
ဤစာစောင်၌...
အမှာစာ
ယုံကြည်ခြင်း အုပ်မြစ်
ကျေးဇူးတော် ချီးမွမ်းခြင်း
ထိရောက်သော ဆုတောင်းခြင်း
ကျမ်းစာပဟေဠိ
သင်၏ အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်
ဘုရားကို ဦးစားပေးသော ယုံကြည်သူ တစ်ဦး သက်သေခံချက်
ဖြစ်ရပ်မှန် သက်သေခံချက်
သက်သေခံချက်များနှင့် ကျွန်တော်
အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နိုဝင်ဘာလသို့ ရောက်ကြပြန်ပြီ။ အချု့ိသောသူများအတွက် ဘဝ၌ အပြောင်းအလဲများရှိပေမည်။ အလုပ်အကိုင် အဆင်် မပြေခြင်း၊ နေမကောင်းခြင်း၊ မိသားစု မပြေလည်ခြင်းမှ စ၍ အမျိုးမျိုးသော ပြသနာ ရင်ဆိုင်သောသူများလည်းရှိကြမည်။ ထိုသူများ အတွက် အားပေးလိုသည်မှာ ဤလောကသည် ယုံကြည်သူများ၏ ထာဝရ နေအိမ် မဟုတ်ကြောင်း၊ ဧည့်သည် အာဂန္တုများသာ ဖြစ်ကြောင်းကို ဘုရားသခင်က သိစေချင်သည်။ အိမ်မရောက်သေးလျှင် ဒုက္ခ ဆင်းရဲခြင်း အမျိုးမျိုးရှိနိုင်သည်။ သို့သော် ထိုအ ရာများသည် ယုံကြည်သူများကို သင်ခန်းစာပေး၍ သာ၍ ကောင်းရန်ပုံသွင်းနေခြင်း ဖြစ်သည် (၁ ပေ ၁:၆)။ ထို့ကြောင့် စိတ်မပျက်ဘဲ ဘုရားသခင်ကို အားကိုးခြင်းအားဖြင့် ရှေ့သို့ ချီတက်ကြစို့။ ဘုရားသခင်သည် သူ၏ သားသမီးများကို အစဉ်သဖြင့် ဒုက္ခ မခံစား စေပါ။ ဒုက္ခ ဆင်းရဲ အထဲမှ ထွက်ပေါက်ကို ပြင်ဆင် ပေးတတ်ပါသည်။
အချို့သော မိသားစုများသည် အလုပ်အကိုင်အဆင်ပြေလျက်၊ အတွင်း၌လည်း ဝမ်းမြောက် ရွှင်လန်းလျက် အစစအရာရာ၌ ကောင်းကြီးခံစား သောသူ များလည်းရှိကြပေလိမ့်မည်။ ထိုသူများ အနေဖြင့် ဘုရားသခင်ထံ ကျေးဇူးတော် ချီး မွမ်းကာ ဘုရားသခင် လုပ်ခိုင်းသော အရာများကို လုပ်ဘို့ရန် အကြံပေးလိုပါသည်။ ဘုရား၏ အလိုတော်ကို ရှာ၍ ရရှိသော ကောင်းကြီးများအားဖြင့် အလိုတော်ကို ဖြည့်ဆည်းသောသူများ ဖြစ်ကြစို့။
ယခုလစာစောင်တွင် စာရေး သူများ ပါဝင်ကြသောကြောင့် ကျေးဇူးတော် ချီးမွမ်းမိပါသည်။ ပါဝင်သော စာမူများသည် ကလောင်ရှင်များ၏ ယုံကြည်ခြင်း၊ ခံယူ ချက်များ ဖြစ်၍ ဤစာစောင်ထုတ်ဝေ သူများ အနေဖြင့် စကား လုံးအသုံးအနှုန်းနှင့် သတ်ပုံများကိုသာ ပြုပြင်ပေးပါသည်။ စာရှုသူမိတ်ဆွေများအနေဖြင့် မိိမိတို့ ခံစားသော ကောင်းကြီး မင်္လာများ၊ အတွေ့အကြုံများနှင့် ကျမ်းစာ အထဲမှ ခွန် အားရသော အရာများရေး၍ ဤစာစောင်၌ ပါဝင်ဘို့ရန် ဘိတ်ခေါ်ပါသည်။ ဘုရားသခင်ပေးထားသော အရာများကို မြှပ်မထားသင့်ပါ။ အခြားသောသူများလည်း ခွန် အားရဘို့၊ သင်ခန်းစာရရှိဘို့ရန် ဝေဌသင့်ပါသည်။ ဤစာစောင်ကို ဖတ်ရှုသောသူတိုင်း ဘုရားသခင်က အသစ်တဖန် ကောင်းကြီး ပေးပါစေသော်။ အာမင်။
ယုံကြည်ခြင်း အုပ်မြစ်
Moses R Cung
အိမ်ဆောက်သောအခါ အုပ်မြစ်ခိုင်မာခြင်းသည် အလွန် အရေးကြီးသည်။ ထို့ကြောင့် ကြီးမားသော အိမ်ဆောက်လုပ်သောအခါ ကုန်ကျငွေ၏ သုံးပုံတပုံခန့်ကို အုပ်မြစ်အတွက် အသုံးပြုရသည်။ ထိုအပြင်အုပ်မြစ်တည် ဆောက်သောအခါ ကြာညောင်း၍ စောင့်ရသည် မှာစိတ်မရှည် ဖြစ်နိင်သည်။ သို့သော် အုတ်မြစ်မခိုင်လျှင် အပေါ်ကအိမ် မည်မျှပင်ကောင်းသော်လည်း ပျက် ဆီးသွားနိင်သည်။ ထိုအရာကို သခင် ခရစ်တော်က ဤသို့ ပြောသွားသည်၊ “အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်ကျောက် ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏၊ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။” (မ ရး၂၄-၂ရ)။
အထက်ပါ ခရစ်တော်၏ ဟောပြောချက်၌ ကျောက်ပေါ်အိမ်ဆောက်သောသူသည် ခရစ်တော်၏ စကားကို ကြား၍ နားထောင် သောသူ၊ လက်တေ့ွ ကျင့်သုံးသောသူ ဖြစ်သည်။ ခရစ်တော်၏ စကားသည် ကျောက်ကဲ့သို့ ခိုင်ခန့်ခြင်းကို ဆိုလိုသည်။ သူကိုယ်တိုင်က၊ “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။” ဟုဆိုခဲ့သည် (မ ၂၄:၃၅)။ သဲပေါ်၌ အိမ် ဆောက်သောသူသည် ခရစ်တော်၏ စကားကို ကြားသော်လည်း နားမထောင် သောသူ ဖြစ်သည်။ သဲသည် ခိုင်ခန့်ခြင်း မရှိ၊ မတည်မြဲခြင်းကို ဆိုလိုသည်။ သဲသည် မိမိ အလိုဆန္ဒ၊ အကြံအစည်ကို ဆိုလိုသည်။ သို့မဟုတ် သူတပါး၏ အကြံအစည်၊ အလိုဆန္ဒကို ဆိုလိုသည်။ အိမ်ဆောက်ခြင်း ဆိုသည်မှာ ယုံကြည်ခြင်းနှင့် လုပ်ဆောင်ချက်ကို ဆိုလိုသည်။ မိတ်ဆွေသည် မည်သည့်အရာ အပေါ်၌ မိမိ၏ ယုံကြည်ခြင်းကို တည်ဆောက်သနည်း။ ခရစ်တော်၏ စကား အပေါ်တည် ဆောက်သလော၊ မိမိအတွေးအခေါ် အလိုဆန္ဒ အပေါ်တည်ဆောက်နေသလော။
လူတိုင်း အိမ်ဆောက် နေကြသည်။ အချို့သောသူများသည် ခရစ်တော်၏ စကားကို လုံးဝ ဂရုမစိုက်၊ မိမိတို့ ကြိုက်နှစ်သက်သလို အသက်တာကို အသုံးပြု နေကြသည်။ အချိန်၊ ဘဏ္ဍာနှင့် စွမ်းအား ကိုလည်း မိမိကြိုက်နှစ်သက်သလို အ သုံးပြု နေကြသည်။ ကျမ်းစာ မဖတ်၊ ဆုမတောင်း၊ ဘုရားကျောင်းမသွား၊ ဘုရားသခင်ကို လုံးဝ ဂရုမစိုက်။ ထိုသူများသည် ကျန်းမာ၍ ဝင်ငွေကောင်းနေစဉ်၊ အစစ အရာရာ အဆင်ပြေနေစဉ်တွင် မည်သို့ မျှပြော၍ မရချေ။ ဘုရား အကြောင်းကို လုံးဝ ဂရုမစိုက်၊ မဖျားမနာ၊ ဒုက္ခ မရောက်၊ မသေတော့မည့် မျက်နှာမျိုးနှင့် မာန ထောင်လွှားတတ်ကြသည်။ ထိုသူများသည် တနေ့မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်ခြင်း တည်းဟူသော ဒုက္ခ ရောက်ခြင်း၊ ဖျားနာ၍ ဘာ မျှမလုပ်နိင်၊ ထိုမျှသာမက ကိုယ်ခန္ဓာသေဆုံးသွားသောအခါ ထာဝရ ပျက်စီးခြင်းသို့ သွားရမည် ဖြစ်သည်။ ထိုအချိန်၌ မည်မျှပင်နောင်တရ၍ ခရစ်တော်၏ စကားကို ပြန်လည် နားထောင် ချင်သော်လည်း နောက်ကျသွားပြီ။ ထို့ကြောင့် “ငါ နေ၍ မပြောနိင် ဟုဆိုရသော ကာလ ည်း မနီး၊ ဆိုးသော ကာလ မရောက်မှီ ယခု အသက် ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။ နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှအထပ်ထပ်ရွာတတ်သော ကာလ မရောက်မှီအောက်မေ့လော့။” (ဒေသနာ ၁၂:၁-၂)။
အချို့သောသူများသည် မိမိတို့၏ အိမ် (ယုံကြည်ခြင်း)ကို ဆောက်သော်လည်း ခရစ်တော်၏ စကား အပေါ်၌ မဟုတ်ဘဲ လူမှုရေး၊ အပေါ်၌ တည်ဆောက် ကြသည်။ ထိုသူများသည် ခရစ်တော်၏ စကားကို နားထောင် ဟန်ရှိသော်လည်း အမှန်မှာ လူမှုရေးနှင့် လူမျိုးရေးအတွက် ဖြစ်နေသည်။ သို့သော် စာတန်၏ မျက်စိ ကွယ်စေသောကြောင့် မသိမမြင်နိင်ကြ။ လူမှုရေးဆိုသည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သမ္မာတရားထက် ဒုက္ခ ရောက်သောအခါ ကူညီမည့်သူ၊ အလုပ် လိုအပ်သောအခါ ရှာဖွေ ပေးနိင်မည်သူ၊ သေသောအခါ ပြုစုမည့်သူ များကိုသာ အဓိကထားခြင်းကို ဆိုလိုသည်။ ဝိညာဉ် ကောင်းကင်နိင်ငံရောက်မည့် အရေးထက် ကိုယ်ခန္ဓာကောင်းစားရေးကို ပို၍ ဦးစားပေး နေကြသည်။ ဘုရားသခင်၏ ကူညီမစခြင်းထက် လူ၏ မစခြင်းကို ပို၍ အားကိုး အား ထားပြု ကြသည်။ ထိုအရာသည် ယခုခေတ် မှရှိသည် မဟုတ်၊ ခရစ်တော် လက်ထက်၌လည်းရှိသည်။
အချို့သောသူများသည် မိမိတို့၏ အိမ် (ယုံကြည်ခြင်း)ကို ဆောက်သော်လည်း ခရစ်တော်၏ စကားထက် လူမျိုးရေး အပေါ်၌ တည်ဆောက် ကြသည်။ ထိုသူများ အနေဖြင့် ခရစ်တော်၏ စကားထက် မိမိလူမျိုး တိုးတက်ရေး ကောင်းစားရေးကို ပို၍ ဦးစားပေး ကြသည်။ ထိုသူများ အနေဖြင့် ကယ်တင်ခြင်းနှင့် သမ္မာတရားထက် မိမိလူမျိုးရေးသည် ပို၍ အရေးကြီးသည်။ လူမျိုးရေးအ သင်းတော်များကို တည်ထောင်၍ အလွန် အားရကြသည်။ ထိုအရာသည်လည်း တမန်တော်များလက်ထက်၌ ရှိခဲ့ကြပြီ။ ခရစ်တော်က၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်၊ ” (တ ၁:၈) ဟုဆိုသော်လည်း တမန်တော်ကြီး များသည် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ တန်ခိုးရရှိသောအခါ ရှမာရိ ပြည်နှင့် မြေကြီးစွန်းတိုင်အောင် သက်သေမခံဘဲ ယေရုရှလင်မြို့၌ သာကပ်နေ ကြသည်။ အကြောင်းမှာ ဘုရားသခင်သည် ဣသရေလ လူမျိုးကိုသာ ချစ်သည်၊ ကယ်တင်သည်၊ လက်ခံသည်ဟု ယူဆသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်က သူတို့ကို ကြီးစွာသော ဍှင်းဆဲခြင်းအားဖြင့် နှင်ထုတ်ကြောင်း ဤသို့ မှတ်တမ်းတင်ထားသည်၊ “ထိုအခါ ယေရုရှလင်မြို့၌ ရှိသော အသင်းတော်သည် ပြင်းစွာသော ဍှင်းဆဲခြင်းကို ခံရသဖြင့် တမန်တော်တို့ မှအပအသင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်၊ အရပ်ရပ်တို့၌ အနှံ့ အပြာကွဲပြား ကြ၏။” (တ ၈:၁)။ ထိုသို့ ပြင်းစွာသော ဍှင်းဆဲခြင်းအားဖြင့် အသင်းတော်ကို အရပ်ရပ်သို့ သွားဘို့ရန် ဘုရားသခင်က နှင်ထုတ်သော်လည်း အဘယ်ကြောင့် တမန်တော်ကြီး များသည် မထွက်သွားကြသနည်း။ သူတို့ အနေဖြင့် ခရစ်တော် အတွက် အမာခံများဟု ကြန့်ကြန့်ခံကြပုံရသည်။ အမှန်မှာ သူတို့သည် အခြားလူမျိုးများထံသို့ မသွားလိုသောကြောင့် ဖြစ်သည်။ ထိုအရာကို မည်သို့ သိရသနည်းဟူမူကား၊ ရှင်ပေတရုကို ဘုရာသခင်က တပါးအမျိုးသား ဖြစ်သော ကောနိလိအိမ်သို့ သွားခိုင်းသည် (တ ၁၀)။ သူသည် မသွားချင်သော်လည်း ဘုရားသခင်က အတင်း သွားခိုင်းသောအခါ မတတ်သာ၍ သွားခဲ့သည်။ ကောနိလိအိမ်သို့ ရောက်သောအခါ သူ၏ နှုတ်ဆက်ပုံကို ကြည့်ခြင်းအားဖြင့် သူ၏ လူမျိုးရေးစိတ်ဓါတ်ကို သိနိင်သည်။ ပေတရုက “ယုဒလူ ဖြစ်သော သူတို့သည် တပါးအမျိုးသားတို့နှင့် မပေါင်းဘော်မချဉ်းကပ်အပ်သည်ကို သင်တို့ သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မဆင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း ဘုရားသခင်သည် ငါ့အား ဆုံးမပြသတော်မူပြီ။ ထို့ကြောင့် ငါ့ကို ခေါ်ကြသောအခါ ငါသည် မငြင်းခုန်ဘဲလျက် လာ၏။” (တ ၁၀:၂၈-၂၉) ဟုဆိုသည်။
ပေတရုတယောက် တည်းသာမက သူ၏ အဖေါ် တမန်တော်ကြီး များလည်း လူမျိုးရေး၌ ပြင်းထန်ကြောင်း ဤသို့ သူတို့၏ စကားအားဖြင့် နိင်သည်၊ “တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည် ကြားသိကြ၏။ ပေတရုသည် ယေရုရှလင်မြို့သို့ တက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသော သူတို့က၊ သင်သည် အရေဖျား လှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော်၍ စားသောက်ပါသည် တကားဟု ဆန့်ကြင် ဘက်ပြု၍ ဆိုကြ၏။” (တ ၁၁:၁-၃)။ တမန်တော်ကြီး များသည် အဘယ်ကြောင့် တပါးအမျိုးသားများက ဘုရားသခင်၏ နှုတ်ကပတ်တော် ခံယူကြခြင်းကို ဝမ်းမသာ ကြဘဲ ပေတရုကို အပြစ်တင်ဆန့်ကျင် ကြသနည်း။ လူမျိုးရေးကြောင့် ဖြစ်သည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရသော်လည်း လူမျိုးရေးစိတ်ဓါတ်သည် မကုန်ဆုံးနိင်ချေ။ ထို့ကြောင့် ယနေ့ များစွာသော လူများသည် လူမျိုးရေး၌ အခြေခံ၍ မိမိတို့၏ ယုံကြည်ခြင်းကို တည်ဆောက် ကြသည်။ သို့သော် ဘုရားသခင်ကို ဆန့်ကျင် နေမှန်း မသိကြ။ “ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလ သ(ဂရိတ်) လူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ယောက်ျားမရှိ၊ မိန်းမမရှိ။ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံး တ ဝတည်း ဖြစ်ကြ၏။” (ဂလာ ၃:၂၈)။
များစွာသောသူများသည် မိမိတို့၏ ယုံကြည်ခြင်းကိုလောကအရာ၌ တည်ဆောက် ကြသည်။ လောကအရာ၌ တည်ဆောက်ခြင်း ဆိုသည်မှာ လော က၌ ပညာရှိမှလူရာဝင်မည်၊ ဝင်ငွေကောင်းရမည်ဟု ယုံကြည် သောကြောင့် ပညာ ရေးကိုသာလျှင် အဓိကထား၍ ခရစ်တော်၏ စကားကို အလေးမထားကြ။ အချို့သောသူများသည်လောက၌ ငွေရှိမှလူရာဝင်မည်ဟူယူဆသောကြောင့် ငွေကိုသာ ရှာ၍ ခရစ်တော်၏ စကားကို နားမထောင်ကြ။ အချို့သောသူများသည် အပျော်အပါးကိုသာ အလေးထား၍ ခရစ်တော်၏ သတိပေးခြင်းကို မကြားကြ။ အချို့သောသူများသည် နိင်ငံရေးကို စိတ်ဝင်စားလွန်းသောကြောင့် ခရစ်တော်၏ စကားသည် သူတို့၏ စိတ်ကူးထဲ၌ ပင် မပါ၊ နိင်ငံရေးသာလျှင် သူတို့၏ ဘဝဖြစ်စေ ကြသည်။ ထိုအရာအားလုံး သည် သဲများ ဖြစ်သောကြောင့် မမြဲချေ။ ထို့ကြောင့် တရားစီရင်သော နေ့၌ ထိုသူများသည် ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထို့ကြောင့် မိတ်ဆွေ အနေဖြင့်အချိန် မနှောင်းမှီ ခရစ်တော်၏ စကားကို အလေးအနက်ထား၍ သူ၏ စကား၊ သူဟောပြောသော သမ္မာတရား အပေါ်၌ မိမိ၏ ယုံကြည်ခြင်းကို တည်ဆောက်ဘို့ တိုက်တွန်းနိုးဆော်အပ်ပါသည်။
ကျေးဇူးတော် ချီးမွမ်းခြင်း
Moses R Cung
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်းရာသီသို့ ရောက်ကြပြန်ပြီ။ အမေရိကန်ပြည် ထောင်စု၌ နိုဝဘ်ာလ၏ နောက်ဆုံးကြာသပတေးနေ့သည် ကျေးဇူးတော် ချီးမွမ်းခြင်းနေ့ Thanksgiving Day ဟု သတ်မှတ်ကာရုံးများ ပိတ်၍ ကျေးဇူးတော် ချီမွမ်းခြင်း နေ့ကို ကျင်းပ ကြသည်။ အစပိုင်း၌ ဘုရားသခင် ထံ၌ ကျေးဇူးတော် ရေတွက်ချီးမွမ်းတတ်ကြသော်လည်း ယခုခေတ်တွင် ကျေးဇူးရှင် ဘုရားသခင် ထံ၌ ကျေးဇူးတော် ချီးမွမ်းခြင်း မပြုလုပ် ကြတော့ဘဲ မိမိတို့ လိုချင်သော အရာများကိုသာ ပြုလုပ် ကြတော့သည်ကို ဝမ်းနည်းဘွယ်တွေ့ရသည်။ ကျေးဇူးတော် ခံစားသည်၊ ကျေးဇူးတင်သည် ဟုဆိုသော်လည်း မည်သူ့ အပေါ်၊ မည်သူ့ထံ၌ ကျေးဇူးတင်သည်ဟု မသိကြ၊ သို့မဟုတ် မပြောချင် ကြချေ။
အဘယ်ကြောင့်ကျေးဇူးတော် ချီးမွမ်းဘို့ လိုသနည်း
ဘုရားသခင် ကိုယ်တော်တိုင်က၊ “ကျေးဇူးတော် ချီးမွမ်းခြင်း ယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ သဏာကတိထားသည် အတိုင်း အမြင့်ဆုံးသော ဘုရား၌ သဏာဝတ်ကို ဖြေလော့။ အမှု ရောက်သည် ကာလ၌ ငါ့ကို ပဌနာ ပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကို ချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်။” (ဆာ ၅၀:၁၄-၁၅)။ တဖန်၊ “ကျေးဇူးတော် ချီးမွမ်းခြင်း ယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏။ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအား လည်း၊ ကယ်တင်ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင် မိန့်တော်မူ၏။” (ဆာ ၅၀:၂၃)။ ယုံကြည်သူများကကျေးဇူးတော် ချီးမွမ်းသောအခါ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားသည်။ မည်ကဲ့သို့ ထင်ရှားသနည်း။ မယုံကြည်သူများလည်း ဘုရားသခင်ကို သိလာသည်။
မည်သည့်အချိန်၌ ကျေးဇူးတော် ချီးမွမ်းရမည်နည်း
ပေါလုသည် ပင်လယ်ထဲ၌ မိုဃ်းသက်မုန်တိုင်းကြောင့် အစာမစားနိင်၊ အသက် ဘေးကြုံတွေ့ရသောအခါ လူပေါင်းတို့ကို တိုက်တွန်းလျက်၊ “သင်တို့သည် တဆယ်လေးရက်ပတ်လုံး မျှော်လင့်၍ ယနေ့ တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက် နေကြ၏။ ထို့ကြောင့် အစာစားကြလော့။ စားလျှင် ချမ်းသာ ရခြင်း အကြောင်း ဖြစ်လိမ့်မည်။ သင်တို့ ဆံခြည်တမျှင်မျှမပျက်စီးရ ဟုဆိုပြီးလျှင် ပေါလုသည် မုန့်ကို ယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှမုန့်ကို ဖဲ့၍ စားလေ၏။ ထိုသူ အပေါင်းတို့သည်လည်း စိတ်သက်သာခြင်းရှိ၍ အစာကို စားကြ၏။” (တ ၂ရး၃၃-၃၆)။ ဤနေရာ၌ ပေါလုသည် ပင်လယ်ထဲ၌ အသက်ဘေးနှင့် ရင်ဆိုင်သော အချိန်တွင် ပင်ကျေးဇူးတော်ကို ချီးမွမ်းသည်။ မယုံ ကြည် သူများ အမည်ခံ ခရစ်ယာန်များမလုပ်နိင်သောအရာ ဖြစ်သည်။ အမည်ခံ ခရစ်ယာန်များ၊ ဝိညာဉ်ရေးရာ၌ နုနယ်သောသူများ အနေဖြင့် အစစအရာရာ အစဉ်ပြေနေချိန်တွင် ကျေးဇူးတော် ချီးမွမ်းနိင်သော်လည်း ဘေးဒုက္ခ ရောက်သောအခါတွင် လုံးဝ မချီးမွမ်းနိင်ချေ။
ပေါလုသည် နေ့ခင်း၌ ရိုက်နှက်ခြင်းကို ခံရ၍ ထောင်ထဲ၌ လှောင်ထားခြင်း၊ သံကြိုးများနှင့် ချည်နှောင်ခြင်းကို ခံရစဉ်တွင် ကျေးဇူးတော်ကို ချီးမွမ်းနိင်ကြောင်း ဤသို့ တွေ့ရသည်၊ “သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် နားထောင် ကြ၏။ ထိုခဏခြင်းတွင် မြေကြီးသည် ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေ ရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်း ပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။” (တ ၁၆:၂၅-၂၆)။
ပေါလုသည် သူကိုယ်တိုင် ဒုက္ခ ရောက်သောအခါ ကျေးဇူးတော် ချီးမွမ်း နိင်ခဲ့သည်။ ထို့ကြောင့် ယုံကြည်သူများထံ ဤသို့ စာရေးနိင်သည်၊ “မခြားမလပ် ဆုတောင်း ပဌနာ ပြုကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်း ငါှ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။” (၁ သက် ၅:၁ရ- ၁၈)။ “ခပ်သိမ်းသောအရာ တို့၌ ကျေးဇူးတော်ကြီး လှပါ၏ဟု ငါတို့ သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍ ခမည်းတော်ဘုရားသခင့်ရှေ့ကာလ အစဉ်မပြတ် ဝန်ခံကြလော့။” (ဧဖက် ၅:၂၀)။ “စကား ပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက် ကျေးဇူးတော်ကြီး လှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခ မည်းတော် ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။” (ကော ၃:၁ရ)။
အထက်ပါ ကျမ်းစာများ၌ ရှင်ပေါလုက အရာရာ၌၊ ခပ်သိမ်းသောအရာ တို့၌၊ ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက် ကျေးဇူးတော် ကြီလှပါ၏ဟု ချီး မွမ်းခိုင်းသည်။ သူကိုယ်တိုင်လည်း ချီးမွမ်းခဲ့ကြောင်း တွေ့ရသည်။ အဘယ်ကြောင့် အခြေနေကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေကျေးဇူးတော် ချီးမွမ်း ခိုင်းသနည်း။ အဘယ်ကြောင့်အခြေအနေ ဆိုးသောအခါ ဆုဘဲ မတောင်းခိုင်း သနည်း။ ကျေးဇူးတော် ချီးမွမ်းခြင်းသည် အခြေအနေဆိုးကိုလည်း ဝန်ခံခြင်း၊ ကျေနပ်ခြင်း ဖြစ်သည် မဟုတ်လော။ အကြောင်းမှာ ယုံကြည်သူများ၏ အသက်တာသည် ဘုရားသခင်က သိသည်၊ ဦးဆောင်သည်။ ထို့ကြောင့် ဒုက္ခနှင့် ကြုံတွေ့သောအခါလည်း အကျိုးရှိသည်။ ဒုက္ခ ဆင်းရဲခြင်းသည် သခင်ဘုရားနှင့် တွေ့သောအခါ သရဖူရရှိဘို့ရန် ဖြစ်သောကြောင့် ကောင်းသည်။ စာတန် ကနှောက်ရှက်သောကြောင့် ဒုက္ခ ခံလျှင်လည်း အဘ ဘုရားသခင်၏ ယုယခြင်းကို ခံမည် ဖြစ်သောကြောင့် ကောင်းသည်။ ကိုယ်အပြစ်ကြောင့် ဒုက္ခ ခံလျှင်လည်း အပြစ်ကို စွန့်ပြစ်ဘို့၊ သခ်န်းစာရနိင်သောကြောင့် ကောင်းသည်။ ထို့ အပြင်ဒုက္ခ ဆင်းရဲ ခံဘူးလျှင် သူတပါးဒုက္ခ ဆင်းရဲ ခံသောအခါ ကိုယ်ချင်းစာနာ တတ်လာသည်။ ထို့ကြောင့် သူတပါးကို အားပေးနိင်သည်။ အစစအရာရာ အဆင််ပြေနေသောသူများသည် ဒုက္ခ ရောက်နေသောသူများကို ဂရုမစိုက်တတ်။ ထိုမျှသာမက အပြစ်တင်တတ်သည်။ ထို့ကြောင့် ဒုက္ခ ဆင်းရဲသည် ခံရစဉ်တွင် ခက်ခဲ၍ အကြောင်းရင်း မသိသော်လည်း ဘုရားသခင် ခွင့်မပေးဘဲ မရောက်နိင်သောကြောင့် ကျေးဇူးတော် ချီးမွမ်းလျှင် သာ၍ ကောင်းသည်။ သို့မှသာ မယုံကြည်သူများကအံ့ဩမည်။ ကျွန်ပ်တို့၏ အသက်တာကို စိတ်ဝင် စားမည်။
ခရစ်တော်ကမြော်လင့်သည်
“ယေရုရှလင် မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည် စပ်ကြား၌ ရှောက်သွားတော်မူ၏။ ရွာတရွာသို့ ဝင်တော်မူသည်တွင် နူနာစွဲသောသူတ ကျိပ်တို့သည် ခရီး ဦးကြိုပြု၍ အဝေးကရပ်လျက် သခင်ယေရှု အကျွန်ပ်တို့ကို ကယ် မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။ ယေရှုသည် မြင်တော်မူလျှင် သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကို ပြကြလော့ဟု မိန့်တော်မူသည် အတိုင်း သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။ ထို သူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင် ပြန်လာ၍ ကြီးသော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ခြေတော် ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီး လှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။ ယေရှုကလည်း တကျိပ်သော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ ဤတပါးအမျိုး သားကို ထား၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူတယောက်မျှမရှိသလောဟု မေးတော်မူပြီးမှ သင်ထ၍ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင်၏ အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။” (လု ၁ရး၁၁-၁၉)။
ဤနေရာ၌ သခင်ယေရှုသည် ကျေးဇူးတော် ချီးမွမ်းခြင်း ခံချင် သောကြောင့် နူနာစွဲသောတို့ကို သန့်ရှင်းစေသည် မဟုတ်။ သို့သော် ကျေးဇူးသိတတ်သောသူကို နှစ်သက်ကြောင်း သူ၏ စကားအားဖြင့် သိနိင်သည်။ ရှမာရိအမျိုး သားသည် မိမိကိုယ်၌ သန့်ရှင်းခြင်း တွေ့မြင်သောအခါ သူ့ကို သန့်ရှင်းစေသောသူကို အရင်ကျေးဇူးတော် ချီးမွမ်းသည်။ ကျန် ၉ယောက်တို့သည် မိမိတို့ သန့်ရှင်း ကြောင်းကို ယဇ်ပုရောဟိတ် ထံပြ၍ ယဇ်ပုရောဟိတ်က သန့်ရှင်းကြောင်း အသိ အမှတ်ပြုမည့် အရာကိုသာ စိတ်စော ကြသည်။ ယဇ်ပုရောဟိတ်က သန့်ရှင်းသည် ဟုဆိုမှသာလျှင် သူတို့သည် လူတောတိုးနိင်မည် ဖြစ်သည်။ ယနေ့ ကျေးဇူးတော် ခံစားသော်လည်း မချီးမွမ်းကြသောသူမြောက် များစွာ ရှိသည်။
မည်သည့်အရာအတွက် ချီးမွမ်းရမည်နည်း
“ထာဝရဘုရား၏ သန့်ရှင်း သူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။ အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား တသက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏။ နံနက်ယံ၌ ကား သီချင်းဆိုရသော အခွင့်ရှိ၏။” (ဆာ ၃၀:၄-၅)။ ကျေးဇူးတော်သည် တသက်လုံးခံစားရသောကြောင့် ချီးမွမ်းရမည်။
ထာဝရဘုရား ဖြစ်သောကြောင့် ချီးမွမ်းရမည်။ “ကိုယ်တော်သည် အကျွန်ပ်၏ ဘုရား ဖြစ်တော်မူ၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ပ်၏ ဘုရား ဖြစ်တော်မူ၍ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ဂရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီး မွမ်းကြလော့။” (ဆာ ၁၁၈:၂၈-၂၉)
မည်ကဲ့သို့ ကျေးဇူးတော် ချီးမွမ်းမည်နည်း
စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းရမည်။ “အကျွန်ပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍ နာမတော်ကို အစဉ်အမြဲချီးမြှောက်ပါမည်။ အကျွန်ပ်ခံရသော ဂရုဏာတော်ကြီး လှပါ၏။ အကျွန်ပ်၏ ဝိညာဉ်ကို မရဏာနိင်ငံအောက်အရပ်ထဲကကယ်နှုတ်တော်မူပြီ။” (ဆာ ၈၆:၁၂-၁၃)။
“အိုထာဝရဘုရား၊ အကျွန်ပ်သည် စိတ်နှလုံးအကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတော် ရှိသမျှတို့ကို ပြညွှ$န်ပါမည်။ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာသီချင်းဆို ပါမည်။” (ဆာ ၉:၁-၂)။
“အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား အကျွန်ပ်ကို စောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ပ်အော်ဟစ်၍ ထာဝရဘုရားကို တောင်းလျှောက်ပါ၏။ ထိုအခါ အကျွန်ပ်ညည်းတွားမြည် တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ပ်ဝတ်သော လျှောတေအ ဝတ်ကို ခွျတ်၍ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော်မူ၏။ သို့ဖြစ်၍ အကျွန်ပ်၏ ဝိညာဉ်သည် တိတ်ဆိတ်စွာ မနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအ ကျွန်ပ်၏ ဘုရားသခင် ထာဝရဘုရားကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။”
(ဆာ ၃၂:၁၀-၁၂)။
ထိရောက်သော ဆုတောင်းခြင်း
Saya Gideon Biak Lian Thuam (GBC Durham, NC)
ဆုတောင်းခြင်း ဆိုသည်မှာ အဘယ်အရာနည်း
ဆုတောင်းခြင်း ဆိုသည်မှာ ရိုးရိုးလေးနှင့် ပြောမည်ဆိုပါက ဘုရားသခင်နှင့် စကားပြောခြင်း ဖြစ်သည်။ ထို့ကြောင့် ဆုတောင်းခြင်း အားနည်းခြင်း၊ ပျင်းရိခြင်းတို့သည် ဘုရားနှင့် ဝေးခြင်း၊ မရင်းနှီးခြင်း၊ ရန်သူ ဖြစ်ခြင်း၏ လက္ခဏာတစ် ခု ဖြစ်သည်။ သာဓကတစ်ခုအနေနှင့် ကိုယ်မချစ်သောသူ (သို့) ကိုယ့်ရန်သူကို စကားပြောချင် စိတ် လုံးဝ မရှိခြင်းနှင့် တူသည်။ ဆုတောင်းခြင်းကို အနက်အဓိပ္ပါယ် အ မျိုးမျိုးဖြင့် အကျယ်တဝင့် ရှင်းလင်းဖေါ်ပြ တတ်ကြသည်။ ဘုရားထံသို့ မေတ္တာရပ် ခံခြင်း၊ အဆိုပြုခြင်း၊ တောင်းပန်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ ကြားဝင်ဖြန်ဖြေခြင်း၊ စသဖြင့် အဓိပ္ပါယ်သက်ရောက်စေသည်။
ယခု ဤစာမူ၏ ရည်ရွယ်ချက်မှာ ဆုတောင်းခြင်းသည် ဘာလဲဆိုတာထက်၊ ထိရောက်စွာ မည်ကဲ့သို့ ဆုတောင်းရမည်နည်းဟူသောအရာကို အချက် ၆ ချက်ဖြင့် ရှင်းလင်းဖေါ်ပြ ရေးသားခြင်း ဖြစ်သည်။ ဤအချက် ၆ ချက်ကို နားလည် သဘောပေါက်၍ ကျင့်သုံးပါက သင် ဆုတောင်းသောအခါ ထိရောက်မှု ရှိမည် ဖြစ်သည်။ တနည်းအားဖြင့် ဘုရားသခင်က သင်၏ ဆုတောင်းသောအရာကို ပေးမည် ဖြစ်သည်။
ဆုတောင်းသောအခါ လုပ်ဆောင်ချက် ပါရမည်
ထိရောက်စွာ ဆုတောင်း လိုပါက လုပ်ဆောင်ချက် ပါရမည်။ လုပ်ဆောင် ချက်ပါမှသာလျှင်ဘုရားသခင်က အဖြေပေးတတ်ကြောင်း သမ္မာကျမ်းစာထဲမှာ သာဓကများ တွေ့ရှိနိုင်ပါသည်။ ဧသတာဝတ္တုကို ဖတ်မည်ဆိုပါက မိဖုရားဧသတာ၊ သူမ၏ ဝမ်းကွဲအကို မော်ဒကဲနှင့် ဂျူးလူမျိုးများ အသက် အန္တရာယ် ဒုက္ခ ရောက် ပုံကို တွေ့ရမည် ဖြစ်သည်။ လိုရင်းကိုသာ ဖော်ပြမည် ဖြစ်သောကြောင့် အသေးစိတ် သိလိုပါက ဧသတာဝတ္တုကို သမ္မာကျမ်းစာထဲမှာဖတ်နိင်ပါသည်။ တစ်နေ့မှာ ဟာမန်ကဂျူးလူမျိုးများကို မုန်းသောကြောင့်၎င်း၊ မော်ဒကဲကို ကလဲ့စားချင် သောကြောင့်၎င်း၊ မဟုတ်မမှန်ဂျူးလူမျိုးများကို စွပ်စွဲခြင်းအားဖြင့် နေရာတိုင်း မှာရှိသော ဂျူးလူမျိုးမှန်သမျှကို သတ်ရန် အမိန့်ပြန်တမ်းထုတ်ရန် ဘုရင်ကြီးကို ဖေျာင်း ဖျကာလက်စွပ်တော်နှင့် တံဆိပ်ခတ်ခိုင်းလေသည် (ဧသတာ ၃:ရ- ၁၃)။
ထိုသတင်းကို မော်ဒကဲနှင့် ဂျူးလူမျိုးအားလုံး ကြားသိသောအခါ ဝမ်း နည်းကြေကွဲစွာ ကြီးသော အသံနှင့် ငိုကြွေး ကြသည်။ မော်ဒကဲကဧသတာအား ထိုအကြောင်းကို ဘုရင်ကြီး ထံ သွား၍ ကယ်မဘို့ မေတ္တာရပ်ခံရန်ပြော လိုက်သည်။ သို့သော် ဧသတာအတွက် အခက်အခဲရှိသည်။ အကြောင်းမှာ ဘုရင်ကြီး ကဧသတာကို မခေါ်သည် မှာရက်သုံးဆယ်ရှိပြီ။ ဘုရင်ကြီး ကမဆင့် ခေါ်ဘဲ သူ့ထံချဉ်းကပ်လျှင် သေဒဏ်အပြစ် ပေးနိင်သည်။ သို့သော် ဘုရင်ကြီး ကရာဇလှံတံကို ကမ်းပေးပါက အသက် ချမ်းသာ ခွင့်ရရှိနိင်သည်။ သို့သော် မော်ဒကဲကဧသတာအား “အသက် အœရာယ်ရှိသောကြောင့် မသွားပါနှင့် တော့၊ ဆုတောင်း လိုက်လျှင် ဘုရားသခင်က အလုပ်လုပ်မှာပါ” ဟု မပြောချေ။ ဧသတာကို သွားဘို့ရန် အမိန့်ပေးလိုက်သည်။ ဧသတာကလည်း အစာရှောင် ဆုတောင်း ပေးကြဘို့ရန် တောင်းဆိုထားသည်။
ထိုသို့ဖြင့် ဧသတာသည် ဆုတောင်း၍ ဘုရင်ကြီး ထံသွားသောအခါမှသာ ဘုရားသခင်က ဧသတာအား ဘုရင်ကြီး၏ ရှေ့မှောက်၌ မျက်နှာရစေခြင်းအားဖြင့် ဂျူးလူမျိုးများ၏ ဆုတောင်း သံ ဘုရားသခင်က နားညောင်းပေးလိုက် ပါသည် (ဧသ ၄:၁၊ ၆:၁၄)။
ယနေ့ ယုံကြည်သူ အများစုသည် လျှောက်လွှာများများတင်ခြင်း မရှိ၊ လူတွေ့စစ်ဆေးခြင်း မခံဘဲ အလုပ်ကို ရဘို့ ဆုတောင်း တတ်ကြသည်။ တခါ တရံကျွန်ပ်တို့သည် ဧဝံဂေလိ ဟောပြောခြင်း မရှိဘဲ ဆုတောင်းခြင်းဖြင့် ပျောက် ဆုံး ဝိညာဉ်များဖမ်းချင် ကြသည်။ ချစ်သော မိတ်ဆွေ၊ ဆင်းရဲ လှသည်၊ အိမ်ဘိုး ပေးဘို့ ပိုက်ဆံမရှိဟု ညည်းတွားကာ၊ အလုပ်လည်း မရှာ၊ ထိုင်ရာမှမထဘဲ ဆုတောင်းလျှင် ထိရောက်မှု ရှိမည် မဟုတ်။ ကျွန်တော် ခွန် အားရရှိသော ကာ တွန်းပုံပြင်လေးတစ်ခုကို ဥပမာအနေဖြင့် ဖေါ်ပြလိုသည်။
ရေထဲမှာနစ်နေသော အမျိုးသမီးတစ်ယောက်သည် “ဘုရားသခင် ကျွန်မကို ကယ်ပါ” ဟု ဆုတောင်းသည်။ ထိုအခါ လှေကလေးလာ၍ သူမကို ကယ်ဘို့ လုပ်သော်လည်း သူငြင်းပယ်လိုက်ပုံက၊ “ဘုရားကကျွန်မကို အံ့ဩ ဖွယ် ရာ နိမိတ်လက္ခဏာနဲ့ကယ်မယ်၊ ” ဟု ပြန်ပြောလိုက်သည်။ ထို့နောက်သင်္ဘောကြီးရောက်ရှိပြန်သည်။ သို့သော် အရင်နည်းတူ ငြင်းပယ်လိုက်သည်။ ထို့နောက် ရဟတ်ယဉ်ရောက်ရှိလာသည်။ သူ့ကို ကယ်ဘို့ရန် ကြိုးချပေးသော်လည်း အရင်နည်းတူ ငြင်းဆိုပြီး ဆက်လက် ဆုတောင်း နေသည်။ နောက်ဆုံးမှာသူမသေ သွား၍ ကောင်းကင်ဘုံရောက်သွားသည်။ ဘုရားသခင်နှင့် တွေ့သောအခါ စိတ် ဆိုးစွာ နှင့်၊ “ကိုယ်တော် ရဲ့ဂတိကတောင်းလျှင် ရမည်ဆို၊ ကျွန်မ ဆုတောင်း တဲ့အခါ ဘာကြောင့်မ ကယ်တင်သလဲ၊ ” ဟု ဘုရားသခင်ကို အပြစ်တင်လိုက်သည်။
ဘုရားကလည်း နူးညံ့သိမ်မွေ့စွာ နှင့်၊ “သမီးကို ကယ်ဘို့ရန် လှေ၊ သင်္ဘော၊ ရဟတ်ယဉ်တွေလွှတ်လိုက်တယ်လေ၊ ” ဟု ပြန်ဖြေလိုက်သည်။ ထို့အတူ အချို့သော ယုံကြည်သူများဖျားနာ၍ နေမကောင်းသောအခါ ဆရာဝန်ဆီမသွားဘဲ ဘုရားသခင်၏ နိမိတ်လက္ခဏာများ၊ အံ့ဩဘွယ်ရာများကိုသာ တွေ့မြင်ချင် ကြသည်။ အပြစ်ကြောင့် ရောဂါ အမျိုးမျိုးရှိလာသော်လည်း ဘုရားသခင်က ထွက် ပေါက်အမြဲရှာပေးသည်။ ဆရာဝန်များကို ဥာဏ်ပညာပေးသူမှာဘုရား ပင် ဖြစ်သည်။ ထို့ကြောင့် လုပ်ဆောင်ချက် မပါဘဲ ဆုတောင်းလျှင် သင်၏ အနာရောဂါ ပျောက်ကင်းချင် မှပျောက်ကင်းမည်။ ခိုင်မာသော စိတ်နှလုံးမရှိဘို့ လိုအပ်သည်။
ယေရှု နာမဖြင့် ဆုတောင်းရမည်
ချစ်မိတ်ဆွေ စဉ်းစားမိဘူးပါသလား။ ကျွန်တော်တို့သည် ဘုရား သားသမီး များဖြစ်သော်လည်း များသောအားဖြင့် ဇာတိဆန် ကြသည်။ အပြစ် ဒုစရိုက်ကို လုပ်တတ်ကြသည်။ ဘုရားသခင် အပေါ်၌ သော်၎င်း၊ အသင်းတော် အပေါ်၌ သော်၎င်း၊ ကြိမ်ဖန် များစွာ သစ္စာ မဲ့တတ်ကြသည်။ အမှန်မှာ ကျွန်တော်တို့သည် ဘုရားသခင်၏ ကောင်းကြီး တစေ့ကလေးမျှ ခံစားဘို့ မထိုက်တန်ကြပေ။ အချု့ိသော ညီအစ်ကို များသည် တတိယနိင်ငံသို့ ရောက်ဘို့ရန် အလွန် ဆုမတောင်းသော်လည်း ဘုရားကပို့ဆောင်ပေးသည်။ ဇာတိဆန်လွန်းသော်လည်း ဆု တောင်းသောအခါ ဘုရားကတစ်ခုပြီး တစ်ခုအဖြေပေးတတ်သည်။ မတောင်း လျှင်လည်း ဘုရားကကောင်းကြီး ပေးတတ်သည်။
ထိုသို့ဖြစ်ရခြင်းမှ ာကျွန်တော်တို့အတွက် ကိုယ်စားပြု ဆုတောင်း ပေးသောသူများရှိသည်။ “သူတော် ကောင်း ဆုတောင်း၍ အရှိန်ကြီးသော ပဌနာသည် အလွန် တန်ခိုးပါ၏။” (ယာ ၅:၁၆)။ သူတော်ကောင်းဆိုသည်မှာ ယုံကြည်သူများကို ဆိုလိုသည်။ သို့သော် ယုံကြည်သူ တော် တော်များများ ဆုမတောင်းသော်လည်း အဘယ်ကြောင့်ဘုရားရှင်က ကာကွယ်စောင့်ရှောက်ကောင်းကြီး ပေးနေသနည်းဟူမူကား သူတို့အတွက် ဆုတောင်း ပေးသော ယုံကြည်သူများရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့ ကိုယ်စား ဆုတောင်း ပေးနေသူတစ်ဦးရှိသည်။
ထိုသူသည် သခင် ခရစ်တော် ပင် ဖြစ်သည် (ရော ၈:၃၄) “အသေခံသည်သာမက သေခြင်းမှ ထမြောက်၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ နေလျက် ငါတို့အဘ ့ုိ ဆုတောင်းသောသူကား ခရစ်တော် ပေတည်း။” ဟု ရေးထားသည်။ ချစ်သော ညီအစ်ကိုများ၊ ခရစ်တော် ကကောင်းကင်ဘုံမှာနေ့စဉ် နေ့တိုင်း ဆုမတောင်း ပေးလျှင် ကျွန်တော်တို့ မည်မျှပင်ဆုတောင်းသော်လည်း ဘုရားရှင်ရှေ့မှာ မျက် နှာရကြမည် မဟုတ်။ သို့သော် ခရစ်တော်၏ မျက်နှာကြောင့်၊ သူ ဆုတောင်း ပေးနေသောကြောင့် ကျွန်တော်တို့၏ ဆုတောင်း သံကို ဘုရားသခင်က နားညောင်း ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ဆုတောင်းသောအခါ တိုင်း ခရစ်တော်၏ နာမအားဖြင့် တောင်းမှသာ ထိရောက်မှု ရှိမည် ဖြစ်သည်။ သခင် ခရစ်တော်က၊ “သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ဆုတောင်း သမျှ အတိုင်း ငါပြုမည်။” ဟုဆိုခဲ့သည် (ယော ၁၄:၁၃)။ ထို့ကြောင့် ဆုတောင်းသောအခါ သခင် ခရစ်တော်၏ နာမတော် ပါဘို့ အလွန် အရေးကြီး ပါသည်။
သံသယကင်းသော ယုံကြည်ခြင်းနှင့် ဆုတောင်းရမည်
ဤယုံကြည်ခြင်းသည် ကယ်တင်ခြင်းနှင့် ဆိုင်သော ယုံကြည်ခြင်း မဟုတ်ဘဲ ထာဝရဘုရား၏ တန်ခိုးတတ်စွမ်းခြင်းကို အားကိုး ယုံကြည်ခြင်းကို ဆိုလိုသည်။ ဆုတောင်းသောအခါ ဘုရားကတကယ် ပေးမလား၊ မဖြစ်နိင်ဘူး၊ စသည်ဖြင့် သံသယနှင့် ဆုတောင်းခြင်းသည် လုံးဝ ထိရောက်မှု မရှိပေ။ မာကု ၁၁:၂၃-၂၄တွင် “ငါအမှန်ဆိုသည်ကား အကြင်သူသည် ယုံမှားသော စိတ်နှင့် ကင်း၍ မိမိဆိုသည် အတိုင်း ဖြစ်မည်ဟု ယုံကြည်လျှင် ထိုတောင်ကို နေရာမှရွေ့လော့၊ ပင် လယ်၌ ကျလော့ ဟုဆိုလျှင် ထိုသူဆိုသည် အတိုင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဆိုသည်ကား သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သော စိတ်နှင့် ဆု တောင်းသမျှတို့ကို ရကြလိမ့်မည်။” ဟု ခရစ်တော် ကဆိုထားပါသည်။
အချို့သော ဆရာများက “ဤတောင်”၏ ပုံဆောင်ချက်သည် ပညတ်တော် (၁၀) ပါးကို ဆိုလိုသည်ဟု ယုံကြည်သူများလည်းရှိကြသည်။ မှန်သည် မမှန်သည်ကိုမူမိမိ ကိုယ်ကို စဉ်းစား၍ ဆုတောင်းခြင်းဖြင့် သမ္မာကျမ်းစာကို လေ့ လာမှသာ သိနားလည်နိင်သည်။ သို့သော် သေချာသော အချက် တခုသည် ခရစ်တော် ကယုံကြည်ခြင်းရှိဘုုိ့ လုံးဝ သံသယမရှိဘို့၊ မဖြစ်နိင်သောအရာ ကိုလည်း ဘုရားသခင်တတ်စွမ်းနိင်ကြောင်း ဖေါ်ပြသွားပါသည်။
သံသယကင်း၍ ယုံကြည်ခြင်းနှင့် ဆုတောင်းသော သာဓကတစ်ခုကို တင် ပြချင် ပါသည်။ ရှင်မာကု ၅:၂၁-၃၄၌၊ တစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်အ နာစွဲသော အမျိုးသမီးတစ်ဦးသည် ဥစ္စာရှိသမျှ ရောင်း၍ ကုသော်လည်း သူမ၏ ရောဂါမပျောက်ကင်းနိင်ချေ။ သို့သော် သူမသည် ခရစ်တော်၏ တန်ခိုး၊ အနာရော ဂါပျောက်ကင်းစေခြင်း အကြောင်းကို ကြားသောသူ ဖြစ်သည်။ ထိုအမျိုးသမီးသည် ခရစ်တော်၏ အဝတ်တော်ကိုတို့ ရလျှင် သူမ၏ ရောဂါပျောက်ကင်းမည်ဟု ခံယူယုံကြည် ထားသည်။ တစ်နေ့ ခရစ် တော်သည် သေဆုံးသွားသော တရား စရပ်မှုး၏ သမီးကို ရှင်ပြန်ထမြောက် စေဘို့ သွားစဉ်တွင် ထိုအမျိုးသမီးသည် လာ၍ သူ၏ ခံယူယုံကြည် ချက်အတိုင်း သံသယမရှိဘဲ ခရစ်တော်၏ အဝတ်တော်ကိုတို့ လိုက်သည်။ ထိုခဏခြင်းတွင် သူမ၏ ရောဂါသည် ပျောက်သွားသည်။ ခရစ်တော်ကလည်း၊ “ငါ့အဝတ်ကို အဘယ် သူတို့ သနည်း၊ ” ဟု မေးသောအခါ တပည့်တော်တို့ က၊ “လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကို မြင်လျက် ပင်ငါ့ကို အဘယ် သူတို့ သနည်းဟု မေးတော်မူပါသည် တကား” ဟု လျှောက် ကြသည်။ လူမြောက် များစွာက ခရစ်တော်၏ အဝတ်ကို ထိသော်လည်း ခရစ်တော်၏ တန်ခိုးထွက်အောင် ထိနိင်သူမှာသံသယကင်းစွာနှင့် ယုံကြည်သော ထိုအမျိုးသမီးတစ်ဦးသာ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ယုံကြည်သူ မြောက် များစွာ ဆုတောင်း နေကြသော်လည်း ဘုရားသခင်က နားညောင်းခြင်း မရှိ၊ အဖြေလည်း မရရှိကြ။ မိတ်ဆွေလည်း သံသယကင်းစွာ ယုံကြည်ခြင်းနှင့် ဆုတောင်းလျှင် ထိရောက်မှု လုံးဝ ရှိ၍ ဘုရားသခင်၏ တန်ခိုးထွက်စေမည် ဖြစ်ပါသည်။
အဓိကအချက်ကို စဉ်းစားပြီးမှတောင်းပါ
တခါတရံ မိသားစုမသာယာသောကြောင့် မိသားစုအဆင်ပြေရန် ဆုတောင်း တတ်သည်။ အဘယ်ကြောင့်အဆင် မပြေသနည်းဟူသောအရာကို မစဉ်စားဘဲ အဆင်ပြေဘို့သာ ဆုတောင်း နေလျှင် အကျိုးမရှိပါ။
ဥပမာ ကယ်တင်ခြင်းသို့ မရောက်သော မိမိခင်ပွန်းသည် အရက်သောက် လွန်းသောကြောင့် မိသားစု၌ ပြိုကွဲစေသည်ဟု ထင်ကာ ခင်ပွန်းသည် အရက် မသောက်ဘို့ရန်သာ ဆုတောင်း တတ်သည်။ ထိုသို့ ဆုတောင်းခြင်းသည် ထိ ရောက်မှု မရှိ။ယောက်ျားသည် အရင် ကယ်တင်ခြင်းသို့ ရောက်ရန် ဆုတောင်းပါက ထိရောက်မှု ရှိပါမည်။ ဘုရား သားသမီး မှန်သောသူသည် သန့်ရှင်းသောဝိညာဉ်တော် ကအပြစ်ကို ဘော်ပြ၍ အရက်ကိုလည်း မုန်းတီးစေခြင်းဖြင့် သူသည် အရက် လုံးဝ သောက်တော့မည် မဟုတ်ပေ။ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်သွားမည်။ ကလေးများ အရမ်း ဆိုးသောကြောင့် လိမ္မာရန် ဆုတောင်း တတ်ကြသည်။ ထိုသို့ ဆိုးသွမ်းခြင်းသည် သူတို့ ကယ်တင်ခြင်းသို့ မရောက်သောကြောင့် လော၊ သို့မဟုတ် မဆုံးမသောကြောင့် လော၊ ဆုံးမနည်းမမှန်သောကြောင့် လော၊ မိဘများကိုယ်တိုင် စံနမူနာမကောင်းသောကြောင့် လော၊ စသည်ဖြင့် စဉ်းစားကာထာဝရဘုရား ထံဥာဏ်ပညာတောင်း၍ ဆုတောင်းပါက ထိရောက်မှု ရှိမည် ဖြစ်သည်။
ဇွဲလုံးလနှင့် ဆုတောင်းရမည်
သမ္မာကျမ်းစာထဲတွင် ပျင်းရိခြင်းကို ထာဝရဘုရား မုန်းတီးကြောင်း တေ့ွ ရှိရသည်။ ထို့ကြောင့် ပျင်းရိသောသူ၏ ဆုတောင်းခြင်းကို ဘုရားသခင်က နားညောင်းမည် မဟုတ်ချေ။ တခါတရံ ဘုရားသခင်က ကျွန်ပ်တို့၏ ဆုတောင်းခြင်းကို ချက်ခြင်း အဖြေမပေးဘဲ နှောင့်နှေးကြန့်ကြာ စေတတ်သည်။ အကြောင်းမှာ ကျွန်ပ်တို့သည် မပျင်းရိဘဲ ဇွဲရှိရှိ ဆုတောင်း စေချင် သောကြောင့် ဖြစ်သည်။ ဒံယေလ၏ ဆုတောင်းခြင်းကိုသာ ဓကအဖြစ် ကြည့်နိင်သည်။ ဒံယေလသည် ၂၁ ရက်တိတိ ဆုတောင်း မှသာ ဘုရားသခင်က သူ၏ ဆုတောင်း သံကို နားညောင်းအဖြေပေးကြောင်း တွေ့ရသည် (ဒံ ၁၀:၁-၁၂)။ ဒံယေလ ဆုတောင်းသောအခါ ချက်ခြင်း အဖြေရရှိသည့်အချိန် များလည်း တွေ့ရသည်။ သို့သော် အဘယ်ကြောင့် ယခု တစ်ခေါက်သူ ဆုတောင်းသောအခါ ဘုရားသခင်က ချက်ခြင်း အဖြေမပေးသနည်း။ စဉ်းစားစရာ ဖြစ်သည်။
ဒံယေလ ၁၀:၁၂ တွင်၊ “ထိုအခါ သူကလည်း၊ အချင်းဒံယေလမကြောက် နှင့်၊ သင်သည် နားလည်ခြင်း ငါှ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်း ငါှ၎င်း၊ စိတ်ပြ ဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကို ကြားတော်မူပြီ။ ထိုစ ကားကြောင့်လည်း ငါရောက်လာပြီ။ ပေရသိနိင်ငံကို အစိုးရသော မင်းမူကား အရက်နှစ်ဆယ်တရက်ပတ်လုံးငါ့ကို ဆီးတား၏။ နောက်တခါအမြတ်ဆုံးသော မင်း စုထဲကမိက္ခေလသည် ငါ့ကို အကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်း ကြီးတို့ ထံမှာဆိုင်းလင့်၍ နေရ၏ ---အမှု အရာတို့ကို သင်သည် နားလည်စေခြင်း ငါှငါရောက်လာပြီ။” ဟု ရေးသား ဖေါ်ပြထားသည်။ ထို့ကြောင့် ဒံယေလ ဆုတောင်းသော နေ့ပဌမ နေ့၌ ဘုရားသခင်သည် သူ၏ ဆုတောင်း သံကို ကြား၍ ကောင်းကင်တမန်ကို စေလွှတ်သော်လည်း ထိုကောင်းကင်တမန်ကို တားဆီး နှောင့်ယှက်သော စာတန်၏ ဟန့်တားခြင်းကြောင့် သူ့ထံသို့ မရောက်နိင်ခြင်း ဖြစ်သည်။ ဒံယေလသည်လည်း ဇဲွရှိစွာနှင့် အဖြေမရမချင်း ဆုတောင်းသောအခါ ဘုရားသခင်က ကောင်းကင်တမန် မိက္ခေလကို စေလွှတ်ကာ စာတန်၏ ဆီးတားခြင်းကို ဖြုိဖျက်ပြီး၂၁ ရက်နေ့မှာသာဖြေရရှိသည်။
ထို့ကြောင့် မိတ်ဆွေ သင်နှင့် ကျွန်တော်သည် ဆုတောင်းသောအခါ မမြင်နိင်သော်လည်း စာတန်နှင့် ကောင်းကင်တမန် များစစ်တိုက် နေကြသည်။ ဆုတောင်း လေလေ၊ ကောင်းကင်တမန် မင်းများ ကစစ်ကို အဆက်မပြတ် တိုက် လေလေ ဖြစ်သည်။ စိတ်ပျက်ပြီး၊ ပျင်းရိလျှင် ကောင်းကင်တမန် များကကျွန်ပ်တို့အတွက် စစ်တိုက်ပေးမှာ မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းသောအခါ လုံ့ လဝိရိယနှင့် တောင်းမှသာလျှင်ထိရောက်မှု ရှိနိင်သည်။
အလိုတော်နှင့် အညီ ဆုတောင်းရမည်
ခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံသောအခါ ဘုရားသား ဖြစ်ခွင့်ရရှိသည်။ ထိုအခါ ယုံကြည်သူသည် လူနှစ်မျိုး ဖြစ်လာသည်။ ဇာတိပကတိနှင့် ဝိညာဉ်ပကတိတို့ ဖြစ်သည်။ ဇာတိပကတိသည် အမြဲတမ်း ဘုရားသခင်နှင့် ဆန့်ကျင်ဘက်အရာကိုသာ လုပ်တတ်သည်။ အများသော ယုံ ကြည် သူများ၏ ခရစ်ယာန် အသက်တာသည် ဇာတိဆန် ကြသည်။ ထို့ကြောင့် ဆုတောင်းသောအခါ ဘုရားသခင်၏ အလိုတော်ကို မရှာဘဲ ဇာတိ၏ အလိုကိုသာ ရှာသဖြင့် ဘုရားသခင် အလိုတော် ရှိမှန်းမရှိမှန်း မသိမိမိ လိုချင်သောအရာကို ဇွတ် အတင်း တောင်းတတ်ကြသည်။ တခါတရံကျွန်ပ်တို့ တောင်းသောအရာသည် ဝိညာဉ် အတွက် ဆိုးကျိုး ဖြစ်စေသော အရာများလည်း ဖြစ်နိင်သည်။
ထို့ကြောင့် ဆုတောင်းသောအခါ ဘုရားသခင်၏ အလိုတော်အတိုင်း တောင်းကြပါစို့။ ကယ်တင်ရှင်သခင် ယေရှုက၊ “အကျွန်ပ်အဘ၊ ဤခွက်သည် အကျွန်ပ်ကို လွန်သွားနိင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုတော် ရှိသည်အတိုင်း ဖြစ်ပါစေသော်” ဟု ဆုတောင်း ခဲ့သည်။ ထို့ကြောင့် ကျွန်ပ်တို့လည်း ဆု တောင်းသောအခါ ဘုရားသခင်၏ အလိုတော်အတိုင်း ဆုတောင်း မှသာ ထိ ရောက်မှု ရှိမည် ဖြစ်သည်။
ကျမ်းစာ ပဟိဠိ
ဦးကိုလ့်လျန်- GBC Battle Creek, MI
၁။ ကျမ်းစာထဲ၌ ပညတ်တော် ပေါင်းဘယ်လောက်ရှိသလဲ။ -------
၂။ ကျမ်းစာ၌ ပရောဖက် အကြီး major prophet ဘယ်နှစ်ယောက်ရှိသလဲ။ ------
၃။ ပရောဖက် အငယ် minor prophet ဘယ်နှစ်ယောက်ရှိသလဲ။ -------
၄။ ဓမ္မသစ်ကျမ်းစာ၌ ဩဝါဒစာစောင်ဘယ်နှစ်ခုရှိသလဲ။ ----------
၅။ ကျမ်းစာထဲမှ အသက် အကြီး ဆုံးလူသည် မည်သူနည်း။
အသက် ဘယ်လောက်ရှင်ပါသလဲ။ --------
၆။ ဣသရေလ လူမျိုးများ၏ ပဌမဦးဆုံးသော ရှင်ဘုရင်သည် မည်သူနည်း။ --------
ရ။ ဧဒင်ဥယျာဉ်အထဲမှဘုရား တားမြစ်သော သစ်သီးအမည် ဖေါ်ပြပါ။ ----------
၈။ ဧနောက်သည် ဘုရားသခင်နှင့် ဘယ်နှစ်နှစ်သွားလာခဲ့သနည်း။ ----------
၉။ နောဧ၌သား ဘယ်နှစ်ယောက်ရှိသနည်း။ နာမည်များ ဖေါ်ပြပါ။ ---------
၁၀။ နောဧကရေလွှမ်းမိုးမည့် အကြောင်း ဘယ်နှစ်နှစ်ပြောခဲ့သနည်း။ ----------
အဖြေများကို စာတိုက်ဖြင့် ဖြစ်စေ၊ အီးမဲလ်း (mosescung@yahoo.com) ဖြင့် ဖြစ်စေပို့နိင်ပါသည်။ ဖြေဆိုသောသူ တိုင်းကို ဆုပေးပါမည်။
“ကပ်စေးနည်းသောသူများသည် တသက်လုံးရက်ရောသောသူဟု ခေါ်လိမ့်မည် မဟုတ်။” “ယုံကြည်သူ၊ သမ္မာတရား သိ၍ သမ္မာတရား အတိုင်း အသက်ရှင်သောသူများသည် ပုပ်ပျက်သော အသား၊ နံစော်နေသော အသား ကဲ့သို့ မဟုတ်၊ အသား ချောက် ကဲ့သို့ဖြစ်၍ အစဉ်အမြဲအရသာရှိ၏။”
သင်၏ အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်
(၁ တိ ၄:၁၂)
Pastor Zau Ja Lahtaw (Syracuse, NY)
လူငယ်တို့၏ အသက်တာသည် စူးစမ်းချင် သော၊ စမ်းသပ်ချင် သော၊ စိန် ခေါ်ချင် သော၊ စွန့်စားချင် သော၊ စွဲလမ်းတတ်သော၊ စွန့်လွှတ်တတ်သော၊ အစ ရှိသော သဘော ထားများနှင့် ပြည့်ဝရှင်သန်နေချိန် ဖြစ်ပြီး၊ ထိုသို့သော လူငယ်များအား အမှားအမှန်ခွဲခြားတတ်ရန် လမ်းပြသွန်သင်ပေးသင့်သောအချိန် ဖြစ်ပါသည်။ ယခုကာလတွင် လမ်းပြမည့်သူ မရှိခြင်း၊ အားပေးမှု၊ လမ်းပြမှု မှားယွင်း သဖြင့် စမ်းတဝါးဝါးသွားလာ နေကြပြီး မိမိဘာလုပ်နေမှန်း မသိ၊ ရည်ရွယ်ချက် မရှိဘဲအချိန် ဖြုန်း၊ ငွေဖြုန်း နေကြသော လူငယ် များစွာ ရှိကြပါသည်။
သုတ္တံ ၂၂:၆တွင် “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်း၌ မလွှဲ၊ လိုက်သွားလိမ့်မည်” ဟုဆိုသည့် အတိုင်း လူငယ်များအား ကောင်းသောလမ်း၊ ကောင်းသော အရာများအား စွဲလမ်းပြီး လိုက်လျောက်တတ်ရန်၊ မြေတောင်မြောက်ပေးရန်မိဘများ၊ ခေါင်း ဆောင်များ၊ ဆရာများ၏ အရေးကြီးသော တာဝန် တရပ် ဖြစ်ပေသည်။ ဒံယေလနှင့် သူငယ်ချင်းသုံးယောက်သည် ဖမ်းဆီးလာသော အခြားသော ယုဒလူငယ်များထက် တမူထူးခြားနေခဲ့ပါသည်။ ယုံကြည် ခံယူချက် ပြင်းထန်ခါအပြု အမူ အနေ အထိ ုင်၊ အစားအသောက်မှစ၍ ထူးခြားနေခဲ့ကြသော လူငယ်လေးယောက် ဖြစ်ပါသည်။ သတ်လျှင် သေရမည့် ဘဝမျိုးမှာပင်မက၊ အများစုနှင့် လူနည်းစုလေး ဖြစ်နေချိန်မှာပင်လျှင် ရဲရဲဝံဝံမိမိတို့၏ ယုံကြည်ခြင်းကို ပြနိုင်ခြင်းသည် (သုတ္တံ ၂၂:၆) မှမိဘမျိုး၊ ခေါင်းဆောင် မျိုး၊ ဆရာသမားမျိုး၏ သွန်သင်ဆုံးမခြင်းရှိခဲ့၍ ပင် ဖြစ်ပါသည်။
ယခုကာလတွင် ရေစုန်မြော၊ လွယ်ရာကို လိုက်တတ် သူများ ပြီး၊ ရေဆန်ကို အံတုလိုသော၊ အမှန်တရား၌ ရပ်တည်လိုသောသူပို၍ နည်းပါးနေ ချိန် ဖြစ်ပါသည်။ “သူများ လဲလုပ်နေတာဘဲ၊ ” “သူများ လဲသောက်နေတာဘဲ၊ ” “သူများ လဲညာနေတာဘဲ” ဟူသော အကြောင်း ပြချက်များသည် ရည်မှန်းချက် မရှိ သူတို့၏ လုပ်ရပ်များ ဖြစ်ပြီး၊ မိမိတို့၌ ကိုယ်ပိုင်ပန်းတိုင် မရှိသူများ ဖြစ်ပါသည်။ ရည်မှန်း ချက်ပန်းတိုင်ကို ပင်မကြားဖူး၍၊ မသိ၍၊ ချောလား၊ လှလား၊ ဘယ်မှာ နေလဲဟု မေးနေ သူများ ဖြစ်ပါသည်။ ထိုသို့သောသူများ ထဲတွင် ခရစ်ယာန် လူငယ် များစွာ လဲပါဝင်နေသဖြင့် စိတ်မကောင်းစရာ ဖြစ်ပါသည်။ သမ္မာတရားကို သိသောသူများ ပင်လျှင် အစွမ်းသတ္တိရှိသမျှနှင့် ခရစ်တော် စေခိုင်းသော ပန်းတိုင်သို့ ရှင်ပေါလုကဲ့သို့ ပြေးနေသူသိပ်မရှိပေ။ ၁ ကော ၉:၂၆-၂ရတွင် ရှင်ပေါလုက “ထိုကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ပြေးသည် မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍ သတ်သည် မဟုတ်။ သူတပါးကို ဆုံး မပြီးမှကိုယ်တိုင် ရှုံးသောသူမဖြစ်ရမည့် အကြောင်း၊ ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ ရှိ၏။” ဟု သူ၏ ပန်းတိုင်နှင့် ခံယူချက်ကို ဖေါ်ပြထားပါသည်။
ယုံကြည်သူ တိုင်းလည်း လေလုံးထွားနေ သူများ မဟုတ်၊ ပါးစပ်စက် သေနတ်ပစ်နေ သူများ မဟုတ်၊ ပြေးနေသူ အချင်းချင်းအား ချော်လဲရန်ခြေထိုး သူများ မဟုတ်ဘဲ၊ မိမိကိုယ်တိုင် သမ္မာတရားဖြင့် အသက်ရှင်၍ လက်တွေ့ပြ သူများ၊ ပန်းတိုင်သို့အား သွန်ခွန်စိုက်ပြေးနေ သူများ ဖြစ်ရပါမည်။ မိတ်ဆွေကို မေးခွန်း တခုမေးပါရစေ-သင်၏ ပန်းတိုင်သို့ ပြေးနေပါသလား၊ ခရစ်တော်၏ ပန်းတိုင်သို့ ပြေးနေပါသလား။အား သွန်ခွန်စိုက်မိမိ၏ ပန်းတိုင်သို့ ပြေးနေလျှင် ၁ ကော ၉:၂၅ မှညိှုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ဆောင်းရမည် ဖြစ်ပါသည်။ ခရစ်တော်၏ ပန်းတိုင်မညှိုးနွမ်းတတ်သော ပန်းဦးရစ်သရဖူရဘို့ ပြေးကြစို့။
SMBC မှလူငယ်များ အကြောင်းကို အနည်းငယ် သက်သေခံပါရစေ။ မိမိတို့၏ ဆုံးဖြတ်ချက်၊ ရည်မှန်းချက်ဖြင့်၊ တိုက်တွန်းစရာ မလိုဘဲ အပါတ်တိုင်း တနင်္နွေညနေဝတ်ပြု အစည်းအဝေးပြီးလျှင် အဖွဲ့ (၂) ဖွဲ့ခွဲကာအိမ်များသို့ သွား၍ ကယ်တင်ခြင်း သတင်းကောင်း ဧဝံဂေလိ တရားဟောပြော နေကြပါသည်။ ကယ်တင်ခြင်း အကြောင်းနှင့် ချီဆောင်ခြင်း အကြောင်းများကို ကောင်း မွန်စွာ သဘောပေါက် နားလည်စေလို သဖြင့် တအိမ်ကို (၁) လ၊ (၄) ပတ်အချိန်ယူ သတ်မှတ်၍ သွားလာဟောပြောနေသည် မှာအချိန်တော် တော် ကြာခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့အား သင်ကြားပေးသည့်အတိုင်း၊ လေ့လာမှတ်သား ထား ချက်များကို လက်တွေ့ကွင်းဆင်းဟောပြောကာပျက်ကွက်ခြင်း မရှိဘဲ အပါတ်စဉ် သွား၍ ခရစ်တော် ချထားသော ပန်းတိုင်သို့ လျှောက်လှမ်း နေကြပါသည်။ စိုက်သော မျိုးစေ့အပင်ပေါက်လျင်ပျော် သကဲ့သို့၊ ပေါက်သော အပင်ကြီး ထွားလာ ကာအသီးသီးလျှင် ပို၍ ကျေနပ် အားရစရာ ကောင်းပါသည်။
ဆရာမောဇက်၏အချိန် ကြာခရီးစဉ်၊ အိပ်ရေးပျက်၊ ပင်ပန်းခြင်းတို့၏ အကျိုးအမြတ်သည် နေရာ များစွာတွင် အပင်ပေါက်ချိန်၊ ကြီးထွားချိန်၊ အသီးသီး ချိန်များ သူ့နေရာနှင့် သူဘုရား ပြင်ဆင် ပေးနေမည် ဖြစ်ပါသည်။ သူကဲ့သို့ ပြန်လည် လုပ်ဆောင် နေကြ သူများလည်း ဝမ်းမြောက်ခြင်း ကောက်လှိုင်းရိပ်သိမ်းရမည် ဖြစ်ပါသည်။
SMBC လူငယ် များ၏ အကြောင်း အရာကို ဖေါ်ပြခြင်းသည် ဝါကြွားရန် မဟုတ်ပါ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်၊ အသုံးပြုခြင်းကို သက်သေခံ နေခြင်းသာ ဖြစ်ပါသည်။ အခြား အသင်းတော် များလည်း လုပ်ဆောင် နေကြမည် ဖြစ်ပါသည်။ ပိုမို၍ ခွန် အားရစေရန်နှင့် အသင်းတော်တိုင်း မှလူငယ်၊ လူကြီးများလည်း အင်တိုက်အား တိုက်ပါဝင်လုပ်ဆောင်စေလို၍ ဖြစ်ပါသည်။ လူငယ် များ၏ သက်သေခံချက်အရ၊ မိမိတို့အား ပြန်၍ မေးကြသောသူများတွင် လွယ် ကူစွာ ဖြေနိုင်သောအချိန် ရှိသလို၊ အခက်အခဲရှိသော အချိန်များ၊ စိတ်တိုချင်၊ သည်းမခံချင်သောအချိန် များလည်းရှိခဲ့ပါသည်။ ယုံကြည် လက်ခံကြသောသူများရှိ၍ ဝမ်းမြောက် ရွင်မြူးခြင်းအချိန် များလည်းရှိခဲ့ပါသည်။ အားနည်း ချက်များကို ပြင်ကာ၊ မသိသော မေးခွန်းများအား ပြန်လည်မေးမြန်းသင်ကြား ကာအတွေ့အကြုံကို အခွင့်ကောင်းယူပြီး ပိုမို၍ စိတ် အားထက် သန်လာကြပါသည်။ ဤအမှု ဆောင်လူငယ်များရည်မှန်းချက်မပျက်ဆက်လက်၍ လုပ်ဆောင် နိုင်ရန် ဆုတောင်းခြင်းဖြင့် ပါဝင်သတိရပေးရန်မေတ္တာရပ်ခံလိုပါသည်။
SMBC လူငယ်များသည် လူငယ်ကဏ္ဍတွင်သာမက အသင်းတော်၏ လုပ်ဆောင်ချက် များစွာ တွင်လည်းအား သွန်ခွန်စိုက်ပါဝင်နေ သူများ ဖြစ်ကြပါသည်။ “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပိ` ၄:၁၃)။ ဆက်လက်၍ အမှုတော် မြတ် မှာအား မလျှော့ဘဲ ရှေ့သို့ သာချီတက်၍ ရှေ့ဆက်လျှောက်လှမ်းကြပါစို့။
သက်သေခံချက်များ
ဘုရားကို ဦးစားပေးသော ယုံကြည် သူတစ်ဦး သက်သေခံချက်
သက်သေခံချက်ရေးသားသူ Saya Gideon Biak Lian Thuam
မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဒါရမ်မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော် ရှိ ယုံကြည်သူ ဒေါ်သိန်းသိန်း၏ သက်သေခံချက်ကို တင်ပြချင် ပါသည်။ သူသည် သူမ၏ အမျိုးသား ဦးတူးတူးနှင့်Kroger Company ၌ အလုပ် လုပ်သူ ဖြစ်ပါသည်။ တစ်နေ့မှာ သူတို့သည် ကား ဟောင်းတစ်စင်းဝယ်ယူ၍ စက်ပျက်သွားသဖြင့် အသိမိတ်ဆွေ တစ်ဦးထံမှာလက်ခမပါဘဲ ပြင်ဘို့ရန် အပ်နှံကြပါသည်။ သို့သော် ထင်သလို မဟုတ်ဘဲ နှစ်လခန့်သောင်တင်သွားပါသည်။
ကား ထဲမှာရှိသော ကွန်ပြူတာစံနစ်ပျက်သွားသောကြောင့် အသစ် လဲဖို့ရန် သို့မဟုတ် အဟောင်းထည့်ဘို့ရန် အကြံပေး ကြသည်။ အသစ်စျေးမှာ ဒေါလာ ၁၀၀၀ ကျော် ဖြစ်ပြီး၊ အဟောင်းမှာဒေါ်လာ ၇၀ဝ မှ ၈၀၀ အတွင်း ဖြစ်သည်။ သို့သော် သူတို့ ကိုယ်တိုင် သူငယ်ချင်းများ၏ အကူအညီဖြင့် ဒေါ်လာ ၁၀၀နှင့် ဝယ်၍ စက်ပြင်သူကို ထိုအရာနှင့် ပြင်ပေးဘို့ ပေးလိုက် ကြသည်။ ထိုအချိန်၌ ဆရာမောဇက်ထောင်ကျုံးရောက်လာ၍ လေးညနှင့် သုံးရက် ကျမ်းစာ သင်တန်းပေးနေချိန် ဖြစ်သည်။ အမျိုးသား ဖြစ်သူဦးတူးတူးကို ကျမ်းစာသင်တန်းတက်ဘို့ရန် လာခေါ်မည်ဟု ကျွန်တော် အတန်တန်ပြောထားသော်လည်း ၁၅ မိနစ်နောက်ကျခြင်းကို အကြောင်း ပြု၍ ကျမ်းစာ သင်တန်းမတက်ဘဲ ကား ပြင်ဘို့ရန် သွားလိုက်သည်။ ကျွန်တော်လည်း ဒေါသထွက်မိ၍ “ဘုရားကို ဦးစားမပေးလျှင် ဘာမျှအဆင်ပြေမှာ မဟုတ်ဘူး” ဟု ပြောလိုက်မိသည်။
နောက်တနေ့မှာဇနီးဒေါ်သိန်းသိန်းနှင့် အမျိုးသား ဦးတူးတူး၊ သမီး ကြယ်ဇင်နှင့် ကျမ်းစာ သင်တန်းကို တက်ရောက် ကြသည်။ ထိုသို့ ကျမ်းစာ သင် နေချိန်တွင် ဖုန်းလာကာ သူတို့ဝယ်ထားသော ကွန်ပြူတာသည် မကောင်းသောကြောင့် အသစ်လှဲဖို့အကြံပေးပြန်သည်။ ဆရာမောဇက်က ဘုရားသခင်၏ နှုတ်ထွက်စကားကို ဦးစားပေးကြပါ။ ခွင့်ယူနိင်လျှင် ယူကြပါ။ နေမကောင်းဘူးဟု အလုပ်ရှင်ကို ပြောကြပါဟု အကြံပေးသည်။
ဦးတူးတူးလည်း ကား အကြောင်းကို မစဉ်းစားတော့ဘဲ အကျောနာသည် ဟုဆိုကာ အလုပ်ကို ခွင့်ယူလိုက်သည်။ အမျိုးသမီး ဖြစ်သူဒေါ်သိန်းသိန်းလည်း ထို့နည်းတူ ဦးလေးနေမကောင်းသောကြောင့် အလုပ်မဆင်းနိင်ဘူး ဟုဆို ကာခွင့်ယူ၍ ကျမ်းစာ သင်တန်းကို ဦးစားပေး၍ တက် ကြသည်။ ထိုသို့ သင်တန်း တက်သောအခါ သူတို့ ထင် သကဲ့သို့ မဟုတ် ဝိညာဉ်ပိုင်း၌ ခွန် အားရကာအိမ်ငိုက်ခြင်းလည်း မရှိ၊ ဆီးချို ဝေဒနာ ကိုလည်း မခံစား၊ ဝမ်းမြောက်စွာနှင့် သင်တန်းကို အဆုံးထိတက်ရောက်နိင် ကြသည်။ မယုံကြည်သူများလည်း ဇာတိလူများ မခံစား နိင်သော ဝိညာဉ်ပိုင်းဆိုင်ရာ ဝမ်းမြောက်မှု ခံစား၍ ပီတိ ဖြစ်နေကြကြောင်း သူတို့ ကိုယ်တိုင် ထပ်ခါထပ်ခါကျွန်တော့ထံ သက်သေခံ ကြသည်။
နောက်တနေ့မှာဒေါ်သိန်းသိန်းက ကျွန်တော့ကို ဖုန်းဆက်လိုက်သည်၊ “ဆရာ၊ သူတို့ ကားကို ပြင်လိုက်ပြီ၊ ကွန်ပြူတာမကောင်းတာ မဟုတ်ဘူး၊ ကွန် ပြူတာနဲ့ဆက်တဲ့ဝိုင်ယာကြိုးမကောင်းတာ ဖြစ်တယ်။ ဒေါ်လာ ၃၇ဝ သာကျ သွားတယ်” ဟု ဝမ်းမြောက်စွာနှင့် သင်တန်းကို ဦးစားပေးခြင်း၏ အကျိုးကို သက်သေခံပါသည်။ ကျွန်တော်လည်း စဉ်းစားမိသည်။ အကယ်၍သာ သူတို့သည် ဘုရားကို ဦးစားမပေးလျှင် ဒေါ်လာ ၁၀၀၀ ကျော်ကုန်၍ လိမ်ညာခြင်း ခံရမည် ဖြစ်သည်။ သို့သော် ဘုရားကို ဦးစားပေးသောကြောင့် ဘုရားသခင်က စက်ပြင် သူ၏ စိတ်နှလုံးထဲ၌ အလုပ်လုပ်ကာရိုးသားစွာနှင့် ပြန်ပြင်ပေးခြင်း ဖြစ်သည်။ ဤစာကို ဖတ်သော ချစ်သော ညီအစ်ကို မောင်နှမ အားလုံးလည်း ဘုရားသခင်ကို ဦးစားပေးလျှင် ဘုရားသခင်၏ ဦးစားပေးခြင်းကို ခံရမည် ဖြစ်သည်။
ဖြစ်ရပ်မှန် သက်သေခံချက်
ရေးသားသူ မသီတာ/ Syracuse, NY
ထာဝရဘုရား၏ မေတ္တာဂရုဏာသက်သက်ကြောင့် ကျွန်မနှင့် ခင်ပွန်း ဖြစ်သူ Mr. Brock တို့သည် အင်မတန်စိတ်ဆင်းရဲ ဖွယ်ရာအဖြစ်ကို ၂ နှစ်ဆက် တိုက်ကြုံရသော်လည်း ပျော်ရွှင်ခြင်း၊ တည်ငြိမ်ခြင်း၊ ခံနိင်ရည်ရှိခြင်းများအတွက် ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းနိင်ခဲ့ပါတယ်။
၂၀၀၉ စက်တဘ်ာလတွင် ကျွန်မအင်မတန်မှလိုချင်သော ရင်သွေးရရှိကြောင်း သိ၍ အင်မတန်ပျော်ခဲ့ပါတယ်။ နိုဝင်ဘာလတွင် ဆရာဝန်ကဆိုနိုဂရမ် ရိုက်ကြည့်တဲ့အခါ ကလေးနှလုံးမခုံကြောင်း၊ အသက် မရှိတော့ကြောင်း သိခဲ့ရ ပါတယ်။ ထိုနေ့တွင် ဆရာဝန်နှင့် ဆေးဆရာမများအား ယောဘအကြောင်းရှင်းပြပြီး၊ ဘုရားသခင်က ပေးတယ်၊ ပြန်ယူသွားတယ်၊ ကျေးဇူးတော် ချီးမွမ်း တယ်လို့ချီးမွမ်းရင်း ဧဝံဂေလိတရားကို ဟောခဲ့ရပါတယ်။ ရက်အနည်းငယ်အတွင်းပင် ဝမ်းနည်းစိတ်များ ပျောက်ပြီး ဘုရားရဲ့အမှုတော်ကို အရင်ကထက် နှစ် ဆပိုမိုပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၀ စက်တဘ်ာလတွင် ဒုတိယအကြိမ် ကိုယ်ဝန်ရှိကြောင်း သိ၍ ဝမ်းသာရပြန်ပါတယ်။ ဆရာဝန်များ ကလဲတခါ ကလေးပျက်ဘူးလို့ တပတ် နှစ်ခါသွေးစစ်ခြင်း အထူးကြပ်မတ်ခြင်းများလုပ်ခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်ဟိုမုန်းများ တအား နဲနေ၍ မျက်စိမျက်နှာမကောင်းကြပါ။ အောက်တိုဘာလ ၁၉ အင်္ဂါနေ့တွင် ဗိုက်အရမ်းအောင့်ပြီး သွေးအနည်းငယ်ဆင်းပါတယ်။ သင်းအုပ်ဆရာ ဂျာဂျာနဲ့ ဆရာကတော် ဒေါ်ဆိုင်းပါတို့ကို ဖုံးဆက်ပြီး ဝိုင်းကူ ဆုတောင်း ပေးရန်တောင်းဆိုခဲ့ပါတယ်။ အင်္ဂါနဲ့ဗုဒဝဟူးနှစ်ရက်လုံးကျွန်မ ခလေး ဆန်စွာ ဘုရားသခင်ကို အထူးစိတ်ကောက်ခဲ့ပါတယ်။ ကျွန်မ ပြောဆို ချက်မှာဘုရား မတတ်နိင်တာမရှိပါ။ မပေးနိင်တာမရှိပါ။ ဘာဖြစ်လို့ဒီဒုတိယကိုယ်ဝန်ကို ရှင် ခွင့်မပေးချင် တာလဲ၊ ကျွန်မကို ဘုရားသခင် မချစ်လို့လားလို့မျက်ရည်ကျရင်းမေး ခဲ့ပါတယ်။ ဘုရား ကျွန်မကို မချစ်ဘူးလားလို့ထပ်တလဲလဲမေးခဲ့ပါတယ်။
ဒါပေမဲ့ကြာသပတေးနေ့မနက် အောက်တိုဘာလ ၂၁ ရက်နေ့အိပ်ရာနိုးတဲ့အခါ ကျွန်မစိတ်မှာပေါ့ပါးပြီး ဒူးထောက် ဆုတောင်း ခဲ့ပါတယ်။ “ကိုယ်တော် ကျွန်မတို့ ရဲ့နေ့ရက်များကို ကိုယ်တော့စာအုပ်ထဲမှာ ကြိုတင် ရေးမှတ်ထား တာယုံပါတယ်။ ဒီကလေးမွေးလာရင်ဘာ ဖြစ်မယ် မသိပါ။ ဘုရားကတော့ အဆုံးထိမြင်တယ်။ မကောင်းရင်၊ အန္တရာယ် ရှိရင်ဖယ်ပေးပါ။ ကိုယ်တော့် အလိုတော်အတိုင်း ပါဘဲ၊ ကျေနပ် ပါတယ်။ ကိုယ်တော့် အပေါ်ကျွန်မကို မချစ်ဘူး လို့အထင်လွှဲစိတ်ကောက်မိတဲ့အတွက် ဝန်ချတောင်းပန်ပါတယ်၊ ” လို့ ဆုတောင်း လိုက်ပါတယ်။ ကျွန်မကိုယ်ဝန်မရခင်က ဘုရားသခင် ထံတောင်းတဲ့ အချက် Lish ကို ပြန်သတိရပါတယ်။ အဲဒီ list မှာကျန်းမာသော ကလေး၊ ကိုယ်လက် အင်္ဂါစုံသော ကလေး၊ ဘုရားကို ကြောက်ရွံ့ရိုသေမဲ့ကလေး၊ ဆရာမောဇက်၊ ဆရာဂျာဂျာတို့ လို တရားဟောကောင်းမဲ့ကလေး၊ မိဘထက် ပိုပြီး ဘုရား အမှုတော်ဆောင်မဲ့ကလေ စသဖြင့် ဆုတောင်း ခဲ့ပါတယ်။ ဘုရားသခင် ဟာအဲဒီအ ချက်များကို မေ့မှာ မဟုတ်ပါ။
ဒါကြောင့် ဆုတောင်းပြီး တဲ့အခါ ကျွန်မသွေးများရေပိုက်ဖွင့် သကဲ့သို့ တအား ကျလာပါတယ်။ ကျွန်မဆရာဝန်နဲ့ချိန်းထားတာက ထိုနေ့နေ့လည်မည် ဖြစ်ပြီး ဘာလုပ်ရမှန်း မသိပါ။ ကျွန်မရုံးနဲ့ ဆေးခန်းနီးလို့ရုံးသို့ သွားခဲ့ပါတယ်။ မနက်ပိုင်းခဏသာနေနိင်ပြီး အင်မတန်ဗိုက်အောင့်လာပါတယ်။ ရုံးမှအရာရှိကို ခွင့်တောင်းပြီး နေ့လည်ဆေးခန့်သို့ ပြေးရပါတယ်။ ဆရာဝန်များ ကစစ်ဆေးတဲ့အ ခါကလေးအခုဘဲ ပျက်ကျတယ်လို့အတည်ပြုလိုက်ပါတယ်။ သေချာအောင် ဆိုနိုဂရမ် နှစ်နာရီ အတွင်းရိုက်မည့် အတွက် ထိုင်စောင့်ခိုင်းပါတယ်။ ကျွန်မ လဲ ၂ ရက် ၃ ရက်လုံးစိတ်မကောင်း ဖြစ်လို့ထမင်းတောင်ကောင်းကောင်း မစားနိင် ဖြစ်တယ်။ အခုထမင်းစားချင် စိတ်ပေါက်လို့ဆရာဝန်မများကို ထမင်းဘူး မိုင်ခရိုဝိထဲမှာနွှေး ခိုင်းပြီး သူတို့ ရှေ့မှာ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းရင်း အားရပါးရစားခဲ့ပါတယ်။
ဆရာဝန်မနဲ့သူနာပြုဆရာမများ လဲ ပါးစပ်အဟောင်းသား နဲ့ဒုတိယ အကြိမ်နင် အဖြစ် ဆိုးနဲ့တွေ့တာတောင် ပျော်ရွှင်စွာ နဲ့ဘုရားကျေးဇူးတော် ချီး မွမ်းနိင်၊ ထမင်းစားနိင်တာအံ့ဩ ကြောင်း၊ ကျွန်မယုံကြည်မှု ကြီးမားကြောင်း ပြောကြပါတယ်။ ထိုနေ့က ဆရာဝန်မတစ်ယောက်၊ သူနာပြုနှစ်ယောက်၊ ရုံးဧည့်ကြိုအမျိုးသမီးနဲ့ ၄ယောက်တိတိ ကျွန်မဘာကြောင့်ခံနိင်ရည်ရှိကြောင်း၊ ဘုရားသခင် နဲ့သားတော် ယေရှုထံမှ ခွန်အားများရကြောင်း၊ တန်ခိုးတော် နဲ့ မေတ္တာသက်သက်ကြောင့် ဒုက္ခ ရောက်သည် ဖြစ်စေ၊ အဆင်ပြေသည်ဖြစ်စေ ပျော်ရွှင်မှု ရကြောင်း ပြောပြနိင်ခဲ့ပါတယ်။ ကျမ်းစာထဲက ရှင်ပေါလုသည် အခြေ အနေဘယ်လို ဖြစ်ဖြစ် ဘုရားသခင်ထံမှ ဝမ်းမြောက်မှု ရရှိကြောင်းရေးထားတာကို ကျွန်မလက်တွေ့ခံစားရပါတယ်။
CNY Women health မှ လူ၄ယောက် ဧဝံဂေလိ ဟောခွင့်ရတဲ့အတွက် ဘုရားသခင့်နာမတော်ကို ချီးမွမ်းပါတယ်။ ကျွန်မတို့ လင်မယား နှစ်ယောက် ကလေး၂ယောက်ဆုံးရှုံးပေမဲ့ကြံ့ကြံ့ခိုင်၊ ပုံမှန်သွားလာလှုပ်ရှားနိင်ပြီး ဘုရား အမှုကို ပို၍ ပင်ထမ်းဆောင်ချင် စိတ်ပေါ်ခဲ့ပါတယ်။ ယုံကြည်သူ မောင်နှမများလဲမည်သို့ ပင် ခက်ခဲပါစေ ဘုရားသခင် သင့်အပေါ်မျက်နှာမလွဲကြောင်း ယုံပါ။ ခရစ်တော် ဟာ ခမည်းတော် ရဲ့ရက်ရက်စက်စက်မျက်နှာလွှဲခြင်း ခံရတာဟာကျွန်မတို့ အပေါ်ဘုရား အမျက်တော်ကြောင့် မျက်နှာလွှဲခြင်း ခံရမှာကို ခံစား ပေးခြင်း ဖြစ်တဲ့အတွက် ကျေးဇူးတော် ကြီးမား လှပါတယ်။
ထူးခြားချက်မှာကျွန်မ ဆေးခန်းကထွက်လာပြီး ကား ပေါ်၌ မဆိုင်းပါက ဖုံးဆက်၍ အကျိုးအကြောင်း မေးပါတယ်။ သူနဲ့ဆရာဂျာဂျာစိတ်မကောင်းကြောင်း ပြောပြီး ကျွန်မအသံငိုသံလဲမပါ ပျော်ရွှင်တက်ကြွလို့အံ့ဩ ကြောင်း၊ ဘုရားကောင်းမြတ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ဖုံးမချခင် မဆိုင်းပါပြောတဲ့ စကား တခွန်းကို နှစ်ခါဆင့်ပြီး ပြောအပြီးမှာ ဖုံးချပြီးမှ ကျွန်မချုံးပွဲချငိုပါတယ်။ သူပြောတဲ့စကား ဟာ ဘုရားက သူ့ကို အသုံးပြုပြီး ပြောသွားကြောင်း ယုံကြည် လို့ငိုခြင်း ဖြစ်ပါတယ်။ ကျွန်မသုံးရက်ပတ်လုံးဘုရား ကျွန်မကို မချစ်လို့လား လို့မေးခဲ့တာကို မဆိုင်းပါမှတဆင့်၊ “မသီတာကို ငါချစ်ပါတယ်” လို့နှစ်ခါပြော ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ကတည်း ကမဆိုင်းပါတို့ နဲ့ရင်းနှီး လာခဲ့တာဒီတခါဘဲ သူကျွန်မကို ထုတ်ပြောဘူးပါတယ်။ ဒါကြောင့်ကျွန်မကြက်သီးများ ထပြီး “I love you too Lord” ဘုရားသခင်ကို လဲချစ်ပါတယ်လို့ငိုရင်းပြောမိပါတယ်။
နောက်ရက်များတွင် မဆိုင်းပါကို မေးကြည့်တဲ့အခါ အဲသည် နေ့က သူဟာအရမ်းပင် “I love you, Ma Thida” လို့ပြောချင် နေကြောင်း၊ တခါမှ ဒီလိုမ ဖြစ်ဘူးကြောင်း ပြောပြပါတယ်။ ခွန် အားရတဲ့ကျမ်းပိုဒ်အားဖြင့် သက်သေခံခြင်းကို နိဂုံးချုပ်ပါမယ်။ “ခရစ်တော်၏ ဧဝံဂေလိနှင့် အထိုက်အလျောက် ဝတ်ကြီး ဝတ်ငယ်များကို ပြု၍ သာနေလော့။ ထိုသို့ ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့မတုန်လှုပ်သော အကြောင်း အရာသည် သူတို့၌ ပျက်စီးခြင်း၏ နိမိတ်လက္ခဏာ ဖြစ်၏။ ဘုရားသခင် စီရင်တော်မူသောအားဖြင့် သင်တို့၌ ကား ကယ်တင်ခြင်း၏ နိမိတ်လက္ခဏာ ဖြစ်၏။ ခရစ်တော်ကို ယုံကြည်ခြင်း အခွင့်မှတပါး ခရစ်တော် အတွက်ကြောင့် ဆင်းရဲ ခံရခြင်း အခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။” (ဖိလိ ၁:၂ရ- ၂၈)။
တယောက် ချင်းဆီကို ဘုရားသခင်က ောင်းကြီး ပေးပါစေ။
သက်သေခံချက်များနှင့် ကျွန်တော်
စာရေးသူ-ဆလိုင်းအောင်အောင် /ကလောင်အမည်-စိုင်း (မောရှမ်းမြေ)
“လူအပေါင်းတိုသည် ကယ်တင်ခြင်း သိုရောက်၍ သမ္မာတရားကို သိစေခြင်းငှါ ဘုရားသခင် အလိုတော် ရှိ၏” (၁ တိ ၂:၄)
ကျွန်တော်ကိုးနှစ် သား အရွယ်လောက်က ငါးမွေးကန်ထဲတွင် ရေကူး နေစဉ်ရေနစ်ဖူးပါသည်။ နူံးများ ကြားရုန်းလေနစ်လေဖြင့် ကယ်သူကို မျှော်လင့်နေ မိပါသည်။ ကယ်သူကို ရှာမတွေ့ဆုံးမှတ်မိနေသော ကျမ်းစာထဲမှ ရှင်ပေတရု ရေနစ်နေစဉ်ယေရူ ခရစ်တော်မှ ကယ်တင်ခဲ့သည့်ပုံပြင်ကို သတိိရကာယေရူ ခရစ်တော်ကို တမ်းတအော်ဟစ်ကာအကူအညီတောင်းခံခဲပါသည်၊ အသက် ဘေးနှ့င် ရင်ဆိုင်ကြုံတွေ့ နေစဉ် ကယ်တင်မည့်သူကို ရှာကြသည် မှာဓမ္မတာပင် ဖြစ်ပါသည်။ ထိုခဏခြင်းတွင် အင်အား တစ်ခုမှနူံများ ကြားကျွန်တော်ကို ဆွဲယူခြင်း ခံရ ကာရေနစ်နေသည့်ဘေးမှ လွတ်မြောက်ခဲ့ပါသည်။ ထိုအဖြစ် အပျက်ကကျွန်တော် ဘဝကို ပြောင်းလဲစေကာ ဘဝအခက်အခဲများ ကြုံတွေ့ တိုင်း ကယ်တင်ပေးမည့် သူယေရူ ခရစ်တော် ကျွန်တော် ဘေးနားမှာအစဉ်အမြဲရှိကြောင်း သတိရစေပါသည်။
ယနေ့ ယုံကြည်သူ ဓမ္မမိတ်ဆွေများကို ခွန် အားပေးလိုသည် မှာမိမိတို့၌ အသက်ဘေး (သို့) ဘဝအခက်အခဲ မည်မျှပင်ရှိစေကာမူ ဖြေရှင်ပေးနိုင်သော ယေရူ ခရစ်တော် ဘေးနားမှာရှိ နေကြောင်း သတိရစေလို ပါသည်။ ထိုမျှမက လောကီသား များသည်လည်း အပြစ် နွံထဲတွင် နစ်မွန်းကာ ကယ်တင်ရှင်ကိုမျှော်လင့်နေကြပါသည်။
သမ္မာကျမ်းစာက “လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာ တရားကို သိစေခြင်းငှါ ဘုရားသခင် အလိုတော် ရှိ၏” (၁ တိ ၂:၄) ဖော်ပြထားပါသည်။ ထိုကြောင့် ယုံကြည်သူများအနေဖြင့် နောက်ဆုံးသောကာလ နီးကပ် နေပြီး ဖြစ်သောကြောင့်အချိန် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေလောကီသားတို့ ကယ်တင်ခြင်းသို့ ရောက်အောင် ဟောကြား၊ သက်သေခံ့၌ ရန်လိုအပ်ပါသည်။ ထို သူတို့ကို ကယ်တင်ခြင်းသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ပါက ခရစ်တော်၏ မဟာစေခိုင်းချက်ကိုပြီး မြောက်စေသော ဘုရားသခင် သားသမီး ပြီသ သူများ အဖြစ်ဂုဏ်ယူ နိုင်မည် ဖြစ်ပါသည်။