GOODNEWS
🎨
  HOME  GOODNEWS  2010 OCT

 ဤစာစောင်၌...

အမှာစာ

အသက် နှစ်မျိုး

သရဖူများ 

ဟာလဝင် (Halloween)

ခက်ခဲသော အချိန်ကာလ 

ဝိညာဉ်ဆုကျေးဇူးများ 

ကျမ်းစာဖတ်ကြပါစို့

ယေရုရှလင် မြိုနှင့် ပတ်ဝန်းကျင် 


  
အမှာစာ

ဤစာစောင်ဖတ်နိုင်သော အခွင့်ကို ပေးတော်မူသော အဘဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ဤစာစောင်ဖတ်ရှု သူများ အနေဖြင့် မိမိတို့၌ ခံစားသော ကောင်းကြီးများနှင့် ဝိညာဉ်ရေးရာ၌ ခွန်အားပေးစရာများကို ရေးကြစေလိုပါသည်။ သို့မှသာ အခြားသောသူများကလည်း အကျိုးခံစားနိုင်မည် ဖြစ်ပါသည်။ 

စက်တင်္ဘာလ ၂၃ ရက်နေ့တွင် ဆရာမောဇက်နှင့် ဆရာဆလိုင်းအောင်အောင်တို့သည် မြောက်ကယ်ရိုလိုင်းနားပြည်နယ်ဒါရမ်မြို့သို့ ကားဖြင့်သွားခဲ့ကြပါသည်။ ထိုမြို့၌ မြန်မာပြည်မှ တိုင်းရင်းသားများ အနည်းငယ်နေထိုင်ကြပါသည်။ သတင်းကောင်းနှစ်ခြင်းအသင်းတော်ကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်၍ ဆရာဂိဒေါင်ထွားမာက ဦးဆောင်လျက်ရှိပါသည်။ ဆရာဂိဒေါင်သည် ယခင်လစာစောင်၌ နောင်တရခြင်း အကြောင်းရေးသားသော စာရေးသူ ဖြစ်ပါသည်။ ထိုအသင်းတော်၌ နံနက် ၁၀ ခန့်မှ သင်တန်း ပြုလုပ်ကာ ညနေ ၄ နာရီတွင် ပြီး၍ ညပိုင်းတွင်လည်း ၆ နာရီမှ ၈၊ ၉ နာရီအထိ ကျမ်းစာသင်ကြားပေးပါသည်။ ကျမ်းစာသင်တန်းအားဖြင့် သမ္မာတရား ပိုမိုသိရှိလာကြသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါ၏။ 


Rockville GBC အသင်းတော်မှ လူငယ်သင်းအုပ်ဆရာ ဆရာနော်ဂျာလည်း တလကျော်နေမကောင်း ဖြစ်ရာမှ ပြန်လည်ကျန်းမာလာကာ အမှုတော်မြတ်ကြီး၌ အချိန်ပြည့်လုပ်ဆောင်လာနိုင်သောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ဘုရားသခင်က အသုံးပြု၍ သူတို့နေ့စဉ် လိုအပ်သောအရာများကိုလည်း မစဘို့ရန် ဆုတောင်း ပေးကြစို့။ 


 
အသက်နှစ်မျိုး


လူတိုင်း၌ အသက်နှစ်မျိုးရှိကြသည်။ ကိုယ်ခန္ဓာအသက်နှင့် ဝိညာဉ်အသက်တို့ ဖြစ်သည်။ ကိုယ်ခန္ဓာအသက်သည် ဝိညာဉ်ဖြစ်သည်။ ကိုယ်ခန္ဓာအထဲမှ ဝိညာဉ်ထွက်သွားသောအခါ အသက်မရှိတော့ချေ။ တရားစရပ်မှုး၏ သမီး သေဆုံးသွားသောအခါ သခင်ယေရှုက၊ “သူငယ်၏ လက်ကိုကိုင်တော်မူလျက် သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင် သူ၏ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။” (လုကာ ၈:၅၄-၅၅)။ ရှင်ယာကုပ်ကလည်း၊ “ဝိညာဉ်နှင့်ကင်းသော ကိုယ်သည် အသေဖြစ်သကဲ့သို့” ဟုဆိုသည် (ယာကုပ် ၂:၂၆)။ ထို့ကြောင့် ကိုယ်ခန္ဓာအသက်သည် ဝိညာဉ်၌တည်ရှိသည်။ ဝိညာဉ်မရှိသော ကိုယ်ခန္ဓာသည် လုံးဝ တန်ဘိုးမရှိသည်သာမက ရွံစရာ၊ ကြောက်စရာ ကောင်းပါသည်။ ဝိညာဉ်မရှိသော ကိုယ်သည် ချက်ချင်းယိုယွင်း၍ အမင်္ဂလာဖြစ်သည်။ ကိုယ်ခန္ဓာကို တန်ဘိုးရှိစေသောအရာသည် ရွှေငွေဥစ္စာများ မဟုတ်ပါ။ ကိုယ်ခန္ဓာကို တန်ဘိုးရှိစေသောအရာသည် ဘွဲ့ထူး၊ ရာထူး၊ အာဏာများလည်း မဟုတ်ပါ။ ကိုယ်ခန္ဓာကို ဝိညာဉ်က တန်ဘိုးရှိစေပါသည်။ လင်မယား၊ ရည်းစား၊ မိဘ၊ ညီအစ်ကိုမောင်နှမများ အလွန်ချစ်ကြသော်လည်း ဝိညာဉ်မရှိလျှင် ချစ်၍မရတော့ချေ။ သို့သော်၊ မည်သူကမျှ ကိုယ်ခန္ဓာကို တန်ဘိုးရှိစေသော ဝိညာဉ်ကို အရေးမထားကြ၊ ဂရုမစိုက်ကြပါ။ 

ဖန်ဆင်းရှင်ဖြစ်သော သခင်ယေရှုက လူ၏တန်ဘိုးသည် ဝိညာဉ်၌ရှိကြောင်းကို ဤသို့ပြောခဲ့သည်၊ “လူသည် ဤလောကကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း ” (မဿဲ ၁၆:၂၆)။ ဤကျမ်းပိုဒ်ကို အလွတ်မရလျှင်လည်း လူတိုင်းသိကြ၊ ကြားဘူး ကြသည်။ သို့သော်၊ နှလုံးမသွင်းကြ၊ အလေးအနက်မထားကြ။ ထို့ကြောင့်၊ ကိုယ်ခန္ဓာအတွက် အသက်ပေးကြ၊ အချိန်၊ ဘဏ္ဍာ၊ စွမ်းအားရှိသမျှကို ပေးကြသည်။ ကိုယ်ခန္ဓာအတွက်ဖြစ်လျှင် အလွန်အရေးစိုက်ကြသည်။ 

သို့သော် သခင်ယေရှုက၊ “ထို့ကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်၊ ဟုအသက်အဘို့ မစိုးရိမ် ကြနှင့်။ အဘယ်သို့ဝတ်ရမည်၊ ဟုကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။ ထို့ကြောင့်၊ အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော် ( ကောင်းကင်နိုင်ငံတော်)နှင့် ​ဖြောင့်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ၊ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။” ဟုဆိုခဲ့သည် (မဿဲ ၆:၂၅၊ ၃၁-၃၃)။ 

 ခရစ်တော်၏ ဤအကြံပေးသော စကားသည်လည်း လူတိုင်းသိကြ၊ ကြားဘူးကြသည်။ သို့သော်၊ နှလုံးမသွင်းကြ၊ လက်တွေ့မကျင့်သုံးကြချေ။ ကိုယ်ခန္ဓာအသက်သည် အရေးကြီးသော်လည်း အလွန်အ​ကျွံ အလေးပေးဘို့ မဟုတ်၊ ရှိသမျှအချိန်၊ ဘဏ္ဍာနှင့် စွမ်းအားများကို ရင်းနှီးမြုပ်နှံသင့်သည်မဟုတ်။ မည်မျှပင် ဂရုစိုက်၍ ကျွေးမွေးမွမ်းမံသော်လည်း ကိုယ်ခန္ဓာသည် တနေ့ထက်တနေ့ ယိုယွင်းပျက်စီးနေသည်။ 

ကျမ်းစာက၊ “ငါတို့၏ပြင်လူသည် ဖေါက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း အတွင်းလူမူကား တနေ့ထက် တနေ့ပြုပြင်ခြင်းကို ခံရ၏။ အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက် ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဘို့ ဖြစ်စေတတ်၏။” 
 (၂ ကော ၄:၁၆-၁၈) ဟုဆိုသည်။ ပျက်စီးခြင်းသို့ သွားနေသောအရာ၊ ခဏသာထင်ရှားမည့်အရာကို အာရုံမစိုက်သင့်ချေ။ ထာဝရတည်တန့်၍ မပျက်စီးမည့်ဝိညာဉ်ကို ပို၍အာရုံစိုက်သင့်သည်။ ထိုသို့ဘုရားပြောသောအရာကို လိုက်နာသောသူတို့သည် ထာဝရကာလ၌ သုခချမ်းသာ ခံစားရချိန်တွင် နားမထောင်၊ ဂရုမစိုက်သောသူတို့သည် ထာဝရကာလပတ်လုံး ဆင်းရဲဒုက္ခ ခံစားရမည်ဖြစ်သည်။ 


 
သရဖူများ 


 ကျမ်းစာထဲ၌ ယုံကြည်သူများ ကောင်းကင်ဘုံရောက်သောအခါ ဆုပေးမည်၊ ဟုဆိုထားသည်။ သခင်ယေရှုက၊ “လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ လူအသီးသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။” (မဿဲ ၁၆:၂ရ)။ ပေါလုကလည်း၊ “ငါတို့ ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သောအကျင့် ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ ခရစ်တော်၏ တရားပလ္လင်တော်ရှေ့၌ ပေါ်လာရကြမည်။” ( ၂ ကော ၅:၁၀) ဟုရေးထားသည်။ တဖန်၊ “ယေရှုခရစ်တည်းဟူသော ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ အသီးအသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့ နည်းဟူမူကား၊ ဖေါ်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ် ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏အလုပ်သည် မြဲ၏။ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ အကြင်သူ၏ အလုပ်သည် ​ကျွမ်းလောင်၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” (၁ ကော ၃:၁၁-၁၅) ဟုရေးသေးသည်။ 

အထက်ပါ ကျမ်းပိုဒ်များအရ ယုံကြည်သူများသည် ကောင်းကင်ရောက်သောအခါ ဆုများပေးမည့်အကြောင်း တွေ့ရသည်။ ထိုဆုများရဘို့အတွက် ဘုရားသခင်က ဤလောကကိုယ်ခန္ဓာ၌ အသက်ရှင်စဉ် ကြိုးစားအားထုတ် စေချင်သည်။ အချို့သောသူများက ကောင်းကင်နိုင်ငံရောက်လျှင်တော်ပြီ၊ ဆုမရလျှင်လည်း အကြောင်းမဟုတ်ပါ ဟုဆိုတတ်ကြသည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင် ဆုရဘို့ရန် တိုက်တွန်းသောကြောင့် ယုံကြည်သူတိုင်းဆုရဘို့ရန် ကြိုးစားစေချင်ပါသည်။ ရရှိမည့်ဆုများကို သရဖူ ၅ မျိုးဖြင့်ဖေါ်ပြထားသည်။ 
 
မညှိုးနွမ်းနိုင်သောသရဖူ
 “မြေတလင်း၌ ပြိုင်၍ ပြေးကြသောသူ အပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း၊ တယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။ ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သောသူမည်သည်ကား အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။” (၁ ကော ၉:၂၄-၂၅) 

 ဤသရဖူသည် မညှိုးနွမ်းတတ်သောသရဖူဖြစ်၍ အရာရာ၌ မိမိအလိုဆန္ဒကို ချုပ်တည်း၍ ဘုရားအလိုတော်အတိုင်း အသက်ရှင်သောသူတို့အတွက် ဖြစ်သည်။ ဤသရဖူကို လိုချင်ပါက အသက်တာကို ဆင်ခြင်ဘို့ လိုသည်။ အိုလံပစ်ပွဲ၌ မာရသွန် ၂၆ မိုင် အပြေးပြိုင်ပွဲတွင် အနိုင်ရသောသူကို ညှိုးနွမ်းတတ်သော သပြေရွက်ဖြင့် လုပ်သောသရဖူကို ပေးတတ်ကြသည်။ သို့သော်၊ သခင်ဘုရားပေးမည့်ဆုသည် မညှိုးနွမ်းနိုင်သောသရဖူဖြစ်သောကြောင့် တန်ဘိုးရှိသည်။ 
 
သိုးထိန်းများအတွက်သရဖူ

သင်းအုပ်ဆရာများအတွက် ပေးမည့်သရဖူကို ရှင်ပေတရုက ဤသို့ရေးသား မှာကြားခဲ့သည်၊ “သင်းအုပ်အရာ၌၎င်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သော သက်သေအရာ၌၎င်း၊ ခန့်ထားသောသူ ထင်ရှားစေတော်မူလတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည် သင်တို့တွင်ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။ သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူဖြစ်ကြလော့။ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” (၁ ပေ ၅:၁-၄)။ 

သိုးထိန်းများ တည်းဟူသော သင်းအုပ်ဆရာများသည် လောက၌ သိုးတည်းဟူသော ယုံကြည်သူများ ထိန်းစဉ်တွင် အခက်အခဲ များစွာတွေ့ရကြသည်။ အနေအထိုင်ဆင်းရဲခြင်း၊ သိုးများကြောင့် စိတ်ဆင်းရဲခြင်း၊ စာတန် မာရ်နတ်၏ တိုက်ခိုက်ခြင်း၊ မဟုတ်မမှန်စွပ်စွဲခြင်း၊ သူတပါး၏အပြစ်တင်ခြင်း စသောအရာများကို ခံခဲ့ရကြသည်။ သို့သော် ထိုအရာများအတွက် သိုးထိန်းကြီး တည်းဟူသော ခရစ်တော်က ပေးမည့်သရဖူဖြစ်သည်။ သိုးထိန်းတိုင်းသည် ထိုသရဖူကို ရရှိကြမည်မဟုတ်။ အသပြာအတွက် အသက်ရှင်သောသိုးထိန်း၊ ဘုရားအလိုတော်ထက် လူ့အလိုကို လိုက်သောသိုးထိန်းတို့သည် ထိုသရဖူကို ရရှိကြမည်မဟုတ်။ ထိုကဲ့သို့သော သိုးထိန်းများသည် နှစ်ဆသော စစ်ဆေးခြင်း ခံရမည်၊ ဟုရှင်ပေတရုကရေးသားခဲ့သည်။ 
 
အသက်သရဖူ

 “စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှသခင်ဘုရားကို ချစ်သောသူတို့အား ဂတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။” (ယာကုပ် ၁:၁၂)။ “သင်သည် ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည်အကြောင်း မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်။” (ဗျာ ၂:၁၀)။ 

အထက်ပါ အသက်သရဖူသည် ကယ်တင်ခြင်းကို ဆိုလိုခြင်းမဟုတ်။ အကြောင်းမှာ၊ ကယ်တင်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ လုပ်ဆောင်ခြင်းအားဖြင့်မဟုတ် (ဧဖက် ၂:၈-၉)။ အထက်ပါ အသက်သရဖူသည် စစ်ကြောစုံစမ်းခြင်းကို ခံနိုင်မှရမည့် အရာဖြစ်သည်။ ထို့ကြောင့် စစ်ကြောစုံစမ်းခြင်း ခံသောအခါ အသက်ချမ်းသာ ပေးမည့်သရဖူဖြစ်သည်။ စုံစမ်းနှောင့်ရှက်ခြင်း ခံရသောအခါ ကြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းများရှိနိုင်သည်။ သို့သော်၊ ဘုရားသခင်သည် သူ၏သားသမီးများကိုသိ၍ သူတို့၏ ခံစားချက်များကိုလည်း ဂရုစိုက်သည်။ ထို့ကြောင့်၊ ကျမ်းစာက “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။” (၁ ကော ၁၀:၁၃)။ ထို့ကြောင့် စုံစမ်းနှောင့်ရှက်ခြင်း ခံရသောအခါ ထွက်ရပ်လမ်းကို ဘုရားသခင်ပြင်ဆင်ပေးမည်၊ ဟုသိခြင်းဖြင့် တည်ကြည်စွာ ရပ်တည်ကြစို့။ အကယ်၍ ထွက်လမ်းမပြင်ဆင်ပေးလျှင်လည်း ကောင်းကင်သို့ရောက်သောအခါ ဆုရမည်၊ ဟုမြော်လင့်ခြင်းဖြင့်အောင်နိုင်ကြစို့။ 
 
​ဖြောင့်မတ်ခြင်းသရဖူ

 “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူ တည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူ မည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူ မည်။” (၂ တိ ၄:၈)။ ဤသရဖူသည် ရရှိဘို့ရန် အလွယ်ဆုံး ဖြစ်သည်။ အကြောင်းမှာ သခင်ယေရှု ကြွလာခြင်းကို မြော်လင့်ရုံဖြင့် ရရှိနိင်သောကြောင့် ဖြစ်သည်။ သို့သော် ဝမ်းနည်းဘွယ်ရာကောင်းသော အချက်မှာ ယုံကြည်သူ အများစုသည် သခင်ဘုရားကြွလာခြင်းကို မမြော်လင့်ကြ။ အဘယ်ကြောင့်မမြော် ကြသနည်းဟူမူကားလောကအရာများကို တပ်မက်သောကြောင့် ဖြစ်သည်။ သခင်ဘုရားထက်လောကအရာများကို တပ်မက်သောသူသည် ဖေါက်ပြန်သော မိန်းမနှင့် တူသောကြောင့် သခင်ဘုရားက​ဖြောင့်မတ်ခြင်း သရဖူကို မပေးချေ။ ထိုအခါ အရှက်တကွဲ အကျိုးနည်း ဖြစ်မည်။ 
 
၀ိညာဉ်များကို ရသော သရဖူ

 “ငါတို့ မြော်လင့်ခြင်း အကြောင်း၊ ဝမ်းမြောက်ခြင်း အကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား အဘယ်သို့သော အကြောင်း အရာနည်း။ ငါတို့ သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်း အရာ ဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ဝမ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။” (၁ သက် ၂:၁၉-၂၀)။ 

ရှင်ပေါလုကသက်သာလောနိတ်မြို့ရှိ ယုံကြည်သူများကို ကယ်တင်ခြင်း အကြောင်း ပြောခြင်းအားဖြင့် သူတို့သည် ကယ်တင်ခြင်းသို့ ရောက် ကြသည်။ ထို့ကြောင့် ရှင်ပေါလုကသင်တို့သည် ငါတို့၏ မြော်လင့်ခြင်း အကြောင်း၊ ဝမ်းမြောက်ခြင်း အကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူများဟု ခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယုံ ကြည်သူတိုင်း ပျောက်ဆုံးဝိညာဉ်များကို ရခြင်းအားဖြင့် ထိုသရဖူကို မြော်လင့်ကြ စို့။ သို့မဟုတ် လောကီရေးရာ၌ သာအချိန် ကုန်ပါက မြော်လင့်စရာ မရှိ၊ ဝမ်းမြောက်စရာ မရှိဘဲ သခင်ဘုရားကို ရင်ဆိုင်ဘို့ လိုလိမ့်မည်။ 
 
ဟာလဝင်

Halloween

ယခုလအောက်တိုဘာလ ၃၁ ရက်နေ့ညသည် ဟာလဝင်ပွဲ ကျင်းပသော ညဖြစ်သည်။ ထိုညတွင် အိမ်တိုင်း၌ အိမ်ရှေ့မီးများ ထွန်းကာကလေးများကို ချို ချဉ်နှင့် အခြားအစားအစာများ ပေးကြမည် ဖြစ်သည်။ ကလေး၊ လူငယ်များသည် တစေဈ သရဲရုပ်ပေါက်သော ဝတ်စုံများ (costume)များကို ဝတ်လာကြလိမ့်မည်။ ရွှေ$ဖရုံသီးများကိုလည်း လူဦးခေါင်းကဲ့သို့ မျက်စိနှာ ခေါင်းပါး စပ်အပေါက်များကို ဖေါက်ကာအ ထဲ၌ ဖရောင်တိုင်မီးများ ထွန်းကြလိမ့်မည်။ ခရစ္စမတ်ည၌ အိမ်လှည့် သကဲ့သို့ လှည့်၍ စားစရာများကို တောင်းကြလိမ့်မည်။ 

သာမန်အားဖြင့် ကြည့်ပါက ဟလဝင်သည် ကလေးများအတွက် ပျော်စရာ ဖြစ်သည် ဟုဆိုနိင်သည်။ သို့သော် ထိုပွဲသည် စာတန် ဝိညာဉ်ဆိုးများနှင့် ပတ်သက်သောအရာ ဖြစ်နေသည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် မပါဝင်သင့်သောပွဲ ဖြစ်သည်။ သူတို့ ပေးသော စားစရာများ၌ ပုလင်းကွဲများ၊ အဆိပ်အတောက်များ ထည့် တတ်သည်။ ထိုအရာများ ပါသော အစားအသောက်များကို စားသောက်မိပါက အန္တရာယ် ရှိသည်။ သေနိင်သည်။ သို့သော် အမေရိကန်လူများသည် ဘုရားသခင်ကို မသိကြသောအခါ ထိုအရာကို အန္တရာယ်ဟု မမြင်ဘဲ အစားအသောက်များကို သတိနှင့် စစ်ဆေးစားသောက်ဘို့ ပေါ့ပေါ့ဆဆအကြံပေးတတ်သည်။ 

အဘယ်ကြောင့်အစားအသောက်များ၌ အန္တရာယ် ရှိသော အရာများ ထည့်သနည်းဟူမူကား ထိုည၌ သူတို့၏ ဘုရား စာတန်ကို ယဇ်ပူဇော်ခြင်း ဖြစ်သည်။ အကယ်၍ လူများ ဒါဏ်ရာရရှိလျှင်သော်လည်း ကောင်း၊ သေလျှင်သော်လည်း ကောင်း သူတို့ အောင်မြင် သည်ဟု ယူဆကြသည်။ သူတို့ ဘုရားကို ယဇ်ပူဇော်သည်ဟု ကျေ နပ် ကြသည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် မိိမိတို့၏ ခလေးများကို ဟလဝင် ပွဲ၌ မပါဝင်ရလေအောင် ပြောပြဘို့ လိုသည်။ ကလေးများအား မကျရလေအောင် ဟလ ဝင်နှင့် မပတ်သက်သော ချိုချဉ်များကို ဝယ်ပေးသင့်သည်။ 
 
ခက်ခဲသော အချိန်ကာလ 
လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ၊ ဂရုစိုက်သည် ဖြစ်စေ၊ ဂရု မစိုက်သည် ဖြစ်စေ၊ ခက်ခဲသော ကာလသည် တနေ့တခြား ရောက်ရှိနေပြီ။ အကြောင်းမှာ ဘေးဒဏ်ကြီးကာလ နီးသောကြောင့် ဖြစ်သည်။ ကြွယ်ဝခြင်း တရား ဟောပြောသူ (prosperety preachers) များက မည်မျှပင်အကောင်းဖက်ကို ဟောပြောနေသော်လည်း လက်တွေ့မှာအဆိုးဖက်သာလျှင် သွားနေသည်။ 

အဖ ဘုရားသခင်က မိုးကောင်းကင်၊ မြေကြီးနှင့်တကွ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်ကအကောင်းဖန်ဆင်းခဲ့သည်။ သို့သော် စာတန်၏ မွှေနောက်ခြင်းကြောင့် ဘုရားသခင်က သူဖန်ဆင်းထားသော အရာများ လူမှစ၍ အရာခပ်သိမ်းကို ကျိန်လိုက်သည်။ ထိုကြောင့် ဖန်ဆင်းထားသော အရာများသည် ပျက်စီးခြင်းသို့ သွားနေရသည် (ရော ၈:၂၀-၂၂)။ သို့ဖြစ်၍ အရာခပ်သိမ်းသည် အဆိုးဖက်သို့ ဦးတည်နေသည်။ ထိုသို့ဖြစ်သောကြောင့် ယုံကြည်သူများအနေဖြင့် ကွယ် ကာရာကျောက် တည်းဟူသော ဘုရားသခင်၌ ခိုလှုံဘို့ လိုအပ်သည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အခွင့်မပေးဘဲ ဖြစ်ပျက်ခြင်း မရှိပေ။ ခါနန်ပြည်၌ အစာ ခေါင်းပါးသောအခါ ဘုရားသခင်က သူ၏ ပရောဖက် ဧလိယကို ကျီးအအားဖြင့် ကျွေးမွေးခဲ့သည်။ ထိုနောက် မုတ်ဆိုးမအားဖြင့် မိုးခေါင်သော ကာလ ၃ နှစ်ခွဲပတ် လုံးကျွေးမွေးခဲ့သည် (၄ ရာ ၁၇)။ မိုးခေါင်ခြင်းသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်စေသောအရာ ဖြစ်သည်။ 

ထို့နည်းတူ ယခုဘေးဒဏ်ကြီး ကာလလည်း ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်စေသောအရာ ဖြစ်သည်။ ဘုရားသခင်သည် မိုးခေါင်သော ကာလပတ်လုံး သူ့လူဧလိယကို မည်ကဲ့သို့ ကျွေးမွေးရမည်ကို ပြင်ဆင် ပေးသည်။ ထို့နည်းတူ ဘေးဒဏ်ကြီးကာလနှင့် ဆက်စပ်နေသော ယခု ခေတ်ကာလ၌ ဘုရားသခင်သည် သူ့ကို ယုံကြည် အားကိုးသောသူများကို ကူညီမစပါလိမ့်မည်။ ဧလိယကို လူမထင်မှတ်သော အရာများ သုံး၍ ကျွေးမွေးခဲ့သည်။ ကျီးအသည် လူနားအကပ် မခံသော ငှက် ဖြစ်သည်။ သို့သော် ဘုရားသခင်က ကျီးအကို အသုံးပြုသောအခါ ဧလိယအတွက် အကျိုးရှိသည်။ ထို့နည်းတူ မုတ်ဆိုးမသည်လည်း ချမ်းသာသော သူ မဟုတ်။ နောက်ဆုံးမုန့်ဖုတ်၍ သေဘို့ ပြင်ဆင်သောသူကို ဘုရားသခင်က ဧလိယအတွက် ပြင်ဆင် ပေးသည်။ 

ထို့နည်းတူ ယုံကြည်သူများအတွက်လည်း မထင်မှတ်သော အရာများကို ပြင်ဆင် ပေးပါလိမ့်မည်။ အဓိကလိုအပ်ချက်မှာ ဘုရားသခင်၏ လူဖြစ်ဘို့ သာလျှင် ဖြစ်ပါသည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် နေဗုခဒ်နဇော မင်းကြီး တည်ထားသော ရုပ်တုကို မကိုးကွယ်သောအခါ မင်းကြီးသည် အလွန် အမျက်ဒေါသထွက်၍ သူတို့ကို နောက်တကြိမ်အခွင့်ပေးခဲ့သည်။ သို့သော် သူတို့ကလည်း၊ “အရှင်မင်းကြီး နေဗုခဒ်နဇော၊ အ​ကျွန်ပ်တို့သည် ဤအ မှု၌ ပြန်လျှောက်ရမည်အကြောင်း မရှိပါ။ အ​ကျွန်ပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက် ရှိသော မီးဖုိထဲကအ​ကျွန်ပ်တို့ကို ကယ်လွှတ်နိင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူ လိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ ဘုရားတို့ကို အ​ကျွန်ပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။” ထိုအခါ နေဗုခဒ်နဇောမင်းသည် ပြင်းစွာ အမျက် ထွက်သဖြင့် ခုနှစ်ဆတိုး၍ ပူစေသော မီးဖိုထဲ၌ သူတို့ကို ချပစ်လိုက်သော် သူတို့သည် မီးဖိုအထဲ၌ မသေသည်သာမက ချည်ထားသော ကြိုးများသာ​ဖြေ၍ လွတ် လပ်စွာ သွားလာနိင် ကြသည်။ သူတို့နှင့်အတူ ဘုရားသခင်၏ သားတော်လည်းရှိသည်။ ထိုအခါ သူတို့ကို ပြန်လည်ထွက်စေ၍ သူတို့၏ အမွှေးအမျှင်ပင်လျှင် မလောင် ဘုရားသခင်က မီးဖုိထဲမှ၎င်း၊ နေဗုခဒ်နဇောမင်းကြီး၏ လက်မှ၎င်း ကယ်လွှတ်ခဲ့သည်။ (ဒံ ၃)။ 

ထိုသို့သော ဘုရားသခင်ကို ကိုးကွယ်သော ယုံကြည်သူများအနေဖြင့် မည်ကဲ့သို့သော ဆင်းရဲ ဒုက္ခ မျိုးမဆိုကြောက်စရာ မလိုချေ။ ​ကျွန်ပ်တို့ကိုးကွယ်သော ဘုရားသခင်သည် ငရဲမီးအိုင် ထဲမှပင်ကာကွယ်နိင်သည်။ သို့သော် သူ၏ ကွယ်ကာမစမှု သာလျှင် လိုချင်၍ သူ့ကို သစ္စာရှိစွာ မကိုးကွယ်ဂရုမစိုက်သောသူ များသည် ဘုရားသခင်ကလည်း ဂရုစိုက်မည် မဟုတ်။ သမိုင်းတလျှောက်၌လည်း ဣသရေလ လူများသည် အခြားသော ဘုရား များကိုးကွယ်၍ ဒုက္ခ ရောက်သောအခါ ဘုရားသခင်ထံသို့ အော်ဟစ်တတ်ကြသည်။ သို့သော် ဘုရားသခင်က ဂရုမစိုက်ချေ။ အဓိကအချက်သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ခို လှုံအားကိုး သလား၊ သူ၏ အလိုတော်အတိုင်း အသက်ရှင်သလား၊ သူမကြိုက်မ နှစ်သက်သော အသက်တာနှင့် အသက်ရှင်သလားဟူသောအရာ ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သရွေ့ကာလ ပတ်လုံး အဘယ်အရာမျှ ကြောက်စရာ စိုးရိမ်စရာ မလိုချေ။ 

ဘုရားသခင်သည် ဣသရေလ လူများကို အဲဂုတ္တု ပြည် မှနှုတ်ဆောင်သောအခါ လူ့နည်းအားဖြင့် လုံးဝ မဖြစ်နိင်သော သဲကန္တာရအထဲ၌ နှစ်ပေါင်း၄၀ ကျွေး မွေးစောင့်ရှောက်ခြင်းအားဖြင့် သူ၏ တန်ခိုးကို ပြခဲ့သည်။ သဲကန္တာရကို ဖန်ဆင်းသောသူသည်လည်း ဘုရား ဖြစ်သည်။ သဲကန္တာရတွင် စားစရာ မရှိ၊ သောက်စ ရာရေမရှိ။ ထိုမျှသာမက အပူရှိန်သည် နေ့ခင်း၌ ၁၂၀ ဖါရင်ဟိုက် ထိတက်နိင်သည်။ သို့သော် ညပိုင်းတွင် သုံညဒီဂရီအထိ ဆင်းနိင်သည်။ ထိုသို့သော ရာသီ ဥတုတွင် မည်သူမျှအသက်ရှင်ဘို့ မလွယ်ပါ။ သို့သော်လည်း ဘုရားသခင်သည် သဲ ကန္တာရတွင် လူများကို နှစ်ပေါင်း၄၀ ကျွေးမွေးစောင့်ရှောက်နိင်သည် မဟုတ်လော။ ထို့ကြောင့် မည်မျှပင်ခက်ခဲပါစေ၊ ဘုရားသခင်သည် သူ၏ သားသမီးများ၊ ယုံကြည်သူများကို သိသည်၊ မမေ့ပါ။ 

ကျမ်းစာက၊ “ထာဝရဘုရားသည် လေဘွေ၌၎င်း၊ မိုဃ်းသက်မုန်တိုင်း၌၎င်း၊ ကြွတော်မူ၍ မိုဃ်းတိမ်တို့သည် စက်တော် (​ခြေတော်) အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်ကြ၏။ ပင်လယ်ကို ဆုံးမ၍ ခန်း​ခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေ ကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ဍှိုးနွမ်း၏။ ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက် ကုန်းတို့သည် အရည်ကျိုလျက် ရှေ့တော်၌ မြေကြီးနှင့်လောက ဓါတ်မှစ၍ လောကသား အပေါင်းတို့သည် ရွေ့လျက် ရှိကြ၏။ အမျက်တော် ရှေ့မှာ အဘယ်သူ ရပ်နိင်သနည်း။ ဤမျက်တော် အရှိန်ကို အဘယ်သူ ဆီးတားနိင်သနည်း။ မီးလောင် သကဲ့သိုအမျက်ထွက်၍ ကျောက်တို့ကို ဖြိုချတော်မူ၏။ ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသော သူတို့ကို သိမှတ်တော်မူ၏။” (နာဟုန် ၁:၃ -၇) ဟုဆိုထားသည်။ ထို့ကြောင့် ထာဝရဘုရားကို ခိုလှုံသမျှ ကာလ ပတ်လုံးဘာမျှ ကြောက်စရာ မလို။ 

ဆာလံဆရာကလည်း၊ “ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက် ရှိ၏။ ထို့ကြောင့် ပထဝီမြေကြီးသည် ရွေ့ သွား၍ တောင်များ တုန်လှုပ်လျက် သမု​ြရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်း မရှိ။ သမု​ြရာရေသည်ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ် ပါလေစေ၊ မြစ်တမြစ်ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့ တည်းဟူသော အမြင့်ဆုံးသော ဘုရားကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ်၏။ ထိုမြို့သည် ဘုရားသခင်က ျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိ ရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်က ူမတော်မူ လိမ့်မည်။” (ဆာ ၄၆:၁-၅)။ 
 
 
၀ိညာဉ်ဆုကျေးဇူးများ 
လူတိုင်း လူတိုင်း၌ ဘုရားသခင် ပေးထားသော မွေးရာပါဆုကျေးဇူးများရှိကြသည်။ ထိုအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မဆိုင်ချေ။ မယုံ ကြည် သူများလည်းရရှိ ကြသည်။ ထိုအရာများ မှာသူတပါးထက် စာတော်ခြင်း၊ အနုပညာတတ်​ကျွမ်းခြင်း၊ စကားပြောကောင်းခြင်း၊ တီထွင်ကြံဆတတ်ခြင်း၊ အသံကောင်းခြင်း၊ သီချင်းဆိုတတ်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိသည်။ ထိုအ ရာများကို ကောင်းစွာ အသုံးပြုတတ်သောသူများသည် သူတို့အတွက်သာမက အသိုင်းအဝိုင်းတိုင်း နိင်ငံအတွက် ပါ အကျိုးရှိနိင်သည်။ အချို့သောသူများသည် မိမိတို့ ရရှိသော ဆုကျေးဇူးများကို အသုံးမပြုတတ်၊ မပြုနိင်သောကြောင့် အကျိုးမရှိချေ။ 

ယုံကြည်သူ၊ ခရစ်တော်ကို ရရှိသောသူ၊ ဒုတိယမွေးဖွားခြင်း ခံရသောသူတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က ဝိညာဉ်ဆုကျေးဇူးများကို ပေးသည်။ ထိုဝိညာဉ်ဆုကျေးဇူးများသည် ယုံကြည် လာသောကြောင့် ရရှိသောအရာ ဖြစ်သည်။ မိမိတို့ ရရှိသော ဆုကျေးဇူးကို သိရှိ၍ အသုံးပြုပါက ဘုရားသခင်၏ ဘုန်းထင်ရှား၍ မိမိနှင့် အသင်းတော် အတွက် ပါ အကျိုးရှိသည်။ ဝိညာဉ်ဆုကျေးဇူးများကို ရှင်ပေါလုကသုံးနေရာ၌ ဖေါ်ပြထားသည်။ 

“ကိုယ်တခု၌ အင်္ဂါအများရှိသည် ဖြစ်၍ ထိုအင်္ဂါများသည် ဆောင် ရွက်စရာ အမှု တခုတည်း မရှိသကဲ့သို့ ထိုအတူ အများ ဖြစ်သော ငါတို့သည် ခရစ်တော်၌ တကိုယ်တည်း ဖြစ်၍ အသီးသီးအင်္ဂါချင်း ဖြစ်ကြ၏။ ထိုသို့ ပေးတော်မူသော ကျေးဇူးတော် အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကို ခံရသည် ဖြစ်၍ ပရောဖက် အရာရှိလျှင် ယုံကြည်ခြင်း ပမာဏကို ရသည် အတိုင်း ပရောဖက် ပြုကြကုန်အံ့။ ဓRဆရာအရာရှိလျှင် ဓRဆရာ၏ အမှုကို ဆောင်ရွက် ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ နိုးဆော် သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲ ဝေငှသောသူသည် လျစ်လျူသော စိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ် စေ။ မစသနားခြင်း အမှုကို ပြုသောသူသည် စေတနာစိတ်နှင့် ပြုစေ။” (ရော ၁၂:၆-၈)။ 

ရှင်ပေါလုရေးထားသော အထက်ပါ ဆုကျေးဇူးများသည်၊ 
၁။ ပရောဖက်-ယုံကြည်ခြင်း ပမာဏကို ရသည် အတိုင်း ပရောဖက် ပြုကြကုန်အံ့
၂။ ဓမ္မဆရာ- ဓမ္မဆရာ၏ အမှုကို ဆောင်ရွက်ကြကုန်အံ့
၃။ ဆုံးမဩဝါဒပေးသောသူ- ထိုအမှုကို ဆောင်ရွက်စေ
၄။ နိုးဆော်သွေးဆောင်သောသူ- ထိုအမှုကို ဆောင်ရွက်စေ
၅။ အစွန့်အကြဲ ဝေငှသောသူ- လျစ်လျူသော စိတ်နှင့် ဝေငှစေ
၆။ အုပ်ချုပ်သောသူ- လုံ့လဝိရိယနှင့် အုပ်ချုပ်စေ
ရ။ မစသနားခြင်း-စေတနာစိတ်နှင့် ပြုစေ ဟုဆိုထားသည်။ 

အထက်ပါ ဝိညာဉ်ဆုများကို အနည်းငယ်လေ့လာကြကုန်အံ့။

ပရောဖက်ဆုရခြင်း

ပရောဖက်ဆုရခြင်း ဟုဆိုရာတွင် အနာဂတ် ဖြစ်မည့် အရာကို ကြိုတင် ဟောပြောသောသူဟု လူတိုင်းက ချက်ခြင်း သိမြင်တတ်သည်။ သို့သော် ပရောဖက် ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ ဒံယေလစသော ပရောဖက် အကြီးများမှစ၍ ပရောဖက် အငယ်အားလုံး ကြည့်ပါက ရှေ့အနာဂတ် ဖြစ်မည့် အရာများ ဟောပြောကြသလို လူများ၏ အပြစ်များကိုလည်း ဖေါ်ပြသည်။ ပရောဖက်၏ အဓိကအလုပ်မှာလူများမိမိတို့၏ အပြစ်ကို သိစေခြင်း ဖြစ်သည်။ ထိုသို့ မသိနိင်သောအခါ ထာဝရဘုရား ထံတော်မှ တရားစီရင်ခြင်း ခံရမည့်အရာကို ပြောတတ်သည်။ ထို့ကြောင့် ပရောဖက် ဆုရသောသူသည် အနာဂတ် ဖြစ်မည့် အရာများကို ဖေါ်ပြသည် သာမ ကလူများ၏ အပြစ်၊ အထူးသဖြင့် ဘုရားသခင်ကို ဆန့်ကျင်သော အရာများကို ဖေါ်ပြမည်။ ယခုခေတ်တွင် ကျမ်းစာထဲ၌ ဖေါ်ပြခဲ့ပြီးသော အနာဂတ်အကြောင်းများကို လူတိုင်း မသိနိင်သောအခါ ထိုအရာကို သိနိင်သောသူများက ဖေါ်ပြခြင်းလည်းရှိပါသည်။ ထို့ကြောင့် ထိုဆုကျေးဇူးရရှိသောသူများက အခြားသောသူများကို သတိပေးဘို့ လိုသည်။ 

ဓမ္မဆရာအမှုကို ပြုခြင်း

ဓမ္မဆရာအမှုကို ပြုခြင်း ဟုဆိုသောအရာသည် (If it is serving, let him serve) ပြုစုခြင်းကို ဆိုလိုသည်။ သူတပါးကို ပြုစုတတ်သောသူသည် ထိုအမှုကို သစ္စာရှိစွာ လုပ်ရမည်။ လူတိုင်းသည် ထိုဆုကျေးဇူးကို မရရှိသောကြောင့် လုပ်ကြမည် မဟုတ်။ ထိုအခါ စိတ်ပျက်စရာ အကြောင်း မရှိ။ ကိုယ်ရသော ဆုကျေးဇူးကို အသုံးပြုရမည်။ 

ဆုံးမဩဝါဒပေးသောသူ

ထိုအမှုကို ဆောင်ရွက်စေ ဟုဆိုသောအရာကို အင်္လိပ်လို (if it is teaching, let him teach) ဟုဆိုသည်။ အချို့သောသူများသည် သင်ပေးတတ်သော ဆုကို ရရှိသောကြောင့် ထိုဆုကို သစ္စာရှိစွာ အသုံးပြုရမည်။ 

နိုးဆော်သွေးဆောင်သောသူ

ထိုအမှုကို ဆောင်ရွက်စေ။ အချို့သောသူများသည် သူတပါးကို နိုးဆော်သွေးဆောင်တတ်သည်။ ထိုဆုကျေးဇူးရရှိသောသူများ ကနိုးဆော်လျှင် လူတိုင်း ဝမ်းမြောက်၍ ပါဝင်တတ်သည်။ ထိုဆုကျေးဇူး မရရှိသောသူက နှိုးဆော်သောအခါ လူများ စိတ်မပါဘဲ မအောင်မြင် တတ်ချေ။ 

အစွန့်အကြဲဝေငှသောသူ

လျစ်လျူသော စိတ်နှင့် ဝေဌစေ။ အချို့သောသူများသည် မချမ်းသာသော်လည်း သူတပါးကို ရှိသမျှ အထဲမှ စွန့်ကြဲဝေဌ တတ်သည်။ ထိုသူများကို ဘုရားသခင်ကလည်း ဝေဌစရာများထပ်၍ ပေးမည် ဖြစ်သည်။ လူသည် ဘုရားသခင်ထံမှ ကောင်းကြီးများကို လိုချင်သော်လည်း သူတ ပါးကို ဝေဌဘို့ရန် တွန့်တိုတတ်ကြသည်။ စွန့်ကြဲတတ်သော ဆုကျေးဇူး ရရှိသူများ ကသာ လုပ်ဘို့ မဟုတ်ဘဲ လူတိုင်းက စွန့်ကြဲခြင်းကို လုပ်ရမည်။ သို့သော် ဆုကျေးဇူးအနေဖြင့် ရရှိသူများ သည် သူတပါးထက် စွန့်ကြဲတတ်သည်။ 

အုပ်ချုပ်သောသူ

လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ လူအများစုသည် သူတပါးကို အုပ်ချုပ်လို ကြသည်။ တပည့်ခံချင်သောသူရှိမည် မဟုတ်။ သို့သော် အုပ်ချုပ်တတ်ခြင်းသည်လည်း ဝိညာဉ်ဆုကျေးဇူး၌ ပါသည်။ အုပ်ချုပ် တတ်သောသူများ ကအုပ်ချုပ်လျှင် အစစအရာရာ ချောမွေ့၍ အဆင်ပြေတတ်သည်။ ဝေဖန်သောသူသည် ကုန်မည် မဟုတ်။ မနာလိုသောသူလည်း အမြဲ ရှိ၍ အပြစ်တင်နေမည် ဖြစ်သည်။ သို့သော် အုပ်ချုပ်တတ်သောသူအနေဖြင့် ဘုရား ပေးသော ဆုကို သစ္စာရှိစွာ အသုံးပြုရမည်။ သူတပါးကို အနိင်ယူချင် သောကြောင့် မဟုတ်ဘဲ ဘုရား၏ အလိုတော်ကို ဖြည့်စည်းသော အနေဖြင့် မိမိရရှိသော ဆုကို အသုံးပြုရမည်။ 

မစသနားခြင်း

စေတနာစိတ်နှင့် ပြုစေ။ မစသနားခြင်ကို အင်္လိပ်လို mercy ဟု ခေါ်သည်။ သနားခြင်းသည် လူတိုင်း၌ ရှိသည် မဟုတ်။ ဝိညာဉ်ဆု ကျေးဇူးအနေဖြင့် သနားခြင်းကို ရရှိပါက သူတပါးကို သနားတတ်သည်။ ထိုသို့ သနားတတ်သောသူများ အနေဖြင့် မိမိတို့၏ ဆုကျေးဇူးကို ကောင်းစွာ အသုံးပြု ရမည်။

မိတ်ဆွေ သင်သည် မည်သည့်ဆုကျေးဇူးရရှိပါသနည်း။ များစွာသော ယုံ ကြည် သူများသည် သင်မပေးသောကြောင့်သော်၎င်း၊ သတိမထားသောကြောင့်သော်၎င်း၊ မိမိတို့ ရရှိသော ဆုကျေးဇူးကို အသုံးမပြုကြသောကြောင့် မိမိအတွက် ဖြစ်စေသူတပါးအတွက်ဖြစ်စေ အကျိုးမရှိပေ။ ဘုရား၏ ဘုန်းတော် ကိုလည်း မထင်ရှားချေ။ ထို့ကြောင့် မိမိရရှိသော ဝိညာဉ်ဆုကျေးဇူးများကို သိရှိဘို့ လိုသည်။ မည်ကဲ့သို့ သိနိင်မည်နည်းဟူမူကား အသုံးပြုကြည့်မှသိနိင်သည်။ မည်မျှပင်ဘော်လုံးတော် မည့်သူ ဖြစ်သော်လည်း ဘော်လုံးမကန်ဘူးလျှင် မသိနိင်ချေ။ ထို့ကြောင့် မည်သည့်ဆုကျေးဇူးရရှိကြောင်းကို အသုံးပြုကြည့်မှသိနိင်မည်။ ကိုယ်ရရှိသော ဆုကျေးဇူးကို အသုံးပြုလေလေ ဘုရားသခင်ကလည်း ပွားများ စေလေလေ ဖြစ်မည်။ အသုံးမပြုပါက မည်သို့မျှ တိုးတက်လာမည် မဟုတ်။ 

အသင်းတော် အတွက် ပေးသော ဆုကျေးဇူးများကို ရှင်ပေါလုက ဧဖက် ဩဝါဒအထဲ၌ ဤသို့ ရေးထားသည်၊ “ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍ ဓRဆရာ၏ အမှုကို ပြုတတ်မည့် အကြောင်း သန့်ရှင်း သူတို့ကို ပြင်ဆင်ခြင်း အလိုငှါ ထိုသခင်သည် လူအချို့တို့ကို တမန်တော် အရာ၌၎င်း၊ အချို့တို့ကို ပရာဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအ ရာ၌၎င်း၊ ခန့်ထားတော်မူ၏။” (ဧဖက် ၄:၁၁-၁၂)။ အထက်ပါ ကျမ်းပိုဒ်၌ အောက် ပါ ရာထူးများကို တွေ့ရသည်၊ 
၁။ တမန်တော် 
၂။ ပရောဖက် 
၃။ သာသနာ ပြု
၄။ သင်းအုပ်
၅။ ဆရာတို့ ဖြစ်သည်။ ထိုရာထူးများကို ပေးရခြင်း အကြောင်းသည်၊ 
 (က) ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍ 
 (ခ) ဓမ္မဆရာ၏ အမှုကို ပြုတတ်မည့် အကြောင်း 
 (ဂ) သန့်ရှင်း သူတို့ကို ပြင်ဆင်ခြင်း အလိုငှါ ဟုဆိုထားသည်။ 

ခရစ်တော်၏ ကိုယ်တော်သည် အသင်းတော်ကို ဆိုလိုသည်။ အသင်းတော်ကို တည်ဆောက်ဘို့ရန် အတွက် အထက်ပါ ဝိညာဉ်ဆုကျေးဇူးများကို ပေးထားသည်။ ထိုအထဲ၌ တမန်တော် ဆုကျေးဇူးသည် မရှိတော့ချေ။ တမန်တော် ဟူသောစကား လုံးသည် ဂရိတ်လို ἀπόστολος or apostolos, (meaning one who is sent forth as a messenger) စေလွှတ်ခြင်း ခံရသောသူဟု အဓိပ္ပါယ်ရသည်။ ခရစ်တော် ရွေးချယ်ခဲ့သော တမန်တော်များမရှိတော့သော်လည်း စေလွှတ်ခြင်း ခံသောသူ တည်းဟူသော ဘုရား အမှုတော်ဆောင် တမန်တော်များမူယနေ့ တိုိင်ရှိသည် ဟုဆိုနိင်သည်။ 

ပရောဖက် ရာထူးသည် ယနေ့ တိုင်ရှိနိင်သည်။ သို့သော် အလွှဲသုံး စားသောသူ ဝိညာဉ်ဆိုးများ၏ အသုံးပြုသောသူများများလွန်းသောကြောင့် သတိထားရမည်။ ပရောဖက် မှန်မမှန်ကို ကျမ်းစာအားဖြင့် ကြည့်ရမည်။ သမ္မာ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “သင်တို့တွင် ပရာဖက်ပြုသောသူ အိပ်မက်ကို မြင်မက်သောသူသည် ပေါ်လာ၍ သင်တို့ မသိသော အခြားတပါးသော ဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက် နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုကို ပေး၍ ထို နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုသည် ပြည့်စုံသော်လည်း ထိုပရောဖက် ပြုသောသူ အိပ်မက်ကို မြင်သောသူ၏ စကားကို နားမထောင်ရ။ အကြောင်းမူကား သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ် နှလုံးအကြွင်းမဲ့ချစ်သည် မချစ်သည်ကို သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏၊ ” ဟု သတိပေးထားသည် (တရား ဟော၁၃:၁-၃)။ 

သာသနာ ပြု မယုံကြည်သူများထံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ဟောပြော သက်သေခံသောသူများ ဖြစ်သည်။ လူတိုင်း ထိုအမှုကို မပြုနိင်ကြ။ အကြောင်းမူကား ယုံကြည်သူများထံတွင် မဟုတ်ဘဲ ထာဝရဘုရားကို မသိသေးသောသူများ ထံတွင် ဖြစ်သောကြောင့် အခက်အခဲ များစွာ ရှိသည်။ စကား နားမလည်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံမတူသောသူများ ထံ၌ အမှုဆောင်ခြင်း ဖြစ်သောကြောင့် ဝိညာဉ်တော် ဘုရား၏ အထူး အသုံးပြုခြင်း မခံလျှင် လုံးဝ မလွယ်ကူသောအရာ ဖြစ်သည်။

သင်းအုပ် ရာထူးရသောသူများသည် ယုံကြည်သူများကို ကြည့်ရှုသောကြောင့် လွယ်သရောင်ရှိသော်လည်း ယုံကြည်သူများသည် အမျိုးမျိုးရှိသောကြောင့် အခက်အခဲများရှိနိင်သည်။ ယုံကြည်သူများ၌ မယုံကြည်သူများလည်းရှိနေတတ်သည်။ ထိုသူများသည် ပြသနာ လုပ်သောသူများ ဖြစ်တတ်သည်။ ထို့အ ပြင် ယုံကြည်သူများ၌ မရင့်ကျက်သော ဝိညာဉ်ပိုင်းနုနယ်သောသူများနှင့် ဇာတိလူများဖြစ် လာသောအခါ အခက်အခဲရှိနိင်သည်။ သို့သော် ဝိညာဉ်တော်၏ ဆုကျေး ဇူးရရှိထားပါက ထိုအရာများကို အောင်မြင် ကျော်လွှားနိင်သည်။ 

ဆရာ အရာသည်လည်း အသင်းတော် တည်ဆောက်ဘို့ရန် အတွက် လိုအပ်သောကြောင့် ဝိညာဉ်တော် ကဆုကျေးဇူးအဖြစ် ပေးထားခြင်း ဖြစ်သည်။ ထိုဆုကျေးဇူးရသောသူများ အနေဖြင့် ကျမ်းစာကို ရှင်းလင်းစွာ ဖေါ်ပြသွန်သင် တတ်သည်။ ထိုဆုကျေးဇူးရရှိသူသည် သစ္စာရှိစွာ သွန်သင်ခြင်းကို ပြုလုပ် ရမည်။ 
 
ကျမ်းစာဖတ်ကြစို့

 များစွာသော ယုံကြည်သူများသည် ဇာတိနှင့် အသက်ရှင်ကာအပြစ် ကျူးလွန် ကြသည်။ စုံစမ်း သွေးဆောင်ခြင်းကို မခံနိင်ဘဲ ဘုရားသခင်ထံမှ ဝေးရာသို့ ရောက်သွား ကြသည်။ ဘုရား အလိုတော်ကို မလိုက်နိင်ဘဲ ဖြစ်နေကြသည်။ ထိုသို့ဖြစ်ရခြင်းသည် အကြောင်းရင်း များစွာ ရှိရမည်။ ထိုအထဲ၌ အဓိကအကြောင်းရင်းတခုမှာကျမ်းစာ မဖတ်ခြင်း ဖြစ်သည်။ ယုံကြည်သူ ဖြစ်သော်လည်း ကျမ်းစာ မဖတ်၊ မလေ့လာ၊ စိတ်နှလုံးအထဲ၌ မသိုထားလျှင် မည်သို့ မျှအောင်မြင်သော ခရစ်ယာန် အသက်တာဖြင့် အသက်မရှင်နိင်ချေ။ ကျမ်းစာသည် 
 
၁။ သန်လျက်ထက် ထက်သည် 

ကျမ်းစာသည် သန်လျက်တကာတို့ထက် ထက်ကြောင်း ဤသို့ တွေ့ ရသည်၊ “ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန် ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း၊ ပိုင်းခြား၍ ထုတ်ချင်း ခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။” (ဟေ ၄:၁၂) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်သည်၊ တန်ခိုးရှိသည်၊ သန်လျက်တကာထက် ထက်သည်။ ထို့ကြောင့် စိတ်ဝိညာဉ် အရာများကိုလည်း ပိုင်းခြား၍ သိစေနိင်သည်။ အားလုံး ထူးဖေါက်မြင်နိင်သည်။ ထို့ကြောင့် နှုတ် ကပတ်တော် ဖတ်ရှု နားလည်သောသူများသည် နှုတ်ကပတ်တော် မဖတ်သောသူများထက် ပို၍ လိမ္မာသည်၊ သိမြင်သည်၊ သတိထားသည်။ 

၂။ ဝိညာဉ်တော် ထား ဖြစ်သည် 

 “ဘုရားသခင်၏ နှုတ်ကပတ်တော် တည်းဟူသော ဝိညာဉ်တော် ထားကို၎င်း၊ ယူကြလော့၊ ” (ဧဖက် ၆:၁ရ)။ ယုံကြည်သူများသည် အေးအေး ဆေးဆေး နေရသော်လည်း မအိပ်မနေ အလုပ်လုပ်နေသောသူရှိသည်။ ထိုသူသည် စာတန် ဖြစ်သည်။ ရှင်ပေတရုက၊ “သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့် နေကြလော့။ သင်တို့၏ ရန်သူ တည်းဟူသော မာရ်နတ်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက် ရှိ၏။” (၁ ပေ ၅:၈) ဟုဆိုထားသည်။ ရှင်ပေါလုကလည်း၊ “ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တ့ိုနှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်ကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လှန်ရကြ၏။ ထိုကြောင့် ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိင်သဖြင့် ကိဏအလုံး စုံတို့ကို ပြီးစီး၍ ခံရပ်နိင်မည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော လက် နက်စုံကို ယူဆောင်ကြလော့။” (ဧဖက် ၆:၁၂-၁၃) ဟုဆိုထားသည်။ 

ထိုလက်နက်စုံတို့ တွင်၊ “ဘုရားသခင်၏ နှုတ်ကပတ်တော် တည်းဟူသော ဝိညာဉ်တော်၏ ထားကို၎င်းယူကြလော့။” (ဧ ၆:၁ရ) ဟုဆိုသည်။ ယုံကြည်သူများသည် သခင်ယေရှု၏ စစ်သားများဖြစ်သည်။ သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေရန်သူ စာတန်သည် အစဉ်အမြဲတိုက်ခိုက်သည်။ ထို့ကြောင့် စာတန်ကို ဝိညာဉ်တော် ထား တည်းဟူသော နှုတ်ကပတ်တော်အားဖြင့် တိုက်နိင်ရန်ကျမ်းစာကို ဖတ်ရှုလေ့လာ ဘို့ လိုသည်။ 

၃။ မီးခွက် ဖြစ်သည် 

 “နှုတ်ကပတ်တော်သည် အ​ကျွန်ပ်​ခြေရှေ့မှာ မီးခွက် ဖြစ်၍ အ​ကျွန်ပ် လမ်းခရီးကို လင်းစေပါ၏။” (ဆာ ၁၁၉:၁၀၅) လူသည် ဝိညာဉ်ပိုင်းအမှောင် ထုထဲ၌ ခရီး သွား သူများ ဖြစ်သည်။ ခရီး သွားသောအခါ လမ်းမမြင်ပါက ခလုတ် တိုက်နိင်သည်၊ ချောက်ထဲ၌ ကျနိင်သည်။ ထိုသို့ မဖြစ်ရလေအောင် နှုတ်ကပတ်တော် မီးခွက်ကို အသုံးပြုဘို့ လိုအပ်သည်။ 

၄။ ဝိညာဉ် အစာ ဖြစ်သည် 

 “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လှူိ့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍ ကယ်တင်ခြင်း အလိုငါှနှုတ်ကပတ်တော် တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည့် အကြောင်း ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန် လို ချင်သော စိတ်ရှိကြလော့။” (၁ ပေ ၂:၁-၃)။ လူသည် အစာမစားလျှင် မကြီးထွားနိင်၊ ထိုမျှသာမက အသက် မရှင်နိင်။ ထို့ကြောင့် နေ့စဉ် ကိုယ်ခန္ဓာအစားအ စာစား သကဲ့သို့ ဝိညာဉ်ပိုင်းအစာ ဖြစ်သော နှုတ်ကပတ်တော် ကိုလည်း မှန်မှန်စားဘို့ လိုသည်။ 

၅။ ဆုံးမသွန်သင်ခြင်း၌ အကောင်းဆုံး ဖြစ်သည် 

“ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ ဘုရားသခင်၏ လူသည် စုံလင်သောသူကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်း အလိုငါှ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကို ဘော်ပြခြင်း၊ ​ဖြောင်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြု တတ်၏။” (၂ တိ ၃:၁၆-၁ရ)။ နှုတ်ကပတ်တော်သည် စုံလင်သောသူ ဖြစ်ဘို့ သွန် သင်ခြင်း၊ အပြစ် ဘော်ပြခြင်းတို့အတွက် အကောင်းဆုံးသော လက်နက် ဖြစ်သည်။ လူ့အတွေးအခေါ်နှင့် အတွေ့အကြုံများထက် နှုတ်ကပတ်တော်သည် ကောင်းသည်။ ထို့ကြောင့် ကျမ်းစာဖတ်လေ့မရှိသော သူတို့ ယနေ့ မှစ၍ နေ့စဉ် မှန်မှန်ကျမ်းစာဖတ် ကြစို့။ 
 
ယေရုရှလင်မြို့အရှေ့ဖက်ဂိတ်

ယေရုရှလင်မြို့သည် ၁၅၁ရ ခုနှစ်၌ အော်တိုမင်အင်ပိုင်ယာအောက်သို့ ရောက်သွားသောအခါ မြို့ရိုးများကို ပြန်လည်တည်ဆောက် ကြသည်။ ထိုမြို့ရိုးများ၌ အရပ်လေးမျက်နှာတွင် တံခါးပေါက် ၈ ခုရှိသည်။ ထိုတံခါးပေါက်ဂိတ်များတွင် အရှေ့ဖက်တံခါးပေါက်ကို အသေပိတ်လိုက်သည်။ အကြောင်းရင်းအတိအ ကျ မသိရသော်လည်း ထိုမြို့ရိုးကို ဆောက်သော ဆိုလေမန်ကယုဒရှင်ဘုရင် မေရှိယ ယေရှုသည် အရှေ့ဖက်တံခါးပေါက်မှဝင်လာမည်ဟု သိသောအခါ သခင်ယေရှု မဝင်နိင်အောင် ထိုတံခါးပေါက်ကို အသေပိတ်လိုက်သည်။ ထို့အပြင် ထိုတံခါး ပေါက်အဝင်ဝတွင် မူစလင်သင်္ချိုင်းကိုလည်း ထားရှိခြင်းအားဖြင့် ထိုနေရာကို ဂျူးလူမျိုးများအတွက် ညစ်ညူးသော နေရာ ဖြစ်စေသည်။ 
 
 (ပိတ်လျက် ရှိသော ယေရုရှလင်မြို့အရှေ့ဖက်တံခါး၊ သင်္ချိုင်းလည်း တွေ့မြင်နိင်သည်) 

 ထိုသို့ အရှေ့ဖက်တံခါးကို ပိတ်မည့် အရာကို ပရောဖက် ယေဇကျေလက ဤသို့ ရေးသား ခဲ့ဘူးပြီ၊ “ထိုနောက် သန့်ရှင်းရာအရပ်အရှေ့မျက်နှာသို့ ပြုသော ပြင်တံခါးသို့ ဆောင် သွား၍ ထိုတံခါးသည် ပိတ်လျက် ရှိ၏။ ထာဝရဘုရားကလည်း ဤတံခါးကို မဖွင့်ဘဲ ပိတ်ထားလျက် ရှိရမည်။ လူများ မဝင်ရကြ။ အကြောင်းမူကား၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်လျက် ရှိရမည်။ မင်းသား အဘို့ ဖြစ်၏။ မင်းသည် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ ထိုတံခါးဝမှာထိုင်ရလိမ့်မည်။ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင်ရလိမ့်မည်ဟု မိန့်တော်မူ၏။” (ယေဇ ၄၄:၁-၃)။ ထိုကြောင့် ဆိုလေမန်အနေဖြင့် ထိုတံခါးပေါက်မှသခင်ယေရှု မဝင်နိင်အောင် ပိတ် ထားသော်လည်း ထာဝရဘုရား၏ အကြံတော် ပရောဖက် ပြုချက်ကို ပြည့်စုံ စေသောသူသာလျှင် ဖြစ်သွားသည်။ ထာဝရဘုရား၏ အကြံတော်သည်မည် မျှအံ့ဩစရာ ကောင်းပါသနည်း။ 

 ခရစ်တော်သည် ကောင်းကင်သို့ တက်သွားသောအခါ ယေရုရှလင်မြို့အရှေ့ဖက်တွင် ရှိသော လွင်တောင်မှှတက်သွားခဲ့သည် (တ ၁:၁၂)။ ဒုတိယ အကြိမ်ကြွ လာသောအခါ ၌လည်း ထိုသံလွင်တောင်ပေါ်၌ ကြွလာမည် ဖြစ်သည်။ ပရောဖက် ဇာခရိက ဤသို့ရေးသား ခဲ့ပြီ၊ “ထာဝရဘုရား၏ နေ့ရက်သည် ရောက်သောအခါ သူတပါးတို့သည် သင်၏ ဥဏာကို လုယူ၍ သင့်အလယ်၌ ဝေ ဖန်ကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်စေခြင်း ငါှလူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင် အိမ်တို့ကို လုယက်၍ မိန်းမတို့ကို အဓRပြုကြလိမ့်မည်။ မြို့သား တဝက်ကို သိမ်း သွား၍ တဝက်သာမြို့၌ ကျန်ကြွင်းလိမ့်မည်။ ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက် သကဲ့သို့ ထိုလူမျိုးကို တိုက်သွားတော်မူမည်။ ထိုနေ့ရက်၌ ​ခြေတော်သည် ယေရုရှလင်မြို့အရှေ့သံလွင်တောင်ပေါ်မှာ ရပ်၍ သံလွင် တောင်သည် အရှေ့ဘက်မှအနောက်ဘက်တိုင်အောင် အလယ်၌ ကွဲသဖြင့်၊ အလွန် ကြီးသော ချိုင့် ဖြစ်လိမ့်မည်။ တောင်တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင်ဘက်သို့၎င်း၊ ရွှေ့ရလိမ့်မည်။” (ဇာ ၁၄:၁-၄)။ 
 
 (ယခုခေတ် သံလွင်တောင်ပုံ၊ ဤနေရာမှသခင်ယေရှု ကောင်းကင်ဘုံသို့ တက်ကြွ ခဲ့ပြီး၊ ဤနေရာ၌ ပြန်ဆင်းကြွလာမည်) 

ခရစ်တော်သည် ယေရုရှလင်မြို့အရှေ့ဖက်တံခါးပေါက်မှဝင်မည့် အရာကို ပရောဖက် ယေဇကျေလက ဤသို့ ရေးသား ထားခဲ့ပြီ၊ “ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန် ခေါ်သွား၏။ ဣသရေလ အမျိုး၏ ဘုရားသခင့် ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍ အသံသည် သမု​ြရာသံကဲ့သို့ဖြစ်၏။ ရောင် ခြည်တော်အားဖြင့် မြေတပြင်လုံးလင်း၏။ -ထာဝရဘုရား၏ ဘုန်းတော်သည် အရှေ့ ဘက်သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော် ထဲသို့ ဝင်တော်မူ၏။ ထိုအခါ ဝိညာဉ်တော်သည် ငါ့ကို ချီလျက် အတွင်း တံတိုင်း ထဲသို့ ဆောင် သွား၍ ထာဝရဘုရား၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ၏။ အရင်လူသည် ငါ့အနားမှာရပ်နေလျက် အိမ်တော် ထဲကငါ့အား မိန့်တော်မူသော အသံကို ငါကြားသည်ကား၊ အချင်း လူသား၊ ဤအရပ်သည် ငါ့ပ†င်တည်ရာအရပ်ငါ့​ခြေဖဝါးနင်းမြဲအရပ် ဣသရေလ အမျိုးသားတို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။” (ယေဇ ၄၃:၁ -ရ) 

ခရစ်တော်သည် အသတ်မခံမှီ တပတ်အလိုတွင် သံလွင်တောင်ဘက်မှ မြည်းကလေးကို စီး၍ ဤအရှေ့ဖက်တံခါးပေါက်မှဝင်ခဲ့ဘူးပြီ (မ ၂၁)။ သူသည် ဗိမာန်တော်သို့ ဝင်၍ ရှင်ဘုရင်အဖြစ် ဘိသိက်ခံဘို့ရန် ကြွလာခြင်း ဖြစ်သည်။ သ့ူကို လူထုက လက်ခံသော်လည်း ခေါင်းဆောင်များက လက်မခံသောအခါ အ ထမမြောက်ခဲ့ချေ။ ယခု ဒုတိယအကြိမ် ကြွ လာသောအခါ သံလွင်တောင်ပေါ်မှ ကြွလာ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ အရှေ့ဖက်တံခါးမှဝင်ရောက်လာမည် ဖြစ်သည်။ ထိုသို့ ဝင်ရောက်လာမည် ဖြစ်သောကြောင့် စာတန် ကအတတ် နိင်ဆုံးသူ့လူများကို အသုံးပြု၍ တားဆီး နေသည်။ ဆိုလေမန်ကတံခါးအသေ ပိတ်ခဲ့ ပြီ။ တံခါးအရှေ့ဘက်၌လည်း သင်္ချိုင်းထားရှိသည်။ 

ယခုလည်း အာရပ်များနှင့်တကွ အီးယူနိင်ငံများ၊ အမေရိကန်ပြည် ထောင်စုနှင့် ကမ္ဘာ့ ကုလသမဂ္ဂမှ ယေရုရှလင်မြို့အရှေ့ခြမ်းကို အစ္စရေးများ လက်မှယူ၍ ပါလက်စတင်းများ၏ မြို့တော် ဖြစ်စေဘို့ရန် ကြိုးစား နေသည်။ ထိုသို့ဖြစ်လျှင် အစ္စရေးများ အနေဖြင့် ဗိမာန်တော်ကို ဆောက်နိင်မည် မဟုတ်။ ဗိမာန်တော် နေရာသည် ယေရုရှလင်မြို့အရှေ့ခြမ်း၌ ရှိ၍ မူစလင်များ၏ ဗာလီ ကြီးရှိနေသည်။ ထိုသို့ မည်မျှပင်ကြိုးစား၍ ပိတ်ဆို့သော်လည်း ဘုရားသခင်၏ အကြံတော်သည် မပြည့်စုံဘဲ မနေရ။ ထို့ကြောင့် ယခုပါလက်စတင်းနှင့် အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အောင်မြင်မည် မဟုတ်။ ကျမ်းစာ ကဘော်ပြ ထားသည် အတိုင်း စစ် ဖြစ်၍ ဗိမာန်တော် ကိုလည်း ပြန်ဆောက်မည်။ ခရစ်တော်လည်း အရှေ့ဘက်တံခါးပေါက်မှဝင်တော်မူမည်။ ထိုသို့ဖြစ်သောကြောင့် ယုံ ကြည် သူများ အနေဖြင့် ဘုရားသခင်၏ အကြံတော်များကို သိလျက် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ဘို့ သာလျှင် ရှိသည်။ 

 
 
 
 
 
 
 

 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG