
ဤစာစောင်၌....
အမှာစာ
အသင့် ပြင်ထားကြပြီလော
ကျမ်းစာ လေ့လာခြင်း
ကယ်တင်ခြင်းသို့ ရောက်စေသော နောင်တရခြင်
ဘုရား၏ စိတ်တော် နာစေကြသလား
လူငယ်ကျမ်းစာ သင်တန်း
ချီဆောင်ခြင်းခြင်းနှင့် ပတ်သက်သော ကမ္ဘာ့ သတင်းများ
အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤစာစောင်ကို ဖတ်ရှုရသော အခွင့်ကို ရကြသေးသည်။ ဘေးဒဏ်ကြီး ကာလနှင့် နီးလေလေ၊ ဤလောက၌ ဒုက္ခ ပြသနာများလာလေလေ ဖြစ်သည်။ အလုပ်အကိုင် ရှားပါးခြင်း၊ သဘာဝ ဘေးဒဏ်များ ပို၍ ပို၍ များပြားခြင်း နေ့စဉ်နှင့် အမျှတွေ့မြင်ခံစား နေရ ကြသည်။ လောလောဆယ်အစဉ်ပြေသော်လည်း မကြာမှီ ပြသနာ တွေ့နိင် ကြသည်။
သို့သော် ဘုရားသခင်ကို ယုံကြည် အားကိုးသောသူများအတွက် ကြောက်စရာ ထိတ်လန့်စရာ မရှိချေ။ ဆာလံကျမ်း၌ ရေးထားသည့်အတိုင်း၊ “ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည် ကာလ အထူူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက် ရှိ၏။ ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့ သွား၍ တောင်များ တုန်လှုပ်လျက် သမုဒ္ဒရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်း မရှိ။ သမုဒ္ဒရာရေသည်ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါလေစေ။ မြစ်တ မြစ်ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့ တည်းဟူသော အမြင့်ဆုံးသော ဘုရားကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏။ ထိုမြို့သည် ဘုရားသခင်က ျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်း သောက်လင်းစ၌ ဘုရားသခင်ကူမတော်မူ လိမ့်မည်။ လူမျိုးတို့သည်ဟုန်းဟုန်း မြည်ကြ၏။ တိုင်း နိင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေ ကြီးသည် အရည် ဖြစ်လေ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်တော်မူ၏။” (ဆာ ၄၆:၁ -ရ)
ထို့ကြောင့် ဘုရားရှိသရွေ့ဘယ်လိုအခြေအနေမျိုး၌ မဆိုကြောက်စရာ မလိုပေ။ အကြောင်းမူကား ဘေးဒုက္ခနှင့် ပြသနာ များသည် သူခွင့်ပြုချက်မရဘဲ မရှိနိင်။ အရာခပ်သိမ်းသည် သူ့လက်ထဲ၌ ရှိသည် ဖြစ်၍ သူကို အားကိုးသောသူသည် ကြောက်လန့်စရာ မရှိချေ။ ထာဝရဘုရားကို ခိုလှုံဘို့ သာလိုအပ်သည်။ ထာဝရဘုရား ထံတော် မှငြိမ်သက်ခြင်းသည် ဤစာရှုသူအရောက်တိုင်း အပေါ် သက်ရောက်ပါစေသော်။
အသင့် ပြင်ထားကြပြီလော
Moses R Cung
ချီဆောင်ခြင်း မရောက် သေးသောကြောင့် ဤစာစောင်ကို မိတ်ဆွေ ဖတ်ရှုရခြင်း ဖြစ်သည်။ ချီဆောင်ခြင်းသို့ ရောက်ပြီးပါက ယခုကဲ့သို့ စာဖတ်စရာမလိုတော့ဘဲ ဘုရားသခင်နှင့် သူ၏ အကြံအစည်များကို ရှင်းရှင်းလင်းလင်း သိရှိ နားလည်မြင်တွေ့ခံစားရမည် ဖြစ်သည်။ ထိုမြော်လင့်ခြင်းသည် ယုံကြည်သူ တိုင်း၌ ရှိသင့်သည်။
သခင် ခရစ်တော်သည် ဣသရေလ များ၏ပွဲ ရမျိုးတွင် ပဌမဦးဆုံး ပွဲ ဖြစ်သော ပသခါပွဲခံချိန်တွင် ပသခါသိုးသူငယ်အဖြစ် အသေခံ ခဲ့သည် (၁ ကော ၅:ရ)။ ထိုပသခါပွဲသည် သူတို့၏ ပဌမ လ တည်းဟူသော နိသန်လ ( မြန်မာလိုတန်ခူးလ) မတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းတွင် ကျရောက်သည်။ ဣသ ရေလများ၏ ပွဲများသည် ပသခါပွဲ၊ အဇုမ ( တဆေးမဲ့မုန့်ပွဲ)၊ အဦးသီးသော အသီးပွဲ၊ ပင်တေကုတ္တေ ပွဲ၊ တန်ပိုးမှုတ်ပွဲ၊ အပြစ် ဖြေရာနေ့နှင့် သကေနေပွဲ (တဲပွဲ) များဖြစ်သည်။
ထိုပွဲ ရ မျိုးတွင် ပဌမ ၃ ပွဲသည် ပဌမလတွင် ကျင်းပ၍ ပသခါပွဲ ( ခရစ်တော် အသေခံခြင်း)၊ အဇုမပွဲ ( ခရစ်တော်မြုပ်နှံခြင်း)၊ အဦးသီးသော အသီးပွဲ ( ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း) တို့သည် ခရစ်တော်၌ ပြည့်စုံခဲ့ကြပြီ။ တတိယလတွင် ကျင်းပသော ပင်တေကုတ္တေ ပွဲလည်း သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ ပြည့်စုံခဲ့ပြီးပြီ။ ကျန်သော သုံးပွဲတို့ကို သတ္တမလ တည်းဟူသော ထီးစရီးလ (သတင်းကျွတ်လ) စက်တင်ဘာလနှောင်းပိုင်း အောက်တိုဘာလစောပိုင်းတွင် ကျင်းပလေ့ရှိသည်။ ထိုပွဲများသည် မပြည့်စုံသေးဘဲ အနာဂတ်၌ရှိသေးသည်။ ထိုပွဲများ မှာတန်ပိုးမှုတ်ပွဲ ( အသင်းတော်အတွက် ချီဆောင်ခြင်း၊ ဣသရေလများအတွက် သူတို့ နိုင်ငံသို့ ပြန်လာခြင်း)၊ အပြစ်ဖြေရာနေ့ ( ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ ဣသရေလ လူများ၏ အပြစ်ရှိသမျှကို ဖြေလွှတ်မည်)၊ သကေနေပွဲတဲပွဲ (အနှစ် ၁၀၀၀ ကာလ၌ လူတိုင်း မိမိတို့ဆောက်သော အိမ်၌နေ၍ မိမိတို့ စိုက်သောအပင်များ အောက်၌ထိုင်ခြင်း) တို့ဖြစ်သည်။ ထိုပွဲများသည် မပြည့်စုံသေးဘဲ မကြာမှီ ပြည့်စုံမည့် အရာများဖြစ်သည်။ ခရစ်တော်သည် ပသခါ ကျင်းပချိန်တန်ခူးလ၌ အသေခံလျှင် တံပိုးမှုတ်ပွဲခံချိန် ထီးစရီးလ (သတင်းကျွတ်လ) အောက်တိုဘာလ၌ လာနိင်စရာ အကြောင်းရှိသည်။ ထိုသို့ပြောသောအခါ အချိန်သတ်မှတ်ခြင်း မဟုတ်ပါ။ သို့သော် ထိုအချိန်နှင့် ကိုက်ညီအောင် လာနိုင်သည်။ စိတ်ဝင်စားစရာကောင်းသည်။
ခရစ်တော်က၊ “ထိုအချိန် နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ၊ ငါ့ခမည်းတော် တပါးတည်း သာသိတော်မူ၏။” No one knows about that day or hour, not even the angels in heaven, nor the Son, but only the Father” (မဿဲ ၂၄:၃၆) ဟုဆိုထားရာတွင် အချိန်နှင့် နာရီ (day and hour)ကို အဘယ်သူမျှမသိ ဟုဆိုသည်။ ထိုအရာကိုသာ လူအများစုကသိ၍ ခရစ်တော် ကြွလာမည့်အချိန်ကို စိတ်မဝင်စားကြ၊ သို့မဟုတ် ခရစ်တော်ကြွလာမည့်အချိန်ကို ပြောလျှင် ချက်ခြင်း အထင်လွဲတတ်ကြသည်။ ဟုတ်ပါသည် အချိန်နှင့် နာရီကို အဘယ်သူမျှ မသိနိုင်၊ သတ်မှတ်ဘို့လည်း မဟုတ်ပါ။ သို့သော် ခရစ်တော်၏ အခြားသော စကားများကိုလည်း အလေးထားလေ့လာဘို့ လိုသည်။
ခရစ်တော်က၊ “သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက် ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။ ထို့နည်းတူ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။” (မဿဲ ၂၄:၃၂-၃၃) ဟု မှာထားသောအရာကို မေ့ထားတတ်ကြသည်။ လူသားသည် တံခါးဝ၌ ရောက်တော်မူကြောင်းကို သိဘို့မလိုသလော။ ခရစ်တော်က မသိစေလိုသလော။ ထိုသို့ မသိသောသူများကို၊ ခရစ်တော်က ဤသို့ ဆိုထားသည်၊ “လူသားသည် ကြွ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍ ရေလွှမ်းမိုးခြငး်သည် ရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကြွ လာသောအခါ ဖြစ်လိမ့်မည်။” (မ ၂၄:၃ရ- ၃၉)။
ရှင်ပေါလုကလည်း၊ “သူခိုးသည် ညအခါလာ သကဲ့သို့ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏။ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက်သကဲ့သို့ သူတို့ အပေါ်၌လျှင် မြန်စွာသော ပျက် ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ သို့သော်လည်း ညီအစ်ကိုတို့ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည့် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ည၏သား မှောင်မိုက်၏သား မဟုတ်။ သို့ဖြစ်၍ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာ သတိရှိ၍ စောင့်ကြကုန်အံ့။ အကြောင်းမူကား အိပ်ပျော်သော သူတို့သည် ညအခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။ နေ့၏သား ဖြစ်သော ငါတို့ မူကား သမ္မာသတိ ရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်း တည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း တည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။” ဟုဆိုထားသည် (၁ သက် ၅:၂-၈)။
မယုံကြည်သောသူများ သတိမဲ့နေခြင်းသည် သဘာဝ ကျပါသည်။ သို့သော် ယုံကြည်သူများသတိမဲ့နေခြင်းသည် လုံးဝ မဖြစ်သင့်သောအရာ ဖြစ်သည်။ သမ္မာသတိရှိဘို့ ပြောထားသည်။ ထို့ကြောင့် ယခုအချိန်တွင် အခြားသောအရာထက် သခင်ဘုရားကြွလာမည့် အရာကိုသာ မြော်လင့်သင့်သည်။ နှစ်ရှည် လများအတွက် စီမံကိန်းများ ထား၍ အလုပ်ဆောင်သင့်တော့ချေ။ ထို့ထက် ကယ်တင်ခြင်း အကြောင်းကို မသိသောသူများ ထံဝေငှသင့်သည်။
ကျမ်းစာ လေ့လာခြင်း
Moses R Cung
ရောမ အခန်းကြီး ၈:၁၈ ၌ “ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကို ထောက်သော် ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမပြု ထိုက်ဟု ငါသဘော ရှိ၏။ “For I consider that the sufferings of this present time are not worth comparing with the glory that is to be revealed to us.”
ယုံကြည်သူများအတွက် ယခုဘဝသည် မိတ်ဆက်ဘဝ၊ ခဏသာအသက်ရှင်ရသောဘဝဖြစ်၍ နောင်ဘဝသည် အမှန်တကယ် ခံစားရမည့်ဘဝ၊ ထာဝရဘဝဖြစ်သည်။ ယခုဘဝသည် ဟင်း မြည်းစမ်းသည့် သဘောဖြစ်၍ အမှန်တကယ် ထမင်းစားသောအရာ မဟုတ်သေးချေ။ ထို့ကြောင့် ယခုဘဝ၌ မိမိတို့၏အချိန်၊ ဘဏ္ဍာ၊ စွမ်းအားရှိသမျှကို အသုံးမပြုသင့်ချေ။ ခရစ်တော် ပေါ်ထွန်းသောအခါ ယုံကြည်သူများသည် ဘုန်းနှင့် ပြည့်စုံမည် ဖြစ်သည်။ ယခုဘဝ ၌ ဆင်းရဲ ခံ၍ လာမည့်ဘဝ၌ ဘုန်းအသရေနှင့် ပြည့်စုံမည်ဖြစ်သည်။ ကျောင်းသား ဖြစ်စဉ်တွင် ကိုယ်ဖြစ်ချင် သလိုမဖြစ်၊ စာကြိုးစားရသည်၊ သူငယ်ချင်းများ နှင့်လည်း ဆော့ကစား၍မရ၊ သွားချင်သော နေရာသို့ မသွားရ၊ စာကိုသာ တကုန်းကုန်းနှင့် ကြည့်ရသောကြောင့် ဆင်းရဲသည်ဟု ခံစားရသည်။ သို့သော်ဘွဲ့ရ၍ အလုပ်ကောင်းကောင်း ရသောအခါ ကျောင်းသားဖြစ်စဉ်ဆင်းရဲ ခဲ့သမျှ၊ ချုပ်တည်း ခဲ့သမျှသည် တန်သည်ဟု သိရသည်။ ထိုသို့မဟုတ်ဘဲ ကျောင်းသား ဖြစ်စဉ်စာမ ကြိုးစား မိမိကြိုက်နှစ်သက် သလိုအသက်ရှင်၍ အပျော်ကျူးသောသူသည် စာမတတ်သောကြောင့် တသက် လုံးအလုပ်သမားဘဝဖြင့် ပင်ပန်းစွာ အသက် မွေးဝမ်းကြောင်း ပြုရသည်။ ထိုနည်း တူ ယခုဘဝ ၌ အပျော်ကျူးသော ယုံကြည်သူများလည်း ခရစ်တော် ကြွ လာသောအခါ အရှက်တကွဲ အကျိုးနည်းမ ဖြစ်ရလေအောင် ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ကိုသည်း ခံကြစို့။
ရော ၈:၁၉၊ “ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။”For the creation waits with eager longing for the revealing of the sons of God.“ဤလောက” ဟူသောအရာသည် ဖန်ဆင်းသောအရာ အားလုံးကို ဆိုလိုသည်။ ထို့ကြောင့် ဖန်ဆင်းသောအရာ အားလုံးသည် ဘုရားသခင်၏သားတို့ ပေါ်ထွန်းခြင်းကို အလွန် တောင့်တမြော်လင့်သည် ဟုဆိုသည်။ ဘုရားသခင်၏သားများသည် ယုံကြည်သူများကို ဆိုလိုသည်။ ယုံကြည်သူများ၏ ပေါ်ထွန်းခြင်းသည် ခရစ်တော် ဒုတိယအ ကြိမ်ကြွ လာသောအခါ၊ ယုံကြည်သူများလည်း လိုက်ပါလာမည့် အရာကို ဆိုလိုသည်။ အဘယ့်ကြောင့်ထိုအချိန်ကို ဖန်ဆင်းသောအရာ အားလုံးက အလွန် တောင့် တသနည်း။ ထိုအရာကို ဆက်လက်၍ ဖေါ်ပြပါမည်။
ရောမ ၈:၂၀၊ “ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည်မဟုတ်။”For the creation was subjected to futility, not willingly” ဤလောက တည်းဟူသော ဖန်ဆင်းသောအရာ အားလုံး (ကောင်းကင်နှင့် မြေကြီး အပါအ ဝင်မြေကြီး ပေါ်၌ ရှိသမျှသောအရာ အားလုံး )သည် အနိစ္စနိုင်ငံ တည်းဟူသော “ပျက်စီးခြင်း” သို့သွားနေသည်။ ထိုသို့ ပျက်စီးခြင်းသို့ ဦးတည်ခြင်းသည် အလိုလိုသွားသည်မဟုတ်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသောအခါ အကောင်းနှင့် ဖန်ဆင်းခဲ့သည်။ ထို့ကြောင့် အသစ်သောအရာ ဖန်ဆင်းပြီး တိုင်း “ကောင်းသည်” ဟုဆိုသည် (ကမ္ဘာဦး ၁:၄၊ ၁၀၊ ၁၂၊ ၁၈၊ ၂၁၊ ၂၅၊ ၃၁)။ သို့သော် လူသည် ဘုရားစကား နားမထောင်၊ ဘုရား၏ ရန်သူ စာတန် စကား နားထောင်သောကြောင့် လူသာမက ဖန်ဆင်းသော အရာများလည်း ကျိန်ခြင်း ခံခဲ့ ရသည် (ကမ္ဘာဦး ၃:၁၆-၁ရ)။ ထို့ကြောင့် ဖန်ဆင်းထားသော အရာများလည်း ပျက်စီးခြင်းသို့ ဘုရား၏ အမိန့်တော်ကြောင့် ဦးတည်သွားနေရသည်။ ထိုသို့ ပျက်စီးခြင်းသို့ သွားဘို့ရန် ခန့်ထားသောကြောင့် ယုံကြည်သူများအနေဖြင့် ဤလောကကို မချစ်ဘို့ ဘုရားသခင်က သတိပေးပြောကြားခြင်း ဖြစ်သည်။
ဤလောကသည် ဘုရားသခင်က ဖန်ဆင်း၍ လူကို ပေးအပ်ခဲ့သော်လည်း လူက စာတန်ကို ဆရာတင်လိုက်သောကြောင့် ယခုအခါ စာတန်အပိုင် ဖြစ်သွားပြီ။ ထိုအရာကို စာတန်ကသခင်ယေရှု ထံဂုဏ်ယူ ဝင့်ကြွားစွာ ဤကဲ့သို့ ရောင်း ခဲ့သည်၊ “တဖန် မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို ခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ (အာဒံကအပ်ခဲ့ပြီ)။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက် လေ၏။” (လု ၄:၅ -ရ)။ သို့သော် သခင် ခရစ်တော်သည် မာရ်နတ်ပေးသော ဤလောကကို လက်မခံခဲ့ပေ။ အကြောင်းမှာ ထိုသို့ လက်ခံလိုက်ပါက မာရ်နတ်ကို ကိုးကွယ်ဘို့ လိုမည်။ ထိုမျှသာမက ဤလောကသည် စာတန်က ဦးဆောင် သောကြောင့် ပျက်စီးခြင်းသို့ ဦးတည်နေသည်။ ထို့ထက် ဤလောက ကိုသူ ကိုယ်တိုင် ဒုတိယအကြိမ် ကြွ လာသောအခါ ပြန်လည် သိမ်းပိုက်မည် ဖြစ်သည်။ ထို့ကြောင့် ဤလောက၌ ဧည့်သည် အဂန္တုကဲ့သို့ ဆင်းရဲစွာ နေခဲ့သည်။
ရောမ ၈:၂၁၊ “ဘုရားသားတို့၏ ထူးမြတ်သော လွှတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည့်ဟု မြော်လင့်ရသော အခွင့်ကို ပေး၍ အနိစ္စနိင်ငံသို့ လိုက်စေသော မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။” “but because of him who subjected it, in hope that the creation itself will be set free from its bondage to corruption and obtain the freedom of the glory of the children of God” အထက်ပါ ကျမ်းပိုဒ်၌၊ “ဘုရားသားတို့၏ ထူး မြတ်သော လွှတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည့်ဟု မြော်လင့်ရသော အခွင့်ကို ပေး၍၊ အနိစ္စနိင်ငံသို့ လိုက်စေတော်မူသောသူ၏” ဟူသောစကားစုသည် ဤလောကကို အနိစ္စနိင်ငံသို့ လိုက်စေသောသူ တည်းဟူသော ဘုရားသခင်၏ အလိုတော်ကို အထူးပြုသောစကားစုဖြစ်သည်။ ထိုစကားစုအရ ဘုရားသားများ တည်းဟူသော ယုံကြည်သူများသည် ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့အောက်၌ ရှိနေကြောင်း ဖေါ်ပြထားသည်။ ထို့ကြောင့်လွတ်လပ်မှုမရှိ၊ ဘုရားအလိုတော်အတိုင်း မလိုက်လျှောက်နိုင်။ ထိုအနှောင်အဖွဲ့ မှလွတ်ငြိမ်းချမ်းသာခွင့်သည် ယုံကြည်သူများ၏ မြော်လင့်ချက်ဖြစ်သည်။ သို့သော် များစွာသော သူတို့သည် ထိုအနှောင်အဖွဲ့ထဲမှလွတ်ဘို့ထက် ထိုအနှောင် အဖွဲ့ထဲ၌ ပျော်မွေ့ နေကြခြင်းသည် အံ့ဩစရာ ဖြစ်သည်။
ရောမ ၈:၂၂၊ “ဤလောက တနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒ နာကို ခံရသည်ဟု ငါတို့သိကြ၏။”For we know that the whole creation has been groaning together in the pains of childbirth until nowd” မြန်မာကျမ်းစာ၌ “ဤလောကသည် ယခုတိုင်အောင် ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာ ခံသည်” ဟုဆိုသော်လည်း အင်္ဂလိပ်ကျမ်းစာ၌ “ဖန်ဆင်းခြင်း အရာအားလုံး သည် ခလေးမွေးနာကြောင့် အော်ဟစ်နေသည်” ဟုဆိုသည်။ အထက်၌ ပြောသည့်အတိုင်း ဖန်ဆင်းသောအရာအားလုံး (ကမ္ဘာနှင့်မိုးကောင်းကင် နက္ခတ်တာရာအားလုံး) သည် လူ၏ အပြစ်ကြောင့် ကျိန်ခြင်းခံရ၍ ပျက်စီးခြင်းသို့ ဦးတည်နေသည်ဟု သိရပြီ။ ထို့ကြောင့် ဖန်ဆင်းသောအရာ အားလုံးသည် အသစ်ပြန်လည် မွေးဘွားဘို့ လို အပ်သည်။ ထိုသို့ မွေးနိုင်ဘို့ရန်သား ဖွားခြင်း ဝေဒနာ ခံခြင်းသည် ယခုခေတ်တွင် ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ထိုအရာများသည် ပင်လယ်လှိုင်းတန်ပိုးထခြင်း၊ လေမုန်တိုင်း တိုက်ခတ်ခြင်း၊ မြေကြီးလှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးများလွန်းသောကြောင့် မြေပြိုခြင်း၊ မြစ်ရေကြီးခြင်း၊ အပူလှိုင်းရိုက်ခတ်ခြင်း၊ ငြိမ်းသတ်၍ မနိင်နိုင်သော တောမီးလောင်ခြင်း၊ မြေကျွန်၍ တွင်းများပေါ်ခြင်း၊ အလွန်ထူသော နှင်းများကျခြင်း၊ အအေးလွန်ကဲခြင်း၊ စသောအရာများသည် ယခုရာစု အထူးသဖြင် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် တွေ့ရသည်။ ထို့အပြင် အာကာသကောင်းကင်၌လည်း ထူးဆန်းသောအရာများ ပို၍ ပို၍ တွေ့ ရသည်။ ခလေး မွေးခါနီးလေလေ မိခင်သည် နာလေလေ၊ အနာစိပ်လေလေ၊ ဖြစ်တတ် သကဲ့သို့ ယခုဖန်ဆင်းသော အရာများလည်း ဖေါက်ပြန်လျက် ပို၍ပို၍ ပြင်းထန်လေလေ ဖြစ်သည်။ သို့ ဖြစ်လျှင် မည်သည့်အချိန်၌ ဖန်ဆင်းသောအရာ အားလုံး သည် ဒုတိယအကြိမ် မွေးဖွားမည်နည်း။ ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ ၌ ဖြစ်မည်။
ကျမ်းစာ၌ ဤသို့ ရေးသား ထားသည်၊ “ကြည့်ရှုလော့၊ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတံ့သောအရာ ကြောင့်သင်တို့သည် အစဉ်အမြဲဝမ်းမြောက် ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်း ငှါငါဖန်ဆင်း၏။ ငါသည်လည်း ယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။ ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ အသက် မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တရာရှိလျက် သေလျှင် ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏။ ထို သူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေရကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူနေရမည် မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူစားရမည် မဟုတ်။ ငါ၏ လူတို့ အသက်သည် သစ်ပင်၏ အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင် ရကြလိမ့်မည်။ ငါရွေးကောက်သော သူတို့သည် အချည်းနှီးမလုပ်ဆောင်ရ ကြ။ အသက် တိုသော သားကို မဘွားမမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီး မင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့ မခေါ်မှီကပင်ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။ တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းဍှင်းဆဲခြင်း ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၅:၁ရ-၂၅)
အထက်ပါ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်သည် အနှစ်တစ်ထောင် ကာလကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ အောက်ပါအချက်များအားဖြင့် သိရသည်။
၁။ အသက် တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အသက်ရေတွက်ခြင်းရှိသေးသည်။ ထာဝရကာလ၌ အသက်ရေတွက်ခြင်းရှိတော့မည်မဟုတ်။ ထိုမျှသာမက သေခြင်းရှိသေးသည်။
၂။ အပြစ်ရှိသောသူသည် အသက်တရာရှိလျက် သေလျှင် ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏၊ ကျိန်ခြင်းရှိသေးသည်။ ထာဝရကာလ၌ ကျိန်ခြင်း မရှိတော့ချေ။
၃။ ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေရကြလိမ့်မည်၊ အိမ်ဆောက်ရ ဦးမည် ဖြစ်သောကြောင့် မြေကြီးပေါ်၌ ရှိကြသေးသည်။
၄။ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူစားရမည် မဟုတ်။ စပျစ် ဥယျာဉ်စိုက်၍ စားရကြဦးမည်။ ထာဝရ ကာလ၌ စားသောက်ခြင်းရှိတော့မည် မဟုတ်။
၅။ ငါ၏ လူတို့ အသက်သည် သစ်ပင်၏ အသက် ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သော သူတို့သည် အချည်းနှီးမလုပ်ဆောင်ရကြ သစ်ပင်၏ အသက် ကဲ့သို့ လူ့အသက် ရှည်ဦးမည် ဟုဆိုသောကြောင့် ထာဝရ ကာလ မဟုတ်သေးကြောင်း ထင်ရှားသည်။ ထိုအပြင်လုပ်ဆောင်မှု ရှိသေးသည်။
၆။ အသက် တိုသော သားကို မဘွားမမြင်ရကြ။ မွေးဘွားခြင်းရှိသေးသည်။ ထာဝရကာလ၌ မွေးဘွားခြင်း မရှိတော့ချေ။
ရ။ တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား မြေမှုန့်ကိုသာ စားရလိမ့်မည်။ တိရစ္ဆာန်များရှိသေးသည်။ ထာဝရ ကာလ၌ တိရစ္ဆာန်များရှိစရာ အကြောင်းမရှိ။ အနှစ်တစ်ထောင်ကာလသည် ဘုရားသခင်က မြေကြီးကို ဖန်ဆင်းစကကဲ့သို့ အချို့သော အရာများ ပြန်လည် ဖြစ်မည်။ ဖန်ဆင်းစလူအပြစ် မလုပ်မှီ၌ ဤကမ္ဘာကြီး၌ သားရဲမရှိ၊ တိရစ္ဆာန်လောက၌လည်း ကိုက်စားခြင်းမရှိ။ လူလည်း အသက် ရှည်၍ အနာရောဂါမရှိခဲ့။ ထိုအရာမျိုးအနှစ်တစ်ထောင်ကာလ၌ ပြန်လာမည် ဖြစ်သည်။ ထိုအရာကို မိုးကောင်းကင်သစ် မြေကြီးသစ်ဟု ခေါ်သည်။ အကြောင်းမှာ စာတန်ကဖျက်ဆီးခဲ့သော ကမ္ဘာနှင့် ကွာခြား၍ ဘုရားသခင် အုပ်စိုးသော ကမ္ဘာ ဖြစ်သောကြောင့် ဖြစ်သည်။
ရောမ ၈:၂၃၊ “ထိုမျှသာမက ဝိညာဉ်တော်၏ ကျေးဇူးတော် အစအ ဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်း တည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်းသာကို မြော်လင့်၍ စိတ်နှလုံးအထဲ၌ ညည်းတွားလျက် နေကြ၏။” And not only the creation, but we ourselves, who have the firstfruits of the Spirit, groan inwardly as we wait eagerly for adoption as sons, the redemption of our bodies. “ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်” ဤအရာသည် ဝိညာဉ်ပိုင်း၌ ယုံကြည်သူများ ဒုတိယအကြိမ် မွေးဘွားခြင်းကို ဆိုလိုသည်။ “ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်းသာကို မြော်လင့်၍ စိတ်နှလုံး အထဲ၌ ညည်းတွားလျက်နေကြ၏။” ကိုယ်ခန္ဓာရွေးနှုတ်ခြင်းသည် ချီဆောင်ခြင်း၌ ကိုယ်ခန္ဓာပြောင်းလဲမည့် အရာကို ဆိုလိုသည်။ ယခုအခါ ဒုတိယ မွေးဘွားသော်လည်း ကိုယ်ခန္ဓာ၌ အားနည်းခြင်း၊ ဖျားနာခြင်း၊ ချို့တဲ့ခြင်းများရှိနေသေးသည်။ ထို့ကြောင့် ယုံကြည်သူ ဖြစ်သော်လည်း ထိုဆင်းရဲဒုက္ခများကြောင့် ညည်းတွားနေရသေးသည်။ ထိုအခါတွင်မူကား ပြည့်စုံသော ကိုယ်ခန္ဓာ၊ ဝိညာဉ်ကိုယ်ခန္ဓပိုင်ရှင်များ ဖြစ်လာ၍ မဖျားမနာ၊ မအိုမသေနိုင်တော့သော ကိုယ်ခန္ဓာရရှိကြမည် ဖြစ်သည်။ ယုံကြည်သူများအနေဖြင့် ထိုအရာကို မြော်လင့်သင့်သော်လည်း မယုံကြည်သူများနည်းတူ ပျက်စီးတတ်သော ဤလောကကို၎င်း၊ ဖျားနာရာမှခဏကျန်းမာခြင်းကိုသာ၎င်း၊ မြော်လင့်တတ်ကြသည်။ ယခုအချိန်မှစ၍ မအိုမနာမသေနိုင်သော ကိုယ်ခန္ဓာရမည့် နေ့ကိုသာ မြော်လင့်ကြစို့။ ထိုနေ့သည် မကြာတော့ပါ။ ရက်ပိုင်း၊ လပိုင်း၊ နှစ်အနည်းငယ်အတွင်း၌ ရောက်တော့မည်ဖြစ်သည်။
ရောမ ၈:၂၄၊ “ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။” ငါတို့သည် မြော်လင့်ခြင်းအားဖြင့် မည်ကဲ့သို့ ကယ်တင်ခြင်းသို့ ရောက်ကြသနည်း။ ထိုကယ်တင်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်း၊ ဒုတိယမွေးဘွားခြင်းကို ဆိုလိုသည်မဟုတ်။ အထက်၌ ဖေါ်ပြသော ကိုယ်ခန္ဓာကယ်တင်ခြင်း၊ ဘုန်းဝင်စားမည့်အရာ ဤလောက လူမှုဒုက္ခအပေါင်းမှ ကယ်တင်ခြင်းကို ဆိုလိုသည်။ ထိုမြော်လင့်ခြင်းရှိသော သူတို့သည် ယခုခဏခံရသော ဒုက္ခများက ပြသနာ မပေးနိုင်တော့ချေ။ ယခုခံရသော ဒုက္ခများသည် အလွန် ပေါ့ပါးသည် ဟုဆိုသည်။ ရှင်ပေါလုက၊ “ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း အတွင်းလူမူကား တနေ့ထက်တနေ့ပြုပြင်ခြင်းကို ခံရ၏။ အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက် ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဘို့ ဖြစ်စေတတ်၏။” ဟုဆိုခဲ့သည် (၂ ကော ၄:၁၆-၁၈)။
အဘယ်ကြောင့်ပေါလုက ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခ ဟုဆိုနိင်သနည်းဟူမူကား အနာဂတ်၌ ခံစားရမည့်ဘုန်းသည် အလွန်ကြီးမြတ်လွန်းသောကြောင့် ဖြစ်သည်။ ထိုဘုန်းနှင့်နှိုင်းယှဉ်ပါက ယခုခံရသော ဆင်းရဲဒုက္ခသည် မပြောပလောက်ပေ။ မိတ်ဆွေလည်း ထိုဘုန်းခံစားမည့်အရာကို မြော်လင့်သောအားဖြင့် ဒုက္ခဆင်းရဲခြင်းများကို ပေါ့ပါးသည်ဟု ခံစားနိုင်ရန် ဝိညာဉ်တော်ဘုရား ဖေါ်ပြတော်မူပါစေသော်။
ကယ်တင်ခြင်းသို့ ရောက်စေသော နောင်တရခြင်း
ဆရာဂိဒေါင် (ဒါရမ်မြို့၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်)
သမ္မာကျမ်းစာထဲတွင် နောင်တရဘို့ရန် အရမ်းအရေးကြီးသည့် အကြောင်း ကြိမ်ဖန် များစွာ ဖေါ်ပြထားသည်။ ၂ ပေ ၃:၉ တွင်၊ “ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်း ငါှအလိုတော် ရှိ” ဟူ၍၎င်း၊ တ ၂:၃ရ တွင်၊ “ပေတရုကလည်း သင်တို့၏ အပြစ်ကို လွတ် စေခြင်း ငါှ နောင်တရ၍ --” စသည်ဖြင့် နောင်တရဘို့ လိုအပ်ကြောင်း ဖေါ်ပြထားပါသည်။ သို့သော်လည်း နောင်တရတိုင်း ကောင်းကင်နိင်ငံတော်သို့ ရောက်မည်လော၊ မရောက်ပါ။ ရောက်မည်မှန်ပါက အရက်သောက်ရာမှ နောင်တရသူ၊ ခိုးယူခြင်းမှ နောင်တ ရသူ၊ မိန်းမယောက်ျားမှားယွင်းခြင်းမှ နောင်တရသူ၊ မူးယဇ်ဆေးဝါဒသုံးစွဲရာမှနောင်တ ရသူစသဖြင့် အမျိုးမျိုးကြောင့် နောင်တရသူတိုင်း ကောင်းကင်နိင်ငံသို့ ရောက်ကြမည့် သဘော ရှိသည်။ သို့သော် ဘုရားသခင်လိုချင်သော နောင်တရခြင်းကို နားမလည် သောကြောင့် မိမိထင်မြင်ချက် အရအပြစ် မှနောင်တ ရရမည်။ အပြစ်ကို ပြန်လုပ်မိပါက နောင်တ မရသေးဟု ထင်ကာကောင်းကင်ကို နိင်ငံကို တက်လိုက်ဆင်းလိုက်လုပ်တတ်ကြသည်။ ထု့ိကြောင့် ကယ်တင်ခြင်းသို့ ရောက်စေသော နောင်တရခြင်း တနည်းကား ကောင်းကင်နိင်ငံတော်သို့ ရောက်နိင်သော နောင်တရခြင်းကို ခွဲခြား နားလည် သဘောပေါက်နိင်ရန် ဤခေါင်းစဉ်လေးနဲ့တကွရှင်းလင်းဖော်ပြလိုပါသည်။
သမ္မာကျမ်းစာ အရနောင်တ တရား၏ ဆိုလိုရင်းအဓိပ္ပါယ်ကို ခွဲခြား လေ့လာကြပါစို့။ သမ္မာကျမ်းကို ဂရိ၊ ဟေဗြဲ၊ လက်တင်ဘာသာစကားဖြင့် ရေးသား ပြုစုထားပါသည်။ ထို့ကြောင့် မူရင်းစကား လုံး၏ အဓိပ္ပါယ်ကို တူူးဖေါ်လေ့ လာနိင်မှသာ ရှင်းလင်းစွာ သိနားလည်နိင်မည် ဖြစ်သည်။ နောင်တ တရားကို ဂရိဘာသာစကားဖြင့် ဆိုလျှင် “ြနအေညသငေ” ဟု ရေးသား ထားသည်။ စကား လုံး နှစ်ခုပေါင်းထားခြင်း ဖြစ်သည်။ ရှေ့စကား လုံး ဖြစ်သော “ြနအေ”၏ အဓိပ္ပါယ် မှာအင်္လိပ်လို “ခ့ေညါန” မြန်မာလို “ပြောင်းသွားခြင်း” ဟူ၍ အဓိပ္ပါယ်ရသည်။ နောက်ဆက်တွဲစကား လုံးမှာ “ညသကျ” အင်္လိပ်လို “ာငညိယ သစငညငသည” မြန်မာလို “စိတ် သဘော ထား၊ ထင်မြင်ယူဆချက်” ဟု အနက်အဓိပ္ပါယ် ရသည်။ ထို့ကြောင့် သမ္မာကျမ်းစာ အရနောင်တ ရခြင်း ဆိုသည်မှာ စိတ်ပြောင်းလဲခြင်း၊ ထင်မြင်ယူ ဆချက်ပြောင်းလဲခြင်း၊ သဘော ထားပြောင်းလဲခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။ လူမှာစိတ်ခဏခဏပြောင်းလဲတတ်သည်။ ထင်မြင်ချက်နှင့် သဘော ထားလည်း ခဏခဏပြောင်းလဲတတ်သည်။ ထိုသို့ဖြစ်လျှင် လူတယောက် စိတ်ပြောင်းလဲ တိုင်း ကောင်းကင်နိင်ငံသို့ ရောက်မည့် သဘော ရှိပြန်သည်။ ထို့ကြောင့် ကောင်းကင်နိင်ငံသို့ ရောက်ဘို့ရန် သမ္မာကျမ်းစာ ကမည်ကဲ့သို့ နောင်တရစေသနည်း။ ဆက်လက်လေ့လာကြပါစို့။
ကျွန်တော်တို့သည် မည်ကဲ့သို့သော ထင်မြင်ချက်၊ သဘော ထားအားဖြင့် ဘုရားသခင် ပြောင်းလဲစေချင် သနည်း။ ဘာသာတိုင်းကို ခြုံကြည့်ပါက ကြိုးစားအား ထုတ်နိင်မှ၊ ကောင်းရာကျင့်နိင်မှ၊ ကောင်းမှု ကုသိုလ်လုပ်နိင်မှသာလျှင်ကောင်းကင်ဘုံသို့ ရောက်နိင်မည်ဟု ထင်တတ်ကြသည်။ ခရစ်ယာန် အများစုသည်လည်း မိမိထင်မြင်ချက်အတိုင်း သွား လာတတ်ကြသည်။ အချို့သော ခရစ်ယာန် များသည် ယုံကြည် ရုံနှင့် မလုံလောက်သေး၊ ပညတ်တော်များကို လိုက်လျှောက်နိင်မှ သာလျှင် ကောင်းကင်နိင်ငံသို့ ရောက်မည်ဟု အမျိုးမျိုး ထင်တတ်ကြသည်။ အချို့မှာမူ ယေရှုခရစ် တော်ကို ယုံကြည်သည်၊ မိမိအတွက် သေခံသည်ဟု ယုံကြည်သည်။ သို့သော် ကောင်းကင် နိင်ရောက်ဘို့ရန် မသေချာ၊ ဇဝေဇဝါ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော်မိမိ ထင်မြင်သည့်အတိုင်း သွားသောကြောင့် လမ်းလွှဲကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ထိုအရာမှနောင်တ ရစေ ချင်သည်။ မိမိထင်မြင်ချက်အတိုင်း မသွားတော့ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း သွားဘို့ရန် နောင်တရစေချင်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်ကို လေ့လာဆွေးနွေကြပါစို့။
ကောင်းကင်နိင်ငံတော်သို့ ရောက်နိင်ဘို့ရန် ဘုရားသခင်က ကျွန်တော်တို့ကို မည်ကဲ့သို့ အလိုတော် ရှိသနည်း။ “သခင်သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ဟူ၍ ရှင်မဿဲ ရး၂၁တွင် ဖေါ်ပြထားပါသည်။ မိိမိထင်မြင်သလို၊ ယူဆသလိုကောင်း ကင်နိင်ငံတော်ကို ရောက်ဘို့ရန် မည်မျှပင်ကြိုးစားသော်လည်း လုံးဝ မရောက်နိင်ချေ။ ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်မှသာလျှင်ရောက်ရှိနိင်ပေမည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်ကို သိဘို့ရန် အလွန် လိုအပ်ပါသည်။
ရှင်ယောဟန် ၆:၂၉ တွင်၊ “ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသောသူ ( ယေရှုခရစ်)ကို ယုံကြည်ခြင်း အကျင့်ကား အလိုတော်နှင့် ညီသော အကျင့်တည်းဟု မိန့်တော်မူ၏။” ဤကျမ်းပိုဒ်၌ ဘုရားသခင်၏ အလိုတော်ကို တွေ့ရသည်။ ဘုရားသခင် စေလွှတ်တော်မူသောသူသည် ယေရှုခရစ် တော် ပင် ဖြစ်သည်။ ထိုယေရှုခရစ် တော်ကို ယုံကြည်ခြင်းအားဖြင့် ကောင်းကင်ဘုံ ရောက်စေခြင်းသည် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။
ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ကောင်းကင်နိင်ငံတော် ရောက်နိင်သည့်အကြောင်းသည် ကျမ်းစာထဲတွင် လုံးဝ မတွေ့ရချေ။ သို့ဖြစ်လျှင် ဘုရားသခင်က ပညတ်တော်ကို ဘယ်ကြောင့်ပေးသနည်း။ အဓိကရည် ရွယ်ချက်မှာအပြစ်ကို ထင်ရှားစေဘို့ရန် ဖြစ်သည်။ ရောမ ၃:၂၀ တွင်၊ “ထိုသို့ ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင် ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိင်ရာ” ဟူ၍ ရှင်းလင်းပြတ်သားစွာ ရေးထားသည်။ အကြောင်းမှာ လူသည် မိမိအခြေအနေမှန်ကို မသိနိင်သောကြောင့် ဖြစ်သည်။ မိမိကို မိမိသူတော် ကောင်းဟု ထင်မှတ်သောကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူ
၏ စိတ်နှလုံးယိုယွင်းပျက်စီးနေခြင်းကို သိသည်။ လူသည် အပြစ် ဇာတိရှိသောကြောင့် နေ့စဉ် နေ့တိုင်း၊ အချိန် တိုင်း၊ စက္ကန့်တိုင်း ကောင်းရာကို မလုပ်နိင်ကြောင်း ကိုလည်း သိသည်။ ထို့အတွက်ကြောင့် ဘုရားသခင်သည် သားတော် ယေရှုခရစ် တော်ကို ဤလောကသို့ စေလွှတ်ခြင်း ဖြစ်သည်။ လူမလုပ်နိင်၊ မတတ် နိင်သော အမှုကို လုပ်ဆောင်ပေးဘို့ရန် ဖြစ်သည်။ ကျွန်တော်တို့၏ အပြစ် အတွက်ကိုယ်စားပြုအသေခံ ပေးသည်။ လူမအောင်မြင် နိင်သော သေခြင်း ကိုလည်း ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အောင်မြင် နိင်ခဲ့ပြီ။
ရောမ ၆:၈-၉ တွင်၊ “ခရစ်တော်သည် သေခြင်းမှ ထမြောက်သောအခါ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။ သေခြင်း တရားသည် နောက်တ ဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်ငါတို့သည် ခရစ်တော်နှင့်အတူ သေလျှင် ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟု သဘော ရှိကြ၏။” ဟုဆိုထားသည်။ ထို့ကြောင့် ကျွန်ပ်တို့ မလုပ်ဆောင်နိင်သောအရာ မှန်သမျှ အတွက် ကိုယ်စား ပြုလုပ် ဆောင်ပေးသော သခင် ခရစ်တော်ကို ယုံကြည် လက်ခံခြင်းသည် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ယောဟန် ၃:၃၆ တွင်၊ “သားတော်ကို ယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။ သားတော် ( ယေရှုခရစ် တော်)ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ၊ ” ဟုဆိုထားသည်။ ယေရှုခရစ် တော်ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည် လက်ခံရုံဖြင့် မည်မျှပင်အပြစ်များသော်လည်း ထာဝရ အသက် ရနိင်ကြောင်း ဖေါ်ပြထားသည်။ သားတော်ကို ယုံကြည်လျှင် ထာဝရ အသက် ရပြီ။ ပညတ်တော် ကျင့်နိင်မှ၊ ကောင်းမှု ကုသိုလ်များများလုပ် နိုင်မှ ထာဝရ အသက် ရမည်ဆိုခြင်းသည် ဘုရားသခင်၏ အလိုတော် မဟုတ်ချေ။ အကြောင်းမှာ လူသား၊ အပြစ်သားများသည် နေ့တိုင်း ပညတ်အလုံး စုံကို မလိုက်လျှောက်နိင်ချေ။ သားတော် ယေရှုခရစ် တော်ကို ယုံကြည် လက်ခံရုံဖြင့်သာ ကောင်းကင်နိင်ငံရောက်နိုင်ခြင်းသည် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေ၊ မိိမိထင်မြင်ချက်အတိုင်း ဆက်သွားမလား၊ ဘုရားသခင်၏ အလိုအတိုင်း သွားမည်လား။
အထက် ဖေါ်ပြပါပုံအရ ကယ်တင်ခြင်းသို့ ရောက်စေသော နောင်တရခြင်း ဆိုသည်မှာ မိမိထင်မြင်ချက်အတိုင်း လိုက်လျှောက်ခြင်းကို ကျောခိုင်းပြီး ဘုရား၏ အလိုတော်အတိုင်း လျှောက်လှမ်းခြင်း၊ ဦးတည်ချက်လည်း ပြောင်း သွားခြင်း ဖြစ်သည်။ တမန်တော် ၂:၃၈ တွင်၊ “ပေတရုကလည်း သင်တို့၏ အပြစ်ကို လွတ်စေခြင်း ငါှနောင်တ ရ၍ ” ဟူဆိုရာတွင် ခရစ်တော်ကို အမြင် မှား အထင်မှားခြင်းမှ ခရစ်တော်သည် ကယ်တင်ရှင် မေရှိယအဖြစ်သို့ လက်ခံဘို့ နောင်တရဘို့ ရှင်ပေတရုက ခရစ်တော်ကို ငြင်းပယ်သော သူတို့ကို ဟောပြောခြင်း ဖြစ်သည်။
သမ္မာကျမ်းစာထဲ၌ နောင်တရသော်လည်း ကောင်းကင်နိင်ငံသို့ မရောက်သောသူရှိသည်။ ထိုသူသည် ယုဒရှကာရုတ် ဖြစ်သည်။ သူ၏ နောင် တရခြင်းသည် ခရစ်တော်ကို အမြင် မှားခြင်းမှ မိမိကို ကယ်တင်သော အရှင်အဖြစ် လက်ခံသော နောင်တရခြင်း မျိုး မဟုတ်ချေ။ ရှင်မဿဲ ၂ရး၃၌၊ “ထိုအခါ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင် နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ် အကြီး လူအကြီး အကဲတသို့၌ ပြန်ပေး၍ အကျွန်ပ်ပြစ်မှားပါပြီ၊ ” ဟုသူလုပ်မှားသည့်အရာ အတွက် နောင်တရသည်။ အကယ်၍ သူသာ ခရစ်တော်သည် ကယ်တင်ရှင် ဖြစ်သည်၊ဟု သူ့ထံသို့ ပြန်သွားလျှင် မည်မျှပင်အပြစ်ရှိသော်လည်း ဘုရားသခင်က သူ့ကို လက်ခံမည်သာ ဖြစ်သည်။ သို့သော် သူသည် နောင်တရသောအခါ ခရစ်တော်ထံသို့ သွားမည့် အစား သူ့ကိုယ်သူသတ်သေလိုက်သည်။
လူအချို့တို့က၊ ယုံကြည်ခြင်း အားဖြင့်သာ ကောင်းကင်နိင်ငံရောက်မည်၊ အဘယ်ကြောင့်နောင်တ ရဘို့ လိုအပ်သေးသနည်း၊ မေးတတ်ကြသည်။ ကျမ်းစာထဲ၌ ဝိရောဓိမရှိပေ။ ထိုအရာကို ကျမ်းပညာရှင်များ ကဒင်္ါးလေးပုံ ဥပမာနှင့် ရှင်းပြတတ်သည်။ ဒင်္ါးပြားကို ခေါင်းနှင့် ပန်းလှန်လျှင် တခုခုပေါ်လာမည် ဖြစ်သည်။ ထိုနည်းတူ နောင်တ မရဘဲ ယုံကြည်၍ မရပါ။ မယုံကြည် လျှင်လည်း နောင်တ မရနိင်ပါ။ ထို့ကြောင့် ချစ်သော မိတ်ဆွေ၊ မိမိထင်မြင်ချက် အတိုင်း သွားနေမည်ဆိုပါက ငရဲပြည်သို့ ရောက်မည် ဖြစ်သည်။ ယခုပင်လျှင် နောင်တရပါ။ ဘုရားသခင်၏ အလိုတော်သည် သားတော် ယေရှုခရစ်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်၊ သံသယမရှိဘဲ ယုံကြည် လက်ခံရုံဖြင့် ထာဝရ အသက် ရပြီး ကောင်ကင်ဘုံသို့ ဝင်ခွင့်ရပြီဟူသောအရာကို လက်ခံလိုက်ပါ။ ထိုသို့ နောင် တရလျှင် ကောင်းကင်ဘုံသို့ မုချသွားမည် ဖြစ်သည်။ အမြန်ဆုံး နောင်တရ၍ ခရစ်တော်ကို ယုံကြည် လက်ခံပါ။
မှတ်ချက်။။ ဆရာဂိဒေါင်ထွားမာသည် အသက် ၂၅ နှစ်သာရှိသေးသော လူငယ် ဖြစ်ပါသည်။ သို့သော် ဘုရားသခင်ကို ချစ်၍ သမ္မာတရားကို နားလည် ကာတန်ဘိုး ထားသောကြောင့် သူနေသော ဒါရမ်မြို့ (Durham)၌ သတင်းကောင်းနှစ်ခြင်း အသင်းတော်ကို ဦးဆောင်နိုင်ခြင်း ဖြစ်သည်။ သူ၏ မိခင်နှင့် ညီမ နောမိနှင့်အတူ အသင်းတော်ကို ကြည့်ရှုနေသော ဆရာ ဖြစ်ပါသည်။ သူကဲ့သို့သော လူငယ်များ ဘုရားသခင် အလိုတော် ရှိသည်။
ဘုရား၏ စိတ်တော် နာစေကြသလား
ရေး၊ ဦးဒေးဗစ်လျံ (Indianapolis, IN)
ဘုရားသခင်၏ စိတ်ချရသော ပေါလုက၊ သူကိုယ်တိုင် လဲမည့် အရာသာ မက ယုံကြည်သူ ညီအစ်ကိုများလဲမည့် အရာ ဖြစ်လျှင် သူ၏ ဇာတိအလို ဆန္ဒများ ပင်မလုပ်ဘို့ ရည်ရွယ်လိုက်သည်။ အာမင်၊ ဟာလေလုယ။ ၁ ကော ၈:၁၃၌ “သို့ဖြစ်၍ ငါ၏ ဤစားအသောက်သည် ငါ့ ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီ အစ်ကို၌ မှားယွင်းစရာ အကြောင်း မရှိစေခြင်း ငါှအမဲသားကို အစဉ်မပြတ် ရှောင်မည်။” ဟုဆိုလိုက်သည်။ ထိုအပြင်ပေါလုက၊ “ဒါလောက်လေးက၊ ငါ၏ ဝိညာဉ် အသက်တာမထိခိုက်နိင်ပါ၊ ဒါမျိုးတွေကမထိခိုက်နိင်တဲ့အသက်တာငါ့ မှာရှိတယ်” ဟု လုံးဝ မဆိုဘူး မဟုတ်လား။ ယုံကြည်သူ ညီအစ်ကို မောင်နှမများစဉ်းစားကြပါ။ ဘုရား လူများ၏ စကားသည် လုံးဝ ခြားနားလှသည်။ ထို့ကြောင့် သင်နှင့် ကျွန်ပ်အသက်တာသည်လောက အသက်တာရှိတာခြင်းအတူ တူမည် ကဲ့သို့ဖြစ်သနည်း။ ကိုယ်ကိုကိုယ် စစ်ဆေးဘို့ အလွန် လိုနေပြီ။
ရှင်ပေါလုကသူတယောက် တည်းသာမက ယုံကြည်သူ ဘုရား သားများကလည်း သူ့ကဲ့သို့သော အသက်တာမျိုးရှိစေချင်သည်။ ရောမ ၁၄:၂၁၌ “သူတပါးထိမိ၍ လဲစရာ အကြောင်းနှင့် စားသောသူသည် အပြစ်ရှိ၏။ အမဲ သားကို စားခြင်း၊ စပျစ်ရည်ကို သောက်ခြင်း၊ ကိစ္စမှစ၍ ညီအစ်ကိုကို ထိမိ၍ လဲစရာ အကြောင်းမှား ယွင်းစရာ အကြောင်း အားနည်းစရာ အကြောင်းများကို ရှောင်အပ်၏။” ရှင်ပေါလုက ထိုသို့ ယုံကြည်သူများကို အားပေးသည်။ အရေးမကြီးပါ၊ ပြသနာ မရှိပါ၊ ကြိုက်သလိုနေပါဟု မဆိုပါ။ ၂ ကော ၈:၂၁၌လည်း၊ “သခင်ဘုရားရှေ့တော်၌ မက၊ လူတို့ ရှေ့၌ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြ၏။” ဟုဆိုလိုက်သည်။ ၁ သက် ၅:၂၂၌ “မ ကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။” ဟုဆိုသည်။ အပြစ်များအထဲမှသင်တို့သည် မသန့်ရှင်းနိင်ဟု မဆိုခဲ့။
ထို့ကြောင့် ယခုခေတ် သင်ပေးသော ဆရာများနှင့် ရှင်ပေါလုသည် ခြားနားသည်။ သို့သော် ပေါလု၏ စကားသည် ပို၍ ယုံကြည်လောက်သည်။ ကျမ်းစာက “ဒါလောက်ကတော့ကိစ္စမရှိဘူး၊ ငါ့ရဲ့ ကယ်တင်ခြင်း မပျောက်စေနိင်ဘူး။ ငါ့ ဝိညာဉ်ကို မထိခိုက်နိင်၊ ဒါမျိုးကို အရေးတကြီး စဉ်းစားဘို့ မဟုတ်ဘူး” ဆိုပြီး ခံယူဘို့ရန် သွန်သင်ခြင်းနှင့် ခိုင်းသောသူများ မဟုတ်ကြ။ ထို့ကြောင့် ဝိညာဉ် ဘခင်များနှင့် ဘုရား၏ လူများသည် ကိုယ်တိုင် လဲမည့် အရာပင် မဟုတ်သူတ ပါးလဲမည့် အရာကို စိုးရိမ် သောကြောင့် ကိုယ်အလိုကို ပင်မလုပ်ဘို့ရန် သာ၍ လိုချင် ကြသည်။ ထို့ကြောင့် ကျွန်ပ်တို့လည်း သူတပါးအတွက် ပုံသက်သေကောင်း ဖြစ်ဘို့ လိုအပ်သည်။ များစွာသော ယုံကြည်သူများသည် ကိုယ်တိုင် လဲမည့် အရာပင်လျှင် ဂရုမစိုက်ဘဲ၊ ပြသနာ မရှိဘူး၊ ပညတ်တော် အောက်မှာမနေချင် ဘူးဟူ၍ လွတ်လပ်ခြင်းကို အပြစ် ဖုံးအုပ်ဘို့ အတွက် အသုံးပြု၍ အပြစ်ကို ကျူး လွန်တတ်ကြသည်။ ဖန်ဆင်းရှင်၏ စိတ်မည်မျှနာမည်နည်း။
ထို့ကြောင့် ဝိညာဉ်ရေးရာအသက်တာထိခိုက်စေနိင်သော အရာများကို ရှောင်ရှား၍ ဖန်ဆင်းရှင် ဘုရားသခင်၏ မျက်နှာကို ကြည့်တတ်ကြပါစို့။
( မှတ်ချက်။ ဦးဒေးဗစ်လျံသည် အင်ဒီယာနာပိုလစ်မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော်၏ ဒုတိယဥက္ကဌ ဖြစ်သည်။ သူ၌ ခလေး ငယ်နှစ်ယောက်ရှိ၍ သူ့အ မျိုးသမီး အလုပ်လုပ်ချိန်တွင် ခလေးထိန်းဘို့လိုသော်လည်း ဝိညာဉ်ရေးရာ၌ သမ္မာ တရားကို သိ၍ ပျောက်ဆုံးသော ဝိညာဉ်များကို ချစ်သော စိတ်ကြောင့်အင်တာ နက်ထဲမှဖလမ်းလို ဝိညာဉ်ရေးရာစာများကို ရေးလေ့ရှိသည်။ ဤစာမူသည် အင်တာနက်ထဲမှာရေးသောအရာကို ဘာသာပြန်ခြင်း ဖြစ်သည်။)
လူငယ်ကျမ်းစာသင်တန်း
Indianapolis, IN: ဆရာမောဇက်နှင့် မိသားစုလေးယောက် (ဇနီးဒေါ်ဟန္န၊ သားကြီး ယေရမိ၊ ယောက်ဖကိုထွန်းလင်း) မြန်မာပြည် မှရောက်လာသော ဒေါ်လှလှ (ကင်းကင်းနိုး)နှင့် လူငယ်သုံးယောက် (ခုပ်ပီး၊ အဲပိနက်၊ ဒံယေလ)တို့ သည်ကား နှစ်စီးဖြင့် ဇူလိုင်လ ၂ရ ရက်နေ့တွင် ဧဝံဂေလိ ခရီး စဉ်ထွက်ကြပါသည်။ ဖက် ဒရိတ်မြို့မှမိုင် ၅၅၀ ဝေးသော Indianapolis မြို့သို့ ခရီး နှင်ကြရာဘုရားသခင်၏ ကွယ်ကာမစမှုကြောင့် ချောမောစွာ ရောက်ရှိသွား ကြသည်။ ရောက်သည့်ညတွင် Indianapolis မြို့ရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်တွင် သင်တန်းများ စတင်ပေးခဲ့ပါသည်။ ထိုအသင်းတော်သည် သုံးလကျော်သာ ရှိသေးသော်လည်း ကိုယ်ပိုင်ငါှးထားသော အခန်း၌ အစဉ်ပြေစွာ သင်တန်းများ အချိန်မရွေး ပြုလုပ် နိင်ပါသည်။ ဘုရားကျောင်းအဖြစ် ငါှးထားသော အခန်းသည် လူ၁၀၀ ကောင်းစွာ ဝတ်ပြုစည်းဝေးနိင်သော ခန်းမနှင့် အခြားခန်းများလည်း ၅ ခန်းပါရှိသေးသခြင်း အလွန်ပင် အစဉ်ပြေပါသည်။ အင်ဒီယာနား၌ နှစ်ရက်နှင့် သုံးညသင်တန်းပေးခဲ့ရာတွင် နေ့ခင်းပိုင်း၌ လူ ၃၀ ညပိုင်း၌ ၅၀ ခန့်တက် ရောက်နိင်ကြပါသည်။
Lansing, MI: Indiana မှ Michigan ပြည်နယ်၏ မြို့တော် Lansing သို့ ၃၀ ရက်နေ့တွင် ထွက်ခွါသွားခဲ့ကြပြန်သည်။ လမ်းခရီးတွင် Battle Creek မြို့သို့ ဝင် ကာဒေါ်လှလှကို သူ၏ သားသမီး များနေအိမ်သို့ ချထားခဲ့၍ ကျန်သော အဖွဲ့သည် Lansing မြို့သို့ ဆက်လက်ထွက်ခွါခဲ့ကြပါသည်။ Lansing မြို့၌ မြန်မာတိုင်းရင်းသား ခရစ်ယာန် အသင်း၌ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာအကြောင်းကို နှစ်ရက်နှင့် သုံးညပေးခဲ့ပါသည်။ ထိုအသင်းတော်၌ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မြန်မာ၊ ပအို့တိုင်းရင်းသားများပါဝင်ကြပါသည်။ ယုံကြည်သူ လူငယ်နှစ်ယောက် ရေနှစ်ခြင်း မင်္ဂလာကိုလည်း ပြုလုပ် နိုင်ခဲ့ပါသည်။ ဆရာမဟန္နလည်း ခလေးသူ ငယ်များကို ကျမ်းစာ သင်ပေးခဲ့ရပါသည်။
Battle Creek, MI: လင်းစိန်းမှ ဩဂုတ်လ ၁ ရက်နေ့တွင် Battle Creek မြို့ရှိ ဂျီဘီစီ အသင်းတော်သို့ နွေရာသီလူငယ်ကျမ်းစာ သင်တန်း ပြုလုပ် ဘို့ရန် ပြန်လည်း ထွက်ခွါကြရာ Lansing မြို့မှလူငယ် ရ-ယောက်လည်း လိုက်ပါလာကြပါသည်။ ညနေပိုင်းတွင် Indianapolis မှလူငယ် ၁၃ယောက်လည်းရောက်ရှိ လာသဖြင့် လူငယ်ဧည့်သည် ပေါင်း ၂၃ ယောက်၊ မြို့ခံအိမ်ရှင် အသင်းတော်မှယောက်နှစ်ဆယ်ကျော် တပတ်တာလုံးသင်တန်း ပြုလုပ် ခဲ့ကြပါသည်။ ဧည့်သည် လူငယ်အမျိုးသမီးများကို ဆရာမဟန္နနှင့်အတူ ဦးဂျင်မီမိသားစုအိမ်၌ အိပ်ကြပြီးယောက်ျားလေးများကို ဆရာမောဇက်နှင့်အတူ ဦးထွန်းထွန်း မိသားစုအိမ်၌ အိပ်ကြပါသည်။ နံနက် ၆ နာရီတွင် ထကြ၍ ရနာရီတွင် ကျမ်းစာဖတ်မိဿဟာယ ပြုလုပ် ကြကာဘုရားကျောင်းသို့ ၈ နာရီ အရောက်သွား ကြသည်။ နံနက်စာများကို စားသုံးပြီး နောက် ၉-၁၂ နာရီ တ ကြိမ်၊ ညနေ ၁-၄ နာရီ တကြိမ်၊ ညပိုင်းရ- ၉ နာရီ တကြိမ် တပတ်လုံးကျမ်းစာ သင် ကြသည်။
အိမ်ရှင် Battle Creek အသင်းတော် မှလှိုက်လှဲစွာ ကြိုဆို လက်ခံပြီး စားသောက်စရာများကို တာဝန် ခံချက်ပြုပ်ပေးခြင်းအားဖြင့် အမှုတော် မြတ်ကြီး၌ ပါ ဝင်ကြပါသည်။ သင်တန်းနောက်ဆုံးနေ့တွင် လူ ၈ ယောက်က ဗတ္တိဇံမင်္ဂလာကို ခံယူကြသည်။ သင်တန်းနောက်ဆုံးညတွင် သက်သေခံခြင်းများပြု လုပ်ကြရာလူငယ် ၁၅ ယောက်ခန့်က သက်သေခံကြပါသည်။ ကယ်တင်ခြင်း သဘောပေါက် သူများရှိသလို၊ ချီဆောင်ခြင်း အလွန် နီးသောကြောင့် ဆွေမျိုးသား ချင်းများအတွက် ပန်မှုများကြောင့် ငိုယိုလျက် သက်သေခံခဲ့ကြပါသည်။ ယခု မှစ၍ တရက်လျှင် တယောက် နှုန်းဖြင့် လူတိုင်းကို သက်သေခံဘို့ရန် ဆက်ကပ် ကြသောအခါ အလွန်ပင် အားရစရာ ကောင်းပါသည်။
ထိုကျမ်းစာ သင်တန်းသည် ကြိုတင် စီစဉ်ခြင်း မဟုတ်ဘဲ လျပ်တပြတ် ပြုလုပ်သော သင်တန်း ဖြစ်သည်။ နောက်ဆုံးသောကာလ ဖြစ်သောကြောင့် မိမိတို့၏ အချိန်ကို မဖြုန်းတော့ဘဲ ချီဆောင်ခြင်း နီးကြောင်းနှင့် ကယ်တင်ခြင်း အကြောင်း သက်သေခံဘို့ရန် လိုအပ်သည်။ ထို့ကြောင့် ဆက်ကပ်သော လူငယ်များဝိညာဉ်ရေးရာ၌ လဲမသွားဘို့ရန်နှင့် အသစ်သော ယုံကြည်သူများမြေ တောင်မြှောက်ပေးဘို့ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ ၁၈ နှင့် ၁၉ ရက်နေ့များတွင် ကျမ်းစာ သင်တန်းထပ်မံလုပ်ဘို့ ရည်ရွယ်ထားပါသည်။ ပြုလုပ်မည်နေရာမှာ Indianapolis သတင်းကောင်းနှစ်ခြင်း အသင်းတော်၌ ဖြစ်ပါသည်။ ဆုတောင်းခြင်းအားဖြင့် ဖြစ်စေ၊ အလှုငွေအားဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် ပါဝင်ခြင်းအားဖြင့်ဖြစ်စေ အမှုတော်မြတ်ကြီး၌ ပါဝင်နိုင်ပါသည်။ အဝေးမှ လာမည့် ကျောင်းသားများစက်တဘ်ာလ ၁ရ ရက်နေ့သောကြာနေ့နှင့် ၂၀ ရက်နေ့တနင်္လာနေ့ခွင့်ယူဘို့ လိုပါလိမ့်မည်။ အနီးမှကျောင်းသားများအတွက် ခွင့်ယူစရာ မလိုပါ။
ချီဆောင်ခြင်းခြင်းနှင့် ပတ်သက်သော ကမ္ဘာ့ သတင်းများ
မြေ ငလျှင်လှုပ်ခြင်းများ
2010 07 23 - Moro Gulf, Mindanao, Philippines - M 7.4
2010 07 23 - Moro Gulf, Mindanao, Philippines - M 7.6
2010 07 23 - Moro Gulf, Mindanao, Philippines - M 7.3
2010 05 09 - Northern Sumatra, Indonesia - M 7.2
2010 04 13 - Southern Qinghai, China - M 6.9 Fatalities 2,968
2010 04 04 - Baja California, Mexico - M 7.2 Fatalities 2
2010 03 08 - Eastern Turkey - M 6.1 Fatalities 51
2010 02 27 - Offshore Bio-Bio, Chile - M 8.8 Fatalities 577
2010 01 12 - Haiti region - M 7.0 Fatalities 222,570
2010 01 10 - Offshore Northern California - M 6.5
2010 01 03 - Solomon Islands - M 7.1
သေးငယ်သော ငလျှင် များသည် တနေ့လျှင် အကြိမ်ပေါင်း များစွာ လှုပ်နေသည်။
မိုးခေါင်ခြင်း
ရုရှားနိင်ငံ၌ ယခုနှစ်နွေရာသီမိုးခေါင်မှုကြောင့် သီးနှံအထွက် ၃၀ရာ ခိုင်နှုန်းလျော့နည်းမည် ဟုဆိုသည်။ အချို့သော ဒေသ၌ လယ်သမားများ ဘိုင် ပျက်မည် ဟုဆိုသည်။ မိုးလေဝသဌါနမှမိုးရွာမည့် အရိပ်အရောင် မတွေ့ရသေး ဟုဆိုသည်။
ရေလျှံခြင်းနှင့် မိုးခေါင်ခြင်း
တရုပ်ပြည် အနောက်မြောက်ပိုင်း၌ မိုးများ လွန်းသောကြောင့် မြေပြုိ၍ လူ၁၄၅၀ ကျော်အသက် ဆုံးခဲ့ရသည်။ လူ၁၂ သန်းတို့သည် မိမိတို့ အိမ်မှလွတ်ရာသို့ ပြေးရ ကြသည်။ ယခုနှစ်ရွက်သစ်ပေါက်ရာသီ၌ တရုတ်ပြည် အနောက်တောင်ဖက်ပိုင်း၌ ရာစုနှစ်၏ အပြင်းထန်ဆုံးသော မိုးခေါင်မှုနှင့် ရင်ဆိုင် ရသည်။ ဇွန်လတွင် တရုတ်ပြည် အရှေ့တောင်ပိုင်း၌ မိုးခေါင်ခဲ့၍ ရေလျှံမှု ဖြင့်လည်း များစွာ ပျက်စီးခဲ့သည်။
ပါက စ္စတန်နိင်ငံတွင် ၁၉၂၉ ခုနှစ်မှစ၍ အဆိုးရွားဆုံးမုတ်သုန်မိုးကြောင့် ၃၆ နာရီ အတွင်း မိုး၁၂ လက်မရွာသွန်းခဲ့ရာလူ များစွာ မိမိတို့ အိမ်မှလွတ်ရာသို့ ပြေးရ ကြသည်။ ထိုမိုးကြောင့်လူသန်းပေါင်း၂၀ ဒုက္ခ ရောက် နေကြကြောင်း ကမ္ဘာ့ ကုလ သမဂ္ဂ မှခန့်မှန်းထားသည်။
အဖရိကတိုက်အနောက်ပိုင်းတွင် မိုးခေါင်မှုကြောင့် လူ၁၀ သန်းဒုက္ခ ရောက်ရ ကြသည်။ နိင်ဂျာနိင်ငံတွင် လူရသန်းကျော်စားစရာ မရှိ ငတ်မွတ် နေကြသည်။ တောင် အမေရိကတိုက်ရှိဘရာဇီးလ်နိင်ငံတွင် ဧပြီလ၌ ရေလျှံခြင်းနှင့် မြေပြိုခြင်းကြောင့် လူအနည်းဆုံး၂၁၂ယောက်သေဆုံးခဲ့ ကြသည်။ ဥရောပတိုက်တွင် ပိုလန်နိင်ငံသည် ဆယ်စုနှစ်၌ အဆိုးဝါးဆုံးသော မိုးသည်း ထန်စွာ မေလ၌ ရွာသွန်းခဲ့သည်။ ယူကေနိင်ငံ၌လည်း၁၉၂၉ ခုနှစ်မှစ၍ အခြောက်သွေ့ဆုံးမိုးခေါင်မှုနှင့် တွေ့ကြုံသောကြောင့် လူ၆ သန်းကျော်ရေသုံးဆွဲခြင်းကို ကန့်သတ် ကြသည်။
တော မီးလောင်ခြင်း
တော မီးလောင်မှုကြောင့် ရုရှားသမတ မက်ဗေဒက် ကရေးပေါ် ကျေညာမှုကို ဒေသ ရခု၌ ပြုလုပ် ခဲ့သည်။
အထက်ပါ သတင်း များကို့ http://www.guardian.co.uk/world/2010/aug/09/floods-mudslides-drought-extreme ၌ ဖတ်ရှုနိင်သည်။
သတင်းနှင့် ပညာပေး (Web Sources)
ချီဆောင်ခြင်းနှင့် ပတ်သက်သော သတင်းများ
http://www.raptureready.com/rapnews_db.php
http://prophecydepot.com/
ပရောဖက် ပြုချက်နှင့် ပတ်သက်သော ရှင်းလင်းချက် နားထောင် လို သူများအတွက်
http://www.hallindsey.com/
အရှေ့အလယ်ပိုင်းစစ်ရေးသိလိုလျှင်
ခလေးထိန်းနည်းသိလိုလျှင်
http://www.youtube.com/watch?v=oaqFHT8oOBo
ကျမ်းစာဖတ်လိုလေ့လာလို သူများ အတွက်
http://www.biblegateway.com/
http://gospelmyanmarbible.com