GOODNEWS
  HOME  GOODNEWS  2011 JAN
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်သစ်သို့ ရောက်ရှိနိင်ကြပြီ။ ချီဆောင်ခြင်း မဖြစ် သေးသောကြောင့် ဤစာစောင်ကိုလည်း ရေးနိင်ဖတ်နိင်သေးသည်။ သို့သော် ချီ ဆောင်ခြင်း နေ့ရက်သည် တနေ့ထက် တနေ့နီးကပ်လာပြီ ဖြစ်သည်။ 

၂၀၁၀ ခုနှစ်သည် သဘာဝ ဘေးဒဏ် ၉၅၀ ကြိမ် ဖြစ်ပွား၍ ၁၉၈၀ ခုနှစ်မှ ဒုတိယအများ ဆုံးနှစ် ဖြစ်သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှသဘာဝ ဘေးဒဏ် ဖြစ်ပွားမှုသည် ရ၈၀ ကြိမ် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ထိုသဘာဝ ဘေးဒဏ်ကြောင့် သေဆုံးသူပေါင်းသည် ၂၉၅ဝ၀၀ ရှိ၍ ပစ္စည်းပျက်စီးမှု စုစုပေါင်းတန်ဘိုးသည် ဒေါ်လာသန်း ပေါင်း ၁၃၀ဝ၀၀ ရှိသည်။ လူသေမှုအားဖြင့် ဆိုသော်ဟေတီနိင်ငံမြေငလျှင်အားဖြင့် လူပေါင်း ၂၂၂၅၇၀ သေသည်။ ရုရှားနိင်ငံအပူလှိုင်းနှင့် တောမီးကြောင့်လူပေါင်း ၅၆ဝ၀၀ သေ၍၊ တရုတ်ပြည်၌ မြေငလျှင်အားဖြင့် လူပေါင်း ၂ရဝ၀နှင့် ရေကြီးခြင်းကြောင့် လူပေါင်း၁၄ရဝ၊ ပါကစ္စတန်မိုးရေကြီးခြင်းဖြင့် လူပေါင်း၁ရ၆၀ သေဆုံး ကြသည်။ 

အထက်ပါ သဘာဝ ဘေးအန္တရာယ် များအပြင် လူလုပ်သော စစ်ပွဲနှင့် သေဆုံးမှု များလည်း မြောက် များစွာ ရှိသည်။ အစာ ငတ်မွတ် ခေါင်းပါး မှုကြောင့်လည်း လူ များစွာ သေသည်။ ထို့ကြောင့် ဤကမ္ဘာကြီးသည် ပို၍ ပို၍ ပျက်စီးသည်။ ကျမ်းစာ အရဆိုလျှင် အ​ခြေ အနေအရပ်ရပ်သည် ပို၍ ပို၍ ဆိုးရွားဘို့ ရှိသည်။ ထို့ကြောင့် ဤလောက၌ စိတ်နှလုံးအမြစ် မတွယ်တော့ဘဲ ကောင်းကင် ရွှေပြည် ရောက်ဘို့ သာလျှင် စိတ်နှလုံးစွဲလန်းခြင်းရှိကြစို့။ ဤလောက၌ မည်သို့ ပင်ရှိစေကာမူ ဘုရားသခင်၌ ခိုလှုံသောသူများ အနေဖြင့် ကြောက်စရာ စိုးရိမ်စရာ မရှိ။ ဆာလံဆရာက၊ “ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက် ရှိ၏၊၊ ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့ သွား၍ တောင်များ တုန်လှုပ်လျက် သမုဒ္ဒ​ရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်း မရှိ၊၊ သမုဒ္ဒ​ရာရေသည်ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊ မြစ်တမြစ် ရှိသေး၏၊၊ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့ တည်းဟူသော အမြင့်ဆုံးသော ဘုရားကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏၊၊ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်ကူမတော်မူ လိမ့်မည်။” (ဆာ ၄၆:၁-၅)  

 

ဤစာစောင်၌ ...

  • စစ်မှန်သော အသင်းတော် 
  • ထာဝရဘုရားကို သင်မည်သို့ မြင်သနည်း
  • ခလေးများသွန်သင်ကြပါစို့
  • ကိုယ့်ဥာဏ်ကို အမှီမပြုဖို့
  • ယောသပ်၏ သက်တာ 
     


 
စစ်မှန်သော အသင်းတော် 
စစ်မှန်သော အသင်းတော်ကို မည်ကဲ့သို့ သိနိင်မည်နည်း။ အသင်းတော်တိုင်းကလည်း သူတို့၏ အသင်းတော်သည် စစ်မှန်သော အသင်းတော် ဖြစ်သည်ဟု ယူဆကြမည် ဖြစ်သည်။ တယောက်နှင့် တယောက် ငြင်းခုံပါက ပြီး နိင် တော့မည် မဟုတ်။ သို့သော် အသင်းတော်၏ ပိုင်ရှင်ကို မေးပါက စစ်မှန်သော အသင်းတော်ကို သိရှိနိင်မည် ဖြစ်သည်။ သို့ဖြစ်လျှင် အသင်းတော်၏ ပိုင်ရှင်သည် မည်သူနည်း။ သင်းအုပ်ဆရာလော၊ အသင်းတော် လူကြီးများလော၊ အသင်းသူ အသင်းသားများလော။ 
 
၁။ ပိုင်ရှင်သည် ခရစ်တော် ဖြစ်သည် 

အသင်းတော် ပိုင်ရှင်သည် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော်က၊ “ငါ ဆိုသည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။” (မ ၁၆:၁၈) ဟုဆိုခဲ့သည်။ ခရစ်တော်က “ငါ့ အသင်းတော်”ကို ငါတည်ဆောက်မည် ဟုဆိုသောကြောင့် အသင်းတော်သည် ခရစ်တော်၏ အပိုင် ဖြစ်သည်။ ထို့အပြင် ငါ့ အသင်းတော်ကို “ငါတည်ဆောက်မည်” ဟုဆိုပြန်သောကြောင့် အသင်းတော်ကို ဆောက်သောသူသည် ခရစ်တော် ပင် ဖြစ်သည်။ 

သို့သော် ယနေ့ ကမ္ဘာပေါ်ရှိ အသင်းတော် အများစုသည် ခရစ်တော် ကမပိုင်ဘဲ အသင်းအုပ်ဆရာ၊ အသင်းတော် လူကြီးများ၊ အသင်းသားများက အာဏာသိမ်းကာ သူတို့ကြိုက်နှစ်သက်သလို ဦးဆောင်၊ လုပ်ဆောင် နေကြသည်။ ခရစ်တော် ပင်ထို အသင်းတော်များ၌ နေရာမရချေ။ ခရစ်တော်၏ အလိုဆန္ဒပြည့်စေဘို့ထက် မိမိတို့၏ အလိုဆန္ဒပြည့်စေရေးသည် အရေးကြီးသည်။ ခရစ်တော်သည် နာမည်ခံသာ လက်ခံ ကြသည်။ သို့သော် အသင်းတော်သည် ခရစ်တော် အပိုင် ဖြစ်သောကြောင့် ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံဘို့ လိုအပ်သည်။ 
 
၂။ မည်သည့်အရာပေါ်၌ တည်ဆောက်သနည်း 

ခရစ်တော်က၊ “ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။” (မ ၁၆:၁၈) ဟုဆိုခဲ့သည်။ ခရစ်တော်က ဤကျောက် ဟုဆိုသောအရာသည် ကျောက်တုံးကြီး (Petra)ကို ဆိုလိုသည်။ ထိုကျောက်တုံးကြီးသည် ခရစ်တော် ပင် ဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည် ဤကျောက် တည်းဟူသော ခရစ်တော် အပေါ်၌ တည်ဆောက်သည်။ အသင်းတော်သည် ခိုင်မြဲသော ကျောက်တုံးကြီး တည်းဟူသော ခရစ်တော် အပေါ်၌ တည်ဆောက်သောကြောင့် ခိုင်မြဲမည်။ တရားစီရင်သော နေ့၌ မပျောက်ကွယ်ဘဲ တည်တန့်ခိုင်မြဲမည် ဖြစ်သည်။ 
 
၃။ အသင်းတော်၏ အ လုပ်သည် မည်သည့်အရာနည်း

အသင်းတော်သည် အသင်းတော် ပိုင်ရှင်၏ မူလ ရည်ရွယ်ချက်အလုပ်များကို လုပ်ရမည်။ အသင်းအုပ်ဆရာ (သိုးထိန်း)နှင့် အသင်းသားများ (သိုး) အနေဖြင့် မည်သည့်အရာလုပ်ရမည်ကို ဆွေးနွေးတိုင်ပင်စရာ မရှိ။ အသင်းတော် ပိုင်ရှင် ခရစ်တော်၏ ရည်ရွယ်ချက်များကို သိ၍ လုပ်ဆောင်ဘို့ သာလျှင် ရှိသည်။

ခရစ်တော်၏ အဓိက ရည်ရွယ်ချက်များမှာ အသင်းတော်သည်၊ 
 
(၁) မရဏာနိင်ငံ၏ တံခါးပိတ်ရမည်

ခရစ်တော်က အသင်းတော်နှင့် ပတ်သက်၍ “ထိုအသင်းကို မရဏာ နိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။” (မ ၁၆:၁၈) ဟုဆိုခဲ့သည်။ ဆိုလိုသည်မှာ အသင်း တော်သည် မရဏာနိင်ငံ၏ တံခါးတို့ကို ပိတ်မည့် အရာ ဖြစ်သည်။ လူများ မရဏာ နိင်ငံမရောက်ရလေအောင် တံခါးပိတ်ရမည်။ မရဏာနိင်ငံ တည်းဟူသော မီးငရဲ အိုင်သည် လူသား တိုင်း အတွက် တံခါးဖွင့်လျက် ရှိသည်။ ထိုတံခါးသည် လူ၏ အကျင့်၊ ကြိုးစား မှု၊ ချုပ်တည်း မှု၊ ကောင်းမှု ကုသိုလ်များအားဖြင့် ပိတ်၍ မရပါ။ ခရစ်တော် ကထိုမရဏာနိင်ငံ၏ တံခါးကို ပိတ်ဘို့ရန် အသင်းတော်ကို တည်ထောင် ထားခြင်း ဖြစ်သည်။ အသင်းတော် ကမည်ကဲ့သို့ ထိုတံခါးကို ပိတ်မည်နည်းဟူမူကား ခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်းကို ပြောခြင်းအားဖြင့် ပိတ်မည်။ သို့သော် မှားယွင်းသော အသင်းတော် များသည် ထိုမရဏာနိင်ငံတံခါးများကို ပိတ် မည့် အစားကျယ်ကျယ်ဖွင့်ထားပေးသည်။ မည်ကဲ့သို့ ဖွင့်ထားသနည်းဟူမူကား 
 ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို မဟော မပြော၊ ထိုအရာထက်လော က၌ အောင်မြင်ခြင်းရှိဘို့၊ ချမ်းသာ တိုးတက်ဘို့၊ များကိုသာ ဟောပြော ကြသည်။ ငရဲအကြောင်း ကိုလည်း မဟော မပြော၊ ကောင်းကင် ရောက်ကြောင်း တရားများကို မဟောပြောဘဲလောက အကြောင််းများကိုသာ အဓိကထား ကြသည်။ လူသည် နဂိုလ်ကတည်း ကလောကကိုသာ ချစ်၍ ပိုင်ချင်သည်။ ထိုလောကအရာ များကိုသာ ဟောသောကြောင့် ငရဲသွားမည့် အရာကိုလည်း မကြောက်၊ ကောင်းကင် သွားချင်သော စိတ်လည်း မရှိ၊ နောက်ဆုံး၌ ငရဲသွားဘို့ သာလျှင် ဖြစ်လာသည်။ ထိုသို့သော အသင်းတော် မျိုး၌ မိတ်ဆွေ မပါဝင်သင့်ချေ။ 
 
(၂) ကောင်းကင်နိင်ငံတံခါးသော့ဖွင့်ရမည်။ 

ခရစ်တော် ကပေတရုထံ၌၊ “ကောင်းကင် နိုင်ငံတော်၏သော့တို့ ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှ ာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီး၊ ” ဟု ပြောခဲ့သည် (မ ၁၆း၁၉)။ ထို့ကြောင့် အသင်းတော်သည် ကောင်းကင်နိင်ငံတော် တံခါးဖွင့်ပေးမည့်သူ ဖြစ်သည်။ ဆိုလိုသည်မှာ ကယ်တင်ခြင်း အကြောင်း၊ ကောင်းကင်နိင်ငံရောက်ကြောင်း တရားကို ဟောပြောဘို့ တာဝန် ရှိသည်။ မြေကြီး ပေါ်၌ ကယ်တင်ခြင်း တည်းဟူသော၊ အပြစ် လွှတ်ခြင်း အကြောင်းကို ဟောပြောသဖြင့် ယုံကြည် လက်ခံသမျှသော သူတို့သည် ကောင်းကင်ဘုံ၌လည်း လက်ခံ၍ ကယ် ကယ်တင်ခြင်း လက်မခံသောသူရှိသမျှတို့သည် ကောင်းကင်ဘုံ၌လည်း လက်ခံမည် မဟုတ်။ မြေကြီးပေါ်မှ ာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်မည်။ မြေကြီးပေါ်မှ ာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့် မည်ဟူသောအရာသည် လူလူချင်း အပေါ်ပြစ်မှားသော အပြစ်များ​ဖြေလွှတ်ခြင်း မဟုတ်ဘဲ သမ္မာတရား သိခြင်းဖြင့် အပြစ် ​ဖြေလွှတ်သောအရာကို ဆိုလိုသည်။ 
 
၄။ မည်ကဲ့သို့ စစ်မှန်သော အသင်းတော်ကို သိနိင်မည်နည်း

(၁) စစ်မှန်သော အသင်းတော်သည် အပြစ်မှ ကယ်တင်ခြင်း၊ အပြစ် ငရဲမှ ကောင်းကင်နိင်ငံရောက်ကြောင်း တရားကို အဓိကဟောပြောမည်။ စစ် မှန်သော အသင်းတော်သည် လူတိုင်း ကယ်တင်ခြင်းသို့ ရောက်ဘို့ ရာကို အဓိက ဟောပြောမည်။ ထိုအရာအတွက်အချိန် ပေးမည်။ ဘဏ္ဍာငွေများကိုလည်း ထိုအ ရာအတွက် အသုံးပြုရမည်။ အစီအစဉ်များလည်း ကယ်တင်ခြင်း လုပ်ငန်းအ တွက်အဓိကထားမည်။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများကို ကြီးထွားရင့် ကျက်ဘို့ရန် သွန်သင်၍ ကြီးထွားရင့်ကျက်သောသူများကို ဝိညာဉ် သားသမီး များမွေးဘွားလာရန် ကယ်တင်ခြင်း လုပ်ငန်း၌ ပြန်လည် စေလွှတ်မည်။ 

(၂) မှားယွင်းသော အသင်းတော်သည် အပြစ် အကြောင်း၊ ကယ်တင်ခြင်း အကြောင်းကို မဟောပြော။ ဤလောက၌ မည်ကဲ့သို့ အောင်မြင် နိင်မည်နည်း။ မည်ကဲ့သို့ ပြသနာ ​ ဖြေရှင်း မည်နည်း၊ မည်ကဲ့သို့ ချမ်းသာ ကြွယ်ဝနိင်မည်နည်းဟူသော အရာများကိုသာ အဓိကဟောပြောမည်။ ကယ်တင်ခြင်း ဟောပြောသောသူများကို လက်မခံ၊ ကယ်တင်ခြင်းသို့ ရောက်ပြီးသား ကဲ့သို့ ထင်မှတ်ကြမည်။ ကယ် တင်ခြင်း ဟောပြော သူများကို မုန်း၍ အမျိုးမျိုး စွပ်စွဲမည်။ ထိုအသင်းတော် မျိုးသည် ဝိညာဉ်ရေးရာထက်လောကီရေးရာကို အလေးထားမည်။ ထိုအသင်းတော်၌ ပါ ဝင်ခြင်းဖြင့် ကိုယ်တိုင်လည်း ဝိညာဉ်ရေးရာ၌ သေကာဘုရား၏ အမျက်တော်ကို ခံရမည် ဖြစ်သည်။ 
 
၅။ စာတန်၏ အသင်းတော် 

ဤလောက၌ ခရစ်တော်၏ အသင်းတော်ထက် စာတန်၏ အသင်းတော်သည် ပို၍ များသည်။ စာတန်၏ အသင်းတော်သည် အပြင်ပန်းအားဖြင့် ခရစ်တော်၏ အသင်းတော်ဟု ထင်ရသော်လည်း အမှန်မှာ စာတန်၏ အသင်းတော် ဖြစ်နေသည်။ စာတန်၏ အသင်းတော်၌ ကယ်တင်ခြင်း အကြောင်း မဟော၊ အကျင့် ကောင်းဘို့၊ စည်းလုံးညီညွတ်ဘို့၊ ချစ်ခြင်းမေတ္တာရှိဘို့၊ လောက၌ အောင်မြင်ဘို့၊ တရားမျှတမှု ရှိဘို့၊ လူ့အခွင့်အရေးများကိုသာ ဟောပြော ကြသည်။

စာတန်၏ အသင်းတော်သည် မည်ကဲ့သို့ဖြစ်ပေါ်လာသနည်း။ 

 (၁) စာတန်သည် အစပဌမ၌ အသင်းတော်ကို ညှင်းဆဲခဲ့သည် (တ ၈:၁)။ 

 (၂) အသင်းတော်ကို ညှင်းဆဲရာတွင် စာတန် အသုံးပြုခဲ့သော လက်ကိုင် ဒုတ်သည် ဣသရေလ လူမျိုးများ ဖြစ်ခဲ့သည် (တ ရ- ၉)။ 

 (၃) သို့သော် အသင်းတော်သည် ညှင်းဆဲလေလေတိုးပွားလေလေ ဖြစ်သည်။ ထို့ကြောင့် စာတန်သည် အသင်းတော်ကို မညှင်းဆဲတော့ဘဲ သူကိုင်တိုင် 
အသင်းဝင်လိုက်သည် (မ ၇း၂၁-၂၃)။ 

 (၄) ကြမ်းတမ်းသော တောခွေးများသည် အသင်းတော် အတွင်း မှ ထွက်လာသည် (တ ၂၀:၂၈-၃၀)။ မည်ကဲ့သို့ ထွက်လာသနည်း။ မယုံကြည်သူများနှင့် လက်ထပ်ခြင်းဖြင့်၊ မယုံကြည်သူ သားသမီး များအားဖြင့်၊ ကိုယ်တိုင် ဝိညာဉ်ရေးရာ၌ လဲခြင်း အားဖြင့်၊ 
 

၆။ သခင်ယေရှု ခရစ်၏ အမြင်၌ အသင်းတော်များ
 
 (၁) ဧဖက် အသင်းတော် 

အလွန် ကြိုးစားသည်။ ပင်ပန်းစွာ လုပ်ဆောင်သည်။ သည်း ခံသည်။ ခရစ်တော်၏ နာမကြောင့်ဆင်းရဲ ခံ၍ အား မလျော့။ မှားယွင်းသော ဩဝါဒကို ခွဲခြား တတ်၍ လက်မခံချေ။ သို့သော် ရှေးစွာသော မေတ္တာ ခေါင်းပါးသည်။ ဧဖက်အ သင်းတော်သည် အားလုံး ကောင်းသော်လည်း မေတ္တာမရှိ။ မေတ္တာမရှိသောသူသည် စက်ရုပ်ကဲ့သို့ဖြစ်သည်။ မေတ္တာမရှိသော အသင်းတော်သည် တိုးတက်မှု မရှိနိင်။ 
 
 (၂) စမုရန အသင်းတော် 

ခရစ်တော်ကြောင့်၊ သူတို့၏ ယုံကြည်ခြင်းကို ဆုပ်ကိုင်သောကြောင့် အ လွန်ဆင်းရဲသည်။ သို့သော် ခရစ်တော် ကကြွယ်ဝသည် ဟုဆိုသည်။ စာတန်၏ အပေါင်းအသင်းများ၏ ကဲ့ရဲ့ခြင်းကို ခံရသည်။ ခရစ်တော်၏ အပြစ်တင်ခြင်းကို မခံ ရ။ 
 
 (၃) ပေရိဂံ အသင်းတော် 

 စာတန်၏ ပလ္လင်ရှိရာအရပ်၌ ရှိသည်။ ညှင်းဆဲနှိပ်စက်ရာကာလ၌ ခရစ်တော်၏ နာမကို စွဲကိုင်သည်။ သို့သော် ဗာလမ်၏ အယူကို လက်ခံသည်။ ပရောဖက် ဗာလမ်သည် မောဘရှင်ဘုရင်ဗာလက်မင်းကို အကြံပေးခဲ့သည် (တော ၂၁-၂၄)။ ဗာလမ်သည် ဗာလက်မင်းကို ဣသရေလ လူများ၏ အနား၌ သူတို့၏ ရုပ်တုဘုရားများအတွက် ယဇ်ပူဇော်ကာ ဣသရေလများကို ဖိတ်ခိုင်းသည်။ ဣသရေလ လူများသည် ဗာလက်မင်းပူဇော်သော ယဇ်သားများကို စား၍ လူငယ်များလည်း အချင်းချင်းချစ်ကြိုက်၍ မှားယွင်းကြသောအခါ ဘုရားသခင်က ဣသရေလ လူနှစ်သောင်းလေးထောင်ကို သေစေသည်။ ထို့ကြောင့် ထာဝရဘုရား ထံတော်မှ ထွက် သွား၍ ရုပ်တုကိုးကွယ်ဘို့ရန် အကြံပေးခြင်းသည် ဗာလမ်၏ အယူဝါဒ ဖြစ်သည်။ နိကောလအယူလည်းရှိသည်။ ထိုအယူသည် ဗာလမ်အယူနှင့် သဘောခြင်း တူသည်။ 

(၄) သွာတိရ အသင်းတော် 

အကျင့်ကျင့်သည်။ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နောက်ကျင့်သော အကျင့်သည် အရင်ကျင့်သော အကျင့်ထက် သာ၍ များသည်။ သို့သော် မတရားသော မေထုန်ပြုစေသော ပရောဖက် မယေဇဗေလ၏သွန်သင်ခြင်းကို လက်ခံသည်။ ယေဇဗေလသည် ဣသရေလ ရှင်ဘုရင်အာဟတ်၏ မိဖုရား ဖြစ်သည်။ သူသည် ဣသရေလ လူမျိုးများအား ဗာလရုပ်တုကိုကိုးကွယ် စေခဲ့သည်။ ထို့နည်းတူ သွာတိရ အသင်းတော်၌လည်းရုပ်တုကိုးကွယ်ခြင်းကို လက်ခံသည်။ ထိုမျှသာမက မိစ္ဆာဒိဌိအယူ တည်းဟူသော စာတန်၏ နက်နဲသောအရာကို လက်ခံသည်။ 
 
(၅) သာဒိ အသင်းတော် 

အသက်ရှင်ဟန်ရှိသော်လည်း သေနေသည်။ ဒုတိယမွေးဖွားခြင်း ခံရပြီဟု ယူဆသော်လည်း အမှန်တကယ် မဟုတ်သေနေသောသူများ ဖြစ်သည်။ စိတ် ချလွန်ခြင်း ဖြစ်သည်။ 
 
(၆) ဖိလဒေလဖိ အသင်းတော် 

 ခရစ်တော် ကအပြစ် မတင်သော ဒုတိယ အသင်းတော် ဖြစ်သည်။ ခွန် အားနည်းသော်လည်း နှုတ်ကပတ်တော်ကို စောင့်ရှောက်သည်။ 
 
 (၇) လောဒိကိ အသင်းတော် 

မပူမအေးနွေးရုံသာရှိသော အသင်းတော် ဖြစ်သည်။ ခရစ်တော် ကထွေး လုပြီ။ ချမ်းသာ ကြွယ်ဝသည် ဟုဆိုသော်လည်း ဘုရားရှေ့၌ ဆင်းရဲသည်။ အဝတ်ကောင်းများ ဝတ်နိင်သော်လည်း အဝတ်အချည်းစည်း ဖြစ်သည်။ မျက်မြင်သည်ဟု ထင်ရသော်လည်း မျက်စိကန်းသည်။ ခရစ်တော်သည် တံခါးအပြင်ဘက် မှာရပ်၍ ဝင်ဘို့ရန် တံခါးခေါက်နေသည်။ 
  
 ၇။ ရှင်ပေါလု၏ ဩဝါဒစာစောင်ထဲမှ အသင်းတော်များ
 (၁) ရောမ အသင်းတော် 

 ရှင်ပေါလုသည် ရောမဩဝါဒစာကို ရေးသောအခါ ထိုအသင်းတော်သို့ မရောက်ဘူးသေးချေ။ သူသည် ထိုအသင်းတော်၏ မှားယွင်းခြင်းကို မဖေါ်ပြဘဲ၊ ခရစ်ယာန် များ၏ အ​ခြေခံယုံကြည် ချက်ဩဝါဒများကို ရေးသား သွားသည်။ ထိုဩဝါဒစာသည် ပေါလုရေးသမျှသော စာထဲ၌ အရေးကြီးဆုံး ဟုဆိုနိုင်သည်။ 
 
 (၂) ကောရိန်သု အသင်းတော် 

ကောရိန်သု အသင်းတော်သည် ခလေး အသင်းတော် ဖြစ်ကြောင်း ရှင်ပေါလုကအောက်ပါကဲ့သို့ ရေးထားခဲ့သည်၊ “ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင်မရှိဘဲ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်၏။ ယခုပင်လည်း သင်တို့သည် မ​ကြေနိင်သေး။ ယခုပင်လည်း ဇာတိပကတိ လူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည် ဖြစ်၍ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။” (၁ ကော ၃:၁-၃) 

ကောရိန်သု အသင်းတော်သည် ခလေး အသင်းတော် ဖြစ်ကြောင်း အောက် ပါအချက်များအားဖြင့် သိရသည်၊ 
 (၁) ဂုဏ်ပြိုင်ခြင်း 
 (၂) ရန်တွေ့ခြင်း 
 (၃) အချင်းချင်းကွဲပြားခြင်း 
 (၄) ​ကြေခဲသော အစာမစားနိင်၊ နို့ကိုသာ တိုက်ရခြင်း 
 (၅) ပွဲတော် မင်္လာကို အလွှဲသုံးခြင်း (၁ ကော ၁၁) 
 (၆) ဝိညာဉ်ဆုကျေးဇူး၌ ရှုပ်ထွေးခြင်း (၁ ကော ၁၂နှင့် ၁၄) 
 
 (၃) ဂလာတိ အသင်းတော်များ

ဂလာတိသည် မြို့ မဟုတ်ချေ၊ နယ် ဖြစ်သည်။ ဂလာတိနယ်ရှိ အသင်းတော်များထံ ရှင်ပေါလုက ဤသို့ စာရေးခဲ့သည်၊ “ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာအသေခံတော်မူသော ယေရှုခရစ် တော်ကို သင်တို့ မျက် မှောက်၌ ထင်ရှားစွာ ပြပြီးသည် ဖြစ်၍၊ သRာတရားကို နားမထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူ ပြုစားသနည်း။ ပညတ်တရား၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်း တရားကို ကြားနာခြင်းအားဖြင့် ခံရကြသလော ဟူသောအရာ တခုကိုသာ သင်တို့၌ ငါသိလို၏။ ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကို အမှီပြု၍ ပြီး စေကြသလော။” (ဂလာ ၃:၁-၃) 

ဂလာတိ အသင်းတော် များသည် ဝိညာဉ်တော်အားဖြင့် အစပြုပြီးမှ ဇာတိအားဖြင့် အဆုံးသတ်ချင် ကြသည်။ ဆိုလိုသည်မှာ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်သည်၊ သန့်ရှင်းသောဝိညာဉ်တော် ရသည်ဟု ခံယူယုံ ကြည်ပြီးမှ အကျင့်အားဖြင့်၊ ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ကယ် တင်ခြင်းသို့ ရောက်သည်ဟု ခံယူ ကြသည်။ ထို့ကြောင့် ရှင်ပေါလုက၊ ‘ပညာ မဲ့သော ဂလာတိလူတို့ ’ဟူ၍၎င်း၊ ‘သင်တို့ကို အဘယ်သူ ပြုစားသနည်း’ဟူ၍၎င်း၊ ဆိုရခြင်း ဖြစ်သည်။ 
 
 (၄) ဧဖက် အသင်းတော် 

ဧဖက် အသင်းတော်သည် ရှင်ပေါလုကအပြစ် တင်ခြင်း မတွေ့ရချေ။ ရှင်ပေါလု၏ အာရှိပြည်တွင် ကယ်တင်ခြင်း သတင်းကောင်း ဟောပြောဘို့ရန် အ ​ခြေချခဲ့သော အသင်းတော် ဖြစ်သည်။ ရှင်ပေါလုသည် ဧဖက်မြို့၌ သုံးနှစ်နေခဲ့သည်။ ထိုအသင်းတော်သည် ရှင်ပေါလု၊ တိမောသေနှင့် တမန်တော် ယောဟန်တို့ ကကြည့်ရှုခဲ့သော အသင်းတော် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခြင်း ခံယူ ချက်၌ မှန်ကန်သော အသင်းတော် ဖြစ်သည်။ သို့သော် နှစ်ပေါင်း၃၀ ခန့်ကြာသောအခါ သခင်ယေရှု ကရှေ့ဦးစွာသော မေတ္တာမရှိဟု အပြစ်တင်ခံရသော အသင်းတော် ဖြစ်သည်။ 
  
 (၅) ဖိလိပ္ပိ အသင်းတော် 

ဖိလိပ္ပိ အသင်းတော်သည် အပြစ် ပြောစရာ မရှိသော အသင်းတော် ဖြစ်သည်။ ပေါလုအနေဖြင့် သူ၏ ဧဝံဂေလိ လုပ်ငန်း၌ သူ့ကို မစခြင်းကြောင့် ချီးမွမ်းခဲ့သည်။ ထိုအသင်းတော်သည် ဥရောပတိုက်၌ ပဌမဦးဆုံးသော အသင်းတော် ဖြစ်၍ ရှင် ပေါလုနှင့် သိလတို့ ထောင်ကျခဲ့သော နေရာ ဖြစ်သည်။ 
 
 (၆) ကောလောသဲ အသင်းတော် 

ကောလောသဲ အသင်းတော်သည်လည်း ရှင်ပေါလုအနေဖြင့် အပြစ်တင်ခြင်း မတွေ့ရချေ။ ထိုအသင်းတော်ထံသို့ ရှင်ပေါလုက ခရစ်ယာန် များ၏ အ​ခြေခံအုပ်မြစ် ဖြစ်သော ဘုရားနှင့် လူရန်ငြိမ်းခြင်း၊ ရွေးနှုတ်ခြင်း၊ ရွေးကောက်ခြင်း၊ အပြစ် လွှတ်ခြင်းများကို ဘော်ပြသွားသည်။ 
 
 (ရ) သက်သာလောနိတ် အသင်းတော် 

သက်သာလောနိတ် အသင်းတော်သည် ညှင်းဆဲခြင်း ဒုက္ခ ခံသောကြောင့် တမန်တော် ရှင်ပေါလုကသူ့စာစောင် အခန်းကြီး တိုင်း၌ ခရစ်တော် ကြွလာမည့် အကြောင်းကို ရေးထားသည်။ အကြောင်းမှာ ခရစ်တော် ကြွ လာသောအခါ သူတို့၏ ဆင်းရဲ ဒုက္ခသည် ပျောက်ကင်း၍ သက်သာခြင်းသို့ ရောက်မည်ဟု အားပေးသောစာ ဖြစ်သည်။ (၁ သက် ၁:၁၀၊ ၂:၁၉၊ ၃:၁၂၊ ၄:၁၅-၁ရ၊ ၅:၁၁၊ ၂ သက် ၁:၆-၈၊ ၂:၁-၄) 
 
 


 
ထာဝရဘုရားကို သင်မည်ကဲ့သို့ မြင်သနည်း

အထက်ပါ မေးခွန်းကို သင်​ဖြေဆိုသည့် အပေါ်သင်၏ အသက်တာသည် ဖြစ်ပျက်လိမ့်မည်။ 
 
ကမ္ဘာပေါ်၌ လူ​ခြောက်မျိုးရှိသည်...
၁။ ထာဝရဘုရားရှိကြောင်း မသိ၊ ထို့ကြောင့် သူ့ကို ယုံကြည် မှုလည်း မရှိ
၂။ ထာဝရဘုရားရှိကြောင်း ကြားသိရသော်လည်း မယုံကြည် 
၃။ ထာဝရဘုရားရှိကြောင်း ယုံကြည်သော်လည်း သာမန်လူကဲ့သို့ မြင်သူ
၄။ ထာဝရဘုရားကို သာမန်လူထက် မြင့်သည်ဟု မြင်သူ
၅။ ထာဝရဘုရားကို သခင်၊ ရှင်ဘုရင်ကဲ့သို့ မြင်သူ
၆။ ထာဝရဘုရားကို ဘုရားကဲ့သို့ မြင်သူ
 
၁။ ထာဝရဘုရားရှိကြောင်း မသိ၊ ယုံကြည် မှုလည်း မရှိ

ဤလူများ အနေဖြင့် ထာဝရဘုရားကို မသိသောကြောင့် မယုံကြည် ကြ။ ထိုကြောင့် ဘုရား၏ အလိုတော်အတိုင်း အသက်ရှင်ခြင်းလည်း မရှိ။ မိမိတို့ ကြိုက်နှစ်သက်သလို အသက်ရှင် ကြသည်။ သို့မဟုတ် အခြားသော ဘုရားများကို ကိုးကွယ်၍ ထိုဘုရား များ၏ အလိုအတိုင်း အသက်ရှင် ကြသည်။ ထိုသူများ အနေဖြင့် ထာဝရဘုရားသည် သူတို့အတွက် လုံးဝ အဓိပ္ပါယ်မရှိ။ 
 
၂။ ထာဝရဘုရားရှိကြောင်း ကြားသိရသော်လည်း မယုံကြည် 

ဤအဖွဲ့သည် ထာဝရဘုရား အကြောင်းကို ကြားသိသော်လည်း မယုံ ကြည်ကြ။ ထို့ကြောင့် ပဌမ အုပ်စုနှင့် ဘာမျှကွာခြားမှု မရှိ။ မိမိကိုယ်သာအဓိက ထားသည်။ သို့မဟုတ် မိမိယုံကြည်သော အခြားဘုရားများကို အဓိကထားသည်။ ထို့ကြောင့် ထာဝရဘုရား၏ အလိုတော်သည် သူ့အတွက် ဘာမှအရေးမကြီး။ 
 
၃။ ထာဝရဘုရားရှိကြောင်း ယုံကြည်သော်လည်း သာမန်လူကဲ့သို့ မြင်သူ

ဤအဖွဲ့သည် ထာဝရဘုရားကို ယုံကြည်သော်လည်း သာမန် လူသား ကဲ့သို့ သာယုံကြည်သည်။ ထို့ကြောင့် ထာဝရဘုရား၏ အလိုတော်ကို လိုက်ခြင်း မရှိ။ ဤအဖွဲ့၏ အမြင်၌ ထာဝရဘုရားထက် သူဌေးကို၎င်း၊ ဆရာဝန်ကို၎င်း၊ အာဏာ ရှိပုဂ္ဂိုလ်များကို၎င်း၊ ယုတ်စွအဆုံးသူငယ်ချင်းမှစ၍ သာမန် လူသားကို၎င်း၊ ယုံ ကြည်အားကိုး သည်။ ထို့ကြောင့် ထာဝရဘုရား၏ အလိုတော် လိုက်ဘို့သည် သူ့ ဦးနှောက်ထဲ၌ လုံးဝ မရှိ။ ဘုရားရှေ့ခိုးဘို့နှင့် အမှုဆောင်ဘို့သည် သူ့အတွက် အလွန်ကြီး လေးသောအရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားကျောင်းရောက်ဘို့ရန်လည်း အမြဲနောက်ကျတတ်သည်။ အလှုငွေထည့်ဘို့ရန်လည်း နှမျောကြသည်။ ကျမ်းစာဖတ် ဆုတောင်းခြင်းလည်း လုံးဝ မရှိ။ အခြားသူများ ဘုရားရှေ့ခိုးသောကြောင့်သာရှေ့ခိုးသည်။ ယုံကြည်၍ မဟုတ်။ ဤအဖွဲ့၏ ဆောင်ပုဒ်မှာ၊ “ဝမ်း မြောက်ရွှင်လန်းခြင်း အမှု၊ သိုးနွားများကို သတ်ခြင်း၊ အမဲသား စားခြင်း၊ စပျစ်ရေ သောက်ခြင်း၊ အမှုကို ပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်ဟု ပြောဆို ကြသည် တကား။” (ဟေရှာယ ၂၂:၁၃) 
 
၄။ ထာဝရဘုရားကိုသာ မန်လူထက် မြင့်သည်ဟု မြင်သူ

ဤလူသည် ထာဝရဘုရားကိုသာ မန်လူထက် မြင့်သည်ဟု မြင်သည်။ သူ့အမြင်၌ ထာဝရဘုရားသည် အရာရှိကြီး ကဲ့သို့၎င်း၊ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်ကဲ့သို့၎င်း၊ မြင်သည်။ ထို့ကြောင့် ယုံကြည် အားကိုး၍ အလိုတော်ကို အကန့် အသတ်နှင့် ဆောင်ရွက်လိုသည်။ အရာရှိအနားမှာနေလျှင် ကြောက် ရွံ့ရိုသေ၍ သူ၏ စကားကို နားထောင်သော်လည်း ဝေးလျှင် ဂရုမစိုက်ချေ။ ထိုနည်းတူ ဘုရားသခင်လည်း နီးသည်ဟု ခံစားသောအခါ အလိုတော် လိုက်၍ ဝေးသည်ဟု ခံစားသောအခါ မိမိကြိုက်နှစ်သက်သလို အသက်ရှင်သည်။ 
 
၅။ ထာဝရဘုရားကို သခင်၊ ရှင်ဘုရင်ကဲ့သို့ မြင်သူ

ရှင်ဘုရင်ကို ကြောက်ရ သကဲ့သို့ ထာဝရဘုရားကို ကြောက်သည်။ ရှင် ဘုရင်ကို နာခံ သကဲ့သို့ ထာဝရဘုရားကို နာခံသည်။ ထာဝရဘုရားသည် ဘုရင် ဖြစ်သော်လည်း ရှင်ဘုရင်ထက်ကြီး မြတ်သည်။ ရှင်ဘုရင်သည် လူအပေါ်၌ အာ ဏာရှိသော်လည်း ဘုရားကဲ့သို့ အရာခပ်သိမ်းကို မတတ်နိင်။ သူကိုယ်တိုင်သည် အကူအညီလိုအပ်သော လူသား ဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရားကို ရှင် ဘုရင်ကဲ့သို့ မြင်ခြင်းသည် မပြည့်စုံသေးချေ။ 
 
၆။ ထာဝရဘုရားကို ဘုရားကဲ့သို့ မြင်သူ

ထာဝရဘုရားကို ဘုရားကဲ့သို့ မြင်သောကြောင့် ဘုရားသခင်ကို အချစ်ဆုံး ဖြစ်သည်။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရား မုန်းသောအရာ ကိုလည်း မုန်းသည်။ ဘုရားသခင်ကို ချစ်သောကြောင့် ဘုရားသခင်၏ စကား ကိုလည်း အနာခံဆုံး ဖြစ်သည်။ ဘုရား ခိုင်းသော အမှုသည် သူ့အတွက် ဆောင်ရွက် ဘို့ရန် လုံးဝ မခက်ချေ။ ရည်းစားကို အလွန် ချစ်လျှင် ရည်းစားစကား နားထောင်ခြင်းသည် အလွန် လွယ်ကူ သကဲ့သို့ဖြစ်သည်။ အကြီး မြတ်ဆုံးပညတ် ဖြစ်သော၊ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ်၏။ကြီး မြတ်သော ပညတ်လည်း ဖြစ်၏။” (မ ၂၂:၃ရ- ၃၉) ဟူသော ပညတ်ကို စောင့်ဘို့ရန် လုံးဝ မခက်ချေ။ ထိုပညတ်သည် သူ့အတွက် အလွယ်ဆုံးသောအရာ ဖြစ်သည်။ 

ထာဝရဘုရားကို ဘုရား အနေဖြင့် မြင်သောကြောင့် အကြောက်ဆုံး ဖြစ်သည်။ ယောသပ်က၊ “အပြစ် ကြီးသော ဤအမှုကို ​ကျွန်တော် ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်းဟု သခင်၏ မယားကို ငြင်း၍ ပြန်ဆို၏။” 
 (က ၂၉:၉) ဟုဆိုခဲ့သည်။ ယောသပ်သည် သူ၏ သခင်မ၊ ပေါတိဖာ၏ မိန်းမက သူနှင့် မှားယွင်းဘို့ရန် နေ့တိုင်း သွေးဆောင်သောအခါ ဘုရားသခင်ကို ကြောက် သောကြောင့်သာငြင်းဆိုနိင်ခဲ့သည်။ ထိုနည်းတူ ထာဝရဘုရားကို ဘုရားသခင် အနေနှင့် မြင်သောသူအတွက် အပြစ် သွေးဆောင်ခြင်းကို ဘုရားသခင်ကြောက်ခြင်းဖြင့် ရှောင်ကွင်းနိင်သည်။ 

သူ့အသက်တာ၌ ထာဝရဘုရားကိုအား အကိုး ဆုံးလည်း ဖြစ်သည်။ “ထာဝရဘုရားကို စိတ်နှလုံးအကြင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” ် (သုတ္တံ ၃:၅-၈) ဟူသောအရာသည် သူ့အတွက် သတိပေးစရာ မလို၊ သူ့အသက်တာ ဖြစ်သည်။ 

ဘုရားသခင် အတွက် အစဉ်ဆက်ကပ်နိင်သည်။ မဿဲ ၁၆:၂၄-၂၅၌ “ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက် ရှုံးလိမ့်မည်။ အကြင် သူသည် ငါ့ကြောင့်အသက် ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” ဟူသောအရာသည် သူ့အတွက် မဆန်း၊ အလွတ်ကျက်စရာလည်း မလို၊ သူ့အသက်တာ ဖြစ်သည်။ 

သခင်ယေရှုက၊ “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။” (ယော ၄:၃၄) ဟုဆိုခဲ့သောအရာသည် သူ၏ ဆောင်ပုဒ် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်နေလျှင် အလွန် ဝမ်းမြောက်သည်။ သခင်ယေရှု ကထိုစကားကို ရှမာရိအမျိုးသမီးထံသူသည် ကယ်တင်ရှင် ဖြစ်ကြောင်း ပြော၍ ထိုအမျိုးသမီးက သူ့ကို ကယ်တင်ရှင်အဖြစ် ယုံကြည် သောကြောင့် ပြောသောစကား ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်ကို ဘုရား အဖြစ်သိမြင်သောသူသည် ပျောက်ဆုံးသော ဝိညာဉ်များကယ်တင်ခြင်း အကြောင်း ပြောခြင်းသည် သူ၏ စားစရာ ဖြစ်သည်။ ထိုထက် သာ၍ ကောင်းသော အစားအစာသူ၌ ဘာမျှမရှိတော့ချေ။ 
 
 
ခလေးများကို သွန်သင်ကြပါစို့

များစွာသော မိသားစု၌ ဘုရားသခင်က ရင်သွေး ခလေးများကို ပေးထားသော်လည်း ကောင်းစွာ သွန်သင်ခြင်း မရှိသောကြောင့် ဘုရားသခင်၏ ကောင်းကြီးသည် ဝမ်းမြောက်စရာ မဖြစ်ဘဲ စိတ်ညစ်စရာ၊ အရှက်ကွဲစရာများဖြစ်လာ ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် ခလေးများကို ငယ်ရွယ်စဉ်မှမဆုံးမ၊ မသွန်သင်သောကြောင့် ဖြစ်သည်။ မိဘတိုင်း ကိုယ့် ခလေးကို ချစ် ကြသည်။ ထိုအရာသည် သဘာဝ ဖြစ်၍ ထိုသို့လည်း ဖြစ်သင့်သည်။ သို့သော် ခလေးများကို ချစ်ရုံနှင့် မပြီး သေးပါ။ ချစ်ခြင်းမေတ္တာ တခုတည်းဖြင့် ခလေးများကို ပြုစုပါက ပုံ မသွင်ထားသော ခြံစည်းရိုးကဲ့သို့ ပုံပန်းမကျရိုင်းသော အသက်တာများဖြင့်ကြီး ပြင်းလာကာနောက်ဆုံး၌ မိဘများ စိတ်ညစ်ခြင်း၊ အရှက်ကွဲခြင်း၊ ဝမ်းနည်းကျေ ကွဲခြင်းဖြင့် အဆုံးသပ်ရမည် ဖြစ်သည်။ ထို့ကြောင့် မျှော်လင့်စရာ ရှိသေးစဉ်တွင် ကိုယ်ရင်သွေးငယ်များကို သွန်သင်ဆုံးမဘို့ အကြံပေးလိုပါသည်။ 
 
ဘယ်အရွယ်မှစသွန်သင်ရမည်နည်း

များစွာသော မိဘများ အနေဖြင့် ခလေးကိုကြီး လာမှသွန်သင်ရမည်ဟု ထင်မှတ် ကြသည်။ ထို့ကြောင့် ငယ်ရွယ်စဉ်တွင် အလိုလိုက်၍ကြီး လာမှသွန် သင်သောအခါ နောက်ကျသွားပြီ၊ မရတော့ပါ။ ခလေးသည် မွေးစကပင်သွန် သင်ရမည်။ စကား မပြောတတ် အလွန် ငယ် သေးသော ခလေးကို မည်ကဲ့သို့ သွန် သင်နိင်မည်နည်းဟု အံ့ဩ ပေလိမ့်မည်။ မွေးကင်းစ ခလေးသည် သွန်သင်ဘို့ လိုသည်။ သွန်သင်၍ လည်းရသည်။ မွေးကင်းစ ခလေးကို ချစ်လွန်းသောကြောင့် တချိန်လုံးချီလျှင် လက်ကို သိ၍ ချီဘို့ရန် တောင်းဆိုလိမ့်မည်။ ခလေးသည် ငိုခြင်းဖြင့် သူ့အလိုဆန္ဒကို ဖေါ်ပြနိင်သည်။ ငိုခြင်းသည် ခလေး စကားပြောခြင်း ဖြစ်သည်။ ခလေး ငိုလာလျှင် ဘာပြောမှန်း မသိသော်လည်း မိဘများ ပြာပြာသလဲ ဂရုစိုက်ရသည်။ ခလေးကို ချစ်လွန်း၍ လုံးဝ မငိုစေချင် သောကြောင့် ငိုတိုင်း ချီလျှင်ကိုယ့်ကိုယ်ကို ဒုက္ခ ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် နားမလည်သော မိခင် များသည် ခလေး တယောက် တည်းဖြင့် အလုပ်ရှုပ်နေကာတနေကုန်ဘာမျှမလုပ်နိင်ဘဲ ဖြစ်တတ်သည်။ ထိုအခါ ပင်ပင်ပန်းပန်းနှင့် အလုပ်မှပြန်လာသော လင်ယောက်ျားနှင့်လည်း စကားများနိင်သည်။ ထမင်းလည်း မချက်နိင်အိမ်မှု ကိစ္စများလည်း မလုပ်နိင်၊ ကိုယ်လည်း စိတ်ညစ်၊မိသားစုအတွင်း၌လည်း ပြသနာ ဖြစ်နိင်သည်။ ထို့ကြောင့် ခလေးကို မွေးစကပင်သွန်သင်ပါ။ 

မွေးကင်းစ ခလေး များသည်များများ အိပ်ဘို့ လိုသည်။ ထိုသို့ အိပ်သောအခါ မချီဘဲ အိပ်ယာပေါ်၌ အိပ်ခိုင်းပါ။ ထိုသို့ မအိပ်ခိုင်းဘဲ ခဏခဏချီလေ့ရှိလျှင် အကျင့်ပါက ချီဘို့ တောင်းဆိုလိမ့်မည်။ မည်ကဲ့သို့ တောင်းဆိုမည်နည်း။ ငိုခြင်းအားဖြင့် တောင်းပါလိမ့်မည်။ ထိုသို့ တောင်းဆိုသောအခါ မချီလိုက်ပါနှင့်။ အကျင့် ပါသွားမည်။ ခလေး ငိုခြင်း ကိုသည်း ခံနိင်ဘို့ လိုအပ်သည်။ များသောအားဖြင့် မိဘများသည် ခလေး ငိုခြင်းကို မကြည့်ရက်တတ်ကြချေ။ ထိုသို့ ခလေး ငိုခြင်းကို မကြည့်နိင်ဘဲ ချီလိုက်လျှင် အကျင့်ပါက တချိန်လုံးချီဘို့ လိုလိမ့်မည်။ ထို့ကြောင့် မိ ဘများ အနေဖြင့် ခလေး ငိုခြင်း ကိုသည်း ခံနိင်ရမည်။ ခလေး ငိုတိုင်း အလိုမလိုက်လျှင် နောက်ပိုင်း၌ သဘောပေါက်ပြီး သိပ်လိုက်သည်နှင့် တပြိုင်နက် အိပ်ပျော်သွားပါ လိမ့်မည်။ မိဘလည်း စိတ်ချမ်းသာ၍ ခလေး အတွက်လည်း ပို၍ ကောင်းသည်။ 

ခလေးများငိုခြင်းသည် ကြောင်းရှိသည်။ ဆာသောကြောင့်၊ ဖျားနာ သောကြောင့်၊ ပူလွန်း၊ ချမ်းလွန်းသောကြောင့် ဖြစ်သည်။ ထိုအရာများသည် သဘာဝ ဖြစ်သည်။ ဆာသောကြောင့် ငိုလျှင် အစာကြွေးလိုက်ခြင်းဖြင့် ပြသနာ ပြေ လည်နိင်သည်။ ဖျားသောကြောင့် ငိုလျှင် ကုသရမည်။ အပူအအေးကြောင့် ဖြစ်လျှင် အပူအအေးကိုမျှ တစေရမည်။ ထို့အပြင် ခလေး ငိုခြင်းသည် အလိုလိုက်သောကြောင့် ချွဲ၍ ငိုခြင်း ဖြစ်သည်။ ထိုအရာသည် မိဘ၏ အပြစ် ဖြစ်သည်။ အလိုလိုက်ခြင်းသည် ခလေးများကို ဖျက်ဆီးခြင်းနှင့် တူသည်။ ထို့ကြောင့် တတ်နိင်သမျှ ခလေးကို အလိုမလိုက်ဘို့ အရေးကြီးသည်။ ခလေး များသည် မည်သည့်အရွယ်မှာမဆို မိဘက အလိုလိုက်ခြင်းနှင့် မလိုက်ခြင်းကို သိတတ်ကြသည်။ စကား မပြောနိင်သော်လည်း သိကြသည်။ ခလေးများကို အလိုလိုက်ခြင်း၌ အဘိုးတန်သော ဟင်းဖုံး(cellphone)များကို ကစားစရာ ကဲ့သို့ ပေးတတ်ကြသည်။ ဟင်းဖုံးများသည် တန်ဘိုး ကြီးသည်၊ ခလေး ကစားစရာ မဟုတ်။ မည်မျှပင်ငိုစေကာမူမပေးဆော့သင့်ချေ။ 

ခလေးများသွန်သင်သောအခါ မိဘနှစ်ပါး သဘော ချင်းတူညီဘို့ လိုသည်။ တယောက် ကဆုံးမစဉ်တွင် တယောက် ကကာကွယ်လျှင် ခလေးများပျက်စီး၍ ဆုံး မသွန်သင်၍ ရမည် မဟုတ်။ အချို့သော ဖခင်များသည် ဖခင်နေရာကို မယူ၊ ခလေးများကို မိခင် တာဝန်ဟု ထင်တတ်ကြသည်။ သို့သော် မိခင် တာဝန် ဖြစ်သလိုဖခင် တန်ဝန်လည်း ဖြစ်သည်။ အချို့သော မိခင် များလည်း သွန်သင်ဆုံးမခြင်းကို ဖခင် တာဝန်ဟု ထင်ကာ မိခင်က လုံးဝ မဆုံးမတတ်ကြချေ။ သားသမီး များဆုံးမသွန် သင်ခြင်းသည် မိဘနှစ်ပါး၏ အလုပ် ဖြစ်သည်။ 
 
မည်သည့်အရာများ သွန်သင်မည်နည်း

သမ္မာကျမ်းစာက၊ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်း၌ မလွှဲ၊ လိုက်သွားလိမ့်မည်။” (သု ၂၂:၆) ဟုဆိုထားသည်။ သားသမီးများကို မည်သည့်အရာသွန်သင်ရမည်နည်း။ ဘုရားသခင် ကိုယ်တော်တိုင်က၊ “အို ဣသရေလ အမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ။ အိပ်လျက်။ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။” ( တရားဟော ၆:၄ -ရ) ဟုဆိုသည်။ 

အထက်ပါ ကျမ်းပိုဒ်များ အရ ဘုရားသခင်က သားသမီးများကို ထာဝရဘုရားသည် တဆူတည်းသော ဘုရား ဖြစ်၍ သူ့ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်း သတ္တိရှိသမျှနှင့် ချစ်ဘို့ သွန်သင်စေချင်သည်။ ထိုအကြောင်းကိုသားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည် ဟုဆိုသည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက် ရှိသည် ဖြစ်စေထိုစကားကို ပြောရမည်ဟု ဘုရားသခင်က မိဘတိုင်းကို မှာထားသည်။ သို့သော် မိဘကိုယ်တိုင် ကဘုရားသခင်ကို မချစ်လျှင် မည်ကဲ့သို့ သားသမီးများကို သွန်သင်နိင်မည်နည်း။ ထို့ကြောင့် မိဘကိုယ်တိုင်က ဘုရားသခင်ကို ချစ်တတ်ဘို့ လိုသည်။ ဘုရားသခင်ကို ချစ်တတ်ခြင်းသည် အရာခပ်သိမ်း၌ ကောင်းဘို့ရန် အစ ဖြစ်သည်။ ဘုရား ချစ်သောသူသည် ဒုစရိုက်ကို ရှောင်မည်။ ဘုရား ချစ်သောသူသည် ဘုရား မကြိုက်နှစ်သက်သောအရာကို ပြုလုပ်မည် မဟုတ်။ 

ဆာလံဆရာကလည်း၊ “ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥဏာ ဖြစ်ကြ၏။ အသက် ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့သည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်ကြ၏။ မိမိမြှားတောင့်ကို သူတို့နှင့် ပြည့်စေသောသူသည် မင်္လာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်း မရှိ။ ရန် သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။” (ဆာ ၁၂ရး၃-၅) ဟုဆိုသည်။ သားသမီး များသည် ဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာ ဖြစ်သည် ဟုဆိုသည်။ ထိုအမွေဥစ္စာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ရမည်။ သားသမီး များသည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်သည် ဟုဆိုသည်။ မြှားသည် ပစ် ဘို့ရန် ဖြစ်သည်။ သို့သော် မြှားသည် သူ့ဟာသူမပစ်နိင်ပါ။ မုတ်ဆိုးကပစ်ရသည်။ ထို့နည်းတူ သားသမီးများကိုလည်း မိဘကပစ်ရသည်။ မုတ်ဆိုးသည် မြှားကို ပစ်သောအခါ ရည်ရွယ်ချက်မရှိဘဲ မပစ်ချေ။ ပစ်မှတ်ကို ထား၍ ပစ်တတ်သည်။ ထို့ နည်းတူ မိဘများ အနေဖြင့် သားသမီးများကို ပစ်မှတ်ထားပစ်ဘို့ လိုသည်။ မိဘများက သားသမီး များအတွက် ပစ်မှတ်ထားရမည့် အရာသည် ဘုရားသခင်ကို ချစ်ဘို့၊ ကောင်းကင်နိင်ငံရောက်စေဘို့ ဖြစ်သည်။ သို့သော် များစွာသော မိဘများ၏ ပစ် မှတ်သည် ပညာတတ်ဘို့နှင့် အလုပ်ကောင်းကောင်း ရဘို့ သာလျှင် ဖြစ်ကြသည်။ 
 ယခုမှစ၍ ဘုရားသခင်ကို ချစ်ဘို့၊ ယုံကြည် အားကိုး ဘို့၊ ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရား သိဘို့ အတွက် ပစ်မှတ််ထားကြစို့။ 
 
မည်ကဲ့သို့ သွန်သင်မည်နည်း

ကျမ်းပိုဒ်များကိုအတူ တကွအလွတ်ကျက်ရမည်။ အလွတ်ကျက်ရမည့် ကျမ်းပိုဒ်များမှာ၊ အထက်က ဖေါ်ပြခဲ့သော တရားဟောရာကျမ်း၆:၄ -၇၊ အပြင်၊  သုတ္တံကျမ်းထဲမှ များများကျက်ရမည်။ “ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။” (သု ၁:၇) “ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို မမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” (သု ၃:၅-၈)။ “သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့် အညီမိဘစကားကို နားထောင် ကြလော့။ မိဘစကားကို နားထောင်ခြင်း အမှုသည် တရားသောအမှု ဖြစ်၏။ မိဘကို ရိုသေစွာ ပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့််ဆိုင်သော ပဌမ ပညတ် ဖြစ်၏။” (ဧဖက် ၆:၁-၃) “သက်သေခံတော်မူ ချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရဘုရား အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူ မူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂) “ဘုရားသခင်၏ သားတော်ကို ယုံ ကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။” (ယော ၃:၁၆)။ 

အထက်ပါ ကျမ်းပိုဒ်များကို အလွတ်ကျက်သည်သာမက အဓိပ္ပါယ်ရှင်း ပြဘို့လည်း လိုအပ်သည်။ ကျမ်းစာများကို သိဘို့သာမက ဘုရားသခင်ကို ချစ်ဘို့ ထာဝရ အသက် ရရှိစေဘို့ ရည်ရွယ်ချက်ရှိရမည်။ သူတို့သည် ထာဝရ အသက် မရရှိပါက ထာဝရ မီးအိုင် ထဲ၌ ကျမည့် အရာကို မိဘတိုင်း ကစဉ်းစားဘို့ လိုသည်။ သားသမီးများကို ထာဝရ မီးအိုင် ထဲ၌ ကျဘို့ မွေးဘွားခြင်းသည် မမွေးလျှင် သာ၍ ကောင်းသည်။ သားသမီး များပျက်စီးစေသော မိဘများကို သခင်ယေရှုက ဤကဲ့သို့ ဆိုသည်၊ “ငါ့ကို ယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသော ပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။” (မ ၁၈:၆)။ 

သားသမီးများကို ဆုတောင်း ပေးရမည်။ ဆုတောင်းခြင်းဖြင့် သူတို့၏ အသက်တာပြောင်းလဲနိင်သည်။ ထို့အပြင် သူတို့ ကိုယ်တိုင် ဆုတောင်း တတ်ဘို့ရန်လည်း သွန်သင်ပါ။ သားသမီးများကို ဖြစ်စေချင် သကဲ့သို့ မိဘများကိုယ်တိုင် လုပ်ပါ။ သားသမီး များ၏ အကောင်းဆုံးနှင့် အထိ ရောက်ဆုံးသော ဆရာ ဆရာမသည် မိဘများ ပင် ဖြစ်သည်။ မိဘများ ပြုလုပ် သကဲ့သို့ သားသမီး များကလိုက်တတ်သည်။ ထို့ကြောင့် မိဘတိုင်း ကိုယ့် သားသမီးများကို ငယ်ရွယ်စဉ် ကသွန်သင်လမ်းပြဘို့ တိုက်တွန်းနိုးဆော်အပ်ပါသည်။ မိဘတိုင်း ဘုရားသခင်က ခွန်အားနှင့် ဥာဏ်ပညာပေးပါစေသော်။ 
 

ကိုယ့်ဥာဏ်ကို အမှီမပြုဘို့ 
“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။”  (သုတ္တံ ၃:၅-၈) 

အထက်ပါ ကျမ်းပိုဒ်များကို ခရစ်ယာန် တိုင်း သိကြပါလိမ့်မည်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစား၍ ကိုယ့်ဥာဏ်ကို အမှီမပြုဘို့ သွန်သင်ထားသည်။ ကိုယ့်ဥာဏ်ကို အမှီပြုသော ဖခင်နှင့် ဘုရားသခင်ကို ကိုးစားသောသား အကြောင်းအားဖြင့် သင်ခန်းစာယူကြစို့။ 
 
ဘုရားရွေးကောက်

ယာကုပ်သည် ဘုရားသခင်က အမိဝမ်းထဲ၌ ရှိစဉ်ပင်ရွေးကောက်ခဲ့ကြောင်း ဘုရားသခင်က သူ့မိခင် ထံ ဤသို့ ပြောခဲ့သည်၊ “ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ ဝမ်းတွင်း ထဲကခြားနားသော လူစုနှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီး လိမ့်မည်။ အကြီးသည် အငယ်၌ ​ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။” (က ၂၅:၂၃) ထိုသို့ ယာကုပ်သည် ဘုရားသခင်၏ ရွေးကောက်ခြင်း ခံခဲ့ရသည်။ သို့သော် ကိုယ့်ဥာဏ်ကို အမှီပြု၍ ကောင်း ကြီးရယူကြောင်း တွေ့ရသည်။ 
 
သား ဦးအရာဝယ် 

ယာကုပ်သည် ဘုရားသခင်ကသား ဦးအရာ၏ ကောင်းကြီးကို အမိဝမ်း မှပေးခြင်း ခံရသော်လည်း သူ့အစ်ကိုထံမှ အစားအသောက်အားဖြင့် ဝယ်ခဲ့သည်။ “တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက်ပြုတ်စဉ်တွင်၊ ဧသောသည် တော မှလာ၍ မောသောကြောင့်၊ ယာကုပ်အား၊ ထိုနီသော စားစရာနှင့် ငါ့ကို ​ကျွေးပါလော့၊ ငါမောပါသည် ဟုဆိုလေ၏။ ယာကုပ်ကလည်း၊ ယနေ့ ပင်သင်၏သား ဦး အရာကို၊ ငါ့ အားရောင်းပါ ဟုဆိုလျှင်၊ ဧသောက၊ ငါသေလုပြီ။သား ဦးအရာအားဖြင့် အဘယ် အကျိုးရှိပါလိမ့်မည်နည်း ဟုဆို၏။ ယာကုပ်ကလည်း၊ ယနေ့ ပင်ငါ့အား ကျိန်ဆိုခြင်းကို ပြုပါ ဟုဆိုသော်၊ သူသည် ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသား ဦးအရာကို ရောင်းလေ၏။ ထိုအခါ ယာကုပ်သည်၊ မုန့်နှင့် ပဲဟင်းကို ဧသော အားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ၏။” (က ၂၅:၂၉-၃၄) 
 
ကောင်းကြီး လိမ်ယူ

ဖခင်ဣဇက်သည်သားကြီး ဧသောကို ကောင်းကြီး ပေးဘို့ ကြံရွယ်သည်။ ထိုအခါ မိခင် ရေဗက္က ကသား ငယ်ယာကုပ်အား ထိုကောင်းကြီးကို ရစေဘို့ရန် ကြံရွယ်သည်။ ယာကုပ်သည် သူ့မိခင်၏ အကြံပေးမှုဖြင့် ထိုကောင်းကြီးကို ဖခင်ထံမှ ဧသော ဟန်ဆောင်၍ ရယူခဲ့သည်။ ဧသောသည် ဖခင်ထံမှ ကောင်းကြီးကို မျက်ရည်မျက်ခွက်နှင့် ပြန်လည်တောင်းသော်လည်း မရရှိတော့ချေ။ အကို ဧသောသည် ကောင်းကြီး မရသောအခါ ညီယာကုပ်ကို သတ်ဘို့ ကြံရွယ်သည်။ ထိုအခါ သူ့မိခင် ကယာကုပ်ကို ဦးလေးလာဗန်ထံပြေးဘို့ရန် အကြံပေးသည် (က ၃၇)။ ဤနေရာ၌ တမိသားစုလုံးသည် မှား ကြသည်။ ဘုရားသခင် အကြံတော် သိကြသော်လည်း မိမိတို့ လုပ်ချင်သောအရာကို လုပ် ကြသည်။ ဘုရားသခင်ကသား ငယ်ယာ ကုပ်ကို ရွေးကောက်ကြောင်း ဖခင်ဣဇက်သည် သိသော်လည်း သား ကြီးကို ကောင်းကြီး ပေးဘို့ ရည်ရွယ်ခြင်းသည် မှားသည်။ ထိုသို့သားကြီး ပေးဘို့ ကြံရွယ်ခြင်းသည် သားကြီး ဧသော ပေးသော အမဲသားကို စားလေ့ရှိသောကြောင့် သူ့ကို ချစ်၏။ (က ၂၅:၂၈)။ ဣဇက်သည် ကိုယ်ကာယမျက်စိမှုန် သကဲ့သို့ ဝိညာဉ် မျက်စိလည်းမှုန်သောကြောင့် ဘုရား မရွေးကောက်သောသား ကြီးကို ကောင်းကြီး ပေးဘို့ ကြံ ရွယ်ခြင်း ဖြစ်သည်။ 

မိခင် ရေဗက္ကလည်း မှားသည်။ ဘုရားသခင်ကသား ငယ်ယာကုပ်ကို ကောင်းကြီး ပေးဘို့ သူ့ဝမ်းထဲ၌ ကိုယ်ဝန်ဆောင်စဉ်ပြောပြီး ဖြစ်သော်လည်း သူယောက်ျားကို ပြန်လည် မပြောဘဲသား ငယ်ကို လိမ်ခိုင်းသည်။ ထိုအမှု အရာကို ဘုရားသခင် လက်ထဲ၌ အပ်လျှင် ဘုရားသခင်က ​ ဖြေရှင်းမည် ဖြစ်သည်။ ထိုသို့ ဘုရားသခင်ကို မစောင့်သောကြောင့် သူချစ်သောသား ငယ်ကို သူ့အစ်ကို ကသတ်ဘို့ ကြံ ရွယ်သောကြောင့် မည်မျှစိတ်ဆင်းရဲ မည်နည်း။ ထိုမျှသာမက သား ငယ်ကိုသူ၏ မောင်လာဗန်ရှိရာခါရန်သို့ ပြေးခိုင်းသည်။ ရေဗက္ကသည် သူသား ငယ်ကို ထိုသို့ ပြေးခိုင်းသည် နောက်ပြန်မမြင်တော့ချေ။ ယာကုပ်မပြန်ခင်မှာသေဆုံးသွားသည်။ သူသေရခြင်းသည် သား ငယ်ယာကုပ်ကို လွမ်းသောကြောင့် ဖြစ်နိင်သည်။ ဧသောလည်းသား ဦးအရာကို မထီမဲ့မြင် ပြု၍ ထမင်းတနပ်စာနှင့် သူ့ညီထံရောင်းခဲ့သည်။ ဖခင်ထံမှ ကောင်းကြီး မရသောအခါ သူ့ညီကို သတ်ဘို့ ကြံရွယ်ခြင်းသည် ဘုရားသခင် 
၏ အကြံအစည်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယာကုပ်လည်း သူ့မိခင်၏ အကြံကို နာ ခံသောကြောင့် သူ့အစ်ကိုထံမှ ထွက်ပြေးရသည်။ သူ့ မိခင်ကို မတွေ့ရတော့ချေ။ 
 
ဦးလေး၏ လိမ်ခြင်း ခံရ

ကျမ်းစာက၊ “ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာ ၆:ရ) ဟုဆိုသည့်အတိုင်း ယာကုပ်သည် သူ့အဖေကို လိမ်သောကြောင့် သူ့ဦးလေးလာဗန်၏ လိမ်ခြင်းကို ခံခဲ့ရသည်။ သူူ့့့ဦးလေးလာဗန်၏ သမီးငယ်ရာခေလကို သူချစ်၍ သူ့ကို ရရှိဘို့ အတွက် ခုနှစ်နှစ်အစေခံခဲ့သည်။ သို့သော် သူ့ဦးလေးကသူချစ်သော ရာခေလအစားသူ့အမလေအာကို ပေးစားလိုက်သည် (က ၂၉)။ သို့သော် သူ ချစ်သော ယာခေလကိုလည်း ပြန်လည်ရရှိခဲ့သည်။ 
 
ဦးလေးတိရစ္ဆာန်များ 

သူ့ဦးလေးကသူ့လုပ်ခအတွက် ဘာပေးရမည်နည်းဟု မေးသောအခါ ပြောက်ကျားသော ဆိတ်များ၊ ညိုသော သိုးများသည် သူ့လုပ်ခ ဖြစ်ပါစေ ဟုဆိုသည်။ ယာကုပ်သည် မပြောက်မကျားသော ဆိတ်နှင့် မညိုသော သိုးများကို ထိန်း၍ ထိုအထဲမှအပြောက်အကျားညိုသော သိုးဆိတ်များ မွေးလာလျှင် ထိုအရာများသည် သူ့ဥစ္စာ ဖြစ်ရမည်ဟူ၍ ဖြစ်သည်။ “ထိုအခါ ယာကုပ်သည်၊ စိမ်းသော လိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တန်ဖျာများကို ယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွါပြီးလျှင်၊ ရေသောက်လာသော သိုး၊ ဆိတ်အထီးအမရှက်တင်စေမည်အကြံရှိ၍၊ ရေသောက် လာသောအခါ၊ အခွံ ခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာ စိုက်ထားလေ၏။ သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍ အပြောက်အ ကျားစသည်တို့ကို ဘွားကြ၏။” (က ၃၀:၃ရ- ၃၉) ထိုသို့ဖြင့် ယာကုပ်သည် ဥာဏ်ကို သုံး၍ သူ၏ ဥစ္စာပွားများရန် ကြိုးစားသည်။ 
 
ဦးလေးထံမှ ပြေးရပြန်

ယာကုပ်သည် သူ့ဦးလေးနှင့်သားများထံမျက်နှာမရသောအခါ သူ့အကိုထံမှ ထွက်ပြေးခဲ့ သကဲ့သို့ သူ့ဦးလေး မသိဘဲ ထွက်ပြေးရပြန်သည်။ သူ့ဦး လေးကလိုက်သောအခါ ဘုရားသခင်က သူ့ဦးလေးကို ယာကုပ်အား အကောင်း အဆိုး မပြောဘို့ သတိပေးသောကြောင့်သာသူ့ဦးလေးကဘာမှအန္တရာယ် မပြုဘဲ နေခဲ့သည်။ သို့မဟုတ်ပါက သူ့ဦးလေးက သူ့ကို တခုခုလုပ်မှာသေချာသည် (က ၃၁)။ 
 
အစ်ကိုကို ရှေ့ခိုး

ယာကုပ်သည် ဘုရားသခင်၏ ကွယ်ကာမှုကြောင့် ဦးလေးရန်ကလွတ် လာသော်လည်း အစ်ကို၏ ရန်ကြောက်ရပြန်သည်။ သူသည် အစ်ကို ဧသော ထသူပြန်လာကြောင်း သတင်း ပို့သောအခါ သူ့အစ်ကိုသည် လူလေးရာနှင့် လာကြောင်း သူသိသောအခါ အလွန် ကြောက်လာသည်။ ထို့ကြောင့် သူ့အစ်ကိုကို “သခင်” ဟူ၍ ခေါ်ကာလက်ဆောင်များ ပေး၍ သူ့ရှေ့၌ ရှေ့ခိုးရသည်။ ဘုရားသခင်၏ အကြံအစည်မှာအစ်ကို ဧသောက သူ့ကို ရှေ့ခိုးဘို့ ဖြစ်သော်လည်း သူ၏ အပြစ်ကြောင့် သူ့အစ်ကိုကို ကြောက်ကြောက်နှင့် ရှေ့ခိုးရသည် (က ၃၂)။ 
 
ပေါင်ချန်ထိုးခံရ၍ ထော့နဲ့

ယာကုပ်သည် ဘုရား နှင့်လည်း နပန်းလုံးကြောင်း ဤသို့ ရေးထားသည်၊ “ယာကုပ်သည် တယောက် တည်းနေရစ်၍ လူတဦးသည် မိုဃ်းလင်းသည် တိုင်အောင် သူနှင့် လုံးထွေးလေ၏။ ထိုသူသည် မိမိမနိုင်မှန်းကို သိလျှင် ယာကုပ်
ပေါင်ချန်ကို ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။ ထိုသူကလည်း၊ ငါ့ကို လွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အ​ကျွန်ုုပ်ကို ကောင်းကြီး မပေးလျှင်၊ မသွားရ ဟုဆို၏။ ထိုသူကလည်း၊ သင်၏ အမည်ကား အဘယ်သို့ နည်းဟု မေးလျှင်၊ ယာကုပ် ဖြစ်ပါသည်ဟု ပြန််ဆို၏။ နောင်၌ သင်၏ အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလ ဟူ၍ ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။” (က ၃၂:၂၄-၂၈) ယာကုပ်သည် ထိုအချိန် ထိလူနှင့်သော်၎င်း၊ ဘုရားနှင့်သော်၎င်း၊ နပန်းလုံးတတ်သည်။ ထို့ကြောင့် သူကို ဘုရားသခင်က ပေါင်ချန်အကြောကြီးကို ထိုး ကာသူသည် ထော့နဲ့သွားသည်။ ထိုနောက် ပိုင်း၌ ယာကုပ်သည် သူ့ဥာဏ်ကို မသုံးတော့ချေ။ ဘဝသင်ခန်းစာရရှိသွားပြီ။ 
 
သား များ၏ လိမ်ခြင်းခံ

ယာကုပ်သည် ဥာဏ်မသုံးတော့ဘဲ သင်ခန်းစာရသွားသော်လည်း သူ စိုက်ခဲ့သော အရာများသည် မကုန်နိင်ဘဲ ပြန်လည်ရိတ်သိမ်းနေရသည်။ သူ့အချစ် ဆုံးမိန်းမယာခေလ၏သား ယောသပ်ကို သူ့အစ်ကိုများကမနာလို၍ သတ်ဘို့ရန် ကြံရွယ် ကြသည်။ သို့သော် ဘုရားသခင်က ယောသပ်ကို သေဘို့ရန် ခွင့်မပြုသောကြောင့် သူ့ကို ​ကျွန်အဖြစ် အစ်ကိုများကရောင်းလိုက်သည်။ အစ်ကိုများကဖခင်ယာကုပ်ထံတွင် ယောသပ်သည်သားရဲကကိုက်စားလိုက်သည်ဟု လိမ်ကြသောကြောင့် ယာကုပ်သည် ယောသပ်အတွက် အလူးအလိမ့်ခံစား ခဲ့ရသည်။ ယာကုပ် ကယောသပ်နှင့် ပတ်သက်၍၊ “သူ့ကို ဆိုးသောသားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကား ဟုဆိုလျက်၊ မိမိအဝတ်ကို ဆွဲဆုတ်၍၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလ ပတ်လုံး၊ သားကြောင့် စိတ်မသာညည်းတွားလျက် နေလေ၏။ သားသမီး အပေါင်းတို့သည်၊ အဘကို နှစ်သိမ့်စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမ ထောင်ဘဲ၊ ငါ့သားရှိရာမရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက် တော့မည် ဟုဆိုလေ၏။ ထိုသို့ ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည် တမ်းလျက် နေလေ၏။” (က ၃၇း၃၃-၃၅) 
 
အသက် တို၍ ဆိုးသည် 

ယာကုပ်၏ အသက်တာသည် ခြုံ၍ ကြည့်ပါက ဘုရားသခင်က ရွေးခဲ့သော်လည်း ဘုရားသခင်၏ အချိန်ကို မစောင့် သူ့ဥာဏ်ကို အသုံးပြုတတ်သောကြောင့် သူ့အသက်တာမှာကြောက်လန့်ခြင်း၊ ဝမ်းနည်း​ကြေကွဲခြင်း များနှင့် အပြည့် ဖြစ်သည်။ ထို့ကြောင့် ဖါရောဘုရင်ကသူ့အသက်ကို မေးသောအခါ၊ “​ကျွန် တော်သည် ဧည့်သည် အာဂœု ဖြစ်၍ လွန်သော အသက်သည် အနှစ်တရာသုံး ဆယ်ရှိပါပြီ။ ​ကျွန်တော် အသက်ရှင်သော နှစ်နည်း၍ ဆိုးပါ၏။ ဧည့်သည် အာဂœု ဖြစ်သော ဘိုးဘေးတို့၏ အသက် တမ်းကို မမှီပါ၊ ” ဟု ​ဖြေခဲ့သည်။ (က ၄ရး၉) ယာကုပ်၏ အသက်တာကို ကြည့်၍ ယုံကြည်သူများအနေဖြင့် သင်ခန်းစာယူသင့်သည်။ 
 
ဘုရားသခင်ကို မစောင့်ဘဲ ကိုယ့်ဥာဏ်ကို အသုံးပြုလျှင် ပင်ပန်းခြင်း၊ ကြောက် ရွံ့ခြင်း၊ မိန်းမောတွေဝေခြင်း များနှင့် အသက်ရှင်နိင်သည်။ ထို့ကြောင့် ယခုမှစ၍ အစစအရာရာ၌ ဘုရားသခင်ကို အားကိုး၍ ဘုရားသခင်၏ အချိန်ကို စောင့်ကြ စို့။သို့ပြုလျှင် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းအားဖြင့် အသက်ရှင်နိင်ကြမည် ဖြစ်သည်။ စာရှုသူအယောက်တိုင်း ဘုရားကောင်းကြီး ပေးပါစေသော်။ 
 

ယောသပ်အသက်တာ

များသောအားဖြင့် ဖခင်ကသားကို ဆုံးမသွန်သင်လေ့ရှိသည်။ သားက ဖခင်၏ ကောင်းသော အကျင့်များကို အတုယူတတ်ကြသည်။ သို့သော် အချို့သော မိသားစု၌ သားသည် ဖခင်ထက်တော် သောသူ၊ ဖခင်၏ အကျင့်ဆိုးကို ရှောင်၍ ဘုရားတရား၌ နေသောသူများလည်းရှိတတ်သည်။ ထိုသူများ အထဲ၌ ယောသပ်သည် ဖခင်ယာကုပ်ထက်တော် သောသူ၊ တည်ငြိမ်သောသူ၊ ဘုရားသခင်ကို ကိုးစား၍ ကြောက်ရွံ့သောသူ ဖြစ်ကြောင်း တွေ့ရသည်။ 
 
ဘုရားကရွေးကောက်

ယောသပ်ကို ဘုရားသခင်က ခေါင်းဆောင် ဖြစ်ဘို့ ရွေးကောက်ခြင်းကို သူကိုယ်တိုင် သူ့အဖေနှင့် အစ်ကိုများထံ ဤသို့ ပြောခဲ့သည် “​ကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ​ကျွန်ုပ်ကောက်လှိုင်းသည် ထ၍ မတ်တပ် နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ ရပ်လျက်၊ ​ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု” ပြောဆို လေ၏။ အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြုရ လိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို၍၊ သူ၏ အိပ်မက်နှင့် သူ၏ စကား အကြောင်းကြောင့် သာ၍ မုန်းကြ၏။ 

တဖန် အိပ်မက်ကို မြင်ပြန်၍ အစ်ကိုတို့ အား၊ အခြားသော အိပ်မက်ကို ​ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့ သည်၊ ​ကျွန်ုပ်ကို ရှိခိုးကြ၏ဟု ကြားပြောလေ၏။ ထိုသို့ အဘနှင့် အစ်ကိုတို့အား ကြားပြောသောအခါ အဘက၊ “သင်မြင်သော အိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့် သင်၏ အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမလေ၏။” (က ၃ရးရ- ၁၀) ထိုသို့ဖြင့် ယောသပ်သည် ဘုရားသခင်က သူ့ကို ခေါင်းဆောင် ဖြစ်ဘို့ 
ရည် ရွယ်ကြောင်း သိခဲ့သည်။ 
 
​ကျွန်အဖြစ် ရောင်းစားခံ

ယောသပ်သည် ဘုရားသခင်က ခေါင်းဆောင် ဖြစ်ဘို့ ရွေးချယ်ထားသော်လည်း သူ့အစ်ကိုများကမနာလိုမုန်းတီး ကြသည်။ ထို့ကြောင့် ကောင်းသော စကားကို မပြောနိင်ကြ။ တနေ့သ၌ သူ့ဖခင်ကအစ်ကိုများသိုးထိန်းရာသို့ ကြည့်ရှုဘို့ရန် လွှတ်သောအခါ သူ့အစ်ကိုများကသတ်ဘို့ရန် ကြံစည် ကြသည်။ သို့သော် ဘုရားသခင်ကခွင့်မပြုသောကြောင့် ရေမရှိသောတွင်း ထဲ၌ ချလိုက်ကြသည် ထို့နောက်​ကျွန် အဖြစ်ရောင်းစားခြင်း ခံခဲ့ရသည်။ သူ့ကို ဣရှမေလများ ကအဲဂုတ္တု ပြည်၌ ရောင်းကာ ပေါတိဖါအိမ်၌ ​ကျွန် ဖြစ်ရသည်။ ထာဝရဘုရားသည် ယောသပ်နှင့်အတူ ရှိသောကြောင့် ပြုလေရာရာ၌ အောင်မြင်၏။ သူ့ကြောင့်ထာဝရဘုရားသည် ပေါတိဖာအိမ်ကို ကောင်းကြီး ပေးသည် (က ၃၉:၁-၆)။ ယောသပ်သည် ​ကျွန် ဖြစ်သော်လည်း ဘုရားသခင် အပေါ်၌ သစ္စာ မပျက်၊ စိတ်နာခြင်းလည်း မရှိ။ ပေါတိဖါ၏ မိန်းမက သူနှင့် မှားယွင်းဘို့ရန် သွေးဆောင်သောအခါ၌လည်း၊ “အပြစ် ကြီးသော ဤအမှုကို ​ကျွန်တော် ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း။” (က ၃၉:၉)ဟု သခင် မထံ၌ ဆိုခဲ့သည်။ ထိုသို့ ဘုရားသခင်ကို ကြောက်သောကြောင့် အပြစ်ကို ရှောင်နိင် ခဲ့သည်။ 

ထောင်ကျသောသူများသည် အပြစ်ကြောင့် ကျ ကြသည်။ သို့သော် ယော သပ်သည် ​ဖြောင့်မတ်သောကြောင့် ထောင်ကျသည်။ ပေါတိဖါ၏ မိန်းမသည် ယော သပ်ကို မသွေးဆောင်နိင်သောအခါ သူ့ယောက်ျားထံ၌ ပြောင်းပြန်မမှန်သတင်း ပေးသည်။ ယောသပ်သည် သူ့ကို မှားယွင်းဘို့ရန် ကြံစည်သည်ဟု စွပ်စွဲသောကြောင့် ပေါ တိဖါသည် သူ့ကို ထောင်ချလိုက်သည်။ ​ကျွန်ပ်တို့လည်း မမှန်ကန်ဘဲ အပြစ်တင်ခံသောအခါ ယောသပ်ကို သတိရကြစို့။ ယောသပ်သည် ထောင်ထဲ၌လည်း ဘုရားသခင်ကို မပြစ်မှား၊ ဘုရားသခင်သည် သူ့ကို ကောင်းကြီး ပေးသည်။ ဖါရောဘုရင်၏ ဖလားတော် ဝန်နှင့် စားတော် ဝန်တို့၏ အိပ်မက်အနက်ပြန်သောအခါ၌လည်း၊ “အိပ်မက်အနက် များသည် ဘုရားသခင် ဆိုင်တော်မူသည် မဟုတ်လော၊ ” (က ၄၀:၈) ဟုဆိုခဲ့သည်။ ဖလားတော် ဝန်က သူ့ကို သတိမရတော့သော်လည်း သူ့ကို ဘုရားသခင်က မမေ့ချေ။ ဖလားတော် ဝန်က သူ့ကို မေ့ခြင်းသည်လည်း ကောင်းသည်။ အကြောင်းမှာ ဖလားတော် ဝန်ကမမေ့ဘဲ ဖာရောဘုရင်ထံ၌ သူ့အကြောင်းကို ပြောသော်လည်း ဖရောဘုရင်က သူ့ကို ဂရုစိုက်ချင် မှစိုက်မည်။ ထို့ကြောင့် လူကသတိမရ၊ ဂရုမစိုက်သောအခါ စိတ်မပျက်ကြဘို့၊ ဘုရားသခင်က ​ကျွန်ပ်တို့ကို သတိရ နေကြောင်း သိကြဘို့ လိုသည်။ 

ဖါရောဘုရင်၏ အိပ်မက်ကို အနက်ပြန်မည့် အချိန်၌လည်း ဘုရားသခင်ကို ချီးမြှောက်ကြောင်း သူကိုယ်တိုင် ဘာမှမတတ်နိင်ကြောင်း ဖါရောထံ ဤသို့ ပြောဆိုသွားခဲ့သည်၊ “ဖာရောမင်းကလည်း၊ ငါသည် အိပ်မက်ကို မြင်မက်ပြီ။ အနက်ကို အဘယ်သူမျှ မဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဥာဏ်နှင့် အနက်ဘတ်နိုင်သည်ကို ငါကြားရပြီ ဟုဆို၏။ ယောသပ်ကလည်း၊ ​ကျွန်တော်သည် အလိုအလျောက် မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္လာအ​ဖြေစကားကို ဖာရော ဘုရင် အားပေးတော်မူ စေသောဟု လျှောက်လေ၏။” (က ၄၁:၁၅-၁၆) ယောသပ်သည် ဘုရားသခင်ကို ချီးမြှောက်ဝန်ခံသည်။ ​ကျွန်ပ်တို့လည်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် တခုခုတတ်​ကျွမ်းသောအခါ ဘုရားသခင်ကို ချီးမြှောက်မည့်အစား ကိုယ်ကိုယ်ကို ဝါကြွားမိတတ်ကြသည်။ ဘုရားသခင်ကို မချီးမွမ်းခြင်းသည် အပြစ် ဖြစ်သည်။ 

ယောသပ်သည် ဘုရားသခင် အပေါ်စိတ်မနာသည်သာမက မယုံကြည်သူများ အကြား၊ အထူးသဖြင့် ဖါရောဘုရား ထံ၌လည်း ဘုရားသခင်ကို ချီးမြှောက်သည်။ သူသည် ဘုရားကျောင်းတက်ဘူးသည်လည်း မဟုတ်။ ကျမ်းစာအုပ်ဖတ်စ ရာလည်း မရှိ။ ယုံကြည်သူ အဖေါ်မိတ်ဆွေ ရှိသည်လည်း မဟုတ်။ သို့သော် သူ၏ ဘုရားသခင်ကို သိခြင်းသည် အလွန် အဆင့်မြင့်သည်။ ဘုရားသခင်ကို ဘုရားကဲ့သို့ သိမြင်သည််။ ထို့ကြောင့် ဘုရားသခင်ကလည်း အိပ်မက်များကို အနက်ပြန် နိင်သော အခွင့်ကို ပေးသည်။ 

ဘုရားနှင့်အတူ သွားလာခြင်း 

ယောသပ်သည် ဘုရားသခင်၏ အချိန်ကို စောင့်နိင်သည်။ သူသည် ခေါင်းဆောင် ဖြစ်မည့် အကြောင်းကို အသက် ၁၇ မတိုင်မှီ အိပ်မက်အားဖြင့် သိခဲ့ ရပြီ။ သို့သော် ခေါင်းဆောင် ဖြစ်မည့် အစား​ကျွန်အဖြစ် ရောင်းစားခံရသည်။ ​ကျွန် အဖြစ်အဆင်ပြေနေချိန်တွင် သူ့ဘဝဟောင်းကို မေ့ကာ အားရကျေနပ် နိုင်သော်လည်း ​ကျွန်ထက် နိမ့်ကျသော အဆင့်အကျဉ်းသား ဘဝသို့ ဆင်းသက်ဘို့ လိုသေးသည်။ သို့သော် နောက်ဆုံး၌ ဘုရားသခင်က သူ့ကို အဲဂုတ္တု ပြည်၌ ဖါရောဘုရင် ပြီးလျှင် အမြင့်ဆုံးသော ရာထူး၌ ထိုက်ထိုက်တန်တန်ချီးမြှောက်ခြင်း ခံခဲ့ရသည်။ သူသည် ထိုရာထူးရသော အချိန်၌ အသက် ၃၀ ရှိသည် (က ၄၁:၄၆)။ ထို့ကြောင့် သူဆင်းရဲ ခံရသောအချိန် ကာလသည် ၁၃ နှစ် ဖြစ်သည်။ ၁၃ နှစ် ဘုရားသခင်နှင့်အတူ သွားလာသောကြောင့် နှစ်ပေါင်း၈၀ ကောင်းစား ခဲ့သည်။ သူ့ဖခင်ယာကုပ်သည် အသက် ရှည်သော်လည်း ဆိုးသော အမှုနှင့် ပြည့်သည်။ ယောသပ်မူကား ဘုရားသခင်၏ အချိန်ကို စောင့်နိင်သောကြောင့် ခဏဒုက္ခ ခံခဲ့ရသော်လည်း နှစ် ပေါင်း များစွာ ကောင်းကြီးခံစား ခဲ့ရသည်။ လူအချို့တို့သည် ငယ်ရွယ်စဉ်၌ အဆင် ပြေကောင်းစား ခဲ့သော်လည်း အသက်ကြီး လာလေလေဒုက္ခ ဆင်းရဲ တွေ့လေလေ ဖြစ်တတ်သည်။ အကြောင်းရင်း အမျိုးမျိုးရှိမည် ဖြစ်သော်လည်း အဓိကအကြောင်းရင်းသည် ဘုရားသခင်နှင့်အတူ မသွားလာခြင်းကြောင့် ဖြစ်သည်။ ယောသပ်ကဲ့သို့ ဘုရားသခင်နှင့်အတူ သွားလာကြစို့။ ဘုရားသခင်ထက် မမြန်၊ မနှေးကြစို့နှင့်။ ဘုရားသခင်၏ အချိန်ကို စောင့်ကြစို့။ 

ယောသပ်သည် ဘုရားသခင်နှင့်အတူ သွားလာသည်သာမက သူ့ဘဝ၌ ဖြစ်ပျက်သမျှသည် ဘုရားသခင်၏ အကြံအစည် ဖြစ်သည်ဟု ခံယူနိင်သည်။ ထို့ကြောင့် အစ်ကိုများထံ၌ အငြိုးမထားခဲ့ချေ။ သူ့အစ်ကိုများထံ၊ “​ကျွန်ပ်သည် အဲဂုျွှုပြည်သို့ ရောင်းလိုက်သော သင်တို့ ညီ ဖြစ်ပါ၏။ သို့ရာတွင် သင်တို့သည် ​ကျွန်ပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိငယ်ကြနှင့်။ ကိုယ်ကို အမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် လူတို့ အသက်ကို စောင့်မစေခြင်းငှါ သင်တို့ ရှေ့မှာ ​ကျွန်ပ်ကို စေလွှတ်တော်မူပြီ။ မြေကြီးပေါ်မှ ာ နှစ်နှစ်အစာ ခေါင်းပါး ခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသော နှစ်ငါး နှစ်ရှိသေး၏။ ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှ ာ ကျန်ကြင်းစေခြင်း ငှါ၎င်း၊ သင်တို့ ရှေ့မှာ ​ကျွန်ပ်ကို စေလွှတ်တော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် ​ကျွန်ပ်ကို ဤအရပ်သို့ စေလွှတ်သည် မဟုတ်၊ ဘုရားသခင် စေလွှတ်တော်မူ သတည်း။” ဟုဆိုနိင်ခဲ့သည် (က ၄၅:၄-၈) 
 
အစ်ကိုများကို နှစ်သိမ့်ခြင်း 

ယောသပ်၏ အစ်ကို များသည် နှစ်ပေါင်း၁ရ နှစ်ကြာခဲ့သော်လည်း အဘသေသောအခါ ယောသပ်ကို ကြောက် နေကြဆဲ ဖြစ်သည်။ “ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင် ငါတို့ကို ယောသပ်သည် အငြိုးထား ကောင်းထားလိမ့်မည်။ ငါတို့သည် အထက် သူ့ကို ညှင်းဆဲသောကြောင့် ငါတို့အား ဧကန်အမှန်ပြန်၍ ညှင်းဆဲလိမ့်မည်ဟု စိုးရိမ်လျက် သူ့့ထံသို့ တမန်ကို စေလွှတ်၍ ကိုယ်တော် အစ်ကိုတို့သည် မကောင်းသော အမှုကို ကိုယ်တော်အား ပြုမိ၍ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကို လွှတ်တော်မူပါဟု ကိုယ်တော်အား ကြား လျှောက်ကြရမည်အကြောင်း ခမည်းတော် မသေမှီ​ကျွန်တော်တို့ကို မှာထား ခဲ့သည် ဖြစ်၍ ယခုတွင် ခမည်းတော်၏ ဘုရားသခင် ​ကျွန်တို့၏ အပြစ်ကို လွှတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက်သောအခါ ယောသပ်သည် မျက် ရည်ကျလေ၏။ အစ်ကိုတို့သည်လည်း ဝင်၍ ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက် ​ကျွန်တော်တို့သည် ကိုယ်တော်၏ ​ကျွန် ဖြစ်ကြပါသည်ဟု လျှောက်ကြ၏။ ယောသပ်ကလည်း မစိုးရိမ် ကြနှင့်။ ​ကျွန်ပ်သည် ဘုရားသခင်ကိုယ်စား ဖြစ်သလော။ သင်တို့သည် ​ကျွန်ပ်ကို ညှင်းဆဲမည်ကြံသော်လည်း ဘုရားသခင်သည် ယနေ့ ဖြစ်သည့်အတိုင်း လူများ အသက် ချမ်းသာ စေခြင်းငှါ ကျေးဇူးပြု မည်ကြံတော်မူ၏။ ထို့ကြောင့် မစိုးရိမ် ကြနှင့်။ သင်တို့နှင့် သူငယ်များကို ​ကျွန်ပ်ကျွေး မွေးမည် ဟုဆိုလျက် သူတို့ကို နှစ်သိမ့်စေ၍ မေျွှာစကားကို ပြောလေ၏။” (က ၅၀:၁၅-၂၁)။ ယောသပ်သည် အဘယ်ကြောင့်အစ်ကိုတို့ကို ခွင့် လွှတ်နိင်သနည်းဟူမူကား အရာခပ်သိမ်းသည် ဘုရားသခင်၏ အစီ အစဉ်အတိုင်း ဖြစ်သည်ဟု ယုံကြည် ခံယူနိင်သောကြောင့် ဖြစ်သည်။ ​ကျွန်ပ်တ့ုိလည်း ​ကျွန်ပ်တို့ အပေါ်သက်ရောက်သော အဖြစ်အပျက်များသည် ဘုရားသခင်၏ အကြံတော် ဖြစ်သည်ဟု ခံယူနိင်လျှင် လူတိုင်း အပေါ်၌ ခွင့်လွှတ်နိုင်မည် ဖြစ်သည်။ 


 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG