GOODNEWS
  HOME  GOODNEWS  2011 AUG
 


အမှာစာ
 ယနေ့ တိုင်အသက်ရှင်သွားလာလှုပ်ရှားနိင်အောင် ကောင်းကြီး ပေးသောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ယခုလသတင်းကောင်း စာစောင်၌ စာရေး သူ များစွာ ပါဝင်ကြသောကြောင့်သာ၍ အားရ​ကြေ နပ်မှု ခံစားရကြမည် ဖြစ်ပါသည်။ နောက်ပိုင်း၌လည်း စာမူများအားဖြင့် ပါဝင်ကြဘို့ရန် ဘိတ်ခေါ်လိုပါသည်။ 

ခရစ်တော် ကြွလာခါနီးလေလေလုပ်ဆောင်ဘို့ရန် လိုအပ်လေလေ ဖြစ်ပါသည်။ ပျောက်ဆုံးသော ဝိညာဉ်များမှာလည်း နှစ်ပေါင်း များစွာ အသက်ရှင်မှာကဲ့သို့ စီမံကိန်းကြီးများချမှတ် ကြသည်။ အပျော်အပါးလိုက် သူများလည်း နဂုိအတိုင်း ဖြစ်နေကြသည်။ ခရစ်တော် ပြောသည့် “လူသားသည် ကြ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက် ထိမ်း မြားစုံဘက်လျက် နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင် ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကြ လာသောအခါ ဖြစ်လိမ့်မည်။” (မ ၂၄:၃ရ- ၃၉) ဟူသောအရာသည် သွေးထွက်အောင် မှန်သည်။ ကျမ်းစာပြောသည့်သဘာဝ ဘေးဒဏ်များ၊ စစ် ဖြစ်မည့် အရာများ၊ လူမှု ကျင့်ဝတ်ပျက်စီးခြင်းများ၊ စီးပါွးရေးကျဆင်းမှုများ၊ ဝိညာဉ်ရေးရာ၌ လမ်းလွှဲဖေါက်ပြန်မှုများအမျိုးစုံတွေ့မြင် နေရကြသော်လည်း သတိမထားကြပါ။ သတိပေးနေသော်လည်း မမှု ကြ။ ရင်လေးစရာ ကောင်းပ်သည််။ 

မိတ်ဆွေ၏ အသက်တာသည်လောကသားများကဲ့သို့ မဖြစ်သင့်ပါ။ ယုံကြည်သော်လည်း မပြင်ဆင်၊ ခရစ်တော်ကို မကြိုဆိုသောသူများ မဖြစ်ဘဲ သခင်ဘုရားကို အားရဝမ်းမြောက်စွာ ကြိုဆိုသည်သာမက အနီးပတ်ဝန်းကျင်၌ ရှိသောသူများကို သတိ ပေးခေါ်ဆောင်သောသူများ ဖြစ်ကြဖုိ့ အားပေးတိုက်တွန်းအပ်ပါသည်။ 

 

ဤစာစောင်၌...

  • သခင် ယေရှုခရစ် ကြွလာတော့မည် သန့်ရှင်းကြစို့
  • မပြောင်းလဲသော သခင်ယေရှုခရစ် တော် 
  • ထာဝရဘုရား၏ အသုံးတော် ခံခြင်း 
  • ဆုတောင်းခြင်း၏ အ​ဖြေ သက်သေခံချက်
  • သတင်းကောင်း ပွဲတော်ကြီး အောင်မြင် စွာပြီး ဆုံး
  • အခြားသတင်းများ
     


 
သခင်ယေရှု ခရစ်ကြွလာတော့မည် သန့်ရှင်းကြစို့

By:Rev.Josua Hrang Kip Zul, GBC Atlanta, GA

(GBC U. S. A Convention Festival Sunday Morning Sermon)

“အထက် ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်း တရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင် တတ်သောသူငယ်ကဲ့သို့ဖြစ်၍၊ သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည် နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။” ဟု ကျမ်းစာ လာသည် (၁ ပေ၊ ၁:၁၄-၁၆)။ 

 “မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့၊ ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူပါစေသော်၊ ငါတို့ သခင်ယေရှုခရစ် ကြလာတော်မူသောအခါ သင်တို့၏ ကိုယ်ခýာ၊ စိတ်၊ ဝိညာဉ် အပေါင်းတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ် စေခြင်းငှာ စောင့်မတော်မူပါစေသော်။” (၁ သက်၊ ၅:၂၂-၂၃) 

 “ငါသည် အလျှင်အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍ လူအသီးအသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။” (ဗျာ၊ ၂၂ ; ၁၂) ခရစ်တော် ကြွလာတော့မည်။ သန့်ရှင်းစွာ အသက်ရှင်ပါ။ 
 
နိဒါန်း

ဒီကနေ့ ခရစ်တော် ကြွလာတော့မည် ဖြစ်သောကြောင့် “သန့်ရှင်းစွာ အသက်ရှင် ပါ” ဟူသော ခေါင်းစဉ်ဖြင့် ကျနော်ဟောပြောသွားမည် ဖြစ်ပါသည်။ 
ကျနော်တို့  GBC U. S. A Convention Festival ၏ ရည်ရွယ်ချက် (ဆောင်ပုဒ်)သည် မကြာမှီ ခရစ်တော် ကြွလာတော့မည် ဖြစ်သောကြောင့် (၁) အ ဆင်သင့်ရှိပြီလား။ (၂) အမှုတော်ဆောင်ပြီး၊ ပျောက်ဆုံးသော ဝိညာဉ်များဖမ်း ဖို့၊ (၃) သန့်ရှင်းစွာ အသက်ရှင်ဖို့၊ (၄) ဆုသရဖူများ ဆွတ်ခူးနိုင်သောသူများ ဖြစ်ကြပါ၊ ဟူ၍ ဖြစ်ပါသည်။ ဒီကနေ့ကျနော်ဝေငှမည့် ခေါင်းစဉ် “သန့်ရှင်းစွာ အသက်ရှင်ရန်” ဟူသောအရာကို ကောင်းမွန်စွာ သဘောပေါက် နားလည်နိုင်ဖို့ သန့်ရှင်းခြင်း သုံးမျိုးအကြောင်းကို ပမာနအနေဖြင့် ရှင်းပြလိုပါသည်။ 
၁။ ရပ်တည်ချက်အားဖြင့် သန့်ရှင်းခြင်း (Positional Sanctification) (၁ ကော ၆:၁၉-၁၁) 
၂။ နေ့စဉ် အသက်တာ၌ သန့်ရှင်းခြင်း (Progressive Sanctification) 
၃။ အနာဂတ်၌ စုံလင်စွာ သန့်ရှင်းခြင်း (Perfect Sanctification) 

ဒီကနေ့၊ နေ့စဉ် အသက်တာ၌ သန့်ရှင်းခြင်း (Progressive Sanctification) အကြောင်းကို ကျနော်ဝေငှသွားမည် ဖြစ်ပါတယ်။ 
 
အဘယ်ကြောင့် သန့်ရှင်းစွာ အသက်ရှင်ဖို့လိုအပ်သနည်းဆိုလျှင် -

၁။ ဘုရားသခင်သည် သန့်ရှင်းသော ဘုရား ဖြစ်သောကြောင့် ဖြစ်သည်။ “သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည် နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။” (၁ ပေ ၁:၁၅)။ အစားအသောက်၌လည်း သန့်ရှင်းရန် ပြောထားပါသည် (ဝတ် ၁၁:၄၄-၄၅)။ ထိုသို့ဖြစ်သောကြောင့် ပွဲလုပ်ခြင်း၊ မင်္လာ ဆောင်ခြင်း၊ နှစ်သစ်ကူးပွဲ၊ ခရစ္စမတ်ပွဲ၊ ပွဲဟူသမျှ၌ ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ​ဖြောင့်မတ်ခြင်းနှင့် မဆန့်ကျင်သော ပွဲများ လုပ်ရန် ဖြစ်သည်။ ထို့ကြောင့် ဤသမ္မာ ကျမ်းစာဖတ်သူတိုင်းကို ကျနော်အကြံပြုချင် ပါသည်။ သမ္မာတရားနှင့် ဆန့်ကျင်သော ပွဲဟူသမျှ၌ မပါဝင်ကြပါနဲ့။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းခြင်း ဟူသော စကားသည် မူရင်းကျမ်းစာ ​ေါငသျ မှလာ၍ အဓိပ္ပါယ်မှာ ှနစမေအေငသည သီးသန့်စွာ နေခြင်း ဟူ၍ ဖြစ်သည်။ ထိုကြောင့် ဘုရားကို ချစ်သောသူ၊ သမ္မာတရား အတိုင်း အသက်ရှင်မည်ဟု ဆုံးဖြတ်ချက် ချသောသူ ဖြစ်ပါက အထက်၌ ဖော်ပြခဲ့သော ဘုရား မ}ကုိက် မနှစ်သက်သော ပွဲများ၌ မပါဝင်ဘဲ သီးခြားနေဖို့လိုပါသည်။ 
 
၂။ ဘုရားသခင်က သူ၏ သားသမီးများကို သူနှင့် သဏ္ဍာန်တူစေချင် သောကြောင့် ဖြစ်သည်။ ကောလောသဲဩဝါဒစာ ၃:၉-၁၀၌၊ “လူဟောင်း၏ အကျင့်တို့နှင့် လူဟောင်း၏ ကိုယ်ကို ချွတ်ပယ်၍ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဍာန်နှင့် အညီမှန်သော ပညာအားဖြင့် အသစ်ပြပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။” ဟု တွေ့ရသည်။ အသစ်ဖန်ဆင်းခြင်း ဖြစ်သည်။ ပြုပြင်ခြင်း မဟုတ်ချေ။ ယနေ့ ကြွရောက် လာကြသော ဖခင်များ အားလုံး ကို ကျနော်မေးချင်သည်။ သင်၏ အမျိုးသမီး (အာရှလူမျိုး) ကလူမဲကလေးမွေးလျှင် သင်မည်ကဲ့သို့ ခံစားမည် နည်း။ သို့မဟုတ် လူမဟုတ်သော တိရစ္ဆာန်တစ်ကောင်ကောင်ကို မွေးလျှင် သင် မည်ကဲ့သို့ နေမည်နည်း။ ထို့ကြောင့် ကမာ​ြဦးကျမ်း၁:၂၆ ထဲမှာ ဘုရားသခင်က ငါတို့ ပုံသဏ္ဍာန်နှင့် အညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့ဟု ပြောထားသည်။ 
 
၃။ ဘုရားသခင်သည် ယုံကြည်သူများနှင့် မိဿဟာရဖွဲ့ချင် သောကြောင့် ဖြစ်သည်။ ဟေဗြဲ ၁၂:၁၄၌၊ “သန့်ရှင်းခြင်း ပါရမီကို မှီအောင် လိုက်ကြလော့။ သန့်ရှင်းခြင်း ပါရမီမရှိလျှင် အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” ဟုဆိုသည်။ 
 (က) ဘုရားသခင် လက်မခံသော ဆုတောင်းခြင်းရှိသည်။ ဟေရှာယ ၁:၁၅၌ “သင်တို့သည် လက်ဝါးကို ဖြန့်ကြသောအခါ ငါသည် မျက်စိကို လွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ ငါသည် နားမထောင်။” ဟု တွေ့ရသည်။ ဟေရှာယ ၅၉:၁-၂ ကိုလည်း ဖတ်ပါ။ 
 (ခ) ဘုရားသခင် လက်မခံသောကိုးကွယ်ခြင်းလည်းရှိသည်။ ဟေရှာယ၊ ၁ ; ၁၂-၁၃၌၊ “သင်တို့သည် ငါ့ရှေ့မှာ မျက်နှာပြခြင်းငှာ လာကြသောအခါ၊ ငါ့တံ တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူ တောင်း သနည်း။ အချည်းနှီးသော ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့ မီးရှို့သော နံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရံွရှာ၏။ အဓRအမှုနှင့် ရောနှောသော ဓRစည်းဝေးခြင်းတို့ ကိုသည်း မခံနိုင်။” ဟု တွေ့ရသည်။ ထိုအပြင်
 (ဂ) ဘုရားသခင် လက်မခံနိုင်သော ဝတ်ပြုကိုးကွယ်ခြင်း၊ ပေးကမ်းခြင်း၊ ပူဇော် သက္ကာပြုခြင်းနှင့် တေးဂီတလည်းရှိသေးသည်။ အာမုတ်အနာဂလ္လိကျမ်း၅:၂၁-၂၂၌၊ “သင်တို့ စောင့်သော ပွဲတို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြုိးခြံစွာ ကျင့်သော နေ့ရက်တို့၌ ငါမမွေ့လျော်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါ လက်မခံ။ ဆူဝသော တိရစ္ဆန်တို့ကို မိသဟာယ ယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု။ သင်တို့ သီချင်းဆိုသံကို ပယ်ရှား ကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။” ဟု တွေ့ရသည်။ ထိုသို့ဖြစ်သောကြောင့် ကျနော်တို့ သိဘို့ လိုအပ်သည်မှာ “ကျနော်တို့ ဘာလုပ်တယ်ဆိုတာထက် ဘယ်လိုအားဖြင့် ဖြစ်လာသလဲ” ဟူသောအရာ ဖြစ်သည်။ 

ထို့ကြောင့်ကျနော်တို့၏ ဟောပြောခြင်း၊ ပေးကမ်းခြင်း၊ သီချင်းဆိုခြင်း နေ့စဉ် အသက်ရှင်ခြင်း များသည် ဝိညာဉ်တော်၏ အလင်းကို ထင်ရှားစေနိုင်သော လုပ်ဆောင်ချက် များဖြစ်ဖုိ့ အလွန်ပင် အရေးကြီး လှသည်။ ယနေ့ အသင်းတော် အသီးသီးမှလာကြသော ဏမ​ေငျန ရျွှသမျ့ငစ အဖွဲ့များနှင့် အသင်းတော် လူကြီးများကို ကျနော်မှာချင်သည််။ ဏမ​ေငျနရျွှသမျ့ငစသည် နညအနမအ​ေငညာနညအ သရုပ်ဆောင်ခြင်း မဟုတ်ပါ။၍ ူူကာငညအေငသည အလင်းပေးခြင်း ဖြစ်သည်။ သရုပ်ဆောင်ခြင်း မဟုတ်ဘဲကိုးကွယ် သူများကို ဝိညာဉ်တော်၏ အလင်းပေးခြင်း ဖြစ်သည်။ 

သန့်ရှင်းခြင်း အသက်တာမရှိသောသူများ၏ကိုးကွယ်ခြင်းသည် အချည်းနှီး ဖြစ်သည်။ ရှင်ဿဲ ခရစ်ဝင်ကျမ်း၁၅:ရ- ၉၌ လျှုိ့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျှက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။ 

ကျနော်တို့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့အခါကျနော်တို့၏ စိတ်ကျေနပ် မှုနှင့် ပရိသတ်များ၏ စိတ်ကျေနပ်မှု ရရှိရေးသည် အဓိက မဟုတ်ဘဲ ဘုရားသခင်၏ စိတ်ကျေနပ်မှု ရှိဖို့သာအဓိက ဖြစ်သည်။ 
 
၄။ ယေရှုခရစ် တော်၏ သတို့သမီး များဖြစ်ကြသောကြောင့် သန့်ရှင်းစွာ အသက်ရှင်ရန်လိုအပ်ခြင်း ဖြစ်သည်။ ညီအစ်ကိုတို့ မကြာမှီ ခရစ်တော် ဘုရားကြွလာတော့မည် ဖြစ်ပါသည်။ သူသည် ကောင်းကင်တမန် များတံဘိုးမှုတ်သံနှင့်အတူ သူ၏ အချစ်ဆုံး ဖြစ်သောသူ့ အသင်းတော်၊ သူ့အသွေးဖြင့် ရွေးကောက် (နှုတ်) ဝယ်ယူခဲ့သောသူ့ အသင်းတော်၊ သူ့အသက်ကို မနှမြောဘဲ အဖိုးအခပေးခဲ့သောသူ၏ အသင်းတော်တွင် ပါဝင်သည့် ယုံကြည်သူများကို သူ၏ အိမ်တော်သို့ ခေါ်ဆောင်သွားမည် ဖြစ်ပါသည်။ ထိုသို့ဖြင့် ကောင်းကင် နိုင်ငံ၌ လက်ထပ်ပွဲ ကျင်းပ ပြုလုပ်ပြီး မြေကြီး ပေါ်၌ မင်္လာဆောင်ပွဲ ကျင်းပတော့မည် ဖြစ်ပါသည်။ ထိုအချိန်၌ သန့်ရှင်းစွာ အသက်မရှင်သော သတို့သမီးသည် အရှက်ကွဲမည် ဖြစ်ပါသည်။ ထို့ကြောင့် ရှင်ယောဟန်က ကျနော်တို့ကို သတိပေးခဲ့သည်မှာ “ချစ်သားတို့ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင်၊ ရဲရင့်ရသော အခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သားတော်၌ တည် နေကြလော့။” ၁ ယော၊ ၂:၂၈။ ဗျာဒိတ်၊ ၂၂:၁၂၌ ခရစ်တော်က၊ “ငါသည် အလျှင်အမြန် ပြန်လာမည်။” ဟု ပြောခဲ့ပါသည်။ ခရစ်တော် ကြွလာတော့မည် ဖြစ်ပါသည်။ သူ့ရဲ့ သူတို့ သမီးများ ဖြစ်ကြသော ယုံကြည်သူ ခင်ဗျားနှင့် ကျနော်တို့က သန့်ရှင်းစွာ အသက်ရှင်ခြင်းအားဖြင့် စောင့်မျှော်}ကုိဆိုကြပါစို့။ 
 

မပြောင်းလဲသော သခင်ယေရှုခရစ် တော် 

Saya Gideon Thuam, GBC Durham, NC

 “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” ဟု ဟေဗြဲဩဝါဒ ၁၃:၈တွင် ဖော်ပြထားသည်။ ဤစာစောင်ရေးသားခြင်း၏ ရည်ရွယ်ချက်မှာ​ကျွန်ုပ်တို့ကိုးကွယ်သည့်ဘုရားသည် မည်သို့သော ဘုရား ဖြစ်ခြင်းကို ပိုမိုသိခြင်းအားဖြင့် ခွန် အားရကြရန်၊ ချစ်ကြရန် ဖြစ်သည်။ 

ယနေ့ ဤလောကကို ကြည့်သောအခါ၊ လူအများစုကပြောင်းလဲခြင်းကို ပိုမိုနှစ်သက် ကြသည်။ ပိုမိုလိုချင် လေလေ ဖြစ်သည်။ လူငယ်လူကြီး မှစ၍ ဆံပင်များပင်လျှင် အနီ၊ အဝါ၊ အမဲ၊ အဖြူ၊ အစိမ်း၊ ထောင်လိုက်၊ အရှည်ထားလိုက်၊ အမျိုးမျိုး ပြောင်းလဲတတ်ကြသည်။ လူအများစုသည် အသစ်အဆန်းများကို နှစ်သက် ကြသည်။ အဘယ်ကြောင့်နည်း။ သို့သော် ခရစ်တော်သည် မပြောင်း လဲသော ဘုရား ဖြစ်သည်။ ထို့ကြောင့် အများစုက ခရစ်တော်ကို မကြိုက်နှစ်သက်ကြခြင်း ဖြစ်နိုင်သည်။ ပြောင်းလဲတတ်သည့် ဤလောကကို ပို၍ စိတ်ဝင်စားပြီး၊ ချစ် ကြသည်။ အမှန်မှာ “ပြောင်းလဲခြင်း”၏ ဆိုလိုရင်းကို သဘော မပေါက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူများ ကအဘယ်ကြောင့်ပြောင်းလဲခြင်းကို လိုချင် ကြသည့်အကြောင်းရင်းများကို ဖော်ပြပါမည်။ 
 
၁။ လက်ရှိအ​ခြေအနေမကောင်းသောကြောင့် 

လူများ ကအဘယ်ကြောင့်ပြောင်းလဲခြင်းကို အလွန် လိုချင် ကြသနည်း ဟူမူကား လက်ရှိအ​ခြေအနေမကောင်းသောကြောင့် ဖြစ်သည််။ ဥပမာ၊ အဘယ်ကြောင့် အမေရိကလူထုများက ဥဘ​ော​ေကို သမ္မတအဖြစ်သို့ မဲပေးကြသနည်း။ အချို့ကအပြောကောင်းသောကြောင့် ဟုပြောကြသည််။ မှန်တော့မှန်သည်။ သို့သော် အကြောင်းရင်းမှာအမေရိကလက်ရှိအ​ခြေအနေ၊ အထူးသဖြင့် စီးပွားရေး အလွန် ဆုတ်ယုတ်သောကြောင့် ဖြစ်သည်။ ဥဘ​ော​ေ ဃ​ောစ​ေငါည၏ ဆောင် ပုဒ်မှာ “ပြောင်းလဲခြင်း” ဖြစ်သည်။ လူထုအကြိုက် ဖြစ်သွားသည်။ ထိုကြောင့် ပြောင်းလဲခြင်း၏ နောက်ကွယ်မှာလက်ရှိအ​ခြေအနေယုတ်ညံံ့ခြင်းကို တွေ့ရသည်။ 
 
၂။ အကောင်းဆုံးမရှိသောကြောင့် 

ဒုတိယအကြောင်း အရင်းမှာကမ္ဘာပေါ်မှာ အကောင်းဆုံး (စုံလင်ခြင်း) မရှိသောကြောင့် ဖြစ်သည်။ အမေရိကမှာနှစ်စဉ်နှစ်တိုင်း ကား ဒီဇိုင်းသစ် အမျိုးမျိုး ထုတ်လုပ်တတ်ကြသည်။ သူဌေးများ ကနှစ်တိုင်း သူတို့၏ ကားကို လဲ တတ်ကြသည်။ အဘယ်ကြောင့်နည်း။ သူတို့ စီးနေသော ကားထက် ပို၍ လှ သော၊ ကောင်းသော ကားရှိသောကြောင့် ဖြစ်သည်။ မရှိလျှင် လဲစရာ မလိုတော့ပေ။ ယခုခေတ် အဆိုတော် များလည်း မည်မျှပင်နာမည်ကြီး ပါစေတစ်နှစ်၊ နှစ် နှစ်သာခံသည်။ သူတို့ ထက်တော်သော အဆိုတော် သစ်၊ သီချင်းသစ်များ ထွက် လာသောကြောင့် ဖြစ်သည်။ အလှဆုံးအမျိုးသမီး§သားများတစ်နှစ်၊ နှစ်နှစ် သာခံံသည်။ သူတို့ထက် လှသော လူများ ပေါ်လာသော တတ်သောကြောင့်၊ နာ မည်ကြီးရုပ်ရှင်မင်းသား၊ မင်းသမီးများ ကွဲလိုက်၊ အခြားသူနှင့် ပြန်ယူလိုက်လုပ် တတ်ကြသည်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုသည့်အရာမရှိနိုင်သောကြောင့် လူတွေကပြောင်းလဲခြင်း ကြိုက်နှစ်သက် ကြသည်။ 
 
၃။ ရောင့်ရဲခြင်း ( ကျေနပ်ခြင်း) မရှိသောကြောင့် 

ဤလောက မှာရှိသောအရာ ခပ်သိမ်းသည် လူကို ရောင့်ရဲခြင်း၊ ကျေ နပ်စေခြင်း ကြာမြင့်စွာ မပေးနိုင်ချေ။ ထိုကြောင့် ဘာလုပ်လုပ်ကြာလာရင်ငြီး ငွေ့လာပြီး ပျင်းရိတတ်လာသည်။ ကစားစရာ အရုပ်ကို ကလေးတစ်ယောက် ကတစ်ရက်၊ နှစ်ရက်ဘဲ ပျော်ရွှင်စွာ ကစားတတ်သည်။ သို့သော် နောက်ပိုင်း အီသွားပြီး အခြားအရုပ်ကို တောင်းတတ်သည်။ ပျော်စရာ အကောင်းဆုံးက စားကွင်းတွင်လည်း ခဏသာပျော်ဖို့ကောင်းသည်။ တစ်ချိန်လုံးဆော့ကစားပါက ပြန်၍ အီသွားသည်။ ထိုကြောင့် ဤလောက မှာဆိုရင် စာတန် ကအသစ် အသစ်ဆန်းဆန်းပြားပြားအမြဲထွင်ပေးခြင်း ဖြစ်သည်။ 
 
၄။ ပြောင်းလဲတတ်သောကြောင့် 

 ဤကမ္ဘာပေါ်မှာ ရှိသော သက်ရှိ၊ သက်မဲ့အရာအားလုံး သည် ပြောင်း လဲတတ်ကြသည်။ ဤလောက ကြီးလည်း အရင်လို မဟုတ်၊ တဖြည်းဖြည်းအို မင်းလာပြီး သဘာဝ ဖောက်ပြန်တတ်လာသည်။ ရာသီဥတုလည်း ခဏခဏဖောက်ပြန်တတ်လာသည်။ (ဆာလံ ၁၀၂:၂၅-၂၆) “ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းရှိကြသော်လည်း ” ဟူ၍ ဤလောကသည် ပြောင်းလဲတတ်၍ ပျက်စီးဦးမည် ဖြစ်ကြောင်း တွေ့ရသည်။ 

လူသည် ပြောင်းလဲတတ်သည်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသည်။ မေတ္တာလည်း ပြောင်းလဲတတ်သည်။ မိဘမေတ္တာ၊ ညီအကို မေတ္တာ၊ သူငယ်ချင်းမေတ္တာ၊ သားသမီး မေတ္တာ၊ သမီးရည်းစားမေတ္တာအားလုံး ပြောင်းလဲတတ်သည်။ ထိုကြောင့် လူ၏ မေတ္တာကို မယုံသင့်ပေ။ ​ကျွန်တော်တို့သည် ထာဝရဘုရားကို ချစ်သည်။ အသက် ပေးရဲလောက်အောင် ဆက်ကပ်သည်ဟု ပြောဆို တတ်သော်လည်း ဆုမတောင်း၊ ကျမ်းစာ မဖတ်၊ အလှူငွေနှမြော၊ ဘုရားကျောင်းလဲမသွား ချင်၊ ဘုရားကို ချစ်ချင် ယောင်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရား အပေါ်​ကျွန်တော်တို့၏ မေတ္တာသည် လျော့လိုက်၊ များလိုက် ဖြစ်လျှင် လူလူချင်းချစ်ကြသည့်မေတ္တာသည် လုံးဝ ပြောင်းလဲလွယ်သည်။ အမှန်မှာ လူသည် “မပြောင်း လဲခြင်း”ကို ပို မိုနှစ်သက်သင့်သည်။ 

ထို့ကြောင့် ဟေဗြဲဆရာက “ယေရှုသည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” ဟု ရေးသားသည်။ ဆိုလိုသည်မှာ ခရစ်တော်သည် ​ကျွန်တော်တို့အား အကောင်းဆုံးပေးနိုင်သည်။ သူ ကိုယ်တိုင် ​ကျွန်တော်တို့၏ စုံလင်ခြင်း ဖြစ်သည်။ ရောင့်ရဲမှု ှုလဲပေးနိုင်သည်။ ဘယ်တော့ မှငြီးငွေ့နိုင်တော့မည် မဟုတ်ပါ။ အဘယ့်ကြောင့် နည်း။ မပြောင်းလဲနိုင်သော ဘုရား ဖြစ်သောကြောင့် ဖြစ်သည်။ အ​ခြေအနေလည်း အကောင်းဆုံး ဖြစ်မည် ဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းရှိမှာ မဟုတ်တော့ချေ။ ထိုမျှသာမက ခရစ်တော် သာလျှင် ​ကျွန်တော်တို့ကို မပြောင်းလဲသော မေတ္တာနှင့် ထာဝရ ချစ် နိုင်သော ဘုရား ဖြစ်သည်။ လူသည် အသက် ၆၀၊ ရဝ ထိသာအသက်ရှင်နိုင် သောကြောင့်၊ မေတ္တာ မပြောင်းလဲလျှင်လည်း အနှစ် ၆၀၊ ၇၀လောက်သာချစ်နိုင်မည် ဖြစ်သည်။ ထိုကြောင့် မပြောင်းလဲသော သခင် ခရစ်တော်ကို မှီခိုကြစို့၊ ချစ်ကြပါစို့။ 
 
 
ထာဝရဘုရား၏ အသုံးတော် ခံခြင်း 
ဆရာနော်ဂျာ, GBC Rockville, MD

 “အသုံးတော် ခံခြင်း” ဆိုသည်မှာ မိမိ၌ ရှိသော အရာများကို သူတပါးအသုံး ပြုရန်အတွက် ခွင့်ပြုခြင်းကို ဆိုလိုသည်။ ယနေ့ ချစ်သော မိတ်ဆွေ များသည်လည်းမည်သူ့အတွက် အသုံးတော် ခံအဖြစ် အသက်ရှင်နေရသလဲဟူသောအရာကို ပြန်လည် ဆင်ခြင်နိုင်ရန် ဤခေါင်းစဉ်ဖြင့် ဝေငှဖော်ပြလိုက်ရပါသည်။ ဤလောက၌ ရှိသော လူသားများအားလုံး ၌ သခင်နှစ်ပါးရှိသည်။ တပါးမှာ ဘုရားသခင် ဖြစ်၍ နောက် တစ်ဦးမှာ ( ဇာတိပကတိ) စာတန် မာန်နတ် ဖြစ်သည်။ ဘုရားသခင်၏ အသုံးတော် မခံလျှင် စာတန်၏ အသုံးခံရသောသူ ဖြစ်သည်။ 

 စာတန်၏ အသုံးခံခြင်း ဆိုသည်မှာ ဘုရား မကြိုက်မနှစ်သက်သော အပြုအမူ အကျင့်အကြံများ လုပ်ဆောင်ချက် မှန်သမျှ ဖြစ်သည်။၎င်းတို့ မှာသူ့မယားကို ပြစ် မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာလွန် ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သူ့အ ကျိူးကို ငြူစူခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ ယစ်မျိုး (အရက်၊ ဆေးလိပ်၊ ဘီယာ၊ ခိုင်နီး)ကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းတို့ ဖြစ်သည်။ (ဂလ ၅:၁၉-၂၁) ထို့ အပြင် “ကိုယ့်ကို ကိုယ်ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင်နာစုံ မက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣ​ေ​ြနကို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သဏာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ် မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်း တန်ခိုးကို ငြင်း ပယ်သောသူ” စသည်တို့ ဖြစ်ကြသည် (၂ တိ ၃:၁-၅)။ 

ထိုမျှမက ခရစ်တော် အယောင်ဆောင်သောသူနှင့် မိစ္ဆာပရောဖက် များသည်လည်း စာတန်၏ အသုံးခံများ ဖြစ်ကြသည်။ ယနေ့ ​ကျွန်ုပ်တို့လည်း အထက် ဖော်ပြပါအချက်များ၌ ပါဝင်ပတ်သက်၍ မွေ့လျော်နေပါက စာတန်၏ အသုံးခံဘဝ မှရုန်းထွက်၍ ဘုရားသခင်၏ အသုံးတော် ခံဘဝသို့ ရောက်ရှိရန် အလွန် အရေးကြီး ပါသည်။ ဘုရားသခင်၏ အသုံးတော် ခံဘဝသို့ ရောက်ရှိရန်လိုအပ်ချက် များစွာ ရှိသည့်အထဲမှအရေးအကြီး ဆုံးသောအရာမှာ (၁) ကယ်တင်ခြင်း စိတ်ချမှု ရရှိ ရန်နှင့် (၂) ဇာတိကိုအား မကိုးဘဲ ဘုရားသခင်ကို အားကိုးရန် ဖြစ်သည်။ ကယ် တင်ခြင်း စိတ်ချမှု မရှိဘဲ စစ်မှန်သော ဘုရားသခင်၏ အသုံးတော် ခံရန်မ ဖြစ်နိုင် ပါ စာတန်၏ အသုံးခံဘဝသို့ သာရောက်ရှိသွားမည် ဖြစ်သကဲ့သို့ ဇာတိကို အားကိုး၍ ဘုရားသခင်၏ အသုံးတော် ခံခြင်းသည်လည်း ထို့အတူ ဖြစ်သည်။ 

သမ္မာကျမ်းစာထဲမှ မောရှေ၏ အသက်တာအားဖြင့် သင်ခန်းစာယူကြ ပါစို့။ မောရှေသည် ဖာရောဘုရင့်သမီးတော်၏ မွေးစားခြင်းကို ခံရပြီး နန်းတွင်း ထဲ၌ မင်းသား အဖြစ်နေထိုင်ကြီး ပြင်းလာခဲ့သောသူ ဖြစ်သောကြောင့် မင်းသားများတတ်အပ်သော နိုင်ငံရေး၊ စစ်မှု ရေးရာ၊ လူမှုရေးရာ၊ နှုတ်သတ္တိ၊ လက်သတ္တိ၊ ညဏ် ပညာအတတ် အမျိုးမျိုးတို့ကို သင်ယူခဲ့ရမည် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ကို မကိုးစားဘဲ မိမိအတတ်ပညာ၊ ဇာတိကိုသာ အားကိုး၍ ဣသရေလ လူမျိုးများကို ကယ်တင်ရန် ကြိုးစား လုပ်ဆောင်ရာတွင် အောင်မြင်မှု မရဘဲ ဆုံးရှုံးခြင်း များစွာနှင့်သာရင်ဆိုင်ကြုံတွေ့ကာနန်းတွင်း မှ ထွက်ပြေးရသော အဖြစ်သို့ ရောက်ရှိခဲ့ရသည်ကို အောက်ဖော်ပြပါအဖြစ် အပျက်များအားဖြင့် တွေ့ရသည်။ 
 
၁။ ဇာတိလက်ရုံးရည်ကို အားကိုး၍ ဘုရား အသုံးတော် ခံခြင်း (ထွက် ၂:၁၁-၁၂) 
 
 “မောရှေသည်ကြီးသောအခါ၊ မိမိ အမျိုးသားချင်း တို့ ရှိရာသို့ သွား၍ သူတို့ အမှု ထမ်းရသော အခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသား ဟေဗြဲလူတယောက်ကို အဲဂုတ္တု လူရိုက်သည်ကို မြင်လျှင် ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှ မရှိသည်ကို သိသောအခါ၊ အဲဂုတ္တု လူကို သတ်၍ သဲထဲ၌ မြုပ်ထားလေ၏။” သူ၏ လူမျိုးများကို ကယ်တင်မည့် ရည်ရွယ်ချက်သည် အလွန် ကောင်းပါသော်လည်း မိမိဇာတိလက်ရုံးရည်ကိုသာလျှင် အားကိုး၍ ဘုရားကိုအား မကိုး သောကြောင့် အောင်မြင်မှု မရဘဲ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် ထွက်ပြေးခဲ့ရသည်။ 

ထို့ကြောင့် ယုံကြည်သူများလည်း ဘုရားသခင် အတွက် အသုံးတော် ခံ၍ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများကို ကယ်တင်ခြင်းသို့ ရောက်ရန်အ တွက် ရည်ရွယ်ချက်များရှိပါက အလွန် ကောင်းသော်လည်း ဇာတိအားကိုးပါက မည်သည့်အခါမျှအောင်မြင်မည် မဟုတ်ပေ။ သို့သော် ဘုရားကို အားကိုး၍ လုပ်ဆောင်သောအခါ မူလကလူသတ်ခဲ့သော မောရှေလက်သည် လူပေါင်းမြောက် များစွာကို ကယ်တင်သော လက်၊ ဘုရားကောင်းချီးပေး၍ အသုံးပြုခြင်း ခံရသော လက်၊ နိမိတ်လက္ခဏာကို ပြသော လက် ဖြစ်လာသည်ကို တွေ့ရသည် (ထွက် ၄:၂-၇)။ ထာဝရဘုရားကလည်း သင်၏ လက်၌ အဘယ်အရာရှိသနည်း။ သင့်လက်ကို ဆန့်၍ သူ့အမြီးကို ဖမ်းလော့ဆိုသည့်အတိုင်း သူ၏ လက်ဖြင့် ဆန့်၍ စမ်းသဖြင့် သူ၏ လက်၌ လှံတံပြန် ဖြစ်လာ၏။ တဖန် ထာဝရဘုရားကသင်၏ လက်ကို သင်၏ ရင်ခွင် ထဲသို့ သွင်းလော့ဟု မိန့်တော်မူသည် အတိုင်း လက်ကို ရင်ခွင်ထဲ၌ သွင်းသောအခါ နူလေ၏၊ တဖန် သင်၏ လက်ကို ရင်ခွင်ထဲသို့ သွင်းဦးလော့ဟု မိန့်တော်မူသည့်အ တိုင်း လက်ကို ရင်ခွင်ထဲသို့ သွင်း၍ ထုတ်ပြန်သောအခါ ပကတိအသား အတိုင်း ဖြစ်လေ၏။ ထိုမျှမက ဣသရေလ လူများနှင့် အာမလက်လူတို့ စစ်တိုက်သောအခါ မောရှေ၏ လက်မြှောက်ခြင်းသည် စစ်အနိုင်အရှုံးကိုလည်း ဖြစ်စေသော အရေး ကြီးသော လက်ဘုရား အသုံးပြုသော လက် ဖြစ်လာသည်ကို တွေ့ရသည် (ထွက် ၁၇:၁၁)။ မောရှေသည် လက်ကို ချီသောအခါ ဣသရေလ လူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။ 
 
၂၊ နှုတ်မှု ရေးရာကို အားကိုး၍ ဘုရားသခင် အသုံးတော် ခံခြင်း (ထွက် ၂:၁၃-၁၄) 
 
 “နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ် ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏ အပေါင်းအဘော်ကို အဘယ့်ကြောင့်ရိုက် သနည်းဟု မေးသည် ရှိသော်၊ ထိုသူကအဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထားသနည်း၊ အဲဂျွှုလူကို သတ် သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏၊ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှား ပြီဟု သိ၍ ကြောက်လေ၏။” မောရှေသည် ဘုရား မခိုင်းသော အချိန်၌ မိမိနှုတ်ကို အားကိုး၍ သူတပါးကို ဆုံးမသော်လည်း မည်သူမျှနားမထောင်ဘဲ ဆန့်ကျင်ခြင်း နှင့်သာလျှင် ကြုံတွေ့ ရသည်။ ထို့ကြောင့် ယနေ့ စာရှုသူမိတ်ဆွေ များလည်း အပြောအဟော မည်မျှပင်ကောင်းပါသော်လည်း ဘုရား၏ ဦးဆောင်မှု၊ ဝိညာဉ်တော်၏ လမ်းပြပဲ့ပြင်မှု မပါလျှင် အောင်မြင်မှု ရရှိမည် မဟုတ်ပေ။ 

သို့သော်လည်း ဘုရားသခင်၏ ဦးဆောင်မှုအားဖြင့် အသုံးတော် ခံပါက အောင်မြင် သောသူ ဖြစ်လာမည်မှာဧကန်မုချပင် ဖြစ်သည်။ (ထွက် ၄:၁၁-၁၂) “ထာဝရဘုရားကလည်း လူ၏ နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း၊ စကား အသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သော သူတို့ကို အဘယ်သူ ဖန်ဆင်း သနည်း၊ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ်လော၊ သို့ဖြစ်၍ ယခုသွားလော့၊ သင်၏ နှုတ်၌ ငါရှိ၍ သင်သည် အဘယ်သို့ ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။” ဘုရားသခင် စေခိုင်းသောအခါ ဆင်ခြင်ပေး၍ မရပါ။ ပြောတတ်ဟောတတ် တိုင်းလည်း ဘုရား မသုံးသလို၊ မဟော မပြောတတ် သူများကိုလည်း ဘုရားသခင် အသုံးပြုသောသူသည် အောင်မြင်ခြင်းသို့ ရောက်မည် ဖြစ်သည်။ မောရှေသည် မိမိပြောတတ်ဆိုတတ်သောအရာကိုသာ ဦးစားပေး၍ လုပ်ဆောင်သောအခါ လူတစ်ဦးကိုမျှ မဦးဆောင်နိုင်သော်လည်း ဘုရားကို အားကို၍ အသုံးတော် ခံသောအခါ အမျိုးသမီးနှင့် ကလေးများ မပါဘဲ လူ၆ သိန်းကို ဦးဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဇာတိစွမ်းရည်ကိုအား မကိုးဘဲ ဘုရားကို အားကိုး၍ အသုံးတော် ခံကြပါစို့။ 

အချုပ်အားဖြင့် ဆိုရသော်​ကျွန်ုပ်တို့ ကိုယ်ခန္ဓာ၊ ပစ္စည်းဥစ္စာ၊ ညဏ်ပညာနှင့် အစွမ်းသတ္တိရှိသမျှသည် ဘုရားသခင် ပိုင်သောအရာ၊ ဘုရား ပေးထားသော အရာများသာလျှင် ဖြစ်သည်ကို သိမှတ်၍ ဘုရား၏ စိတ်ကြိုက်် အသုံးတော် ခံရန် လိုအပ်သည်။ ထိုသို့မဟုတ် လှျင် ဤ်လောက၌ အသက်ရှင်နေထိုင်ရင်း စာတန်၏ အသုံးခံဘဝသို့ ရောက်မှန်း မသိဘဲ ရောက်သွားမည် ဖြစ်သည်။ ​ကျွန်ုပ်တို့ ယပိုင်ဆိုင်သော အရာများ ဖြစ်သည့် ကိုယ်ခန္ဓာပစ္စည်းဥစ္စာများသည် ယာယီမျှသာ ဖြစ်သည်။ ဘာမျှ မဟုတ်သော အရာများ ပင် ဖြစ်သော်လည်း ဘုရား၏ အသုံးတော် ခံသောအခါ အလွန် အဖိုးထိုက်သော အရာများ ဖြစ်လာမည် ဖြစ်သည်။ 

ဥပမာအားဖြင့် မောရှေ၏ လှံတံသည် အစပိုင်း၌ သိုး၊ ဆိတ်များကို ထိန်း ကျောင်းရန်နှင့် လမ်းလျှောက်ရာ၌ အထောက်အကူ ဖြစ် အသုံးပြုရန်အတွက် သာလျှင် ဖြစ်သော်လည်း ဘုရားသခင် အသုံးပြုသောအခါ တန်ခိုးရှိသော လှံတံ၊ အံ့ ဩဘွယ်ရာ နိမိတ်လက္ခဏာပြသော လှံတံ ဖြစ်လာသည်။ မောရှေသည် မယားနှင့်သား နှစ်ယောက်တို့ကို မြည်းစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကို လက် စွဲလျက် အဲဂုတ္တု ပြည်သို့ ပြန်လေ၏။ (ထွက် ၄:၁၇) သင်သည် နိမိတ်သက်သေတို့ကို ပြလတံံ့သော ဤလှံတံကိုလည်း သင်၏ လက်၌ ကိုင်ထားရမည်ဟု မိန့်တော်မူ၏။ မောရှေ၏ လှံတံမှထာဝရဘုရား၏ လှံတံ ဖြစ်လာသည်။ (ထွက် ၄:၂၀) ဘုရားသခင် ၏ လှံတံတော်ကို လက်စွဲလျက်၊ ဟူ၍ ဖော်ပြထားပါသည်။ ထို့ကြောင့် ယနေ့ ဤစာစောင်ကို ဖတ်ရှုသူအယောက်တိုင်းသည်လည်း စာတန်၏ အသုံးခံဘဝ ( သို့မဟုတ်) ဇာတိ၏ အသုံးခံဘဝမှ ဘုရားသခင်၏ အသုံးတော် ခံဘဝအဖြစ်သို့ ရောက် ရှိရန်ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းဝေငှခြင်း၊ သက်သေခံခြင်း၊ ပေးကမ်းလှူတန်းခြင်းအားဖြင့် အသက်ရှင်ရန် ဤနှုတ်ကပတ်တော်အားဖြင့် နိှုးဆော်ဝေငှလိုက်ပါသည်။ အယောက်တိုင်း အပေါ်၌ ဘုရားသခင်က ောင်းကြီး ပေးပါစေ။ 
 
 
 
ဆုတောင်းခြင်း၏ အ​ဖြေ သက်သေခံချက်
ဆရာဂျာဂျာ, Syracuse Myanmar Baptist Church, NY

သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်း သမျှ အတိုင်း ငါပြုမည်။ ဤကြောင်း မူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်း တည်း။ (ယော ၁၄:၁၃) 

 အထက်ပါ ကျမ်းချက်အရ ယုံကြည်သူများအတွက် နာမတော်ကို ကိုင်စွဲ၍ ဆုတောင်းခြင်းသည် ထူးမြတ်သော အခွင့်ထူး ဖြစ်သကဲ့သို့၊ အခွင့်ကောင်းယူ တတ် သူများအတွက် အဖိုးမဖြတ်နိုင်သော အခွင့်အရေးတရပ် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲ၌ ခရစ်တော်သည် တမန်တော်များအား၊ လုပ်ဆောင်လေသမျှ အရာတိုင်း၌ ဆုတောင်း တတ်ရန်သင်ပေးခြင်း၊ မခြားမလပ် ဆုတောင်းရန် သတိပေးခြင်း၊ သူကိုယ်တိုင်အချိန် ယူ၍ ဆုတောင်းခြင်းများဖြင့် ဆုတောင်းခြင်းကို အလေး အနက်ထားခဲ့ကြောင်း တွေ့ရပါသည်။ ဆုတောင်းခြင်းသည် ဘုရားနှင့် စကားပြောခြင်း ဖြစ်ပါသည်။ ကျမ်းစာထဲ၌ ဆုတောင်းခြင်းကို်လည်း အတို၊ အရှည်ပုံသဏ္ဍာန် အမျိုးမျိုးနှင့် တွေ့ရပါသည်။ ပွင့်ပွင့်လင်းလင်း ဆုတောင်း သူများ၊ ဟန်ဆောင်၍ ဆုတောင်း သူများ၊ လူမြင်ကောင်းအောင် ဆုတောင်း သူများ အစရှိသည်ဖြင့် တွေ့ ရပါသည်။ ထိုဆုတောင်း ချက်များ အပေါ်၌ ဘုရားနှင့် ရင်းနှီးမှု ရှိမရှိတွေ့မြင်နိုင် ပါသည်။ လူလူချင်းဆက်ဆံ ပြောဆို ရာ၌လည်း စကား အပြောအဆိုကို ကြည့်ခြင်းဖြင့် ပင်ရင်းနှီး သူဟုတ်မဟုတ်သိနိုင်ပါသည်။ ရင်းနှီး သူများနှင့် စကားပြောလျှင် ဟန်ဆောင်စရာ မလို၊ အကူအညီတောင်းလျှင် လဲအား နာစရာ မလို၊ စကားပြောရန်လဲတိုက်တွန်းစရာ ပင်မလိုပေ။ မသိ၊ မရင်းနှီး သူများနှင့် ဆိုလျှင် ဟန်ဆောင်၍ ပြောရခြင်း၊ စကား မမှားရန်သတိထားရခြင်းများရှိပါသည်။ 

ဘုရားသည် သူ၏ သားသမီး များသူ့အား စကားပြောခြင်း၊ အကူအညီ တောင်းခြင်းကို အလွန်ပင် နှစ်သက်ပါသည်၊ အခွင့်လည်း ပေးထားပါသည်။ အထက်ပါ ကျမ်းချက်အရ ယုံကြည်သူများခရစ်တော်၏ နာမတော်ကို အမှီပြု၍ ဆု တောင်းသမျှ အတိုင်း ပြုခြင်းဖြင့် သူ၏ ဘုန်းတော် ထင်ရှားမည် ဖြစ်ပါသည်။ လူ့အသိုင်းအဝိုင်း၌ အာဏာရှိသူလူကြီး တယောက်နှင့် ရင်းနှီး ပြီး၊ သူ၏ နာမည်ကို လိုအပ်ရာတွင် အသုံးပြုပါဟု အခွင့်ပေးလျှင် အလွန်ပင် သူ့အား ကျေးဇူး တင်ကြမည် ဖြစ်သည်။ ထိုသူ၏ နာမကို သုံးလေလေသူ့အား လူသိများ သထက်များလေလေ ဖြစ်မည် ဖြစ်သည်။ သို့ရာတွင် အခွင့်ပေးထား သူများသာ အသုံးပြု ရန်ဖြစ်ပြီး၊ အခွင့် မရှိသူများ အသုံးပြုပါက နှစ်သက်မည် မဟုတ်ပေ။ ဤအခွင့် အရေးသည် သက်ဆိုင် သူများအတွက်သာ ဖြစ်ပါသည်။ ထို့နည်းတူ ဆုတောင်းခြင်းသည် ယုံကြည်သူများအတွက် ထူးမြတ်သော အခွင့်အရေး ဖြစ်ပါသည်။ 

သတင်းကောင်း ပွဲတော်ကြီး ဖြစ်မြောက်ခဲ့ခြင်းသည်လည်း ဘုရား၏ ဘုန်းတော် ထင်ရှားခြင်း တခုပင် ဖြစ်ပါသည်။ ဤပွဲတော်သို့ လာရောက်ကြသော ယုံကြည်သူများအတွက် သက်သေပြစရာ၊ သက်သေခံစရာ တခု မဟုတ်တ ခုတော့ရှိရမည် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဘုရား၏ ကောင်းမြတ်ခြင်း များစွာ ထဲမှ ဆုတောင်းခြင်းဖြင့် အနာရောဂါပျောက်ကင်းစေခြင်းကို သက်သေခံချင် ပါသည်။ ပွဲတော်ကြီး ပဌမ ဆုံးညတွင် ဆရာနော်ဂျာကသူမလာနိုင်တော့လောက်အောင် နေမကောင်း ဖြစ်နေခြင်းမှ ဆုတောင်းခြင်းဖြင့် အံဩဘွယ်ရာခဏခြင်း အတွင်း ဘုရား သူ့အား ကျန်းမာ စေခဲ့ခြင်းကို သက်သေခံဝေငှခဲ့ပါသည်။ 

ပွဲတော်ကြီး အတွင်း တွင်လည်း ှပမခေကျန မှကို အေးပိုင်နာခေါင်းမှသွေး ထွက်လွန်၍ အရေးပေါ်ဆေးရုံသွားရန်စီစဉ်ကြစဉ်တွင် ဆရာမောဇက်နှင့် ယုံ ကြည် သူများ၊ ယုံကြည်ခြင်းဖြင့် ပျောက်ကင်းရန် ဆုတောင်း ခဲ့ ကြသည်။ ညနေပိုင်းအချိန် တွင်ကို အေးပိုင်ကနာခေါင်းသွေးထွက်ခြင်း မရှိတော့ကြောင်း၊ ဆုတောင်းခြင်းဖြင့် ပျောက်ကင်းခဲ့ကြောင်း၊ ကား ပေါ်မှဆင်းဆင်းခြင်းတွင် သက်သေ ခံခဲ့ပါသည်။ 

နောက်ဆုံးနေ့တွင်လည်း အ​ကျွန်ုပ်၏ သမီးအငယ်ဆုံးသည် ချီနေသော်လည်း အဆက်မပြတ် ငိုနေသဖြင့် စစ်ဆေးကြည့်သောအခါ သူ၏ ညာဖက်လက် မောင်းရင်းမှနာနေပြီး၊ သူနှစ်သက်သော အရာများ ပေးလျှင်လည်း ဘယ်လက်ဖြင့််သာ အသုံးပြုပြီး၊ ညာလက်မြောက်တိုင်း နာ၍ ငိုသည်ကို တွေ့ခဲ့ရပါသည်။ ချက်ခြင်း ပင်လင် မယားနှစ်ယောက် ဆုတောင်း ကြပြီး၊ ထိုညခြင်း အတွင်းတွင် ပြန်ရန်၊ ဆုံးဖြတ်လိုက် ကြပါသည်။ သူ၏ လက်လေးကိုလည်း ​ြနခု ဤငနဖြင့် ချည်၍ အထောက်အပံပေး ခဲ့ပါသည်။ ထို့နောက် စမ​ေငျန ရတသမျ့ငစ စနေပြီ ဖြစ်၍ ခန်းမဆောင်ထဲသုံးယောက် ပြန်ဝင်လာခဲ့ပြီး၊ စမ​ေငျန ရတသမျ့ငစ ပါဝင်နေချိန်တွင် အမေကဆက်လက်ပြီး ဆု တောင်းပေးခဲ့ပါသည်။ ချီးမွမ်းခြင်း ပြီး၍ ထိုင်နေချိန်တွင် အမေမှ ​ြနခု ဤငန ချည်ထားခြင်းကို ဖြုတ်၍ သူနှစ်သက်သော ပစ္စည်းများ ပေးသောအခါ အံဩဘွယ်ရာညာ လက်ဖြင့် ပြန်ကိုင်ယူနေသည်ကို တွေ့ရ၍ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ပါသည်။ 

 တမန်တော် ၁၂ ထဲမှ ပေတရုအား ထောင်မှလွတ်ရန် ယုံကြည်သူများဆုတောင်း နေချိန်အတွင်း မှာပေတရုတခါးလာခေါက်သောအခါ သတင်း လာပေးသော မိန်းမငယ်အား သင်အရှုး ဖြစ်နေပြီ၊ ပေတရု မဟုတ်သူ၏ ကောင်းကင်တမန် ဖြစ်လိမ့်မည်ဟု ယုံကြည်သူများ၊ မယုံဘဲ ပြန်ပြောခဲ့ခြင်းကို သတိရမိပါသည်။ သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်း သမျှ အတိုင်း ငါပြုမည်ဆိုသော ခရစ်တော်၏ စကားသည် အပြော၌ သာတည်သည် မဟုတ်လက်တွေ့၌ တည်ကြောင်း၊ ခမည်းတော်၏ ဘုန်းထင်ရှားခြင်းရှိမည်ဆိုသည့်အတိုင်း အမှန်တကယ် ရှိကြောင်း သက်သေခံအပ်ပါသည်။ 
 

သတင်းကောင်း ပွဲတော်ကြီး အောင်မြင် စွာပြီး ဆုံး

အမေရိကန်ပြည် ထောင်စုရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်များမှ ယုံကြည်သူများသည် ဇူလိုင် လ ၁-၃ နေ့များတွင် Michigan ပြည်နယ် Battle Creek မြို့တွင် သတင်းကောင်း ပွဲတော် ကြီးကို ကျင်းပကြပါသည်။ ထိုပွဲတော်၌ ဧည့်သည် ၃၀၀ ကျော်ရောက်ရှိပါဝင်ကြ၍ အိမ်ရှင်မြို့ခံလူများနှင့် လူ၄၀၀ ကျော်ဝတ်ပြုစည်းဝေးနိင်ကြပါသည်။ 


ဇူလိုင်လ ၁ ရက်နေ့ညတွင် GBC Rockville, MD  အသင်းတော် မှလူ ငယ်သင်းအုပ်ဆရာနော်ဂျာက “ခရစ်တော် ကြလာတော့မည်အသင့် ပြင်ကြစို့” ဟူသော ခေါင်းစဉ်ဖြင့် စတင် တရားဟောခဲ့ပါသည်။ စနေနေ့တွင် နံနက် ဆုတောင်း အစည်းအဝေးကို ွGBC Durham, NC မှအသင်းအုပ်ဆရာ၊ ဆရာဂိဒေါင်က ဦးဆောင်ပါသည်။ ထိုနေ့တွင် ကယ်တင်ခြင်း သင်တန်း မြန်မာဘာသာဖြင့် GBC Atlanta အသင်းအုပ်ဆရာဆရာယောရှုကသင်ပေး၍ အင်္လိပ်ဘာသာဖြင့် Syracuse Myanmar Baptist Church အသင်းတော် မှသင်းအုပ်ဆရာ၊ ဆရာ ဂျာဂျာကသင်ပေးပါသည်။ ခရစ်ယာန် အသက်တာကို Rockville GBC  သင်းအုပ် ဆရာ၊ ဆရာမောဇက်ကသင်ပေးပါသည်။ 

စနေနေ့ညပိုင်းဝတ်ပြုရာတွင် ဆရာ ဂျာဂျာက “ခရစ်တော် ကြွလာ တော့မည်၊ ပျောက်ဆုံးဝိညာဉ် များဖမ်းကြစို့” ဟူသော ခေါင်းစဉ်ဖြင့် တရားဟော၍ မသီတာက သက်သေခံရင်းတိုက်တွန်းနိုးဆော်သွားပါသည်။ 

တနင်္နွေနေ့နံနက် ဆုတောင်း စည်းဝေး၌ ဆရာနော်ဂျာက ဦးဆောင်၍ နံနက်ပိုင်းတရားကို ဆရာယောရှုက၊ “ခရစ်တော် ကြွလာတော့မည်၊ သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်ကြစို့” ဟု ဟောပြောသွားပါသည်။ ညနေပိုင်း သင်တန်းများကိုလည်း စနေနေ့အတိုင်း ပြုလုပ် သွားကြပြီး ညပိုင်းဝတ်ပြုစည်းဝေး၌ ဆရာမောဇက်က၊ “ခရစ်တော် ကြွလာတော့မည်ဆုရဘို့ရန် ပြေးကြစို့” ဟူသော ခေါင်းစဉ်ဖြင့် တိုက်တွန်းနိုးဆော်သွားပါသည်။ 

အိမ်ရှင် အသင်းတော် မှလည်း အစားအသောက်များကို ဝလင်စွာ ကျွေးမွေး သွားပါသည်။ ရာသီဥတုပူအိုက်သောကြောင့် အနည်းငယ်အစဉ် မပြေသော်လည်း အောင်မြင် စွာ ပြီးစီးသွားနိင်သောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် အပေါင်းကို ချီးမွမ်းလိုက်ရပါသည်။ အကယ်၍ ချီဆောင်ခြင်း မဖြစ်သေးပါက လာမည့် နှစ် ၂၀၁၂ သတင်းကောင်း ပွဲတော် ကြီးကို ဗအူ​ေညအ​ေ ွ​ြဃ အသင်းတော်၌ စက်တင်ဘာလအလုပ်သမားများ နေ့တွင် ကျင်းပဘို့ရန် ဆုံး ဖြတ်ကြပါသည်။ 
 

အခြားသတင်းများ

ခရီး စဉ်

ဆရာမောဇက်ထောင်ကျုံးသည် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့ အထိ Arizona  ပြည်နယ် Phoenix မြို့တွင် ကယ်တင်ခြင်းနှင့် သမ္မာတရား ကျမ်းစာသင်တန်းကို ပြုလုပ် နိင်ခဲ့ပါသည်။ ကျမ်းစာ သင်တန်းကို နံနက် ၉:၃၀ မှညနေ ၂ နာရီ အထိနှင့် ညပိုင်း၈ နာရီမှ ၁၀ အထိ နေ့တိုင်း ပြုလုပ် နိင်ခဲ့ပါသည်။နေ့ ခင်းပိုင်းတွင် လူ၄၀ယောက်ခန့်နှင့် ညပိုင်းတွင် လူ၆၀ ကျော်တက်ရောက် ကြသည်။ သင်တန်းသား များသည် အရွယ်စုံ ဖြစ်၍ အခြားမြို့များ၌ ကဲ့သို့ မဟုတ်ဘဲ လူငယ်များလည်း အလွန် စိတ်ဝင်စားစွာ တက်ရောက်ကြပါသည်။ ဝိညာဉ်ရေးရာ၌ စာငတ်သော သဘော ရှိသောကြောင့် အလွန် အားရစရာ ကောင်းသည်။ ဆုတောင်း ပေးသောသူအယောက်တိုင်း ဘုရားကောင်းကြီး ပေးပါစေ။ 
 
ကျမ်းစာ သင်တန်းသတင်း 

ဇူလိုင်လ ၂၅ ရက်နေ့ညမှ ၃၁ နေ့အထိ ဆရာမောဇက်နေအိမ်တွင် ကျမ်းစာ သင်တန်းကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြုလုပ် နိင်ခဲ့ပါသည်။ ထိုသင်တန်း၌ ပြည်နယ်အသီးသီးမှသင်တန်းသား စုစုပေါင်း၁၆ယောက်လာ ရောက်သင်ကြားနိင်ကြပါသည်။ ထိုသင်တန်းသည် နှစ်စဉ် ပြုလုပ်သော သင်တန်း များ၏ တတိယမြောက်သင်တန်း ဖြစ်ပါသည်။ နံနက် ၉ နာရီမှ ၁၂ နာရီ ထိတ ကြိမ်၊ ညနေ ၁ နာရီမှ ၄ နာရီ ထိတကြိမ်၊ ညပိုင်းရနာရီမှ ၉ နာရီ ထိ တကြိမ် တနေ့လျှင် သုံးကြိမ်သင်ကြားကြပါသည်။ သင်တန်းသား များသည် လူငယ်များ ဖြစ်၍ အလွန် တက်ကြကြပါသည်။ သင်ခန်းစာအဖြစ် ကယ်တင်ခြင်း သင်တန်းစာအုပ်၊ ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်း စာအုပ်၊ ချီဆောင်ခြင်း စာအုပ်၊ ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းစာအုပ်များကို အသုံးပြုပါသည်။ သင်တန်းသား များသည် ထိုစာအုပ်များကို တညီတညာတည်း အားရပါးရဖတ်၍ သင်ကြားသောအခါ အလွန် အားရစရာ ကောင်းပါသည်။ သမ္မာတရားများကို သိရှိလာသည်။ သက်သေခံတတ်ဘို့ သင်ကြားပေးပါသည်။ သူတို့ကို ဘုရားသခင်က ပျောက်ဆုံးသော ဝိညာဉ်များဖမ်း နိင်ဘို့ရန် အသုံးပြုဘို့ ဆုတောင်း ပေးလိုက်ပါသည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG