GOODNEWS
  HOME  GOODNEWS  2011 JUN
 


ဤစာစောင်၌

အမှာစာ
 
သခင်ယေရှုကို မည်မျှချစ်သနည်း

မည်သည့်အရာကို ဦးစားပေးသနည်း
 
ရှေ့သို့ 

ဂရုဏာတော် နေ့သစ်
 
အရှေ့အလယ်ပိုင်းသတင်းများ

ဒေါ်လာပြိုလဲနိုင်
 

 
 အမှာစာ

ချီဆောင်ခြင်း မဖြစ် သေးသောကြောင့် မိတ်ဆွေ ဤစာကို ဖတ်နိင်ခြင်း ဖြစ်သည်။ ချီဆောင်ခြင်းသည် စောင့်ရခက်ဟန်ရှိသော်လည်း တနေ့ကျလျှင် ဖြစ်မှာသေ ချာသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ဘုရားသခင်၏ စကားတော် များသည် မပြည့်မစုံဘဲ မနေရ။ 

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သမ္မာတရားကို နေရာတော်တော်များများ၌ ဟောပြောရသော အခွင့်ရရှိပါသည်။ လွန်ခဲ့သော မေလ အတွင်း၌ Syracuse သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ သွားရောက်လည် ပတ်၍ အားပေးရသော အခွင့်ရရှိခဲ့သည်။ ထို့နောက် Grand Rapids, Michigan ၌ မင်္လာဆောင်ပွဲနှင့် သင်တန်းများကို ပြုလုပ် နိင်ခဲ့ပါသည်။ သင်တန်း၌ လူ၃၀လောက်အမြဲတက်နိင်ပြီး အများဆုံးအချိန်မှာ ရဝလောက်တက်နိင်ကြသည််။ ဇွန်လ ၁၄ ရက်နေ့မှ တပတ်တာ အိုင်ဝါ (IOWA)  ပြည်နယ်၌ သွားရဦးမည်။ ဆရာမဟန္နလည်း ဇွန်လ ရ- ၁၃ အတွင်းလ မှာသွားဘို့ ရှိပါသည်။ ဇွန်လ ၂၀-၂၅ ထိ ခလေးများကျမ်းစာ သင်တန်း Baltimore ၌ ပြုလုပ် ရန်ရှိသောကြောင့် ဆုတောင်းခြင်းဖြင့် သတိရကြစေလို ပါသည်။ 


ဆရာယေရှုတို့ လင်မယားလည်း မေလအတွင်း၌ Indianapolis GBC ၌ သင်တန်းပေး၍ နောက်ထပ်ခေါ်သောသူရှိသောကြောင့် အိမ်၌ သင်တန်းဆက် ပေးနိင်ခဲ့ကြပါသည်။ ဆရာမ Siangte လည်း အမျိုးသမီးများကို သင်တန်းပေးကြောင်း သတင်းရရှိပါသည်။ ဆရာဂျာဂျာလည်း အူကျသောကြောင့် ခွဲစိတ်ရာ မှသက်သာလာပြီ။ ဆရာနော်ဂျာလည်း ယခင်ထက် ပို၍ ပို၍ သက်သာလာပြီ ဖြစ်သည်။ 
 
 
သခင်ယေရှုကို မည်မျှချစ်သနည်း 

ယုံကြည်သူများသည် သခင်ယေရှုကို မည်မျှချစ်ကြောင်း သူကြွလာ မည့် အရာကို မြော်လင့်ခြင်းကို ကြည့်ခြင်းအားဖြင့် သိနိင်သည်။ ဆုတောင်းခြင်း အားဖြင့်သော်၎င်း၊ သီချင်းအားဖြင့်သော်၎င်း တရားဟောသောအခါ၌ သော်၎င်းသခင်ယေရှုကို အလွန် ချစ်သည် ဟုဆိုသော်လည်း သူကြွလာမည့် အရာကို မမြော်လင့်လျှင် ထိုမျှသာမက သူကြွလာမည့် အရာကို စိတ်မဝင်စား၊ သိလည်း မသိချင်လျှင် သူ့ကို လုံးဝ မချစ်ကြောင်း ထင်ရှားသည် အကြောင်းမှာ ကိုယ့်ချစ်သူ ရောက်လာမည့် အရာကို စိတ်မဝင်စားမမြော်လင့်သောသူတယောက်မျှ မရှိနိင်ချေ။ ချစ်သူရောက်မည့် အရာထက် အရေးကြီးသောအရာလည်း မရှိ။ ချစ်သူ ရောက်မည့် ရက်မေ့သွားသောသူလည်း မရှိတတ်။ ချစ်သူရောက်မည့် နေ့၌ မကြို အားလောက်အောင် အလုပ်ရှုတ်သောသူလည်း မရှိ။ ကိုယ့်ချစ်သူရောက်လာလျှင် အရာအားလုံး ကို ထားခဲ့၍ လေဆိပ်၌ သော်၎င်း၊ ကား ဆိပ်၌ သော်၎င်းကြို ဆိုတတ်သည်။ ကိုယ့်ချစ်သူရောက်မည့် အရာကိုလည်း မပြောဘဲ မနေနိင်၊ သူတပါးကို ပြောပြတတ်သည်။ 

ယခု ယုံကြည်သူများအတွက် ခရစ်တော် ကြွလာမည့် အရာသည် အရေးကြီးဆုံး သောအရာ မဟုတ်။ ထို့ထက် အရေးကြီးသော အရာ များစွာ ရှိနေကြသည်။ ခရစ်တော် ကြွလာမည့် အရာသည် ရီစရာ ဖြစ်နေသည်။ ထိုထက် ခရစ်တော် ကြွလာမည့် အရာကို ပြောသောသူကို မုန်းသည်။ နားညီးသည်။ ထိုအရာထက်လောက၌ တိုးတက်မည့် အရာများသည် အရေးကြီး နေသည်။ တရားဒေ သနာလည်း အခြားအကြောင်း အရာများကို ကြားချင်သည်။ ထိုအရာများကို ကြည့်ခြင်းဖြင့် ခရစ်တော်ကို မချစ်ကြကြောင်း ထင်ရှားနေသည်။ 
 
အဘယ်ကြောင့်မချစ်ကြသနည်း

ယုံကြည်သူများသည် အဘယ်ကြောင့်သခင်ယေရှုကို မချစ်ကြသနည်း။ သူနှင့်တော် စပ်ကြသည် မဟုတ်လော။ သူနှင့် မဆိုင်သော မယုံကြည်သူများက သူ့ကို မချစ်ခြင်း၊ သူကြွလာမည့် အရာကို မမြော်လင့်ခြင်းသည် မဆန်းချေ။ အကြောင်းမှာ ကိုယ်နှင့် မဆိုင်သောသူကို မချစ်တတ်။ မမြော်လင့်တတ်။ ယခုမူ ခရစ်တော်နှင့် ဆိုင်သော်လည်း မချစ်ခြင်းသည် ထိတွေ့မှု မရှိသောကြောင့် ဖြစ်သည်။ လူသည်သား အဖသား အမိတော် စပ်သော်လည်း ငယ်ရွယ်စဉ်ကတည်း ကမိဘနှင့် ကွဲကွာနေလျှင် သံယောဇဉ်မရှိတတ်ချေ၊ ခံစားချက် မရှိ။ ဦးနှောက်အားဖြင့် သိနေသော်လည်း မေတ္တာမပွားနိင်။ အကြောင်းမှာ ချစ်ခြင်းမေတ္တာသည်တော် စပ်မှုအားဖြင့် မဟုတ်ဘဲ ထိစပ်မှု၊ မိဿဟာယဖွဲ့မှုအားဖြင့် ဖြစ်သည်။ လူသည် နေ့စဉ်နှင့် အမျှထိတွေ့သောသူများနှင့် သံယောဇဉ်ရှိတတ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ခရစ်တော်ကို ယုံကြည်သူများကမချစ်ကြသနည်းဟူမူကား သူနှင့် ထိတွေ့မှု မိဿဟာယဖွဲ့မှု နည်းသောကြောင့်၊ သို့မဟုတ် မရှိသောကြောင့် ဖြစ်သည်။ 

ယုံကြည်သူများသည် အမြဲဘုရားရှိခိုးကြသည် မဟုတ်လော၊ အမြဲဆု တောင်းကြသည် မဟုတ်လော၊ ယုံကြည်သူ အချင်းချင်းလည်း မိဿဟာယဖွဲ့ကြသည် မဟုတ်လော။ အဘယ်ကြောင့် ခရစ်တော်နှင့် မရင်းနှီး၊ သံယောဇဉ်မတွယ် ကြသနည်း။ အကြောင်းမှာ ဘုရားရှိခိုးသော်လည်း လူလူချင်းတွေ့ဘို့သည်သာ အဓိက ဖြစ်သည်။ ဆုတောင်း နေသော်လည်း သူ့ကို အရေးထားသည် မဟုတ်၊ ကိုယ်လိုချင်သောအရာကိုသာ အာရုံစိုက်သည်။ ယုံကြည်သူများမိဿဟာယဖွဲ့သော်လည်း အချင်းချင်းတွေ့ဆုံခြင်း၌ အားရကျေနပ် နေ၍ ခရစ်တော် ပါမပါသည် အရေး မကြီး။ ဝတ်ပြုကိုးကွယ်သော်လည်း လူ့ဘဝ တိုးတက်ရေး၊ ပြသနာ ​ ဖြေရှင်းရေး ယားသော နားကို ကလိခြင်းသည် အဓိက ဖြစ်နေကြသည်။ ထို့ကြောင့် ခရစ်တော်နှင့် မရင်းနှီး ကြ၊ မခင်ကြ၊ သံယောဇဉ်မတွယ်ကြ။ သူလုပ်ပေးသွားသော အကျိုးများကို ခံစားလိုသော်လည်း သူကိုယ်တိုင်ကို မချစ်။ သူပေးမည့် ဆုကို တောင့်တသော်လည်း သူကိုယ်တိုင်ကို ဂရုမစိုက်။ ထို့ကြောင့် သူကြွလာမှာကိုလည်း စိတ်မ ဝင်စား။ ထို့ကြောင့် သူကိုယ်တိုင် ပြောခဲ့ သကဲ့သို့ လူများသည် စားလျက် သောက်လျက်၊ ထိမ်းမြား ဆုံဖက်လျက်၊ အိမ်ဆောက်လျက်၊ ရောင်းဝယ်လျက် အမှု မဲ့အ မှတ်မဲ့ ဖြစ်နေကြသည်။ ခရစ်တော်၏ ရှုတောင့်မှကြည့်လျှင် အလွန် ဝမ်းနည်းစရာ ပင်။ ထို့ကြောင့် သူကိုယ်တိုင်က၊ “သို့သော် လူသားသည် ကြွ လာသောအခါ မြေကြီး ပေါ်၌ ယုံကြည်သူကို တွေ့မည်လော” ဟုဆိုခဲ့သည် (လု ၁၈:၈) 
 မမှန်သော မြော်လင့်ခြင်း 

အချို့သော ယုံကြည်သူများသည် ခရစ်တော် ကြွလာ၍ ချီဆောင်ခြင်း ခံမည့် အရာအကို မြော်လင့်တတ်ကြသည်။ သို့သော် သူတို့၏ မြော်လင့်ခြင်းသည် ခရစ်တော်ကို တွေ့ချင် သောကြောင့် မဟုတ်။ လောက၌ ဒုက္ခ ရောက်သောကြောင့် စိတ်ပျက်သောကြောင့်၊ ခက်ခဲသောကြောင့် ထိုအရာမှ လွတ်မြောက်ဘို့ရန် ဖြစ်သည်။ ထိုသို့ မြော်လင့်သောသူသည် မမြော်လင့်သောသူထက် ကောင်းသော်လည်း ခရစ်တော်၏ ရှုတောင့်မှကြည့်ပါက အားရကျေနပ်စရာ မရှိ။ ဖျားနာသောသူသည် ဆရာဝန်ကိုမျှ ော်လင့်သော်လည်း သူ့ကို ချစ်သောကြောင့် မဟုတ်၊ သူ့အနာရောဂါကို ကုသပေးစေချင် သောကြောင့်သာ ဖြစ်သည်။ ဆရာဝန်ကလည်း လူနာကို သံယောဇဉ်ရှိသည် မဟုတ်၊ တာဝန် အရကုသသောကြောင့် သူ့ကို လူနာကမချစ်လျှင်လည်း ဂရုမစိုက်။ သို့သော် သခင်ယေရှုသည် လူသားများကို ချစ်သည်။ ဂရုစိုက်သည်။ သို့သော် သူချစ်သော လူသားများက သူ့ကို ပြန်မ ချစ်သောအခါ မည်ကဲ့သို့ ခံစား မည်နည်း။ 
 
မည်ကဲ့သို့ ပြန်ချစ်နိင်မည်နည်း

ချစ်ခြင်း မေတ္တာသည်တော် စပ်မှုအားဖြင့် မဖြစ်၊ ထိစပ်မှုအားဖြင့် ဖြစ်သည်ဟု အထက်က ဖေါ်ပြခဲ့ပြီး ပြီ။ ထို့ကြောင့် ခရစ်တော်ကို ချစ်ဘို့ရန် ဖြတ် လမ်းမရှိ။ ချစ်ခြင်းမေတ္တာသည် ခဏတွေ့ရုံဖြင့် မဟုတ်။ ခဏတွေ့ရုံဖြင့် ချစ်ခြင်းသည် တဏှာအချစ် ဖြစ်သည်။ ထိုအရာသည် ဇာတိသွေးသား၏ တောင့်တမှု ဖြစ်၍ မခိုင်မြဲတတ်။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ကြာရှည်စွာ ပေါင်းသင်း ဆက်ဆံခြင်းအားဖြင့် ဖြစ်သည်။ သို့ဖြစ်လျှင် ခရစ်တော်နှင့် မည်ကဲ့သို့ ပေါင်း သင်းဆက်ဆံရမည်နည်း။ ကျမ်းစာဖတ်ရမည်။ သူနှင့် စကားပြောရမည်။ သူ့အကြောင်းကို ဆင်ခြင်ရမည်။ သူ့အကြောင်းကို သူတပါးထံ၌ ပြောပြရမည်။ သူ ခိုင်းသောအရာကို လုပ်ရမည်။ သူချစ်သောအရာကိုသာ ချစ်၍ သူမုန်းသောအရာကို မုန်းရမည်။ သူ့အလိုတော်ကို အဓိကထားရမည်။ 

အထက် ဖေါ်ပြပါအရာများ လုပ်နိင်ဘို့ရန် ကျမ်းစာဖတ်ခြင်းနှင့် သူနှင့် စကားပြောခြင်းအားဖြင့် စပြုရမည်။ ကျမ်းစာသည် ခရစ်တော်၏ မေတ္တာစာ ဖြစ်သည်။ လူသားများအတွက် သူလုပ်ပေးသော အရာများကို ဖေါ်ပြသော အစာ ဖြစ်သည်။ ထိုအရာများကို သိမှ သာလျှင် သူနှင့် ရင်းနှီး၍ ချစ်လာနိင်မည်။ 

 ခရစ်တော်နှင့် စကားပြောရမည်။ မြန်မာစကား၌ ဆုတောင်းရမည်ဟူသောအရာသည် မမှန်ချေ။ အကြောင်းမှာ ခရစ်တော်ကို ဆုသာလျှင် တောင်းဘို့ မဟုတ်ဘဲ သူ့ကို ချီးမွမ်းခြင်း၊ တိုင်ပင်ခြင်း၊ တင်ပြခြင်း၊ ဆွေးနွေးခြင်း များလည်း လုပ်ရမည်။ လူများနှင့် စကားပြောသောအခါ တချိန်လုံးတောင်းနေလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။ လူများနှင့် စကားပြောသောအခါ တောင်းသည်ထက် တိုင်ပင်၊ ဆွေးနွေး၊ ဝေငှခြင်း များကိုသာ လုပ်တတ်ကြသည် မဟုတ်လော။ ထို့နည်း တူ ခရစ်တော်နှင့် စကားပြောရမည်။ သူ့ကို ချီးမွမ်းရမည်၊ တိုင်ပင်တင်ပြရမည်။ လူများနှင့် စကားပြောသောအခါ ပြောနေကျလူများနှင့် ဖြစ်လျှင် ပြောစရာများများရှိသည်။ ပြောနေကျလူနှင့် မဟုတ်လျှင် စကား ကြောပြတ်တတ်သည်။ ထို့ကြောင့် ခရစ်တော်နှင့် စကားများများ ပြောမှသာလျှင်ပြောစရာများများ ထွက်လာပေမည်။ ရင်းနှီး လေလေပြောစရာများလေလေ ဖြစ်မည်။ 
 

မည်သည့်အရာကို ဦးစားပေးသနည်း


 ယနေ့ လူအများစု သို့မဟုတ် လူအားလုံး နီးပါးသည် ဦးစားပေးမှား နေကြောင်း တွေ့ရသည်။ ဃ​ေျန တသမုနမ တစ်ယောက်က၊ “ယနေ့ ညကျမ်းစာ သင်တန်းရှိ တယ်။ တက်ရအောင်” ဟု လူတစ်ယောက်ကို ခေါ်ဘိတ်သောအခါ ထိုသူက “ဘယ် ကုမ္ပဏီမှာလဲ” ဟု ပြန်မေးလိုက်သည်။ ထိုသူ၏ စိတ်နှလုံးအထဲ၌ အလုပ်ရရှိရေးသည် သာလျှင် အဓိက ဖြစ်နေကြောင်း သိသာထင်ရှားသည်။ တိုးတက်သော နိင်ငံ ရောက် မြန်မာပြည်သားများအတွက် အလုပ်ရရှိရေးသည် အဓိက၊ ပဌမ ဦးစားပေး ဖြစ်သည်။ အလုပ်ရှိလျှင် မည့်သည့်နေရာ၌ ပင် ဖြစ်ပါစေသွားရဲသည် သွားနိင် ကြသည်။ အလုပ်အကိုင်သည် မိသားစုအရေးထက်လည်း အရေးကြီးသည်။ ဘုရားတရား ထက်လည်း အရေးကြီးသည်။ ထိုကြောင့် လင်မယားလည်းအတူ တူမနေ နိင်ဘဲ တကွဲတပြားစီ နေကြသောအခါ ဖေါက်ပြန်မှုများဖြစ်လာ၍ မလိုအပ်ဘဲ လင် မယားကွာရှင်းမှုများအထိ ဖြစ် လာတတ်ကြသည်။ မိသားစုကွဲပြား လာသည်သာ မက ဘုရားတရား ဘက်၌လည်း ကျဆင်းလာ ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် အလုပ်၊ သို့မဟုတ် ​ေင၊ ွ သို့မဟုတ် လောက ပစ္စည်းကို အဓိကထားသောကြောင့် ဖြစ်သည်။ ထိုသို့သော အဖြစ်အပျက်သည် ယခုမှ ဖြစ်သည် မဟုတ်ရှေးကပင် ဖြစ်သည်။ ကျမ်းစာ၌ လေ့လာကြစို့။

မုန့်တိုက် (သို့) စပါးကျီမှ ထွက်ခွာ

တရားသူကြီး အုပ်စိုးသော ကာလ၊ တရံရောအခါ ဣသရေလ ပြည်၌ အစာအဟာရ ခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တယောက်သည် မယားနှင့်သား နှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။ ထိုသူ၏ အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ၊ သား နှစ်ယောက်အမည် ကား မဟာလုန်နှင့် ခိလျုန်တည်း၊ သူတို့သည် ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ် အရပ်သား ဖြစ်လျက်၊ မောဘပြည်သို့ သွား၍ နေကြ၏။ (ရုသ ၁:၁-၂) 

ဧလိမလက်နှင့် နောမိ၊ သား နှစ်ယောက်တို့သည် အစာအဟာရခေါင်း ပါးသောကြောင်း ဗက်လင်မြို့မှမောဘပြည်သို့ ရွှေ့ပြောင်း ကြသည်။ ဧလိမ လက်နာမည်သည် “ာပ ွသိ ငျ ုငညါ” “ငါ၏ ဘုရားသည် ဘုရင် ဖြစ်သည်” 
ဟူ၍ ဖြစ်သည်။ သူ့နာမည်အရ ဖြစ်လျှင် ဘုရားသခင်သည် သူ၏ ဘုရင် ဖြစ်သောကြောင့် ဘုရား၏ စကားကို တသဝေမတိမ်း နားထောင် မည့်သူ ဖြစ်သည်။ ဘုရားသခင်ကို ခိုလှုံမည့်သူ ဖြစ်သည်။ သို့သော် ဧလိမလက်သည် ဘုရား သခင်ကို မခိုလှုံဘဲ အစာရေစာ ခေါင်းပါးသောအခါ မောဘပြည်၊ တပါးအမျိုးသား ပြည်၊ ဘုရား မရှိသော နေရာသို့ ပြေးသွား ကြသည်။ အစာနောက်သို့ လိုက် သွားသည်။ အစားအစာသည် သူ၏ ဘုရား ဖြစ်သည် (ဖိ ၃:၁၉)။ ယနေ့ များစွာသော ခရစ်ယာန် များလည်း ဘုရားသခင်ထက် အလုပ်အကိုင်ကို ပို၍ ဦးစားပေး ကြသည်။ အလုပ်နောက်သို့ တကောက်ကောက်လိုက် ကြသည်။ အလုပ်အစဉ်ပြေလျှင်တော် ပြီ။ ဘုရား မရှိခိုးရလျှင်လည်း ကျေနပ်သည်။ အချို့သောသူများသည် ဘုရား မရှိခိုးနိင်သောကြောင့် စိတ်မသာညီးတွားနေသော်လည်း ဘုရားရှိခိုးနိင်သော နေရာ၌ ပြန်မလာဘဲ အလုပ်ကို မစွန့်နိင်ဘဲ အလုပ်ကို ဦးစားပေး ကြသည်။ 

အလိမလက်မိသားစုသည် မောဘပြည်သို့ ထွက်သွားသောအခါသား နှစ်ယောက်နှင့် သူတို့ လင်မယား စုစုပေါင်းလေးယောက်ထွက်သွား ကြသည်။ နောမိ၏ နောက်ပိုင်း သက်သေခံချက်မှာ၊ “ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက် သွား၏။” (ရုသ ၁:၂၁)။ နောမိတို့ မိသားစုသည် ကြွယ်ဝစွာ ထွက်သွား ကြသည်။ အခြားသောသူများ ဗက်လင်မြို့၌ နေနိင် ကြသည်။ သို့သော် နောမိတို့ မိသားစုသည် ဘုရားသခင်၏ ကောင်းကြီး ပေးမည့် အရာကို မစောင့်နိင်ဘဲ အစာနောက်သို့ ထွက်သွားခြင်းသည် သူတို့၏ အမှား ဖြစ်သည်။ အစာခေါင်း ပါးခြင်းသည်လည်း ဘုရားသခင်၏ ဆုံးမခြင်း ဖြစ်သည်။ ဘုရားသခင်က၊ “သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်သည်ကား၊ ယာလုပ် သကဲ့သို့ မျိုးစေ့ကြဲ၍ ​ခြေဖြင့် ရေလောင်းရသော ပြည် တည်းဟူသော သင်တို့ ထွက်လာသော အဲဂုျွှု ပြည်နှင့် တူသည် မဟုတ်။ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက်သော ပြည်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပြုစု၍ တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသော ပြည် ဖြစ်၏။ သင်တို့ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြင်းမဲ့ချစ်၍ အမှုတော်ကို ဆောင် ရွက်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့ နားထောင်လျှင်၊ သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်းစေခြင်းငှာ အရင်မိုဃ်း၊ နောက် မိုဃ်း တည်းဟူသော သင်တို့ ပြည်နှင့် ဆိုင်သော မိုဃ်းရေကို ငါပေးမည်။ သင်တို့သည် ဝစွာ စားရမည်အကြောင်း၊ သင်တို့ တိရဈာန်များ အဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေမည်၊ သင်တို့သည် မိဈာဒိဌိအယူကို စွဲ၍ လမ်းမလွှဲ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကို်ယ်ကို ကိုယ်သတိပြုကြလော့။ သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမ ရွာ။ မြေ၏ အသီးအနှံကို မဖြစ်စေခြင်းငှာ၊ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သော ပြည်၌ သင်တို့သည် အလျင် အမြန် ပျောက်ပျက်ကြလိမ့်မည်။” ဟု မှာခဲ့သည် (တရား၁၁:၁၀-၁ရ)။ 

ခါနန်ပြည်သည် ဘုရား ပြောသကဲ့သို့ မိုးရေသောက်သော ပြည် ဖြစ်သည်။ အဲဂုတ္တု ပြည် ကဲ့သို့ မြစ်ရေသောက်သော ပြည် မဟုတ်။ ထို့ကြောင့် အဗြာဟံကလောတကို၊ “သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာ ဘက်သို့ သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည် ဟုဆို၏။ ထိုကာလ အခါ၊သော ဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်း ကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ ဥယျာဉ်တော် ကဲ့သို့၎င်း၊ အဲဂုျွှု ပြည် ကဲ့သို့၎င်း ဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊ ယော်ဒန်ချိုင့် တ ရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်းတဦးနှင့် တဦးကွဲပြား ကြ၏။ (ကမ္ဘာ ၁၃:၉-၁၁) လောတကအနောက်ဘက်ခါနန် ပြည်ကို မရွေးဘဲ အရှေ့ဘက်ယောဒန်မြစ်ပတ်ဝန်းကျင်ကို ရွေးလိုက်သည်။ အကြောင်းမှာ ယောဒန်မြစ်ဝှမ်းတလျှောက်သည် အဲဂုတ္တု ပြည် ကဲ့သို့၎င်း၊ ထာဝရဘုရား၏ ဥယျာဉ်တော် ကဲ့သို့၎င်း ဖြစ်သည်။ ၏

အဘယ်ကြောင့် ဘုရားသခင်သည် အဗြဟံကို ထိုခါနာန်ပြည်၌ ထားသနည်း။ အဘယ်ကြောင့်မိုးရေသောက်စရာ မလို၊ မြစ်ဝ​ကျွန်းပေါ်၌ မြစ် ရေသောက်သော ပြည်သို့ မထားသနည်း။ အကြောင်းမှာ မြစ်ရေသောက်သော ပြည် ဖြစ်လျှင် ထာဝရဘုရားကို အားကိုး တော့မည် မဟုတ်။ ခါနန်ပြည်၌ မူဘုရားသခင်ကြည့်ရှုမှသာလျှင်မိုးရေသောက်၍ အစာအဟာရပေါများ နိင်သည်။ ထို့ကြောင့် ဘုရားသခင်က သူ့ကို အားကိုဘို့လိုသော နေရာ၌ ထားခြင်း ဖြစ်သည်။ လောတသည် ထာဝရဘုရားအား မကိုးဘဲ ရေများ၍ အဲဂုတ္တု ပြည် ကဲ့သို့သော ယော်ဒန်မြစ်ဝှမ်းလွင်ပြင်၌ နေသောကြောင့် လောကပိုင်း၌ ချမ်းသာ ခဲ့သည်။ သို့သော် ဘုရားသခင်၏ တရားစီရင်ခြင်း မီးမိုဃ်းရွာသောအခါ သူ၌ ရှိသမျှ ဥစ္စာ ပစ္စည်းအားလုံး လောင်ကုန်၍ ကိုယ်လွတ်ရုန်းခဲ့သည်ကို သင်ခန်းစာယူသင့်သည် (ကမ္ဘာ ၁၉:၂၃-၂၆)။ ထို့ကြောင့် ယုံကြည်သူများလည်း အလုပ်နှင့် ငွေကို အဓိကမထားဘဲ ထာဝရဘုရားကို အဓိကထားဘို့ လိုသည်။ ထာဝရဘုရားကို အားကိုး ခြင်း၊ ကိုးကွယ်ခြင်း မပြုနိင်သော အလုပ်မျိုးကို မလုပ်သင့်ချေ။ 

ကျမ်းစာ၌၊ “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ကို ဆင်ခြင်ကြလော့။ သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက် ရသော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ် ရကြ။ အလုပ်လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာသိုထားရ
၏။” ဟု တွေ့ရသည် (ဟဂ္ဂဲ ၁:၅-၆)။ ထာဝရဘုရား ပြောသကဲ့သို့ ဘုရားသခင်အား မကိုးလျှင် စားသော်လည်း မဝနိင်။ သောက်သော်လည်း မဝနိင်။ လုပ်အား ခရသော်လည်း မစုဆောင်းနိင်။ ပင်ပန်းခြင်း သာလျှင် အဖတ်တင်မည် ဖြစ်သည်။ တဖန် ထာဝရဘုရားက၊ “သင်တို့သည် များစွာ ရမည်ဟု မြော်လင့်သော်လည်း ရသော ဥဏာ ခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။” ဟုဆိုသည် (ဟဂ္ဂဲ ၁:၉)။ ထာဝရဘုရားကရသမျှကို မှုတ်ထုတ်လိုက်လျှင် ဘယ်လောက်မျှ အဖတ်မတင်နိင်။ ထို့ကြောင့် ထာဝရဘုရားကို ပဌမ ဦးစားပေးကြစို့။ 
 
 သေဆုံးကုန်ကြ

 “နောမိ၏ ခင်ပွန်းဧလိမလက်သည် သေ၍ မယားနှင့်သား နှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။သားတို့သည် မောဘပြည် သူဩရပနှင့် ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဘက်ခြင်းကို ပြု၍၊ ထိုပြည် မှာဆယ်နှစ်ခန့်မျှနေပြီးမှ၊ ထိုသား နှစ်ယာက်မဟာလုန်နှင့် ခိလျုန်တို့သည် သေ၍ နောမိသည်သား မရှိ၊ ခင်ပွန်းလည်း မရှိကျန်ရစ်လေ၏။” (ရုသ ၁:၃-၅) 

နောမိတို့ မိသားစုသည် ထာဝရဘုရားကို စွန့်ပြီး အစာနောက်သို့ လိုက် သောကြောင့် မုဆိုးမဘဝသို့ ရောက်ရခြင်း ဖြစ်သည်။ သူသာလျှင် မဟုတ်ဘဲသူသား များလည်း သေဆုံးကုန်သောကြောင့် ချွေးမများလည်း မုဆိုးမ ဖြစ်ရ ကြသည်။ ထို့ကြောင့် အ​ခြေနေကောင်းသောသူများ ဘုရားသခင်ကို မကိုးစားဘဲလော ကအလုပ်နောက်သို့ လိုက်မသွားဘို့ရန် သတိပေးလိုပါသည်။ 

 “တဖန် ထာဝရဘုရားသည် မိမိလူတို့ကို အကြည့်အရူကြွ၍ မုန့်ကို ပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ ကြားသောအခါ၊ မောဘ ပြည် မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူ ထ၍၊ တည်းခိုရာအရပ်ကထွက် ပြီးလျှင် ယုဒပြည်သို့ ရောက်လိုသောငှာ သွားကြ၏။” (ရုသ ၁:၆ -ရ)။ နောမိသည် ချွေးမနှစ်ယောက်လိုက်ပါလျက် မောဘပြည်မှ ယေရုရှလင်မြို့သို့ ပြန်လာသည်။ ယောက္ခမနှင့် ချွေးမများသည် အများအားဖြင့် မတည့်တတ်ပါ။ သို့သော် နောမိသည် ချွေးမနှစ်ယောက်စလုံးကလိုက်လာသောကြောင့် ယောက္ခမကောင်း ဖြစ်နိင်သည်။ ချွေးမနှစ်ယောက်လည်း သူတို့ယောက်ျားများ သေဆုံးခဲ့သော်လည်း ယောက္ခမ ကြီးနှင့်အတူ လိုက်နိင်ခြင်းသည် အံ့ဩစရာ အလွန် ကောင်းသည်။ ယနေ့ ချွေးမများသခ်န်းစာရစရာ ဖြစ်သည်။ 

ထိုသို့ မုဆိုးမများ ဗက်လင်မြို့ဖက်သို့ သွားကြစဉ်နောမိကချွေးမများထံ သူ့ကို မလိုက်တော့ဘို့ရန်၊ နောက်ယောက်ျားယူ၍ အိမ်ထောင်ပြုကြရန်ပြောသောအခါ ဩရပသည် ပြန်သွားသည်။ သို့သော် ရုသမူကား မပြန်ဘဲ ယောက္ခမ နောက်လိုက် ဘို့ရန် သန္ဓိဌန်ချကာ ဤကဲ့သို့ ဆိုသည်၊ “ရုသက၊ ​ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့ မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော် သွားလေရာသို့ ​ကျွန်မလိုက်ပါမည်။ ကိုယ်တော် အိပ်လေရာ၌ ​ကျွန်မအိပ်ပါမည်။ ကိုယ်တော် အမျိုးသည် ​ကျွန်မအမျိုး၊ ကိုယ်တော် ဘုရားသည် ​ကျွန်မဘုရား ဖြစ်ပါစေ။ ကိုယ်တော် သေရာအရပ်၌ ​ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသော အမှုကြောင့် ကိုယ်တော်နှင့် ​ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ​ကျွန်မ၌ ထိုမျှမက ပြုတော်မူပါစေသောဟု ပြန်ဆို၏။” (ရုသ ၁:၁၆-၁ရ)။ ရုသသည် အဘယ့်ကြောင့်ထိုမျှလောက်ယောက္ခမကို ချစ်ခင်၍ နောက်လိုက် လိုပါသနည်း။ သူ၏ အမျိုးဘက်မှကြည့်လျှင် အမျိုးကို သစ္စာ ဖေါက်သောသူ၊ ဘာ သာရေးဘက်မှကြည့်လျှင် မိမိဘုရားကို စွန့်၍ လူမျိုးခြားဘုရားကို ကိုးကွယ်မည့်သူ၊ စီးပွါးရေးရှုတောင့်မှကြည့်လျှင်လည်း ယောက္ခမကို ကျွေးမွေးဘို့လိုသောကြောင့် ဆင်းရဲ ဒုက္ခ ခံမည့်သူ၊ လူမှုရေးအားဖြင့် ကြည့်လျှင်လည်းကိုယ် မသိသော လူမျိုးများ ထံ၌ တစိမ်းအနေဖြင့် နေမည့်သူ၊ ယုဒပြည်သည်လည်း မောဘပြည်ထက် တပ်မက်စရာ မရှိ၊ အဘယ်ရှုတောင့်မှကြည့်ကြည့်မလွယ်ကူပါ။ သို့သော် သူ့ယောက္ခမကို ချစ်သည်၊ သနားသည်၊ ကျေွးမွေးလိုသည်၊ သူ့ယောက်ျားကို ချစ်သောကြောင့်ယောက်ျားသေသော နောက်၌လည်း ယေက္ခမကို ကြည့်ဘို့ တာဝန် ရှိသည်ဟု သိသောကြောင့် ထိုကဲ့သို့ မျှော်စရာ တခုမှမရှိသော ယောက္ခမကြီး နောက်လိုက်ခြင်း ဖြစ်ပေမည်။ 

မာရ (ခါးသီးခြင်း) 

 “ထိုသူနှစ်ယောက်တို့သည် ခရီး သွား၍ ဗက်လင်မြို့သို့ ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကား နောမိဟုတ်သလောဟု မေးကြ၏။ သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနတ္တတန် ခိုးရှင်သည် ငါ့အား အလွန် ခါးသောအရာကို ပေးတော်မူပြီ။ ငါသည် ကြွယ်ဝပြည့် စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရ ဘု ရားသည် ငါ့ကို ပို့ပြန်တော်မူပြီ။ ထာဝရဘုရားလည်း ငါ့ကို နှိမ့်ချ၍ အနတ္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲ စေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့်ငါကို ခေါ်ကြသနည်းဟု ပြန်ပြော၏၊ ” (ရုသ ၁:၁၉-၂၁) 

နောမိတို့ ဗက်လင်မြို့သို့ ရောက်သောအခါ တမြို့လုံးက ဤသူကား နောမိဟုတ်သလောဟု မေးကြ၏။ နောမိ၏ အဓိပ္ပါယ်သည် ကောင်းမြတ်ခြင်း၊ ကောင်းကြီး မင်္လာဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူကို ကောင်းကြီး မင်္လာ မဟုတ်လောဟု ပြောကြသည်တွင် သူကငါ့ကို ကောင်းကြီး မင်္လာဟု မခေါ်ကြနှင့်၊ မာရ ခါးသီးခြင်း၊ အမင်္လာဟု ခေါ်ကြပါ ဟုဆိုသည်။ ထို့သို့ အမင်္လာ ဖြစ်ခြင်းသည် နောမိကသူ့အပြစ်ကြောင့်ဟု မမြင်၊ ထာဝရဘုရားသခင်က ဒဏ်ခပ်ခြင်း ဟုသူ မြင်သည်။ သူက အနတ္တတန်ခိုးရှင်သည် ငါ့အား အလွန် ခါးသောအရာကို ပေးတော်မူပြီ။ ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကို ပို့ပြီ။ ထာဝရဘုရားလည်း ငါ့ကို နှိမ့် ချ၍ အနတ္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲ စေတော်မူသည်” ဟု ဘုရားသခင်ကို အပြစ်တင်သည်။ အမှန်မှာ သူက ဘုရားသခင်ကို စွန့်သောကြောင့် သူ့ဘဝပျက်ရခြင်း ဖြစ်သည်။ လူသည် ကိုယ့်အပြစ်ကို မမြင်နိင်ကြ။ ဘုရားသခင်ကို အပြစ်တင်တတ်ကြသည်။ ထာဝရဘုရားကို စွန့်ပစ်၍ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြပြီ (ဟေရှာယ ၅၃:၆)။ 

ဘုရားကို ခိုလှုံသော ရုသ

နောမိသည် အနန္တတန်ခိုးရှင်ကို စွန့်ခဲ့သော်လည်း ချွေးမရုသမူကား ထာဝရဘုရားကို ခိုလှုံသည်။ ထိုအရာကို သူဌေးကြီး ဘောဇ၏ နှုတ်အားဖြင့် ဤသို့ တွေ့ရသည်၊ “ဗောဇကလည်း သင်၏ လင်သေသော နောက်၊ သင်သည် ယောQမအား ပြုစုသမျှကို၎င်း၊ သင်သည် မိဘနှင့် မွေးဘွားရာ ဌာနပြည်ကို စွန့်၍ အထက်ကမ သိဘူးသော ပြည်သို့ လာကြောင်းကို၎င်း၊ ငါ့အား သေချာစွာ ပြောကြပြီး။ သင့်အမှု၏ အကျိုးကို ထာဝရဘုရား ပေးသော်မူပါစေသော။ သင်သည် အတောင်တော် အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် စုံလင်သော ဆုကို ချတော်မူပါစေသော ဟုဆိုသော်၊ ရုသကလည်း သခင်ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေ။ ကျွန်မသည် ကိုယ်တော် ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည်လောကဝတ်စကားကို ပြော၍ ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက် လေ၏။” (ရုသ ၂:၁၁-၁၃) 
 ရုသသည် ဗောဇပြောသကဲ့သို့ မိဘနှင့် မွေးဘွားရာ ဌာနပြည်ကို စွန့်၍ အရင်က မသိဘူသော တိုင်း တပါးသို့ သွားခြင်းသည် လူ့အမြင်အားဖြင့် ကြည့်လျှင် လုံးဝ အဓိပ္ပါယ် မရှိ။ အကျိုးလည်း မရှိ။ သို့သော် သူသည် ဗောဇပြောသကဲ့သို့ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အတောင်တော် အောက်၌ ခိုလှုံခြင်း ဖြစ်သည်။ ထို့ကြောင့် သူဌေးကြီး ဗောဇကစတင်ကာ သူ့ကို ကောင်းကြီး ပေးခြင်း ဖြစ်သည်။ နောက် ပိုင်း၌ ဗောဇသည် သူ၏ ခင်ပွန်းသည်် ဖြစ်ခဲ့သည်။ ဗောဇသည် ရုသယောက်ျား၏ အမျိုး ဖြစ်သောကြောင့် ဘုရားသခင် ပညတ်ထားသည့်အတိုင်း အလိမလက်၏ အမျိုးနာမည်မပျောက်ပြတ်စေခြင်းငှါ သူပိုင်သမျှသော ဥစ္စာများကို ရွေးဝယ်၍ မုဆိုးမ ရုသကိုလည်း လက်ထပ်ဘို့ လိုသည်။ ထိုအခါ ဗောဇကမြို့တံခါးဝ၌ လူကြီးများကို ခေါ်၍ သူသည် ရုသကို သိမ်းပိုက် မည့်အကြောင်းကို ဤသို့ ပြောဆို ခဲ့သည်၊ “ဗောဇကလည်း၊ ဧလိမလက်ဥဏာ၊ ခိလျုန် ဥဏာ၊ မဟာလုန်ဥဏာဟူသမျှကို နောမိလက်မှငါ ဝယ်၍၊ သေသောသူ၏ နာမည်ကို သူ၏ ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါး ထဲက၎င်း၊ မပြတ် စေခြင်းငှာ၊ သူ၏ အမွေအားဖြင့် သူ၏ နာမည်ကို ထောက်မမည်အ ကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီးရုသကို ငါ၏ မယား ဖြစ်စေခြင်းငှာ ငါဝယ်သည်ကို သင်တို့သည် ယနေ့ သက်သေ ဖြစ်ကြပါ၏ဟု အသက်ကြီးသူ များ၊ လူများအပေါင်းတို့အား ပြောဆို၏။ တံခါးဝ၌ ရှိသော အသက်ကြီးသူ များ၊ လူများ အပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေ ဖြစ်ကြ၏။ သင့်အိမ်သို့ ရောက်သော ဤ မိန်းမသည်၊ ဣသရေလ အမျိုးကို တည်ထောင်သော မိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသျွှိနှင့် ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်းရှိပါစေသော။ အသက် ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရား ပေးတော်မူ လတံ့သော မျိုးစေ့အားဖြင့် သင်၏ အမျိုးအနွယ်သည် ယုဒမယားတာမာဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသောဟု ပြောဆို ကြ၏။” (ရုသ ၄:၉-၁၂) 

ရုသကို ဗက်လင်မြို့မှအသက်ကြီးသူ လူကြီးများကလည်း ကောင်းကြီး ပေးကြသည်။ သာမန်ကောင်းကြီး မဟုတ်ဘဲ ဣသရေလ အမျိုး၏ မိခင် ကြီးများဖြစ်သော ရာခေလနှင့် လေအာကဲ့သို၎င်း၊ တာမာအားဖြင့် ရသော ယုဒ၏သား ဖာရက်ကဲ့သို့၎င်းကြီး ပွားဘို့ရန် ကောင်းကြီး ပေးကြသည်။ ထိုမျှသာမက ရုသသည်သားယောက်ျားဘွားမြင်သောအခါ အမျိုးသမီးများက ဤကဲ့သို့ ကောင်းကြီး ပေးကြသည်၊ “ဗောဇသည် ရုသကို သိမ်း၍ စုံဘက်လျက် ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည် ပဋိသ​ေýယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ မိန်းမတို့သည်လည်း နောမိအား၊ သင့်ကို ပြုစုသော အမျိုးသားချင်းကို ယနေ့ ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္လာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်း သည်လည်း ဣသရေလ အမျိုး၌ အသရေကျော် စောပါစေသော။ သူသည် သင်၏ အသက်ကို ပြုပြင်သောသူ၊ သင်အသက် ကြီးသောအခါ သင့်ကို ကောင်းမွန်စွာ ပြုစုသောသူ ဖြစ်ပါစေသော။ သင့်ကို ချစ်၍ သား ခုနှစ်ယောက်ထက် သင့်အဘို့ သာ၍ ကောင်းသော သင်၏ ချွေးမသည်သားယောက်ျားကို ဘွားမြင်ပြီဟု ပြောဆို ကြ၏။” (ရုသ ၄:၁၃-၁၅) အမျိုးသမီးများ ကရုသသည်သား ခုနှစ်ယောက်ထက် ကောင်းသော ချွေးမ ဟုဆို ကြသည်။ 
 
 ဒါဝိဒ်မင်းကြီး၏ ဘွားတော် 

ရုသသည် ထိုသို့ လူတိုင်း၏ ကောင်းကြီး ပေးခြင်း ခံရသည်သာမက ဘုရားသခင်၏ ချီးမြှောက်ခြင်းလည်း ခံရသူ ဖြစ်သည်။ အဘယ်သို့ နည်းဟူမူကား “အိမ် နီးချင်းမိန်းမတို့ကလည်း၊ နောမိသည်သားယောက်ျားကို ရပြီ ဟုဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သား ကား ယေရှဲ။ ယေရှဲသား ကား ဒါဝိဒ် တည်း။” (ရုသ ၄:၁ရ)။ ရုသသည် အထက်ပါ ကျမ်းပိုဒ်၌ တွေ့ရ သကဲ့သို့ ဒါဝိဒ် မင်းကြီး၏ ဘွားတော် ဖြစ်သည်။ ထိုဒါဝိဒ်မင်းကြီးအားဖြင့် ခရစ်တော် ယေရှု မွေး ဘွားလာသောကြောင့် ရုသသည် ကယ်တင်ရှင် ခရစ်တော်၏ မျိုးဆက်ထဲ၌လည်း ပါဝင်ခွင့်ရသည်။ သူ့နာမည်အားဖြင့်လည်း ကျမ်းစာ ရေးသား ထား၍ သူ့အားဖြင့် အလိမလက်၊ နောမိတို့ အကြောင်း ကိုလည်း လူတိုင်း ကသိလာ ကြသည်။ လူတိုင်းကလည်း သူ့နာမည်ကြိုက်နှစ်သက်သောကြောင့် သူတို့၏ သမီးများကို ရုသ အမည်မှည့် ကြသည်။ မရေရာသော မောဘအမျိုးသမီး၊ ကတိတော်နှင့် ဆိုင်သော ဣသရေလ လူမျိုးထဲမှ မဟုတ်၊ တပါးအမျိုးသား ထဲမှသူ၏ ရိုးသား နှိမ့်ချမှု၊ စိတ် ကောင်းထားရှိမှု၊ ထာဝရဘုရားသခင်ကို ခိုလှုံကိုးစားမှုကြောင့် သူကိုယ်တိုင် တရား မဟောဘူးသော်လည်း သူ့အသက်တာအားဖြင့် ယနေ့ တိုင် တရားဟောလျက် ရှိသည်။ နောက်ချေးပုံထဲမှချီးမြှောက်နိင်သော ဘုရားသခင်အားဖြင့် ရုသကို ချီးမြှောက် လိုက်သောအခါ လူတိုင်း၏ ချီးမြှောက်အား ကျသောသူ ဖြစ်လာသည်။ ထို့ကြောင့် အစာနောက်၊ လောက ဥစ္စာပစ္စည်းနောက်မလိုက်ဘဲ ဘုရားသခင် နောက်လိုက် ကြပါစို့။ သိရုံသက်သက် မဟုတ်ဘဲ လက်တွေ့အသက်တာအားဖြင့် အသက်ရှင် သောသူ ဖြစ်နိင်ကြပါစေ။ 
 


ရှေ့သို့ 

ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှု တခုဟူမူကား၊ နောက်ကျသောအရာ တို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာ တို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့် ဘုရားရပ်မှခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ထိုကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သော သဘောကို စွဲလမ်းရကြမည်။” (ဖိလိ ၃:၁၃-၁၅) 
 
ဆုရဘို့ ပန်းတုံးတိုင်သို့ 

ရှင်ပေါလုကနောက်ကျသောအရာ တို့ကို မမှတ်ဘဲ ဟုဆိုသည်။ ဆိုလိုသည်မှာ ရှေးဟောင်းနှောင်း ဖြစ်များ ဖြစ်စေ၊ လွန်ခဲ့သော အတွေ့အကြုံများ ဖြစ်စေ၊ သတိမ ရဘဲ (သို့) အဓိကမထားဘဲ ဟုဆိုလိုသည်။ အချို့သောသူများသည် ရှေးဟောင်း နှောင်း ဖြစ်များ ပြန်စမြုံ့ပြန်သောကြောင့် ဝမ်းနည်း ကျေကွဲ ကာဆွေးတတ်သည်။ ထိုအရာများသည် ဘာ အကျိုးကိုမျှ မပေးသောကြောင့် စိတ်နှလုံးထဲ၌ ဧည့်မခံသင့်ချေ။ ဘဝ မေ့ပြီး အောက်​ခြေမလွတ်ဘို့ရန် တခါတခါပြန်လည် သတိပေးဘို့ရန် လောက်သာ စဉ်းစားသင့်သည်။ ရှင်ပေါလုက၊ ရှေ့၌ ရှိသောအရာ တို့ကို လှမ်းကမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ဟုဆိုသည်။ ရှင်ပေါလုကဲ့သို့ ယုံကြည်သူများသည် ရှေ့၌ ရှိသောအရာ တို့ကို လှမ်းကမ်း၍ ဘုရားသခင် ပေးမည့် ဆုများကို ရခြင်းငှါ ပန်းတုံး တိုင်သို့ ပြေးသင့်သည်။ သို့သော် များစွာသော ယုံကြည်သူများသည် ထိုဝိညာဉ်ဆုများရှိရာပန်းတုံးတိုင်းသို့ ပြေးမည့် အစားလောကအရာများ နောက်သုံးတဟုန်ထိုးပြေး နေကြသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယုံကြည်သူများသည် ကိုယ်ကိုကိုယ် မပိုင်တော့ဘဲ အဘိုးနှင့် ဝယ်တော်မူသောကြောင့် ဘုရားသခင်၏ အပိုင် ဖြစ်သည်ကို မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပိုင်ရှင် ဖြစ်သော ဘုရားသခင်က သတ်မှတ်ပေးထားသော ပန်းတုံးတိုင်ကို မသိဘဲ ကိုယ်တိုင် ပန်းတုံးတိုင်ကို သတ်မှတ် ကြသည်။ ကိုယ်တိုင် သတ်မှတ်သော ပန်းတုံးတိုင်များသည် ဤလောကနှင့် စပ်ဆိုင်သော အရာများ ဖြစ်၍ မကြာမှီပျက်စီးမည့် အရာများ ဖြစ်သည်။ ထို့ကြောင့် ကြာရှည် မခံမည့်လောက ပန်းတုံးတိုင်များကို ထားခဲ့၍ ဘုရား သတ်မှတ်ပေးထားသော ပန်း တုံးတိုင်သို့ အရောက်ပြေးကြစို့။ 
 
အချည်းနှီး

 “မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ်သော ဥဏာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ အဘယ် အပြစ်မျှမရှိ၊ အညစ်အ​ကြေးနှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။” (၁ ပေ ၁:၁၈-၁၉)။ 

 များစွာသော ယုံကြည်သူများသည် အချည်းနှီးသော ယဉ်ကျေးမှုများ၊ လုပ်ထုံး လုပ်နည်းများကို ပြန်လည်ဖေါ်ထုတ်၍ ကျင့်သုံးတတ်ကြသည်။ အထူးသဖြင့် အသက်ကြီး ပိုင်း၌ ပို၍ ပို၍ နောက်ဆုတ်တတ်သည်။ မိဘများထံမှ ဆက်ခံသော အချို့သော 
ယဉ်ကျေးမှု များသည် ကောင်းပါသည်။ ထိုအရာများကို ဆက်ထိမ်းသိမ်းသင့်သည်။ ဥပမာ၊ ရိုးသားခြင်း၊ သစ္စာ စောင့်ခြင်း စသည် ဖြင့်။ သို့သော် ဘုရားတရားနှင့် ဆန့်ကျင်သောအရာ ကိုမူ စွန့်လွှတ်သင့်သည်။ ဘုရား အလိုတော်နှင့် ဆန့်ကျင်သောအရာ မှန်သမျှကို စွန့်လွှတ် သင့်သည်။ 

 “ယခုဆိုခဲ့ပြီး သောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေး ဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေ 
ကြီး ပေါ်မှာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂœု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။ ထို သူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။ ၁၆ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို တောင့် တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ သူတို့ နေစရာဘို့ မြို့ကို တည်ထောင်တော်မူပြီ။” (ဟေ ၁၁:၁၃-၁၆)။ 

အထက်ပါ ကျမ်းပိုဒ်များ၌ အာဗြဟံ၊ ဣဖက်၊ ယာကုပ်တို့သည် သူတို့ ထားခဲ့သော ပြည် တည်းဟူသော ဥရအရပ်၊ ယခုခေတ်တွင် အီရပ်ပြည်ကို အောက်မေ့စွဲလန်းလျှင် ထိုနေရာသို့ ပြန်သွားနိင်သည်။ ဥရအရပ်သည် တိုင်း ကရစ်မြစ်ဝှမ်း ဖြစ်သောကြောင့် မြေဩဇာကောင်းသော နေရာ ဖြစ်သည်။ သို့သော် သူတို့သည် ထိုနေရာကို မအောက် မေ့ဘဲ ကောင်းကင် ပြည် တည်းဟူသော သာ၍ ကောင်းသော ပြည်ကို စွဲလန်းသည်။ ထိုကြောင့် ကတိပေးသော ပြည် တည်းဟူသော ခါနန်ပြည်၌ ဧည့်သည် အဂန္တုကဲ့သို့ နေရင်းဖြင့် ကောင်းကင်သို့ ရောက်မည့် အရာကို ယုံကြည်ခြင်းဖြင့် စောင့်ခဲ့ ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် အာဗြဟံဘုရား၊ ဣဖက်ဘုရား၊ ယာကုပ်ဘုရားဟု ခေါ်ခြင်းကို မရှက်ဘူး ဟုဆိုသည်။ 

ယနေ့ ယုံကြည်သူ ဟုဆိုသောသူများသည် ကောင်းကင်နိင်ငံကို စွဲလန်းခြင်း မရှိဘဲ မိမိတို့ ထားခဲ့သော ပြည်၊ မြို့ရွာများကို အလွန် စွဲလန်း၍ ထိုနေရာများ တိုးတက် ရေးအတွက် သာစဉ်းစားခြင်း၊ ကြံစည်ခြင်းများပြုလုပ် ကြကာငွေများကိုလည်း သုံး စွဲ ကြသည်။ ရှေ့သို့ မသွားဘဲ နောက်ဆုတ် နေကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုသူများ၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို ရှက်နေပေမည်။ ဘုရားသခင်သည် သင်၏ ဘုရား ဖြစ်ခြင်းကို ရှက်တော်မူ မည်လော၊ ဂုဏ်ယူတော်မူ မည်လော။ ရှေး ယုံကြည်သူများကဲ့သို့ နောက်မလှည့်ဘဲ ရှေ့သို့ ချီတက်ကြစို့။ ဘုရား ပြင်ဆင် ဆောက်လုပ်ပေးသော ကောင်းကင်ကို စွဲလန်းလျက် ဤလောက၌ ဧည့်သည် အာဂန္တုကဲ့သို့ အသက်ရှင်ကြစို့။ 
 


ဂရုဏာတော် နေ့သစ်

ပစ်တိုင်း ထောင် (California)

“နံနက်တိုင်း ဂရုဏာတော် အသစ်ကို ခံစားရကြ၏။ သဏာတော်သည်ကြီး မြတ်ပါ၏။”  (မြည် ၃:၂၂-၂၃) 

 ထာဝရဘုရား ဟာမေတ္တာ၊ သစ္စာ၊ ဂရုဏာတော် နဲ့ ပြည့်စုံတဲ့ဘုရား ဖြစ်သည် နဲ့အညီသူဖန်ဆင်းထားတဲ့လူတိုင်း ( ယုံကြည်သူ၊ မယုံကြည်သူ) တဦးတယောက်မျှ ပျက်စီးခြင်းသို့ မရောက်စေချင်။ (၁ တိ ၂:၄) လူသား အားလုံး ကို ကယ်တင်ခြင်းသို့ ရောက်စေလို တဲ့တရားမျှတတဲ့ဘုရား ဖြစ်တယ်။ ဒါကြောင့်တနေဝင်ပြီး တနေထွက်လာ တိုင်း လူသား တိုင်း အတွက် ဘုရားသခင် ပြင်ဆင် ပေးတဲ့ဂရုဏာနေ့သစ် ဖြစ်တယ်။ ဒီဂရု 
ဏာနေ့သစ်ဟာ ယုံကြည်သူ မယုံကြည်သူ အားလုံး နဲ့သက်ဆိုင်တယ်။ 
 
မယုံကြည်သူများအတွက် ဂရုဏာနေ့သစ်

ခရစ်တော်ကို မိမိရဲ့ ကယ်တင်ပိုင်ရှင်အသက် သခင်အဖြစ် လက်မခံထား တဲ့လူဟာအသက် ဝိညာဉ် ချုပ်သွားရင်ထာဝရ အပြစ် ငရဲသွားရမည် ဖြစ်တယ်။ လူသား အားလုံး ကို ချစ်တော်မူ တဲ့ ဘုရားသခင် ဟာထိုတဦးတယောက်ကိုမျှ ငရဲသို့ မသွားစေ လိုပါ။ မယုံကြည်သူ တွေငရဲမှ လွတ်မြောက်ပြီး ထာဝရဘုရား ထံပြန်လာရန် (သို့) ခရစ်တော် ရရှိရန်ဂရုဏာတော် နေ့သစ်တရက်တိုးပေးခြင်း ဖြစ်တယ်။ ခရစ်တော် ရဲ့ကယ် တင်ခြင်း သတင်းကောင်းကို မကြားရသေးလို့မယုံကြည်သည် ဖြစ်စေ၊ ကြားလျက် နဲ့မယုံ ကြည်သည် ဖြစ်စေ၊ မယုံကြည်ခြင်းကြောင့် ကြီးမားသော ဆုံးရှုံးခြင်း တည်းဟူသော 
ထာဝရ ငရဲသွားရမှ ဖြစ်တဲ့အတွက် မေတ္တာတော် ရှင် ဘုရားသခင် ဟာမ ယုံကြည်သူ တွေကို ကယ်တင်ရှင် ခရစ်တော် ယေရှုအားဖြင့် ထာဝရ အသက်ကို ရစေဘို့ အလိုငါှမဟာဂရုဏာတော် နေ့သစ်ကို ပေးထားခြင်း ဖြစ်တယ်။ ကျေးဇူးတော် ကာလ၌ ခရစ်တော်ကို မိမိရဲ့ကယ် တင်ပိုင်ရှင်အသက် သခင်အဖြစ် လက်မခံပါက ဘုရား ပေးထားတဲ့ဂရုဏာတော် နေ့သစ် ဟာတရားစီရင်ရာနေ့ရက်အဖြစ် ပြောင်းသွားမည် ဖြစ်ပါတယ်။ ကျေးဇူးတော် ဂရုဏာတော် နေ့ရက်သစ်ကို ပေးထားလျက် နဲ့ဘုရားရှင်ရဲ့မေတ္တာကို ကျောခိုင်းလှစ်လှူရှုရင်ဆုံးရှုံးခြင်းသို့ ရောက်ရှိသွားမည် ဖြစ်ပါတယ်။ 

ဘုရားသခင် ရဲ့တရားစီရင်မဲ့နေ့ရက်ဟာတနေ့ပြီး တနေ့နီးလာပြီ ဖြစ်ပါတယ်။ ယေရှုခရစ်ကို မိမိကိုယ်စားမိမိ အပြစ် အတွက် အသေခံ ပေးပြီး ကယ်တင်ခဲ့တဲ့အရှင်အဖြစ် လက်မခံတဲ့လူများအတွက် ထိုတရားစီရင်မဲ့နေ့ရက်ဟာအင်မတန်ကြောက်စရာ ကောင်းတဲ့နေ့ ဖြစ်တယ်။ ဒါကြောင့်မိတ်ဆွေ၊ ဘုရားသခင် ပေးထားတဲ့ဂရုဏာတော် နေ့ရက်သစ်ခံစား ချိန်မှာထို ကယ်တင်ရှင်ကို အလျင် အမြန် လက်ခံဘို့ရန် တိုက်တွန်းနိုးဆော် လိုပါတယ်။ 

ခရစ်တော် ရရှိတဲ့ သူများအတွက် ဂရုဏာသစ်

ဒုတိယ ဝိညာဉ်အားဖြင့် မွေးဘွားပြီး သူများ ဟာသေရင်အပြစ် ငရဲမှလွတ်ပြီး ကောင်းကင်ရွှေပြည်သို့ ရောက်သွားမဲ့ သူများ ဖြစ်တယ်။ ဒါပေမဲ့ ယုံကြည်သူများမသေသေးဘဲ အဘယ်ကြောင့် ဘုရားသခင်က အသက်ရှင်ခွင့်ပေးထားသလဲဆိုတော့ ဘုရားသခင် ဟာသူ ရဲ့ဂရုဏာတော် နေ့သစ်ထဲမှာဝင်စားစေချင် သောကြောင့် ဖြစ်တယ်။ ဘုရားသခင် ပြင်ဆင် ပေးထားတဲ့သရဖူများကို ဆွတ်ခူးဘို့ အတွက် ပြိုင်ပွဲပြေးလမ်းပေါ်မှာ ပြေးစေချင် တယ်။ 

ယုံကြည်သူများပြေးလမ်းပေါ်မှာ မှန်ကန်စွာ ပြေးနိင်ဘို့ အလို့ငါှနေ့စဉ် ဂရုဏာတော် အသစ် တရက်တိုးပေးထားခြင်း ဖြစ်တယ်။ အဲဒါကြောင့်ဂရုဏာတော် နေ့သစ်တိုင်း မှာမှန် ကန်စွာ ပုံမပျက်ဘဲ ပြိုင်ပွဲဝင်ကြပါစို့။ ယနေ့ ကာလ ဟာပြိုင်ပွဲဝင်တဲ့ကာလ ဖြစ်တယ်။ မကြာ ခင်ပြိုင်ပွဲပြီး တော့မည် ဖြစ်တဲ့အတွက်အချိန် ရှိတုန်း ခရစ်တော် ရဲ့သတင်းကောင်းကို သက်သေခံကြပါစို့။ 

ဒါ့အပြင်မိမိ အထဲ၌ ဝိညာဉ်တော် ကိန်းဝပ်တော်မူခြင်းဖြင့် မိမိရဲ့အသက်တာမှာ ဝိညာဉ် အသီးသီးလာစေရန်နဲ့ကိုယ့်အထဲမှာရှိတဲ့ ဝိညာဉ်တော်အားဖြင့် ကိုယ်တော် ရဲ့ အသက်စမ်းရေစီးဆင်းပြီး သူတပါးအသက်တာပြောင်းလဲသွားရန် ဖြစ်တယ်။ 

ဘုရား ပေးတဲ့နေ့သစ်တိုင်း ဟာ ယုံကြည်သူ သတိုးသမီးများ သတို့သား တည်းဟူသော ခရစ်တော် အတွက် ဝိညာဉ် မိတ်ကပ် (စုံစမ်း စစ်ဆေးခြင်း အားဖြင့်) ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်။ ဒါ့ကြောင့်မိမိ အသက်တာမှာစုံစမ်း စစ်ဆေးခြင်း၊ ဝိညာဉ် စာမေးပွဲအစစ်ခံရတိုင်း စိတ်ပျက်အား လျော့ခြင်း မရှိဘဲ ငါဟာသတို့သား အတွက် အလှ ပြင်ဆင် နေတယ်လို့စိတ်စွဲလန်းပြီး ပြုံးပြုံးလေးအပြင်ခံဘို့ ဖြစ်တယ်။ စုံစမ်းခြင်း တွေဟာဆိုရင်မိတ်ဆွေ ရဲ့အသက်တာမှာ ဝိညာဉ် အသီးသီးပွင့်စေရန် ဖြစ်တယ်။ ဘုရားသခင်ရဲ့အလိုတော် နဲ့အကြံ အစည်တော် လဲ ဖြစ်တယ်။ ကျမ်းစာ၌၊ “အကြောင်းမူကား သင်တို့သည် အလိုတော် ရှိစေခြင်း ငါှ၎င်း၊ အကျင့်ကျင့်စေခြင်း ငါှ၎င်း၊ သင်တို့ အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင် ပေတည်း၊ ” ဟု ရေးထားတယ် (ဖိ ၂:၁၃)။ ဤနှုတ်ကပတ်တော် မှာအတိအကျ ဖေါ်ပြထားတဲ့အတိုင်း ယေရှုခရစ် ရဲ့ ဝိညာဉ်တော် ဟာ​ကျွန်ပ်တို့ ယုံကြည်သူများရဲ့အတွင်း နှလုံးသား ထဲမှာ ကိန်းဝပ်ပြီး ​ကျွန်ပ်တို့ ကိုယ်စားအသက်ရှင်ပေးသော ကျေးဇူးတော်ကြောင့် ​ကျွန်ပ်တို့ ဟာအောင်မြင် တဲ့ သူများ ဖြစ်ကြတယ်။ မိမိရဲ့အစွမ်းအဆအားဖြင့် မဟုတ်ဘဲ ခရစ်တော်အားဖြင့် ဖြစ်တယ်။ ယုံကြည်သူများကို ဘုရား ဘုန်းတော် ထင်ရှားစေဘို့ န့​ဲ ဝိညာဉ် အသီးသီးတဲ့အသက်တာ ဖြစ်စေတယ်။ ထိုခရစ်တော်အားဖြင့် အလိုတော် န့​ဲအညီ အသက်ရှင်တဲ့အသက်တာ ဖြစ်တယ်။ 

ကိုယ်တော် လာရောက်ပြီး မချီဆောင်သေးခင်မှာဘုရား ပေးတဲ့ဂရုဏာနေ့သစ် တိုင်း မှာပျောက်ဆုံးဝိညာဉ်များကို ကိုယ်တော်ထံသို့ သွင်းရမဲ့အမှုတော် မြတ်၌ ဆောင် ရွက်မဲ့ ဝိညာဉ်တော် တန်ခိုးကို လဲ ယုံကြည်သူတိုင်းအပေါ်မှာ ခရစ်တော်အားဖြင့် ပေးထား ပါတယ်။ အယောက်တိုင်း ဘုရား အလိုတော်အတိုင်း ပျောက်ဆုံးဝိညာဉ် ဖမ်းသောသူများဖြစ်နိင်ကြပါစေ။ 


 
အရှေ့အလယ်ပိုင်းသတင်း 
 မေလနောက်ဆုံးပတ်၌ အစ္စရေးဝန်ကြီး ချုပ်နယ်သန်ယားဟူသည် အမေရိကန် ပြည် ထောင်စုသို့ လာရောက်၍ သမ္မတအိုဘားမားနှင့် အစ္စရေးပါလက်စတင်းကိစ္စ ဆွေးနွေး ကြသည်။ သမ္မတအိုဘားမားကအစ္စရေးနိင်ငံ၏ လုံခြုံရေးသည် မလှုပ်ရှား နိင်ဟု အာမခံသော်လည်း အစ္စရေးပါလက်စတင်းနှစ်နိင်ငံယှဉ်တွဲနေထိုင်ရေးဆွေး နွေးသောအခါ အစ္စရေးနိင်ငံ၏ နယ်နိမိတ်သည် ၁၉၆ရ ခုနှစ်စစ်ပွဲမတိုင်မှီအတိုင်း ဖြစ်ရမည် ဟုဆိုသည်။ ထိုနယ်နိမိတ်အရ ဖြစ်လျှင် အစ္စရေးနိင်ငံကယော်ဒန်မြစ်အ နောက်ဖက်ကမ်း​ခြေ ဖြစ်သော ရှမားရီးယားနှင့် ဂျုိးဒီယား၊ ယေရုရှလင်မြို့အရှေ့ဖက်ခြမ်းများစွန့်လွှတ်ရမည် ဖြစ်သည်။ 

ထိုကိစ္စနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီး ချုပ်နယ် သန်ယားဟူးကအမေရိကန် အထက်နှင့် အောက်လွှတ်တော်၌ မိန့်ခွန်းပြောရာတွင် ၁၉ရ ၆ ခုနှစ်မတိုင်မှီနယ်နိမိတ်အ တိုင်း လုံးဝ မဖြစ်နိင်ကြောင်း ကျေညာသွားပါသည်။ အကြောင်းမှာ ထိုနယ်နိမိတ်အ တိုင်း ဖြစ်ပါက အစ္စရေးနိင်ငံ၏ လုံခြုံရေးအတွက် ကာကွယ် နိင်ဘို့ လုံးဝ မရှိသောကြောင့် ဖြစ်သည် ဟုဆိုသည်။ ယေရု ရှလင်မြို့လည်း အစ္စရေးနိင်ငံ၏ ထာဝရ မြို့တော် ဖြစ်သောကြောင့် လုံးဝ နှစ်ခြမ်းမခွဲနိင်ကြောင်း ခိုင်မာပြတ်သားစွာ ပြောဆို သွားပါသည်။ ဝန်ကြီး ချုပ် နယ်သန်မိန့်ခွန်းပြောရာတွင် အမေရိကန်လွှတ်တော် အမတ်များက ၅၉ ကြိမ်မတ် တပ်ရပ်၍ လက်ခုပ်တီးခြင်းဖြင့် မည်မျှထောက်ခံကြောင်း ထင်ရှားသည်။ သမ္မတ အိုဘားမားကတပိုင်းတစထောက်ခံသော်လည်း လွှတ်တော်များကတခဲနက်ထောက် ခံကြောင်း တွေ့မြင်နိင်သည်။ ဝန်ကြီး ချုပ်နယ်သန်လည်း မိခင် နိင်ငံ၌ သူ့ကို ထောက်ခံသူ တိုးတက်များ ပြားလာကြောင်း တွေ့ရသည်။ 

ထိုသို့ ဝန်ကြီး ချုပ်နယ်သန်ယားဟူး၏ မိန့်ခွန်းသည် ပါလက်စတင်းများ ကစစ် ကျေညာခြင်း ဖြစ်သည်ဟု ယူဆသည်။ ပါလက်စတင်းနိင်ငံထူထောင်မည့် အကြောင်းကို လာမည့် စက်တင်ဘာလ၌ ကမ္ဘာကုလသမဂ္ဂ အစည်းအဝေးတွင် ပါလက်စတင်းများက တင်ပြမည် ဖြစ်သည်။ ထိုကစ္စနှင့် ပတ်သက်၍ ဝန်ကြီး ချူပ်နယ်တန်ယားဟူကမည်သူက မျှမတားဆီး နိင် ဟုဆိုသည်။ သို့သော် အစ္စရေးနိင်ငံအနေဖြင့် ပါလက်စတင်နိင်ငံ၌ အကြမ်းဖက်သမားများ ဖြစ်သော ဂါဇာကမ်းမြောင်ဒေသမှဟာမတ်များ ပါဝင်မှုကြောင့် လက်မခံနိင်ကြောင်း သိရှိရသည်။ ဟာမတ်များ အနေဖြင့် အစ္စရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကို လုံး လက်မခံချေ။ ဟာမတ်များသည် နောက်ဖက်ကမ်း​ခြေရှိ ဖါသများ၊နှင့် မတည့်သော်လည်း ယခုအခါ လက်တွဲဘို့ရန် ငြိမ်းချမ်းရေး သဘောတူထားသည်။ 

၂၀၀ရ ရွေးကောက်ပွဲတွင် ဂါဇာကမ်းမြောင်ဒေသ၌ ဟာမတ်များ အနိင်ရ၍ အာဏာသိမ်းလိုက်သောကြောင့် ဖါသပါတီနှင့် တင်းမာခဲ့သည်။ ဟာမတ်များ အာ ဏာရချိန်မှစ၍ အစ္စရေးနှင့် အီဂျစ်နိင်ငံကဂါဇာကမ်းမြောင်ကို ကုန်းကြောင်းရေကြောင်း ပိတ်ဆို့ထားကာကမ္ဘာနှင့် အဆက်ဖြတ်ခဲ့သည်။ အကြောင်းမှာ ဟာမတ် များသည် အကြမ်းဘက်သမားများ ဖြစ်၍ နိင်ငံခြားမှလက်နက်များ တင်သွင်းမှာကို စိုးရိမ် သောကြောင့် ဖြစ်သည်။ ၂၀၁၀ ခုနှစ်အတွင်း တူရဂီနိင်ငံမှသင်္ဘောများဖြင့် ဂါဇာ ကမ်းမြောင်သို့ လူမှုရေးကူညီထောက်ပံ့သော ပစ္စည်းများ စေလွှတ်ရာတွင် အစ္စရေးကို မွန်ဒုိတပ်သားများကသင်္ဘောများကို အက်စဒေါ့မြို့သို့ ခေါ်ဆောင်သွားခဲ့ ကြသည်။ သင်္ဘောတစင်းတွင် အစ္စရေးကို မွန်ဒုိများကို ရိုက်နှက်သောကြောင့်ကို မွန်ဒုိများ ကခု ခံမှုဖြင့် လူ၉ယောက်သေဆုံးခဲ့၍ ကမ္ဘာ့ နိင်ငံများ ကအစ္စရေးကို အပြစ်တင်ရှုတ်ချခဲ့ ကြသည်။ 

ယခုအခါ အီဂျစ်နိင်ငံသမတမူဘာရက်ကို ဖြုတ်ချ၍ စစ်အစိုးရကအုပ် ချုပ်သောအခါ အီဂျစ်ဘက်မှဂါဇာကမ်းမြောင်ဒေသကို မပိတ်ဆို့တော့ဘဲ တံခါးဖွင့်ထား ပြီ ဖြစ်သည်။ ထို့ကြောင့် အီဂျစ်နိင်ငံဘက်မှဟာမတ်များ ကစစ်လက်နက်များ တင် သွင်းမှာကို အစ္စရေးများက အလွန် စိုးရိမ်လျက် ရှိကြသည်။ 

ကမ္ဘာကုလသမဂ္ဂကပါလက်စတင်းနိင်ငံကို အသိအမှတ်ပြုလိုက်ပါက အနောက်ဖက်ကမ်း​ခြေနှင့် ယေရုရှလင်မြို့အရှေ့ဖက်ခြမ်းသည် အစ္စရေးနိင်ငံအတွက် နိင်ငံခြား ဖြစ်သွားမည်။ သို့သော် အစ္စရေးနိင်ငံက သူတို့ ပိုင် ဖြစ်ကြောင်း ဆုတ်ကိုင်သောအခါ ပါလက်စတင်များ ကကုလသမဂ္ဂအသင်းဝင်နိင်ငံအချင်းချင်းကျူးကျော်မှုဖြင့် တိုင်တန်းမည်။ ထိုအခါ ကုလသမဂ္ဂကအစ္စရေးနိင်ငံကို အပြစ်တင်ကာစီးပွားရေး ပိတ်ဆို့မှုများ၊ နောက်ဆုံး၌ စစ်ရေးအရဝင်စွပ်ဖက်မှုများပြုလုပ် နိင်သည်။ ထို့အခါ ပရောဖက် ဇာခရိဟောထားချက် ပြည့်စုံခြင်းသို့ ရောက်မည်။ ပရောဖက်က၊ “ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။” (ဇာခရိ ၁၂:၂-၃) 

အထက်ပါ ပရောဖက် ပြုချက်သည် ပြည့်စုံနေပြီ ဖြစ်သည်။ ၁၉၄၈ ခုနှစ်မှစ၍ ယေရုရှလင်မြို့အနောက်ဖက်ခြမ်းကို အစ္စရေးများ ကပိုင်သည်။ ၁၉၆ရ နှစ် ၆ ရက်ကြာ စစ်ပွဲ၌ အစ္စရေးများ ကအရှေ့ဖက်ခြမ်းကိုလည်း သိမ်းပိုက် လိုက်သည်။ ထိုအချိန် မှစ၍ ယေရုရှလင်မြို့သည် အာရပ်နိင်ငံများနှင့် အနောက်နိင်ငံများအတွက် လေးသော ကျောက် ဖြစ်သည်။ ထိုမြို့နှင့် ပတ်သက်၍ ဆွေးနွေးတိုင်း အမေရိကန်နှင့် ဥရောပ၌ ဒုက္ခ ဆင်းရဲခြင်း အမျိုးမျိုး ကြုံတွေ့ခံစား နေရပြီ။ ယခု ယေရုရှလင်မြို့တဘက်၌ လောကီသား အမျိုးမျိုးတို့ စုဝေး နေကြပြီ်။ 

ထိုအခါ ထာဝရဘုရားကအစ္စရေးများ ဘက်ကကူညီမည် ဖြစ်ကြောင်း ပရော ဖက်အားဖြင့် ဘုရားသခင် ဤသို့ ဆိုထားသည်၊ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်းငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါး အမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။ ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း၊ ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့ကို မီးလောင််လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။ ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာက ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ် မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည် တဘပ်၌ မဝါကြွားရ။ ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာစောင့်မတော်မူ သဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။ (ဇခါ ၁၂:၄-၈) 

 အထက်ပါ ပရောဖက် ပြုချက်အရ ယေရုရှလင်မြို့နှင့် အစ္စရေးနိင်ငံကို ပတ်ဝန်း ကျင်နိင်ငံများ ကတိုက်ခိုက်၍ ဘုရားသခင်၏ အကူအညီဖြင့် အစ္စရေးများ ကနိင်မည် ဖြစ်သည်။ ယုံကြည်သူများအနေဖြင့် ထိုစစ်ပွဲများ မမြင်တော့ဘဲ ချီဆောင်ခြင်းသို့ ရောက် သွားနိင်သည်။ ထို့ကြောင့် ဤလောက၌ ကြာကြာမနေတော့ဘဲ ကောင်းကင် ရောက် သွားနိင်သောကြောင့် အသင့် ပြင်ထားကြဘို့ နိုးဆော်အပ်ပါသည်။ 
 
ဒေါ်လာပြိုလဲနိင်

အမေရိကန်ဒေါ်လာသည် ယခုအတိုင်း နိင်ငံခြားငွေများနှင့် လဲလှယ်ရာတွင် တန်ဘိုး ကျဆင်းနေပါက ပြိုလဲသွားနိင်ကြောင်း ကမ္ဘာကုလသမဂ္ဂမှ မေလ ၂၅ ရက်နေ့တွင် သတိပေးသွားပါသည်။ ထိုသို့ဖြစ်ရခြင်းသည် အမေရိကန်နိင်ငံ၏ ဘဏ်အတိုးနှုန်းနှင့် အခြားစီးပါွးရေးနိင်ငံများ၏ အတိုးနှုန်းကွာခြားမှုနှင့် အမေရိကန်ပြည် သူများ၏ အကြွေးများ လွန်း၍ ပြန်လည်မပေးဆပ်နိင်မည့် အလားအလာကြောင့် ဖြစ်သည်။ ထိုအကြွေးအားလုံး ၏ တဝက်သည် နိင်ငံခြားသားများထံ၌ တင်ခြင်း ဖြစ်သည်။ 
canada.com/business/dollar+could+collapse/4839011/story.html
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG