GOODNEWS
  HOME  GOODNEWS  2011 FEB
 


ဤစာစောင်၌
 

အမှာစာ
 
ကြီး မြတ်တော်မူသော ဘုရား 

ပျောက်ဆုံးသော ဝိညာဉ် ဖမ်းခြင်းသည် အဓိက

သေခြင်း ဆိုးနှင့် သေခြင်း ကောင်း

သက်သေခံချက်

 

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်လှုပ်ရှား သွားလာနိင် ကြသည်။ ချီဆောင်ခြင်း နေ့ရက်နီးလာလေလေ ဖြစ်ကြောင်း ကမ္ဘာ့ အ​ခြေအနေများကလည်း ညွှန်ပြနေသည်။ ယခုအချိန်၌ အီဂျစ်ပြည် သူလူထုများအုံကြွကာ သူတို့၏ သမ္မတကို ရာထူးမှဆင်းပေးရန်တောင်းဆို နေကြသည်။ အီဂျစ်ပြည်သည် ၁၉၇၈ ခုနှစ် Camp David  စာချုပ်အရအစ္စရေးနိုင်ငံနှင့် ငြိမ်း ချမ်းရေးစာချုပ် ချုပ်ခဲ့သော နိင်ငံ ဖြစ်သည်။ ထိုစာချုပ်အရအမေရိကန်ကအီဂျစ်ကို တနှစ်လျှင် ၁၏ ၃ ဘီလီယံဒေါ်လာကို ထောက်ပံ့နေသည်။ (edition.cnn.com/2011/US/01/28/egypt.pentagon/) ထိုအ​ခြေအ နေကြောင့် အီဂျစ်သည် အမေရိကန်မဟာမိတ်နိင်ငံ ဖြစ်သည် ဟုဆိုနိင်သည်။ ထို့အပြင် အီဂျစ်သည် စးူအက်တူးမြောင်းပိုင်သောကြောင့် အရေးကြီးသော နိင်ငံ ဖြစ်သည်။ 

အီဂျစ်ပြည်၌ ရှေးဟောင်း ခရစ်ယာန် (Coptic Orthodox Christian) ၁၆ သန်းရှိသည်။ တပြည် လုံးလူဦးရေသည် သန်းပေါင်း၈၀ ရှိ၍ ၉၀ µသည် ဆူနီမူစလင် ဖြစ်သည်။ ယခုမူစလင်ညီအကိုများ (Muslim Brotherhood) များကကြီး စိုးသွားပါက နိုင်ငံအ​ခြေအနေသည် ပြောင်းသွားနိုင်သည်။ အကယ်၍ အ​ခြေအနေပြောင်းခဲ့လျှင် အစ္စရေးကို တိုက်ခိုက်လိုသောသူများနှင့် ခရစ်ယာန်များကို ​ခြေမှုန်းလိုသောသူများကြီး စိုးသွားပါက ကမ္ဘာ့ အ​ခြေအ နေပြောင်းလဲလာနိင်သည်။ 

ထိုအရာများ ကြည့်ခြင်း အားဖြင့်အချိန် နီးလာပြီ ဖြစ်ကြောင်း သိနိင်သည်။ ထို့ကြောင့် ကမ္ဘာ့ အ​ခြေအနေများကို ကြည့်၍ ယုံကြည်သူများအနေဖြင့် အသင့် ပြင်ဆင် ထားဘို့ လိုအပ်သည်။ သို့မဟုတ်ပါက အငိုက်မိ၍ သခင်ဘုရားနှင့် တွေ့ဆုံသောအခါ အရှက်တကွဲ အကျိုးနည်း ဖြစ်မှာစိုးရသည်။ 
 
 
ကြီး မြတ်တော်မူသော ထာဝရဘုရား 
 
 အဘယ်ကြောင့် များစွာသော လူတို့သည် ထာဝရဘုရားကို မကိုးကွယ် ကြသနည်းဟူမူကား ဘုရားသခင်၏ ဘုန်းတော် မည်မျှကြီး မြတ်၍ အံ့ဩဘွယ် ဖြစ်ကြောင်းကို မသိကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် များစွာသော ခရစ်ယာန်များထာဝရဘုရားကို ကိုးကွယ်ကြသော်လည်း ပေါ့ဆကြသနည်းဟူ မူကား ထာဝရဘုရား၏ ဘုန်းနှင့်ကြီး မြတ်တော်မူသောသူ၏ တန်ခိုးတော်ကို မတွေ့မမြင်ကြသောကြောင့် ဖြစ်သည်။ များစွာသော ခရစ်ယာန်များ၌ ထာဝရဘုရားသည် လူသာသာ၊ ကူညီမစသောသူဟု ထင်မှတ် ကြသည်။ အဘယ်ကြောင့် များစွာသော တရားဟောဆရာနှင့် အမှုတော်ဆောင်များသည်လောကအရာကိုသာ တပ်မက်၍ ဘုရားသခင်၏ အမှုကို အမှန်တကယ် မဆောင်ကြသနည်း ဟူမူကား ထာဝရဘုရား၏ကြီး မြတ်ခြင်း၊ ဘုန်းတော်နှင့် တန်ခိုးတော်ကို မသိကြ၊ မစဉ်းစား မဆင်ခြင်ကြသောကြောင့် ဖြစ်သည်။ တနေ့ ဘုရားသခင်၏ စစ်ဆေးခြင်းကို ခံရဦးမည်ဟူသောအရာကို ဂရုမစိုက်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရား၏ ဘုန်းတော်နှင့်ကြီး မြတ်တော်မူခြင်းကို ဆင်ခြင်ကြပါစို့။ 


 ယခုခေတ်၌ ဘုရားသခင်သည် သူ၏ ဘုန်းတော်နှင့် တန်ခိုးတော်ကို ယခင်ကဲ့သို့ လူသားများအပေါ်၌ မပြတော့ချေ။ အချို့သော နေရာ၊ အထူးသဖြင့် ကျမ်းစာ မရှိသော နေရာ၊ ခရစ်ယာန် မရှိသော နေရာများ၌ သာလျှင် အချို့သောသူများ ထံသူ၏ ဘုန်းကို ထင်ရှားစေတတ်သည်။ သို့ဖြစ်လျှင် ဘုရားသခင်၏ ဘုန်းတော်ကို မည်ကဲ့သို့ မြင်ရ၊ သိရမည်နည်း။ ကျမ်းစာထဲမှသိမြင်နိင်သည်။ ကျမ်းစာထဲမှဘုရား ဘုန်းတော် တွေ့မြင်သောသူများ၏ အသက်တာအားဖြင့် တဆင့်တွေမြင်နိုင်သည်။ 
 
 ဣသရေလ လူမျိုးများ 


 ဣသရေလ လူများသည် ဘုရားသခင်၏ ဘုန်းတော်နှင့် တန်ခိုးတော်ကို အဲဂုတ္တု ပြည်နှင့် လမ်းတလျှောက်လုံး၌ ကောင်းစွာ တွေ့မြင်ခံစား ခဲ့ ကြသည်။ လူမတတ်နိုင်သောအရာများ၊ နိင်းမြစ်ရေသွေး ဖြစ်ခြင်း (ထွက် ရး၂၀)၊ အဲဂုတ္တု တပြည် လုံးဘားနှင့် ပြည့်ခြင်း (ထွက် ၈:၁-၆)၊ ခြင်ကောင်များ (ထွက် ၈:၁၆-၁ရ)၊ ယင်ရဲများ ပေါက်ပွါးခြင်း (ထွက် ၈:၂၀-၂၄)၊ တိရစ္ဆာန်များ သေခြင်း (ထွက် ၉:၁ -ရ)၊ အနာဆိုးပေါက်ခြင်း (ထွက် ၉:၈-၁၂)၊ မီးနှင့် ရောသော မိုဃ်းသီးကျ၍ လူနှင့် တိရစ္ဆာန်များ သေကျေခြင်း (ထွက် ၉:၂၃-၂၆)၊ မြေမပေါ်အောင်များပြားလှသော ကျိုင်းကောင်းများ တပြည် လုံးဖုံးခြင်း (ထွက် ၁၀:၁၂-၁၅)၊ သာမ ညမှောင်မိုက် မဟုတ်ခံစား နိင်သော အမှောင်သုံးရက်လုံးလုံး ကျရောက်ခြင်း (ထွက် ၁၀:၂၁-၂၃)၊နှင့် နောက်ဆုံးအဲဂုတ္တု လူများ၏သား ဦးနှင့် တိရစ္ဆာန်သား ဦးများ သေခြင်း (ထွက် ၁၂) များဖြင့် ဘုရားသခင်၏ တန်ခိုးတော်ကို တွေ့မြင်ခဲ့ ကြသည်။ 


ထို့အပြင် လမ်းခရီးတွင် နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ဦးဆောင်ခြင်း (ထွက် ၁၃:၂၁-၂၂)၊ ပင်လယ်ကို ခွဲ၍ ဣသရေလ လူများသည် ပင်လယ်ကြမ်းပြင်၌ လျှောက်သွားရသော်လည်း အဲဂုတ္တု လူများကိုမူ ပင်လယ်ရေကလွှမ်းမိုးခြင်း (ထွက် ၁၄)၊ လူမလုပ်သော ကောင်းကင် မန္နမုန့်ဖြင့် နှစ်ပေါင်း၄၀ ကျွေးမွေးခြင်း၊ ကျောက်ထဲမှ ထွက်သော ရေဖြင့် ရေငတ်ပြေစေခြင်း၊ သိနာတောင်မှာမီးခိုးများ ထွက်၍ ကြီးမားသော အသံဖြင့် ဘုရားသခင်သည် စကားပြောခြင်းများကို မြင်တွေ့ရ ကြသည်။ ဘုရားသခင်၏ ဘုန်းတော်ကို ကြားသိမြင် တွေ့သောကြောင့် အလွန် ကြောက်၍ မောရှေထံ၌ ဘုရားသခင်က နောက်ထပ် စကား မပြောဘို့ရန် တောင်းဆိုကြသည် (ထွက် ၁၉)။ သို့သော် သူတို့သည် မကြာမှီ ဘုရားသခင်ကို မေ့၍ အခြားသော ဘုရားများကို ကိုးကွယ် ကြသည်။ ဘုရားသခင်ကို မယုံကြည် သောကြောင့် လမ်းတလျှောက်လုံးမြည်တမ်း ကြသည်။ ထို့ကြောင့် ဘုရားသခင်က၊ “သင်တို့ အဘများသည် အနှစ်လေးဆယ်ပတ်လုံးငါ့ကို အနည်းနည်းစုံစမ်း၍ ငါ၏ အမှုတို့ကို မြင်ရသော တောတွင် ငါ့ကို ဆန့်ကျင်ဘက် ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ထိုလူမျိုးကို ငါရွံသည် ဖြစ်၍ ထို သူတို့သည် စိတ်သဘော မှားယွင်းတတ်သော လူမျိုး ဖြစ်ကြ၏။ ငါ၏ အလေ့အ လာတို့ကို နားမလည် ကြဟု ငါဆိုရ၏။ ထို့ကြောင့် သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏။” ဟုဆိုခဲ့သည် (ဆာ၊ ၉၅:၉-၁၁)။ 
 
 ဒါဝိဒ်


 ဒါဝိဒ်သည် အခြားသောသူများ ကဲ့သို့ ဘုရားသခင်ကို မြင်သည်ဟု ကျမ်းစာထဲ၌ မတွေ့ရချေ။ သို့သော် ဘုရားသခင်၏ ဘုန်းတော်နှင့်ကြီး မြတ်ခြင်းများကို ဆာလံကျမ်းထဲ၌ များစွာ ရေးသား ထားသည်။ သို့ဖြစ်လျှင် သူသည် ဘုရား၏ ဘုန်းတော်ကို မည်ကဲ့သို့ သိမြင်ခဲ့သနည်း။ ဖန်ဆင်းတော်မူသော အရာများကို ကြည့်ခြင်းအားဖြင့် သိမြင်ခြင်း ဖြစ်သည်။ သူသည် ညီအစ်ကို မောင်နှမများထဲ၌ အငယ်ဆုံး ဖြစ်သည်။ သူ၏ စောစော ပိုင်းအသက်တာသည် တော၌ သိုးထိန်းခြင်းအားဖြင့် ကုန်လွန်ခဲ့သည်။ ထိုသို့ သိုးထိန်းရာတွင် ဘုရား ဖန်ဆင်းထားသော အရာများကို ဆင်ခြင်ခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းတော်၊ တန်ခိုးတော်များကို မြင်တွေ့ရသည်။ ထို့အပြင် ဒုက္ခ ရောက်သောအခါ ဘုရား ထံ၌ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ ကွယ်ကာမစမှုများကို ခံစားရသည်။ 
 
ဒံယေလ


ဒံယေလသည် ဘုရားသခင်၏ ဘုန်းတော်ကို မျက်စိဖြင့် မြင်၍ နားဖြင့် ကြားခဲ့ကြောင်း သူကိုယ်တိုင် ဤသို့ ရေးသား ထားသည်၊ “ပဌမ လနှစ်ဆယ် လေးရက်နေ့၌ ငါသည် ဟိဒကေလမြစ်ကြီး အနားမှာ ရှိစဉ်၊ မျှော်ကြည့်၍၊ ပိတ် ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက် ရှိသော လူတဦးကို မြင်၏။ သူ၏ ကိုယ်သည် ကျောက်မျက်ရဲွကဲ့သို့ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်​ခြေတို့သည် ဦးသစ်သော ​ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကား သံသည် များစွာသော လူစုအ သံနှင့် တူ၏။ ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက် တည်းမြင်ရ၏။ ငါနှင့်အတူ ပါသော လူတို့သည် မမြင်ရကြ။ သူတို့သည် အလွန် ကြောက်ရံွ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့်၊ ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။ ငါမူကား၊ တယောက် တည်းနေရစ်၍ ထိုကြီးစွာသော ရူပါရုံကို မြင်ရလျှင်၊ ခွန်အား လျော့၍ မျက်နှာပျက််လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်း မရှိ ဖြစ်လေ၏။ သို့ရာတွင်၊ ထိုသူ၏ စကား သံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။ ထိုအခါလက်တဘက်သည် ငါ့ကို ကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက် နေရ၏။ သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည် အံ့သောငှါ မတ်တပ်နေလော့။ သင်ရှိရာသို့ ငါ့ကို စေလွတ်တော်မူ၍၊ ယခုငါလာ ပြီ ဟုဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တပ်နေ၏။” (ဒံယေလ ၁၀:၄-၁၁) ခြင်္သေ့နှင့် ရှင်ဘုရင်အမိန့်ကို မကြောက်သော ဒံယေလသည် အထက်ပါ ကျမ်းပိုဒ်အရဘု ရားသခင် သို့မဟုတ် ကောင်းကင်တမန်ကို ဘုန်းတော်နှင့် မြင်သောအခါ အလွန် ကြောက်လန့်ခဲ့သည်။ သူသည် ဘုရားသခင်ကို ကြောက်သောကြောင့် လူကြောက် တတ်သော အရာများကို မကြောက်ရခြင်း ဖြစ်သည်။ 
 
ပေတ ၇ ုု၊ ယာကုပ်နှင့် ယောဟန်


 တမန်တော် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ခရစ်တော်၏ ဘုန်းကို တွေ့မြင်ခဲ့ ကြသည်။ “​ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာ ကုပ်၊ ယာကုပ်ညီယောဟန်တို့ကို ခေါ်၍ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ် ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ ရှေ့၌ ထူးခြားသော အဆင်းအ ရောင်နှင့် ပြည့်စုံသည် ဖြစ်၍ ။ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက် ရှိ၏။ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။ ထိုအခါ ပေတရုက၊ သခင်၊ ဤ အရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့ တဆောင်၊ တဲသုံးဆောင်ကို အလိုတော် ရှိလျှင် အ​ကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။ ထိုသို့ လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထို သူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်း။ သူ၏ စကားကို နားထောင် ကြလော့ဟု မိုးဃ်းတိမ်ကအသံတော် ဖြစ်လေ၏။ တပည့်တော်တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ အလွန် ကြောက် လန့်ခြင်းရှိကြ၏။ ယေရှုသည် လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊ သူတို့သည် ကြည့်မြော်သဖြင့်၊ ယေရှု တယောက် တည်းမှတပါး၊ အဘယ်သူကိုမျှ မမြင်ကြ။” (မ ၁ရး၁-၈)။ တမန်တော်တို့သည် ယေရှု၏ ဘုန်းတော်ကို တွေ့မြင်သောအခါ အလွန် ကြောက်ရွံ့ကြကြောင်း တွေ့ရသည်။ 
 
ယောဟန်


 တမန်တော် ယောဟန်သည် အသက် ကြီးသောအခါ ထပ်မံ၍ သခင်ယေရှု၏ ဘုန်းတော်ကို ပတ်မု​ကျွနး်၌ ထောင်ကျစဉ်တွင် ဤကဲ့သို့ မြင်တွေ့ရပြန်သည်။ “ထိုသို့ ငါနှင့် စကားပြော၍ အသံမြည်သောသူကို မြင်ခြင််းငှါ ငါသည် လှည့် ကြည်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦးကို၎င်း၊ မြင်၏။ ထိုသူသည် ​ခြေသို့ တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက် ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ​ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ​ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒ​ရာသံကဲ့ ဖြစ်၏။ လကျ်ာလက်တော်သည်လည်း ကြယ် ခုနစ်လုံးကိုကိုင်၏။ ခံတွင်း တော် ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။ ထိုသူကို ငါမြင်သောအခါ၊ သေမတတ် ဖြစ်၍ ​ခြေတော် ရင်း၌ လဲလျက် နေ၏။” (ဗျာ ၁:၁၂-၁ရ) အသက် ကြီးသောသူသည် ကြောက်စိတ်မရှိတတ်ချေ။ တမန်တော် ယောဟန်သည် ခရစ်တော်၏ ရင်ခွင်၌ လျောင်းတတ်သည်။ အဘယ်ကြောင့်မကြောက်ခဲ့သနည်းဟူမူကား ခရစ်တော်သည် ဘုန်းတော်ကို ထားခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ခရစ်တော်ကို သူ၏ ဘုန်းတော်နှင့် တေ့ွ မြင်သောအခါ သေမတတ် ဖြစ်၍ ​ခြေတော် ရင်း၌ လဲလျက် နေသည်။ မည်သူမဆို ဘုရားသခင်ကို သူ၏ ဘုန်းတော်နှင့် တွေ့မြင်ပါက ယောဟန်ကဲ့သို့ အလွန် ကြောက် လန့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို စိတ်ဝိညာဉ်ဖြင့် မြင်လျက် ကြောက် လန့်ကြစို့။ ဘုရားသခင်ကို ကြောက်ပါက ရိုသေမည်၊ အပြစ်ကိုလည်း ရွံရှာပေမည်။ သူခိုင်းသော အလုပ်ကိုလည်း ပြာပြာသလဲ ပြုလုပ်မည်။ ဘုရား မုန်းသောအရာကို မုန်း၍ ဘုရား ချစ်သောအရာကိုသာ ချစ်လာပေမည်။ ယခုမူကား ဘုရားသခင်နှင့် ဝေးလွန်းသောကြောင့် သူ့ကို မကြောက်၊ ဂရုလည်း မစိုက်၊ မိမိလုပ်ချင်သောအရာကိုသာ လုပ် ကြသည်။ အလွန် ဝမ်းနည်းစရာ ပင်။ 
 
 
ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် အဓိက

ပျောက်ဆုံးဝိညာဉ် ချစ်ခြင်း ဖမ်းခြင်းသည် ခရစ်ယာန် အသက်တာ၏သော့ ချက် ဖြစ်သည်။ ပျောက်ဆုံးဝိညာဉ်များကို မချစ်၊ ဂရုမစိုက်လျှင် ဇာတိ ခရစ်ယာန် ဖြစ်ဘို့ သာလျှင် ရှိတော့သည်။ အကြောင်းမှာ ဝိညာဉ်များမချစ်လျှင် သူတို့ကို ဂရု စိုက်ခြင်း မရှိ။ သူတို့ကို ဂရုမစိုက်လျှင် မိမိကိုယ်ကိုသာလျှင် ဂရုစိုက်မည်။ ကိုယ်ကိုယ်ကိုသာ ဂရုစိုက်လျှင် တကိုယ်ကောင်းဆန်၍ လူများနှင့် ရောနှောခြင်းသည် ရှုပ်သည်။ ကပ်စေးလည်း နှ​ဲမည်။ သည်း ခံခြင်းလည်း မရှိ။ အနစ်နာလည်း မခံနိင်။ သူတပါးကိုသာ အပြစ် မြင်မည်။ နှိမ့့််ချခြင်းလည်း မရှိနိင်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီးသော ခရစ်ယာန် တိုင်း ပျောက်ဆုံးသော ဝိညာဉ်များကို ချစ်၍ သနားမှ သာစစ်မှန်သော ခရစ်ယာန်၏ အသက်တာဖြင့် အသက်ရှင်နိင်ပေမည်။ 
 
ရေရွယ်ချက်မှားယွင်းခြင်း 

ယနေ့ ခရစ်ယာန် အများစုသည် ရည်ရွယ်ချက်မှား နေကြသည်။ ကယ်တင်ခြင်းသို့ ရောက်ပြီး လျှင်တော် ပြီဟု ထင်မှတ် ကြသည်။ ကြီးထွားရင့်ကျက်၍ တိုးပွါး ဘို့ရန် မရည်ရွယ်ကြ။ ဘုရားသခင်၏ အလိုတော် မှာလူတိုင်း ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေလိုသည် (၁ ၂:၄)။ ထိုနောက် သမ္မာတရား၌ ကျင် လည်စေချင်သည် (၂ ယော ၃-၄၊ ၃ ယော ၃-၄)။ သမ္မာတရား၌ ကျင်လည်းခြင်း ဆိုသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်အတိုင်းရည်ရွယ်၍ အသက်ရှင်ခြင်း ဖြစ်သည်။ ဘုရားကြိုက်သောအရာကို ကြိုက်၍ ဘုရား မုန်းသောအရာကို မုန်းရမည်။ ဘုရား ဦးစားပေးသောအရာကို ဦးစားပေး၍ ဘုရား လျစ်လျူရှုသောအရာကို လျစ်လျူရှုရမည်။ ဘုရား ဦးစားပေးသောအရာ တခုသည် ပျောက်ဆုံးသော ဝိညာဉ်များကို ဖမ်းခြင်း ဖြစ်သည်။ သို့သော် ယနေ့ ယုံကြည်သူများသည် ဘုရားသခင်ထံမှ ကောင်းကြီးနှင့် ကွယ်ကာမှု သာလိုချင်၍ ဘုရား ခိုင်းသောအရာကို စိတ်မဝင်စား၊ လုပ်လည်း မလုပ်လိုကြ။ ထို့ထက် မိမိတို့ အလိုဆန္ဒပြည့် စုံဘို့ သာစိတ်ဝင်စား ကြသည်။ မိမိ အလိုဆန္ဒ ပြည့်စုံဘို့ရန်သာ ဆုတောင်း ကြသည်။ 
 
သခင်ယေရှု၏ နမူနာ

သခင်ယေရှု ဤလောက၌ နေစဉ်တွင် ဘုရား သားများမည်သည့်အရာကို ဦးစားပေးရမည်ကို ပုံသက်သေကောင်းစွာ ပြသအသက်ရှင်သွားခဲ့သည်။ တပည့်တော်များက၊ “အရှင်ဘုရား၊ အစာကို သုံးဆောင်တော်မူပါဟု တောင်း ပန်ကြလျှင်၊ သင်တို့ မသိသော စားစရာသည် ငါ၌ ရှိသည်ဟု မိန့်တော်မူ၏။ ထိုကြောင့် တပည့်တော်တို့ က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်းမေးမြန်းကြလျှင် ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင််ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။” ဟုဆိုခဲ့သည် (ယော ၄:၃၁-၃၄)။ သခင်ယေရှု၏ စားစရာသည် အဘယ်အရာနည်း။ သူကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှု ဖြစ်သည်။ ​ကျွန်ပ်တို့၏ စားစရာသည် မည့်သည့် အရာ ဖြစ်သနည်း။ လောက အလုပ်လုပ်ခြင်း၊ ငွေရှာခြင်း၊ ပျော်ရွှင်မှု ရှာခြင်း မဟုတ်လော။ ယုံကြည်သူ ဖြစ်သော်လည်း ကယ်တင်ရှင် ဘုရားသခင်၏ အလိုတော် မလုပ်၊ လုပ်လျှင်လည်း ခရစ်တော် ကဲ့သို့ ပြီးစီးအောင် မဆောင်ရွက်ခြင်းသည် အလွန် အံ့ဩစရာ ဖြစ်သည်။ ယခုမှစ၍ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုကို ဆောင်ရွက်ကြစို့။ 

သို့ဖြစ်လျှင် ခရစ်တော်က “သူ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း” သည် အဘယ်အရာကို ဆိုလိုသနည်း။ ထိုသို့ ခရစ်တော် ကပြောခြင်းသည် ရှမာရိအမျိုးသမီးကို ကယ်တင်ခြင်း အကြောင်းကို ပြောပြီးသောအချိန် ဖြစ်သည်။ ခရစ်တော် ကရှမာရိအမျိုးသမီးထံ သူ့ကိုယ်သူ ကယ်တင်ရှင် တည်းဟူသော မေရှိယ ဖြစ်ကြောင်း ပြောပြသောအခါ ရှမာရိအမျိုးသမီးသည် အလွန် ဝမ်းမြောက်သောကြောင့် ရေခပ်ဘို့ရန် လာခဲ့သော်လည်း ရေအိုးကို ရေတွင်း၌ ထားခဲ့၍ မြို့သူမြို့သားများထံသို့ ခရစ်တော် အကြောင်းကို ပြောခဲ့သည် (ယော ၄:၂၈)။ ရှမာရိအမျိုးသမီးသည် ရေအိုးကို မေ့ သကဲ့သို့ ခရစ်တော်လည်း အစာကို ပင်စားစ ရာမလိုလောက်အောင် ဝမ်းမြောက်သည်။ ထို့ကြောင့် ပျောက်ဆုံးသော ဝိညာဉ် ဖမ်းလျှင် နှစ်ဖက်စလုံး အလွန် ဝမ်းမြောက် စေသည်။ 
 
စိတ်နှိမ့်ချနိင်မည်

ပျောက်ဆုံးသော ဝိညာဉ် ဖမ်းသောသူသည် စိတ်နှိမ့်ချနိင်သည်။ အကြောင်းမှာ ဝိညာဉ်များကို ဖမ်းချင် သောကြောင့် အလိုလိုနေရင်းဖြင့် မာန်မာနများကို စွန့်လွှတ်ကာစိတ်နှိမ့်ချသည်။ စိတ်မနှိမ့်ချလျှင် ဝိညာဉ်များကို ဖမ်းနိုင်မည် မဟုတ်။ မုတ်ဆိုးသည်သား ကောင်များကို ဖမ်းချင်သောအခါ တောထဲ၌ အလွန် အကျင့် ကောင်းသည်။ ဆူပူသောင်းကြမ်းခြင်း မပြု၊ အရက်ဆေးလိပ်မသောက်၊ ငြိမ်သက်စွာ မလှုပ်မရှက်နေ သကဲ့သို့ ပျောက်ဆုံးဝိညာဉ် ဖမ်းလိုသောသူသည် အရာရာ၌ ချုပ်တည်းရသည်။ ထိုသို့သောအားဖြင့် စိတ်နှိမ့်ချ နိင်သည်။ 
 
မေတ္တာပွါးမျာ နိင်သည် 


ပျောက်ဆုံးဝိညာဉ် ဖမ်းချင်သောသူသည် လူတိုင်းကို မေတ္တာပွါးများ နိင်သည်။ အကြောင်းမှာ သူ၏ အပြင်ပန်းကို မကြည့်တော့ဘဲ ဝိညာဉ်ကိုသာ ဂရုစိုက် သောကြောင့်၊ ဝိညာဉ် ငရဲကျမည့် အရာကို သိမြင်နေသောကြောင့် သနားစိတ်ရှိ လာမည်။ ထို့ကြောင့် သူတပါး၏ လိုအပ်ချက်များကိုလည်း ကူညီလိုသော ဆန္ဒရှိ လာမည်။ ထိုသို့ သနားခြင်း၊ ကူညီမစခြင်းသည် မေတ္တာ၏ အစ ဖြစ်သည်။ သခင်ယေရှု ဥပမာပေးသော ကောင်းသော ရှမာရိကဲ့သို့ ကျင့်လာနိင်မည်။ ပျောက် ဆုံး ဝိညာဉ်ကို ဂရုမစိုက်သောသူမူကား မည်မျှပင်ကျမ်းစာ နားလည်ပါစေ၊ မည်မျှပင်ဆုတောင်း ပါစေ၊ မည်မျှပင်ပေးလªပါစေလူများကို မချစ်နိုင်၊ သည်းမခံနိင်ချေ။ ထို့ကြောင့် ပျောက်ဆုံးဝိညာဉ် များ၏ သွားရမည့် နိဂုံးကို ဝိညာဉ် မျက်စိဖြင့် မြင် ယောင်၍ သူတို့ကို ထိုနေရာမှကယ်နှုတ်ဘို့ရန် မိမိအချိန်၊ ဘဏ္ဍာနှင့် စွမ်းအားတို့ကို အသုံးပြုကြပါစို့။ 
 

သေခြင်း ဆိုးနှင့် သေခြင်း ကောင်း

မြန်မာပြည်၌ တယောက်နှင့် တယောက် ကျိန်သောအခါ သေခြင်း ဆိုးနှင့် သေပါစေ ဟုဆိုတတ်ကြသည်။ သို့ဖြစ်လျှင် သေခြင်း ဆိုးသည် အဘယ်အရာကို ဆိုလိုသနည်း။ သူတို့ ဆိုလိုသောအရာ မှာကျားကိုက်၍ ဖြစ်စေ၊ ကား တိုက်၍ ဖြစ်စေ၊ အစိမ်းသေသေခြင်းကို ဆိုလိုသည်။ သေခြင်း ဆိုးရှိသော်လည်း သေခြင်း ကောင်းဟူသောအရာကို မကြားဘူးချေ။ အကြောင်းမှာ သေခြင်းသည် ကောင်းသည်ဟု မခံယူသောကြောင့် ဖြစ်မည်။ လူ့အမြင် မှာသူတပါးနှမျောခြင်း မရှိဘဲ သေသွားခြင်းသည် သေခြင်း ဆိုး ဖြစ်သည်။ လူတိုင်း၏ နှမြောခြင်း ခံရ၍ လူ များစွာ ကငိုယိုလျက် သင်္ချိုင်းသို့ ပို့ဆောင်လျှင် သေခြင်း ကောင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ လူ့အမြင်၌ လူတိုင်း၏ နှမြောခြင်းဖြင့် သေခြင်းသည် အလွန် ကောင်းပါသည်။ သို့သော် လူများ၏ နှမြောခြင်း ခံရရုံဖြင့် အကောင်းဆုံး မဟုတ် သေးပါ။ 

သေခြင်းနှင့် ပတ်သက်၍ အချို့သောသူများသည် ကြိုတင် ပြင်ဆင် ထား ကြသည်။ သူတို့ ပြင်ဆင် ထားသော အရာများမှာ၊ သင်္ချိုင်းမြေနေရာဝယ်ခြင်း၊ လင်မယား ဘေးချင်းယှဉ်၍ သော်၎င်း၊ အောက်နှင့် အပေါ်ထပ်၍ သော်၎င်း၊ မြုပ် နှံရန်အုတ်ဂူဆောက်ခြင်း၊ အသုဘချရာတွင် ကုန်ကျမည့် အရာများ ကြိုတင် စု ဆောင်းခြင်း၊ ကုန်ကျမည့် စရိတ်များ ကြိုတင် ပြင်ဆင်ခြင်းများပြုလုပ် တတ်ကြသည်။ ထိုသု့ိ ပြင်ဆင်ခြင်း များသည် ကောင်းပါသည်။ ကျန်ရစ်သူမိသားစုများအတွက် ဝမ်းနည်းနေချိန်တွင် အပူအပင်ကင်းစေသည်။ သို့သော် ထိုသို့ ပြင်ဆင်ခြင်းသည် ကိုယ်ခန္ဓာအတွက် သာလျှင် ဖြစ်၍ စိတ်ဝိညာဉ် အတွက် မပါသောကြောင့် လုံးဝ မလုံလောက်ချေ။ 

ယနေ့ အမေရိကန်ရောက် ခရစ်ယာန်များအထဲ၌ သေခြင်းသည် အလွန် ကြီးမားသောအရာ ဖြစ်သည်။ အသင်းတော်များက အသင်းသား ဝင်ဘို့ ဆွယ်ရာတွင် သေသွားသောအခါ အသုဘကိစ္စအဝ ၀ကို အသင်းတော် ကတာဝန် ယူမည် ဟူသောအရာသည် အလွန် ထိရောက်သောအရာ ဖြစ်သည်။ ယုံကြည်ခြင်း မရှိ သောသူ၊ မခိုင်မာသောသူများအတွက် ထိုအရာသည် အလွန် အရေးကြီး သောကြောင့် အသင်းဝင်သောအခါ သေသောအခါ အကောင်းဆုံးတာဝန် ခံမည့် အသင်းတော်ကို ရွေးချယ် ကြသည်။ ထိုအရာလည်း စဉ်းစားစရာပင် ဖြစ်သည်။ အကြောင်းမှာ အမေရိကန်၌ သေလျှင် အသုဘစရိတ်သည် ဒေါ်လာတစ်သောင်းမှနှစ်သောင်း ခန့်ရှိသည်။ သို့သော် ထိုအရာ တခုတည်း ကြည့်၍ အသင်းတော် ဝင်ခြင်း မျိုးသည် အကောင်းဆုံး ပြင်ဆင် မှုနှင့် ​ေ¶ွးချယ်မှု မဟုတ်ချေ။ 

လူသည် ကျမ်းစာ အရအပြစ်ရှိသောကြောင့် တနေ့နေ့သေရမည် ဖြစ်သည်။ ထိုသို့ သေသောအခါ လူ့အမြင် ကိုယ်ခန္ဓာပိုင်း၌ အထက်ကရေးထားသ ကဲ့သို့ သေခြင်း ဆိုးနှင့် သေခြင်းရှိနိင်သည်။ သို့သော် ထိုအရာထက် စဉ်းစားသင့်သောအရာသည် ကိုယ်ခန္ဓာသေသွားပြီး နောက်စိတ် ဝိညာဉ် မည့်သည့်နေရာ၌ သွား မည်နည်းဟူသောအရာသည် ပို၍ စဉ်စားသင့်သောအရာ ဖြစ်သည်။ ကျမ်းစာ၌၊ “ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသော သူတို့၏ သေခြင်း အရာသည် အဘိုးကြီး လှ၏။” ဟုဆိုထားသည် (ဆာ ၁၁၆:၁၅)။ အဘယ်ကြောင့် ထာဝရဘုရားရှေ့တော်၌ သန့်ရှင်း သူများ၏ သေခြင်းသည် အဘိုးကြီး သနည်းဟူမူကား သန့်ရှင်း သူများသည် သူနေသော ကောင်းကင်နိင်ငံသို့ ဝင်စားသောကြောင့် ဖြစ်သည်။ ဝိညာဉ် ကောင်းကင်သို့ တက်ခြင်းသည် အလွန် ကောင်းသည်။ အကြောင်းမှာ ကောင်းကင်၌ မျက်ရည်ကျခြင်း၊ သေခြင်း၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်း မရှိတော့ချေ (ဗျာ ၂၁:၄)။ ထို့ကြောင့် ကိုယ်ခန္ဓာသည် မည်ကဲ့သို့သော သေခြင်းဖြင့် သေသည် ဖြစ်စေ၊ စိတ်ဝိညာဉ် ကောင်းကင်သို့ ရောက်လျှင် သေခြင်း ကောင်း ဟုဆိုနိင်သည်။ ထိုသို့မဟုတ်၊ စိတ်ဝိညာဉ် ငရဲသို့ ကျလျှင် ကျန်ရစ်သောသူများက မည်မျှပင်နှမျှော် ကြသော်လည်း သေခြင်း ဆိုး ဖြစ်သည်။ အကြောင်းမှာ ငရဲသည် ပိုးမသေမီးမငြိမ်း၊ ထာဝရ ဒုက္ခ ခံသော နေရာ၊ အံသွားခဲကြိတ်သော နေရာ ဖြစ်သည်။ (မ ၁၃:၄၂၊ ၅၀ မာ ၉:၄၈)။ 

ထို့ကြောင့် ခရစ်တော်က၊ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိင်သောသူကိုသာ၍ ကြောက်ကြလော့။” ဟုဆိုထားခြင်း ဖြစ်သည် (မ ၁၀:၂၈)။ ထို့အပြင်၊ “လူသည် ဤစကြ်ဝဠာကို အကြင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။” ဟုဆိုသည် (မ ၁၆:၂၆)။ ကိုယ်ခန္ဓာ ရှိသောကြောင့် စားရဝတ်ရသည်။ သို့သော် ကိုယ်ခန္ဓာထက် ဝိညာဉ်ကို ပို၍ ဦးစား ပေးရမည်။ အကြောင်းမှာ ကိုယ်ခန္ဓာသည် သေပြီး နောက်မြေမှုန့်ဖြစ်၍ ဘာမျှခံ စားရတော့မည် မဟုတ်။ ဝိညာဉ် မူကား မသေနိင်တော့ဘဲ ထာဝရ ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ် ထာဝရ ကောင်းကင်ဘုံ၌ စံစားရမည့် အရာကိုသာ ​ေ¶ွး ချယ်ကြစို့။ သေခြင်း ကောင်း တည်းဟူသော ကောင်းကင် နိုင်ငံရောက်ဘို့ အရေးကို အလေးပေးကြစို့။ ပုပ်ပျက်သွားမည့် ကိုယ်ခန္ဓာအတွက် အဓိကမထားကြဘို့ရန် တိုက်တွန်းနိုးဆော်ပါသည်။ အသုဘနေ့၌ ကောင်းစွာ ပြုစုခြင်းကိုသာ အဓိက မထားကြစို့နှင့်။ 
 


 သက်သေခံချက်
မသီတာ (Syracuse, New York) 
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၀ နှစ်ကုန်ခါနီးမှာ Lansing, Michigan State ၌ ဆရာမနန်ဘူသည် ယုံကြည်သူများကို ကျမ်းစာ သင်တန်း နှစ်ပတ်လာသင်ပေးခဲ့ပါတယ်။ ဆရာမအား ကျေးဇူးတင်သောကြောင့် ပြန်ခါ နီးတွင်၍ Indian Restaurant  အသစ်တွင် ဒံပေါက်လိုက်ကျွေးခဲ့ပါတယ်။ စား ပြီး၍ ပြန်လာပြီး ကတည်း ကစ၍ ​ကျွန်မကောအမကြီး ပါခေါင်းများကိုက်ပါတယ်။ နောက်တနေ့မနက်တွင် မခံမရပ်နိင်အောင် ခေါင်းကိုက်လွန်း၍ အော့အန်မှုများဖြစ်ခဲ့ပါတယ်။ အစာများအန်ခြင်း မဟုတ်ဘဲ ချဉ်စုပ်စုပ်အဖြူရည်များသာအန် ပါတယ်။ ညနေ ၄ နာရီတွင် အန်တာ လုံးဝ မရပ်တော့မခံနိုင်တော့သည့်အဆုံး St. Joseph Emergency သို့ အမျိုးသားကို ကား မောင်းပို့ခိုင်းပါတယ်။ 

Syracuse  မှာနေထိုင် သူများ ကတော့အရေးပေါ်ဌါနသွားရင်တနေ ကုန်တညလုံးစောင့်ရသည့်အကြောင်း သိကြပါတယ်။ ဒါကြောင့်ကျမ်းစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ မှတ်စာအုပ်၊ ရေဗူးစသဖြင့် အားလုံး ခြင်း တောင်းနဲ့ထည့်ပြီး ​ကျွန်မသွားခဲ့ပါတယ်။ ညနေ ၄ နာရီ ကျော်မှစောင့်ပြီး ည၁၀ နာရီ ကျော်မှ ဆရာဝန်ပြဘို့ သီးသန့်အခန်းထဲသို့ ဝင်ရပါတယ်။ ထူးခြားချက်မှာဆရာမ က​ကျွန်မကို လူနာဝတ်စုံကို ဝတ်ခိုင်းပြီး ကုတင်ပေါ်မှာ လှဲခိုင်းပါတယ်။ လူနာများလွန်းလို့သူ့အတွက် သက်သာအောင် အဆင်ပြေ၍ ​ကျွန်မကို၍ IV သွင်းဘို့ အပ်အကြီးကြီး လက်ဖျံ (တံတောင်ဆစ်အနား) မှာထိုးသွင်ပြီး ပလစတာနဲ့ပိုက် တန်းလန်းချထားပါတယ်။ 

ဆရာဝန်လှည့်လည်တဲ့အခါ IV သွင်းတော့လို့အမိန့်ပေးရင်ချက်ချင်း သွင်းနိုင်ဘို့ အဆင်သင့်ပြင်ထားခြင်း ဖြစ်တယ်လို့ပြောပါတယ်။ အပ်တန်းလန်းနဲ့ လက်ကွေးလို့မရ၊ ချလို့လည်း မရအတော် လေးဒုက္ခ ရောက်ပါတယ်။ သူမကြာခင် ရောက်လာမယ်ဆိုတာဆရာဝန်က ၃ နာရီ ထပ်စောင့်မှဘဲ ရောက်လာပါတော့ တယ်။ ဆရာဝန်မလာခင်အိပ်မပျော်မိအောင်၊ လက်မကွေးမိအောင် လက် မြှောက်ထားရတာ​ကျွန်မမျက်စိထဲမှာ ၃ နာရီ မဟုတ် ၆ နာရီ တိတိကား တိုင်မှာလက်မြှောက်ထားပြီး လက်မကွေးနိင်မချနိင်အောင် သံမှိုအရိုက်ခံထား တဲ့​ကျွန်မတို့ ရဲ့အရှင်သခင်ယေရှုကို မြင်ယောင်မိပါတယ်။ ဒါ့အပြင်​ကျွန်မကြီး လှ ပြီလို့ထင်ရတဲ့ IV အပ်ကြီး ဟာ ခရစ်တော် လက်ထဲမှသံမှိုနဲ့နှိုင်းဆရင်ဘာမှမ ပြောပလောက်ဘူးလို့မြင်ယောင်မိပါတယ်။ ဘုရားသခင် ရဲ့မေတ္တာဂရုဏာနဲ့ယေရှုရဲ့ခံစားရတဲ့နာကျင်မှု ဝေဒနာကို ​ကျွန်မအနည်းငယ်ခံစားရင်းမျက်ရည်ကျလျက် ချီးမွမ်း ခဲ့ပါတယ်။ ဆရာမကိုလည်း အဲဒီအကြောင်းကို ဥပမာပြောပြီး ဧဝံဂေလိ တရားဟော ခဲ့ ရပါတယ်။ 

မနက်တစ်နာရီ ခွဲကျမှဘဲ တကယ့် IV သွင်းပေးပြီး အိမ်ပြန်ခွင့်ရခဲ့ပါတယ်။ Stomach Flue နဲ့ Urine Infection တွေ ဖြစ်ကြောင်း ပြန်သိရပါတယ်။ အိမ်မပြန်ခင် ဆေးရုံပေါ်မှချီးမွမ်းချက်များကို ယုံကြည်သူများအား ပြန်ပြောပြချင် ပါတယ်။ 
 
၁။ အော့အန်ပြီး ဘာမှမစားနိင်မသောက်နိင်ခေါင်းကိုက်တဲ့အခါ ဘုရားသခင်က ကောင်းမွန်စွာ စားသောက်ခွင့်ကျန်းမာခွင့်ပေးထားတဲ့အရာများကို ပိုမိုတန်ဘိုး ထားပြီး ကျေးဇူးတော် ချီးမွမ်းမိပါတယ်။ 
၂။ Emergency waiting room တွင် အကြာကြီး စောင့်ရတဲ့အခါတစ်နာရီလောက်သာစောင့်ရတဲ့ကို်ယ်ပိုင်ဆရာဝန် Primary Care နှင့်  Health Insurance များပေးခြင်းကို ပိုသတိရကာကျေးဇူးတော် ချီးမွမ်းမိပါတယ်။ 
၃။ လူနာ များစွာ အိပ်ခဲ့တဲ့နေရာ၊ အချို့ဆို​ကျွန်မဒီညဆေးရုံမှာလှဲအိပ်ရတဲ့ကုတင်တွင် သေသွားခဲ့ရတဲ့လူလည်းရှိမယ်၊ ဒီကုတင်ကို ကြည့်ပြီး ကိုယ့်အိမ်၌ နွေးထွေးစွာ အိပ်စရာ စီစဉ်ပေးတဲ့ကိုယ်တော် ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။ 
၄။ နေမကောင်း ဖြစ်စဉ် အထူး ဆုတောင်း ပေးသော ယုံကြည်သူ မောင်နှမ များနှင့် ဆရာဂျာဂျာ၊ မဆိုင်းပါ၊ မစန္ဒာ၊ ဒေါ်ခင်သန်းအေးတို့အား အထူးကျေးဇူးတင် ပါတယ်။ 
၅။ ဘုရားသခင်ရဲ့ ကတိတော်များနဲ့ညနေ ၄ နာရီ မှမနက် ၁ နာရီ ကျော် အတွင်း Emergency Room ၌ အော့အန်နေတဲ့ကြားမှအား မလျော့၊ စိတ်ဓါတ် မကျ၊ စိတ်မတိုဘဲ ခရစ်ယာန် ကောင်းရဲ့ခံနိုင်ရည်စိတ်ကို ပေးတဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီမွမ်းမိပါတယ်။ 
၆။ ဆေးရုံ၌ စောင့်စဉ်ကျမ်းစာ များစွာ အားရပါးရဖတ်နိင်တဲ့အတွက် ကျေးဇူးတော် ချီးမွမ်းပါတယ်။ 
ရ။ ဘုရားသခင် ရဲ့အမှုတော် ဆက်လက်ဆောင်ရွက်ရန်​ကျွန်မကို အသက် ဆက် လက်ရှင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းပါတယ်။ 
၈။ စောင့်ရတာကြာပေမဲ့ဆရာဝန်မချော သဘော ကောင်း Gretchen Brown ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းပါ၏။ သူလာကြည့်ပြီး စိတ်ချရန် သုံးကြိမ်တိတိလာရောက် အားပေးတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းပါတယ်။ 
၉။ လောက ဓံရဲ့အကောင်းအဆိုးအဖြာဖြာကို သခင်ယေရှု ငါနဲ့အတူ ရှိတယ်ဟူသော ယုံကြည်ခြင်းဖြင့် စိတ်ဓါတ်ခိုင်မာစွာ ပြုံးပြုံးရွှင်ရွှင်နဲ့နေ့စဉ် ဖြတ်သန်း နိုင်တဲ့အတွက် ကျေးဇူးတော် ချီးမွမ်းပါတယ်။ 
၁၀။ GBC မှ ယုံကြည်သူများနဲ့ဆရာမောဇက်နဲ့ဇနီး၊ Syracuce Myanmar Baptist Church မှ ယုံကြည်သူများတဦးကို တဦးကောင်းကြီး ပေးဆုတောင်း ပေးလို့​ကျွန်မလိုဘာမှ မဟုတ်တဲ့၊ အရေးမကြီး တဲ့အရာများ နောက်လိုက် လို့ မောခဲ့တဲ့သူ၊ ဗုဒဝဘာသာမှပြောင်းလဲပြီး ဝိညာဉ်ရေးရာ၌ ကြီးထွားခဲ့ရတဲ့အတွက် ဆေးရုံပေါ်မှမျက်ရည်မြောက်မြားစွာ ကျပြီး ကျေးဇူးတော် ချီးမွမ်းမိပါတယ်။ 
၁၁။ နေမကောင်းတဲ့အချိန်တွင် ဘေးမှပြုစုပေးတဲ့ခင်ပွန်းသည် Mr. Brock ကို အိမ်ထောင်ဖက်အဖြစ် ပေးတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းမိပါတယ်။ 
 
ခွန် အားရသော ကျမ်းပိုဒ်၊ “လာကြ၊ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ ကို ဖန်ဆင်းတော်မူသော ဘုရားရှေ့၌ ဒူးထောက်ကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသော သိုးစု ဖြစ်တော်မူ၏။” (ဆာ ၉၆:၆) 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG