GOODNEWS
  HOME  GOODNEWS  2011 JUL
 


ဤစာစောင်၌

အမှာစာ

ဒုတိယ မွေးဘွားခြင်း 

သတင်းကောင်း ပြောပါ

ယေရုရှလင်မြို့

ယုံကြည်သူများရကြီး ထွားရင့်ကျက်ရန်

အရှေ့အလယ်ပိုင်းသတင်းများ

ခရီး စဉ်

အမှာစာ

 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်း ကောင်းကြီးခံစားလျက် အသက်ရှင်ကြခြင်း ဖြစ်သည်။ အချို့သော ယုံကြည်သူများအနေဖြင့် ဒုက္ခ ဆင်းရဲ ပြသနာ အမျိုးမျိုး ခံစားသောသူများရှိပေလိမ့်မည်။ အချို့သောသူများ၌ ကောင်းကြီး မင်္ဂလာခံစား ကြပေလိမ့်မည်။ အချို့သောသူများ၌ အ​ခြေအနေပြောင်းလဲမှု မရှိဘဲ နဂိုလ်အတိုင်းရှိသောသူများလည်းရှိပေလိမ့်မည်။ မည်သို့ ပင်ခံစား ပါစေ ခရစ်တော် ကြွလာတော့မည် ဖြစ်သောကြောင့် ဝမ်းနည်း ကျေကွဲသောသူများလည်း မကြာမှီ ကောင်းကင်နိင်ငံ ရောက်တော့မည့် မျှော်လင့်ခြင်းဖြင့် စိတ်သက်သာရာရနိင်ကြပါစေ။ ဒုက္ခများလှသော ဤလောကကို နှုတ်ဆက်ကာသေခြင်း၊ အိုခြင်း၊ နာခြင်း၊ ပြသနာ ကင်းဝေးရာကောင်းကင် ရွှေပြည်ကို ဝင်စားတော့မည့် အရာကိုမျှော်လင့်ခြင်းဖြင့် ကောင်းကင် ဘက်သို့ ဦးမော့ကာ ဤလောကကို လှစ်လှိုရှုကြစို့။ ကောင်းကြီး ခံစား၍ ကောင်းစား နေသောသူများလည်း ပျက်စီးတော့မည့် ဤလော၌ စိတ်စွဲလန်းခြင်း မရှိဘဲ ရရှိသော ကောင်းကြီးများအားဖြင့် ဘုရား အလိုတော် ဆောင်ကြစို့။ အစွမ်းကုန်မီးကုန်ရမ်းကုန်ပျောက်ဆုံးသော ဝိညာဉ်များဖမ်းခြင်းဖြင့်အချိန် ဘဏ္ဍာနှင့် စွမ်းအားများကို အသုံးပြုကြစို့။ 

ဒုတိယ မွေးဘွားခြင်း 

ယခုအခါ ခရစ်ယာန်လောက၌ ဒုတိယ မွေးဘွားခြင်းနှင့် ပတ်သက်၍ ခံယူခြင်း သွန်သင်ခြင်းမှားယွင်းမှုများရှိနေသည်။ ဒုတိယ မွေးဘွားခြင်းသည် သခင်ယေရှု ကဖရိရှဲနိကောဒင်ထံ ဤသို့ ပြောခဲ့သည်၊ ဒုတိယ မွေးဘွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည် ဟူ၍ ပြန်၍ မိန့်တော်မူ၏။ တဖန် ယေရှုက၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူ မည်သည်ကား ဘုရားသခင်၏ နိင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။ (ယော ၃:၃၊ ၅)။ 

မှားယွင်းသော အယူအဆများ 

များစွာသော ဆရာများ ကဒုတိယ မွေးဘွားဘို့ရန် ဆုတောင်းပါ၊ အစာ ရှောင်ပါ၊ အပြစ် အားလုံး ဝန်ချတောင်းပန်ပါ၊ အကျင့်ပြောင်းလဲပါ၊ ဆရာများ၏ လက်တင် ဆုတောင်းခြင်း ခံပါစသည်ဖြင့် ခိုင်းတတ်ကြသည်။ ထိုအပြင် ဒုတိယ မွေးဘွားခြင်းသည် အကျင့်ဆိုးမှအကျင့်ကောင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်၊ ဘုရား မဲ့တရားမဲ့ဘဝမှ ဘုရားတရား ကြိုးစားခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် လူတယောက် အကျင့်ပြောင်းလဲလျှင်သော်၎င်း၊ ဘုရားတရား ဘက် မှာ အလွန် ကြိုးစားလျှင်သော်၎င်း၊ ဒုတိယ မွေးဘွားပြီဟု ယူဆကြသည်။ ထိုအရာ များသည် လူ၏ လုပ်ဆောင်ချက် များသာလျှင် ဖြစ်၍ ဒုတိယ မွေးဘွားခြင်း မဖြစ်စေ နိင်ပါ။ မွေးဘွားခြင်းသည် လူ အလိုဆန္ဒအားဖြင့် မဖြစ်နိင်ပါ။ ကိုယ်ခန္ဓာ မွေးဘွားသောအခါ၌လည်း ခလေး၏ ကြိုးစားမှု လုံးဝ မပါပါ။ ခလေးသည် မွေးဘွားကြောင်းသည် ပင်လျှင် လုံးဝ မသိပါ။ အရင် မွေးဘွား၍ နောက်မှသိရသည်။ မည်သူမျှကိုယ် မွေးဘွားကြောင်း သိသူခံစား သူမရှိပါ။ 

အဘယ်ကြောင့်ဒုတိယမွေးဘို့ လိုသနည်း

သခင်ယေရှု ကဒုတိယမ မွေးဘွားလျှင် ကောင်းကင်နိင်ငံမမြင်ရ၊ မဝင်ရ ဟုဆိုသောကြောင့် ကောင်းကင် ဝင်လိုလျှင် ဒုတိယ မွေးဘွားဘို့ လိုအပ်သည်။ သခင်ယေရှုက ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိ ဖြစ်သည်။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် ဝိညာဉ်တော်အားဖြင့် မွေးဘွားရမည်။ လူတိုင်း မိခင် ဝမ်းမှ မွေးဘွားသောအခါ အာဒံသားသမီး အဖြစ် မွေးဘွား ကြသည်။ ထို့ကြောင့် အာဒံ၌ ဖြစ်ပျက်သမျှ အတိုင်း ဖြစ်ကြသည်။ အာဒံသည် အပြစ်သား ဖြစ်သကဲ့သို့ လူတိုင်းသည် အပြစ်သား ဖြစ်သည်။ အာဒံသည် ဘုရား၏ ရန်သူ ဖြစ်သကဲ့သို့လူတိုင်းလည်း ဘုရား၏ ရန်သူ ဖြစ်ကြသည်။ အာဒံသည် အပြစ်၏ ​ကျွန် ဖြစ်သကဲ့သို့ လူတိုင်း အပြစ်၏ ​ကျွန် ဖြစ်ကြသည်။ အာဒံသည် သေတတ် သကဲ့သို့ လူတိုင်း သေရ ကြသည်။ အာဒံသည် စာတန်၏သား ဖြစ်သွား သကဲ့သို့ လူတိုင်းလည်း စာတန်၏သား ဖြစ်ကြသည်။ ထိုသို့ အာဒံ၌ မွေးဘွား သူကို လူဟောင်းဟု ခေါ်သည်။ ထိုလူဟောင်းဖြင့် ကောင်းကင်နိင်ငံမဝင်စားနိင်ချေ။ 
 
မည်ကဲ့သို့ မွေးဘွားရမည်နည်း

ကိုယ်ခန္ဓာ မွေးဘွားဘို့ရန် ဘာမျှလုပ်ဆောင်စရာ မလို သကဲ့သို့ ဝိညာဉ်ပိုင်း မွေးဘွားဘို့ရန် မှာလည်း ဘာမျှလုပ်စရာ မလိုချေ။ ဘုရားသခင် လုပ်ပေးသောအရာကို လက်ခံယုံကြည်ဘို့ သာလျှင် ရှိသည်။ ဝိညာဉ်ပိုင်းမွေးနိင်ဘို့ရန် ဘုရားသခင်က ငါတို့ကို အာဒံအထဲမှ ခရစ်တော် အထဲသို့ ထည့်လိုက်သည်။ ကျမ်းစာ၌၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏ ဟုဆိုထားသည် (၁ ကော ၁:၃၀)။ ထို့ကြောင့် ငါတို့သည် ယေရှုခရစ် အထဲ၌ ရှိပြီ။ ထို့နောက်သခင်ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်သတ်လိုက်သည်။ ကျမ်းစာက ငါတို့၏ လူဟောင်းသည် ထိုသခင် (ယေရှု) နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံရပြီဟု ငါတို့သည် သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်း ငါှအပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည့် အကြောင်း တည်း။ သေသောသူသည် အပြစ် တရား၏ လက်မှလွတ်လျက် ရှိ၏။ ဟုဆိုထားသည်။ ထို့ကြောင့် ငါတို့သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ ပြီဟု ယုံကြည် လက် ခံရသည်။ အကြောင်းမှာ ငါတို့သည် အပြစ် တရား၏ လက်အောက်မှလွတ်နိင် ဘို့ရန် အသေခံ ရသည်။ 

ထိုသို့ ခရစ်တော်နှင့် အသေခံပြီး နောက် ခရစ်တော်နှင့်အတူ သင်္ချိုင်း၌ မြှပ်နှံခြင်းကို ခံရသည်။ ထိုသို့ မြှပ်နှံခြင်းကို ဗတ္တိဇံခံသည် ဟုဆိုသည်။ ဗတ္တိဇံ၏ အနက်မှာမြှပ်ခြင်း ဖြစ်သည်။ ကျမ်းစာက၊ ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိ သမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထို့ကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့် ထိုသခင်နှင့် သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ (ရော ၆:၄)ဟု ရေးသား ထားသည်။ ထိုသို့ ခရစ်တော်နှင့်အတူ သင်္ဂြိုဟ် ခံပြီးသော နောက် ခရစ်တော်နှင့်အတူ အသစ်သော အသက်တာနှင့် ရှင်ပြန်ထမြောက် ကြသည်။ ထိုအရာကို ကျမ်းစာက ဤသို့ ရေးသား ထားသည်၊ ခရစ်တော် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည့်နည်းတူ ငါတို့သည်လည်း အသစ်သော အသက်တာ၌ ကျင်လည်ရကြသတည်း။ (ရော ၆:၄) တဖန် ကျမ်းစာက ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင်အရပ်၌ နေရာ ပေးတော်မူ ပြီ။ (ဧ ၂:၆) ထိုသို့ ခရစ်တော်နှင့် ထမြောက်သောအခါ အသစ်သော အသက်တာနှင့် ထမြောက်၍ ဒုတိယအကြိမ်မွေးပြီ။ ထိုအရာသည် လူ၏ လုပ်ဆောင်ချက် လုံးဝ မပါချေ။ ဘုရားသခင်က ခရစ်တော်အားဖြင့် လုပ် ဆောင်သွားခြင်း ဖြစ်သည်။ ငါတို့ ကထိုအရာကို ယုံကြည်ခြင်းဖြင့် လက်ခံသည်။ ထို့ကြောင့် ဤလောက၌ ဒုတိယ မွေးဘွားခြင်း မခံနိင်သောသူတယောက်မျှ မရှိ။ နားမလည် သောကြောင့် မမွေးဘွားနိင်ခြင်း သာလျှင် ဖြစ်သည်။ 


ကိုယ်ကာယ မွေးဘွားသောအခါ ကိုယ်တိုင် ကြိုးစားခြင်းနှင့် ခံစားချက် မရှိ။ နာကျင်ခြင်းလည်း မရှိ။ အမေသာလျှင် နာကျင်၍ ခံစားချက် ရှိသည်။ ထို့နည်းတူ ဝိညာဉ်ပိုင်း မွေးဘွားခြင်း၌လည်း လူ၏ ကြိုးစားခြင်း ခံစားချက် လုံးဝ မရှိ။ ခရစ်တော် သာလျှင် နာကျင်၍ လုပ်ဆောင်သွားသည်။ ကိုယ်ခန္ဓာ မွေးဘွားသောအခါ အမေကသွေးသွန်သည်။ ဝိညာဉ်ပိုင်း မွေးဘွားသောအခါ ခရစ်တော် ကသွေးသွန်သည်။ ကိုယ်ခန္ဓာ မွေးဘွားခြင်းကို ယုံကြည်ခြင်း အားဖြင့်သာ လက်ခံ နိင်သည်။ ကိုယ်တိုင် ခံစားချက် မရှိ။ ထို့နည်းတူ ဝိညာဉ်ပိုင်း မွေးဘွားသောအခါ ယုံ ကြည်ခြင်း အားဖြင့်သာ လက်ခံနိင်သည်။ ကိုယ်တိုင် ခံစား၍ မရ။ 
 
ဒုတိယမွေးရာတွင် ခံစားသော အရာများ 

လူသည် ကိုယ်ခန္ဓာအားဖြင့် မွေးဘွားသောအခါ မိသားစု၌ ပါဝင်ပြီ။ ခလေး လေးသည် ဘာမျှမလုပ်တတ်သော်လည်း မိသားစု၌ ပါဝင်ပြီ။ ထို့နည်းတူ ဝိညာဉ်အားဖြင့် ဒုတိယမွေးသောအခါ ဘုရားသခင်၏ မိသားစု၌ ပါဝင်ပြီ။ ဘုရားသခင်၏သား ဖြစ်ရပြီ။ ကျမ်းစာက၊ အကြောင်းမူကား၊ သင်တို့သည် တဖန် ကြောက်တတ်သော ​ကျွန်၏ သဘောကို ရကြသည် မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သား ဖြစ်ခြင်း၏ သဘောကို ရကြပြီ။ ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။သား မှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံ ဖြစ်ကြ၏။ ဟုဆိုထားသည် (ရော ၈:၁၅-၁ရ)။ ထို့အပြင် ကောင်းကင်နိင်ငံ၌ နေရာရပြီ။ ကျမ်းစာက၊ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူ ပြီ။ (ဧဖက် ၂:၆)။ ကောင်းကင်နိင်ငံသားလည်း ဖြစ်ပြီ။ ကျမ်းစာ၌ ငါတို့သည် ကောင်းကင်နိင်ငံသားများဖြစ်ကြပြီ။ ဟုဆိုသည် (ဖိလိ ၃:၂၀)။ ထို့ကြောင့် ဤလောက၌ ဧည့်သည် အာဂန္တုများ ဖြစ်ကြပြီ (၁ ပေ ၁:၁ရ)။ ထို့ကြောင့် ဤလောက၌ အိမ်ရှင်ကဲ့သို့ မနေတော့ဘဲ ဧည့်သည် အာဂန္တုကဲ့သို့ နေရမည်။ ဧည့်သည် ဖြစ်လျှင်သည်း ခံနိင်သည်။ အကြမ်းခံနိင်သည်။ အဆင်းရဲလည်း ခံနိင်သည်။ ဤလောကသည် ဇိမ်ခံ မည့် နေရာ မဟုတ်။ အိမ်ရောက်မှအတိုးချအနားယူရမည်။ ဧည့်သည် ဖြစ်စဉ်တွင် ဘုရား ခိုင်းသော အလုပ်များ လုပ်ရမည်။ မကြာမှီ ခရစ်တော် ကကောင်းကင် အရပ်သို့ ခေါ်တော့မည် ဖြစ်သောကြောင့် အထက် အရာကိုသာလျှင် စွဲလန်း၍ ခရစ်တော် ကြွလာမည့် အရာကိုစောင့်မြော်ရမည်။ 

သတင်းကောင်း ပြောပါ

ပရောဖက် ဧလိရှဲလက်ထက်၌ ဣသရေလ ပြည်၏ မြို့တော်ကို ရှုရိတပ်များ ကကြာမြင့်စွာ ဝိုင်းထားသောကြောင့် ရှမာရိမြို့၌ အလွန် အစာ ခေါင်းပါး၍ မြည်း ခေါင်းတလုံးကို ငွေရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်းရောင်းရ၏။ (၄ရာ ၆:၂၄-၂၅)။ မြည်းသည် ဣသရေလ လူများအတွက် မသန့်ရှင်းသောအရာ ဖြစ်သည်။ အကြောင်းမှာ ခွါမကွဲစားမြုံ့မပြန်သောကြောင့် ဖြစ်သည်။ သို့သော် အစာခေါင်းပါလွန်းသောအခါ မြည်းသား မက၊ မြည်းခေါင်းပင်လျှင် စျေးအဆမ တန်ပေး၍ ရောင်းဝယ် ကြသည်။ ထို့ထက်သာမက မိန်းမနှစ်ယောက်တို့သည် သူတို့၏ ရင်သွေး၊ မိမိတို့၏သားများကို သတ်၍ စားရသည် အထိ ဖြစ်သည်။ (၄ရာ ၆:၂၆-၂၉)။ ထာဝရဘုရားသခင်က မောရှေအားဖြင့် သတိပေးသောအရာ ပြည့်စုံခြင်း ဖြစ်သတည်း။ ထာဝရဘုရားသခင်က မောရှေအားဖြင့် ဤသို့ သတိ ပေးခဲ့သည်၊ ယနေ့ ငါဆင့်ဆိုသော သင်၏ ဘုရားသခင် ထာဝရဘုရား စီရင်ထုံး ဖွဲ့တော်မူ ချက်အလုံးစုံတို့ကို ကျင့်စောင့်ခြင်းငှါ စကားတော်ကို နားမထောင်လျှင် သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂလာများ ဟူမူကား၊ ဟူ၍ အမင်္ဂလာ များစွာ ရေးသား ထားရာတွင်၊ သင့်နေရာပြည် အရပ် ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခန့်သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင်အောင်၊ သင့်နေရာမြို့ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော အရပ်ရပ်တို့၌ မြို့ရိုးရှိသမျှတို့ ကိုလည်း ဝိုင်း ထားလိမ့်မည်။ ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေသောအခါကိုယ် ရင်သွေး တည်းဟူသော သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။ (တရား ဟော၂၈:၅၂-၅၄) ( အခန်းကြီး တခုလုံးကို အစအဆုံးဖတ်ပါ) 

ပရောဖက် ယေရမိလက်ထက်၊ ယုဒရှင်ဘုရင်နောက်ဆုံးမင်းယေဒကိ မင်းလက်ထက် တွင်လည်း ယုဒပြည် ယေရုရှလင်မြို့ကို ဗာဗုလုန်များ ကကြာမြင့်စွာ ဝိုင်းထားခဲ့ ကြသည်။ ထိုအခါ ယေရုရှလင်မြို့အထဲ၌ အလွန် အစာခေါင်း ပါးသောကြောင့် မိမိတို့ ရင်သွေးသား ငယ်များကို စားကြကြောင်းကို ပရောဖက် ယေရမိက ဤသို့ ရေးသား ထားခဲ့သည်၊ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါမည်လော (မြည် ၂:၂၀)။ 

အနူ ရောဂါသည် လေးယောက်

 ရှမာရိကို ရှုရိတပ်များ ကကြာမြင့်စွာ ဝိုင်းထား၍ အလွန် အစာ ခေါင်းပါးသောအခါ မြို့တံခါးဝ၌ ထိုင်လျက် ရှိသော လူနူလေးယောက်တို့က၊ ငါတို့သည် သေသည် တိုင်အောင် အဘယ်ကြောင့် ဤအရပ်၌ ထိုင်ရမည်နည်း။ မြို့ထဲသို့ ဝင်လျှင် အစာ ခေါင်းပါး သောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက် နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင် သေရမည်ဟု တိုင်ပင်ပြီးလျှင်၊ မိုးမလင်းမှီထ၍ ရှုရိတပ်သို့ သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အ ဘယ်သူကိုမျှ မတွေ့ရကြ။ အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ မြင်းစီးသူရဲ များစွာသော ဗိုလ်​ခြေအသံကို ကြားစေခြင်း ငှါ၊ ထာဝရဘုရား ပြုတော်မူ သဖြင့် သူတို့က ဣသရေလ ရှင်ဘုရင်သည် ငါတို့ကို တိုက်စေခြင်း ငှါဟိတ္တိ မင်းများ၊ အဲဂုတ္တု မင်းများကို ငါှပြီဟု တယောက်ကို တယောက် ဆိုလျက် မိုး မလင်းမှီထ၍ သူတို့ တဲ၊ မြင်း၊ မြည်းအစရှိသော တတပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက် လွတ်အောင် ပြေးကြ၏။ လူနူတို့သည် တပ်ဦးသို့ ရောက်သောအခါ တဲ တခုထဲသို့ ဝင်၍ စားသောက်ပြီးမှရွှေငွေအဝတ်တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တဖန် အခြားသော တဲသို့ ဝင်၍၊ ဥစ္စာများကိုယူ သွားပြီးလျှင် ဝှက်ထားကြ၏။ သို့ရာတွင် ငါတို့သည် ကောင်းမွန်စွာ မပြုပါတ ကား။ ယခုနေ့သည် ကောင်းသော သတင်းကို ကြားပြောရသောနေ့ ဖြစ်လျက် ငါတို့သည် မကြား မပြောဘဲ နေပါပြီတကား။ မိုးလင်းသည့်တိုင်အောင် မပြောဘဲ နေလျှင် အမှု တစုံတခုရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်သို့ သတင်း ကြားပြောအံ့သော ငှါငါတို့သည် သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှမြို့သို့ သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ သတင်း ကြားပြောကြ၏။ (၄ရာ ရး၃-၁၀) 

ယနေ့ ယုံကြည်သူများလည်း ထိုအနူလေးယောက်နှင့် တူသည်။ ကိုယ်တိုင် လုပ်ဆောင်ချက် ကြောင့် မဟုတ်ဘဲ ထာဝရဘုရား၏ သနားခြင်း ဂရု ဏာကြောင့် ကယ်တင်ခြင်းသို့ ရောက်၍ ဘုရားသခင်၏ ကောင်းကြီးများကို ခံစားသောသူများ ဖြစ်ကြသည်။ ထိုကယ်တင်ခြင်းကို သိရှိခံစား၍ ဘုရားသခင်၏ ကောင်းကြီးများကို ခံစားသော်လည်း သတင်းကောင်းကို မကြား မပြောသောကြောင့် အနူများ ပြောသကဲ့သို့ အမှု ရောက်နိင်သည်။ ထိုမှုသည် ကယ်တင် ရှင်၏ အပြစ်တင်ခြင်း ဖြစ်သည်။ ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်သော်လည်း ကိုယ်ကဲ့သို့ ကယ်တင်ခြင်း အကြောင်း မသိ သေးသော အမှောင်ထဲ၌ ကျင် လည်နေ သေးသောသူများကို ကယ်တင်ခြင်း မပြောဘဲ နေကြပြီ။ ထိုအနူလေးယောက်သည် အစပိုင်း၌ ရွှေငွေနှင့် အဝတ်အစားများကို ဝှက်ထား ကြသည်။ ထို့နည်းတူ ယုံကြည်သူများလည်းလောကအရာငွေနှင့် ဥစ္စာပစ္စည်းများကိုသာ ရှာ၍ စုဆောင်း နေကြသည်။ အနူလေးယောက်တို့သည် သူတို့ လုပ်သင့်သောအရာ တည်းဟူသော ကောင်းသော သိတင်းကို မကြားပြောကြောင်း သတိ ရသောအခါ အချင်းချင်းတိုင်ပင်၍ ဥစ္စာပစ္စည်းများ ဝှက်ခြင်း၊ စုဆောင်းခြင်းကို မလုပ်တော့ဘဲ သတင်းကောင်း တည်းဟူသော ရှုရိတပ်သားများမရှိတော့ ကြောင်းကို ကြားပြော ကြသည်။ သူတို့ ခမျာအနူ ရောဂါသည် ဖြစ်သောကြောင့် မြို့ထဲသို့ ဝင်၍ ရှင်ဘုရင်ထံ မပြောနိင်ကြ။ သို့သော် သူတို့ တတ်နိင်သည့်အတိုင်း မြို့တံခါးဝမှအော်ဟစ် ကြသည်။ ထို့နည်းတူ ​ကျွန်ပ်တို့လည်း နေရာတကာသို့သော်၎င်း၊ အဆင့်မြင့်သော နေရာသို့သော်၎င်း၊ မပြောနိင်သော်လည်း ကိုယ်ရောက်နိင်၊ တွေ့နိင်တတ်နိင်သော နေရာ၌ သတင်းကောင်း ကြားပြောခြင်းအားဖြင့် သတင်းသည် ပြန့်နှံ့လာနိင်သည်။ လူရှိသော နေရာတိုင်း၌ ပြောနိင်သည်။ လူတိုင်း ကယ်တင်ခြင်းသို့ ရောက်ဘို့ လိုသည်။ ထို့ကြောင့် လူမရွေးဘဲ ခလေးသူ ငယ်မှစ၍ လူကြီး တိုင်အောင် ပြောကြစို့။ မိတ်ဆွေ မကြာမှီပျက်စီးတော့မည့်လောက ပစ္စည်းများ တပ်မက်နေသေးသလော။ ထိုအရာများ စုစောင်းခြင်းဖြင့်အချိန် မကုန်စေကြစို့နှင့်။ ထာဝရ တည်တန့်၍ အစဉ်အမြဲအသက်ရှင်မည့် ဝိညာဉ်များကို ကယ်တင်ခြင်း အကြောင်း ပြောကြစို့။ သတင်းကောင်း ကြားပြောဘို့ရန် ကျမ်းစာကျောင်းတက်စရာ မလိုပါ။ ကျမ်းစာဘွဲ့ လည်းရစရာ မလိုပါ။ အနူ ရောဂါသည်များက သူတို့သောအရာကို ပြောသကဲ့သို့ ကိုယ်သိသောအရာကို ပြောလိုက်ဘို့ရန်သာ ဖြစ်သည်။ ကိုယ်သိသောအရာကို ကိုယ့်လောက် မသိ သေးသောသူထံပြောလိုက်ဘို့ရန် ဖြစ်သည်။ လူရှေ့မှာ မပြောရဲလျှင် တဦးချင်း စေမှာပြောနိင်သည်။ သတင်း ဆိုးပြောဘို့ရန် ဝန်မလေးတတ်ပါ။ အဘယ်ကြောင့် သတင်းကောင်း ပြောဘို့ရန် ကြောက်ရွံ့ရမည်နည်း။ ထို့ကြောင့် ယုံကြည်သူတိုင်း သတင်းကောင်း ကြားပြောဘို့ရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။ 

 

ယေရုရှလင်မြို့ 

 ယေရုရှလင်မြို့သည် ဘီစီ ၁၀၀၀ ခန့်တွင် ဒါဝိဒ်မင်းက ယေဘုသိလူများထံမှ သိမ်း၍ တည်ထောင်သော ယုဒမြို့ ဖြစ်သည် ။ ထို့ကြောင့် ဒါဝိဒ်မြို့ဟု ခေါ်သည်။ ဒါဝိဒ်နှင့်သားတော် ရှောလမုန်လက်ထက်တွင် ယေရုရှလင်မြို့သည် ဣသရေလ တပြည် လုံး၏ မြို့တော် ဖြစ်၍ အလွန် စည်ကားသော မြို့ ဖြစ်ခဲ့သည်။ ရှောလမုန်မင်းလက်ထက်၌ ယေရုရှလင်မြို့တွင် ရွှေ အလွန် ပေါများ လွန်းသောကြောင့် ငွေသည် ကျောက်ခဲကဲ့သို့ မှတ်ကာတန်ဘိုး မထားခဲ့ကြချေ။ သို့သော် ရှောလမုန်မင်းကရုပ်တုကိုးကွယ်၍ ထာဝရဘုရားကို စွန့်သောကြောင့် နိင်ငံတော်သည် နှစ်ခြမ်းခွဲ၍ ယေရုရှလင်မြို့သည် တောင်ပိုင်းနိင်ငံ ဖြစ်သော ယုဒပြည်၏ မြို့တော် သာလျှင် ဖြစ်ခဲ့ရသည်။ နောက်ဆုံးယုဒရှင်ဘုရင် ဖြစ်သော ယေဒကိမင်းလက်ထက်တွင် ပရောဖက် ယေရမိကသတိ ပေးနေသော်လည်း ထာဝရဘုရားကို စွန့်၍ ရုပ်တုများကို ကွယ်နေသောကြောင့် ဘီစီ ၆၀၆မှ ၅၈၆ ခုနှစ်အထိ သုံးကြိမ်ဗာဗုလုန်တို့ ကတိုက်ခိုက်၍ ပျက်စီးသွားသည်။

သို့သော် ထာဝရဘုရားသည် ယေရုရှလင်မြို့ကမ စွန့်ဘဲ ဗာဗုလုန်​ကျွန်ခံရာ မှသိမ်းသွားခြင်း ခံရသောသူများကို ပြန်လာစေ၍ ယေရုဗဗေလ ဦးဆောင်ခြင်းအားဖြင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက် ကြသည်။ ထို့နောက်နေဟမိဦး ဆောင်ခြင်းအားဖြင့် မြို့ရိုးကို ပြန်လည်း တည်ဆောက် ကြသည်။ ခရစ်တော် လက်ထက်တွင် ယေရုရှလင်မြို့သည် ပြန်လည်စည်ကား၍ ယုဒလူများလည်း ဘုရား ဘက်၌ အလွန် စိတ်အားကြီးသောအချိန် ဖြစ်သည်။ သို့သော် သူတို့၏ စိတ်အားကြီးခြင်းသည် ဘုရား အလိုတော်နှင့် မညီသောကြောင့် ခရစ်တော် ကပြုပြင်ဘို့ ကြိုးစားသောအခါ သူ့ကို လမ်းလွှဲဆရာဟု ထင်မှတ်၍ လက်ဝါးကပ်တိုင်၌ အေဒီ ၃၀ တွင် သတ်လိုက် ကြသည်။ ထိုသို့ဖြင့် ယေရုရှလင်မြို့သည် ဘုရားသခင်ကို ပုန်ကန်သော မြို့ ဖြစ်သောကြောင့် ဘုရားသခင်က အေဒီ ရဝတွင် ရောမစစ်သားများအားဖြင့် ဖျက်စီးခဲ့သည်။ ထိုအချိန် မှစ၍ ဣသရေလ လူများသည် အတိုင်း အတိုင်း အပြည် ပြည်သို့ နှင်ထုတ်ခြင်း ခံရ၍ ယေရုရှလင်မြို့ကို စွန့်ပစ်ခဲ့ ကြသည်။ 

နှစ်ပေါင်း၁၈၀၀ ခန့်ကြာသောအခါ ဣသရေလ လူများသည် တဖြည်း ဖြည်း သူတို့ တိုင်း ပြည်သို့ ပြန်လာ၍ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးကျေညာသောအခါ ယေရုရှလင်မြို့အနောက်ဖက်ခြမ်းကို သူတို့၏ မြို့တော် အဖြစ်သတ်မှတ် ကြသည်။ သို့သော် အခြားသော နိင်ငံများက ယေရုရှလင်မြို့ကို သူတို့၏ မြို့တော် အဖြစ်အ သိအမှတ်မပြုကြဘဲ တယ်လဗစ်မြို့ခေတ်သစ်အစ္စရေးနိင်ငံ၏ အကြီး ဆုံးမြို့၌ သူတို့၏ သံရုံးများကို ထား ကြသည်။ ၁၉၆ရ ခုနှစ် အစ္စရေးအာရပ် ၆ ရက်ကြာစစ်ပွဲတွင် ယေရုရှလင်မြို့အရှေ့ဖက်ခြမ်းကို အစ္စရေးတပ်များ ကဂျော်ဒန်များထံမှ သိမ်းပိုက်၍ တ မြို့လုံးကို ပဌမ အကြိမ်အစ္စရေးများ ကပိုင်လာသည်။ ထိုအချိန် မှစ၍ ယခုတိုင်အောင် ယေရုရှလင်မြို့သည် အိမ်နီးခြင်း အာရပ်နိင်ငံများသာမက ကမ္ဘာ့ ကုလသမဂ္ဂ၌ အစဉ် သဖြင့် ပြသနာ ရှိသော မြို့ ဖြစ်လာသည်။ ထိုသို့ဖြစ်မည့် အရာကို ပရောဖက် ဇာခရိက ဤသို့ ကြိုတင် ဟောထားခဲ့သည်၊ ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့ကျေမွကြလိမ့်မည်။ (ဇာခရိ ၁၂:၂-၄) ခုအချိန်သည် ထိုဗျာဒိတ် ပြည့်စုံသောအချိန် ဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်၌ တုန်လှုပ်စေသော ဖလား ဖြစ်စေမည်ဟူသောအရာသည် ဒယိမ်းဒယိုင် ဖြစ်စေသော ဖလားဟု အဓိပ္ပါယ်ရသည်။ ဖလား၌ စပျစ်ရည်ရှိ၍ သောက်သောသူများသည် မူးရစ်သောအခါ ဒယိမ်းဒယိုင် ဖြစ်ခြင်းကို ဆိုလိုသည်။ ယခုပတ်လည်၌ ရှိသော ပါလက်စတင်းများ မှစ၍ အာရပ်နိင်ငံများ အနောက်နိင်ငံများအတွက် ယေရုရှ လင်မြို့သည် ပြသနာများသော မူးယစ်စေသော မြို့ ဖြစ်နေပြီ။ ထိုမြို့နှင့် ပတ်သက်၍ အမေရိကန်သမတများက ဆွေးနွေးမှု ပြုတိုင်း အမေရိကန်နိင်ငံတွင် ဒုက္ခ အမြဲ တမ်းရောက်ရှိရသည်။ ဥရောပနိင်ငံများကလည်း ထိုမြို့၏ ကျောက်ကို မသောအခါ ဒုက္ခ ဆင်းရဲခြင်း ပြသနာများကြုံတွေ့လေ့ရှိသည်။ 

 ယေရုရှလင်မြို့အရှေ့ဘက်ခြမ်းကို ပါလက်စတင်းများက သူတို့၏ မြို့တော် ဖြစ်ဘို့ ကြိုးစား နေသည်။ ထိုအရာကို အာရပ်နိင်ငံများ၊ ဥရောပနိင်ငံများ၊ တောင် အမေရိကနိင်ငံများ အပါအဝင်နိင်ငံပေါင်း၁၂၀ ကျော်ကထောက်ခံနေပြီ ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ၌ ဆွေးနွေး၍ နိင်ငံအများစုကပါလက်စတင်းနိင်ငံ၏ မြို့တော် အဖြစ်သတ်မှတ်လိုက်သောအခါ အစ္စရေးနိင်ငံက လက်ခံနိင်မည် မဟုတ်။ ထိုအခါ ထိုမြို့ကို နိင်ငံအများ ကစစ်တိုက်မည့် အကြောင်း ဤသို့ ပရောဖက် ပြု ထားသည်၊ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ သို့သော် စစ်ပွဲ၏ အနိင်အရှုံးသည် စစ်တပ်အင်အား မှာမမူတည်ဘဲ ဘုရားသခင်အပေါ်မှာ မူတည်ကြောင်း ထာဝရဘုရားသခင်က ဤသို့ ကြိုတင် ဟောထားခဲ့ပြီ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍ တပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကမ်းစေခြင်း ငါှဒဏ်ခတ်မည်။ ဟုဆိုထားသည် (ဇာခရိ ၁၂:၄)။ ထို့ကြောင့် ယခုပါလက်စတင်း၊ ဟာမတ် (စ)နှင့် ဟက်စ ဘောလများ၊ ဆီးရီးယားနှင့် အီရန်များ ကမည်သို့ ပင်ကြိမ်းဝါးနေပါစေ အစ္စရေးများကအနိင်ရမည် ဖြစ်သည်။ ထိုစစ်ပွဲသည် မကြာမှီတိုက်ခိုက် တော့မည် ဖြစ်သည်။ အစ္စရေးများ၏တော် တတ်မှုကြောင့်လည်း မဟုတ်၊ ထာဝရဘုရား၏ ကူညီတိုက်ခိုက် ပေးမှုကြောင့် အစ္စရေးများ ကအနိင်ရမည် ဖြစ်သည်။ ဘုရားသခင် အသုံးပြုမည့် လက်နက်သည် ရန် သူတို့ကို မျက်စိကမ်းစေခြင်း၊ အရူး ဖြစ်စေခြင်းအားဖြင့် ရှုံးစေမည် ဖြစ်သည်။ ထာဝရဘုရားသည် ဓမ္မဟောင်းကာလ၌ စစ်တိုက်သောအခါ အမျိုးမျိုးသော လက်နက်များကို အသုံးပြုတတ်သည်။ ယခုခေတ် အာရပ်အစ္စရေး စစ်ပွဲများ၁၉၄၈ ခုနှစ် ၁၉၅၆ ခုနှစ်၊ ၁၉၆ရ ခုနှစ်နှင့် ၁၉ရ ၃ ခုနှစ်များ တွင်လည်း ဘုရားသခင်၏ ကူညီမစမှုကြောင်း အစ္စရေးများ ကအနိင်ရခြင်း ဖြစ်သည်။ 

အထက်ပါ စစ်ပွဲသည် ဘေးဒဏ်ကြီးကာလ အစတွင် ဖြစ်ပြီး ဘေးဒဏ်ကြီး ကာလ အဆုံးတွင်လည်း ယေရုရှလင်မြို့ကို တဖန် တိုက်ခိုက် မည့် အကြောင့် ဘုရားသခင်က ဤသို့ ဆိုထားသည်၊ ယေရုရှလင်မြို့ကို တိုက်စေခြင်း ငါှလူမျိုးအ ပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင် အိမ်တို့ကို လုယက်၍ မိန်းမတို့ကို အဓRပြုကြလိမ့်မည်။ မြို့သား တဝက်ကို သိမ်း သွား၍ တဝက်သာမြို့၌ ကျန်ကြွင်း လိမ့်မည်။ ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက် သကဲ့သို့ ထိုလူမျိုးတို့ကို တိုက်တော်မူမည်။ ထိုနေ့ရက်၌ ​ခြေတော်သည် ယေရုရှလင်မြို့၏ အရှေ့သံ လွင်တောင်ပေါ်မှာ ရပ်၍ သံလွင်တောင်သည် အရှေ့ဘက်မှအနောက်ဖက်တိုင်အောင် အလယ်၌ ကွဲသဖြင့်၊ အလွန် ကြီးသော ချိုင့် ဖြစ်လိမ့်မည်။ တောင်တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင်ဘက်သို့၎င်းရွေ့ရလိမ့်မည်။ သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့ တိုင်အောင် မှီလိမ့်မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက် မြေကြီး လှုပ်၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင် ထာဝရဘုရားကြွလာတော်မူ၍ မိမိသန့်ရှင်းသူ အပေါင်းတို့သည် ပါလာကြလိမ့်မည်။ (ဇာခရိ ၁၄ ; ၂-၅)။ ယေရုရှလင်မြို့သည် ဇိအုန်တောင်ပေါ်တွင် ရှိ၍ သံလွင်တောင်နှင့် ဥပုသ်နေ့ တရက်ခရီး သာကွာသည်။ ထို့ကြောင့် သံလွင်တောင်သည် အရှေ့နောက်ကွဲ၍ အလွန် ကြီးသော ချိုင့် ဖြစ်ပေါ်လာလျှင် ယေရုရှလင် မြိို့လည်း ချိုင့်ကြီး ဖြစ်သွားမည်။ 

ယေရုရှလင်မြို့သည် အနှစ်တထောင်ကာလ၌ ကမ္ဘာ့ မြို့တော် ဖြစ်မည့် အကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့နိင်သည်၊ ယုဒပြည် ယေရုရှလင်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော် အချက်ဟူမူကား၊ နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော် တည်သော တောင်သည် တောင်ကြီး တောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသော သူတို့ကလည်းလာ ကြလော့။ ထာဝရဘုရား၏ တောင်တော် ယာကုပ်အမျိုး၏ ဘုရားသခင် အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ​ခြေတော် ရာသို့ လိုက်သွားကြမည်ဟု ခရီး သွားလျက် ပြောဆို ကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက်လိမ့်မည်။ ထာဝရဘုရားသည် လူမျိုးတို့တွင် တရား စီရင်၍၊ များပြားသော သူတို့ကို ဆုံးမတော်မူ သဖြင့် သူတို့ဓါးလက်နက်များကို ထွန်သွား ဖြစ်စေခြင်း ငှါ၎င်း၊ လှံများကို တံစဉ် ဖြစ်စေခြင်း ငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်။ တပြည်ကို တပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။ 
 (ဟေရှာယ ၂:၁-၄) 

အနှစ်တထောင်ကာလတွင် ကမ္ဘာအရပ်ရပ်မှ ယေရုရှလင်မြို့သို့ ခရစ်တော် ဘုရားကို ဖူးမျှော်ဘို့ လာကြမည့် အကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ယေရု ရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည် ကောင်းကင်ဗိုလ်​ခြေ ထာဝရဘုရား တည်းဟူသော ဘုရင်ကိုကိုးကွယ်၍ သကေနေ (တဲ) ပွဲခံအံ့သော ငါှမြို့တော်သို့ နှစ်တိုင်း အစဉ်တက်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား ဟူသော ရှင်ဘုရင်ကိုကိုးကွယ်အံ့သောငှါ မြို့တော်သို့ တက်၍ မလာသော မြေကြီးသား အဆွေအမျိုးရှိသမျှ အပေါ်သို့ မိုဃ်းမ ရွာရ။ အဲဂုတ္တု ပြည်သား အဆွေအမျိုးသည် မတက်မလာလျှင်၊ မိုဃ်းမရွာဘဲ နေသဖြင့် သကေနေပွဲကို ခံအံ့သောငှါ တက်၍ မလာသော လူမျိုးတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထို သူတို့ ကိုလည်း ထိလိမ့်မည်။ (ဇာခရိ ၁၄:၁၆-၁၉) 

 

ယုံကြည်သူများကြီး ထွားရင့်ကျက်ရန်

များစွာသော ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ ရောက်သွားကြသော်လည်း သုံး၍ အားကိုး၍ မရဇာတိ သဘောနှင့် အသက်ရှင်ကြသောသူများသာလျှင် ဖြစ်ကြသည်။ မည်မျှပင်ပြော၍ တိုက်တွန်းသော်လည်း သက်သေမခံနိင်၊ မည်မျှ ပင်ကြာ​ညောင်းသော်လည်း ယုံကြည် ခါစကဲ့သို့ သင်တန်းတက်ဘို့ လိုနေပြီး နားမ လည်နိင် ဖြစ်နေကြသည်။ ထိုသို့ဖြစ်ရခြင်းသည် ဝိညာဉ်ပိုင်း၌ မကြီးထွားမရင့်ကျက် သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဟေဗြဲကျမ်းကို ရေးသောသူက၊ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍ ​ကြေခဲသော အစာကို မသုံးဆောင်နို့ကိုသာ သုံးဆောင် သောသူ ဖြစ်ကြ၏။ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား သူငယ် ဖြစ်သောကြောင့် ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။ ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ သိနိင်သော ဥာဏ်ပေးတတ်သော အကြား အမြင် အတွေ့အစမ်းများသောသူ တည်းဟူသော စုံလင်သော အရွယ်ရှိသော သူတို့ မူကား ​ကြေခဲသော အစာကို သုံးဆောင်ရကြ၏။ဟု ရေးသား ထားသည် (ဟေဗြဲ ၅:၁၂-၁၄)။ 

သို့ဖြစ်၍ ဝိညာဉ်ရေးရာ၌ သူငယ်မ ဖြစ်တော့ဘဲ၊ နို့ကိုသာ မစို့တော့ဘဲ၊ ကြီးထွားရင့်ကျက်သောသူ ဖြစ်ဘို့ လိုသည်။ သို့မှသာ ​ကြေခဲသော အစာ တည်းဟူသော ခက်ခဲသော အတွေ့အကြုံနှင့် နက်နဲသော နှုတ်ကပတ်တော်များကို နားလည် နိင်ပေမည်။ သူငယ်ကဲ့သို့ တချိန်လုံးကြည့်ရှုဘို့ မလိုတော့ဘဲ ကိုယ်တိုင် သူတပါးကို သင်ပေးသောသူ၊ ကူညီမစသောသူ ဖြစ်နိင်ပေမည်။ ထိုသို့ ကြီးထွားရင့်ကျက် ဘို့ရန် ဖြတ်လမ်းမရှိ။ ယုံကြည်သူတိုင်း ကျမ်းစာဖတ်ရမည်။ ဆုတောင်းရမည်။ သက်သေခံရမည်။ မိဿဟာယဖွဲရမည်၊ ကိုးကွယ်ခြင်းမှ န်ရမည်။ ဘုရား စကား နားထောင် ရမည်။ သူတပါးကို ကူညီမစရမည်။ ထိုအရာများကို တခုပြီးတခု လေ့ လာကြစို့။ 

ကျမ်းစာဖတ်ရမည်

ဝိညာဉ်၌ ဒုတိယ မွေးဘွားပြီးသောသူသည် ဝိညာဉ်၌ ခလေး ဖြစ်သည်။ ဝိညာဉ် ခလေး များသည် ကြီးထွားဘို့ရန် နှုတ်ကပတ်တော် မှန်မှန်ဖတ်ဘို့ လိုကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ထို့ကြောင့် သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖျားခြင်း၊ လှူိ့ ဝှက်ခြင်း၊ ငြူစူုခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှတို့ကို ပယ်ရှား၍ ကယ်တင်ခြင်း အလိုငှါ နှုတ် ကပတ်တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည့် အကြောင်း ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ကြလော့။ (၁ ပေ ၂:၁-၂)။ ခလေး များသည် နု့ိစို့နိင်လျှင် ကြီးထွားခြင်းသည် အလိုလို ဖြစ်သည်။ မကြီးထွားသော ခလေးသည် နို့နှင့် အစာကို မစားချင်သောသူများ ဖြစ်သည်။ မကြီးထွားသော ခလေးသည် ခြုိခြာ၍ ရောဂါဒဏ်ကိုလည်း မခံနိင်၊ တချိန်လုံးကျီကျတတ်ကာ မိဘများ စိတ်ဆင်းရဲ ကိုယ်ပင်ပန်းစေသည်။ ဝိညာဉ်ရေးရာ၌ ခလေး ဖြစ်သောသူ များလည်း ဝိညာဉ် မိဘများ စိတ်ဆင်းရဲ ပင်ပန်းစေသည်။ ထို့ကြောင့် ဝိညာဉ် သားသမီး တိုင်း ကြီးထွား၍ မိဘများကို ကူညီဘို့ရန် ဝိညာဉ် မိဘများ၏ ဆန္ဒ ဖြစ်သည်။ 

ကျမ်းစာကို မည်ကဲ့သို့ ဖတ်မည်နည်း။ ကိုယ်ကာယအစာစားသောအခါအချိန် မှန်မှန်စားတတ် သကဲ့သို့ ဝိညာဉ် အစာကျမ်းစာ ကိုလည်း မှန်မှန်ဖတ် ရမည်။ တနေ့လျှင် အနည်းဆုံး ၁၅ မှ ၃၀ မိနစ်ကိုအချိန် သတ်မှတ်ပါ။ နံနက် ပိုင်းအိပ်ရာထထချင်း (သို့) ညအိပ်ရာမဝင်မှီ (သို့) အနှောက်အရှက်မရှိအေး ဆေးစွာအချိန် ယူနိင်သော အချိန်ကို ရွေးချယ်ပါ။ ထိုအချိန် ရောက်တိုင်း ဘုရားသခင်နှင့်အချိန် ယူကျမ်းစာဖတ်ပါ။အချိန် မပြောင်းပါနှင့်။အချိန် ပြောင်းပါက ပျက် ကွက်ဘို့ လွယ်ကူသည်။ ဘုရားနှင့်အချိန်ယူသောအခါ အခြားသော အရာများမစဉ်းစားပါနှင့်။ စိတ်မစော၊ စိတ်ပူပင်သော ကရောက်မည့် အရာများ အတတ်နိင်ဆုံးဖျက်ထားပါ။ ကျမ်းစာ မဖတ်မှီ သန့်ရှင်းသောဝိညာဉ်တော် ကဦး ဆောင်နိင်ဘို့ ိရန် ဆုတောင်းပါ။ ထို့နောက်ကျမ်းစာဖတ်ပါ။ ကျမ်းစာဖတ်သောအခါ အခန်းကြီး အစဉ်အလိုက်ဖတ်ပါ။ ဥပမာ ပဌမ နေ့၌ ရှင် မဿဲ ၁ ဖတ်လျှင် ဒုတိယနေ့၌ ရှင်မဿဲ ၂ ဖတ်ပါ။ နားမလည်း လျှင်လည်း ကျော်မသွားဘဲ အစဉ်အတိုင်း ကြိုးစား၍ ဖတ်ပါ။ ချက်ချင်း ခွန်အား မရ၊ နားမလည် လျှင်လည်း အစဉ်အတိုင်း ဖတ်ခြင်းဖြင့် နောက်ပိုင်း၌ များစွာ အကျိုးခံစား ပါလိမ့်မည်။ 

ကျမ်းစာဖတ်သောအခါ အရေးကြီးသည်ဟု ထင်ရသော အရာများကို မျဉ်းတားထားပါ။ ဘေးနား၌ နားလည်လွယ်၊ ပြန်လည်တွေ့ဘို့ လွယ်ကူစေ ရန်အတိုချုပ် စာတန်း လေးဖြင့် ရေးမှတ်ပါ။ ကျမ်းစာ ညစ်ညူး သွားမှာကို မစိုးရိမ် ပါနှင့်။ ကျမ်းစာအုပ်သည် တသက်လုံးတအုပ်တည်း သုံးဘို့ ပိုင်ဘို့ မဟုတ်ပါ။ ဇိနပ်များအဝတ်အစားများ ပင်လျှင် တစုံတည်း မသုံးဘဲ အသစ်အသစ်ဝယ်သုံးကြသည် မဟုတ်လော။ ကျမ်းစာသည် သုံးနှစ်ခန့်သုံးပြီးလျှင် အသစ်ဝယ်သုံးသင့်သည်။ ထို့အပြင် ကိုယ်ဖတ်၍ ခွန် အားရသော အရာများကို မှတ်စုစာအုပ်၌ နေ့ တိုင်း မှတ်နိင်လျှင် ပို၍ ကောင်းသည်။ ထိုသို့ ပြုလုပ်လျှင် နောက်ပိုင်း၌ ဘုရားသခင် ၏ သွန်သင်မှုများကို အံ့ဩ ပေလိမ့်မည်။ ထို့အပြင် သူတပါးကို ဝေငှဘို့လိုသောအခါ၌လည်း အဆင်သင့် ပြင်ဆင် ပြီးသား ဖြစ်၍ ဝေငှရမှာကို ကြောက်တော့မည် မဟုတ်။ ကျမ်းစာ မှန်မှန်ဖတ်၍ မှတ်စုရေးထားသောသူသည် ကြာလာလျှင် ကိုယ်ဘဝ အသက်တာအသက်ရှင်မှု၌လည်း ပြောင်းလဲ တိုးတက်စေမည် ဖြစ်သည်။ ထို့အ ပြင်သူတပါးက တရားဟော သက်သေခံသောအခါ၌လည်း နားလည်း လွယ်မည်။ အမှားအမှန်ကိုလည်း အလွယ်တကူခွဲခြားလာနိင်မည်။ 

ဆာလံ ၁:၁-၃ ၌၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မြစ်နားမှာစိုက်လျက် မိမိ အချိန်တန်မှ အသီးကို သီး၍ အရွက်မဍှုိးနွမ်းတတ်သော အပင်နှင့် တူ၏။ ပြု လေသမျှတို့၌ အောင် လိမ့်သတည်း။ တွေ့ရသည်။ မိမိ အချိန်တန်မှ အသီးသီးခြင်း ဆိုသည်မှာ အချိန်တန်မှ အောင်မြင်ခြင်းကို ဆိုလိုသည်။ အရွက်မညှိုးနွမ်းဆိုသည်မှာ ဒုက္ခ ပြသနာ တွေ့သော်လည်း အပြုံးမပျက်၊ ကြောက်ရွံ့တုံလှုပ်ခြင်း မရှိ၊ ပြသနာကို ရင်ဆိုင်​ ဖြေရှင်း နိင်ခြင်းကို ဆိုလိုသည်။ ထို့သို့သော အသက်တာဖြင့် အသက်ရှင်လိုလျှင် ကျမ်းစာကို နေ့တိုင်း ဖတ်ရုံသာမက ဆင်ခြင်ပါ။ အလိုလိုအောင်မြင် လာလိမ့်မည်။ ကျမ်းစာ မဖတ်ဘဲ အမျိုးမျိုး အကြံအစည်များ မစဉ်းစားပါနှင့်။ ကျမ်းစာကပြောသည့်အတိုင်း လုပ်ပါ၊ အောင်မြင် မှာသေချာသည်။ 

ဆုတောင်းရမည်

ကျမ်းစာဖတ်ခြင်းသည် ဘုရားသခင်က ယုံကြည်သူကို စကားပြောခြင်း ဖြစ်သည်။ ကျမ်းစာ သာဖတ်လျှင် ဘုရားကသာ ကိုယ့်ကို စကားပြော၍ ကိုယ်က ဘုရားကို ပြန်စကားပြန် မပြောခြင်းနှင့် တူသည်။ ထို့ကြောင့် ဘုရားသခင်ကို စကားပြန် ပြောရမည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရားသခင်ကို စကားပြောမည်နည်း။ မြန်မာ စကား၌ ဆုတောင်း ဟူသောအရာသည် တောင်းခြင်း သာလျှင် ဖြစ်၍ မပြည့်စုံချေ။ ဘုရားထံမှ ဆုသာတောင်းနေလျှင် သူတောင်းစားနှင့် တူပေမည်။ ဘုရားသခင်နှင့် စကားပြောခြင်း ဟုဆိုလျှင် ပို၍ ပြည့်စုံမှန်ကန်မည်။ လူများနှင့် စကားပြောသောအခါ တောင်းခြင်းသည် တခါတလေမှသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် စကားပြောသောအခါ၊ ဘုရား၏ ဂုဏ်တော် ချီးမွမ်းရမည်။ နောက်မှကျေးဇူးတော် ချီးမွမ်းရမည်။ ထို့နောက်အပြစ် ဝန်ချတောင်းပန်ရမည်။ ထို့နောက် ဝိညာဉ်ရေးရာများအတွက် တောင်းလျှောက်၍ နောက်ဆုံး၌ ကိုယ်ကာယနှင့် အခြားအရာများတောင်းလျှင် သာ၍ ကောင်းသည်။ 

ဂုဏ်တော် ချီးမွမ်းခြင်း 

ဂုဏ်တော် ချီးမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဂုဏ်များကို ချီးမွမ်းခြင်း ဖြစ်သည်။ လူ၏ ဂုဏ်များကို ချီးမွမ်းတတ်ကြသည်။ ဥပမာရုပ်ရှင်မင်းသမီးသည် ဘယ်လောက်လှကြောင်း၊ သရုပ်ဆောင်တတ်ကြောင်း၊ အဆိုတော်၏ အသံဘယ်လောက်ကြိုက်နှစ်သက်ကြောင်း၊ ပညာတတ်သောသူ ဖြစ်လျှင် ဘယ်လောက်တော်၍ ပညာရှိကြောင်း၊ ခေါင်းဆောင် တဦးသည် ဘယ်လောက်တော်ကြောင်းများကို ချီးမွမ်းတတ်ကြသည်။ လူကို ချီးမွမ်းခြင်းသည် ကောင်းသော်လည်း ဘာမျှ အကျိုး မရရှိပါ။ များသောအားဖြင့် အချီးမွမ်းခံသောသူက မသိပါ။ သိလျှင်လည်း ကိုယ်ကို ကောင်းကြီး မပေးပါ။ သို့သော် သူ့ကိုအား ကျ အားရသောကြောင့် ခိုင်းသောသူမရှိသော်လည်း ချီးမွမ်းတတ်ကြသည်။ 

လူကို ချီးမွမ်းလျှင် ဘုရားသခင်ကိုသာ၍ ချီးမွမ်းသင့်သည်။ သို့သော် ယုံ ကြည် သူများ ဘုရားသခင်ကို မချီးမွမ်းကြချေ။ အကြောင်းမှာ သူကို ချီးမွမ်းမည့် အရာ မသိသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်၏ ဂုဏ်တော်များကို မချီးမွမ်းနိင်ကြသနည်း။ အကြောင်းမှာ ဘုရားသခင်နှင့် ပတ်သက်၍ ကျမ်းစာ မဖတ်၊ မဆင်ခြင်၊ မရင်းနှီး သောကြောင့် ဖြစ်သည်။ ဘော်လုံးသမား၊ ရုပ်ရှင်သရုပ်ဆောင် သူများကို အဘယ်ကြောင့်ချီးမွမ်းနိင်ကြသနည်းဟူမူကား သူတို့ကို ရုပ်ရှင်၊ တီဗီ၊ များ၌ အမြဲကြည့်သောကြောင့် ရင်းနှီး၍ သူတို့ အကြောင်း သိရသည်။ လူကို ချီးမွမ်းသော်လည်း အကျိုးမရှိ။ ချီးမွမ်းသင့်သောသူကို မချီး မွမ်းဘဲ မချီးမွမ်းလျှင်လည်းရသောသူကို ချီးမွမ်း နေကြသည်။ စိတ်ဝင်စားသင့်သော ဘုရားကို စိတ်မဝင်စားဘဲ သူဖန်ဆင်းထားသော လူသားကိုကို စိတ်ဝင်စား နေကြသည်။ ကျမ်းစာထဲမှထာဝရဘုရားကို ချီးမွမ်းသောသူများ ကြည့်ကြပါစို့။ 
 မောရှေ။။ အိုဘုရားရှင်၊ ကိုယ်တော်သည် ကာလ အစဉ်အဆက်အ​ကျွန်ပ်တို့ ခိုလှုံရာ ဖြစ်တော်မူ၏။ တောင်များကို မဘော်၊ မြေကြီးနှင့်လောက ဓာတ်ကို ဖန် ဆင်းတော်မမူမှီကိုယ်တော်သည် ရှေးက​ြာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာအ ဆက်ဆက်တိုင်အောင် ဘုရားသခင် ဖြစ်တော်မူ၏။ (ဆာ ၉၀:၁-၂) 
ဟန္န။ ထာဝရဘုရား သန့်ရှင်းတော်မူ သကဲ့သို့ အဘယ်သူမျှ မ သန့်ရှင်း။ ကိုယ်တော် မှတပါး အခြားသော ဘုရား မရှိ။ ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာ မရှိ။ ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြော ကြနှင့်။ အဓRစကားကို နှုတ်ထဲကမထွက်စေကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သŠညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွတ်တော်မူ၏။ (၁ရာ ၂:၂-၄)။ 


အရှေ့အလယ်ပိုင်းသတင်း 

ပါလက်စတင်းသမတအဘတ်သည် ယခုနှစ်စက်တင်ဘာလ၌ ကမ္ဘာ့ ကုလသမဂ္ဂတွင် ပါလက်စတိုင်း နိင်ငံထူထောင်ကြောင်း ကျေညာ၍ ကမ္ဘာ့ နိင်ငံ အများစုကထောက်ခံဘို့ ကြံရွယ်ခဲ့သော်လည်း အမေရိကန်နှင့် ဥရောပနိင်ငံ အချို့ ကကန့်ကွက်ကာ ထိုသို့ မကျေညာဘို့ရန် ဖိ အားပေးသောကြောင့် အစ္စရေးနိင်ငံနှင့် ဆွေးနွေးဘို့ လိုလားကြောင်း သိရှိရသည်။ ထိုသို့ စိတ်ပြောင်းလဲခြင်းသည် အမေရိကန်နှင့် ဥရောပမှငွေကျေးထောက်ပံ့မှု ရပ်ဆဲနိင်သောကြောင့် ဖြစ်သည်။ ထိုသို့ အ​ခြေအနေပြောင်းလဲပါ ကစစ် ဖြစ်ဘို့ရန် အနည်းငယ်ကြန့်ကြာ နိင်သည်။ သို့သော် အ​ခြေအနေသည် အကောင်းဘက်သို့ မသွား နိင်။ အကြောင်း မူကား အစစ အရာရာသည် ဘုရားသခင်၏ အစီအစဉ်အတိုင်း ဖြစ်မည် ဖြစ်သောကြောင့် ဖြစ်သည်။ 


ခရီး စဉ်

ဇွန်လ ရမှ ၁၃ ရက်နေ့များတွင် ဆရာမဟန္နသည်၍ ညိင​ေညစသူငျ ွ​ြဃ အသင်းတော်သို့ သွားရောက်ကာနေ့ခင်းပိုင်း၌ ခလေး သူငယ်များ အယောက် ၂၀ ကျော်ကို နေ့တိုင်း ကျမ်းစာ သင်ပေးခဲ့ပါသည်။ ညပိုင်းတွင် လူကြီးများကို ကျမ်းစာ သင်ပေးရာတွင် ညတိုင်း လူ၄၀မှ ၅၀ ခန့်အထိ ကျမ်းစာ သင်တန်းတက်ကြကြောင်း သိရ ပါသည်။ ထိုခရီး စဉ်သည် သူအတွက် ဒုတိယမြောက်ခရီး စဉ် ဖြစ်ပါသည်။ ဇွန်လ ၁၄ ရက်နေ့တွင် ဆရာမောဇက်ထောင်ကျုံးလည်း၍ သတ​ေ ှအအေနယီနျဩငညနျ မြို့ (စမသညသကညခန -ီနာသင)သို့ ခရီး စဉ်ပြုခဲ့ပါသည်။ လေယဉ်ပေါ်တွင် အမေရိကန် အဖြူမကို ခေတ်ကာလ များနှင့် ပတ်သက်၍ သက်သေခံရာတွင် လေယဉ်တုံခါ သောကြောင့် သူမသည် ကြောက်၍ စကားရပ်ခိုင်းကာဝိုင်အရက်နှစ်ပုလင်း သောက်ခဲ့ပါသည်။ သို့သော် သူမသည် စိတ်မငြိမ်သက်နိင်ပါ။ ဆရာမောဇက်မူကား လေယဉ်ပျက်ကျလျှင်လည်း သူသွားမည့် နေရာသိနေသောကြောင့် လုံးဝ ကြောက်စိတ်မရှိပါ။ ထိုသို့သောအားဖြင့် ယုံကြည်သူနှင့် မယုံကြည်သူသည် ကွာ ခြားကြောင်း တွေ့ရပါသည်။ 

ဆရာမောဇက်သည်ီနျဩငညနျ မြို့၌ သူသိသောသူတယောက်မျှ မရှိပါ။ သူ တည်းခိုမည့် အိမ်ရှင်များ နှင့်လည်း မတွေ့ဘူးပါ။ လေဆိပ်မှကားငှါးပြီး သူတည်း ခိုမည့် အိမ်ရှင်များရှိရာသို့နှင့် လုံးဝ အခက်အခဲမရှိဘဲ ရောက်ရှိသွားပါသည်။ အိမ်ရှင်မဒေါ်ချစ် သန်းအပြင်ထွက်ချိန်နှင်ပက်ပင်းတိုး၍ သူတို့၏ အိမ်ထဲသို့ ချောမောစွာ ရောက်ရှိသွား ပါသည်။ ညရနာရီတွင် သင်တန်း ပြုလုပ်ဘို့ စီစဉ်ထားရာဒေါ်ချစ်သန်းလည်းအိမ်နီး နားချင်းများကို ရနိင်သမျှ ခေါ်ဘိတ်သောအခါ လူ ၁၀ ယောက်ခန့်သင်တန်းတက်ကြပါသည်။ သင်တန်းသား အထဲ၌ လာအိုလူမျိုးမောင်နှမလည်း ပါဝင်သောကြောင့် မြန်မာနှင့် အင်္လိပ်နှစ်ဘာသာနှင့် သင်တန်းပေးခဲ့ရပါသည်။ ထိုလာအိုမောင်နှမသည် အမေရိကန်ပြည်သို့ နှစ်ပေါင်း၃၀ ကျော်ခန့်နေပြီးသောသူများ ဖြစ်၍ မြန်မာပြည်သား လူသစ်များကို တတ်နိင်သမျှ ကူညီကြသောသူများ ဖြစ်သည်။ နောက်ပိုင်း၌ ထိုလာအို အမျိုးသမီးကဆရာမောဇက်ကို ကား အခမဲ့နှင့် ငါှးပေးသောကြောင့် လေဆိပ်မှငါှးသော ကားကိုအချိန် မစေ့ခင်ပြန်အပ်လိုက်ပါသည်။ 

ဆရာမောဇက်သည် နံနက်ပိုင်း၁၀-၁၂ နာရီတွင် တကြိမ်တအိမ်၌၎င်း၊ ညပိုင်းရ- ၉ နာရီတွင် တကြိမ်ကျမ်းစာ သင်တန်းများကို ၈ ရက်သင်ပေးပါသည်။ ထိုမြို့၌ တရားဟောဆရာများ အပေါက်အရာက်နည်းသောကြောင့် အလွန်ဘဲ တရားဟော သင်ပေးဘို့ လိုအပ်သော နေရာ ဖြစ်ပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG