GOODNEWS
  HOME  GOODNEWS  2011 APR
 


ဤစာစောင်၌...

အမှာစာ

အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း 

လောက ခရီးသည်များ

ကျမ်းစာဖတ်ကြစို့

သန့်ရှင်းခြင်း 

မည်ကဲ့သို့ ပြင်ဆင် ရမည်နည်း
 
 
 
 အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤလောက၌ အသက်ရှင်လှုပ်ရှားသွားလာ နေကြသေးသည်။ သို့သော် ယုံကြည်သူများ၏ အိမ်တော် ပြန်မည့် ရက်သည် နီးသထက် နီးလာပြီ။ ကမ္ဘာ့ အ​ခြေအနေများ ကြည့်လျှင် ဤလောကသည် မခိုင်မြဲတော့ချေ။ အားလုံး သိကြသည့်အတိုင်း မတ်လ ၁၁ ရက်နေ့၌ ဂျပန်ပြည် ဆင်ဒုိင်မြို့အနီးရစ်ချက်စတာစကေး၉ မြေ ငလျှင်လှုပ်ခဲ့သောကြောင့် ဆူနမီပင်လယ်လှိုင်းထ၍ လူပေါင်း များစွာ သေ​ကြေပျက်စီး ခဲ့ ကြသည်။ ထိုထက်သာမက နယူကလေးယားစက်ရုံများ၌ ရေမရှိသောကြောင့် ဓါတ်ပေါင်းဖိုများပေါက်ကွဲမှုကြောင့် ဓါတ်ရောင်ခြည်များ ပြန့်လွင့်ခြင်းအားဖြင့် လူများ သေခြင်း ကင်ဆာ ရောဂါများ ရရှိခြင်းများဖြစ်နိင်သောကြောင့် အလွန် ကြောက်ရွံ့ စိုးရိမ် နေကြသည်။ 

သတိထားစရာ တခုမှာဂျပန်နိင်ငံကပါလက်စတင်းများကို ထောက်ခံကာအစ္စရေးများဂျော်ဒန်အနောက်ဖက်ကမ်း​ခြေနှင့် ယေရုရှလင်မြို့အရှေ့ဖက်၌ အိမ်ဆောက်ခြင်းများကို လွန်ခဲ့သော နှစ် မတ်လ ၁၁ ရက်နေ့တွင် ကန့်ကွက်ခဲ့သော နေ့တွင် အထက်ပါကဲ့သို့ မြေငလျှင်၊ ဆူနာမီနှင့် နယူကလေးယား ပြသနာ ကြုံတွေ့ ကြသည်။ ထိုအရာသည် တိုက်ဆိုင်မှုလော၊ ဘုရားသခင်၏ မျက်ဆန်တော်ကို ထိခြင်းလော။ ကျမ်းစာ၌၊ “သင်တို့ (အစ္စရေး)ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူ ဖြစ်၏။” ဟု တွေ့ရသည် (ဇာခရိ ၂:၈)။ 

အရှေ့အလယ်ပိုင်းနိင်ငံများလည်း မငြိမ်းချမ်းအေးသေးချေ။ ဘာရိန်းနိင်ငံ၌ ဆူ ပူမှုများဆက် ဖြစ်နေသည်။ ဘာရိန်းနိင်ငံသည် ​ကျွန်းနိင်ငံလေး ဖြစ်သည်။ ဆူနီမူစလင်လူ နည်းစုကအုပ်စိုး၍ ရှိယိုက်မူစလင်လူများ စုသည် အအုပ်ချုပ်ခံများ ဖြစ်သည်။ ယခုရှိယိုက် မူစလင်များ ဆူပူသောကြောင့် ဆူနီမူစလင် ဖြစ်သော ဆော်ဒီအစိုးရကဆူပူမှုကို နှိပ်ကွပ်ရန် စစ်သားများပို့ထားသည်။ ထိုအရာကို ရှိယိုက်မူစလင် ဖြစ်သော အီရန်နိင်ငံကမကျေမနပ် ဖြစ်နေသည်။ ထို့ကြောင့် မူစလင်အချင်းချင်းကွဲပြားကာစစ်ပွဲများ ဖြစ်နိင်သည်။ မည်ကဲ့သို့ စခန်းသိမ်းကြမည်နည်း။ 

ထိုအရာများသည် ခရစ်တော် ကြွလာခါနီးသော နိမိတ်များ ဖြစ်သည်။ ခရစ်တော်က၊ “သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်း စကားကို၎င်းကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့် တ မျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” ဟူသော အရာများ ပြည့်စုံခြင်း ဖြစ်သည် (မ ၂၄:၆ -ရ)။ 
 

အသေခံတော်မူခြင်း နှင့်  ရှင်ပြန်ထမြောက်ခြင်း 

ခရစ်တော် အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် ခွဲ၍ မရသော ခရစ်တော်၏ မဟာအမှုတော် မြတ်ကြီး ပြီးစီးမှု ဖြစ်သည်။ ခရစ်တော်သည် ဤလောက၌ နေစဉ်တွင် များစွာသောအမှုများကို ုလုပ်ခဲ့သည်။ သူသည် လူနာများကို ကျန်းမာစေသည်၊ နတ်ဆိုးများကိုလည်း နှင်ထုတ် ခဲ့သည်။ နိမိတ်လက္ခဏာများကိုလည်း ပြု၍ တရားလည်း ဟောခဲ့သည်။ သို့သော် ထိုအ ရာများသည် သူ၏ အဓိကအလုပ်များ မဟုတ်ချေ။ ထိုအရာများကို ဘုရားသခင်သည် လူကို အသုံးပြု၍ ပြုလုပ် နိင်သည်။ သို့သော် လူသားကို အသုံးပြု၍ မလုပ် နိင်သောအရာမှာ လူသားများအတွက် သေခံ၍ ရှင်ပြန်ထမြောက်ခြင်း ဖြစ်သည်။ ခရစ်တော် အသေခံနှင့် ရှင်ပြန်ထမြောက် ခြင်းသည် အဘယ်ကြောင့်အ ရေးကြီး သနည်း။ ထိုအရာများကို လေ့လာကြစို့။ 
 
အသေခံခြင်း 

ခရစ်တော် အသေခံခြင်းသည် အလွန် အရေးကြီးသည်။ ခရစ်တော် အသေခံခြင်းသည် အကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများ ထဲမှ အချို့သော အချက်များကို လေ့လာရကြမည် ဖြစ်သည်။ 
 
အပြစ် ကြွေးဆပ်ရန်

ကျမ်းစာက၊ “အပြစ်၏ အခကား သေခြင်း ပေတည်း၊ ” (ရော ၆:၂၃) ဟုဆိုသည်။ လူသည် အပြစ်ရှိသောကြောင့် သေဘို့ရန် ဖြစ်သည်။ သို့သော် သခင် ခရစ်တော်သည် လူသားများကိုယ်စားအသေခံ ခဲ့သည်။ “ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။” (၁ ကော ၁၅:၃)။ အဘယ်ကြောင့် ခရစ်တော်သည် လူသားများအတွက် အသေခံ သနည်းဟူမူကား ထိုသို့ ကိုယ်စားအသေမခံပါက လူသည် ကိုယ်တိုင် သေ၍ အပြစ် ငရဲရောက်ဘို့ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် အသေခံခြင်း ဖြစ်သည်။ ထိုအရာကို ယုံကြည် လက်ခံရမည်။ ခရစ်တော်သည် ​ကျွန်ပ်ကိုယ်စားအသေခံ ပြီဟု ယုံကြည်လျှင် နောက်ထပ်အပြစ် အတွက်သေစရာ မလိုတော့ချေ။ “သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။” (ယော ၃:၁၈)။ ထိုသို့ ခရစ်တော်သည် လူသားများကိုယ်စား အသေခံ သောကြောင့် သေစရာ မလိုတော့ချေ။ သို့သော် များစွာသော လူများသည် အပြစ် ငရဲထဲသို့ မလိုအပ်ဘဲ သွားရဦးမည် ဖြစ်သည်။ အဘယ်ကြောင့်နည်း၊ မယုံကြည် သောကြောင့် ဖြစ်သည်။ 
 
မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးရန်

ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြင့် စာတန်၏ လက်နက် သေခြင်းကို အောင်မြင် ပြီ။ ကျမ်းစာ၌၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ် လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ 
၏။” (ဟေ ၂:၁၄-၁၅)။ စာတန် မာရ်နတ်၏ တန်ခိုးသည် သေခြင်း ဖြစ်သည်။ ထိုလက်နက်ဖြင့် လူသားကိုကို ချိန်း​ခြောက်၍ သူ့​ကျွန်ခံစေသည်။ လူသည် သေရမှာ ကြောက်သောကြောင့် တသက်လုံး စာတန်၏ ​ကျွန်ခံခဲ့ ကြသည်။ စာတန်၏ ​ကျွန် ဖြစ်သောကြောင့် ဘုရားသခင်၏ အလိုတော်ကို မလိုက်နိင်ကြချေ။ ထို့ကြောင့် ခရစ်တော်သည် လူအသွေးအသားကို ခံယူ၍ အသေခံ ခဲ့သည်။ သေပြီး နောက်ရှင် ပြန်ထမြောက်ခြင်းဖြင့် စာတန်၏ တန်ခိုးသေခြင်းကို ချိုးဖဲ့ဖျက်ဆီးခဲ့ပြီ။ ထို့ကြောင့် သခင် ခရစ်တော်က၊ “ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။” (ယော ၁၁:၂၅-၂၆) ထို့ကြောင့် သခင် ခရစ်တော်၏ စကားကို ယုံကြည်သော သူတို့သည် စာတန်၏ လက်နက်သေခြင်းကို မကြောက် ကြတော့ချေ။ သို့သော် များစွာသော ယုံကြည်သူများသည် မလိုအပ်ဘဲ စာတန်၏ လက်နက်သေခြင်းကို ကြောက်ကြသောကြောင့် စာတန်၏ ​ကျွန်ခံ နေကြသေးသည်။ သနားစရာ ပင်။ 
 
လူဟောင်းကို သေစေသည် 

မိခင်မှ မွေးဘွား လာသောအခါ လူသည် လူဟောင်းအဖြစ် မွေးဘွားလာ ကြသည်။ ထိုလူဟောင်းသည် အပြစ်၏ ​ကျွန် ဖြစ်သည်။ ခရစ်တော်က၊ “ဒုစ ရိုက်ကို ပြုသော သူတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြသည်။” ဟုဆိုသည် (ယော ၈:၄၄)။ လူသည် မည်မျှပင်ရိုက်၍ ဆုံးမသော်လည်း မလိRာနိင်။ ကျမ်းစာ၌၊ “သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း၊၊ ဦးခေါင်းသည် အနာသက်သက်ရှိ၏၊၊ နှလုံးသည်လည်း ခွန်အား အလျှင်း မရှိ။ ​ခြေ ဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်း မရှိ။ စုတ်ရှသော အနာ၊ ထိခိုက်၍ ရောင်သော အနာ၊ ရိယဲွသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ၊၊ အဝတ်နှင့် မစည်းရ၊၊ ဘယောင်းဆီနှင့် မပြော့စေရသေး၊၊ ” (ဟေရှယ ၁:၅-၆)။ အဘယ်ကြောင့်လူသည် မည်မျှပင်ရိုက်သော်လည်း မလိမ္မာနိင်ကြ သနည်းဟူမူကား လူသည် အပြစ်၏ ​ကျွန် ဖြစ်သည်။ လူဟောင်းသည် ဘုရား၏ အလိုကို မလိုက်နိင်။ ထို့ကြောင့် ထိုလူဟောင်းကို အဆုံးစီရင်ဘို့ လိုသည်။ ထိုသို့ လူဟောင်းသေနိင်ဘို့ရန် ဘုရားသခင်သည် လူဟောင်းကို ခရစ်တော် အထဲ၌ ထည့်ပြီး သကာလ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေသည်။ “ထိုမှတပါး၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာအ သေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက် မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည် အကြောင်း တည်း။ သေသောသူသည် အပြစ် တရား၏ လက်မှလွတ်လျက် ရှိ၏။” 
 (ရော ၆:၆-၇) 
 
ကျိန်ခြင်း ခံဘို့ရန် 

လူသည် အပြစ်သား ဖြစ်သောကြောင့်၎င်း၊ ပညတ်တော် မလိုက်လျှောက် နိင်သောကြောင့်၎င်းကျိန်ခြင်း ခံရသည်။ ကျမ်းစာ၌၊ “ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညျွှိကျမ်းစာ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။” (ဂလာ ၃:၁၀)။ ထို့ကြောင့် လူသည် ကျိန်ခြင်း ခံသောသူ ဖြစ်သည်။ သို့သော် လူအများစုသည် ထိုအရာကို မသိသောကြောင့် ကျိန်ခြင်းမှ လွတ်လမ်း မရှာကြ။ ကျိန်ခြင်း ခံသောသူများ ဖြစ်သောကြောင့် အမင်္လာ ဖြစ်ကြသည်။ 

ကျိန်ခြင်း ခံသောသူသည် သစ်တိုင်၌ ဆွဲထားခြင်း ခံရမည် ဟုဆိုသည်။ “သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာ လာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် ကျိန်ခြင်းကို ခံရ သောသူ ဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။” (ဂလာ ၃:၁၃)။ ထိုသို့ ခရစ်တော်သည် ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်ဘို့ရန် အသေ ခံဘို့ လိုသည်။ 

ဇာတိကို သေစေသည် 

ကယ််တင်ခြင်းသို့ ရောက်ပြီးသော်လည်း ယုံကြည်သူ၌ ဇာတိရှိသေးသည်။ ထိုဇာတိသည် ဝိညာဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ “အကြောင်းမူကား၊ ဇာတိ ပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင့်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင် ကြ။” (ဂလာ ၅:၁ရ)။ အဘယ်ကြောင့် ယုံကြည်သူများဘုရား အလိုတော်အတိုင်း အသက်မရှင်နိင်ကြသနည်းဟူမူကား ဇာတိကြောင့် ဖြစ်သည်။ ဇာတိသည် ဘုရား၏ အလိုတော်ကို မလိုက်နိင်ကြောင်း ကျမ်းစာ၌ ဤသို့ ရေးသား ထားသည်၊ “ဇာတိ ပကတိရှိသော သူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသောစိတ်သဘော ရှိကြ၏။ ဇာတိပကတိစိတ်သဘောသည် သေခြင်း အကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ် သဘောသည် အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်း အကြောင်း ဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက် တတ်။ ထိုမျှမက မလိုက်နိုင်။” (ရော ၈:၅ -ရ)။ ထိုသို့ ဇာတိပကတိစိတ်သဘောသည် သေခြင်း ဖြစ်၍ ဘုရား အလိုတော်နှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ဇာတိ ပကတိကို သတ်ဘို့ လိုသည်။ သို့သော် လူအားဖြင့် မရ။ ထို့ကြောင့် ဘုရားသခင်က ဇာတိပကတိကို ခရစ်တော်အားဖြင့် သတ်ခဲ့ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတိပကတိ ကို၎င်း၊ ဇာတိပကတိ စိတ်များနှင့် အလိုဆ၌ များကို၎င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားထားကြပြီ။ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့်အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။” (ဂလာ ၅:၂၄-၂၅) 

လောကကို သေစေသည် 

ဘုရားသခင်ကလောကကို မချစ်ဘို့ရန် ယုံကြည်သူများကို သတိပေး ထားသည်၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်း မေျွှာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိ တပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွား ကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိဏထာဝရ တည်၏။” (ယော ၂:၁၅-၁ရ)။ အဘယ်ကြောင့်လောကကို မချစ်ရ သနည်းဟူမူကားလောကသည် မတည်မြဲသည်သာမက၊ လောကကို ချစ်သောသူသည် ဘုရားသခင်ကို မချစ်နိင်။ 

ဤလောကသည် ဘုရားသခင်က ဖန်ဆင်းခဲ့၍ အာဒံကို ပေးအပ်ခဲ့သော်လည်း အာဒံသည် စာတန် လက်သို့ အပ်လိုက်ပြီ။ ထို့ကြောင့် ဤလောကကို ချစ်သောသူသည် စာတန် လူဖြစ်သည်။ စာတန်သည် ဤလောကကို အသုံးပြု၍ လူများကို သွေးဆောင်ဖျားယောင်းကာ ဘုရားသခင်ထံမှ ဝေးသွားအောင် လုပ်ဆောင် နေသည်။ လောက ဟူဆိုသောအခါ စီးပွားရေး၊ နိင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ ပညာ ရေး၊ ဘာသာရေးအားလုံး ပါသည်။ ထိုအရာများ လိုက်ခြင်းအားဖြင့် လူသည် ဘုရားသခင်နှင့် ဝေးရ ကြသည်။ ထို့ကြောင့် ဘုရားသခင် အတွက် အသက်မရှင် နိင်ကြ။ ထို့ကြောင့် ရှင်ပေါလုက၊ “ငါ ဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါး ကပ်တိုင်တော် မှတပါး အဘယ်အရာ၌ မျှဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါး ကပ်တိုင်တော် မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။ ငါသည်လည်း ဤလောက အဘို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။” ဟုဆိုထားသည် (ဂလာ ၆:၁၄) 
 
 ရှင်ပြန်ထမြောက်ခြင်း 

ရှင်ပြန်ထမြောက် ခြင်းသည် ယုံကြည်သူများအတွက် အလွန် အရေးကြီးသောအရာ ဖြစ်သည်။ အကြောင်းမူကား ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိသင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏ အမှု မှာမမှန်သော သက်သေခံ ဖြစ်ကြ၏။ အကြောင်းမူကား၊ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက် စေတော်မမူ။ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏ အကြောင်းကို သက်သေခံကြ၏။ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ သင်တို့သည် ယုံ ကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ် အောက်၌ ရှိကြသေး၏။ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သော သူတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြပြီ။ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌ သာမြော်လင့်စရာ ရှိလျှင်၊ အခြားသောသူ အပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။ (၁ ကော ၁၅:၁၄-၁၉) 


အထက်ပါ ရှင်ပေါလု၏ စာအရ ခရစ်တော်သည် ထမြောက်ခြင်း မရှိလျှင်၊ -

 (၁)  တရားဟောဆရာများ၏ ဟောပြောခြင်းသည် အကျိုးမရှိ။ 

အကြောင်းမှာ တရားဟောဆရာများ၏ အဓိကဟောသော အချက်သည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း ဖြစ်သည်။ အကယ်၍ ခရစ်တော်သည် ရှင်ပြန်ထမြောက် ခြင်းမရှိခဲ့သည် ရှိသော် တရားဟောသော အရာများသည် အကျိုးမရှိတော့ချေ။ 

(၂) ယုံကြည် သူများ၏ ယုံကြည်ခြင်းသည်လည်း အကျိုးမရှိ။ ယုံ ကြည် သူများ၏ ယုံကြည်ခြင်းသည်လည်း ခရစ်တော် ရှင်ပြန်ထ မြောက်ခြင်း အပေါ်အ​ခြေခံသည်။ အကယ်၍ ခရစ်တော် ရှင် ပြန်ထမြောက်ခြင်း မရှိခဲ့လျှင် ယုံကြည်ခြင်းသည်လည်း အကျူိး မရှိချေ။ 

(၃) တရားဟောဆရာများသည် မမှန်သော သက်သေခံများ ဖြစ်ကြသည်။ အကြောင်းမူကား တရားဟောဆရာများက ခရစ်တော် ရှင်ပြန်ထမြောက် ပြီဟု ဟောသော်လည်း ခရစ်တော်သည် မထမြောက် ခဲ့သော် တရားဟောဆရာများသည် လူလိမ်လူညာများ ဖြစ်ကြပြီ။ 

(၄) ယုံကြည်သူများသည် ဒုစရိုက်အပြစ် အောက်၌ ရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ယုံကြည်သူများလည်း လူသစ်အဖြစ် ထမြောက်ခြင်း မရှိ၊ လူဟောင်းဘဝနှင့် အသက်ရှင်ကြသေးသည်။ လူဟောင်းဘ ဝ၌ ရှိသေးလျှင် အပြစ်၏ ​ကျွန် ဖြစ်သေးသည်။ အပြစ်၏ ​ကျွန် ဖြစ်လျှင် ဘုရားသခင်နှင့် မဆိုင်။

(၅) ယုံကြည်၍ သေလွန်သောသူများသည် ဆုံးရှုံးကြပြီ။ ယုံ ကြည် သူများသည် သေလွန်သော်လည်း ပြန်ရှင်လိမ့်မည်ဟု ယုံကြည်ခြင်းဖြင့် သေဆုံး ကြသည်။ အကယ်၍ ခရစ်တော်သည် ရှင်ပြန်ထမြောက် ခြင်မရှိခဲ့လျှင် ယုံကြည်၍ သေလွန်ခဲ့သောသူများသည် ထမြောက် တော့မည် မဟုတ်သောကြောင့် ဆုံးရှုံးကြပြီ။ 

(၆)  ယုံကြည်သူများသည် အခြားသောသူထက် ဆင်းရဲ သောသူများဖြစ်ကြပြီ။ အကြောင်းမူကား ယုံကြည်သူများသည် ခရစ်တော် ရှင်ပြန်ထမြောက် ခြင်းကို ယုံသောကြောင့် ယခုဘဝ အတွက် အဓိကအသက် မရှင်ဘဲ နောင်ဘဝအတွက် အသက်ရှင်ကာ၊ မိမိတို့ အလိုဆန္ဒများကို ချူပ်တည်း ထား ကြသည်။ ထိုမျှသာမက သူတို့၏ ယုံကြည်ခြင်းကြောင့် ဍှင်းဆဲနှိပ််စက်ခြင်းများကိုလည်း ခံကာဆင်းရဲခြင်း အမျိုးမျိုး ခံရသည်။ ထို့ကြောင့် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည် အလွန် အရေး ကြီးသည်။ 


 
လောက ခရီးသည်များ

 “လူမျက်နှာကို မငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည် ဖြစ်စဉ်ကာလ ပတ်လုံး ကြောက်ရွံ့သော စိတ်နှင့် ကျင့် နေကြလော့။” (၁ ပေ ၁:၁ရ) 

လောက၌ အကြမ်းပတမ်းအခံနိင်ဆုံးသောသူသည် ဧည့်သည်၊ ခရီးသည်များဖြစ်သည်။ သူတပါး၏ အိမ်၌ ဧည့်သည် ဖြစ်သောအခါ ညီးတွားခြင်း မရှိ၊ အိမ်ရှင်များ၏ အလိုဆန္ဒအတိုင်း အသက်ရှင်နိင်သည်။ ထမင်းဟင်းမကောင်းလျှင် လည်းသည်း ခံနိင်သည်။ အဆင်် မပြေလျှင်လည်း စိတ်ရှည်နိင်သည်။ ဧည့်သည်သည် အိမ်ရှင်၏ စီမံထားသည့်အတိုင်း အသက်ရှင်လှုပ်ရှားသွားလာရသည်။ အိမ်ရှင်များက၊ “ကိုယ့်အိမ်လို သဘော ထား” ဟု ပြောလျှင် ပြောင်းပြန် နားလည်ရသည်။ ဆိုလိုသည်မှာ ဧည့်သည်သည် ဧည့်သည် လိုနေထိုင်ရသည်။ ဧည့်ခန်း၌ သာနေရသည်။ ဧည့်သည် ကအိမ်ရှင်ကဲ့သို့ အသက်ရှင်လျှင် အိမ်ရှင်များ မျက်လုံးပြူးသွားမည် ဖြစ်သည်။ ထို့ကြောင့် ဧည့်သည်သည် ဧည့်သည် ကဲ့သို့ နေရသည်။ 


 ယုံကြည်သူများလည်း ဤလောက၌ ဧည့်သည် အာဂန္တုများ ဖြစ်သည်။ ကျမ်းစာက၊ “ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူ ပြီ။” (ဧဖက် ၂:၆) ဟုဆိုသည်။ တဖန်၊ “အထက် ဆိုခဲ့ပြီးသည် အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော် ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူ ရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။ မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြ နှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။” (ကော ၃:၁-၃) ဟုဆိုသည်။ ယုံကြည်သူ၏ အသက်သည် ကောင်းကင်နိင်ငံ၌ ရောက်ရှိပြီး ဖြစ်သည်။ ထို့အပြင်၊ “ငါတို့ ကျင့်သော အကျင့် မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက် ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြလာတော်မူ မည်ဟု ငါတို့သည် မြော်လင့်လျက် နေကြ၏။” 

အထက်ပါ ကျမ်းပိုဒ်၌ ငါတို့ ကျင့်သော အကျင့်မူကား ကောင်းကင်ဘုံနှင့် စပ် ဆိုင်လျက် ဟူသောအရာသည် အခြားအင်္လိပ်ကျမ်းစာများ၌ “ငါတို့သည် ကောင်းကင်နိင်ငံသားများဖြစ်ကြ၏။” “ကြအ သကမ ခငအငဖနညျ့ငစ ငျ ငည့နလေနညယ” (နညါူငျ့ ှအ​ေညိမေိ ဠနမျငသည)ဟု တွေ့ရသည်။ 

အထက်ပါ ကျမ်းပိုဒ်များ ကြည့်လျှင် ယုံကြည်သူများသည် ကောင်းကင်နိင်ငံသားများဖြစ် ကြသည်။ သို့ဖြစ်လျှင် မြေကြီး ပေါ်၌ ဧည့်သည်များဖြစ် ကြသည်။ သို့သော် ယုံကြည်သူများသည် မြေကြီး ပေါ်၌ အိမ်ရှင်ကဲ့သို့ နေကြသောကြောင့် ပြသနာ များသည်။ ဧည့်သည်သည် ဧည့်သည် ကဲ့သို့ နေသင့်သည်။ ယုံ ကြည် သူများသည် မြေကြီး ပေါ်၌ စွဲလန်းခြင်း မရှိသင့်။ ထို့ကြောင့် ကျမ်းစာက၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ ၁၇လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ် ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိဏ ထာဝရ တည်၏။” (၁ ယော ၂:၁၅-၁ရ) 

ယုံကြည်သူများသည် ဤလောက၌ ဧည့်သည် ဖြစ်ကြသောကြောင့် အ ကြမ်းပတမ်းခံနိင်ရမည်။ ဤလောကသည် ဇိမ်ခံမည့် နေရာ မဟုတ်။ ကောင်းကင်ရောက်မှအတိုးချဇိမ်ခံရကြဦးမည်။ ဤလောကသည် အလုပ်လုပ်သော နေရာ ဖြစ်သည်။ လူကြီး လူကောင်းတစ်ယောက်ခရီး သွားလျှင် အဓိပ္ပါယ်မဲ့၊ ရည်ရွယ်ချက်မရှိဘဲ မသွားတတ်ချေ။ သူ၌ အနည်းဆုံး ရည်ရွယ်ချက်တစ်ခု သို့မဟုတ် သုံးလေးခုရှိနိင်သည်။ ထိုရည်ရွယ်ချက်များ အောင်မြင် ရေးသည် သူ၏ အဓိကဦးစားပေးသောအရာ ဖြစ်သည်။ ထို့နည်းတူ ယုံကြည်သူများလည်း ဘုရားသခင်က ကယ်တင်ပြီးသော နောက်ကောင်းကင်သို့ ချက်ချင်း ခေါ်မသွားဘဲ မြေကြီး ပေါ်၌ နေစေခြင်းသည် ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်၏ ယုံကြည်သူများ အပေါ်ထားသော ရည်ရွယ်ချက်များ မှာ
 
၁။ စစ်တိုက်ဘို့ရန် ဖြစ်သည် 

ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ ရောက်သော်လည်း ရန်သူစာ တန်နယ်မြေ၌ ရှိသေးသည်။ ထို့ကြောင့် စစ်တိုက်ဘို့ လိုသည်။ ယုံကြည်သူများသည် စစ်သား ဖြစ်သောကြောင့် ဘုရားသခင်က စစ်လက်နက်မျိုးစုံကို ပေးထားကြောင်း ဤသို့ တွေ့ရသည်၊ “ကြွင်း သေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ် အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြု လုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင် ပြိုင်တိုက်လှန်ရကြ၏။ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီး တားနိုင်သဖြင့်၊ ကိဏအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။” (ဧဖက် ၆:၁၀-၁၃)။ ယုံ ကြည် သူများသည် ဘုရားသခင်၏ စစ်သားများဖြစ်ကြသောကြောင့် စစ်လက် နက်စုံကို တပ်ဆင်ပေးခြင်း ဖြစ်သည်။ စစ်သားသည် စစ်မတိုက်သောအခါ အပြစ်လုပ်တတ်သည်။ ဒါဝိဒ်မင်းလည်း စစ်တိုက်မည့် အချိန်တွင် စစ်မတိုက်ဘဲ အိမ်၌ နေနေသောကြောင့် ဥရိယမိန်းမဗသရှေဘနှင့် မှားယွင်းခဲ့ဘူးသည် (၁ရာ ၁၁)။ 
 ယုံကြည်သူများလည်း စစ်သား ဖြစ်သော်လည်း စစ်မတိုက်ကြသောကြောင့် အပြစ် ကျူးလွန် ကာ ပြသနာ များခြင်း ဖြစ်သည်။ 
 
၂။ အလုပ်လုပ်ဘို့ရန် ဖြစ်သည် 

ယုံကြည်သူများသည် ဘုရားသခင်၏ အစေခံ​ကျွန်များ ဖြစ်ကြသည်။ ​ကျွန်သည် သခင်ခိုင်းသော အလုပ်ကို လုပ်ရသည်။ သစ္စာရှိသော ​ကျွန်နှင့် ပျင်းရိသော ​ကျွန်အကြောင်းကို မဿဲ ၂၄:၄၅-၅၁၌ တွေ့နိင်သည်။ သစ္စာရှိ၍ သခင်ခိုင်းသော အမှုကို ဆောင်ရွက်သောသူသည် သခင်ဘုရားနှင့် တွေ့သောအခါ “သာဓု၊ သဏာ ရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌ သဏာစောင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။ သာဓု၊ သဏာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌ သဏာစောင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။” (မ ၂၅:၂၁) 
 
၃။ သံအမတ် အလုပ်လုပ်ရမည်

ယုံကြည်သူများကို ဘုရားသခင်က သံအမတ်များ အဖြစ်ခန့်အပ်ထားသည်။ သံအမတ်သည် နိင်ငံကိုယ်စားပြုသောသူများ ဖြစ်သည်။ သံအမတ်အလုပ် ကျမ်းစာ၌ ဤသို့ ရေးသား ထားသည်၊ “ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိသဟာရဖွဲ့စေတော်မူ၏။ ထိုမိသဟာရတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။ ထိုကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန် ဖြစ်ကြ၏။ သင်တို့သည် ရန် ငြိမ်း၍ ဘုရားသခင်နှင့် မိသဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နိုးဆော်သွေးဆောင်တော်မူ သကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စား ဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။” (၂ ကော ၅:၁၉-၂၀) ယုံကြည်သူများသည် ဘုရားသခင်နှင့် လူသားများအကြားရန်ငြိမ်းခြင်း အကြောင်း ပြော မည့်သူများဖြစ်သည်။ ထိုအမှုကို မလုပ်ဘဲ နေလျှင် ဘုရားသခင်နှင့် တွေ့သောအခါ အရှက်တကွဲ အကျိုးနဲ ဖြစ်ကြလိမ့်မည်။ 
 
 
ကျမ်းစာဖတ်ကြစို့
ယေဇကျေလ ၂


၁၊ ထိုဗျာဒိတ်တော် ရူပါရုံကို ငါမြင်သောအခါ ပြပ်ဝပ်လျက် နေ၏။ တဦးသောသူကလည်း၊ အချင်းလူသား မတ်တပ်နေလော့။ သင့်အား ငါပြောမည်ဟု ငါအား ဆိုသံကို ငါကြား၏။ ၂၊ ထိုသို့ ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ ဝင်၍ မတ်တပ်နေစေသဖြင့်၊ ငါနှင့် ပြောသောသူ၏ စကားကို ငါကြားသည်ကား၊ ၃၊ အချင်းလူသား ငါ့ကို ပုန်ကန်တတ်သော အမျိုးတည်း ဟူသော၊ ယနေ့ တိုင်အောင် ဘိုး ဘေးတို့နှင့်တကွ ငါ့ကို အစဉ်ပုန်ကန်၍ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါ စေလွှတ်မည်။ ၄၊ ရဲသော မျက်နှာနှင့် ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါ စေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်၊၊ ၅၊ သူတို့သည် ပုန်ကန်တတ်သော အမျိုး ဖြစ်၍၊ နားထောင်သည် ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ မိမိတို့တွင် ပရောဖက် ရှိသည်ကို သိရကြမည်။ ၆၊ အချင်းလူသား သင်သည် ဆူးပင် အမျိုးမျိုးနှင့် တွေ့၍ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့ စကား ကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သော အမျိုး ဖြစ်၍၊ သူတု့ိစကားကို မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့်စိတ်မပျက်နှင့်၊ ၇၊ သူတို့သည် အလွန် ပုန်ကန်တတ်သော သဘော ရှိသည် ဖြစ်၍ နားထောင်သည် ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကို သူတို့အား ဟောပြောရမည်။ ၈၊ အချင်းလူသား ငါပြောသော စကားကို နားထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့၊ ပုန်ကန်သော သဘော မရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသောအရာကို စားလော့ဟု မိန့်တော်မူလျှင်၊ ၉-၁၀၊ ငါကြည့်၍ စာလိပ်ပါသော လက်သည် ငါ့ဆီသို့ ဆန့်လျက် ရှိ၏။ ထိုစာ လိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သော်အခါတဘက်တချက််၌ အQရာတင်၍ ငိုကြွေးမြည် တမ်းခြင်း အချက်၊ စိတ်မသာညည်းတွားခြင်း အချက်၊ အမင်္လာအချက်များ ပါသ တည်း။ 

အထက်ပါ ကျမ်းစာ အရ ဘုရားသခင်သည် ​ကျွန်ပ်တို့၏ သက်သေခံသော အရာများကို သိသည်။ သက်သေခံသောအခါ၌ လူများက လက်မခံခြင်း ကိုလည်း နားလည်သည်။ လူများ က​ကျွန်ပ်တို့၏ သက်သေခံခြင်းကို လက်မခံသော်လည်း စိတ် မပျက်ဘဲ ဆက် သက်သေခံစေချင်သည်။ 
 
 သန့်ရှင်းခြင်း 

 “သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည် နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာ သတည်း။” (၁ ပေ ၁:၁၅-၁၆) 

များစွာသော ယုံကြည်သူ၊ ကယ်တင်ခြင်း လက်ခံ၍ ဒုတိယ မွေးဘွားခြင်း ခံပြီးသောသူများသည် ဘုရားသခင်၏ အပြစ် လွှတ်ခြင်းကို အလွှဲသုံးစားကာညစ်ညူးသော အသက်တာ၊ မသန့်ရှင်းသော အသက်တာဖြင့် အသက်ရှင် နေကြသည်။ ကယ်တင်ခြင်းသည် အခမဲ့ ဖြစ်သော်လည်း ခရစ်ယာန် အသက်တာသည် ဆက် ကပ်ခြင်း လိုအပ်သည်။ အထက်ပါ ကျမ်းပိုဒ်၌ သင်တို့ကို ခေါ်တော်မူသောသူ၊ ဘုရားသခင်သည် သန့်ရှင်းတော်မူသည့်နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းကြလော့ ဟုဆိုထားသည်။ ဘုရားသခင်သည် အလွန် သန့်ရှင်းသည်။ ထို့ကြောင့် သူနှင့် စပ်ဆိုင်သောသူတိုင်းလည်း သန့်ရှင်းဘို့ လိုသည်။ ကျင့်ကြံပြုမူသမျှတို့၌ ဟုဆို သောကြောင့် စားသောက်ခြင်း၊ ပြောဆိုခြင်း၊ လုပ်ဆောင်ခြင်း အားလုံး အကျူံးဝင်သည်။ အချို့သောသူများသည် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်၊ ခိုင်နီးငုံခြင်းမှ စ၍ ဘီယာ၊ အရက်များ သောက်ခြင်းဖြင့် မိမိ ကိုယ်ခန္ဓာကို ညစ်ညူး စေ ကြသည်။ 

ကျမ်းစာ၌၊ “အဘယ်သို့ နည်း။ သင်တို့ ကိုယ်ခ၌ ာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။” (၁ ကော ၆:၁၉-၂၀) 
 ယုံကြည်သူများသည် မိမိ ကိုယ်ခန္ဓာကို မပိုင်တော့ကြောင်း သိဘို့ လိုသည်။ ခရစ်တော် အသက်နှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့် ဘုရားသခင် အပိုင် ဖြစ်ကြပြီ။ ထို့အပြင် ကိုယ်ခန္ဓာအထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်း ဝပ်ပြီ ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အားဖြင့် ဘုရား၏ ဂုဏ်တော်ကို ထင်ရှားစေရမည် ဖြစ်သည်။ မည်ကဲ့သို့ ထင်ရှားစေမည်နည်း။ အစာ မဟုတ်သော ဆေးလိပ်၊ ဆေးရွက်၊ ခိုင်နီး၊ အရက်နှင့် မူးယစ်ဆေးဝါးများ မရှောင် ကြဉ်ခြင်းအားဖြင့် ဖြစ်စေဘုရား၏ ဘုန်းကို ထင်ရှားစေနိင်သည်။ 
 
 
 
 
မည်ကဲ့သို့ ပြင်ဆင် ရမည်နည်း
 

များစွာသော ခရစ်ယာန် များသည် သခင်ယေရှု ကြွလာမည်ကို ယုံကြည်သော်လည်း မည်ကဲ့သို့ ပြင်ဆင် ရမည်ကို မသိသောကြောင့် အသက်တာ၌ ထူးခြားမှု မရှိကြချေ။ ထို့ကြောင့် ကျမ်းစာထဲမှာ ယုံကြည်သူများပြင်ဆင် မည့် အရာများကို ဖေါ်ပြလိုပါသည်။ 
 
မိစ္ဆာပ​ရောဖက်များကို သိထား ရမည်

သခင်ယေရှု ကိုယ်တိုင် ကသူကြလာခါနီးလျှင် မိစ္ဆာပရောဖက်များပေါ်လာ မည့်အကြောင်း ဤသို့ သတိပေးခဲ့သည်၊ “သင်တို့ကို အဘယ်သူမျှ မလှည့်ဖျား စေခြင်း ငါှသတိပြုကြလော့။ အများသော သူတို့ ကငါသည် ခရစ်တော် ဖြစ်၏ ဟုဆိုလျက် ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။” (မ ၂၄:၄-၅)။ “မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။” (မ ၂၄:၁၁)။ “ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကို ပင်လှည့် ဖြားနိင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လQဏာအံ့ဘွယ်သော အမှုတို့ကို ပြုကြလိမ့်မည်။” (မ ၂၄:၂၄)။ 

ရှင်ပေါလုကလည်း၊ “ထိုအဓမ္မလူ၏ လာခြင်း အကြောင်း ဟူမူကား စာတန် ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူးဆန်းသော တန်ခိုးနိမိတ်လQဏာ အံ့ဘွယ်သောအမှု အမျိုးမျိုးနှင့်၎င်း၊ ပျက်ဆီးခြင်းသို့ ရောက်သော သူတို့တွင် မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်၎င်း၊ လာလိမ့်မည်။ အကြောင်းမူကား၊ ထို သူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သော ငါှ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။ ထို့ကြောင့် သမ္မာတရားကို မယုံဘဲ မတရားသော အမှု၌ မွေ့လျော်သောသူ အပေါင်းတို့သည် တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း မုသာ စကားကို ယုံစိမ့်သော ငါှမိစ္ဆာဒိဌိပြုပြင်အား ထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူ လိမ့်မည်။” (၂ သက် ၂:၉-၁၂) 

အထက်ပါ ကျမ်းပိုဒ်များ၌ ရေးထားသည့်အတိုင်း ယခုအခါ သခင်ဘုရားကြွလာခါနီးသောကြောင့် မိစ္ဆာပရောဖက်များပို၍ ပို၍ များလာကြပြီ။ မှား ယွင်းသော ဩဝါဒများကို သွန်သင်သော ဆရာများ နေရာအနှံ့သွားလာကြကာ သမ္မာတရား မသိသောသူများကို အလွယ်တကူဆွဲဆောင်ကာလမ်းမှားသို့ ပို့ ဆောင် နေကြသည်။ ထိုမှားယွင်းသော ဆရာများသည် နိမိတ်လက္ခဏာများလည်း ပြနိင်မည်ဟု ခရစ်တော် ကပြောထားနှင့်သည့်အတိုင်း ပြုလုပ် ကြသည်။ ယုံ ကြည် သူများသည် ကျမ်းစာကို မဖတ်သောကြောင့်သော်၎င်း၊ ကျမ်းစာဖတ်လျှင်လည်း နားမလည် သောကြောင့်သော်၎င်း၊ ထိုမှားယွင်းသော ဆရာများနောက်သို့ တကောက်ကောက်လိုက်တတ်ကြသည်။ ယုံကြည်သူများသည် ဘုရား စကားထက် ထူးဆန်းသော အရာများကို ပို၍ နှစ်သက်ကြသောကြောင့် အလွယ်တကူလိမ်ညာ၍ ရနေခြင်း ဖြစ်သည်။ ထိုသူများ ထဲ၌ သင်မပါဝင်ဘို့ အရေးကြီးသည်။ 
 
အခြားသောသူများကို ပြောရမည်

ခရစ်တော် ကြွ လာသောအခါ ယုံကြည်သူများ၊ ခရစ်တော် ရရှိသောသူများကို ချီဆောင်သွားမည် ဖြစ်သည်။ ထိုချီဆောင်ခြင်း၌ မပါသောသူများသည် ဘေးဒဏ်ကြီး ခုနှစ်နှစ်အတွင်း အလူးအလိှမ့်ခံရမည် ဖြစ်သည်။ ထိုမျှသာမက ငရဲ ထဲသို့ ရောက်သွားကြမည် ဖြစ်သည်။ ထိုသူများသည် အခြားသူ မဟုတ်ဘဲ ကိုယ်မိဘ၊ ခင်ပွန်းသည်၊ သားသမီး၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးသား ချင်းများ၊ မိတ်ဆွေ သူငယ်ချင်းများ၊ လုပ်ဖေါ်ဆောင်ဖက်များ၊ အိမ်နီးချင်းများ ဖြစ်သည်။ ထိုသူများလည်း ကယ်တင်ခြင်း စိတ်ချမှု ရရှိဘို့ ပြောဘို့ လိုသည်။ သူတို့ ခံစား မည့် အရာများကို စဉ်းစားပါက အလွန် သနားစရာ ကောင်းသည်။ ကိုယ်တိုင် မပြောပြနိင်လျှင်လည်း ပြောပြနိင်သောသူများကို ခေါ်ဘိတ်ခြင်း၊ စာပေအားဖြင့် ဖြစ်စေ၊ စီဒီအားဖြင့် ဖြစ်စေနည်းမျိုးစုံဖြင့် သူတို့ လက်ခံလာအောင် ကြိုးစား ပေးဘို့ လိုသည်။ သူတို့ လက်ခံလာအောင်လည်း ဆုတောင်း ပေးဘို့ လိုသည်။ နည်းမျိုးစုံဖြင့် သူတို့ ကယ်တင်ခြင်းသို့ ရောက်နိင်ဘို့ရန် ကြံစည်ဘို့ လိုသည်။ ယ ခုအချိန်၌ အလုပ်များ လွန်းသောကြောင့်၊ ပင်ပန်းလွန်းသောကြောင့် ဟူ၍ ဆင် ​ခြေမပေးသင့်တော့ချေ။ အနီးပတ်ဝန်းကျင်၌ ရှိသောသူများ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အတွက် နည်းမျူိးစုံဖြင့် အစွမ်းကုန်လုပ်ရမည့်အချိန် ဖြစ်သည်။ 
၀ မ်းနည်းသောသူများကို နှစ်သိမ့် ရ မည်


ယုံကြည်သူများ၌ ခေါ်တော်မူခြင်း ခံသောသူများရှိလျှင် ဝမ်းမနည်းမည့် အကြောင်း ရှင်ပေါလုကသက်သာလောနိတ် ယုံကြည်သူများထံရေးသော စာကဲ့သို့ နှစ်သိမ့်နိင်သည်။ ရှင်ပေါလုက၊ “ညီအစ်ကိုတို့ မြော်လင့်ခြင်း မရှိသော အခြား သူတို့သည် ဝမ်းနည်း သကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည့် အကြောင်း အိပ်ပျော် သောသူ (သေလွန်သောသူ)တို့၏ အမှုအရာကို မသိဘဲ နေစေခြင်းငှါ ငါတို့ အလို မရှိ။ ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင် ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူ လိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား သခင်ဘုရားကြွ လာသောအခါ အသက်ရှင်၍ ကျန်ကြင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ သခင်ဘုရားသည် ​ကြွေးကြော်ခြင်း ကောင်းကင်တမန် မင်းအသံပေးခြင်း ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တော်တိုင် ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်း ငါှထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍ ဤစကားများအားဖြင့် အချင်းချင်းတယောက်ကို တယောက် သက်သာစေကြလော့။” (၁ သက် ၄:၁၃-၁၈) 

ရှင်ပေါလုကသက်သာလောနိတ် အသင်းသားများထံသေဆုံး သူများ အတွက် အလွန် အမင်းဝမ်းမနည်းမည့် အကြောင်း ခရစ်တော် ကြွလာတော့မည့် အကြောင်းအားဖြင့် အားပေးနှစ်သိမ့် သကဲ့သို့ ဝမ်းနည်း​ကြေကွဲသောသူများကို နှစ်သိမ့် နိင်သည်။ 
 
ဘုရားဝတ်၌ မွေ့လျော်ရမည်

ဘုရားသခင်က ဤလောကကို လူသားများအတွက် အကောင်းဖန်ဆင်းခဲ့သော်လည်း အပြစ်ကြောင့် ဘုရားသခင်ကိုယ်တိုင် ကကျိန်ခဲ့ပြီ (က ၃:၁ရ)။ ထို့ကြောင့် ဤလောက၌ ဒုက္ခ ဆင်းရဲခြင်း မြောက် များစွာ ကြုံတွေ့ခံစား နေရသည်။ ဤလောကကို ဘုရားသခင်က မီးနှင့် ဖျက်ဆီးမည့် အကြောင်း ရှင်ပေတရုက ဤသို့ ရေးထားသည်၊ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့့ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောက ဓါတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိ်မ့်မည်။ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့့သည် ကုန်စင်မည်မှန် သောကြောင့် မိုဃ်းကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓါတ်တို့သည် ပူအားကြီးလျက် အရည်ကျိုခြင်းကို ခံရသော နေ့ တည်းဟူသော ဘုရားသခင်၏နေ့ ရောက်လိမ့်မည်ဟု သင်တို့သည် မြော်လင့်တောင့်တလျက် သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့ သောသူ ဖြစ်အပ် ကြသနည်း။ ယခုရှိသမျှသောအရာ တို့သည် ပျက်ရသော်လည်း ​ဖြောင့်မတ်ခြင်း တရားတည်နေရာမိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော်နှင့် အညီမြော်လင့်ကြ၏။ ထိုသို့ မြော်လင့်ခြင်းရှိသောကြောင့် ချစ် သူတို့ သင်တို့သည် အညစ်အ​ကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည့် အကြောင်း ကြိုးစားအား ထုတ်ကြလော့။” (၂ ပေ ၃:၁၀-၁၄) 

အထက်ပါ ကျမ်းပိုဒ်များ အရမြေကြီးနှင့် မြေကြီး ပေါ်ရှိအားလုံးသော အရာများသည် မီးနှင့်လောင်​ကျွမ်းကုန်မည် ဖြစ်သောကြောင့် ထိုအရာများကို စိတ် မစွဲလန်းသင့်ချေ။ ထိုအရာများသည် အသုံးလိုသောကြောင့် အသုံးပြုရမည် ဖြစ်သော်လည်း ထိုအရာများအတွက် အချိန်၊ ဘဏ္ဍာနှင့် စွမ်းအား အားလုံး ကို အသုံးမပြု သင့်တော့ချေ။ 

ယုံကြည်သူများသည် ဤလောကနှင့် ခွာ၍ သခင်ဘုရားနှင့် တွေ့ရတော့မည် ဖြစ်သောကြောင့် သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်ဘို့ လိုသည်။ သန့်ရှင်းခြင်း ဟုဆိုရာတွင် အပြောအဆိုမှစ၍ အစားအသောက်အနေအထိ ုင် အားလုံး အကျုံးဝင်သည်။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ယုံကြည်သူများလည်း သန့်ရှင်းဘို့ လိုသည်။ 

ဘုရားဝတ်၌လည်း မွေ့လျော်ဘို့ လိုသည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်း ဆိုသည်မှာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ကိုးကွယ်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်း၊ ဝေငှ သက်သေခံခြင်းများပြုလုပ် ရမည်။ ကာလအချိန် ရောက်လုနီးသောကြောင့်သာ၍ ကြိုးစားရမည်။ 
 
ဤချိန် မသိသောကြောင့် စောင့်နေရမည်

သခင် ခရစ်တော် ကိုယ်တိုင် ဤသို့ မိန့်မှာခဲ့သည်၊ “ထိုအချိန် နာရီကိုကား၊ ခမည်းတော် မှတပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန် များမသိ။ သားတော်လည်း မသိ။ ထိုအချိန် ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့ မသိသောကြောင့်၊ သတိပြု၍ ဆုတောင်းလျက် စောင့် နေကြလော့။ ဥပမာကား၊ လူတဦးသည် အခြားသော ပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့ အပ်၍၊ သူတို့ ဆောင်ရွက်စရာ အမှုကို အသီးအသီး ခွဲခန့်စီမံ၍၊ တံခါး မှူးကို စောင့်နေစေဟု မှာထားပြီးမှသွားသည် ဖြစ်၍၊ အိမ်ရှင်သည် ညဦးအချိန်၊ သန်း ခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်သည်ကို တွေ့လိမ့်မည်။ စောင့် နေကြလော့ဟု သင်တို့အား ငါဆိုသည် အတိုင်း၊ ခပ်သိမ်းသော သူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။” (မာ ၁၃:၃၂-၃ရ) 

 “သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သူခိုးလာမည်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (မ ၂၄:၄၂-၄၄) 

 “အရှင်သည် မိမိအိမ်သူအိမ်သား အပေါင်းတို့အားအချိန် တန်လျှင် အစား အသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သဏာနှင့်၎င်း၊ သတိ ပညာနှင့်၎င်း ပြည့်စုံသော ​ကျွန်ကား အဘယ်သူ နည်း။ အကြင်​ကျွန်သည် ဤသို့ ပြုလျက် နေသည်ကို အရှင်သည် ပြန်လာ၍ တွေ့၏၊ ထို​ကျွန်သည် မင်္လာရှိ၏။ ငါအ မှန်ဆိုသည်ကား၊ အရှင်သည် မိိမိဥစ္စာရှိသမျှတို့ကို ထို​ကျွန်၌ အပ်လိမ့်မည်။ သို့မဟုတ် မူကား၊ အကြင်​ကျွန်ဆိုးကအင့ါအရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက် မေ့သည် နှင့်၊ ​ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့် တကွ စားသောက်လျက် နေ၏။ ထို​ကျွန်မကြည့်မမျှော်သော နေ့ရက်၊ မကြား မသိသောအချိန် နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထို​ကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့် တကွနေရာ ချလတံ့။” (မ ၂၄:၄၅-၅၁) 

“သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီးမီးထွန်းလျက် နေသဖြင့်၊ သခင်သည် မင်္လာဆောင်ပွဲမှပြန်လာ၍ တံခါးကို ခေါက်သောအခါ ချက်ခြင်း ဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့်၍ နေသော ​ကျွန်ကဲ့သို့ ရှိနေကြလော့။ အကြင်​ကျွန်တို့သည် စောင့်လျက် နေသည်ကို သခင်သည် ပြန်လာ၍ တွေ့၏၊ ထို​ကျွန်တို့သည် မင်္လာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ​ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အား လုပ်​ကျွေးလိမ့်မည်။ ၃၈ နှစ် ချက်တီးအချိန် ဖြစ်စေ၊ သုံးချက်တီးအချိန် ဖြစ်စေ၊ သခင်သည် လာ၍ ထိုသို့ တွေ့လျှင်၊ ထို​ကျွန်တို့သည် မင်္လာရှိကြ၏။ အိမ်ရှင်သည် သူခိုးလာမည်အချိန် နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။” (လု ၁၂:၃၅-၄၀) 
 “သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက် လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက် နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ်တော်မူ မည်အကြောင်း၊ အစဉ် ဆုတောင်းလျက် စောင့် နေကြလော့ဟု မိန့်တော်မူ၏။” (လု ၂၁:၃၄-၃၆) 

အထက်ပါ ကျမ်းပိုဒ်များ ကြည့်ခြင်းအားဖြင့် သခင် ခရစ်တော် ကသူ လာမည့် အချိန်တွင် အဆင်သင့်စောင့်ကြိုခြင်းကို ကြိုက်နှစ်သက်ကြောင်း ထင်ရှားစွာ သိရှိ နားလည်နိင်သည်။ ထိုသို့ စောင့်ကြိုသောသူသည် မင်္လာရှိသောသူဟု သူကိုယ်တိုင် ကဆိုသည်။ လုက ၂၁:၃၆၌ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ်တော်မူ မည်အကြောင်း၊ အစဉ် ဆုတောင်းလျက် စောင့် နေကြလော့ဟု မိန့်တော်မူ၏။ ဟုဆိုထားသောကြောင့် လူသား ( ခရစ်တော်)ထံသို့ ထိုက်တန်သောသူများသာလျှင် ရောက်နိင်မည်။ ထို့ကြောင့် ထိုက်တန်အောင် ကြိုးစားရမည်ဟု ယူဆနိင်သည်။ ထိုအရာသည် မူလစာမူကြောင့် ဖြစ်သည်။ အချို့သော ကျမ်းစာများ၌ ဤသို့ တွေ့ရသည်၊ “ကြအ ျအပေ တေ​ေုန အေ ​ေူူ အငာနျယ စမပေငညါ အ့အေ ပသက ာပေ့လေန ျအမနညါအ့ အသ နျခစေန ​ေူူ အ့နျန အ့ငညါျ အ့အေ မေန ါသငညါ အသ အ​ေုန စူခေနယ ​ေညိ အသ ျအ​ေညိ ဘန်သမန အ့န ှသည သ် ​ြ​ေည၏ ဓ (နညါူငျ့ ှအ​ေညိမေိ ​ြငဘူန) “ဤအရာများ ဖြစ်ပျက်မည် ဖြစ်သောကြောင့် ထိုအရာများ ထဲမှ လွတ်မြောက်နိင်သော ခွန် အားရှိစေခြင်း ငါှစောင့်နေ၍ ဆုတောင်း ကြလော့ဟု ပါရှိသည်။ ချီဆောင်ခြင်းသည် ကယ်တင်ခြင်းသို့ ရောက်သောသူများအတွက် ဖြစ်သည်။ ကယ်တင်ခြင်းသည် ကြိုးစား မှုကြောင့် မဟုတ်၊ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ထိုက်တန်သောသူမရှိ။ ထို့ကြောင့် ခွန် အားရှိစေခြင်း ငါှဟူသောအရာသည် ပို၍ မှန်နိင်သည်။ 
 
နောဧခေတ်ကဲ့သို့

သခင် ခရစ်တော် ကသူကြွလာခါနီးသောအခါ လူသားများသည် အမှု မဲ့အမှတ်မဲ့ နေကြမည့် အကြောင်းကို ဤကဲ့သို့ ဟောထားခဲ့သည်၊ “လူသားသည် ကြွ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကြွ လာသောအခါ ၌ ဖြစ်လိမ့်မည်။” (မ ၂၄:၃ရ- ၃၉) 

 “နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသား လက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ ဝင်၍၊ ရေလွှမ်းမိုးခြင်း ဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ လောတသည်သော ဒုံမြို့မှ ထွက်သော နေ့၌ ကောင်းကင်မှ ကန့်နှင့် ရောသော မီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၊ လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်။” (လု ၁ရး၂၆-၃၀) 

ခရစ်တော် ပြောထားသည့်အတိုင်း ယနေ့ လူများသည် ခရစ်တော် ကြွ လာမည့် အချိန်ကို စိတ်မဝင်စားကြ။ စားလျက် သောက်လျက်၊ ထိမ်းမြား စုံဘက်လျက်၊ အိမ်ဆောက်လျက် အမှု မဲ့အမှတ်မဲ့ရှိ နေကြသည်။ ခရစ်တော် ကြွလာမည့် အကြောင်း ပြောလျှင် ပျက်ရယ်ပြု ကြသည်။ ထိုသို့သော လူစားထဲ၌ မိတ်ဆွေ မပါဝင်ဘဲ ခရစ်တော် ကြွလာမည့် အရာကို မြော်လင့်သောသူ၊ အဆင်သင့်ရှိသောသူ၊ သူတပါးကို သတိပေးသောသူများ ဖြစ်စေချင်သည်။ ထို့ကြောင့် ကျမ်းစာက၊ “သို့သော်လည်း လူသားသည် ကြွ လာသောအခါ ယုံကြည်ခြင်းကို မြေကြီး ပေါ် မှာတွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။” (လု ၁၈:၈) 
 
မလိုအပ်သောအရာများ 

ခရစ်တော် ကြွလာခါနီးသောကြောင့် မလိုအပ်သော အရာများကို မဝယ်သင့်တော့ချေ။ ငွေကို ချွေတာစွာ သုံးသင့်သည်။ ငွေကို ချွေတာစွာ သုံးသည်နှင့် အလျောက်အလုပ်ကိုလည်း ပုံမှန်သာလုပ်သင့်သည်။ မလိုအပ်ဘဲအချိန် ပိုလုပ်ခြင်း မျိုးမလုပ်သင့်ချေ။ အကြောင်းမှာအချိန် ပိုပင်ပန်းစွာ လုပ်ခြင်းဖြင့်အား ကုန်၍ ဝိညာဉ်ရေးရာ၌ စိတ်မဝင်စားနိင်တော့ချေ။ စားရန်ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲသင့်သည်။ ဤလောကမှ ထွက်ခွါတော့မည် ဖြစ်သောကြောင့် အိမ်ကိုလည်း မသသင့်တော့ချေ။ အဝတ်အစားများလည်းရှိသမျှနှင့် တင်းတိမ်ရောင့် ရဲသင့်သည်။ ခလေးများကိုလည်း ဖြစ်နိင်လျှင် မယူသင့်တော့ချေ။ ခလေးသူ ငယ်များရှိခြင်းဖြင့် ဝိညာဉ်ရေးရာ၌ ကျဆင်းစေနိင်သည်။ လူငယ်များသည် ကျောင်းတက်ရမည် ဖြစ်သော်လည်း လူကြီးများအနေဖြင့် ကျောင်းများ မတက် တော့ဘဲ ဝိညာဉ်ရေးရာ၌ ကြိုးစား သင့်သည်။ ရည်းစားထားသောသူများနှင့် ဝင်ငွေကောင်းသောသူများသည် သနားစရာများဖြစ်သည်။ အကြောင်းမှာ သူတို့၏ စိတ်နှလုံးသည် သခင်ဘုရားကြွလာမည့် အရာ၌ စိတ်မဝင်စားနိင်ဘဲ ရည်း စားနှင့် ငွေ၌ သာစိတ်ဝင်စားသောကြောင့် ဝိညာဉ်ပိုင်း၌ ဆုံးရှုံးသောသူများ ဖြစ်နိုင်သည််။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG