GOODNEWS
  HOME  GOODNEWS  2010 MAY
 


ဤစာစောင်၌

အမှာစာ
ဝိညာဉ်များကို စစ်ဆေးကြစို့
အဘယ်ကြောင့်ဆရာများ မှားယွင်းကြသနည်း
မှားယွင်းသော ဩဝါဒနှင့် ပတ်သက်၍ 
မိခင်များနေ့
သတင်းများ
ဘိတ်ခေါ်အပ်ပါသည် 
 
                                                                             အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် မေလသို့ ရောက်ကြပြီ။ ဤကဲ့သို့ အသက်ရှင်သွားလာလှုပ်ရှားနိင်ခြင်းသည် အမှန်မှာ ဘုရားသခင်၏ ကျေးဇူးတော် ကယ်တင်ခြင်းကို လက်ခံဘို့ရန် ဘုရားသခင်က စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်း ကယ်တင်ခြင်းသို့ ရောက်စေလိုသည်။ ထိုမျှသာမက သမ္မာတရား ကိုလည်း မှန်ကန်စွာ ပိုင်းခြားတတ်စေချင်သည်။ ထို့အပြင် သမ္မာ တရားအတိုင်း အသက်ရှင်စေလိုသည်။ သူ၏ သားသမီး များသမ္မာတရား အတိုင်း အသက်ရှင်လျှင် ဝမ်းအမြောက်ဆုံး ဖြစ်သည်။ ထို့ကြောင့် ယခုလစာစောင်၌ သမ္မာတရား မှန်ကန်စွာ ပိုင်းခြားခြင်းအားဖြင့် ဘုရား အလိုတော်ကို ဆောင် နိင်သောသူ ဖြစ်ဘို့ ရေးသား ထားပါသည်။ 

 ယုံကြည်သူများသည် ပေါ့ဆ၍ မရပါ။ အေးအေး ဆေးဆေး နေ၍မရပါ။ အကြောင်းမူကား ငါတို့၏ ရန်သူသည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို ဝါးမျိုမည်ဟု လှည့်လည်နေသည် (၁ ပေ ၅းဂ)။ ရှင်ပေါလုက ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်းတန်ခိုးတော် အရှိန်အား ဖြင်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိင်မည်အ ကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုးကောင်း ကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ ထို့ကြောင့် ခဲယဉ်း ဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိင်သဖြင့်၊ ကိဏအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိင်မည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့ (ဧဖက် ၆:၁၂-၁၃) ဟုသတိပေးခဲ့သည်။ 


 စာတန်သည် လူများကို ကောင်းကင် စွဲလန်းခြင်း မရှိရန်လောကအရာများအားဖြင့် ဆွဲဆောင်နေသည်။ ထိုသို့ ဆွဲဆောင်၍ မရဘဲ ဘုရားတရား ဘက်မှာစိတ်အားကြီးသောသူများကို ဝိညာဉ်ပိုင်း၌ လမ်းလွှဲစေသည်။ ထို့ကြောင့် တန်ခိုးများ ပြခြင်း၊ နိမိတ်လက္ခဏာများ ပြခြင်းဖြင့် အမျိုးမျိုး လိမ်ညာလည့် စားနေသည်။ ထိုအရာများကို သတိပေးသော အရာများကို ယခုလစာစောင်၌ ရေးသား ထားပါသည်။ စာရှုသူအယောက်တိုင်း အပေါ် ဘုရားသခင်က ကောင်းကြီး ပေးပါစေ။ 


 
                             ၀ိညာဉ်များကို စစ်ဆေးကြစို့
                                                                                                               Moses R. Cung
 

သခင် ခရစ်တော် ကြွလာဘို့ရန် နီးလာသည်နှင့် အမျှသူ သတိပေးခဲ့သည့် အတိုင်း ခရစ်တော် ယောင်ဆောင်သောသူများ၊ ပရောဖက် အတု (မိစ္ဆာ ပရောဖက်) များနှင့် ဆရာအတု ( မိစ္ဆာဆရာ) များလည်း ပို၍ ပို၍ များပြားလာသည်။ များစွာသော ယုံကြည်သူများသည် ထိုပရောဖက် အတုနှင့် ဆရာအတုများ၏ သွန်သင်ချက်များ နောက်သို့ တကောက်ကောက်လိုက်ခြင်းအားဖြင့် လမ်းမှားမှန်း မသိလမ်းမှား နေကြသည်။ ထိုဆရာများသည်လည်း စကား အားဖြင့်သာ မဟုတ်၊ အံ့ဘွယ်သော နိမိတ်များ၊ အနာရောဂါငြိမ်းစေခြင်း များနှင့်တကွ သက်သေထူသောအခါ လူအများသည် အလွန် ယုံကြည်လာ ကြသည်။ ထိုပရောဖက်နှင့် ဆရာအ တုများ ပေါ်လာမည့် အရာကို ကျမ်းစာထဲ၌ ကြိုတင် သတိပေးထားခဲ့သည်။ 
 
စစ်ဆေးကြပါ

ရှင်ယောဟန်က ဤသို့ ရေးထားသည်။ ချစ် သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်း ကြလော့။ အကြောင်းမူကား၊ မိဈာပရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည် အတိုင်း၊ ဤလောကသို့ လာမည် ဖြစ်၍၊ ယခုပင်လာလျက် ရှိသော အœိ ခရစ်၏ ဝိညာဉ် ဖြစ်၏။ (၁ ယော ၄:၁-၃) 

ရှင်ယောဟန်ကခပ်သိမ်းသော ဝိညာဉ်များကို မယုံကြဘဲ စုံစမ်းဘို့ ပြော ထားသည်။ အကြောင်းမှာ ပရောဖက် အတု များစွာ ရှိသည်။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ်သည်သာ ဘုရားသခင်နှင့် စပ်ဆိုင်သည် ဟုဆိုသည်။ 


သိုးရေခြုံပရောဖက် တုများ 

သခင်ယေရှုက အတွင်း၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော မိဈာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ ထို သူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ် တတ်သလော။ ကောင်းသော အပင်သည် ကောင်းသော အသီး၊ မကောင်းသော အပင်သည် မကောင်းသော အသီးကို သီးတတ်၏။ ကောင်းသော အပင်သည် မကောင်းသော အသီး၊ မကောင်းသော အပင်သည် ကောင်းသော အသီးကို မသီး နိုင်။ ကောင်းသော အသီးမသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက် တတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည် (မဿဲ ရး၁၅-၂၀)။ 

သခင် ခရစ်တော်က သိုးရေခြုံလျက် အတွင်း၌ ကြမ်းတမ်းသော တောခွေး တည်းဟူသော မိစ္ဆာပရောဖက်များရှိမည်ဟု ကြိုတင် ဟောပြောခဲ့ပြီ။ သိုးသည် နူးညံ့သိမ်မွေ့၍ စစ်မှန်သော ယုံကြည်သူကို ပုံဆောင်သည်။ တောခွေးသည် သတ် ဖြတ်ကိုက်စားတတ်၍ မိစ္ဆာပရောဖက်များကို ဆိုလိုသည်။ ထို့ကြောင့် မိစ္ဆာပရော ဖက်များသည် အပြင်ပန်းအားဖြင့် နူးညံ့သိမ်မွေ့သော ယုံကြည်သူ သို့မဟုတ် ဘုရား လူဟု ထင်ရသော်လည်း အတွင်း၌ ကိုက်စား၍ ဖျက်ဆီးတတ်သော စာတန် ၏ လူဖြစ်သည်။ 

ယနေ့ ယုံကြည်သူများခရစ်တော်၏ သတိပေးချက်ကို သတိမထားကြ။ ထိုပရောဖက် အတုများသည် အသီး တည်းဟူသော အကျင့်အားဖြင့် သိနိင်ကြောင်း သခင်ကပြောခဲ့သည်။ သစ်ပင်ကောင်းမကောင်းသည် အသီးအားဖြင့် ထင်ရှားသည်။ သို့သော် အသီးသည် ချက်ချင်း သီးတတ်သည် မဟုတ်၊ အနှစ်နှစ် အလလစောင့်ဘို့ လိုသည်။ သခင်ယေရှု ကသိုးရေခြုံ ဟုဆိုခြင်းသည် အဘယ် အရာနည်း။ သိုးရေခြုံဆိုသည်မှာ အပြင်ပန်း၌ သိုးကဲ့သို့ဖြစ်ခြင်းကို ဆိုလိုသည်။ ဟောပြောရာတွင် ဆီကဲ့သို့ ချောမောစွာ ပြောတတ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် မည်သူမဆိုအပြောကောင်းခြင်း တခုတည်းဖြင့် မယုံရ၊ အကျင့်အားဖြင့် ကြည့်ဘို့ လိုသည်။ များစွာသောသူများသည် အပြောကောင်းလျှင် ချက်ချင်း ယုံတတ်ကြသည်။ သတိပေးသော်လည်း လက်မခံသည်သာမက သတိပေးသောသူကို ပင် အမြင် မှားတတ်ကြသည်။ 

ယေရှုနာမသုံးကြခြင်း 

သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်း မသိ။ အဓRအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထို သူတို့အား အတည့်အလင်း ငါပြောမည်။ (မ ရး၂၁-၂၃) 


အထက်ပါ သခင်ယေရှု၏ စကားတော် အရဆရာအတုများသည် သခင်ယေရှု၏ နာမကို အသုံးပြုနိင်ကြောင်း တွေ့ရသည်။ ထိုသူများသည် သခင်ယေရှု နာမအားဖြင့် ဆုံးမဩဝါဒပေးခြင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း၊ များစွာသော တန် ခိုးတို့ကို ပြကြသည်။ သို့သော် ထို သူတို့ကို သခင်ယေရှု ကသင်တို့ကို ငါအလျင်း မသိ၊ အဓမ္မအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု အတည့်အလင်း ဆိုမည် ဖြစ်သည်။ ဤနေရာ၌ သတိထားရမည့် အချက်များမှာ၊ 


၁။ ဆရာအတုများသည် သခင်ယေရှု၏ နာမကို အသုံးပြုနိင်သည်။ 
၂။ ဆရာအတုများသည် ယေရှု နာမဖြင့် ဆုံးမဩဝါဒပေးနိင်သည်။ 
၃။ သခင်ယေရှု နာမဖြင့် နတ်ဆိုး နှင်ထုတ် နိင်၊ တန်ခိုးပြနိင်သည်။ 
၄။ ထိုသူများကို သခင်ယေရှုက အဓမ္မအမှုကို ပြုသော သူတို့ ဟုဆိုသည်။ 


ငါ့ထံမှ ဖယ်ကြ ဟုဆိုမည် ဟုဆိုသည်။ ထို့ကြောင့် ယေရှု၏ နာမသုံးတိုင်း ယုံရသည် မဟုတ်။ တန်ခိုးပြနိင်တိုင်းသည်လည်း ယုံရသည် မဟုတ်။ ဘုရားသခင်ထံမှ ဖြစ်မ ဖြစ်ကို သေချာစွာ ကြည့်ဘို့ လိုသည်။ 
 
ကြီးစွာသော နိမိတ်လက္ခဏာပြမည်


သခင် ခရစ်တော် ကသူကြွလာခါနီးသောအခါ မိစ္ဆာပရောဖက်များခရစ်တော် အတုများ ပေါ်လာမည့် အကြောင်း ဤသို့ ကြိုတင် ဟောပြောခဲ့သည် အချင်းချင်းမုန်းကြလိမ့်မည်။ မိဈာပရောဖက် အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိဈာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကို ပင်လှည့်ဖြား နိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်း အရာတို့ကို ငါပြောနှင့်ပြီ။ (မ ၂၄း၁၁၊ ၂၄-၂၅) 

အထက်ပါ ခရစ်တော်၏ သတိပေးချက်အရ ချီဆောင်ခြင်း နီးလာသည်နှင့် အမျှမိစ္ဆာပရောဖက် များသည်များပြားလာသည်။ ထိုသူများသည် ရွေးချယ်သောသူများကိုပင်လှည့်ဖြားနိင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ် လက္ခဏာများ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်ဟူသောအရာကို အထူး သတိပြုသင့်သည်။ များစွာသော သူတို့သည် ကြီးစွာသော နိမိတ်လက္ခဏာများ ပင်ပြစရာ မလို၊ အနည်းငယ်ထူးခြားမှု တွေ့လျှင် ပင်အလွယ်တကူယုံလွယ် ကြသည်။ 
 
အဘယ်ကြောင့်ယုံကြသနည်း

အဘယ်ကြောင့် မှားယွင်းသော အယူဝါဒများကို ယုံကြည်ကြသနည်း။ အကြောင်းရင်းများစွာရှိသည်။ ထိုအရာများမှာ၊ -
 
၁။ ကျမ်းစာ မဖတ်သောကြောင့် 
 ဤအချက်သည် အဓိကအချက်ကြီး ဖြစ်သည်။ အမည်ခံခရစ်ယာန်များဖြစ်စေ၊ ဒုတိယမွေးဘွားသောသူများ ဖြစ်စေကျမ်းစာ မဖတ်ကြသောကြောင့် မှားယွင်းသော အယူဝါဒနှင့် သမ္မာတရားကို မခွဲခြားတတ်ကြချေ။ ကျမ်းစာက၊ နှုတ်ကပတ်တော်သည် အ​ကျွန်ုပ်​ခြေရှေ့မှာ မီးခွက် ဖြစ်၍ အ​ကျွန်ုပ်လမ်းခရီးကို လင်း စေပါ၏ (ဆာ ၁၁၉:၁၀၅) ဟုဆိုထားသည်။ ကျမ်းစာ မဖတ်သောသူသည် အမှောင်ထဲ၌ လျှောက်သွားသောသူ ဖြစ်သောကြောင့် လမ်းမှားမှန်း မသိချေ။ ဘုရား ဘုရား၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို ၎င်းပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏ (ဟေဗြဲ ၄:၁၂)။ ကျမ်းစာအားဖြင့်သာ အသက်နှင့် စိတ်ဝိညာဉ်ကို ပိုင်းခြားနိင်သည်။ သို့သော် ကျမ်းစာ မဖတ်လျှင် မည်သို့ စိတ်ဝိညာဉ်များကို ပိုင်းခြားနိင်မည်နည်း။ စာတန်က ခရစ်တော်ကို ဖြားယောင်းသောအခါ၌လည်း ဆာလံ ၉၁:၁၁ကို ကိုးကား ခဲ့သည် (လု ၄:၁၀၊ ၁၁)။ သို့သော် ခရစ်တော် ကကျမ်းစာအားဖြင့် ပြန်ချေ ပခဲ့သည်။ ခရစ်တော်သည် စာတန်၏ သုံးကြိမ်သွေးဆောင်ခြင်းကို သုံးကြိမ် စလုံးကျမ်းစာအားဖြင့် အနိင်ယူခဲ့သည်။ 
 
၂။ ကျမ်းစာဖတ်သော်လည်း သမ္မာတရား မသိသောကြောင့် 


 အချို့သော ယုံကြည်သူများသည် ကျမ်းစာဖတ်သော်လည်း သေချာစွာ မလေ့လာသောကြောင့် သမ္မာတရားကို ပိုင်းခြား၍ မသိနိင်ကြ။ ဗေရိမြို့ရှိ ယုံကြည်သူများ ကဲ့သို့ဖြစ်ရမည်။ ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သား တို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့ စေ့ကြည့်ရကြ၏ (တမန် ၁ရး၁၁)။ ဗေရိမြို့သားတို့က ရှင်ပေါလုတို့ သွန်သင်ချက်များသည် ကျမ်းစာနှင့် ကိုက်မကိုက်သိစေခြင်းငှါ ကျမ်းစာကို နေ့တိုင်း (တခါတလေမဟုတ်) အစဉ်စေ့စေ့ ( အပေါ်ယံမဟုတ်) ကြည့်ရှုကြ၏ ဟုဆိုသည်။ လမ်းလွှဲစေသောသူသည် လူမဟုတ် ဝိညာဉ်ဆိုးများ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ဆိုးများ၏ လှည့် ဖြားခြင်းကို ကျမ်းစာ အားဖြင့်သာလျှင်သိနိင်သည်။ ရှင်ပေါလုကသူ၏ ဝိညာဉ်သား တိမောသေထံ ဤသို့ စာရေးခဲ့သည်။ 

သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သRာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအား ထုတ်လော့ (၂ တိ ၂:၁၅)။ ရှင်ပေါလုကတိမောသေ အားရှက်ကြောက်စရာ အကြောင်း မရှိဘဲ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်ဘို့ မှာထားသည်။ ယုံကြည် သူများသည်လည်း သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်ဘို့ လိုသည်။ 
 
၃။ မှားယွင်းသော ခံယူချက်နှင့် ဖတ်သောကြောင့် 

ကျမ်းစာဖတ်သော်လည်း ကျမ်းစာ၏ ဆိုလိုရင်းသိဘို့ မဟုတ်ဘဲ မိမိ အလိုဆန္ဒ ပြည့်စုံစေဘို့ ထောက်ခံဘို့ရန် ဖတ်သောကြောင့် သမ္မာတရားကို နားမ လည်နိင်။ ထိုအခါ ဝိညာဉ်ဆိုးများ ကအလွယ်တကူလှည့်ဖြားနိင်သည်။ ငါတို့ ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဥာဏ်ကည်အတိုင်း သင်တို့အား ရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည် ဤအရာများကို ပြော၍ စီရင်သော ဩဝါဒစာ ရှိသမျှတို့၌ ၎င်းပါသည်နှင့် အညီ၊ ငါတို့ သခင်ဘုရားသည်း ခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။ ထိုစာ၌ ခက်ခဲသောအရာ တ ချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်း မရှိသော သူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသော ကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ့်ကို ကိုယ်ဖျက်ဆီးတတ်ကြ၏။ (၂ ပေ ၃:၁၅-၁၆) ထို့ကြောင့် ကျမ်းစာဖတ်လျှင် တည်ကြည်သော စိတ်နှင့် ဖတ်ဘို့ လိုသည်။ သို့မဟုတ် ကိုယ့်ကိုယ်ကို ဖျက်ဆီးဘို့ ဖတ်သလို ဖြစ်မည်။ 
 
၄။ ဝိညာဉ်ရေးရာ၌ နုနယ်သောကြောင့် 

ဝိညာဉ်ပိုင်း၌ နုနယ်သော သူတို့သည် ကျွေးသမျှသော အစာကို စားချင် ကြသည်။ ထိုအခါ မှားယွင်းသော ဩဝါဒများကိုလည်း မခွဲခြားတော့ဘဲ အားလုံး လက်ခံတတ်သည်။ ကျမ်းစာ၌၊ ထိုမေလခိဇေဒက်၏ အကြောင်းကို ငါတို့ ပြောစရာ စကား အများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက် သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား၊ သူငယ် ဖြစ်သောကြောင့် ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်းမရှိ။ ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သော ဥာဏ်ပေး တတ်သော၊ အကြား အမြင် အတွေ့အစမ်းများသောသူတည်း ဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့ မူကား၊ ​ကြေခဲသော အစာအာဟာရကို သုံးဆောင်ရ ကြ၏ (ဟေဗြဲ ၅:၁၁-၁၄)။ 

အထက်ပါ ကျမ်းပိုဒ်များရေးသားသောသူကထိုစာကို လက်ခံသောသူများအပေါ်၌ အား မရကြောင်း တွေ့ရသည်။ ထိုသူများသည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း ဝိညာဉ်ရေးရာ၌ သူငယ် ဖြစ်နေ ကြသေးသည်။ သူငယ်သည် နို့ကိုသာ သုံး၍ ​ဖြောင့်မတ်ခြင်း တရား၌ မလေ့လာ ဟုဆိုသည်။ စုံလင်သောသူမူကား ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ ​ကြေခဲသော အစာအဟာရကိုသာ သုံးဆောင်သည်။ ကိုယ်ကာယပိုင်း၌လည်း ခလေး သူငယ်များသည် လိမ်ဘို့ရန် လွယ်၍ ကြားသမျှကို ယုံတတ်ကြသည်။ 

ယနေ့ များစွာသော ယုံကြည်သူများလည်း ဝိညာဉ်ရေးရာ၌ ခလေး ဖြစ်ကြ သောကြောင့် ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ မသိကြ။ ကျမ်းစာထဲမှ ပြောသောအရာထက် မျက်စိနှင့် မြင်သောအရာ၊ နားနှင့် ကြားသောအရာ၊ ကိုယ်ခန္ဓာအားဖြင့် ခံစားသော အရာများကို ယုံတတ်ကြသည်။ ထို့အပြင် ခလေး များ၏ ထုံးစံသည် အခြားသော ခလေးများပိုင်သောအရာကို လိုချင် တတ်ကြသည်။ ထို့ နည်းတူ ဝိညာဉ်ရေးရာ၌ နုနယ်သောသူများသည် သူတပါးပြောသမျှ အကောင်းအ ဆိုးမပိုင်းခြားဘဲ လိုချင် တတ်ကြသည်။ 
 
၅။ ကျမ်းစာထက် အတွေ့အကြုံနှင့် ခံစားချက်ကို ဦးစားပေးသောကြောင့် 

မှားယွင်းသော အယူဝါဒကို လက်ခံခြင်း၏ အကြောင်းရင်းတခုသည် ကျမ်းစာထက် အတွေ့အကြုံနှင့် ခံစားချက်ကို အဓိကထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ခံစားချက် အားဖြင့် ချဉ်းကပ်သည်ထက် ယုံကြည်ခြင်းရှိလျှင် ပို၍ နှစ်သက်သည်။ တမန်တော်သော မကသခင်ယေရှု ရှင်ပြန်ထမြောက် ခြင်းကို သူ့မျက်စိနှင့် မြင်မှလက်နှင့်ကိုင်မှယုံမည် ဟုဆိုခဲ့သည်။ သို့သော် သခင်ယေရှု ကသော မသင်သည် ငါကို မြင်သောကြောင့် ယုံကြည်၏။ ငါ့ကို မမြင်ဘဲ ယုံကြည်သောသူသည် မင်္ဂလာရှိ၏ ဟုဆိုခဲ့သည်။ (ယော ၂၀:၂၄-၂၉) ထို့ကြောင့် ဘုရားသခင်က သူ့ကို အာရုံငါးပါးအားဖြင့် ခံစား သောကြောင့် ယုံကြည်သည်ထက် နှုတ်ကပတ်တော်အားဖြင့် ယုံကြည်ခြင်းကိုသာ၍ နှစ်သက်သည်။ အတွေ့အကြုံနှင့် ခံစားချက် သည် မှားယွင်းနိင်သည်။ စာတန် ဝိညာဉ်ဆိုးများကလည်း ပေးနိင်သည်။ ထိုအ ရာများကို ကျမ်းစာနှင့် ကိုက်မကိုက်စစ်ဆေးဘို့ လိုသည်။ 
 
၆။ ကျမ်းစာ မပြည့်စုံဟု ခံယူသောကြောင့် 

 စာတန်သည် ကျမ်းစာကို မယုံကြည် ဘို့ရန် အသုံးမပြုဘို့ရန် နည်းမျိုးစုံဖြင့် ကြိုးစားသည်။ သူတို့၏ အကြောင်း ပြချက်မှာ ဘုရားသခင်သည် အလွန်ကြီး မြတ်၍ သူ၏ လုပ်ဆောင်ချက်သည် ကျမ်းစာ၌ ရေး၍ မကုန်။ ထို့ကြောင့် ကျမ်းစာ အသုံးပြုခြင်းသည် ဘုရားသခင်၏ အလိုတော်ကို အားလုံး မသိနိင်ဟူ၍ ဖြစ်သည်။ ကျမ်းစာကို ပယ်ပါက လမ်းလွှဲပြီး ဖြစ်သည်။ သခင် ခရစ်တော် ပင်လျှင် စာတန်ကို ကျမ်းစာအားဖြင့်သာလျှင်ချေပခဲ့သည် (လု ၄:၄-၁၂)။ ကျမ်းစာကို ပယ်ချင်သောသူသည် စာတန်ဖြစ်သည်။ အဘယ်ကြောင့် စာတန်သည် ကျမ်းစာကို ပယ်ချင် သနည်း ဟူမူကား ကျမ်းစာသည် ဝိညာဉ်တော်၏ ထား ဖြစ်၍ စာတန်ကအလွန်ကြောက်သည်။ 
 
ရ။ လူပုဂ္ဂိုလ်ကို စွဲလန်းသောကြောင့် 

မှားယွင်းသော အယူဝါဒလိုက်သောသူတိုင်းသည် လူပုဂ္ဂိုလ်စွဲလန်းသောသူများ ဖြစ်ကြသည်။ လူတဦးတယောက်၏ သွန်သင်မှုကို လက်ခံသောနောက် သူ၏ သင်ပြချက်များသည် မှန်မမှန်မစစ်ဆေးတော့ဘဲ သူ့နောက်လိုက် သွားတတ်ကြသည်။ ထိုအရာသည် အလွန် အန္တရာယ် ကြီးသောအရာ ဖြစ်သည်။ လွှဲမှားသော အယူဝါဒကြောင့်လင်မယား ကွဲနိင်သည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် ကွဲနိင်သည်။ ထိုထက် အရေးကြီးဆုံးမှာ ဘုရားသခင်၏ ကကောင်းကြီးထက်ကျိန်ခြင်း အမင်္ဂလာသာလျှင် ခံစားနိုင်သည်။ လမ်းမှန်သို့ ပြန်လည်ရောက်ရှိသည့် တိုင်ဒါဏ်ရာများနှင့် ပြန်လာတတ်သည်။ ထို့ကြောင့် ဗေရိမြို့ရှိ ယုံကြည်သူများကဲ့သို့ ကျမ်းစာကို စေ့စေ့ကြည့်ရှုလေ့လာ၍ တရားဟောဆရာများ၏ ဟောပြောချက်များကို ကျမ်းစာနှင့် ကိုက်ညီမကိုက်ညီကို စစ်ဆေးဘို့ လိုသည်။ ( တမန်တော် ၁၇:၁၁) 
 
၈။ လူအများစုနှင့် ဆန့်ကျင် မှာကို စိုးရိမ် သောကြောင့် 

လမ်းမှားလိုက်သောသူများသည် လူအများစုလိုက်သောကြောင့်လည်း ဖြစ်နိင်သည်။ အမှန်မှာ ကျမ်းစာထဲ၌ လူအများ၏ အလိုသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင် တတ်သည်။ ဣသရေလ လူများလည်း စည်းလုံးသော်လည်း ဘုရားနှင့် အစဉ်သဖြင့် ဆန့်ကျင် တတ်ကြသည်။ ပရောဖက် များလည်း လူအများစုနှင့် ဆန့်ကျင် တတ်ကြသည်။ ခရစ်တော် လက်ထက်၌လည်း ခရစ်တော်ကို လူအများစုကဆန့်ကျင် ကြသည်။ ထို့ကြောင့် လူအများနှင့် ဆန့်ကျင် မှာကို ကြောက်ဘို့ မဟုတ်ပေ။ ဘုရားသခင် နှင်ဆန့်ကျင် မှာကိုသာ စိုးရိမ်စရာ ရှိသည်။ ထို့ကြောင့် လူအများနှင့် ဆန့်ကျင်မှာ စိုးရိမ် သောကြောင့် လမ်းမှားမလိုက်ဘို့ သတိပေးလိုပါသည်။ 
 
 ၉။ ဘုရားသခင်၏ အလိုတော်ထက် မိမိ အလိုဆန္ဒပြင်းပြသောကြောင့် 

လူသည် ဘုရားသခင်၏ အလိုတော်ကို လိုက်ဘို့ထက် မိမိ အလိုဆန္ဒ ပြည့်စုံရေးသည် အဓိကထားသောအခါ လမ်းလွဲတတ်သည်။ ဘုရားသခင်က တောင်း ပါတောင်းလျှင် ရမည် ဟုဆိုသော်လည်း သူ့အလိုတော်နှင့် မကိုက်ညီလျှင် မည်မျှ ပင်တောင်းသော်လည်း ပေးမှာ မဟုတ်။ လူသည် မိမိအတွက် ကောင်းမကောင်း မသိသောအခါ ဇာတိအလို ဆန္ဒအရတောင်းတတ်သည်။ သို့သော် ဘုရားသခင်က မပေးသောအခါ စာတန် ကပေးတတ်သည်။ ထို့ကြောင့် ဘုရား၏ အလိုတော်ကို သိ၍ အလိုတော်အတိုင်း အသက်ရှင်ဘို့ လိုအပ်သည်။ 
 
၁၀ ဘုရား ပေးသော ဘုန်းထက် လူပေးသော ဘုန်းကို လိုချင်သောကြောင့်။ 

လူသည် ဘုရားပေးသောဘုန်း၊ ဘုရား ချီးမွမ်းခြင်းထက် လူလူချင်းပေးသော ဘုန်း၊ ချီးမွမ်းခြင်းကို လိုချင်ကြသည်။ သခင်ယေရှုက၊ အချင်းချင်းပေးသော ဘုန်း အသရေကိုသာ ခံ၍ ဘုရားသခင်သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း၊ ဟုဆိုခဲ့သည် (ယော ၅:၄၄)။ လူသည် လူလူချင်းထောက်ခံသောအရာကိုသာလျှင် လိုချင် ကြသည်။ ထို့ကြောင့် ဘုရားသခင်ထံမှ မဟုတ်လျှင်လည်း အရေးမကြီး၊ လူများရှေ့ မျက်နှာရဘို့ သာလျှင် အရေးကြီးသည်။ ထိုသို့ဖြင့် လမ်းလွှဲတတ်ကြသည်။ 
 
၁၁။ ဝိညာဉ်ဆိုးများ၏ အုပ်စိုးမှုကြောင့် 

အချို့သောသူများ လမ်းမှားခြင်းသည် ဝိညာဉ်ဆိုးများ၏ အုပ်စိုးမှုကြောင့် ဖြစ်သည်။ ဝိညာဉ်ဆိုးများလည်း တန်ခိုးရှိသည်။ 
 
၁၂။ ထူးဆန်းသောအရာနှင့် နိမိတ်လက္ခဏာကိုသာ လိုချင် သောကြောင့် 

များစွာသော ခရစ်ယာန် များသည် ကျမ်းစာ မဖတ်၊ ဘုရား စကား နားမထောင်၊ သို့သော် တန်ခိုးနှင့် နိမိတ်လက္ခဏာများ လိုချင် ကြသည်။ ထိုအခါ ဘုရားသခင်ထံ၌ တန်ခိုးနှင့် နိမိတ်လက္ခဏာများ တောင်းတတ်ကြသည်။ သို့သော် ဘုရားသခင်ကမပေးသောအခါ စာတန် ဝိညာဉ် ကပေးလိုက်သည်။ ရှင်ပေါလုက၊ ယုဒ လူတို့သည် နိမိတ်လQဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်၏။ ငါမူကား၊ လက်ဝါးကပ်တိုင်မှာအသေခံတော်မူသော ခရစ်တော်၏ အကြောင်း အရာကို ဟောပြောကြ၏။ ထိုအကြောင်း အရာသည်ကား၊ ယုဒလူ ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုးသား၌ ကားမိုက်မဲခြင်းဖြစ်၏။ သို့သော်လည်း ယုဒလူဖြစ်စေ၊ ဟေလသလူ ဖြစ်စေခေါ်တော်မူသော သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ပညာတော် တည်းဟူသော ခရစ်တော်၏ တရား ဖြစ်၏၊ ဟုဆိုထားသည် (၁ ကော ၁:၂၂-၂၄)။ ယုဒလူတို့သည် အစဉ်သဖြင့် ဘုရားသခင်ကို ယုံကြည် ဘို့ရန် နိမိတ်လက္ခဏာကို တောင်းတတ်ကြသည်။ နိမိတ်လက္ခဏာတောင်းခြင်းသည် ဘုရားသခင်၏ ဂုဏ်သိက္ခာကို ချခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် ပြောသည့်အတိုင်း မလုပ်နိင်သူ၊ လိမ် ပြောတတ်သူ၊ စိတ်မချထိုက်သူ၊ နိမိတ်ပြနိင်မှယုံမည် ဟုဆိုခြင်း ဖြစ်သည်။ ယခု ခေတ်မှာလည်း ယုဒလူများကဲ့သို့ နိမိတ်လက္ခဏာတွေယုံတတ်သောသူများသည်။ ထိုသူများသည် စာတန် ပြသော နိမိတ်ကို ယုံကြည်ခြင်းအားဖြင့် လမ်းလွှဲကြသည်။ 

သခင်ယေရှုကို နိမိတ်လက္ခဏာပြဘို့ တောင်းကြသည်။ ထိုအခါ အချို့သော ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ်လက္ခဏာတစုံတခုကို မြင်ချင် ပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော် ကဆိုးညစ်၍ မျောက်မထားသော အမျိုးသည် နိမိတ်လက္ခဏာ တောင်းသည်မှာ၊ ပရောဖက် ယောန၏ နိမိတ်လQဏာမှတပါးအဘယ်လQဏာကိုမျှ သူတို့အား မပြရာ။ ယောနသည် ငါးကြီး ဝမ်းမှာသုံးရက်နေ သကဲ့သို့ လူသားသည် မြေကြီး ထဲမှာသုံးရက်နေရလတံ့။ ဟုဆိုခဲ့သည် (မ ၁၂:၃၈-၄၀)။ ဤနေရာ၌ နိမိတ်လက္ခဏာတောင်းသော ကျမ်းပြုဆရာနှင့် ဖာရိရှဲများကို သခင်ဘုရားက မျောက်မထားသော အမျိုးဟု ခေါ်သည်။ ထို့ကြောင့် ကျမ်းစာ ကပြောသောအရာကို မယုံဘဲ နိမိတ်လက္ခဏာတောင်းသောသူများ အပေါ်သခင်ဘုရား အလိုတော် မရှိကြောင်း သိနိုင်သည်။ 

၁၃။ လောကအရာကိုသာ စွဲလန်း၍ ကောင်းကင် အရာကို မစွဲလန်း သောကြောင့် 

လမ်းလွှဲဆရာများသည် အများအားဖြင့် ကောင်းကင် အရာထက်လောကအရာများကိုသာ ဟောပြောတတ်ကြသည်။ လောကအရာ တည်းဟူသော ဥစ္စာ ရွှေငွေချမ်းသာ ရေး၊ ကိုယ်ခန္ဓာကျန်းမာရေး၊ ပြသနာ ပြေလည်ရေးများကိုသာ ဦး စားပေးဟောပြော ကြသည်။ ထိုအရာများသည်လောကသား များ၏ အကြိုက် ဖြစ်၍ နောက်လိုက်သောသူများ တတ်သည်။ ထိုကြောင့် ကောင်းကင် အရာ၊ ဝိညာဉ်ရေးရာများကို စိတ်မဝင်စားကြ။ ဟောပြောသောသူနှင့် နောက်လိုက် သောသူ များသည် ရည်ရွယ်ချက်ချင်း တူညီသောကြောင့် အချင်းချင်းထောက်ခံ ကြသည်။ ထိုသူများသည် သဲပေါ်၌ အိမ်ဆောက်သောသူဟု သခင်ဘုရားက ဤသို့ ဆိုသည်။ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်၊ ကျောက် ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။ (မဿဲ ရး၂၄-၂၇) 
 
 
အဘယ်ကြောင့်ဆရာများ မှားယွင်းကြသနည်း
ဆရာများ မှားယွင်းခြင်းသည် အောက်ပါအချက်များကြောင့် ဖြစ်သည်၊ 


၁။ ဇာတိနှင့် အသက်ရှင်သောကြောင့် 

အချို့သော ဆရာ၊ မများသည် အစပိုင်း၌ ဘုရားသခင်က အသုံးပြုခဲ့ပါသည်။ သို့သော် ဇာတိအလို လိုက်၍ အသက်ရှင် လာသောအခါ ဘုရားသခင်က သတိပေးတတ်သည်။ သို့သော် ဘုရားသခင်၏ သတိပေးခြင်းကို လက်မခံဘဲ မိမိဇာတိအလို အတိုင်း အသက်ရှင် လာသောအခါ ဘုရားသခင်၏ စွန့်ခြင်းကို ခံရသည်။ ထိုဆရာကို ဘုရားသခင်က မသုံးတော့သော်လည်း လက်မလျှော့ဘဲ ဘုရား အမှုတော်ကို ဆောင်သောအခါ ဝိညာဉ်ဆိုးများ ကအုပ်စိုးလာသည်။ လူများ ကလက် ခံလာရန်တန်ခိုးနိမိတ်များကို မည်သူ့ထံမှ ရရလိုချင် လာသည်။ ထိုသို့သောအားဖြင့် စာတန် ဝိညာဉ်ဆိုးများ၏ အသုံးခံ ဖြစ်လာ ကြသည်။ ရှင်ဘုရင် ရှောလုလည်း ဘုရား စကား နားမထောင်သောကြောင့် ဘုရား၏ စွန့်ခြင်းကို ခံရသည်။ ထိုအခါ စိတ် ငြိမ်သက်မှု မရနိင်တော့ချေ။ ဘုရားသခင်က စွန့်သောအခါ သူကိုယ်တိုင် တားမြစ်သော နတ်ဝင်သော မိန်းမကို ရှာကြောင်း ဤသို့ တွေ့ရသည်။ 


 ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန် တုန်လှုပ်သော စိတ်နှလုံးရှိ၏။ ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရောဖက် အားဖြင့်၎င်း၊ ထူးတော်မမူ။ ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါ သွား၍ မေးမြန်းမည်ဟု ​ကျွန်တို့အား ဆိုသည် အတိုင်း၊ ​ကျွန်တို့က အဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက် ရှိပါ၏ဟု လျှောက်သော်၊ ရှောလုသည် အဝတ်လဲ၍ ထူး ခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါလူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့ သွား၍ ရောက်ပြီးလျှင် သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အား ငါပြော မည့် အရာကို ဘော်ပါလော့ဟု တောင်းပန်လေ၏။ မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းသောအမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှာ အဘယ်ကြောင့်ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ ရှောလုကထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း ဤအမှုကြောင့် အဘယ်အပြစ်မျှမရောက်စေရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။ မိန်းမသည်လည်း အဘယ်သူကို ငါဖော် ရမည်နည်းဟု မေးလျှင် ရှောလုကရှမွေလကို ဖော်ပါ ဟုဆိုိ၏။ မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသော အသံနှင့် အော်ဟစ်၍ ကိုယ်တော်သည် ​ကျွန်မကို အဘယ်ကြောင့်လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလု ဖြစ်ပါ၏ဟု ရှောလုအား ဆိုလျှင် ရှင်ဘုရင်က၊ မစိုးရိမ် နှင့်၊ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမ ကမြေကြီး ထဲကဘုရား တက်လာသည်ကို ​ကျွန်မမြင်ပါသည်ဟု လျှောက်၏။  (၁ ရာ ၂၈:၅-၁၃)။ 

ဤနေရာ၌ ရှောလုသည် အဘယ့်ကြောင့်သူကိုယ်တိုင် တားမြစ်သော နတ် ဝင်မိန်းမကို မေးသနည်း။ ထာဝရဘုရားက သူ့ကို စွန့်၍ ထူးတော်မမူသောကြောင့် ဖြစ်သည်။ ထိုအခါ ကြံမိကြံရာလုပ်ခြင်းဖြစ်သည်။ နတ်ဝင်သောသူကို မေးခြင်းသည် ထာဝရဘုရား အလိုမရှိကြောင်း သိသောကြောင့် သူကိုယ်တိုင် အမိန့်ထုတ်၍ တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းခိုင်းခဲ့သည်။ သို့သော် ရန်သူများကြောင့် ကြောက်လန့်သောအခါ သူကိုယ်တိုင် ပယ်သောအရာကို ပြန်အားကိုး သည်။ အချို့သော သမ္မာတရားကို ဟောပြောခဲ့သော ဆရာများသည် အဘယ်ကဲ့သို့ သူတို့ ကိုယ်တိုင် လက်မခံခဲ့သော အရာများကို လက်ခံကြသနည်းဟု အံ့ဩ တတ်ကြသည်။ ထာဝရဘုရားကမသုံးတော့သောအခါ ရှောလုကဲ့သို့ မည်သည့်နည်းနှင့် ဖြစ်ဖြစ် တန်ခိုးရလိုသောငှါ ရှာကြံသောကြောင့် ထာဝရဘုရားထံမှ ဝိညာဉ် မဟုတ်လျှင်လည်း လက်ခံကြခြင်း ဖြစ်သည်။ 
 
၂။ ငွေကို တတ်မက်သောကြောင့် 

အချို့သော ဆရာ၊ မများသည် ငွေကို တပ်မက်သောကြောင့် မှားယွင်းသော ဩဝါဒများကို ဖြန့်ဖြူး ကြသည်။ ထိုအရာကို ရှင်ပေါလုက ဤသို့ သတိပေး ခဲ့ပြီ- ၃ ခြားနားသော ဩဝါဒကို သင်ပေး၍၊ ငါတို့ သခင်ယေရှုခရစ်၏ စကား တည်းဟူသော စင်ကြယ်သော စကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် အညီ ဖြစ်သော ဩဝါဒကို၎င်း၊ ဝန်မခံသောသူ မည်သည်ကား၊ ၄ မာနနှင့် ယစ်မူး၍ အလျှင်း နားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေး​နွေး၍ စကားကြောင့် သာငြင်းခုံသောအားဖြင့် စိတ်ပေါ့သောသူ ဖြစ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွား ဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သော သူတို့ကို ရှောင်လော့။ ၆ ရောင့် ရဲသော စိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွား မှန်၏။ ရအကြောင်းမူကား၊ ငါတို့သည် ဤလောက ထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည် ဖြစ်၍ ထွက်သွားလျှင် လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။ ၈သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြ ကုန်အံ့။ ၉ ငွေရတတ်ခြင်းငှါ အလိုရှိသော သူတို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်း တတ်ကြ၏။ ၁၀ အကြောင်းမူကား၊ ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက် သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှလွှဲ သွား၍၊ ပူပန်ခြင်း ဝေဒနာ များနှင့် ကိုယ်ကိုကိုယ် ထုတ်ခြင်း ခပ်အောင် ထိုးကြပြီ။ (၁ တိ ၆:၃-၁၀)။ 

ရှင်ပေါလုရေးသား ထားသည့်အတိုင်း များစွာသော သူတို့သည် ဘုရား အမှုဆောင်ခြင်းသည် အကျိုးစီးပွားဟု ထင်မှတ် ကြသည်။ ထိုသူများသည် သမ္မာ တရားထက် ငွေရနိင်သည့်နည်းကိုသာ စိတ်ဝင်စား ကြသည်။ ထို့ကြောင့် ပရိသတ်များထံမှ ရနိုင်သမျှ နည်းဖြင့် ငွေကို တောင်းခံကြသည်။ သန့်ရှင်းသောဝိညာဉ်တော်က အသုံးမပြုသောအခါ ဝိညာဉ်ဆိုးများက အသုံးပြုလာသည်။ မည်သို့ပင်ဖြစ်စေ ငွေရလျှင် ကျေနပ်သော ဆရာ၊ မများသည် လူများကို နည်းမျိုးစုံနှင့် လှည့်စား ကြသည်။ လောက၌ သူဌေးကဲ့သို့ နေထိုင် ကြသည်။ သူတို့သည် မည်ကဲ့သို့ နေသည်ဖြစ်စေ သူတို့၏ ဩဝါဒကို မှိုင်းမိသောသူများသည် ဆက်လက်၍ ထောက်ခံဆဲ ဖြစ်သည်။ 
 
 မှားယွင်းသော ဩဝါဒနှင့် ပတ်သက်၍ 
 
၁။ အားလုံးကောင်းသည် 

အချို့သော ယုံကြည်သူများသည် သမ္မာတရားကို မသိသောကြောင့် ဘယ်သူဘာဘဲ ဖြစ်ဖြစ်ကောင်းသည်။ ဘုရား ဖက်၌ စိတ်အားကြီးလျှင် ကောင်းသည်ဟု ယူဆကြသည်။ သို့သော် အားလုံးသည် မကောင်းနိုင်ပါ။ ထိုသို့သောသူများသည် ဘုရားသခင်၏ အလိုတော်ကို မသိ သို့မဟုတ် ဂရုမစိုက်သောသူများ ဖြစ်သည်။ ဘုရား ဘက်၌ စိတ်အားကြီးသောသူတိုင်းကို ထောက်၍ ခံမရပါ။ ရှင်ပေါလုက၊ ဣသရေလ လူများသည် ဘုရား ဘက်၌ စိတ်အားကြီးသော်လည်း မှန်သော ပညာမရှိ။ ကယ်တင်ခြင်းသို့ မရောက်သောကြောင့် သူတို့အတွက် ဆု တောင်းပေးနေသည် ဟုဆိုခဲ့သည် (ရော ၁၀:၁-၃)။ ရှင်ပေါလုကိုယ်တိုင်လည်း ဘုရား ဘက်၌ စိတ်အားကြီး လွန်းသောကြောင့် အသင်းတော်ကို ညှဉ်းဆဲခြင်းအားဖြင့် ခရစ်တော်ကို တိုက်ခိုက် သောသူ ဖြစ်ခဲ့သည် မဟုတ်လော (ဖိလိ ၃:၆)။ ထို့ကြောင့် စိတ်အားကြီးလျှင် အားလုံး ကောင်းသည် ဟူသောအရာသည် မမှန် နိုင်ပါ။ ဘုရားသခင်သည် သူ့အလိုတော်အတိုင်း မဟုတ်လျှင် ယဇ်ပူဇော်ခြင်းသည် ပင်လျှင် လက်မခံနိင်ပါ။ ကာဣန၏ ပူဇော်ခြင်းကို လက်မခံခဲ့ပါ (ကမ္ဘာ ၄:၄ -ရ)။ ရှောလု၏ ပူဇော်ခြင်းလည်း လက်မခံသည်သာမက သူ့ကို ရှင်ဘုရင်အဖြစ် မှပယ် လိုက်သည် (၁ ရာ ၁၃:၉-၁၄)။ အာရုန်၏ သားများနာဒပ်နှင့် အဘိဟုလည်း ဘုရားသခင် မှာထားသော မီး မဟုတ်ထူးခြားသော မီးကို ပူဇော်သောအခါ ဘုရား ထံတော် မှမီးကျ၍ နှစ်ယောက်စလုံးသေရသည် (ဝတ်ပြုရာ ၁၀:၁-၂)။ ထို့ကြောင့် အားလုံး ကောင်းသည်ဟု မဆိုနိင်ချေ။ 
 
၂။ ငါနှင့် မဆိုင်


 ယုံကြည်သူ အချို့တို့သည် သူများ ဘယ်လို ဖြစ်နေ ဖြစ်နေငါနှင့် မဆိုင်ဟုယူ ဆသည်။ ထိုသူများသည် အလွန် အန္တရာယ် ရှိသောအရာကို လျစ်လျိုရှုကြသည်။ စကား ပုံ၌ ကုန်သွယ်မှားလျှင် တခေါက်၊ တောင်ယာခုတ်မှားလျှင် တနှစ်၊ အိမ် ထောင်ပြုမှားလျှင် တသက်၊ ဟူ၍ ဖြစ်သည်။ ထိုစကား ပုံသည် မပြည့်စုံပါ။ ကိုးကွယ် မှားလျှင် ထာဝရဟု ထပ်ထည့်သင့်သည်။ ကိုးကွယ်မှားခြင်းသည် အမှားတကာ့ အထဲမှာကြောက်စရာ အကောင်းဆုံး၊ ထာဝရ ကာလ တိုင်တည်မည် ဖြစ်သောကြောင့် သတိအထားဆုံး ဖြစ်ရမည်။ သို့သော် စာတန်၏ လှည့်ဖြားမှုကြောင့်၎င်း၊ မိမိစိတ် နှလုံးခိုင်မာမှုကြောင့်၎င်းကိုးကွယ်ခြင်း ဆိုင်ရာကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။ 
 
၃။ အမှားနှင့် အမှန် မသိနိင်

ဝိညာဉ်ရေးရာမှာအမှားနှင့် အမှန် မသိနိင်ပါဟု ယူဆသောသူများလည်းရှိကြသည်။ ဟုတ်ပါသည် လူ့ဥာဏ်အားဖြင့် အမှားနှင့် အမှန် မသိနိင်ပါ။ ထိုသို့ မသိ နိင်သောကြောင့် ဘုရားသခင်က သမ္မာကျမ်းစာကို ပေးရခြင်း ဖြစ်သည်။ သမ္မာ ကျမ်းစာ က-နှတ်ကပတ်တော်သည် အ​ကျွန်ုပ်​ခြေရှေ့မှာ မီးခွက်ဖြစ်၍ အ​ကျွန်ုပ် လမ်းခရီးကို လင်းစေပါ၏၊၊ (ဆာ ၁၁၉:၁၀၅) ဟုဆိုသည်။ နှုတ်ကပတ်တော်သည် အလင်း ဖြစ်လျှင် နှုတ်ကပတ်တော် အမှီမပြုပါက အမှောင်ထဲ၌ သွားလာရမည်။ အမှောင်ထဲ၌ ဖြစ်လျှင် ဘယ်အရာကိုမျှ မမြင်နိင်။ ထို့ကြောင့် အမှားနှင့် အမှန်လည်း မသိနိင်။ 
 
၄။ သူတပါးကို တရားမစီရင်ကောင်း

လူမုန်းမှာကို ကြောက်သောသူ သို့မဟုတ် လူများနှင့် ပြသနာ မဖြစ်ချင်သောသူများသည် သူတပါးကို တရားမစီရင်ကောင်းဟု ယူဆကာ မှားယွင်းသော ဩဝါဒခံယူသောသူများ အကြောင်းကို မပြောလိုကြချေ။ သို့သော် လမ်းမှားသို့ သွားသောသူများကို လမ်းမှန်သိသောသူက မပြောပြလျှင် ထိုသူကို မချစ်ရာရောက်သည်။ ခရစ်တော် ကသူတပါးကို စစ်ကြောမစီရင်ရ (မဿဲ ၅:၁-၅) ဟူသောအရာကို အလွှဲသုံး ကြသည်။ ခရစ်တော် ပြောသောအရာသည် ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ပြောခြင်း ဖြစ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာ လမ်းလွှဲခြင်းကို မပြောဘဲ မနေရ။ ထာဝရဘုရားသခင်က လမ်းလွှဲစေသောသူကို မိသားစုအဝင်ဖြစ်စေ၊ တမြို့လုံး ဖြစ်စေတရားစီရင်ရမည်ဟု တရားဟောရာကျမ်း ၁၃ ၌ဆိုထားသည်။ 
 
 ၅။ မည်သူမျှ ပြည့်စုံသောသူမရှိ

အချို့သောသူများ၏ ဆင်​ခြေသည်လောက မှာမည်သူမျှ ပြည့်စုံသောသူမရှိ။ ထို့ကြောင့် လမ်းမှားပြသော ဆရာများလည်း မပြည့်စုံသော်လည်း လက်ခံဘို့ လိုသည်ဟု ယူဆကြသည်။ မှန်ပါသည်လောက၌ မည်သူမျှမပြည့်စုံပါ။ သို့သော် ထိုမပြည် စုံခြင်းသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ၌ဖြစ်သည်။ ဝတ်ပြုခြင်း ဆိုင်ရာ၌ ဘုရား၏ အလိုတော်ကို သိဘို့ လိုသည်။ 
 


  
မိခင်များနေ့

မိခင်များ အထူးသဖြင့် မြန်မာပြည် မှလာကြသော မိခင်များဟာပိုပြီး တော့ ကျေးဇူးတော် ချီးမွမ်းသင့်တယ်။ မြန်မာပြည် နေခဲ့တုန်းကဆိုရင် မိခင်များနေ့ကို လဲမလုပ်ခဲ့ကြဘူး။ (အခုနောက်ပိုင်းမှာတော့လုပ် ဖြစ်ကြသလား မသိဘူး) ဒီနိင်ငံ ရောက်တဲ့အခါ မိခင်များကို ဂုဏ်ပြုတဲ့နေ့တွေလုပ်ကြတယ်။ အင်မတန်ကောင်း တဲ့အရာ ဖြစ်တယ်။ မိခင်များနေ့အတွက် စီးပွါးရေးသမားများ ဖြစ်စေ၊ အသင်းတော်များဖြစ်စေ၊ သားသမီး များဖြစ်စေအလုပ်ရှုပ်တတ်ကြတယ်။ 

လူတိုင်းမှာ မိခင် တစ်ယောက်ဘဲ ရှိကြတယ်။ မိန်းမတိုင်းကို အမေလို့ ခေါ်လို့မရဘူး။ ဒါကြောင့် သားသမီး တိုင်းက မိခင်များကို ဂရုစိုက်ဘို့ လိုတယ်။ အချို့သော သားသမီး တွေဟာဆိုရင် မိခင် အသက်ရှင်တုန်းကတော့ဂရုမစိုက် ဘူး။ စကား လဲနားမထောင်ဘူး။ စကား လဲကောင်းကောင်း မပြောချင် ဘူး။ ပြုလဲ မပြုစုဘူး။ ကိုယ့် မိခင်ကို စိတ်ဒုက္ခ အမျိုးမျိုး ပေးတဲ့သူတွေလဲရှိကြတယ်။ ဒါပေမဲ့ မိခင် သေသွားပြီး တဲ့ နောက်မှာသင်္ချိုင်းဂူကို အပြန်စားလုပ်ပေးတာတို့၊ အောက်မေ့ ဘွယ်တွေ ပြုလုပ် ပေးတာတို့ လုပ်တတ်ကြတယ်။ အမေရဲ့ပြုစုမှု တွေ၊ အမေရဲ့ကောင်းမှု တွေကို ပြန်ပြောတတ်ကြတယ်။ အသက်ရှင်တုန်းကဘာမှဂရုမစိုက်ခဲ့တဲ့အ တွက်နောင်တ ရတဲ့ သားသမီး များလဲရှိမှာပါ။ ဒါကြောင့် သားသမီး များအနေနဲ့ အမေအသက်ရှင်တုန်းဂရုစိုက်ဘို့ လိုပါတယ်။ အမေကျန်းမာတုန်း၊ စားနိင်သောက် နိင်တုန်း၊ ဝတ်နိင်သွားလာနိင်တုန်းမှာပြုစုကြပါလို့အကြံပေးလိုပါတယ်။ အဲဒါ မှနောင်တ ရစရာ မရှိ အားရကျေနပ် ပါလိမ့်မယ်။ 

မိခင် တယောက် နဲ့တယောက် တော့တူမှာ မဟုတ်ဘူး။ ဒါပေမဲ့ မိခင်တိုင်း သားသမီး များထံကလိုချင် တဲ့အရာကတော့ ဥစ္စာပစ္စည်းတွေထက် စကား နားထောင်ခြင်း ဖြစ်ပါတယ်။ မိဘစကား နားထောင်ခြင်း ဟာအမွန်မြတ်ဆုံးသောအရာ ဖြစ်တယ်။ မိခင်များနေ့မှာစားသောက်စရာများပေးခြင်း၊ အဝတ် အစားများ ပေးခြင်း၊ ပန်းများ ပေးခြင်း ဟာကောင်းပါတယ်။ ဒါပေမဲ့စကား နားထောင်ခြင်း ဟာအရေးကြီးဆုံး နဲ့ မိခင်များရဲ့အလိုချင် ဆုံး ဖြစ်ပါတယ်။ သားသမီး များကစကား နားထောင် ရင် မိခင်များစိတ်အချမ်းသာ ဆုံး ဖြစ်တယ်။ လောက ပစ္စည်း အမျိုးမျိုး ပေးသော်လည်း မိခင် စကား နားမထောင်လျှင် မိခင်များစိတ် နာတယ်။ သားသမီး တွေအတွက် လဲအမင်္ဂလာ ဖြစ်တယ်။ သားသမီး များအနေ နဲ့ မိခင်ကို ဘာမှမပေးနိင်ရင်လဲဘဲ မိခင် စိတ်ချမ်းသာအောင် သူ့အလိုအတိုင်း လိုက် ရင်အကောင်းဆုံးလက်ဆောင်ပေးခြင်း ပါဘဲ။ 

မိခင်များဟာ သားသမီး များမွေးဘွားတဲ့အခါ ကိုယ်ခန္ဓာပိုင်းပြောင်းလဲ လာတယ်။ အပျိုတုန်းကလိုလှလှပပလေးဝတ်လို့နေလို့မရတော့ဘူး။ ပုံပျက်ပန်း ပျက်နဲ့ ဖြစ်လာတယ်။ သားသမီး များနေမကောင်းတဲ့အခါပိုပြီး စိတ်ဆင်းရဲ ရတယ်။ သားသမီး များကြောင့် အိပ်ရေးပျက်တာတွေလဲများ တယ်။ စားချင် တာလဲမစား နိင်သောက်ချင် တာလဲမသောက်နိင်ဘဲ သားသမီး အရေးကိုဘဲ အဓိကထားရတယ်။ သားသမီး တွေ တခုခု ဖြစ်သွားမှာကို အမြဲ စိုးရိမ် ရတယ်။ သားသမီး တွေကြီးလာ တဲ့အခါမှာလဲကျောင်းတက်ဘို့ အရေး၊ အဝတ်အစားမှစပြီး ပူပင်သော ကတွေနဲ့အကြီး အကျယ်ခံစားရတယ်။ အဲသလိုနဲ့ သားသမီး တွေကို စောင့်ရှောက်ကျွေးမွေးပြီး သားသမီး တွေကြီး ပြင်းလာတဲ့အခါအမေ၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကား တောင် မကြားရတဲ့ မိခင် တွေအများ ကြီးရှိကြမှာဘဲ။ 

သားသမီး များအနေနဲ့ မိခင်ကို ရုပ်ဝတ္တုပစ္စည်းအနေနဲ့မကြည့်ရှုနိင်ရင်လဲဘဲ မိခင်ကို ချစ်တယ်၊ မိခင် ရဲ့လိုအပ်တာလေးတွေလုပ်ပေးတယ်၊ ဂရုစိုက်ပြီး စကားပြောတယ်၊ နားထောင် တယ်အရိုအသေပေးတယ်၊ စိတ်ဒုက္ခ မပေးဘူးဆိုရင်အမေ အတွက်တန်ဘိုး မဖြတ်နိင်တဲ့အရာတွေဖြစ်တယ်။ မိခင် စိတ်ချမ်းသာတယ်ဆိုရင် ကောင်းကြီး ခံစားဘို့ ဖြစ်လာတယ်။ 


ကျမ်းစာထဲကနေ မိခင်ကို ဘယ်လိုဆက်ဆံရမည်ဆိုတာတွေကို ကြည့်ကြ ရအောင်။ ပညတ်တော် ဆယ်ပါး၌၊ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။ (ထွက် ၂၀:၁၂) လို့ဆိုထားပါတယ်။ ဒါကြောင့်မိဘကို ရိုသေခြင်းဟာ အသက်ရှည်ဘို့ အကြောင်းရှိတယ်။ ဝတ်ပြုရာ ၁၉:၃ ၌လည်း လူတိုင်း ကိုယ်မိဘကို ရိုသေရမည်လို့ ဘုရားသခင်က ပြောထားပါတယ်။ သခင်ယေရှုခရစ်လည်း သူ့မိဘစကားကို နားထောင်ကြောင်း ဤသို့ တွေ့ရတယ်။ ယေရှုသည် မိဘတို့နှင့်အတူ သွားသဖြင့် နာဇရက်မြို့သို့ ရောက်၍ သူတို့ စကားကို နားထောင်လျက် နေလေ၏။ ထိုအကြောင်း အရာအလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံး လေ၏။ ယေရှုသည်လည်း အစဉ်အတိုင်း ကြီး၍ ပညာတိုးပွါးလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ ရှေ့မှာ မျက်နှာရတော်မူ၏။ (လု ၂:၅၀-၅၂) ရှာမွေလလည်း ငယ်ရွယ်သော်လည်း သူ့မိဘကယဇ်ပုရာဟိတ်ဧလိထံထားလိုက်တဲ့အခါ မိခင် စကားကို နားထောင်ပြီး နေလိုက်တယ်။ ငယ်ငယ်ရွယ်ရွယနဲ့ဘုရား အမှုတော်ကို ဆောင်ရွက် တယ် (၁ ရား ၂၁-၂၈)။ ဒါကြောင့် ဘုရားသခင်က သူ့ကို အသုံးပြုပြီး ကကောင်းကြီးခံစား စေတယ်။ မိခင်ကို စိတ်ချမ်းသာ စေခြင်း ဟာ သားသမီး တိုင်းရဲ့တာဝန် ဖြစ်သ လိုကကောင်းကြီး မင်္လာလဲ ဖြစ်တယ်။ သားသမီး တိုင်း မိခင်ကို လေးစားပြီး စိတ်ချမ်း သာစေသောသူများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ 


သတင်းများ
ဧဝံဂေလိခရီးစဉ်

ဆရာမောဇက်ထောင်ကျုံးနှင့် ဇနီးတို့သည် ဧပြီလ ၂၃ ရက်နေ့မှ မေလ ၂ ရက် နေ့အထိ Indianapolis သတင်းကောင်း နှစ်ခြင်း အသင်းတော်သို့ သွားရောက်ကာ ၁၀ ရက်တိတိကျမ်းစာ တင်တန်းပေးနိင်ခဲ့ပါသည်။ နေ့ခင်းပိုင်း၌ လူ၁၀ယောက်ခန့်နှင့် ညပိုင်း၌ လူ ၄၀ မှ ၅၀ ခန့်အထိ သင်တန်းတက်နိင်ခဲ့ကြ ပါသည်။ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာ၊ ခရစ်ယာန် အိမ်ထောင်ရေးများအထိ သင်ပေးကာသင်တန်းသားများ အားရစွာ သက်သေခံကြပါသည်။ မေလ ၂ ရက်နေ့တနင်္ဂနွေနေ့၌ အသင်းသားများအထဲမှ ယုံကြည်သူ ၈ ယောက် ရေနှစ်ခြင်း မင်္လာခံယူကြပါသည်။ ထိုအသင်းတော်သည် တလသာရှိသေးသော်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် တက်ကြွစွာ နှုတ်ကပတ်တော်ကို ခံယူနိင်ကြပါသည်။ ကယ်တင်ခြင်းနှင့် သမ္မာတရားကိုသာ အဓိကထားကြ ပါသည်။ 

နွေရာသီအတွင်း၌လည်း လူငယ်များ ကျမ်းစာ သင်တန်းကို Indianapolis ၌ ကျင်းပဘို့ ရှိပါသည်။ အနယ်နယ်အရပ်ရပ်မှ ယုံကြည်သူ လူငယ်များ ပါ ဝင်ဘို့ရန် နိုးဆော်အပ်ပါသည်။ 
 
ချီဆောင်ခြင်း နီးသော သတင်းများ

 ယခုနှစ်နွေရာသီအတွင်း အမေရိကန်အစိုးရနှင့် ဥရောပယူနီယံမှပါလက် စတင်းများကို ထောက်ခံလျက် ပါလက်စတင်းနိင်ငံထူထောင်ဘို့ ထောက် ခံမည့် အလားအလာရှိနေပါသည်။ ထိုအရာသည် ချီဆောင်ခြင်းနှင့် မည်သို့ ပတ် သက်နေသနည်း။ ထိုသို့ ပါလက်စတင်းနိင်ငံထူထောင်ပါက ယေရုရှလင်မြို့ကို နှစ် ပိုင်းပိုင်းကာအရှေ့ပိုင်းကို ပါလက်စတင်းများ၏ မြို့တော် လုပ်ဘို့ ရှိပါသည်။ ထိုသို့ ပြုလုပ်ပါက ဘုရားသခင် ထံတော် မှအရေးယူခြင်း ခံဘို့ရန် ရှိပါသည််။ ပရောဖက် ဇခရိက ဤသို့ ရေးသား ခဲ့ပြီ။ 
၁ ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော၊ မိုဃ်းကောင်းကင်ကို ကြပ်၍ မြေကြီး တိုက်မြစ်ကို ချတော်မူ ထသော၊ လူအထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ၂ ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ၃ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့ တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ ၄ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသား၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ ၅ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်ကကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။ ၆ ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက် လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့ကို မီးလောင််လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာ ဟောင်း၌ တည်မြဲတည်လိမ့်မည်။ ၇ ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာက ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည် တဘပ်၌ မဝါကြား။ ၈ ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာစောင့်မတော်မူ သဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ၉ ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည်အား ထုတ်မည် (ဇခရိ ၁၂:၁-၉)။ 

အထက်ပါ ကျမ်းပိုဒ်အရ ယေရုရှလင်မြို့သည် လေးသော ကျောက် ဖြစ်နေပြီ။ နိင်ငံတကာကအရေးယူလျက် ပြသနာ လုပ် နေကြပြီ။ လေးသော ကျောက် ဖြစ်နေပြီ။ ထို့ကျောက်ကို မချင်သော အမေရိက၊ ဥရောပယူနီယံနှင့် အာရပ်နိင်ငံများကို ဘုရားသခင် ​ကြေမွစေမည် ဖြစ်သည်။ ဘုရားသခင်က မင်းတို့ကို မိန်းမော တွေဝေစေ၍ စစ်သားများကို အရူး ဖြစ်စေမည် ဖြစ်သည်။ ယုဒလူများကို ဘုရားသခင်က မီး ဖြစ်စေ၍ လကျ်ာလက်ဝဲမှာရှိသမျှတို့ ကိုလောင်​ကျွမ်းစေမည် ဖြစ်သည်။ ဘုရားသခင်သည် ယေရုရှလင်မြို့ကို ကွယ်ကာစောင့်မတော်မူ သဖြင့် အားနည်းသောသူသည် ဒါဝိဒ်ကဲ့သို့ ခွန်အားကြီးမည်။ ထိုကာလသည် မဝေး အလွန် နီးနေပြီ။ ထို့ကြောင့် ယခုနှစ်နွေရာသီ၌ ဘာ ဖြစ်မည်ကို စောင့်ကြည့် ကြစို့။ ထိုအချိန်မတိုင်မှီ ချီဆောင်ခြင်းလည်း မဖြစ်ဘူး၊ ဟုမပြောနိင်။ အသင့်ပြင်ကြစို။ 
  
ဘိတ်ခေါ်အပ်ပါသည် 

ဘုရားသခင် အလိုတော် ရှိလျှင် ယခုနှစ်ဇူလိုင်လ ၄ ရက်နေ့တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် Rockville, MD ဘုရားရှိခိုးကျောင်း ဖွင့်ပွဲ၌ ယုံကြည်သူများလာရောက်၍ ကျေးဇူးတော် ချီးမွမ်းကြဘို့ ဘိတ်ခေါ် လိုပါသည်။ ထိုဘုရားကျောင်းဖွင့်ပွဲ၌ Saracuse, NY ၌ မြန်မာနှစ်ခြင်း အသင်းတော် (GBC)၏ သင်းအုပ်ဆရာယော်ဂျာလထော် (Zauja Lahaw) ကိုလည်း ဘိသိတ်ပေးမည် ဖြစ်ပါသည်။ ထို့အပြင် ကျမ်းစာ သင်တန်းနှင့် ဟောပြောပွဲများလည်း ပြုလုပ်မည် ဖြစ်ပါသည်။ အစီအစဉ်များသည် အောက်ပါအ တိုင်း ဖြစ်မည်။ 
 
ဇူလိုင်လ ၂ (သောကြာနေ့) ညပိုင်း တရားဟောပွဲ
ဇူလိုင်လ ၃ (စနေနေ့) နံနက်ပိုင်းညနေပိုင်းကျမ်းစာ သင်
ဇူလိုင်လ ၄ (တနင်္ဂနွေနေ့) နံနက်ပိုင်းဖွင့်ပွဲဘိသိတ်ပေးခြင်း 
ဇူလိုင်လ ၅-၁၁ အမှုတော်ဆောင်သင်တန်း။ ဤသင်တန်းသည် တက်လိုသောသူတိုင်း အတွက် ဖြစ်သည်။ လာရောက်မည့်သူများကြိုတင် ဆက်သွယ်ပါ။ အားလုံး တည်း ခိုမည့် အိမ်များ စီစဉ်ပေးပါမည်။ 
 
 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG