GOODNEWS
  HOME  GOODNEWS  2010 DEC
 


ဤစာစောင်၌

အမှာစာ

ခရစ္စမတ်ပွဲတော် 

အစ္စရေးလူမျိုးများကို ပို၍ ပယ်ကြပြီ

အသင်းတော် အမျိုးမျိုး 

အုပ်မြစ်အရေးကြီး 

အမှာစာ

၂၀၁၀ ခုနှစ်၏ နောက်ဆုံးလတိုင်အောင် ပို့ဆောင်တော်မူသော အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။ ယခုနှစ်အတွင်း၌ အမျိုးမျိုးသော အတွေ့အကြုံများ တွေ့ကြမှာသေချာပါသည်။ အချို့သောသူများသည် အလုပ် အကိုင်ရသောကြောင့် ကျေးဇူးတော် ချီးမွမ်းကြမည် ဖြစ်သလို အချို့သောသူများ မူကား အလုပ်အကိုင်မရှိသောကြောင့် ဝမ်းနည်း၊ စိုးရိမ် ပူပန် သူများလည်းရှိကြမည်။ အချို့ သူများသည် ချစ်သော မိဘ ညီအစ်ကို မောင်နှမ သားသမီး များသေဆုံး သောကြောင့် ဝမ်းနည်းလျက် ယူကျုံးမရ ဖြစ်ကြချိန်တွင် အချို့သော မိသားစုများတွင် သားသမီး မွေးဘွားခြင်း၊ လက်ထပ်ခြင်းကြောင့် လူသစ်များ တိုးသောကြောင့် ဝမ်းမြောက်နေ သူများလည်းရှိကြပေမည်။ ထိုသို့ အမျိုးမျိုး ခံစားချက် များရှိသော်လည်း သခင်ယေရှု ကြွလာမည့် အချိန်သည် အလွန် နီးနေပြီ။ ကမ္ဘာ့ အနေအ​ခြေအနေများလည်း နိင်ငံရေးအားဖြင့် ဖြစ်စေ၊ ဘာသာရေးအားဖြင့် ဖြစ်စေ၊ လူမှုရေးအားဖြင့် ဖြစ်စေ၊ သဘာဝ အ​ခြေနေများအားဖြင့်ဖြစ်စေ အလွန် မှည့်နေပြီ ဖြစ်သည်။ 


ထို့ကြောင့် ခရစ်တော်ကို မယုံကြည် သေးသောသူများ အနေဖြင့် ခရစ်တော်ကို ယုံကြည် အားကိုးဘို့ လိုအပ်နေပြီ။ ခရစ်တော်ကို ယုံကြည်သောသူများ အနေ ဖြင့်လည်း ခရစ်တော် ကြွ လာသောအခါ အရှက်တကွဲ အကျိုးနည်းမ ဖြစ်ရလေအောင် အသင့် ပြင်ထားဘို့ လိုသည်။ ကာလအချိန် မသိသောသူများ အနေဖြင့် ဤလောကကိုသာ မြင်သောကြောင့် ဤလောက၌ ထာဝရ နေမည်ကဲ့သို့ အသက်ရှင် ကြသည်။ ဤလောက၌ လိုချင်သော အရာများ ရရှိခံစားလျှင် ကျေနပ် နေကြသည်။ အလွန်ပင် သနားစရာ ကောင်းသည်။ 

ဤလောကသည် လူသားများအတွက် ထာဝရ မနေကောင်းသောကြောင့် ဘုရားသခင်က မပျက်စီးနိုင်သော ကောင်းကင် ရွှေပြည်ကို ပြင်ဆင် ပေးထားသည်။ ထိုနေရာ၌ လာလိုသောသူတိုင်းကို ခေါ်ဘိတ်ထားသည်။ သို့သော် အံ့ဩစရာ ကောင်းသည်မှာ ထိုကောင်းကင် ရွှေပြည်ကို စိတ်ဝင်စားခြင်း မရှိကြ။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် ထိုသူများကို ဆုတောင်း ပေးခြင်း၊ သွေးဆောင်ခြင်း၊ သက်သေခံခြင်း၊များကို စိတ်ဓါတ်မကျဘဲ လုပ်ဆောင်ကြစို့။ 
 
 
  ခရစ္စမတ်ပွဲတော် 
ခရစ္စမတ်ပွဲတော်သည် ခရစ်တော် ဘုရား၏ လူဇာတိခံယူခြင်း၊ တ နည်းအားဖြင့် လူသား အဖြစ်မွေးဖွားခြင်း၊ မွေးနေ့တော်ကို ကြိုဆိုခြင်း ဖြစ်သည်။ သို့သော် ခရစ္စမတ်ပွဲ၌ ခရစ်တော် မပါတော့ဘဲ ပျော်ပွဲစားသောက်ပွဲ၊ လက်ဆောင် ပေးပွဲသက်သက် ဖြစ်သွားသည်ကို ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။ မွေးနေ့ ရှင် ခရစ်တော် အစား ဆန်တာကလော့ (Santa Clause)၊ သိုးများ အစား နှာခေါင်းနီသမင် (Red nose rein deer) ပညာရှိများ အစား စနောမဲန်း (Snow -man)၊ ကောင်းကင်တမန် များ၏ ချီးမွမ်းခြင်း သီချင်းများ အစား ဘာမျှမဆိုင်သော သီချင်းများကိုသာ ဦးစားပေးသီဆိုတေးမှုတ်ထုတ်ဖေါ်အရေးပေး နေကြသည်။ 

ခရစ်တော်သည် ဤလောကသို့ ကြွရောက် လာသောအခါ ရည်ရွယ် ချက် များစွာ ရှိသည်။ သို့သော် ထိုရည်ရွယ်ချက်များကို အလေးမပေး၊ မပြော မဟောကြ။ ထို့ထက် မည်ကဲ့သို့ မွေးဖွားကြောင်းများကို နှစ်စဉ်အလေးပေးဟော ပြော ကြသည်။ ခရစ်တော် မည်ကဲ့သို့ မွေးဖွားကြောင်း သိဘို့ရန် လိုအပ်၍ သိရှိရန်လည်း ကျမ်းစာထဲ၌ ရေးသား ထားပါသည်။ သို့သော် မည်ကဲ့သို့ မွေးဖွားသည်ထက် မည်သည့်အတွက် လာကြောင်း သိဘို့ လိုသည်။ သို့မှသာလျှင်သူလာ ရခြင်း၏ အကျိုးကျေးဇူးများကို ခံစား နိင်မည် ဖြစ်သည်။ ယခုမူမည်သည့်အတွက် ခရစ်တော် လာသနည်းဟု မေးလျှင် အပြစ်သားများကို ကယ်တင်ဘို့ ဟူ၍သာ အကြမ်းဖျင်းသိ ကြသည်။ ခရစ်တော် လာရခြင်းသည် အကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများကို သိရှိ၍ အကျိုးခံစားခြင်းသည် သာလျှင် ခရစ္စမတ်ပွဲ ကျင်းပရကျိုးနပ်မည်။

ခရစ်တော်လောကသို့ ကြွရောက််လာရခြင်း၌ ရည်ရွယ် ချက် များစွာ ရှိ၍ အကျိုး များစွာ ခံစား နိင်သည်။ ထိုရည်ရွယ်ချက်များ မှအချို့ကို ဘော်ပြရလျှင်၊ 
 
၁။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ကို ဖေါ်ပြဘို့ (ယော ၁:၁၈) 

လူသားများသည် ဘုရားသခင်ကို မမြင်စဖူး။ ခမည်းတော်၏ ရင်ခွင်၌ ရှိသော သားတော်သည် ခမည်းတော်ကို ထင်ရှားစေသည်။ ခရစ်တော်က၊ “ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်ပြီ” ဟုဆိုခဲ့သည် (ယော ၁၄:၈)။ ကမ္ဘာ ဦးကျမ်း၁:၂၆၌ ဘုရားသခင်သည် လူကို မိမိပုံသဏ္ဍာန်တော်နှင့် အညီဖန်ဆင်းသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်သည် မည်ကဲ့သို့သော ပုံပန်းသဏ္ဍာန် ရှိသနည်း၊ လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိသလော သို့မဟုတ် မည်ကဲ့သို့သော ပုံသဏ္ဍာန်ရှိသနည်းဟု လူသားများကသိချင် ကြသည်။ ထိုကြောင့် ဘုရားသခင်သည် လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိကြောင်းကိုသားတော် ကထင်ရှားစေသည်။ သို့သော် သားတော်သည် ဘုန်းစည်းစိမ်ကို ထားခဲ့သောကြောင့် လူများက သူ့ကို မကြောက်၊ မရိုသေကြ။ ဘုရားသား ဖြစ်သည်ဟုလည်း မယုံကြည် ကြ။ ပေတရု၊ ယာ ကုပ်နှင့် ယောဟန်တို့သည် ခရစ်တော်၏ ဘုန်းတော်ကို မောရှေနှင့် ဧလိယတ့ုိနှင့်အတူ တောင်ပေါ်၌ တွေ့မြင်ကြသောအခါ အလွန် ကြောက်ရွံ့ခ့​ဲ့ကြသည် (မ ၁ရ)။ သူရင်ခွင်၌ လျောင်းတတ်သော တမန်တော် ယောဟန်သည် ခရစ်တော်၏ ဘုန်းကို ပြန်တွေ့သောအခါ သေမတတ်ကြောက်သည် ဟုဆိုသည် (ဗျာ ၁:၂၀)။ ယ နေ့လူများ ဘုရား၏ ဘုန်းတော်ကို မတွေ့ကြသောကြောင့် မကြောက်ကြ၊ ဂရုမ စိုက်ကြ။ ဘုရား၏ ဘုန်းတော်ကို ဆင်ခြင်၍ ကြောက်ရွံ့ရိုသေကြစို့။ 
 
၂။ လူသားများကို စကားပြောဘို့ (ဟေ ၁:၁) 

ဘုရားသခင်သည် သန့်ရှင်း၍ လူသည် အပြစ်ကြောင့် ညစ်ညူးသည်။ ထို့ကြောင့် ဘုရားနှင့် လူမိသဟာယမပြုနိင်ချေ။ ဘုရားသခင်က လူကို စကားပြောလျှင် မိုးချုန်းသည်ဟု ထင်သည်။ “အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကား သံကား၊ ငါချီးမြှောက် ခဲ့ပြီ၊ တဖန် ချီးမြှောက်ဦးမည်ဟု လာ၏။ ဝန်းရံလျက် ရှိသော လူအစုအဝေးတို့့သည် ကြားလျှင် မိုဃ်းချုန်းသည် ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန် မြွက်သည် ဟုဆိုကြ၏။” (ယော ၁၂:၂၈-၂၉) သိနာတောင်ပေါ်မှဘုရား စကားပြောသောအခါ လူများ အလွန် ကြောက်ရွံ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူကို ပရောဖက် အားဖြင့်၎င်း၊ အိပ်မက်ရူပါရုံအားဖြင့်၎င်း၊ ကောင်းကင်တမန် အားဖြင့်၎င်း၊ ပြောရာမှနောက်ဆုံးသော အချိန်တွင် သားတော်ကို ဤလောကသို့ စေလွှတ်၍ လူသားများအား စကားပြောသည် (ဟေဗြဲ ၁:၁)။ ထို့ကြောင့် သူ၏ နာမကို နှုတ်ကပတ်တော်ဟု ခေါ်သည် (ယော ၁:၁)။ ယခုအချိန်တွင် ခရစ်တော်ကို လူကိုယ်တိုင် မတွေ့နိုင်တော့သော်လည်း ကျမ်းစာအားဖြင့် စကားပြောနိုင်သည်။ ကျမ်းစာ မဖတ်သောသူသည် ဘုရားသခင်၏ စကားပြောခြင်းကို နားမထောင်ချင် သောသူ ဖြစ်သည်။ 
 
၃။ အပြစ် စီရင်ခြင်းမှ ကယ်တင်ဘို့ (ယော ၃:၁ရ- ၁၈) 

ဘုရားသခင်သည် တရားသူကြီး ဖြစ်သည် (ဟေရှာယ ၃၃:၂၂)။ သူ၏ တရားရုံးတော် မှစီရင်ချက်မှာ၊ “အပြစ်၏ အခကား သေခြင်း ပေတည်း။” ဟူ၍ ဖြစ်သည် (ရော ၆:၂၃)။ သို့ဖြစ်၍ လူသားများသည် အပြစ် အလျောက်စီရင်ခြင်း ခံပါ ကသေ၍ ငရဲသွားဘို့ သာလျှင် ရှိသည်။ ထို့ကြောင့် သားတော် ယေရှုကို ဤလော ကသို့ စေလွှတ်၍ သူ့အပေါ်၌ လူသား အားလုံး ၏ အပြစ်ကို တင်သည်။ ကျမ်းစာ၌၊ “ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲလျက် ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အ ပေါ်၌ တင်တော်မူ၏။” ဟု တွေ့ရသည် (ဟေရှာယ ၅၃:၆)။ တဖန်၊ “နက်ဖြန်နေ့၌ ယေရှု ကြွလာသည်ကို ယောဟန်သည် မြင်လျှင် ဤလောက၏ အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” ဟုဆိုပြန်သည် (ယော ၁:၂၉)။ ရှင်ပေါလုကလည်း၊ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း။” ဟု ရေးထားခဲ့သည် (၂ ကော ၅:၂၁)။ ဆိုလိုသည်မှာ ခရစ်တော်သည် လူသား အားလုံး ၏ အပြစ်များကို ယူတင်ဆောင်ရွက်သောကြောင့် ထိုအ ရာကို ယုံကြည်သောသူတိုင်းသည် အပြစ် စီရင်ခြင်းမှ ကင်းလွတ် နိင်သည်။ သခင်ယေရှု ကိုယ်တိုင် ဤသို့ မြွက်ဆိုခဲ့သည်၊ “သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။” (ယော ၃:၁၈)။ ခရစ်တော်သည် လူသားအား လုံအတွက် အပြစ် စီရင်ခြင်းကို ခံပြီး သောကြောင့် သူ့ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို ခံစရာ အကြောင်း မရှိ။ မိတ်ဆွေ၊ ထိုသို့ ခရစ်တော် ခံပြီးသောအရာကို ယုံပါသလား။ ယုံလျှင် အပြစ် စီရင်ခြင်းမှ လွတ်၍ ခရစ်တော် ဤလောကသို့ လာရကျိုးနပ်ပေလိမ့်မည်။ 

၄။ ထာဝရ အသက် ပေးဘို့ (ရော ၆:၂၃၊ ၁ ယော ၅:၁၁-၁၂) 

လူသည် ဒုက္ခ ဆင်းရဲခြင်း အမျိုးစုံခံစားသော်လည်း မသေချင် ကြ။ အနည်းငယ်နေမကောင်းလျှင် သေမည်စိုးသောကြောင့် ဆေးခန်းသွားရသည်။ ကိုယ်ကာယ အသက် ပင်လျှင် ထိုမျှတန်ဘိုး ထားလျှင် ဝိညာဉ် ထာဝရ အသက်ရှင်ရမည့် အရာကိုသာ၍ တန်ဘိုး ထားသင့်သည်။ ဘုရားသခင်သည် မိတ်ဆွေကို ထာဝရ အသက် ပေးသည်။ ထိုအသက်သည် သားတော်၌ ပါသည်။ သားတော်ကို ရသောသူသည် အသက် ရသည်။ သားတော်ကို မရသောသူမူကား အသက် မရ(၁ ယော ၅ ; ၁၁၊ ၁၂)။ ခရစ်တော်သည် လူသားများအတွက် အလွန် အရေးကြီးသော ထာဝရ အသက်ကို ယူဆောင်လာသည်။ ထိုအသက်သည်လည်း သူ၌ ရှိသည်။ ထာဝရ အသက် ရလိုလျှင် သူ့ကို လက်ခံရသည်။ သူ့ကို လက်မခံဘဲ ထာဝရ အသက် ရနိင်သော အခြားနည်းလမ်းမရှိ။ မိတ်ဆွေ ထာဝရ အသက် ရရန်သားတော်ကို လက်ခံလိုက်ပါ။ ထာဝရ အသက်ကို ကုသိုလ်ကောင်းမှု၊ ကောင်းသော အကျင့်၊ ဘာသာရေးထုံး တမ်းများ လိုက်နာခြင်းဖြင့် မရနိင်ပါ။ ခရစ်တော်ကို လက်ခံခြင်း အားဖြင့်သာ ရရှိနိင် ပါသည်။ 
 
၅။ ပျောက်သော သူတို့ကို ရှာဘို့ (လု ၁၉:၁၀) 

ပစ္စည်းပျောက်သောအခါ ပစ္စည်းသည် သူရှိသော နေရာ၌ ရှိနေသည်။ အမှန်မှာ ပျောက်ခြင်းသည် ပိုင်ရှင်၏ မျှော်လင့်သော နေရာ၊ ထားသော နေရာ၌ မရှိသောအခါ ပျောက်သည် ဟုဆိုသည်။ ထို့နည်းတူ လူသားများသည် ဘုရား အမြင်၌ ပျောက် နေကြသည်။ သို့သော် လူသားများအနေဖြင့် မသိနိင်။ လူသည် အာဒံ၌ ရှိနေသမျှ ဘုရား အမြင်၌ ပျောက်နေသည်။ ထို့ကြောင့် ကောင်းကင် ပြန်လမ်း မသိ။ လောကအရာ တည်းဟူသော ရွှေ၊ ငွေ၊ ဥစ္စာများရှာဖွေ နေကြသည်။ လောက ပျော်ရွှင်မှုများ၌ သာပျော်မွေ့နေသည်။ ထို့ကြောင့် ခရစ်တော်က၊ “လူ သားသည် ပျောက်သော သူတို့ကို ရှာ၍ ကယ်တင်အံ့သော ငါှကြွလာသတည်းဟု ဇU​ဲကို မိန့်တော်မူ၏။” (လု ၁၉ ; ၁၀)။ မိတ်ဆွေ အတွေ့ခံလိုက်ပါ။သို့ပြုလျှင် ကယ်တင်ခြင်းသို့ ရောက်၍ အသက် ရရှိပါလိမ့်မည်။ ဤလောကသည် ထာဝရ နေဘို့ ကောင်းသော နေရာ မဟုတ်ပါ။ ခရစ်တော်က ဤလောကထက် နှိုင်းဆ၍ မရနိင်သော ကောင်းကင် ရွှေပြည်သို့ ခေါ်သွားဘို့ရန် မိတ်ဆွေကို ရှာဖွေ နေပါသည်။ 
 
၆။ အစေ​ကျွန်ခံဘို့ (ဖိလိ ၂:၅-၈၊ မ၂၀:၂၈) 

မည်သူမဆို​ကျွန်မခံချင် ကြ။ သခင်သာလျှင် ဖြစ်လို ကြသည်။ ​ကျွန် ဖြစ်ဘို့ မိတ်ဆွေ မွေးဖွားလျှင် အလွန် ဝမ်းနည်းပေလိမ့်မည်။ သို့သော် သခင်ယေရှုသည် ဤလောကသို့ ​ကျွန်ခံဘို့ရန် မွေးဖွားခဲ့သည်။ ခမည်းတော်၏ စကား တသဝေမတိမ်း နားထောင် ဘို့ရန် ဤလောကသို့ ဆင်းကြွလာခဲ့သည်။ ရှင်ပေါလုက၊ “ထိုသခင်က ဘုရားသခင်၏ သဏ္ဍာန်ကို ယူဆောင်လျက် လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင်မှာအသေခံခြင်း တိုင်အောင် အစေ​ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။” ဟု ရေးထားသည် (ဖိလိ ၂:၆-၈)။ ထို့ကြောင့် ခရစ်တော်သည် ဤလောက၌ နေစဉ်ကာလ ၃၃ နှစ်အတွင်း သခင်ကဲ့သို့ မနေ၊ ​ကျွန်ကဲ့သို့ နေသွားခဲ့သည်။ ​ကျွန် မည်သည်ကား သခင်၏ စကားကို ပြန်မပြောဘဲ နားထောင် ရသည်။ ထို့နည်းတူ သခင်ယေရှုလည်း ခမည်းတော်ဘုရား၏ စကားကို မြေဝယ်မကျ နားထောင် ခဲ့့သည်။ ထိုသို့ နားထောင်သောကြောင့်လည်း လူသားများကို ကယ်တင််နိင်ခဲ့သည် မဟုတ်လော။ ထိုပုံသက်သေကို ကြည့်၍ ယုံကြည်သူများလည်း သခင်စိတ်မရှိဘဲ ​ကျွန်စိတ်ဖြင့် ဘုရားသခင်နှင့် လူသားများကို အစေခံသင့်သည်။ 
 
 ( ဤစာမူသည် ခရစ္စမတ်အကြောင်း စာအုပ်ငယ်အထဲရှိအချက် ၄၈ အထဲမှ ၆ ခုသာ ဖြစ်သည်။ ထိုစာအုပ်ငယ်ကို မှာယူနိင်သည်။) 
 
 
အစ္စရေးလူမျိုးများကို ပို၍ ပယ်ကြပြီ
အစ္စရေးလူမျိုးများသည် ယခုအခါ ပို၍ ပို၍ တကမ္ဘာလုံးကဝိုင်းပယ်ထား ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် လတ်တလောအရာ၌ သူတို့ကြောင့် ကမ္ဘာ ပြသနာ ဖြစ်သည် ဟူ၍ မြင်ကြသောကြောင့် ဖြစ်သည်။ သို့သော် အမှန်မှာ ဘုရားသခင်၏ အကြံအစည် ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်၍ ဘုရားသခင်က ပရောဖက် ဇာခရိအားဖြင့် ဤသို့ ဟောထားခဲ့ပြီ၊ “ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော မိုဃ်းကောင်းကို ကြပ်၍ မြေကြီး တိုက်မြစ်ကို ချတော်မူ ထသော လူအထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည် ကား၊ ” (ဇာခရိ ၁၂:၁) ဤနေရာ၌ ဘုရားသခင်သည် သူ၏ အဖြစ် တည်းဟူသော သူ၏ တန်ခိုးတို့ကို ဘော်ပြခြင်းအားဖြင့် သူ့ကို သူမိတ်ဆက်သည်။ သူသည် မိုဃ်းကောင်းကင်ကို ကြပ်၍ မြေကြီး တိုက်မြစ် ကိုလည်း ချသည်။ လူ၏ ဝိညာဉ် ကိုလည်း ဖန်ဆင်းသူ ဖြစ်သည်။ ထို့ကြောင့် သူ ပြောသော စကားသည် အတည် ဖြစ်၍ မည်သည့်အရာကမျှတားဆီး နိင်မည် မဟုတ်။ သူပြောသည့်အတိုင်း ပြည့်စုံမည် ဖြစ်သည် ဟုဆိုလိုခြင်း ဖြစ်သည်။ 

 “ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။” (ဇာခရိ ၁၂:၂) ဤနှုတ်ကပတ်တော်သည် ယခု ​ကျွန်ပ်တို့ ခေတ်တွင် ပြည့်စုံနေပြီ ဖြစ်သည်။ ယေရုရှလင်မြို့သည် အေဒီ ရဝ၌ ရောမစစ်သားများက တိုက်ခိုက် ဖျက်စီး၍ နောက်ပိုင်း၌ ဂျူးလူမျိုးများသည် သူတို့၏ မြို့တော်၌ နေခွင့်ရှိလိုက်မရှိလိုက် ဖြစ်သည်။ ၁၉၄၈ ခုနှစ်အစ္စရေးနိင်ငံထူ ထောင်ခြင်း ကျေညာသောအခါ ယေရုရှလင်မြို့အနောက်ဖက်ပိုင်းသာလျှင် အစ္စရေး နိင်ငံ၌ ပါ၍ အရှေ့ခြမ်းသည် ဂျော်ဒန်နိင်ငံလက်ထဲ၌ ရှိခဲ့သည်။ 

၁၉၆ရ ခုနှစ်အစ္စရေးအာရပ် ၆ ရက်ကြာစစ်ပွဲတွင် ယေရုရှလင်မြို့၏ အရှေ့ဖက်ခြမ်းကိုလည်း အစ္စရေးများ ကပဌမ အကြိမ် ယပိုင်ဆိုင်လိုက်သည်။ ထိုအ ရာသည် ထူးခြားသောအရာ ဖြစ်သည်။ သို့သော် ဗိမာန်တော် နေရာကိုမူအာရပ်များလက်၌ ရှိဆဲ ဖြစ်သည်။ ယခုအခါ ယေရုရှလင်မြို့သည် ကမ္ဘာ ပြသနာ ဖြစ်နေသည်။ အစ္စရေးများက သူတို့၏ မြို့တော် အဖြစ်သတ်မှတ်ကာ အရှေ့ဖက် ခြမ်း၌ အိမ်သစ်များ ဆောက်လုပ်နေသည်။ ကမ္ဘာကုလသမဂ္ဂ၊ အီးယူ ၂ရ နိင်ငံ၊ အာရပ်နိင်ငံများနှင့် အမေရိကန်ပြည် ထောင်စုက နှစ်နိင်ငံ​ ဖြေရှင်းရေး တည်းဟူသော အစ္စရေးနိင်ငံနှင့် ပါလက်စတိုင်း နိင်ငံယှဉ်တွဲနေထိုင်ရေးကို ရည်ရွယ်ကြံ စည် ကြသည်။ ထိုရည်ရွယ်ချက်အတိုင်း ဖြစ်ပါက၊ ဂါဇာကမ်းမြောင်ဒေသ၊ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း​ခြေနှင့် ယေရုရှလင်မြို့အရှေ့ခြမ်းတို့ ပေါင်း၍ ပါလက်စတိုင်း နိင်ငံ ဖြစ်လာကာ ယေရုရှလင် အရှေ့ခြမ်းသည် ပါလက်စတိုင်းတို့၏ မြို့တော် ဖြစ်မည်။ 

ထို့ကြောင့် ယေရုရှလင် အရှေ့ခြမ်း၌ ထိုနိင်ငံများ ကအစ္စရေးများ အိုးအိမ် သစ်ဆောက်ခြင်းကို အမြဲကန့်ကွက်နေရခြင်း ဖြစ်သည်။ အစ္စရေးပါလက်စတင်း ပြသနာ ​ ဖြေရှင်းရေးကို အမေရိကန်က ဦးဆောင်၍ ပြုလုပ် ခဲ့သည်။ သို့သော် မအောင်မြင် နိင်ချေ။ ပါလက်စတင်းများကိုယ်စားလှယ်အဖြစ် ပါလက်စတင်း အော်သော ရီတီး သမတအာဘတ်က ဦးဆောင်သည်။ သူကအစ္စရေးများ အနောက်ဖက်ကမ်း​ခြေနှင့် ယေရုရှလင်မြို့အရှေ့ဖက်ခြမ်း၌ အိုးအိမ်သစ်ဆောက် လုပ်နေလျှင် ဆွေးနွေးပွဲ၌ မပါဝင်လိုဟု တင်းခံနေသည်။ ထို့ကြောင့် အမေရိကန် အစိုးရကလည်း အစ္စရေးများကို အိုးအိမ်သစ်ဆက်မဆောက်ဘို့ရန် ​ဖြောင်းဖြနေ ရသည်။ 

အစ္စရေးများကလည်း ယေရုရှလင်မြို့သည် ငါတို့၏ ထာဝရ မြို့တော် ဖြစ်သည်၊ ငါတို့ မြို့တော်၌ အိုးအိမ်ဆောက်လုပ်ခြင်းကို မည်သည့်နိင်ငံကမှဝင် စွပ်၍ မရဟု တင်းခံနေသည်။ အစ္စရေး၏ အိမ်နီးခြင်း အာရပ်မူစလင်နိင်ငံများကလည်း အစဉ်သဖြင့် ပါလက်စတင်းများကို ထောက်ခံ၍ အစ္စရေးနိင်ငံကို အပြစ်တင် နေကြသည်။ ဥရောပအီးယူနိင်ငံများကလည်း၂၀၀၉ ခုနှစ်တွင် ယေရုရှလင် အရှေ့ခြမ်းသည် အနာဂါတ်ပါလက်စတိုင်း နိင်ငံ၏ မြို့တော် ဖြစ်ရမည်ဟု ဆုံးဖြတ် ခဲ့ ကြသည်။ ထိုသို့ဖြင့် ယေရုရှလင်မြို့သည် ပြသနာ ဖြစ်နေသော မြို့တုန်လှုပ်စေသော မြို့ ဖြစ်နေပြီ။ ကမ္ဘာ့ ခေါင်းဆောင် များသည် ထိုမြို့နှင့် ပတ်သက်၍ ခေါင်း မူး နေကြပြီ။ ဘုရားသခင် ပြောထားသောအရာ ပြည့်စုံနေပြီ။ 

ဘုရားသခင်က၊ “ယေရုရှလင် မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။” ဟုဆိုထားရာ ပြသနာသည် ယေရုရှလင်မြို့တမြို့တည်း မဟုတ်ဘဲ ယုဒပြည် တည်းဟူသော အစ္စရေးနိင်ငံ တခုလုံး ဖြစ်သည်။ အိမ်နီးခြင်း အာရပ်များ အနေဖြင့် အစ္စရေးနိင်ငံကို မြေပုံပေါ်မှပယ်ဖျက်ချင်သည်။ အထူးသဖြင့် အီရန်နိင်ငံသည် အစ္စရေးနိင်ငံကို အထူးမုန်းသည်။ အစ္စရေးသာမက အစ္စရေးကို ကူညီနေသော အမေရိကန်ကိုလည်း အလွန် မုန်းသည်။ ထို့ကြောင့် အီရန်က အစ္စရေးကို စာတန် ကလေး၊ အမေရိကန်ကို စာတန် ကြီး ဟုဆိုသည်။ 

အီရန်နိင်ငံသည် အစ္စရေးနိင်ငံဖျက်စီးရေးအတွက် အနုမြူဗုံး ပြုလုပ် နေသည်။ ထိုမျှသာမက ဂါဇာကမ်းမြောင်ဒေသမှာရှိသော ဟာမတ်များနှင့် လေဗနုန်နိင်ငံမှာရှိသော ဟစ်စဘောလ အကြမ်းဖက်များကို စစ်လက်နက်အမြောက်အများ ထောက်ပံ့နေသည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးကအ ပြင်လောကနှင့် ဆက်သွယ်၍ မရအောင် ပိတ်ဆို့နေသော်လည်း လေဗနုန်နိင်ငံရှိ ဟစ်ဘောလများကိုမူမည်သို့ မျှမပိတ်ဆို့နိင်ချေ။ ဟစ်ဘောလများကို အီရန်နှင့် ဆီးရီးယားနိင်ငံကထောက်ပံ့နေသည်။ အကယ်၍ အစ္စရေးကအီရန်နိင်ငံ၏ အနုမြူဗုံး ပြုလုပ် နေသော စက်ရုံများကို တိုက်ခိုက်ပါက အီရန်၏ လက်ပါးစေဆီးရီးယား၊ လေဗနုန်နိင်ငံရှိဟစ်ဘောလနှင့် ဂါဇာကမ်း မြောင်ဒေသရှိဟာမတ်များကအနီးကပ်ဝိုင်းတိုက်ကြမည် ဖြစ်သည်။ ထိုသို့ဖြင့် အစ္စရေးနိင်ငံသည် အခက်အခဲတွေ့နေရသည်။ 

“ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့​ကြေ မွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စု ဝေးကြလိမ့်မည်။” (ဇာခရိ ၁၂:၃) ဘုရားသခင် ပြောထားသည့်အတိုင်း ယေရုရှလင်မြို့သည် လေးသော ကျောက် ဖြစ်နေပြီ။ အမေရိကန်သမတများ ဖြစ်သော ဘုတ်ရှ်တို့သား အဖ၊ ဘီလ်ခလင်တန်၊နှင့် ယခုအိုဗါးမားတို့ ကထို ကျောက်ကို ချီတိုင်း ချီတိုင်း အမေရိကန်ပြည် ထောင်စု၌ သဘာဝ ဘေးဒါဏ်များ ကျရောက်တတ်သည်။ အမေရိကန်သမတများ ကအစ္စရေးနှင့် ယေရုရှလင်မြို့ တဘက်၌ ဆုံးဖြတ်ချက် ချတိုင်း ဟာရီခင်းမုန်တိုင်း ကြီးများ၊ လေဆင်နှာမောင်းများ၊ ငြိမ်းသတ်၍ မရသော တော မီးလောင်မှုများ၊ အကြမ်းဖက်သမားများ၏ ဖျက်စီးမှုနှင့် စီးပါွးရေးကျဆင်းမှုများကျရောက်တတ်သည်။ 

သို့သော် ကျမ်းစာ နားမလည် ဝိညာဉ်ရေးရာ၌ မျက်စိကန်းသောသူများအနေဖြင့် ထိုအရာများကို မသိ နားမလည်နိင်ကြ။ အီးယူနိင်ငံများကလည်း ယေရုရှလင်မြို့နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များချကာ ပါလက်စတင်းများကို ထောက်ခံသောကြောင့် အိုက်စလင်မီးတောင်ပေါက်ကွဲမှုကြောင့် ယခုနှစ်အတွင်း နှစ်ပါတ်ကြာလေယဉ်ပျံများ မပျံသန်းနိင်ဘဲ ယူရိုသန်းပေါင်း များစွာ ဆုံးရှုံး ခဲ့ ကြသည်။ ထိုမျှသာမက စီးပါွးရေးကျကာ ယခုတိုင်ဒုက္ခ ရောက် နေကြသည်။ 

အဘယ်ကြောင့်လောကီနိင်ငံများက အစ္စရေးကို ဆန့်ကျင် ကြသနည်း။ အကြောင်းရင်းမှာအစ္စရေးနိင်ငံကြောင့် မူစလင်နှင့် အာရပ်နိင်ငံများသောင်း ကျန်းကာကမ္ဘာငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု မြင်ကြသောကြောင့် ဖြစ်သည်။ အကယ်၍ အစ္စရေးနိင်ငံမရှိပါက မူစလင်နှင့် အာရပ်နိင်ငံများသည် ပြသနာ လုပ်မည် မဟုတ်၊ ထိုအခါ ငြိမ်းချမ်းမှု ရှိမည်ဟု ထင်မှတ် ကြသည်။ 

ထို့အပြင် အာရပ်နိင်ငံများသည် ရေနံကြွယ်ဝသောကြောင့် ရေနံကို လက်နက်အဖြစ် အသုံးပြုမှာ စိုးရိမ် ရသည်။ ၁၉ရ ၃ ခုနှစ်အာရပ်အစ္စရေးစစ်ပွဲ ဖြစ်ပွားခဲ့ရာ အာရပ်များ စစ်ရှုံးသောအခါ ရေနံကို လက်နက်အဖြစ် အသုံးပြု၍ ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ဘူးသည်။ ထိုအခါ အနောက်စက်မှု နိင်ငံများရေ နံလုံလောက်မှု မရှိသောကြောင့် ကားများဓါတ်ဆီဆိုင်တိုင်းတွင် တန်းစီဘို့ လိုခဲ့သည်။ စီးပွါးရေး၌လည်း များစွာ ရှုံးဆုံးမှု ဖြစ်ခဲ့သည်။ ထိုကြောင့် အနောက်စက်မှု နိင်ငံများ ကရေနံသူဌေးနိင်ငံများကို ဦးစားပေး နေကြခြင်း ဖြစ်သည်။ 

အစ္စရေးနိင််ငံကို ထောက်ခံခြင်းအားဖြင့် ဘာမျှ မရရှိသောကြောင့် အာရပ်များကို မျက်နှာချိုသွေးလုပ်လို၍ အစ္စရေးနိင်ငံကို ငြင်းပယ်လာ ကြသည်။ ထိုသို့ဖြစ်ဘို့ အလိုငါှရှေ့မဆွကပင် ဘုရားသခင်က အာရပ်နိင်ငံများ၌ ရေနံထားခဲ့ခြင်း ဖြစ်သည်။ 

 “ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေခြင်း ငါှ၎င်း၊ မြင်း စီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငါှ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍ တပါးအမျိုးသား၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်း ငါှ ဒဏ်ခတ်မည်။ ယုဒမင်းတို့ကလည်း ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။ ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖုိ ကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့် လက်ျာဘက်လက်ဝဲ ဘက်ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့ကို မီးလောင်လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။ ထာဝရဘုရားသည် ယုဒ တဲတို့ကို ရှေ့ဦးစွာက ကယ်တင်တော်မူမည်။” (ဇာခရိ ၁၂:၄ -ရ) 

အထက်ပါ ကျမ်းပိုဒ်များ အရကမ္ဘာ့ နိင်ငံများသည် ယေရုရှလင်မြို့နှင့် ယုဒ ပြည်ကို တိုက်ခိုက် ကြလိမ့်မည်။ သို့သော် ဘုရားသခင်သည် သူတို့ကို ကူညီမစ သောကြောင့် ယေရုရှလင် မြုိ့သည် တည်မြဲနေမည်။ အစ္စရေးများအားဖြင့် အိမ် နီးချင်းနိင်ငံများသည် မီးလောင်လိမ့်မည်။ ထိုစစ်ပွဲမတိုင်မှီ ယုံကြည်သူများကို ကောင်းကင်သို့ ချီဆောင်သွားနိင်သည်။ ထို့ကြောင့် ချီဆောင်ခြင်း နေ့ရက်သည် အလွန် နီးနေပြီဟု သိလျက် အသင့် ပြင်ထားဘို့ လိုသည်။ 

 ယခုအခါ ဤလောက၌ တိုးတက်ရေးအတွက် ရေရှည်စီမံကိန်းများ မထား သင့်တော့ချေ။ တိုင်တဲနစ် ( ဤငအ​ေညငခ) သင်္ဘောဝမ်းဗိုက်ပေါက်ကွဲ၍ ရေများ ဒလ ဟောဝင်သောအခါ အခြားအရာများ အရေးမကြီး တော့ချေ။ အသက် ကယ်လှေ ထဲ၌ ဝင်ဘို့ သာလျှင် အရေးကြီးသည်။ ယခုကမ္ဘာကြီးလည်း ပျက်စီးတော့မည် ဖြစ်သောကြောင့် အသက် ကယ်လှေ တည်းဟူသော သခင်ယေရှု၌ ခိုလှုံဘို့ သာလျှင် အရေးကြီးသည်။ 

မ ယုံကြည်သူများလည်း ကမ္ဘာ ကုန်ဆုံးမည့် အရာကို သိသော်လည်း ဘာလုပ်ရမှန်း မသိ၊ ကြောက်၍သာ နေကြသည်။ သို့မဟုတ် ခဏာသာကြောက် ရွံ့တုန်လှုပ်၍ နဂုိအတိုင်း လောကပိုင်း၌ ဗျာများ နေကြသည်။ သို့သော် ဤ စာစောင်ဖတ် သူများ အနေဖြင့် အကြံပေးလိုသည်မှာ၊ ကယ်တင်ခြင်း စိတ်မချ သေးလျှင် ထိုအရာကိုသာ အဓိကထား၍ စိတ်ချအောင် ရှာဖွေပါ။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ အနေဖြင့် ဇာတိ သဘော အတိုင်း အသက်မရှင် တော့ဘဲ ကယ်တင်ခြင်းသို့ မရောက် သေးသော မိဘ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးသား ချင်းများ၊ သူငယ်ချင်းများ၊ လူတိုင်းကို သတိပေးသင့်သည်။ ကယ် တင်ခြင်း အကြောင်း ပြောသင့်သည်။ ကယ်တင်ခြင်းနှင့် ခေတ်ကာလ များအကြောင်း မပြောတတ်လျှင် ​ကျွန်တော် ရေးထားသော ကယ်တင်ခြင်း စာအုပ်ကို အသုံးပြု၍ ပြောပြနိင်သည်။ 
 
အသင်းတော် အမျိုးမျိုး 
၁။ မိရိုးဖလာ အသင်းတော် 

မိရိုးဖလာ အသင်းတော် ဆိုသည်မှာ မိဘများထံမှ ဆက်ခံသော အသင်းတော် ဖြစ်သည်။ ယုံကြည် ခံယူချက်ကြောင့်ရပ်တည်သော အသင်းတော် မဟုတ်။ အသင်းတော်၌ လုပ်ရိုးလုပ်စဉ်အစဉ်အလာကိုသာ နှစ်သက်သည်။ အသစ်အ ဆန်းများကို လက်မခံချေ။ 

၂။ ဦးဆောင်သူ၏ အသင်းတော် 

အသင်းတော်၌ အသင်းအုပ်ဆရာသည် ဩဇာရှိလျှင် အသင်းတော်သည် သင်းအုပ်ဆရာ၏ အလိုဆန္ဒအတိုင်း သာသွားသည်။ သင်းအုပ်ဆရာ၏ မျက်နှာကိုသာ ကြည့်၍ သင်းအုပ်ဆရာ ကျေနပ် ပါ့မလား၊ သင်းအုပ်ဆရာ စိတ် ဆိုးသွားမလားဟု သတိထားလုပ်ဆောင် ကြသည်။ အသင်းတော်၌ အသင်းတော် လူကြီး အထဲမှဩဇာအာဏာရှိသောသူရှိပါက သူ၏ မျက်နှာသူ၏ အလိုဆန္ဒကိုသာ ကြည့်၍ လုပ်ဆောင်သော အသင်းတော်သည် ဦးဆောင်သူ၏ အသင်းတော်ဟု ခေါ်သည်။ 

၃။ အစီအစဉ်က ဦးဆောင်သော အသင်းတော် 

အသင်းတော်ကို နှစ်စ၌ တနှစ်လုံးအတွက် အစီအစဉ်များ ဆွဲ၍ ထိုအစီ အစဉ်အတိုင်း သွားသော အသင်းတော် ဖြစ်သည်။ အသင်းတော်၏ အဓိကရည် ရွယ်ချက်မှာရေးဆွဲထားသော အစီအစဉ်အတိုင်း သွားနိင်ဘို့ ဖြစ်သည်။ ထိုအစီ အစဉ်အတိုင်း သွားနိင်လျှင် အောင်မြင် သည်ဟု ယူဆသည်။ 

၄။ ဘဏ္ဍာရေးဦးစားပေးသော အသင်းတော် 

ဤ အသင်းတော်သည် အရာရာ၌ ဘဏ္ဍာရေးကိုသာ အဓိကထားသည် တခုခုလုပ်မည်ကြံသောအခါ ငွေ​ကြေးလောက်ပါ့မည်လား၊ ဟူ၍ ငွေရှိမှသာ အ လုပ်လုပ်နိင်သော အသင်းတော် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သွားသော အသင်းတော် မဟုတ်။ အသင်းတော််ဘဏ္ဍာသည် အဓိက ဖြစ်သည်။ အသင်းတော်၌ ဘဏ္ဍာရေးအ​ခြေအနေကောင်းနေလျှင် ကျေနပ်သော အသင်းတော််ဖြစ်သည်။ 

၅။ အဆောက်အဦးနှင့် ပဏည်းများ အသင်းတော် 

အဆောက်အဦး အသင်းတော်သည် ဘုရားရှိခိုးကျောင်းဆောက်ဘို့သည် အဓိက ဖြစ်သည်။ ရှိသမျှသော ဘဏ္ဍာများကို အဆောက်အဦးအတွက် အသုံးပြုလိုက်သည်။ ဘုရားကျောင်းဆောက်၍ ပြီး သွားသောအခါ အထဲ၌ လိုအပ်သော ပရိဘောဂနှင့် စက်ကရိယာများ ထားနိင်ဘို့ ဦးစားပေးပြန်သည်။ ထိုအရာများပြီး သွားသောအခါ အခြားအဆောက်အဦးများ ဆောက်လုပ်ဘို့ စီမံကိန်းများလုပ်ပြန်သည်။ အဆောက်အဦးများ ပြီးစီးသွားသောအခါ သမရိုးကျအစီအ စဉ်ဖြင့် သွား၍ ဘာမျှလုပ်ဆောင်မှု မရှိတော့ချေ။ အဆောက်အဦးအားဖြင့် ကျေ နပ်သွား ကြသည်။ 

၆။ အထူးအစီအစဉ်ဦးစားပေးသော အသင်းတော် 

ဤ အသင်းတော်သည် တနှစ်လုံး အထူးအစီအစဉ်များ ပြုလုပ် တတ်သည်။ ဥပမာ၊ မိခင်များနေ့၊ ဖခင်များ နေ့။ စျေးရောင်းပွဲ၊ စသည်ဖြင့် အထူးအစီအစဉ်များကို ကျင်းပခြင်းဖြင့် အသင်းသား များသည် တက်ကြွနေကာအလုပ်ရှုပ် နေကြသည်။ အသင်းတော်၌ လှုပ်ရှားမှု ရှိနေသရွေ့ ကျေနပ် ကာအောင်မြင် သည်ဟုယူ ဆသည်။ 

ရ။ လူသစ်များ အလိုကျဦးစားပေးသော အသင်းတော် 

ဤ အသင်းတော်သည် လူသစ်များကို ဦးစားပေး၍ သူတို့၏ အလိုဆန္ဒ ဖြည့်ဆည်းဘို့သည် အဓိက ဖြစ်သည်။ ထိုအသင်းတော် မျိုးသည် အသင်းသား နည်း၍ လူသစ်များ ထွက်သွားမည့် အရာသည် စိုးရိမ်စရာ ဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည် ဘုရား အလိုတော်ထက် လူသစ်များ၏ အလိုဆန္ဒသည် အရေး ကြီးသည်။ 

၈။ လူမှုရေး အသင်းတော် 

လူမှု ရေး အသင်းတော်၌ ် အသင်းသား များ၏ လူမှုရေးလိုအပ်ချက်များ ကူညီမစဘို့သည် အဓိကအချက် ဖြစ်သည်။ အသင်းသား များ၏ အလုပ်အကိုင် မှစ၍ လူမှုရေးကိစ္စများ ဖြည့်ဆည်းပေးနိင်လျှင် အသင်းတော်သည် ကျေနပ် ပြီ။ အသင်းသားများကိုလည်း လူမှုရေးကူညီရေးဖြင့် ချုပ်ကိုင်ထားသည်။ 

၉။ လူမျိုးရေး အသင်းတော် 

မိမိ လူမျိုးနှင့် စကား ထိန်းသိမ်းရေးသည် အဓိကထားသော အသင်းတော် ဖြစ်သည်။ ဤ အသင်းတော် မျိုးသည် ဘုရားသခင်၏ အလိုတော်ထက် မိမိလူမျိုး တိုးတက်ရေးသည် အရေးကြီးသည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော် ဆောင်ဘို့ရန် မသိ၊ ကိုယ့်ဘာသာစကားနှင့် ဝတ်ပြုကိုးကွယ်မိဿဟာယဖွဲ့နိင်လျှင် ကျေနပ် နေသည်။ 

၁၀။ ဂိုဏ်းဂဏ အသင်းတော် 

ဤ အသင်းတော်သည် ဘုရား အလိုတော်ထက် မိမိတို့၏ ဂိုဏ်းဂဏတည်မြဲရေးကို အဓိကထားသည်။ အသင်းတော်သည် လမ်းလွှဲမှန်းမလွှဲမှန်းလည်း မသိတော့ချေ။ အသင်းသား များသည် အသင်းတော်၌ တည်မြဲရေးသည် အရေး ကြီးသည်။ 

၁၁။ ခရစ်တော်၏ အသင်းတော် 

ခရစ်တော်၏ အသင်းတော်သည် ခရစ်တော်၏ အလိုတော်ကို ဆောင်သော အသင်းတော် ဖြစ်သည်။ သင်းအုပ်ဆရာနှင့် အသင်းတော် လူကြီးများ၊ အသင်းသား အားလုံးက ခရစ်တော်၏ အလိုတော်ကို ဆောင်ဘို့ရန် သာအဓိကထားသော အသင်းတော် ဖြစ်သည်။ ထိုအသင်းတော်သည် ခရစ်တော် အလိုတော်ကို ဆောင်နိင်မှ ကျေနပ်အားရသည်။ 

သုံးသပ်ရန်

မိတ်ဆွေ၏ အသင်းတော်သည် အထက်ပါ အသင်းတော်များအထဲမှမည်သည့် အသင်းတော် မျိုးနှင့် တူပါသနည်း။ နံပါတ် ၁မှ ၁၀၌ ပါသော အသင်းတော် မျိုး ဖြစ်လျှင် ထိုအသင်းတော်မှ ခရစ်တော်၏ အသင်းတော်သို့ ပါဝင်ဘို့ လို နေပြီ။ 
 


အုပ်မြစ်အရေးကြီး 

ရှင်ပေါလုက၊ “ဘုရားသခင်၏ ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကို ချပြီ။” (၁ ကော ၃:၁၀)ဟု ရေးသား ခဲ့သည်။ အုပ်မြစ်နှစ်မျိုးရှိသည်။ ထိုအရာတို့ မှာကျောက်နှင့် သဲတို့ ဖြစ်သည်။ ထိုအုပ်မြစ်များ အပေါ်၌ လူတိုင်း မိမိတို့ အိမ် တည်းဟူသော ယုံကြည်ခြင်းကို ထပ် ဆင့်၍ ဆောက် ကြသည်။ ထိုအိမ်များ၏ တန်ဘိုးသည် အုပ်မြစ်အပေါ်မှာ မူတည် နေသည်။ ထို့ကြောင့် ထိုအုပ်မြစ်နှစ်မျိုးအကြောင်းကို ခရစ်တော်၏ စကားတော် အထဲမှလေ့လာကြစို့။ 
 

(က) ကျောက်ပေါ်မှာ ဆောက်သော အိမ်။ (မ ရး၂၄-၂၅) “အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏၊ ထိုသူသည် ကျောက်ပေါ် မှာအိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မဗြုမလဲနေ၏။” 

 (ခ) သဲပေါ်မှာ ဆောက်သော အိမ်။ (မ ရး၂၆-၂ရ) “အကြင်သူသည် ငါဟော ပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏၊ ထိုသူသည် သဲပေါ်မှာ အိမ် ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်၊ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေ လာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ဗြုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။” 
 
သဲပေါ်မှာ ဆောက်သော အိမ်ဆိုသည်မှာ 

 (၁) ဂိုဏ်းဂဏကို အဓိကထားခြင်း 
 (၂) လူမျိုးရေးနှင့် စကားကို အဓိကထားခြင်း၊ ကိုယ့်လူမျိုးရှိရာကို ဦးစားပေးခြင်း 
 (၃) လူမှုရေးကို ပဌမ ဦးစားပေးခြင်း၊ အသင်းတော်၌ ကယ်တင်ခြင်းနှင့် သမ္မာတရား 
 မရှိသော်လည်း လူမှုရေးကိစ္စကူညီတတ်သောကြောင့် 
 (၄) သာရေးနာရေးကို အဓိကထားခြင်း၊ နေမကောင်းသောအခါ ဆေးခန်းသွား
 ကူညီခြင်း၊ သေဆုံးသောအခါ ကောင်းစွာ စောင့်ရှောက်ကူညီခြင်း 
 (၅) သူငယ်ချင်း အပေါင်းအသင်းရှိရာ အသင်းတော်ကို လိုက်ခြင်း၊ သူငယ်ချင်း
 မရှိသော နေရာ၌ မည်မျှပင်မှန်သော်လည်း မသွားချင် 
 (၆) အစဉ်ပြေသော နေရာ၌ ပါဝင်ခြင်း၊ အသင်းတော်သည် အိမ်နှင့် နီးခြင်း၊ အ
 သင်းတော် သွားဘို့ရန် ကား ကြုံလိုက်ဘို့ အစဉ်ပြေခြင်း မျိုး
 (၇) စိတ်လှုပ်ရှားမှုနှင့် အံ့ဩဘွယ် နိမိတ်လက္ခဏာကို ရှာခြင်း၊ အသင်းတော် 
၌ စိတ်ဝင်စားစရာများခြင်း၊ 
 (၈) သီချင်းဆိုခြင်းကို အဓိကထားခြင်း၊ သီချင်းအတီးအမှုတ်ကောင်းသော 
ကြောင့် ပါဝင်ခြင်း 
 (၉) ပျော်စရာ အမျိုးမျိုး လုပ်သော အသင်းတော်၊ သမ္မာတရား အရေးမကြီး၊ 
 ပျော်စရာ အမျိုးမျိုးရှိလျှင်တော် ပြီ။ 

ကျောက်ပေါ်တည်ဆောက်သော အသင်းတော် ဆိုသည်မှာ 

 (၁) ခရစ်တော်သည် ကျောက် ဖြစ်သည် (၁ ကော ၃:၁၁) ကျောက်သည် ခိုင်မာခြင်း၊ ခိုင်ခန့်ခြင်းကို ဆိုလိုသည်။ ကျမ်းစာထဲ၌ ခရစ်တော်သည် ကျောက် ဖြစ်ကြောင်းကို အောက်ပါက ျမ်းပိုဒ်များ၌ တွေ့ရသည်။ (တမန် ၄:၁၁၊ ရော ၉:၃၂-၃၃၊ ၁ ပေ ၂:၅-၈) 
 (၂) သူ၏ စကားသည် ကျောက် ဖြစ်သည် (မ ရး၂၄-၂၅) ခရစ်တော် ကသူ၏ စကားသည် ကောင်းကင်နှင့် မြေကြီးထက် တည်မြဲကြောင်း ပြောခဲ့သည် (မ ၂၄:၃၅) 
မိုဃ်းရွာ၊ ရေစီး၊ လေလာဆိုသည်မှာ 
 

မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါကြီး ဗြု လဲခြင်းသို့ ရောက်လေသည် ဆိုသည်မှာ တရားစီရင်ခြင်းကို ဆိုလိုသည်။ အသင်းတော် အားလုံး သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရဦးမည်။ ထိုအခါ သဲ ပေါ်၌ တည်ဆောက်သော အသင်းတော် အားလုံး သည် ပျက်စီးခြင်းသို့ ရောက်၍ ကျောက် တည်းဟူသော ခရစ်တော်နှင့် သူ၏ နှုတ်ထွက်စကား အပေါ်တည် ဆောက်သော အသင်းတော်များမူကား တည်တန့်ခိုင်မြဲမည် ဖြစ်သည်။ 
 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG