GOODNEWS
  HOME  GOODNEWS  2010 JUN
 


 ဤစာစောင်၌...

အမှာစာ

ဘုရား ဆောက်သော အိမ်ထောင်

ခရစ်တော် ယောင်ဆောင် သူများ 

ငလျှင်လှုပ်ခြင်းများ

စိတ်ဓါတ်ကျခြင်း 

အရှေ့အလယ်ပိုင်းသတင်းများ

ဘိတ်ခေါ်အပ်ပါသည် 
 


                                                                         အမှာစာ

ခရစ်တော် ကြွမလာ သေးသောကြောင့် ဤစာစောင်ကို မိတ်ဆွေ ရရှိခြင်းဖြစ်သည်။ ချီဆောင်ခြင်းဖြစ်ပြီးပါက ဤလောက၌ ယုံကြည်သူ အစစ်များသည် ရှိတော့မည် မဟုတ်။ ယခုအချိန်တွင် ခရစ်တော် ကြွလာမည့် အရာထက် အရေးကြီးသောအရာ မရှိ။ နိင်ငံခြားသွားခါနီးတွင် အခြားသော အရာများသည် အရေးမကြီး တော့ သကဲ့သို့ဖြစ်သည်။ ကယ်တင်ခြင်း စိတ်ချ၍ ချီဆောင်ခြင်း၌ ပါဝင်မည့်သူများအတွက် ဤလောကကို နှုတ်ဆက်ခဲ့၍ ကောင်းကင် ရွှေပြည်တော်၌ ဝင်စားတော့မည် ဖြစ်သောကြောင့် အလွန် အားရဝမ်းမြောက်စရာ ပင်။ ယခုခံစား နေသော လူမှု ပြသနာများ၊ နာခြင်း၊ ငွေ​ကြေး ခက်ခဲခြင်း၊ စိတ်ညစ်စရာ ပြသနာများထားခဲ့၍ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းဝေးရာကောင်းကင် ရွှေပြည်သို့ ရောက်တော့မည် ဖြစ်သောကြောင့် အလွန် ဝမ်းမြောက်စရာ မြော်လင့်စရာ ဖြစ်သည်။ ယခုခံစားသော ဒုက္ခ ပြသနာများကြောင့် စိတ်ပျက်စရာ မရှိ။ သို့သော် ချီဆောင်ခြင်း၌ မပါဝင်မည့် မိဘညီအကို မောင်နှမ၊ သားသမီး ဆွေမျိုးသား ချင်းများအတွက် ရင်လေးရသည်။ မည်သို့ မျှလည်း ပြော၍ မရ၊ စိတ်မဝင်စား၊ ဂရုမစိုက်သောအခါ ရှင်ပေါလုရေးခဲ့သောအရာသည် တကယ် မှန်ပါလားဟု စဉ်းစားမိသည်။ ရှင်ပေါလုက၊ ငါသည် ကိုယ်ကိုကိုယ် သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ၊ ငါ့ ဘက်၌ သက်သေခံလျက် ငါသည် မုသား မပါ၊ ခရစ်တော် ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊ ငါသည် အလွန် ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ်ပူပန််ခြင်း ဝေဒနာ ရှိ၏။ အကြောင်းမူကား ဇာတိအားဖြင့် ငါ့ အမျိုးသားချင်း ဖြစ်သော ငါ့ ညီအစ်ကိုတို့အတွက် ငါသည် ကိုယ်တိုင် ခရစ် တော်နှင့် ခွါ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ်၏။ (ရော ၉:၁-၂) အဘယ်ကြောင့် ရှင်ပေါလုသည် ထိုသို့ ခံစားရသနည်းဟူမူကား သူ့လူမျိုးတို့သည် ဘုရား သခင်၏ ကယ်တင်ခြင်းကို လက်မခံသောကြောင့် ဖြစ်သည်။ ယခုလည်းအချိန် နီးလေ လေ ကယ်တင်ခြင်းသို့ မရောက် သေးသော လူများအတွက် အလွန်ပင် ရင်လေးရသည်။ သူတို့ ဘေးဒဏ်ကြီး ကာလ၌ ခံစားရမည့် အရာများ စဉ်းစားလျှင် မတွေးဝံ့စရာ ပင်။ ထိုထက် မကငရဲမီးအိုင် ထဲရောက်သွားလျှင် ထာဝရ ဒုက္ခ ခံမည် ဖြစ်သောကြောင့် သူတို့ ကိုယ်စား အလွန် စိတ်ပူပင်ရသည်။ ထို့ကြောင့် စိတ်မပျက်ဘဲ အစာရှောင်ခြင်း၊ ဆုတောင်းခြင်း၊ နည်းမျိုးစုံရှာပြီး ကယ်တင်ခြင်း အကြောင်းကို သူတို့ သိနိင်အောင် ဆောင်ရွက်ကြစို့။ သူတို့ ပြောသော စကားများ၊ မထီမဲ့မြင် ပြုသော အရာများကြောင့် စိတ်မပျက်ကြစို့နဲ့။ သူတို့ကို ချည်နှောင်၍ ဝိညာဉ် မျက်စိများကို ပိတ်စေနေသော စာတန်ကို ဘုရားသခင်၏ တန်ခိုးနှင့် တိုက်ကြစို့။ 
 
ဘုရား ဆောက်သော အိမ်ထောင်
ယနေ့ များစွာသော အိမ်ထောင်များသည် ပြသနာများလွန်းသောကြောင့် လင်မယား ကွဲမှု များစွာ တွေ့ရသည်။ လင်မယား မကွဲသော်လည်း ထောက်ထား စရာများကြောင့် မကွဲရုံတမယ်ပေါင်းသင်းသော လင်မယား စုံတွဲများလည်း မြောက် များစွာ ရှိသည်။ ထိုအရာများသည် နောက်ဆုံးသော ကာလ၏ ပြသနာ များ ဟုဆိုနိင်သည်။ မိတ်ဆွေသည် အိမ်ထောင်ရေး ပြသနာကြောင့် စိတ်ပျက် နေကောင်းစိတ်ပျက်နိင်သည်။ ထို့ကြောင့် အိမ်ထောင်ရေးအကြောင်းကို လေ့ လာကြစို့။ 
 
အိမ်ထောင်အစဘုရားက

အိမ်ထောင်အစပျိုးသောသူသည် ဖန်ဆင်းရှင် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဘုရားသခင်က၊ယောက်ျားသည် တယောက် တည်းမနေ ကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဘို့ ငါလုပ်ဦးမည်ဟု အကြံ ရှိတော်မူ၏။ (ကမ္ဘာ ၂:၁၈)။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုကြီးသော အိပ်ခြင်းနှင့် အိပ်စေတော်မူ၍ လူသည် အိပ်ပျော်စဉ်နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။ ထာဝရ အရှင် ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုယ်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ်ရ လိမ့်မည်။ (ကမ္ဘာ ၂:၂၁-၂၅)။ 

ထိုသို့ ဘုရားသခင်သည် လူကို အိမ်ထောင်ပြုစေသောကြောင့် အိမ် ထောင်သည် ဘုရားသခင်က တည်ဆောက်ဘို့ လိုသည််။ သို့သော် ယနေ့ ဘုရားသခင်ထံမှ အာဏာသိမ်းကာအိမ်ထောင်ကို လူကအောက်ပါအရာများအားဖြင့် တည် ဆောက်ကြသည်။ 
 
ချစ်ခြင်းမေတ္တာအားဖြင့် ဆောက်သောအိမ်ထောင်

လူငယ်လူရွယ်များသည် ချစ်ခြင်းမေတ္တာအားဖြင့် အိမ်ထောင်ပြုလျှင် ရမည်ဟု ယူဆကြသောကြောင့် မိဘများ၏ သဘောတူ ညီချက်ကို ပင်မယူ၊ နားမထောင်ဘဲ အိမ်ထောင်ပြုတတ်ကြသည်။ သူတို့ ထင်မှတ်သည် မှာရီးစားဘဝ၌ မျိုမတတ်ချစ်ကြခြင်းသည် အသက်ထက် ဆုံးရှိမည်ဟု ထင်မှတ်ကြသည်။ သို့သော် အိမ်ထောင်ပြုပြီးသောအခါ ထိုချစ်ခြင်း မေတ္တာသည် တဖြည်းဖြည်းကွယ် ပျောက်သွားသည်။ ထိုအခါ လင်မယား အကြား၌ စကားများလာသည်။ မတူညီသော ခံယူချက်အမြင်များကြောင့် ပြသနာများလာသည်။ နောက်ဆုံး၌ စိတ်ဒုက္ခ မခံနိုင်တော့ဘဲ အိမ်ထောင်ကွဲသွားတတ်သည်။ 
 
ငွေအားဖြင့်ဆောက်သောအိမ်ထောင်

များစွာသော သူတို့သည် အိမ်ထောင်ကို ငွေအားဖြင့် တည်ဆောက်ဘို့ ကြိုးစား ကြသည်။ ငွေရှိလျှင်အိမ်ထောင်သာယာမည်ဟု စိတ်ကူးယဉ် ကြသည်။ ထို့ကြောင့် လင်မယား နှစ်ယောက်စလုံးအလုပ်ကို အလွန်ကြိုးစား လုပ်ကိုင်ကြကာ ငွေကိုရှာကြသည်။ ငွေရှိလာသောအခါ လိုချင်သော အရာများဝယ်ကြသည်။ သို့သော်ငွေများ လာသောအခါ သုံးစွဲခြင်း၌ သဘော ချင်းမတိုက်ဆိုင်သောကြောင့် ပြသနာများလာသည်။ အချို့သော အိမ်ထောင်များသည် ငွေရလာသော်လည်း အလုပ်ကြောင့်ပင်ပန်းလာ၍ တယောက်နှင့် တယောက် မပြုစုမယုယနိင်သောအခါ ကတောက်ကဆ ဖြစ်လာ ကြသည်။ အချို့သော အိမ်ထောင်များသည် အလုပ်၌ အချိန် သုံးခြင်းများ လာသောအခါ လုပ်ဖေါ်ဆောင်ဖက်နှင့် ရင်းနှီးရာမှသံယောဇဉ်များ တွယ်လာကဖေါက်ပြန်လာကြသည်။ နောက်ဆုံး၌ အိမ်ထောင်ကွဲ၍ နောက်အိမ်ထောင်ပြုကြသည်။ 
 
အသိဥာဏ်အားဖြင့် ဆောက်သောအိမ်ထောင်

အချို့သော အိမ်ထောင်များသည် အသိဥာဏ် ဗဟုသုတဖြင့် အိမ်ထောင် ပြုကြသည်။ ထိုသူများသည် ကောင်းသည်၊ ဟုထင်သောအရာ တိုင်းကိုလုပ်၍ ရှောင်သင့်သောအရာများကို ရှောင်ကြသည်။ သို့သော် အသိဥာဏ်အားဖြင့် တည်ထောင်သော အိမ်ထောင်များလည်း အောင်မြင်သော အိမ်ထောင်မဖြစ်နိုင်။ 
 
မိဘညီအစ်ကိုများအားဖြင့် ဆောက်သောအိမ်ထောင်

အချို့သော အိမ်ထောင်များ၌ လင်ဖြစ်စေ မယားဖြစ်စေ တယောက်ယောက်သည် မိဘညီအစ်ကိုများကကြိုးကိုင်နေသဖြင့် လင်မယား အကြား၌ ပြသနာများလာတတ်သည်။ ထိုသို့သော အိမ်ထောင်များ၌ တဖက်ဖက်ကအလျှော့မပေးနိုင်လျှင် ပြသနာများကာအိမ်ထောင်သက်တမ်းတိုတတ်သည်။ အိမ်ထောင်ပြုပြီးလျှင် မိမိခင်ပွန်းသည်နှင့် တည် ဆောက်ဘို့ အရေးကြီးသည်။ ထို့ကြောင့် မိဘညီအစ်ကိုများကဝင်စွက်ခြင်း မျိုးမလုပ်သင့်ချေ။ 
 
 ရည်ရွယ်ချက်မရှိဘဲဆောက်သောအိမ်ထောင်

အချို့သောလင်မယားများသည် ရည်ရွယ်ချက်မရှိဘဲ အိမ်ထောင်ပြုကြသည်။ ထိုသို့သော အိမ်ထောင်များ၌ ရည်ရွယ်ချက်မရှိသောကြောင့် ဖြစ်သလိုအ​ခြေအနေအရအသက်ရှင် ကြသည်။ အ​ခြေအနေကောင်းလျှင် အိမ်ထောင်သာယာ၍ အ​ခြေအနေမကောင်းလျှင်၊ ပြသနာများသည်။ နောက်ဆုံး၌ အ​ခြေအနေမထိန်းနိုင်လျှင် အိမ်ထောင်ကွဲရသည်။ 
 
ဘုရား တည်ဆောက်သော အိမ်ထောင်

ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင် ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ စောစောထလျက်၊ ညနက်သည့်တိုင်အောင်မအိပ်ဘဲ နေလျက် ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏ (ဆာလံ ၁၂ရး၁-၂) 

ဘုရား တည်ဆောက်သော အိမ်ထောင်တွင် လင်နှင့် မယားသည် နှစ်ယောက်စလုံးဘုရား သားများဖြစ်၍ ဘုရား အလိုတော်ကို ဦးထိပ်ထားသောသူများ ဖြစ်သည်။ ဘုရားသား ဖြစ်ရန်မှာနှစ်ယောက်စလုံးသည် ခရစ်တော်ကို မိမိကယ်တင် ရှင်အဖြစ် လက်ခံရမည် (ယော ၁:၁၂၊ ၁၃)။ ဘုရားသခင်သည် မိမိတို့၏ ခံစားချက်၊ လိုလားချက်ထက် အရေးထား၍ ဘုရားသခင်သည် အိမ်ထောင်၏ အရှင်သခင်အဖြစ် လက်ခံထားရမည်။ လူသည် မည်မျှပင်ချစ်ခင် ကြသော်လည်း လိုအင်ဆန္ဒများသည် ကွာခြားတတ်သည်။ သို့သော် လင်နှင့် မယားနှစ်ယောက်စလုံးသည် မိမိတို့၏ အလိုဆန္ဒကို ဘေးဖယ်ထား၍ ဘုရားသခင်၏ အလိုတော်ကို ဦးထိပ်ထားလျှင် အလိုဆန္ဒသည် တူညီမည် ဖြစ်သည်။ ဘုရားသခင်၏ အလိုဆန္ဒအနည်းငယ် ဖေါ်ပြရလျှင်၊ ကျမ်းစာကို အဓိကထား၍ ကျမ်းကို မှန်မှန်ဖတ်ကြမည်။ ကျမ်းစာထဲမှဘုရား၏ အလိုတော်များကို နှစ်ဦးသား ဆွေးနွေးတိုင် ပင်ဖလှယ်နိင်ရမည်။အတူ တူ ဆုတောင်းမည်။ ဘုရားရှေ့၌ အပြစ်လုပ်မှာကို ကြောက် ကြမည်။ ဘုရားသခင်ကို ဦးထိပ်ထားခြင်း ဆိုသည်မှာ မိဿဟာယဖွဲ့ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ အလှုလှုခြင်း၊ သက်သေခံခြင်း၊ သူတပါးကို ဘုရား နာမကြောင့်ကူ ညီမစခြင်းများပါဝင်သည်။ 
 
ယောက်ျားများ မိမိခင်ပွန်းကို ချစ်ရမည်

 ဘုရားသခင်ကယောက်ျားများသည် မိမိခင်ပွန်းကို ချစ်ဘို့ အဓိကမှာထားသည်။ ရှင်ပေါလုက၊ အချင်းယောက်ျားတို့ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ (ဧဖက် ၅:၂၅) ယောက်ျားတို့သည် မိမိကိုယ်ကို ချစ် သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကို ချစ်သောသူ ဖြစ်၏။ ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့ ခပ်သိမ်းသော သူတို့သည် မိမိတို့ အသားကို ကျွေးမွေးပြုစုတတ်ကြ၏။ (ဧဖက် ၅:၂၈-၂၉)။ ဤနေ ရာ၌ ယောက်ျားတို့သည် မိမိတို့၏ ခင်ပွန်းများကို ချစ်သောကြောင့် ယူကြသည် မဟုတ်လော၊ အဘယ်ကြောင့်ချစ်ဘို့ ပြောနေသနည်း ဟုဆိုနိင်သည်။ ဟုတ်ပါသည်၊ မိမိခင်ပွန်းကို ချစ်သောကြောင့်ယူကြပါသည်။ သို့သော် ထိုအချစ်သည် ကြာလာသောအခါ လျော့တတ်သည်။ ပြသနာများသောကြောင့်သော်၎င်း၊ အလုပ်ပင် ပန်းသောကြောင့်သော်၎င်း၊ သားသမီးအတွက် ဗျာများသောကြောင့်သော်၎င်း၊ အကြာင်း အမျိုးမျိုးကြောင့် အချစ်သည် လျော့လာနိုင်သည်။ 

ချစ်ခြင်း မေတ္တာရှိစဉ်တွင် အရာရာ ကိုသည်းခံနိင်သည်။ ရှင်ပေါလုက၊ မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ။ ဝါကြွားခြင်းမရှိ။ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသော အမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက် တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာ ကိုသည်း ခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်းလွတ်၏။ (၁ ကော ၁၃:၄-၈)ဟု ရေးသား ခဲ့သည်။ အလွန်မှန်သည်။ယောက်ျားများကကိုယ့်မိန်းမကို ချစ်လျှင် မိန်းမကို အနိင်ကျင့်စရာ မရှိတော့ချေ။ မိန်းမကို ချစ်လျှင် ကူညီမစမည်။ အချို့သောယောက်ျားများသည် မိန်းမကို အစေခံ​ကျွန်ကဲ့သို့ အစစအရာရာ မှာခိုင်း စားဘို့ သာလျှင် သိကြသည်။ အထူးသဖြင့် တိုးတက်သော နိင်ငံများ၌ မိန်းမ များလည်း အလုပ်လုပ်သောကြောင့် ပင်ပန်း ကြသည်။ သို့သော်ယောက်ျားများ ကမိန်းမများ၏ ပြုစုယုယမှုကိုသာ မြန်မာနိင်ငံမှာကဲ့သို့ မြော်လင့်တတ်ကြသည်။ ကိုယ့်မိန်းမကို ချစ်လျှင် အိမ်မှု ကိစ္စမှစ၍ ခလေးများကြည့်ရှုစောင့်ခြင်း၌လည်း ကူညီသင့်သည်။ 
 
မိန်းမများ မိမိခင်ပွန်းအုပ်စိုးခြင်းကို ဝန်ခံရမည်

အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့။ အကြောင်းမူကား ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်း ဖြစ်တော်မူ သကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့၊ မိန်းမတို့လည်းကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။ (ဧဖက် ၅:၂၂-၂၃) 

ကျမ်းစာ ကမိန်းမများ၏ ခေါင်းသည်ယောက်ျား ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် မိန်းမများ အနေဖြင့် မိမိ၏ ခေါင်း တည်းဟူသော ယောက်ျား၏ သဘောတူညီမှု အဆုံးအဖြတ်ပေးခြင်းကို အမြဲခံယူသင့်သည်။ ယောက်ျားကို အုပ်စိုးချင် သောကြောင့် အိမ်ထောင်များ၌ ပြသနာများတတ်သည်။ ကိုယ်ယောက်ျားသည် ကိုယ်ထက် အားနည်းနေလျှင်လည်း သူ့ကို အနိင်မကျင့်ဘဲ အကြံပေးကာ အနုနည်းနှင့် ဆွဲဆောင်သင့်သည်။ယောက်ျားများကလည်း ငါသည် ခေါင်း ဖြစ်သည်ဟု မတရားသဖြင့် မိန်းမများကို အနိင်မကျင့်ကောင်းချေ။ ကျမ်းစာက၊ ယောက်ျား၏ ခေါင်းကား ခရစ်တော်ဖြစ်သည်ကို၎င်း၊ မိန်းမ၏ ခေါင်းကားယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုရှိ၏၊ (၁ ကော ၁၁:၃) ဟုဆိုသည်။ 

ဤနေရာ၌ ယောက်ျားသည် မိန်းမ၏ ခေါင်း ဖြစ်သော်လည်း ယောက်ျား၏ ခေါင်းသည် ခရစ်တော်ဖြစ်သည်ကို မမေ့သင့်ပေ။ ခရစ်တော်သည်ယောက်ျား၏ ခေါင်းဖြစ်သောကြောင့်ယောက်ျားသည် ခရစ်တော်၏ စကားကို နားထောင်ရမည်။ ယောက်ျားက ခရစ်တော်၏ စကားကို နားထောင်လျှင် မိန်းမကကိုယ့်စကားကို နားထောင်လိမ့်မည်။ ခရစ်တော်သည် မိမိ၏ ခေါင်း တည်းဟူသော ဘုရားသခင်၏ စကားကို တသဝေမတိမ်း နားထောင်သည်။ ထို့ကြောင့်ယောက်ျား အနေဖြင့် ခရစ်တော် စကား နားထောင်မည်၊ မိန်းမလည်းယောက်ျားစကား နားထောင်မည်ဆိုလျှင် အိမ်ထောင်၌ ပြသနာ ရှိစရာ အကြောင်း မရှိတော့ချေ။ အများအားဖြင့် သင်ကောင်းလျှင် ငါမဆိုးပါဟူသော ဆောင်ပုဒ်ကို လူတိုင်းကိုင် ဆောင်လို ကြသည်။ ထိုအရာသည် သင်ပေးစရာ မလိုဘဲ အလိုလိုခံယူထား ကြသည်။ ဘုရားသခင် တည်ဆောက်သော အိမ်ထောင်သည် ထိုသို့မဟုတ်ပါ။ ခင်ပွန်းသည် အရင်ကောင်းမှကိုယ်ကောင်းမည်ဟူ၍ ခံယူခြင်းသည်မမှန်ပါ။ ခင်ပွန်းသည် ဘုရား အလိုတော်အတိုင်း နေမှငါလဲ ဘုရား အလိုတော်အတိုင်း နေနိင်မယ် ဆိုခြင်းသည် မမှန်ပါ။ ခင်ပွန်းသည် မည်မျှပင်ကဲ့သို့ ဇာတိ သဘောဖြင့် နေပါစေကိုယ်က ဘုရားသခင် အလိုတော်ကို နားထောင်ရမည်။ ရှင်ပေတရုက၊ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။သို့ ပြု၍ နှုတ်ကပတ်တရားတော်ကို နားမထောင်သောယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက်အတူ ပါမည်အကြောင်းရှိ၏။ (၁ ပေ ၃:၁-၂)ဟု ရေးထားသည်။ 

ထို့ကြောင့် ကိုယ့်ခင်ပွန်းသည် အရင် မပြောင်းလဲခိုင်းဘဲ ကိုယ်ပြောင်းလဲဘို့ လိုအပ်သည်။ အချို့သော ပြသနာများသည် ဘာမှ မဟုတ်သောအရာ လေးများဖြစ်တတ်သည်။ အမှန်မှာ ငါ့ သဘော ဟူသောအရာကို ပြိုင် နေကြခြင်းဖြစ်သည်။ ဘုရားသခင် တည်ဆောက်သော အိမ်ထောင် ဖြစ်လိုလျှင် အောက်ပါအချက်များ ပြုလုပ်နိင်ရမည်။ 
 
 (၁) လင်မယား နှစ်ယောက်စလုံး ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်။ 
 (၂) လင်မယား နှစ်ယောက်စလုံးကျမ်းစာ မှန်မှန်ဖတ်ရမည်။ ဆွေးနွေးရမည်။ 
 (၃) ဘုရား ချစ်သောအရာကို ချစ်၍ ဘုရား မုန်းသောအရာကို မုန်းရမည်။ 
 (၄) လင်မယားအတူ တူသွားလာရမည်။အတူ တူကြံစည်ဆောင်ရွက်ရမည်။ 
 (၅) ခင်ပွန်းသည်၏ အားနည်းချက်ကို နားလည်ပေးရမည်။ 
 (၆) ခင်ပွန်းသည် မကောင်းကြောင်းကို သူတပါးထံ၌ မပြောရ။ အကျိုးမရှိ။ 
 (ရ) တယောက်နှင့် တယောက် ကူညီမစပါ။ 
 (၈) အကြံပေးခြင်း သာလုပ်၍ ဆရာမလုပ်နှင့်။ 
 (၉) ဒေါသထွက်လျှင် တယောက်နှင့် တယောက် ခဏရှောင်ပါ။ စိတ်လိုက်မာန် 
 ပါမလုပ်ပါနှင့်။ 
 (၁၀) ခင်ပွန်းသည်ကို ​ခြေလက်များ အသုံးပြု၍ မထိခိုက်စေရ။ 
 (၁၁) မိမိခင်ပွန်းသည်နှင့် တည့်အောင် မပေါင်းနိင်လျှင် ဆုံးရှုံးသောသူဟု မှတ်ပါ။ 
 (၁၂) လင်မယား ကွာရှင်းဘို့ လုံးဝ မစဉ်းစားရ။ ကွာရှင်းခြင်းအားဖြင့် အကျိုးတခုမျှမရှိ။ စာတန်သာဝမ်းမြောက်မည်။ 
 (၁၃) သားသမီး များရှေ့၊ ဧည့်သည်ရှေ့၌ စကားမများရ။ 
 (၁၄)သား သမိီးများကို ကိုယ့်ဖက်ပါအောင် မလုပ်ရ။ အိမ်ထောင်၌ ပါတီမလုပ်ရ။ 
 (၁၅) ငွေ​ကြေးသုံးစွဲခြင်း၌ သဘောခြင်း တူညီစွာ သုံးပါ။ ကိုယ့်ဖက်သူ့ဖက်မလိုက်ရ။ 
 (၁၆) အိမ်ထောင်၌ အာဏာရှင်မလုပ်ရ၊ မေတ္တာဖြင့်အုပ်စိုးရမည်။ 

အယောက်တိုင်း ဘုရားသခင် တည်ဆောက်သော အိမ််ထောင်၊ ဘုရား ဘုန်းတော် ထင်ရှားစေနိင်သော အိမ်ထောင်များ ဖြစ်ကြပါစေ။ 
 

                              ခရစ်တော်ယောင်ဆောင်သူများ 
 
                                                                     ခရစ်တော် အတုပေါ်ပေါက်လာမည် (မ ၂၄:၅) 

ဤနောက်ဆုံးသော ကာလ၌ ခရစ်တော် အတုမြောက် များစွာ ပေါ်လာသည်။ ထိုသူများ အထဲမှနောက်ဆုံးနှင့် အသက် ထင်ရှားရှိ သေးသောသူအချို့တို့၏ အကြောင်းကို ဖေါ်ပြရလျှင်၊ -
 
၁။ Jose Luis de Jesus Miranda  (ဟိုစီလိုဝစ်ဒီဇေရပ်မီရင်ဒါ) 

သူသည် ပေါတိုရီကို ​ကျွန်း၌ ၁၉၄၆ ခုနှစ်တွင် မွေး ဘွားခဲ့သည်။ သူသည် ကျေးဇူးတော်၌ ကြီးထွားခြင်း အပြည် ပြည် ဆိုင်ရာအမှုတော် လုပ်ငန်း Creciendo en Gracia (Growing In Grace International Ministry, Inc.) တည်ထောင်သူနှင့် ဦးဆောင်သူ ဖြစ်သည်။ သူသည် ခရစ် တော်နှင့် အန္တီခရစ် ဖြစ်သည် ဟုဆိုကာ၊ လက်၌ ၆၆၆ မင်ကြောင်ထိုးထားသည်။ သူက ခရစ်တော် ယေရှု လူဖြစ်သည်ဟု သူ့ကို သူ့ဆိုသည်။ သူ၌ နောက်လိုက် လူသန်းနှင့် ချီရှိသည်။ လက်တင်အမေရိကနှှင့်အမေရိကန်ပြည် ထောင်စု၌ နောက် လိုက် များစွာ ရှိသည်။ သူ၏ သွန်သင်ချက်မှာအပြစ် မရှိ၊ အားလုံး ကယ်တင်ခြင်းသို့ ရောက်ကြပြီ၊ စာတန်လည်း မရှိ၊ မိမိကြိုက်သလိုအသက်ရှင်ကြ၊ တကမ္ဘာလုံးကို ငါတို့ အုပ်ချုပ်မည်ဟူ၍ ဖြစ်သည်။ သူ့အကြောင်းကို၌ သက ဤကဘန ထဲ၌ ကြည့်နိင်သည်။ 

http://www.youtube.com/watch?v=22htEwXYkLU

http://www.youtube.com/watch?v=8g7VmF6SI0M

http://www.youtube.com/watch?v=1XcDTKoWxWQ

၂။ Sun Myung Moon  (ဆွန်ယုံမွန်း) 

သည်ကိုးရီးယားလူမျိုး ဖြစ်၍ ၁၉၂၀တွင် မွေးသောကြောင့် အသက် ၉၀ ရှိပြီ။ ယူနီဖီကဲရှင်း အသင်းတော် Unification Church ၏ ဖခင်နှင့် ခေါင်းဆောင် ဖြစ်သည်။ များစွာသော အဖွဲ့အစည်းများနှင့် စီမံကိန်းများကိုလည်း ဖွဲ့စည်းသည်။ ဝါရှင် တန်တိုင်း Washington Times  သတင်း စာပိုင်ရှင်လည်း ဖြစ်သည်။ သူသည် မေရှိ ဖြစ်သည်ဟု ကျေညာ၍ ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောသူ ဖြစ်သည် ဟုဆိုသည်။ ခရစ်တော် ကမပြီး ပြတ်သောအမှုများကို ဆောင်ရွက်ဘို့ လာသည် ဟုဆိုသည်။ သူ့အသင်းသား များသည် ကမ္ဘာအနှံ့ ရှိ၍ အသင်းသားများကို သူကိုယ်တိုင် တွဲဘက်ပေးကာစုပေါင်းလက်ထပ်ပွဲများကို ဘော်လုံးကွင်းများ၌ ပြုလုပ် တတ်သည်။ 

http://www.youtube.com/watch?v=lny7nFYZVKU

http://en.wikipedia.org/wiki/Sun_Myung_Moon


၃။ James Warren "Jim" Jones  ဂျိမ်းဂျွန်း 

(မေ ၁၃၊ ၁၉၃၁-နိုဝင်ဘာ ၁၈၊ ၁၉ရ ၃) သည် ဖီးပါလ်းတင်း (မ) ပါလ်း People Temple  အသင်းတော်၏ ဖခင်နှင့် ခေါင်းဆောင် ဖြစ်သည်။ သူသည် သူ့အသင်းသား၉၀၀ ကျော်နှင့် တောင်အမေရိကတိုက်ကိုင်ယာနာ Guyana နိုင်ငံသို့ ကာလ ေဖိုးနီးယားပြည်နယ်မှပြောင်းရွှေ့သွားခဲ့ ကြသည်။ ထိုနေ ရာ၌ ပွဲတော် မင်္လာအဖြစ် အဆိပ်ရေကို သောက်ကာ ၁၉ရ ၃ ခုနှစ်နိုဝင်ဘာလ ၁၈ နေ့တွင် အားလုံး သေဆုံး ကြသည်။ 

http://en.wikipedia.org/wiki/Jim_Jones

 
၄။ David Koresh  ဒဲဗစ်ခိုရက်စ (ဩဂုတ် ၁ရ၊ ၁၉၅၉ -ဧပြီ ၁၉၊ ၁၉၉၃) 
သည် ​ြမ​ေညခ့ီလေငိင​ေည မနူငါငသကျ ျနခအ၏ ခေါင်းဆောင် ဖြစ်သည်။ သူ့အသင်းသား များနှင့် တအိမ်ထဲ၌ နေ၍ အသင်းသား များ၏ မိန်းမများ သမီးများနှင့် မှားယွင်းတတ်သည်။ သေနပ်များ စုစောင်းကာသေနပ်ပစ်လေ့ကျင့်တတ်ကြသည်။ အစိုးရကလက်နက်ချဘို့ရန် ပြောသော်လည်း လက် နက်မချဘဲ အသင်းသား များနှင့်အတူ သူတို့ နေသော အိမ်ကို မီးရှို့၍ သေဆုံးသွားခဲ့ ကြသည်။ 

http://www.youtube.com/watch?v=b_6vrep7k9g

၅။ Sergei Torop  ဆာရ်ဂျီအိုင်တိုရော့ 

ယာဉ်ထိန်းရဲဟောင်းသည် ရုရှားနိင်ငံဆိုင်ဗီးရီးယားကျေးလက်တော ရွာ၌ ဆိုက်ဗီးရီးယားယေရှု အဖြစ်နာမည်ထွက်နေသောသူ ဖြစ်သည်။ သူ၌ နောက် လိုက် ၅၀၀၀ ခန့်တကမ္ဘာလုံးမှ ၁၀၀၀၀ ခန့်ရှိသည်။ သူသည် ခရစ်တော် ဖြစ်သည် ဟုဆိုသည်။ သူ့ကို ယုံကြည်ကိုးကွယ်သောသူများ အထဲ၌ ပညာရှင်များ၊ အတတ်ပညာရှင်များ၊ အနုပညာရှင်များလည်း ပါဝင်သည်။ 

http://www.youtube.com/watch?v=q6OknlMk2Cw

http://www.youtube.com/watch?v=9x8yIZ2k4PM

၆။ Arnold Potter အာနော်ပါးတာ (၁၈၀၄-၁၈ရ ၂) 

သည် သူ့ကို သူ မေရှိဟု ကျေညာသောသူ ဖြစ်သည်။ 

http://en.wikipedia.org/wiki/Arnold_Potter

ရ။ Willi ဝီလီလျံဒေးဗစ် (၁၈၃၃-၁၉၀၆) 

သည် မောရ်မွန်အဖွဲ့မှခွဲထွက်သော ကောင်းကင်နိင်ငံတော်၏ ခေါင်းဆောင် ဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင်သား ယောက်ျား ရလာသောအခါ ဝါလာဝါလာယေရှုသား နာမည်ကို ပေးသည်။ ၁၈၆၉ ခုနှစ်တွင် ဒုတိယသား ဒေးဗစ် မွေးဖွားသောအခါ သူ့ကို သူ ခမည်းတော် ဘုရား ဟုဆိုသည်။ ၁၈၈၀ ခုနှစ်တွင် သူ့သား နှစ်ယောက် စလုံးသေဆုံးသောအခါ ကောင်းကင်နိင်ငံတော် အဖွဲ့လည်း ပျက်စီးသွားသည်။ 

http://en.wikipedia.org/wiki/William_W._Davies

၈။ Georges-Emest Roux ဂျော့ဧမက်စရော့စ (၁၉၀၃-၁၉၈၁) 

သည် ပြင်သစ်နိင်ငံသား ဖြစ်သည်။ စာတိုက်၌ အလုပ်လုပ်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် Universal Christian Church  တည်ထောင်ခဲ့သည်။ သူသည် ခရစ်တော် ဝင်စားသူ ဖြစ်သည် ဟုဆိုသည်။ သူ့နောက်လိုက် အသင်းသား၂၀၀၀မှ ၃၀၀၀ အတွင်းရှိသည်။ 

http://en.wikipedia.org/wiki/Universal_Alliance

၉။ Iesu Matayoshi  အိုင်အေစူ မာတာယိုရှီ (၁၉၄၄ -)

သည် ဂျပန်နိင်ငံအိုကေနာဝါ​ကျွန်းသား ဖြစ်သည်။ သူသည် ခရစ်ယာန် တရား ဟောဆရာ ဖြစ်ဘို့ သင်ကြားခဲ့သည်။ သူသည် ဘုရား ဖြစ်သည်ဟု ခံယူကာနိင်ငံရေး တွင်လည်းရွေးကောက်ပွဲများ၌ ယှဉ်ပြုိင်သော်လည်း အရွေးမခံခဲ့ဘူးချေ။ 
http://en.wikipedia.org/wiki/Mitsuo_Matayoshi

၁၀။ Father Divine (George Baker)  ဖါဒါဒီဗိုင်း (၁၈ရ ၆-၁၉၆၅) သည် အဖရိကန်အမေရိကန်လူမဲ ဖြစ်သည်။ ၁၉၀ရ မှစ၍ သူ သေသည် အထိ လူမဲများ၏ ဝိညာဉ် ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ သူသည် ဘုရား ဖြစ်သည်ဟု ခံယူသည်။ ခေတ်သစ်လမ်း လွဲ (cult) များ၏ ခေါင်းဆောင် တဦးဟု ယူဆကြသည်။ 

http://en.wikipedia.org/wiki/Father_Divine

၁၁။ Jung Myung-Seok  ဂျုန်ယုံဆီအုပ် (၁၉၄၅-) 
သည် တောင်ကိုးရီးယားနိင်ငံသား ဖြစ်သည်။ ဆုံယုံမွန်းအ သင်းသား ဖြစ်ခဲ့သည်။ ထိုအသင်းမှခွဲထွက်ကာ ပရိုဗိဒင့်အ သင်းတော်ကို ထောင်သည်။ သူ့ကိုယ်သူ ခရစ်တော် ဟုဆိုသည်။ သူ့အသင်း သူများနှင့် မှားယွင်းမှုများကြောင့် ၂၀၀၉ ခုနှစ်တွင် ထောင် ၁၀ နှစ်ကျဘို့ ချမှတ်ခြင်း ခံရသည်။ 
Jung_Myung_Seok#cite_note-2000jap-23


၁၂။ Yahweh ben Yahweh ရားဝေဘင်ရားဝေ (၁၉၃၅-၂၀၀ရ) 
သည် အမေရိကန်လူမဲ ဖြစ်သည်။ ဘုရားသခင်နှင့် ကျမ်းစာထဲမှပရောဖက် များသည် လူမဲများ ဖြစ်သည် ဟုဆိုသည်။ လူဖြူများနှင့် ဂျူးလူမျိုးများသည် ဘုရား မဲ့များ ဖြစ်၍ လူကို ညှင်းဆဲသောသူများ ဖြစ်သည် ဟုဆိုသည်။ သူ့ကိုယ်သူ ဘုရား ဖြစ်သည် ဟုဆိုသည်။ လူ၁၀ယောက်ထက် မက သတ်မှုနှင့် ထောင်ကျခဲ့၍ ကင်ဆာ ရောဂါဖြင့် သေဆုံးခဲ့သည်။ 

http://en.wikipedia.org/wiki/Yahweh_ben_Yahweh

၁၃။ Inri Cristo  အင်ရီ ခရစ်တို (၁၉၄၈ -) 
သည် ဘရာဇီးလ်နိင်ငံသား ဖြစ်သည်။ ငယ်ရွယ်စဉ် မိခင်ကို အလုပ် ကူလုပ်၍ ကျောင်းကောင်းကောင်း မတက်ခဲ့ချေ။ ရုပ်မြင်သံကြား အစီအစဉ်များ မှလူသိများ သောသူ ဖြစ်သည်။ သူသည် ခရစ်တော် ဖြစ်သည် ဟုဆိုသည်။ 

http://en.wikipedia.org/wiki/Inri_Cristo 

၁၄။Apollo Quiboloy အာပိုလိုကွေဘိုလွှဲ ( ၁၉၅၀ -) 
သည် ဖိလိပိုင်နိင်ငံသား ဖြစ်သည်။ ယူပီစီ အသင်းသား ဖြစ်ခဲ့သည်။ သူကိုယ်ပိုင် အသင်းတော် Kingdom Nation  ကင်း ဒမ်းနဲရှင်း အသင်းတော်ကို ထောင်၍ ပြည်တွင်း၌ အသင်းသား၄ သန်းနိင်ငံခြား၌ အသင်းသား၂ သန်းကျော်ရှိသည်။ ခရစ် တော်သည် ခမည်းတော်ဘုရား ဖြစ်၍ သူသည် ခမည်းတော် ကခန့်အပ်ထားသော သားတော် ဖြစ်သည် ဟုဆိုသည်။ 

http://en.wikipilipinas.org/index.php?title=Apollo_Quiboloy

 ၁၅ David Icke န ဒေးဗစ်အိုက် (၁၉၅၂ -) 
သည် ဂရိတ်ဗြိတိန်နိင်ငံသား ဖြစ်သည်။ သူ့ကိုယ်သူဘုရား၏ သားဟု ခေါ်၍ ခရစ်တော် ဝိညာဉ်၏ ဆက်သွယ်ရေး ဖြစ်သည် ဟုဆိုသည်။ 

http://en.wikipedia.org/wiki/David_Icke 


 
                                        ငလျှင်လှုပ်ခြင်းများ
ခရစ်တော်ကိုယ်တိုင် သူကြွလာခါနီးလျှင် ငလျှင်လှုပ်မည် ဟုဆိုခဲ့သည် (မဿဲ ၂၄:ရ၊ မာကု ၁၃:၈၊ လုကာ ၂၁:၁၁)။ ငလျှင်လှုပ်ခြင်း အပါအဝင် အခြားသော နိမိတ်လက္ခ ဏာများသည် ကိုယ်ဝန်ဆောင်မိန်းမသားဘွားခြင်း ဝေဒနာခံသကဲ့သို့ဖြစ်မည် ဟုဆိုခဲ့သည်။ ယနေ့ကမ္ဘာတဝှမ်းလုံး၌ ငလျှင်နေ့တိုင်း မကတရက်အတွင်းတွင် အကြိမ်ပေါင်းများစွာလှုပ်နေပြီ။ သို့သော် အချို့သောသူများက ယခုခေတ်တွင် ဆက်သွယ် ရေးကောင်းလွန်းသော အကြောင့်များသည်ဟု ထင်ရခြင်း ဖြစ်သည်။ ယခင်ကလည်း ယခုကဲ့သို့ လှုပ်တတ်သည်ဟု ပြော ကြသည်။ အမေရိကန်ငလျှင် တိုင်းတာ ရေးဌါန USGS မှမှတ်တမ်းများ အရ ၂၀၀၂ ခုနှစ်နောက်ပိုင်းမှ ငလျှင်လှုပ်ခြင်းများလာသည်။ အောက်ပါမှတ်တမ်းများသည် တကမ္ဘာလုံးရှိ ငလျှင်လှုပ်ခြင်းများဖြစ်သည်။ ဤမှတ်တမ်းကြည့်လျှင် ငလှုပ်ခြင်း အလွန်များလာကြောင်း သိနိင်သည်။ 
 


 ၂၀၀၉ ခုနှစ်တွင် ၆၆ ကြိမ်


 ၂၀၀၈ ခုနှစ်တွင် ၄၁ ကြိမ်


 ၂၀၀ရ ခုနှစ်တွင် ၅၅ ကြိမ်


 ၂၀၀၆ ခုနှစ်တွင် ၃၃ ကြိမ်


 ၂၀၀၅ ခုနှစ်တွင် ၄၉ ကြိမ်


 ၂၀၀၄ ခုနှစ်တွင် ၄၈ ကြိမ်


 ၂၀၀၃ ခုနှစ်တွင် ၆၉ ကြိမ်


 ၂၀၀၂ ခုနှစ်တွင် ၄၅ ကြိမ်


 ၂၀၀၁ ခုနှစ်တွင် ရကြိမ်


 ၂၀၀၀ ခုနှစ်တွင် ရကြိမ်


 ၁၉၉၉ ခုနှစ်တွင် ၁၃ ကြိမ်


 ၁၉၉၈ ခုနှစ်တွင် ၁၀ ကြိမ်


 ၁၉၉ရ ခုနှစ်တွင် ၆ ကြိမ်


 ၁၉၉၆ ခုနှစ်တွင် ၁ ကြိမ်


 ၁၉၉၅ ခုနှစ်တွင် ၅ ကြိမ်


 ၁၉၉၄ ခုနှစ်တွင် ၄ ကြိမ်


 ၁၉၉၃ ခုနှစ်တွင် ၃ ကြိမ်


 ၁၉၉၂ ခုနှစ်တွင် ၉ ကြိမ်


 ၁၉၉၁ ခုနှစ်တွင် ၄ ကြိမ်


 ၁၉၉၀ ခုနှစ်တွင် ၃ ကြိမ်

 

 ၂၀၁၀ ခုနှစ်အတွင်းတွင် နေ့တိုင်း မကတရက်အတွင်းတွင် အကြိမ် ပေါင်း များစွာ ငလျှင်လှုပ်လာသည်။ ယခုတိုင်အောင် မယုံဘဲ အမှု မဲ့အမှတ်မဲ့ရှိလျှင် အလွန် နောက်ကျသွားပါလိမ့်မည်။ အောက်ပါစာရင်းသည် တလအတွင်း လှုပ်သောအရာ ဖြစ်သည်။ 


မေလ ၁၉ ရက်နေ့တွင် ၁၉ ကြိမ်


မေလ ၁၈ ရက်နေ့တွင် ၁၄ ကြိမ်


မေလ ၁ရ ရက်နေ့တွင် ၁၅ ကြိမ်


မေလ ၁၆ ရက်နေ့တွင် ၂၄ ကြိမ်


မေလ ၁၅ ရက်နေ့တွင် ၁၄ ကြိမ်


မေလ ၁၄ ရက်နေ့တွင် ၁၅ ကြိမ်


မေလ ၁၃ ရက်နေ့တွင် ၁၆ ကြိမ်


မေလ ၁၂ ရက်နေ့တွင် ၁၁ ကြိမ်


မေလ ၁၁ ရက်နေ့တွင် ၂၂ ကြိမ်


မေလ ၁၀ ရက်နေ့တွင် ၁၄ ကြိမ်


မေလ ၉ ရက်နေ့တွင် ၂၅ ကြိမ်


မေလ ၈ ရက်နေ့တွင် ၃၁ ကြိမ်


မေလ ရရက်နေ့တွင် ၂၉ ကြိမ်


မေလ ၆ ရက်နေ့တွင် ၁၉ ကြိမ်


မေလ ၅ ရက်နေ့တွင် ၂၀ ကြိမ်


မေလ ၄ ရက်နေ့တွင် ၂၄ ကြိမ်


မေလ ၃ ရက်နေ့တွင် ၂၁ ကြိမ်


မေလ ၂ ရက်နေ့တွင် ၃၅ ကြိမ်


မေလ ၁ ရက်နေ့တွင် ၂၉ ကြိမ် 


ဧပြီလ ၃၀ ရက်နေ့တွင် ၂၂ ကြိမ်


ဧပြီလ ၂၉ ရက်နေ့တွင် ၁၆ ကြိမ်


ဧပြီလ ၂၈ ရက်နေ့တွင် ၂ရ ကြိမ်


ဧပြီလ ၂ရ ရက်နေ့တွင် ၂၄ ကြိမ်


ဧပြီလ ၂၆ ရက်နေ့တွင် ၁၅ ကြိမ်
 
ပိုမိုသိလိုပါက အောက်ပါ webpage ၌ ကြည့်ရှုနိုင်ပါသည်။ 

Reference: http://neic.usgs.gov/neis/qed/ 

 
                                စိတ်ဓါတ်ကျခြင်း 
 

လူသည် အကြောင်း အမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနိင်သည်။ ထိုသို့ စိတ်ဓါတ်ကျသောအခါ မစဉ်းစားသင့်သော အရာများ စဉ်းစားကာမလုပ်သင့်သော အရာများလည်း လုပ်နိင်သည်။ ထို့ကြောင့် ထိုသို့ စိတ်ဓါတ်ကျနေသောသူများရှိပါက ဤစာအားဖြင့် လွတ်လမ်းနှင့် အပြစ် မကျူးလွန် မိစေရန်ဘုရားသခင်အချိန် မှီကယ်မတော်မူပါစေသော်။ အာမင်။ 
 
စိတ်ဓါတ်ကျခြင်းအစ

စိတ်ဓါတ်ကျခြင်းသည် အကြောင်း အမျိုးမျိုးကြောင့်ဖြစ်နိင်သည်။ မိသားစု၌ သေဆုံးခြင်းရှိ၍ အလွန် ဝမ်းနည်းသောကြောင့်၊ လင်မယားအစဉ်မပြေသောကြောင့်၊ အလုပ်အစဉ် မပြေသောကြောင့်၊ သားသမီးများကြောင့်၊ ရောဂါရှိသောကြောင့်၊ အလုပ်ပြုတ်သောကြောင့်၊ ငွေရေး​ကြေးရေးအစဉ် မပြေသောကြောင့်စသည်ဖြင့် အကြောင်း တခုခု သို့မဟုတ် အကြောင်းရင်းများကြောင့်ဖြစ်နိုင်သည်။ ဦးနှောက်၌ ဓါတ်မညီမျှခြင်းကြောင့်လည်းဖြစ်နိုင်သည်။ 

http://www.webmd.com/depression/guide/causes-depression

 
စိတ်ဓါတ်ကျခြင်း လက္ခဏာများ 

စိတ်ဓါတ်ကျခြင်း၏ လက္ခဏာများမှာ၊ မအိပ်နိင်ခြင်း၊ သို့မဟုတ်အိပ်ရေးမဝနိင်ခြင်း၊ မစားနိင်သို့မဟုတ် တချိန်လုံးစားချင်သော စိတ်ရှိခြင်း၊ အလုပ်မလုပ်လိုခြင်း၊ အခြားသူများနှင့် မတွေ့လိုခြင်း၊ အလိုလိုဝမ်းနည်းခြင်း၊ စိတ်မငြိမ်ခြင်း၊ အရာရာကို စိတ်မဝင်စားခြင်း၊ မျှော်လင့်ချက်မရှိခြင်း၊ အားလျော့ခြင်း၊ ခေါင်းကိုက်နေခြင်း၊ ဝမ်းမကောင်းခြင်း၊ စိုးရိမ်ခြင်း၊ သေချင်သော စိတ်ရှိခြင်း၊ ကိုယ်ကိုယ်ကို တန်ဖိုးမရှိဟု ထင်ခြင်း၊ လူတောမတိုးလိုခြင်း၊ တယောက် တည်းနေလိုခြင်း၊ စိတ်ထဲ၌ ဟာနေခြင်း၊ ဘယ်အရာမျှ အာရုံမစိုက်နိင်ခြင်းများဖြစ်နိင်သည်။ 

http://www.webmd.com/depression/guide/detecting-depression

 
ကျမ်းစာထဲမှစိတ်ဓါတ်ကျသူများ 

မိတ်ဆွေသည် စိတ်ဓါတ်ကျ ရောဂါခံစားပါက သင်တယောက် ထဲ မဟုတ်ကြောင်း သိစေလိုသည်။ ကျမ်းစာ၌ စိတ်ဓါတ်ကျ သူများရှိကြောင်း သိရှိရသည်။ ထိုသူများသည် အကြောင်း အမျိုးမျိုးကြောင့် စိတ်ဓါတ်ကျ သူများ ဖြစ်သည်။ ထိုအ ရာများကို လေ့လာကြစို့။ 
 
မောရှေ

မောရှေသည် ဘုရားလူဖြစ်သည်။ သူသည် အလွန်အားကြီးသော ခေါင်းဆောင်ကောင်းဖြစ်သည်။ သို့သော် သူကဲ့သို့သောသူလည်း သေချင်လောက်အောင် စိတ်ဓါတ်ကျခဲ့သည်။ ကျမ်းစာ၌၊ ဤလူ အပေါင်းတို့ကို အ​ကျွန်ပ်တယောက်တည်း သာမဆောင်ရွက်နိင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်း ပါ၏။ ထိုသို့ အ​ကျွန်ပ်၌ ပြုတော်မူ လျှင်၎င်း၊ စိတ်တွေ့တော်မူ လျှင်၎င်း၊ အ​ကျွန်ပ်ကို အလျှင်အမြန် သေစေတော်မူပါ။ ကိုယ်ဆင်းရဲကိုကိုယ် မသိမမြင်ပါစေနှင့်ဟု ထာဝရဘုရားအား လျှောက်ဆို၏။ (တောလည် ၁၁:၁၄-၁၅)။ အဘယ်ကြောင့် မောရှေသည် သေချင်လောက်အောင် စိတ်ပျက်သနည်းဟူမူကား သူထမ်းရသော ဝန်သည် လေးလွန်းသည်။ သူ့လူများသည် ခလေးလိုဖြစ်၍ သူ့ကိုအပြစ်တင်ဘို့ သာလျှင် သိကြသောကြောင့်ဖြစ်သည်။ 
 
ဧလိယ

ပရောဖက် ဧလိယသည် အလွန် သတ္တိရှိသော ပရောဖက် ဖြစ်သည်။ သူသည် ဣသရေလ ရှင်ဘုရင်အာဟတ်နှင့် ဗာလပရောဖက် ၄၅၀ တို့ကို စိန်ခေါ်ရင်ဆိုင်ရဲသောသူဖြစ်သည်။ သို့သော် အာဟတ်၏ မိန်းမယေဇဗေလက ချိန်း​ခြောက်သောအခါ မခံနိင်ဘဲ ဤကဲ့သို့ ဆုတောင်း ခဲ့သည်။ ယေဇဗေလက၊ နက်ဖြန်နေ့ ယခုအချိန် ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက် ကဲ့သို့ ငါမ ဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမက ပြုပါစေသောဟု တမန်ကို ဧလိယထံသို့ စေလွှတ်၍ ကြားလိုက်၏။ ထိုအခါ ဧလိယသည် ကြောက်သဖြင့်၊ ထ၍ အသက် လွတ်အောင် ယုဒခရိုင်ဗေရရုဘမြို့သို့ သွား၏။ ထိုမြို့၌ ​ကျွန်ကို ထားခဲ့၍ သူကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင် ရသမ်ပင်အောက်သို့ ရောက်၍ ထိုင်လေ၏။ ထိုအခါ ကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရ ဘုရား၊  ယခုတန်ပါ၏။ အ​ကျွန်ပ်အသက်ကို သိမ်းယူတော်မူပါ။ အ​ကျွန်ပ်သည် ဘိုးဘေးတို့ထက် သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင် ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ (၃ ရာ ၁၉:၂-၅)။ ဧလိယသည် အဘယ်ကြောင့်သေချင်လောက်အောင် စိတ်ဓါတ်ကျသနည်း။ အာဟတ်မင်းနှင့် ဗာလပရောဖက်များကို ရင်ဆိုင်နိင်သော သတ္တိရှိသော်လည်း အဘယ်ကြောင့် အလွန်ကြောက်ရသနည်း။ ယေဇဗေလကို အဘယ်ကြောင့်ထိုမျှလောက်ကြောက်ရသနည်း။ ​ကျွန်ပ်တို့ နားမလည်နိင်ပါ။ သူသည် သေချင်လောက်အောက် ဖြစ်ခြင်းကိုသာလျှင်သိရသည်။ သူကဲ့သို့သော ရဲရဲတောက်ပရောဖက်လည်း စိတ်ဓါတ်ကျနိင်လျှင် ​ကျွန်ပ်တို့လည်း ကျနိင်ကြောင်း သိရသည်။ သို့သော် စိတ်ဓါတ်ကျဘို့ရန် ကြိုတင် စောင့်မျှော်ဘို့မဟုတ်ပါ။ 

ယေရမိ 

ပရောဖက် ယေရမိသည် သေချင်လောက်အောင် စိတ်ဓါတ်ကျခဲ့ကြောင်း ဤသို့ သူကိုယ်တိုင် ရေးသား ခဲ့သည် -ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါ စေသော။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီးမင်္ဂလာကို မခံပါစေနှင့်။ ငါ့အဘထံသို့သွား၍ ကိုယ်တော်သည်သားယောက်ျားကို ရပါပြီဟု သိတင်း ပြောလျက် ငါ့အဘကို အလွန် ဝမ်းမြောက် စေသောသူသည် အမင်္ဂလာရှိပါ စေသော (ယေရမိ ၂၀:၁၄-၁၅)။ အဘယ်ကြောင့်ယေရမိသည် ထိုကဲ့သို့ သေချင်လောက်အောင် စိတ်ဓါတ်ကျခဲ့သနည်း။ အကြောင်းမှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြောသော်လည်း သူ့လူများ ကမယုံသည်သာမက အပြစ်တင်သောကြောင့် ဖြစ်သည်။ သူက-အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ပ်ကို သွေးဆောင်တော်မူသည် အတိုင်း အ​ကျွန်ပ်လိုက် ပါပြီ။ ကိုယ်တော်သည် အ​ကျွန်ပ်ထက် အားကြီး၍ နိင်တော်မူပြီ။ အ​ကျွန်ပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။ အ​ကျွန်ပ်သည် ဟောပြောလေရာရာ၌ အနိင်အထက် ပြုခြင်း၊ ညှဉ်းဆဲခြင်း အမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အ​ကျွန်ပ်၌ ကဲ့ရဲ့ခြင်း အစဉ်ပြက်ပြယ်ခြင်းကို ခံစရာအကြောင်းဖြစ်ပါ၏။ ထို့ကြောင့် ငါသည် နှုတ်ကပတ်တော်ကို မကြား မပြော၊ နာမတော်ကို အမှီပြု၍ အဟောဘဲ နေမည်ဟု သဘော ထားသော်လည်း၊ ငါ့အရိုးတို့၌ ချုပ်ထား၍ လောင်သော မီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့် အလွန် ငြီး ငွေ့သဖြင့် အောင့်၍ မနေနိင်။ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့ ကသိတင်းကို ကြားပြောကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည် ဟုဆိုကြ၏။ (ယေရမိ ၂၀:ရ- ၁၀)။ 
 
ပေါလု

တမန်တော် ပေါလုလည်း အလွန် စိတ်ဓါတ်ကျကာသေချင်လောက်အောင် ဖြစ်ခဲ့ကြောင်း ဤသို့ တွေ့ရသည် -ငါကိုယ်ကိုကိုယ် သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ််တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက် ငါသည် မုသား မပါ၊ ခရစ်တော် ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊ ငါသည် အလွန် ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ်ပူပန်ခြင်း ဝေဒနာ ရှိ၏။ အကြောင်းမူကား ဇာ တိအားဖြင့် ငါ့ အမျိုးသားချင်း ဖြစ်သော ငါ့ ညီအစ်ကိုတို့အတွက် ငါသည် ကိုယ်တိုင် ခရစ်တော်နှင့် ခွါ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ၏။ (ရော ၉:၁-၃) အဘယ်ကြောင့် ရှင်ပေါလုသည် အလွန် ဝမ်းနည်းပြီး စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်း ဝေဒနာ ခံရသနည်း။ အဘယ်ကြောင့်ကျိန်ခြင်း ခံချင်လောက်အောင် ခံစားသနည်း။ သူ၏ အမျိုးသားများဖြစ်သော ဣသရေလ လူများ ကယ်တင်ခြင်းသို့ မရောက်သောကြောင့် ဖြစ်သည်။ 
 
သခင်ယေရှု 

သခင်ယေရှုသည် ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိနှင့် အသက်ရှင်စဉ်တွင် သေလောက်အောင် စိတ်ဓါတ်ကျခဲ့ကြောင်း ဤသို့ တွေ့ရသည် -ထိုအခါ ယေ ရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင် ငါသည်ဟု ိအရပ်သို့ သွား၍ ဆုတောင်း စဉ်တွင် ဤအရပ်၌ ထိုင် နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှပေတရုနှင့် ဇေဗေဒဲ၏သား နှစ်ယောက်တို့ကို ခေါ် သွား၍ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ ယေရှု ကငါသည် သေလောက်အောင် စိတ်နှလုံးညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူ စောင့်၍ နေကြလော့ဟု တပည့်တော် သုံးယောက်တို့အား မိန့်တော်မူ၍ (မဿဲ ၂၆:၃၆-၃၈)။ သခင်ယေရှုသည် အဘယ်ကြောင့်သေလောက်အောင် စိတ်နှလုံးညှိုးငယ်သနည်း။ လူသား ဖြစ်သောကြောင့် ဖြစ်သည်။ လူသား အနေဖြင့် သေရမည် ဖြစ်သောကြောင့် ဖြစ်သည်။ 

မည်ကဲ့သို့ စိတ်ဓါတ်ကျခြင်းကို ကျော်လွှားနိင်မည်နည်း၊ စိတ်ဓါတ်ကျခြင်းကို ဘုရားသခင် ထံချဉ်းကပ်ခြင်းဖြင့် အောင်မြင် နိင်သည်။ ကျမ်းစာ က-ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသော သူတို့ကို သိမှတ်တော်မူ၏။ (နာဟုန် ၁:ရ)။ တဖန်၊ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာ ပြုသော အားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ် သူမျှကြံ၍ မမှီနိင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။ (ဖိလိ ၄:၆-ရ) ဟုဆိုသည်။ ထို့ကြောင့် ငြိမ်သက်ခြင်း ပေးနိင်သောသူသည် ဘုရားသခင် သာလျှင် ဖြစ်သည်။ ခရစ်တော်က၊ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။ (ယော ၁၄:၂ရ)။ 

စိတ်ဓါတ်ကျဆင်းခြင်းသည် တချိန်လုံး မဟုတ်၊ အသက်တာတွင် ဖြစ်နိင်သောအရာ ဖြစ်သည်။ သို့သော် ဘုရားသခင်ကို အားကိုးခြင်း၊ ဝိညာဉ်တော် အုပ်စိုးခြင်းဖြင့် အောင်မြင် နိုင်သည်။ လူသားများသည် စိတ်အား ငယ်နိုင်သောကြောင့် ဘုရားသခင်က သနားသည်။ ကျမ်းစာ၌၊ အဘသည်သားတို့ကို သနား စုံမက်သည် နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။ လူတို့၏ နေ့ရက်ကာလသည် မြက် ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။ ထာဝရဘုရား၏ ဂရုဏာမူကား ကြောက်ရွံ့သော သူတို့ အပေါ်သို့ ကာလ အစဉ်အဆက် သက်ရောက်တတ်၏။ (ဆာ ၁၀၃:၁၃-၁ရ)။ မိတ်ဆွေကို ဘုရားသခင်က သနားတော်မူသည်။ ထို့ကြောင့် စိုးရိမ် တုန်လှုပ်ခြင်း၊ စိတ်အားငယ် ခြင်းမရှိတော့ဘဲ ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် အောင်မြင်သောအသက်တာဖြင့် အသက်ရှင်ကြပါစို့။ 
 
                          အရှေ့အလယ်ပိုင်းသတင်း 
အရှေ့အလယ်ပိုင်း တည်းဟူသော အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်းနိင်ငံများ သတင်းသည် အလွန် အရေးကြီးသည်။ အကြောင်းမှာ ထိုနေရာသည် ကမ္ဘာ့ အလယ်ဗဟို ဖြစ်သည်သာမက ဘုရားသခင်က ကြည့်ရှုသော နေရာ ဖြစ်သည်။  ယခုအချိန်၌ အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သော အီရန်၊ ဆီးရီးယား၊ လေဗနုန်၊ အကြမ်းဖက်သမားများ ဖြစ်သော ဟေစဘောလ၊ ဟာမတ် (စ) များသည် အစ္စရေးနိင်ငံနှင့် စစ် ဖြစ်ဘို့ရန် တချိန်လုံးပြော နေကြပြီ။ အစ္စရေးနိင်ငံလည်း အိမ် နီးချင်းနိုင်ငံများ ကတိုက်ခိုက်လျှင် ဟူ၍ စစ်လေ့ကျင့်ခြင်း၊ ပြည် သူလူထုများ ဗုံးကျင်းများ၌ ခိုလှုံခြင်း၊ ဓါတုဗေဒလက်နက်များ သုံးခဲ့သော်ကာကွယ်နိုင်ရန်မျက် နှာဖုံးများ ဖြန့်ဝေခြင်းများပြုလုပ် ခဲ့ပြီး ဖြစ်သည်။အချိန်မရွေး စစ် ဖြစ်နိင်သည်။ ယခုတိုက်မည့် စစ်သည် ယခင်တိုက်သော စစ်များထက် ပြင်းထန်မည် ဖြစ်သည်။ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁၂မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိ လေဗနုန်နိုင်ငံတွင် ခိုအောင်းသော ဟေစဘောလအကြမ်းဖက်သမားများနှင့် ငှင်း၊ ၂၀၀၈ ဒီဇဘ်ာ ၂ရ၊ မှ ၂၀၀၉ ဇန်နဝါရီ ၁၈၊ ရက် နေ့အထိ ဂါဇာကမ်းမြောင်ဒေသရှိဟာမတ်စ များနှင့်၎င်းအစ္စရေးနိုင်ငံသည် စစ် ဖြစ်ခဲ့သည်။ 

ထိုစစ်ပွဲများ၌ အကြမ်းဖက်သမားများသည် အရပ်သားများကို အကာအကွယ်အဖြစ် အသုံးပြုတိုက်ခိုက် သောကြောင့် အစ္စရေးများအတွက် အခက်အခဲရှိခဲ့သည်။ သို့သော် ယခုတိုက်ပွဲတွင် မူအရပ်သားများကို မညှာ တော့ဘဲ အားလုံး ကို တိုက်မည်ဟု အစ္စရေးခေါင်းဆောင်များကကြိမ်းဝါးနေသည်။ အာရပ်များကလည်း သူတို့ ကိုယ် သူတို့ အလွန် စိတ်ချ နေကြသည်။ 

အီရန်နှင့် ဆီးရီးယားနိုင်ငံသည် လေဗနုန်နိုင်ငံရှိဟေစဘောလများ ထံဒုံပျံအမြောက်အများ တင်ပို့နေသည်။ ယခုအချိန်တွင် ဟေစဘောလများသည် ကမ္ဘာနိင်ငံအချို့တို့ထက် ဒုံးပျံအမြောက်အများ ယပိုင်ဆိုင်ကြောင်း တွေ့ ရသည်။ ယခင်ကအစ္စရေးမဟာမိတ်နိင်ငံံ ဖြစ်ခဲ့သော တူရကီနိင်ငံကလည်း ဂါဇာကမ်းမြောင်ဒေသရှိဟာမတ်စများ ထံလူမှု ရေးအထောက်အပံ့ပစ္စည်းများတင်ဆောင်လာသော သင်္ဘောများကို စေလွှတ်ကာအကယ်၍ အစ္စရေးများကထိုသင်္ဘောများကို ဆီးတားပါက အရေးယူမည်ဟု ကျေညာထားသည်။ အစ္စရေးနိင်ငံသည် ပို၍ ပို၍ စစ်တိုက်ဘို့ရန် နီးလာပြီ ဖြစ်သည်။ ထိုစစ်ပွဲကို ယုံကြည်သူများမြင်မလားမမြင်ဘူးလားဟူသောအရာ သည်မည်သူကမျှ မပြောနိင်ချေ။ ထိုစစ်ပွဲများ မဖြစ်မှီ ခရစ်တော်သည် အသင်းတော်ကို သိမ်းဆည်းပါက ချီဆောင်ခြင်းသည် အလွန် နီးနေပြီ ဖြစ်ကြောင်း သိနိင်သည်။ မိတ်ဆွေ အဆင်သင့်ရှိပြီလာ။ လောကအရာများ၌ ဗျာများ နေသေး သလော။ 
 
ဘိတ်ခေါ်အပ်ပါသည် 

ဘုရားသခင် အလိုတော် ရှိလျှင် ယခုနှစ်ဇူလိုင်လ ၄ ရက်နေ့တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် Rockville,MD  ဘုရားရှိခိုးကျောင်း ဖွင့်ပွဲ၌ ယုံကြည်သူများလာရောက်၍ ကျေးဇူးတော် ချီးမွမ်းကြဘို့ ဘိတ်ခေါ် လိုပါသည်။ ထိုဘုရားကျောင်းဖွင့်ပွဲ၌ Syracuse, NY ၌ မြန်မာနှစ်ခြင်း အသင်းတော် (GBC)၏ သင်းအုပ်ဆရာယော်ဂျာလထော် (Zauja Lahtaw) ကိုလည်း ဘိသိက်ပေးမည် ဖြစ်ပါသည်။ ထို့အပြင် ကျမ်းစာ သင်တန်းနှင့် ဟောပြောပွဲများလည်း ပြုလုပ်မည် ဖြစ်ပါသည်။ အစီအစဉ်များသည် အောက် ပါအတိုင်း ဖြစ်မည်။ 
 
ဇူလိုင်လ ၂ (သောကြာနေ့) အသင်းချုပ် CE အစည်းအဝေး
ဇူလိုင်လ ၃ (စနေနေ့) နံနက်ပိုင်းညနေပိုင်းကျမ်းစာ သင်
ဇူလိုင်လ ၄ (တနင်္ဂနွေနေ့) နံနက်ပိုင်းဖွင့်ပွဲဘိသိက်ပေးခြင်း 
ဇူလိုင်လ ၅-၁၁ အမှုတော်ဆောင်သင်တန်း။ ဤသင်တန်းသည် တက်လိုသောသူတိုင်း အတွက် ဖြစ်သည်။ လာရောက်မည့်သူများကြိုတင် ဆက်သွယ်ပါ။ အားလုံး တည်း ခိုမည့် အိမ်များ စီစဉ်ပေးပါမည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG