GOODNEWS
  HOME  GOODNEWS  2011 MAY
 


ဤစာစောင်၌

အမှာစာ

ဆုပေးပွဲ

သတို့သမီး 

ကြွလာခြင်း မြော်လင့်သော သရဖူ

ကျမ်းစာဖတ်မှ

အရှေ့အလယ်ပိုင်းသတင်းများ

ဖိတ်ကြားလွှာ

 

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် မေလသို့ ရောက်ကြပြီ။ ချီဆောင်ခြင်း နေ့ရက်သည် တနေ့ထက် တနေ့နီးကပ်ပြီ။ သဘာဝ ဘေးဒဏ်များလည်း ပို၍ ပို၍ များလာပြီ။ ပရောဖက် အတုများလည်း ပို၍ ပို၍ များလာသည်။ ခရစ်တော် ကသူကြွ လာမည့် နေ့ရက်နှင့် ပတ်သက်၍၊ “ထိုအချိန် နာရီကို ကား အဘယ်သူမျှ မသိ။ ကောင်းကင်တမန် မသိ။ ငါ့ ခမည်းတော် တပါးတည်း သာသိတော်မူ၏။” 

(မ ၂၄:၃၆) ဟုဆိုထားသော်လည်း ခရစ်တော် ကြွလာမည့် နေ့ရက်ကို သတ် မှတ်ချင်သောသူမြောက် များစွာ ရှိကြသည်။ နေ့ရက်သတ်မှတ် သူများ အကြောင်း သိလိုလျှင့်အအစါ်၊၊ တတတ၏ ဘငဘူန၏ ခ​ေ၊ စမန-ိအေန-ျနအအနမျ၏့အာ၌ ဖတ်ရှုနိင်သည်။ ထိုအထဲ၌ လောလောလပ်လပ်အထင်ရှားဆုံးပုဂ္ဂိုလ်သည်ီမ၏ ဃ​ောစငညါ ဖြစ်သည်။ သူက ၂၀၁၁ ခုနှစ်မေလ ၂၁ ညနေ ၆ နာရီတွင် ချီဆောင်ခြင်း ဖြစ်မည် ဟုဆိုသည်။ သူသည် ၁၉၉၄ ခုနှစ်စက်တင်ဘလ၌ ချီဆောင်ခြင်းရှိမည် ဟုဆိုခဲ့ဘူး ပြီ။ တခါမှားပြီးသော်လည်း သင်ခန်းစာမရချေ။ 

အဘယ်ကြောင့် ထိုသို့ နေ့ရက်များ သတ်မှတ်ချင် ကြသနည်းဟူမူကား စာတန်၏ လှည့်ဖြားမှုကြောင့် ဖြစ်သည်။ စာတန်၏ ရည်ရွယ်ချက်မှာ ခရစ်တော် ကြွလာမည့် အရာကို လူများ ကစိတ်မဝင်စားရလေအောင် သူ၏ လူများကို အမျိုးမျိုး နေ့ရက်သတ်မှတ်ခိုင်းသည်။ သူတို့ သတ်မှတ်သော နေ့ရက်များ မှားသောအခါ လူများ ကမယုံကြည်သည်သာမက စိတ်မဝင်စားတော့ချေ။ ထိုသို့ နေ့ရက်သတ် မှတ်၍ မရသော်လည်း ချီဆောင်ခြင်း နီးကြောင်းကို သခင်ယေရှု ကသိစေချင်သည်။ သို့မှသာ အသင့် ပြင်ဆင် နိင်မည်။ ချီဆောင်ခြင်း နေ့ရက်အတွက် အသင့် ပြင်ဆင် ကြ ပါစို့။ 
 
ဆုပေးပွဲ

မကြာမှီ ယုံကြည်သူများကောင်းကင်သို့ ချီဆောင်၍ လောက၌ အသက်ရှင်စဉ်တွင် လုပ်ကိုင်ဆောင်ရွက်သော အမှုများအတွက် တရားစီရင်ခြင်း ခံရကြ တော့မည်။ ထိုအရာကို ရှင်ပေါလုက၊ “ငါတို့ ရှိသမျှသည် ကိုယ်ခýာ၌ ကျင့်သော အကျင့်၊ ကောင်းမကောင်းရှိသည် အတိုင်း အကျိုးအပြစ်ကို အသီးအသီး ခံခြင်းငှါ၊ ခရစ်တော်၏ တရားပ†င်ရှေ့၌ ပေါ်လာရကြမည်။” ဟု ရေးသား ထားခဲ့သည် (၂ ကော ၅:၁၀)။ 

အထက်ပါ တရားစီရင်ခြင်းသည် အပြစ် အတွက် မဖြစ်နိင်။ အကြောင်းမှာ အပြစ် အတွက် တရားစီရင်ခြင်းသည် ခရစ်တော် ကလက်ဝါးကပ်တိုင်တော်တွင် လူတိုင်း အတွက် ကိုယ်စားခံပြီး ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်က၊ “သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။” ဟုဆိုခဲ့သည် (ယော ၃:၁၈)။ တဖန်၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရ အသက်ကို ရသည် ဖြစ်၍ အပြစ် စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူး မြောက်သောသူ ဖြစ်၏။” ဟုဆိုသည် (ယော ၅:၂၄) ထို့ကြောင့် အထက်ပါ ခရစ်တော်၏ တရားစီရင်ခြင်းသည် ယုံကြည်သူများ၏ အလုပ်အတွက် တရား စီရင်ခြင်း ဖြစ်မည်။ 

ရှင်ပေါလုကဆက်၍၊ “အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချလျက် ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချ နိုင်။ ထိုတိုက်မြစ် အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက် ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးအသီး လုပ်သော အ လုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့ နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်း လုပ်သော အ လုပ်သည် အဘယ်သို့သော အလုပ် ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်း လိမ့်မည်။ ထိုတိုက်မြစ်အ ပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အ လုပ်သည် မြဲ၏၊ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏ အ လုပ်သည် ​ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့် လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဟု ရေးထားသည် (၁ ကော ၃:၁၁-၁၅)။ 

အထက်ပါ ကျမ်းပိုဒ်၌ ယုံကြည်သူများ၏ အုပ်မြစ်သည် ခရစ်တော် ဖြစ်သည်။ ခရစ်တော် အပေါ်၌ ယုံကြည်ခြင်း ထားသောသူများသည် တည်တန့်ခိုင်မြဲမည်။ ယုံကြည်သူ တိုင်းသည် ခရစ်တော် တည်းဟူသော အုတ်မြစ် အပေါ်၌ အိမ် ဆောက် ကြသည်။ ထိုအိမ်များကို ဆောက်သော ပစ္စည်းများသည် မတူညီကြချေ။ မီးလောင်နိင်သော မြက်၊ ကောက်ရိုး၊ သစ်သား များနှင့် ဆောက်သောသူရှိသလို မီးမလောင်နိင်သော ရွှေ၊ ငွေ၊ ကျောက်ကောင်းနှင့် ဆောက်သောသူများ ဟူ၍ ကွာ ခြား ကြသည်။ ထိုအိမ်များကို မီးနှင့် စစ်ဆေးသောအခါ ရွှေ၊ ငွေ၊ ကျောက်ကောင်းနှင့် ဆောက်သော အိမ်များသည် မလောင်နိင်သောကြောင့် ဆုရမည် ဖြစ်သော်လည်း မြက်ကောက်ရိုး၊ သစ်သား အိမ်များသည်လောင်​ကျွမ်းကုန်သဖြင့် ဆောက်သောသူသည် အဘယ်ဆုကိုမျှ ရရှိကြမည် မဟုတ်။ ဆုမရှိသော်လည်း ခရစ်တော် တည်းဟူသော အုတ်မြစ် အပေါ်၌ ယုံကြည်ခြင်းကို ချသောကြောင့် ကယ်တင်ခြင်းကိုမူမရှုံး ဆုံးချေ။ သို့သော် ဆုမရသောကြောင့် အရှက်တကွဲ အကျိုးနည်းမှာသေချာသည်။ မိတ်ဆွေသည် ထိုသို့ သောသူ ဖြစ်နေပါသလား။ 

ထို သို့ဖြစ်လျှင် မလောင်​ကျွမ်းနိင်သော ရွှေငွေကျောက်ကောင်းများသည် အဘယ်အရာ ဖြစ်၍ လောင်​ကျွမ်းနိင်သော မြက်ကောက်ရိုးသစ်သားတို့သည် အဘယ်အရာကို ဆိုလိုသနည်း။ ရွှေငွေကျောက်ကောင်းများသည် ဝိညာဉ်တော် ဦး ဆောင်ခြင်းဖြင့် ပြုလုပ်သော အရာများ ဖြစ်၍ မြက်ကောက်ရိုးနှင့် သစ်သား များသည် ဇာတိ သဘောနှင့် လုပ်ဆောင်သော အရာများ ဖြစ်ပေမည်။ ဝိညာဉ် သဘောဖြင့် လုပ်ဆောင်သော အရာများသည် ဥပမာ အလှူပေးသောအခါ လူရှေ့၌ ဝါကြွားသော စိတ်ဖြင့် မဟုတ်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ပေးသောအရာများ၊ ဟောပြော သက်သေခံသောအခါ၌လည်း ဇာတိပိုင်း၌ မြတ်ဘို့ရန် ဖြစ်စေ၊ မတတ်သာ၍ ဖြစ်စေလို အပ်သောကြောင့် မဟုတ်ဘဲ လိုလိုချင် ချင်ဖြင့် ဘုရား အလိုတော်ကို ဆောင်သော အရာများ ဖြစ်ပေမည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ကျေးဇူးတင်ခြင်း၊အားဖြင့် ဝမ်းမြောက်ဝမ်းသာလုပ်ဆောင်သောအရာ မှန်သမျှသည် ဘုရားသခင်က မှတ်သား ထားလျက် ရှိသည်။ ထို့ကြောင့် လူတိုင်း မိမိိတို့ လုပ်ဆောင်သော အရာများကို သတိထားဘို့ လိုသည်။ 

အချို့သောသူများသည် သူတပါး၏ ဝိညာဉ် ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အတွက် အမြဲတမ်းဖုန်းခေါ်ခြင်း၊ ကားဖြင့် ကြိုခြင်းများပြုလုပ် ကြသောအခါ စိတ်မရှည်နိင်တော့ဘဲ စိတ်ဆိုးနိင်သည်။အချိန် ကုန်ဓါတ်ဆီကုန်အပင်ပန်းခံ၍ လုပ်သော အရာများသည် ဘုရားသခင်က အသေးစိတ်မှတ်သား ထားသောကြောင့် အချည်းအနှီး ဖြစ်မည် မဟုတ်။ ထိုအရာများသည် နောင်၌ ဆုရဘို့ ရာအ တွက်ကောင်းကင်၌ ဘဏ္ဍာများကို ဆုဆောင်းနေခြင်း ဖြစ်သည်။ ထိုသို့ သိပါက မိမိလုပ်ဆောင်သမျှသည် ညည်းညူစရာ မရှိတော့ချေ။ အခွင့်အရေးဟူ၍ သိကာ ဝမ်းမြောက် ရွှင်လန်းသော စိတ်ဖြင့် လုပ်ဆောင်နိင်ပေမည်။ 

 ခရစ်တော်က၊ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှ ာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမ ဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏။” ဟုဆိုထားသည် (မ ၆:၁၉-၂၁)။ အဘယ်ကြောင့်မြေကြီးပေါ်မှ ာ ဘဏ္ဍာကို မဆည်းဖူးရသနည်းဟူမူကား မြေကြီးပေါ်မှ ာ ဆည်းဖူးလျှင် သံချေးပိုရွများ ကဖျက်ဆီးနိင်သည်။ သူခိုးများကလည်း ခိုးယူနိင်သည်။ သို့ဖြစ်လျှင် ကောင်းကင်သို့ မည်သို့ ဆုဆောင်းရမည်နည်း။ မြေကြီးပေါ်မှ ကောင်းကင်သို့ တက်မည့် အရာသည် ဝိညာဉ်များသာလျှင် ဖြစ်သည်။ အိမ်ကားရွှေ၊ ငွေ၊ဘွဲ့ ဒီဂရီ၊ ရာထူး၊ အာဏာ၊ နာမည်ကျော်ကြားခြင်း၊ အပျော်အပါး၊ လူပေးသော နာမည်ကောင်း ဂုဏ်ထူးများသည် ကောင်းကင်နိင်ငံသို့ ရောက်မည် မဟုတ်၊ မြေကြီး ပေါ်၌ ထားခဲ့ရမည့် အရာများ ဖြစ်သည်။ ထို့ကြောင့် ထိုအရာများ အတွက်အချိန် ဘဏ္ဍာနှင့် စွမ်းအားများကို အစွမ်းကုန်မသုံးသင့်ချေ။ ထိုအရာများထက် ပျောက်ဆုံးဝိညာဉ် များကယ်တင်ခြင်းသို့ ရောက်ရှိရေးအတွက်အချိန် ဘဏ္ဍာနှင့် စွမ်းအားများကို အစွမ်းကုန် အသုံးပြုသင့်သည်။ အထူးသဖြင့် ယခုကဲ့သို့ ချီ ဆောင်ခြင်း နီးကြောင်း သိသူများ အနေဖြင့် ကောင်းကင်၌ ဆုရဘို့ အတွက် မီးကုန်ယန်း ကုန်လုပ်ဆောင်သင့်သောအချိန် ဖြစ်သည်။ 

ခရစ်တော် ကကောင်းကင်၌ ဘဏ္ဍာဆုဆောင်းခြင်းသည် မပျက်ဆီးဘဲ ပြန်လည်း အကျိုးခံစားဘို့ အတွက်သာမက ဘဏ္ဍာရှိသော အရပ်၌ စိတ်နှလုံးရှိသည် ဟုဆိုသည်။ အလွန် မှန်ကန်သည်။ လူတိုင်း မိမိတို့ ပိုက်ဆံရှိသော နေရာကို သိရှိ၍ လုံးဝ မမေ့နိင်ကြပေ။ ဘဏ္ဍာများကို မြေကြီး ပေါ်၌ ထားသောကြောင့် မြေကြီး အရာကိုသာလျှင် စိတ်စွဲလန်း၍ ကောင်းကင် အရာကို စိတ် လုံးဝ စွဲလန်းခြင်း မရှိကြချေ။ ထို့ကြောင့် ယခုမှစ၍ ကောင်းကင်၌ ဘဏ္ဍာဆည်းဖူးကြစို့။ နောက်မကျ သေးသော်လည်း လုံးဝ မစောတော့ချေ။ ယခုအစွမ်းကုန်ဆည်းဖူးလျှင်လည်း အချိန်များများ မရှိတော့ချေ။ ယခုတိုင်အောင်လောက၌ နှစ်ပေါင်း များစွာ အသက်ရှင်မှာကဲ့သို့ ကြံ စည်နေသော ယုံကြည်သူများကို အံ့ဩ၍ မဆုံးချေ။ 

သို့ဖြစ်လျှင် မည်ကဲ့သို့ ကောင်းကင်၌ ဘဏ္ဍာများကို ဆည်းဖူးမည်နည်း။ အထက်၌ ဖေါ်ပြ သကဲ့သို့ မြေကြီးပေါ်မှ ကောင်းကင်သို့ တက်မည့် အရာသည် လူ့ ဝိညာဉ်များသာလျှင် ဖြစ်သည်။ ထိုဝိညာဉ် များသည် အလိုအလျောက်ကောင်းကင်သို့ တက်နိင်သည် မဟုတ်။ ခရစ်တော်၏ ကယ်တင်ခြင်း တရားကို လက်ခံယုံကြည် မှသာလျှင်တက်နိင်ပေမည်။ ထို့သို့ ယုံကြည် နိင်ရန် သူတို့ကို ဟောပြောသက် သေခံဘို့ လိုသည်။ လူများသည် ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် လုံးဝ လိုအပ်သည်။ အကြောင်းမှာ ကယ်တင်ခြင်းသို့ မရောက်ပါက ထာဝရ မီးအိုင် ထဲသို့ ရောက် ဘို့ရန် သေချာနေသည်။ သို့သော် ထိုအရာကို မသိကြသောကြောင့် လူများသည် ကယ်တင်ခြင်း အကြောင်းကို နားထောင် လိုခြင်း မရှိကြ။ စိတ်နှလုံးခိုင်မာ နေကြသည်။ ထို့အပြင် သူတို့၌ အုပ်စိုးသူရှိသည်။ ကျမ်းစာက၊ “လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို၎င်းငါတို့ သိကြ၏။” ဟုဆိုထားသည် (၁ ယော ၅:၁၉)။ လောကီသား များသည် စာတန် မာရ်နတ်ကပိုင်၍ အုပ်စိုးထားသည်။ ထိုစာတန် မာရ်နတ်က သူတို့ကို ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အလိုမရှိ၊ သူနှင့်အတူ ငရဲထဲသို့ ရောက်စေချင်သည်။ ထို့ကြောင့် ကျမ်းစာက၊ “ထိုသို့ မယုံကြည်သော သူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ ဥာဏ် မျက်စိကို ကွယ်စေ၏။” ဟုဆိုထားသည် (၂ ကော ၄:၄)။ 

ထို့ကြောင့် လူများ ကယ်တင်ခြင်းသို့ ရောက်စေဘို့ရန် လွယ်သယောင် ရှိသော်လည်း အလွန် ခက်ခဲသည်။ သူတို့ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အတွက်အချိန် ပေးဘို့ လိုသည်။ ငွေကုန်ကျေးကျခံဘို့ရန်လည်း လိုသည်။ ဆုတောင်း ဘို့ရန်လည်း လိုသည်။ လိုအပ်သောအခါ ကားလည်း အသုံးပြုဘို့ လိုသည်။ မိမိအိမ်ကိုလည်း အသုံးပြုဘို့ လိုသည်။ ရှိသမျှသောအရာကို အသုံးပြုဘို့ လိုအပ်သည်။ 
 
သတို့သမီး 

ယုံကြည်သူများ အထူးသဖြင့် ကျေးဇူးတော် ကာလ အတွင်း ကယ်တင်ခြင်းသို့ ရောက်သောသူများသည် ခရစ်တော်၏ မိန်းမ ဖြစ်ဘို့ သတို့သမီး ကညာလောင်းများ ဖြစ်ကြသည်။ ကျမ်းစာ၌၊ “တဖန်တုံ၊ ဟာလေလုယ။ အနတ္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ ငါတို့ ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်း ကြကုန်အံ့အကြောင်းမူကား၊ သိုးသငယ်၏ မင်္လာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသောသူအများတို့၏ အသံ၊ သမု​ြရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင် ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ် ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။ ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္လာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် မင်္လာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်းး၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော် ထွက်စင်စစ် ဖြစ်၏ ဟူ၍၎င်း၊ ငါ့အား ပြောဆို၏။” (ဗျာ ၁၉ ; ၆-၉) သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ သတို့သမီး ကညာသည် အသင်းတော် ဖြစ်သည်။ 

မည်ကဲ့သို့ အသင်းတော်သည် သတိုးသ မီးလောင်း ဖြစ်ကြောင်း သိနိင်သနည်း။ ရှင်ပေါလုက၊ “ထို အသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ် သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင် ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။” ဟု ရေးထားသည် (ဧ ၅:၂၆-၂ရ)။ 
 ရှင်ပေါလုက၊ “ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာ ကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင် နှင်းပြီး သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။” ဟု ရေးထားသည် ၂ ကော ၁၁:၁-၂။ ဤထက် ပါ ကျမ်းပိုဒ်ကို အင်္လိပ် ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “်သမ၍ ်နနူ ​ေ ိငလငညန ​ြန​ေူသကျပ်သမ ပသကယ ျငညခန၍ ဘနအမသအ့နိ ပသက အသ သညန့ကျဘ​ေညိယ အသ စမနျနညအ ပသက ​ေျ ​ေ စကမန လငမါငည အသ ဃ့မငျအ၏” “သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့်” ဟူသောအရာကို အင်္လိပ်ကျမ်းစာ၌ ​ြနအမသအ့နိ ဟူသောစကား လုံးသုံးထားသည်။ ထိုစကားသည် စေ့စပ်ကြောင်း လမ်းထားသည်ဟု အဓိပ္ပါယ်ရသည်။ ရှင်ပေါလုက အသင်းတော်ကို ခရစ်တော်ထံအပျိုက ညာအနေဖြင့် ပေးဘို့ရန် စေ့စပ်ကြောင်း လမ်းထားသည် ဟုဆိုသည်။ ထို့ကြောင့် အသင်းတော်သည် ခရစ်တော်၏ သတို့သမီး ကညာလောင်း ဖြစ်သည်။ 

မင်္လာဆောင်တော့မည့် သတို့သမီး ကညာသည် စိတ်လှုပ်ရှားတတ်သည်။ ထိုမျှသာမက မင်္လာဆောင်မည့် ကိစ္စအတွက် ပြင်ဆင် မှုများလုပ်၍ အလုပ်များ တတ်သည်။ သို့သော် ယနေ့ ယုံကြည်သူများသည် ခရစ်တော် ကြွ လာမည့် အရာကို ကြိုဆိုခြင်း မရှိ၊ စိတ်လှုပ်ရှားခြင်း မရှိ၊ အေးတိအေးစက် ဖြစ်နေခြင်းသည် သတို့ သားလောင်း ခရစ်တော် အတွက် အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ မင်္လာဆောင်တော့မည့် သတို့သား အနေဖြင့် သတို့သမီးသည် ပြင်ဆင် မှု၊ စိတ်လှုပ် ရှားမှုများကို တွေ့ချင် မည်မှာသဘာဝ ဖြစ်သည်။ သို့သော် ယနေ့ ယုံကြည်သူများသည် ခရစ်တော်ထက်လောကအရာ တည်းဟူသော အလုပ်နှင့် ငွေ၊ မိသားစုနှင့် အပျော်အပါးများကိုသာ လိုက်စား နေကြသည်။ ထို့ကြောင့် ခရစ်တော်က၊ “သို့သော်လည်း လူသားသည် ကြွ လာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှ ာ တွေ့မည်လော၊ ” ဟုဆိုခဲ့သည် (လု ၁၈:၈)။ 

သတို့သမီးသည် မင်္လာဆောင်တော့မည့် အရာကိုသာ စိတ်စွဲလန်း တတ်သည်။ တခါမှမင်္လာမဆောင်ဘူးသောကြောင့် စိတ်လှုပ်ရှားတတ်သည်။ ယနေ့ အသင်းတော် အများစုစိတ်မလှုပ်ရှားမစွဲလန်းခြင်းသည် အောက် ပါအချက်များကြောင့် ဖြစ်နိင်သည်။ 
၁။ စစ်မှန်သော အသင်းတော် သို့မဟုတ် သတို့သမီး လောင်းမှန် မဟုတ်သောကြောင့် ဖြစ်နိင်သည်။ မင်္လာဆောင်မည့်သူ မဟုတ်လျှင် စိတ်မလှုပ်ရှားတတ်ချေ။ ထို့နည်းတူ အသင်းတော် အများစုသည် သတို့သမီး လောင်း မဟုတ်သောကြောင့် စိတ်လှုပ်ရှားခြင်း မရှိ။ စိတ်ဝင်စားခြင်းလည်း မရှိ။ 
၂။ သတို့သမီး လောင်းသည် သတို့ သားလောင်းကို မချစ်၊ သတို့ သားလောင်းထက် ချစ်သောသူရှိနေသည်။ ယနေ့ အသင်းတော်သည် ခရစ်တော်ထက်လောကအရာကိုသာလျှင် ချစ်နေသောကြောင့် ခရစ်တော် တွေမည့် အရာကို စိတ်မ ဝင်စားခြင်း ဖြစ်သည်။ သတို့သမီး လောင်းသည် သတို့ သားလောင်းထက် ချစ် သူရှိပါက ပြသနာ ရှိနိင်သည်။ ထိုသို့ဖြစ်လျှင် သတို့သမီးသည် အပြစ်ရှိသည်။ ထို့နည်းတူ အသင်းတော်သည် ခရစ်တော် လာမှာကို မကြိုဆို၊ စိတ်မဝင်စားလျှင် အကြီးအကျယ် ပြသနာ ရှိသည်။ 
 
ကြွလာခြင်း မြော်လင့်သော သရဖူ

 “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တ ရားသဖြင့် စီရင်သောသူ တည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူ မည်။” (၂ တိ ၄:၈) 

အထက်ပါ သရဖူသည် သခင်ယေရှု ကြွလာခြင်းကို မြော်လင့်သော သူတို့ အားပေးမည့် သရဖူ ဖြစ်သည်။ အစ၌ ထိုသဖူကို ဘာကြောင့်ပေးရသနည်းဟု တွေးမိခဲ့သည်။ ယုံကြည်သူတိုင်း ခရစ်တော် ကြွလာခြင်းကို မြော်လင့်တောင့်တကြသည် မဟုတ်လော။ ထိုသရဖူရဘို့ရန် အလွန် လွယ်ကူပါလားဟု ထင်မိခဲ့သည်။ သို့သော် ယနေ့ ယုံကြည်သူများ၌ ခရစ်တော် ကြွလာမှာကို မမြော်လင့်မတောင့်တသည်သာမက ပြက်ရယ်ပြု နေကြသည်ကို တွေ့သောအခါ ထိုသရဖူကိုလည်း ရမည့် သူ အလွန်နည်းမှာပါလားဟု သဘောပေါက်လာသည်။ 
 
ပြက်ယယ်ပြုသူများ 

ယုံကြည်သူများခရစ်တော် ကြွလာမှာကို မမြော်လင့်၊ မတောင့်တကြောင်း သူတို့၏ နှုတ်ထဲမှ ဤသို့ ထွက်တတ်သည်။ “ဆရာလာရင် ချီဆောင်ခြင်း အကြောင်းဘဲ ပြောမှာပါ” ဟူ၍၎င်း၊ “ချီဆောင်ခြင်း အကြောင်း ပြောကြသည် မှာကြာလှပြီ၊ ယ ခုအထိလည်း မချီဆောင်သေးပါလား” ဟူ၍၎င်း၊ ပြောတတ်ကြသည်။ အချို့သောသူများသည် ချီဆောင်ခြင်း အကြောင်း ပြောသောအခါ လုံးဝ မကြားလိုကြချေ။ ထိုသို့ဖြစ်မည့် အရာများကို ရှင်ပေတရုက ဤသို့ ရေးသား ခဲ့ပြီ၊ “နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန် ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာ ကြလိမ့်မည်။” (၂ ပေ ၃:၃-၄)။ 

ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်မတောင့်တဘဲ ပြက်ယယ် ပြုသော သူတို့သည် “မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့်နေသည်” ဟုဆိုသည်။ အလွန် မှန်သည်။ ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်သော သူတို့သည် ဤလောက၌ တခုခုတပ်မက်နေသောကြောင့် ဖြစ်သည်။ မိတ်ဆွေသည် အဘယ် အရာကို တပ်မက်နေပါသနည်း။ ငွေ၊ ရီးစား၊ သားသမီး၊ အိမ်၊ ကား၊ အလုပ်၊ လူမျိုး၊ နိင်ငံရေး၊ အပျော်အပါးတပ်မက်နေပါသလား။ 
 
သူခိုးကဲ့သို့ 

မိတ်ဆွေ ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ခရစ်တော်သည် ကြွလာတော့မည်။ ထိုသို့ ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်သောသူများအတွက် ခရစ်တော်သည် သူခိုးကဲ့သို့ လာမည်ဟု ကျမ်းစာက ဤသို့ ရေးသား ထားသည်၊ “ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စရာ အကြောင်း မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ သူ ခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအœရာယ်နှင့် ကင်း လွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။” (၁ သက် ၅:၁-၃)။ ခရစ်တော် သူခိုးကဲ့သို့ လာခြင်းသည် မယုံကြည်သူများများနှင့် မမြော်လင့်သောသူများအတွက် ဖြစ်သည်။ 
 
အလင်း၏ သားများ

ယုံကြည်သူများ၊ သူကြွလာမည့် အရာကို မြော်လင့်၍ အသင့် ပြင်ဆင်သောသူများ အတွက်မူ၊ “သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည်သူ ခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဉ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သRာသတိရှိ၍ စောင့်ကြ ကုန်အံ့။ အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူး တတ်ကြ၏။ နေ့၏သား ဖြစ်သော ငါတို့ မူကား၊ သRာသတိရှိကြကုန်အံ့။ ယုံ ကြည်ခြင်း၊ ချစ်ခြင်း တည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း တည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင် ကြကုန်အံ့။” (၁ သက် ၅:၄-၈)။ 

ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်သော သူတို့သည် အိပ်ပျော်သော သူတို့ ဟုဆိုသည်။ တဖန် သူတို့အတွက် ညဉ့် ဖြစ်၍ သေရည်သေရက်နှင့် ယစ် မူးသောသူများ ဖြစ်ကြသည်။ ခရစ်တော် ကြွလာမှာကို မြော်လင့်သော သူတို့အတွက် မူကားနေ့ ဖြစ်၍ သမ္မာသတိရှိသောသူများ ဖြစ်ကြသည်။ ထိုသူများသည် ယုံ ကြည်ခြင်း ချစ်ခြင်း တည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း တည်းဟူသော သံခမောက်လုံးကို၎င်း၊ ဆောင်းသောသူများ ဖြစ်ကြသည်။ ဤနေရာ၌ “ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း” သည် အပြစ် ငရဲမှ ကယ်တင်ခြင်းကို မဆိုလိုဘဲ ချီဆောင်ခြင်း ခံသောအခါ ဤလောက ဆင်းရဲ ဒုက္ခမှ ကယ်တင်ခြင်းကို ဆိုလိုသည်။ 
 
 မမှန်သော မြော်လင့်ခြင်း 

အချို့သောသူများသည် ခရစ်တော် ကြွလာမည့် အရာကို မြော်လင့်ခြင်းသည် သူ့ကို ချစ်သောကြောင့်၊ တွေ့ချင် လွန်းသောကြောင့် မဟုတ်ဘဲ ဒုက္ခ ရောက် သောကြောင့်၎င်း၊ စိတ်ပျက်သောကြောင့်၎င်း၊ ဖြစ်ကြသည်။ ထိုသူများ၏ မြော် လင့်ခြင်းသည် မည်ကဲ့သို့ ခရစ်တော်က လက်ခံမည်ကို မသိရသော်လည်း အလွန် အားရလိမ့်မည်ဟု မဆိုနိင်ချေ။ 
 
အဘယ်ကြောင့်သရဖူပေးမည်နည်း

အဘယ်ကြောင့် ခရစ်တော် ကသူကြွလာမည့် အရာကို မြော်လင့်သောသူများကို သရဖူပေးမည်နည်း။ လူသည် ကိုယ်တိုင် ခံစား မှတွေ့ကြုံမှသာ သဘောပေါက်တတ်သည်။ မိတ်ဆွေသည် တနေရာသို့ သွားသောအခါ မိတ်ဆွေ လာမည့် အရာကို မြော်လင့်တောင့်တနေသောသူများ အပေါ် အားရမည်လော၊ သို့မဟုတ် မိတ်ဆွေ လာမည့် အရာကို ဂရုမစိုက်သော သ၊ ူ ထိုမျှသာမက မိတ်ဆွေ လာမည့် အရာကို ဆန့်ကျင် သောသူ၊ မနှစ်သက်သောသူများကို အားရမည်လော။ မိတ်ဆွေ လာမည့် အရာကို အလွန် မြော်လင့်နေသော ခလေးများကို ချိုချင် ပေးမည် မဟုတ်လော။ လူကြီးများဖြစ်လျှင် လက်ဆောင် တခုခုပေးမည် မဟုတ်လော။ ထို့နည်းတူ ခရစ်တော်လည်း သူကြွလာမည့် အရာကို မြော်လင့်သောသူများ အပေါ် အားရကာ သရဖူပေးခြင်းသည် အလွန် သင့်လျှော်သောအရာ ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ ခရစ်တော် ကြွလာမှာကို မြော်လင့်သောသူ ဖြစ်ကြစို့။ 
 
ချစ်သူကိုသာ မြော်လင့်တတ်


မည်ကဲ့သို့သောသူများကို မြော်လင့်တတ်ကြသနည်း။ ချစ် သူများကိုသာ မြော်လင့်တတ်ကြသည် မဟုတ်လော။ ရန်သူနှင့် မုန်းသောသူများ ကြွလာမှာကို မည်သူမျှမမြော်လင့်တတ်။ ထို့ကြောင့် ခရစ်တော် ကြွလာမှာကို မြော်လင့်သောသူများသည် ခရစ်တော်၏ မိတ်ဆွေများ၊ ခရစ်တော်ကို ချစ်သောသူများသာလျှင် ဖြစ်သည်။ မိတ်ဆွေသည် ခရစ်တော်ကို ချစ်မချစ်သည် ပါးစပ်ကပြောစရာ မလို၊ သူကြွလာမည့် အရာကို မြော်လင့်ခြင်းအားဖြင့် သိနိင်သည်။ 
 
မည်ကဲ့သိုကြိုဆိုမည်နည်း

ခလေး များသည် သူတို့ မြော်လင့်သော ဧည့်သည်ကို ကြိုသော်လည်း စိတ် လှုပ်ရှားခြင်း သာရှိ၍ ဘာမျှမ ပြင်ဆင် တတ်ကြချေ။ ထို့နည်းတူ ခရစ်တော် ကြွလာ မှာကို မြော်လင့်သော်လည်း ဘာမျှ ပြင်ဆင်ခြင်း မရှိလျှင် မိတ်ဆွေသည် ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်သေးကြောင်း ထင်ရှားသည်။ လူကြီးများသည် ဧည့်သည် မြော်လင့်သောအခါ အိပ်မည့် နေရာ၊ စားသောက်စရာများကြိုတင် ပြင်ဆင်ခြင်း၊ သွားလာ ရေးအတွက် ပြင်ဆင်ခြင်း၊ အိမ် သန့်ရှင်းရေးများ ပြုလုပ်ခြင်းအားဖြင့် ပြင်ဆင် တတ်ကြသည်။ သို့ဖြစ်လျှင် ခရစ်တော် ကြွလာမှာကို မည်ကဲ့သို့ ပြင်ဆင် မည်နည်း။ 
 
ဆုတောင်းလျက် စောင့်ရမည်

 “သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအ သောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက် နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ်တော်မူ မည်အကြောင်း၊ အစဉ် ဆုတောင်းလျက် စောင့် နေကြလော့ဟု မိန့်တော်မူ၏။” (လု ၂၁:၃၄-၃၆) 

ခရစ်တော် ကိုယ်တိုင် မည်ကဲ့သို့ သူ့ကို စောင့်ကြိုမည့် အကြောင်း ပြော သွားပါသည်။ အစားအသောက်မလွန်ကြူးရလောကီ စိုးရိမ်ခြင်း၊ နှလုံးပင်ပန်းခြင်း မရှိရ။ အစားအသောက်လွန်ကြူး၍ လောကီစိုရိမ်ခြင်း နှလုံးပင်ပန်းခြင်း ဖြစ်လျှင် ခရစ်တော် ကြွ လာသောအခါ အမှတ်တမဲ့ ဖြစ်၍ ပိုက်ကွန်ကငါးများ ငှက်များကို အုပ်မိ သကဲ့သို့ အုပ်မိခြင်း ခံရမှာစိုးရသည်။ 

“လူသားထံသို့ ရောက်ထိုက်သောသူ ဖြစ်သည်ဟု မှတ်တော်မူ မည်အ ကြောင်း” ဟူသောအရာကို ယခင်လစာစောင်၌လည်း ဖေါ်ပြခဲ့ပြီး ပြီ။ ထိုနေရာကို အခြားကျမ်းစာများ၌ “ဤအရာများမှ လွတ်မြောက်၍ လူသားရှေ့၌ ရပ်နိင် မည့်အကြောင်း ခွန် အားရှိဘို့ရန် နိုးကြား၍ ဆုတောင်းလျက် နေကြလော့” ဟု တွေ့ ရသည်။ “ကြအ ျအပေ တေ​ေုန အေ ​ေူူ အငာနျယ စမပေငညါ အ့အေ ပသက ာပေ့လေန ျအမနညါအ့ အသ နျခစေန ​ေူူ အ့နျန အ့ငညါျ အ့အေ မေန ါသငညါ အသ အ​ေုန စူခေနယ ​ေညိ အသ ျအ​ေညိ ဘန်သမန အ့န ှသည သ် ​ြ​ေည၏” ထို့ကြောင့် နိုးကြားလျက် ဆုတောင်းလျက် စောင့်ရမည်။ ဧည့်သည် လာမှာကို အလွန် မြော်လင့်သော်လည်း တကယ် ရောက် လာသောအခါ ရောဂါကြောင့် ဖြစ်စေ၊ အကြောင်း တခုခုကြောင့် ဖြစ်စေအား မရှိပါက အားရပါးရမကြို ဆိုနိင်ဘဲ အိပ်ယာပေါ်၌ လဲနေလျှင် ဧည့်သည် အတွက် ဖြစ်စေ၊ ကြိုဆိုမည့်သူ အတွက်ဖြစ်စေ လုံးဝ စိတ်ကောင်းနိင်မည် မဟုတ်။ ထို့ကြောင့် ခရစ်တော် ကြွ လာသောအခါ အားရပါးရတွေ့၍ ကြိုဆိုနိင်ရန်လောကီမှု ရေးရာများနှင့် ကင်းရှင်း၍ အားရပါးရကြိုဆိုနိင်ရန် ဝိညာဉ်ရေးရာ၌ အားကြီးဘို့ ဆုတောင်းခြင်းဖြင့် ဘုရားဝတ်၌ မွေ့ လျော်ကြစို့။ 
 
အသင့် ပြင်လျက် စောင့်ရမည်

 “သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သူခိုးလာမည်အချိန် နာရီကို အိမ်ရှင်သိ ရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ အရှင်သည် မိမိအိမ်သူအိမ်သား အပေါင်းတို့အားအချိန် တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သဏာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသော ​ကျွန်ကား အဘယ်သူ နည်း။ အကြင်​ကျွန်သည် ဤသို့ ပြုလျက် နေသည်ကို အရှင်သည် ပြန်လာ၍ တွေ့၏၊ ထို​ကျွန်သည် မင်္လာရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိိမိဥဏာရှိသမျှတို့ကို ထို​ကျွန်၌ အပ်လိမ့်မည်။ သို့မဟုတ် မူကား၊ အကြင်​ကျွန်ဆိုးကအင့ါအရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည် နှင့်၊ ​ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့် တကွစားသောက်လျက် နေ၏။ ထို​ကျွန်မကြည့်မမျှော်သော နေ့ရက်၊ မကြား မသိသောအချိန် နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထို​ကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငို​ကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့် တကွနေရာချလတံ့။” 
 (မ ၂၄:၄၂-၅၁) 
 
ကျမ်းစာဖတ်မှ

ခရစ်ယာန် အသက်တာသည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် စိတ်နှလုံး အထဲ၌ လက်ခံမှသာ စတင်သည်။ အမည်ခံ ခရစ်ယာန် အဖြစ် မည်မျှပင်ကြာသော်လည်း ခရစ်ယာန် အသက်တာဖြင့် အသက်မရှင်နိင်ချေ။ ခရစ်တော်ကို လက်ခံပြီးသောအခါ ခရစ်ယာန် အသက်တာ၌ ကြီးထွားရင့်ကျက်ဘို့ရန် လိုသေးသည်။ များစွာသော ခရစ်ယာန် များသည် မကြီးထွားမရင့်ကျက်သောကြောင့် ပြသနာ များစွာ ကြုံတွေ့၍ မ​ဖြေရှင်း တတ်သောအခါ စိတ်ရှုတ်တတ်ကြသည်။ ထိုသို့ဖြစ်ခြင်းမှာ ဝိညာဉ်ရေးရာ၌ ခလေး ဖြစ်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ လူကြီး ဖြစ်ဘို့ရန် ဖြတ်လမ်းမရှိ။ ကျမ်းစာဖတ်ဆိုတောင်းမှသာလျှင်ဖြစ်နိင်သည်။ ကျမ်းစာ မဖတ် ဆုမတောင်းသော ခရစ်ယာန်သည် မည်မျှပင်ကြာ​ညောင်းသော်လည်း ထူူးခြားမှု မရှိ။ ခလေး ဖြစ်နေသောကြောင့် ပြသနာကို မ​ဖြေရှင်း နိင်ချေ။ အဘယ်ကြောင့်ကျမ်းစာဖတ်ဘို့ လိုသနည်းဟူမူကား၊ ကျမ်းစာသည်၊ -
 
၀ိညာဉ်အတွက် နို့ ဖြစ်သည် 

သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။ (၁ ပေ ၂:၁-၂) ခလေး မွေးဘွား လာသောအခါ မိခင် နို့ စို့ဘို့ လိုအပ်သည်။ နို့မစို့ဘဲ ခလေး ကြီးထွားနိင်ခြင်း မရှိ။ ကိုယ်ကာယပိုင်း၌ နို့ မစို့ဘဲ ခလေး အသက်မရှင်နိင်ချေ။ ထို့နည်းတူ ဝိညာဉ်ပိုင်း၌လည်း ဝိညာဉ် နို့စို့ဘို့ လိုအပ်သည်။ ထိုဝိညာဉ် နို့သည် ကျမ်းစာ ဖြစ်ကြောင်း ရှင်ပေတရုကရေးသား ခဲ့သည်။ ရှင်ပေတရုကမနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှုိ့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း တည်းဟူသော ဇာတိအကျင့်များ၊ ဝိညာဉ် ခလေး၏ အကျင့်များ မှလွတ်ဘို့ရန်ကြီး ပွားရမည်။ ထိုသို့ကြီး ပွားဘို့ရန် ဝိညာဉ် နို့ တည်းဟူသော နှုတ်ကပတ်တော်ကို အလွန် လိုချင်သော စိတ်ရှိရမည် ဟုဆိုထားသည်။ ထို့ကြောင့် ခလေး ကနို့ကို အလွန် အလိုရှိသကဲ့သို့ ယုံကြည်သူသည် နှုတ်ကပတ်တော်ကို အလွန် အလိုရှိရမည်။ 
 
၀ိညာဉ်အတွက် မီးခွက် ဖြစ်သည် 

နှုတ်ကပတ်တော်သည် အ​ကျွန်ုပ်​ခြေရှေ့မှာ မီးခွက် ဖြစ်၍ အ​ကျွန်ုပ်လမ်း ခရီးကို လင်းစေပါ၏၊၊ (ဆာ ၁၁၉:၁၀၅) မီးခွက်ကို အဘယ်အချိန်၌ အသုံးပြု ကြ သနည်းဟူမူကား မှောင်မိုက်သောအခါ ဖြစ်သည်။ မှောင်မိုက်သောအခါ မျက်စိ ရှိသော်လည်း မမြင်နိင်။ အလင်းမရှိလျှင် မျက်စိသည် အသုံးမဝင်၊ မရှိသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် မျက်စိသည် အလင်းလိုအပ်သည်။ သွားမည့် ခရီး လမ်းမှောင်မိုက်လျှင် ခလုပ်တိုက်မှာသေချာသည်။ ထို့ကြောင့် အလင်းလိုအပ်သည်။ ထိုနည်းတူ ယုံ ကြည်သူသည် ဝိညာဉ်ရေးရာ၌ အမှောင်ထုကြီး ထဲ၌ သွားသောသူကဲ့သို့ဖြစ်သည်။ လမ်းမမြင်သောကြောင့် မသွားနိင်၊ အလုပ်မ ဖြစ်။ အမှောင်ထဲ၌ လုပ်နိင်သောအရာ တခုသည် အပြစ် သာလျှင် ဖြစ်သည်။ သို့သော် အလင်းရှိသောအခါ လမ်းသွား နိင်၍ အလုပ်လုပ်နိင် သကဲ့သို့ ကျမ်းစာသည် ဝိညာဉ် အတွက် အလင်း ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ် လမ်းသွားနိင်ရန်၊ အလုပ်လုပ်နိင်ရန်ကျမ်းစာကို အမှီပြုရမည်။ 
 
၀ိညာဉ်အတွက် ရေ ဖြစ်သည် 

ထို အသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသ ရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သ အံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်းစေ မည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ (ဧဖက် ၅:၂၆-၂ရ) ခရစ်တော်သည် အသင်းတော်ကို သန့် သန့်ရှင်းရှင်းအသရေ တင့်တယ်စွာ တွေ့မြင်လိုသည်။ အသင်းတော်သည် ယုံကြည်သူများကို ဆိုလိုသည်။ ထိုအသင်းတော်သည် မြေကြီးပေါ်မှ ာ ရှိသောကြောင့် မြေကြီး အရာများဖြင့် ညစ်ညူးလျက် ရှိသည်။ ထို့ကြောင့် သန့်ရှင်းနိင်ရန်၊ အသရေတင့်တယ်လှပနိင်ရန်နှုတ် ကပတ်တော်ကို ပေးထားသည်။ ထို့ကြောင့် အသင်းတော် တည်းဟူသော ယုံကြည်သူများသည် နေ့တိုင်း ထိုနှုတ်ကပတ်တော်အားဖြင့် သန့်ရှင်းခြင်းကို ပြုလုပ် ရမည်။ သို့သော် များစွာသော ယုံကြည်သူများသည် ထိုနှုတ်ကပတ်တော်ကို မဖတ်၊ မလေ့ လာ၊ မကျက်မှတ်သောအခါ ညစ်ညူး နေကြသည်။ မကြာမှီ ခရစ်တော်နှင့် တွေ့ကြ တော့မည် ဖြစ်သောကြောင့် နှုတ်ကပတ်တော်ကို အလျှင်အမြန် ဖတ်ရှုလေ့ လာကျက်မှတ်ဆင်ခြင်ကြပါစို့။ 
 
၀ိညာဉ်တော်၏ ထား ဖြစ်သည် 

 ဘုရားသခင်၏ နှုတ်ကပတ် တည်းဟူသော ဝိညာဉ်တော်၏ ထားကို၎င်းယူကြလော့ (ဧဖက် ၆:၁ရ)။ ယုံကြည်သူ တိုင်းသည် ဝိညာဉ်ပိုင်း၌ စစ်သားများဖြစ် ကြသည်။ ဤလောကသည် ရန်သူ စာတန်၏ နိင်ငံ ဖြစ်သည်။ ရန်သူနယ် မြေ၌ အန္တရာယ် များသည်။ အစဉ်သဖြင့် ဝိညာဉ် တိုက်ပွဲတိုက်ရမည် ဖြစ်သည်။ သို့သော် ယုံကြည်သူများသည် ရန်သူနယ်မြေ၌ ရှိမှန်း မသိ၊ ရန်သူနှင့် အစဉ်ပြေလျက် နေနေကြသည်။ ရန်သူကို မသိသောကြောင့် တိုက်ရမှန်းလည်း မသိ။ ကိုယ့်ကို ကိုယ်စစ်သား မှန်းလည်း မသိ။ ထို့ကြောင့် ဝိညာဉ် လက်နက်ကိုလည်း မသိ သောကြောင့် အသုံးမပြု။ ထို့ကြောင့် နေ့တိုင်း ဆုံးရှုံးမှု အောက်၌ နစ်မွန်း နေကြသည်။ 

ယုံကြည်သူများတိုက်ခိုက် ရသော ရန်သူသည် ဇာတိအရာ မဟုတ်။ ရှင် ပေါလုက၊ “ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန် ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီ မှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၂) ဟုဆိုသည်။ ရန်သူသည် အသွေးအသားရှိသည် မဟုတ်။ ရန်သူသည် စာတန် မာရ်နတ်နှင့် ဝိညာဉ်ဆိုးများ ဖြစ်သည်။ ထိုရန်သူများသည် တန်ခိုးကြီးသည်။ အာဏာရှိသည်။ လူထက် အစမတန်အစွမ်းအစရှိသည်။ ထို့ကြောင့် ဇာတိလက်နက်များအားဖြင့် တိုက်ခိုက်၍ မရ။ မမြင်နိင်သောကြောင့် မည်သို့ မျှမတိုက်ခိုက် တတ်။ ထို့ကြောင့် ဘုရားသခင်က ဝိညာဉ် လက်နက်များ တပ်ဆင်ပေးထားသည်။ ထိုဝိညာဉ် လက်နက်များအထဲ၌ တိုက်စစ်ဆင်နိင်ဘို့ရန် ဝိညာဉ်တော် ထား တည်းဟူသော နှုတ်ကပတ် တော်သည် မရှိမ ဖြစ်။ စာတန်သည် နှုတ်ကပတ်တော်ကိုသာ ကြောက်ရွံသည်။ ခရစ်တော် ကိုယ်တိုင် စာတန်ကို နှုတ်ကပတ်တော်အားဖြင့် သုံးကြိမ်အနိင်ယူခဲ့သည် (မ ၄:၃-၁၁)။ ထားသည် အသုံးဝင်သော်လည်း အသုံးမပြုလျှင် လုံးဝ အကျိုးမရှိ။ အသုံးပြုသော်လည်း မ​ကျွမ်းကျင်လျှင်လည်းရန်သူကို မနိင်နိင်။ ယုံကြည်သူများသည် နှုတ်ကပတ်တော်ကို ​ကျွမ်းကျင်စွာ အသုံးပြုနိင်လျှင် စာတန်သည် လုံးဝ ချဉ်းကပ်နိင်မည် မဟုတ်။ ထို့ကြောင့် ဝိညာဉ်တော် ထား တည်းဟူသော နှုတ်ကပတ်တော်ကို ​ကျွမ်းကျင်စွာ အသုံးပြုရမည်။ ထားကို ​ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်ဘို့ရန် နေ့တိုင်း လေ့ကျင့် အသုံးပြုဘို့ လိုသည်။ ထို့နည်းတူ နှုတ်ကပတ်တော်ကို ​ကျွမ်း ကျင်စွာ အသုံးပြုတတ်ဘို့ရန် ကျမ်းစာကို နေ့တိုင်း ဖတ်ရှု၊ လေ့လာဘို့ လိုသည်။ အလွတ်လည်း ကျက်ဘို့ လိုသည်။ သို့မှသာ အချိန်မရွေး စာတန် ကတိုက်ခိုက်သောအခါ အသုံးပြုနိင်ပေမည်။ ဘုရား ဘုရား၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း၊ ပိုင်ခြား၍ ထုတ်ချင်း ခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။ (ဟေ ၄:၁၂) 
 
နှုတ်ကပတ်တော်သည် အောင်မြင်ခြင်း 


 ထိုပည္တိကျမ်းစာ၌ ရေးထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ ကျမ်းစာကို မဖတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။ (ယောရှု ၁:၈) 

ယုံကြည်သူတိုင်း အောင်မြင်သော အသက်တာဖြင့် အသက်ရှင်လို ကြသည်။ သို့သော် အောင်မြင် မည့် အရာကို အသုံးမပြုကြ။ ဘုရားသခင်က ကျမ်းစာ၌ ရေးထား သမျှ အတိုင်း ကျင့်စောင့်မည့် အကြောင်း ကျမ်းစာကို မဖတ်မရွတ်ဘဲ မနေနေ့ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ်ရမည် ဟုဆိုထားသည်။ ထိုသို့ပြုလျှင် အကြံထမြောက်မည်၊ အောင်မြင်မည်။ အဘယ်ကြောင့်ကျမ်းစာဖတ်ရွတ်ခြင်းအားဖြင့် အောင်မြင် နိင်သနည်း။ အကြောင်းမှာ ကျမ်းစာသည် ဘုရားသခင်၏ နှုတ်ထွက်စကား ဖြစ်သည်။ လူသည် ကိုယ်ကိုကိုယ် ဦးဆောင်ဘို့ မဟုတ်။ ဘုရားသခင်ကို ကိုးစား၍ သူ့အလိုတော်အတိုင်း အသက်ရှင်ဘို့ ဖြစ်သည်။ သို့ဖြစ်လျှင် ဘုရားသခင်က အောင်မြင်ခြင်း ဝမ်းမြောက်ခြင်းကို ပေးမည် ဖြစ်သည်။ ထိုသို့ ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်နိင်ဘို့ရန် မှာကျမ်းစာကို ဖတ်ရွတ်ရမည်။ မိတ်ဆွေ အောင်မြင် လိုလျှင် အကြံထမြောက် လိုလျှင် ကျမ်းစာကို ဖတ်ရွတ်၍ ဘုရားသခင်၏ အကြံကို နားလည်ကာအလိုတော်အတိုင်း အသက်ရှင်ပါ။ အောင်မြင်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် မြေကြီး လက်ခတ်မလွှဲ ဖြစ်မည်။ 

မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင် ပြုသော သူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိ၏၊၊ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိ အချိန်တန်မှ အသီးကို သီး၍ အရွက်မညှိနွမ်းတတ်သော အပင်နှင့် တူ၏၊၊ ပြုလေသမျှတို့၌ အောင် လိမ့်သတည်း၊၊ (ဆာလံ ၁:၁-၃)။ 

ဆာလံဆရာကလည်း ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိသည် ဟုဆိုသည်။ မင်္လာရှိသောသူ ဖြစ်လိုလျှင် တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင် အောက်မေ့ပါ။ ထိုအရာသည် သင်၏ ရွေးချယ်မှု ဖြစ်သည်။ တရားတော်၌ နေ့ ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သည်ထက်လောကအရာ တည်းဟူသော အပျော် အပါး၊ ဒုက္ခ ပြသနာ၊ အလုပ်နှင့် ငွေ၊ တီဗီနှင့် ကွန်ပြုတာများ၌ သာအချိန် ကုန် ဆင်ခြင်ပါက အမင်္လာရှိသောသူ ဖြစ်မှာသေချာသည်။ မင်္လာသည် ငွေ၌ မရှိ၊ အပျော်အပါး၌ မရှိ၊ တရားတော်၌ သာရှိသည်။ 
တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်သောသူသည် မြစ်နားမှာစိုက်လျက် မိမိ အချိန်တန်မှ အသီးကို သီး၍ အရွက်မဍှုိးနွမ်းတတ်သော အပင်နှင့် တူသည် ဟုဆိုသည်။ မြစ်နားမှာစိုက်သော အပင်သည် မိုးခေါင်သော်လည်း မမှု၊ အကြောင်းမူကား မြစ်ရေကို သောက်သုံးသောကြောင့် အရွက်မဍှုိးနွမ်း၊ အချိန် တန်လျှင် အသီးသီးနိင်သည်။ အပင်သည် ယုံကြည်သူကို ပုံဆောင်သည်။ မြစ်သည် နှုတ်ကပတ်တော်၊ကို ပုံဆောင်သည်။ မိမိအချိန် တန်လျှင် ဟူသောအရာသည် လိုအပ်သောအချိန် သင့်တော်သော အချိန်ကို ဆိုလိုသည်။ အရွက်မဍှုိး နွမ်းဟူသောအရာသည် အပြုံးမပျက်၊ မျက်နှာမပျက်ကို ဆိုလိုသည်။ မိုးခေါင်သော်လည်း အပင်သည် မြစ်ရေကို ရသောကြောင့် မဍှုိးနွမ်း သကဲ့သို့ တရားတော်၌ မွေ့လျော်သောသူသည် ဒုက္ခ ရောက်သော်လည်း အပြုံးမပျက်အောင်မြင်သော အသက်တာနှင့် အသက်ရှင်နိင်သည်။ အသီးသီးသည် ဟူသောအရာသည် အောင်မြင်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် အောင်မြင်ခြင်းသည် တရားတော်၌ မွေ့ လျော်ခြင်း အားဖြင့်သာ ရနိင်သည်။ လောက နည်းအားဖြင့် ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်းများ၊ ရာထူး ဂုဏ်ထူးများရနိင်သော်လည်း ဝမ်းမြောက် ပျော်ရွှင်မှုသည် တရားတော်၌ သာလျှင် ရှိသည်။ ထို့ကြောင့် တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့ ကြစို့။ 
 


အရှေ့အလယ်ပိုင်းသတင်းများ

 အရှေ့အလယ်ပိုင်းနိင်ငံများ၌ နိင်ငံရေးဆန္ဒပြပြီး အစိုးအရအပြောင်းအ လဲများရှိကြောင်း လူတိုင်း သိရှိကြမည် ဖြစ်သည်။ လူထုဆန္ဒပြခြင်းသည် တူနီးရှား နိင်ငံ၌ ဖေဖဝါရီလမှစ၍ ထိုနိင်ငံ၏ သမ္မတကို ဖြုတ်ချခဲ့ ကြသည်။ ထိုနောက် အီဂျစ်နိင်ငံ၌ ကူးဆက်၍ သမ္မတမူဘာရက်ကို ဖြုတ်ချ ကြသည်။ ထိုဆန္ဒပြမှု များသည် ယီမင်နိင်ငံ၊ ဘာရိန်းနိင်ငံ၊ လစ်ဗျားနိင်ငံ၊ ဆီးရီးယားနိင်ငံများ၌ ဆက်လက် ဖြစ်ပွားနေသည်။ ထိုဆန္ဒပြမှု များသည် ယုံကြည်သူများအတွက် မည်ကဲ့သို့ ပတ်သက်သနည်း။ ခရစ်တော် ကြွလာမည့် အရာအတွက် မည်ကဲ့သို့ သက်ဆိုင်နိင်သနည်း။ အစ္စရေးနိင်ငံနှင့်မည် ကဲ့သို့ ပတ်သက်သနည်း။ ထိုအရာများကို အနည်းငယ်လေ့လာကြစို့။ 

အီဂျစ်နိင်ငံသည် အစ္စရေးနိင်ငံနှင့် ၁၉ရ ၉ ခုနှစ်မှစ၍ ငြိမ်းချမ်းရေး စာချုပ် ချုပ်ခဲ့ ကြသည်။ ထိုအချိန််မှစ၍ အစ္စရေးနိင်ငံသည် အီဂျစ်နိင်ငံနှင့် စစ် ဖြစ်ပွားစရာ အကြောင်း မရှိ။ သို့သော် ယခုနှစ်မတ်လဆန္ဒပြမှုကြောင့် သမ္မတမူဘာရက်ကို ဖြုတ် ချကာစစ်တပ်ကို အာဏာပေးလိုက်သည်။ ​ခြောက်လကြာသောအခါ ရွေးကောက်ပွဲ ကျင်းပဘို့ ရှိသည်။ သမ္မတမူဘာရက်ကို ဖြုတ်ချပြီး နောက်အီဂျစ်နိင်ငံသည် အစ္စရေးနှင့် ငြိမ်းချမ်းရေးကို ဖျက်ကာအစ္စရေး၏ ရန်သူအီရန်နိင်ငံနှင့် သံတမန် ပြန်လည်ဆက် သွယ်ဘို့ ပြင်ဆင် နေသည်။ ထိုသို့ အီဂျစ်နိင်ငံသည် အီရန်နိင်ငံနှင့် ဆက်သွယ်ပါက အစ္စရေးအတွက် ပို၍ စိုးရိမ်စရာ ဖြစ်လာသည်။ ထို့အပြင် အီဂျစ်နိင်ငံသည် အစ္စရေး နိင်ငံ၏ တောင်ဘက်အိမ်နီးချင်းနိင်ငံ ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသနှင့်လည်း ဆက်စပ်နေသည်။ 

ဂါဇာကမ်းမြောင်ဒေသသည် ပါလက်စတင်းများ နေထိုင်၍ ၂၀၀၅ ခုနှစ်၌ အမေရိကန်သမတဘုတ် (စ)၏ ဖိ အားပေးမှုကြောင့် အစ္စရေးနိင်ငံကဂျူးလူမျိုးများကို ထိုဒေသမှရုတ်သိမ်းခဲ့သည်။ ထိုပါလက်စတင်းများကိုမူစလင်တဖက် စွန်းရောက်ဟာမတ်များက ၂၀၀ရ နှစ်မှစ၍ အုပ်ချုပ်ကာအစ္စရေးနိင်ငံကို လုံးဝ အသိအမှတ်မပြု၊ အစ္စရေးနိင်ငံကို လုံးဝ ဖျက်ဆီးဘို့ ကြိုးစား နေသည်။ ထို့ကြောင့် အစ္စရေးနိင်ငံကဂါဇာကမ်းမြောင်ဒေသကို ကမ္ဘာနှင့် အဆက်ပြတ်ရန်ကုန်းကြောင်းရေကြောင်း ပိတ်ဆို့ထားသည်။ အီဂျစ်သမ္မတမူဘာရက်ကလည်း ဂါဇာ ကမ်းမြောင်ဒေသကို ပိတ်စို့ထားသည်။ သို့သော် ယခုအခါ အီဂျစ်နိင်ငံသည် ပြောင်း လဲလာသောကြောင့် ဂါဇာကမ်းမြောင်ဒေသကို မပိတ်စို့တော့ဘဲ တံခါးဖွင့်တော့မည်။ အစ္စရေးနိင်ငံကဂါဇာဒေသကို တံခါးပိတ်ထားခြင်းသည် လက်နက်များ တင် သွင်းမှာကို စိုးရိမ် သောကြောင့် ဖြစ်သည်။ ယခုအီဂျစ်ကဂါဇာအတွက် တံခါးဖွင့်လိုက်ပါက နိင်ငံခြားမှလက်နက်များ လွတ်လပ်စွာ တင်သွင်းခြင်းအားဖြင့် အစ္စရေးနိင်ငံ အတွက် ပို၍ စိုးရိမ်စရာ ဖြစ်လာပေမည်။ 

အမေရိကန်သမ္မတအိုဘားမားကအီဂျစ်သမ္မတမူဘာရက်ကို ရာထူးမှ နှုတ်ထွက်ဘို့ ဖိ အားပေးခဲ့သောကြောင့် ဆော်ဒီအာရဗျားနိင်ငံသည် အမေရိကန် နိင်ငံနှင့် မဟာမိတ် ဖြစ်ရာမှတရုတ်နှင့် ရုရှားဖက်သို့ လှည့်နိင်သည်။ ထိုသို့ဖြစ်ပါက အစ္စရေးနိင်ငံအတွက် ပို၍ စိုးရိမ်စရာ ရှိသည်။ ဆော်ဒီအာရဗျားနိင်ငံသည် အမေရိကန်၏ ဩဇာအာဏာကို ဂရုမစိုက်တော့ချေ။ ဘာရိန်းနိင်ငံ၌ ဆန္ဒပြမှုကြောင့် ဆော်ဒီစစ်သား တစ်ထောင်ပို့ခြင်း ကိစ္စ၌ အမေရိကန်သမ္မတကတားမြစ်သော်လည်း ဆော်ဒီနိင်ငံကဂရုမစိုက်ချေ။ အကြောင်းမှာ အီဂျစ်နိင်ငံသမ္မတကို အတင်း ဆင်းခိုင်းခဲ့သောကြောင့် သမ္မတအိုဘားမားသည် ဆော်ဒီနိင်ငံ၌ ဆန္ဒပြမှု ဖြစ်ပါက ဆော်ဒီဘုရင်ကို ဆင်းဘို့ ပြောလာစရာ ရှိသည်။ 

အထက်ပါ အာရပ်နိင်ငံများ၏ အပြောင်းအလဲများသည် အစ္စရေးနိင်ငံကို တိုက်ခိုက် ဘို့ရန် အတွက် ပို၍ နီးကပ်စေသော အရာများ ဖြစ်သည်။ ဇာခရိ ၁၂၌ ထာဝရဘုရားကြိုတင် ဟောထားသော ယေရုရှလင်မြို့နှင့် ယုဒနိင်ငံကို ပတ်လည်၌ ရှိသော နိင်ငံများ ကတိုက်ခိုက် မည်ဟူသောအရာသည် နီးသထက် နီးလာပြီ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများ၏ ချီဆောင်ခြင်းသည် အလျှင်အမြန် နီးလာ သောကြောင့် ဤမြေကြီးမှ ထွက်ခွါမည့် အချိန်ကို စောင့်မြော်လျက် အသင့် ပြင် ထားဘို့ တိုက်တွန်းနိုးဆော်အပ်ပါသည်။ 
 
 
ဖိတ်ကြားလွှာ
 
သတင်းကောင်း ပွဲတော်ကြီး 

သတင်းကောင်း နှစ်ခြင်း အသင်းချုပ်မှကြီး မှုးသော သတင်းကောင်း ပွဲတော် ကြီးကို လာမည့် ဇွန်လကုန်ဇူလိုင်လ ဆန်း၌ ကျင်းပမည် ဖြစ်သည်။ ထိုပွဲတော် ကြီး၌ ညပိုင်းဝတ်ပြုစည်းဝေးခြင်းနှင့် နေ့ခင်းပိုင်း၌ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာကျမ်းစာ သင်တန်းများ ပြုလုပ်မည် ဖြစ်သည်။ ထိုပွဲတော် ကြီး၌ ဂိုဏ်းဂဏမရွေးလာ ရောက်ပါဝင်ဘို့ရန် ဘိတ်ခေါ်အပ်ပါသည်။ အစီအစဉ်များ မှာ
ဇွန်လ ၃၀ ရက်ကြသပတေးနေ့—ကိုယ်စားလှယ်များရောက်မည့်နေ့ 
ဇူလိုင်လ ၁ ရက်သော ကြ်ာနေ့—ကိုယ်စားလှယ်စည်းဝေး၊ လူထုရောက်မည့် နေ့
ဇူလိုင်လ ၂ ရက်စနေနေ့—နံနက်၊ ညနေသင်တန်းများ၊ ညပိုင်းဝတ်ပြုစည်းဝေး
ဇူလိုင်လ ၃ ရက်တနင်္နွေနေ့—နံနက်ဝတ်ပြု၊ ညနေသင်တန်း၊ ညပိုင်းဝတ်ပြု
ဇူလိုင်လ ၄ ရက်နေ့—အိမ်ပြန်
နေရာ—Battle Creek, Michigan 

ဆက်သွယ်ရန်-ဆရာမောဇက်ထောင်ကျုံး (Maryland) 

ဆရာယောရှုဟရန်ကိပ်ဇိုလ် (Atlanta) 

ဆရာဂျာဂျာ(Syracuse, NY ) 

ဆရာဂိဒေါင် (Durham,NC) 

ဦးဘွဲလျံကင်း (Indianapolis) 

ဦးရွှေလီ (အိမ်ရှင် အသင်းတော် ဥက္ကဌ)
 

Motel ၌ တည်းခိုလို သူများ ယခုကတည်းက ကြိုတင် မှာထားဘို့ လိုသည်။ ထိုအချိန်၌ BattleCreek မြို့တွင် မီးပုံးပျံလွှတ်ပွဲရှိမည် ဖြစ်သောကြောင့် Motel များ၌ လူပြည့်ကြပ်နေမည်ဟု သိရပါသည်။ လေယဉ်ပျံနှင့် လာမည့်သူများ ယခုအချိန် မှစ၍ လက်မှတ်ဝယ်ဘို့ လိုပါပြီ။ အနီးဆုံးလေယဉ်ပျံကွင်းသည် Grand Rapids, MI ဖြစ်ပါသည်။ လေယဉ်ကွင်းမှကြိုဘို့ လိုမည် ဖြစ်သောကြောင့် ကြိုတင် အကြောင်း ကြားစေလို ပါသည်။ 
 
ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းသင်တန်း

ချီဆောင်ခြင်း မရောက်သေးဘဲအချိန် ရှိသေးလျှင် ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းသင်တန်း ပြုလုပ် ဘို့ရန် ရှိပါသည်။ တက်ရောက်ချင်သောသူတိုင်း တက် ရောက်နိင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ 
နေရာ-ဆရာမောဇက်ထောင်ကျုံးနေအိမ်
ကာလ-တပတ်
ရောက်မည့် နေ့-ဇူလိုင်လ ၂၅ ရက်နေ့သော ကြာနေ့
ပြန်မည့် နေ့-ဩဂုတ်လ ၁ ရက်နေ့
လေယဉ်နှင့် လာမည့်သူများအနည်းဆုံးတလ ကြိုတင် လက်မှတ်ဝယ်ကြပါ။ 
ဆက်သွယ်ရန်-ဆရာမောဇက်

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG