခြင်း ခံရသည် (က ၃:၁ရ- ၁၉ ဂလာ ၃:၁၀-၁၃)။ အာဒံသည် ဘုရား၏ ရန်သူ ဖြစ်သွား သကဲ့သို့ လူတိုင်းလည်း ဘုရား၏ ရန်သူ ဖြစ်သည် (ရော ၅:၁၀၊ ၂ ကော ၅:၁၉-၂၀)။ ထို့ကြောင့် ဒုတိယပြန်လည် မွေးဘွားဘို့ လိုသည်။ 
 

ခရစ်တော်၌ 

ဒုတိယမွေးဘို့ရန် ဘုရားသခင်က ငါတို့ကို ခရစ်တော်၌ ထည့်ထားသည် (၁ ကော ၁:၃၀)။ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေသည်။ ကျမ်းစာက ထိုမှတပါး၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာအ သေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။ (ရောမ ၆:၆) ဟုဆိုသည်။ ငါတို့၏ လူဟောင်းကို ခရစ်တော်နှင့်အတူ အသေခံ ပြီ။ ယုံ ကြည်ခြင်းအားဖြင့် လက်ခံရမည်။ 

ခရစ်တော်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံရပြီ-အသေခံတော်မူခြင်း၌ ဗလ္လိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သ​ြဂõုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ် တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။ (ရော ၆:၄) ခရစ်တော်နှင့်အတူ သင်္ဂြိုလ်ခံခြင်းကို ဗတ္တိဇံခံခြင်းဟု ခေါ်သည်။ ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက် ကြပြီ။ ထိုသို့ ထမြောက်သောအခါ အသစ်သော အသက်တာဖြင့် ထမြောက် ပြီ။ ထိုသို့ အသစ်သော အသက်တာဖြင့် ထမြောက် ခြင်းကို ဒုတိယမွေး ဘွားခြင်းဟု ခေါ်သည်။ 

ဒုတိယ မွေးဘွားခြင်းသည် ဘုရားသခင်က ခရစ်တော်အားဖြင့် ဖြစ်စေသည်။ ခရစ်တော် မပါဘဲ ဒုတိယ မွေးဘွား၍ မရ။ လူ၏ ကြိုးစားမှု မပါ။ ဘုရားသခင်၏ လုပ်် ဆောင်ချက်သက်သက်သာလျှင် ဖြစ်သည်။ ထိုအရာကို နှုတ်ကပတ်တော် ကသိ စေသည်။ ​ကျွန်ပ်တို့ ကယုံကြည်ခြင်းဖြင့် လက်ခံသည်။ ဒုတိယ မွေးဘွားမှသာ ဘုရား၏ သားသမီး ဖြစ်၍ ဘုရား၏ အလိုတော်အတိုင်း အသက်ရှင်နိင်မည်။ 
 သန့်ရှင်းသောဝိညာဉ်တော် အုပ်စိုးခြင်း ဝန်ခံ

လူသည် ကိုယ်တိုင် ကြံစည်၍ လုပ်ဆောင်ဘို့ မဟုတ်။ ဘုရားသခင်သည် ငါတို့၏ အသက်တာကို ဦးဆောင်ချင်သည်။ လူအထဲ၌ ကျိန်းဝပ်၍ အုပ်စိုးချင်သည်။ 

အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါမိမိ ​ခြေရာတို့ကို မစီရင်တတ်သည်ကို အ​ကျွန်ုပ်သိပါ၏။ (ယေရမိ ၁၀:၂၃) 

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို မမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်း ခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ (သုတ္တံ ၃:၅-၈) 

သခင်ယေရှု က-ငါ၌ တည် နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ခက်သည် အပင်၌ မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင် သကဲ့သို့ သင်တို့သည် ငါ၌ မတည်လျှင် အသီးမသီးနိုင်ကြ။ ၅ ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်း သူ၌ တည်၏၊ ထိုသူသည် များစွာသော အသီးကို သီးတတ်၏။ ငါနှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ် နိုင်ကြ။ ၆ ငါ၌ မတည်သောသူသည် သွေ့​ခြောက်သော အခက်ကဲ့သို့ ပြင်သို့ ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သော အခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။ ရသင်တို့သည် ငါ၌ တည်၍ ငါ့စကားသည် သင်တို့၌ တည်လျှင်၊ သင်တို့သည် တောင်းချင် သမျှကို တောင်း၍ ရကြလိမ့်မည်။ (ယော ၁၅:၄ -ရ) 
 ရှင်ပေါလုကလည်း -

ထိုကြောင့် ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည် အကြောင်း သတိပြုကြလော့။ ၁၆ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့။ ၁၇ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော် ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။ ၁၈ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။ ၁၉ ဆာလံ သီချင်းမှစသော ဓRသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆို ဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍ သီချင်းဆိုကြလော့။ ၂၀ ခပ်သိမ်းသောအရာ တို့၌ ကျေးဇူးတော်ကြီး လှပါ၏ဟု ငါတို့ သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင့်ရှေ့၊ ကာလ အစဉ်မပြတ် ဝန်ခံကြလော့။ (ဧ ၅:၁၅-၂၀) 
 
နှုတ်ကပတ်တော် ဖတ်ခြင်း 

ဘုရားသခင်၏ အလိုတော် နားလည်ဘို့ရန်နှင့် ခွန်အား ယူဘို့ရန် ကျမ်းစာကို အမြဲဖတ်ရမည်။ ကျမ်းစာသည် ဝိညာဉ် အတွက် နို့ ဖြစ်သည်။ ကျမ်းစာ မဖတ်ဘဲ ဘုရား အလိုတော်ကို မသိနိင် သကဲ့သို့ ဝိညာဉ် ခွန်အားလည်း မရနိင်ပါ။ 

ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့်ကြီး ပွား မည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိ ကြလော့။ (၁ ပေ ၂:၁-၃) 

မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ ၂ လူဆိုးတို့၏ လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင် ပြုသော သူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိ၏၊၊ ၃ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန် တန် မှအသီးကို သီး၍ အရွက်မဍိုးနွမ်းတတ်သော အပင်နှင့် တူ၏၊၊ ပြုလေသမျှတို့၌ အောင် လိမ့်သတည်း၊၊ (ဆာ ၁:၁-၃) 


နှုတ်ကပတ်တော်သည် အလင်း ဖြစ်သည်။ နှုတ်ကပတ်တော်သည် အ​ကျွန်ုပ် ​ခြေရှေ့မှာ မီးခွက် ဖြစ်၍ အ​ကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊ (ဆာ ၁၁၉:၁၀၅) ထိုအ လင်းရှိမှသာလျှင်လမ်းမှန်သွားနိင်မည်။ 

ဆုတောင်းခြင်း 

ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် စကားပြောခြင်း၊ မိဿဟာယဖွဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်က သူနှင့် မိဿဟာယဖွဲ့စေလိုသည်။ ထိုကြောင့် သခင်ယေရှုက ၇၊ တောင်းကြလော့။ တောင်းလျှင် ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံ ခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ ၈၊ တောင်းသောသူမည်သည် ကားရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။ ၉၊ သားသည် မုန့်ကို တောင်းလျှင် မိမိသားအား ကျောက်ကို ပေးမည်သူ၊ ၁၀၊ ငါးကို တောင်းလျှင် မြွေကို ပေးမည်သူတစုံတယောက်မျှ သင်တို့တွင် ရှိသလော။ ၁၁၊ သင်တို့သည် အဆိုး ဖြစ်လျက် ပင်ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့ အား၊ ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။ (မ ရး၆-၁၁) 

၅၊ တဖန် မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ အဆွေ ခင်ပွန်းရှိသည် ဖြစ်၍၊ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့ သွားပြီးလျှင်၊ အဆွေ၊ ၆၊ အ​ကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီး မှလာ၍ အ​ကျွန်ုပ်ထံသို့ ရောက် ပါပြီ။ သူ့ကို ​ကျွေးစရာ မရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါ ဟုဆိုသော်၊ ၇၊ အိမ်ရှင်ကလည်း၊ ငါ့ကို မနှောင့်ရှက်နှင့်။ တံခါးပိတ်လျက် ရှိ၏။ ငါ့ သားသမီးတို့သည် ငါနှင့် အိပ်လျက် ရှိကြ၏။ ငါထ၍ သင့်အား မပေးနိုင်ဟု အိမ်ထဲကပြန်ပြောသည် အရာမှာ၊ ၈၊ ငါဆိုသည်ကား၊ အဆွေခင်ပွန်း ဖြစ်သည်ကို ထောက်၍ မထ၊ မပေးသော်လည်း၊ အား မလျော့ဘဲ တောင်း၍ နေသောကြောင့် ထ၍ လိုချင် သမျှကို ပေးလိမ့်မည်။ ၉၊ တဖန် ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင် ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့၊ ခေါက်လျှင် ဖွင့်မည်။ ၁၀၊ တောင်းသောသူမည်သည် ကားရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။ ၁၁၊ သင်တို့တွင် အဘ ဖြစ်သောသူ၌ သားသည် မုန့်ကို တောင်းလျှင် အဘသည် ကျောက်ကို ပေးမည်လော။ ငါးကို တောင်းလျှင် ငါးအစား၌ မြွေကို ပေးမည်လော။ ၁၂၊ ဥကို တောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။ ၁၃၊ သင်တို့သည် အဆိုး ဖြစ်လျက် ပင်ကိုယ်သား တို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။ (လု ၁၁:၅-၁၃) 
 ၁၊ လူတို့သည်အား မလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာ စကားအားဖြင့် မိန့်တော်မူသည်ကား၊ ၂၊ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအား မနာတတ်သော တရားသူကြီး တယောက် ရှိ၏။ ၃၊ ထိုမြို့၌ နေသော မုတ်ဆိုး မတယောက်သည် တရားသူကြီးထံသို့ သွား၍၊ ​ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ် အလျောက်ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊ ၄၊ တရားမစီရင်ဘဲ ကြာမြင့်စွာ နေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအား မနာတတ်သောသူ ဖြစ်သော်လည်း၊ ၅၊ ဤမုတ်ဆိုးမသည် ငါ့ကို နှောင့်ရှက် သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့် မည်ဟု စိတ်ထဲ၌ အကြံရှိ၏။ ၆၊ မတရားသော ထိုတရားသူကြီး၏ အကြံကို မှတ်ကြလော့။ ၇၊ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်း လျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ ဘက်၌ တရားမစီရင်ဘဲ နေတော်မူ မည်လော။ ကြာမြင့်စွာသည်း ခံတော်မူ မည်လော။ ၈၊ ငါဆိုသည်ကား၊ သူတို့ ဘက်၌ အလျင် အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွ လာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှ ာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ (လု ၁၈:၁-၈) 


ယုံကြည်ခြင်းဖြင့်သာ

မျက်မှောက်မမြင်ဘဲ ယုံကြည် မြော်လင့်ခြင်းရှိသည် အတိုင်း၊ ငါတို့သည် ကျင့် ဆောင်ပြုမူသည် ဖြစ်၍ တန တ​ေူု ဘပ်​ေငအ့ယ ညသအ ဘပ ျငါ့အ (ငါတို့သည် အမြင်အားဖြင့် မဟုတ်ယုံကြည်ခြင်းအားဖြင့် သွားကြသည် (၂ ကော ၅:ရ) 

ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။ (ဟေ ၁၁:၆) 

ယုံကြည်ခြင်းရှိလျှင် သင်တို့ မတတ်နိုင်သောအမှု မရှိ။ (မ ၁ရး၂၀) 

ဘုရား ပေးသမျှသည် ထိုက်တန်သောအားဖြင့် မဟုတ်ကျေးဇူးတော် (သ နားခြင်း) အားဖြင့်သာလျှင်ဖြစ်၍ ယုံကြည်ခြင်း အားဖြင့်သာ ရယူရသည်။ (ကယ် တင်ခြင်း၊ ​ဖြောင့်မတ်ခြင်း၊ ရွေးနှုတ်ခြင်း၊ ကောင်းကြီး မင်္လာမှန်သမျှ) 


နာခံလိုက်လျှောက်ခြင်း 

နာခံခြင်း မရှိလျှင် အသေ ဖြစ်သည်။ နာခံခြင်းသည် ယုံကြည်ခြင်းကို သက် သေပြခြင်း ဖြစ်သည်။ အပြစ်သည် နားမထောင်ခြင်း ဖြစ်သည်။ ရှင်ပေါလုက-

တယောက်သောသူ၏ နားမထောင်ခြင်းအားဖြင့် လူအများ တိုသည် အပြစ် သိုရောက်သည့်နည်းတူ တယောက်သောသူ၏ နားထောင်သောအားဖြင့် လူအများတို့သည် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ (ရော ၅:၁၉) 

တရားကို မကျင့်ဘဲ နာရုံမျှသာပြုသောသူ မည်သည်ကား၊ မှန်၌ မိမိပကတိ မျက်နှာကို ကြည့်သောသူနှင့် တူ၏။ ၂၄ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ကြည့်ပြီးမှ၊ အခြားသို့ သွား၍ မိမိအဆင်းသဏ္ဍာန်ကို ချက်ခြင်း မေ့လျော့ တတ်၏။ (ယာ ၁:၂၃-၂၄) 

နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပင်ကောင်းကြောင်း ဤသို့ တွေ့ရသည်။ ရှမွေလကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူ မည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။ ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်း ကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်း ကဲ့သို့၎င်းအပြစ် ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီ ဟုဆို၏။ (၁ရာ ၁၅:၂၂-၂၃) 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG