GOODNEWS
  HOME  GOODNEWS  2010 APR
 


ဤစာစောင်၌ ... 

အမှာစာ

ယေရှုခရစ် အသေခံခြင်း 

ရှင်ပြန်ထမြောက်ခြင်း

ခလေးများကို သွန်သင်ကြစို

ယေဟောဝါ သက်သေခံများ 
 
သက်သေခံခြင်း 

အသင်းတော် ဖွင့်ခြင်း 
 
ဘိတ်ခေါ်အပ်ပါသည် 
 

 

                                                                            အမှာစာ

ဘုရား ခင်၏ ကျေးဇူးတော်ကြောင့် သခင် ခရစ်တော်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို ချီးမွမ်းနိင်သော အခွင့်ရကြပြန်ပြီ။ ခရစ်တော်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းသည် ခရစ်ယာန် ယုံကြည်သူများ၏ အဓိကမဏ္ဍိုင် ဖြစ်သည်။ ခရစ်ယာန် ဖြစ်ရခြင်းသည် တရားအားဖြင့် မဟုတ်။ ခရစ်တော်အားဖြင့် ဖြစ်သည်။ ခရစ်တော် မရှိိပါက ခရစ်ယာန် မရှိ နိင်ချေ။ ခရစ်တော် ရှိသော်လည်း အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း မရှိပါက အကျိုးမရှိ။ ထိုအရာများကို ယခုလစာစောင်၌ ရေးသား ထားပါသည်။ 

ရှင်ပေါလုက၊ ငါ့အသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်သည်။ သေလျှင် သာ၍ အကျိုးရှိသည် (ဖိလိ ၁:၂၁) ဟုဆိုခဲ့သည်။ သူဆိုလိုချင်သောအရာ မှာသူအသက်ရှင်ခြင်းသည် ခရစ်တော် အတွက် ဖြစ်သည် သို့မဟုတ် ခရစ်တော်ကြောင့် သာလျှင် အသက်ရှင်နိင်သည် ဟုဆိုခြင်း ဖြစ်သည်။ သေ လျှင်လည်း အကျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤလောက ဆင်းရဲ ဒုက္ခများကို မခံစားရတော့ဘဲ ကောင်းကင် သုခချမ်းသာ ဘုံကို စံစားရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့ ယုံကြည်သူများကော ရှင်ပေါလုကဲ့သို့ ပြောနိင်ကြပါ သလား။ သင်အသက်ရှင်ခြင်းသည် ခရစ်တော် အတွက် လား၊ သင့်အလိုပြည့် စုံစေဘို့ရန် လား။ ခရစ်တော် အတွက် မဟုတ်ဘဲ ကိုယ့်အတွက် အသက်ရှင်သောသူများသည် ခရစ်တော်နှင့် တွေ့ကြသောအခါ အရှက်တကွဲ အကျိုး နည်းဖြစ်မည် ဖြစ်သည်။ ခရစ်တော် အတွက် အသက်ရှင်သောသူမူကား သခင် ခရစ်တော် ကြွ လာသောအခါ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမှာဖြစသည်။စာဖတ်သူအရောက်တိုင်း ခရစ်တော် အတွက် အသက်ရှင်သောသူများ ဖြစ််နိုင်ကြပါစေ။ 
 
ယေရှုခရစ်အသေခံခြင်း 
Moses R Cung

 ခရစ်တော် အသေခံခြင်းသည် အခြားသော ဘာသာဝင်များအတွက် နားမလည်နိင်သောအရာ ဖြစ်သည်။ ခရစ်တော်သည် ဘုရား ဖြစ်လျှင် အဘယ်ကြောင့် လူဆိုးကဲ့သို့ အသေခံရမည် နည်း။ လူဆိုးကဲ့သို့ အသေခံခြင်းဖြင့်မည် ကဲ့သို့ လူသားများကို ကယ်တင်နိင်မည်နည်း။ သာသနာပလူများသာမက ခရစ်ယာန်ဟု ခေါ်သောသူများ ပင်လျှင် ခရစ်တော် အသေခံခြင်းသည် အပြစ် အတွက်ဟု အကြမ်းဖျင်းသိသော်လည်း အကျိုးအကြောင်း ကောင်းစွာ မသိကြ သောကြောင့် အကျိုးမခံစားရကြ။ ထို့ကြောင့် အဘယ်ကြောင့် ခရစ်တော် အသေခံဘို့ လိုကြောင်းများကို ဖေါ်ပြလိုသည်။ ခရစ်တော် အသေခံ ရခြင်း အကြောင်းရင်း များစွာ ထဲမှအချို့ကို ဖေါ်ပြရလျှင်။ 
 
အပြစ်၏ အခပေးဆပ်ဘို့ 

လူသည် ဘုရား အမြင်၌ အပြစ်သား ဖြစ်သည်။ လူသည် တယောက်သောသူ တည်းဟူသော အာဒံကြောင့်အပြစ်သား ဖြစ်သည် (ရော ၅:၁၂၊ ၁၉)။ ထို့ကြောင့် မွေးစကပင်အပြစ်ရှိသည် (ဆာ ၅၁:၅)။ အပြစ်သား အဖြစ် မွေးသောကြောင့် အပြစ်ကို သင်ပေးစရာ မလိုဘဲ လုပ်တတ်သည်။ ထို့ကြောင့် ကျမ်းစာက ခြားနားခြင်း အလျှင်း မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြ ပြီ။ (ရော ၃:၂၃) ဟုဆိုသည်။ အပြစ်၏ အခသည် သေခြင်း ဖြစ်သည် (ရော ၆:၂၃)။ ထိုအပြစ်၏ အခသေခြင်းကို လူသည် မပေးနိင်။ အကြောင်းမှာ အ သေခံပါက ငရဲရောက်ရုံသာရှိသည်။ ထိုကြောင့် ဘုရားသခင်က လူများကိုယ်စားအသေခံ မည့်သူအဖြစ် သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွှတ် ခဲ့သည်။ ဘုရားသခင်သည် လူသား အားလုံး ၏ အပြစ်ကိုသားတော် ယေရှု အပေါ်၌ တင်သည် (ဟေရှာယ ၅၃:၆၊ ၂ ကော ၅:၂၁)။ ထိုကြောင့် ယေရှုခရစ်သည် အပြစ်၏ အခသေခြင်းကို လက်ဝါးကပ်တိုင်ပေါ်၌ ခံခဲ့ရသည် (၁ ကော ၁၅:၃)။ တဖန် ရှင်ပေါလုက ခရစ်တော်သည် အသေခံတော်မူ ရာမှာ၊ အပြစ် တရားကြောင့်တကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူ ရာမှာ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ၏။ (ရော ၆:၁၀) ဟုဆိုသည်။ ထိုသို့ ခရစ်တော်သည် ​ကျွန်ပ်ကိုယ်စားအပြစ် ကြွေးကို ဆပ်ပေးခဲ့ပြီ ဖြစ်သောကြောင့် ​ကျွန်ပ်တို့၌ အပြစ် ကြွေးဆပ်စရာ မရှိတော့ချေ။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့ သာလျှင် ရှိတော့သည်။ ထိုသို့ ယုံကြည်သော သူတို့သည် အပြစ် စီရင်ခြင်းကို မခံရ (ယော ၃:၁၈)။ 
 
လူဟောင်းသေစေဘို့ 

လူသည် မွေးဘွားသောအခါ အာဒံသား အဖြစ် မွေးဘွားသည်။ ထိုသို့ မွေးဘွားသောအခါ လူဟောင်းအဖြစ် မွေးဘွားသည်။ စာတန်၏ သားလည်း ဖြစ်သည် (ယော ၈:၄၄)။ ထိုလူဟောင်းသည် စာတန် ကအုပ်စိုးနေသည် (ဧဖက်  ၂:၁၊ ၁ ယော ၅:၁၉)။ လူဟောင်းသည် အပြစ်သား ဖြစ်သည်။ ထိုလူဟောင်းသည် ဘုရားသခင်၏ အလိုတော်ကို နားမထောင်နိင်။ ဘာ သာရေးသည် ထိုလူဟောင်းကို ကောင်းလာအောင် ပြုပြင်ဘို့ ကြိုးစားသည်။ ပညတ်တော်အားဖြင့် ထိန်းချုပ်လိုသည်။ စည်းကမ်းအားဖြင့် ပြုပြင် လိုသည်။ သို့သော် မရပါ။ ထိုသို့ လူဟောင်းကို ပြုပြင်၍ မရကြောင်း ကိုလည်း မသိသောကြောင့် အကျိုးမဲ့ ကြိုးစား နေသည်။ 

ထိုသို့ လူ့အားဖြင့် မရသော လူဟောင်း ပြသနာကို ဘုရားသခင်သည် သူ၏ ပညာတော်အားဖြင့် ​ ဖြေရှင်း လိုက်သည်။ ထိုလူဟောင်းကို ခရစ်တော် အထဲ၌ ထည့်ပြီး သကာလ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်သတ် လိုက်သည်။ ထိုမှတပါး၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါး ကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတိ့ုသည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။ (ရော ၆:၆) ထို့ကြောင့် လူဟောင်းအဆုံး သတ်ဘို့ရန် ခရစ်တော် အသေခံဘို့ လိုသည်။ ဆက်လက်၍ ရှင်ပေါလုက ခရစ်တော်သည် အသေခံတော်မူ ရာမှာ၊ အပြစ် တရားကြောင့်တကြိမ် သာခံတော်မူ၏။ အသက်ရှင်တော်မူ ရာမှာ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ၏။ ထို့ နည်းတူ သင်တို့သည် အပြစ် တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေ ဖြစ်သည် ဟူ၍၎င်း၊ ဘုရားသခင်နှင့် ဆိုင်သောအရာ၌ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍၎င်း၊ကိုယ်ကို ကိုယ်ထင်မှတ်ကြလော့ ဟုဆိုသည် (ရော ၆:၁၀-၁၁)။ 
 
 စာတန်၏ တန်ခိုးဖျက်ဆီးဘို့ 

ခရစ်တော် အသေခံခြင်းသည် စာတန်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးဘို့ရန် ဖြစ်သည်။ စာတန်သည် လူကို သေခြင်းအားဖြင့် ချိန်း​ခြောက်၍ အနိင်ယူနေသည်။ လူသည် သေရမှာကြောက်သောကြောင့် စာတန်၏ ​ကျွန်ခံ နေသည်ဟု ကျမ်းစာ၌ ဤသို့ တွေ့ရသည် ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန် ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေး အသားကို ဆောင်ယူတော်မူ၏ ဟုဆိုသည် (ဟေ ၂ ; ၁၄-၁၅)။ အထက်ပါ ကျမ်းပိုဒ်၌ သေခြင်းကို အစိုးရသောသူသည် စာတန် မာရ်နတ် ဖြစ်သည်။စာ တန်၏ တန်ခိုးသည် သေခြင်း ဖြစ်သည်။ ထိုအရာကို ချိုးဖဲ့ဖျက်ဆီးဘို့ရန် ခရစ်တော်သည် အသေခံ ရသည်။ 

စာတန်၏ တန်ခိုးသေခြင်းကို မည်ကဲ့သို့့ချိုးဖဲ့သနည်းဟူမူကားသူ ကိုယ်တိုင် အသေခံ၍ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သူသည် သေခြင်းကိုအောင် နိင်သောသူ ဖြစ်ကြောင်းကို သက်သေပြသည်။ ခရစ်တော်သည် မသေ မှီကတည်း ကငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ် မပြတ် ကင်းလွတ် ကြလိမ့်မည် ဟုဆိုသည် (ယော ၁၁:၂၄-၂၅)။ သို့သော် သူ၏ စကားကို လက်တွေ့ပြသမှလူများ ကယုံနိင်ပေမည်။ ထို့ကြောင့် ခရစ် တော်သည် သူကိုယ်တိုင် သေ၍ အသေခံ ပြီးမှ ရှင်ပြန်ထမြောက်သောအားဖြင့် သူသည် သေခြင်းကိုအောင် နိင်ကြောင်း စာတန်၏ လက်နက်သေခြင်းကို ကြောက်စရာ မလိုတော့ကြောင်း လက်တွေ့ပြသခဲ့ပြီ။ ထိုသို့ ယုံကြည်သောသူများကို စာတန်သည် သေခြင်းအားဖြင့် ချိန်း​ခြောက်၍ ​ကျွန်မပြုနိင် တော့ချေ။ 
 
ဘုရားသခင်နှင့် ရန်ငြိမ်းဘို့ 

လူသည် ဘုရားနှင့် ရန်ဖြစ်ကြသည်။ မည်ကဲ့သို့ ရန်စ ဖြစ်သနည်း။ လူသား အားလုံး ၏ မိဘ ဖြစ်သော အာဒံနှင့် ဧဝတို့သည် ဘုရားသခင်၏ မိတ်ဆွေဖြစ်ခဲ့ကြသည်။ သို့သော် ဘုရားသခင်၏ ရန်သူ စာတန်၏ စကား နားထောင် ချိန်မှစ၍ ဘုရား၏ ရန်သူများ ဖြစ်သွား ကြသည်။ ထို့ကြောင့် သူတို့ မှဆင်း သက်လာသော လူသား တိုင်းသည်လည်း ဘုရား၏ ရန်သူများ အဖြစ် မွေးဘွား ကြသည်။ ကျမ်းစာက ရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေ ခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးကို ခံရသည် မှန်လျှင် ဟုဆိုထားသည် (ရော ၅:၁၀)။ ထို့ကြောင့် လူသည် ဘုရား၏ ရန်သူ ဖြစ်ကြောင်း ထင်ရှားသည်။ လူသည် ဘုရား၏ ရန်သူ ဖြစ်ကြောင်း အောက်ပါအချက်များအားဖြင့် သိနိင်သည်။ 

ကောင်းကင်နိင်ငံမဝင်ချင်။ ကောင်းကင်နိင်ငံသည် ရွှေပြည်ဟု ခေါ်သည်။ လမ်းများလည်းရွှေလမ်း ဖြစ်သည်။ ကောင်းကင်၌ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဒုက္ခ ဆင်းရဲ မရှိ။ သို့သော် ကောင်းကင်ကို စွဲလန်းခြင်း မရှိကြ။ တိုး တက်သော နိင်ငံများသို့ သွားခါနီးတွင် စိတ် အလွန် လှုပ်ရှား ကြသည်။ အမြန်ဆုံးသွားလို ကြသည်။ ရက်မရွှေ့ဆိုင်းချင် ကြ။ သို့သော် ကောင်းကင်နိင်ငံသွားဘို့ရန် မူချက်ချင်း မသွားချင် ကြ။ အသက်ကြီး မှ ဟုဆိုသော်လည်း အသက် ကြီးသောသူများလည်း မသွားချင် ကြသောကြောင့် ဆုတောင်း ကြ၊ ဆေးကုသကြသည် မဟုတ်လော။ အဘယ်ကြောင့်ကောင်းကင်သို့ မတက်ချင် ကြသနည်းဟူမူကား ဘုရားသခင်နှင့် မတည့်သောကြောင့် ဖြစ်သည်။ 

ထိုမျှသာမက ဘုရားသခင် ထံဆုလည်း မတောင်းချင် ကြ။ အကြောင်းမှာ ရှင်းနေသည်။ ကိုယ့်ရန်သူထံ၌ အဘယ်သူမျှ အကူအညီမတောင်းလိုကြ။ လုံးဝ မတတ်နိင်မှသာလျှင်တောင်းတတ်ကြသည်။ ထို့အပြင် ကျမ်းစာမ ဖတ်ချင် ကြ။ ကျမ်းစာဖတ်ခြင်းသည် ဘုရားသခင်၏ အလိုတော်ကို သိရန် ဖြစ်သည်။ ဘုရားသခင်သည် ရန်သူ ဖြစ်သောကြောင့် သူ့အလိုတော် ကိုလည်း မသိချင် ကြ။ ဘုရားသခင်နှင့် အမြဲဆန့်ကျင် ဖက်အလိုရှိ ကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် ရန်သူ ဖြစ်ကြောင်း ထင်ရှားသည်။ 

ထိုသို့ ရန်သူ ဖြစ်သော်လည်း ဘုရား ဘက်မှ လူသားများကို တဖက် သတ်မေတ္တာနှင့် ချစ်နေသည်။ လူများကို သနားသည်။ သူနှင့် ပြန်လည်ဆက် စေချင်သည်။ ထို့ကြောင့် သားတော် ယေရှုကို ဤလောကသို့ လွှတ်၍ ရန်ငြိမ်း ဘို့ရန် အသေခံ စေသည်။ ရှင်ပေါလုက အကြောင်းမူကားရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို၌ သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မျှော်လင့်စရာ ရှိ၏ ဟုဆိုသည် (ရော ၅:၁၀)။ 
 
လူလူချင်းရန်ငြိမ်းဘို့ 

လူသည် ဇာတိအားဖြင့် အသက်ရှင်သောကြောင့် အချင်းချင်းရန် ဖြစ်ကြသည်။ အထူးသဖြင့် ဝိနည်းအထုံးအဖွဲ့ တည်းဟူသော ထုံးတမ်းစဉ်လာ မတူညီသောအခါ တမျိုးနှင့် တမျိုး လက်မခံနိင်ကြ။ ထို့ကြောင့် ဤလောက၌ လူမျိုးရေး ပြသနာများလှသည်။ ခရစ်တော် လက်ထက်၌လည်း ယုဒလူများနှင့် တပါးအမျိုးသား များသည် မပေါင်းဖေါ်နိင်ကြ။ ထို့အပြင် လူတဦးနှင့် တဦး အကြားလည်း ပြသနာများကြောင့် သော်၎င်း၊ အဆင့်အတန်းကြောင့်သော်၎င်း၊ အကြောင်း အမျိုးမျိုးကြောင့် မခေါ် မပြော၊ မပေါင်းဖေါ်နိင်ကြချေ။ ထို့သူများအကြားရန်ငြိမ်းခြင်း အကြောင်းကို ဘုရားသခင်သည် ခရစ်တော် အသေခံခြင်းအားဖြင့် ပြုလုပ် ပြီးစီးခဲ့ပြီး ဖြစ်သည်။ ကျမ်းစာက အဘယ်သို့ နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တ စုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်း တည်း။ (ဧဖက် ၂:၁၄-၁၆) 
 
 ရှင်ပြန်ထမြောက်ခြင်း 
 


 ခရစ်တော် ရှင်ပြန်ထမြောက် ခြင်းသည် အလွန် အရေးကြီးသည်။ သို့သော် ခရစ်ယာန်များကိုယ်တိုင် ရှင်ပြန်ထမြောက် ခြင်းကို ခရစ္စမတ်လောက် အလေးမထားကြ။ ထို့ကြောင့် သာသနပလူများကလည်း ရှင်ပြန်ထမြောက်ခြင်းရှိကြောင်း မသိကြ။ အမှန်မှာ ရှင်ပြန်ထမြောက်ခြင်း မရှိပါက ခရစ်တော် ဤလောကသို့ ကြွလာခြင်းသည် အဓိပ္ပါယ်မရှိ။ ရှင်ပေါလုက ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏ အမှု မှာမမှန်သော သက်သေခံ ဖြစ်ကြ၏။ အကြောင်းမူကား၊ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက် စေတော်မမူ။ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏ အကြောင်း ကို သက်သေခံကြ၏။ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ် တော်သည် ထမြောက် တော်မမူ။ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ် အောက်၌ ရှိကြသေး၏။ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတ့ိုသည် ဆုံးရှုံးခြင်းသို့ ရောက်ကြပြီ။ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခု ဘဝ၌ သာမြော်လင့်စရာ ရှိလျှင် အခြားသောသူ အပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။ (၁ ကော ၁၅:၁၄-၁၉) 

ရှင်ပေါလုက ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ၊ ဟုဆိုသည်။ အဘယ့်ကြောင့်နည်းဟူမူကား၊ ခရစ်တော် မထမြောက်လျှင် ခရစ်ယာန် များ၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်မရှိ။ ခရစ်ယာန် ယုံကြည်ခြင်းသည် တရား အပေါ်၌ မဟုတ်ဘဲ ခရစ်တော် အပေါ်၌ မူတည်သည်။ ခရစ်တော်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းသည် ခရစ်ယာန် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၏ အဓိကသော့ချက် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် မထမြောက်လျှင် မည်မျှပင် တရားဟောနေသော်လည်း အကျိုးမရှိ။ 

ဆက်လက်၍ သင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ၊ ဟုဆိုသည်။ ခရစ်တော် ထမြောက် ခြင်းနှင့် ​ကျွန်ပ်တို့၏ ယုံကြည်ခြင်းသည် အဘယ်သို့ ဆိုင် သနည်း။ ဆိုင်သည်။ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ် အောက်၌ ရှိကြသေး၏ ဟုဆိုသည်။ ခရစ်တော်သည် ငါတို့၏ လူဟောင်း တည်းဟူသော အပြစ်သားကို သေဘို့ရန် လက်ဝါးကပ်တိုင်၌ အသေခံ ခဲ့သည်။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည့် အကြောင်းတည်း(ရော ၆:၆) ဟုဆိုသည်။ ခရစ်တော် သေသောအခါ ငါတို့၏ လူဟောင်းလည်း သေပြီ။ ထိုသေနေသော လူဟောင်းကို ခရစ်တော်နှင့် သင်္ဂြိုလ်ခဲ့ပြီ။ ထိုသို့ သင်္ဂြိုလ်ခြင်းကို ဗတ္တိဇံဟု ခေါ်သည်။ ထိုသို့ သင်္ဂြိုလ်ပြီးမှ ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးအားဖြင့် ရှင် ပြန်ထမြောက်သောအခါ ယုံကြည်သူများလည်း အသစ်သော အသစ်သော အသက်တာနှင့် ထမြောက်ကြပြီ (ရော ၆:၄)။ 

 

ခလေးများကို သွန်သင်ကြစို့

Sayama Hannah Cung

ယနေ့ အချို့သော မိဘများသည် သားသမီးများကို သွန်သင်ဆုံးမခြင်းရှိပေမဲ့အများစုကတော့သွန်သင်ခြင်း မရှိကြ။ သားသမီးများကို ကျွေးမွေးခြင်း စောင့်ရှောက်ခြင်း သာလျှင် ပြုလုပ်ပါက သားသမီး များသည် စည်းကမ်းမရှိမိဘများကို စိတ်ညစ်စေမည့်သူများဖြစ်လာကြလိမ့်မယ်။ အချို့သော မိဘ များသည် သားသမီးများကို ချစ်လွန်းသောကြောင့် မဆုံးမရက်၊ အလိုသာလျှင် လိုက်တတ်ကြတယ်။ အချို့သော မိဘများသည် သားသမီးများကို သွန်သင် ရမှန်း မသိတဲ့အတွက် မသွန်သင် သူများ လဲရှိကြလိမ့်မယ်။ အချို့မိဘများသည် မသွန်သင်တတ်သောကြောင့် မသွန်သင်တာလဲရှိကြလိမ့်မယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သားသမီး များရရှိလာပြီဆိုရင်သွန်သင်ဆုံးမဘို့ လိုတယ်။ ကျမ်းစာထဲကနေ သားသမီး တွေကို သွန်သင်ဆုံးမဘို့ လိုတဲ့အကြောင်းများကို လေ့ လာကြစို့။ 

ဘုရားသခင်က ဣသရေလ လူများ မိမိတို့ သားသမီးများကို ဆုံးမသွန် သင်ဘို့ ဒီလိုပြောထားပါတယ် သင်တို့သည်၊ ဟောရပ်အရပ်မှာသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင် မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံးနှလုံးသွင်းနိုင်မည် အကြောင်းကို်ယ်ကို ကိုယ်သတိပြုကြလော့။ စိတ်နှလုံးကို ကြိုးစား၍ စောင့် ရှောက်ကြလော့။ ထိုအရာတို့ကိုသား မြေးတို့ အားလည်းတို့ အားလည်း သွန်သင်ကြလော့ (တရား၄:၉)။ မိဘများ ဟာဘုရား ပြသတဲ့အရာများကို ကိုယ်တိုင် မမေ့ဘဲ နှလုံးသွင်းရုံမက သူတို့ မြင်တဲ့အရာတွေကိုသား မြေးများ တိုင်အောင် ပြောပြပြီး သွန်သင်ဘို့ ရားသခင်ကမှာထားခြင်း ဖြစ်တယ်။ 

နောက်ပြီး ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏာသက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာသင်း ကျစ်ကဲ့သို၌၎င်းချည်ထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည် (တရားဟော ၆:ရ- ၉) လို့သေချာစွာ မှာထားပါတယ်။ တဖန် ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး သွားသည် ဖြစ်စေ၊ အိပ်လျက် ထလျက် ရှိသည် ဖြစ်စေဟောပြော၍၊ သားသမီးတို့အား သွန် သင်ရကြမည်။ အိမ်တံခါးမြို့တံခါး၌လည်းရေးထားရကြမည်။သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့ အားပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၌ သင်တို့ အသက်၊ သားသမီး များအသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည် သကဲ့သို့၊ မြေကြီးပေါ်မှ ာ တာရှည်ရလိမ့်မည်။ (တရား၁၁ ; ၁၉-၂၁) လို့မှာထားပါတယ်။ 

သုတ္တံဆရာကလည်း သားသမီး များဆုံးမသွန်သင်ဘိုဒီလိုရေးထား ပါတယ် သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်း၌ မလွှဲ၊ လိုက်သွားလိမ့်မည်။ (သု ၂၂:၆)။ ဆက်လက်ပြီး ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကို ချစ်သောသူမူကား၊ ငယ်သော အရွယ်မှစ၍ ဆုံးမတတ်၏ လိုဆိုပါတယ်။ (သု ၁၃:၂၄) အချို့မိဘများ ဟာ သားသမီးများကို အရွယ်ရောက်မှဘဲ ဆူ ဆုံးမတတ်ကြတယ်။ ဒါပေမဲ့ကျမ်းစာ ကတော့ သားသမီး တွေကို ငယ်သော အရွယ်မှစပြီး ဆုံးမရမယ်လို့ဆိုတယ်။ ငယ်သော အရွယ်လို့ပြောတဲ့အခါ မှာမွေးကတည်း ကသွန်သင်လို့ရတယ်။ ဆုံးမလို့တော့မရဘူး။ ဥပမာမွေး ကင်းစကတည်း အိပ်ချိန်၊ နို့စို့ချိန်၊ diaper လဲချိန်တွေကို လေ့ကျင့်ပေးလို့ရ တယ်။ ဆုတောင်း ပေး၊ ဓမ္မသီချင်းတွေဆိုပေး၊ ဘုရား နဲ့ပတ်သက်တဲ့စကား လုံးတွေကို ပြောလို့ရတယ်။ အချို့ ခလေး တွေဆိုရင် ၆ လလောက်ဆိုရင် အရမ်းသိတတ်နေပြီ။ ခလေး တွေစကား မပြောတတ်ပေမဲ့မိဘများ အနေနဲ့ ကိုယ့် ခလေး တွေကို စကား မပြောဘဲ မနေကြပါဘူး။ ဒါကြောင့် အခြားစကားသာမက ဘုရား နဲ့ပတ်သက်တဲ့စကား တွေကို ပြောဘို့ လိုပါတယ်။ 

မိဘများ ဟာ ခလေး တွေအတွက် အင်မတန်မှအရေးကြီး တယ်။ တာဝန် လဲရှိတယ်။ ခလေး တွေကို ကျွေးမွေးခြင်း၊ ချစ်ခြင်း၊ ပြုစုခြင်းများပြုဘို့အရေးကြီး သလိုဘုရားကို သိဘို့ရန် သင်ပေးခြင်း လဲအရေးကြီးဆုံး အရာ ဖြစ်တယ်။ သခင်ယေရှုက ငါ့ကို ယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသော ပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏ ဟုဆိုသည် (မဿဲ ၁၈:၆)။ ဤနေရာ၌ ခရစ်တော်သည် ခလေး တွေကို ဘယ်လောက်ချစ်ပြီး ဂရုစိုက်သလဲဆိုတာသိနိင်တယ်။ ဒါကြောင့် ခလေး တွေကို မဟုတ်ကဟုတ်ကတွေမသင်ပေးသင့်ဘူး။ ခလေး တွေကို မှားယွင်းစေတယ်ဆို ရင်လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲပြီး နက်နဲတဲ့ပင်လယ်ထဲမှာနှစ်လိုက်ဘို့ ပြောထားတယ်။ ဘာကြောင့်လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲရမယ် လို့ဆိုသလဲဆိုတော့ရေပေါ်မှာ အလောင်းပြန်မပေါ်လာစေချင် တဲ့အတွက်ကြောင့် ဖြစ်တယ်။ အဲသလောက် ခရစ်တော် ကအရေးကြီး စေတဲ့အရာကို ဂရုစိုက်ပြီး သားသမီး များဘုရားသခင်ကို သိအောင် သင်ပေးကြစို့။ ခလေး တွေကို ယဉ်ကျေးသိမ်မွေ့တဲ့စကားများကိုလည်း သင်ပေးကြရအောင်။ 

 ခလေး တွေကို သင်ပေးဘို့ရန် မှာကိုယ်ကိုယ်တိုင် ကအသက်တာမှာ ကောင်းဘို့ လိုတယ်။ ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်ပြီးသား ဖြစ်ရမယ်။ ကျမ်းစာပုံမှန်ဖတ်သောသူ၊ ဆုတောင်း သောသူ၊ ဘုရားသခင် ရဲ့အလိုတော်အတိုင်း အသက်ရှင်တဲ့သူ ဖြစ်ရမယ်။ ကိုယ်ကိုယ်တိုင်က ဝိညာဉ်ရေးရာကို တန်ဘိုး ထားမှကိုယ် ခလေး တွေရဲ့ ဝိညာဉ် ရေးကို ဂရုစိုက်နိင်မယ်။ ကိုယ်ကိုယ်တိုင် ဘုရားသခင် ရဲ့ ဦးဆောင်မှုကို ခံစား မှ ခလေး တွေကို သင်ပေးတတ်မယ်။ 


 ခလေး တွေသွန်သင်ခြင်း ဟာ မိခင် တာဝန်သာ မဟုတ်၊ ဖခင်များရဲ့တာ ဝန်လဲ ဖြစ်တယ်။ ရှင်ပေါလုကဒီလိုရေးထားပါတယ် အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်၊ သခင်ဘုရား၏ အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ​ကျွေးမွေး ကြလော့ (ဧဖက် ၆:၄) ဟုဆိုထားသည်။ ဒါကြောင့် ခလေး တွေကို မိဘနှစ်ပါးရ့​ဲတာဝန် ဖြစ်တယ်။ 

 
ယေဟောဝါ သက်သေခံများ 
ယခင်လ၌ ယေဟောဝါ သက်သေခံများထံ သက်သေခံများ ထံသက် သေခံရမည့် အရာရေးသား ခဲ့ပြီ။ သူတို့ထံ သက်သေခံသောအခါ အခြားအ ရာများ မဆွေးနွေးဘဲ သခင်ယေရှုသည် ဘုရားသခင် ဖြစ်ကြောင်း သက်သေ ပြရမည်ဟု သိခဲ့ရပြီ။ ယခုဆက်လက်၍ သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို ဆွေးနွေးကြစို့။ 
 
၃။ အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှမရှိ။ ထိုနှုတ်ကပတ်တော်၌ အသက် ရှိ၏။ ထိုအသက်သည်လည်း လူတို၏ အလင်း ဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။ (ယော ၁:၁-၅) 
 
၄။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏ဟု အနတ္တတန်ခိုးနှင့် ပည့် စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။ (ဗျာ ၁:၈) 

အထက်ပါ ကျမ်းပိုဒ်၌ ငါသည် အာလဖသည် ဂရိတ်အက္ခရာ၏ အစ ဦးဆုံး ဖြစ်၍ ဩမေဃသည် အဆုံး ဖြစ်သည်။ အာလဖအရှေ့မှာ ဘာမျှမရှိ သကဲ့သို့ ဩမေဃ နောက်မှာလည်း ဘယ်အရာမျှ မရှိချေ။ ထို့အပြင် ငါသည် အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် ဟုဆိုသောသူသည် ထာဝရဘုရားသခင်သာလျှင် ဖြစ်သည်။ ကောင်းကင်တမန်နှင့် လူများသည် ဖန်ဆင်းခြင်း ခံသောကြောင့် အစဦးဆုံးနှင့် နောက်ဆုံးမ ဖြစ်နိင်ကြပါ။ အနန္တတန်ခိုးနှင့်လည်း မပြည့်စုံကြပါ။ ထာဝရဘုရား၊ ယေဟောဝါးဘုရားကသာလျှင် ထိုသို့ ဆိုနိင်သည်။ 

ထိုသူကို ငါမြင်သောအခါ၊ သေမတတ် ဖြစ်၍ ​ခြေတော် ရင်း၌ လဲလျက် နေ၏။ ထိုသူသည် လကျ်ာလက်တော်ကို ငါ့ အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ ငါသည် အဦးဆုံသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက် ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ (ဗျာ ၁:၁ရ- ၁၈) 

အထက်ပါ ကျမ်းပိုဒ်များ၌ ငါသည် အရင်သေသည် ဖြစ်၍ ကမ္ဘာအ ဆက်ဆက်အသက်နှင့် ပြည့်စုံ၏ ဟုဆိုသောသူသည် အဘယ်သူ နည်း။ အရင်သေ၍ အသက်နှင့် ပြည့်စုံသောသူသည် သခင်ယေရှု ပင် မဟုတ်လော။ သူ ကငါသည် အဦးဆုံးသောသူနောက်ဆုံးသောသူ ဖြစ်သည်။ မရဏာနှင့် မရဏာ နိင်ငံကိုလည်း အစိုးရ၏ ဟုဆိုသည်။ ထိုကဲ့သို့ ဆိုနိင်သောသူသည် ကောင်းကင်တမန်လော။ ဘုရား သာလျှင် ထိုကဲ့သို့ ဆိုနိင်သည် မဟုတ်လော။ 

ငါသည် အလျှင်အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင် ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။ (ဗျာ ၂၂:၁၂-၁၃) ငါသည် အလျှင်အမြန် လာမည် ဟုဆိုသောသူသည် မည်သူနည်း။ သခင်ယေရှု ပင် မဟုတ်လော။ ထိုသူကငါသည် အာလဖ ဖြစ်၏၊ ဩမေဃလည်း ဖြစ်၏၊ အဦး ဆုံးသောသူနောက်ဆုံးသောသူ ဖြစ်၏၊ အစနှင့် အဆုံးလည်း ဖြစ်၏ ဟုဆိုနိင်သောသူသည် ဘုရား သာလျှင် ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌လည်း သခင်ယေရှုခရစ်သည် ဘုရားသခင် ဖြစ်ကြောင်း ထင်ရှားသည်။ 

ငါသည် အလျင် အမြန် လာမည်မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏။ အာမင်။ သခင်ယေရှု ကြွလာတော်မူပါ၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသ တည်း။ (ဗျာ ၂၂:၂၀-၂၁) ဤကျမ်းပိုဒ်၌လည်း ထပ်မံ၍ ငါသည် အလျှင်အမြန် လာမည် ဟုဆိုသောအခါ၊ သခင်ယေရှု ကြွလာတော်မူပါဟု အတိအ ကျဆိုထားသည်။ ဤအရာနှင့် အထက်ကအရာများ ပေါင်းစပ်ပါက ခရစ်တော် ယေရှုသည် အာလဖနှင့် ဩမေဃ၊ အဦးဆုံးသောသူနှင့် နောက်ဆုံး သောသူ၊ အစနှင့် အဆုံး ဖြစ်သောကြောင့် ခရစ်တော်သည် ဘုရားသခင် ဖြစ်သည်။ ခရစ်တော်ကို ဘုရားသခင် အဖြစ် လက်မခံခြင်းသည် ခရစ်တော်ကို ငြင်း ပယ်ခြင်း ဖြစ်သည်။ ခရစ်တော်ကို ငြင်းပယ်လျှင် ကယ်တင်ခြင်းသို့ မရောက် နိင်တော့ချေ။ 
 
 
သက်သေခံခြင်း 
 (မောဇက်ထောင်ကျုံး) 

​ကျွန်တော်တို့ မြန်မာပြည်မှ ဖေဖဝါရီလ ၈ ရက်နေ့တွင် ကျန်းမာစွာ အိမ်ပြန်ရောက်ကြပါသည်။ သို့သော် အိမ်ရောက်ပြီးမှသုံးရက်လောက် အကြာမှာဝမ်းလျှောခြင်းနှင့် တုတ်ကွေးအားဖြင့် နေမကောင်း ဖြစ်ခဲ့ရသည်။ ထို့နောက်ပိုင်းတွင်အား မရှိဘဲ ဖြစ်နေသောကြောင့် သင်တန်းများ မပြုလုပ် နိင်ဘဲ အနားယူနေခဲ့ရပါသည်။ မတ်လအတွင်း၍ Indianapolis သို့ သွားပြီး သင်တန်းပေးဘို့ ကြိုတင် ချိန်ချက်ထားခဲ့ပါသည်။ သို့သော် သွားမည့် ရက် ရောက်သည် အထိအား မရှိနေမကောင်းသလိုလို ဖြစ်နေခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် မတ်လ ၂၀ ရက်နေ့တွင် သွားဘို့ရန် မတ်လ ၁၉ ရက်နေ့၌ ဆုံးဖြတ်ခဲ့သည်။ မတ်လ ၂၀ ရက်နေ့တွင် ကားဖြင့် ​ကျွန်တော်တို့ လင်မယား စတင်ထွက်ခွါခဲ့ကြပါသည်။ ဘုရားသခင်အတူ ပါ ရှိမှုသည် အလွန် ထင်ရှားပါသည်။ ကားကို ​ကျွန်တော့အမျိုးသမီးကမောင်း ဘို့ရန် ရည်ရွယ်ခဲ့ကြသော်လည်း လက်တွေ့မှာ​ကျွန်တော် ကိုယ်တိုင် ကအများစုမောင်းနိင်သည်။ ထိုမျှသာမက လမ်း၌လည်း မိုင် ၅၄၀ ခရီးတွင် တခေါက် သာလျှင် နားရသည်။ ရောက်ရောက်ချင်းသင်တန်းလည်း ကောင်းစွာ ပေးနိင်သည်။ နောက်နေ့များ တွင်လည်း ကောင်းစွာ သင်တန်းများ ပေးနိင်သည်။ ​ကျွန်တော့ကို ကျန်းမာစေ၍ အမှုတော် မြတ်အတွက် အသုံးပြုတော်မူသော အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။ ဘုရားသခင်သည် ထာဝရ ဘုန်းကြီးခြင်း ဂုှဏ်ပြုခြင်း ခံပါစေသော်။ အာမင်။ 


အသင်းတော် ဖွင့်ခြင်း 

မတ်လ ၂၈ ရက်နေ့တွင် ဘုရားသခင်က၍ Indianapolis မြို့တွင် သတင်းကောင်း နှစ်ခြင်းအသင်းတော်ကို စတင်ထူထောင်လိုက်ပြီ။ ထိုအသင်း တော်သည် ဘုရားသခင်၏ အလိုတော် ဖြစ်သော လူတိုင်း ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ အဓိကဦးတည်လုပ်ဆောင်ဘို့ရန် ဖြစ်သည်။ ထိုအသင်းတော် ဖွင့်ပွဲသည် ဘုရားသခင် အလိုတော် ရှိကြောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။ အစ၌ အသင်းသား နေအိမ်ဧည့်ခန်း၌ ဖွင့်ဘို့ ရည်ရွယ်ကြသော်လည်း ဘုရားသခင်က Ramada Conference Room ၌ စည်ကား သိုက်မြိုက်စွာ ဖွင့်ခွင့်ကို ပေးလိုက်သည်။ ဧည့်သည် များလည်း Maryland မှလူ ၂၀ ယောက် Atlanta မှ ၂၇ ယောက် Battle Creek, MI မှ ၃၀ ကျော် ဃ့ငခ​ေါသမှ ၄ယောက် စုစုပေါင်းဧည့်သည် ၇၀ ကျော်နှင့် အိမ်ရှင်၍ ညိင​ေညစေသူငျမှ ၈၀ ခန့်စုစုပေါင်း၁၆၀ ကျော်တက်ရောက်ပါ ဝင် ခဲ့ကြပါသည်။ အသင်းတော် ဖွင့်ပွဲမတိုင်မှီဆရာမောဇက်ထောင်ကျုံးက နံနက်ပိုင်း၁၀မှ ၁၂ နာရီ အထိ၊ ညပိုင်းရး၃၀မှ ၉:၃၀ အထိ တပတ်လုံး လုံးသင်တန်းပေးခဲ့ပါသည်။ သင်တန်းတက်ရောက် သူများသည် နံနက်ပိုင်း၌ ၁၅ယောက်ခန့်ညပိုင်း၌ ယောက် ၄၀မှ ၅၀ အထိ ရှိတတ်ပါသည်။ ကြာသပတေးနေ့မှစ၍ ဆရာယောရှုကလည်း ချင်းစကားဖြင့် ကျမ်းစာ သင်တန်းပြုလုပ်ပေးခဲ့ပါသည်။ 

အသင်းတော် ဖွင့်ပွဲနေ့၌ ဆရာယောရှုကသဘာပတိအဖြစ် ဆောင် ရွက်၍ ဆရာမောဇက်ထောင်ကျုံးက အသင်းတော်သည် ခရစ်တော် အပိုင် ဖြစ်ကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်သောကြောင့် ခရစ်တော်၏ အလိုတော် ဖြစ်သော ပျောက်ဆုံးသော ဝိညာဉ် ဖမ်းခြင်းနှင့် ယုံကြည်သူများကို ပြု စုပျိုးထောင်ဘို့ တာဝန် ရှိကြောင်းများကို ဟောပြောပါသည်။ အသင်းတော် ဖွင့်ပွဲ၌ အသင်းဝင်မည့်သူများကို ဆက်ကပ်ဘို့ ခေါ်ဘိတ်သောအခါ အယောက် ၄၀ ခန့်ကဆက်ကပ်ခဲ့ကြပါသည်။ ဖွင့်ပွဲအပြီးတွင် အသင်းတော်မှ တရုပ် ကြ််နအအားဖြင့် ဝလင်စွာ ကျွေးမွေးပါသည်။ ဧည့်သည်များပြန်သွားပြီး နောက် ည၆ နာရီတွင် ပဌမဦးဆုံး အိမ်ရှင် အသင်းသားများဝတ်ပြု အစည်းအဝေး ပြုလုပ် ကြရာ လူ ၅၀ ကျော်တက်ရောက်နိင်ကြပါသည်။ အသင်းသားများကလည်း ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ အံ့ဩဘွယ် ဦးဆောင်ခြင်းများကို အားရပါးရ သက်သေခံကြပါသည်။ ဆရာယောရှုကကျမ်းစာ သင်ပေး၍ ဆရာမောဇက်က တရားဟောခဲ့ပါသည်။ တနင်္လာနှင့် အင်္ဂါနေ့များမှာလည်း သင်တန်းနှင့် ဝတ်ပြုစည်းဝေးခြင်းများပြုလုပ် နိင်ကြပါသည်။ ဘုရားသခင် တည်ထောင်သော အသင်းတော် အတွက် အမှုတော် မြတ်ဆောင် ရွက်နိင်ဘို့ ဆုတောင်း ပေးကြပါစို့။ 
 
ဘိတ်ခေါ်အပ်ပါသည် 

ဘုရားသခင် အလိုတော် ရှိလျှင် ယခုနှစ်ဇူလိုင်လ ၄ ရက်နေ့တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် Rockville GBC ဘုရားရှိခိုးကျောင်း ဖွင့်ပွဲ၌ ယုံကြည်သူများလာရောက်၍ ကျေးဇူးတော် ချီးမွမ်းကြဘို့ ဘိတ်ခေါ် လိုပါသည်။ ထိုဘုရားကျောင်းဖွင့်ပွဲ၌ Syracuse မြန်မာနှစ်ခြင်း အသင်းတော် ၏ သင်းအုပ်ဆရာယော်ဂျာလထော် (Zauja Lahtaw) ကိုလည်း ဘိတ်သိတ်ပေးမည် ဖြစ်ပါသည်။ ထို့အပြင် ကျမ်းစာ သင်တန်းနှင့် ဟောပြောပွဲများလည်း ပြုလုပ်မည် ဖြစ်ပါသည်။ အစီအစဉ်များသည် အောက် ပါအတိုင်း ဖြစ်မည်။ 
ဇူလိုင်လ ၂ (သောကြာနေ့) ညပိုင်း တရားဟောပွဲ
ဇူလိုင်လ ၃ (စနေနေ့) နံနက်ပိုင်းညနေပိုင်းကျမ်းစာ သင်
ဇူလိုင်လ ၄ (တနင်္ဂနွေနေ့) နံနက်ပိုင်းဖွင့်ပွဲဘိတ်သိတ်ပွဲ
ဇူလိုင်လ ၅-၁၁ အမှုတော်ဆောင်သင်တန်း။ ဤသင်တန်းသည် တက်လိုသောသူတိုင်း အတွက် ဖြစ်သည်။ လာရောက်မည့်သူများကြိုတင် ဆက်သွယ်ပါ။ အားလုံး တည်း ခိုမည့် အိမ်များ စီစဉ်ပေးပါမည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG