GOODNEWS
  HOME  GOODNEWS  2010 AUG
 


ဤစာစောင်၌...

အမှာစာ

မည်ကဲ့သို့ ဘုရား၏ အသံတော်ကို ကြားရမည်နည်း

ဘေးဒဏ်ကာလ၌ ဖြစ်ပျက်မည့် အရာများ 

သန့်ရှင်းသောဝိညာဉ်တော် 

ဘုရားကျောင်းဖွင့်ပွဲနှင့် သတင်းကောင်း ပွဲတော်ကြီး

သက်သေခံချက်များ 

သတင်းကောင်း ပွဲတော် ကြီးနှင့် ဘုရားကျောင်းဖွင့်ပွဲ 

 

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဩဂုတ်လစာစောင်ကိုလည်း ထုတ်လုပ်နိင်ခြင်း ဖြစ်သည်။ ပြုတော်မူသော ဘုရားသခင်၏ နာမတော်သည် ကမ္ဘာအဆက်ဆက်မင်္လာရှိပါစေသော်။ ကား စီးသောအခါ လမ်း၌ ချိတ်ထားသော ဆိုင်းဘုတ်များ အဝေးမှ ကောင်းစွာ မမြင်ရသော်လည်း နီးလာလေလေရှင်း လေလေ၊ စာများလည်း ဖတ်၍ ရနိင်သည် အထိ ရှင်းလင်းစွာ တွေ့ရသည်။ ထို့ နည်းတူ ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီးကာလ နီးလေလေပို၍ ရှင်းလေလေ ဖြစ်သည်။ ထိုသို့ ခရစ်တော် လာမည့် အရာကို စောင့်မျှော်သောသူများအတွက် စိတ် လှုပ်ရှားလေလေ၊ ပို၍ ရှင်းလေလေ ဖြစ်သော်လည်း ခရစ်တော် ကြွလာမည့် အရာကို မစောင့်မျှော်သောသူများအတွက် မူဘာမျှ မသိကြချေ။ ထို့ကြောင့် ဤလော က၌ မျှော်လင့်ချက် များစွာဖြင့် စီမံကိန်း အမျိုးမျိုး ပြုလုပ် နေကြဆဲ ဖြစ်သည်။ 

ဘေးဒဏ်ကြီးကာလ နီးလာသည်နှင့် အျှ ပြသနာ များလည်း ပို၍ ပို၍ များလာမည် ဖြစ်သည်။ အလုပ်အကိုင်၊ စားဝတ်နေရေး၊ လူမှု ကျင့်ဝတ်များ၊ သဘာဝဘေးဒဏ်များ ပို၍ ပို၍ များလာမည်။ သို့သော် ဘုရားသခင်၌ ခိုလှုံကိုးစားသောသူသည် စိုးရိမ် တုန်လှုပ်စရာ မရှိ။ ဒုက္ခ ရောက်လေလေ ဘုရားသခင်ကို ပို၍ ပို၍ အားကိုးရမည် ဖြစ်သည်။ စာတန်သည် လူများ ကယ်တင်ခြင်းသို့ ရောက်မှာကို အလွန် မနာလို ဖြစ်သည်။ ထို့ကြောင့် တတ်နိင်သမျှ ကယ်တင်ခြင်းသို့ မရောက် ရလေအောင် နည်းမျိုးစုံဖြင့် ဆွဲဆောင်နေသည်။ ငွေလိုချင် သူများကို ငွေအားဖြင့်၊ အပျော်အပါးနှစ်သက် သူများကို အပျော်အပါးအားဖြင့်၊ မိန်းမယောက်ျားစိတ် ဝင်စားသောသူများကို မိန်းမယောက်ျားအားဖြင့်၊ နိင်ငံရေးသမားကို နိင်ငံရေး၊ လူမျိုးရေးသမားကို လူမျိုးရေး၊ ကွန်ပြူတာကြိုက် သူများကို ကွန်ပြူတာအားဖြင့် ဘုရားသခင် အထံတော် မှဝေးရန်ဆွဲဆောင်နေသည်။ 

အထက်ပါ လောကအရာအားဖြင့် ဆွဲဆောင်၍ မရသောသူများကို ဘာ သာရေးအားဖြင့် ဆွဲဆောင်သည်။ ဘာသာရေးအားဖြင့် မည်ကဲ့သို့ ဆွဲဆောင် သနည်းဟူမူကား ကယ်တင်ခြင်းသို့ ရောက်ရေးထက် ဂိုဏ်းဂဏကို ဦးစားပေးခြင်း အားဖြင့်၎င်း၊ ဘုရားသခင်၏ အလိုတော် ဖြစ်သော သမ္မာတရား သိ၍ ထိုသမ္မာ တရားအတိုင်း ကျင့်ခြင်းထက် ဝိညာဉ် တန်ခိုးဟု ထင်ရသော ဝိညာဉ်ဆိုးများ၏ တန်ခိုးကို လိုချင်သောအားဖြင့် လမ်းလွှဲစေသည်။ ထို့ကြောင့် သမ္မာတရားကို မှန် ကန်စွာ ပိုင်းခြားလျက် ဘုရား အလိုတော်အတိုင်း သတိထားကြဘို့ အလွန် အရေး ကြီးသည်။ 


 မည်ကဲ့သို့ ဘုရား၏ အသံတော် ကို ကြားရမည်နည်း
ထာဝရဘုရား၏ အလိုတော် ဆောင်ချင်သော ယုံကြည်သူများအနေဖြင့် မည်ကဲ့သို့ ဘုရား၏ အသံတော်ကို ကြားရမည်နည်း။ ကျမ်းစာ၌ ထာဝရ ဘု ရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွှင့်လျက် မောရှေကို ခေါ်တော်မူ၍ (ဝတ် ၁:၁)ဟု ရေးထားသည်။ ထာဝရဘုရားသည် မောရှေကို အသံ လွှင့်လျက် စကားပြောသည်။ ဓမ္မဟောင်းကာလ ပရောဖက်များကို ထာဝရဘုရားက အိပ်မက်အားဖြင့်၎င်း၊ ရူပါရုံအားဖြင့်၎င်း (တော ၁၂:၆-၈) စကားပြောတတ်သည်။ ဟေဗြဲစာရေးသောသူက ရှေးလွန်လေပြီးသောအခါ ပရော ဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်းဗျားဒိတ် ပေးတော်မူသော ဘုရားသခင်သည် ဤနောက်ဆုံးသော ကာလ အခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ (ဟေ ၁:၁) ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်ကို နှုတ်ကပတ်တော် (ယော ၁:၁)ဟု ခေါ်သည်။ 

သို့သော် ခရစ်တော်သည် ဤလောက၌ မရှိတော့သောကြောင့် မည်သို့ ဘုရား၏ အသံတော်ကို ကြားနိင်မည်နည်း။ ဘုရား၏ အသံတော်ကို မကြားလျှင် မည်ကဲ့သို့ သူ၏ အလိုတော်ကို သိနိင်မည်နည်း။ ဘုရား၏ အလိုတော်ကို မသိလျှင် မည်ကဲ့သို့ အလိုတော်ကို ဆောင်ရွက်နိင်မည်နည်း။ အချို့သော ယုံ ကြည် သူများသည် ဘုရား၏ အလိုတော်ကို ဆောင်ရွက်လိုပါသော်လည်း ဘုရား၏ အလိုတော်ဟုတ်မဟုတ် မသိ၊ မသေချာသောကြောင့် မဆောင်ရွက်ရဲသောသူများရှိကြသည်။ ထိုမျှသာမက မှားယွင်းသော ဩဝါဒများကို လက်မခံနိင်သော်လည်း ဝိညာဉ်တော်၏ လုပ်ဆောင်မှု ဖြစ်ခဲ့သည် ရှိသော ဝိညာဉ်တော်ကို ပြစ်မှားမှာ စိုးရိမ် သောကြောင့် ဘာမျှ မပြောရဲဘဲ ရေငုံခံနေသောသူများလည်းရှိကြသည်။ မှားယွင်းသော သွန်သင်မှုများကို ဖေါ်ပြဘို့ရန် သတ္တိမရှိ၊ လျစ်လျူရှုသောအခါ စာတန် ကလူများကို လွတ်လပ်စွာ လိမ်လည်လှည့်ဖျားသောကြောင့် များစွာသော ဝိညာဉ်များလမ်းမှားသို့ ရောက်ကြပြီ။ ထိုသို့ လမ်းမှားသွားပြီး နောက်လမ်းမှန်သို့ ပြန်လည်ရောက်ရှိဘို့ရန် အလွန် ခက်သည်။ 

မည်ကဲ့သို့ သိနိင်မည်နည်း

လူတယောက်နှင့် တယောက် စာရေးသောအခါ အသံမကြားရသော်လည်း လူ ကိုယ်ခန္ဓာမမြင်ကြရသော်လည်း တယောက်၏ အလိုနှင့် ဆန္ဒများကို သိနိင်သည်။ ထ့ုိနည်းတူ ဘုရားသခင်က လူကို ကျမ်းစာအားဖြင့် စကားပြောနေသည်။ ထို့ကြောင့် ကျမ်းဖတ်ခြင်းအားဖြင့် ဘုရား၏ အလိုတော်ကို သိနိင်သည်။ ဘုရားသခင်သည် ဓမ္မ ဟောင်းကာလ၌ အသံတော်အားဖြင့် စကားပြောတတ်သည်။ ပရာဖက်အားဖြင့်လည်း စကားပြောတတ်သည်။ သို့သော် အသင်းတော် ခေတ်၌ ကျမ်းစာအားဖြင့် စကားပြောသည်။ ထို့ကြောင့် ဘုရား အလိုတော်ကို ကျမ်းစာအားဖြင့် သိနိင်သည်။ ကျမ်းစာ မရှိ၊ ခရစ်ယာန် များလည်း မရှိသော နေရာ၌ ဘုရားသခင်သည် ရူပါရုံအားဖြင့် ဖြစ်စေ၊ အိပ်မက်အားဖြင့် ဖြစ်စေလူများကို စကားပြောတတ်သည်။ 
သို့သော် ကျမ်းစာဖတ်နိင်သော နေရာ၌ ဘုရားသခင်သည် ကျမ်းစာအားဖြင့် စကားပြောတတ်သည်။ ထို့ကြောင့် ကျမ်းစာဖတ်ဘို့ လိုသည်။ ကျမ်းစာအားဖြင့် ဘုရား၏ အလိုတော်ကို ရှာရမည်။ 

ကျမ်းစာ အရ ဘုရားသခင်၏ အလိုတော်သည် လူတိုင်း ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေလိုသည် (၁ တိ ၂:၄)။ သို့သော် ပြောသောသူ မရှိလျှင် မကြားနိင်၊ မကြားလျှင် မယုံနိင် (ရော ၁၀:၁၄)။ ထို့ကြောင့် ကယ်တင်ခြင်း အကြောင်းကို ဟောပြောရမည်။ သမ္မာတရားလည်း ကျမ်းစာ မဖတ်လျှင် နားမလည်း နိင်။ သို့သော် ကျမ်းစာဖတ်တိုင်းလည်း သမ္မာတရားကို နားမလည်နိင်။ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိင်မည်နည်း (တ ၈:၃၁)။ ထို့ကြောင့် သွန်သင်သောသူရှိဘို့ လိုသည်။ မည်သူကသင်ပေးမည်နည်း။ သမ္မာ တရား နားလည်သောသူကသင်ပေးရမည်။ မည်သူမျှ သမ္မာတရား အားလုံး နားလည်းသည်ဟု မဆိုနိင်။ ထို့ကြောင့် ကိုယ်သိသမျှ အထဲမှကိုယ်လောက် မသိသေးသောသူများကို ဝေငှဘို့ လိုအပ်သည်။ များစွာသော ယုံကြည်သူများသည် ဟေဗြဲ ၅:၁၁၌ ပါသည့်အတိုင်း၊ ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေးဦးစွာ သင်ရသော တရားနုတ့ုိကို သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။ ဟုဆို သကဲ့သို့ အစဉ် သဖြင့် သူတပါးထံ၌ သင်ဘို့ သာလျှင် ရည်ရွယ်ထားတတ်ကြသည်။ ထို့ကြောင့် တချိန်လုံးသူတပါးထံ၌ သင်ဘို့ သာလျှင် မစဉ်းစားတော့ဘဲ ကိုယ်သိသောအရာကို သူတပါးအား ဝေမျှဘို့ ကြိုးစား ကြစို့။ ထိုအရာပင်လျှင် ဘုရားသခင်၏ အလိုတော် တခု ဖြစ်သည်။ 

 သမ္မာတရားကို မသင်ပေးဘဲ မှားယွင်းသော ဩဝါဒများကို သွန်သင်သောသူမြောက် များစွာ ရှိသည်။ ထို့ကြောင့် မှားယွင်းသော ဩဝါဒများကို သိရှိနိင် ရန်ဗေရိမြို့သား ကဲ့သို့ ကျမ်းစာကို စေ့စေ့မြေ့မြေ့လေ့လာဘို့ လိုသည်။ ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့် အလွန် ကြည် ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှါ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။ (တ ၁ရး၁၁)။ သင်ပေး သမျှကို ကျမ်းစာအားဖြင့် သေသေချာချာတိုက်ကြည့်ရမည်။ သမ္မာတရား အတိုင်း မဟုတ်သော သွန်သင်မှုများကို ရဲရင့်စွာ မေးဘို့၊ ဖေါ်ပြဘို့ လိုအပ်သည်။ သမ္မာတရား အတိုင်း သွန်သင်ခြင်း မရှိလျှင် အမှားကို ထောက်ပြမည်။ သို့သော် လက် မခံနိင်ပါက ထိုသို့သော နေရာ၌ မပါဝင်ဘဲ၊ ကိုယ်တိုင် လူစု၍ ဦးဆောင်ဘို့ လိုအပ်သည်။ သမ္မာတရား အတိုင်း မသွန်သင်သော်လည်း မဖေါ်ပြ ရဲ၊ သို့ တည်းမဟုတ် မဦးဆောင်ရဲပါက ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ သတ္တိ နဲသောသူ၊ စာတန်ကို ကြောက်သောသူ၊ စာတန်ကို အရှုံးပေးသောသူ ဖြစ်ပေမည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်ကို သိလျက်နှင့် မသိသလိုနေလျှင် အပြစ်ရှိသည်။ ကျမ်းစာက၊ ကောင်းသော အကျင့်ကို သိလျက် မကျင့်ဘဲ နေသောသူသည် အပြစ်ရှိ၏။ (ယာ ၄:၁ရ)။ 

 ဘုရားသခင်သည် ယခုခေတ်၌ အသံတော် အားဖြင့်၎င်း အခြားသော နည်းအားဖြင့်၎င်း၊ ပြောချင် မှပြောတော့မည်။ ဘုရားသခင်၏ အလိုတော်ကို နှုတ် ကပတ်တော် အထဲ၌ အားလုံး ဖေါ်ပြပြီး ပြီ။ ထိုအရာကို သိဘို့ ကြိုးစား၍ လေ့ လာရမည်။ သိပြီးလျှင် လုပ်ဆောင်ရမည်။ သိရုံဖြင့် မပြီး သေး။ သမ္မာတရားလမ်း မှလွှဲသောသူများကိုလည်း တတ်နိင်သမျှ ဖေါ်ပြရမည်။ သူတပါးကို စစ်ကြောစီရင်သည်ဟု မယူဆရ။ သူတပါးကို ကူညီသည်ဟု သိရမည်။ အကြောင်းမူကား လမ်းပျောက်သောသူကို လမ်းမှန် ဖေါ်ပြခြင်းသည် စစ်ကြောစီရင်ခြင်း မဟုတ်။ ကူညီခြင်း ဖြစ်သည် မဟုတ်လော။ ကူညီခြင်းကို မသိခင်တွင် အထင်လွှဲခံရသော်လည်း အမှန်သိသွားသောအခါ ကျေးဇူးပြန်သိမည် ဖြစ်သည်။ 
 
ဘေးဒဏ်ကြီး ကာလ၌ ဖြစ်ပျက်မည့် အရာများ 
ဘေးဒဏ်ကြီး ကာလသည် အလွန် နီးနေပြီ။ သန့်ရှင်း သူများ (သို့) အသင်းတော်ကို ခရစ်တော်က ချီဆောင်ခြင်း အပြီးတွင် ဘေးဒဏ်ကြီး ကာလသည် ရောက်ရှိလာမည် ဖြစ်သည်။ အချို့သောသူများက ယုံကြည်သူများသည် ဘေးဒဏ်ကြီး ကာလ၌ ဖြတ်သန်းမည်ဟု ယုံကြည် ခံယူ ကြသည်။ သို့သော် သမ္မာကျမ်းစာ၌၊ ရောက်လတံ့သော ဘေးဒဏ်မှငါတို့ကို ကယ်နှုတ်သော သခင်ယေရှု (၁ သက် ၁:၁၀)၊ ဟူ၍၎င်း၊ အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ၊ ခန့်ထားတော်မူ၏ (၁ သက် ၅:၉) ဟူ၍၎င်းရေးထားသည်။ ဘေးဒဏ်ကြီး ကာလသည် ယာကုပ်အမျိုး၌ ဒုက္ခ ရောက်သောနေ့ ဖြစ်ကြောင်း ဤသို့ တွေ့ရသည်၊ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့် ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကို ခံရသောအခါ မိမိခါး၌ လက်တင် သကဲ့သို့ယောက်ျားတိုင်း ပြု၍ ခပ်သိမ်းသော သူတို့သည် မျက်နှာပျက်လျက် ရှိကြသည်ကို အဘယ်ကြောင့်ငါမြင်ရသနည်း။ အလိုလေးထိုနေ့ရက်ကား၊ ခိုင်း နှိုင်းစရာ မရှိ၊ ကြီးသော နေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှု ရောက်သောနေ့ ဖြစ်၏ (ယေရ ၃၀:၆ -ရ)။ ဣသရေလ လူမျိုးများသည် ဘုရားသခင်ကို မယုံ ကြည်သောကြောင့် သူတို့ကို ဆုံးမ၍ တရားစီရင်သော နေ့ကြီး ဖြစ်သည်။ တပါး အမျိုးသားများအတွက် ဘုရားသခင်ကို မယုံကြည် သောကြောင့် ဘုရားသခင်၏ အမျက်တော် သွန်းလောင်းသောအချိန် ဖြစ်သည်။ ကျမ်းစာက၊ ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွှေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်အချိန် မတန်သော အသီးကြွေ သကဲ့သို့ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ််၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက် ငါတို့ အပေါ်သို့ ကျကြပါ။ ပ†င်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ငါတို့ကို ဖုံး အုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ် သူသည် ခံရပ်နိင်မည်နည်းဟု ပြောဆို ကြ၏ (ဗျာ ၆:၁၂-၁ရ)။ 

ထိုဘေးဒဏ်ကြီး ကာလသည် မဝေးတော့ချေ။ တစ်နှစ်နှစ်နှစ်အတွင်းမည် ဖြစ်နိင်သည့် သဘော ရှိသည်။ ဘေးဒဏ်ကြီး ကာလ၌ ခံစားရမည့် အရာများ သိမှ ဘုရားသခင်၏ မေတ္တာ၊ သူ၏ ကယ်တင်ခြင်းများကို စိတ်ဝင်စားနိင်သည်။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလမည် ဖြစ်ပျက်မည့် အရာများကို ဖေါ်ပြလိုပါသည်။ 
 
ယုံကြည်သူများခေါင်းဖြတ်ခံရမည်

 ယခုကျေးဇူးတော် ကာလ၏ ထူးခြားချက်မှာ ကယ်တင်ခြင်းသို့ ရောက် ဘို့ရန် အတွက် ဒုက္ခ ခံစရာ အသေသတ်ခံစရာ မလိုချေ။ သို့သော် ဘေးဒဏ်ကြီး ကာလတွင် ယခုကဲ့သို့ လွယ်လွယ်ကူကူဖြင့် ကယ်တင်ခြင်းသို့ မရောက် နိင်တော့ချေ၊ အဘိုးအခပေးဘို့ လိုပေမည်။ ပဌမ ဦးစွာ ခရစ်တော်ကို ပြန်လည်ယုံ ကြည် သူများ အနေဖြင့်သားရဲ တည်းဟူသော အန္တီခရစ်၏ တံဆိပ် ၆၆၆ကို ု ငြင်းပယ်ဘို့ လိုပေလိမ့်မည်။ ထို့အမှတ်တံဆိပ်မခပ်လျှင် ရောင်းဝယ်၍ မရချေ (ဗျာ ၁၃:၁ရ)။ ဘေးဒဏ်ကြီး ကာလ၌ ယခုကဲ့သို့ ငွေစက္ကူ၊ ချက်လက်မှတ် (ဃ့နခု)၊ ခရဲဒစ်ခတ် (ဃမနိငအဃမေိ) များသုံးတော့မည် မဟုတ်။ ထိုအရာများ အစား​ခြောက်သုံးလုံး တည်းဟူသော (ာငခမသခ့ငစ)ကို အသုံးပြုမည် ဖြစ်သည်။ ထိုအရာသည် ငွေအစား၊ မှတ်ပုံတင်အစား၊ ကား မောင်းလိုင်စင်အစားအ သုံးပြုမည် ဖြစ်သည်။ ထိုအရာ အသုံးပြုခြင်းအားဖြင့် အလွန် အဆင်ပြေမည် ဖြစ်သည်။ သို့သော် သားရဲ၏ တံဆိပ်ခံသောသူများ အပေါ်၌ ဤကဲ့သို့ဖြစ်မည်၊ ပဌမ သူသည် သွား၍ မိမိဖလားကို မြေကြီး ပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ ရုပ်တုကိုကိုးကွယ်သော လူတို့၌ အလွန် ဆိုးသော အနာစိမ်းပေါက်လေ၏ (ဗျာ ၁၆:၂)။ ထို့ကြောင့် ထိုတံဆိပ်ခပ်ခြင်းသည် အလွန်ကြောက်စရာ ကောင်းပေမည်။ ထိုမျှသာမက သေးဘဲ ထိုတံဆိပ်ကို ခပ်သောသူများသည် ကယ်တင်ခြင်းသို့ မရောက်နိင်တော့ချေ။ ကျမ်းစာက၊ အကြင် သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန် ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာသော 
ဍှင်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုဍှင်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက် ရှိ၏။သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူသည် နေ့ညဉ့်မပြတ် သက်သာမရကြ၊ (ဗျာ ၁၄:၉-၁၁)။ ထိုသို့သားရဲ၏ တံဆိပ်ခပ်သောသူများသည် အစပိုင်း၌ အစဉ်ပြေသော်လည်း နောက်ပိုင်း၌ ဘုရားသခင်၏ အမျက်ဒေါသမီးခံရမည် ဖြစ်သည်။ 

သားရဲတံဆိပ်မခံသောသူများလည်းရောင်းဝယ်၍ မရသောကြောင့် စား သောက်စရာ မရှိ၊ အငတ်ခံမည် ဖြစ်သည်။ ထို့အပြင် သားရဲနှင့် သူ၏ လူများက သူတို့ကို သဲသဲမဲမဲလိုက်လံသတ်ဖြတ်မည် ဖြစ်သည်။ ကျမ်းစာ၌၊ ပÌမတံဆိပ်ကို ဖွင့်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပ†င်အောက်၌ ငါမြင်၏ (ဗျာ ၆:၉)ဟု တွေ့ရသည်။ ထိုအသတ်ခံရသောသူများသည် လည်ပင်း ဖြတ်ခံရကြောင်း ဤသို့ တွေ့ရပြန်သည်၊ သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏၊ (ဗျာ ၂၀:၄) ဟုဆိုထားသည်။ ဤနေရာ၌ ခရစ်တော် ယုံကြည်သူများကို လည်ပင်းဖြတ်ခံရသောကြောင့် ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ဘာသာရေးသည် မူစလင်ဘာသာ ဖြစ်နိင်သည်။ အကြောင်းမှာ ယခုမူစလင်များသည် တကမ္ဘာလုံးမူစလင် ဖြစ်ရန် အလွန် ကြိုးစားသည်။ ထိုမျှသာမက မူစလင်မဝင်ချင်သောသူများကို လည်ပင်းဖြတ်တတ်သည်။ 

ထိုသို့သားရဲ၏ တံဆိပ်ကို မခံသောသူများသည် လည်ပင်းဖြတ်ခြင်း ခံမည် ဖြစ်သောကြောင့် လွယ်ကူမည် မဟုတ်။ ထိုကြောင့် ထိုအချိန် မရောက်မှီ ယခုအ ချိန်၌ ကယ်တင်ခြင်းကို အမြန်ဆုံး လက်ခံဘို့ လိုသည်။ ယုံသည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ၊ လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ၊ သိသည်ဖြစ်စေ မသိသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြည့်စုံမည် ဖြစ်သည်။ ထို့ကြောင့် အ ချိန်မှီ ဘုရားသခင်၏ ကျေးဇူးတော် တည်းဟူသော အခမဲ့ ကယ်တင်ခြင်းကို လက် ခံကြစို့။ အစအဦး၌ သခင်ဘုရား ဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသော သူတို့သည် ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင် အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည် နည်း(ဟေ ၂:၃)။ 
 
စစ် ဖြစ်မည်

ဘေးဒဏ်ကြီး ကာလသည် ငြိမ်းချမ်းရေး၊ ငြိမ်သက်မှုနှင့် အစပျိုးသော်လည်း စစ်ပွဲများ အပြည့် ဖြစ်မည်။ ထိုအရာနှင့် ပတ်သက်၍ ဗျာ ၆ ထဲ၌၊ ဒုတိယ တံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယသျွှဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်သက်ခြင်းကို မြေကြီး ကရုပ်သိမ်းခြင်း ငှါ၎င်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်း ငှါ၎င်း၊ အခွင့်ရ၏။ သူ၌ ထားကြီးကို ပေးတော်မူ၏ (ဗျာ ၆:၃)။ ထိုစစ်ပြီး နောက်အစာ ခေါင်းပါးခြင်း ကပ်ဆိုက်ရောက်မည့် အကြောင်း ဤသို့ တွေ့ရသည်၊ တတိယတံဆိပ်ကို ဖွင့်သောအခါ တတိယသျွှဝါကလာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ သျွှဝါလေးပါးအလယ်၌ ပြောသံဟူမူကား ဒေနရိတပြားနှင့် ဂျုံဆန်တခွက်ကို ရ၏။ မုယောဆန်သုံးခွက်ကို ရ၏။ ဆီနှင့် စပျစ်ရည်ကို မပြတ် စေနှင့် ဟုဆိုသည်ကို ငါကြား၏ (ဗျာ ၆:၅-၆)။ မြင်းစီးသောသူသည် ချိန်ခွင်ကို ကိုင်ခြင်းသည် အစားအသောက် ရှားပါးသောကြောင့် ခွဲတမ်းဖြင့် အစာကို ဝေမည့် အကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ အစားအသောက်ရှားပါသည်သာ မကစျေးလည်း အဆမတန်ကြီး မည့် အရာကို ဖေါ်ပြသည်။ ဒေနရိတပြားသည် လူကြီး တယောက်၏ တနေ့လုပ်စာ ဖြစ်သည်။ လူကြီး တစ်ယောက်၏ တနေ့လုပ်အားဖြင့် ဂျုံဆန်တခွက်ကိုသာလျှင် ရနိင်သည်။ လောလောဆယ် အမေရိကန်၌ လူကြီး တယောက်၏ လုပ်ခသည် ဒေါ်လာ ၆၀မှ ၁၀၀ ခန့်ရှိသည်။ ထိုလုပ်အား ခဖြင့် ဂျုံဆန်တခွက်ကိုသာလျှင် ရမည်။ အမေရိကန်ဒေါ်လာတန်ဘိုးလည်း တနေ့တခြား ကျလျက် ရှိသည်။ အကြောင်းမှာ ဘေးဒဏ်ကြီး ကာလနှင့် နီးသောကြောင့် ဖြစ်သည်။ အမေရိကန်နိင်ငံ၏ အကြွေးသည် ထီလီယံ ၁၃ ရှိနေပြီ။ အတိုးပင်လျှင် အားလုံး မပေးနိင်ချေ။ ထို့ကြောင့် ငွေစက္ကူကို အထိန်းအချုပ်မရှိလိှမ့်နေသည်။ အလွန်ပင် ရင်လေးစရာ။ 

စစ် ဖြစ်ပြီး နောက်အစာ ခေါင်းပါးမှု ကလိုက်လာ၍ ကပ် ရောဂါကလည်း ထပ်ချပ်မကွာလိုက်လာမည်။ စတုျွှတံဆိပ်ကို ဖွင့်သောအခါ စတုျွှ သျွှဝါကလာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်း မဲွတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေးမြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကို ရ၏် (ဗျာ ၆:ရ- ၈)။ အထက်ပါ စစ်ပွဲ၊ အစာ ငတ်မွတ် ခေါင်းပါးခြင်း၊ ကာလနာ များနှင့် မြေသားရဲဘေးကြောင့်ကမ္ဘာ့ လူဦးရေ၏ လေးပုံတပုံသေဆုံးအ ရကြလိမ့်မည်။ လူလေးယောက်ရှိလျှင် တယောက် သေမည်။ ယခုကမ္ဘာ့ လူဦးရေ 
သည် သန်းပေါင်းရဝ ၀၀ နီးပါးရှိနေပြီ။ ထို့ကြောင့် သန်းပေါင်း၁ရဝ ၀ ကျော်သေ ဆုံးကြမည် ဖြစ်သည်။ ထိုမျှလောက်သေဆုံးခြင်း၌ မည်မျှကြောက်စရာ ကောင်း မည်နည်း။ 

တဖန် ဗျာဒိတ် ၉၌ စစ်သား၂၀၀ သန်းအကြောင်း တွေ့ရသည်။ ဆဌမ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ဘုရားသခင့်ရှေ့တော်၌ ရှိသော ရွှေယဇ်ပ†င်၏ ချိုလေးချောင်းထဲကထွက်သော အသံကား၊ ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်လျက် ရှိသော ကောင်းကင်တမန် လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမ ကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ ထိုအခါ လူသုံးစုတစုကို အသေသတ်စေခြင်းငှါ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ ပြင်ဆင်သော ကောင်းကင်တမန် လေးပါတို့ကို လွှတ်လေ၏။ မြင်းစီးသူရဲတို့၏ အရေ အတွက် ကား နှစ်သင်္ချေ (သန်း၂၀၀) ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိန်သုကျောက်နှင့် ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၎င်း၊ ငါမြင်ရ၏်။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။ သူတို့၏ ခံတွင်း ထဲကထွက်သော ကန့်၊ မီးလျှံမီးခိုး တည်းဟူသော ဘေးသုံးပါးကြောင့်လူသုံးစုတစုသေကြ၏။ အကြောင်းမူကား သူတို့ တန် ခိုးသည် ခံတွင်း၌၎င်း၊ အမြီး၌၎င်း၊ တည်၏။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ၍ မြွေနှင့် တူ၏။ အမြီးအားဖြင့် ဍှင်းဆဲတတ်ကြ၏ (ဗျာ ၉:၁၃-၁၉)။ 
 အထက်ပါ စစ်ပွဲအရလူသုံးစုတစုသေကြပြန်မည်။ မြင်း ဟုဆိုသော်လည်း တကယ် တိရစ္ဆာန်မြင်း မဟုတ်ကြောင်း ဤသို့ တွေ့နိင်သည်။ မြင်း၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၍ ခံတွင်း ထဲကလည်း ကန့်မီးလျှံ၊ မီးခိုးထွက်၍ အမြီး၌ မြေး မြွေွခေါင်းနှင့် တူ၍ တန်ခိုးရှိသည် ဟုဆိုသောကြောင့် ယခုခေတ်၌ အသုံးပြုသော တင့်ကား၊ ဒုံးပျံတင်ကားများဖြစ်နိင်သည်။ ထိုစစ်ပွဲ၌ ပါဝင်သော စစ်သားလည်း သန်းပေါင်း၂၀၀ ရှိသောကြောင့် ကမ္ဘာ့ အကြီးမားဆုံးသော စစ်ပွဲကြီး ဖြစ်သည်။ ထို့ကြောင့်လည်း လူသုံးစုတစုသေရခြင်း ဖြစ်မည်။ ထိုစစ်ပွဲများသည် မကြာမှီ ဖြစ်မည့် အရာများ ဖြစ်သည်။ ထိုအချိန်၌ အလွန် ကြောက်လန့်စရာ ကောင်းသည်။ ထိုအရာများကို ရှောင်နိင်ရန် တခုတည်းသော နည်းလမ်းသည် ချီဆောင်ခြင်း၌ ပါဝင်ဘို့ ဖြစ်သည်။ ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန် ခရစ်တော်ကို ရရှိထားဘ့ုိလိုသည်။ ခရစ်တော် ရရှိရန်မှာ သူ့ကို စိတ်နှလုံးထဲ၌ ခေါ်ဘိတ် လက်ခံဘို့ လိုသည်။ 
 
 
သန့်ရှင်းသော ၀ိညာဉ်တော် 

ယခုခေတ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ခေတ် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အကြောင်းကို နားလည်ဘို့ လိုသည်။ ခရစ်ယာန် အသက်တာသည် သန့်ရှင်းသောဝိညာဉ်တော် မပါလျှင် မဖြစ်နိင်ချေ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ကို အလွှဲလွှဲအချော်ချော်သင်ပေးခြင်း၊ နားလည်ခြင်းများရှိနေသည်။ သန့်ရှင်းသောဝိညာဉ်တော် ရှိသလို ဝိညာဉ်ဆိုးများလည်းရှိနေ သောကြောင့် သတိထားဘို့ လိုသည်။ ဝိညာဉ်ဆိုးများကလည်း သန့်ရှင်းသောဝိညာဉ်တော် ယောင်ဆောင်လျက် လူများကို လမ်းလွဲသို့ ပို့ဆောင်ဖျားယောင်းနေသည်။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဝိညာဉ်ဆိုးများကို မည်သို့ သိနိင်မည်နည်း။ ခံစားချက် အားဖြင့် အမှားနှင့် အမှန်ကို မသိနိင်။ ကျမ်းစာ အားဖြင့်သာ သိနိင်သည်။ ထို့ကြောင့် ကျမ်းစာထဲမှ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို လေ့လာကြစို့။ 


အပြစ် ဖေါ်ပြမည်

သခင်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား ငါမသွားလျှင် ဥပဇဏျာယ်ဆရာသည် သင်တို့ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါ စေလွှတ်မည်။ ဥပဇဏျယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ငါ့ကို မယုံကြည် သောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်၍ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင်ရသောကြောင့် အပြစ်ကင်းခြင်းကို ဘော်ပြမည်။ ဤလောကကို အစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို ခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဘော်ပြမည် (ယော ၁၆:ရ- ၁၁)။ 

အထက်ပါ ခရစ်တော်၏ စကားအရ သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိ ကအ လုပ်သည် လူများကို အပြစ် ဘော်ပြဘို့ရန် ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူမူကား လူများအတွက် အဓိကလိုအပ်ချက်သည် အပြစ်ကင်းဘို့ ဖြစ်သည်။ ဆ ရာဝန်ဆီလာသမျှသောသူများသည် အနာရောဂါကြောင့်လာ ကြသည်။ ဆရာ ဝန်သည် လူနာ၏ ရောဂါကို ရှာဖွေ၍ ကုသဘို့ရန်သာ ဖြစ်သည်။ နေကောင်းသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ကောင်းကြောင်း ဘော်ပြဘို့ရန် မဟုတ်။ နာနေသော နေရာကို ရှာဖွေ၍ ကုသဘို့ရန်သာ ဖြစ်သည်။ ဆရာဝန်၏ အ လုပ်သည် အနာရောဂါရှာဖွေ ပြီးမှကုသဘို့ရန် ဖြစ်သည်။ ထို့နည်းတူ သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကလုပ်ငန်းမှာလူများ၏ အပြစ်ကို ဘော်ပြဘို့ ဖြစ်သည်။ ထိုနောက် မည်ကဲ့သို့ အပြစ်ကင်းနိင်မည်နည်းဟူသောအရာကို ဖေါ်ပြမည်။ ခရစ်တော်က လူသားများ၏ အပြစ် အတွက် မည်ကဲ့သို့ ဆောင်ရွက်သည်များကို ဖေါ်ပြမည်။ ထိုသို့ ဖေါ်ပြသော်လည်း မယုံကြည်၊ လက်မခံသောသူများကို အပြစ် စီရင်ခြင်း အကြောင်း ဖေါ်ပြမည်။ ဤလောကကို အစိုးရသော မင်း တည်းဟူသော စာတန်ကို ဘုရားသခင်က မည်ကဲ့သို့ တရားစီရင်မည်ကို ဖေါ်ပြမည်။ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကနှင့် ပဌမဦးဆုံး ပြုလုပ်မည့် အလုပ် ဖြစ်သည်။ 
 
သက်သေ ဖြစ်ဘို့ 

သခင်ယေရှု ကသူ ကောင်းကင်နိင်ငံသို့ ပြန်ခါနီးတွင် တမန်တော်များထံ ဤသို့ ပြောခဲ့သည်၊ သင်တို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိ ပြည်၊ မြေကြီး စွန့်တိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်၊ (တ ၁:၈)။ သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း၏ အကြောင်းရင်းကို ပြောပြသွားသည်။ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ တန်ခိုးကို ရ၍ သက်သေခံဘို့ရန် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးသည် ပြဘု့ိရန် မဟုတ်၊ မိမိ အလိုဆန္ဒအတိုင်း လုပ်ဘို့ရန် မဟုတ်၊ ခရစ်တော်၏ သက်သေ ဖြစ်ဘို့ရန် ဖြစ်သည်။ ထိုသက်သေကိုလည်း လူမျိုးခွဲခြားခြင်း မရှိဘဲ လူမျိုးတိုင်း အတွက် ဖြစ်မည်။ ထို့ကြောင့် လူမျိုးခွဲခြားခြင်းရှိသော ယုံကြည်သူနှင့် အသင်းတော် များသည် ခရစ်တော်၏ ရည်ရွယ်ချက်နှင့် လွဲ နေကြောင်း သိနိင်သည်။ ထိုမျှသာမက ယုံ ကြည်သူ ဟုဆိုသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော် ရရှိသည် ဟုဆိုသော်လည်း ခရစ်တော်၏ သက်သေမ ဖြစ်လျှင် မေးခွန်းမေးစရာ ရှိလာသည်။ သန့်ရှင်းသောဝိညာဉ်တော် မရရှိသောကြောင့် လော၊ သို့မဟုတ် ဇာတိနှင့် အသက်ရှင်သောကြောင့် လော။ 
 
တမန်တော်များ သက်သေခံ

တမန်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝတိုင်းရဲ ရင့်စွာ တရားဟောကြောင်း တွေ့ရသည်။ ပင်တေကုတ္တေနေ့၌ တမန်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သောအခါ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည် အတိုင်း အမျိုးမျိုးသော ဘာသာစ ကားအားဖြင့် ဟောပြောကြ၏ (တ ၂:၄)ဟု ရေးထားသည်။ သူတို့ ပြောသော အမျိုးမျိုးသော ဘာသာစကားသည် လူ၁၆ မျိုး၏ စကား ဖြစ်၍ ကြားနာသောသူများက နားလည်သည်။ ထိုနေ့၌ လူ၃၀၀၀ ပြောင်းလဲသည်။ 

ရှင်ပေတရုနှင့် ယောဟန်တို့သည် ခရစ်တော်၏ နာမဖြင့် ​ခြေမစွမ်းသောသူကို အနာမှပျောက်စေသောအခါ မင်းအရာရှိ၊ လူအကြီး အကဲ၊ ကျမ်းပြုဆရာတို့နှင့် ယဇ်ပုရောဟိတ် များကစစ်ဆေးမေးမြန်း ကြသည်။ ထိုအခါ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျက် လူကြီး မင်းများကို ရဲရင့်စွာ ခရစ်တော်၏ အကြောင်းကို သက်သေခံနိင်သည် (တ ၄:၈)။ သူတို့ကို လူအကြီး အကဲတို့ ကခြိမ်းချောက်သော်လည်း မကြောက်ကြ။ သူတို့သည် စုဝေး၍ ဆုတောင်း ပဌ နာပြုပြီးမှစုဝေးသော အရပ်သည် တုန်လှုပ်၍ ထိုသူ အပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့် ဘုရားသခင် နှုတ်ကပတ်တော်ကို ရဲရင့်စွာ ဟောပြောကြ၏ (တ ၄:၃၁)။ ပေါလုနှင့် ဗာနဗတို့သည် တရားဟောသောကြောင့် ဍှင်း ဆဲခြင်းနှင့် ပြည် နှင်ဒဏ်များ ခံရသော်လည်း တပည့်တော်တို့သည် ဝမ်းမြောက်ခြင်း နှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ပြည့်စုံကြ၏။ (တ ၁၃:၅၂) 

 

ဘုရားကျောင်းဖွင့်ပွဲ နှင့် သတင်းကောင်း ပွဲတော်ကြီး 
အနှစ်နှစ်အလလစောင့်မျှော်ခဲ့သော Rockville သတင်းကောင်း နှစ်ခြင်း ဘုရားကျောင်းဖွင့်ပွဲနှင့် သတင်းကောင်း နှစ်ခြင်း ပွဲတော် ကြီးကို ဇူလိုင်လ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ စည်ကားစွာဖြင့် ပြုလုပ် ရသော အခွင့် ပေးတော်မူသော ထာဝရဘုရားသခင်၏ ကျေးဇူးတော်ကို အထူးချီးမွမ်းပါသည်။ ထိုဘုရားကျောင်းကို ၂၀၀၄ ခုနှစ်ဒီဇဘ်ာလ၌ ဖွင့်ဘို့ ဖြစ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခုကဲ့သို့ နောက်ကျရခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင်လည်း ဖွင့်မည်ဟု ရည် မှန်းထားသော်လည်း စာတန်၏ ဟန့်တားမှုကြောင့် မဖွင့် ဖြစ်ခဲ့ချေ။ နယ်အသီးသီး မှ ယုံကြည်သူများလည်း ဘုရားကျောင်းဖွင့်ပွဲလာဘို့ရန် ပြင်ဆင်လျက် ခွင့်ယူသောသူများလည်းရှိကြသည်။ သို့သော် ဖွင့်ဘို့ရန် ဖြစ်မ လာသောအခါ စိတ်ပျက်စ ပြုလာ ကြသည်။ နောက်ဆုံး၌ ဤကဲ့သို့ ဖွင့်ဘို့ ဖြစ် လာသောအခါ အားလုံး ဝ မ်း မြောက်ဝမ်းသာဖြင့် ပါဝင်ကြခြင်း ဖြစ်သည်။ 


Battle Creek, MI မှ ယုံကြည်သူများသည် လူ၆၀ ကျော်စီးနိင်သော ဘတ်စ် ကား ကြီးကိုငှါး ကြပြီး လူအုပ်စုကွဲမှာ စိုးရိမ် သောကြောင့် တည်းခိုခန်းကိုငှါး၍ တစု တဝေးတည်း ခိုခြင်းဖြင့် ပါဝင် ကြသည်။ လူဦးရေ ၅၆ယောက်ခန့်လာရောက် ကြ၍ သံစုံသီချင်းများ သီဆိုခြင်းဖြင့် တတပ်တအား ပါဝင်ခဲ့ ကြသည်။Syracuse, NY အသင်းသား များသည် အများဆုံးလာရောက်သောသူများဖြစ်၍ အားလုံး ပေါင်း၆ရယောက် ဖြစ်သည်။ သူတို့သည် သူတို့၏ သင်း အုပ်ဆရာ ဆရာဂျာဂျာ တရားဟောသည့်တနင်္နွေနေ့ညတွင် သီချင်းဆိုဘို့ ဖြစ်သော်လည်း အချို့သောသူများ တနလ်ာနေ့တွင် အလုပ်လုပ်ဘို့လိုသောကြောင့် တနင်္နွေနေ့ညနေပိုင်းတွင် ပြန်သွား ကြသည်။ သူတို့ အထဲမှမသီတာ သက်သေခံခြင်းအားဖြင့် ယုံကြည်သူများခွန် အားရကြသည်။ ကျမ်းစာ သင် တန်း၌ မေးခွန်းများကို အမြဲ​ဖြေနိင်သော မစန​ြာကြောင့်လည်း ယုံကြည်သူများ အားရကြသည်။ 

Atlanta မှ ယုံကြည်သူများလည်း ကားနှင့် လေယဉ်ဖြင့် ၂၂ယောက် လာရောက် ကြသည်။ သူတို့လည်း သီချင်းများအားဖြင့် ပါဝင်ကြ၍ သူတို့၏ သင်းအုပ်ဆရာသိက္ခာတော် ရဆရာယောရှုဟရန်ကိတ်ဇိုလ်ကစနေနေ့ညတွင် တရားဟောခြင်းဖြင့် တတတ်တအား ပါဝင်ခဲ့ ကြသည်။ တနင်္နွေနေ့တွင်လည်း ဆရာယောရှုက ယုံကြည်သူ ဂ ဦးကို ဗတ္တိဇံပေး ခဲ့သည်။ 

Durham, NC မှလည်း ယုံကြည်သူ အသင်းသား၁၂ ဦး ချီတက် လာခဲ့ ကြသည်။ သူတို့၏ သင်းအုပ်ဆရာဂိဒေါင် ကလူ ၁၂ စီး ဠ​ေညကို မောင်း နှင်၍ လာခဲ့ ကြသည်။ သူတို့၏ အသင်းတော်သည် ၂၀၀၉ ခုနှစ်တွင် တည် ထောင်၍ တနင်္နွေနေ့တွင် ယုံကြည်သူ ၂၅ယောက်ခန့်ဘုရားရှိခိုးတတ်သည်။ အသင်းသား၅၀ ရာခိုင်နှုန်းလာရောက်ခြင်း ဖြစ်သည်။ ဆရာဂိဒေါင်က ဗေွ ဆော်ဦးည ဖြစ်သောသော ကြ်ာနေ့ညတွင် အစည်းအဝေးကို ဦးဆောင်ခဲ့သည်။ 

 ယခုနှစ်ဧပြီလမှ အသင်းတော် အဖြစ်ရပ်တည်သော၍Indianapolis အသင်းသား များလည်းအား ကျမခံ အသင်းသား၂၃ယောက်ဖြင့် ပါဝင် ကြသည်။ သူတို့သည် သင်းအုပ်ဆရာမရှိ သေးသော်လည်း ဝိညာဉ်ပိုင်း၌ ဆာငတ်မှု ရှိကြသည်။ ပွဲတော် ကြီးပြီး သွားသောအခါ ဆရာမောဇက်နေအိမ်၌ ပြုလုပ်သော တ ပတ်တာသင်တန်း၌ လူ၉ယောက်တက်ရောက်နိင်သော အသင်းသားများဖြစ်သည်။ ပွဲတော် ကြီး၌ ခွန်အား များစွာ ရရှိသည်ဟု သိရသည်။ 

Frederick အသင်းတော် မှလူငယ်များကလည်းသော ကြ်ာနေ့ညဝတ် ပြုရာ၌ သီချင်းအားဖြင့်ကိုးကွယ်ခြင်း၌ ကောင်းစွာ ဦးဆောင်သွားခဲ့ ကြသည်။ ထို့အပြင် အလှူငွေ ဒေါ်လာ ၁၀၀၀ အားဖြင့်လည်း ပါဝင်ခဲ့ ကြသည်။ 

San Jose, CA မှလည်းကို အာဒံ၊ကို ကျော်သန်း၊ မအိုလီဗျာတို့လည်း ပါဝင် ကြသည်။ မအိုလီဗျာ၏ သက်သေခံခြင်း အားဖြင့်လည်း များစွာ ခွန် အားရကြသည်။ ထိုအပြင် တပတ်သင်တန်းသားများထံသုံးယောက်စလုံးက သက်သေခံတိုက်တွန်းခြင်းအားဖြင့် သင်တန်းသားများအတွက် များစွာ တည် ဆောက်စရာ ဖြစ်ခဲ့သည်။ 

အိမ်ရှင် Rockville အသင်းသား များလည်းရှိသမျှသာမက မရှိသော အရာများ ထဲမှလည်း ဘုရားကျောင်းဆောက်လုပ်ခြင်း၌ ပါဝင်ကြသောကြောင့် ဘုရားကျောင်းဖွင့်ပွဲ၌ အားရဝမ်းမြောက်စွာ ပါဝင် ကြသည်။ အသင်းသား ဦးရေ နည်းသော်လည်း လုံးဝ စိတ်ဓါတ်ကျခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည် အားကိုးခြင်းဖြင့် ပါဝင် ကြသည်။ ဧည့်သည်များ လက်ခံဘို့ရန်လည်း မိမိတို့ အိမ်များကို တံခါးကျယ်စွာ ဖွင့်၍ လက်ခံ ကြသည်။ အစားအသောက်များကိုလည်း တတ်နိင် သမျှ ချက်ပြုတ်ဝယ်ယူ ကြသည်။ အသင်းသား တိုင်း အလွန် ကြိုးစား ပါဝင်သောကြောင့် ပွဲတော်ကြီး အောင်မြင် စွာ ဆင်နွ​ဲနိင်ခြင်း ဖြစ်သည်။ 

အထက်၌ ဖေါ်ပြသောသူများသာမက တဦးချင်းပါဝင်ကြသောသူများလည်းရှိကြသည်။ ဘုရားကျောင်းဖွင့်သော နေ့၌ လူ၃၀၀ ကျော်ခန့်ပါဝင် နိင် ကြသည်။ ထို့အပြင် စနေနေ့၌လည်း နံနက် ၉ နာရီမှ ၁၂ နာရီ အထိ၊ ညနေ ၁ နာရီမှ ၄ နာရီ အထိ ဆရာမောဇက်ထောင်ကျုံးက ချီဆောင်ခြင်းမှ စ၍ အရှေ့ အလယ်ပိုင်းအ​ခြေအနေများ၊ ခရစ်ယာန် အသက်တာများကို သင်ပေးခဲ့ပါသည်။သော ကြ်ာနေ့ညတွင် ဆရာနော်ဂျာ (လူငယ်သင်းအုပ်)က တရားဟောသည်။ စနေနေ့ညတွင် ဆရာယောရှုက၎င်း၊ တနင်္နွေနေ့နံနက်ဘုရားကျောင်းဖွင့်ပွဲ၌ အိမ်ရှင်ဆရာမောဇက်က၎င်း၊ တနင်္နွေနေ့ညတွင် ဆရာဂျာဂျာက၎င်း၊ တ ရားဟောသွားကြပါသည်။ တပင်တိုင်သီချင်းများ မဆိုတော့ဘဲ အသင်းတော် အလိုက်စုပေါင်းသီးချင်းများသာသီဆို ကြသည်။ 

ဘုရားကျောင်းဆောက်လုပ်ခြင်းတွင် အဓိကလှုပ်ရှားဆောင်ရွက်သူ ဦး Defence & Tacla Lalawng; Richard Kirby, Co-Project Manager တို့ကို အသင်းတော် ဒုတိယဥက္ကဌဆရာပေါင်ပီး ဦးဆောင်၍ ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ကြပါသည်။ ဦး Lalawng ကဘုရားကျောင်းအဆောက်အဦး ဖြစ်ပေါ်လာ ပုံသမိုင်းအကျဉ်းကို ပြောပြသွားပါသည်။ 
 
သက်သေခံချက်

အေမာနိုး Indianapolis

ပဌမ ဦးစွာ ဘုရားသခင်၏ နာမတော်သည် ချီးမွမ်းခြင်းရှိပါစေသော်။ ဒီတခေါက်သတင်းကောင်း ပွဲတော် ကြီးသို့ သွားရတာ ဝိညာဉ်ရေးရာ၌ ဘုရားသခင်ရဲ့အတူ ပါရှိမှုကို ကောင်းစွာ တွေ့မြင်ရပါတယ်။ ပွဲတော်ကြီး သွားဘို့ အစည်းအဝေးထိုင်တဲ့အခါမှာမသွားဘို့ စဉ်းစားခဲ့တယ်။ ခလေး တွေသွားရင်တော် ပြီဘဲ၊ ​ကျွန်မယောက်ျားလဲခဏခဏခွင့်ယူရတယ်၊ နေလဲမကောင်းဘူးဆိုပြီး ​ကျွန်မကတော့တွက်ထားတယ်။ ဘာကြောင့်လဲဆိုတော့အဲဒီအချိန် မှာ​ကျွန်မယောက်ျားဟာသူ့ပေါင်နာပြီး လမ်းလျှောက်လို့တောင်မရဘူး၊ ကြာကြာလဲ ထိုင်လို့မရဘူး၊ ကြာကြာမတ်တပ်ရပ်လို့လဲမရဘဲ နှစ်ပတ်လောက် ဖြစ်ခဲ့ရတယ်။ သူကတော့သွားဘို့ဘဲ ရည်ရွယ်နေတယ်။ ​ကျွန်မကတော့ သူ့ကို သွားခွင့်မပြု ဘူး။ ဒါပေမဲ့အံ့ဩဘွယ်ရာမသွားခင်နှစ်ရက်လောက်အလိုမှာနဲနဲသက်သာ လာတယ်။ ​ကျွန်မကတော့စိတ်မကောင်းဘူး၊ လူတွေကြားထဲမှာ ပြသနာများမှာ စိုးရိမ် ရင်းနဲ့သွားခဲ့ရတယ်။ ဒါပေမဲ့မေရိလင်းရောက်တဲ့အချိန် ကစပြီး ယနေ့ တိုင်အောင် သူရဲ့ပေါင်နာတာသက်သာသွားပြီး ကောင်းမွန်စွာ သွားလာနိင်ပြီ။ ဒါကြောင့်ပွဲတော်ကြီး သွားတဲ့အတွက် ကျန်းမာခြင်း ပေးတဲ့ ဘုရားသခင် ရဲ့နာမတော်ကို ချီးမွမ်းမိပါတယ်။ 

ဒါ့အပြင်မေရိလင်းမှာရှိတဲ့ ယုံကြည်သူ တွေဘုရားကျောင်းဆောက်တာ တွေ၊ ဘုရားကျောင်းလဲအဝေးကြီး ကနေကား စီးပြီး လာဘို့ လိုပေမယ်လု့ိအမြဲတမ်း လာနိင်တာတွေ့ရ၊ မြင်ရတဲ့အခါမှာ များစွာ ခွန် အားရမိတယ်။ ယုံကြည်ခြင်း ဆိုတာဒီလိုဘဲ လိုအပ်တယ်ဆိုတာမြင်လေလေခွန်အား အများ ကြီးရတယ်။ အဲ ဒီအပြင်မှာ သူများ သက်သေခံတာတွေကြားရတဲ့အခါ ကယ်တင်ခြင်းသို့ ရောက် တာန့​ဲပျောက်ဆုံးဝိညာဉ် ဖမ်းချင် တဲ့စိတ်ဒါလောက်တောင်ရှိတယ်၊ ဒါလောက် တောင် ဘုရားသခင်ကို ချစ်တယ်ဆိုတာတွေမြင်တဲ့အခါငါ့ကို ငါဘုရားရှေ့မှာ ယုံ ကြည်ခြင်း မရှိဘူးဆိုတာသိလေလေဝမ်းနည်းလွန်းလို့မျက်ရည်ကျမိတယ်။ ငါ့ကို ငါဘုရား အမှု မဆောင်တာဒီပွဲတော်ကြီး မှာလာရောက်ခြင်းအားဖြင့် မြင် တွေ့ရတော့စိတ်နှလုံးအရည်ပျော်ပြီး စိတ်ထဲမှာစဉ်းစားတာတွေပြောင်းလဲကုန် တယ်။ 

ဇူလိုင်လ သုံးရက်နေ့ညမှစပြီး ​ကျွန်မစိတ်နှလုံးထဲမှာအော်ငါလဲအိမ် ရောက်ရင် ဘုရားသခင် ခိုင်းတဲ့အလုပ်ကို ဘယ်လုပ်လုပ်ရမလဲဆိုတာနေ့နဲ့ည စဉ်းစားနေတယ်။ အရင်ကလဲကောင်းတာတော့သိတယ်၊ ဒါပေမဲ့သိရုံဘဲ သိတာ ဖြစ်မယ်။ အခုတော့စိတ်နှလုံးထဲမှာဘုရား အမှုတော်ဆောင်ချင် တဲဟာအရမ်း ဖြစ်နေတယ်။ ​ကျွန်မယောက်ျားလဲအရင်က ဘုရားတရား ဟောချင် ပေမဲ့ပညာ လဲမရှိကျမ်းစာ ကျောင်းလဲမအောင် ဘယ်သူကမှမင်းဟောတာ နားထောင် ချင်မှာ မဟုတ်ဘူး၊ သွားမနေနဲ့၊ ပြောမနေနဲ့တော့လို့​ကျွန်မကဘဲ တားနေတတ် တယ်။ ဒါပေမဲ့ဒီတခေါက်မေရိလင်းသွားရတဲ့အတွက် ခွန် အားရပြီး တဲ့ နောက်မှာ တော့သွားဘို့ လိုတယ်၊ ပြောဘို့ လိုတယ်၊ ​ကျွန်မတို့ ရဲ့တာဝန်ဘဲ ဖြစ်တယ် လိုခံယူလာတယ်။ အရင်တုန်းက​ကျွန်မကိုယ်တိုင် သက်သေခံဘို့ ဆိုတာမျိုးမစဉ်း စားခဲ့ဘူးဘူး။ ဒီတခေါက်တော့ဘယ်မှာ အသိမိတ်ဆွေ တွေ သက်သေခံဘို့ ရှိမ လဲ၊ ဘယ် သူ့ကို ပြောရင်လွယ်မလဲဆိုတာတွေစဉ်းစားမိလာတယ်။ ပြောဘို့ လို တယ်၊ ပြောချင် တဲ့စိတ်တွေပေါ်လာတဲ့အတွက် ဘုရား နာမတော်ကို ချီးမွမ်းတယ်။ ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ ဆိုရင်စိတ်ရှည်ရတယ်၊ နှိမ့်ချရတယ်၊ အားဘို့ လိုတယ်၊ ဘုရား အတွက် ဆက်ကပ်ဘို့ လိုတယ်ဆိုတာအရင်ကလဲသိပေမယ်လို့ဒီတခေါက် သိတာနဲ့တခြားစီ ဖြစ်သွားတယ်။ ဘုရား အတွက် ဒုက္ခ ဆင်းရဲ ခံခြင်း ဖြစ်စေ၊ ဆင်းရဲခံမည့် အရာ ဖြစ်စေ၊ ဆင်းရဲ ခံတဲ့သူတွေ၊ လုပ်ခွင့်ရတဲ့လူတွေဟာကျေးဇူးတော် ခံစားရတဲ့သူတွေလို့စဉ်းစာမိတယ်။ ဒါကြောင့်ဒီတခေါက်ပွဲတော်ကြီး သွားရတာ ​ကျွန်မအတွက် အလွန်ဘဲ ခွန် အားရမိပါတယ်။ 

ဒါကြောင့် ယုံကြည်သူ ညီအစ်ကို မောင်နှမများတွေ့ဆုံခြင်း ဟာဘယ်လောက် အရေးကြီး တယ်ဆိုတာဒီတခေါက်​ကျွန်မအရမ်း သဘောပေါက်တယ်။ ချီဆောင်ခြင်း လဲအရမ်းနီးလာပြီ ဖြစ်တဲ့အတွက် လုပ်ချိန်တောင်သိပ်မရှိတော့ဘူး။အချိန် အနည်းငယ်ရှိတဲ့အတောအတွင်း မှာယုံကြည်ခြင်း နဲ့အသက်ရှင်ဘို့ နဲ့ဘုရားသခင်အတွက်ဘဲ အသက်ရှင်ဘို့ လိုတယ်ဆိုတာခွန် အားရတဲ့အရာကို ဒီစာစောင် ထဲကနေ သက်သေခံခြင်း ဖြစ်ပါတယ်။ ဒီလို​ကျွန်မကို ခွန် အားပေးတဲ့ဘုရား သခင်သည် ချီးမွမ်းခြင်းရှိပါစေသော်။ 

မှတ်ချက်။ အေမာနိုးသည်၍ ညိင​ေညစေသူငျ သတင်းကောင်း နှစ်ခြင်း အသင်းတော်၏ အမာခံ ယုံကြည်သူ ဖြစ်သည်။ သူသည် အမျိုးသမီးအဖွဲ့၏ ဥက္ကဌလည်း ဖြစ်သည်။ သူတို့ မိသားစုကို ဘုရားသခင်က အသုံးပြုနေသည်။ သူ၏ ခင်ပွန်းသည်လည်း အသင်းတော်၏ အတွင်းရေးမှုး ဖြစ်သည်။ သူ၌ သားသမီး၃ယောက်ရှိ၍ အားလုံး လူငယ်အဖွဲ့၌ ဦးဆောင် သူများ ဖြစ်ကြသည်။ 
 
ဒေါ်လှလှ (ဝါ) ကင်းကင်းနုူး 

​ကျွန်မကတော့ ၁၉ရ ၉ ခုနှစ်မှာ သခင်ယေရှု ရဲ့ ကယ်တင်ခြင်းကို လက်ခံခဲ့ပါတယ်။ အဲဒီအချိန် မှစပြီး ယေရှုခရစ် ရဲ့ ကယ်တင်ခြင်းကို မသိတဲ့လက်မ ခံတဲ့လူမှန်သမျှ ဟာငရဲကို သွားရမှာကို သေချာစွာ သိရှိရတဲ့အတွက် သူတို့ကို သနားပြီး ယေရှုခရစ် ရဲ့ ကယ်တင်ခြင်း အကြောင်းကို စတင်ပြီး ​ကျွန်မတတ်နိင် သလောက်လက်လှမ်းမှီရာလူများကို ဧဝံဂေလိတရားစပြီး ပြော ဖြစ်ပါတယ်။ ဧဝံ ဂေလိဟောရန် (၁) ယေရှု ဘုရားရှင်ရဲ့အကြောင်း နားလည်ဘို့ လိုတဲ့အတွက် သမ္မာကျမ်းစာကို ဖတ်ရပါတယ်။ (၂) ကိုယ်ပြောပြရမဲ့လူများအတွက် ဆု တောင်းပေးဘို့ လိုပြန်တယ်။ (၃)အချိန် ပေးဘို့ လိုတဲ့အတွက် မိမိရဲ့အချိန်ကို ပေးရပြန်တယ်။ ဒါကြောင့် အခြားသော အရာများ အတွက်အချိန် ပေးမှု နည်းပြီး ကျမ်းစာဖတ်တတ်လာတယ်။ ဆုတောင်း တတ်လာတယ်။ ဧဝံဂေလိ ပြော တတ်လာတယ်။ ဧဝံဂေလိ ပြောရခြင်း ဟာပေးဆပ်မှု လိုအပ်တယ်။ ဒါပေမဲ့အ ရှုံးမရှိပါ။ ဧဝံဂေလိ ဟောပြောရခြင်းရဲ့ အကျိုးရလတ်များကို ​ကျွန်မ သက်သေခံချင် ပါတယ်။ 

၂၀၀၂ ခုနှစ်မှာ ယခုနေသော မရမ်းကုန်းမြို့နယ်အောင် သိဒဝိ ၃ ရပ်ကွက်မှာအိမ်ဆောက်ရန်မြေကွက်ကို ​ကျွန်မဝယ်ခဲ့ပါတယ်။ အနီးမှာရှိတဲ့ဆရာမ တဦးကို သက်သေခံခဲ့ပါတယ်။ အဲဒီဆရာမကယေရှုကို ယုံလာပြီး ​ကျွန်မတို့ ခင် မြင်လာခဲ့ကြတယ်။ ၂၀၀၄ ခုနှစ်မှာ​ကျွန်မအိမ်ဆောက်ဘို့ရန် အိမ်ဆောက် ပါမစ်တင်ဘို့ လိုလာတဲ့အခါအဲဒီဆရာမကသက်ဆိုင်ရာလူကြီး နဲ့​ကျွန်မကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီလိုမိတ်ဆက်ပေးခြင်းအားဖြင့် ​ကျွန်မအိမ်တလုံး တည်းမဟုတ်ဘဲ ခဝဲခြံသတင်းကောင်း နှစ်ခြင်း ဘုရားရှိခိုးကျောင်းဆရာနေအိမ် အုတ်တံတိုင်း ဆောက်ဘို့၊ မင်္လာဒုံမြို့နယ်ပုလဲမှာရှိတဲ့သောက်ရေသန့်စက် ရုံဆောက်ဘို့၊ ဘော်ဒါဆောင်၊ စာသင်ကျောင်း၊ ဆရာများ နေအိမ် အထိ၊ ထိုလူကြီး မင်းထံကဆောက်လုပ်ရေးပါမစ်ရသည် အထိ ဆောင်ရွက်ပေးခဲ့ပါ တယ်။ အဲဒီအပြင်ထိုလူကြီး မင်းက ယခုဘော်ဒါဆောင်လိုင်စင်ရဘို့ရန် လဲလို အပ် တဲ့စာရွက်စာတမ်းများ အကူအညီပေးခဲ့ပါတယ်။ အဲဒီအကူအညီအားလုံး ဟာ ဧဝံဂေလိ တရားဟောခြင်းအားဖြင့် ရရှိတဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဧဝံဂေလိ တရားဟောပြောခြင်း ဟာ ဝိညာဉ်ပိုင်းအတွက်သာမက လောက မှာလိုအပ်တဲ့အကူအညီများ ပါပေးဘို့ရန် ဘုရားသခင်က လူများကို ပြင်ဆင် ပေးနိင်တဲ့အကြောင်း ​ကျွန်မကိုယ်တွေ့အားဖြင့် သက်သေခံလိုပါတယ်။ သခင်ယေရှု ကသင်တို့သည် တန်ခိုးကို ရ၍ ငါ၏သက်သေ ဖြစ်ကြလိမ့်မယ်ဆိုတဲ့အတိုင်း ဧဝံဂေလိတရားကို နေရာတိုင်း၌ လူတိုင်းကိုအချိန် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေဟော ပြောကြပါစို့။ ဤ သက်သေခံချက်ကို ဖတ်သော ဓမ္မမိတ်ဆွေ အပေါင်း အပေါ်၌ ဘုရားသခင် အသစ်သော ခွန် အားပေးပြီး သက်သေခံနိင်ကြပါစေ။ 

မှတ်ချက်။ ဒေါ်လှလှသည် ရန်ကုန်ခဝဲခြံသတင်းကောင်း နှစ်ခြင်း အသင်းသူ ဖြစ်ပြီး ခဝဲခြံဘုရားရှိခိုးကျောင်း၊ ပုလဲရှိကျမ်းစာ သင်ကျောင်းအတွက် ဘော်ဒါဆောင်နှင့် စာသင်ကျောင်း၊ ဆရာများ နေအိမ်များကို တာဝန် ခံဆောက်လုပ်ပေးသောသူ ဖြစ်ပါတယ်။ စီးပွားရေးသမားလည်း မဟုတ်၊ ဆောက်လုပ်ရေးအတွေ့အကြုံလည်းရှိဘူးသူ မဟုတ်၊ ဘုရားရှင် အသုံးပြုခြင်းအားဖြင့် ထိုမျှလောက်အောင်မြင်ခြင်းရရှိခြင်း ဖြစ်သည်။ ဤ သက်သေခံချက်ကို ရေးချိန်တွင် မြန်မာပြည် မှရောက်လာ၍ ဆရာမောဇက်အိမ်တွင် အနားယူသည့်အခိုက်ရေးထားခြင်း ဖြစ်သည်။ မုတ်ဆိုး မဖြစ်သော်လည်း ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရုံမျှမကပျောက်ဆုံး ဝိညာဉ်များဖမ်းခြင်း၌ စိတ်အားထက် သန်သောသူ ဖြစ်သည်။ ဘုရား ဘုန်းတော် ထင်ရှားဘို့သာ ဖြစ်ပါစေသော်။ 
  
သတင်း 

ဇူလိုင်လ ၄ ရက်နေ့တွင် Rockville, Maryland သတင်းကောင်း နှစ်ခြင်း အသင်းတော်၏ ဘုရားရှိခိုးကျောင်းကို အောင်မြင် စွာ ဖွင့်လှစ်နိင်ခဲ့ပါသည်။ ဖွင့်ပွဲ၌ လူဦးရေ ၃၀၀ ကျော်တက်ရောက် ကြသည်။ ထိုဘုရားကျောင်းသစ်သည် စတင်ဆောက်လုပ်ရန်ပါမစ်လျှောက်ခြင်း၌ ၂ -နှစ်ခွဲကြာပြီး၊ ဆောက်လုပ်ခြင်း၌ ၃ -နှစ်ခန့်ကြာခဲ့ပါသည်။ အသင်းသူ-သားများနည်းသော်လည်း ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့်သာပြီး မြောက်နိင်ခြင်း ဖြစ်သည်။ 

ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သတင်းကောင်း ပွဲတော် ကြီးကို ကျင်းပနိင်သည်။ သုံးညဝတ်ပြုစည်းဝေးခြင်းနှင့် စနေနေ့တနေကုန် ကျမ်းစာ သင်တန်း ပြုလုပ် နိင်ခဲ့သည်။ နောက်နှစ်သတင်းကောင်း ပွဲတော် ကြီးကို Battle Creek, MI သတင်းကောင်း နှစ်ခြင်း အသင်းတော် ကဧည့်ခံရန်ဆုံး ဖြတ်ခဲ့ပါသည်။ 

ဇူလိုင်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျမ်းစာ သင်တန်းကို ဆရာမောဇက်မိသားစုနေအိမ် (Frederick, MD) တွင် အောင်မြင် စွာ ကျင်းပ နိင်ခဲ့သည်။ ထိုသင်တန်းမှ ကယ်တင်ခြင်း သဘောပေါက်သောသူများနှင့်တကွ ယ ခင် သဘောပေါက်သောသူများကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ဗတ္တိဇံ မင်္လာကို ပေးနိင်ခဲ့ပါသည်။ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ကြစို့။ 

ဇူလိုင်လ ၁၃ ရက်နေ့ညမှစ၍ ၁၈ ရက်နေ့အထိ၍ Indianapolis မြို သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ကျမ်းစာ သင်တန်းကို ဆရာမောဇက် ထောင်ကျုံးကပေးနိင်ခဲ့ပါသည်။ နေ့ခင်းပိုင်းတွင် လူ၄၀ ခန့်ညပိုင်းတွင် ၅၀ ခန့်သင်တန်းတက်ရောက်နိင်ကြပါသည်။ 

သတင်းနှင့် ပညာပေး websites များ


ချီဆောင်ခြင်းနှင့် ပတ်သက်သော သတင်းများ

http://www.raptureready.com/rapnews_db.php  

http://prophecydepot.com/

ပရောဖက် ပြုချက်နှင့် ပတ်သက်သော ရှင်းလင်းချက် နားထောင် လို သူများအတွက် 

http://www.hallindsey.com/

အရှေ့အလယ်ပိုင်းစစ်ရေးသိလိုလျှင် 

http://www.debka.com/

ခလေးထိန်းနည်းသိလိုလျှင် 

http://www.youtube.com/watch?v=oaqFHT8oOBo

ကျမ်းစာဖတ်လိုလေ့လာလို သူများအတွက် 

http://www.biblegateway.com/

 


 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG